ဟယ်လင်မာရီယာကူး၊ အလင်းနှင့် ဉာဏ်ပြည်သစ် | Click here to read this article in English.
Cite as: ဟယ်လင်မာရီယာကူး၊ အလင်းနှင့် ဉာဏ်ပြည်သစ်၊ (၂၀၂၆)၊ မြန်မာနိုင်ငံ၏ ကြမ်းတမ်းသော တစ်ဆစ်ချိုးအပြောင်းအလဲကာလအတွင်း ရာသီဥတုပြောင်းလဲမှုအပေါ် ဒေသခံတို့၏ အတွေ့အကြုံနှင့် ရှုမြင်ပုံများ၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ၇။ https://ijbs.online/?page_id=5647

အကျဉ်းချုပ်
ဤဆောင်းပါးသည် ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံရှိ ပဋိပက္ခဖြစ်ပွားရာ ဒေသများမှ လူထုအနေဖြင့် ရာသီဥတုပြောင်းလဲမှုကို မည်သို့ရှုမြင် နားလည်ပြီး တွေ့ကြုံခံစား နေရသည်ကို လေ့လာဆန်းစစ် ထားသည်။ ဒေသ ရှစ်ခုတွင် နှစ်နှစ်ကြာ ပြုလုပ်ခဲ့သော လူထု အခြေပြု လူမှုဘဝအလေ့အထသရုပ်ခွဲနည်းနာဖြင့် လေ့လာမှုများ (community ethnography) ကို အခြေ ခံ၍ အကြမ်းဖက်မှုများ၊ အာဏာရှင်အုပ်ချုပ်မှုနှင့် နာတာရှည် အကျပ်အတည်း များကြားတွင် ဒေသခံပြည်သူများက ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှု များကို မည်သို့ ဖော်ပြပြောဆိုကြသည်ကို ကျွန်ုပ်တို့ စူးစမ်းလေ့လာထားသည်။ ရာသီဥတုပြောင်းလဲမှုသည် သီးခြားဖြစ်ရပ်တစ်ခုမဟုတ်ဘဲ ပဋိပက္ခ၊ မလုံခြုံမှု၊ နာမ်ပိုင်းဆိုင်ရာ (နတ်) ယုံကြည်မှုများ၊ လူမှုရေး-နိုင်ငံရေး ပြိုကွဲမှုများနှင့် ရောယှက်နေကြောင်း ဒေသခံများ၏ အသံများကို ရှေ့တန်း တင် တင်ပြထားသည်။ မြင့်မားသော ဘေးအန္တရာယ်နှင့် ဖိနှိပ်မှုများရှိသည့် အခြေအနေများ အောက်တွင် ရပ်ရွာအခြေပြု ကွင်းဆင်းလေ့လာခြင်းသည် အဓိကကျသော ရာသီဥတုနှင့် ပဋိ ပက္ခစပ်ဆက်မှုဆိုင်ရာ ဇာတ်ကြောင်းများတွင် ချန်လှပ်ထားခြင်းခံရသည့် အသိပညာ၊ ဗဟု သုတများကို ရရှိနိုင်ရန် အရေးကြီးသော နည်းလမ်းတစ်ခုဖြစ်သည်။ ရာသီဥတုပြောင်းလဲမှု သည် ကမ္ဘာလုံးဆိုင်ရာ ဇီဝရုပ်ပိုင်းဆိုင်ရာ ဖြစ်စဉ်သက်သက်သာဖြစ်သည်ဟူသော ယူဆချက် ကို ဒေသခံများ၏ ရှုမြင်ပုံများက စိန်ခေါ်နေကြောင်း ကျွန်ုပ်တို့ ငြင်းခုံတင်ပြထားသည်။ ယင်း အစား နိုင်ငံရေးအကြမ်းဖက်မှု၊ စီးပွားရေးအခက်အခဲနှင့် ကိုယ်ကျင့်တရား သို့မဟုတ် ဘာသာ ရေးဆိုင်ရာ အနက်ဖွင့်ဆိုချက်များအပေါ် အခြေခံသည့် နက်ရှိုင်းသော ဒေသန္တရ နားလည်မှု များကို ဤဆောင်းပါးက ဖော်ထုတ်ပြသထားသည်။ ဤထိုးထွင်းသိမြင်မှုများသည် ပဋိပက္ခနှင့် အုပ်ချုပ်ရေးယန္တရား ပျက်ပြားမှုများက ထိခိုက်လွယ်မှုနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို မည်သို့ ပုံဖော်ပေးသည်ကို မီးမောင်းထိုးပြခြင်းဖြင့် ရာသီဥတုနှင့် ပဋိပက္ခ ဆက်နွှယ်မှုကို တစ်မျိုး တစ်ဖုံ ပြန်လည်ပုံဖော်ပေးသည်။
မိတ်ဆက်
၂၀၂၁ မြန်မာ့စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော အကြမ်းဖက်မှုနှင့် တစ်ဆစ်ချိုး အပြောင်းအလဲများသည် နေ့စဉ်လူမှုဘဝများနှင့် ဒေသန္တရအုပ်ချုပ်ရေး ယန္တရားများအပေါ် သိသာထင်ရှားစွာ သက်ရောက်မှုရှိခဲ့ပြီး နိုင်ငံရေး၊ လုံခြုံရေးနှင့် စီးပွားရေးအကျပ်အတည်းများ အပြန်အလှန် ရောယှက်နေမှုကို ထင်ဟပ်စေသည်။1 ဤဆောင်းပါးတွင် အဆိုပါ ဘက်ပေါင်းစုံ အကျပ်အတည်းများက ဒေသခံပြည်သူများ၏ ရာသီဥတုပြောင်းလဲမှုအပေါ် တွေ့ကြုံခံစားရမှု နှင့် ရှုမြင်နားလည်မှုများအပေါ် မည်သို့သက်ရောက်နေသည်ကို ကျွန်ုပ်တို့ စူးစမ်းလေ့လာထား သည်။ ကျွန်ုပ်တို့သည် ဒေသခံများ၏ အမြင်များကို ရှေ့တန်းတင်ထားပါသည်။ ကျွန်ုပ်တို့က “ဝန်ထုပ်ဝန်ပိုး သုံးရပ်” (triple burden) ဟု ခေါ်ဆိုသည့် ရာသီဥတုပြောင်းလဲမှု၊ ပဋိပက္ခနှင့် အာဏာရှင် အုပ်ချုပ်မှုဟူသော အခြေအနေများကြားတွင် ပြည်သူများက ၎င်းတို့၏ နေ့စဉ် ဘဝအတွင်း ရာသီဥတုနှင့် ပတ်ဝန်းကျင်ပြောင်းလဲမှုများအကြောင်း မည်သို့ ပြောဆိုကြသည် ကို မှတ်တမ်းတင် တင်ပြထားသည်။
ကျွန်ုပ်တို့၏ ဆန်းစစ်ချက်သည် ၂၀၂၂ ဇွန်လမှ ၂၀၂၄ ဇူလိုင်လအထိ ကချင်၊ ကရင်၊ မွန်နှင့် ရခိုင်ပြည်နယ်များအပြင် တနင်္သာရီ၊ စစ်ကိုင်းနှင့် ပဲခူးတိုင်းဒေသကြီးများနှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတို့ရှိ နေရာဒေသ ရှစ်ခုတွင် နှစ်နှစ်ကြာ ပြုလုပ်ခဲ့သော လူထုအခြေပြု လူမျိုးစုဗေဒဆိုင်ရာ လေ့လာမှုများအပေါ် အခြေခံထားသည်။ ဤဒေသများသည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ဟု လူသိများသော စစ်အုပ်စု၏ ဖိနှိပ်ချုပ်ခြယ်မှုများနှင့် နစကနှင့် တော်လှန်ရေးအင်အားစုများ (ပြည်သူ့ကာကွယ် ရေးတပ်မတော် (PDF) များနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (ERO) အပါအဝင်) အကြား နယ် မြေစိုးမိုးရေးအတွက် ပြင်းထန်သော အားပြိုင်မှုများ၏ ဒဏ်ကို နက်နက်ရှိုင်းရှိုင်းခံစားနေရ သော နေရာများဖြစ်သည်။ လေ့လာမှုပြုလုပ်စဉ်အတွင်း ဒေသလေးခုမှာ နစက၏ အပြည့်အဝ ထိန်းချုပ်မှုအောက်တွင် ရှိပြီး သုံးခုမှာ နစကနှင့် တော်လှန်ရေးအင်အားစုများအကြား နယ်မြေ စိုးမိုးမှု လုနေရသော နေရာများဖြစ်ကာ ကျန်တစ်နေရာမှာ နစကနှင့် ERO များ ပူးပေါင်း ဆောင်ရွက်နေသော နေရာဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ လေ့လာမှုတွင် တော်လှန်ရေး အင်အားစုများ ထိန်းချုပ်ထားသော မည်သည့် ‘လွတ်မြောက်နယ်မြေ’ မှ မပါဝင်ပေ။
ရာသီဥတုပြောင်းလဲမှု သို့မဟုတ် ရာသီဥတု ဖောက်ပြန်မှုများကြောင့် အသက်မွေးဝမ်း ကျောင်းအပေါ် ကျရောက်သည့် ဆိုးကျိုးများသည် အသစ်အဆန်းမဟုတ်သော်လည်း စစ် အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုဆိုးရွား လာသည်ဟု လူထုက ခံစားနေရသည်။ ကျွန်ုပ်တို့၏ လေ့လာမှုတွင် ပါဝင်သူများသည် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုနှင့် ရာသီဥတု ဖောက်ပြန်မှုကို သီးခြားစီခွဲ၍ ပြောကြသည်ကရှားသည်။ ၎င်းတို့သည် ပတ်သက်၍လည်း အကျပ်အတည်းတစ်ခုတည်း၏ အစိတ်အပိုင်းအဖြစ်သာ ဖော်ပြကြသည်။ ဤသို့ ပိုမိုဆိုးရွား လာသည်ဟု ခံစားရခြင်းမှာ အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာသော စီးပွားရေး၊ နိုင်ငံရေး နှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများကြားတွင် လူထုအနေဖြင့် ရင်ဆိုင်ဖြေရှင်းနိုင်စွမ်း လျော့နည်းလာခြင်းကြောင့် ဖြစ်သည်ဟု ယူဆရသည်။ တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုနှင့်အညီ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရေး ဆိုင်ရာ ကိစ္စရပ်များသည် ရှင်သန်ရေးနှင့် လုံခြုံရေးဟူသော ချက်ချင်း ဖြေရှင်းရမည့် ဦးစားပေး များ၏ အရိပ်အောက်တွင် မှေးမှိန်သွားခဲ့သည်။ ၎င်းအခြေအနေမှာ နစက၏ ဖိနှိပ်မှုနှင့် စစ်တပ် နှင့် တော်လှန်ရေးအင်အားစုများအကြား ပဋိပက္ခများ နေ့စဉ်ဘဝအတွင်း ပျံ့နှံ့နေပြီး အုပ်ချုပ်မှု ယန္တရား ကင်းမဲ့ခြင်း၊ အားပြိုင်နေခြင်း သို့မဟုတ် ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို လျစ် လျူရှုထားခြင်း ခံရသည့် ဒေသများတွင် သိသိသာသာ တွေ့မြင်ရသည်။ အဆိုပါ ဒေသများတွင် အာဏာသိမ်းမှုမတိုင်မီက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများနှင့် လူထုအခြေပြု အဖွဲ့အစည်းများသည် စစ်တပ်၏ ဖိနှိပ်မှုများ ကြောင့်လည်းကောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများတွင် အဓိကပါဝင်လှုပ်ရှားခဲ့ သည့် လူငယ်အများစုမှာ အခြားဒေသများသို့ တိမ်းရှောင်သွားကြခြင်းကြောင့်လည်းကောင်း လုပ်ငန်းများ ရပ်တန့်သွားခဲ့ရသည်။2
ဤဆောင်းပါးတွင် ရာသီဥတုပြောင်းလဲမှု၏ မူလအကြောင်းရင်းများအပေါ် ပြည်သူတို့၏ ရှုမြင်ပုံများကို ၎င်းတို့၏ လက်တွေ့ဘဝအကြောင်း နောက်ခံအရ ဖြစ်ပေါ်လာသောသိမှု (situated knowledge) အပေါ် အခြေခံ၍ လေ့လာတင်ပြထားသည်။ ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက်၍ လူပုဂ္ဂိုလ်တစ်ဦးချင်းစီသည် ရုပ်ပိုင်းဆိုင်ရာ (material) နှင့် နာမ်ပိုင်းဆိုင်ရာ (immaterial) ရှင်းလင်းချက်များကို မည်သို့ပေါင်းစပ်တွေးတောကြသည်ကို ကျွန်ုပ်တို့ ဖော်ပြ ထားသည်။ ယေဘုယျအားဖြင့် ၎င်းတို့သည် ရာသီဥတုပြောင်းလဲမှုကို ကမ္ဘာလုံးဆိုင်ရာ ကာဗွန် ထုတ်လွှတ်မှုများနှင့် သက်ဆိုင်သည် ဆိုသည်ထက် မိမိတို့ဒေသနှင့် မြန်မာနိုင်ငံအတွင်း ကြုံ တွေ့နေရသော ကျယ်ပြန့်သည့် အကျပ်အတည်း အတွေ့အကြုံများနှင့်သာ ဆက်စပ်ရှုမြင်ကြ သည်။ ဥပမာအားဖြင့် ပြည်သူများသည် သစ်တောပြုန်းတီးမှုနှင့် ညစ်ညမ်းမှုများကို ရာသီဥတု ပြောင်းလဲမှု၏ ရုပ်ပိုင်းဆိုင်ရာအကြောင်းရင်းများအဖြစ် ရှုမြင်ကြပြီး ယင်းတို့ကို စစ်တပ်၏ သယံဇာတထုတ်ယူရေးလုပ်ငန်းများနှင့် လောဘဇောတို့နှင့် ချိတ်ဆက်ထားကြသည်။ နေရပ် စွန့်ခွာရသူများနှင့် ဒေသခံလူထုအပေါ်တွင်မူ အပြစ်တင်မှု အကန့်အသတ်သာ ရှိနေပြီး ထိုသို့ ဖြစ်ရသည့်အကြောင်းမှာ ၎င်းတို့၏ လုပ်ရပ်များသည် လောဘကြောင့်မဟုတ်ဘဲ ပြင်းထန် သော အကျပ်အတည်းကာလအတွင်း ရှင်သန်ရပ်တည်ရေးအတွက် လိုအပ်ချက်အရ လုပ် ဆောင်ရခြင်းဖြစ်သည်ဟု ယူဆသောကြောင့်ဖြစ်သည်။ အချို့ကမူ ရာသီဥတု ပြောင်းလဲမှုကို သဘာဝတရားအား ရောင်းကုန်ပစ္စည်းအဖြစ် ပြောင်းလဲခြင်း (commodification of nature) နှင့် ရိုးရာဓလေ့ထုံးတမ်းများ ဆုတ်ယုတ်လာခြင်းတို့၏ ရေရှည်အကျိုးဆက်ကြောင့် ဖြစ် သော ပတ်ဝန်းကျင် ယိုယွင်းမှုအဖြစ် ရှုမြင်ကြသည်။ အခြားသူများကမူ ရာသီဥတု ပြောင်းလဲ မှုကို ခရစ်ယာန်၊ ဗုဒ္ဓဘာသာနှင့် နတ်ကိုးကွယ်မှုဆိုင်ရာ ယုံကြည်ချက်များအလိုက် ဘာသာ ရေးနှင့် နာမ်ပိုင်းဆိုင်ရာ ရှုထောင့်များမှ အနက်ဖွင့်ဆိုကြသည်။ ဤဘာသာရေး အခြေပြု ရှင်း လင်းချက်များသည် ကိုယ်ကျင့်တရား ပျက်ပြားသော အပြုအမူများ အပါအဝင် ကိုယ်ကျင့် တရားဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အနက်ဖွင့်ဆိုချက် များနှင့် ရောယှက်နေတတ်လေ့ရှိသည်။
ဤထိုးထွင်းသိမြင်မှုများအပေါ် အခြေခံ၍ လူထု၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အတွေ့ အကြုံများကို ၎င်းတို့၏ ဘဝအပေါ် သက်ရောက်နေသည့် နိုင်ငံရေး၊ လူမှုစီးပွား၊ ပတ်ဝန်းကျင် နှင့် လုံခြုံရေးဆိုင်ရာ ဖြစ်ပေါ်ပြောင်းလဲမှုများမှ သီးခြားခွဲထုတ်၍ မရနိုင်ကြောင်း ကျွန်ုပ်တို့ ငြင်းခုံတင်ပြထားသည်။3 လူအများအပြားအတွက် ရာသီဥတုပြောင်းလဲမှုသည် ကမ္ဘာလုံးဆိုင် ရာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု မြင့်တက်လာခြင်းနှင့်တင် ထပ်တူကျခြင်း မရှိနေပေ။ ရာသီဥတုပြောင်းလဲမှုဆိုသည်မှာ မြန်မာနိုင်ငံရှိ ပြည်သူများ လက်တွေ့ကြုံတွေ့နေရသည့် ရာသီဥတု ဖောက်ပြန်မှုများ၊ သဘာဝဘေးအန္တရာယ်များ နှင့် ပတ်ဝန်းကျင် ပျက်စီးမှုများဖြစ်ပြီး ၎င်းတို့ကို ၎င်းတို့၏ ပတ်ဝန်းကျင်ရှိ သစ်ခုတ်ခြင်းနှင့် သတ္တုတူးဖော်ခြင်းကဲ့သို့သော လုပ်ဆောင်ချက်များနှင့် ဆက်စပ်ကြည့်မြင်ကြသည်။ ထို့အပြင် ရာသီဥတုပြောင်းလဲမှု၏ အကြောင်းရင်းများအပေါ် လူထု၏ ရှုမြင်ပုံများသည် လက်ရှိဖြစ်ပွားနေသော ခပ်ကြမ်းကြမ်း တစ်ဆစ်ချိုးအပြောင်းအလဲများ (violent rupture) နှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကြမ်းဖက်မှု၊ နိုင်ငံတော်မှ ကျူးလွန်သော အကြမ်းဖက်မှုဆိုင်ရာ သမိုင်း ကြောင်းများအပေါ် အခြေခံသည့် “နာတာရှည်အကျပ်အတည်း” (chronic crisis)4 ဟူသော ပိုမိုကျယ်ပြန့်သည့် နားလည်မှုများ တွင် ကိန်းအောင်းနေကြောင်း ကျွန်ုပ်တို့တင်ပြထားသည်။ လူထု၏ ရာသီဥတုပြောင်းလဲမှု အပေါ် ရှုမြင်ပုံများသည် ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အသိအမြင်များမှ တစ်ဆင့် ရရှိ သော အကျပ်အတည်းနှင့် လူနှင့် သဘာဝ ဆက်နွှယ်မှုဆိုင်ရာ နားလည်မှုများ၏ လွှမ်းမိုးမှုကို လည်း ခံရသည်။
သီအိုရီအရ ကျွန်ုပ်တို့သည် ပဋိပက္ခဖြစ်ပွားရာဒေသတွင် နေထိုင်သူများ၏ ဒေသန္တရ အတွေ့အကြုံများနှင့် ရှုမြင်ပုံများကို အဓိကထားခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုနှင့် ပဋိပက္ခ ဆက်နွှယ်မှု (climate change-conflict nexus) ကို ပိုမိုနက်ရှိုင်းစွာ နားလည်စေရန် ဆောင် ရွက်ထားသည်။ ဤအကြောင်းအရာသည် များသောအားဖြင့် ရာသီဥတုပြောင်းလဲမှုက ပဋိ ပက္ခဆီသို့ မည်သို့ဦးတည်စေသနည်းဟူသော အခြေအနေများကိုသာ အဓိကထားသည့် သိပ္ပံ နည်းကျနှင့် အရေအတွက်အခြေပြုလေ့လာမှုများကြားတွင် လျစ်လျူရှုခံထားရလေ့ရှိသည်။ လူမှုအလေ့အထနှင့် လူမှုဘဝသရုပ်ခွဲလေ့လာမှုပညာနှင့် လူမှုပထဝီဝင်ဘာသာရပ်များက5 မကြာသေးမီနှစ်များအတွင်း ဒေသခံပြည်သူများ၏ ဒေသန္တရအသိပညာကို ထည့်သွင်းစဥ်းစား အသိအမှတ်ပြုလာကြသည်။ ရာသီဥတုနှင့် ပတ်ဝန်းကျင်ပြောင်းလဲမှုများ6အပေါ် ကျွန်ုပ်တို့၏ နားလည်မှုသည် အဆိုပါပညာရပ်ဆိုင်ရာအချက်ကို အခြေခံသည့်အပြင် ခပ်ကြမ်းကြမ်း တစ် ဆစ်ချိုးအပြောင်းအလဲများ7နှင့် နာတာရှည်အကျပ်အတည်းများက8 ရာသီဥတုပြောင်းလဲခြင်း နှင့်ဆိုင်သော ဒေသန္တရအသိအပေါ် မည်သို့သက်ရောက်မှုရှိသည်ကိုပါ ထည့်သွင်းပေါင်းစပ် ထားသည်။9 ကျွန်ုပ်တို့သည် စစ်အာဏာသိမ်းမှုကို လူထု၏ လူနေမှုဘဝ၊ လုံခြုံရေးနှင့် ဒေသ တွင်း အုပ်ချုပ်ရေးယန္တရားများအပေါ် ရုတ်တရက် အနှောင့်အယှက်ဖြစ်စေသော အပြောင်း အလဲများကို ဖြစ်ပေါ်စေသည့် ကြမ်းတမ်းသော တစ်ဆစ်ချိုးအပြောင်းအလဲတစ်ခုအဖြစ် ယူဆ ဖွင့်ဆိုထားသည်။ ဤတစ်ဆစ်ချိုး အပြောင်းအလဲသည် ဆယ်စုနှစ်ပေါင်းများစွာ ကြာရှည်ခဲ့ သော စစ်အုပ်ချုပ်ရေး၊ လက်နက်ကိုင်ပဋိပက္ခနှင့် ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများ ပါဝင် သည့် နာတာရှည် အကျပ်အတည်းများအပေါ်တွင် ထပ်ဆင့်ဖြစ်ပေါ် လာခြင်းဖြစ်ပြီး ၎င်းတို့ အားလုံးသည် ကမ္ဘာတစ်ဝန်း ကြုံတွေ့နေရသော ရာသီဥတုပုံစံပြောင်းလဲမှုများနှင့် အပြန် အလှန် ဆက်နွှယ်နေသည်။
ဤဆောင်းပါးကို အပိုင်းလေးပိုင်းနှင့် နိဂုံးတစ်ခုဖြင့် ဖွဲ့စည်းထားသည်။ ပထမဦးစွာ ကျွန်ုပ်တို့၏ ရပ်ရွာအခြေပြုလူမှုဘဝအလေ့သရုပ်ခွဲနည်းနာ (community ethnography methodology) ကို မိတ်ဆက်တင်ပြပါမည်။ ထို့နောက် ကျွန်ုပ်တို့၏ ဆန်းစစ်ချက်တွင် အသုံး ပြုထားသော လေ့လာမှုများနှင့် သီအိုရီများအပြင် ရာသီဥတုပြောင်းလဲမှုနှင့် ပဋိပက္ခ ဆက်နွှယ် မှုဆိုင်ရာ လက်ရှိလေ့လာမှုများအပေါ် ကျွန်ုပ်တို့ ထပ်လောင်းဖြည့်စွက်ထားသည်များကို အကျဉ်းချုပ်ဖော်ပြပါမည်။ ၎င်းနောက်တွင် လက်တွေ့ကွင်းဆင်း တွေ့ရှိချက်များကို တင်ပြ သွားမည်ဖြစ်ပြီး အာဏာသိမ်းမှုနောက်ပိုင်း ရာသီဥတုနှင့် ပတ်ဝန်းကျင်ပြောင်းလဲမှုများအပေါ် လူထု၏ စောင့်ကြည့်လေ့လာမိမှုများကို ပထမအချက်အဖြစ်လည်းကောင်း၊ အဆိုပါ ပြောင်းလဲ မှုများ၏ မူလဇာစ်မြစ် အကြောင်းရင်းများအပေါ် ၎င်းတို့၏ ရှုမြင်ပုံများကို ဒုတိယအချက် အဖြစ်လည်းကောင်း အဓိကထား တင်ပြသွားမည်ဖြစ်သည်။ စာမျက်နှာ ကန့်သတ်ချက် ကြောင့် ပဋိပက္ခအတွင်း ရာသီဥတုပြောင်းလဲမှုအပေါ် လူထုက မည်သို့ လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်သည် သို့မဟုတ် ရင်ဆိုင်ဖြေရှင်းသည်ဟူသော အချက်များကိုမူ ဤ ဆောင်းပါးတွင် ထည့်သွင်းဆွေးနွေးမည် မဟုတ်သော်လည်း မူလသုတေသန လေ့လာမှုများ တွင်မူ ထိုမေးခွန်းများကို လွှမ်းခြုံလေ့လာမှုပြုခဲ့သည်။
ရပ်ရွာအခြေပြုလူမှုဘဝအလေ့အထသရုပ်ခွဲလေ့လာမှုနည်းနာအပေါ် ပြန်လည်သုံးသပ်ချက်များ
ဤဆောင်းပါးပါ တွေ့ရှိချက်များသည် “ရပ်ရွာအခြေပြုလူမှုဘဝအလေ့အထသရုပ်ခွဲလေ့လာမှု နည်းနာ” အပေါ် အခြေခံထားသည်။ ဤသည်မှာ မြန်မာနိုင်ငံအခြေစိုက် “ဉာဏ်စင်္ကြံ” အဖွဲ့မှ အကြီးတန်းသုတေသီများ ဖော်ထုတ်ထားသည့် သုတေသနနည်းနာတစ်ခု ဖြစ်ပါသည်။ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း မတည်ငြိမ်မှုနှင့် ဘေးကင်းလုံခြုံမှုမရှိသော အခြေအနေများ ကြောင့် ဉာဏ်စင်္ကြံအဖွဲ့သည် ၎င်း၏ သုတေသနချဉ်းကပ်ပုံကို အကြီးအကျယ် ပြောင်းလဲခဲ့ရ သည်။ ဤနည်းနာသည် လူမှုဘဝအလေ့အထလေ့လာမှု နည်းနာတစ်မျိုးဖြစ်ပြီး ဒေသအခြေ ပြု သုတေသီများ၊ ဉာဏ်စင်္ကြံအဖွဲ့မှ သုတေသီများနှင့် ဒိန်းမတ်နိုင်ငံတကာလေ့လာရေး အင်စတီကျုတို့အကြား အသိပညာဗဟုသုတများကိုပူးပေါင်းဖော်ထုတ်ခြင်း (coproduction of knowledge)10 အပေါ် အခြေခံသည်။ လက်ရှိအခြေအနေတွင် စစ်တပ် ထိန်းချုပ်ရာဒေသ များအတွင်း လူကိုယ်တိုင် ကွင်းဆင်းလေ့လာခြင်းသည် သုတေသီများအတွက် ဘေးမကင်း သလို သုတေသနကျင့်ဝတ်နှင့်လည်း မညီညွတ်ပေ။ တရားဝင်အင်တာဗျူးများနှင့် စစ်တမ်း ကောက်ယူမှုများသည်လည်း သုတေသနတွင် ပါဝင်ဖြေဆိုသူများ၏ လုံခြုံရေးကို စိုးရိမ်ရစေပြီး အထူးသဖြင့် စစ်တပ်အင်အား အများအပြားရှိသော ဒေသများတွင် ဒေသခံအာဏာပိုင်များ၏ သံသယဖြစ်မှုကို နှိုးဆွနိုင်သောကြောင့်ဖြစ်သည်။ ထို့ပြင် ပဋိပက္ခအခြေ အနေနှင့် စစ်တပ်၏ ဖိနှိပ်မှုများကြောင့် တရားဝင်အင်တာဗျူးပြုလုပ်ခြင်းသည် အန္တရာယ်ရှိပြီး ယုံကြည်စိတ်ချရမှု မရှိတော့ပေ။ စစ်တပ်သတင်းပေးများကို ကြောက်ရွံ့ရခြင်းနှင့် မယုံကြည်မှု မြင့်မားနေခြင်း တို့ကြောင့် လူအများစုသည် အင်တာဗျူးများတွင် ၎င်းတို့၏ အမြင်အစစ်အမှန်နှင့် အတွေ့ အကြုံများကို ပွင့်ပွင့်လင်းလင်း ပြောဆိုရန် ကြောက်ရွံ့နေကြသည်။
အဆိုပါအခြေအနေများကို ကျော်လွှားနိုင်ရန် ဉာဏ်စင်္ကြံအဖွဲ့သည် ဒေသတွင်း၌ နေထိုင် ဆဲဖြစ်သော လူပုဂ္ဂိုလ်များကို “ရပ်ရွာအခြေပြု လူမှုဘဝအလေ့အထလေ့လာမှုသုတေသီများ” (community ethnographers) အဖြစ် လေ့ကျင့်သင်တန်းပေးရန်စုစည်းခဲ့သည်။ သုတေသီ အများစုမှာ အာဏာသိမ်းမှုမတိုင်မီကပင် ဉာဏ်စင်္ကြံအဖွဲ့နှင့် လုပ်ကိုင်ဖူးသူများ သို့မဟုတ် အဆက်အသွယ်ရှိသူများဖြစ်ကြပြီး ကျန်ရှိသူများကိုမူ ဉာဏ်စင်္ကြံနှင့် နှစ်ရှည်လများ ပူးပေါင်း ဆောင်ရွက်ခဲ့သည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အကူအညီဖြင့် ရှာဖွေခဲ့သည်။ ဤချဉ်း ကပ်ပုံသည် ယုံကြည်မှုနှင့် လျှို့ဝှက်ချက်ထိန်းသိမ်းမှုအပေါ် အခြေခံသည့် ဆက်ဆံရေးများ တည်ဆောက်ရာတွင် အလွန်အရေးကြီးသည်။ အချို့သော ရပ်ရွာအခြေပြုသုတေသီများသည် အရည်အသွေးအခြေပြု သုတေသနနည်းနာများတွင် အတွေ့အကြုံရှိပြီးဖြစ်သော်လည်း ပြောင်းလဲသွားသောအခြေအနေများအရ မတည်ငြိမ်သောဝန်းကျင်တွင် သုတေသနပြုရန် သုတေသနဝန်းကျင်တွင် သီးသန့်လေ့ကျင့်မှုများကို ထပ်မံရရှိခဲ့ကြသည်။ ၎င်းတို့သည် ရပ်ရွာ အခြေပြု သုတေသီများအနေဖြင့် မိမိတို့၏ နေ့စဉ်ဘဝအတွင်း၌ပင် တင်းကျပ်သော လုံခြုံရေး နှင့် ကျင့်ဝတ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လိုက်နာလျက် မိမိတို့လူ့အသိုက်အဝန်းနှင့် ပတ်ဝန်းကျင်ဒေသများမှ သတင်းအချက်အလက်များကို စုဆောင်းရန် လေ့ကျင့်သင်ကြားခဲ့ ကြသည်။ ၎င်းတို့သည် “ပါဝင်သူများကိုလေ့လာစောင့်ကြည့်ခြင်း” (participant observation) နှင့် “အလွတ်သဘော စကားပြောဆိုမှုများ” မှတစ်ဆင့် ၎င်းတို့၏ ကိုယ်တိုင်ခံစားရ သော အတွေ့အကြုံများနှင့် ဒေသခံအချင်းချင်း ထိတွေ့ဆက်ဆံမှုများမှ အချက်အလက်များကို စုဆောင်းခဲ့ကြပါသည်။ အလွန်ရှားပါးသော အခြေအနေများတွင်သာ အချို့သော သုတေသီ များသည် အင်တာဗျူးများ ပြုလုပ်ခဲ့သော်လည်း ၎င်းမှာ အလွန်ရင်းနှီးပြီး စိတ်ချ ယုံကြည်ရသူ များနှင့်သာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ရပ်ရွာအခြေပြုသုတေသီများကို ပဋိပက္ခနှင့် အုပ်ချုပ်ရေးဆိုင်ရာ ဖြစ်ပေါ်ပြောင်းလဲမှု အမျိုးအစား သုံးမျိုးရှိသည့် ဒေသ ရှစ်ခုမှ စုဆောင်းခဲ့သည်။11 ၎င်းတို့တွင် နစက ထိန်းချုပ်မှု အောက်ရှိ မြစ်ကြီးနား (ကချင်ပြည်နယ်၊ မြို့ပြ)၊ တောင်ငူ (ပဲခူးတိုင်း၊ မြို့ပြ)၊ မုဒုံ (မွန်ပြည်နယ်၊ ကျေးလက်) နှင့် ဘားအံ (ကရင်ပြည်နယ်၊ မြို့ပြ) တို့ ပါဝင်သည်။ ထို့ပြင် နစကနှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများ ပူးတွဲထိန်းချုပ်ထားသော လေရှီး (နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ ကျေးလက်နှင့် မြို့ပြ)၊ နစကနှင့် တော်လှန်ရေးအင်အားစုများအကြား လက်နက် ကိုင်အားပြိုင်မှုများရှိသည့် ကလေးမြို့ (စစ်ကိုင်းတိုင်း၊ မြို့ပြ) နှင့် လောင်းလုံ (တနင်္သာရီတိုင်း၊ ကျေးလက်)၊ နစကနှင့် အာရက္ခတပ်တော် (အေအေ) တို့အကြား အားပြိုင်မှုများရှိသည့် စစ်တွေ (ရခိုင်ပြည်နယ်၊ မြို့ပြ) တို့လည်း ပါဝင်သည်။12 အချက်အလက်များ မကောက်ယူမီ ရပ်ရွာအခြေပြုသုတေသီများကို ဉာဏ်စင်္ကြံအဖွဲ့မှ ကိုးရက်ကြာ အွန်လိုင်းသင်တန်းပေးခဲ့ပြီး ၎င်းသင်တန်းတွင် သုတေသနဆိုင်ရာ ဒဿန၊ ရပ်ရွာအခြေပြုလူမှုဘဝအလေ့အထသရုပ်ခွဲ လေ့လာမှုနည်းနာ အချက်အလက်ကောက်ယူမှုနည်းလမ်းများနှင့် နည်းစနစ်များ၊ သုတေသန ဆိုင်ရာ လုံခြုံရေးလုပ်ထုံးလုပ်နည်းများနှင့် ကျင့်ဝတ်များကို သင်ကြားပေးခဲ့သည်။
ဤလူထုအခြေပြု သုတေသနစီမံကိန်းကို ၂၀၂၂၊ ဇွန်လတွင် စတင်ခဲ့ပြီး ၂၀၂၄၊ ဇူလိုင်လ အထိ လေ့လာမှု ငါးကြိမ် (၂၀၂၂ မေ-ဇွန်၊ ၂၀၂၃ ဒီဇင်ဘာ-ဇန်နဝါရီ၊ ၂၀၂၃ ဇူလိုင်-ဩဂုတ်၊ ၂၀၂၄ ဖေဖော်ဝါရီ-မတ်၊ ၂၀၂၄ ဇွန်-ဇူလိုင်) ဆောင်ရွက်ခဲ့သည်။ ဤသို့ဆောင်ရွက်ရခြင်းမှာ အချိန်နှင့် အမျှ ပြောင်းလဲလာသော အနုစိတ်အချက်အလက်များကို နားလည်ရန်နှင့် ပဋိပက္ခအခြေ အနေအတွင်း ရာသီဥတုပြောင်းလဲမှုအပေါ် ဒေသခံများ၏ အတွေ့အကြုံနှင့် ရှုမြင်ပုံများ အကြောင်း ဗဟုသုတကို ပိုမိုနက်ရှိုင်းစေရန် လိုအပ်သော “ရေရှည်လေ့လာရသော လူမှုဘဝ အလေ့အထသရုပ်ခွဲနည်းနာလမ်းကြောင်း” (longitudinal ethnographic approach) ကို လိုက်နာခြင်းဖြစ်သည်။ ရပ်ရွာအခြေပြုသုတေသီများ၏ ဘေးကင်းလုံခြုံမှုကို သေချာစေရန် အတွက် ၎င်းတို့အား မှတ်စုရေးမှတ်ခြင်း မပြုရန် တားမြစ်ထားခဲ့သည်။ ယင်းအစား ခြောက်လ တစ်ကြိမ်တွင် သုတေသီများသည် အွန်လိုင်း၌ တွေ့ဆုံကာ မိမိတို့၏ သုတေသနတွေ့ရှိချက် များနှင့် အတွေ့အကြုံများကို အချင်းချင်းဖြစ်စေ၊ ဉာဏ်စင်္ကြံအဖွဲ့မှ အကြီးတန်းသုတေသီများ နှင့်ဖြစ်စေ အသေးစိတ် ပြန်လည်ဆွေးနွေး အစီရင်ခံခြင်းများ ပြုလုပ်ခဲ့ကြသည်။
ဤလေ့လာမှုများသည် ထူးခြားသော ထိုးထွင်းသိမြင်မှုများကို ပေးစွမ်းနိုင်သော်လည်း ရရှိလာသော အချက်အလက်များသည် အဓိကအားဖြင့် လုံခြုံရေးပြဿနာများကြောင့် ဖြစ်ပေါ် လာသည့် အတားအဆီးများနှင့် ကန့်သတ်ချက်များအပေါ် အခြေခံနေသည်။ အဓိက ကန့်သတ် ချက်တစ်ခုမှာ စနစ်တကျကိုယ်စားပြုနိုင်မှု (representativity) နှင့် အမြင်အမျိုးမျိုး စုံလင် ကွဲပြားစွာပါဝင်မှု အားနည်းခြင်း ဖြစ်သည်။ အကြောင်းမှာ ရပ်ရွာအခြေပြု သုတေသီများသည် ၎င်းတို့ယုံကြည်စိတ်ချရပြီး သိကျွမ်းသူများနှင့်သာ ဘေးကင်းစွာ စကားပြောဆိုနိုင်ခြင်းကြောင့် ဖြစ်သည်။ မတည်ငြိမ်သော အခြေအနေများကြောင့် အချို့သော ဖြေဆိုသူများကို ထပ်မံ တွေ့ဆုံမေးမြန်းရန် ကန့်သတ်ချက်များရှိခဲ့ပြီး ၎င်းမှာ အချက်အလက်များ၏ နက်ရှိုင်းမှုနှင့် ပြည့်စုံမှုအပေါ် သက်ရောက်မှုရှိနိုင်သည်။ လက်တွေ့ကျသော အခက်အခဲများအနေဖြင့် မကြာ ခဏ လျှပ်စစ်မီးပြတ်တောက်ခြင်းနှင့် အင်တာနက် အနှောင့်အယှက်ဖြစ်ခြင်းတို့ကြောင့် virtual private networks များ အသုံးပြုကာ Zoom နှင့် Signal အက်ပ်များမှတစ်ဆင့် ပုံမှန်ဆက်သွယ်ပြောဆိုရန် ခက်ခဲမှုများ ရှိခဲ့သည်။
နောက်ဆုံးစိန်ခေါ်မှုတစ်ခုမှာ အချို့သော လူထုသုတေသီများသည် ယခုကဲ့သို့ အကျပ် အတည်းကာလအတွင်း လူထုနှင့် ရာသီဥတုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခြင်းမှာ အချိန် အခါမဟုတ် သို့မဟုတ် စာနာမှုကင်းမဲ့ရာ ရောက်မည်ဟု ခံစားခဲ့ရခြင်း ဖြစ်သည်။ သုတေသီ များကိုယ်တိုင်ကပင် လေ့လာမှုကာလအတွင်း အချိန်ကာလအလိုက် “ဒါတွေမေးလို့ ဘာထူး မှာလဲ” သို့မဟုတ် “ဘာကြောင့် ဒါတွေကို အခုချိန်မှာ မေးနေရတာလဲ” ဟူသော မေးခွန်းများ ထုတ်ခဲ့ကြသည်။ ဤဆောင်းပါးတွင် ဆက်လက်တင်ပြသွားမည့်အတိုင်း အဆိုပါအမြင်များ သည် လူ့အဖွဲ့အစည်းတစ်ခုလုံး၏ သဘောထားကို ယေဘုယျအားဖြင့် ထင်ဟပ်နေခြင်းဖြစ်ပြီး ခက်ခဲကြမ်းတမ်းသော တစ်ဆစ်ချိုးအပြောင်းအလဲ၏ ဆင့်ကဲဆိုးကျိုးများကြားတွင် ရှင်သန် နိုင်ရန် ရုန်းကန်နေရချိန်၌ လူအများအပြားအနေဖြင့် ရာသီဥတုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စ ရပ်များကို ဦးစားမပေးနိုင်ကြခြင်းပင်ဖြစ်သည်။
ရာသီဥတုပြောင်းလဲမှုနှင့် ပဋိပက္ခဆက်နွှယ်မှုဆိုင်ရာ လေ့လာမှုများနှင့် ရာသီဥတုပြောင်းလဲမှုအပေါ် ဒေသခံများ၏ ရှုမြင်ပုံများ
ရာသီဥတုပြောင်းလဲမှုနှင့် ပဋိပက္ခဆက်နွှယ်မှုဆိုင်ရာ ပညာရပ်နယ်ပယ်တွင် လက်နက်ကိုင် ပဋိပက္ခများက ရာသီဥတုဆိုင်ရာ ထိခိုက်လွယ်မှု (climate vulnerability) ကို မည်သို့ ပိုမို ဆိုးရွားစေသည်နှင့် ထိခိုက်ခံစားရသည့် လူဦးရေ၏ ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်ဖြေရှင်း နိုင်စွမ်းကို မည်သို့လျော့နည်းစေသည်ဟူသောအချက်ကို ပိုမိုအသိအမှတ်ပြုလာကြသည်။13 သို့သော်လည်း ပဋိပက္ခအချိန်ကာလနှင့် ၎င်းကာလအတွင်း ရှင်သန်နေထိုင်ရချိန်တွင် ဒေသခံ ပြည်သူများက ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်များကို မည်သို့တွေ့ ကြုံခံစားကြပြီး မည်ကဲ့ သို့ အဓိပ္ပာယ်ဖွင့်ဆိုကြသည်ကို လေ့လာထားသည့် သုတေသနများမှာ အလွန်နည်းပါးသည်။14 သုတေသနအများစုမှာ အရေအတွက်အခြေပြုအချက်အလက်စုများ (quantitative data-sets) သို့မဟုတ် ခန့်မှန်းတွက်ချက်မှု ပုံစံငယ်များကို အသုံးပြု၍ ရာသီဥတုဆိုင်ရာ ဘေးအန္တ ရာယ်များနှင့် ပဋိပက္ခအကြား အကြောင်းရင်းနှင့် ရလဒ်ဆိုင်ရာ ဆက်နွှယ်မှုကို ဖော်ထုတ်ရန် သာ အဓိကထားကြသည်။15 လူမှုရေးဆိုင်ရာ ရှုထောင့်များကို ထည့်သွင်းစဉ်းစားရာတွင်ပင် ဒေသန္တရအသိပညာများကို ချန်လှပ်ထားသည့် သိပ္ပံနည်းကျအယူအဆများ (scientific abstractions) အပေါ်၌သာ အခြေခံလေ့ရှိသည်။16 ထို့အပြင် ဘရန့်ချ်ကငြင်းခုံတင်ပြသကဲ့ သို့17ပင် ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ထုတ်လွှတ်မှုမှ ဖြစ်ပေါ်လာသော ရာသီဥတုပြောင်းလဲမှုက ပဋိပက္ခကို မည်သို့ဖြစ်စေသနည်းဟူသော အချက်ကိုသာ အဓိကထားလေ့ရှိပြီး ၎င်း၏ ပြောင်းပြန်ဖြစ်သော စစ်ပွဲများနှင့် နိုင်ငံရေးအကြမ်းဖက်မှုများသည် ရာသီဥတုနှင့် ပတ်ဝန်း ကျင်ဆိုင်ရာ ပြောင်းလဲမှုများနှင့် မည်သို့ဆက်စပ်ပတ်သက်နေသည်ကို ဒေသခံပြည်သူများ၏ ရှုထောင့်မှ ကြည့်မြင်ရန် ပျက်ကွက်နေတတ်သည်။
ဤဆောင်းပါးသည် အော်ဂတ်စတင်းနှင့်အဖွဲ့18၏ လေ့လာမှုကို လိုက်နာလျက် ရာသီ ဥတုနှင့် ပဋိပက္ခ အပြန်အလှန်ဆက်နွှယ်မှုများကို “နောက်ခံအခြေအနေအလိုက် သိမြင်နား လည်မှုပုံစံများ” ကို ရှေ့တန်းတင်သည့် အရည်အသွေးအခြေပြုရှုထောင့်မှ ချဉ်းကပ်ထား သည်။19 ဤချဉ်းကပ်မှုသည် အမျိုးမျိုးသော ဖြစ်တည်မှုနှင့် သိမြင်မှုဆိုင်ရာ အယူအဆများ (diverse ontologies and epistemologies) ကို ထည့်သွင်းစဉ်းစားနိုင်စေပြီး အနောက် တိုင်း သိပ္ပံပညာ၏ လွှမ်းမိုးမှုကို စိန်ခေါ်နိုင်သည်။20 ဒေသခံများ၏ ရှုမြင်ပုံများအပေါ် လေ့လာမှု များသည် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို ဖြစ်ရပ်အခြေပြု ပိုမိုပုံဖော်ပေးနိုင် ခြင်းနှင့် လူ့အဖွဲ့အစည်း၏ အလေ့အထနှင့် လိုက်လျောညီထွေရှိသော မူဝါဒများကို လမ်းညွှန် ပေးနိုင်ခြင်းတို့ကြောင့် သိပ္ပံနည်းကျ ပုံစံငယ်များရှိ ဟာကွက်များကို ဖြည့်ပေးနိုင်သည်။21
ရာသီဥတုပြောင်းလဲမှုအပေါ် ရှုမြင်ပုံများဆိုင်ရာ သုတေသနများတွင် အနောက်တိုင်း သိပ္ပံပညာက ဆက်လက်လွှမ်းမိုးနေဆဲ ဖြစ်သော်လည်း ဒေသန္တရနှင့် ဌာနေတိုင်းရင်းသားတို့၏ အသိပညာများကို အလေးထားသည့် လူမှုဘဝအလေ့အထလေ့လာမှုနှင့် လူမှုပထဝီဝင်ဆိုင်ရာ လေ့လာမှုများမှာ တိုးပွားလာလျက်ရှိသည်။22 ဤလေ့လာမှုများသည် ပဋိပက္ခဖြစ်ပွားရာ ဒေသ ရှိ လူဦးရေအပေါ် အဓိကမထားသော်လည်း မြန်မာနိုင်ငံရှိ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ သုတေသနများကို ချဉ်းကပ်ရာတွင် အထောက်အကူ ဖြစ်စေပါသည်။ ထို့အပြင် ယူဂန္ဓာနိုင်ငံ မြောက်ပိုင်းရှိ နိုင်ငံရေးအကြမ်းဖက်မှု သမိုင်းကြောင်းများသည် ပြည်သူများ၏ ရာသီဥတုဆိုင် ရာ ဘေးအန္တရာယ် အတွေ့အကြုံများနှင့် မည်သို့ တိုက်ရိုက်ရောယှက်နေကြောင်း ဖော်ပြထား သည့် ဘရန့်ချ်၏ လေ့လာမှုကိုလည်း ကျွန်ုပ်တို့သည် ကိုးကားထားသည်။23
ဤလေ့လာမှုများအရ ဒေသခံပြည်သူများ၏ ရှုထောင့်မှကြည့်လျှင် ရာသီဥတုပြောင်းလဲ မှုသည် “ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် ပတ်ဝန်းကျင်ဆိုင်ရာ ဖြစ်စဉ်သက်သက်သာ မဟုတ်ဘဲ လူမှုရေး၊ ယဉ်ကျေးမှု၊ စီးပွားရေး၊ နာမ်ပိုင်းဆိုင်ရာနှင့် ကိုယ်ကျင့်တရားဆိုင်ရာ ကဏ္ဍရပ်များ လည်း ပါဝင်နေကြောင်း” ဖော်ပြနေသည်။24 ဆိုလိုသည်မှာ ရာသီဥတုပြောင်းလဲမှုအပေါ် ရှုမြင် ပုံများဆိုင်ရာ သုတေသနများတွင် လွှမ်းမိုးလေ့ရှိသည့် ဒေသခံများက ရာသီဥတုပြောင်းလဲမှု ကြောင့်ဟု ယူဆသော ရာသီဥတု သို့မဟုတ် ပတ်ဝန်းကျင်ဆိုင်ရာ အချက်များကိုသာမက25 ဒေသခံတို့၏ ယုံကြည်မှု၊ ကိုယ်ကျင့်တရား၊ တန်ဖိုးထားမှုများနှင့် ကမ္ဘာ့အမြင်များ (နာမ်ပိုင်း ဆိုင်ရာ သို့မဟုတ် ဘာသာရေး အခြေပြု အသိပညာများအပါအဝင်) ကိုလည်း အာရုံစိုက်သင့် သည်ဟု ဆိုလို ခြင်း ဖြစ်သည်။26 ဒေသခံများက ရာသီဥတုပြောင်းလဲမှု၏ အကြောင်းရင်းများ (ဥပမာ အပူချိန်၊ မိုးရွာသွန်းမှုနှင့် သဘာဝဘေးအန္တရာယ်များ ပြောင်းလဲလာရခြင်း၏ အကြောင်းရင်းများ) ကို မည်သို့ အနက်ဖွင့်ဆိုကြသည်ကို စူးစမ်းလိုသည့်အခါတွင် ဤကဲ့သို့ အာရုံစိုက်မှုမှာ အထူးအရေးကြီးလာသည်။27
ပေါ်ကူနာဖယ်ရာနှင့် အဖွဲ့၊28 ရီးစ်-ဂါဆီယာနှင့် အဖွဲ့29တို့၏ လေ့လာမှုများတွင် ဒေသခံ ပြည်သူများ၏ ရှုမြင်ပုံများသည် အကြောင်းရင်းများစွာ ရောယှက်နေသော အမြင်များကို ဖော်ပြနေကြောင်း မီးမောင်းထိုးပြထားသည်။ ယင်းအမြင်များသည် ရာသီဥတုနှင့် ပတ်ဝန်း ကျင်ဆိုင်ရာ ပြောင်းလဲမှုများကို လူမှုစီးပွား၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေးဆိုင်ရာ လက်တွေ့အခြေ အနေများနှင့် ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော အပြောင်းအလဲများကို မညီမျှမှု၊ အကြမ်းဖက်မှု၊ ဖယ်ကြဉ်ခံရမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ မတရားမှုများမှတစ်ဆင့် ဖြစ်ပေါ်လာခြင်းအဖြစ် ဖော်ပြကြပြီး ၎င်းမှာ ဒေသခံလူထု ကြုံတွေ့ နေရသည့် နက်ရှိုင်းသော သမိုင်းကြောင်းများနှင့် အာဏာဆက်နွှယ်မှုများကို ထင်ဟပ်နေ သည်။30 ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုကို “ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုမှ ဆင်းသက် လာသော ထင်ရှားပြီး စိတ္တဇဆန်သည့် (ဇီဝရုပ်ပိုင်းဆိုင်ရာ) ပြဿနာ” တစ်ခုအဖြစ် သီးခြား ခွဲထုတ်၍ ရှုမြင်ခြင်းမျိုး တွေ့ရခဲသည်။31 အမှန်စင်စစ် အာရှ၊ အာဖရိကနှင့် လက်တင် အမေရိကရှိ ကျေးလက်လူထုများအကြား ရာသီဥတုပြောင်းလဲမှု၏ အကြောင်းရင်းများကို ဒေသအလိုက် နားလည်မှုများအပေါ် ပြုလုပ်ထားသော လေ့လာမှုအများစုတွင် ကမ္ဘာလုံးဆိုင် ရာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို အကြောင်းရင်းအဖြစ် ဖော်ပြပြောဆိုခြင်းမျိုး အလွန် နည်းပါးကြောင်း တွေ့ရှိရသည်။32 ယင်းအစား ဒေသတွင်း သို့မဟုတ် အနီးနား ပတ်ဝန်းကျင်ရှိ ပြောင်းလဲမှုဖြစ်စဉ်များနှင့် လူသားတို့၏ ပြုမူဆောင်ရွက်မှုများအပေါ်တွင်သာ အာရုံစိုက်လေ့ ရှိကြသည်။33
ဒေသခံပြည်သူများသည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ရှင်းလင်းချက်များ ပေးရာတွင် ရုပ်ပိုင်းဆိုင်ရာ အကြောင်းပြချက်များကို နာမ်ပိုင်းဆိုင်ရာ သို့မဟုတ် ဘာသာရေးဆိုင်ရာ ရှင်း လင်းချက်များနှင့် ပေါင်းစပ်လေ့ရှိကြသည်။ သို့သော် ၎င်းသည် ကိုးကွယ်သည့်ဘာသာ၊ လူမျိုး စု၊ ပညာအရည်အချင်းနှင့် လူမှုစီးပွားအခြေအနေ စသည့် မတူညီသော နောက်ခံအခြေအနေ များအပေါ် မူတည်၍ ကွဲပြားခြားနားမှု ရှိနိုင်သည်။34 သဘာဝသယံဇာတများကို အလွန်အကျွံ ထုတ်ယူခြင်း၊ ဖွံ့ဖြိုးရေးစီမံကိန်းများ၊ ဆိုးကျိုးသက်ရောက်စေသော နိုင်ငံတော်မူဝါဒများ၊ အခြေခံအဆောက်အအုံသစ်များ၊ လျင်မြန်သော မြို့ပြဖြစ်ထွန်းမှုနှင့် စစ်ပွဲကဲ့သို့သော ရုပ်ပိုင်း ဆိုင်ရာ ကိစ္စရပ်များ သို့မဟုတ် ထိုနှစ်ခုထဲမှ တစ်ခုသည်သည် ရာသီဥတုပြောင်းလဲမှုအတွက် ဒေသခံများ ဖော်ပြလေ့ရှိသည့် အကြောင်းရင်းအချို့ ဖြစ်ကြသည်။35 နာမ်ပိုင်းဆိုင်ရာ အကြောင်းရင်းများတွင်မူ လူသားနှင့် ပတ်ဝန်းကျင်အကြား ဆက်ဆံရေး ယိုယွင်းလာမှုနှင့် ဆက်စပ်နေသော လောကဓာတ်ဆိုင်ရာ ရှင်းလင်းချက်များ (cosmological explanations) ပါဝင်နိုင်ပြီး ဥပမာအားဖြင့် ယဉ်ကျေးမှုနှင့် နာမ်ပိုင်းဆိုင်ရာ ရိုးရာဓလေ့များ ဆုံးရှုံးသွားခြင်း ကဲ့သို့သော အချက်များ ဖြစ်သည်။ ဥပမာအားဖြင့် ဘိုလီးဗီးယားရှိ ဆီမိန်း (Tsimane) လူမျိုးအများစုသည် သဘာဝတရားကို စောင့်ကြပ်သော နတ်အစောင့်အရှောက်ပုဂ္ဂိုလ်များ အပေါ် မလေးမစားပြုမူခြင်းကြောင့် ပတ်ဝန်းကျင်နှင့် ရာသီဥတု ပြောင်းလဲမှုများ ဖြစ်ပေါ်လာ သည်ဟု ယူဆကြပြီး ယင်းပြောင်းလဲမှုများကို “ခိုက်ခြင်း” သို့မဟုတ် နတ်ကိုင်ခြင်းအဖြစ် ရှုမြင်ကြသည်။36 ထို့အတူ ဆီနီဂေါရှိ ဘက်စီရီ (Bassiri) လူမျိုးများသည်လည်း ရာသီဥတု ပြောင်းလဲမှုကို လူမှုစီးပွား အပြောင်းအလဲများနှင့် နာမ်ပိုင်းဆိုင်ရာ အင်အားစုများ နှစ်ခုစလုံး နှင့် ဆက်စပ်ကြည့်မြင်ကြသည်။ အချို့က သစ်တောပြုန်းတီးမှု၊ သယံဇာတထုတ်ယူမှုနှင့် ဈေး ကွက်စီးပွားရေးနှင့် အုပ်ချုပ်ရေးပုံစံသစ်များကြောင့် ဖြစ်ပေါ်လာသည့် ရုပ်ဝတ္ထုဝါဒ ထွန်းကား လာမှုတို့ကို အဓိကထားကြသော်လည်း အခြားသူများကမူ ရိုးရာတန်ဖိုးထားမှုများ ပြောင်းလဲ လာခြင်းနှင့် ဘိုးဘွားစဉ်ဆက် ကျင့်သုံးခဲ့သည့် ဓလေ့ထုံးတမ်းများကို စွန့်လွှတ်လာခြင်းတို့ကို အကြောင်းရင်းအဖြစ် ဖော်ပြကြသည်။37 ပေါ်ကူနာဖယ်ရာနှင့်အဖွဲ့၏ မှတ်တမ်းအရ ပညာ တတ်လူငယ်များသည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သိပ္ပံနည်းကျ အယူအဆများကို ရင်းနှီး ကျွမ်းဝင်ကြသော်လည်း ၎င်းတို့၏ နားလည်မှုများတွင် ဒေသန္တရယုံကြည်မှုများနှင့် ရိုးရာ လောကအမြင်များကိုလည်း မကြာခဏ ထည့်သွင်းစဉ်းစားလေ့ရှိကြောင်း တွေ့ရသည်။38 ပီရူး နိုင်ငံရှိ စကိုးဗီးလ်စီမွန်းစ်၏ လေ့လာမှုတွင် ကက်သလစ်နှင့် ဧဝံဂေလိပရိုတက်စတင့် (evangelical protestant) ဟူသော မတူညီသည့် ဘာသာရေးလောကအမြင်များက ရာသီဥတု ပြောင်းလဲမှု၏ အကြောင်းရင်းများအပေါ် ဒေသခံတို့၏ အနက်ဖွင့်ဆိုချက်များကို မည်သို့ ပုံဖော်ပေးကြောင်း ပြသနေပြီး ယင်းမှာ လူသားနှင့် သဘာဝအကြား ဆက်ဆံရေးအပေါ် မတူ ညီသည့် နားလည်မှုများကို ထင်ဟပ်နေစေသည်။39
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ တိဗက်ရွာသားများအကြား လေ့လာမှုများ40အရ ဗုဒ္ဓ ဘာသာနှင့် နတ်ကိုးကွယ်မှုတစ်မျိုးဖြစ်သည့် ရှာမန်ဝါဒ (shamanism) တို့ ရောယှက်နေ သော တိဗက်တို့၏ လောကဓာတ်ဆိုင်ရာ အယူအဆများသည် သာမန်ပြည်သူများက ရာသီ ဥတုနှင့် ပတ်ဝန်းကျင်ကို နားလည်ပုံအပေါ် မည်သို့ ပုံဖော်ပေးကြောင်း တွေ့ရှိရသည်။41 ရွာ သားများ၏ လက်တွေ့မြင်တွေ့ရသော အပြောင်းအလဲများ (ဥပမာ မမှန်ကန်သော မိုးရွာသွန်း မှုနှင့် အပူချိန်မြင့်တက်လာမှု) သည် ထိုဒေသအတွက် သိပ္ပံနည်းကျ ရာသီဥတုမှတ်တမ်းများ နှင့် ယေဘုယျအားဖြင့် ကိုက်ညီသော်လည်း ၎င်းတို့သည် ရာသီဥတုပြောင်းလဲမှုကို ကမ္ဘာလုံး ဆိုင်ရာ ဖြစ်စဉ်တစ်ခုအဖြစ် မမြင်ဘဲ လူသားတို့၏ ကိုယ်ကျင့်တရား ပျက်ပြားသော အပြုအမူ များနှင့် ဆက်စပ်နေသည့် ဒေသတွင်း ပြောင်းလဲမှုဖြစ်စဉ်များကြောင့်ဟု ယူဆကြသည်။42 တိဗက်ရွာသားများသည် ရုပ်ပိုင်းဆိုင်ရာ အကြောင်းရင်းများ (ဥပမာ သစ်ပင်ခုတ်ခြင်းကြောင့် မိုး မမှန်ခြင်း) ကို နာမ်ပိုင်းဆိုင်ရာ အကြောင်းရင်းများ (ဥပမာ အထွတ်အမြတ်ထားသောသော နေရာများရှိ တားမြစ်ချက်များကို ချိုးဖောက်ခြင်းကြောင့် သီးနှံအထွက်နှုန်း ကျဆင်းခြင်း) နှင့် ပေါင်းစပ်ရှုမြင်ကြသည်။ တိဗက်လူမျိုးများကမူ ကန်တော့ပွဲပေးရန် ပျက်ကွက်ခြင်း သို့မဟုတ် တားမြစ်ချက်များကို ချိုးဖောက်ခြင်းကဲ့သို့သော ဘာသာရေးဆိုင်ရာအမှားအယွင်းများအတွက် အဓိက အပြစ်တင်ကြပြီး အပြင်လူများ (အထူးသဖြင့် တရုတ်ခရီးသွားများ၊ အစိုးရအဖွဲ့အစည်း များနှင့် ကုမ္ပဏီများ) ကိုမူ သန့်စင်သော တောင်တန်းများပေါ်တွင် အမှိုက်ပစ်ခြင်းကဲ့သို့သော ရုပ်ပိုင်းနှင့် နာမ်ပိုင်းဆိုင်ရာ ကျူးလွန်မှု နှစ်မျိုးစလုံးအတွက် အပြစ်တင်ကြသည်။43 အချို့ကမူ ရာသီဥတုပြောင်းလဲမှုကို တိဗက်ယဉ်ကျေးမှုနှင့် ဘာသာတရားကို ထိခိုက်စေသည့် တရုတ် အစိုးရ၏ မူဝါဒများ၊ တရုတ်တို့၏ လွှမ်းမိုးမှုနှင့် ခရီးသွားလုပ်ငန်း တိုးပွားလာမှုတို့နှင့် ဆက်စပ် ကြည့်မြင်ကြသည်။ ဤရှုထောင့်သည် ရာသီဥတုပြောင်းလဲမှုအပေါ် အမြင်များသည် ပိုမိုကျယ် ပြန့်သော အကျပ်အတည်းများ (ဥပမာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆုံးရှုံးခြင်း၊ နိုင်ငံတော်၏ ဝင် ရောက်စွက်ဖက်မှုနှင့် ယဉ်ကျေးမှု ဆုတ်ယုတ်ခြင်းတို့သည် တိုးမြင့်လာနေသော လူမှုနှင့် ကိုယ် ကျင့်တရားဆိုင်ရာ မူမမှန်မှုများ၏ အကြောင်းအရင်းများနှင့် ညွှန်းကိန်းများအဖြစ်) နှင့် မည်သို့ ရောယှက်နေကြောင်း ထင်ဟပ်စေသည်။ ဤသဘောတရားအရ စလစ်ခ်နှင့် အဖွဲ့က ရုပ်ပိုင်း ဆိုင်ရာ ရာသီဥတုသည် လူသားတို့၏ အပြုအမူများကြောင့် ဖြစ်ပေါ်လာသော ‘ကိုယ်ကျင့် တရားဆိုင်ရာအခြေအနေ’ (moral climate) နှင့် တိုက်ရိုက်ဆက်နွှယ်နေကြောင်း မှတ်ချက် ပြုထားသည်။ ဥပမာအားဖြင့် ရာသီဥတု ဘေးအန္တရာယ်များနှင့် ပတ်ဝန်းကျင် ယိုယွင်းမှုများ သည် လူနေမှုဘဝပုံစံများ ပြိုကွဲခြင်းနှင့် ဆိုးယုတ်သော လုပ်ရပ်များ ပျံ့နှံ့လာခြင်းကြောင့် ဖြစ်ပေါ်လာပြီး သဘာဝနှင့် လူမှုလောက နှစ်ခုစလုံးကို ထိခိုက်စေသည်ဟု ရှုမြင်ကြသည်။44
ဤထိုးထွင်းသိမြင်မှုများသည် ဒေသခံတို့၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အတွေ့အကြုံ များနှင့် ရှုမြင်ပုံများကို အခြားသော လူမှုရေး၊ စီးပွား ရေးနှင့် နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်များ သို့မဟုတ် လူများ၏ သမိုင်းဝင် အတွေ့အကြုံများနှင့် လောကအမြင်များမှ သီးခြားခွဲထုတ်၍ မရနိုင်ကြောင်း ပြသနေသည်။ ၎င်းသည် အောက်တွင်ဖော်ပြမည့် ကျွန်ုပ်တို့၏ မြန်မာနိုင်ငံ ဆိုင်ရာ တွေ့ရှိချက်များနှင့်လည်း ထပ်တူကျနေသည်။ ကျွန်ုပ်တို့၏ လေ့လာမှုက ထပ်လောင်း ဖြည့်စွက်ထားသည်မှာ အကြမ်းဖက်ပဋိပက္ခဆိုင်ရာ ဖြစ်ပေါ်ပြောင်းလဲမှုများနှင့် အာဏာရှင် အုပ်ချုပ်မှုများသည် ရာသီဥတုပြောင်းလဲမှုအပေါ် ရှုမြင်ပုံနှင့် ဦးစားပေးမှုများအပေါ် မည်သို့ သက်ရောက်မှုရှိသည်ကို အလေးပေးထားခြင်းဖြစ်ပြီး ၎င်းမှာ ပဋိပက္ခနယ်မြေများရှိ ကွင်းဆင်း သုတေသန၏ စိန်ခေါ်မှုများကြောင့် များစွာလေ့လာစူးစမ်းခြင်း မပြုရသေးသည့် နယ်ပယ် တစ်ခု ဖြစ်သည်။45
လူထုအတွင်း ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အတွေ့အကြုံများနှင့် သက်ရောက်မှုများ
ဤကဏ္ဍတွင် ကျွန်ုပ်တို့၏ ရပ်ရွာအခြေပြု သုတေသီများနှင့် ၎င်းတို့ စကားပြောဆိုခဲ့သူများက ရာသီဥတုပြောင်းလဲမှုများကို မည်သို့တွေ့ကြုံခံစားပြီး ဖော်ပြကြပြီး ၎င်းတို့၏ နေ့စဉ်ဘဝ အပေါ် မည်သို့သက်ရောက်သည်တို့ကို စူးစမ်းထားသည်။ ထူးခြားသည်မှာ ဒေသခံလူထု အတွင်းရှိ လူအနည်းငယ်သာ “ရာသီဥတုပြောင်းလဲမှု” (climate change) ဟူသော အင်္ဂလိပ် ဝေါဟာရ သို့မဟုတ် သိပ္ပံနည်းကျအယူအဆကို တိုက်ရိုက်ရည်ညွှန်းပြောဆိုကြသော်လည်း ၎င်းတို့ဖော်ပြသော အပူချိန်မြင့်တက်လာမှုကဲ့သို့သော အချက်များသည် သိပ္ပံနည်းကျဖော်ပြ ချက်များနှင့် ကိုက်ညီနေသည်။ အချို့သော လူငယ်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း အဖွဲ့ဝင် များနှင့် ဒေသခံခေါင်းဆောင်များမှာမူ “ရာသီဥတုပြောင်းလဲမှု” ဟူသော အသုံးအနှုန်းကို အသုံး ပြုကြသည်ကို တွေ့ရသော်လည်း လူအများစုမှာမူ ၎င်းတို့ ငယ်စဉ်ကတည်းက ကြုံတွေ့ခဲ့ရ သော မိုးလေဝသနှင့် ပတ်ဝန်းကျင်ပြောင်းလဲမှုများကို ပိုမိုလက်တွေ့ကျကျ ပြောဆိုကြပြီး သို့မဟုတ်ပါက အင်္ဂလိပ်လို “climate change” ဟု တိုက်ရိုက် အဓိပ္ပာယ်ပြန်၍မရသော၊ ပိုမို ကျယ်ပြန့်သော အနက်အဓိပ္ပာယ်ဆောင်သည့် မိုးလေဝသနှင့်ဆက်စပ်သည့် ဒေသန္တရအသုံး အနှုန်းများကို အသုံးပြုကြသည်။ ဥပမာအားဖြင့် ဗမာဘာသာစကားတွင် ရာသီဥတု ဖောက်ပြန် ခြင်း၊ ရခိုင်ဘာသာစကားတွင် ရာသီဥတုနှင့် ပြောင်းလဲရာ၊ ထားဝယ်စကားတွင် ရာသီဥတု ပျက်စီးခြင်းနှင့် မွန်ဘာသာစကားတွင် ဥတုပြောင်းလဲမှု စသည်ဖြင့် သုံးစွဲကြသည်။ ဤအသုံး အနှုန်းများသည် ပုံမှန်အခြေအနေမှ သွေဖည်သွားခြင်း (ရာသီဥတု) ကို ညွှန်းဆိုပြီး ဆိုးကျိုး ရှိသော သို့မဟုတ် ဖျက်ဆီးတတ်သော ပြောင်းလဲမှုများနှင့် ဆက်စပ်နေသည်။ ဆန့်ကျင်ဘက် အနေဖြင့် ကလေးမြို့ရှိ ချင်းဘာသာစကားအရ khua hun ki khel နှင့် ဂျိန်းဖော (ကချင်) ဘာသာစကားအရ makau grupyin galai shai ai lam တို့မှာမူ ကောင်းကျိုးနှင့် ဆိုးကျိုး နှစ်မျိုးစလုံးကို ညွှန်းဆိုနိုင်သော အသုံးအနှုန်းများ ဖြစ်ကြသည်။ ဘားအံ၊ တောင်ငူနှင့် လေရှီး ဒေသများ (ပိုးကရင်၊ စကောကရင်နှင့် ဂိုဂါ-နာဂ ဘာသာစကားပြောဆိုသည့် ဒေသများ) တွင်မူ ရာသီဥတုပြောင်းလဲမှုအတွက် သီးခြားစကားလုံး မရှိသော်လည်း ရာသီဥတုပြောင်းလဲမှုအပေါ် စိတ်ပျက်မှုကို ဖော်ပြရန် “ပူခြင်း၊ အေးခြင်း” ကဲ့သို့သော အခြေအနေပြစကားလုံးများ သို့မဟုတ် ဂိုဂါ-နာဂ ဘာသာစကားဖြင့် “မိစ္ဆာရာသီဥတု/နတ်ဆိုးရာသီဥတု” (dzodru dzoli she ae) ကဲ့သို့သော အသုံးအနှုန်းများကို အသုံးပြုကြသည်။ ဤကွဲပြားမှုများသည် နိုင်ငံတစ် ဝန်းရှိ ဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကွဲပြားခြားနားချက်များကို ထင်ဟပ်စေသည်။
သို့သော်လည်း အဓိကတူညီချက်တစ်ရပ်မှာ လေ့လာမှုပြုလုပ်ခဲ့သည့် ဒေသများရှိ ပြည် သူများသည် ရာသီဥတုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲမှုများကို သီးခြားခွဲခြားခြင်း မရှိ သလောက်ဖြစ်ပြီး ၎င်းတို့ကို ဖြစ်စဉ်တစ်ခုတည်း၏ အစိတ်အပိုင်းများအဖြစ်သာ ဆွေးနွေးကြ ခြင်းဖြစ်သည်။ ထို့အပြင် တိဗက်နှင့် ယူဂန္ဓာကျေးရွာများရှိ ပြည်သူများကဲ့သို့ပင် အများစုသည် ဒေသတွင်း ပြောင်းလဲမှုများကိုသာ အလေးပေးဖော်ပြကြပြီး ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုများ ကို ရည်ညွှန်းပြောဆိုသူမှာ အလွန်နည်းပါးသည်။46 ဤအချက်သည် “ရာသီဥတုပြောင်းလဲမှု” (climate change) ဟူသော စကားလုံးကို အသုံးနည်းခြင်းနှင့်လည်း ဆက်စပ်နေနိုင်သည်။
ဒေသတွင်း တွေ့မြင်နေရသော ရာသီဥတုနှင့် ပတ်ဝန်းကျင် ပြောင်းလဲမှုများသည် များသောအားဖြင့် လွန်ခဲ့သော ငါးနှစ်မှ ဆယ့်ငါးနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည်ဟု ယူဆကြသော် လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် ယင်းပြောင်းလဲမှုများမှာ ပိုမိုဆိုးရွားလာသည်ဟု ပြည် သူများက ရှင်းလင်းစွာ ခံစားနေရသည်။ ဤသို့ ပိုမိုဆိုးရွားလာသည်ဟူသော ခံစားချက်မှာ အချိန်နှင့်အမျှ ပိုမိုထင်ရှားလာပြီး အထူးသဖြင့် ၂၀၂၄ ခုနှစ်အတွင်း ပြုလုပ်ခဲ့သော စတုတ္ထနှင့် ပဉ္စမအကြိမ်မြောက် လေ့လာမှုများတွင် ပိုမိုသိသာလာသည်။ ၎င်းမှာ လက်နက်ကိုင် ပဋိပက္ခ များ၊ စစ်တပ်၏ ဖိနှိပ်မှုများနှင့် ဆုတ်ယုတ်လာသော လူမှုစီးပွား အခြေအနေများ ပိုမိုပြင်းထန် လာခြင်းကို ထင်ဟပ်နေသည်ဟု ကျွန်ုပ်တို့ ယူဆပြီး အဆိုပါအချက်များအားလုံးသည် မြင့် တက်လာသော အပူရှိန်နှင့် မမှန်ကန်သော မိုးရွာသွန်းမှုများကို ရင်ဆိုင်ရာတွင် ပိုမိုခက်ခဲစေ သည့် အကြောင်းရင်းများ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် လူထုသည် နေ့စဉ်မလုံခြုံမှုများနှင့် အသက်မွေးဝမ်းကျောင်းအတွက် ရုန်းကန်နေရမှုများကို ပိုမိုအာရုံစိုက်နေရသဖြင့် ပတ်ဝန်း ကျင်နှင့် ရာသီဥတုဆိုင်ရာ ကိစ္စရပ်များသည် အာဏာသိမ်းမှုမတိုင်မီကထက် နေ့စဉ်စကား ပြောဆိုမှုများတွင် ပါဝင်မှု နည်းပါးလာကြောင်း ကျွန်ုပ်တို့၏ ရပ်ရွာအခြေပြု သုတေသီများက ထောက်ပြထားသည်။ သို့သော် အပူရှိန် အလွန်ပြင်းထန်လာသည့်အခါတွင်လည်းကောင်း၊ မိုး သည် မျှော်လင့်သလို ရွာသွန်းခြင်းမရှိဘဲ သို့မဟုတ် ရွာသွန်းသည့် အခါတွင်လည်း အလွန် သည်းထန်လွန်းသည့်အခါတွင်လည်းကောင်း လူထုက ယင်းအကြောင်းအရာများကို ဆွေးနွေး ကြသည်။ အောက်ဖော်ပြပါကဏ္ဍတွင် လူထုအနေဖြင့် ရာသီဥတုနှင့် ပတ်ဝန်းကျင်ပြောင်းလဲမှု များကို မိုးရွာသွန်းမှုပုံစံများ၊ အပူရှိန်တို့နှင့် မည်သို့ဆက်စပ်နေသည်ကို အသေးစိတ် ရှင်း လင်းတင်ပြသွားမည်ဖြစ်ပြီး ၎င်းတို့က လူထု၏ ဘဝအပေါ် မည်သို့သက်ရောက်သည်ကို ဆက် လက် ဆွေးနွေးသွားပါမည်။
မိုးရွာသွန်းမှုပုံစံ ပြောင်းလဲလာခြင်း
မူမမှန်သော မိုးရွာသွန်းမှုများနှင့် ပြောင်းလဲလာသော မိုးရွာသွန်းမှုပုံစံများသည် ကျွန်ုပ်တို့ လေ့လာမှုပြုလုပ်ခဲ့သည့် လူ့အဖွဲ့အစည်းများအားလုံးတွင် တွေ့ရှိခဲ့ရ သည်။ ကလေးမြို့တွင် မိုးသည် မျှော်လင့်ထားသည့်အချိန်တွင် မရွာတော့ခြင်း၊ ရွာသည့်အခါတွင်လည်း ခေတ္တခဏ သာဖြစ်သော်လည်း သည်းထန်စွာ ရွာခြင်းကြောင့် ရေကြီးမှုများ ဖြစ်ပေါ်ကြောင်း လူထုက ပြောဆိုကြသည်။ အသက် (၇၅) နှစ်အရွယ် အမျိုးသမီးတစ်ဦးက ယခင်က ရေကြီးမှုကို တစ်ခါ မျှ မကြုံဖူးသော်လည်း လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ရေကြီးမှုမှာ နှစ်စဉ်ဖြစ်ရပ်တစ်ခု ဖြစ် လာသည်ဟု ရှင်းပြခဲ့သည်။ ဒေသခံများ၏ အမြင်အရ လမ်းများကို ပျက်စီးစေပြီး သောက်သုံး ရေနှင့် စိုက်ပျိုးရေ အရင်းအမြစ်များကို ထိခိုက်စေသည့် မြေပြိုမှုများမှာလည်း သိသိသာသာ တိုးပွားလာသည်။ နွေရာသီတွင်လည်း ရေအရင်းအမြစ်များ ခန်းခြောက်မှုမှာ ယခင်ကထက် ပိုမိုအဖြစ်များလာပါသည်။
မြစ်ကြီးနားမြို့တွင်လည်း မိုးရွာသွန်းမှုပုံစံများမှာ ပုံမှန်မဟုတ်တော့ဘဲ ပုံမှန်အားဖြင့် ခြောက်သွေ့ကာလများတွင် မိုးသည်းထန်စွာရွာ ခြင်းနှင့် မိုးရာသီစတင်မှု နောက်ကျခြင်းတို့ကို ကြုံတွေ့နေရသည်။ ဥပမာအားဖြင့် ၂၀၂၂ တွင် ကောက်ပဲသီးနှံ ရိတ်သိမ်းချိန်၌ မိုးရွာသွန်းမှု ကြောင့် လယ်ကွင်းများအတွင်း ရေလွှမ်းမိုးခဲ့ပြီး တောင်သူများမှာ အကြွေးသံသရာအတွင်း ပိုမို နစ်မွန်းခဲ့ရသည်။ ထို့ပြင် ၂၀၂၄၊ မတ်လတွင်လည်း တစ်ခါမျှ မကြုံဖူးသော မိုးသီးကြွေမှုဖြစ်ပွား ခဲ့သည်။ လူထုသည် ရာသီဥတု မည်သို့ပြောင်းလဲနေသည်ကို ဖော်ပြရာတွင် ဤကဲ့သို့သော ဖြစ်ရပ်များကို မကြာခဏ ထောက်ပြလေ့ရှိကြသည်။ အလားတူပင် ဘားအံမြို့တွင် သံလွင်မြစ် အနီးရှိ မြေနိမ့်ပိုင်းဒေသများ၌ ရေကြီးမှုမှာ အသစ်အဆန်းမဟုတ်သော်လည်း တစ်နှစ်ထက် တစ်နှစ် ပိုမိုဆိုးရွားလာသည်ဟု အချို့က ယူဆကြသည်။ ဘားအံဒေသခံများ၏ တင်ပြချက် အရ အာဏာသိမ်းပြီးနောက်ပိုင်း အဆိုပါ ရေကြီးမှုများ၏ ဆိုးကျိုးများကို စီမံခန့်ခွဲရန် အကူ အညီပေးမှုများမှာ သိသိသာသာ လျော့နည်းသွားသည်ဟု ဆိုသည်။ ထို့ပြင် ဒေသခံများသည် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက မိုးခေါင်ရေရှားမှုနှင့် ရေပြတ်လပ်မှုများကိုလည်း ပိုမိုကြုံတွေ့ နေရသည်။
မုဒုံမြို့တွင်လည်း ပုံမှန်မဟုတ်သော မိုးရွာသွန်းမှုပုံစံများအကြောင်း ပြောဆိုကြပြီး ယင်း မှာ ပုံမှန်ရာသီစက်ဝန်းများကို လိုက်နာခြင်း မရှိ တော့ပေ။ ရေကြီးမှုများမှာလည်း ပိုမို အဖြစ် များလာကာ (တစ်နှစ်လျှင် တစ်ကြိမ်မှ လေးကြိမ်အထိ) ရေကြီးသည့် အချိန်မှာလည်း ပိုမိုကြာ မြင့်လာပြီး ပိုမိုပြင်းထန်လာသည်။ ယခင်က ရေကြီးပါက နာရီပိုင်းအတွင်း ရေပြန်ကျလေ့ရှိ သော်လည်း ယခုအခါ ရေပြန်ကျရန် တစ်ပတ်ထက်မက ကြာမြင့်တတ်သဖြင့် ဒေသခံများမှာ နေအိမ်များကို စွန့်ခွာတိမ်းရှောင်ရသည့် အခြေအနေများ ရှိလာသည်။ တစ်ချိန်တည်းမှာပင် မိုးရွာသွန်းမှု နောက်ကျခြင်းက မိုးခေါင်မှုနှင့် ရေပြတ်လပ်မှုကို ပိုမိုဆိုးရွားစေပြီး သီးနှံစိုက်ပျိုး မှုကို ပြင်းထန်စွာ ထိခိုက်နေစေသည်။
ကမ်းရိုးတန်းမြို့ဖြစ်သော စစ်တွေမြို့တွင် ပုံမမှန်သော မိုးရွာသွန်းမှုနှင့် ရေသိုလှောင်ကန် များ ခန်းခြောက်လာမှုတို့သည် ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာမှုနှင့် တစ်ပြိုင်နက် တည်း ဖြစ်ပေါ်နေသည်။ ယင်းအခြေအနေသည် ဒီရေတောများ ပြုန်းတီးမှုနှင့် ပေါင်းစပ်ကာ ဟင်းသီးဟင်းရွက်စိုက်ခင်းများနှင့် စပါးစိုက်ခင်းများအပါအဝင် လယ်ယာမြေများအတွင်း ရေငန်ဝင်ရောက်ခြင်းကို ဖြစ်ပေါ်စေခဲ့သည်။ ရာသီဥတုပြောင်းလဲမှု၏ ရလဒ်ကြောင့် ယခင်က တစ်နှစ်လျှင် နှစ်ကြိမ် စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့သော်လည်း ယခုအခါ တစ်နှစ်လျှင် တစ်ကြိမ် သာ ရိတ်သိမ်းနိုင်တော့သည်။ ထို့ပြင် ဤဒေသသည် ဆိုင်ကလုန်းနှင့် မုန်တိုင်းဒဏ်ကိုလည်း အလွန်ခံရလွယ်ပြီး ၂၀၂၃ တွင် တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းမှာ အဆိုးရွားဆုံး ဖြစ်ခဲ့သည်။47 ငါးဖမ်းလုပ်ငန်းကို အဓိကလုပ်ကိုင်သော လောင်းလုံမြို့နယ် ကမ်းရိုးတန်းကျေးရွာတွင်လည်း ဒီရေတောများ ပြုန်းတီးမှုကြောင့် ပိုမိုပြင်းထန်သော ပင်လယ်ရေလွှမ်းမိုးမှုနှင့် မြေဆီလွှာ တိုက်စားမှုများကို ကြုံတွေ့နေရကြောင်း ဒေသခံများက တင်ပြကြသည်။ သို့သော်လည်း လူ အများစုမှာ လက်ရှိဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများနှင့် နေ့စဉ်ရှင်သန်ရေးအတွက် စိုးရိမ်ပူပန်နေရသဖြင့် ပြောင်းလဲလာသော ရာသီဥတုပုံစံများနှင့် သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များအပေါ် အာရုံစိုက်မှု နည်းပါးနေကြသည်ကို တွေ့ရသည်။
တောင်ငူမြို့တွင်လည်း ပုံမမှန်သော မိုးရွာသွန်းမှုများကြောင့် အပင်များနှင့် မြေဆီလွှာ များ ခန်းခြောက်လာပြီး အများအပြားမှာ သီးနှံစိုက်ပျိုးနိုင်ခြင်း မရှိတော့ပေ။ စစ်တောင်းမြစ် သည်လည်း ၂၀၂၃ တွင် ခန်းခြောက်ခဲ့ရာ ဒေသခံများ၏ မှတ်တမ်းများအရ လူတို့မှတ်မိသမျှ သမိုင်းတစ်လျှောက်တွင် မြစ်ကို ခြေကျင်ဖြတ်ကူးနိုင်သည်အထိ ပထမဆုံးအကြိမ် ဖြစ်ပေါ်ခဲ့ ခြင်းဖြစ်သည်။ ဤဒေသတွင် ရေကြီးမှုမှာလည်း ယခင်ကထက် ပိုမိုအဖြစ်များလာပြီး တစ်ဖက် တွင်လည်း မြစ်ကြောင်းတစ်လျှောက် ဆည်များ ကျိုးပေါက်မှု၊ ရေလျှံမှုများကြောင့် ကျေးလက် နှင့် မြို့ပြဒေသနှစ်ခုလုံးတွင် ရေကြီးမှုကာလ ပိုမိုကြာမြင့်လာစေခဲ့သည်။ ရေကြီးမှုကြောင့် ဖြစ်ပေါ်လာသော အရေပြားကူးစက်ရောဂါများမှာလည်း တိုးပွားလာသည်။ ၂၀၂၄ နှစ်လယ်ပိုင်း တွင် ပဲခူးတိုင်းအတွင်း ရေကြီးမှုကြောင့် လူပေါင်းရာနှင့် ချီ၍ နေရပ်စွန့်ခွာခဲ့ရပြီး ၎င်းတို့အထဲ တွင် ပြင်းထန်သော ပဋိပက္ခဒဏ်ကို ရင်ဆိုင်နေရသော ကျေးရွာများလည်း ပါဝင်ခဲ့သည်။
လေ့လာမှုတွင်ပါဝင်သည့် အခြားသောဒေသများနှင့် မတူသည်မှာ နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသရှိ တောင်ကုန်းထူထပ်ပြီး အမြင့်ပိုင်းတွင် ရှိသော လေရှီးဒေသသည် ရေကြီးမှုဒဏ် ကို အလားတူမခံစားရသော်လည်း မိုးသည်းထန်စွာရွာသွန်းခြင်းက မြေပြိုမှုများကို ဖြစ်ပေါ်စေ ခဲ့သည်။ လေရှီးဒေသခံများ၏ ပြောပြချက်အရ မိုးရွာသွန်းမှုမှာ ခန့်မှန်းရခက်ခဲလာပြီး နွေ၊ မိုး၊ ဆောင်း ဟူသော ရိုးရာရာသီစက်ဝန်းများကို မလိုက်နာတော့ကြောင်း သိရသည်။ ယင်းအစား မိုးသည် မရွာသင့်သည့်အချိန်တွင် ရွာခြင်း၊ ပုံမှန်အားဖြင့် ခြောက်သွေ့လေ့ရှိသော ဆောင်းလ များတွင်ပင် ရွာသွန်းခြင်းမျိုး ရှိလာသည်။ ဥပမာအားဖြင့် ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ်များတွင် မိုးရွာ သွန်းမှု အလွန်နောက်ကျသဖြင့် ပြည်သူများ သီးနှံရိတ်သိမ်းနိုင်ခြင်း မရှိခဲ့ကြောင်း ဒေသခံများ က ဖော်ပြကြသည်။ မိုးအမှန်တကယ်ရွာသည့်အချိန်မှာ ရိတ်သိမ်းချိန်နှင့် တိုက်ဆိုင်နေသဖြင့် စပါးပင်များမှာ ခြောက်သွေ့ခြင်း သို့မဟုတ် ကျိုးကြေခြင်းများ ဖြစ်ပေါ်ခဲ့သည်ဟု ၎င်းတို့က လေ့လာတွေ့ရှိခဲ့သည်။ လေရှီးဒေသရှိ လူထုအကြားတွင် မမှန်ကန်သော မိုးရွာသွန်းမှုကြောင့် စိုက်ပျိုးရိတ်သိမ်းရန် အကောင်းဆုံးအချိန်ကို ခန့်မှန်းရန် ပိုမိုခက်ခဲလာပြီး နောက်ဆုံးတွင် သီးနှံအထွက်နှုန်း ကျဆင်းလာသည်ဟူသော ရှုမြင်ပုံမှာ တိုးပွားလာနေပါသည်။ ၂၀၂၃ တွင် စပါးအထွက်နှုန်းမှာ ကျေနပ်ဖွယ်ရှိသော်လည်း ဟင်းသီးဟင်းရွက်ကဲ့သို့သော အခြားသီးနှံများ မှာမူ အထွက်နှုန်းမကောင်းခြင်း သို့မဟုတ် မိုးနောက်ကျမှုကြောင့် အချိန်မီ မစိုက်ပျိုးနိုင်ခြင်း များ ရှိခဲ့သည်။ ထို့အပြင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆည်မြောင်းအခြေခံ အဆောက် အအုံများ သိသိသာသာ ပျက်စီးခဲ့ရပြီး မြေပြိုမှုနှင့် မြေဆီလွှာတိုက်စားမှုများက ရေမြောင်းများ ကို ဖျက်ဆီးခဲ့သည်။ ၂၀၂၄ တွင် ဖြစ်ပေါ်ခဲ့သော ပြင်းထန်သည့် မိုးသီးကြွေမှုကြောင့်လည်း တောင်သူများအနေဖြင့် ၎င်းတို့၏ ရွှေ့ပြောင်းတောင်ယာများကို အချိန်မီ မီးရှို့ရှင်းလင်းနိုင်ခြင်း မရှိဘဲ စိုက်ပျိုးရေးလုပ်ငန်းများကို အဟန့်အတား ဖြစ်စေခဲ့သည်။ ၂၀၂၄ ခုနှစ်အတွင်းမှာပင် လေရှီးဒေသ၌ တစ်ခါမျှ မကြုံဖူးသော မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့သည်။ ဒေသခံများ၏ ပြော ကြားချက်အရ ဤမျှကြီးမားသော အတိုင်းအတာဖြင့် မြေပြိုမှုကို တစ်ခါမျှ မတွေ့မြင်ဖူး ကြောင်း သိရသည်။ ယင်းမြေပြိုမှုသည် လေ့လာမှုပြုလုပ်ရာဒေသနှင့် ကပ်လျက်ရပ်ကွက် တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အိမ်ခြေသုံးလုံးကို ဝါးမျိုသွားကာ ကြီးမားသော ပျက်စီး ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့သည်။
အပူရှိန်မြင့်တက်လာခြင်း
လေ့လာမှုပြုလုပ်ခဲ့သည့် လူထုအားလုံးသည်လည်း ပြောင်းလဲလာသော အပူချိန်များကို ကြုံ တွေ့ခံစားရကြောင်း မီးမောင်းထိုးပြခဲ့ကြသည်။ ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်၊ မတ်လမှ မေလအထိ နွေရာသီကာလများတွင် အပူချိန်မြင့်တက်ခြင်းနှင့် အပူလှိုင်းဖြတ်ခြင်းတို့မှာ အဓိကပြောဆို သည့် အကြောင်းအရာများ ဖြစ်ခဲ့သည်။ ထိုကာလများတွင် မြန်မာနိုင်ငံရှိ နေရာအများအပြား၌ အပူချိန်များသည် စံချိန်တင်မြင့်တက်ခဲ့ပြီး လူပေါင်းနှစ်ထောင်နီးပါး သေဆုံးခဲ့ရ သည်။48 ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် ကလေးမြို့၌ အပူရှိန်မှာ အလွန်အမင်း ပြင်းထန်ခဲ့ပြီး ယခင်ကြုံတွေ့ခဲ့ဖူး သော မည်သည့်အပူချိန်ထက်မဆို သာလွန်ခဲ့သည်။ အရှေ့တောင်အာရှတစ်ဝန်းရှိ မိုးလေဝသ စခန်းများ၏ ထုတ်ပြန်ချက်အရ စံချိန်တင်အမြင့်ဆုံးအပူချိန် (၄၃) ဒီဂရီဆဲလ်စီးယပ်စ်မှ (၅၀) ဒီဂရီဆဲလ်စီး ယပ်စ်အထိ ရှိခဲ့သည်။49 ကလေးမြို့တွင် လေအေးပေးစက် (အဲကွန်း) အသုံးပြု နိုင်သူ အလွန်နည်းပါးပြီး လျှပ်စစ်မီးကိုလည်း ပုံမှန်မရရှိသဖြင့် ပိုမိုသက်သာသော လျှပ်စစ် ပန်ကာများကိုပင် ယုံကြည်စိတ်ချစွာ အသုံးမပြုနိုင်ကြပေ။ အလွန်အမင်းပြင်းထန်သော အပူ ဒဏ်ကို ရင်ဆိုင်ရန်အတွက် လူထုသည် အိမ်တွင်း၌သာ တတ်နိုင်သမျှ နေထိုင်ကြပြီး ပင်ပန်း သော ကိုယ်လက်လှုပ်ရှားမှုများကို လျှော့ချခဲ့ကြသည်။ သို့သော်လည်း အပူရှိန်ကြောင့် အရေ ပြားယားယံခြင်းများ ဖြစ်ပေါ်ခဲ့ပြီး လူအများအပြားမှာ အစားအသောက် စားသုံးရန်လည်း ခက်ခဲခဲ့ကြသည်။ ထို့အတူ ၂၀၂၄ ခုနှစ် နွေရာသီတွင် မြစ်ကြီးနား၌ အပူချိန်သည် (၄၅ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ ရောက်ရှိခဲ့ပြီး လူထုအနေဖြင့် အပူဒဏ် သက်သာစေရန် ခက်ခဲစွာ ရုန်းကန် ခဲ့ရသည်။ ဖြေဆိုသူများ၏ ပြောကြားချက် အရ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များတွင် ဖျားနာမှုများ ဖြစ်ပွားခဲ့ပြီး အပူဒဏ်ကြောင့် သေဆုံးမှုအချို့လည်း ရှိခဲ့သည်။ ကလေးမြို့ကဲ့သို့ ပင် မြစ်ကြီးနားရှိ ပြည်သူများသည်လည်း အပူရှိန်ကြောင့် အစားစားရန် ခက်ခဲကြောင်း ပြော ဆိုခဲ့ကြသည်။ အပူလှိုင်းဖြတ်ပြီးနောက် ခေတ္တခဏအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ကာ ဒေသခံ အများအပြား နေရပ်စွန့်ခွာခဲ့ရသည်။
ဘားအံမြို့တွင် အပူလှိုင်းကြောင့် လူအများအပြား အလုပ် မလုပ်နိုင် ဖြစ်ခဲ့ရသည်။ လေ့ လာမှုပြုလုပ်သည့် ရပ်ကွက်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ လုပ်ငန်းခွင်မနားဘဲ ဆက် လက်လုပ်ကိုင်ခဲ့ရသူ ငါးဦး သေဆုံးခဲ့သည်။ မုဒုံမြို့တွင်မူ အလွန်အမင်း ပူပြင်းမှုကြောင့် အိပ် စက်မှုကို အနှောင့်အယှက် ဖြစ်စေခဲ့ပြီး လူအများအပြား အစားအသောက်ပျက်ခြင်း၊ ဖျားနာ ခြင်းနှင့် လည်ချောင်းနာခြင်းများ ဖြစ်ပွားခဲ့သည်။ ယခင်က အရိပ်ရခဲ့ဖူးသော သစ်ပင်ကြီးများ ကို ခုတ်လှဲလိုက်ကြခြင်းအပေါ် လူထုက နှမြောတသ စိတ်မကောင်းဖြစ်ခဲ့ကြသည်။ စစ်တွေမြို့ တွင်လည်း နွေရာသီ အပူရှိန်သည် စိုးရိမ်စရာ ဖြစ်နေခဲ့ပြီး ရေအရင်းအမြစ်များ ခန်းခြောက်မှု ကို ပိုမိုဆိုးရွားစေခဲ့သည်။ ပူပြင်းသော ရာသီဥတုက အပင်များ အညှောက်ပေါက်ခြင်းကို ထိခိုက်စေသည်ဟု ဒေသခံများက ယုံကြည်ကြသည်။ နွေရာသီလများတွင် လူအများအပြား နေအိမ်အတွင်း၌သာ အောင်းနေခဲ့ကြရသည်။ တောင်ငူမြို့သည် ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်များတွင် ၎င်း၏ အမြင့်ဆုံး အပူချိန်များအဖြစ် (၄၆) ဒီဂရီဆဲလ် စီးယပ်စ်နှင့် (၅၀) ဒီဂရီဆဲလ်စီးယပ်စ် အထိ ကြုံတွေ့ခဲ့ရသည်။ ဤအခြေအနေကြောင့် အထူးသဖြင့် သက်ကြီးရွယ်အိုများအကြား ဖျားနာမှုများပြန့်နှံ့ခဲ့ပြီး အချို့မှာ သေဆုံးခဲ့သည်။ အခြားမြို့နယ်များကဲ့သို့ပင် တောင်ငူရှိ ပြည်သူများသည် အစားကောင်းကောင်း မစားနိုင်ခဲ့ကြဘဲ လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် အအေးခံရန်အတွက် ပန်ကာများကို ပုံမှန် အသုံးမပြုနိုင်ခဲ့ကြပေ။ အေးမြသော အမြင့်ပိုင်း ဒေသများမှ ဆင်းလာရသည့် နေရပ်စွန့်ခွာသူ (စစ်ဘေးရှောင်များ) မှာ အပူဒဏ်ကို အဆိုးရွား ဆုံးခံစားခဲ့ရသည်ဟုဆိုသည်။ ၂၀၂၄ ခုနှစ် အပူလှိုင်းအတွင်း သေဆုံးသူများအနက် အများစုမှာ သက်ကြီးရွယ်အို စစ်ဘေးရှောင်များဖြစ်ကြသည်။
မြေနိမ့်ပိုင်း ဒေသများနှင့် မတူဘဲ အမြင့်ပိုင်းတွင် တည်ရှိသော လေရှီးမြို့နယ်သည် အလားတူ အပူလှိုင်းဒဏ်ကို မခံစားရသော်လည်း နေရောင်ခြည်၏ အပူရှိန်မှာ ပိုမိုပြင်းထန် လာကြောင်းနှင့် ဆောင်းရာသီ အပူချိန်မှာ သုညဒီဂရီအောက် မကျတော့သဖြင့် ရေခဲသည်ကို မတွေ့ရတော့ကြောင်း လူထုက ပြောဆိုကြသည်။ အေးမြသော ဒေသဖြစ်သော်လည်း ၂၀၂၄ ခုနှစ် နွေရာသီတွင်မူ ပုံမှန်ထက်ပိုမိုသော အပူချိန်ကြောင့် လူများ အလုပ် မလုပ်နိုင်ခဲ့ဘဲ ပထမဆုံးအကြိမ်အဖြစ် သောက်သုံးရေ အရင်းအမြစ်များ ခန်းခြောက်ခဲ့သည်။ ထို့ကြောင့် လူထုအနေဖြင့် လှေကားထစ် စိုက်ပျိုးရေး အတွက် အသုံးပြုသော ဆည်မြောင်းစနစ်မှ ရေကို အသုံးပြုခဲ့ရသည်။ အလွန် အမင်း ပူပြင်းပြီးနောက် ခြောက်သွေ့နေသော မြေဆီလွှာပေါ်သို့ မိုးသည်းထန် စွာ ရွာသွန်းခဲ့သဖြင့် နေရာအတော်များများတွင် မြေဆီလွှာ တိုက်စားမှုများ ဖြစ်ပေါ်ခဲ့ကာ အချို့သော လှေကားထစ် လယ်ယာမြေများ ပျက်စီးဆုံးရှုံးခဲ့ရ သည်။
ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများ ပဋိပက္ခနှင့် ပတ်ဝန်းကျင်ယိုယွင်းမှုတို့အကြား ဆက်နွှယ်နေမှု
ကျွန်ုပ်တို့ လေ့လာခဲ့သည့် လူ့အဖွဲ့အစည်းများတစ်လျှောက် အပူချိန်နှင့် မိုးရွာသွန်းမှုပုံစံ ပြောင်းလဲလာခြင်းသည် ဒေသန္တရအခြေအနေအပေါ် မူတည်၍ တိုက်ရိုက်နှင့် ဆင့်ကဲသက် ရောက်မှု အမျိုးမျိုးကို ဖြစ်ပေါ်စေလျက်ရှိသည်။ တိုက်ရိုက်သက်ရောက်မှုများတွင် မြေပြိုခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ ရေရှားပါးခြင်းနှင့် မြစ်ချောင်းများ ခန်းခြောက်ခြင်းတို့ ပါဝင်သည်။ ယင်းတို့ကြောင့် စိုက်ပျိုးရေးအထွက်နှုန်းများ ကျဆင်းလာကာ အချို့နှစ်များတွင် တောင်သူ များအနေဖြင့် စပါး သို့မဟုတ် ဟင်းသီးဟင်းရွက်များကိုပင် မစိုက်ပျိုးနိုင်သည့် အခြေအနေ အထိ ရောက်ရှိခဲ့သည်။ အသီးအနှံပင်များနှင့် ဟင်းသီးဟင်းရွက် စိုက်ခင်းများသည် ပြင်းထန် သော အပူရှိန်နှင့် အချိန်မီ မိုးမရွာသွန်းမှုဒဏ်ကို ခံစားနေရပြီး အပင်များ အညှောက် မပေါက် ခြင်းနှင့် ပိုးမွှားအသစ်များ ကျရောက်ခြင်းတို့ကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးနေရသည်။ ထို့ပြင် အပူရှိန်ကြောင့် ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်များစွာလည်း ပေါ်ပေါက်လာနေသည်။
အရေးကြီးသည့်အချက်မှာ ဤရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာသော လက်နက်ကိုင်ပဋိပက္ခများနှင့် နိုင်ငံရေးနှင့် စီးပွားရေး ပြိုကွဲမှုများ၏ အကျိုးဆက်များနှင့် ခွဲခြား၍မရအောင် ရောယှက်နေသည်ဟု ရှုမြင် ကြခြင်းဖြစ်သည်။ ပြောင်းလဲလာသောရာသီဥတုပုံစံများအကြောင်း ဒေသခံများနှင့် ဆွေးနွေးမှု များသည်သယံဇာတအလွဲသုံးစားပြုခြင်း၊ အသက်မွေးဝမ်းကျောင်းမလုံခြုံမှု၊ မြေယာအသုံးချမှု ပြဿနာများ၊ တိုက်ပွဲများနှင့် မျိုးစေ့၊ မြေဩဇာကဲ့သို့သော စိုက်ပျိုးရေးဆိုင်ရာ စရိတ်စကများ မြင့်တက်လာခြင်း စသည့် ဆွေးနွေးချက် များဆီသို့ မကြာခဏ ဦးတည်သွားလေ့ရှိသည်။
ဥပမာအားဖြင့် မြစ်ကြီးနားမြို့တွင် အပူရှိန်အကြောင်း ဆွေးနွေးမှုများသည် သတ္တုတူး ဖော်ရေးလုပ်ငန်းများ တိုးပွားလာမှုကြောင့် ဖြစ်ပေါ်လာသည့် ညစ်ညမ်းမှုများ၊ မြေပြိုမှုများနှင့် လယ်ယာမြေများ အပင် မပေါက်နိုင်တော့ဘဲ မြေရိုင်းဖြစ်သွားရသည့် အခြေအနေများနှင့် ရော ထွေးနေတတ်သည်။ ကလေးမြို့တွင်မူ နစကတပ်ဖွဲ့များနှင့် တော်လှန်ရေးတပ်များအကြား လက်နက်ကိုင်ပဋိပက္ခများကြောင့် တောင်သူများအတွက် မမှန်ကန်သော မိုးရွာသွန်းမှု၊ မြင့် တက်လာသော အပူရှိန်နှင့် မြေပြိုမှုများကို ရင်ဆိုင် ဖြေရှင်းရန် အလွန်ခက်ခဲလာသဖြင့် အချို့ မှာ စိုက်ပျိုးရေးလုပ်ငန်းကို လုံးဝ ရပ်နားလိုက်ကြသည်။ ၎င်းတို့သည် မိမိတို့၏ လယ်ယာမြေ ဧရိယာများအတွင်း တိုက်ပွဲသစ်များ ထပ်မံဖြစ်ပွားမည်ကိုလည်းကောင်း50၊ စစ်ကိုင်းတိုင်းရှိ နေရာအတော်များများတွင် ဖြစ်ပွားနေသကဲ့သို့ စစ်တပ်က လယ်ယာမြေများကို မီးရှို့ဖျက်ဆီး သဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးရမည်ကိုလည်းကောင်း အမြဲတစေ စိုးရိမ်ကြောက်လန့်နေကြရ သည်။51 ထို့ပြင် စစ်ဆေးရေးဂိတ်များရှိနေခြင်းကလည်း တောင်သူများအား လယ်ယာလုပ်ငန်း ခွင်သို့ သွားရောက်လုပ်ကိုင်ရန် အဟန့်အတား ဖြစ်နေစေသည်။ အာဏာသိမ်းမှုနောက်ပိုင်း စီးပွားရေးကျပ်တည်းမှုများသည် ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်ရန် လိုအပ်သော လိုက် လျောညီထွေရှိသည့် စိုက်ပျိုးရေးနည်းစနစ်များ (adaptive farming methods) အသုံးပြုနိုင် ရန်လည်းခက်ခဲသွားစေသည်။ ၎င်းသည် အာဏာသိမ်းမှုနောက်ပိုင်း မြေဩဇာနှင့် လောင်စာ ဆီဈေးနှုန်းများ မြင့်တက်လာမှုနှင့် အထူးသက်ဆိုင်နေသည်။ ဥပမာအားဖြင့် ကလေးမြို့ရှိ စပါးစိုက် တောင်သူများသည် လျော့နည်းလာသော ရေအရင်းအမြစ်ကို ဖြေရှင်းရန် စက်သုံးဆီ သုံး၍ ရေတင်စနစ်ကို အသုံးပြုခဲ့ကြသော်လည်း ယခုအခါ စက်သုံးဆီ ဈေး နှုန်းမှာ အလွန် အမင်း မြင့်တက်သွားသဖြင့် ယင်းနည်းလမ်းမှာလည်း မဖြစ်နိုင်တော့ပေ။ ထို့ပြင် အာဏာသိမ်း မှုနောက်ပိုင်း တောင်သူများသည် စိုက်ပျိုးရေးဘဏ်မှ ချေးငွေများကိုလည်း မရရှိတော့သဖြင့် မိုးခေါင်ဒဏ်ခံနိုင်သော စပါးမျိုးစေ့များ ဝယ်ယူနိုင်စွမ်းအပေါ် သက်ရောက်မှုရှိနေသည်။
မုဒုံမြို့ရှိ တောင်သူများသည်လည်း မြင့်တက်လာသော စိုက်ပျိုးရေးဆိုင်ရာပစ္စည်း ဈေး နှုန်းများ၏ ဒဏ်ကို ခံစားနေရပြီး စပါး မစိုက်ပျိုးနိုင်တော့ကြောင်း ရှင်းပြကြသည်။ ယင်းအစား ၎င်းတို့သည် ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေကြသော လူငယ်နှင့် လူလတ်ပိုင်း ဆွေမျိုး များထံမှ ပေးပို့လာသည့် လွှဲပို့ငွေများကိုသာ အဓိက အမှီပြုနေကြရသည်။ တစ်ချိန်တည်းမှာ ပင် စပါးစိုက်ပျိုးခြင်းကို လုံးဝရပ်နားလိုက်ပါက ၎င်းတို့၏ မြေယာများကို နစကက သိမ်းယူ သွားမည်ကိုလည်း စိုးရိမ်နေကြသည်။ အကြောင်းမှာ မြေယာပိုင်ဆိုင်ခွင့် တည်မြဲရန်အတွက် မြေယာကို အမှန်တကယ် အသုံးချနေရန် လိုအပ်သည်ဟူသော သတ်မှတ်ချက်ရှိနေသော ကြောင့်ဖြစ်သည်။52 စစ်တွေဧရိယာတွင်လည်း မြင့်တက်လာသော စက်သုံးဆီဈေးနှုန်းနှင့် ရာသီဥတုပြောင်းလဲမှုများကြောင့် တောင်သူများသည် ဟင်းသီးဟင်းရွက်များကို တစ်နှစ်လျှင် နှစ်ကြိမ် မစိုက်ပျိုးနိုင်တော့ပေ။ မိုးမရွာသည့်အခါ အပင်များကို ရေလောင်းရန်အတွက် ရေ တင်ရန် စက်သုံးဆီ လိုအပ်သောကြောင့်ဖြစ်သည်။
လောင်းလုံနှင့် စစ်တွေဒေသတို့တွင် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုသည် ဒီရေ တောများ ပြုန်းတီးမှုနှင့် ဆက်စပ်နေပြီး လယ်ယာမြေများအတွင်း ရေငန်ဝင်ရောက်ခြင်းနှင့် ကမ်းခြေတွင် ရှာဖွေရရှိတတ်သည့် ခရု၊ ပုစွန်နှင့် အခြားသော ပင်လယ်သတ္တဝါများ လျော့ နည်းလာခြင်းတို့ကို ဖြစ်ပေါ်စေသည်။ လောင်းလုံဒေသတွင် ရှင်သန်ရေးနှင့် နေ့စဉ်လုံခြုံရေး အတွက် ပူပန်နေရမှုများသည် ပတ်ဝန်းကျင်အပေါ် နည်းလမ်းအမျိုးမျိုးဖြင့် သက်ရောက်နေ ကြောင်း ပြည်သူများက ဖော်ပြကြသည်။ ကမ်းရိုးတန်းနှင့် ကုန်းတွင်းပိုင်းတွင် နစကတပ်များ ရှိနေခြင်းကြောင့် ပင်လယ်ပြင်ထွက်၍ ငါးဖမ်းရန်မှာ အလွန်အန္တရာယ်များလှသည်။ ထို့ကြောင့် ငါးဖမ်းသမားများသည် ရှင်သန်နိုင်ရန်အတွက် ကမ်းခြေတစ်လျှောက် ခရုနှင့် အခြားသော ကမ်းခြေထွက်ကုန်များကို ရှာဖွေစုဆောင်းခြင်းအပေါ်တွင်သာ အမှီပြုနေရသည်။ သို့သော် အဆိုပါအရင်းအမြစ်များသည်လည်း အလွန်အမင်း ရှာဖွေစုဆောင်းခြင်းနှင့် ထင်းအတွက်ဖြစ် စေ၊ ဝင်ငွေအတွက်ဖြစ်စေ ဒီရေတောများကို အရှိန်အဟုန်ဖြင့် ခုတ်လှဲနေကြခြင်းတို့ကြောင့် လျော့နည်းလာနေသည်။ ဤအခြေအနေသည် ဒေသခံလူထုနှင့် ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီကဲ့သို့သော ပုဂ္ဂလိကလုပ်ငန်းရှင်များအကြား တင်းမာမှုများကို ဖြစ်ပေါ်စေခဲ့ ပြီး အကြောင်းမှာ ကုမ္ပဏီက ၎င်းတို့၏ ကာကွယ်ထားသော သစ်တောဧရိယာဟု သတ်မှတ် ထားသည့် နေရာများတွင် ဒီရေတောခုတ်လှဲမှုကို ကန့်သတ်ထားသောကြောင့်ဖြစ်သည်။
မုဒုံမြို့တွင် ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက်၍ မေးမြန်းသောအခါ လူထုက အပူရှိန် နှင့် မလုံခြုံမှုဟူသော “ဝန်ထုပ်ဝန်ပိုးနှစ်ရပ်” (double burden) ကြောင့် ဖြစ်ပေါ်လာသည့် လူမှုရေးသက်ရောက်မှုများကို ပြောပြကြသည်။ ယခင်က ပူပြင်းသော ရာသီဥတုတွင် ကလေး ရော လူကြီးပါ သစ်ပင်ကြီးများ၏ အရိပ်အောက်၌ စုဝေးလေ့ရှိသော်လည်း ယခုအခါ သစ်ပင် များ မရှိတော့သဖြင့် ထိုကဲ့သို့ စုဝေးမှုများ မရှိတော့ပေ။ ထို့အပြင် နစက စစ်သားများကို ကြောက်ရွံ့ခြင်းကလည်း ရွာအတွင်း လူစုလူဝေးပြုလုပ်ရန် ပိုမိုဟန့်တားလျက်ရှိသည်။ ရွာ အတွင်း ဘောလုံးကစားခြင်းကဲ့သို့သော လှုပ်ရှားမှုများသည်လည်း အပူရှိန်ကြောင့်သာမက နစကကို ကြောက်ရွံ့ခြင်းကြောင့်ပါ ရပ်တန့်သွားခဲ့ရသည်။ နာဂဒေသတွင်လည်း ရေရှားပါးမှု အပေါ် တင်းမာမှုများ မြင့်တက်လာပြီး ရိုးရာရေဝေခြမ်းမှု ဓလေ့ထုံးတမ်းများကို ပျက်ပြားစေ လျက်ရှိသည်။ ယင်းအခြေအနေသည် ပဋိပက္ခများကို ပိုမိုဖြစ်ပွားစေကာ ညဘက်တွင် ရေခိုး ယူမှုများကို တိုးပွားလာစေခဲ့သည်။
ကလေးမြို့နှင့် တောင်ငူမြို့တို့တွင်မူ စစ်ပွဲများကြောင့် ပတ်ဝန်းကျင်နှင့် ဒေသန္တရတော ရိုင်းတိရစ္ဆာန်များအပေါ် ရုပ်ပိုင်းဆိုင်ရာ ဖျက်ဆီးမှုများ ရှိနေခြင်းကို ဒေသခံများက စိုးရိမ်တ ကြီး ဖော်ပြကြသည်။ ဤဒေသများသည် နစက ထိန်းချုပ်မှုအောက်တွင် ရှိသော်လည်း လက် နက်ကိုင်ပဋိပက္ခများသည် အနီးနားတွင်ပင် ရှိနေပြီး အချို့သော ဒေသခံများ၏ လယ်ယာမြေ များမှာ ဗုံးများနှင့် သေနတ်ကျည်ဆန်များကြောင့် တိုက်ရိုက်ထိခိုက်ပျက်စီးခဲ့ရသည်။ ပဋိပက္ခ များက လေထုညစ်ညမ်းမှုကို ပိုမိုဆိုးရွားစေပြီး လေထုအတွင်း အစိုဓာတ်ထိန်းသိမ်းနိုင်စွမ်းကို လျော့နည်းစေကာ ယင်းမှတစ်ဆင့် အသီးအနှံပင်များနှင့် သီးနှံစိုက်ခင်းများကို ဆိုးကျိုးသက် ရောက်စေသည်ဟု ဒေသခံများက ယုံကြည်ကြသည်။ ထို့ပြင် ပစ်ခတ်မှုများနှင့် လေကြောင်း တိုက်ခိုက်မှုများမှ ထွက်ပေါ်လာသော နိုက်ထရစ်အောက်ဆိုဒ် ဓာတ်ငွေ့များကြောင့် ဝက်နှင့် ကြက်၊ ဘဲ ကဲ့သို့သော မွေးမြူရေးတိရစ္ဆာန်များ ကျန်းမာရေးချို့တဲ့လာရသည်ဟု ၎င်းတို့က ယူဆကြသည်။ ငှက်မျိုးစိတ်များ သိသိသာသာ လျော့နည်းလာခြင်းကိုလည်း သတိပြုမိကြပြီး အများစုမှာ ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် အခြားတစ်နေရာသို့ ပြောင်းရွှေ့ သွားကြသည်ဟု ယူဆရသည်။ ယခင်က နွေရာသီတွင် အမြဲကြားနေရသော ငှက်အော်သံများ သည် ၂၀၂၃ မှစ၍ ပျောက်ကွယ်သွားခြင်းမှာ ပဋိပက္ခ၏ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို ဖော်ပြနေသည်။ တောင်ငူမြို့တွင်မူ တိုက်ပွဲများနှင့် သစ်တောများ မီးရှို့ခံရမှုများကြောင့် ငှက် များသည် သစ်တောများမှ စိုက်ပျိုးရေးဧရိယာများဆီသို့ ပိုမိုပြောင်းရွှေ့လာကြသဖြင့် သီးနှံများ ပိုမိုပျက်စီးဆုံးရှုံးရကြောင်း ဒေသခံများက တင်ပြကြသည်။
မြို့ပြဒေသများဖြစ်သော မြစ်ကြီးနား၊ ဘားအံ၊ စစ်တွေနှင့် တောင်ငူတို့တွင် ပဋိပက္ခ ကြောင့် ထွက်ပြေးလာရသည့် နေရပ်စွန့်ခွာသူများ တိုးပွားလာမှုကြောင့်ဖြစ်ပေါ်လာသည့် ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှုများအပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်လာ သည်ကို ရပ်ရွာအခြေပြုသုတေသီများက သတိပြုမိခဲ့ကြသည်။ နစကမှ ချမှတ်ထားသော ကူညီကယ်ဆယ်ရေးဆိုင်ရာ ကန့်သတ်ချက်များနှင့်အတူ ဒေသခံလူထုနှင့် ခရစ်ယာန်ဘုရား ကျောင်းများအတွင်းရှိ အရင်းအမြစ်များ လျော့နည်းလာခြင်းတို့ကြောင့် နေရပ်စွန့်ခွာသူများ သည် ရှင်သန်ရပ်တည်ရေးအတွက် ခက်ခဲစွာ ရုန်းကန်နေကြရသည်။ အချို့သော ဒေသများ တွင် အခြေခံရှင်သန်ရေး လိုအပ်ချက်များအတွက် သစ်ပင်များကို ခုတ်လှဲကြသဖြင့် သစ်တော ပြုန်းတီးမှုများ တိုးပွားလာခဲ့သည်။ ထို့အပြင် နေရပ်စွန့်ခွာသူများ အစုအပြုံလိုက် နေထိုင်ခြင်း ကြောင့် အမှိုက်များ တိုးပွားလာခြင်းနှင့် အမှိုက်မီးရှို့ခြင်းမှတစ်ဆင့် လေထုညစ်ညမ်းခြင်းများ ကို ဖြစ်ပေါ်စေခဲ့သည်။ ဤအခြေအနေများသည် လူမှုရေးဆိုင်ရာ တင်းမာမှုများကို ဖြစ်ပေါ်စေ ခဲ့ပြီး အကြောင်းမှာ လက်ခံထားသည့် ဒေသခံလူထုက ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု၊ အမှိုက် စီမံခန့်ခွဲမှု ပြဿနာများနှင့် အချို့သော အချိန်များတွင် ခိုးယူမှုနှင့် ဆူညံမှုများအတွက် နေရပ် စွန့်ခွာလာသူများအပေါ် ပိုမိုအပြစ်တင်လာကြသောကြောင့်ဖြစ်သည်။ ဤအခြေအနေသည် လူမှုရေးပဋိညာဉ် (social contract) တဖြည်းဖြည်း ပြိုကွဲလာမှုနှင့်လည်း ဆက်စပ်နေနိုင်ပြီး ပြင်ပမှရောက်ရှိလာသူများကို တစ်ခါတစ်ရံ သံသယဖြင့် ကြည့်မြင်လာကြသည်။
ဤတင်ပြချက်များက သက်သေပြနေသကဲ့သို့ ပြည်သူများ၏ ရာသီဥတုပြောင်းလဲမှု အပေါ် နားလည်မှုမှာ အပူချိန်မြင့်တက်လာခြင်းကဲ့သို့သော သီးခြားသိပ္ပံနည်းကျ အဓိပ္ပာယ်ဖွင့် ဆိုချက်များအတွင်း၌သာ ကန့်သတ်သည်မဟုတ်ပေ။ ယင်းအစား ၎င်းသည် လက်နက်ကိုင် ပဋိပက္ခနှင့် အကြမ်းဖက်မှုဆိုင်ရာ လက်တွေ့ဘဝ အတွေ့အကြုံများနှင့် နက်နက်ရှိုင်းရှိုင်း ရော ယှက်နေပြီး ညစ်ညမ်းမှု၊ ငှက်များ နေရာရွှေ့ပြောင်းမှု၊ စိုက်ပျိုးရေး လုပ်ထုံး လုပ်နည်းများနှင့် စိုက်ပျိုးရေးဆိုင်ရာ စရိတ်စကမြင့်တက်လာမှုစသည့် ကျယ်ပြန့်သော ကိစ္စရပ်များအပေါ် သက် ရောက်လျက်ရှိသည်။ ရာသီဥတုပြောင်းလဲမှု၏ အခြေခံအကြောင်းရင်းများကို လူထုက မည် သို့ ရှုမြင်ကြသည်ကို လေ့လာသည့်အခါ ရာသီဥတု ပုံစံပြောင်းလဲမှုနှင့် ပိုမိုကျယ်ပြန့်သော အကျပ်အတည်း အတွေ့အကြုံများအကြား လူပုဂ္ဂိုလ်များက မည်သို့ ချိတ်ဆက်တွေးတောကြ သည်မှာ အထူးပင် သိသာထင်ရှားလာသည်။ နောက်အပိုင်းတွင် ရာသီဥတု ပြောင်းလဲမှု သို့မဟုတ် ရာသီဥတု ဖောက်ပြန်မှုများသည် အဘယ်ကြောင့် ဖြစ်ပေါ်နေရသနည်းဟူသော မေးခွန်းအပေါ် အခြေခံ၍ ယင်းအချက်ကို တိုက်ရိုက် စူးစမ်းလေ့လာသွားပါမည်။
ရာသီဥတုပြောင်းလဲမှု၏ အကြောင်းရင်းများအပေါ် ရှုမြင်ပုံများ
တိဗက်နှင့် ယူဂန္ဓာကျေးရွာများရှိ လေ့လာမှုများတွင် တွေ့ရှိရသကဲ့သို့ပင်53 လေ့လာမှုပြုလုပ်ခဲ့ သည့် လူထုအတွင်းရှိ လူအနည်းငယ်သာ ရာသီဥတုပြောင်းလဲမှုများကို ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ထုတ်လွှတ်မှုများ၏ ရလဒ်အဖြစ် ပြောဆိုကြသည်။ ယင်းအစား ၎င်းတို့ကို မိမိတို့၏ ဒေသန္တရနှင့် နိုင်ငံတွင်း အခြေအနေများရှိ ဖျက်ဆီးတတ်သော သို့မဟုတ် ကိုယ်ကျင့်တရား ပျက်ပြားသော လူသားတို့၏ လုပ်ဆောင်ချက်များကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟု ရှုမြင် ကြသည်။ အချို့သောသူများသည် ဤရုပ်ပိုင်းဆိုင်ရာ ရှင်းလင်းချက်များကို ပိုမိုနက်ရှိုင်းသော နာမ်ပိုင်းဆိုင်ရာနှင့် ဘာသာရေးဆိုင်ရာ အကျပ်အတည်း နားလည်မှုများနှင့် ပေါင်းစပ်ကြ သည်။ သို့သော်လည်း လူအများအပြားမှာ ၎င်းတို့ရင်ဆိုင်နေရသော ဆိုးရွားလှသည့် အသက် မွေးဝမ်းကျောင်းနှင့် လုံခြုံရေးအခြေအနေများကြောင့် ရာသီဥတုပြောင်းလဲမှု၏ အကြောင်း ရင်းများအပေါ် ၎င်းတို့၏ အမြင်များကို ပေးရန် ဝန်လေးနေကြသည်ဟု ကျွန်ုပ်တို့၏ ရပ်ရွာ အခြေပြုသုတေသီများက ပြောကြားခဲ့သည်။ ၎င်းတို့သည် မိမိတို့ မသိကြောင်း သို့မဟုတ် ရာသီဥတုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကိုပင် ထည့်သွင်းမစဉ်းစားနိုင်ကြောင်း ပြောဆို ကြသည်။ အချို့သော ရပ်ရွာအခြေပြုသုတေသီများ၏ အဆိုအရ ဤကဲ့သို့သော ကိစ္စရပ်များ ကို ဦးစား မပေးနိုင်ခြင်းသည် ပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးယိုယွင်းမှုများကို ပိုမိုနက်ရှိုင်းလာ စေနိုင်ကြောင်း သိရသည်။ ကျွန်ုပ်တို့၏ လူထုသုတေသီများထံ ပေးအပ်ခဲ့သော ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မတူညီသည့် ဒေသန္တရ ရှင်းလင်းချက်များကို အောက်တွင် ဆက်လက် ဆွေးနွေးသွားပါမည်။
သစ်ပင်များ ရှားပါးပျောက်ကွယ်လာခြင်း
အကြီးအကျယ် သစ်တောပြုန်းတီးမှုနှင့် သစ်ပင်များ ပျောက်ကွယ်လာခြင်းသည် လေ့လာမှုပြု ခဲ့သော ဒေသအားလုံးတွင် အပူရှိန်မြင့်တက်လာရခြင်း၏ ဘုံအကြောင်းပြချက်တစ်ခု ဖြစ် သည်။ ကလေးမြို့မှ ဒေသခံတစ်ဦးက “သစ်ပင်တွေ တစ်နှစ်ထက်တစ်နှစ် နည်းလာတာက အပူရှိန် တစ်နှစ်ထက်တစ်နှစ် တိုးလာတာပါပဲ” ဟု မှတ်ချက်ပြုသည်။ ထို့အပြင် သစ်ပင်များ ဆုံးရှုံးခြင်းက မြေဆီလွှာအတွင်းရှိ ရေဓာတ်ကို ခန်းခြောက်စေပြီး လယ်ယာမြေများနှင့် အိမ်ထောင်စုများကိုပါ ပြင်းထန်စွာ ထိခိုက်စေသည်ဟု အများစုက ယုံကြည်ကြသည်။
မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှုမှာ ဆယ်စုနှစ်ပေါင်းများစွာ တစိုက်မတ်မတ် မြင့် တက်နေခဲ့သော်လည်း54 ၂၀၂၁ မတိုင်မီက သစ်တောများ အတော်အတန် ကောင်းမွန်နေသေး သည့် ဒေသများတွင်ပင် အာဏာသိမ်းပြီးနောက်ပိုင်း သစ်ခုတ်လှဲမှုများ ပိုမိုမြန်ဆန်လာသည် ဟု ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြသည်။55 သစ်တောပြုန်းတီးမှုသည် လက်ရှိအကျပ်အတည်း နှင့် ဆက်စပ်နေသော အဓိကနည်းလမ်းနှစ်ရပ်ဖြင့် ဖြစ်ပေါ်နေသည်။ ပထမအချက်မှာ နစက ထံမှ လိုင်စင်ရထားသော သို့မဟုတ် ပြည်သူ့စစ်များနှင့် ERO များဖြင့် ဆက်နွှယ်နေသော ကုမ္ပဏီများ၏ စီးပွားဖြစ် သစ်ထုတ်လုပ်မှုများ တိုးပွားလာခြင်းဖြစ်သည်။ ဒုတိယအချက်မှာ လျှပ်စစ်မီး ပြတ်တောက်မှု၊ ဂတ်စ်ဈေးနှုန်းမြင့်တက်မှုနှင့် အသက်မွေးဝမ်းကျောင်း မရေရာမှု များကို ရင်ဆိုင်နေရသော ရွာသားများသည် ထင်းအဖြစ် အသုံးပြုရန်နှင့် ပြန်လည်ရောင်းချ ရန်အတွက် ဒီရေတောများအပါအဝင် သစ်ပင်များကို ပိုမိုခုတ်လှဲလာကြခြင်းဖြစ်သည်။
တောင်ငူမြို့တွင်မူ ၂၀၂၃ မှစ၍ ပိုမိုပြင်းထန်လာသော ပဋိပက္ခများကြောင့် ပတ်ဝန်းကျင် ရှိ ကျွန်းသစ်တောများ လုံးဝပြုန်းတီးသွားကြောင်း အကြောင်းမှာ ပြည်သူများအနေဖြင့် ၎င်း တို့၏ စိုက်ခင်းများကို မစောင့်ရှောက်နိုင်တော့ခြင်းနှင့် နစက စစ်တပ်က စီးပွားရေးသမားများ ကို သစ်များထုတ်ယူရောင်းချခွင့် ပေးထားခြင်းတို့ကြောင့်ဖြစ်သည်ဟု တင်ပြကြသည်။ အချို့ ကမူ သစ်တောများအတွင်း ခိုအောင်းနေသည်ဟု ယူဆရသော တော်လှန်ရေးအင်အားစုများကို ဟန့်တားရန်အတွက် နစကက သစ်တောပြုန်းတီးမှုကို ခွင့်ပြုထားခြင်း သို့မဟုတ် ကိုယ်တိုင် ပါဝင် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ယူဆကြသည်။56 စစ်တွေမြို့တွင်မူ အထူးသဖြင့် AA မပေါ်ပေါက်လာမီက ရာသီဥတုပြောင်းလဲမှုကို အဓိကအားဖြင့် နစက စစ်တပ်နှင့် ခရိုနီ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ သစ်တောဖျက်ဆီးမှုကြောင့်ဟု သတ်မှတ်ကြသည်။ ဥပမာ အားဖြင့် စစ်တပ်နှင့် ဆက်နွှယ်သော စီးပွားရေးလုပ်ငန်းများသည် သစ်ထုတ်လုပ်ရန်အတွက် နေရပ်စွန့်ခွာသူများ၏ ဇာတိမြေများကို သိမ်းယူခဲ့ ကြကြောင်း ပြည်သူများက တင်ပြကြသည်။ နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် သစ်တောထိန်းသိမ်းရေး လုပ်ငန်းများလည်း ပျက်ပြားခဲ့ရပြီး စစ်တွေဒေသတစ်ဝိုက်ရှိ ဒီရေတော (၇၅) ရာခိုင်နှုန်းခန့် ပျက်စီးသွားပြီဟု သိရသည်။ စစ်တပ် နှင့် ဆက်နွှယ်သော စီးပွားရေးလုပ်ငန်းများကို အဓိကအပြစ်တင်ကြသော်လည်း ဒေသခံများ သည်လည်း ရှင်သန်ရေးအတွက် ဒီရေတောများကို ခုတ်လှဲနေကြရသည်။ ၎င်းမှာ တော်လှန် ရေးအင်အားစုများကို ရိက္ခာ၊ ရန်ပုံငွေ၊ သတင်းအချက်အလက်နှင့် လူသစ်စုဆောင်းမှုများ ဖြတ်တောက်ရန် ရည်ရွယ်သည့် နစက၏ “ဖြတ်လေးဖြတ်” မူဝါဒကြောင့်လည်း တစ်စိတ် တစ်ပိုင်းပါဝင်သည်။
ကလေးမြို့တွင်မူ ဆန့်ကျင်ဘက်အနေဖြင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် စီးပွားဖြစ် သစ်ထုတ်လုပ်မှု လျော့နည်းသွားသော်လည်း ဂတ်စ်ဈေးနှုန်း (၃၀၀) ရာခိုင်နှုန်းအထိ မြင့်တက် လာခြင်းနှင့် လျှပ်စစ်မီး ရရှိမှု အကြီးအကျယ် လျော့နည်းသွားခြင်းတို့ကြောင့် လူထုက ထင်းကို ပြောင်းလဲ အသုံးပြုလာကြရာ ဒေသတွင်း သစ်ခုတ်မှုမှာ မြင့်တက်လာခဲ့သည်။ လောင်းလုံ မြို့နယ်တွင် နစကနှင့် ဒေသခံပီဒီအက်ဖ်များသည် တောင်ပေါ်တောများ၌ သစ်ထုတ်လုပ်ရေး လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုထားသည်ဟု ယူဆရပြီး လက်နက်ကိုင်အဖွဲ့အစည်းများကို ကြောက်ရွံ့ခြင်းကြောင့် ရွာသားများမှာ အဆိုပါတောများသို့ မသွားရဲတော့ပေ။ ကမ်းရိုးတန်း တစ်လျှောက်တွင်လည်း လျှပ်စစ်မီးပြတ်တောက်ခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ အလုပ်အ ကိုင်ဆုံးရှုံးခြင်းနှင့် နစကစစ်တပ်ရှိနေခြင်းကြောင့် ငါးဖမ်းရန် ကန့်သတ်ချက်ရှိလာခြင်းတို့ ကြောင့် ရွာသားများက ထင်းအပေါ် ပိုမိုမှီခိုလာရသဖြင့် ဒီရေတောပြုန်းတီးမှုမှာ ပိုမိုမြန်ဆန် လာခဲ့သည်။ ဒီရေတောပြုန်းတီးမှုသည် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းကဲ့သို့သော ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဘေးအန္တရာယ်များကို ပိုမိုဆိုးရွားစေသည်ဟု အချို့က သိရှိထား သော်လည်း လူအများစုမှာ ပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှုများထက် လက်ငင်းရှင်သန်ရပ် တည်ရေးကိုသာ ဦးစားပေးနေကြရသည်။ နစကနှင့် ပီဒီအက်ဖ်နှစ်ဖက်လုံးကို ကြောက်ရွံ့နေရ သဖြင့် ရွာသားများမှာ ဒီရေတောခုတ်လှဲမှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို မတင်ပြဝံ့ကြ ကြောင်း လောင်းလုံရှိ ရပ်ရွာအခြေပြုသုတေသီက မှတ်ချက်ပြုသည်။ နစကနှင့် ပီဒီအက်ဖ်များ အကြား ပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသည့် ရွာသားများအချင်းချင်းကြား မယုံကြည်မှုနှင့် သံသယဖြစ်မှုများသည် ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များတွင် စုပေါင်းဆောင်ရွက် မှုကို ပျက်ပြားစေခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နစကထိန်းချုပ်ထားသော ဒေသများနှင့် အားပြိုင်နေ သည့် ဒေသများတစ်လျှောက်တွင် စစ်ပွဲစီးပွားရေး (war economies)၊ ရှင်သန်ရပ်တည်ရေး အတွက် စိုးရိမ်မှုများနှင့် စည်းမျဉ်းစည်းကမ်းများ ကျင့်သုံးနိုင်မှု မရှိခြင်းတို့ကြောင့် သစ်တော ပြုန်းတီးမှုမှာ ပိုမိုတိုးပွားလာခဲ့သည်။ ဤအခြေအနေသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုများနှင့် ဒေသတွင်းထိန်းသိမ်းစောင့်ရှောက်ရေးအစီအစဉ်များ ဆုတ်ယုတ်သွားခြင်း ကြောင့် ပိုမိုဆိုးရွားလာခြင်းဖြစ်သည်။57 ပဲခူးတိုင်း၏ ‘လွတ်မြောက်နယ်မြေ’ များတွင် ပီဒီ အက်ဖ်များနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့က သစ်ခုတ်မှုဆိုင်ရာ ကန့်သတ်ချက် များကို တင်းကျပ်စွာ ကျင့်သုံးနေကြောင်း တောင်ငူမြို့မှ ရပ်ရွာအခြေပြုသုတေသီက တင်ပြ ထားသော်လည်း တောင်ငူပတ်ဝန်းကျင်ရှိ နစကထိန်းချုပ်ရာနှင့် ပဋိပက္ခဖြစ်ပွားနေသော ဒေသများတွင်မူ အခြေအနေမှာ ဆန့်ကျင်ဘက်ပင်ဖြစ်သည်။
သဘာဝတရားကို ရောင်းကုန်အဖြစ် ပြောင်းလဲခြင်း စိုက်ပျိုးရေးလုပ်ငန်းများ၊ သတ္တုတူးဖော်ရေးနှင့် ဖွံ့ဖြိုးရေး
ဘားအံ၊ လေရှီး၊ မုဒုံနှင့် မြစ်ကြီးနားမြို့များမှ လူထုသည် ပတ်ဝန်းကျင် ယိုယွင်းပျက်စီးခြင်း၊ အပူရှိန်မြင့်တက်ခြင်းနှင့် မမှန်ကန်သော မိုးရွာသွန်းမှုများကို သဘာဝသယံဇာတများအား အလွဲသုံးစား ထုတ်ယူခြင်းနှင့် ဆက်စပ်ရှုမြင်ကြပါသည်။ ၎င်းသည် အရင်းရှင်စနစ်ဖွံ့ဖြိုးတိုး တက်မှုကြောင့် ဖြစ်ပေါ်လာသော သဘာဝတရားကို ရောင်းကုန်အဖြစ်ပြောင်းလဲခြင်း (com-modification of nature) နှင့် ကိုက်ညီနေသည်။58 ဤသို့ ကုန်စည်အဖြစ် ပြောင်းလဲခြင်းမှာ ကိုလိုနီခေတ်ကတည်းက စတင်ခဲ့ခြင်း ဖြစ်သော်လည်း ၁၉၉၀ ပြည့်လွန်နှစ်များနှောင်းပိုင်းနှင့် ၂၀၁၀ ပြည့်လွန်နှစ်များ အစောပိုင်းရှိ စီးပွားရေး လွတ်လပ်ခွင့်ပေးမှုနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲရေးများ ပြုလုပ်ခဲ့သည့် ကာလများတွင် ပိုမို ပြင်းထန်လာခဲ့ကြောင်း ဒေသခံများက မှတ်ချက်ပြုကြပါသည်။
ဘားအံမြို့တွင် ဒေသခံများသည် အခြေခံအဆောက်အအုံစီမံကိန်းများအတွက် ဘိလပ် မြေထုတ်လုပ်ရန် ထုံးကျောက်များ ထုတ်ယူခြင်းကြောင့် သစ်တောဖုံးလွှမ်းနေသော တောင် တန်းများ ပျက်စီးဆုံးရှုံးရခြင်းကို အဓိကထား ပြောဆိုကြသည်။ လေရှီးဒေသတွင်မူ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်လာခြင်းနှင့် အစိုးရရုံး အဆောက်အအုံအသစ်များ တည်ဆောက် ခြင်းတို့နှင့်အတူ ၂၀၁၀ ဝန်းကျင်တွင် သစ်တောပြုန်းတီးမှုများ စတင်ခဲ့သည်။ ဆောက်လုပ် ရေး လုပ်ငန်းစာချုပ်များ ရရှိခဲ့သည့် ဒေသခံအာဏာပိုင်များနှင့် ဩဇာရှိသူများသည် ချမ်းသာ ကြွယ်ဝလာကြပြီး ယင်းမှတစ်ဆင့် သစ်စက်များ တည်ထောင်ခြင်း၊ လွှစက်များနှင့် ကုန်တင် ကားများ ဝယ်ယူခြင်းတို့ ပြုလုပ်ကာ လမ်းအသစ်များမှတစ်ဆင့် သစ်များကို သယ်ယူပို့ဆောင် ခဲ့ကြသည်။ ဤလုပ်ဆောင်ချက်များသည် အာဏာသိမ်းမှုမတိုင်မီကတည်းက ရှိခဲ့ခြင်းဖြစ် သော်လည်း ၂၀၂၁ နောက်ပိုင်းတွင် လက်နက်ကိုင်အဖွဲ့အစည်းများ၏ အကူအညီဖြင့် အိန္ဒိယ နိုင်ငံသို့ တရားမဝင် သစ်ကုန်သွယ်မှုများ ပိုမိုတိုးပွားလာခဲ့ပြီး သစ်တောပြုန်းတီးမှုကို ပိုမိုဆိုး ရွားစေခဲ့သည်။ ၂၀၂၄ မှ စ၍ နာဂလန်းအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကေ (NSCN-K) သည် နာဂဒေသအပေါ် ၎င်း၏ ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် နစကနှင့် ပူးပေါင်း ဆောင်ရွက်လာခြင်း ကြောင့် ဒေသန္တရစည်းမျဉ်းများကို ထိခိုက်စေပြီး ကျေးရွာခေါင်းဆောင်များအနေဖြင့် ရိုးရာ ထုံးတမ်းစဉ်လာအရ သစ်ခုတ်မှုကန့်သတ်ချက်များကို ကျင့်သုံးရန် ခက်ခဲလာခဲ့သည်။
မုဒုံမြို့တွင် ၁၉၉၅ ခုနှစ်၌ မွန်ပြည်သစ်ပါတီ (NMSP) နှင့် စစ်တပ်အကြား အပစ်အခတ် ရပ်စဲပြီးနောက် ရော်ဘာစိုက်ခင်းများကဲ့သို့သော စီးပွားဖြစ်သီးနှံများသို့ ပြောင်းလဲစိုက်ပျိုးလာ ခြင်းသည် ဒေသတွင်း အပူရှိန် မြင့်တက်လာရခြင်း၏ အကြောင်းရင်းတစ်ခုအဖြစ် ရှုမြင်ကြ သည်။ ရော်ဘာပင်များသည် မြေဆီလွှာရှိ အာဟာရဓာတ်များကို ခန်းခြောက်စေပြီး ရေအရင်း အမြစ်များကို လျော့နည်းစေသဖြင့် အခြားအပင်များအပေါ် ဆိုးကျိုးသက်ရောက်စေသည်။59 ရော်ဘာစိုက်ပျိုးခြင်းနှင့် မွန်ပြည်သစ်ပါတီနှင့် ကျေးရွာခေါင်းဆောင်များ၏ သစ်ထုတ်လုပ်မှု များကြောင့် ၂၀၁၀ ခုနှစ်ဝန်းကျင်တွင် သဘာဝသစ်တောများ အများအပြား ပျောက်ကွယ် သွားခဲ့ပြီဖြစ်ကြောင်း အိမ်ထောင်စုခေါင်းဆောင်တစ်ဦးက ရှင်းပြခဲ့သည်။ အခြားဖြေဆိုသူတစ် ဦးကမူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်က လမ်းဖောက်လုပ်ရေးအတွက် ကျန် ရှိနေသော နောက်ဆုံးသစ်တောကို ခုတ်ထွင်လိုက်သဖြင့် ရွာအတွင်း အရိပ်ရသစ်ပင်ကြီးများ မကျန်တော့ကြောင်း မှတ်ချက်ပြုခဲ့သည်။ ကျွန်ုပ်တို့၏ ရပ်ရွာအခြေပြုသုတေသီက အလေး ပေးဖော်ပြသည်မှာ ရွာသားများသည် အပူရှိန်မြင့်တက်ခြင်းနှင့် မိုးခေါင်ခြင်းများကို ရော်ဘာ စိုက်ပျိုးခြင်းကြောင့်ဟု ယူဆလေ့ရှိကြသော်လည်း အာဏာသိမ်းမှုနောက်ပိုင်း မလုံခြုံမှုများ ကြောင့် သစ်ပင်များ ပြန်လည်စိုက်ပျိုးရန် သို့မဟုတ် ရော်ဘာအစားထိုး သီးနှံများ စိုက်ပျိုးရန် ကြိုးပမ်းမှုများ ရပ်တန့်သွားခဲ့ရသည်။
မြစ်ကြီးနားမြို့တွင် အပူချိန်မြင့်မားလာခြင်းနှင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းတို့ မှာ အထူးသဖြင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုးပွားလာသော ရွှေသတ္တုတူးဖော်ရေး လုပ်ငန်းများကြောင့်ဖြစ်သည်ဟု အများက ယူဆကြသည်။ သစ်တောပြုန်းတီးမှုနှင့် ညစ်ညမ်း မှုများနှင့် ဆက်စပ်နေသော ဤသတ္တုတူးဖော်ရေးလုပ်ငန်းများသည် မြစ်ချောင်းများ၊ စားကျက် မြေများ၊ တောရိုင်းတိရစ္ဆာန်များနှင့် လယ်ယာမြေများကို ပျက်စီးစေခဲ့သည်။ နစက၊ စစ်တပ်နှင့် ဆက်နွှယ်သော ပြည်သူ့စစ်များနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (ကေအိုင်အို) ကဲ့သို့သော လက်နက်ကိုင်အဖွဲ့အစည်းများသည် ကိုယ်တိုင်တူးဖော်ခြင်း၊ အခွန်ကောက်ခြင်း သို့မဟုတ် ‘တရားမဝင် သတ္တုတူးဖော်သူများ’ ဟု ခေါ်ဆိုသူများအပေါ် ဒဏ်ငွေတပ်ခြင်းတို့မှတစ်ဆင့် ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းများမှ အကျိုးအမြတ်ရယူနေကြသည်ဟု ဒေသခံများက စွပ်စွဲကြ သည်။ ထို့ပြင် သစ်ထုတ်လုပ်ရေးနှင့် မြေရှားသတ္တုထုတ်ယူခြင်းအပါအဝင် သယံဇာတထုတ်ယူ ရေးလုပ်ငန်းများတွင် တရုတ်ကုမ္ပဏီများ ပါဝင်ပတ်သက်နေခြင်းကိုလည်း အပြစ်တင်ကြ သည်။60 ရွှေသတ္တုတူးဖော်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးများကို သိရှိကြသော်လည်း ဒေသခံအများအပြားမှာ စီးပွားရေးကျပ်တည်းမှုကြောင့် ၎င်းတို့၏ နေအိမ် နှင့် မြေယာများကို ရောင်းချကာ တစ်နိုင်တစ်ပိုင် သတ္တုတူးဖော်ရေး (artisanal mining) လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခဲ့ကြသည်။ ကချင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူများ နှင့် ဒေသခံလူထုမှာ စစ်ပွဲကာလအခြေအနေကြောင့် ပတ်ဝန်းကျင် ပျက်စီးမှုများနှင့် ပတ်သက် ၍ တိုင်ကြားရာတွင် ပိုမိုခက်ခဲသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေကြရသည်။61 လူမှုကွန်ရက် လှုပ်ရှားမှုများ၊ ဆန္ဒပြမှုများနှင့် ကေအိုင်အိုနှင့် ညှိနှိုင်းဆွေးနွေးမှုများမှတစ်ဆင့် သတ္တုတူးဖော် ခြင်းကို ရပ်တန့်ရန် ကြိုးပမ်းမှုများသည် များသောအားဖြင့် မအောင်မြင်ခဲ့ကြပေ။62
ဘာသာရေးဆိုင်ရာ ရှင်းလင်းချက်များ ကိုယ်ကျင့်တရား ပျက်ပြားမှုနှင့် ‘ကမ္ဘာပျက်ကိန်း’
ကျွန်ုပ်တို့ လေ့လာခဲ့သည့် လူ့အဖွဲ့အစည်းများတစ်လျှောက် ရာသီဥတုပြောင်းလဲမှု အကြောင်း ရင်းများအပေါ် ပြောဆိုချက်များတွင် ဘာသာရေးဆိုင်ရာ အယူအဆများကို မကြာခဏ ထည့်သွင်းပြောဆိုလေ့ရှိကြသည်။ ယင်းတို့သည် တစ်ဦးချင်းစီ၏ ယုံကြည်ကိုးကွယ်မှုနှင့် ဘာသာရေးထုံးတမ်းစဉ်လာများအပေါ် မူတည်၍ ကွဲပြားကြသော်လည်း အထက်တွင် ဖော်ပြခဲ့ သည့် ရုပ်ပိုင်းဆိုင်ရာ ရှင်းလင်းချက်များနှင့်လည်း မကြာခဏ ရောယှက်နေတတ်သည်။ အချို့ သော အနက်ဖွင့်ဆိုချက်များသည် ကမ္ဘာပျက်ကိန်းဆိုင်ရာ အယူအဆများ (eschatological views) အပေါ် အဓိကအခြေခံကြပြီး အချို့ကမူ ပုံမှန် မဟုတ်သော ရာသီဥတုနှင့် ပတ်ဝန်း ကျင် ပျက်စီးမှုများကို လူသားတို့၏ ကိုယ်ကျင့်တရားပျက်ပြားမှု သို့မဟုတ် ဘာသာတရားနှင့် နာမ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုများကို လျစ်လျူရှုခြင်းတို့နှင့် ပိုမိုတိုက်ရိုက် ဆက်စပ်ကြည့်မြင်ကြ သည်။63 သို့သော်လည်း အားလုံးတွင် တူညီသောအချက်မှာ ရာသီဥတုပြောင်းလဲမှုများကို သီးခြားဖြစ်ရပ်တစ်ခုအဖြစ် မရှုမြင်ဘဲ ပိုမိုနက်ရှိုင်းသော အကျပ်အတည်းတစ်ခု၏ အစိတ် အပိုင်းအဖြစ် ရှုမြင်ကြခြင်းပင် ဖြစ်သည်။
ဘားအံ၊ လောင်းလုံ၊ မုဒုံနှင့် စစ်တွေရှိ ဗုဒ္ဓဘာသာဝင်များအကြားတွင် ရာသီဥတုပြောင်း လဲမှုများသည် ကမ္ဘာပျက်တော့မည့် နိမိတ်လက္ခဏာတစ်ခု ဖြစ်သည်ဟူသော ကမ္ဘာပျက်ကိန်း ဆိုင်ရာ အယူအဆများမှာ ပျံ့နှံ့လျက်ရှိသည်။ အချို့သော ဗုဒ္ဓဘာသာဝင်များက ရာသီဥတု ဖောက်ပြန်မှုများသည် ကမ္ဘာမပျက်မီ အကျပ်အတည်းများ ဖြစ်ပေါ်လာလိမ့်မည်ဟူသော မြတ်စွာဘုရား၏ ဟောကြားချက်များကို ထင်ဟပ်နေခြင်းဖြစ်ကြောင်း ရှင်းပြကြသည်။ စစ်တွေမြို့တွင် ရပ်ရွာအခြေပြုသုတေသီတစ်ဦး၏ မိခင်ဖြစ်သူက ဤသို့ ရှင်းပြခဲ့သည်။64
အခု ငါတို့တွေက ကပ်ကာလ (ပျက်စီးခြင်းကာလ) ထဲမှာ နေထိုင်နေကြရ တာ။ နေရာတိုင်းမှာ လူတွေ တစ်ယောက်နဲ့ တစ်ယောက် သတ်ဖြတ်နေ ကြတယ်။ ကုန်ဈေးနှုန်းတွေကလည်း နေ့တိုင်းလိုလို တက်နေတယ်။ လူတွေ ငတ်မွတ်ခေါင်းပါးမှုနဲ့ ကြုံနေရတယ်။ နိုင်ငံရေးအခြေအနေကလည်း အရမ်း ကြောက်ဖို့ကောင်းတယ်။ သဘာဝဘေးအန္တရာယ်တွေကလည်း ပိုများလာ တယ်။ ဒါဟာ မြတ်စွာဘုရား ဟောကြားခဲ့သလိုပဲ ကမ္ဘာပျက်မယ့်အချိန် ရောက်နေတာ အသေအချာပဲ။
ထို့အတူ လောင်းလုံမြို့တွင်လည်း အချို့သော ဗုဒ္ဓဘာသာဝင်များက အာဏာသိမ်းပြီးနောက် ပိုင်း ကြုံတွေ့နေရသော အကျပ်အတည်းများကို အရိမေတ္တေယျ မြတ်စွာဘုရား မပွင့်မီ ကြုံ တွေ့ရမည့် လူသားနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းကာလ၏ နိမိတ်လက္ခဏာတစ်ခု အဖြစ် ပြောဆိုကြသည်။ နောက်ထပ်ပွင့်မည့် ဘုရားရှင်မပွင့်မီ ကမ္ဘာလောကသည် ကြီးမား သော ပျက်စီးခြင်း “ကပ်ကြီး” သုံးပါး နှင့် ရင်ဆိုင်ရမည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယုံကြည် ထားကြသည်။ ၎င်းတို့မှာ ၁။ ဒုဗ္ဘိက္ခန္တရကပ် (ငတ်မွတ်ခေါင်းပါးခြင်း) ၂။ ရောဂန္တရကပ် (ကပ် ရောဂါဘေး ကျရောက်ခြင်း) နှင့် ၃။ သတ္ထန္တရကပ် (လက်နက်ဘေးဖြင့် သတ်ဖြတ်ခြင်း) တို့ ဖြစ် ကြသည်။65 သာမန်ဗုဒ္ဓဘာသာဝင် အများအပြားသည် ရာသီဥတုဖောက်ပြန်မှုများကို ဤဟော ကြားချက်များနှင့် ချိတ်ဆက်ကြည့်မြင်ကြသလို ကိုဗစ်ကပ်ရောဂါ၊ ပဋိပက္ခများအတွင်း အဆင့် မြင့်လက်နက်များ ပိုမိုအသုံးပြုလာမှု၊ သဘာဝဘေးအန္တရာယ်များနှင့် စစ်ပွဲများ ကဲ့သို့သော လက်ရှိကြုံတွေ့နေရသည့် အကျပ်အတည်းများနှင့်လည်း ဒွန်တွဲ၍ ရှုမြင်ကြသည်။ ဤသို့ ထပ်တူကျနေသော အကျပ်အတည်းများသည် ဂေါတမမြတ်စွာဘုရားလက်ထက်က ကောသ လမင်းကြီး မြင်မက်ခဲ့သော အိပ်မက် (၁၆) ချက် (ကမ္ဘာပျက်ကိန်းနိမိတ်များ) ပြည့်စုံလာခြင်း၏ သက်သေသာဓကများ ဖြစ်သည်ဟု လူထုက ယုံကြည်ကြသည်။ အရိမေတ္တေယျမြတ်စွာဘုရား မပွင့်မီကာလသည် အာဏာရှိသူများက သာမန်ပြည်သူများကို နှိပ်စက်ခြင်း၊ ချမ်းသာသူများက ဥပဒေအထက်တွင် နေထိုင်ခြင်း၊ လူအချင်းချင်း ပြန်လည် တိုက်ခိုက်ခြင်းနှင့် လောဘ၊ ဒေါသ များ လွှမ်းမိုးခြင်းတို့ဖြင့် ထူးခြားထင်ရှားလိမ့်မည်ဟု ဆိုကြသည်။ ထို့ပြင် ကိုယ်ကျင့်တရား ဆိုင်ရာ ဗုဒ္ဓဘာသာ အဆုံးအမများသည် ၎င်းတို့၏ တန်ဖိုးများ လျော့နည်းလာသည်ဟု ယူဆ ကြပြီး လူအများအပြားသည် ဗုဒ္ဓဘာသာ၏ ဓမ္မလမ်းစဉ်ကို စွန့်ခွာကာ ကိုယ်ကျင့်တရား ကင်းမဲ့ သော လမ်းစဉ်များသို့ လိုက်ပါသွားကြသည်ဟု ရှုမြင်ကြသည်။66 ဤယုံကြည်ချက်များနှင့် အညီ ရာသီဥတုနှင့် ပတ်ဝန်းကျင်ပြောင်းလဲမှုများသည်လည်း အပြန်အလှန် ဆက်နွှယ်နေ သည်ဟုမြင်ကြသည်။ လောင်းလုံရှိ ရပ်ရွာအခြေပြု သုတေသီက ဤသို့ရှင်းပြခဲ့သည်။
ကျွန်မတို့ရွာမှာ လူတွေပြောကြတာက ရှေးတုန်းက လူတွေဟာ တစ် ယောက်အပေါ်တစ်ယောက် သစ္စာရှိကြတယ်။ ကိုယ်ကျင့်တရား ကောင်းကြ တယ်။ အခုခေတ်မှာတော့ လူတွေရဲ့ ကိုယ်ကျင့်တရားက ညံ့ဖျင်းလာပြီး အရမ်းလည်း လောဘကြီးလာကြတယ်။ ငတ်မွတ်ခေါင်းပါးမှုနဲ့ ရောဂါဘေး တွေ ဖြစ်ပွားတာဟာ ရာသီဥတုဆိုးရွားတာနဲ့ ဆက်စပ်နေတတ်တယ်။ အခု ဖြစ်နေတဲ့ ရာသီဥတုဆိုးရွားမှုတွေရဲ့ အခြေခံအကြောင်းရင်းက လူတွေရဲ့ လောဘနဲ့ ပဋိပက္ခတွေကြောင့်ပဲ။ လူကြီးသူမတွေ ပြောခဲ့တဲ့ ရှေးစကားတွေ ဟာ အခုတော့ တကယ်ဖြစ်လာနေပြီလို့ လူတွေက ပြောနေကြတယ်။
လောင်းလုံရှိ အခြားသော ဗုဒ္ဓဘာသာဝင်များကမူ ကမ္ဘာပျက်ကိန်းဆိုင်ရာ ခန့်မှန်းချက်များ ထက် လူသားတို့၏ ကိုယ်ကျင့်တရားပျက်ပြားသော အပြုအမူများကို ပိုမိုလက်တွေ့ကျကျ အလေးထားဖော်ပြကြပြီး ဝင်ငွေဆုံးရှုံးခြင်း၊ မလုံခြုံမှုများနှင့် ရာသီဥတုဆိုးရွားခြင်းများကို လူတို့၏ အတိတ်ကံ (ဗုဒ္ဓဘာသာ၏ ကံ ကံ၏ အကျိုး အယူအဆ) နှင့် ဆက်စပ်ကြည့်မြင်ကြ သည်။67 မုဒုံရှိ ကျွန်ုပ် တို့၏ ရပ်ရွာအခြေပြုသုတေသီက ဗုဒ္ဓဘာသာ၏ ဓမ္မတရားတော်ကို ရည်ညွှန်းလျက် လောဘနှင့် သဘာဝသယံဇာတ ခန်းခြောက်မှုအကြား ဆက်နွှယ်မှုကို ဤသို့ ထောက်ပြခဲ့သည်။
ဒါတွေအားလုံး (ပုံမှန်မဟုတ်တဲ့ ရာသီဥတု) ဟာ လူတွေရဲ့ လောဘကြောင့် ပဲ။ ရှေးတုန်းက လူတွေဟာ အများကြီး စိုက်ပျိုးဖို့ မလိုခဲ့ဘူး … ဒါပေမဲ့ လူတွေ ဟာ လောဘကြောင့် အစားအစာတွေကို သိုလှောင်လာကြတယ် … အဆုံးမှာ တော့ သဘာဝသယံဇာတတွေဟာ ခန်းခြောက်ကုန်ကြတော့တာပဲ။
တောင်ငူ၊ ကလေး၊ မြစ်ကြီးနားနှင့် လေရှီးရှိ ဧဝံဂေလိ၊ ရိုမန်ကက်သလစ်နှင့် နှစ်ခြင်းခရစ်ယာန် ဘာသာဝင်များကြားတွင်လည်း အကျပ်အတည်းများအပေါ် ကမ္ဘာပျက်ကိန်းဆိုင်ရာ ပြင်းထန် သော ရှုမြင်ပုံများ ရှိကြသည်။ ၎င်းတို့အတွက် ရာသီဥတုပြောင်းလဲမှုသည် ကမ္ဘာကုန်ဆုံးတော့ မည့် နိမိတ်လက္ခဏာများနှင့် ခရစ်တော်ကြွလာမည့် အမှတ်အသားများစွာထဲမှ တစ်ခုဖြစ် သည်။ ခရစ်ယာန်များသည်လည်း ဗုဒ္ဓဘာသာဝင်များကဲ့သို့ပင် လက်ရှိအကျပ်အတည်းကို လူသားတို့၏ ကိုယ်ကျင့်တရား ပျက်ပြားမှုနှင့် နီးကပ်စွာ ချိတ်ဆက်ထားကြသည်။ ဥပမာအား ဖြင့် တောင်ငူရှိ သက်ကြီးပိုင်း ဧဝံဂေလိနှစ်ခြင်း ခရစ်ယာန်ဘာသာဝင်များက ဤအကျပ် အတည်းသည် ကမ္ဘာမပျက်မီနှင့် ခရစ်တော် ဒုတိယအကြိမ် ကြွလာခြင်းမတိုင်မီကာလကို ညွှန် ပြနေကြောင်းနှင့် ထိုအချိန်တွင် လူအချင်းချင်း ပြန်လည်တိုက်ခိုက်သတ် ဖြတ်ကြမည်ဖြစ်ပြီး ရောဂါဘေးများ၊ သဘာဝဘေးအန္တရာယ်များ၊ ငတ်မွတ်ခေါင်းပါးမှုများနှင့် စစ်ပွဲများ ပိုမိုတိုးပွား လာမည်ဖြစ်ကြောင်း ရှင်းပြကြသည်။ လေရှီးရှိ နှစ်ခြင်းခရစ်ယာန် ဘာသာဝင်များကြားတွင် လည်း ပုံမှန်မဟုတ်သော ရာသီဥတုကို ကမ္ဘာကုန်ဆုံးချိန်၏ နိမိတ်လက္ခဏာအဖြစ် ပြောဆို ကြသည်ကို တွေ့ရသည်။
ဆန့်ကျင်ဘက်အနေဖြင့် တောင်ငူမြို့ရှိ လူငယ်နှစ်ခြင်း ခရစ်ယာန်ဘာသာဝင်များသည် ပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်များနှင့် စစ်ပွဲဘေးဒုက္ခများကို လူသားတို့၏ လောဘနှင့် ပိုမိုတိုက်ရိုက်ချိတ်ဆက် ကြည့်မြင်ကြသည်။ ၎င်းတို့က ဘုရားသခင်သည် စနစ်ကျပြီး တရား မျှတသူဖြစ်ကာ လူသား၊ သဘာဝတရားနှင့် တိရစ္ဆာန်များကို မျှခြေရှိစွာ ဖန်ဆင်းခဲ့သည်ဟု ယူဆကြသည်။ ဘုရားသခင်သည် လူသားတို့၏ လိုအပ်ချက်အတွက် လုံလောက်သော သစ်ပင် နှင့် တိရစ္ဆာန်များကို ပေးသနားခဲ့သော်လည်း သစ်တောပြုန်းတီးမှု၊ ဆည်တမံများ တည် ဆောက်မှုနှင့် အလွန်အကျွံ သတ္တုတူးဖော်မှုကဲ့သို့သော လူသားတို့၏ လောဘနှင့် လူလုပ် ပတ်ဝန်းကျင် ပျက်စီးမှုများကြောင့် သဘာဝတရား၏ မျှခြေမှာ ပျက်ပြားသွားခဲ့ရသည်ဟု ၎င်းတို့က ရှင်းပြကြသည်။ ကလေးမြို့မှ ချင်းနှစ်ခြင်းခရစ်ယာန် သိက္ခာတော်ရ ဆရာတစ်ပါး ကလည်း အလားတူပြောသည်မှာ ရာသီဥတုပြောင်းလဲမှုသည် လူသားတို့၏ လောဘနှင့် ဒေါသ တို့ကြောင့်ဖြစ်ပြီး ယင်းတို့က ဘုရားသခင် ဖန်ဆင်းထားသော လူသားနှင့် သဘာဝတရား အကြား မျှခြေကို ပျက်ယွင်းစေခဲ့သည်ဟု ရှင်းပြသည်။ “လူတွေဟာ သနားကြင်နာမှု ကင်းမဲ့ လာပြီး သဘာဝတရားကို အသက်ရှိတဲ့အရာတစ်ခုလို မမြင်တော့ဘဲ ပိုက်ဆံရဖို့အတွက် သစ် ပင်တွေကို ခုတ်လှဲနေကြတယ်” ဟု ၎င်းက ဆိုသည်။ ကလေးမြို့မှ ရိုမန်ကက်သလစ် ဘာသာ ဝင်တစ်ဦးကလည်း လူသားတို့၏ လောဘကြောင့် ဘာသာတရားကို ကိုယ်ကျိုးအတွက် အသုံး ချလာကြပြီး ကမ္ဘာမြေကို အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်းကြောင့် ရောဂါဘေးနှင့် ညစ်ညမ်းမှု များ တိုးပွားလာရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြစ်ကြီးနားရှိ နှစ်ခြင်း ခရစ်ယာန် ဘာသာဝင်များသည်လည်း ရာသီဥတုပြောင်းလဲမှုကို လောဘနှင့် ချိတ်ဆက်ထားပြီး ယင်းကို ဘုရားသခင်၏ ပညတ်တော်များကို မနာခံခြင်းအဖြစ် ရှုမြင်ကြသည်။ အထူးသဖြင့် ၎င်းတို့က သမ္မာကျမ်းစာလာ စင်နာ (Sena) လူမျိုးများ၏ ပုံပြင်ကို အဆုံးမရှိသော လောဘအတွက် သယံဇာတများကို ထုတ်ယူသုံး စွဲနေသည့် ယနေ့ခေတ် တရုတ်တို့၏ လုပ်ရပ်များနှင့် နှိုင်း ယှဉ်ဖော်ပြကြသည်။ ဖျက်ဆီးတတ်သော လူသားတို့၏ လုပ်ဆောင်ချက်များ (အထူးသဖြင့် ဘုရားသခင်ကို မကိုးကွယ်သူများဟု ယူဆရသည့် တရုတ်လူမျိုးများ၏ လုပ်ဆောင်ချက်များ) ကို ဒေသတွင်း ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှု၏ လက်ငင်းအကြောင်းရင်းများအဖြစ် မြင်ကြသော်လည်း ဤလုပ်ရပ်များကို လက်ရှိအကျပ်အတည်းကာလအတွင်း ကမ္ဘာပျက် တော့မည့် ပိုမိုကျယ်ပြန့်သော နိမိတ်များ၏ အစိတ်အပိုင်းအဖြစ်လည်း အနက်ဖွင့်ကြသည်။
အချို့သော ဒေသများတွင် ရာသီဥတုပြောင်းလဲမှုနှင့် အကျပ်အတည်းများအပေါ် ရှုမြင်ပုံ များတွင် ဗုဒ္ဓဘာသာနှင့် ခရစ်ယာန် ဘာသာဝင်များအကြား၌ပင် နတ်ကိုးကွယ်မှုဆိုင်ရာ ယုံကြည်ချက်များ (animist beliefs) လွှမ်းမိုးနေသည်ကို ရပ်ရွာအခြေပြု သုတေသီများက တွေ့ရှိခဲ့ကြသည်။ ဗုဒ္ဓဘာသာနှင့် ရှေးဦးနတ်ကိုးကွယ်မှု ယုံကြည်ချက်များ ရောယှက်နေမှုကို ထင်ဟပ်စေသည့် ဥပမာတစ်ခုမှာ68 မုဒုံမြို့ရှိ အချို့သောသူများသည် ပုံမှန်မဟုတ်သော ရာသီ ဥတုကို နတ်များ စိတ်ဆိုးနေသည့် နိမိတ်အဖြစ် ဖော်ပြကြခြင်းဖြစ်သည်။ ၎င်းမှာ လူတို့ အနေဖြင့် ဆွေမျိုးနီးစပ်သူအချင်းချင်း လက်ထပ်ခြင်းကဲ့သို့သော သတ်မှတ်ထားသည့် လူမှုစံ နှုန်းများကို လိုက်နာရန် ပျက်ကွက်ခြင်းကြောင့်ဟု ယူဆကြသည်။ လေရှီးရှိ နာဂလူကြီးများနှင့် ကလေးမြို့ရှိ ချင်းလူကြီးများကလည်း ခရစ်ယာန်ဘာသာသို့ ကူးပြောင်းလာခြင်းကြောင့် သစ်ပင်ခုတ်ခြင်း၊ အမဲလိုက်ခြင်းနှင့် မြေယာစိုက်ပျိုးခြင်းများ မပြုမီ တောစောင့်နတ်များထံ ခွင့်တောင်းသည့် ရိုးရာဓလေ့များ လျော့နည်းလာခြင်းအပေါ် စိတ်မကောင်းဖြစ် (နှမြောတသ ဖြစ်) ကြသည်။ ဤကဲ့သို့ ရိုးရာဓလေ့များ ဆုတ်ယုတ်လာခြင်းသည် သီးနှံအထွက်နှုန်း ညံ့ ဖျင်းခြင်းနှင့် ဆက်စပ်နေပြီး ယင်းကိုပင် အပြစ်ရှိသော လုပ်ရပ်များ တိုးပွားလာခြင်းနှင့် သဘာ ဝတရားကို အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်းတို့နှင့် ချိတ်ဆက်ထားကြသည်။ ဤနည်းဖြင့် ၎င်းတို့သည် လူသားနှင့် သဘာဝတရားအကြား ဆက်ဆံရေးဆိုင်ရာ လောကဓာတ်ဆိုင်ရာ အပြောင်းအလဲများ (cosmological changes) ကို သွယ်ဝိုက်၍ ရည်ညွှန်းနေကြခြင်းဖြစ် သည်။69 ကလေးမြို့ရှိ လူကြီးများသည် ရာသီဥတုပြောင်းလဲမှုကို နာမ်ပိုင်းဆိုင်ရာ ဆုတ်ယုတ်မှု ကြောင့်ဟု တိုက်ရိုက် မပြောဆိုကြသော်လည်း ယခင်က သစ်ပင်စောင့်နတ် များ (ရုက္ခစိုးများ) အပေါ် ယုံကြည်မှုကြောင့် လူတို့သည် သစ်ပင်ကြီးများကို ခုတ်လှဲခြင်း သို့မဟုတ် စီးပွားဖြစ် သစ်ထုတ်ခြင်းများ မပြုလုပ်ဝံ့ကြကြောင်း ရှင်းပြကြသည်။ အဆိုပါ ယုံကြည်မှုများ မရှိတော့ ခြင်းက ယခုအခါ အပူရှိန် မြင့်တက်လာရခြင်း၏ အကြောင်းရင်းဖြစ်သည်ဟု ရှုမြင်ကြသည်။ ဗုဒ္ဓဘာသာနှင့် နတ်ကိုးကွယ်မှု ရောယှက်နေသော ဘားအံဝန်းကျင်ရှိ ပိုးကရင် အဘွားတစ်ဦး ကလည်း ဤသို့ ရှင်းပြခဲ့သည်။
ရှေးတုန်းက ငါတို့ ဘိုးဘွားတွေဟာ သစ်ပင်ကြီးတွေနဲ့ သစ်တောအုပ်ကြီး တွေကို ရိုသေကြောက်ရွံ့ခဲ့ကြတယ်။ သစ်ပင်တွေရှေ့မှာ ရိုင်းရိုင်းစိုင်းစိုင်း စကားမပြောရဲကြဘူး၊ တောစောင့်နတ်တွေ စိတ်ဆိုးပြီး ချက်ချင်း အပြစ်ပေး လိမ့်မယ်၊ အသက်တောင် အန္တရာယ်ပြုလိမ့်မယ်လို့ ယုံကြည်ခဲ့ကြတယ်။ အခု တော့ အဲဒီနတ်တွေကို ရိုသေမှု မရှိကြတော့ဘူး။ လူတွေက စီးပွားရေး အတွက် သစ်ပင်တွေကို စည်းမဲ့ကမ်းမဲ့ ခုတ်လှဲပြီး တောင်တွေကို ရှင်းပစ် နေကြတယ်။ ဒါကြောင့်မို့လို့ပဲ အပူရှိန်တွေ တိုးလာနေတာပေါ့။
ပိုးကရင်လူမျိုးစုများသည် ဆိုးရွားသော ရာသီဥတု၊ မမှန်ကန်သော မိုးရွာသွန်းမှုနှင့် သီးနှံ အထွက်နှုန်း မကောင်းခြင်းတို့ကို လူနှင့် နတ်/နာမ်များအကြား မလျော်ကန်သော ဆက်ဆံ မှုများကြောင့် ဖြစ်ပေါ်လာသည့် နာမ်ပိုင်းဆိုင်ရာ အပြစ်ပေးမှုများအဖြစ် ကာလရှည်ကြာစွာ ဆက်စပ်ယူဆခဲ့ကြသည်။70 ဥပမာအားဖြင့် ရာသီဥတုက စပါးထုတ်လုပ်မှုကို ဆိုးကျိုးသက် ရောက်စေပါက ၎င်းကို ပူဇော်ပွဲများအား မှန်ကန်စွာ မကျင်းပခြင်း သို့မဟုတ် ပူဇော်မှုပြုလုပ်သူ သည် ကိုယ်ကျင့်တရား ပျက်ပြားသော လုပ်ရပ်များတွင် ပါဝင်ပတ်သက်နေခြင်းတို့၏ နိမိတ် အဖြစ် အနက်ဖွင့်ဆိုကြသည်။ ဤရိုးရာဓလေ့များကို စွန့်လွှတ်ခြင်းကို မင်္ဂလာမရှိဟု ယူဆ ကြပြီး ကျန်းမာရေး ချို့တဲ့ခြင်း သို့မဟုတ် သီးနှံအထွက်နှုန်း ညံ့ဖျင်းခြင်း အပါအဝင် ကံဆိုး မိုးမှောင်ကျမှုများဆီသို့ ဦးတည်စေသည်ဟု ဆိုသည်။ ယနေ့ခေတ်တွင် သက်ကြီးတောင်သူ အများအပြားသည် ဤရိုးရာပူဇော်မှုများကို ဆက်လက်လုပ်ဆောင်နေကြဆဲ ဖြစ်သော်လည်း ရာသီဥတုဆိုင်ရာ ပြဿနာများကို ရှင်းပြရာတွင် နတ်ကိုးကွယ်မှုနှင့် ဗုဒ္ဓဘာသာ ယုံကြည်ချက် များကို ပေါင်းစပ်ပြောဆိုလေ့ရှိကြသည်။ ဥပမာအားဖြင့် ၂၀၂၃ ၌ ဘားအံမြို့တွင် မိုးရာသီ ရေကြီးမှုဖြစ်ပွားချိန်၌ ဒေသခံအများအပြားက ဤရေကြီးမှုသည် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံ့ ခေါင်းဆောင်များ၏ ကိုယ်ကျင့်တရား ပျက်ပြားမှုကြောင့် ဖြစ်ရခြင်းဖြစ်သည်ဟု မှတ် ချက်ပြုခဲ့ကြသည်။ ဤအမြင်သည် ဗုဒ္ဓဘာသာ နိုင်ငံတစ်ခုတွင် ဗုဒ္ဓ၏ အဆုံးအမကို လိုက် နာသော၊ မြင့်မြတ်ပြီး ကိုယ်ကျင့်တရားကောင်းမွန်သော ခေါင်းဆောင်ရှိပါက ရာသီဥတုလည်း ကောင်းမွန်လိမ့်မည်ဟူသော ယုံကြည်ချက်အပေါ် အခြေခံထားသည်။71 ထို့ကြောင့် ကိုယ်ကျင့် တရားနှင့် နာမ်ပိုင်းဆိုင်ရာ ရှင်းလင်းချက်များသည် ဒေသခံများ၏ အပြုအမူကိုသာမက နိုင်ငံ တော်အဆင့် ခေါင်းဆောင်များအထိပါ သက်ရောက်နိုင်သည်။ အခြားသော ဒေသများတွင် လည်း ပုံမှန်မဟုတ်သော ရာသီဥတုနှင့် ရေရှားပါးမှုများကို နိုင်ငံ၏ ကိုယ်ကျင့်တရား ကင်းမဲ့ သော အုပ်ချုပ်မှုနှင့် ပြည်သူများကို သတ်ဖြတ်မှုတို့ကြောင့် နတ်များက ဝမ်းနည်းစိတ်ဆိုးနေ သည့် နိမိတ်လက္ခဏာများအဖြစ် အလားတူ အနက်ဖွင့်ဆိုကြသည်။ တောင်ငူမြို့အနီးရှိ ကရင် လူကြီးတစ်ဦးက ပိုးမွှားအသစ်များ သီးနှံကို ဖျက်ဆီးနေရခြင်းနှင့် ပတ်သက်၍ မေးမြန်းသော အခါ “ခေါင်းဆောင်မကောင်းရင် မကောင်းတာတွေ အများကြီး ဖြစ်တတ်တယ်” ဟူ၍ မှတ် ချက်ပြုခဲ့သည်။
နိဂုံး
ဤဆောင်းပါး၏ ခွဲခြမ်းစိတ်ဖြာမှုအရ၊ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရှိ စစ်တပ်ထိန်းချုပ် ရာနှင့် ပဋိပက္ခဒဏ်ခံရသော ဒေသများတွင် ရာသီဥတု ပြောင်းလဲမှုသည် နိုင်ငံရေး၊ လုံခြုံရေး၊ လူမှုစီးပွား၊ ကိုယ်ကျင့်တရားနှင့် ဘာသာရေးကိစ္စရပ်များနှင့် ခွဲခြား၍မရဘဲ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် ဂေဟဗေဒဆိုင်ရာ ဖြစ်စဉ်သက်သက်အဖြစ်သာ ရှုမြင်၍မရကြောင်း အတည်ပြုနိုင်ခဲ့ သည်။72 ကျွန်ုပ်တို့၏ ရပ်ရွာအခြေပြု လေ့လာမှုများက ပြသနေသည်မှာ မြန်မာနိုင်ငံရှိ ဒေသအသီးသီးမှ ပြည်သူများ၏ အမြင်များသည် ရုပ်ပိုင်း၊ ဘာသာရေးနှင့် ကိုယ်ကျင့်တရား ဆိုင်ရာ ရှုမြင်ချက်များဖြင့် နက်ရှိုင်းစွာ ရောယှက်နေပြီး စစ်တပ်၏ ဖိနှိပ်မှုနှင့် ဆက်နွှယ်နေ သော အကျပ်အတည်းများက ယင်းကို ပိုမို ဆိုးရွားစေသည်။ပုံမှန်မဟုတ်သော ရာသီဥတုနှင့် ပတ်ဝန်းကျင် ယိုယွင်းမှုများကို ဒေသတွင်း သစ်တောပြုန်းတီးမှု၊ သယံဇာတ အလွဲသုံးစားပြုမှု နှင့် ရာသီဥတုဖောက်ပြန်မှုများကြောင့်ဟုသာမက လူ့အဖွဲ့အစည်းအတွင်း ပိုမိုနက်ရှိုင်းသော နာမ်ပိုင်းနှင့် ကိုယ်ကျင့်တရားဆိုင်ရာ အကျပ်အတည်းများကြောင့်ဟုလည်း ယူဆကြသည်။ ဤအမြင်များသည် လူသားတို့၏ လောဘ၊ နိုင်ငံရေး မတည်ငြိမ်မှုနှင့် ဂေဟဗေဒ မျှခြေပျက် ယွင်းမှုတို့ကို ကမ္ဘာပျက်ကိန်းဆိုင်ရာ ယုံကြည်ချက်များ၊ ကံတရား၏ အကျိုးဆက်များနှင့် ပေါင်းစပ်ကာ ရှုမြင်ကြခြင်း ဖြစ်သည်။ လက်ရှိ အာဏာသိမ်းမှုနှင့် ပဋိပက္ခကြောင့် ဖြစ်ပေါ် လာသည့် ပျက်စီးဆုံးရှုံးမှုများကို ပိုမိုကျယ်ပြန့်သော အကျပ်အတည်း၏ အစိတ်အပိုင်း အဖြစ် မြင်ကြပြီး၊ စစ်ပွဲစီးပွားရေးက သစ်တောပြုန်းတီးမှု၊ သယံဇာတထုတ်ယူမှုနှင့် ပတ်ဝန်းကျင် ဖျက်ဆီးမှုတို့ကို အရှိန်အဟုန် မြှင့်တင်ပေးနေသည်။
ပြည်သူများသည် ရာသီဥတုပြောင်းလဲမှုကို ဖြစ်တည်မှုနှင့် ကိုယ်ကျင့်တရားဆိုင်ရာ ပြိုလဲမှု၏ အစိတ်အပိုင်းအဖြစ် ရှုမြင်ရန် ဗုဒ္ဓဘာသာ၏ ကမ္ဘာပျက်ကိန်း ဟောကိန်းများနှင့် ခရစ်ယာန် ဘာသာရေး ယုံကြည်ချက်များကို အသုံးပြုကြသည်။ နတ်ကိုးကွယ်မှုဆိုင်ရာ ယုံ ကြည်ချက်များလည်း ဆက်လက်တည်ရှိနေပြီး သဘာဝလောက၏ ဖောက်ပြန်မှုများကို လူသားတို့၏ အပြုအမူဆိုးများကြောင့် နတ်များက အပြစ်ပေးခြင်းဟု မြင်ကြသည်။ စစ်တပ် နှင့် ဆက်နွှယ်သော စီးပွားရေးလုပ်ငန်းများ၏ မြေယာသိမ်းဆည်းမှု၊ သစ်ထုတ်လုပ်မှုနှင့် သယံဇာတ ထုတ်ယူမှုတို့ကြောင့် ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုများသည် ကိုယ်ကျင့်တရား နှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျပ်အတည်းများကို ပိုမိုနက်ရှိုင်းစေသည်ဟု ရှုမြင်ကြသည်။ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုသည် သီးခြားကိစ္စ မဟုတ်ဘဲ လူသား၊ သဘာဝတရားနှင့် နိုင်ငံရေးအာဏာတို့အကြား ဆက်ဆံရေး၏ နက်ရှိုင်းသော အပြောင်းအလဲများကို ထင်ဟပ်နေ ခြင်း ဖြစ်သည်။ ရုပ်ပိုင်းနှင့် နာမ်ပိုင်းဆိုင်ရာ ရှင်းလင်းချက်များ ပေါင်းဆုံနေခြင်းသည် တိုးပွား လာသော လက်နက်ကိုင်ပဋိပက္ခနှင့် စစ်တပ် ဖိနှိပ်မှုများကြားတွင် ဒေသခံလူထုအနေဖြင့် ရှင်သန်ရပ်တည်ရေးနှင့် ဖြစ်တည်မှုဆိုင်ရာ စိန်ခေါ်မှုများကို မည်သို့ ရုန်းကန်ရင်ဆိုင်နေရ ကြောင်းကို မီးမောင်း ထိုးပြနေသည်။
ဤလေ့လာမှုမှ ရရှိသည့် နောက်ထပ် အရေးကြီးသော ထိုးထွင်းသိမြင်မှုတစ်ခုမှာ ရာသီ ဥတုပြောင်းလဲမှုနှင့် ပဋိပက္ခတို့အကြား ဆက်နွှယ်မှုကို ခွဲခြမ်းစိတ်ဖြာရာတွင် သက်ဆိုင်ရာ ဒေသ၏ ရှည်လျားလှသော အကျပ်အတည်း သမိုင်းကြောင်းနှင့် နိုင်ငံရေး အကြမ်းဖက်မှု နောက်ခံများကို သိရှိနားလည်ထားရန် လိုအပ်သည်ဟူသော အချက်ဖြစ်သည်။73 အာဏာသိမ်း မှုသည် မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထိခိုက်လွယ်မှုများကို ပိုမိုနက်ရှိုင်းစေခဲ့ သည်မှာ မှန်သော်လည်း ၎င်းသည် ဒေသခံလူထုကို ထိခိုက်စေပြီး အထက်တန်းလွှာများနှင့် စစ်တပ်က ဦးဆောင်ခဲ့သော ဆယ်စုနှစ်ပေါင်း များစွာကြာမြင့်ခဲ့သည့် သဘာဝသယံဇာတ အလွဲသုံးစား ထုတ်ယူမှုများအပေါ် အခြေခံ၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အာဏာသိမ်းမှုမတိုင် မီက ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုများနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အသိပညာ ပေး မှုများ ခေတ္တခဏ မြင့်တက်ခဲ့သော်လည်း လူသားနှင့် သဘာဝတရား ဆက်ဆံရေးကို ထိခိုက်စေသည့် သစ်တောပြုန်းတီးမှုနှင့် သဘာဝတရားကို ရောင်းကုန်အဖြစ် ပြောင်းလဲခြင်း တို့သည် မြန်မာနိုင်ငံတွင် ကာလရှည်ကြာစွာ တည်ရှိနေခဲ့ပြီး ဖြစ်သည်။74 ဗင်းန်၏ “သက်ဆိုး ရှည်အကျပ်အတည်း”75 ဟူသော သဘောတရားသည် အကျပ်အတည်းကို ရေတိုပြဿနာတစ် ခုအဖြစ် မဟုတ်ဘဲ ကြာရှည်လှသော မတည်ငြိမ်မှု အခြေအနေတစ်ခုအဖြစ် နားလည်စေရန် ကူညီပေးသည်။ အကျပ်အတည်းကို ခေတ္တခဏဖြစ်ပေါ်သည့် အချိန်ပိုင်း အနှောင့်အယှက် တစ်ခုအဖြစ် မြင်မည့်အစား အချိန်နှင့်အမျှ ဆက်လက်တည် ရှိနေသည့် ပိုမိုနက်ရှိုင်းသော “သံသရာလည်နေသောအကြမ်းဖက်မှုစနစ်များ” အတွင်း၌ ကိန်းအောင်းနေသည့် အရာအဖြစ် အသိအမှတ်ပြုသင့်သည်။ မြန်မာနိုင်ငံတွင် မတူညီသော တိုင်းရင်းသားလူမျိုးစုများ ပါဝင်ပတ် သက်နေသည့် ရှည်လျားလှသော ပဋိပက္ခများက သက်သေပြနေသကဲ့သို့ အကျပ်အတည်း အခြေအနေများသည် သီးခြားစီ မဟုတ်ဘဲ တစ်ခုနှင့်တစ်ခု ဆက်နွှယ်နေကြသည်။သမိုင်း ကြောင်းဆိုင်ရာ ပုံစံများကို ကြည့်လျှင် နိုင်ငံရေး အပြောင်းအလဲ ကာလများအတွင်း အပစ် အခတ်ရပ်စဲချိန် သို့မဟုတ် လက်နက်ကိုင်ပဋိပက္ခဖြစ်ချိန် နှစ်မျိုးစလုံးတွင် သစ်တောနှင့် အခြားသဘာဝသယံဇာတများ အကြီးအကျယ်ပြုန်းတီးခဲ့သည်ကို တွေ့ရသည်။76 ဤအချက် ကိုကြည့်ခြင်းအားဖြင့် သဘာဝသယံဇာတ စီမံခန့်ခွဲမှုသည် နိုင်ငံ၏ ကျယ်ပြန့်သော နိုင်ငံရေး နှင့် ပဋိပက္ခဖြစ်စဉ်များနှင့် မည်မျှအထိ နက်ရှိုင်းစွာ ဆက်နွှယ်နေကြောင်း ထင်ဟပ်နေသည်။77
သို့သော် “သက်ဆိုးရှည်အကျပ်အတည်း” ကို အလေးပေးရုံဖြင့် “တစ်ဆစ်ချိုးပြောင်းလဲ မှု” ဟူသော အယူအဆမှာ အသုံးမဝင်တော့ဟု ကျွန်ုပ်တို့ ဆိုလိုခြင်းမဟုတ်ပေ။78 ဤလေ့လာ မှုတွင် ပါဝင်သည့် ဒေသများ၌ အာဏာသိမ်းမှုနှင့် ၎င်းနောက်ဆက်တွဲ ဖြစ်ပေါ်လာသော အကြမ်းဖက်မှု၊ ဖိနှိပ်မှု၊ စီးပွားရေးကျပ်တည်းမှုနှင့် နေရပ်စွန့်ခွာမှု အစရှိသည်တို့သည် ရှိရင်းစွဲ လူမှုဘဝပုံစံများအပေါ် ကြီးမားသော အနှောင့်အယှက်ဖြစ်စေသည့် ဖျက်ဆီးမှုတစ်ခုအဖြစ် တွေ့ကြုံခံစားနေကြရသည်။ ပဋိပက္ခနယ်မြေသစ်များဖြစ်ကြသည့် မုဒုံ၊ ကလေး၊ လောင်းလုံတို့ သည် ကရင်၊ ရခိုင်နှင့် ကချင်ပြည်နယ်တို့ကဲ့သို့ အာဏာသိမ်းမှု မတိုင်မီက ယခုကဲ့သို့ လက် နက်ကိုင်ပဋိပက္ခများအတွင်း နေထိုင်ခဲ့ကြရသည်မဟုတ်သောကြောင့် ယခုဖြစ်ပေါ်နေသော တိုက်ပွဲများနှင့် အုပ်ချုပ်ရေးဆိုင်ရာ အားပြိုင်မှုများကို အတိတ်နှင့် လုံးဝကွဲပြားသွားသည့် ထိတ်လန့်ဖွယ်ရာ တစ်ဆစ်ချိုးပြောင်းလဲမှုကြီးအဖြစ် ခံစားနေရသည်။ ဤဒေသများတွင် သာမန်လယ်လုပ်ငန်း သို့မဟုတ် ရေလုပ်ငန်းများကိုပင် လုပ်ကိုင်ရန် မဖြစ်နိုင်တော့သလောက် ဖြစ်လာသဖြင့် လူငယ်အများအပြားမှာ နေရပ်စွန့်ခွာကြရပြီး ကျန်ရစ်သူများမှာလည်း ရှင်သန် ရေးအတွက် ထင်းနှင့် ဝင်ငွေရရှိရန် ဒီရေတောများ သို့မဟုတ် သစ်တောများကို ခုတ်လှဲခြင်း ကဲ့သို့သော နည်းလမ်းအသစ်များဖြင့် သဘာဝပတ်ဝန်းကျင်ကို အလွဲသုံးစား ပြုလာကြရသည်။ စစ်တပ်၏ ဖိနှိပ်မှုများကြောင့် လူထုအတွင်း ယုံကြည်မှုများ သိသိသာသာကျဆင်းလာပြီး စုပေါင်းလှုပ်ရှားမှုများ ပြုလုပ်ရန် ကြောက်ရွံ့လာကြသည်။ မြစ်ကြီးနား၊ ဘားအံ၊ တောင်ငူ၊ စစ်တွေကဲ့သို့ မြို့ပြဒေသများတွင် ပတ်ဝန်းကျင်ဆိုင်ရာ စုပေါင်းလှုပ်ရှားမှုများကို စစ်တပ်က ဖိနှိပ်ထားခြင်းနှင့်အတူ လက်နက်ကိုင်အဖွဲ့များနှင့် ၎င်းတို့၏ စီးပွားရေးအပေါင်းအပါများက သယံဇာတများကို အကြီးအကျယ် ထုတ်ယူသုံးစွဲလာခြင်းကြောင့် ညစ်ညမ်းမှုနှင့် သစ်တော ပြုန်းတီးမှုများ ပိုမိုဆိုးရွားလာသည်။ အပြောင်းအလဲများကို ပွင့်ကွဲပေါက်ထွက်ပြီး ဖြစ်ပေါ်လာ သည့် “တစ်ဆစ်ချိုးအပြောင်းအလဲ” ဟူသော ရှုထောင့်မှ ကြည့်ခြင်းအားဖြင့် အကျပ်အတည်း ၏ ရုတ်ခြည်းပြောင်းလဲလာမှုနှင့် အခြေအနေအရပ်ရပ် ပိုမိုပြင်းထန်လာမှုကို ပိုမိုနက်ရှိုင်းစွာ နားလည်နိုင်သည်။79 လေ့လာခဲ့သည့် ဒေသအများစုတွင် အာဏာသိမ်းမှုနောက်ပိုင်း အပြောင်း အလဲများကို “ဆိုးကျိုး” များအဖြစ်သာ ရှုမြင်ကြသည်။ သို့သော် ၎င်းမှာ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့နှင့် ပီဒီအက်ဖ်များ၏ လွတ်မြောက်နယ်မြေအချို့မှ ထွက်ပေါ်လာသော အချက် အလက်များနှင့် သိသိသာသာ ဆန့်ကျင်ဘက်ဖြစ်နေသည်ကို တွေ့ရပါသည်။ အဆိုပါနယ်မြေ များတွင်မူ ရှိရင်းစွဲပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်ချက်များကို အားကောင်းအောင် ပြု လုပ်ခြင်း သို့မဟုတ် အသစ်များ ဖန်တီးခြင်းအပြင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ဆောင် ချက်များနှင့် စီမံကိန်းများကို ဖော်ဆောင်ရန်ကြိုးပမ်းမှုများ ရှိနေသည်ကို သတိပြုမိသည်။80 ဤဆောင်းပါးက သက်သေပြခဲ့သည်မှာ စစ်ပွဲသာမက ဖိနှိပ်သောအုပ်ချုပ်မှုအောက်မှ အားပြိုင်နေရသည့် ဒေသန္တရအုပ်ချုပ်ရေးဖြစ်စဉ်များသည်လည်း ရာသီဥတုပြောင်းလဲမှုဆိုင် ရာ ထိခိုက်လွယ်မှုများကို ပုံဖော်နေသည်ဟူသော အချက်ပင်ဖြစ်သည်။ ၎င်းသည် ပညာရပ် ဆိုင်ရာနှင့် မူဝါဒရေးရာ လေ့လာမှုများတွင် အစဉ်အလာအရ အလေးထားလေ့ရှိသော “ရာသီ ဥတုပြောင်းလဲမှုကြောင့် ပဋိပက္ခဖြစ်ပွားခြင်း” ဟူသော အယူအဆကို စိန်ခေါ်နေပြီး မြန်မာ နိုင်ငံ၏ ဖြစ်ရပ်တွင်မူ ဆန့်ကျင်ဘက်ဖြစ်နေသည်ကို တွေ့ရပါသည်။ သိပ္ပံနည်းကျ ဗဟုသုတ များနှင့် ပုံစံများကိုသာ ရှေ့တန်းတင်မည့်အစား ပဋိပက္ခဒဏ်ခံရသော ဒေသခံပြည်သူများ၏ အတွေ့အကြုံနှင့် အမြင်များကို အလေးအနက်ထားရှုမြင်သည့်အခါ ဤ “ရာသီဥတုပြောင်းလဲ မှုနှင့် ပဋိပက္ခဆက်နွှယ်မှု” မှာ ပိုမိုထင်ရှားလာပါသည်။ ဆောင်းပါးတွင် တင်ပြထားသည့် အတိုင်း လုံခြုံရေး အလွန်အားနည်းသော အခြေအနေမျိုးတွင် ဤကဲ့သို့သော လေ့လာမှုများကို ပြုလုပ်ရန် နည်းလမ်းတစ်ခုမှာ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ကိုယ်တိုင်ရင်ဆိုင်နေရသော ရပ်ရွာအခြေပြုသုတေသီများနှင့်အတူ ဗဟုသုတများကို ပူးပေါင်းဖော်ထုတ်ခြင်းပင်ဖြစ်သည်။
အဆုံးမှတ်စုများ
1 Kyed & Chambers, 2026 [this issue].
2 Naw Htee Ku & Hoffman, 2026 [this issue].
3 Branch, 2018.
4 Vigh, 2008.
5 See Kyed & Chambers (2026) [this issue].
6 Goldman et al., 2018; Porcuna-Ferrer et al., 2023; Reyes-Garcías et al., 2024, p. 10; Rosengren, 2018; Salick et al., 2012.
7 Holbraad et al., 2019, p. 248; Lund, 2016.
8 Vigh, 2008.
9 Branch, 2018.
10 Goldman et al., 2018.
11 ဉာဏ်စင်္ကြံသည်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၄) ခုရှိ လူ့အဖွဲ့ အစည်း (၂၂) ခုတွင် နေ့စဉ်အုပ်ချုပ်ရေးဆိုင်ရာ အချက်အလက်များကို စုဆောင်းရန်အတွက် ရပ်ရွာအခြေ ပြု သုတေသီချဉ်းကပ်မှုကို အသုံးပြုခဲ့သည်။
12 အဆိုပါ ဒေသအချို့တွင် သုတေသနပြုလုပ်ခဲ့သည့် အကြိမ်ရေ ငါးကြိမ်အတွင်း ပဋိပက္ခအခြေအနေ များမှာ တဖြည်းဖြည်း ပြောင်းလဲတိုးတက်လာခဲ့သည်။ ဥပမာအားဖြင့် နာဂဒေသရှိ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ (EROs) များသည် နစကနှင့် ပိုမိုပူးပေါင်းဆောင်ရွက်လာကြသည်။ ကလေးမြို့နယ်တွင် သုတေသန ဒုတိယအသုတ်နောက်ပိုင်း၌ တော်လှန်ရေးအင်အားစုများ အားနည်းသွားခဲ့သော်လည်း နစကအနေဖြင့် ဒေသခံလူထု၏ ထောက်ခံမှုကိုမူရရှိခြင်း မရှိသေးပေ။ လောင်းလုံမြို့နယ်မှာ အစပိုင်း တွင် အားပြိုင်နေရသော နယ်မြေဖြစ်ခဲ့သော်လည်း စတုတ္ထအသုတ် သုတေသနပြုချိန်တွင် လက်နက်ကိုင် ပဋိပက္ခများ လျော့နည်းသွားပြီး၊ စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များအကြား အုပ်ချုပ်ရေးနှစ်ရပ် ယှဉ်တွဲ တည်ရှိမှုပုံစံဖြင့် တည်ငြိမ်လာခဲ့သည်။ ရခိုင်ပြည်နယ်တွင်လည်း ပထမအသုတ်နှင့် ဒုတိယအသုတ်ကြား ၌ ထူးခြားသော အပြောင်းအလဲများ ရှိခဲ့ပြီး အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်များအကြား ပြင်းထန် သော တိုက်ပွဲများကြောင့် အဖွဲ့အစည်းနှစ်ရပ်အကြား နယ်မြေထိန်းချုပ်မှုမှာ ပိုမိုပြတ်သားစွာ ကွဲပြားလာ ခဲ့သည်။ စတုတ္ထအသုတ် သုတေသနပြုချိန်တွင်မူ ရခိုင်ပြည်နယ်ရှိ သုတေသီများနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါသည်။
13 Abrahams & Carr, 2017; Kyed & Chambers, 2026 [this issue].
14 ခြွင်းချက်အချို့မှာ Augsten et al. (2022)၊ Branch (2018)၊ Sturridge (2023) တို့ဖြစ်သည်။
15 Adams et al., 2018; Hsiang & Burke, 2013; Witmer et al., 2017.
16 Goldman et al., 2018, p. 3.
17 Branch, 2018, p. 311.
18 Augsten et al., 2022.
19 Goldman et al., 2018, p. 5.
20 Chakraborty & Sherpa, 2021; Conway et al., 2019; Goldman et al., 2018, pp. 5-6; Reyes-García et al., 2024.
21 Byg & Salick, 2009, pp. 156-164; Reyes-García et al., 2024, p. 10; Sraku-Lartey et al., 2020, p. 17.
22 Byg & Salick, 2009; Porcuna-Ferrer et al., 2023; Reyes-Garcías et al., 2024, p. 10; Rosengren, 2018; Scoville-Simonds, 2018.
23 Branch, 2018.
24 Byg & Salick, 2009, p. 165.
25 Uprety et al., 2017.
26 Salick et al., 2012; Scoville-Simonds, 2018.
27 Branch, 2018.
28 Porcuna-Ferrer et al., 2023.
29 Reyes-García et al., 2024, p. 4.
30 Branch, 2018; Reyes-García et al., 2024, p. 5.
31 Porcuna-Ferrer et al., 2023, p. 11.
32 Branch, 2018.
33 Salick et al., 2012.
34 Scoville-Simonds, 2018, p. 346. Also see Rosenberg (2018) and Salick et al. (2012).
35 Branch, 2018; Reyes-García et al., 2024.
36 Reyes-García et al., 2024, pp. 4-7.
37 Porcuna-Ferrer et al., 2023, p. 6.
38 Porcuna-Ferrer et al. 2023, p. 10.
39 Scoville-Simonds, 2018. On Ghana, see Golo & Yaro (2013).
40 Byg & Salick, 2009; Salick et al., 2012.
41 Salick et al., 2012, p. 450.
42 Byg & Salick, 2009, pp. 158-164.
43 Byg & Salick, 2009, pp. 161-164.
44 Salick et al., 2012, pp. 465-470.
45 Augsten et al., 2022, p. 14.
46 Branch, 2018; Salick et al., 2012.
47 See Chambers et al. (2027) [this issue].
48 Ant Pweh Aung, 2024.
49 Al Jazeera, 2024.
50 See also Saw Ner Dhu Da (2026) [this issue].
51 “War zone farmers”, 2022.
52 ဤကဲ့သို့ မြေယာဆုံးရှုံးမည်ကို စိုးရိမ်ခြင်းသည် ၂၀၁၂ မြေယာဥပဒေနှင့် ဆက်စပ်နေသည်။ အဆိုပါ ဥပဒေအရ တောင်သူများသည် ၎င်းတို့၏ မြေယာကို အမှန်တကယ် အသုံးချနေရန် လိုအပ်ပြီး ထိုသို့ မဟုတ်ပါက နိုင်ငံတော်က ပြန်လည်သိမ်းယူနိုင်ခွင့်ရှိသည်။ ထို့အပြင် ဤစိုးရိမ်မှုသည် ယခင်ခေတ် အဆက်ဆက်က ရှိခဲ့သော စစ်တပ်၏ မြေယာသိမ်းဆည်းမှုဆိုင်ရာ သမိုင်းကြောင်းများနှင့်လည်း ဆက်စပ်လျက်ရှိသည် (Lue Htar, 2020; Mark, 2016)။
53 Branch, 2018; Salick et al., 2012.
54 Woods et al., 2021.
55 South, 2024. မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သစ်တောဧရိယာ အများဆုံးဆုံးရှုံးသည့် နိုင်ငံ (၁၀) နိုင်ငံစာရင်း၌ ပါဝင်နေပြီး သစ်တောပြုန်းတီးမှုနှုန်း အမြင့်မားဆုံးနိုင်ငံများထဲတွင် တတိယနေရာ၌ ရှိနေ သည်။ ၂၀၁၀ နှင့် ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် တစ်နှစ်လျှင် ပျမ်းမျှ သစ်တောဧရိယာ ဟက်တာ ငါးသိန်းခွဲခန့် (၅၅၀၀ စတုရန်းကီလိုမီတာ) ဆုံးရှုံးခဲ့ရသည်။ ၎င်းမှာ တစ်နှစ်လျှင် သစ်တောပြုန်းတီးမှုနှုန်း (၁ ဒသမ ၇) ရာခိုင်နှုန်း ရှိနေခြင်း ဖြစ်သည် (Woods et al., 2021, p. 2)။
56 နယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို တိုက်ခိုက်ရာတွင် သစ်တောများကို ခုတ်လှဲ ခြင်းနှင့် မီးရှို့ခြင်းတို့မှာ မြန်မာစစ်တပ်၏ ကာလရှည်ကြာ အသုံးပြုခဲ့သော ‘ဖြတ်လေးဖြတ်’ နည်းဗျူဟာ ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက Saw Ner Dhu Da (2026) [this issue] တွင် ကြည့်ရှုနိုင်ပါသည်။
57 Naw Htee Ku & Hoffman, 2026 [this issue].
58 Castree, 2003; Sullivan, 2009.
59 Woods et al., 2020.
60 Global Witness, 2024.
61 Fishbein et al., 2022.
62 ၂၀၂၃ တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) နယ်မြေအတွင်းရှိ မြေရှားသတ္တုတွင်းသစ်တစ်ခု အား လူထုကန့်ကွက်ဆန္ဒပြမှုများ အောင်မြင်ခဲ့သည့် ထူးခြားဖြစ်စဉ်တစ်ခု ရှိခဲ့သည် (Fishbein et al., 2023)။
63 Scoville-Simonds (2018) ပီရူးအကြောင်း ဖတ်ကြည့်ပါ။
64 ရခိုင်ပြည်နယ်ရှိ ရာသီဥတုပြောင်းလဲမှုအပေါ် မွတ်စလင်လူထု၏ သဘောထားအမြင်များကို ကျွန်ုပ်တို့ ထည့်သွင်းဖော်ပြထားခြင်းမရှိပေ။ သို့သော် Chambers et al. (2026) [this issue].
65 ကပ်၊ ၁—ဒုဗ္ဘိက္ခန္တရကပ်၊ ၂—ရောဂန္တရကပ်၊ ၃— သတ္ထန္တရကပ်။
66 ဤယုံကြည်ချက်များအကြောင်း အသေးစိတ်အတွက် Foxeus (2016) နှင့် Spiro (1967) တို့ကို ကြည့်ပါ။
67 ဗုဒ္ဓဘာသာ အဆုံးအမများသည် နေ့စဉ်ကိုယ်ကျင့်တရားဆိုင်ရာ နားလည်မှုများနှင့် မည်သို့ ဆက်စပ် နေကြောင်း အသေးစိတ် ခွဲခြမ်းစိတ်ဖြာချက်အတွက် Chambers (2024) ကို ကြည့်ပါ။
68 Spiro, 1967.
69 Scoville-Simonds, 2018.
70 Chambers, 2024, pp. 66-69.
71 Also see Strong (1983) ကိုလည်း ဖတ်သင့်ပါတယ်။
72 Percuna-Ferrer et al., 2023; Reyes-García et al., 2024.
73 Branch, 2018.
74 Borras Jr et al., 2020.
75 Vigh, 2008.
76 Woods, 2011.
77 Kramer, 2021.
78 Holbraad et al., 2019, p. 248; Lund, 2016.
79 Lund, 2016, p. 1203.
80 Kyed & Chambers, 2026 [this issue]; South, 2023.
ကိုးကားချက်များ
Abrahams, D., & Carr, E. (2017). Understanding the connections between climate change and conflict: Contributions from geography and political ecology. Current Climate Change Reports, 3, 233–242. https://doi.org/10.1007/s40641-017-0080-z
Adams, C., Ide, T., Barnett, J., & Detges, A. (2018). Sampling bias in climate–conflict research. Nature Climate Change, 8(3), 200-203.
Al Jazeera. (2024, May 1). Southeast Asia swelters in record-setting heatwave. https://www.aljazeera.com/gallery/2024/5/1/southeast-asia-swelters-in-record-setting-heatwave
Ant Pweh Aung. (2024, May 22). ‘No respite’: Dry zone sizzles and burns. Frontier Myanmar. https://www.frontiermyanmar.net/en/no-respite-dry-zone-sizzles-and-burns/
Augsten, L., Gagné, K., & Su, Y. (2022). The human dimensions of the climate risk and armed conflict nexus: a review article. Regional Environmental Change, 22(2), 1-19.
Borras, S. M., Franco, J. C., & Zau Nam. (2020). Climate Change and Land: Insights from Myanmar. World Development, 129, 3–36. https://doi.org/10.1016/j.worlddev.2019.104864
Branch, A. (2018). From disaster to devastation: drought as war in northern Uganda. Disasters, 42, S306-S327.
Byg, A., & Salick, J. (2009). Local perspectives on a global phenomenon—climate change in Eastern Tibetan villages. Global Environmental Change, 19(2), 156-166.
Castree, N. (2003). Commodifying what nature? Progress in Human Geography, 27(3), 273–297.
Chakraborty, R., & Sherpa, P. Y. (2021). From climate adaptation to climate justice: Critical reflections on the IPCC and Himalayan climate knowledges. Climatic Change, 167(3-4), Article 49. https://doi.org/10.1007/s10584-021-03158-1
Chambers, J. (2024). Pursuing Morality: Buddhism and Everyday Ethics in Southeastern Myanmar. NUS Press.
Chambers, J., Saint Sann Aye, Kyed, H. M., Ah Lynn, & Nway Kant Kaw. (2026). Cyclone Mocha as a Theater of Power: Competitive State-making in Post-coup, Climate-vulnerable Myanmar. Independent Journal of Burmese Scholarship, 7. https://ijbs.online/?page_id=5666
Conway, D., Nicholls, R. J., Brown, S., Tebboth, M. G. L., Adger, W. N., Ahmad, B., Biemans, H., Crick, F., Lutz, A. F., Campos, R. S., Said, M., Singh, C., Zaroug, M. A. H., Ludi, E., New, M., & Wester, P. (2019). The need for bottom-up assessments of climate risks and adaptation in climate-sensitive regions. Nature Climate Change, 9(7), 503–511.
Fishbein, E., Hpan Ja Brang, Zau Myet Awng, & Jaw Tu Hkawng. (2023, May 2). How the Kachin public overturned a rare earth mining project in KIO territory. Frontier Myanmar. https://www.frontiermyanmar.net/en/how-the-kachin-public-overturned-a-rare-earth-mining-project-in-kio-territory/
Fishbein, E., Jauman Naw, Jaw Tu Hkawng, & Nu Nu Lusan. (2022, June 24). Kachin public calls on KIO to address gold mining crisis. Frontier Myanmar. https://www.frontiermyanmar.net/en/kachin-public-calls-on-kio-to-address-gold-mining-crisis/
Foxeus, N. (2016). Contemporary Burmese Buddhism. In M. Jerryson (Ed.), The Oxford Handbook of Contemporary Buddhism (pp. 212–235). Oxford University Press.
Global Witness. (2024, May 23). Fuelling the future, poisoning the present: Myanmar’s rare earth boom. https://globalwitness.org/en/campaigns/transition-minerals/fuelling-the-future-poisoning-the-present-myanmars-rare-earth-boom/
Goldman, M. J., Turner, M. D., & Daly, M. (2018). A critical political ecology of human dimensions of climate change: Epistemology, ontology, and ethics. Wiley Interdisciplinary Reviews: Climate Change, 9(4), 1-15.
Golo, B. W. K., & Yaro, J. A. (2013). Reclaiming stewardship in Ghana: religion and climate change. Nature and Culture, 8(3), 282-300.
Holbraad, M., Kapferer, B., & Sauma, J. F. (2019). Ruptures: Anthropologies of Discontinuity in Times of Turmoil. UCL Press.
Hsiang, S. M., & Burke, M. (2013). Climate, conflict, and social stability: What does the evidence say? Climatic Change, 123(1), 39–55. https://doi.org/10.1007/s10584-013-0868-3
Kramer, T. (2021). ‘Neither war nor peace’: failed ceasefires and dispossession in Myanmar’s ethnic borderlands. The Journal of Peasant Studies, 48(3), 476-496.
Kyed, H. M., & Chambers, J. (2026). Introduction to the Special Issue on Climate Change and Conflict: Advancing Understandings of the Climate-Conflict Nexus in Times of Political Rupture and Chronic Crisis. Independent Journal of Burmese Scholarship, 7. https://ijbs.online/?page_id=5641
Lund, C. (2016). Rule and Rupture: State Formation through the Production of Property and Citizenship. Development and Change, 47(6), 1199–1228. https://doi.org/10.1111/dech.12274
Lue Htar. (2020). Everyday Justice and Plural Authorities: Insights from Karen State about Land Disputes. Independent Journal of Burmese Scholarship, 1, 353-381. https://ijbs.online/wp-content/uploads/2021/10/07LueHtar.pdf
Mark, S. S. (2016). Fragmented Sovereignty over Property Institutions: Developmental Impacts on the Chin Hills Communities. Independent Journal of Burmese Scholarship, 1, 131-160. https://ijbs.online/wp-content/uploads/2021/10/7b-SiuSueMark-en.pdf
Naw Htee Ku, & Hoffmann, K. (2026). Shifting Tides: Political Ruptures and Environmental Activism in Tanintharyi Region. Independent Journal of Burmese Scholarship, 7. https://ijbs.online/?page_id=5649
Porcuna-Ferrer, A., Calvet-Mir, L., Guillerminet, T., Alvarez-Fernandez, S., Labeyrie, V., Porcuna-Ferrer, E., & Reyes-García, V. (2023). “So many things have changed”: Situated understandings of climate change impacts among the Bassari, south-eastern Senegal. Environmental Science & Policy, 148, 103552.
Reyes-García, V., García-Del-Amo, D., Porcuna-Ferrer, A., Schlingmann, A., Abazeri, M., Attoh, E. M. N. A. N., Vieira da Cunha Ávila, J., Ayanlade, A., Babai, D., Benyei, P., Calvet-Mir, L., Carmona, R., Caviedes, J., Chah, J., Chakauya, R., Cuní-Sanchez, A., Fernández-Llamazares, Á., Galappaththi, E. K., Gerkey, D., … LICCI Consortium. (2024). Local studies provide a global perspective of the impacts of climate change on Indigenous Peoples and localcommunities. Sustainable Earth Reviews, 7(1), Article 1. https://doi.org/10.1186/s42055-023-00063-6
Rosengren, D. (2018). Science, knowledge and belief: On local understandings of weather and climate change in Amazonia. Ethnos, 83(4), 607-623. https://doi.org/10.1080/00141844.2016.1213760
Salick, J., Bauer, K., & Byg, A., (2012). Contemporary Tibetan Cosmology of Climate Change. Journal for the Study of Religion, Nature & Culture, 6(4), 447-476. https://doi.org/10.1558/jsrnc.v6i4.447
Saw Ner Dhu Da. (2026). Episodic Rupture in Klerlweehtu: Chronic Crisis, Conflict, and Climate Change in Everyday Life. Independent Journal of Burmese Scholarship, 7. https://ijbs.online/?page_id=5661
Scoville-Simonds, M. (2018). Climate, the Earth, and God–Entangled narratives of cultural and climatic change in the Peruvian Andes. World Development, 110, 345-359. https://doi.org/10.1016/j.worlddev.2018.06.012
South, A. (2024). Towards a Green New Deal for Myanmar? Climate Change Challenges and Opportunities Since the Coup. NRM. Conflict Analysis and Research Facility.
Spiro, M. E. (1967). Burmese Supernaturalism: A Study in the Explanation and Reduction of Suffering. Prentice Hall.
Sraku-Lartey, M., Buor, D., Adjei, P. O. W., & Foli, E. G. (2020). Perceptions and knowledge on climate change in local communities in the Offinso Municipality, Ghana. Information Development, 36(1), 16-35.
Strong, J. (1983). The Legend of King Aśoka: A Study and Translation of the Aśokavadana. Princeton University Press.
Sturridge, C. (2023, April 20). Living with climate change, conflict and displacement: Recognising agency, voice, mobility, language and linkages [Briefing paper]. ODI Global. https://odi.org/en/publications/living-with-climate-change-conflict-and-displacement-recognising-agency-voice-mobility-language-and-linkages/
Sullivan, S. (2009). Green capitalism, and the cultural poverty of constructing nature as service provider. Radical Anthropology, 3, 18–27. https://eprints.bbk.ac.uk/id/eprint/6016/1/Sullivan%2C_radical_anthropology_2009.pdf
Uprety, Y., Shrestha, U. B., Rokaya, M. B., Shrestha, S., Chaudhary, R. P., Thakali, A., Cockfield, G., & Asselin, H. (2017). Perceptions of climate change by highland communities in the Nepal Himalaya. Climate and Development, 9(7), 649–661. https://doi.org/10.1080/17565529.2017.1304886
Vigh, H. (2008). Crisis and chronicity: Anthropological perspectives on continuous conflict and decline. Ethnos, 73(1), 5-24.
War zone farmers suffer disruptions and despair. (2022, April 27). Frontier Myanmar. https://www.frontiermyanmar.net/en/war-zone-farmers-suffer-disruptions-and-despair/
Witmer, F. D., Linke, A. M., O’Loughlin, J., Gettelman, A., & Laing, A. (2017). Subnational violent conflict forecasts for Sub-Saharan Africa, 2015–65, using climate-sensitive models. Journal of Peace Research, 54(2), 175–192. https://doi.org/10.1177/0022343316682064
Woods, K. (2011). Ceasefire Capitalism: Military-Private Partnerships, Resource Concessions and Military-State Building in the Burma-China Borderlands. Journal of Peasant Studies, 38(4), 747-770.
Woods, K., Treanor, N. B., & Dwyer, M. (2020). “Conflict Rubber” and Land Rights in Southeastern Myanmar.Forest Trends. https://www.forest-trends.org/wp-content/uploads/2020/07/MN_Conflict_Rubber_FINAL-1.pdf
Woods, K., Wang, P., Sexton, J. O., Leimgruber, P., Wong, J., & Huang, Q. (2021). Integrating pixels, people, and political economy to understand the role of armed conflict and geopolitics in driving deforestation: The case of Myanmar. Remote Sensing, 13(22), 4589.