စိမ့်စမ်းအေး | Click here to read this article in English.
Cite as: စိမ့်စမ်းအေး၊ (၂၀၂၆)၊ ရာသီဥတုပြောင်းလဲခြင်း နိုင်ငံရေးနှင့် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်သရုပ်ကိုဆောင်ခြင်းနှင့် စစ်တပ်အားဆန့်ကျင်ခြင်း၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ၇။ https://ijbs.online/?page_id=5659

အကျဉ်းချုပ်
ဤဆောင်းပါးသည် စင်ပြိုင်အစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (NUG-MoNREC) ၏ ရာသီဥတု ပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆွေးနွေးချက်များနှင့် လှုပ်ရှားမှုများကို ခွဲခြမ်း စိတ်ဖြာထားပါသည်။ လက်ရှိဖြစ်ပွားနေသော စစ်အုပ်ချုပ်မှုကို ဆန့်ကျင်တော်လှန်ရေးသည့် ကာလ ၂၀၂၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှု အတွင်းရှိ အခြားအဖွဲ့အစည်းများနှင့် ဆက်ဆံပုံနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်သွယ် ဆောင်ရွက်မှုများသည် မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်နှင့် နိုင်ငံရေးအနာဂတ်ကို သက်ရောက်မှုရှိရုံသာမက နိုင်ငံရေးအရ သဘောထားအမြင်ကွဲလွဲခြင်းနှင့် အကွဲအပြဲကာလ အတွင်း စင်ပြိုင်အစိုးရတစ်ရပ်အနေဖြင့် အာဏာရရှိရေးနှင့် အစိုးရတစ်ရပ်အနေဖြင့် အသိ အမှတ်ပြုမှု ရရှိရန်အတွက် ရာသီဥတုပြောင်းလဲမှုကို နိုင်ငံရေးအနေဖြင့် မည်သို့အသုံးချသည် ကို လေ့လာနိုင်သည့် ဥပမာတစ်ခုလည်း ဖြစ်ပါသည်။ မိမိ၏ ခွဲခြမ်းစိတ်ဖြာမှုသည် ဒစ်ဂျစ်တယ် လူမှုဘဝအလေ့အထသရုပ်ခွဲလေ့လာမှု သုတေသနနည်းနာ (digital ethnography) အပေါ် အခြေခံထားပြီး ၂၀၂၁ ဖေဖော်ဝါရီလမှ ၂၀၂၄ ဇွန်လအထိ စုဆောင်းထားသော အချက်အလက် များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ဝန်ထမ်းတစ်ဦးနှင့် တွေ့ဆုံမေးမြန်းချက်များကို အခြေခံထားပါသည်။ ဝန်ကြီး ဌာနသည် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရပြီး ၎င်း၏ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ လုပ်ငန်းစဉ်များသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံတော်သရုပ်ကိုဆောင်ရန် အားထုတ်ခြင်းနှင့် အစိုးရပ်တစ်ရပ်အနေဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာတွင် တရားဝင်မှု ရရှိစေရေးအတွက် မည်မျှအထောက်အကူဖြစ်စေသည်ကိုမူ ရှင်းလင်းစွာမသိရပါ။
နိဒါန်း
၂၀၂၁ ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းမှုအပြီးတွင် မြန်မာနိုင်ငံအဝန်းတွင် ခုခံဆန္ဒ ပြမှုများ လျင်မြန်စွာ ပေါ်ပေါက်လာခဲ့သည်။ လမ်းပေါ်ထွက်ဆန္ဒပြမှုများ၊ သပိတ်ကော်မတီ များနှင့် အကြမ်းမဖက်အာဏာဖီဆန်ခြင်းလှုပ်ရှားမှုအပါအဝင် ပြည်သူ့လှုပ်ရှားမှုများသည် အရှိန်အဟုန်ရလာခဲ့ပြီး ပြည်သူများသည် စစ်တပ်၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ကို ဆန့်ကျင်သည့် သဘောထားများကို ထုတ်ဖော်ပြသခဲ့ကြသည်။ စစ်သားများနှင့် ရဲများသည် ဤလှုပ်ရှားမှုများတွင် ပါဝင်သူများကို ခြိမ်းခြောက်ခြင်း၊ ရိုက်နှက်ခြင်း၊ ထိန်းသိမ်း ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ပစ်ခတ်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။ ဤဖြစ် ရပ်များကို တုံ့ပြန်သည့်အနေဖြင့် ကျယ်ပြန့်သည့် ခုခံတော်လှန်မှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ၂၀၂၁ ဧပြီလ (၁၆) ရက်နေ့တွင် ၂၀၂၀ ရွေးကောက်ပွဲများတွင် ရွေးချယ်ခံခဲ့ရသော လွှတ်တော် ကိုယ်စားလှယ် (၁၇) ဦး၊ အနိုင်ရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ (၁၄) ဦးတို့ပါဝင်သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) သည် ကြား ကာလအစိုးရအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရကို ထူထောင်ခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရသည် မြန်မာနိုင်ငံရှိ ပြည်သူများ၊ တိုင်းရင်းသား တော်လှန် ရေးအဖွဲ့အစည်းများ (ERO)၊ အခြားနိုင်ငံများ၏ အစိုးရများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ထံမှ မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုမှုရရှိရန် ကြိုးပမ်းခဲ့သည်။ ၎င်းသည် ၂၀၁၆-၂၀၂၁ ကာလအတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရထက်ပင် “မတူကွဲပြား သော တိုင်းရင်းသားများနှင့် အခြားသော အကျိုးစီးပွားများကို ပိုမိုထည့်သွင်းစဉ်းစားခဲ့သည်။ ၎င်းသည် မြန်မာနိုင်ငံရှိ လူထုအားလုံးဖြစ်သည့် မည်သည့်လူမျိုးနှင့် ကိုးကွယ်ရာဘာသာပေါ် မဆို ဆယ်စုနှစ်များစွာ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အကြမ်းဖက်မှုကို ဖြေရှင်းရန် ကြိုး ပမ်းသည့် ဖက်ဒရယ်ပြည်ထောင်စုတစ်ခုအဖြစ် ဖန်တီးရန် အခြေခံအုတ်မြစ်ကို ချမှတ်သည့် အဓိက အဖွဲ့အစည်းတစ်ခု” အဖြစ် ပုံဖော်တင်ပြခဲ့သည်။1 အမျိုးသားညီညွတ်ရေးအစိုးရအား ဝန်ကြီးဌာန (၁၇) ခုဖြင့် ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အကြမ်း မဖက်အာဏာဖီဆန်ခြင်းလှုပ်ရှားမှုတွင် ပါဝင်သူများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း များ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများ (CSO) မှ ပြည်သူများပါဝင်သော အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့နှင့်အတူ ပြည်ထောင်စုဒီမိုကရေစီ ပဋိညာဉ်အသစ်ကို ရေးဆွဲရာတွင် ပါဝင်ခဲ့သည်။2
၂၀၂၁ မေလမှစတင်၍ အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များ (PDF)၊ စစ်တပ်ကို ဆန့်ကျင်သော ဒေသခံလက်နက်ကိုင်အဖွဲ့များ ဖွဲ့စည်းခြင်းကို ထောက်ခံခဲ့ပြီး ၂၀၂၁ ဩဂုတ်လတွင် နိုင်ငံတစ်ဝန်း လက်နက်ကိုင်တိုက်ပွဲများကို ကြေညာခဲ့ သည်။ ဤတိုက်ပွဲများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ (LDF) နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများမှ အမျိုးမျိုးသော ပူးပေါင်းဆောင်ရွက် မှု အဆင့်များဖြင့် ဆောင်ရွက်ခဲ့ကြသည်။3 မြန်မာနိုင်ငံရှိဒေသများတွင် ဤခုခံတော်လှန်ရေး တပ်ဖွဲ့များသည် မြန်မာ စစ်တပ်ကို ခုခံခြင်း (သို့မဟုတ်) ဆုတ်ခွာစေခြင်းဖြင့် ‘လွတ်မြောက်ရာ’ ဒေသအသစ်များ ဖန်တီးခဲ့ပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများမှ ကြာရှည်စွာ တိုက်ပွဲဝင်ခဲ့ပြီး ထိန်းချုပ်ထားသော လွတ်မြောက်ဒေသများစွာနှင့် ပူးတွဲဆောင်ရွက်ခဲ့ရာ ခုခံ တော်လှန်ရေးအဖွဲ့များသည် ထိုနယ်မြေများအတွင်း အုပ်ချုပ်ရေးတာဝန်များစွာကို ယူဆောင် နိုင်ခဲ့ကြသည်။4 အမျိုးသားညီညွတ်ရေးအစိုးရသည် အမှန်တကယ် အမျိုးသားအစိုးရတစ်ရပ် အဖြစ် တရားဝင်မှုရရှိရန် ကြိုးပမ်းနေစဉ် စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးများတွင် ၎င်းသည် အများဆုံး ထိန်းချုပ်မှုနှင့် ဩဇာအာဏာကို ကျင့်သုံးလာနိုင်သည်။5 အခြား လွတ်မြောက်ဒေသ များတွင် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပြည်နယ်အဆင့် အတိုင်ပင်ခံအဖွဲ့များက အုပ်ချုပ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ခဲ့ကြသည်။6
၂၀၂၁ စစ်အာဏာသိမ်းမှုအပြီး ပေါ်ပေါက်လာသော ခုခံတော်လှန်ရေးအဖွဲ့များ၏ အဓိက စိုးရိမ်မှုများမှာ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ခြင်း၊ နယ်မြေအုပ်ချုပ်ခြင်းနှင့် အနာဂတ် အတွက် နိုင်ငံရေးအမြင်တစ်ခုကို တည်ဆောက်ခြင်းတို့ ဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များသည် ဤအဖွဲ့အစည်းအချို့၏ အာဏာခိုင်မာစေရန် ကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင်အတွက် စိုးရိမ်မှုနှင့် ပြင်းထန်သော အပူလှိုင်းများ၊ ရေကြီးမှုများ၊ မုန်တိုင်းများနှင့် မိုးခေါင်ရေရှားမှုကဲ့သို့သော ရာသီဥတုပြောင်းလဲမှု၏ ကြမ်းတမ်းသော အကျိုးဆက်များကို လျော့ပါးစေရန်နှင့် သယံဇာတ စီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် မေးခွန်းများသည် ဤစိုးရိမ်ပူပန်မှုများ၏ အဓိကအချက်ဖြစ် သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြိုးပမ်းမှုများတွင် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များသည် ၎င်းတို့အဖွဲ့၏ အမြင့်ဆုံး ဦးစားပေးမှု မဟုတ်သော် လည်း စစ်အစိုးရကို ဆန့်ကျင်သော တော်လှန်ရေးနိုင်ငံရေးတွင် ထိုကြိုးပမ်းမှုများသည် မည်ကဲ့သို့ အရေးပါလာသည်ကို မီးမောင်းထိုးပြနေပါသည်။
ဤဆောင်းပါးတွင် မိမိသည် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးကိစ္စများကို ကိုင်တွယ်လုပ်ဆောင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဝန်ကြီးဌာန ဖြစ်သည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ဆွေးနွေးချက်များ နှင့် လှုပ်ရှားမှုများကို ခွဲခြမ်းစိတ်ဖြာထားပါသည်။ မိမိသည် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းကဏ္ဍများအပါအဝင် တော်လှန်ရေးလှုပ်ရှားမှုရှိ အခြား အဖွဲ့များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနတို့သည် မည်သို့မည်ပုံ ဆက်ဆံသည်နှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းရန် မည်သို့ကြိုးပမ်းသည်ကို လေ့လာထားပါသည်။ ဤသို့လေ့လာရခြင်းမှာ အမျိုးသား ညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကို နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီအောက်ရှိ ၎င်းနှင့်ညီမျှသော အမည်တူ ဝန်ကြီးဌာနဖြစ်သည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (MoNREC) ထက် ကွဲပြားပြီး ပိုမိုတရားဝင်သည့် ဝန်ကြီးဌာနအဖြစ် နေရာယူ လေ့လာထားခြင်းကြောင့် ဖြစ်သည်။7 မိမိ၏ ခွဲခြမ်းစိတ်ဖြာမှုသည် ဒစ်ဂျစ်တယ်နည်းဖြင့် လူမှုသဘာဝအလေ့အထလေ့လာမှု သုတေသန အပေါ် အခြေခံထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အစီရင်ခံစာများ၊ အွန်လိုင်းတွေ့ဆုံဆွေးနွေးပွဲများ၊ လူမှုမီဒီယာ ပေါ်မှပို့စ်များနှင့် ၎င်း၏ ဖေ့စ်ဘုတ်နှင့် ဝဘ်ဆိုဒ်စာမျက်နှာများတွင် မျှဝေထားသော သတင်း များမှရရှိသော အချက်အလက်များကို အခြေခံထားပါသည်။ အချက်အလက်များကို ၂၀၂၁ ဖေ ဖော်ဝါရီလမှ ၂၀၂၄ ဇွန်လအထိ စုဆောင်းခဲ့ပါသည်။ မိမိသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာအတွက် နည်းပညာအကြံပေး တစ်ဦးအနေဖြင့် ဆောင်ရွက်သည့် ဝန်ထမ်းတစ်ဦးနှင့် တွေ့ဆုံမေးမြန်းမှု နှစ်ကြိမ်ပြုလုပ်ကာ သတင်းအချက်အလက်ကောက်ယူစုဆောင်းမှုကို ဖြည့်စွက်ထားပါသည်။
အာဏာပိုင်အဖွဲ့အစည်းဖွဲ့စည်းမှုပုံစံများ အသစ်ဖြစ်ထွန်းပြောင်းလဲခြင်းနှင့် အာဏာပိုင် စိုးမှုရရှိရန်အတွက် ယှဉ်ပြိုင်မှုကို မီးမောင်းထိုးပြသည့် Lund ၏ “နိုင်ငံရေးတစ်ဆစ်ချိုး အပြောင်းအလဲသီအိုရီ” ကို အသုံးချ၍8 အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းစဉ်များသည် အတိုင်းအတာတစ်ခုအထိ အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံတော် သရုပ်ကို ဆောင်ယူသည့် ကြိုပမ်းမှုနှင့် ၎င်းအားပြည်တွင်းနှင့် နိုင်ငံတကာမှ တရားဝင်မှုပေးရန် ကြိုးပမ်းမှုများဖြစ်သည်ဟု ယခုဆောင်းပါးက သုံးသပ်ဖွင့်ဆိုပါသည်။ ဤကိစ္စသည် လွန်စွာပင် တည်ငြိမ်မှုမရှိပဲ ယှဉ်ပြိုင်မှု ပြင်းထန်သော ပတ်ဝန်းကျင်တွင် ပေါ်ပေါက်ဖြစ်ပွားပါသည်။ တစ်ဖက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနသည် စစ်တပ်အား သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးခြင်းနှင့် ရာသီဥတုပြောင်း လဲမှု ပိုမိုဆိုးရွားလာစေရန် ပြုလုပ်ခြင်းအတွက် အပြစ်တင်ခြင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို ဆန့်ကျင်သည့်အနေဖြင့် ၎င်း၏ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ကို သတ်မှတ်ပါသည်။ အခြားတစ်ဖက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် မူဝါဒများ ရေးဆွဲပြီး ၎င်း၏ အွန်လိုင်း လှုပ်ရှားမှုများကို နိုင်ငံတစ်ဝန်းတွင် လုပ်ဆောင်နိုင်ရန် ပစ်မှတ်ထားသော်လည်း ၎င်းအနေဖြင့် အမည်ခံ ထိန်းချုပ်ထားသော ဒေသများတွင်သာ လှုပ်ရှားမှုများကို အကောင်အထည်ဖော်နိုင်ပါ သည်။ အချို့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိ သော်လည်း အမျိုးသားညီညွတ်ရေးအစိုးရသည် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ ထိန်းချုပ်သောဒေသများတွင် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှား မှုများအပေါ် လွှမ်းမိုးနိုင်သည့် ဩဇာအာဏာနည်းပါးပါသည်။ ဤကိစ္စသည် နိုင်ငံရေးအရ အကွဲ အပြဲကာလများအတွင်း အာဏာပိုင်အဖွဲ့အစည်းများ စုံလင်စွာတည်ရှိခြင်းကို ထင်ဟပ်စေ သော်လည်း မြန်မာနိုင်ငံရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုအပေါ် ပူးပေါင်း ဆောင်ရွက်မှုနှင့် ယှဉ်ပြိုင်မှုများ၏ မတူကွဲပြားသော အလွှာများကိုလည်း ရည်ညွှန်းပါသည်။
ဤဆောင်းပါးသည် နိုင်ငံရေးတစ်ဆစ်ချိုးအပြောင်းအလဲဆိုင်ရာ သဘောတရားနှင့် ရာသီဥတုပြောင်းလဲမှု နိုင်ငံရေးကို သီအိုရီအရ အသုံးချခြင်းကို အကျဉ်းချုပ် ခြုံငုံသုံးသပ်ချက် ဖြင့် စတင်ပါသည်။ ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရသည် ၎င်း၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှတစ်ဆင့် သဘာဝပတ်ဝန်းကျင်နှင့် ရာသီ ဥတုပြောင်းလဲမှုနှင့် ပတ်သက်၍ တာဝန်ယူမှုရှိစွာ လုပ်ကိုင်သော နိုင်ငံတော်အဖွဲ့အစည်းတစ် ခုအဖြစ် မိမိကိုယ်ကို မည်ကဲ့သို့ သတ်မှတ်ထားသည်ကို လေ့လာပါမည်။ ထိုသို့လေ့လာရာတွင် အွန်လိုင်းဆွေးနွေးချက်များအရနှင့် မြေပြင်လှုပ်ရှားမှုများကိုပါ ထည့်သွင်းလေ့လာပါမည်။ နောက်ဆုံးအနေဖြင့် မိမိသည် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ အရပ်ဘက်လူ့ အဖွဲ့အစည်းများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဆက်ဆံ ရေးကို ဆွေးနွေးပါမည်။
နိုင်ငံရေးတစ်ဆစ်ချိုးအပြောင်းအလဲနှင့် ရာသီဥတုပြောင်းလဲမှု နိုင်ငံရေး
မိမိသည် Lund ၏ နိုင်ငံရေးတစ်ဆစ်ချိုးအပြောင်းအလဲဆိုင်ရာသဘောတရား9 နှင့် Kyed နှင့် Chambers တို့မှ “ရာသီဥတုပြောင်းလဲမှု နိုင်ငံရေး” ဟု ဖွင့်ဆိုသည့် အကြောင်းအရာ နှစ်ရပ်ကို ပေါင်းစပ်ကာ မြန်မာ့လက်ရှိနိုင်ငံရေး၏ အာဏာရှင်စနစ်ကို ဆန့်ကျင်သော ခုခံတော်လှန်မှုပုံစံ ကိုလည်းကောင်း၊ 10 အတိုက်အခံအစိုးရ၏ နိုင်ငံတော်တစ်ရပ်၏ သရုပ်သကန်ဆောင်ယူမှုကို လည်းကောင်း သုံးသပ်လေ့လာထားပါသည်။ Lund က နိုင်ငံရေးတစ်ဆစ်ချို့အပြောင်းအလဲ များကို အခွင့်အလမ်းနှင့် အန္တရာယ်နှစ်ရပ်စလုံးရော၍ အခြေအနေဖန်တီးလာသည့် “မရေရာ သောအခိုက်အတန့်ကာလများ” ဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။ နိုင်ငံရေးတစ်ဆစ်ချိုးအပြောင်း အလဲကာလများသည် အာဏာရရှိရေးအပေါ် ယှဉ်ပြိုင်မှုများကို မြင့်တက်စေပြီး နိုင်ငံရေးရပ် ဝန်းများ၊ အဖွဲ့အစည်းများနှင့် နိုင်ငံရေးအစဥ်အလာ တည်ရှိမှုပုံစံများကို သွင်သွင်ကြီးပြောင်းလဲ သွားစေကာ၊ သက်ဆိုးရှည်ခဲ့သော လူမှုပဋိညာဥ်များ၏ အပြောင်းအလဲများလည်း ပေါ်ပေါက် လာစေနိုင်သည်။11 နိုင်ငံရေးတစ်ဆစ်ချိုး အပြောင်းအလဲများသည် အာဏာပိုင်မှုဆိုသည့် တရားသေတွက်ကိန်းချယူဆ၍မရသော၊ အစဥ်အမြဲ ဖက်ပြိုင်ခြင်းဖြင့် တည်ဆောက်နေသော အချင်းအရာဖြစ်ကြောင်းကို မြင်တွေ့ခွင့်ရနိုင်သည့် အခွင့်ကောင်းဖြစ်ကြောင်း ပညာရှင် Lund မှ အကြံပြုသည်။ နိုင်ငံရေးတစ်ဆစ်ချိုး အပြောင်းအလဲများသည် အပျက်သဘောဆောင်သော သို့မဟုတ် ပျက်စီးစေသော အကျိုးဆက်များကို ဖြစ်စေသော်လည်း ၎င်းသည် အမျိုးမျိုးသော နည်းလမ်းတို့ဖြင့် တိုးတက်မှုကို ဖြစ်စေနိုင်ပြီး အပြောင်းအလဲများကိုလည်း ဖြစ်စေနိုင်သည်။12
နိုင်ငံရေးတစ်ဆစ်ချိုးပြောင်းလဲမှုဆိုင်ရာ သီအိုရီအပေါ်နားလည်မှုကို အခြေခံ၍ မိမိအနေ ဖြင့် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော မြန်မာနိုင်ငံရှိ ကြမ်းတမ်းသော နိုင်ငံရေး တစ် ဆစ်ချိုး အပြောင်းအလဲနှင့် ရုတ်တရက် နိုင်ငံရေးအပြောင်းအလဲများကို နားလည်ရန် ကြိုးစား ထားခြင်းဖြစ်သည်။ ဤနိုင်ငံရေးတစ်ဆစ်ချိုးအပြောင်းအလဲကာလတွင် စစ်တပ်သည် ပြည်သူ များ၏ နေ့စဉ်ဘဝကို ဆိုးကျိုးသက်ရောက်စေသည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် ခြိမ်း ခြောက်မှုများစွာကို ဆက်လက်ကျူးလွန်နေပါသည်။ စစ်တပ်သည် သယံဇာတများကိုလည်း အလွဲသုံးစားပြုကာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေလျက်ရှိပါသည်။ သို့သော် နိုင်ငံရေး တစ်ဆစ်ချိုးအပြောင်းအလဲသည်ပင်လျှင် စစ်အစိုးရကို ဆန့်ကျင်လျက် ၎င်းနှင့်အပြိုင် နိုင်ငံရေး တရားဝင်မှုကို ရယူရန်ကြိုးပမ်းနေသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် အမျိုးသားညီညွတ်ရေးအစိုးရကဲ့သို့သော အဖွဲ့မျိုးစုံကို စုစည်းစေသည်။ ဤအဖွဲ့အစည်းများ သည် ပုံစံသစ်ဖြင့် အပြောင်းအလဲများကို စတင်ကျင့်သုံးရန်ကြိုးစားနေကြသော်လည်း ပါဝါနှင့် အာဏာအတွက် ပြင်းထန်သော၊ မကြာခဏဆိုသလို အကြမ်းဖက်မှုလည်းပါဝင်သော ယှဉ်ပြိုင် မှုများကိုလည်း ပြုနေကြသည်။
နိုင်ငံရေးတစ်ဆစ်ချိုးအပြောင်းအလဲဆိုင်ရာလေ့လာမှုများတွင် ထိုကာလများအတွင်း ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များသည် အာဏာရရှိရေးအတွက် ယှဉ် ပြိုင်မှု၊ မူဝါဒများနှင့် အဖွဲ့အစည်းများ ပြန်လည်ဖွဲ့စည်းမှု၏ တစ်စိတ်တစ်ပိုင်းအနေနှင့် မည်သို့ မည်ပုံ ဖြစ်လာနိုင်သည်ကို တိုက်ရိုက် လေ့လာဆွေးနွေးထားခြင်း မရှိသေးပါ။ ဤဆောင်းပါး သည် ၂၀၂၁ ဧပြီလမှစတင်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ လှုပ်ရှားမှုများကို အာရုံစိုက်ခြင်းဖြင့် နိုင်ငံရေးအရအကွဲအပြဲ ဖြစ်မှု အခြေအနေတွင် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များ သည် တော်လှန်ပုန်ကန်မှု နိုင်ငံရေးနှင့် နိုင်ငံတစ်နိုင်ငံအနေဖြင့် ကျင့်ကြံဆောင်ရွက်မှုပုံစံ တစ်ခုအဖြစ် မည်ကဲ့သို့ တည်ရှိနိုင်သည်ကို ပြသခြင်းဖြင့် ဆွေးနွေးရန် ရည်ရွယ်ပါသည်။ McCarthy မှ ဆွေးနွေးငြင်းခုံထားသည့်အတိုင်း “သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုများ နှင့် နိုင်ငံရေးသည် နေရာဒေအများအပြားတွင် အာဏာရှင်နှင့် လူပြိန်းကြိုက်နိုင်ငံရေးကို ခုခံ တော်လှန်ရန်အတွက် အရေးကြီးသည့် မျက်နှာစာနှင့် ၎င်းတို့အား အစားထိုးရန် တိုးတက် သောအမြင်ရှိသည့် အခြားရွေးချယ်စရာများ၏ အဓိက အရင်းအမြစ်များထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပါသည်”။13
ယနေ့ခေတ်တွင် အာရှ၊ လက်တင်အမေရိကနှင့် အာဖရိကနိုင်ငံတို့ရှိ ဌာနေတိုင်းရင်းသား လူမှုလှုပ်ရှားမှုများသည် ဖိနှိပ်သည့် နိုင်ငံမူဝါဒများကို ခုခံတော်လှန်ရန်နှင့် ဆန္ဒပြရန်အတွက် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စများကို ပလက်ဖောင်းများအဖြစ် ပိုမိုအသုံးချလာပုံနှင့် ပတ်သက်သည့် သုတေသနစာပေများ များပြားစွာပေါ်ထွက်လာနေသည်။ ဤလှုပ်ရှားမှုများသည် ပိုမိုကျယ်ပြန့်သော လူမှုနိုင်ငံရေးရုန်းကန်မှုများနှင့် မကြာခဏဆိုသလို ပင် လေ့လာမှုဆုံမှတ်များဖြစ်လာပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တောင်းဆိုလှုပ်ရှားမှုများကို စနစ်အရ တရားမျှတမှုမရှိခြင်းများကို မီးမောင်းထိုးပြရန်နှင့် ဌာနေတိုင်းရင်းသားများ၏ အခွင့် အရေးနှင့် အုပ်ချုပ်ခွင့်တို့ကို တောင်းဆိုကာ လူမှုရေးနှင့် နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ် လာစေရန် တိုက်တွန်းရာတွင် အသုံးချလေ့ရှိပါသည်။14 ကျေးရွာအခြေပြု လှုပ်ရှားမှုများနှင့် ဒေသခံလူမှုအသိုင်းအဝိုင်းများသည် “သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှု” ကို အာဏာ ရှင်စနစ်များကို စိန်ခေါ်ရန် ပလက်ဖောင်းတစ်ခုအဖြစ် အသုံးချပြီး သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အုပ်ချုပ်မှုအတွက် ဒီမိုကရေစီနှင့် ပြည်သူအများ အကျုံးဝင်ပါဝင်စေသော ချဉ်းကပ်မှု များကို ထောက်ခံကြသည့် ဥပမာများလည်း ရှိပါသည်။ ဥပမာအားဖြင့် သုတေသနများက နိုင်ဂျာမြစ်ဝှမ်း (Niger Delta) တွင် ရေနံထုတ်ယူမှုကြောင့် ဖြစ်ပေါ်သော သဘာဝပတ်ဝန်း ကျင် ယိုယွင်းပျက်စီးမှုကို ဆန့်ကျင်သည့် ဆန္ဒပြမှုများကို စစ်အစိုးရ၏ နိုင်ငံရေးနှင့် သယံ ဇာတများ ထိန်းချုပ်မှုကို စိန်ခေါ်ရန် မည်သို့အသုံးပြုခဲ့သည်ကို ပြသခဲ့သည်။15 ယနေ့ခေတ်တွင် ဤတော်လှန်ပုန်ကန်မှုနိုင်ငံရေးသည် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှု ဘာသာစကား နှင့် စံနှုန်းများကို အသုံးချခြင်းနှင့် လူမှုမီဒီယာကို အသုံးပြုခြင်းဖြင့် တစ်စိတ်တစ်ပိုင်း လုပ် ဆောင်ခြင်းပါသည်။16 ဥပမာအနေဖြင့် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံရှားရှိ ဌာနေဒေသခံများမှ ရေကာတာဆောက်လုပ်ခြင်း၊ တရားမဝင်သစ်ခုတ်ခြင်းနှင့် သတ္တုတွင်းလုပ်ငန်းကဲ့သို့သော ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆန့်ကျင်သော လှုပ်ရှားမှုများကို အစောပိုင်းတွင် ဆန့်ကျင်ကန့်ကွက် ခဲ့ကြပြီး ဖိနှိပ်သော အစိုးရများနှင့် ဒေသခံပြည်သူများ၏ အခွင့်အရေးများကို အလွဲသုံးစားပြု သည့် ကော်ပိုရိတ်လုပ်ငန်းကြီးများနှင့် အတိုက်အခံပြုခဲ့ကြသည်။ ယခုအခါ ၎င်းတို့သည် ဗဟို အစိုးရကို ဝေဖန်ခြင်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် လူမှုရေးတရားမျှတမှုမရှိခြင်းနှင့် ဖယ် ကြဉ်ခံရမှုဆိုင်ရာ ကျယ်ပြန့်သော ကိစ္စရပ်များကို မြှင့်တင်ရန် နိုင်ငံတကာ ရာသီဥတုနှင့် သဘာ ဝပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းများနှင့် မူဝါဒများကို အသုံးချကြသည်။17 Ranjbar ကလည်း အလားတူ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးတတ်သော ကိစ္စရပ်များကို ဖိနှိပ်သော နိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဝေဖန်ရန် အီရန်ရှိ ဆန္ဒပြလှုပ်ရှားမှုများမှ မည်သို့ မြှင့်တင် ခဲ့သည်ကို ပြသပါသည်။18 ဤစာအုပ်တွင် နော်ထီးခူနှင့် ဟော့ဖ်မန်းတို့မှ ဆွေးနွေးထားသည့် အတိုင်း19 သဘာဝပတ်ဝန်းကျင်လှုပ်ရှားမှုသည် မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်မှုကို ဆန့်ကျင် သည့် ခုခံတော်လှန်မှု၏ လက္ခဏာတစ်ခု ဖြစ်ခဲ့ပြီး ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အထူးသဖြင့် ထိုဖြစ်ရပ်ကို မြေယာနှင့် သယံဇာတများအပေါ် ထိန်းချုပ်မှုကို ကြာရှည်စွာ အငြင်း ပွားခဲ့ကြသည့် တိုင်းရင်းသား လူနည်းစုဒေသများတွင် တွေ့ရှိနိုင်ပါသည်။
ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများကို ဆန့်ကျင်သည့် ဌာနေတိုင်းရင်းသား ဦးဆောင်သည့် လှုပ်ရှား မှုများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လူထုလှုပ်ရှားမှုများအပေါ် အာရုံစိုက်မှု တိုးပွားလာနေ သော်လည်း အာဏာရှင်စစ်အစိုးရများ သို့မဟုတ် စစ်အာဏာသိမ်းမှုများ၏ နောက်ဆက်တွဲ အဖြစ် ထိုစစ်အာဏာသိမ်းမှုများအား ဆန့်ကျင်သော ယာယီအစိုးရများမှ ပါဝင်ဆောင်ရွက် သည့် အခန်းကဏ္ဍနှင့် ၎င်းတို့သည်လည်း သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာ ကိစ္စရပ် များကို တော်လှန်ပုန်ကန်မှုနိုင်ငံရေးအဖြစ် မည်သို့ သိမ်းပိုက်ဆောင်ရွက်သည်ကို အာရုံစိုက်မှု နည်းပါးခဲ့ပါ သည်။ အဓိကအာရုံစိုက်မှုသည် နိုင်ငံတစ်ဝန်းရှိ နိုင်ငံကို ကိုယ်စားမပြုနိုင်သည့် နိုင်ငံတော်အစိုးရ မဟုတ်သော ကဏ္ဍများအပေါ်တွင်သာ ရှိနေခဲ့သည်။ ထို့အပြင် နိုင်ငံရေး တစ်ဆစ်ချိုးအပြောင်းအလဲဆိုင်ရာ လေ့လာမှုများတွင် ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင် နိုင်ငံရေးသည် အတိုက်အခံအစိုးရ၏ လုပ်ဆောင်မှုတွင် မည်သည့် အခန်းကဏ္ဍမှပါဝင်နိုင် သည်ကို အာရုံစိုက်မှု အလွန်နည်းပါးပါသည်။ မိမိအနေဖြင့် မြန်မာနိုင်ငံရှိ အမျိုးသားညီညွတ် ရေးအစိုးရနှင့် ပတ်သက်၍ ခွဲခြမ်းစိတ်ဖြာချက် မှတစ်ဆင့် ထိုကဲ့သို့သော ဒိုင်းနမစ်အရွေ့များကို ပိုမိုကောင်းမွန်စွာ နားလည်မှုပေးနိုင်ရန် မျှော်လင့်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် နိုင်ငံတကာအသိုင်းအဝိုင်းတွင် နိုင်ငံတစ်ခုအဖြစ် တရားဝင် အသိအမှတ်ပြုခြင်း မခံရသော် လည်း ‘နိုင်ငံတစ်နိုင်ငံ’ အနေဖြင့် မည်သို့ လုပ်ဆောင်နေသည်ကို ဆွေးနွေးတင်ပြထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဖြစ်ပေါ်လာပုံနှင့် ဖွံ့ဖြိုးတိုးတက်လာမှု
၂၀၂၁၊ ဧပြီလ (၁၆) ရက်နေ့တွင် ဝန်ကြီးဌာနအား ထူထောင်ခဲ့ပြီး ထိုအချိန်မှ စတင်၍ အမျိုးသား ညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျယ်ပြန့်သော ခုခံတော်လှန်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု ဖွံ့ဖြိုးလာစေရေး အစိတ်အပိုင်းတစ်ခုအနေဖြင့် သယံဇာတ၊ သဘာဝပတ်ဝန်းကျင်နှင့် ရာသီ ဥတုပြောင်းလဲမှုနှင့် ဆက်စပ်သော ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းလျက်ရှိပါသည်။ ၎င်း၏ ဝန်ကြီးနှင့် ဒုဝန်ကြီးများအားလုံးသည် တိုင်းရင်းသားလူမျိုးများဖြစ်ပြီး ၎င်းတို့၏ ကိုယ်ပိုင် တိုင်းရင်းသား လှုပ်ရှားမှုများနှင့် စစ်တပ်ကို ဆန့်ကျင်သည့် ကျယ်ပြန့်သော ခုခံတော်လှန်ရေး တွင် ခိုင်မာအရေးကြီးသည့် အခန်းကဏ္ဍများတွင် ပါဝင်ဆောင်ရွက်နေကြပါသည်။ အမျိုးသား ညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ဝန်ကြီး မှာ ဒေါက်တာတူးခေါင်ဖြစ်ပြီး သူသည် ရုက္ခဗေဒဘာသာရပ်နှင့် ဘွဲ့ရခဲ့သူဖြစ်ပြီး ယခင်က သုတေသီနှင့် ခရစ်ယာန်ဘုန်းတော်ကြီးဖြစ်သည့် ဂျိန်းဖော်တိုင်းရင်းသား ကချင်လူမျိုးတစ်ဦး ဖြစ်ပါသည်။ အခြားရာထူးများတွင် တာဝန်ထမ်းဆောင်နေခြင်းအပြင် သူသည် ကချင်ငြိမ်းချမ်း ရေးနှင့် နိုင်ငံရေးအတိုင်ပင်ခံအဖွဲ့၏ ညွှန်ကြားရေးမှူး၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်းများအတွက် ပြည်ထောင်စုလမ်းညွှန်မူ အခြေခံလုပ်ငန်းအဖွဲ့၏ အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ပြီး ၂၀၂၁ မတ်လ (၁၅) ရက်နေ့တွင် ဖွဲ့စည်းခဲ့သော ကချင်နိုင်ငံရေး ယာယီညှိနှိုင်းရေးအဖွဲ့၏ အဖွဲ့ ဝင်တစ်ဦး ဖြစ်ပါသည်။20 အဆိုပါဝန်ကြီးဌာန၏ ဒုဝန်ကြီးမှာ ကယန်းလူမျိုးဖြစ်သူ ခွန်ဘီဒူး ဖြစ်ပြီး သူသည် အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သည့် အင်အားအကောင်းဆုံး ကရင်နီ ခုခံ တော်လှန်ရေးအဖွဲ့များထဲမှ တစ်ခုဖြစ်သည့် “ကရင်နီတိုင်းရင်းသားများကာကွယ်ရေးတပ်ဖွဲ့” ၏ ဥက္ကဋ္ဌဖြစ်ပြီး သူသည် ကယန်းအမျိုးသားပါတီအတွက် နိုင်ငံရေးကိုယ်စားလှယ်လောင်း တစ်ဦး ဖြစ်ခဲ့ဖူးပါသည်။ သူသည် ကရင်နီပြည်နယ်၏ ယာယီအမှုဆောင်ကောင်စီအသစ်၏ ဒုတိယဥက္ကဋ္ဌတာဝန်ယူရန်အတွက် ၂၀၂၃ ဇွန်လတွင် ဒုဝန်ကြီးရာထူးမှ နုတ်ထွက်ခဲ့သည်။21 ဒုဝန်ကြီးအသစ် ခွန်ဆောဖူးသည်လည်း ကယန်းလူမျိုး တိုင်းရင်းသားဖြစ်ပြီး ကယန်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ၏ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အာဏာသိမ်းပြီး နောက် ဆန္ဒပြမှုများနှင့် သပိတ်လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။ ဤခေါင်းဆောင် များသည် တိုင်းရင်းသားရေးရာ အရေးကိစ္စများနှင့် စစ်ရေးအရ ခုခံတော်လှန်မှု နှစ်ရပ်စလုံးတွင် ၎င်းတို့၏ အတွေ့အကြုံများကို အမျိုးသားညီညွတ်ရေး အစိုးရ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သို့ ယူဆောင်လာကြပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအား ဖွဲ့စည်းပြီးနောက် ချက်ချင်းတွင်ပင် နည်းပညာဆိုင်ရာ ဝန်ထမ်းများ ထပ်မံ ခန့်အပ်ခြင်းအပေါ် အလေးထားပြုလုပ်ခဲ့ပြီး အများစုမှာ အာဏာသိမ်းပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ခြင်းလှုပ်ရှားမှုတွင် ပါဝင်ကာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာနမှ ထွက်ခွာလာကြသူ အစိုးရဝန်ထမ်းဟောင်းများ ဖြစ်ကြသည်။ “ရေဆင်း သစ်တောတက္ကသိုလ်” ကဲ့သို့သော ပညာရေးအဖွဲ့အစည်းများမှ ပြည်သူများသည်လည်း ဤ ဝန်ကြီးဌာနအသစ်သို့ ဝင်ရောက်လာကြသည်။ အကြမ်းမဖက်အာဏာဖီဆန်ခြင်းလှုပ်ရှားမှု တွင် ပါဝင်ကြသည့် ပြည်သူများကို ခန့်အပ်ခြင်းသည် “သဘာဝပတ်ဝန်းကျင်အား စောင့်ကြည့် ခြင်း၊ သစ်တောထိန်းသိမ်းခြင်းနှင့် သယံဇာတ စီမံခန့်ခွဲခြင်း” ကို ဆောင်ရွက်ရန် ကျွမ်းကျင် သော ဝန်ထမ်းများကို သေချာစွာ ခန့်အပ်နိုင်စေရန်အတွက် ဖြစ်သည့်အပြင် စစ်အစိုးရကို ဆန့် ကျင်နေသည့် အတိုက်အခံအစိုးရအတွက် ၎င်းတို့၏ ကျွမ်းကျင်မှုနှင့် အသိပညာကို အသုံးချရန် အတွက်လည်း ဖြစ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန် ကြီးဌာနသည် သဘာဝပတ်ဝန်းကျင်ကိစ္စများနှင့် ‘သယံဇာတ ဖက်ဒရယ်ပြည်ထောင်စု’ အပေါ် အသိပညာနှင့် အသိအမှတ်ပြုမှုကို ဖြန့်ကျက်ရန် ၂၀၂၁ ဧပြီလ (၂၅) ရက်နေ့တွင် ဝဘ်ဆိုဒ်နှင့် လူမှုမီဒီယာပလက်ဖောင်းများကို စတင်ခဲ့သည်။ ၎င်း၏ ပထမဆုံးလှုပ်ရှားမှုများထဲမှ တစ်ခု တွင် ကျောက်မျက်ရတနာနှင့် သတ္တုထုတ်ယူခြင်းကဲ့သို့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ သဘာဝပတ်ဝန်းကျင်အား ပျက်စီးစေတတ်သော ဝင်ငွေလမ်းကြောင်းများကို ဖြတ် တောက်ရန် ကြိုးပမ်းမှုများ ပါဝင်သည်။22 ဥပမာ ၂၀၂၁ တွင် စစ်အစိုးရကို အခွန်ငွေပေးအပ် နေသော “မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း” ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် Forest Trends ကဲ့သို့ သဘာဝပတ်ဝန်း ကျင်အရေးလှုပ်ရှားသည့်အဖွဲ့များနှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီထံမှ သစ်ဝယ် ယူခြင်းကို ရပ်တန့်ရန် နိုင်ငံတကာအသိုင်းအဝိုင်းအား တိုက်တွန်းခဲ့သည်။23
၂၀၂၁ နောက်ပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၎င်း၏ ဝဘ်ဆိုဒ်တွင် “သန့်ရှင်းစိမ်းလန်းသော သဘာဝ ပတ်ဝန်းကျင်နှင့် သာယာဝပြောသော လူမှုပတ်ဝန်းကျင်ကို ထူထောင်ရန်” အမြင်ရှိသည့် “လူထုဗဟိုပြု” သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှု စနစ်တစ်ခုကို ထုတ်ပြန်ခဲ့ သည်။ ဝန်ကြီးဌာန၏ တာဝန်များတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ငွေရေးကြေးရေး နှင့် ထောက်ပံ့ဆက်သွယ်မှုများကို ဖြတ်တောက်ခြင်း၊ သယံဇာတစီမံခန့်ခွဲမှုမှ ဝင်ငွေကောက်ခံ ခြင်းနှင့် ဘာသာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဇီဝမျိုးစုံမျိုးကွဲ၊ ယဉ်ကျေးမှုအမွေအနှစ်နှင့် ရာသီဥတုခံနိုင်ရည်ကို ဦးစားပေးသည့် မူဝါဒများကို အကောင်အထည်ဖော်ခြင်းတို့ ပါဝင်ပါ သည်။ ဝန်ကြီးဌာန၏ အခြေခံမူများသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအကြား ဟန်ချက်ညီရန်နှင့် ဌာနေတိုင်းရင်းသား လူမှုအဖွဲ့အစည်းများအပါ အဝင် ပြည်သူအားလုံး၏ အခွင့်အရေးများကို အလေးပေးထားသည်။24 ဤအခြေခံမူများသည် သဘာဝသယံဇာတများ၏ အကျိုးကျေးဇူးများကို တရားမျှတစွာ ခွဲဝေပေးနိုင်ရန်အတွက် စီမံ အုပ်ချုပ်ရေးအဆင့်များနှင့် ကဏ္ဍများတစ်လျှောက် သေချာစေရန် ရေးဆွဲပြုလုပ်ထားခြင်းဖြစ် ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ၎င်း၏ ရည်မှန်းချက်များကို ၂၀၂၁ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့် ချိတ် ဆက်ထားပြီး ဖက်ဒရယ်ပြည်ထောင်စုတွင် သယံဇာတထုတ်ယူခြင်းသည် ဒေသခံလူမှုအသိုင်း အဝိုင်းများကို အကျိုးပြုရမည်ဖြစ်ပြီး ၎င်းတို့၏ သဘောတူညီချက် လိုအပ်ကြောင်း ဖော်ပြ ထားပါသည်။ သယံဇာတမှ ရရှိသည့် ဝင်ငွေများသည် ဒေသခံဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက် ထောက်ပံ့သင့်ကြောင်း ဖော်ပြထားပါသည်။25
ဤမျှော်မှန်းချက်နှင့်အညီ ၂၀၂၂ ခုနှစ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် သစ်တောလုပ်ငန်းနှင့် ဇီဝမျိုးစုံမျိုးကွဲ ကဏ္ဍများအတွက် သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ အရင်းအမြစ်များ၏ ထုတ်လုပ်မှု၊ ပို့ဆောင် ရေးနှင့် ကုန်သွယ်မှု ကဲ့သို့သော တရားမဝင် လှုပ်ရှားမှုများကို တားဆီးရန် ရည်ရွယ်သည့် “သယံဇာတ စီမံခန့်ခွဲမှု ယာယီမူဘောင်” တစ်ခုကို ထုတ်ဝေခဲ့ပါသည်။ ၎င်းသည် အထူးသဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီမှထိန်းချုပ်ထားသည့် မြန်မာ့သစ်လုပ်ငန်းမှ စီးပွားဖြစ် သစ်ခုတ်ခြင်းနှင့် သစ်ထုတ်ယူခြင်း အပေါ် တားမြစ်ချက်များကို မီးမောင်းထိုးပြထားသည်။26 မူဘောင်၏ နိဒါန်းတွင် အောက်ပါအတိုင်း ဖော်ပြထားပါသည်။
လက်ရှိအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ သယံဇာတများကို ထိန်းချုပ်မှုမရှိဘဲ ထုတ်လုပ်မှု တိုးမြှင့်ခြင်း၏ ခြိမ်းခြောက်မှုများနှင့် နေရာ အများအပြားတွင် တရားဥပဒေစိုးမိုးမှု မရှိခြင်းကြောင့် စွန့်ဦးတီထွင်သူများ နှင့် စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းများမှ သယံဇာတများကို တရားမဝင် အလွန်အကျွံ အသုံးချမှု၏ အန္တရာယ်များ တိုးပွားလာခြင်းတို့ ဖြစ်ပေါ်နေ ပါသည်။ ထို့ကြောင့် ပြည်ထောင်စုဒီမိုကရေစီပဋိညာဉ် (အပိုင်း-၂) ၏ အခန်း (၄) ရှိ ပုဒ်မ (၂၂) ပုဒ်မခွဲ (ခ)၊ ပုဒ်မ (၂၃)၊ ပုဒ်မခွဲ (င) နှင့် ပုဒ်မ (၂၅)၊ ပုဒ်မခွဲ (က) တို့နှင့်အညီ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ၏ တာဝန်များ အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သည် တည်ရှိပြီးသား သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ အရင်းအမြစ်များ ပြုန်းတီး ခြင်းမှ ကာကွယ်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲမှုအတွက် အရင်းအမြစ်များကို အချိန်မီ စီမံခန့်ခွဲရန် ဤမူဘောင်ကို ပြဋ္ဌာန်းခဲ့ပါသည်။27
အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၏ “ကြားကာလသယံဇာတစီမံအုပ်ချုပ်ရေးမူဘောင်” သည် ဒေသခံလူမှုအသိုင်းအဝိုင်းများ၊ တိုင်းရင်းသား လူနည်းစုအဖွဲ့များနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါ င်းဆောင်ရွက်မှုကို မြှင့်တင်ပေးပြီး အသက်မွေးဝမ်းကျောင်းအရ စိုက်ပျိုးခြင်းနှင့် ပြောင်းရွှေ့ စိုက်ပျိုးခြင်းကဲ့သို့သော ရိုးရာအလေ့အကျင့်များကို ထောက်ခံအားပေးကာ စီးပွားဖြစ်အသုံးချမှု ကို တားမြစ်ထားပါသည်။ အတိုချုပ်ပြောရလျှင် ၎င်းသည် ဒေသခံနှင့် ဌာနေတိုင်းရင်းသား ဓလေ့များကို ခိုင်မာပြတ်သားစွာထောက်ခံပြီး စီးပွားဖြစ်လှုပ်ရှားမှုများကို ပြစ်မှုအဖြစ် သတ်မှတ်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးခြင်း မှ မည်သို့ အကျိုးအမြတ် ရရှိသည်ကို အလေးပေးဖော်ပြထားသည်။28 ထို့အပြင် ၎င်းသည် သယံ ဇာတ ထုတ်ယူခြင်း၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးအကျိုးဆက်များကို အကဲဖြတ်ရန်၊ စောင့်ကြည့်ရန်နှင့် ကုစားရန် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် ဒေသခံလူမှု အသိုင်းအဝိုင်းများ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း အလေးပေးဖော်ပြထားပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် သိမ်းဆည်းရရှိထားသော သစ်တောအရင်းအမြစ်များကို စီမံခန့်ခွဲရန် ညွှန်ကြားချက်များကို ထုတ်ပြန်ခဲ့ပြီး လက်ရှိ ကြားကာလ သို့မဟုတ် တော်လှန်ရေး ကာလအတွင်း ၎င်းတို့၏ ရေရှည်တည်တံ့ခိုင်မြဲစွာ အသုံးချ နိုင်မှုကို သေချာစေရန် လမ်းညွှန်ျမှု များထုတ်ပြန်ခဲ့သည်။29
အကောင်အထည်ဖော်မှုနှင့် ပတ်သက်သည့် မူဘောင်သည် “အမျိုးသားညီညွတ်ရေးအစိုး ရ၏ တိုက်ရိုက်စီမံအုပ်ချုပ်မှုအောက်ရှိ စီမံအုပ်ချုပ်ရေးအဖွဲ့များမှ သိမ်းဆည်းထားသော သစ်တော အရင်းအမြစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများ စီမံခန့်ခွဲမှုအတွက် အသိပေးချက်များ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ရေးဆွဲကာ ထုတ်ပြန်မည်” ဟု ဖော်ပြထားပါ သည်။30 ဤဖော်ပြချက်သည် နိုင်ငံတစ်ဝန်းလုံးအားဆောင်ရွက်မည်ဆိုသည့် ထင်မြင်မှုကိုပေး ပြီး အမျိုးသားညီညွတ်ရေးအစိုးရအား အတိုက်အခံအစိုးရအဖြစ် ကိုယ်စားပြုသော်လည်း မူဘောင်အနေဖြင့် “တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများမှ ထိန်းချုပ်ထားသော ဒေသများတွင် ဤအဖွဲ့အစည်းများမှ ပြဋ္ဌာန်းထားသော မူဝါဒများနှင့် စည်းမျဉ်းများကို လိုက်နာ ရမည်” ဟုလည်း မှတ်ချက်ပြုထားပါသည်။31 မိမိအနေဖြင့် နောက်ပိုင်းတွင် ဆက်လက် ဆွေးနွေးမည့်အတိုင်း ဤအကြောင်းအရာများကို လေ့လာပါက အမျိုးသားညီညွတ်ရေးအစိုးရ သည် ခုခံတော်လှန်ရေး ဒေသအားလုံးတွင် ထိန်းချုပ်မှု အကောင်အထည်ဖော်ရန် ရည်မှန်း ချက်ရှိသည်မဟုတ်ပဲ မြန်မာပြည်အလယ်ပိုင်းရှိ ၎င်းတို့၏ မြို့နယ်အဆင့် စီမံအုပ်ချုပ်ရေး အဖွဲ့များရှိရာ ၎င်းတို့ကိုယ်ပိုင် ‘လွတ်မြောက်ဒေသများ’တွင်သာ အကောင်အထည်ဖော်ရန် ရည်မှန်းချက်ရှိကြောင်း ထင်ဟပ်စေပါသည်။
၎င်း၏ ဝဘ်ဆိုဒ်တွင် ပါရှိသော အစီရင်ခံစာများနှင့် မက်ဆေ့ချ်များသည် အမျိုးသား ညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် စည်းမျဉ်းများ ထုတ်ပြန်နိုင်သော နိုင်ငံတစ်နိုင်ငံအဖြစ် မိမိကိုယ်ကို ပြသရန် ကြိုးပမ်းသည်ကို ထင်ဟပ်ပြီး ၎င်း၏ ဝန်ကြီးဌာနအမည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်က ဝန်ကြီး ဌာနနှင့် အမည်တူထားရှိပြီး လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအောက်ရှိ ဝန်ကြီးဌာနနှင့်လည်း အမည်တူပေးထားပါသည်။32 မိမိအနေဖြင့် နောက်ပိုင်းတွင် အသေးစိတ် ဆက်လက်ဆွေးနွေးမည့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် နိုင်ငံတစ်နိုင်ငံကဲ့သို့ ဆောင် ရွက်မှုသည် အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဆန့်ကျင်သည့်ရာတွင် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်အောက်တွင် ၎င်း၏ ပြည်သူလူထုကို ဗဟိုပြုသော ချဉ်းကပ်မှုများ၊ လူ့အခွင့်အရေးကိုအလေးထားခြင်း၊ ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် သဘာဝပတ်ဝန်းကျင်ကာ ကွယ်ရေးတို့ကို အသုံးပြုကြောင်း မီးမောင်း ထိုးပြထားပါသည်။
စစ်တပ်အား သဘာဝပတ်ဝန်းကျင် ဖျက်ဆီးသူအဖြစ် ရှုတ်ချပြစ်တင်ခြင်း
အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သည် ၎င်း၏ အွန်လိုင်းပေါ်မှပြုလုပ်သော ပြည်သူများနှင့် ဆွေးနွေးချက်များနှင့် အစီရင် ခံစာများတွင် သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးသည့် လှုပ်ဆောင်မှုများနှင့် ရာသီဥတု အကျပ် အတည်းကို ပိုမိုနက်ရှိုင်းစေသည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ယခင်စစ် အစိုးရများကို စဥ်ဆက် မပြတ် အပြစ်တင်ထားပါသည်။ ဥပမာအားဖြင့် ၂၀၂၃ ခုနှစ် မေလ (၂၉) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနသည် “မြန်မာ့သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု” ခေါင်းစဉ်ဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာနှင့် အွန်လိုင်းဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ပြီး သဘာဝပတ်ဝန်းကျင်အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တရားမဝင် သယံဇာတ ထုတ်ယူမှု၏ ကြီးမားသည့်အန္တရာယ် သက်ရောက်မှုများကို ပြင်းထန်စွာ အလေး ပေးဖော်ပြခဲ့သည်။ ဝန်ကြီးတူးခေါင်နှင့် ဒေါက်တာဆာဆာ တို့က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ သယံဇာတ ရောင်းချမှုမှ ရရှိသော ဝင်ငွေလမ်းကြောင်းများကို ဖြတ်တောက်ခြင်း၏ အရေးပါမှုကို မီးမောင်းထိုးပြခဲ့ပြီး ဤဝင်ငွေသည် လက်နက်များ ဝယ်ယူမှုအတွက် ရန်ပုံငွေ ထောက်ပံ့ပေးပြီး ထိုလက်နက်များဖြင့် အရပ်သားပြည်သူများကို တိုက်ခိုက်ရန် မကြာခဏ အသုံးပြုကြောင်း ဖော်ပြခဲ့သည်။ ဝန်ကြီးဒေါက်တာဆာဆာအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီသည် သယံဇာတများကို တရုတ်နိုင်ငံသို့ ရောင်းချပြီးနောက် ရွာများကို လေ ကြောင်း တိုက်ခိုက်ရန်အတွက် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ လက်နက်များကို ဝယ်ယူ ကြောင်း ရှင်းပြခဲ့သည်။ ဒေါက်တာဆာဆာသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တရား မဝင် ရေနံထုတ်ယူမှုသည် လေထုညစ်ညမ်းမှုကို ဖြစ်စေပြီး မုန်တိုင်းများကဲ့သို့သော သဘာဝ ဘေးအန္တရာယ်များ၏ သက်ရောက်မှုများကို ပိုမိုဆိုးရွားစေကြောင်း မီးမောင်းထိုးပြခဲ့သည်။ ၎င်းအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီထံမှ သယံဇာတများကို ဝယ်ယူခြင်းမပြုရန် တောင်းဆိုခဲ့ပြီး ထိုသယံဇာတများသည် မြန်မာပြည်သူ များမှ ပိုင်ဆိုင်သည်ဟု ဖော်ပြခဲ့သည်။ ဝန်ကြီးတူးခေါင်မှ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် နိုင်ငံတကာအဆင့် ဥတု ရာသီပြောင်းလဲမှုကိစ္စ ရပ်များကို အလေးပေးသည့် အစည်းအဝေး Conference of the Parties (COP) ကဲ့သို့သော နိုင်ငံတကာအစည်းအဝေးများနှင့် ညီလာခံများသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ကိုယ်စားလှယ်များ တက်ရောက်မှုကို ပိတ်ဆို့ရန် ကြိုးပမ်းနေ ကြောင်း ပြောကြားခဲ့သည်။33 အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ဆွေးနွေးပွဲများသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ၎င်း၏ ကိုယ်ကျိုးစီးပွားအတွက် ပဋိပက္ခ ဒေသများတွင် တရားမဝင် သစ်ခုတ်ခြင်းနှင့် ရွှေတူးခြင်းကို ပြုလုပ်ရန် အကျင့်ပျက်ခြစားသော တပ်မတော်နှင့်ရင်းနှီးကျွမ်းဝင်သည့် ခရိုနီလုပ်ငန်းရှင်များကို ခွင့်ပြုချက်များ မည်ကဲ့သို့ ဆက်လက် ပေးနေသည်ကို မီးမောင်းထိုး ပြပါသည်။34
၂၀၂၁ ဇူလိုင်လတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၁၉၆၂ ပထမစစ်အာဏာသိမ်းမှုမှစတင်၍ သစ်တောများ ကုန် ခန်းခြင်း အပါအဝင် “မြန်မာနိုင်ငံရှိ စစ်အစိုးရလက်ထက်တွင် သယံဇာတများ ကုန်ခန်းမှု အခြေ အနေ” အကြောင်း အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် အစီရင်ခံစာတစ်စောင်ကို ထုတ် ဝေခဲ့ပြီး တရားမဝင် သစ်ထုတ်ယူမှုကို အသေးစိတ် ဖော်ပြခဲ့သည်။ သယံဇာတနှင့် ဇီဝမျိုးစုံမျိုး ကွဲ အမျိုးမျိုးသည် စစ်အာဏာရှင်အဆက်ဆက် ခေါင်းဆောင်များမှ သယံဇာတများကို ၎င်းတို့ ချမ်းသာကြွယ်ဝစေရန် အသုံးချခြင်း အပါအဝင် အရည်အချင်းမပြည့်ဝသည့် အုပ်ချုပ်မှုများနှင့် အလွဲသုံးစားမှုများကြောင့် ကုန်ခန်းသွားကြောင်း ဖော်ပြထားပါသည်။35 ထိုအစီရင်ခံစာသည် Environmental Investigation Agency (EIA) ၏ ထုတ်ဝေမှုနှစ်စောင် အပါအဝင် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီကို ဝေဖန်ရန်နှင့် မြန်မာ့သစ်တောများကို ကာကွယ်ခြင်း၏ အရေးပါမှုကို မီးမောင်းထိုးပြရန် နိုင်ငံတကာမှပြုလုပ်ထားသော သုတေသနများကို ကိုးကား ထားသည်။ ၎င်းတို့ထဲမှ သုတေသနတစ်ခုက အောက်ပါအတိုင်း ဖော်ပြထားသည်။
စစ်အာဏာသိမ်းမှုသည် မြန်မာနိုင်ငံအား စစ်အာဏာရှင်စနစ်ကြောင့် အလွန် အမင်း ပျက်စီးနေသော သစ်တောများရှိသည့် နေ့ရက်များသို့ ပြန်လည်တွန်း ပို့နိုင်ပြီး လက်ရှိ အာဏာသိမ်းမှုသည် သစ်ကုန်သွယ်မှုမှတစ်ဆင့် လူ့အခွင့် အရေး ချိုးဖောက်မှုများကို ငွေကြေး ထောက်ပံ့ပေးနေကြောင်း သိသာထင် ရှားသည့် အန္တရာယ်များ ဖန်တီးနေပါသည်။36
EIA မှထုတ်ဝေသည့် အခြားသုတေသနစာစောင်တစ်ခုတွင် စစ်တပ်သည် ၎င်း၏ အာဏာသိမ်း မှု နှောင်းပိုင်းတွင် တရားမဝင်သစ်ကုန်သွယ်မှုမှ ငွေသားစီးဝင်မှုများ သိသာစွာ ရရှိနေကြောင်း ရေးသားထားသော်လည်း ပြီးခဲ့သည့် ဖားတစ်ပိုင်း ငါးတစ်ပိုင်း ဒီမိုကရေစီကာလအတွင်း အပါ အဝင် တရားမဝင်သစ်ခုတ်ခြင်းနှင့် ကုန်သွယ်ခြင်းကို တရုတ်နိုင်ငံနှင့် ကြာမြင့်စွာ လုပ်ဆောင်ခဲ့ ကြောင်း ထောက်ပြရေးသားထားပါသည်။37 အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အစီရင်ခံစာတွင် သုတေသီ Ben Heubl ၏ “ဂြိုဟ်တုပုံရိပ်များကို ကြည့်ခြင်းဖြင့် မကြာသေးမီက ဖြစ်ပွားခဲ့သည့် မြန်မာနိုင်ငံရှိ စစ်အာဏာ သိမ်းမှုသည် နိုင်ငံတွင် ရေရှည်တည်တံ့မှု မရှိသော သစ်တောပြုန်းတီးမှုအန္တရာယ်ကို တိုးမြှင့် စေနိုင်ကြောင်း သိသာနိုင်သည့် အထောက်အထားများဖြစ်သည်” ဆိုသည့် ဆွေးနွေးချက်ကို ကိုးကားရေးသားထားပါသည်။38 အမျိုးသားညီညွတ်ရေးအစိုးရ၏ အဆိုအရ Heubl ၏ သုတေ သနသည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) မှ ရှေးဟောင်းအမွေအနှစ်ဝန်းကျင်အဖြစ် သတ်မှတ်ကာကွယ်ထားသည့် အလောင်းတော်ကဿပအမျိုးသားဥယျာဉ်တွင် တရားမဝင် သစ်ခိုးထုတ်ခြင်းအပါအဝင် အိမ်နီးချင်းနိုင်ငံများသို့ သစ်ရောင်းချခြင်းမှ အကျိုးအမြတ် ရရှိကြောင်း ရေးသားထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာ န၏ အစီရင်ခံစာတွင် သုတေသီ Eoghan Darbyshire ၏ ရေးသားချက် ဖြစ်သည့် “ကျွန်းသစ် အရင်းအမြစ်များအား စည်းကမ်းမဲ့ ရောင်းချခြင်းသည် ပြီးခဲ့သည့် ဒီမိုကရေစီအစိုးရမှ ပြုလုပ်ခဲ့ သော ပြုပြင်ပြောင်းလဲမှု အားလုံးအတွက် သဲထဲရေသွန်ဖြစ်စေသည်” ဆိုသည့် အချက်ကို ကိုးကားထားသည်။39
သစ်တောများပြုန်းတီးစေသည့်အတွက် စစ်တပ်၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကို ပြင်းထန်စွာဝေဖန်နေစဉ် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အစီရင်ခံစာသည် “မြန်မာနိုင်ငံသစ်တောများ ပြန်လည်ထူ ထောင်ရေးစီမံကိန်း” ကို အကောင်အထည်ဖော်ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ လက်ထက်အတွင်း နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကိုရရှိခြင်းကဲ့သို့သော အောင်မြင်မှု များကို ဂုဏ်ပြုထားသည်။ ဥပမာအားဖြင့် အစီရင်ခံစာသည် နိုင်ငံတစ်ဝန်းရှိ သစ်တော ပြုန်းတီးမှုနှုန်းသည် ထိန်းချုပ်မှုအောက်တွင်ရှိခဲ့ပြီး ၂၀၁၆-၂၀၂၁ ခုနှစ်များအတွင်း အချို့ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် သစ်တောများ လွှမ်းခြုံနိုင်မှုသည် တိုးတက်လာကြောင်း ဖော်ပြထားပါသည်။40 ဤအပြုသဘောဆောင်သည့် အကဲဖြတ်မှုအား အစီရင်ခံစာ၏ အဆုံး တွင် အနည်းငယ်ထောက်ပြထားသည်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ လက်ထက် တွင် စစ်တပ်သည် တရားမဝင်သစ်ခုတ်ခြင်းကို ဦးဆောင်ဦးရွက်ပြုခြင်း အပါအဝင် သစ်တော များ ပြန်လည်တည်ရှိစေရန် ကြိုးပမ်းသည့်တိုးတက်မှုကို ဆက်လက် အဟန့်အတား ဖြစ်စေခဲ့ ကြောင်း ဖော်ပြထားပါသည်။ အစီရင်ခံစာအနေဖြင့် ပြည်သူများသည် စစ်ခေါင်းဆောင်များ၏ အကျင့်အကြံများကြောင့် ဖြစ်ပေါ်သည့် “ထိုကဲ့သို့သော စိန်ခေါ်မှုများ သို့မဟုတ် အတား အဆီးများကို စုပေါင်းအောင်မြင်စွာ ကျော်ဖြတ်ခြင်းဖြင့် မိမိတို့၏ သယံဇာတများကို မိမိတို့ ကိုယ်ပိုင် နည်းလမ်းဖြင့် စီမံခန့်ခွဲနိုင်မည့် စနစ်အသစ်တစ်ခုကို တောင်းဆိုထားပါသည်” ဟုပါရှိ သည်။41 ဤအစီရင်ခံစာမှတစ်ဆင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် မိမိကိုယ်ကို စစ်အစိုးရကို ဆန့်ကျင်သည်ဟု သတ်မှတ်ရုံ သာမက ပြည်သူလူထုကို ဗဟိုပြုသည့် သယံဇာတစီမံခန့်ခွဲမှုနှင့် ဖက်ဒရယ် ပြည်ထောင်စုကို မီးမောင်းထိုးပြခြင်းဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကာလနှင့် ကွဲပြားသည့်ကာလကိုလည်း ထင်ဟပ်ထားသည်။
၂၀၂၂ ဒီဇင်ဘာလတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် စစ်အုပ်ချုပ်မှုကာလအတွင်း မြန်မာ့သယံဇာတများ ပျက်စီးခြင်းအကြောင်းနှင့် ပတ်သက်၍ မြန်မာဘာသာဖြင့် ရေးသားထားသည့် အစီရင်ခံစာ တစ်စောင်ကို ထုတ်ဝေခဲ့ပြီး အထူးသဖြင့် သတ္တုများနှင့် ကျောက်မျက်သယံဇာတများအပေါ် အလေးပေးဖော်ပြခဲ့သည်။ အထက်တန်းလွှာများ၏ ကိုယ်ကျိုးစီးပွားနှင့် အကျင့်ပျက်ခြစားမှု ကို မီးမောင်းထိုးပြထားပြီး ပြည်သူများ၏ အကျိုးစီးပွားများနှင့် ဆန့်ကျင်ကာ သယံဇာတ များအား နှစ် (၆၀) တိုင် ညံ့ဖျင်းသော စီမံခန့်ခွဲမှုများပြုလုပ်ခဲ့သည့်အတွက် စစ်တပ်အား အပြစ် တင်ထားသည်။ နိုင်ငံ၏ သယံဇာတများသည် နိုင်ငံကို အကျိုးပြုခြင်းမရှိဘဲ အာဏာရပုဂ္ဂိုလ် အနည်းငယ်ကိုသာ အကျိုးပြုကြောင်း ဆက်လက် ဖော်ပြထားပါသည်။42
မိမိတို့အနေဖြင့် ဤဥပမာများမှ မြင်နိုင်သည့်အတိုင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် စစ်တပ်၏ သဘာဝ ပတ်ဝန်းကျင်ကို ဖျက်ဆီးသည့် လှုပ်ရှားမှုများအတွက် စစ်တပ်ကို ဝေဖန်ခြင်းနှင့် ၎င်းတို့ကို ဆန့်ကျင်သည့်အနေဖြင့် နိုင်ငံတကာသုတေသနများ၊ Kheh Thoo ကဲ့သို့သော သဘာဝ ပတ်ဝန်းကျင်လှုပ်ရှားသူများနှင့် Ester Wah ကဲ့သို့သော ဆန္ဒပြခေါင်းဆောင်များ၏ ပံ့ပိုးမှုများ ကို အခြေခံကာ မိမိကိုယ်ကို စစ်တပ်အားဆန့်ကျင်သည့် အတိုက်အခံအဖြစ်သတ်မှတ်ရန် ကြိုးပမ်းမှုများကို တွေ့နိုင်ပါသည်။43 မိမိအနေဖြင့် ဆောင်းပါးနောက်ပိုင်းတွင် အမျိုးသား ညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် စစ်တပ်ကို ဆန့်ကျင်သော တော်လှန် ပုန်ကန်နိုင်ငံရေးမှတစ်ဆင့် လှုပ်ရှားမှုများကို မည်သို့ ဆောင်ရွက်သည်ကို ဆက်လက်ဆန်းစစ် လေ့လာပါမည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုအရေး လှုပ်ရှားမှုများ
အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အနေဖြင့် အများပြည်သူနှင့် ထိတွေ့ပြီး ၎င်း၏ သတင်းစကားများနှင့် လုပ်ငန်းစဉ်များကို ဖြန့်ဝေသည့် အဓိကနည်းလမ်းများမှာ ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင် တိုက်ရိုက်ဆွေး နွေးပွဲများ ပြုလုပ်ခြင်းနှင့် အခြားပို့စ်များတင်ခြင်း အပါအဝင် အွန်လိုင်းဆက်သွယ်ရေးနှင့် ၎င်း၏ဝဘ်ဆိုဒ်တွင် သတင်းရေးသားကာ အချက်အလက်များကို မျှဝေခြင်းဖြစ်ပါသည်။ ဤ ကဲ့သို့ မျှဝေမှုများသည် သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းရေး၊ ရာသီ ဥတုပြောင်းလဲမှုနှင့် ဇီဝမျိုးစုံမျိုးကွဲများအကြောင်း အသိပညာဖန်တီးရေးအပေါ် အလေးထား ဖော်ပြသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာနသည် ဗဟိုချုပ်ကိုင်မှုနှင့် မြေပြင်ရုံးထိုင် မရှိသောကြောင့် အများပြည်သူအား ၎င်းသည်နိုင်ငံတစ်ခုအဖြစ် ရပ်တည်ကြောင်း ဒစ်ဂျစ်တယ်မီဒီယာများမှတစ်ဆင့် ပြသသည်။
ဖေ့စ်ဘုတ်ပေါ် တိုက်ရိုက်ဆွေးနွေးပွဲများတွင် ပုံမှန်အားဖြင့် တော်လှန်ရေးလှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်နေကြသည့် ဖိတ်ကြားခံရသော ဧည့်သည်များ ပါဝင်ကြပြီး သဘာဝ ပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာ ကိစ္စရပ်များအကြောင်း အသိပညာကို မျှဝေခြင်းအပြင် ဤ ဆွေးနွေးချက်များသည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် တော်လှန်ရေးကို အလေးပေး ဖော်ပြခြင်းတို့အပေါ် အဓိက ဆွေးနွေးပါသည်။ ၂၀၂၂ မေလ (၈) ရက်နေ့တွင် “တော်လှန်ရေး ကာလအတွင်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် လိုအပ်ပါသလား” ဆိုသည့် ခေါင်းစဉ် ဖြင့် ကျင်းပသော အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ဆွေးနွေးပွဲတွင် လူသိများထင်ရှားပြီး တော်လှန်ရေးကဏ္ဍတွင် ပါဝင်နေသည့် သရုပ်ဆောင်တစ်ဦးနှင့် စီဒီအမ် စစ်ဗိုလ်ကြီးတစ်ဦးတို့ ပါဝင်ခဲ့သည်။44 ပါဝင်သူများက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအယူအဆ၊ ၎င်း၏ အရေးပါမှုနှင့် သဘာဝပတ်ဝန်းကျင်ကို သက်ရောက်သည့် အချက်များကို ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တရားမဝင်သစ်ခုတ်ခြင်းနှင့် ရွှေတူးဖော်ခြင်းအတွက် တရားမဝင်ခွင့်ပြုချက်များ ပေးခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု မြင့်တက်လာပြီး ထိုလုပ်ငန်းများသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ငွေကြေးအရ အကျိုးပြုနေ ကြောင်း မီးမောင်းထိုးပြခဲ့ကြသည်။ ၎င်းတို့၏ အများပြည်သူအား အဓိကမျှဝေသည့် သတင်း စကားများမှာ ပလတ်စတစ်ညစ်ညမ်းမှုကို လျှော့ချရန်၊ စနစ်တကျ အမှိုက်စွန့်ပစ်ရန်၊ တရား မဝင် သယံဇာတထုတ်ယူခြင်းကို ရှောင်ကြဉ်ရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရန် ချုံပုတ်နှင့် သစ်တော မီးရှို့ခြင်းကို တားဆီးရန်တို့ ဖြစ်ပါသည်။
၂၀၂၂ နိုဝင်ဘာလ (၆) ရက်နေ့တွင် ကျင်းပသော “တော်လှန်ရေးကာလအတွင်း ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်သင့်ပါသလား” ခေါင်းစဉ်ဖြင့် အခြား ဆွေးနွေးပွဲတစ်ခုကို ကျင်းပခဲ့ပြီး ထိုဆွေးနွေးပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မြန်မာ့သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတစ်ဦးနှင့် ကိုရီးယားအခြေစိုက် အစီအစဉ်ဦးဆောင်သူတစ်ဦးကို ဖိတ်ကြားခဲ့ သည်။45 ဤဆွေးနွေးပွဲသည် ရာသီဥတုပြောင်းလဲမှု၊ လူသားများကြောင့်ဖြစ်သော သက်ရောက် မှုများနှင့် အာဏာသိမ်းပြီးနောက် သယံဇာတများ ပျက်စီးမှုအပေါ် အာရုံစိုက်ခဲ့သည်။ ဆွေးနွေး မှုတွင် ပလတ်စတစ်အသုံးပြုမှုကို လျှော့ချရန် နည်းလမ်းများကို ဆွေးနွေးပြီး ပြည်သူများအား ၎င်းတို့၏ နေ့စဉ်ဘဝတွင် 3R’s ဖြစ်သည့် လျှော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်းနှင့် ပြန်လည် ပြုပြင်ခြင်းကို လက်ခံကျင့်သုံးရန် အားပေးခြင်းတို့ ပါဝင်သော်လည်း ဆွေးနွေးချက်အများစု သည် သယံဇာတများကို ခေါင်းပုံဖြတ်အလွဲသုံးစားလုပ်မှုနှင့် တရားမဲ့စွာသုံးစွဲမှုကြောင့် ရာသီဥတုပြောင်းလဲလာမှုကို အဓိကထားဆွေးနွေးသည့်အတွက် ဆွေးနွေးပွဲသည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအား ဝေဖန်ခြင်းကို အဓိကထားဆွေးနွေးခဲ့သည်။ ဆွေးနွေးသူတစ်ဦး က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ရာသီဥတုပြောင်းလဲမှုကို တားဆီးရန် စိတ်ဝင်စားမှုမရှိဘဲ တရားမဝင် သစ်ခုတ်ခြင်းနှင့် သစ်တောပြုန်းတီးမှုကို တိုက်ဖျက်ရာတွင် ပျက်ကွက်မှုများရှိနေကြောင်း ပြောကြားခဲ့သည်။ ရလဒ်အနေဖြင့် အာဏာသိမ်းပြီးချိန်မှစတင်၍ သစ်တောပြုန်းတီးမှု မြင့် တက်လာပြီး ရာသီဥတုပြောင်းလဲမှုကို ပိုမိုဆိုးရွားစေကြောင်း ဖော်ပြခဲ့သည်။ အစီအစဉ် ဦးဆောင်သူမှလည်း ဤသို့ ပြောကြားခဲ့သည်။
ယခုအချိန်တွင် မိမိတို့ (ပြည်သူများ) သည် ရာသီဥတုပြောင်းလဲမှု၏ သက် ရောက်မှုနှင့်အတူ နိုင်ငံရေးအကျပ်အတည်းကြားတွင် ဒုက္ခရောက်နေရပါ သည်။ ထို့ကြောင့် မိမိတို့သည် စစ်အာဏာရှင်စနစ်မှ လျင်မြန်စွာ လွတ် မြောက်ရန် ကြိုးစားရမည်။ မိမိတို့သည် ငြိမ်းချမ်းပြီး လှပသော အနာဂတ် ကမ္ဘာကြီးအတွက် ရာသီဥတုပြောင်းလဲမှုကို တားမြစ်သည့် လုပ်ဆောင်မှုများ လုပ်ဆောင်ရမည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သည် မြေပြင်လှုပ်ရှားမှုများကို အားပေးရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ဂရုစိုက်ပြီး ရာသီဥတု ကို ဂရုစိုက်သော ဝန်ကြီးဌာနတစ်ခုအဖြစ် မိမိကိုယ်ကို ပုံဖော်ရန် ဖေ့စ်ဘုတ်လူမှုမီဒီယာကို လည်း အသုံးပြုပါသည်။ ဤသို့အသုံးပြုရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ၎င်းတို့၏ လုပ်ဆောင်ချက်များကို ဖေ့စ်ဘုတ်လူမှု မီဒီယာမှတစ်ဆင့်တင်ပြပြီး စစ်အာဏာရှင်စနစ်ကို တိုက်ရိုက်မဟုတ်သည့် ပုံစံဖြင့် ဝေဖန်ခြင်းတို့ ပါဝင်သည်။ ဥပမာအနေဖြင့် “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” ကဲ့သို့သော နိုင်ငံတကာနေ့ရက်များကို ဂုဏ်ပြုခြင်းတို့ ပါဝင်ပါသည်။
၂၀၂၁ ခုနှစ် အဆိုပါနေ့တွင် မြန်မာ့နွေဦးတော်လှန်ရေး ပထမနှစ်အတွင်း သေဆုံးခဲ့သော သူရဲကောင်း (၈၄၅) ဦးကို ဂုဏ်ပြုရန် မတူညီသော တိုင်းဒေသကြီးများတွင် လျှို့ဝှက် သစ်ပင်စိုက်ပျိုးမှု လှုပ်ရှားမှုများကို ပြုလုပ်ခဲ့သည်။46 အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက် နှာတွင် ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးများရှိ တော်လှန်ရေးအဖွဲ့များမှ ထိန်းချုပ်ထားသော ဒေသများတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဥတုရာသီပြောင်းလဲမှု ကာကွယ်ရေးအတွက် သစ်ပင် စိုက်ပျိုးရေး လှုပ်ရှားမှုများအကြောင်း ပို့စ်များကို မျှဝေခဲ့သည်။ ၂၀၂၂ ခုနှစ် အဆိုပါနေ့တွင် လည်း မြန်မာ့နွေဦးတော်လှန်ရေးပထမနှစ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ အသက်စွန့် သွားခဲ့ကြသော တော်လှန်ရေးသူရဲကောင်းများကို ဂုဏ်ပြုရန်အတွက် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် သစ်ပင်ပေါင်း (၂၀၀) ကို စိုက်ပျိုးခဲ့ သည်။47 ၂၀၂၃ တွင် အမျိုးသား ညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် “ပလတ်စတစ်ညစ်ညမ်းမှုကို နှိမ်နင်းကြ၊ အာဏာရှင်ကို အမြစ်ဖြတ်ကြ” ဟူသော ကြွေးကြော် လှုပ်ရှားမှုတစ်ခုကို စတင်ခဲ့သည်။48 ထိုနေ့တွင်ပင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် “ဒေါနတပ်ရင်း ထောက်ပို့ အဖွဲ့” မှ ဦးဆောင်သော တော်လှန်သစ်ပင်လှုပ်ရှားမှုကို စတင်ခဲ့သည်။ ဤလှုပ်ရှားမှု၏ တစ် စိတ်တစ်ပိုင်းအနေဖြင့် ဒေသခံနှင့် နိုင်ငံတကာရှိပြည်သူများအနေဖြင့် သစ်တောပြန်လည်ထူ ထောင်ရေးကို ပံ့ပိုးရန် မြန်မာကျပ် တစ်သောင်းဖြင့် ‘အပင်တစ်ပင်ဝယ်ပါ’ ဟု အားပေးခဲ့သည်။ တော်လှန်သစ်ပင် လှုပ်ရှားမှုမှတစ်ဆင့် သစ်ပင်ပေါင်း (၂၀,၀၀၀) လှူဒါန်းမှု အောင်မြင်ခဲ့ သည်။49 ၂၀၂၄ တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အတွက် အမျိုးသားညီညွတ်ရေး အစိုးရ၏ ခေါင်းစဥ်မှာ “ငါတို့မြေ ငါတို့အနာဂတ် ပြန်တည်ဆောက်မယ့် ငါတို့မျိုးဆက်” ဖြစ် ပြီး50 သစ်ပင်အသစ်များ စိုက်ပျိုးခြင်း၊ ရှိပြီးသား သစ်ပင်များကို ထိန်းသိမ်းခြင်းနှင့် မြေဆီလွှာ အရည်အသွေးကို ထိန်းသိမ်းခြင်းဖြင့် ကမ္ဘာမြေကြီးကို ပြန်လည်စိမ်းလန်းစေရန် ဖန်တီးခြင်း အပေါ် အာရုံစိုက်လုပ်ဆောင်ပါသည်။ ထို့နေ့တွင် အွန်လိုင်း စာစီစာကုံးပြိုင်ပွဲတစ်ခုကိုလည်း ပြုလုပ်ခဲ့ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာ၏ အရေးပါမှုနှင့် ပလတ်စတစ်ညစ်ညမ်း မှုကို လျှော့ချခြင်းအကြောင်းကို ပို့ချပြသခဲ့ကြပြီး အမျိုးသား ညီညွတ်ရေးအစိုးရမှ ပံ့ပိုးသည့် အွန်လိုင်းပညာရေးကို တက်ရောက်သည့် ကျောင်းသားများမှ သစ်ပင်စိုက်ပျိုးမှု လှုပ်ရှားမှုများ ကိုလည်း ပါဝင်ခဲ့သည်။ ဖေ့စ်ဘုတ်ပို့စ်တစ်ခုတွင် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့ကို အထိမ်း အမှတ်ပြုဆင်နွှဲရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဝန်ထမ်းများသည် လွတ်မြောက်ဒေသများတွင် စုစုပေါင်း သစ်ပင် အသစ် (၂၀၀) ကို စိုက်ပျိုးခဲ့ကြောင်းလည်း ဖော်ပြထားပါသည်။51 ဤလှုပ်ရှားမှုများမှ မှတ်တမ်း တင်ထားသော ဓာတ်ပုံများအတွက် အောက်ပါ ပုံများ (၁-၈)ကို ကြည့်ပါ။
ပုံ (၁)
အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၏ ၂၀၂၁ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးရှိ လျှို့ဝှက်သစ်ပင်စိုက်ပျိုးမှုမှတ်တမ်း ဖေ့စ်ဘုတ်ပို့စ်မှ ဓာတ်ပုံ။ 52

ပုံ (၂)
၂၀၂၁ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အတွက် တော်လှန်ရေးတပ်ဖွဲ့များနှင့် ကျဆုံးသွား သော ရဲဘော်များကို ဂုဏ်ပြုရန် အများပြည်သူကို သစ်ပင်စိုက်ပျိုးရန် ဆော်ဩထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၏ ဖေ့စ်ဘုတ်ပို့စ်မှ ဓာတ်ပုံ။53

ပုံ (၃)
၂၀၂၂ တွင် မကွေးတိုင်းဒေသကြီးရှိ ပီဒီအက်ဖ်အဖွဲ့တစ်ဖွဲ့မှ သစ်ပင်စိုက်ပျိုးမှုကို ပုံဖော်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၏ ဖေ့စ်ဘုတ်ပို့စ်မှ ဓာတ်ပုံစုစည်းမှု။54

ပုံ (၄)
တော်လှန်သစ်ပင်လှုပ်ရှားမှုတွင် ပါဝင်ရန်ဆော်ဩထားသည့် ၂၀၂၃၊ အမျိုးသားညီညွတ်ရေး အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ဖေ့စ်ဘုတ်ပို့စ်မှ ဒီဇိုင်းတစ်ခု။ 55

ပုံ (၅)
၂၀၂၄ တွင် စစ်ကိုင်းတိုင်းရှိ သစ်ပင်စိုက်ပျိုးရေးလှုပ်ရှားမှုများကို ပုံဖော်သည့် အမျိုးသား ညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ဖေ့စ်ဘုတ်ပို့စ်မှ ဓာတ်ပုံ။56

ပုံ (၆)
၂၀၂၂ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အတွက် သစ်ပင်စိုက်ပျိုးရေးလှုပ်ရှားမှုများကို ပုံဖော် သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ဖေ့စ်ဘုတ်ပို့စ်မှ ဓာတ်ပုံ။57

ပုံ (၇)
၂၀၂၄ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးမှုနှင့်အတူ ကျင်းပ သော သင်ကြားပို့ချပြသမှုကို ပုံဖော်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ဖေ့စ်ဘုတ်ပို့စ်မှ ဓာတ်ပုံ။58

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၏ သတင်းအရ သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းစဥ်များကို ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၇၈) နှစ် မွေးနေ့အခမ်းအနား အထိမ်းအမှတ်အဖြစ် ၂၀၂၃ ခုနှစ်ကတည်းက ပွင့်လင်းစွာ စီစဉ်ခဲ့ကြသည်။59 ပုံ (၈) တွင် ပြထားသည့်အတိုင်း ထိုနေ့တွင် စစ်ကိုင်းခရိုင် မြင်းမူမြို့နယ်တွင် အမျိုးသားညီညွတ်ရေး အစိုးရ၏ ခရိုင်အဆင့် လုံခြုံရေးအဖွဲ့၊ မြို့နယ်နှင့် ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့များနှင့် မြို့နယ်အဆင့် သယံဇာတစီမံခန့်ခွဲမှုအဖွဲ့တို့သည် ဆရာ၊ဆရာမများနှင့် ကျောင်း သူ၊ကျောင်းသားများ အတူပေါင်းစည်းပြီး ရွာငါးရွာတစ်လျှောက်တွင် အရိပ်ကောင်းသော အပင်မျိုးစုံပေါင်း (၁,၅၀၀) ကို စိုက်ပျိုးခဲ့ပုံကို ပြသသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဖော်ပြချက်အရ အမျိုးသားညီညွတ်ရေးအစိုးရမှ အထောက်အပံ့ပေးသည့် ဤလှုပ်ရှားမှုများ သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးအတွက် အလွန်ထိရောက်ကြောင်း အလေးပေးဖော်ပြခဲ့သည်။ သစ်ပင်စိုက်ပျိုးခြင်းသည် ကလေးသူငယ်များ၊ လူငယ်များ၊ ဒေသခံ လူမှုအသိုင်းအဝိုင်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးတွင် ပါဝင်စေကြောင်း မှတ်ချက်ပြုခဲ့ပြီး တော်လှန်ရေးကာလ အတွင်း ထိုကဲ့သို့သော ကြိုးပမ်းမှုများ၏ အရေးပါမှုကို မီးမောင်းထိုးပြခဲ့သည်။ ဥတုရာသီပြောင်းလဲမှုကို လျှော့ချ ခြင်းနှင့် အနာဂတ်တွင် ၎င်းတို့၏ လူမှုအသိုင်းအဝိုင်းများအတွက် ပိုမိုကျန်းမာသော ပတ်ဝန်း ကျင်ဖန်တီးရာတွင် သစ်ပင်စိုက်ပျိုးခြင်း၏ အခန်းကဏ္ဍကို လူငယ်များနှင့် ကလေးများ နားလည်စေရန်ကူညီရာတွင် ဤလှုပ်ရှားမှုများ၏ အရေးပါမှုကို အလေးပေးဖော်ပြခဲ့သည်။
ပုံ (၈)
စစ်ကိုင်းတိုင်း၊ မြင်းမူတွင် ဒေါ်အောင်ဆန်းစုကြည်၏ (၇၈) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးရေးလှုပ်ရှားမှုများကို ပုံဖော်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ဖေ့စ်ဘုတ်ပို့စ်မှဓာတ်ပုံစုစည်းမှု။ 60

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၏ သစ်ပင်စိုက်ပျိုးရေး လှုပ်ရှားမှုများ၏ ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ်များသည် ကနဦးပိုင်းတွင် လျှို့ဝှက်စွာပြုလုပ်ရာမှ လွတ်မြောက်ဒေသများတွင် ပွင့်လင်းစွာပြုလုပ်နိုင်သည့် အခြေအနေ သို့ ရောက်ရှိလာခြင်းသည် အကြမ်းမဖက်အာဏာဖီဆန်ခြင်းလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ဝန်ထမ်းများနှင့် မြေပြင်တွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ချိတ်ဆက်ကာ စီမံအုပ်ချုပ်ရေး ဖွဲ့စည်းပုံများ ထူထောင်ခြင်းမှတစ်ဆင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၎င်း၏ တည်ရှိမှုကို မည်ကဲ့သို့ တိုးတက်စေခဲ့ ကြောင်း ထင်ဟပ်ပါသည်။ ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအား နိုင်ငံတော်အစိုးရဌာနတစ်ခုအနေဖြင့် ဆောင် ရွက်ခြင်းကို အွန်လိုင်းတွင်သာမက ဒေသခံလူမှုအသိုင်းအဝိုင်းများနှင့် ပူးပေါင်းလျက် လူကိုယ် တိုင်ပြုလုပ်နိုင်သော လှုပ်ရှားမှုများမှတစ်ဆင့်လည်း လုပ်ဆောင်နိုင်ရန် အကူအညီပေးသည်။ အထူးသတိပြုရန်မှာ နွေကံ့ကော်မှ ရေးသားထားသည့်အတိုင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သည် ၎င်း၏ ထိန်းချုပ်နယ်မြေများတွင် အထိမ်းအမှတ်အခမ်းအနားများအဖြစ် သစ်ပင်စိုက်ပျိုး မှု လှုပ်ရှားမှုများမှတစ်ဆင့် သဘာဝပတ်ဝန်းကျင်အတွက် ၎င်း၏ ဂရုစိုက် အလေးထားမှုကို ပြသနေခြင်းကို လေ့လာကြည့်သည့်အခါတွင်လည်း ဤလှုပ်ရှားမှုများသည် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီနှင့် သွယ်ဝိုက်၍ ယှဉ်ပြိုင်မှုများ ဖြစ်ပေါ်နေခြင်းကို တွေ့ရသည်။61
အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန် ကြီးဌာန၏ မြန်မာဘာသာဖြင့် ရေးသားထုတ်ဝေသည့် သတင်းလွှာများသည် သဘာဝပတ်ဝန်း ကျင်နှင့် ရာသီဥတုဆိုင်ရာ အသိပညာကို မြှင့်တင်မျှဝေရန်၊ ဝန်ကြီးဌာန၏ လှုပ်ရှားမှုများကို ပြ သရန်နှင့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သည့် ဝန်ထမ်းများအတွက် ငွေ ကြေးပံ့ပိုးမှု စုဆောင်းခြင်း၊ တရားမဝင်သစ်များ သိမ်းဆည်းခြင်း၊ ဝန်ကြီးထံမှ သတင်းစကား များ၊ ကာတွန်းများနှင့် ကဗျာများကဲ့သို့သော ခေါင်းစဉ်များကို ဖော်ပြထားပါသည်။ ၎င်းတို့တွင် သဘာဝပတ်ဝန်းကျင်နှင့် သက်ဆိုင်သော နိုင်ငံတကာနေ့ရက်များ၏ အခမ်းအနားများ၊ ရာသီဥ တုပြောင်းလဲခြင်း၏ သက်ရောက်မှုများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၏ အရေးပါမှု၊ သ ဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုကို မည်သို့တားဆီးရမည်၊ သစ်တောပြုန်းတီးမှုနှင့် ဆက် စပ်သော ပြဿနာများ၊ တောရိုင်းတိရစ္ဆာန်များနှင့် ဇီဝမျိုးစုံမျိုးကွဲများ မျိုးသုဉ်းခြင်း၊ ရေချိုသို လှောင်မှု ကျဆင်းခြင်းနှင့် ရာသီဥတုနှင့် ပတ်သက်သော ဘေးအန္တရာယ်များကို မည်သို့ကိုင် တွယ်ရမည်ဆိုသည့် အကြောင်းများကို ရေးသားထားသည့် ဆောင်းပါးများ ပါဝင်ပါသည်။
ဥပမာအားဖြင့် အဆိုပါသတင်းလွှာတစ်စောင်တွင် သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှား သူ နန်းမေသူအောင်၏ ဆောင်းပါးတစ်ပုဒ်ကို မီးမောင်းထိုးပြပြီး သူမက “မိုခါမုန်တိုင်းသည် ၂၀၂၃ မေလတွင် တိုက်ခတ်ခဲ့ပြီး ယခုချိန်အထိ မည်သည့် တုံ့ပြန်မှုမျှ မရသေးသည့် ပြည်နယ် များစွာ ရှိနေဆဲဖြစ်သည်။ ရခိုင်ပြည်နယ်သည် မုန်တိုင်းကြောင့် အဆိုးရွားဆုံး ထိခိုက်မှုရှိ ကြောင်း ပြည်သူအများ သိရှိကြသည်” ဟု ရေးသားခဲ့သည်။62 သတင်းလွှာတွင် အဆိုပါ စာရေးသူ၏ တက္ကသိုလ်စာတမ်းတစ်ခုအား မြန်မာဘာသာဖြင့် ပြန်လည်ထုတ်ဝေခဲ့ပြီး သူမ သည် လူ့အခွင့်အရေးကို ဆွေးနွေးခဲ့ရာတွင် ရေကြီးခြင်း၊ မြေပြိုခြင်း၊ မိုးခေါင်ခြင်းနှင့် မုန်တိုင်း များကို တုံ့ပြန်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြဿနာများကို ကိုင်တွယ်ဖြေ ရှင်းရန်နောက်ကျခြင်းနှင့် ပြန်လည်တည်ဆောက်ရေး စီမံခန့်ခွဲမှုများတွင် အကူအညီပေးမှုများ မရှိခြင်းသည် အရပ်ဘက်နှင့် စုပေါင်းအခွင့်အရေးများကို ချိုးဖောက်ကြောင်း အလေးပေးဖော် ပြခဲ့သည်။63 သူမက ပုံမှန်မဟုတ်သော ရာသီဥတု အခြေအနေများ ကို အလေးပေးရေးသားခဲ့ပြီး မြန်မာနိုင်ငံရှိ အဓိကမြစ်များအပေါ် ရာသီဥတုပြောင်းလဲမှု၏ ပြင်းထန် သော သက်ရောက်မှုကို ထောက်ပြခဲ့သည်။ ဤရာသီဥတုကြောင့်ဖြစ်သော ဘေးအန္တရာယ်များသည် တောင်သူများနှင့် ငါးဖမ်းသမားများအတွက် ထွန်ယက်စိုက်ပျိုးခြင်းများကို ဆိုးရွားစွာ ထိခိုက်စေပါသည်။64 အခြားဆောင်းပါးတစ်ခုတွင် သူမက “ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ရန် အသင့်အနေ အထား”65 အကြောင်း ရေးသားပြီး လက်ရှိနိုင်ငံရေးအခြေအနေအတွင်း ပြည်သူများအား မိမိ ကိုယ်ကို အားကိုးရန် အားပေးခဲ့သည်။ စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ ပြုလုပ်ခဲ့သော ချိုးဖောက်မှုအမျိုးမျိုးထဲတွင် သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားမှုများကို ပိတ်ပင်ခြင်းနှင့် နိုင်ငံတကာကယ်ဆယ်ရေးပစ္စည်းများကို အလွဲသုံးစားလုပ်ခြင်းသည် လူ့အခွင့်အရေးကို ချိုးဖောက်ကြောင်း သူမက ဆွေးနွေး ငြင်းခုံခဲ့သည်။ ထို့ကြောင့် တော်လှန်ရေးကာလအတွင်း သဘာဝဘေးအန္တရာယ်များကို တုံ့ပြန်ရန်နှင့် အသင့်ပြင်ရန် ကြိုးစားရန်နှင့် ပြောင်းလဲမှုများကို မိမိတို့ကိုယ်တိုင် အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း သူမက အကြံပြုခဲ့သည်။66
အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ သတင်းလွှာပါ ဆောင်းပါးများသည် ကမ္ဘာလုံးဆိုင်ရာ အချက်အလက်များမှ တစ်ဆင့် နိုင်ငံတကာ အထိမ်းအမှတ်နေ့ရက်များကို ဖော်ပြရာတွင် အထူးသဖြင့် မြန်မာနိုင်ငံရှိ အခြေအနေကို မည်ကဲ့သို့ ကူညီနိုင်သည်ကို မကြာခဏရည်ညွှန်းပါသည်။ ဥပမာအားဖြင့် ၂၀၂၄ ဇွန်လ (၂၉) ရက်နေ့ထုတ် သတင်းလွှာတွင် မြန်မာ့နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစု ကြည်မှ ၂၀၁၄ တွင် ထုတ်ဝေခဲ့သော ပထမဆုံး အပူပိုင်းဒေသဆိုင်ရာအစီရင်ခံစာကို ဂုဏ်ပြုရန် အတွက် ကုလသမဂ္ဂ အထွေထွေညီလာခံမှ နှစ်စဉ် ဇွန်လ (၂၉) ရက်နေ့ကို အပြည်ပြည် ဆိုင်ရာအပူပိုင်းဒေသများနေ့အဖြစ် ကြေညာခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။67 စစ်ပွဲနှင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားစဉ် သဘာဝပတ်ဝန်းကျင်အပေါ် အလွန်အကျွံထုတ်ယူသုံး စွဲမှုအား ကာကွယ်ခြင်းအထိမ်းအမှတ်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဤသို့ ရေးသားခဲ့သည်။
လူသားချင်းစာနာမှုဟုဆိုရာတွင် စစ်ပွဲအတွင်းပျက်စီးသွားသော မြို့များ၊ ပြည်သူတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ သေဆုံးသွားသော သို့မဟုတ် ဒဏ်ရာရသွားသော စစ်သားများ၊ အရပ်သားပြည်သူများကဲ့သို့ သော စစ်ပွဲအတွင်းဖြစ်ပွားခဲ့သော အသေအပျောက် များ၊ ပျက်စီးထိခိုက်မှု များကိုသာ ထည့်သွင်းသတ်မှတ်ခဲ့ကြသော်လည်း သဘာဝပတ်ဝန်းကျင် သည်လည်း စစ်ပွဲ၏ သားကောင်အဖြစ် မကြာခဏကျန်ရှိနေခဲ့သည်။ ရေတွင်းရေကန်များ ညစ်ညမ်းသွားခြင်း၊ စိုက်ပျိုးသီးနှံများ မီးရှို့ခံရခြင်း၊ သစ်တောများ ခုတ်ထွင်ခြင်း၊ မြေဆီလွှာများ အဆိပ်သင့်ခြင်းနှင့် တိရစ္ဆာန် များ သေကြေပျက်စီးခြင်းတို့သည် စစ်တပ်/စစ်ပွဲ၏ အကျိုးသက်ရောက်မှု များပင်ဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၏ သတင်းလွှာဆောင်းပါးများတွင် ပဋိပက္ခသည် ရေနှင့် စိုက်ပျိုးရေးမြေကဲ့သို့သော ရှားပါး သယံဇာတများနှင့်အတူ ရေနံနှင့် ရွှေကဲ့သို့သော တန်ဖိုးရှိသော သယံဇာတများကို ထုတ်ယူ ခြင်းနှင့် မည်သို့ ဆက်စပ်နေကြောင်း ဆက်လက်ဖော်ပြခဲ့သည်။ “ထို့ကြောင့် ကုလသမဂ္ဂ အထွေထွေညီလာခံမှ နှစ်စဉ် နိုဝင်ဘာလ (၆) ရက်နေ့ကို စစ်ပွဲနှင့် လက်နက်ကိုင်ပဋိပက္ခ များအတွင်း သဘာဝပတ်ဝန်းကျင်အပေါ် အလွန်အကျွံထုတ်ယူသုံးစွဲမှုအား ကာကွယ်ခြင်း အထိမ်းအမှတ်နေ့တွင် သတ်မှတ်ရန် ဆုံးဖြတ်ခဲ့သည်” 68 ဤနည်းလမ်းများဖြင့် အမျိုးသား ညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ကုလသမဂ္ဂနှင့် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာနှင့် ရာသီဥတုအစီအစဉ်များ နှင့် ၎င်းတို့ကိုယ်ကို ချိတ်ဆက်ထားပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ၎င်း၏ သတင်းလွှာများတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုကို မီးမောင်းထိုးပြရန် “ကဗျာ” အနုပညာကိုလည်း အသုံးပြုပါသည်။ ဥပမာအားဖြင့် ကဗျာရေးသူ အိမ်မိုးမှ ပြည်သူများအနေဖြင့် စစ်တပ်၏ ရက်စက် ကြမ်းကြုတ်မှုများကြောင့် ခံစားနေရသည့် ဝေဒနာများအကြောင်း ပုံဖော်ရာတွင် စစ်သားများ က ပြည်သူများ၏ လက်နှင့် ခြေထောက်များကို ဖြတ်တောက်ပြီးနောက် ၎င်းတို့အား “ပြေးလွှားကစားကြပါ” ဟု ပြက်ရယ်ပြုကာ ပြောဆိုခြင်း သို့မဟုတ် လျှာများကို ဖြတ်တောက် ပြီးနောက် “ပြောဆိုပြုံးရယ်ကြပါ” ဟု စေခိုင်းခြင်းကဲ့သို့သော ကြောက်မက်ဖွယ် လုပ်ရပ်များ ကို ဖော်ပြခဲ့သည်။ ၎င်းသည် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုနှင့် ထိုရက်စက်ကြမ်းကြုတ် မှုနဲ့အတူယှဉ်တွဲနေသည့် အပေါ်ယံဟန်ပြ ‘ရက်ရောမှု’ တို့ကို ပုံဖော်ပြသနေသည်။69 သတင်းလွှာတွင်ပါဝင်သည့် ကာတွန်းများသည် သဘာဝပတ်ဝန်းကျင်အပေါ် စစ်တပ်၏ ပျက်စီးစေသောလုပ်ရပ်များ၏ သက်ရောက်မှု၊ ဥတုရာသီပြောင်းလဲမှုအပေါ် ပြည်သူများမှ ထိခိုက် ခံစားရမှု (ပုံ ၉ နှင့် ၁၀ ကို ကြည့်ပါ) တို့ကို ပုံဖော်ပြီး ပြည်သူများကို သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေး လှုံ့ဆော်ရန် အားထုတ်ထားပါသည်။ အချို့ကာတွန်းများသည် စစ်တပ်ကို ပြတ်ပြတ်သားသား ဝေဖန်ကြပါသည်။ ဥပမာအားဖြင့် ပုံ (၉) တွင် စစ်တပ်သည် အာဏာသိမ်းပြီးချိန်မှစတင်၍ ၎င်းတို့က ပြည်သူများစွာကို သတ်ဖြတ်ပြီး ‘လူမျိုးသုဉ်း သတ် ဖြတ်မှု’ ကို ကျူးလွန်ရုံသာမက သယံဇာတများကို တရားမဝင် အမြတ်ထုတ်ပြီး သဘာဝ ပတ်ဝန်းကျင်ကို ဖျက်ဆီးကာ ‘သဘာဝ ပတ်ဝန်းကျင်အား မျိုးသုဉ်းစေမှု’ ဖြစ်စေကြောင်းကို သရုပ်ဖော်ထားပါသည်။
ပုံ (၉)
အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၏ သတင်းလွှာတွင် ပါဝင်ပြီး ၂၀၂၄ ဖေဖော်ဝါရီလ (၂၉) ရက်နေ့၌ ဖေ့စ်ဘုတ်တွင် မျှဝေထား သော ကာတွန်းဆရာ စဖိုင်းယား (Sapphire) ၏ ကာတွန်း။ 70

ပုံ (၁၀)
အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၏ သတင်းလွှာတွင် ပါဝင်ပြီး ၂၀၂၃ ဩဂုတ်လ (၃၁) ရက်နေ့၌ ဖေ့စ်ဘုတ်တွင် မျှဝေထားသော ကာတွန်းဆရာ စဖိုင်းယား (Sapphire) ၏ ကာတွန်း။ 71

မိမိ၏ ခွဲခြမ်းစိတ်ဖြာမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အွန်လိုင်းပို့စ်များနှင့် သတင်းစာစောင် များ၊ ဖေ့စ်ဘုတ်မှတ်ချက်များ၊ ‘နှစ်သက်မှုများ’ နှင့် လူမှုမီဒီယာအကောင့်များကို စောင့်ကြည့် မှုများ ပြုလုပ်ခဲ့ပါသည်။ ဤကိစ္စသည် ခက်ခဲသော လုပ်ငန်းစဥ်တစ်ခုဖြစ်သည်။ အမျိုးသား ညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် စောင့်ကြည့်သူ (၁၅၁,၀၀) ကျော်ရှိပြီး ၂၀၂၄ စက်တင်ဘာလ (၂၀) ရက်နေ့အထိ နှစ်သက်မှုပေါင်း (၁၃၉,၀၀၀) ကျော် ရရှိခဲ့သော်လည်း ပို့စ်များသည် ပုံမှန်အားဖြင့် အနည်းငယ်သော မှတ်ချက်များသာ ရရှိပြီး တစ်ခါတစ်ရံတွင် ထိုမှတ်ချက်များကို တွေ့မြင် ရခြင်းမှ ဖုံးကွယ်ထားပါသည်။ မှတ်ချက်များကို မြင်နိုင်သောအခါတွင်လည်း ၎င်းတို့သည် အလွန်တိုတောင်းပါသည်။ ဥပမာအားဖြင့် ၂၀၂၄ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် သစ်ပင်စိုက်ပျိုးမှုအကြောင်းမျှဝေထားသည့် ပို့စ်သည် မှတ်ချက် (၁) ခု၊ ထပ်ဆင့်မျှဝေမှု (၆) ခုနှင့် နှစ်သက်မှု (၇၈) ခုသာရရှိခဲ့သည်။72 သို့သော် ချွင်းချက်အချို့ ရှိပါသည်။ ဥပမာအားဖြင့် ၂၀၂၁ ဒီဇင်ဘာလ (၃) ရက်နေ့တွင် အမျိုးသားညီညွတ်ရေး အစိုးရ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် “မြန်မာနိုင်ငံသည် အာဏာသိမ်းပြီးနောက် ရာသီဥတုပြောင်းလဲမှု သက်ရောက်မှုများနှင့် အန္တရာယ် များစွာကို ရင်ဆိုင်နေရသည်” ဆိုသည့် ပို့စ်တစ်ခုတွင် အခိုင်အမာဖော်ပြခဲ့သည်။ ဤပို့စ်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ရှုတ်ချသော မှတ်ချက် (၆) ခု ရရှိခဲ့ပြီး ဥပမာအားဖြင့် ဖားကန့်တွင် ကျောက်စိမ်းကို တရားမဝင် အလွန်အကျွံ ထုတ်ယူခြင်းသည် စစ်တပ်အနေဖြင့် ၎င်း၏ ပြစ်မှု ပြစ်ဒဏ်များမှ ကင်းလွတ်နေရခြင်း၏ ရလဒ်ဖြစ်ကြောင်း ရည်ညွှန်းခဲ့သည်။ “စစ်အစိုးရလက် ထက် တွင် မြန်မာနိုင်ငံရှိ သယံဇာတများ ကုန်ခန်းမှု အခြေအနေ” ဆိုသည့် ခေါင်းစဉ်ဖြင့် မျှဝေခဲ့သည့် အခြား ဖေ့စ်ဘုတ်ပို့စ်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဝေဖန်သော မှတ်ချက် (၂၁) ခု ရရှိခဲ့ပြီး ဖေ့စ်ဘုတ်အသုံးပြုသူများအနေဖြင့် “တပ်မတော်နှင့် အနီးကပ်ဆက် ဆံရေးရှိပြီး အကျင့်ပျက်ခြစားသော ခရိုနီလုပ်ငန်းရှင်များသည် အမျိုးမျိုးသော အမည်များဖြင့် နိုင်ငံ့သယံဇာတများကို ဝါးမျိုပစ်ခဲ့ ကြသည်”၊ “စစ်တပ်သည် သူခိုးများဖြစ်ကြသည်” နှင့် “လေကြောင်းတိုက်ခိုက်မှုဖြင့် ဗုံးကြဲခြင်းသည် သဘာဝပတ်ဝန်းကျင်ကိုလည်း ဖျက်ဆီးသည်” ဟု ရေးသားခဲ့ကြသည်။ ၂၀၂၁ ဇွန်လ (၂၁) ရက် နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ဖေ့စ်ဘုတ်တွင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များသည် “အလောင်းတော်ကဿပ” အမျိုးသားဥယျာဉ်မှ တရားမဝင်သစ်ခိုးကူး မှုကို တားဆီးခဲ့ကြောင်း ပို့စ်တင်ခဲ့သည်။ ထိုပို့စ်ရှိ မှတ်ချက် (၃၆) ခု အားလုံးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သစ်ခိုးကူးမှုကို ဝေဖန်ခဲ့ကြသည်။ မှတ်ချက်တစ်ခုက “ထိုသစ်များအား တရုတ်နိုင်ငံသို့ ရောက်အောင် ခိုးကူးခြင်းကို တားဆီးရန် အားလုံး ပူးပေါင်း ကြစို့” ဟု ရေးသားထားသည်ကို တွေ့ရပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ အွန်လိုင်းလှုပ်ရှားမှုများသည် မည်မျှ လွှမ်းမိုးမှုရှိသည်ကို သိရှိရန် ခက်ခဲပါသည်။ သို့သော် ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များအပေါ်တွင် ဝန်ကြီးဌာန၏ ကိုယ်စားပြုမှုများအား စစ်အုပ်ချုပ်မှုနှင့် စစ်တပ်မှ ကျူးလွန်ခဲ့သော လုပ်ရပ်များအပေါ် ၎င်း၏ နက်ရှိုင်းစွာ ဝေဖန်ခဲ့သော ဝေဖန်ချက်များနှင့် ခွဲခြား၍မရပါ။ ဤရာသီဥတုပြောင်းလဲမှုဆိုင်ရာ တော်လှန်နိုင်ငံရေးသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင်ကို ဂရုစိုက်သည့် အခြားရွေးချယ် စရာဖြစ်သည့် နိုင်ငံ့ဝန်ကြီးဌာနအဖြစ် ၎င်းတို့ကိုယ်ကို မည်သို့သတ်မှတ်သည်ဆိုသည်မှာ အဓိကအချက် ဖြစ်ပါသည်။ အမျိုးသား ညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် သစ်တောလုပ်ငန်း၊ သစ်ခုတ်ခြင်း၊ သစ်ပင်စိုက်ပျိုးခြင်းနှင့် အခြားသက်ရောက်မှုများကို မြေပြင်တွင် လုပ်ဆောင်ခြင်းဖြင့် ကိုယ်စားပြုမှုထက် ကျော်လွန် ရန် မည်ကဲ့သို့ ကြိုးစားခဲ့သည်ကို မိမိအနေဖြင့် ဆက်လက်ရေးသားပါမည်။
သစ်တောပြုန်းတီးခြင်းနှင့် တရားမဝင် သစ်ခုတ်ခြင်းကို ဆန့်ကျင်သည့် လုပ်ဆောင်မှုများ
အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သည် ၎င်း၏ အုပ်ချုပ်ရေး တည်တံ့သည့် လွတ်မြောက်ဒေသများတွင် ၎င်း၏ ကြားကာလ သယံဇာတ စီမံခန့်ခွဲမှုမူဘောင်ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းမှုများ ပြုလုပ်ခဲ့ပြီး အထူးသဖြင့် စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းဒေသကြီးများတွင် ပိုမိုနည်းပါးသည့် အတိုင်း အတာပမာဏဖြင့် အကောင် အထည်ဖော်ခဲ့သည်။73 အကောင်အထည်ဖော်မှုသည် “မြို့နယ် သယံဇာတအုပ်ချုပ်မှုအဖွဲ့ (TAB-NR)” မှတစ်ဆင့် ပြုလုပ်ခြင်းဖြစ်ပြီး ၎င်းတို့ကို စစ်ကိုင်းတိုင်း ဒေသကြီး၏ လွတ်မြောက်ဒေသများရှိ အမျိုးသားညီညွတ်ရေးအစိုးရ၏ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (TAB) အောက်တွင် ပထမဆုံး တည်ထောင်ခဲ့သည်။ အမျိုးသားညီညွတ်ရေး အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနသည် လက်ရှိကာလ နှင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ စနစ်အတွက် သယံဇာတ များကို ထိရောက်စွာ စီမံ ခန့်ခွဲရန် မြို့နယ်သယံဇာတအုပ်ချုပ်မှုအဖွဲ့များကို နည်းပညာဆိုင်ရာ ပံ့ပိုးမှု များ ပေးပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ၏ နည်းပညာဝန်ထမ်းများနှင့် အင်တာဗျူးများပြုလုပ်ခဲ့ခြင်းအရ ထိုလှုပ်ရှားမှုများသည် သစ်တောပြုန်းတီးမှုနှင့် တရားမဝင်သစ် ထုတ်ယူမှုလှုပ်ရှားမှုများကို စောင့်ကြည့်ရန် ကြိုးပမ်း မှုများကို လွှမ်းခြုံထားပါသည်။ သစ်တောထိန်းသိမ်းရေးအတွက် အချို့ မြို့နယ်သယံဇာတ အုပ်ချုပ်မှုအဖွဲ့များသည် ရေလွှမ်းမိုးမှုကို တားဆီးရန် မြစ်ကမ်းပါးဒေသများတွင် စိုက်ပျိုးရန် အတွက် ပျိုးပင်များကို တောင်းဆိုခဲ့ကြသည်။ ထို့အပြင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လာ ရသူများသည် လက်ရှိကာလတွင် ချက်ပြုတ်ရန်အတွက် သစ်တောများရှိ သစ်သားကိုခုတ်ထွင် အသုံးပြုနေကြသောကြောင့် မီးစာထင်းအပေါ် အားကိုးမှုကို လျှော့ချရန် လျှပ်စစ်မီးဖိုများ အသုံးပြုမှုကိုလည်း အမျိုးသားညီညွတ်ရေး အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မြှင့်တင်လျက်ရှိသည်။74
၂၀၂၂ အောက်တိုဘာလတွင် ထုတ်ဝေခဲ့သော အစီရင်ခံစာတစ်စောင်တွင် အမျိုးသား ညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် သစ်တောပြုန်းတီးမှုနှင့် ပတ်သက်၍ မြေပြင်ရှိ အချက်အလက်များအား စုဆောင်းရန် မြို့နယ်သယံဇာတအုပ်ချုပ်မှုအဖွဲ့ (TAB-NRs) များနှင့် ပူးပေါင်းပြီး စစ်ကိုင်းတိုင်းဒေသကြီးရှိ အကြမ်းမဖက်အာဏာဖီဆန်ခြင်း လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ဝန်ထမ်း (၁၇) ဦးအတွက် စွမ်းရည်မြှင့်တင်ရေးကို မည်ကဲ့သို့ အထောက်အပံ့ပေးခဲ့သည်ကို အသေးစိတ် ဖော်ပြထားပါ သည်။75 ဤစမ်းသပ် စီမံကိန်းသည် နိုင်ငံတကာမှ ရန်ပုံငွေ ထောက်ပံ့မှု ရရှိခဲ့ပြီး Global Forest Watch ၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်ခဲ့ပြီး ၎င်းက သစ်တောပြုန်းတီးမှု သတိပေးချက် များအတွက် ၎င်း၏ ပလက်ဖောင်းကို အသုံးပြုနိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ထမ်းများကို လေ့ကျင့် သင်ကြားပေးခဲ့သည်။ ဤပလက်ဖောင်းသည် မေရီလန်းတက္ကသိုလ်၊ နာဆာ၏ Landsat ဂြိုဟ်တုများ၊ ဥရောပ အာကာသအေဂျင်စီနှင့် ဝက်ဂ်နင်ဂန် (Wageningen) တက္ကသိုလ်တို့မှ အချက်အလက်များကို ပေါင်းစပ်ထားပါသည်။ စီမံကိန်းသည် ၂၀၂၁ ဖေဖော်ဝါရီ (၁) ရက်မှ ၂၀၂၂ အောက်တိုဘာ (၁၃) ရက် အထိ သစ်တောပြုန်းတီးမှု သတိပေးချက် (၂၂,၆၀၇) ခုကို မှတ်တမ်းတင်ခဲ့ပြီး အထူးသဖြင့် ကလေးမြို့၊ ခန္တီးမြို့နှင့် မော်လိုက်မြို့တို့ အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီး၏ ဗဟိုဒေသများတွင် အာဏာသိမ်းပြီးချိန်မှစတင်၍ သစ်တောပြုန်း တီးမှုများ ချဲ့ထွင်လာကြောင်း အတည်ပြုခဲ့သည်။ အစီရင်ခံစာသည် အနီးစပ်ဆုံးကို ခန့်မှန်းနိုင် သည့် အချိန်နှင့် တပြေးညီ သစ်တောပြုန်းတီးမှု သတိပေးချက်များကို အသုံးပြုခြင်းသည် သစ်တောပြုန်းတီးမှု၏ တိုက်ရိုက်နှင့် သွယ်ဝိုက်သော အကြောင်းရင်းများကို ပိုမိုကောင်းမွန်စွာ အကဲဖြတ်ရန်နှင့် သစ်တောများထိန်းသိမ်းရေးအတွက် သတင်းအချက်အလက် အခြေပြု ဆုံးဖြတ်ချက်များ ချမှတ်ပြီး လုပ်ဆောင်နိုင်ရန် မြို့နယ်သယံဇာတအုပ်ချုပ်မှုအဖွဲ့များကို မည်ကဲ့သို့ အကူအညီပေးနိုင်ပုံကို မီးမောင်းထိုးပြထားသည်။ ၎င်းသည် သယံဇာတများကို ရေရှည်တည်တံ့စွာ စီမံခန့်ခွဲရန်အတွက် ဒေသခံ အသိုင်းအဝိုင်းများ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရန်လည်း အားပေးပါသည်။
တရားမဝင် သစ်ခုတ်ခြင်းနှင့်ပတ်သက်၍ မြို့နယ်သယံဇာတအုပ်ချုပ်မှုအဖွဲ့များသည် အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၏ ကြားကာလလုပ်ထုံးလုပ်နည်းများနှင့် ညွှန်ကြားချက်များကို အခြေခံပြီး လုပ်ဆောင်နိုင်ရန် အတွက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပါသည်။76 ဥပမာအား ဖြင့် သစ်မှောင်ခိုကုန်သည်များသည် အမျိုးသားညီညွတ်ရေးအစိုးရမှ စီမံခန့်ခွဲသော ဒေသများ တွင် ကျွန်းသစ် သို့မဟုတ် အခြားသစ်တောထွက်ပစ္စည်းများကို ခိုးယူပါက မြို့နယ်သယံဇာတ အုပ်ချုပ်မှုအဖွဲ့များသည် ထိုကိစ္စကို ဖြေရှင်းရန် ကြားကာလ လုပ်ထုံးလုပ်နည်းများကို အသုံးပြု ပါသည်။ ဤသို့ဖြေရှင်းရာတွင် စက်ဘီးအသုံးပြု၍ သစ်ခိုးထုတ်သယ်ဆောင်ခြင်းကဲ့သို့သော သေးငယ်သော ပြစ်မှုများအတွက် အခွန်ကောက်ခံခြင်းနှင့် ဒဏ်ကြေးချမှတ်ခြင်း ပါဝင်ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များမှ တရားမဝင် သစ်ခိုးထုတ်သယ်ဆောင်သည့် ကြီးမားသောပြစ်မှုများ အတွက်မူ ဖမ်းဆီးရမိသောသစ်ကို မြို့နယ်သယံဇာတအုပ်ချုပ်မှုအဖွဲ့မှ သိမ်းဆည်းပြီး စစ်တပ် ၏ မီးရှို့ဖျက်ဆီးခြင်းကို ကြုံတွေ့ခဲ့ရသည့် နေအိမ်များကို ပြန်လည်တည်ဆောက်ရန်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် အသုံးပြုပါသည်။ တရားမဝင် သစ်ခုတ်ခြင်း ကို ဖမ်းဆီးရရှိရာမှ ရရှိသည့် ရန်ပုံငွေအချို့အား စစ်ကိုင်း တိုင်းဒေသကြီးတွင် ရာသီဥတု ပြောင်းလဲမှု၊ အခြေခံဥပဒေဖွဲ့စည်းပုံ ပြောင်းလဲမှုနှင့် တရားမဝင် လှုပ်ရှားမှုများကို စောင့်ကြည့် ခြင်းများအတွက် လေ့ကျင့်မှု ကုန်ကျစရိတ်များကို ရန်ပုံငွေပေးရန် အတွက်လည်း အသုံးပြုပါ သည်။ ဤအချက်အလက်ကို မိမိပြုလုပ်ခဲ့သည့် အင်တာဗျူးများနှင့် အမျိုးသားညီညွတ် ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ သတင်းလွှာများ မှ အတည်ပြုခဲ့သည်။ သစ်အတွက် အခွန်ကောက်ခံခြင်းနှင့် သိမ်းဆည်းခြင်းကို အာဏာ သိမ်းပြီးနောက်ပိုင်းတွင် ပေါ်ပေါက်လာသည့် လုံခြုံရေးနှင့် တော်လှန်ရေးအဖွဲ့များ၏ အကူ အညီဖြင့် ပြုလုပ်ကြောင်း သိရှိရပါသည်။ ၎င်းတို့မှာ ရွာအဆင့် ဒေသခံလုံခြုံရေးအဖွဲ့များ (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ “ပကခ”)77၊ ဒေသခံရဲတပ်ဖွဲ့များ (ပလဖ)၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ ဖြစ်ကြပါသည်။ ဤအဖွဲ့များသည် ကုန်သွယ်မှုကို ထိန်းချုပ်ရန်၊ အခွန်ကောက်ခံရန်နှင့် စစ်တပ်၏ ထောက်ပံ့ရေးကို ဖြတ်တောက်ရန်အတွက် လည်း အညာဒေသရှိ78 လမ်းများတွင် စစ်ဆေးရေးစခန်းများစွာ တည်ဆောက်ခဲ့ကြသည်။ သို့သော် ဤလုပ်ဆောင်မှုသည် သစ်နှင့် ပတ်သက်၍ မည်သို့ ပြုလုပ်သည်၊ ဤအဖွဲ့များမှ သစ်ကို မည်မျှ အခွန်ကောက်ခံပြီး မည်ကဲ့သို့သိမ်းဆည်းသည်ကိုမူ သိရှိရခြင်းမရှိပါ။79
အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနရှိ ဝန်ထမ်းတစ်ဦး၏ ပြောဆိုမှုအရ မြေပြင်တွင် တည်ငြိမ်မှုမရှိခြင်းနှင့် လုံခြုံမှု မရှိသည့် အခြေအနေကြောင့် လှုပ်ရှားမှုများနှင့် လုပ်ထုံးလုပ်နည်းများကို အကောင်အထည် ဖော်ရန် ခက်ခဲပြီး စိန်ခေါ်မှုများစွာ ရှိကြောင်း ဖော်ပြခဲ့သည်။80 ၎င်းဝန်ထမ်းမှ အမျိုးသား ညီညွတ်ရေးအစိုးရမှ စီမံအုပ်ချုပ်နိုင်သည့် လွတ်မြောက်ဒေသများတွင် “မိမိတို့သည် မိမိတို့၏ တာဝန်များကို အကောင်အထည်ဖော်ရန် အရင်းအမြစ်နှင့် လူပုဂ္ဂိုလ်များ အကန့်အသတ်ရှိ သောကြောင့် ဝန်ပိနေသည့် အလုပ်များစွာ ရှိပါသည်” ဟု ပြောကြားခဲ့သည်။ ထို့အပြင် ဒေသခံအုပ်ချုပ်ရေး အဖွဲ့များသည် မကြာခဏ ရွှေ့ပြောင်း သွားလာနေကြရပြီး စစ်အစိုးရကို ဆန့်ကျင်သည့် ၎င်းတို့၏ တိုက်ပွဲဖော်ဆောင်ခြင်းများအပေါ် ပိုမို အာရုံစိုက်နေကြသောကြောင့် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ရာတွင်လည်း အခက်အခဲများရှိပါသည်။ အမျိုးသားညီညွတ်ရေး အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတွင် စံသတ်မှတ်ထား သည့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ရှိသော်လည်း သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုကို စောင့်ကြည့်ရန်နှင့် မြေပြင်သို့ ဝင်ရောက်ကြည့်ရှုရန် အခက်အခဲများ ရှိကြောင်းကို အင်တာဗျူးဖြေဆိုသူမှ ပြောကြားခဲ့ပြီး ၎င်းတို့အနေဖြင့် တတ်နိုင်သမျှ ဒေသခံအသိုင်း အဝိုင်းများနှင့် မြေပြင်ရှိ အကြမ်းမဖက်အာဏာဖီဆန်ခြင်းလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ဝန်ထမ်း များနှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးစားကြောင်း ဖော်ပြခဲ့သည်။ အမျိုးသားညီညွတ်ရေး အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ လေ့ကျင့်မှုများနှင့် ဆက်သွယ်ရေးအများစုသည် အွန်လိုင်းပလက်ဖောင်းများပေါ် မှီခိုနေရသည့်အတွက် စစ်တပ် ၏ မကြာခဏ အင်တာနက် ဖြတ်တောက်ခြင်းများကလည်း စိန်ခေါ်မှုများကို ဖြစ်ပေါ်စေပါ သည်။ အခြားသော အဓိကစိန်ခေါ်မှု တစ်ရပ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၎င်းတို့၏ စီမံကိန်းများအတွက် နိုင်ငံ တကာမှပေးသည့် တရားဝင်ရန်ပုံငွေ ချို့တဲ့နေခြင်း ဖြစ်သည်။ ၎င်းတို့ကို အစိုးရတစ်ခုအဖြစ် တရားဝင် အသိအမှတ်ပြုခြင်း မခံရသေးသည့် ကာလ ပတ်လုံး နိုင်ငံတကာ အကူအညီကို ရယူရန် ခက်ခဲပါသည်။ အဘယ်ကြောင့်ဆိုသော် ဥတုရာသီ ဆိုင်ရာလုပ်ငန်းများတွက် ပေးအပ် သည့် ရန်ပုံငွေအများစုသည် နိုင်ငံနှစ်နိုင်ငံအကြား ချေးငွေများမှ တစ်ဆင့် စီးဆင်းသောကြောင့် ဖြစ်သည်။81
ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန၏ မူဝါဒများသည် နိုင်ငံတစ်ဝန်းလုံးကို လွှမ်းခြုံထားခြင်း ဖြစ်သော်လည်း ၎င်း၏ လုပ်ဆောင်မှုများသည် အညာဒေသရှိ အမျိုးသားညီညွတ်ရေးအစိုးရမှ ထိန်းချုပ်စီမံ နိုင်သည့် လွတ်မြောက်ဒေသများတွင်သာ ကန့်သတ်လုပ်ဆောင်နိုင်ပါသည်။ အခြားဒေသများ အထူးသဖြင့် တိုင်းရင်းသား လူနည်းစု အသိုင်းအဝိုင်းများ ပိုမိုများပြားစွာ နေထိုင်သည့် နေရာဒေသများတွင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၏ မူဝါဒများနှင့် စည်းမျဉ်း စည်းကမ်းများကို နည်းလမ်း အသွယ်သွယ်ဖြင့် အသုံးချပါသည်။82 ဤအရာသည် မြန်မာနိုင်ငံ တွင် အာဏာတည်တံ့မှုများ များစွာ တည်ရှိ ပေါင်းစုံမှုကို ထင်ဟပ်ပြီး အမျိုးသား ညီညွတ်ရေးအစိုးရသည် နိုင်ငံတော်တစ်ရပ်အနေဖြင့် စီမံခန့်ခွဲလုပ်ဆောင်နေခြင်းနှင့် ၎င်းသည် သယံဇာတ စီမံခန့်ခွဲမှုတွင် ပါဝင်နေသည့် အဖွဲ့များစွာထဲမှ တစ်ခုသာဖြစ်သည်။ သို့သော် အမျိုးသားညီညွတ်ရေးအစိုးရနှင့် အခြားကဏ္ဍများအကြား အကန့်အသတ်ဖြင့်ဖြစ်ပေါ်နေ သော ပူးပေါင်းဆောင်ရွက်မှု ပုံစံများလည်း ရှိနေပြီး ဤအကြောင်းအရာနှင့် ပတ်သက်၍ မိမိအနေဖြင့် ဆက်လက်ဖော်ပြပါမည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ဌာနေတိုင်းရင်းသား အသိုင်းအဝိုင်းများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
မိမိအနေဖြင့် အင်တာဗျူးပြုလုပ်ခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများက ဝန်ကြီးဌာနသည် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၏ သယံဇာတစီမံခန့်ခွဲမှု သို့မဟုတ် ရာသီဥတုနှင့် သဘာဝပတ် ဝန်းကျင်ဆိုင်ရာ လုပ်ငန်းစဉ်များတွင် ဝင်ရောက်စွက်ဖက်ခြင်း မရှိသော်လည်း ၎င်းတို့နှင့် ပူးပေါင်းညှိနှိုင်းရန် ကြိုးစားကြောင်း ပြောကြားခဲ့ကြသည်။83 ဝန်ထမ်းတစ်ဦးမှ “ကျွန်တော်တို့ မူဝါဒက တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေကို ဝင်ရောက်စွက်ဖက်ခြင်း မရှိဖို့ ဖြစ်တယ်၊ ဒါပေမယ့် သူတို့ လိုအပ်လာရင် ကျွန်တော်တို့က သူတို့က ကူညီပံ့ပိုးပေးချင်ပါတယ်၊ သူတို့နဲ့ ကျွန်တော်တို့ ပူးပေါင်း ဆောင်ရွက်ဖို့လိုအပ်ပါတယ်”ဟု ဖြေဆိုခဲ့သည်။84 ထိုဝန်ထမ်း မှပင် လက်ရှိတွင် မြေပြင်တွင် ပူးပေါင်း လုပ်ဆောင်မှုများ မရှိသေးသော်လည်း ရာသီဥတု၊ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတများနှင့် ပတ်သက်၍ အသိပညာ၊ အတွေ့အကြုံများနှင့် မူဝါဒများ ဖလှယ်ခြင်းကို အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း ဆက်လက်ပြောကြားခဲ့ သည်။ ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ အဆိုအရ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနထံ၌ ခိုင်မာသော သဘာဝပတ်ဝန်းကျင်ဆိုင် ရာ မူဝါဒများရှိပြီး ရာသီဥတုပြောင်းလဲမှုအပေါ် တုံ့ပြန် လုပ်ဆောင်မှုများရှိသည်ဟု ဂုဏ် သတင်းကျော်စောသည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း ဖြစ်သော ကရင်အမျိုးသား ညီညွတ်ရေးအဖွဲ့(KNU)သို့ ဆက်သွယ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။85
ဥပမာအားဖြင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် KNU မှ အရာရှိတစ်ဦးသည် မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲမှုအကြောင်း ဆွေးနွေးရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံ ဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးနှင့် တွေ့ဆုံခဲ့သည်။86 ထို နှစ်အစောပိုင်းတွင်ပင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အတွက် Facebook တိုက်ရိုက် ထုတ်လွှင့် ဆွေးနွေးပွဲတွင် တင်ပြရန် ဝန်ကြီးဌာနသည် ကရင်အမျိုးသားညီညွတ်ရေးအဖွဲ့ (KNU) ၏ သစ်တောဦးစီးဌာနမှ ဖဒိုမန်းဘထွန်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနဝန်ကြီးနှင့်အတူ ဆွေးနွေးပြော ကြားရန် ဖိတ်ကြားခဲ့သည်။ ဖဒိုမန်းဘထွန်းမှ သစ်တောများကို ဤတော်လှန်ရေးကာလ အတွင်းသာမက တော်လှန်ရေးပြီးကာလတွင်လည်း ထိန်းသိမ်းခြင်း၏ အရေးပါမှုနှင့် ကရင် ရိုးရာတိုင်းရင်းသားများ၏ သဘာဝပတ်ဝန်းကျင်နှင့် သစ်တောများကို ထိန်းသိမ်းခြင်း အမူ အကျင့်များ၏ အရေးပါမှုအကြောင်းကို ပြောကြားခဲ့သည်။
၎င်းမှ “ကျွန်တော်တို့က တော်လှန်ရေးလုပ်တဲ့အခါ သစ်ရိပ်ဝါးရိပ်ကောင်းတဲ့ တော တောင်နဲ့ သဘာဝပတ်ဝန်းကျင်ကောင်းတွေပေါ် မှီခိုရမယ်” ဟု ပြောကြားပြီး ကောင်းမွန်တည် တံ့သည့် သစ်တောများရှိသောကြောင့် ကရင်အမျိုးသားညီညွတ်ရေးအဖွဲ့ (KNU)အနေဖြင့် နှစ် ပေါင်းများစွာ ရှင်သန်နိုင်ပြီး ခိုင်မာစွာ ရပ်တည်နိုင်ခဲ့သည်ဟု ဖြည့်စွက်ပြောကြားခဲ့ပြီး “သို့သော် အခုအာဏာသိမ်းပြီးနောက်ပိုင်း ကျွန်တော်တို့က အရင်အခြေအနေနဲ့ ဆန့်ကျင်ဘက် သစ်တော အခြေအနေကို မြင်နိုင်တယ်”ဟု မှတ်ချက်ပြုခဲ့သည်။ ၎င်းမှ အောက်ပါအတိုင်း ထပ်မံ မှတ်ချက်ပြုခဲ့သည်။
ကျွန်ုပ်တို့ (ကရင်လူမျိုးများ) နဲ့ သစ်တောစီမံခန့်ခွဲရေးဌာန အနာဂတ် မျိုးဆက်တွေအတွက် သစ်တောကို ထိန်းသိမ်းရမယ်။ တိုင်းရင်းသား ကရင် လူမျိုးတွေဟာ သစ်တောနှင့်အတူ ဘယ်လိုနေထိုင်ရမယ်၊ ဘယ်လိုထိန်းသိမ်း ရမယ်နဲ့ သစ်တောကို ဘယ်လိုကာကွယ်ရမယ်၊ သစ်တောထွက်ပစ္စည်းတွေ ကို ဘယ်လိုအသုံးပြုရမယ်၊ တောရိုင်းတိရစ္ဆာန်တွေကို မထိခိုက်စေဖို့ ဘယ် လိုမျိုး ရှောင်ကြဉ်ရမယ် စတာတွေကို နှစ်ထောင်ပေါင်းများကတည်းက နား လည် ထားကြပြီးဖြစ်တယ်။ ကရင်အမျိုးသားညီညွတ်ရေးအဖွဲ့ သစ်တော ဦးစီးဌာနကို တည်ထောင်ခြင်းဟာ ငွေကြေးရရှိရန်သာ မဟုတ်ဘူး။ သစ်တောကို ထိန်းသိမ်းဖို့လည်းပါတယ်။ သစ်တောထိန်းသိမ်းရေးဟာ တော်လှန်ရေးကာလမှာ အလွန် အရေးကြီးပါတယ်။
ဤဗီဒီယိုတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန ဝန်ကြီးအနေဖြင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် သစ်ပင်စိုက်ပျိုး ခြင်း၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်း အသိပညာမြှင့်တင်ခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပညာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သော ကျောင်းတစ်ကျောင်း တွင် စာစီစာကုံး ပြိုင်ပွဲများကျင်းပခြင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သယံဇာတစီမံခန့်ခွဲရေးကော်မတီ ဖွဲ့စည်း ခြင်းကဲ့သို့သော ဝန်ကြီးဌာန၏ လှုပ်ရှားမှုများကိုလည်း ဆွေးနွေးတင်ပြခဲ့သည်။ ၎င်းမှ အောက်ပါအတိုင်းပြောကြားခဲ့သည်။
ကျွန်တော်တို့ဟာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအပေါ် တိုင်းရင်းသား လူမျိုးတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်။ အစိုးရတစ်ရပ်အနေ နဲ့ ကျွန်တော်တို့ဟာ သူတို့ကို ပြောရေးဆိုခွင့်ပေးရမှာဖြစ်ပြီး ကျွန်တော်တို့ အနေနဲ့ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် မူဝါဒတွေ ချမှတ်တဲ့အခါ သစ် တောအပေါ် ဌာနေတိုင်းရင်းသားတွေရဲ့ ဘိုးဘွားတွေ ကျင့်သုံးခဲ့တဲ့ တိုင်းရင်း သားလူမျိုးတွေရဲ့ ရိုးရာဓလေ့တွေကို ထည့်သွင်းစဉ်းစားရမယ်။87
ဗီဒီယိုတွင် ပြောထားသည့်အတိုင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ကရင်အမျိုးသားညီညွတ်ရေးအဖွဲ့၏ သစ်တော နှင့် ပတ်သက်သည့် လုပ်ဆောင်မှုများနှင့် ဥပဒေများ၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာ အလေ့အကျင့်များအကြောင်း လေ့လာရန် ပွင့်လင်းစွာရှိနေကြောင်း တွေ့မြင်နိုင်သည်။ ဤ အရာသည် NLD အစိုးရ သက်တမ်းအပါအဝင် ၂၀၂၁ အာဏာသိမ်းမှုမတိုင်မီက အုပ်ချုပ်ခဲ့သည့် အခြားအစိုးရများနှင့် ဆန့်ကျင်ဘက် အခြေအနေဖြစ်သည်။88
တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ထိတွေ့လုပ်ဆောင်မှုနှင့် ပတ်သက်သည့် နောက်ထပ် ဥပမာတစ်ခုကို ၂၀၂၂ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် ကျင်းပသော Facebook တိုက်ရိုက် ဆွေးနွေးပွဲတွင် မြင်တွေ့နိုင်ပြီး ထိုဆွေးနွေးပွဲတွင် ယခင်က အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဖြစ်ခဲ့သူ ကယန်းတိုင်းရင်းသား ခွန်ဘီဒူးသည် ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီမှ ကိုယ်စားလှယ် တစ်ဦးနှင့်အတူ ပေါ်ထွက်လာခဲ့သည်။89 ဆွေးနွေးပွဲခေါင်းစဉ်မှာ “ကြားကာလများနှင့် နွေဦး တော်လှန်ရေး ကျော်လွန် ပြီးနောက်တွင် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းခြင်း” ဖြစ်ပါသည်။ ၎င်းတို့သည် တိုင်းရင်းသားပြည်နယ် ဒေသများတွင် ဇီဝမျိုးစုံမျိုးကွဲလျော့ကျလာခြင်းနှင့် တော်လှန်ရေးကာလအတွင်း ရှားပါးသော တိရစ္ဆာန်များကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ရန် မည်သို့ ဆောင်ရွက်ရမည်ကို ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့က ဒေသခံငှက်များအား Facebook စာမျက်နှာနှင့် ဒေသခံဈေးများတွင် ရောင်းချနေကြ ခြင်းများရှိကြောင်း ပြောကြားခဲ့သည်။ ဤအရာသည် ပြည်သူများအနေဖြင့် ဇီဝမျိုးစုံမျိုးကွဲများအား ထိန်းသိမ်းခြင်းအတွက် အသိ ပညာ ချို့တဲ့နေကြောင်း ပြသသည်။ ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟ စနစ်များကို ထိန်းသိမ်းခြင်း၏ အရေးပါမှုနှင့် ပတ်သက်၍ ဒေသခံ ပြည်သူများ၏ အသိပညာကို မြှင့်တင်ရန် ဖြစ်သည်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ခွန်ဘီဒူးသည် ကရင်နီပြည်နယ် ကြားကာလအမှုဆောင်ကောင်စီ (IEC) တွင် ဥက္ကဋ္ဌရာထူးနှင့် တာဝန်ထမ်းဆောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မှ ထွက်ခွာခဲ့သည်။ Frontier မဂ္ဂဇင်းတွင်ပါဝင်သည့် ဆောင်းပါးတစ်ပုဒ်တွင် ၎င်းမှ ကရင်နီ ပြည်နယ်ကြားကာလအမှုဆောင်ကောင်စီသည် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မကြာခဏ ပူးပေါင်းညှိနှိုင်းသော်လည်း အာဏာမျှဝေခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတိကျမှု ရှိသည့် သဘောတူညီချက်ကို ဖန်တီးနိုင်ခြင်း မရှိသေးကြောင်းနှင့် ယခုအချိန်တွင် အမျိုးသား ညီညွတ်ရေးအစိုးရသည် ကရင်နီပြည်နယ်တွင် ၎င်းတို့၏ အုပ်ချုပ်ရေးကို တင်းကျပ်စီမံခြင်းမျိုး မပြုလုပ်သင့်ကြောင်းကို အလေးပေးပြောကြားခဲ့သည်။ ဥပမာ အမျိုးသားညီညွတ်ရေးအစိုးရ သည် ၎င်းတို့၏ ဘတ်ဂျက်ကို ကရင်နီပြည်နယ်ကြားကာလအမှုဆောင်ကောင်စီနှင့် မျှဝေပြီး ကရင်နီပြည်နယ် ကြားကာလ အမှုဆောင်ကောင်စီက စီမံကိန်းများ ကို ထိရောက်စွာ အကောင်အထည်ဖော်ကြောင်း ၎င်းမှ မှတ်ချက်ပြုခဲ့သည်။ “ကျွန်တော်တို့မှာ အခုထိ ကောင်း မွန်တဲ့ ယန္တရားရှိပါတယ်” ဟု ၎င်းမှ ပြောကြားပြီး “ဒါဟာ ဗမာပြည်မှာ ဖက်ဒရယ်ပြည်ထောင် စုဖြစ်ပေါ်လာခြင်းအတွက် အစဖြစ်ပါတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။ ထပ်မံ၍ဆွေးနွေး ရလျှင် ဤအရာသည် တိုင်းရင်းသားဒေသတစ်ခုစီအနေဖြင့် မိမိတို့၏ ကိစ္စရပ်များကို မည်သို့ စီမံခန့်ခွဲသည်ကို ထင်ဟပ်သော်လည်း ကရင်နီဒေသတွင်မူ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှု အတိုင်းအတာအချို့ ရှိသည်ကို တွေ့မြင်ရသည်။
ယေဘုယျအားဖြင့် အမျိုးသားညီညွတ်ရေးအစိုးရသည် ကရင်နီပြည်နယ်၊ ချင်းပြည်နယ် နှင့် ကရင်တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ကောင်းမွန်သော ဆက်ဆံရေးများရှိကြောင်း တွေ့မြင်နိုင်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ မူလတွင်တာဝန်ယူခဲ့သည့် ဒုတိယဝန်ကြီး နှစ်ဦးစလုံးသည် ကရင်နီပြည်နယ်မှ ဖြစ်ကြောင်း သိသာထင်ရှားပါသည်။90 ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့်လည်း ဆက်သွယ်မှုအချို့ တည်ထောင်ခဲ့ကြသည်။ Independent People’s News သတင်းဌာန၏ ၂၀၂၄ ဧပြီလ (၁) ရက်နေ့တွင် မျှဝေခဲ့သည့် Facebook ပို့စ်အရ ဗန်းမောက် မြို့နယ်မှ သစ်သားတန်ချိန် (၈၁၈) တန် ထုတ်ယူရန် အမျိုးသားညီညွတ်ရေးအစိုးရနှင့် KIO တို့ အကြား သဘောတူညီချက် ရရှိထားကြောင်း ဖော်ပြထားပါသည်။ ဤသဘောတူညီချက်သည် စီးပွားရေးအရ သစ်ခုတ်ခြင်းကို တားမြစ်ထားသည့် ကြားကာလ မူဘောင်နှင့် ညီညွတ်ခြင်း ရှိ၊ မရှိ မရှင်းလင်းပါ။ အဆိုပါပို့စ်ကို ကြည့်ရှုချိန်တွင် Facebook ပို့စ်တွင် ဝေဖန်သည့် မှတ်ချက် တစ်ခု ရှိနေပြီး ဒေသခံပြည်သူအများစုက ၎င်းတို့၏ အသိုင်းအဝိုင်းမှ သစ်ထုတ်ယူခြင်းကို လက်ခံခြင်းမရှိကြောင်း ထင်ဟပ်နေပါသည်။ “၎င်းတို့သည် ဒေသခံအများစု၏ သဘောတူညီမှု မရှိခြင်းကို လျစ်လျူရှုကြသည်။ သစ်အားလုံးကို တရုတ်နိုင်ငံသို့ ရောင်းလိမ့်မည်”ဟု မှတ်ချက် ပေးထားသည်။ ဤကိစ္စသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း များနှင့် မည်သို့ပူးပေါင်းဆောင်ရွက်သည်ကို ကိုယ်စားပြုသည် သို့မဟုတ် အမျိုးသားညီညွတ် ရေးအစိုးရသည် သစ်ရောင်းချမှုမှ ရရှိသော ဝင်ငွေကို လူသားချင်းစာနာထောက်ထားမှု အကူ အညီနှင့် တော်လှန်ရေးကဏ္ဍသို့ ပိုမိုကျယ်ပြန့်စွာ ခွဲဝေပေးမည်ဆိုသည့်အချက်စသဖြင့် လူထု ကို ဗဟိုပြုသော သယံဇာတစီမံခန့်ခွဲမှု၏ ကတိကဝတ်ကို လိုက်နာခြင်း ရှိ၊ မရှိကို လေ့လာ စောင့်ကြည့်ရမည်ဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် အချို့သော အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် တိုင်းရင်းသား အရပ်ဘက်အဖွဲ့အစည်းများနှင့်လည်း ထိတွေ့ဆက်ဆံခဲ့သည်။91 ဤအဖွဲ့အစည်းများတွင် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ လုပ်ဆောင် သည့် အဓိကကရင်တိုင်းရင်းသားအဖွဲ့အစည်းဖြစ်သည့် ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက် (Karen Environmental and Social Action Network-KESAN) ပါဝင်ပြီး ၎င်းသည် ကရင်တိုင်းရင်းသား ဌာနေပြည်သူများနှင့် အသိ ပညာဆိုင်ရာ ကူညီပံ့ပိုးခြင်းကို အဓိကထား လုပ်ဆောင်သည့်အဖွဲ့ဖြစ်ပါသည်။ ကရင်သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက် (KESAN)သည် အမျိုးသားညီညွတ်ရေး အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအား ဖက်ဒရယ်သယံ ဇာတမူဝါဒရေးဆွဲရန် အကူအညီပေးခဲ့ပါသည်။ ၎င်းတို့သည် သံလွင်ငြိမ်းချမ်းရေးဥယျာဥ် (Salween Peace Park) တွင် သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးအပေါ် ၎င်းတို့၏ အသိပညာကိုမျှဝေခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအား မြေပြင်အတွေ့အကြုံများနှင့် အချက်အလက်များကို ပံ့ပိုးကူညီ ပေးခဲ့သည်။ ဤအရာသည် ၂၀၁၆-၂၀၂၁ ခုနှစ် ကာလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ဌာနေတိုင်းရင်းသားများ၏ ယူဆချက်အမြင်များနှင့် အလေ့ အကျင့်များကို ပိုမိုအကျူံးဝင်ပါဝင်လာနိုင်စေရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြိုးပမ်းမှု ဥပမာနောက်တစ်ခုအဖြစ် တွေ့မြင်နိုင်ပါသည်။ မိမိအင်တာဗျူးပြုလုပ်ခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ဝန်ထမ်းမှ မှတ်ချက်ပြုသည့်အတိုင်း ၎င်းဝန်ကြီးဌာနသည် နိုင်ငံတကာအား ဆွဲဆောင်မှုများလည်း ရှိပါသည်။ “ကျွန်တော်တို့ တိုင်းရင်းသား အဖွဲ့တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်၊ ဘာလို့လဲဆိုတော့ သူတို့မှာ ကမ္ဘာ့ကုလသမဂ္ဂကို သွားလို့ရတဲ့ လမ်းကြောင်း ရှိတယ်”ဟု ဖြေဆိုထားပါသည်။ ဤနေရာတွင် ထိုဝန်ထမ်းသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ဌာနေတိုင်းရင်းသား မဟာမိတ်အဖွဲ့ (All Burma Indigenous Peoples’ Alliance)နှင့် ရိုးရာဝန်းကျင်မြှင့်တင်ရေးအဖွဲ့ (Promotion of Indigenous and Nature Together) တို့ကို ရည်ညွှန်းနေခြင်း ဖြစ်ပြီး ၎င်းတို့အဖွဲ့အစည်း နှစ်ခုလုံးသည် ၂၀၂၁ နှင့် ၂၀၂၃ တွင် ရာသီဥတုပြောင်းလဲမှုကို လျှော့ချခြင်းဆိုင်ရာ နိုင်ငံတကာ ညီလာခံ (COP) ထိပ်သီးအစည်းအဝေးများတွင် ဌာနေတိုင်းရင်းသားအဖွဲ့များအနေဖြင့် တက် ရောက်ဆွေးနွေးနိုင်ခဲ့ပြီး ၂၀၂၂ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ COP အစည်းအဝေးတွင်လည်း တက် ရောက်ဆွေးနွေးခဲ့ကြသည်။ ဤသည်မှာ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တက်ရောက် ဆွေးနွေးနိုင်ခြင်း အောင်မြင်မှုမရရှိသေးသည့် မှတ်တမ်းဖြစ်သည်။ မိမိအနေဖြင့် နိုင်ငံတကာ နှင့် ပတ်သက်သည့် ရှုထောင့်များနှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးရေးသားပါမည်။
နိုင်ငံတကာအသိုင်းအဝိုင်းတွင် လှုပ်ရှားဆောင်ရွက်နိုင်မှုနှင့် အသိအမှတ်ပြုမှု
အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သည် နိုင်ငံတကာရပ်ဝန်းတွင် ဥတုရာသီပြောင်းလဲမှုကို တာဝန်သိစိတ်ရှိစွာ ကာကွယ်နေသည့် ဌာနတစ်ခုအဖြစ် မိမိကိုယ်ကို ပုံဖော်ရန် ကြိုးပမ်းခဲ့သည်။ ဤအရာအား အမျိုးသား ညီညွတ်ရေးအစိုးရအား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခံရနိုင်ရန်အတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပိုမိုကျယ်ပြန့်သော တောင်းဆိုချက်များ၏ တစ်စိတ်တစ်ပိုင်း အဖြစ် ရှုမြင်နိုင်ပါသည်။92 ၂၀၂၁ ဇူလိုင်လတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် “သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် နယ်ပယ်များတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု” အတွက် ကြေညာချက်တစ်ခု မျှဝေခဲ့ပြီး ဥတုရာသီပြောင်းလဲမှုဆိုင်ရာ လုပ်ဆောင်ချက်များကို အကောင်အထည်ဖော်ရန် နိုင်ငံတကာ အေဂျင်စီများနှင့် လက်တွဲဆောင်ရွက်မှုနှင့် ရန်ပုံငွေထောက်ပံ့မှုကို အားပေးခဲ့သည်။ အဆိုပါ ကြေညာချက်တွင် မြန်မာနိုင်ငံ (အာဏာသိမ်းမှုမတိုင်မီ)သည် အိုဇုန်း ကာကွယ်ရေး၊ စွန့်ပစ် ပစ္စည်း စီမံခန့်ခွဲမှုနှင့် လေထုညစ်ညမ်းမှု ထိန်းချုပ်ရေး၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ ဂေဟ စနစ် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု နယ်ပယ်များတွင် တာဝန်ယူသည့်အဖွဲ့ဝင် ဖြစ်ခဲ့ကြောင်း ဖော်ပြထားပါသည်။93 မြန်မာနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ရန်ပုံငွေ များကို ရယူသုံးစွဲခွင့် ရှိခဲ့ကြောင်းလည်းဖော်ပြခဲ့သည်။ ၎င်းကြေညာချက်သည် နိုင်ငံတကာ အသိုင်း အဝိုင်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် မည်သည့်ဆက်သွယ်ရေးကိုမဆို ရပ်ဆိုင်းပြီး ၎င်းတို့အစား အမျိုးသားညီညွတ်ရေးအစိုးရနှင့်သာ ထိတွေ့ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။ ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ခြောက်လတာ တိုးတက်မှုအစီရင်ခံစာသည် အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှု နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို အားပေးရန် ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗန်းရှင်း (UN Framework Convention on Climate Change-UNFCCC)၊ ကမ္ဘာ့ပတ်ဝန်းကျင့်အထောက်အပံ့အဖွဲ့ (Global Environment Facility) နှင့် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဥ် (UN Environment Program) ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများနှင့် သတင်းအချက် အလက် အစည်းအဝေးများ ပြုလုပ်ရန် တောင်းဆိုခဲ့ကြောင်း ဖော်ပြထားပါသည်။ ၂၀၂၃ မေလ တွင် မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနသည် လူသားချင်းစာနာထောက် ထားမှုနှင့် အရေးပေါ်တုံ့ပြန်မှုများ ပေးနိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ မဟုတ်သည့် ဒေသခံမြန်မာ့အဖွဲ့အစည်းများကို ပံ့ပိုးရန်အတွက် နိုင်ငံတကာအကူအညီများကို လည်း အရေးတကြီး တောင်းဆိုခဲ့သည်။94
အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် နည်းလမ်း တစ်ခုအဖြစ် ကုလသမဂ္ဂရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံ များ၏ ညီလာခံအစည်းအဝေးသို့ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုခံရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို ဆွဲဆောင်ရန်လည်း ကြိုးပမ်းခဲ့သည်။95 ၂၀၂၁ ခုနှစ် COP 26 အစည်းအဝေးမတိုင်မီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်ဖြစ်သည့် ၂၀၂၀ ခုနှစ် တွင် ရေးဆွဲခဲ့သော မြန်မာ့ ၂၀၂၂-၂၀၃၀ခုနှစ် Nationally Determined Contributions (NDC) အား ကုလသမဂ္ဂရာသီဥတုပြောင်းလဲခြင်းဆိုင်ရာမူဘောင်ကွန်ဗင်းရှင်း(UNFCC)၏ အတွင်းရေးမှူးထံသို့ ပေးပို့ခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတ ဒူးဝါးလရှီး လသည် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း (UNFCC) အား လိပ်မူ၍ COP 26၊ COP 27 နှင့် COP 28 တို့အား အထူးသတင်းစကားများ ပေးပို့ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ရာသီဥတုပြောင်းလဲမှုအတွက် အန္တရာယ်ခံနိုင်ရမှုနှင့် ယခင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသက်တမ်းမှ ဆက်ဆံရယူခဲ့သည့် NDC အပေါ် အမျိုးသားညီညွတ် ရေးအစိုးရ၏ ဆက်လက်ထားရှိသည့် ကတိကဝတ်များအကြောင်း သဝဏ်လွှာများကိုလည်း ပေးပို့ခဲ့သည်။
COP 26 နှင့်ပတ်သက်၍ ယာယီသမ္မတ ဒူးဝါးလရှီးလ၏ သဝဏ်လွှာသည် NDC သည် ရာသီဥတုပြောင်းလဲမှုကြောင့် အန္တရာယ်ကြုံတွေ့ရနိုင်သည့် အသိုင်းအဝိုင်းများနှင့် ကဏ္ဍများ အနေဖြင့် ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးသက်ရောက်မှုများကို ခံနိုင်ရည်ရှိစေရန်နှင့် လိုက် လျောညီထွေဖြစ်အောင် ပြောင်းလဲနိုင်မှု စွမ်းရည်ကို မြှင့်တင်နိုင်ရန် ရည်ရွယ်ကြောင်း မီးမောင်း ထိုးပြခဲ့သည်။96 ၎င်းအနေဖြင့် ကာဗွန်ထုတ်လုပ်မှုနည်းပါးသည့် နည်းလမ်းကို ရွေးချယ်ရန် အခွင့်အလမ်းများကို ဖန်တီးအသုံးချပြီး လူမှုအသိုင်းအဝိုင်းများနှင့် စီးပွားရေး ကဏ္ဍအားလုံး အတွက် ဖွံ့ဖြိုးတိုးတက်မှု အကျိုးကျေးဇူးများကို သေချာအောင် ဖန်တီးစေလိုသည့် ရည်ရွယ် ချက်ရှိကြောင်းလည်း အာမခံခဲ့သည်။ တစ်ချိန်တည်းမှာပင် ၎င်းသည် စစ်အစိုးရမှ COP 26 အတွက် တင်သွင်းခဲ့သော NDC သည် “အကောင်အထည်ဖော်မှုအတွက် နေ့အလင်းကို ဘယ် တော့မှ မြင်ရမည်မဟုတ်သည့် မည်ကာမတ္တ စာရွက်စာတမ်းတစ်ခုသာ ဖြစ်သည်” ဟူသည့် သဝဏ်လွှာကို ပေးပို့ခဲ့သည်။ ၎င်းသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကတိကဝတ်သည် စစ်တပ်၏ ကတိကဝတ်နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ခိုင်မာကြောင်း အာမခံခဲ့ပြီး ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း (UNFCC) အနေဖြင့် အမျိုးသား ညီညွတ်ရေအစိုးရနှင့် ၎င်း၏ တရားဝင်မှုကို အသိအမှတ်ပြုပြီး စစ်တပ်၏ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကို ငြင်းဆိုရန်လည်း တောင်းဆိုခဲ့သည်။ COP 26 တွင် မြန်မာစစ်ခေါင်း ဆောင်များ၏ ကိုယ်စားလှယ်များသည် အစည်းအဝေးတက်ရောက်ခြင်းမှ ပိတ်ဆို့ခံခဲ့ရသည်။97 ဤသည်မှာ အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနမှ ပံ့ပိုးခဲ့သော အရပ်ဘက်အဖွဲ့အစည်းများ၏ ဆန္ဒပြတောင်းဆိုမှုများကြောင့် ဖြစ်သည်။ ၎င်းကို အာဏာသိမ်းမှုကို ဆန့်ကျင်သည့် တော်လှန်ရေး လှုပ်ရှားမှု၏ အောင်ပွဲအဖြစ် ရှုမြင်ခဲ့ကြသည်။98 သို့သော် အမျိုးသားညီညွတ်ရေးအစိုးရအား နိုင်ငံတစ်ခုအဖြစ် နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိခြင်း မရှိသေးသောကြောင့် ကိုယ်စား လှယ်အဖွဲ့ ပေးပို့ခွင့်ကိုလည်း ရရှိခြင်းမရှိခဲ့ပါ။ ဤအရာကို တုံ့ပြန်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံခြားရေး ဒုတိယဝန်ကြီးမှ လွတ်လပ်သောအာရှအသံသတင်းဌာန (Radio Free Asia) သို့ “ကျွန်ုပ်တို့၏ အစိုးရကို ပြည်သူများ ကိုယ်စား ဖွဲ့စည်းခဲ့သည်။ ထို့ကြောင့် ကမ္ဘာ့ကုလသမဂ္ဂအရာရှိများသည် ကျွန်ုပ်တို့ အစိုးရ၏ ကိုယ်စားပြုမှုကို အသိ အမှတ်ပြုပြီး ထိုကဲ့သို့သော အဓိကညီလာခံများတွင် ကျွန်ုပ်တို့အား တက်ရောက်ခွင့် ပြုသင့်ပါသည်”ဟု ပြောကြားခဲ့သည်။99 ၂၀၂၁ အာဏာသိမ်းပြီး နောက်ပိုင်းမှစတင်၍ COPs ညီလာခံများတွင် မြန်မာနိုင်ငံဆိုင်ရာ တရားဝင် ကိုယ်စားလှယ် တစ်ဦးမျှ တက်ရောက်နိုင်ခြင်း မရှိခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် အမျိုးသားညီညွတ်ရေးအစိုးရ အား နိုင်ငံတကာတွင် နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခြင်းမရှိသေးသလို နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီကိုလည်း ကမ္ဘာ့ကုလသမဂ္ဂစနစ်အရ တရားဝင်မှုမရှိဟု ရှုမြင်နေဆဲဖြစ်သော ကြောင့် ဖြစ်သည်။
COP 27 ထံသို့ ပေးပို့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတ၏ သဝဏ်လွှာ တွင် ဥပဒေစိုးမိုးရေးပြိုလဲခြင်းနှင့် စစ်အာဏာသိမ်းပြီးနောက်တွင် သယံဇာတများကို တရား မဝင်အလွန်အကျွံ ထုတ်ယူခြင်းကို မီးမောင်းထိုးပြခဲ့သည်။100 သဝဏ်လွှာသည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအား အရပ်သားပြည်သူများနေထိုင်သည့် ကျေးရွာများကို မီးရှို့ခြင်း အတွက် ရှုတ်ချပြီး ထိုပြစ်မှုသည် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုကို သိသာစွာ ဆိုးရွားစေကြောင်း ဆွေးနွေးငြင်းခုံခဲ့သည်။ သဝဏ်လွှာသည် ထိုလုပ်ရပ်များနှင့် အမျိုးသား ညီညွတ်ရေးအစိုးရ၏ သစ်တောများပြန်လည်စိုက်ပျိုးရေး လှုပ်ရှားမှုများအကြား ကွာခြားချက် ကို ပြသခဲ့ပြီး သစ်တောဧရိယာ အများအပြားသည် ၎င်းတို့၏ အုပ်ချုပ်မှုအောက်တွင် ရှိသောကြောင့် NDCs များကို အကောင်အထည်ဖော်ရန် တိုင်းရင်သားတော်လှန်ရေး အဖွဲ့ အစည်းများအနေဖြင့်လည်း မည်မျှအရေးကြီးကြောင်း ဖော်ပြခဲ့သည်။ ယာယီသမ္မတသည် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အမျိုးသားညီညွတ်ရေးအစိုးရ သည် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေဖြစ်စေရေး လှုပ်ရှားမှုများကို ဆောင်ရွက်နေပြီး ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်နှင့်အညီ လူထုကို ဗဟိုပြုသော ထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နေကြောင်း ထပ်မံဖော်ပြခဲ့သည်။ ယာယီသမ္မတအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရသည် လူထုအသိုင်းအဝိုင်းအခြေပြု အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် တိုင်းရင်းသား လူမျိုးများအားလုံးကိုလည်း ပူးပေါင်းဆောင်ရွက်ရန် နွေးထွေးစွာ ဖိတ်ကြားကြောင်းလည်း ပြောကြားခဲ့သည်။ “ရည်မှန်း ချက်မှာ မြန်မာပြည်သူများ ရင်ဆိုင်နေရသည့် အကျပ်အတည်းနှင့် အခက်အခဲများကို ဖြေရှင်း ပေးရင်းနှင့် လက်ရှိနှင့် အနာဂတ်မျိုးဆက်များအတွက် ရေရှည်တည်တံ့သော ကာဗွန်နည်း သည့် သဘာဝပတ်ဝန်းကျင်ကို ရရှိရန် ဖြစ်သည်”
COP 28 သို့ ပေးပို့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ သဝဏ်လွှာသည် အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် ရာသီဥတုပြောင်းလဲမှုကြောင့် ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် သက်ရောက်မှုများကို မြန်မာနိုင်ငံအနေဖြင့် အန္တရာယ်ခံရနိုင်မှု အခြေအနေကို နက်ရှိုင်းစွာ နားလည်သိရှိပြီး ထိုအန္တရာယ်နှင့် ကြုံတွေ့နိုင်ရသည့် အခြေအနေများသည် စစ်ခေါင်းဆောင် များ၏ ရာဇဝတ်မှု လုပ်ရပ်များကြောင့် ပို၍ ဆိုးရွားလာကြောင်း ထပ်လောင်းဖော်ပြခဲ့သည်။101 သဝဏ်လွှာသည် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း များသည် ၎င်းတို့၏ နယ်မြေထိန်းချုပ်စိုးမိုးမှုနှင့် အုပ်ချုပ်မှုကို လျင်မြန်စွာတိုးချဲ့နေပြီး သဘာဝပတ်ဝန်းကျင်အရေးကိစ္စများကို တာဝန်ယူမှု စီမံအုပ်ချုပ်မှုနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များကို အောင်မြင်နိုင်ရေးအတွက် ရာသီဥတုဆိုင်ရာ ကတိ ကဝတ်များအား အကောင်အထည်ဖော်မှုကို ဆောင်ရွက်နိုင်ကြောင်း ဆက်လက် ဖော်ပြခဲ့ သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ COP28 သို့ အယူခံဝင်မှုကို ကမ္ဘာ့ကုလသမဂ္ဂရှိ ကျွမ်းကျင်သူများဖြစ်သည့် သောမတ်စ်အန်ဒရူး (Thomas Andrew)နှင့် ဒေးဗစ်ဗွိုက် (David Boyd) တို့မှ ကူညီပံ့ပိုးခဲ့ပြီး မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုကြောင့် အန္တရာယ် ခံရနိုင်မှုရှိသည့်အတွက် ထိုပညာရှင်များမှ ကမ္ဘာ့ခေါင်းဆောင်များအား မြန်မာနိုင်ငံ၏ အခြေ အနေအပေါ် အာရုံစိုက်ရန် တောင်းဆိုခဲ့ကြသည်။102 ဘီဘီစီမြန်မာသတင်းဌာနအရ ကမ္ဘာ့ ကုလသမဂ္ဂရှိ ထိုကျွမ်းကျင်သူ နှစ်ဦးသည် စစ်အာဏာသိမ်းမှုသည် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားရေး လိုအပ်ချက်များအတွက် အန္တရာယ်များဖြစ်စေရုံသာမက ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကြောင့် ပြည်သူများအနေဖြင့် အန္တရာယ်ခံရနိုင်ခြေ လည်း ပိုမိုများပြားတိုးမြင့်လာကြောင်း ပြောကြားခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရသည် မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အဖြစ် အစည်းအဝေး များသို့ ဖိတ်ခေါ်ခံရခြင်းဖြင့် အာဆီယံဒေသနှင့် ဒေသတွင်းရှိ အခြားနိုင်ငံများမှလည်း မြန်မာ နိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခံရရန် ကြိုးပမ်းခဲ့သည်။103 အမျိုးသားညီညွတ် ရေးအစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ဝန်ကြီးသည် ၂၀၂၁ နှောင်းပိုင်းတွင် “Third Climate Smart and Disaster Resilient ASEAN” ညီလာ ခံသို့ ပထမဆုံးအကြိမ် မြန်မာနိုင်ငံကို ကိုယ်စားပြုရန် ဝန်ကြီးအဖြစ် ဖိတ်ခေါ်ခံရပြီး ထိုညီ လာခံတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရးကောင်စီကို ဖယ်ကြဉ်ထားခဲ့သည်။ ယခုဆောင်းပါးသည် “ဤလှုပ်ရှားမှုသည် အဖွဲ့ဝင် (၁၀) ဖွဲ့ပါသည့် အဖွဲ့အစည်းသည် အမျိုးသားညီညွတ်ရေးအစိုးရ နှင့် တရားဝင်ထိတွေ့ဆောင်ရွက်မှုများရှိလာကြောင်းသိသာထင်ရှားသည့်လက္ခဏာဖြစ်သည်” ဟု ဆွေးနွေးခြင်းဖြစ်သည်။ သို့သော် ဤစာစောင်ပါ အခြားဆောင်းပါးတစ်ပုဒ်တွင် နွေကံ့ကော်မှ ဆွေးနွေးခဲ့သည့်အတိုင်း ၂၀၂၁ တွင် ပြုလုပ်ခဲ့သည့် ဤအစည်းအဝေးသည် အာဆီယံဒေသနှင့် တရုတ်နိုင်ငံတို့သည် ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစည်းအဝေး များသို့ အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအစား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ဖိတ်ခေါ်ခဲ့ကြသည်။104 မြန်မာနိုင်ငံ တွင် ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင် ကိစ္စရပ်များကို ဖြေရှင်းရန် ကြိုးပမ်းမှုများ ပြုလုပ်ခဲ့ သော်လည်း နိုင်ငံတကာ အသိအမှတ်ပြုမှုရရှိရေးနှင့် ရန်ပုံငွေများရရှိရန်သည် အမျိုးသား ညီညွတ်ရေးအစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအတွက် စိန်ခေါ်မှုတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေပါသည်။
နိဂုံး
ဤဆောင်းပါးတွင်ပါရှိသည့် ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင် ကိစ္စရပ်များနှင့် သယံဇာတ စီမံခန့်ခွဲမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ရည်မှန်းချက်၊ မူဘောင်များနှင့် လုပ်ဆောင်မှုများကို အွန်လိုင်းဆွေးနွေးပွဲများနှင့် မြေပြင်တွင် လုပ်ဆောင်နိုင်ရန် ကြိုးပမ်းမှုများ၏ ခွဲခြမ်းစိတ်ဖြာ မှုများသည် ၎င်းတို့အနေဖြင့် နိုင်ငံရေးအရ အကွဲအပြဲဖြစ်မှုကာလများအတွင်း ရာသီဥတု ပြောင်းလဲမှုနိုင်ငံရေး၏ ဥပမာများအနေဖြင့် မည်ကဲ့သို့ တည်ရှိနိုင်ကြောင်း ရေးသားထားသည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်သည့် နိုင်ငံရေးအရအကွဲအပြဲဖြစ်မှု သည် အာဏာနှင့် နိုင်ငံတော်အကြား ကြီးမားစွာ အငြင်းပွားဖွယ်ရာနှင့် များပြားစွာ ကွဲပြား လာသည့် အခြေအနေကို ထင်ဟပ်ပြီး အကြမ်းဖက်မှုနှင့် ဖျက်ဆီးမှုများအကြား မူဘောင် အသစ်များ ပေါ်ထွက်လာသည့် အခြေအနေကို ထင်ဟပ်ပါသည်။ ဤကာလသည် အမျိုးသား ညီညွတ်ရေးအစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးကို စစ်ခေါင်းဆောင်များအား ဆန့်ကျင်သည့် ၎င်း၏ ပိုမိုကျယ်ပြန့်သော တော်လှန်ရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် အသုံးချ နေသည်ကို မြင်တွေ့ခဲ့ရသည်။ ဤသို့ပြုလုပ်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို သဘာဝပတ်ဝန်းကျင်အား ဖျက်ဆီးသူနှင့်နှင့် သယံဇာတများကို အမြတ်ထုတ်သူများအဖြစ် ပုံဖော်ထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနကိုမူ သဘာဝပတ်ဝန်းကျင်နှင့် ပြည်သူများကို ဂရုစိုက်သူအဖြစ် ပုံဖော် သတ်မှတ်ခြင်းထားပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လုပ်ဆောင်ချက်များနှင့် ဆန့်ကျင်ဘက်တွင် အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူလူထုကို ဗဟိုပြုသည့် ချဉ်းကပ်မှုများ၊ ဖက်ဒရယ် ပြည်ထောင်စုနှင့် တိုင်းရင်းသားလူမျိုးများနှင့် ဌာနေတိုင်းရင်းသားများ၏ အလေ့အထများကို အသိအမှတ်ပြုခြင်းကို အလေးပေးသည့် ပြောင်းလဲတိုးတက်စေနိုင်သည့် သဘာဝပတ်ဝန်း ကျင်နှင့် သယံဇာတမူဘောင်များကို တည်ထောင်ရန် ကြိုးပမ်းခဲ့သည်။ ထိုသို့ ပြုလုပ်ရာတွင် ၎င်းသည် ယခင် စစ်အစိုးရများမှသာမက ဤစာစောင်အတွဲရှိ အခြားဆောင်းပါးတစ်ပုဒ်တွင် မို့စ်ဘတ်ဂ် (Mosberg) မှ အသေးစိတ် ဖော်ပြသည့်အတိုင်း အာဏာသိမ်းမှုမတိုင်မီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ၏ နိုင်ငံတော်အစိုးရကိုသာ ဗဟိုပြုသည့် ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင် မူဝါဒများမှလည်း ခွဲထွက်လုပ်ဆောင်နေကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မိမိကိုယ်ကို ခွဲခြား ပုံဖော်ထားပါသည်။105 ၎င်းသည် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုများကိုလည်း အလေးပေးပြီး အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့် သဘာ ဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အွန်လိုင်း ဆွေးနွေးပွဲများကို စောင့်ကြည့် ခြင်းအရ ၎င်းဝန်ကြီးဌာသည် ကရင်တိုင်းရင်းသား၊ ချင်းတိုင်းရင်းသားနှင့် ကရင်နီတိုင်းရင်းသားအဖွဲ့ များနှင့် အကောင်းဆုံး ဆက်သွယ်ဆောင်ရွက်ထားကြောင်းကိုလည်း တွေ့ရှိရပါသည်။
မြေပြင်တွင် အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ၎င်း၏ တွဲဖက်စီးပွား ရေးလုပ်ငန်းများအနေဖြင့် တရားမဝင် သစ်ကုန်သွယ်မှုများ ဆောင်ရွက်ခြင်းကို တားဆီးရန် ကြိုးပမ်းခဲ့သည်။ ဝန်ကြီးဌာနသည် ဒေသခံတော်လှန်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၏ အကူအညီဖြင့် သစ်ကုန်သည်များထံမှ အခွန်ကောက် ခံစေခြင်းနှင့် ဒဏ်ကြေးပေးဆောင်ခိုင်းခြင်းများ ပြုလုပ်လျက်ပါသည်။ ဤလုပ်ငန်းစဥ်သည် အမျိုးသားညီညွတ်ရေး အစိုးရမှ စိုးမိုးအုပ်ချုပ်မှုရှိသည့် လွတ်မြောက်နယ်မြေများတွင် အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၏ အသစ်တည်ထောင်ထားသော မြို့နယ်အဆင့်အုပ်ချုပ်ရေးအဖွဲ့များပေါ် မှီခိုနေပါသည်။ ဝန်ကြီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် လုပ်ငန်းဆောင်ရွက်ခြင်းမှ ရှောင် ကြဉ်ရန် တိုက်တွန်းခဲ့သည်။ ဤကြိုးပမ်းမှုများသည် အခြေခံလူမှုအဖွဲ့အစည်းများနှင့် အရပ် ဘက်အဖွဲ့အစည်းများမှ အာဏာရှင်အစိုးရများကို ဆန့်ကျင်ရန်အတွက် သဘာဝပတ်ဝန်းကျင် နိုင်ငံရေးအား ပလက်ဖောင်းများအဖြစ် ပိုမိုအသုံးချလုပ်ဆောင်လာသည့် ကမ္ဘာလုံးဆိုင်ရာ ရေစီးကြောင်းများကို ထင်ဟပ်ပါသည်။106 သို့သော် အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ထူးခြားသည့် ကိစ္စရပ်ဖြစ်သည့် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်ကိစ္စရပ်များကို အသုံးချသည့် ၎င်း၏ တော်လှန် ရေးနိုင်ငံရေးသည် ၎င်းအနေဖြင့် နိုင်ငံတော်အနေဖြင့် လုပ်ဆောင်ပြသခြင်း၏ တစ်စိတ် တစ်ပိုင်းလည်းဖြစ်သည်ကို ဆွေးနွေးထားပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် အာဏာသိမ်းမှုမတိုင်မီ အစိုးရ၏ ဝန်ကြီးဌာနအမည်ကို ထင်ဟပ်ရုံသာမက ကမ္ဘာ့အထိမ်းအမှတ်နေ့များတွင် သစ်ပင်စိုက်ပျိုး ခြင်းကဲ့သို့သော လှုပ်ရှားမှုများကိုလည်း လုပ်ဆောင်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အာဏာသိမ်းမှုမတိုင်မီ ယခင်အစိုးရများ ပြုလုပ်ခဲ့သည့်အတိုင်းပင် နိုင်ငံတော်မူဝါဒများ ထုတ်ပြန်ကာ သယံဇာတ စီမံခန့်ခွဲမှုအတွက် အုပ်ချုပ်ရေး အဖွဲ့များကို တည်ထောင်သည်။107 ထို့ကြောင့် ၎င်းသည် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံတော်ကို ဆန့်ကျင်ခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရိုးရှင်းစွာ အသုံးချခြင်းထက် “နိုင်ငံ တော်ဖြစ်ခြင်းနှင့် သက်ဆိုင်သည့် ဘာသာစကား၊ အသုံးနှုန်းဝေါဟာရ”များကို108 အခြေခံ ပါသည်။ ၎င်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ယခင် အစိုးရများကို ဆန့်ကျင်၍ အစားထိုးနိုင်သော နိုင်ငံတော်အဖြစ်တည်ရှိရန် ကြိုးစားပါသည်။ ဤလုပ်ဆောင်ချက်များသည် ပြည်တွင်းနှင့် နိုင်ငံတကာတရားဝင်မှုနှင့် အသိအမှတ်ပြုမှု ရရှိခြင်းအပေါ် အာရုံစိုက်နေခြင်း ဖြစ်ကြောင်း မိမိအနေဖြင့် ပြောကြားလိုပါသည်။ ကမ္ဘာ့ကုလသမဂ္ဂ COP ထိပ်သီးအစည်း အဝေးများတွင် ပါဝင်ရန်ကြိုးပမ်းခြင်းနှင့် ကုလသမဂ္ဂရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ မူဘောင် ကွန်ဗင်းရှင်း (UNFCC)သို့ သဝဏ်လွှာများ ပေးပို့ခြင်း အပါအဝင် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု အစီအစဉ်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ထိတွေ့ဆက်ဆံမှုသည် ဥပမာ အားဖြင့် နိုင်ငံတကာ စင်မြင့်တွင် တာဝန်သိစိတ်ရှိသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် မိမိကိုယ်ကို သတ်မှတ် လိုသည့် ၎င်း၏ ကြိုးပမ်းမှုများကို ပြသနေပါသည်။ ဤကြိုးပမ်းမှုများ ရှိသော်လည်း အမျိုးသားညီညွတ်ရေးအစိုးရသည် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ အုပ်ချုပ်မှုတည်တံ့သည့် စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးများတွင်သာ အလေးပေးလုပ်ဆောင်နိုင်ပြီး အုပ်ချုပ်မှုဆိုင်ရာ အကန့် အသတ်များရှိသောကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအနေဖြင့် ၎င်း၏ မူဝါဒများကို နိုင်ငံတစ်ဝန်းလုံးရှိ ဒေသများ တွင် အပြည့်အဝ အကောင်အထည်ဖော်ရန် ခက်ခဲပါသည်။ အခြားဒေသများတွင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် အုပ်ချုပ်ရေးကဏ္ဍတွင် ပိုမိုအရေးပါသည့် အခန်းကဏ္ဍတွင် တည်ရှိနေပြီး အမျိုးသားညီညွတ် ရေးအစိုးရသည် ယှဉ်ပြိုင်မှုနှင့် မတူညီသော အကျိုးစီးပွားများနှင့် တွဲဖက်တည်ရှိနေည့် ပူးပေါင်းဆောင်ရွက်မှုများရှိသည့် အာဏာ အများအပြား တည်ရှိနေသည့် နေရာဒေသများတွင် တည်ရှိလည်ပတ်နေကြောင်း ထင်ဟပ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် နိုင်ငံ တကာ၏ အသိအမှတ်ပြုမှုနှင့် ရန်ပုံငွေ ရရှိရန်လည်း ရုန်းကန်ခဲ့ရသည်။ ချိန်းဘားစ်နှင့် ကူး109 တို့မှ မီးမောင်းထိုးပြထားသည့်အတိုင်း ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှု ရန်ပုံငွေ အများစုသည် နိုင်ငံတော် အဖွဲ့အစည်းများမှတစ်ဆင့် စီးဆင်းသည့်အတွက် အမျိုးသား ညီညွတ်ရေးအစိုးရအတွက် လိုအပ်သော အရင်းအမြစ်များ ရယူခြင်းနှင့် နိုင်ငံတကာ ပံ့ပိုးမှု ရရှိရန် ဆောင်ရွက်ရာတွင် ထပ်မံ၍ အတားအဆီးများ ဖြစ်ပေါ်စေပါသည်။ နောက်ဆုံးအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ၏ အွန်လိုင်းလှုပ်ရှားမှုများသည် မည်မျှထိရောက်ပြီး ကျယ်ပြန့်သည်ကို အကဲဖြတ်ရန်ခက်ခဲပြီး လက်ရှိ နိုင်ငံရေးကာလ အကွဲအပြဲဖြစ်မှုများအတွင်း ပြည်သူများသည် ကြီးမားသော မလုံ ခြုံမှုများနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အဟန့်အတား၊ ကန့်သတ်ချက်များကို ရင်ဆိုင်နေ ရသည့်အတွက် ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို ဦးစားပေးအရေး ကိစ္စများအဖြစ် မည်ကဲ့သို့ ရှုမြင်လက်ခံသည်ကို အကဲဖြတ်ရန် ခက်ခဲပါသည်။110 ဝန်ကြီးဌာန၏ Facebook စာမျက်နှာတွင် စောင့်ကြည့်သူ တစ်သိန်းခွဲခန့်ရှိပြီး မြန်မာနိုင်ငံလူဦးရေနှင့် နှိုင်း ယှဉ်လျှင် ထိုပမာဏသည် သေးငယ်သည့် အရေအတွက်သာဖြစ်သည်။ သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူ အများအပြားသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်တွင် ဗဟိုချုပ်ကိုင် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည့် ၎င်းတို့၏ ယခင်သမိုင်းကြောင့် တိုင်းရင်းသားနှင့် ဌာနေတိုင်းရင်းသား အခွင့်အရေးများအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကတိကဝတ်ကို သံသယဝင်နေဆဲ ဖြစ် ကြောင်းကို နားလည်အသိအမှတ်ပြုရန်လည်း အရေးကြီးပါသည်။ သို့သော် ဤကိစ္စနှင့် ပတ် သက်သည့် လေ့လာမှုသည် နက်နဲမှုရှိသည့် နိုင်ငံရေးအကွဲအပြဲဖြစ်မှု ကာလများအတွင်း ရာသီ ဥတုပြောင်းလဲမှု နိုင်ငံရေးကို ဆန့်ကျင်ဘက် နိုင်ငံတော်အဖွဲ့အစည်းများမှ အာဏာရရှိရေးနှင့် နိုင်ငံတော်အနေဖြင့် အသိအမှတ်ပြုခံရမှုအတွက် ကျယ်ပြန့်သော တော်လှန်ရေးရုန်းကန်မှု များ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် မည်သို့အသုံးချနိုင်သည်ကို တင်ပြဆွေးနွေးအပ်ပါသည်။
အဆုံးမှတ်စုများ
1 Moe Thuzar & Htet Myet Min Tun, 2022, p. 3.
2 Moe Thuzar & Htet Myet Min Tun, 2022.
3 ဒေသခံကာကွယ်ရေးတပ်ဖွဲ့များသည် (LPDF) သက်ဆိုင်ရာနယ်ရှိ တော်လှန်ရေးအဖွဲ့များဖြစ်ကြပြီး တစ်ခါတစ်ရံ အခြားသော သီးခြားလွတ်လပ်သည့် လက်နက်ကိုင်တပ်များနှင့် ပူးပေါင်းလုပ်ဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) အများစုမှာ ယခုအခါ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်တွင် ရှိနေသည် (Nyana et al., 2024, p. 224)။
4 Jacquet, 2024, p. 17.
5 Nyana et al., 2024, pp. 203, 225.
6 Jolliffe, 2023.
7 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အပေါ် လေ့လာသုံးသပ်မှုအား ဤစာစောင်တွင် ပါဝင်သည့် နွေကံ့ကော်၏ ဆောင်းပါးတွင်ဖတ်ရှုနိုင်ပါသည်။
8 Lund, 2016.
9 Lund, 2016.
10 McCarthy, 2020, p. 2.
11 Lund, 2016, p. 1203.
12 Ahmann (2018)၊ Holbraad et al. (2019)၊ နှင့် Holloway et al. (2009) တို့၏ လုပ်ဆောင်ချက်များတွင်လည်း ကြည့်ရှုနိုင်ပါသည်။
13 McCarthy, 2020, p. 2.
14 ဥပမာအားဖြင့် Ulloa, 2017၏ လက်ရာများကို လေ့လာကြည့်ရှုနိုင်ပါသည်။
15 Obi, 2010; Watts, 2004.
16 Lupien et al., 2024; Manaysay, 2020.
17 Manaysay, 2020.
18 Ranjabar, 2020.
19 Naw Htee Ku & Hoffman, 2026 [this issue].
20 ဒေါက်တာတူးခေါင်နှင့် ပတ်သက်သည့် အချက်အလက်အား အမျိုးသားညီညွတ်ရေးအစိုးရ၏ ဝက်ဘ် ဆိုက်တွင် ကြည့်ရှုနိုင်ပါသည် (NUG-MoNREC, 2021b)။
21 “Q&A: Karenni leader”, 2023.
22 Luu, 2022.
23 Forest Trends သည် မြန်မာ့ကျွန်းသစ်အား နိုင်ငံတကာမှ ဝယ်ယူခြင်းနှင့် ပတ်သက်သည့် အချက် အလက်များကို ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားပြီး အဆိုပါအဖွဲ့၏ အခန်းကဏ္ဍမှာ အရေးပါလှ သည် (Forest Trends, 2024)။
24 အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ပိုမိုလေ့လာနိုင်ပါသည် (NUG-MoNREC, 2021c)။
25 Hickey & Maria-Sube, 2022.
26 NUG-MoNREC, 2022a, p. 2.
27 NUG-MoNREC, 2022a, p. 2
28 NUG-MoNREC, 2022a, p. 5.
29 NUG-MoNREC, 2022a, p. 6. Also see Hickey & Maria-Sube (2022).
30 NUG-MoNREC, 2022a, p. 6.
31 NUG-MoNREC, 2022a, p. 5.
32 Nway Kant Kaw, 2026 [this issue].
37 Ministry of Natural Resources, 2023a.
34 Ministry of Natural Resources, 2022a; 2022c.
35 NUG-MoNREC, 2021a, pp. 1, 2.
36 NUG-MoNREC, 2021a, p. 2.
37 NUG-MoNREC, 2021a, p. 13.
38 NUG-MoNREC, 2021a, p. 12.
39 NUG-MoNREC, 2021a, pp. 12, 13.
40 NUG-MoNREC, 2021a, pp. 4, 5.
41 NUG-MoNREC, 2021a, p. 23.
42 သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ၂၀၂၂။
43 Wah, 2022.
44 Ministry of Natural Resources, 2022a.
45 Ministry of Natural Resources, 2022c.
46 Ministry of Natural Resources, 2021a.
47 Ministry of Natural Resources, 2022b.
48 Ministry of Natural Resources, 2023b.
49 Ministry of Natural Resources, 2021a.
50 Ministry of Natural Resources, 2024c.
51 Ministry of Natural Resources, 2024b.
52 Ministry of Natural Resources, 2021a.
53 Ministry of Natural Resources, 2021b.
54 Ministry of Natural Resources, 2022e.
55 Htout Phoet – ထောက်ပို့၊ 2023.
56 Ministry of Natural Resources, 2024d.
57 Ministry of Natural Resources, 2021f.
58 Ministry of Natural Resources, 2021f.
59 NUG-MoNREC, 2023a.
60 Ministry of Natural Resources, 2023c.
61 Nway Kant Kaw, 2026 [this issue].
62 မိုခါမုန်တိုင်း၏ သက်ရောက်မှုနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များအား ဤစာစောင် တွင် ပါရှိသည့် Chambers နှင့်အဖွဲ့ ရေးသားသည့်ဆောင်းပါးတွင် ဖတ်ရှုနိုင်ပါသည်။
63 NUG-MoNREC’s, 2023d.
64 NUG-MoNREC ‘s, 2023e.
65 NUG-MoNREC, 2023f.
66 NUG-MoNREC, 2023f.
67 Ministry of Natural Resources, 2024e.
68 Ministry of Natural Resources, 2022d.
69 NUG-MoNREC, 2023c.
70 Ministry of Natural Resources, 2024a.
71 Ministry of Natural Resources, 2024d.
72 Ministry of Natural Resources, 2024b.
73 NUG-MoNREC, 2022a.
74 NUG-MoNREC staff member, personal communication, March 14, 2023; November 30, 2023.
75 NUG-MoNREC, 2022b.
76 NUG-MoNREC staff member, personal communication, March 14, 2023; November 30, 2023.
77 ပကဖသည် ကျေးရွာ သို့မဟုတ် ကျေးရွာအုပ်စုတစ်ခု၏ လုံခြုံရေးနှင့် ပတ်သက်သည့်ကိစ္စများကို လုပ် ဆောင်သည်။ ထိုအဖွဲ့ကို များသောအားဖြင့် ဒေသခံလူငယ်များနှင့် တက်ကြွလှုပ်ရှားသူများဖြင့် ဖွဲ့စည်း ထားပြီး လက်လုပ်လက်နက် သို့မဟုတ် လက်နက်ငယ်များကို အဓိကထား အသုံးပြုကာ လူထုလုံခြုံရေး အတွက် ကိုယ်ထူကိုယ်ထ ဆောင်ရွက်ကြလေ့ရှိသည် (Nyana et al., 2024)။
78 အညာဆိုသည်မှာ မြန်မာပြည်အလယ်ပိုင်း အပူပိုင်းဒေသကို ညွှန်းဆိုပြီး စစ်ကိုင်း၊ မကွေးနှင့် မန္တလေး တိုင်းတို့ ပါဝင်သည် (Nyana et al., 2024)။
79 Nyana et al. (2024, pp. 228-229) နှင့်အဖွဲ့၏ အစီရင်ခံစာအရ ထိုကဲ့သို့ ဆက်စပ်အဖွဲ့အစည်းများ က စစ်ဆေးရေးဂိတ်များတွင် အခွန်ကောက်ခံရာ၌ များသောအားဖြင့် NUG ၏ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ ဆောင်ရွက်ကြကြောင်း သိရသည်။ စစ်ကိုင်းတိုင်းမှ ဖြေဆိုသူတစ်ဦး၏ ပြောကြားချက်အရ မြို့နယ်တစ်ခု၏ အခွန်ဘဏ္ဍာစီမံခန့်ခွဲမှုပုံစံမှာ ကောက်ခံရရှိသောအခွန်၏ (၃၀) ရာခိုင်နှုန်းကို NUG အတွက် သီးသန့်ဖယ်ထားပြီး ကျန်ရှိသော (၇၀) ရာခိုင်နှုန်းကို ကျန်းမာရေး၊ ပညာရေး၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ၊ အခြေခံအဆောက်အအုံနှင့် တော်လှန်ရေးအင်အားစုများကဲ့သို့ သော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် သတ်မှတ်ထားကြောင်း ဖော်ပြထားသည်။ သို့သော်လည်း ဤစာတမ်းတွင် သစ်တောရေးရာကိစ္စရပ်များကိုသာ သီးခြားရည်ညွှန်းဖော်ပြခြင်း မရှိပေ။
80 NUG-MoNREC staff, personal communication, March 14, 2023.
81 ရာသီဉတုဆိုင်ရာ နိုင်ငံတကာအထောက်အပံ့ ရရှိရေးနှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက် များကို Chambers & Kyed (2024). တို့၏ ဆောင်းပါးတွင် ဖတ်ရှုနိုင်ပါသည်။
82 See also South, 2024.
83 NUG-MoNREC staff, personal communication, March 14, 2023.
84 NUG-MoNREC staff, personal communication, March 14, 2023.
85 See Kyed & Chambers, 2023; South, 2024.
86 NUG-MoNREC staff, personal communication, November 30, 2023.
87 Ministry of Natural Resources, 2022b.
88 See Mosberg (2026) [this issue].
89 “Q&A: Karenni leader”, 2023.
90 Independent People’s News, 2024.
91 NUG-MoNREC staff, personal communication, November 30, 2023.
92 NUG-MoNREC, 2021d.
93 NUG-MoNREC, 2021e.
94 NUG-MoHADM, 2023. See also Chambers et al. (2026) [this issue].
95 National Unity Government, 2020.
96 Ministry of Natural Resources, 2021c.
97 Nway Kant Kaw, 2026 [this issue].
98 See Chambers & Kyed, 2023.
99 “Myanmar’s junta”, 2021.
100 NUG-MoNREC, 2022c.
101 NUG-MoNREC, 2023b.
102 “နိုဝင်ဘာ (၂၈) ရက် ထိပ်တန်းသတင်းများ”၊ ၂၀၂၃။
103 “ASEAN Invites Minister”, 2021.
104 Nway Kant Kaw, 2026 [this issue].
105 Mosberg, 2026 [this issue].
106 McCarthy 2020; Obi, 2010; Watts, 2004.
107 Nway Kant Kaw, 2026 [this issue].
108 Hansen & Stepputat, 2001.
109 Chambers & Kyed, 2024.
110 See Kyed et al. (2026) [this issue].
ကိုးကားချက်များ
Ahmann, C. (2018). “It’s exhausting to create an event out of nothing”: Slow Violence and the Manipulation of Time. Cultural Anthropology, 33(1), Article 1. https://doi.org/10.14506/ca33.1.06
ASEAN Invites Minister from Myanmar’s Shadow Civilian Govt to Climate Conference. (2021, November 22). The Irrawaddy. https://www.irrawaddy.com/news/burma/asean-invites-minister-from-myanmars-shadow-civilian-govt-to-climate-conference.html
Chambers, J., & Kyed, H. M. (2023, December 11). Climate-Vulnerable Myanmar Absent from COP28 Negotiations. Danish Institue for International Studies. https://www.diis.dk/en/research/climate-vulnerable-myanmar-absent-from-cop28-negotiations
Chambers, J., & Kyed, H. M. (2024, May 22). Bridging the gap in climate change financing to violent conflict affected areas. DIIS. https://www.diis.dk/en/research/bridging-the-gap-in-climate-change-financing-to-violent-conflict-affected-areas
Chambers, J., Saint Sann Aye, Kyed, H. M., Ah Lynn, & Nway Kant Kaw. (2026). Cyclone Mocha as a Theater of Power: Competitive State-making in Post-coup, Climate-vulnerable Myanmar. Independent Journal of Burmese Scholarship, 7. https://ijbs.online/?page_id=5666
Forest Trends. (2024). Illegal Deforestation and Associated Trade (IDAT) Risk – Myanmar. https://www.forest-trends.org/idat_countries/myanmar/
Hansen, T. B., & Stepputat, F. (2001). States of Imagination. Duke University Press. https://www.dukeupress.edu/states-of-imagination
Hickey, S. P., & Maria-Sube, E. (2022, November). Myanmar’s environment and climate change challenges [Policy paper]. International IDEA. https://www.idea.int/publications/catalogue/myanmars-environment-and-climate-change-challenges
Holbraad, M., Kapferer, B., & Sauma, J. (Eds.). (2019). Ruptures: Anthropologies of Discontinuity in Times of Turmoil. UCL Press. http://discovery.ucl.ac.uk/10076047/1/Ruptures.pdf
Holloway, J., Matamoros, F., & Tischler, S. (2009). Negativity and Revolution: Adorno and Political Activism. Pluto Press.
Htout Phoet – ထောက်ပို့၊ (2023, June 5). အားလုံးက အားပေးကြလို့ တော်လှန်သစ်ပင်ကမ်ပိန်းလေးကို အခုပဲ စလိုက်ပါပြီခင်ဗျ [Facebook post]. Facebook. https://www.facebook.com/photo/?fbid=246375318081612&set=a.151531584232653
Independent People’s News. (2024, April 1). KIOနဲ့အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သယံဇာတနှင့် သဘာဝပတ်ဝန်ကျင်ထိမ်းသိမ်းရေးဝန်ကြီးဌါနတို့ သဘောတူညီချက်နဲ့ ကျွန်းသစ်တန်၈၁၈တန်ထုတ်ယူ [Facebook post]. Facebook. https://www.facebook.com/share/p/8vbYGhLoZwyRawxA/?mibextid=oFDknk
Jacquet, C. (2024). Introduction: Defiance, Civil Resistance and Experiences of Violence under Military Rule in Myanmar. In C. Jaquet (Ed.), Defiance, Civil resistance and Experiences of Violence Under Military Rule in Myanmar (pp. 11–29). Institut de recherche sur l’Asie du Sud-Est contemporaine. https://doi.org/10.4000/12m2b
Jolliffe, K. (2023). Contested Political Authority in Post-Coup Myanmar. In J. Chambers & M. Dunford (Eds.), Myanmar in Crisis: Living with the Pandemic and the Coup (pp. 125-158). ISEAS-Yusof Ishak Institute. https://bookshop.iseas.edu.sg/publication/7857
Kyed, H. M., & Chambers, J. (2023, March 6). Climate change action in conflict-affected context: Insights from Myanmar after the military coup. DIIS.https://www.diis.dk/en/research/climate-change-actions-in-conflict-affected-contexts
Kyed, H. M., Ah Lynn, & Nyan Pyi Thit. (2026). Local Experiences and Perceptions of Climate Change During Myanmar’s Violent Rupture. Independent Journal of Burmese Scholarship, 7. https://ijbs.online/?page_id=5645
Kyed, H. M., & Chambers, J. (2026). Introduction to the Special Issue on Climate Change and Conflict: Advancing Understandings of the Climate-Conflict Nexus in Times of Political Rupture and Chronic Crisis. Independent Journal of Burmese Scholarship, 7. https://ijbs.online/?page_id=5641
Lovatt, L., & Salai Johnny. (2025, January 4). Q&A: Leader of Myanmar’s shadow government talks civil war strategy in 2025. Al Jazeera. https://www.aljazeera.com/news/2025/1/4/qa-leader-of-myanmars-shadow-government-talks-civil-war-strategy-in-2025
Lund, C. (2016). Rule and Rupture: State Formation through the Production of Property and Citizenship. Development and Change, 47(6), 1199–1228. https://doi.org/10.1111/dech.12274
Lupien, P., Rincón, A., Vargas, A. L., Machaca, S., & Chiriboga, G. (2024). #Resistencia: Indigenous Movements, Social Media, and Mobilization in Latin America. Latin American Research, 59, 803-822. https://doi.org/10.1017/lar.2024.4
Luu, J. S. (2022, April 25). Myanmar’s Gemstone Riches Bring Poverty and Environmental Destruction. Mongabay. https://news.mongabay.com/2022/04/analysis-myanmars-gemstone-riches-bring-poverty-and-environmental-destruction/
Manaysay, F. V. (2020). Norms from Above, Movements from Below: Climate Change and Global-Local Dynamics of Indigenous Resistance in the Philippines and Indonesia. Journal of Southeast Asian Human Rights, 4(1), 226-252.
Nway Kant Kaw. (2026). Greening Dictatorship: The Military’s Appropriation of Climate Change. Independent Journal of Burmese Scholarship, 7. https://ijbs.online/?page_id=5653
McCarthy, J. (Ed.). (2020). Environmental Governance in a Populist/Authoritarian Era. Routledge. https://doi.org/10.4324/9780429327032
Ministry of Natural Resources and Environmental Conservation – NUG. (2021a, June 6). ၂၀၂၁ခုနစ်၊ ဇွန်လ (၅)ရက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၌ မြန်မာ့နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားသည့် သူရဲကောင်း (၈၄၅)ဦး [Facebook post]. Facebook. https://www.facebook.com/photo/?fbid=122406736670241&set=pcb.122406936670221
Ministry of Natural Resources and Environmental Conservation – NUG. (2021b, June 3). မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူညီအစ်ကိုမောင်နှမများခင်ဗျာ….လာမယ့် ၅-၆-၂၀၂၁ ရက်နေ့ ဟာကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) ဘဲဖြစ်ပါတယ် [Facebook post]. Facebook. https://www.facebook.com/photo/?fbid=121186243458957&set=a.103124538598461
Ministry of Natural Resources and Environmental Conservation – NUG. (2021c, November 1). ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများ၏ (၂၆) ကြိမ်မြောက် အစည်းအဝေး (COP 26) သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ သဝဏ်လွှာပေးပို့ခဲ့ခြင်း [Facebook post]. Facebook. https://www.facebook.com/MONRECNUGMyanmar/posts/pfbid023cL2hBEhk6hajUHLSgtyNGqEguKvEWrbM9Lj6XiWeBmQn6T6iWNxwUJsWy69YTDEl
Ministry of Natural Resources and Environmental Conservation – NUG. (2022a, May 8). MONREC PR Live [Facebook video]. Facebook. https://fb.watch/x4wvBJozJJ/
Ministry of Natural Resources and Environmental Conservation – NUG. (2022b, June 5). ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆွေးနွေးပွဲ [Facebook video]. Facebook. https://fb.watch/x2oTyK4rRR/
Ministry of Natural Resources and Environmental Conservation – NUG. (2022c, November 6). MONREC Talk Show (6) [Facebook video]. Facebook. https://fb.watch/x2mK7SGCHB/
Ministry of Natural Resources and Environmental Conservation – NUG. (2022d, November 6). စစ်နှင့် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားစဥ် သဘာဝပတ်ဝန်းကျင်အပေါ် အလွန်အကျွံထုတ်ယူသုံးစွဲမှုအား ကာကွယ်ခြင်းအထိမ်းအမှတ်နေ့ [Facebook post]. Facebook. https://www.facebook.com/MONRECNUGMyanmar/posts/pfbid02YxUPJNVw5L41KwjqqEwGmV3JdpJJxBsU6EzhW9JjtNo3EMEXhkFZNMpFDkJabnT8l
Ministry of Natural Resources and Environmental Conservation – NUG. (2022e, June 5). နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသည့် တော်လှန်ရေးသူရဲကောင်း ရဲဘော်များအား ဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ [Facebook post]. Facebook. https://www.facebook.com/MONRECNUGMyanmar/posts/pfbid0NviTV6gZeCmdWK5mic4CdHRjperJH5LW38eoBfuyNk5vbvSQXXHX44iFeTpfV9JDl
Ministry of Natural Resources and Environmental Conservation – NUG. (2022f, June 4). ၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အကြိုသစ်ပင်စိုက်ပျိုးပွဲ [Facebook post]. Facebook. https://www.facebook.com/MONRECNUGMyanmar/posts/pfbid02CvUtcLWucxxhdn8csdjfaDMnFDcs3PxTWe741SrWsDmbCqZ2PptTPNFRD3vM4eNBl
Ministry of Natural Resources and Environmental Conservation – NUG. (2023a, May 29). MONREC Talkshow (10) [Facebook video]. Facebook. https://fb.watch/x4wjqSKgjM/
Ministry of Natural Resources and Environmental Conservation – NUG. (2023b, June 3). ၂၀၂၃ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးထုတ်ပြန်ချက် [Facebook post]. Facebook. https://www.facebook.com/photo/?fbid=562072996099869&set=a.562083749432127
Ministry of Natural Resources and Environmental Conservation – NUG. (2023c, June 20). နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည်၏ (၇၈) နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးခြင်းမှတ်တမ်းများ [Facebook post]. Facebook. https://www.facebook.com/MONRECNUGMyanmar/posts/pfbid02dUugXjXNLuFF21FYcL5dGrXRnQwtVQojgoB53kifWNzpSm8yZFSvHXbBGb7MxGNHl
Ministry of Natural Resources and Environmental Conservation – NUG. (2023d, August 31). သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတင်းလွှာ [Facebook post]. Facebook. https://www.facebook.com/photo?fbid=608711474769354&set=pcb.608714511435717
Ministry of Natural Resources and Environmental Conservation – NUG. (2024a, February 29). သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတင်းလွှာ [Facebook post]. Facebook. https://www.facebook.com/photo/?fbid=707950408178793&set=pcb.707951021512065
Ministry of Natural Resources and Environmental Conservation – NUG. (2024b, June 5). ၂၀၂၄ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးခြင်း [Facebook post]. Facebook. https://www.facebook.com/MONRECNUGMyanmar/posts/pfbid02PzmsbRUNa8SYeUsyuGaW1y6Q3r3tb47qFMJv7KVJavywRKNnfPUj3gTFqr7PQqnLl?rdid=BC7sGGe2lXzCkPQW
Ministry of Natural Resources and Environmental Conservation – NUG. (2024c, June 5). ၂၀၂၄ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးထုတ်ပြန်ချက် [Facebook post]. Facebook. https://www.facebook.com/photo/?fbid=764128965894270&set=a.536390195334816
Ministry of Natural Resources and Environmental Conservation – NUG. (2024d, June 8). ၂၀၂၄ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးခြင်းနှင့် ဟောပြောပွဲများပြုလုပ်ခြင်း [Facebook post]. Facebook. https://www.facebook.com/MONRECNUGMyanmar/posts/pfbid0222UvtGE3JcfE4NsNujA9d6G5RP2fPRv5wseqHQjMaxWT4BiGYoAtv5PfNdtXcXz6l
Ministry of Natural Resources and Environmental Conservation – NUG. (2024e, June 29). အပြည်ပြည်ဆိုင်ရာ အပူပိုင်းဒေသများနေ့ (ဇွန်လ ၂၉ရက်၊ ၂၀၂၄ ခုနှစ်) [Facebook video]. Facebook. https://www.facebook.com/photo/?fbid=778766431097190&set=a.547294570848120
Ministry of Natural Resources and Environmental Conservation – NUG. (2024f, June 5). ၂၀၂၄ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်ပန်းပင်စိုက်ပျိုးခြင်းနှင့် ဟောပြောပွဲများပြုလုပ်ခြင်း [Facebook post]. Facebook. https://www.facebook.com/MONRECNUGMyanmar/posts/pfbid0w3WhREqUgKx3MFGDFaaRiTgWJm9NpVvMckSwPcC3F8u54YbHr3pUxuWGwu7GFTT2l
Moe Thuzar, & Htet Myet Min Tun. (2022, January 28). Myanmar’s National Unity Government: A Radical Arrangement to Counteract the Coup. ISEAS Perspective, 8. https://www.iseas.edu.sg/wp-content/uploads/2021/12/ISEAS_Perspective_2022_8.pdf
Mosberg, M. (2026). Depoliticizing Vulnerability & Climate Action in Conflict Contexts: Reflections from Southeast Myanmar. Independent Journal of Burmese Scholarship, 7. https://ijbs.online/?page_id=5670
Myanmar’s junta blocked from attending global climate summit. (2021, November 10). Radio Free Asia. https://www.rfa.org/english/news/myanmar/snubbed-11102021183951.html
National Unity Government. (2020). Nationally Determined Contributions 2020 (Executive Summary. https://assets-monrec.nugmyanmar.org/images/2021/07/Myanmar_NDC_2020_Executive-Summary_12Jul2021_EngVersion.pdf
Naw Htee Ku, & Hoffmann, K. (2026). Shifting Tides: Political Ruptures and Environmental Activism in Tanintharyi Region. Independent Journal of Burmese Scholarship, 7. https://ijbs.online/?page_id=5649
NUG-MoHADM. (2023, May 14). Call for urgent international action to support Myanmar for emergency response to Cyclone Mocha [Press release]. https://mohadm.nugmyanmar.org/2023/05/14/statement-no-2-2023-call-for-urgent-international-action-to-support-myanmar-for-emergency-response-to-cyclone-mocha/
NUG-MoNREC. (2021a). Status of Natural Resources Depletion During the Military Regimes in Myanmar (Forestry & Environment Sector). https://assets-monrec.nugmyanmar.org/images/2021/08/Status_of_Natural_Resources_Depletion_During_the_Military_Regimes.pdf
NUG-MoNREC. (2021b, June 20). Union Minister H.E. DR. TU HKAWNG. https://monrec.nugmyanmar.org/biography-union-minister/
NUG-MoNREC. (2021c, June 20). About Us. https://monrec.nugmyanmar.org/about-us/
NUG-MoNREC. (2021d, July 23). Announcement for International Cooperation in the Fields of Natural Resources and Environment. https://monrec.nugmyanmar.org/announcement-13-2021/
NUG-MoNREC. (2021e, November 3). 6 Month Progress Report of Ministry of Natural Resources and Environmental Conservation. https://monrec.nugmyanmar.org/6-month-progress-report/
NUG-MoNREC. (2022a, August 17). Interim Resources Management Framework (Forestry and Biodiversity Sector). https://monrec.nugmyanmar.org/interim-resources-management-framework-forestry-and-biodiversity-sector/
NUG-MoNREC. (2022b, October 31). Monitoring Deforestation Alerts During the Coup in Myanmar” (A Case in Sagaing Region) (Reconnaissance research report). https://monrec.nugmyanmar.org/monitoring-deforestation-alerts-during-the-coup-in-myanmar-a-case-in-sagaing-region-reconnaissance-research-report/
NUG-MoNREC. (2022c, November 7). Statement regarding to 27th Conference of Parties to the United Nations Framework Convention on Climate Change [Press release]. https://monrec.nugmyanmar.org/announcement-9-2022/
NUG-MoNREC. (2023a). MONREC News, 2(5). https://assets-monrec.nugmyanmar.org/images/2023/07/MONREC_MonthlyJournal_2.5.pdf
NUG-MoNREC. (2023b, December 9). Message sent by the Hon. H.E. Duwa Lashi La, Acting President of the National Unity Government of the Republic of the Union of Myanmar for the World Climate Action Summit and High-Level Segment of the 28th Conference of the Parties to the United Nations Framework Convention on Climate Change (UNFCCC). https://monrec.nugmyanmar.org/message-sent-by-the-hon-h-e-duwa-lashi-la-acting-president-of-the-national-unity-government-of-the-republic-of-the-union-of-myanmar-for-the-world-climate-action-summit-and-high-level-segment-of-the/
NUG-MoNREC. (2023c). MONREC News, 2(7). https://assets-monrec.nugmyanmar.org/images/2023/09/MONREC_MonthlyJournal_2.7.pdf
NUG-MoNREC. (2023d). MONREC News, 2(8).
NUG-MoNREC. (2023e). MONREC News, 2(9).
NUG-MoNREC. (2023f). MONREC News, 2(10).
Nyana, K., Aung, A., Phan, J., & Thel Mon. (2024). Collectivism and Everyday Resistance in Anyar. In C. Jaquet (Ed.), Defiance, civil resistance and experiences of violence under military rule in Myanmar (pp. 203–247). Institut de recherche sur l’Asie du Sud-Est contemporaine.
Obi, C. I. (2010). Oil Extraction, Dispossession, Resistance, and Conflict in Nigeria’s Oil-Rich Niger Delta. Canadian Journal of Development Studies, 30(1-2), 219-236. https://doi.org/10.1080/02255189.2010.9669289
Q&A: Karenni leader Khun Bedu is ‘determined to restore the people’s government’. (2023, September 7). Frontier Myanmar. https://www.frontiermyanmar.net/en/qa-karenni-leader-khun-bedu-is-determined-to-restore-the-peoples-government/
Ranjbar, A. M. (2023). The greening of human rights in Iran: Lake Orumiyeh, human rights, and environmental justice. Environment and Planning E: Nature and Space, 6(2), 1214–1228. https://doi.org/10.1177/25148486221108176
South, A. (2023). Conflict, Complexity and Climate Change: Emergent Federal Systems and Resilience in Post-Coup Myanmar. Regional Center for Social Science and Sustainable Development. https://rcsd.soc.cmu.ac.th/wp-content/uploads/2024/03/South-conflict-complexity-climate-full-2.pdf
Ulloa, A. (2017). Perspectives of Environmental Justice from Indigenous Peoples of Latin America: A Relational Indigenous Environmental Justice. Environmental Justice, 10(6), 175-180. https://doi.org/10.1089/env.2017.0017
Wah, E. (2022, May 23). Losing the freedom to protect: The shattered dreams of environment defenders. Frontier Myanmar. https://www.frontiermyanmar.net/en/losing-the-freedom-to-protect-the-shattered-dreams-of-environment-defenders/
Watts, M. (2004). Resource curse? Governmentality, oil and power in the Niger Delta, Nigeria. Geopolitics, 9(1), 50-80. https://www.tandfonline.com/doi/abs/10.1080/14650040412331307832
နိုဝင်ဘာ ၂၈ ရက် ထိပ်တန်းသတင်းများ – စစ်အာဏာသိမ်းထားတဲ့ မြန်မာမှာ ရာသီဥတုအန္တရာယ်ပိုဆိုးလာတယ်လို့ ကုလပြော၊ (၂၀၂၃၊ ၂၈ နိုဝင်ဘာ)၊ BBC News မြန်မာ ။ https://www.bbc.com/burmese/articles/cmjp1k3nldvo
နန်းမေသူအောင်၊ (၂၀၂၃၊ ဩဂုတ် ၁)၊ “သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတင်းလွှာ, အတွဲ ၂၊ အမှတ် ၈ – ရာသီဉတုပြောင်းလဲမှု၏သက်ရောက်မှု-မြန်မာနိုင်ငံသည်ထာဝရဓားစာခံဖြစ်၊ စာမျက်နှာ ၉-၁၂၊ ၂၀၂၃ အောက်တိုဘာ ၁။ https://assets-monrec.nugmyanmar.org/images/2023/10/MONREC_MonthlyJournal_2.8.pdf
နန်းမေသူအောင်၊ (၂၀၂၃၊ ဩဂုတ် ၁)၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတင်းလွှာ, အတွဲ ၂၊ အမှတ် ၉ – ရာသီဉတုပြောင်းလဲမှု၏သက်ရောက်မှု-မြန်မာနိုင်ငံသည်ထာဝရဓားစာခံဖြစ်၊ စာမျက်နှာ ၇-၁၀၊ ၂၀၂၃ အောက်တိုဘာ ၃၁။ https://assets-monrec.nugmyanmar.org/images/2023/10/MONREC_MonthlyJournal_2.9.pdf
နန်းမေသူအောင်၊ (၂၀၂၃၊ ဩဂုတ် ၁)၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတင်းလွှာ, အတွဲ ၂၊ အမှတ် ၁၀ – ရာသီဉတုပြောင်းလဲမှု၏သက်ရောက်မှု-မြန်မာနိုင်ငံသည်ထာဝရဓားစာခံဖြစ်၊ စာမျက်နှာ ၉-၁၃၊ ၂၀၂၃ နိုဝင်ဘာ ၃၀။ https://assets-monrec.nugmyanmar.org/images/2023/11/MONREC_MonthlyJournal_2.10.pdf
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ (၂၀၂၂၊ နိုင်ဝင်ဘာ)၊ စစ်အုပ်ချုပ်ရေးကာလများအတွင်း မြန်မာ့သဘာဝသယံဇာတများ ပျက်စီးဆုံးရှုံးမှုအား ဆန်းစစ် လေ့လာခြင်း (သတ္တုနှင့် ကျောက်မျက်ကဏ္ဍ)။ https://monrec.nugmyanmar.org/စစ်အုပ်ချုပ်ရေးကာလများ/
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ (၂၀၂၂၊ နိုင်ဝင်ဘာ)၊ စစ်အုပ်ချုပ်ရေးကာလများအတွင်း မြန်မာ့သဘာဝသယံဇာတများ ပျက်စီးဆုံးရှုံးမှုအား ဆန်းစစ် လေ့လာခြင်း (သတ္တုနှင့် ကျောက်မျက်ကဏ္ဍ)။ https://assets-monrec.nugmyanmar.org/images/2022/11/Status-of-Natural-Resources-Depletion-during-military-regime_mining-and-gems.pdf