About အကြောင်း

About the Independent Journal of Burmese Scholarship
လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ် အကြောင်း

From 1911 the Journal of the Burma Research Society (JBRS) covered virtually all subjects pertaining to Burma and functioned as a serious publication for all enthusiasts — archaeologists, linguists, historians, epigraphers, ethnographers, art historians and more, until it was shut down by the Myanmar military in 1980.

၁၉၁၁ တွင်စတင်ထုတ်ဝေခဲ့သည့် Journal of the Burma Research Society သည် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ရှေးဟောင်းသုတေသန ပညာရှင်များ၊ ဘာသာဗေဒပညာရှင်များ၊ သမိုင်းပညာရှင်များ၊ အနုပညာဆိုင်ရာပညာရှင်များ၊ စသည့် ဘာသာရပ်များကိုလေ့လာ သုတေသနပြုနေသည့် ပညာရှင် အားလုံးနီးပါးတို့ အတွက် အရေးပါသော သုတေသနဂျာနယ်တစ်ခုအဖြစ်ရပ်တည်ခဲ့သည်မှာ ၁၉၈၀ ခုနှစ်များတွင် မြန်မာစစ်တပ်မှ ပိတ်သိမ်းသည်ခဲ့အထိဖြစ်ပါသည်။

In 2011 on the eve of what was to become a momentous decade of social and political change in Myanmar, an organizing committee of seven Burmese and three Western scholars formed at Yale University with a mission to reestablish the JBRS for Burmese scholars in the humanities and social sciences. The new Independent Journal of Burmese Scholarship (IJBS) was convened with “independent” in its title to emphasize its total independence from any government agency or body in Burma or abroad.

မြန်မာနိုင်ငံ၏ လူမှုရေးနှင့် နိုင်ငံရေး အပြောင်းအလဲတွင်အရေးပါသည့်ဆယ်စုနှစ်တစ်ခု ၏အစဖြစ်သော ၂၀၁၁ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုရှိ ယေးလ်တက္ကသိုလ်တွင် မြန်မာသူတေသီ ခုနစ်ဦးနှင့် မြန်မာ့ရေးရာလေ့လာနေသည့်အနောက်တိုင်းသုတေသီ သုံးဦးတို့ ပူးပေါင်းပြီး တချိန်ကဂုဏ်သတင်းကျော်ဇော်ခဲ့သည့် မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ် Journal of Burma Research Society ကဲ့သို့သောသုတေသနဂျာနယ်မျိုးကို မြန်မာနိုင်ငံနှင့်ပတ်သက်သည့်လူမှုရေးသိပ္ပံ နှင့် ဝိဇ္ဇာပညာရပ်များလေ့လာမှုနယ်ပယ်အတွက်ပြန်လည်တည်ထောင်ရန်ရည်ရွယ်ချက်ဖြင့် ဤ သိစပ်မြင်နှံ့ လွတ်လပ်သော မြန်မာ့ သုတေသနဂျာနယ် Independent Journal of Burmese Scholarship (IJBS) ကိုတည်ထောင်ခဲ့ကြပါသည်။ သိစပ်မြင်နှံ့ လွတ်လပ်သော မြန်မာ့ သုတေသနဂျာနယ် သည် မြန်မာနိုင်ငံ သို့မဟုတ်အခြားနိုင်ငံတနိုင်ငံမှ အစိုးရအဖွဲ့အစည်းတစ်ခုခု၏ထိမ်းချုပ်မှုအောက်တွင်ရှိမနေခြင်းကိုအလေးထားသဖြင့် ‘လွတ်လပ်သော’ ဟူသည့်ဝိသေသကိုဂျာနယ်၏အမည်တွင်ထည့်သွင်းဖော်ပြထားခြင်းဖြစ်ပါသည်။

The organizing committee soon added six members based in Burma and began hosting thematic workshops and publishing issues with funds raised by Yale University, the Open Society Foundations, and the Luce Foundation.

ဂျာနယ်ထုတ်ဝေရေးရေးကော်မတီသည် မကြာမီတွင် မြန်မာနိုင်ငံအခြေစိုက် အဖွဲ့ဝင်ခြောက်ဦးကိုထပ်မံ ပေါင်းထည့်ခဲ့ပြီး ယေးလ်တက္ကသိုလ်၊ Open Society Foundations နှင့် Luce Foundation တို့မှ ရန်ပုံငွေဖြင့် ဘာသာရပ်အကြောင်းအရာအလိုက် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပကာ သုတေသနစာတမ်းများကို ဂျာနယ်အဖြစ် ထုတ်ဝေမှုများကို စတင်ခဲ့ပါသည်။

Our journal issues, like our website, make every effort to be bilingual in both English and Burmese. Our mission is to provide a forum for incisive publications that contribute to the knowledge of and in Myanmar, with a preference for open access, accessibility and readability over paywalls, esoteric prose and dense theorization.

လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ် နှင့်ဝဘ်ဆိုဒ်တို့သည်ထုတ်ဝေမှုများကိုအင်္ဂလိပ်နှင့် မြန်မာဘာသာနှစ်မျိုးစလုံးဖြင့်တင်ဆက်နိုင်ရန်ကြိုးပမ်းသွားမည်ဖြစ်ပြီး အခကြေးငွေဖြင့်ဖတ်ရှုရသည့် နိုင်ငံတကာမှသုတေသနဂျာနယ်များကဲ့သို့ ခက်ခဲနက်နဲသောစကားပြေအရေးအသားများနှင့် ရှုပ်ထွေးသောသီအိုရီတည်ဆောက်မှုများကို အတတ်နိုင်ဆုံးရှောင်ရှားသွားမည်ဖြစ်ပြီးပညာရပ်နယ်ပယ်ပြင်ပမှစာဖတ်သူများ လက်လှမ်းမီနိုင်သောအသိပညာအဝန်းအဝိုင်းတခုကိုဖန်တီးပေးရန်ရည်ရွယ်ပါသည်။

In order to remain fully independent and publish more fully without fear or favor, the IJBS moved its base of operations outside of Myanmar, to the Regional Center for Social Science and Sustainable Development at Chiang Mai University, Thailand, after the 1 February 2021 military coup.

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၏လုပ်ငန်းဆောင်တာများကိုလုံခြုံမှုရှိရှိဆောင်ရွက်နိုင်စေရန်အတွက် ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်သို့ ပြောင်းရွှေ့အခြေစိုက်ခဲ့ပါသည်။

Members of the Organizing Committee
ကော်မတီဝင်များ

Ardeth Thawnghmung
Ma Thida
James Scott
Ko Ko Thett
Michael Charney
Soe Myint Aung
Tharaphi Than
Tun Myint
U Saw Tun

Note that not all committee members have been listed due to security reasons.

လုံခြုံရေးအကြောင်းပြချက်ကြောင့် အချို့ကော်မတီဝင်များနှင့် အချို့အယ်ဒီတာအဖွဲ့ဝင်များကိုဖော်ပြနိုင်ခြင်းမရှိပါ။