Commodities & Supply Chains, May 2024

Workshop on Commodities and Supply Chains 2024, May 15, 2024. Click here to express your interest.
၂၀၂၄ ခုနှစ်၊ မေလ (၁၅) ရက်နေ့တွင် ကျင်းပမည့် မြန်မာပြည်တွင်း ကုန်စည်နှင့် ပို့ဆောင်ရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးလိုပါက ဤနေရာကိုနှိပ်ပြီး လျှောက်လွှာဖြည့်စွက်နိုင်ပါသည်။

An in-person and online workshop hosted at the Regional Center for Social Science and Sustainable Development (RCSD), Chiang Mai University.
ဤဆွေးနွေးပွဲကို ချင်းမိုင်တက္ကသိုလ်၊ Regional Center for Social Science and Sustainable Development (RCSD) တွင် ကျင်းပမည်ဖြစ်ပြီး လူကိုယ်တိုင်တက်ရောက်ပါဝင်နိုင်သလို အွန်လိုင်းမှတစ်ဆင့်လည်း ပါဝင်တက်ရောက်နိုင်ပါသည်။

Commodities do not flow easily in Myanmar in the 2020s. The processes and objects that enable day-to-day survival have been squeezed by multiple processes: movement restrictions for the purpose of COVID-19 mitigation; the vast array of detrimental economic impacts caused by the 2021 military coup (first, the banking collapse; then, the sanctions; then, the currency problems, massive inflation and devaluation of the kyat); the ongoing revolution in central Myanmar; and the military’s increased harassment of traders, travellers, and anyone moving around the country.
မြန်မာပြည်တွင် ကုန်စည်စီးဆင်းမှုသည် ၂၀၂၀ ခုနှစ်လောက်ကတည်းက အခက်အခဲများဖြစ်လာသည်။ ကိုဗစ်ရောဂါကပ်ဆိုးကာလအတွင်း အသွားအလာကန့်သတ်မှု၊ ၂၀၂၁ စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲ စီးပွားရေးထိခိုက်မှု (ဘဏ်လုပ်ငန်းများ ယိုင်နဲ့လာမှု၊ စီးပွား‌ရေးပိတ်ဆို့မှု၊ ငွေကြေးပြဿနာဖြစ်သည့် ငွေကြေးဖောင်းပွလာမှုနှင့် မြန်မာကျပ်ငွေဈေး တန်ဖိုးကျဆင်းမှု)၊ တော်လှန်ရေး အရှိန်မြင့်လာမှုနှင့် ကုန်သည်များ၊ ခရီးသွားများနှင့် နိုင်ငံတွင်း သွားလာနေသူများအပေါ် စစ်တပ်၏ တိုးမြှင့်လာသည့် ကန့်သတ်ချုပ်ချယ်မှုများသည် ပြည်တွင်းရှိ ‌နေ့စဉ်ကုန်စည်စီးဆင်းမှုကို အဟန့်အတားဖြစ်လာစေသည်။

This workshop invites any abstract concerned with the circulation of commodities in Myanmar. We are especially interested in abstracts that pay attention to the practices and processes that enable people to provision their daily lives during this period of blockages and borderings. Authors need not be professional academics to apply, and we welcome abstracts in either English or Burmese.
ဤအလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာပြည်တွင်း ကုန်စည်နှင့် ပို့ဆောင်ရေးနှင့် သက်ဆိုင်သည့် မည်သို့သော အကြောင်းအရာမဆို ပါဝင်ဆွေးနွေးနိုင်မည်ဖြစ်ပြီး မိမိဆွေးနွေးလိုသော အကြောင်းအရာ အကျဉ်းချုပ်ကို ပေးပို့ကြရန် ဖိတ်ခေါ်အပ်ပါသည်။ ယခုလို ခက်ခဲကျပ်တည်းနေသော ကာလအတွင်း ပြည်သူများအနေဖြင့် နေ့စဉ်ဘဝဖြတ်သန်းမှုအတွက် ကြိုးစားလုပ်ဆောင်နေပုံများနှင့်သက်ဆိုင်သည့် အကြောင်းအရာများကို ကျွန်ုပ်တို့အနေဖြင့် ပိုမိုစိတ်ဝင်စားမိပါသည်။ ပါဝင်လိုသူများသည် ဘာသာရပ်ဆိုင်ရာ ပညာရှင်များဖြစ်ရန် မလိုအပ်သလို မိမိဆွေးနွေးလိုသည့် အကြောင်းအရာအကျဉ်းချုပ်ကို ပေးပို့ရာတွင်လည် မြန်မာလိုဖြစ်စေ အင်္ဂလိပ်လိုဖြစ်စေ ရေးသားပေးပို့နိုင်ပါသည်။

Workshop presenters will have the opportunity for their research to be included in an issue of IJBS dedicated to commodities and supply chains in Myanmar. Presentations can be traditional academic papers, or more creative reflections. Possible topics include, but are not limited to:
ပါဝင်ဆွေးနွေးသူများအနေဖြင့် မိမိတို့၏ သုတေသနပြုလေ့လာချက်များကို လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်မှ စီစဉ်ထုတ်ဝေမည့် မြန်မာပြည်တွင်း ကုန်စည်နှင့် ပို့ဆောင်ရေးဆိုင်ရာအကြောင်း အထူးထုတ်စာစဉ်တွင် ထည့်သွင်းဖော်ပြနိုင်မည့် အခွင့်အရေးကို ရရှိနိုင်မည်ဖြစ်ပါသည်။ တင်ပြဆွေးနွေးမှုများကို ပညာရပ်ဆိုင်ရာ သမာရိုးကျ စာတမ်းပုံစံများဖြင့် တင်ပြနိုင်သလို ထူးခြားသစ်လွင်သော တင်ဆက်မှုမျိုးဖြင့်လည်း သုံးသပ်တင်ပြနိုင် ပါသည်။ ဆွေးနွေးရာတွင် အောက်ဖော်ပြပါ ခေါင်းစဉ်များကို တင်ပြဆွေးနွေးနိုင်သလို ထိုခေါင်းစဥ်များနှင့် ဆက်စပ်သော အကြောင်းအရာများကိုလည်း ဆွေးနွေးနိုင်ပါသည်။

Changes in consumption patterns ပြောင်းလဲလာသည့် စားသောက်မှုပုံစံများ
Stories about commodity flows ကုန်စည်စီးဆင်းမှုအကြောင်း
Stories about particular commodities အထူးကုန်စည်များအကြောင်း
Supply chain analyses of particular commodities အထူးကုန်စည်ပို့ဆောင်ရေးဆိုင်ရာ သုံးသပ်ချက်များ
Brokers/bwesa ပွဲစားများအကြောင်း
Logistics and transportation ပို့ဆောင်ဆက်သွယ်ရေးအကြောင်း
Markets and marketplaces ဈေးနှင့် ဈေးကွက်များအကြောင်း
Agricultural commodities and agricultural supply chains လယ်ယာထွက်ကုန်နှင့် လယ်ယာထွက်ကုန်ပို့ဆောင်ရေးအကြောင်း
Black markets and black market goods မှောင်ခိုဈေးနှင့် မှောင်ခိုလုပ်ငန်းများအကြောင်း
And many more topics! ကုန်စည်နှင့် ပို့ဆောင်ရေးဆိုင်ရာ အခြားခေါင်းစဉ်များ