Purpose and mission
Thematic workshops are our central activity. We assemble groups of scholars from all over Burma, including its ethnic peripheries, for intensive exchange of papers and views in Burmese, English and other languages of Myanmar. We regard the community-forming process of identifying the wide range of invitees, the exchanges at the workshop, and the editorial meetings as at least as important as the mere fact of holding a workshop and publishing a journal. The implicit agenda of each of these workshops and thematic journals is to coalesce the nucleus of young scholar-activists who will continue to meet, debate, and write, and perhaps form an independent group of their own. We aim for the workshops and journal to be catalysts for scholarly community-making more than ends in themselves.
To view previous and future workshops, use the menu above.
အကြောင်းအရာအလိုက် စာတမ်းဖတ်ပွဲများနှင့်အလုပ်ရုံဆွေးနွေးပွဲများ
ရည်ရွယ်ချက်နှင့် ရည်မှန်းချက်
အကြောင်းအရာအလိုက် စာတမ်းဖတ်ပွဲများနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပရေးသည် ကျွန်ုပ်တို့ဂျာနယ်၏ အဓိကလုပ်ငန်းစဥ်တစ်ခု ဖြစ်ပါသည်။ စာတမ်းဖတ်ပွဲများနှင့် အလုပ်ရုံဆွေးနွေးပွဲများတွင် တင်သွင်းဖတ်ကြားသည့် စာတမ်းများနှင့် ယင်းတို့အပေါ် ဆွေးနွေးသုံးသပ်ထားသည့် အမြင်များကို မြန်မာ၊ အင်္ဂလိပ်နှင့် အခြားသော တိုင်းရင်းသားဘာသာစကားများဖြင့် အကြိတ်အနယ် ဆွေးနွေးဖလှယ်နိုင်ရန် တိုင်းရင်းသားဒေသများ အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းမှ တတ်သိပညာရှင်များနှင့် သုတေသီများကို ဖိတ်ကြားလျက်ရှိပါသည်။ စာတမ်းဖတ်ပွဲများနှင့် အလုပ်ရုံဆွေးနွေးပွဲများတွင် သက်ဆိုင်ရာ နယ်ပယ်စုံမှ တတ်သိပညာရှင်များ ပါဝင်ကာ အသိပညာဖလှယ်မှု ဖြစ်ပေါ်လာရေးနှင့် အယ်ဒီတာအဖွဲ့အစည်းအဝေးများ ကျင်းပရေးသည် ဂျာနယ်ထုတ်ဝေရေးကဲ့သို့ပင် အရေးကြီးသည့် လုပ်ငန်းစဥ်များအဖြစ် ကျွန်ုပ်တို့က ယူဆပါသည်။ အကြောင်းအရာအလိုက်ထုတ်ဝေသည့် ဂျာနယ်အပါအဝင် အဆိုပါ စာတမ်းဖတ်ပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ တစ်ခုချင်းစီ၏ အဓိက ရည်ရွယ်ရင်းမှာ ထိုအကြောင်းအရာများကို ဆက်လက်သုတေသနပြုကာ ဆွေးနွေးရေးသားကြမည့် တက်ကြွလှုပ်ရှားသူ လူငယ်သုတေသီများအတွက် ဖြစ်ပါသည်။ ထိုမှတစ်ဆင့် ၎င်းတို့၏ အင်အားများကို ပေါင်းစပ်ကာ ၎င်းတို့ကိုယ်တိုင် သီးခြားလွတ်လပ်သော သုတေသနအဖွဲ့များ ဖွဲ့စည်းနိုင်စေရန်နှင့် ပညာရပ်ဆိုင်ရာ အသိုင်းအဝိုင်းများ ဖန်တီးမှုအတွက် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ပါသည်။
ဂျာနယ်မှ ကျင်းပခဲ့ပြီးသော ဆွေးနွေးပွဲများအပါအဝင် နောင်တွင် ဆက်လက်ကျင်းပမည့် စာတမ်းဖတ်ပွဲများနှင့် အလုပ်ရုံဆွေးနွေးပွဲများအကြောင်းကို ဝက်ဘ်ဆိုဒ်စာမျက်နှာ ထိပ်ဆုံးနေရာ၌ အကြောင်းအရာအလိုက် ခွဲခြားထားသည့် အခန်းကဏ္ဍများသို့ သွားရောက်၍ ဆက်လက်လေ့လာ ဖတ်ရှုနိုင်ပါသည်။