Youth Voices, July 2024

Workshop on Youth Voices 2024
27 July, 2024, 8:30AM-5:30PM, Thailand GMT +7

An in-person and online workshop hosted at the Regional Center for Social Science and Sustainable Development (RCSD), Chiang Mai University. Click here to express your interest.

လူငယ့်အသံ အလုပ်ရုံဆွေးနွေးပွဲ

“လူငယ်တွေဟာ အနာဂတ်ရဲ့ ခေါင်းဆောင်တွေ” လို့ မကြာခဏ ပြောကြလေ့ရှိပါတယ်။ မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်ပြောင်းကြည့်မယ်ဆိုရင်လည်း လူငယ်ထုရဲ့ ပါဝင်လှုပ်ရှားမှုတွေကို အထင်အရှားတွေ့မြင်နိုင်သလို လက်ရှိ စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့ နွေဦးတော်လှန်ရေးမှာလည်း လူငယ်တွေရဲ့ စိတ်အားထက်သန်စွာ ပါဝင်မှုနဲ့ ပေးဆပ်မှုတွေကို တွေ့မြင်နိုင်ပါတယ်။ ထို့အပြင် လက်ရှိဖြစ်ပေါ်နေတဲ့ နွေဦးတော်လှန်ရေးမှာ လူငယ်တွေဟာ အာဏာရှင်စနစ်ကိုသာမက ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့မြေတစ်ခု ပေါ်ပေါက်လာရေးကိုပါ အားထုတ်ကြိုးပမ်း နေကြတာ တွေ့ရပါတယ်။ သို့သော် လူငယ်တွေရဲ့ အသံတွေ၊ သူတို့ရဲ့ ဆန္ဒတွေကို အရေးတယူပြုကြတာတော့ နည်းနေပါသေးတယ်။

နွေဦးတော်လှန်ရေးအစောပိုင်းကာလတွေမှာ ဂျန်ဇီလူငယ်တွေဆိုပြီး တခုတ်တရ ပြောဆိုရေးသားခဲ့ကြပေမယ့် တော်လှန်ရေးကာလ ကြာညောင်းလာသည်နဲ့အမျှ အဲဒီလိုပြောဆိုမှုဟာ တော်လှန်ရေးလူငယ်တစ်ဦးဦး ကျဆုံးတဲ့ သတင်းတစ်ခု ပေါ်ပေါက်လာတဲ့ အခါကျမှသာ တောက်ခေါက်သံတညံညံနဲ့အတူ ခပ်သဲ့သဲ့သာ ကြားရတဲ့ အကြောင်းအရာတစ်ခု ဖြစ်လာနေပါပြီ။ သတင်းမီဒီယာတွေမှာလည်း များသောအားဖြင့် လူငယ်တွေရဲ့ အသံထက် သက်ဆိုင်ရာအဖွဲ့အသီးသီးက တာဝန်ရှိသူ လူကြီးမင်းတွေရဲ့ အသံတွေသာ လွှမ်းမိုးနေပြန်ပါတယ်။

ထို့ကြောင့် လွတ်လပ်သော မြန်မာ့ သုတေသနဂျာနယ်ကနေ စီစဉ်တဲ့ “လူငယ့်အသံ” အလုပ်အရုံဆွေး‌နွေးပွဲ တစ်ရပ်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်နေ့မှာ ချင်းမိုင်တက္ကသိုလ်၊ Regional Center for Social Science and Sustainable Development (RCSD)  မှာ ပြုလုပ်သွားမှာ ဖြစ်ပြီး လူကိုယ်တိုင် တက်ရောက်နိုင်သလို အွန်လိုင်းမှ တစ်ဆင့်လည်း ပါဝင်တက်ရောက်နိုင်ပါတယ်။ ဦးဆောင်ဆွေးနွေးသူများအနေဖြင့် မိမိတို့ရဲ့ သုတေသနပြု လေ့လာချက်တွေကို လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်မှ စီစဉ်ထုတ်ဝေမယ့် “လူငယ့်အသံ” အထူးထုတ် စာစဉ်တွင် ထည့်သွင်းဖော်ပြနိုင်မယ့် အခွင့်အရေးကို ရရှိနိုင်မှာဖြစ်ပါတယ်။ တင်ပြဆွေးနွေးမှုတွေကို ပညာရပ် ဆိုင်ရာ သမာရိုးကျ စာတမ်းပုံစံနဲ့ တင်ပြနိုင်သလို ထူးခြားသစ်လွင်သော တင်ဆက်မှုမျိုးဖြင့်လည်း သုံးသပ်တင်ပြ နိုင်ပါတယ်။ ဆွေးနွေးရာတွင် အောက်ဖော်ပြပါ ခေါင်းစဉ်တွေကို တင်ပြဆွေးနွေးနိုင်သလို ထိုခေါင်းစဥ်တွေနဲ့ ဆက်စပ်နေတဲ့ အကြောင်းအရာတွေကိုလည်း ဆွေးနွေးနိုင်ပါတယ်။

  • စစ်အာဏာသိမ်းမှုကြောင့် လူငယ်များ၏ ဘဝအပေါ်သက်ရောက်မှု
  • လက်ရှိဖြစ်ပေါ်နေသော လက်နက်ကိုင်တော်လှန်ရေးအပေါ် လူငယ်များ၏ အတွေးအမြင်
  • စစ်မက်ဖြစ်ပွားရာဒေသများနှင့် စစ်တပ်ထိန်းချုပ်ထားရာဒေသများရှိ လူငယ်များ၏ ဘဝရပ်တည်မှု
  • လူမျိုးစုငယ်များနှင့် လူနည်းစုအုပ်စုဝင်များမှ လူငယ်များ၏ အခြေအနေ
  • လူငယ်များနှင့် မိသားစုအသိုင်းအဝိုင်းအကြားမှ ဝိရောဓိများ
  • တော်လှန်ရေးအတွင်းမှ လူငယ်များ၏ ဖန်တီးမှုအနုပညာများ
  • အခက်အခဲများကြား ရုန်းကန်ရှင်သန်နေထိုင်နည်းများ
  • လူငယ့်အနာဂတ်
  • တော်လှန်ရေးကာလအတွင်း ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းအခြေအနေများ
  • မြန်မာ့အနာဂတ်အပေါ် လူငယ်များ၏ အမြင်

ဦးဆောင်တင်ဆက်သူ အများဆုံး အယောက် (၃၀) အထိ လက်ခံသွားမှာဖြစ်ပြီး စိတ်ပါဝင်စားသူများအနေဖြင့် ၊ေ ဤနေရာကိုနှိပ်ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။ ဦးဆောင်တင်ဆက်သူများအနေဖြင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ ဖြစ်ရန်မလိုအပ်ပါ။ မိမိဆွေး‌နွေးလိုသည့် အကြောင်းအရာအကျဉ်းချုပ်ကို မြန်မာလိုဖြစ်စေ၊ အင်္ဂလိပ်လိုဖြစ်စေ စာလုံးရေ (၂၀၀) (စာမျက်နှာဝက်) ရေးသားပေးပို့နိုင်ပါတယ်။ လူကိုယ်တိုင် တက်ရောက် လိုသူများအတွက် ထောက်ပံ့ကြေးအနည်းငယ် စီစဉ်ထားသော်လည်း ချင်းမိုင်သို့ လာရောက်ရေးအတွက် ခရီးစရိတ် ထောက်ပံ့မှု မရှိပါ။ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ထပ်မံသိရှိလိုသည်များ ရှိပါက ijbs@protonmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Call for Participants: Workshop on Youth Voices

The truism “The Youth of Today are the Leaders of Tomorrow” is often repeated.

The influence of young people on the political history of Myanmar is clear, and young people continue to contribute to the current revolution against military rule. Many youth are deeply involved not only in resisting the 2021 coup and overthrowing authoritarianism, but also in advocating for a more inclusive national society.

The enthusiasm of the youth participating in protests and resistance was highlighted in the first year following the 2021 coup, but now three years on, youth voices have gradually been deemphasized by the media and ignored by Myanmar’s political and revolutionary stakeholders.

Youth voices are now more often than not drowned out by cautious policymakers and older, establishment politicians and leaders.

It is in this environment that an in-person and online workshop for “Youth Voices After the Coup” is being organized by the Independent Journal of Burmese Scholarship (IJBS) for 27 July 2024 at the Regional Center for Social Science and Sustainable Development (RCSD), Chiang Mai University.

Workshop presenters will have the opportunity for their opinions or research to be included in an issue of IJBS dedicated to Youth Voices. Presentations can be policy papers, research papers, memoirs, or more creative reflections. Possible topics include, but are not limited to:

  • – The impact of the military coup on the lives of young people
  • Young people’s thoughts on the progress of the revolution
  • The living conditions of young people in conflict zones or cities under military control
  • The situation of young people from minority groups
  • Young people’s relationships with other generations
  • Mental health, coping strategies and mechanisms
  • Education and employment conditions since the coup
  • Young people’s views on the future

Click here to express your interest for the workshop. Please note that we have a presenter maximum cap of 30 people.

Authors do not need to be professional academics or researchers. Anyone is welcome to apply. IJBS welcomes abstracts in either English or Burmese.

The workshop will provide catering and a small honorarium may be available for presenters. There is no travel support for attending the workshop in person. For more information, please contact ijbs@protonmail.com.