နိုင်ငံရေးတစ်ဆစ်ချိုးအပြောင်းအလဲနှင့် သက်ဆိုးရှည်အကျပ်အတည်း ကာလအတွင်း ရာသီဥတုပြောင်းလဲမှုနှင့် ပဋိပက္ခများအကြား ဆက်နွှယ်မှုကို သုံးသပ်ကြည့်ခြင်း အထူးထုတ်စာစောင်မိတ်ဆက်

ဟယ်လင်မရီယာကူးနှင့် ဂျက်စတင်ချိန်းဘားစ် | Click here to read this article in English.

Cite as: 
ဟယ်လင်မရီယာကူးနှင့် ဂျက်စတင်ချိန်းဘားစ်၊ (၂၀၂၆)၊ နိုင်ငံရေးတစ်ဆစ်ချိုးအပြောင်းအလဲနှင့် သက်ဆိုးရှည်အကျပ်အတည်း ကာလအတွင်း ရာသီဥတုပြောင်းလဲမှုနှင့် ပဋိပက္ခများအကြား ဆက်နွှယ်မှုကို သုံးသပ်ကြည့်ခြင်း အထူးထုတ်စာစောင်မိတ်ဆက်၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ၇။ https://ijbs.online/?page_id=5643

နိဒါန်း

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက် များကို အခံရနိုင်ဆုံးသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ထိုသို့ ဖြစ်ရခြင်းမှာ နိုင်ငံ၏ တည်နေရာနှင့် ပြောင်းလဲလာနေသော ကမ္ဘာ့ရာသီဥတု အခြေအနေများကြောင့်သာမကဘဲ ခေတ်အဆက် ဆက် အုပ်ချုပ်ရေးညံ့ဖျင်းမှု၊ စစ်အုပ်ချုပ်ရေး၊ သယံဇာတကို အလွန်အကျွံထုတ်ယူသုံးစွဲမှုနှင့် ကာလရှည် ကြာဖြစ်ပေါ်နေသော ပဋိပက္ခကြောင့်လည်း ဖြစ်သည်။ မကြာသေးမီက ဖြစ်ပွား ခဲ့သည့် စစ်အာဏာသိမ်းမှုနှင့် ပြည်တွင်းစစ်မီးပြန့်ပွားလာမှုများသည် ဤရာသီဥတုအရေးကို ပိုမိုဆိုးရွာစေခဲ့သည်။

ရာသီဥတုပြောင်းလဲမှုနှင့် ပဋိပက္ခဖြစ်ပွားမှု နှစ်ထပ်ကွမ်းဒုက္ခသည် ကျေးလက်နေ နွမ်း ပါးမိသားစုများ၊ တိုင်းရင်းသားမျိုးနွယ်စုများနှင့် နိုင်ငံပျောက်နေသူများ၏ အသက်မွေးကျောင်း များအပေါ် တစ်ဖက်‌စောင်းနင်း ပိုမိုသက်ရောက်စေသည်။1 မြန်မာပြည်လူဦးရေ၏ ထက်ဝက် ခန့်သည် နေ့စဉ်လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် စိုက်ပျိုးရေးအပေါ်တွင် မှီခိုနေ ကြရပြီး2 ထိုအထဲမှ အများစုမှာ တောင်သူငယ်များဖြစ်ကြသည်။ သို့သော် အပူချိန်မြင့်မားလာ မှုနှင့် ပိုမိုပြင်းထန်ဆိုးရွာလာကာ မကြာမကြာဖြစ်ပေါ်နေသည့် ရေကြီးရေလျှံမှုနှင့် မုန်တိုင်း ဝင်ရောက်မှုများသည် မြို့ပေါ်နေ နွမ်းပါးမိသားစုများအပေါ်ကိုလည်း သက်ရောက်နေပါသည်။ အထူးသဖြင့် မြေယာပိုင်ဆိုင်ခွင့်၊ ဓနဥစ္စာ၊ အခြေခံ အဆောက်အအုံနှင့် အခြေခံဝန်ဆောင်မှု ရပိုင်ခွင့်များ ရရှိရန် မရေရာသည့် ကျူးကျော်ရပ်ကွက်နေ ပြည်သူများအနေဖြင့် နောက်ဆက် တွဲဆိုးကျိုးများကို ပိုမိုခံစားကြရမည်ဖြစ်သည်။3 ပြည်သူများ နေရပ်စွန့်ခွာထွက်ပြေးရမှု အခြေ အနေများ နိုင်ငံတစ်ဝန်းဖြစ်ပေါ်နေပြီး မကြာသေးမီက ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်း များနှင့် ရေကြီးရေလျှံမှုများသည် ရာသီဥတုနှင့် ပဋိပက္ခကြောင့်ဖြစ်ပေါ်သည့် နေရပ်စွန့်ခွာရွှေ့ပြောင်း မှုသည် တစ်ခုနှင့်တစ်ခု မည်သို့ချိတ်ဆက်နေပြီး အဆိုးဘက်သို့ မည်မျှဦးတည်နေကြောင့် ပြသ နေသည်။

မြန်မာနိုင်ငံ၏ အပူချိန်နှင့် မိုးရေချိန်ကဲ့သို့သော မိုးလေဝသပြောင်းလဲမှုဆိုင်ရာ နည်း ပညာအချက်အလက်များကို စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် လုံလောက်စွာ မွမ်းမံပြင် ဆင်ခြင်း မရှိတော့ပေ။4 ၂၀၂၁ ခုနှစ်ရှေ့ပိုင်း အချက်အလက်များအရ ၂၀၆၀ ပြည့်နှစ်တွင် ပျမ်းမျှအပူချိန် (၂ ဒသမ ၀၇) ဒီဂရီစင်တီဂရိတ် မြင့်မားလာနိုင်သည့် အချက်အပါအဝင် သတိ ပြုဖွယ် ခန့်မှန်းချက်များကို ညွှန်းဆိုထားသည်။5 မိုးရေချိန်အပြောင်းအလဲ သိသာစွာ မြင့်တက် လာခြင်းနှင့် ဆိုးရွားလှသည့် ရာသီဥတုအခြေအနေများ (မိုးခေါင်ခြင်း၊ မုန်တိုင်းကျခြင်း၊ ရေ ကြီးခြင်း) ပိုမိုပြင်းထန်လာမည်ဟု ခန့်မှန်းထားပြီး နိုင်ငံအောက်ပိုင်းရှိ ပြည်သူများအနေဖြင့် ပိုမိုခံစားရဖွယ်ရှိနေသည်။6 ၂၀၂၁ စစ်အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့ သည့် ရာသီဥတုနှင့် ဆက်စပ်နေသည့် လူမှုသိပ္ပံလေ့လာမှုအချို့မှ ညွှန်ပြနေသည်မှာ ရာသီဥတု ပြောင်းလဲမှုသည် ပိုမိုဆိုးရွာလာနေပြီး လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေးအကျပ်အတည်းနှင့် အကြမ်းဖက်ပဋိပက္ခများကြောင့် တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်စေသည်ဟုဆိုသည်။ ဥပမာအားဖြင့် အက်ရှလေဆောက်၏ အင်တာဗျူးလေ့လာမှုမှ7 ကရင်၊ မွန်၊ ကချင်၊ ရခိုင်၊ မကွေးနှင့် မန္တလေး တို့မှ တောင်သူလယ်သမားများအနေဖြင့် အထွက်နှုန်း သိသိသာသာလျော့ကျလာရခြင်းမှာ မိုးမမှန်ခြင်း၊ ရေကြီးရေလျှံခြင်း၊ အပူချိန်မြင့်မားခြင်းတို့ကြောင့်သာမကဘဲ စစ်တပ်၏ လေ ကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် အရပ်သားများအပေါ် တိုက်ခိုက်ခြင်းများ ကြောင့် လုံခြုံမှုမရှိဖြစ်ကာ နေရပ်ရွှေ့ပြောင်းရခြင်း တို့ကြောင့်လည်းဖြစ်သည်ဟု ထောက်ပြ ထားသည်။ စစ်တပ်၏ တိုက်ခိုက်မှုများသည် နေရပ်စွန့်ခွာရွှေ့ပြောင်းကို မည်သို့ဦးတည်စေ ကာ ရပ်ရွာလူထု၏ လောကဓံကို ရင်ဆိုင်ဖြေရှင်း နိုင်စွမ်းလျော့ကျလာခြင်းနှင့် ရာသီဥတု ပြောင်းလဲမှုကို အလိုက်သင့်ပြောင်းလဲရန် လိုအပ်သည့် ဒေသဆိုင်ရာ အရင်းအမြစ်များ ပြုန်း တီးစေကြောင်း အက်ရှလေဆောက်က ဆိုသည်။8 ထို့အပြင် စိုက်ပျိုးရေးသွင်းအားစုများ၏ ဈေးနှုန်းများ ကြီးမြင့်လာခြင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေဝန်ဆောင်မှုများ နည်းပါးလာခြင်း သည်လည်း ပြည်သူလူထု၏ လောကဓံကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းနှင့် စားရေရိက္ခာဖူလုံမှုကို ပိုမိုထိခိုက်စေသည်။9 စစ်တပ်၏ တိုက်ခိုက်မှုများသည် ၂၀၂၃ မိုခိုမုန်တိုင်းနှင့် ၂၀၂၄ ယာဂီ မုန်တိုင်းကဲ့သို့သော ဆိုးဝါးပြင်းထန်သည့် မိုးလေဝသဖြစ်စဉ်များတွင် ပြည်သူများအား ပိုမို ထိခိုက်စေပါသည်။10

စစ်အာဏာသိမ်းမှုသည် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်လွယ်မှုကို မြင့်တက်စေရုံ မျှမက စစ်ပွဲစီးပွားရေးနှင့် ကျဆင်းနေသည့် နိုင်ငံ့စီးပွားရေးကို ဆွဲတင်နိုင်ရန် စစ်တပ်၏ အသည်းအသန်ကြိုးပမ်းမှုများကြောင့် သယံဇာတ အလွန်အကျွံသုံးစွဲမှု ဖြစ်ပေါ်နေသည်။ သစ် လုပ်ငန်းနှင့် သတ္တုတွင်းလုပ်ငန်းများသည် သစ်တောပြုန်းတီးမှု၊ လေထုညစ်ညမ်းမှု၊ မြေပြိုမှု များနှင့် ရေအရင်း အမြစ်ရှားပါးလာမှုကဲ့သို့ စိုးရိမ်ဖွယ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုး ဆက်များကို ဖြစ်ပေါ်စေပါသည်။11 ဤသဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးဆက်များသည် ဒေသခံလူထုအတွက် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော သက်ရောက်မှုများကို ပိုမိုဆိုးရွာလာစေမည်ဟုခန့်မှန်းရပြီး ထိခိုက်လွယ်သော လူအုပ်စုများ၏ အသက်မွေးဝမ်း ကျောင်းများ အထူးသဖြင့် သတ္တုတွင်းလုပ်ငန်းများအနီးရှိ ပြည်သူများနှင့် သစ်တောထွက် ပစ္စည်းများအပေါ် မှီခိုနေရသည့် ပြည်သူများကိုလည်း ခြိမ်းခြောက်နေသည်။12 တစ်ဆက် တည်းမှာပင် ပဋိပက္ခနှင့် မရေရာလာသည့် အသက်မွေးဝမ်းကျောင်းမှုများကြောင့် နေရပ်စွန့် ခွာ ပြောင်းရွှေ့ခြင်းများသည် ဒေသတွင်း သဘာဝပတ်ဝန်းကျင် အကျိုးဆက်များကို ဖြစ်ပေါ် လာစေပြီး ရေ၊ သစ်တော၊ ဒီရေတောကဲ့သို့သော ရှားပါးလာနေပြီဖြစ်သည့် သဘာဝအရင်း အမြစ်များအပေါ် ဖိအားပိုမိုဖြစ်စေသည်။13 စစ်အာဏာ မသိမ်းမီကတည်းက ဆောင်ရွက်နေ ကြသည့် သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားမှုများနှင့် စောင့်ကြည့်မှုများသည် ယခုအခါ ဖိနှိပ်ခံနေကြရသည်။ မြောက်မြားစွာသော သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူများသည် ဖမ်းဆီး ခံနေခြင်း၊ တိတ်တဆိတ်သာ လှုပ်ရှားကြတော့ခြင်း၊ စစ်တပ်၏ ရက်စက်ကြမ်း ကြုတ်မှုများကြောင့် ထွက်ပြေးနေကြရခြင်း သို့မဟုတ် ပြည်သူ့ကာကွယ်ရေးတပ် (ပီဒီအက်ဖ်) ကဲ့သို့သော တော်လှန်ရေးအုပ်စုများထဲသို့ ဝင်ရောက်သွားကြခြင်းများရှိသည်။14

ထိုနည်းတူ စစ်အာဏာသိမ်းမှုသည် ရာသီဥတုပြောင်းလဲမှုကို လိုက်လျော ညီထွေဖြစ် အောင် ပြုပြင်ရေးနှင့် လျှော့ချရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အဟန့်အတားဖြစ်စေခဲ့သည်။ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ပြည်တွင်း ပရဟိတအသင်းများအနေဖြင့် စစ်အာဏာ မသိမ်းမီက ပြုလုပ်ခဲ့သည့် ပလတ်စတစ် ကောက်ခြင်းမှသည် အများပြည်သူပိုင်သစ်တော စိုက်ပျိုးခြင်းအထိ လုပ်ဆောင်မှုများသည် ဆက်လက်ဆောင်ရွက်ရန် ခက်ခဲနေကြပြီး အထူး သဖြင့် စစ်တပ်၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) အုပ်ချုပ်နေသည့် ဒေသများ တွင် ပိုမိုခက်ခဲနေသည်။15 အဘယ်ကြောင့်ဆိုသော် နစက၏ အုပ်ချုပ်ရေးယန္တရား လည်ပတ် နေသည့် သို့မဟုတ် တိုက်ပွဲများ ပြင်းထန်နေသည့် ဒေသများတွင် လက်ရှိဖြစ်ပွားနေသော ပဋိ ပက္ခနှင့် စစ်တပ်၏ ဖိနှိပ်မှုများကြောင့်ဖြစ်သည်။16 ထို့ပြင် စစ်အာဏာသိမ်းမှုသည် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ လုပ်ဆောင်ချက်များအတွက် နိုင်ငံတကာမှ ပေးအပ်သည့် ရန်ပုံငွေများ နည်းပါးမှု ဖြစ်ပေါ်စေသလို နိုင်ငံတော်မှ ကမကထပြုသည့် အစီအစဉ်များလည်း အဆမတန် နည်းပါးသွားစေသည်။ လက်ရှိလုပ်ဆောင်နေသော လုပ်ငန်းများသည်လည်း ထိရှလွယ် နေရာ များနှင့် ပဋိပက္ခဖြစ်ပွားရာဒေသများသို့ မရောက်နိုင်တော့ခြင်း သို့မဟုတ် ရောက်ရှိရန် ခက်ခဲ ခြင်းများဖြစ်ပွားနေသည်။ အာဏာသိမ်းမှုမတိုင်မီက ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းစဉ် များအတွက် နိုင်ငံတကာကူညီရေးအဖွဲ့များနှင့် အပြည်ပြည်ဆိုင်ရာဘဏ်များမှ ထောက်ပံ့ပေး အပ်သော ရန်ပုံငွေ အများစုသည် ဗဟိုအစိုးရမှတစ်ဆင့် စီးဆင်းခဲ့ခြင်းဖြစ်သော်လည်း17 ကုလ သမဂ္ဂနှင့် အနောက်နိုင်ငံများသည် လက်ရှိစစ်အာဏာရှင်အစိုးရကို တရားမဝင်အစိုးရအဖြစ် သတ်မှတ်ထားသောကြောင့် အဆိုပါရန်ပုံငွေအတော်များများ ရပ်ဆိုင်း သွားခဲ့သည်။ ယခုအခါ ကုလသမဂ္ဂအဖွဲ့များနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့များသည် မြန်မာပြည်တွင်း ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လှုပ်ရှားမှုများအတွက် ရန်ပုံငွေများကို ပြည်တွင်းအဖွဲ့အစည်း များသို့ တိုက်ရိုက်ပေးအပ်နေသည်။ သို့သော် ပဋိပက္ခဘေးသင့်နိုင်ငံများတွင် ဘဏ္ဍာရေး ဆိုင် ရာကိစ္စများ၌ တင်းကျပ်စွာ လိုက်နာရမည့် စည်းကမ်းချက်များနှင့် စာရွက်စာတမ်း အထောက် အထား လိုအပ်ချက်များကြောင့် ဤလုပ်ငန်းစဉ်တွင် အကန့်အသတ်များရှိနေသည်။18

နစကသည် သဘာဝဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများ အပါအဝင် ရာသီဥတုပြောင်း လဲမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စများ ဆောင်ရွက်နေကြောင်း စစ်တပ်ထိန်းချုပ် မီဒီ ယာများတွင် ပုံဖော်ပြနေသော်လည်း ထိုအရာများသည် လက်တွေ့မြေပြင်တွင် အမှန်တကယ် လုပ်ဆောင်နေခြင်းထက် ဟန်ပြသက်သက်သာဖြစ်သည်။19 နစကအနေဖြင့် သဘာဝဘေးသင့် ပြည်သူများကို ကူညီပေးလိုပြီး သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး လုပ်ငန်းများကို အမှန် တကယ် လုပ်ဆောင်လိုစေကာမူ နိုင်ငံ၏ ‌ဒေသအများစုတွင် ၎င်း၏ အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်ဖြစ်နေသည်။ အမှန်တကယ်တွင် အာဏာသိမ်းပြီးနောက်ပိုင်း အထူးသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပီဒီအက်ဖ်) များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ၏ လက်နက်ကိုင်ခုခံမှု ကျယ်ပြန့်လာပြီးနောက်ပိုင်းကတည်းက နကစ၏ နယ်မြေ နှင့် အုပ်ချုပ်မှုယန္တရားများမှာ ဆက်လက်ကျဉ်းမြောင်းလာနေသည်။ ဤဆောင်းပါး ရေးနေစဉ် ကာလတွင် နယ်စပ်ဒေသအများစုရှိ မြို့ပေါင်း (၇၀-၈၀) ခန့်နှင့် ကျေးလက်ဒေသအများစု တို့မှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၊ စင်ပြိုင်အစိုးရဖြစ်သော အမျိုးသားညီညွတ်‌‌ရေး အစိုးရ (အန်ယူဂျီ) နှင့် အာဏာသိမ်းပြီးနောက် အသစ်ပေါ်ပေါက်လာသည့် နယ်မြေအဆင့် စီမံ အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့များက ရောနှောအုပ်ချုပ်နေခြင်းဖြစ်သည်။20

အရေးကြီးသည်မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြသည့် အုပ်ချုပ်‌ရေးအဖွဲ့များ တိုးပွားလာသည့် ဤအခင်းအကျင်းအသစ်သည် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်း ကျင်အရေးလှုပ်ရှားမှုများကို လက်တွေ့မြေပြင်တွင် ပြုလုပ်နိုင်ရန် အခွင့် အလမ်းအသစ်များကို လမ်းဖွင့်ပေးနိုင်လာခြင်းဖြစ်သည်။ တရားဝင်ဗဟိုအစိုးရ မရှိနေခိုက် အရပ်ဘက်လူမှုအဖွဲ့များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ ဌာနတိုင်းရင်းသားကွန်ရက် များနှင့် နယ်မြေအဆင့်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး အဖွဲ့အစည်းများသည် ရာသီဥတုဆိုင်ရာ မူဝါဒများနှင့် သဘာဝ ပတ်ဝန်းကျင်ကာကွယ်ရေးအစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို မိမိ တို့အနေဖြင့် မြင်တွေ့နေရသည်။ အချို့သော အဖွဲ့အစည်းများဆိုလျှင် ဤရာသီဉတုဆိုင်ရာ လုပ်ငန်းစဉ်များသည် ကာလရှည်ကြာနေပြီဖြစ်သော အုပ်ချုပ်မှုယန္တရားထဲတွင် ပါဝင်နေပြီး ဖြစ်သည်။ မြန်မာ့သက်တမ်းအရင့်ဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သည့် ကရင် အမျိုးသားအစည်းအရုံး (ကေအန်ယူ) သည် ကိုယ်ပိုင်မြေယာ၊ သစ်တောနှင့် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ မူဝါဒများနှင့် ဌာနများဖြင့် သစ်တောထိန်းသိမ်းရေးနှင့် ဇီဝမျိုးစုံမျိုးကွဲကာကွယ် ရေးလုပ်ငန်းများကို ကာလရှည်ကြာ လုပ်ဆောင်လာခဲ့သည်။ အရပ်ဘက်လူမှုအဖွဲ့များနှင့် ပူးပေါင်းပြီး ကေအန်ယူအနေဖြင့် ဌာနတိုင်းရင်းသားများဦးဆောင်သော ကမ္ဘာ့အသိအမှတ်ပြု ထိန်းသိမ်းရေးနယ်မြေဖြစ်သည့် သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ကိုလည်း တည်ထောင်ထား သည်။21 ကေအန်ယူအနေဖြင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက စစ်တပ်အား တော် လှန်တိုက်ခိုက်ခြင်းတွင် အသာစီးရလာသည်နှင့်အမျှ ၎င်းတို့၏ ထိန်းသိမ်းရေးလုပ်ငန်းများကို လည်း တိုးချဲ့လုပ်ဆောင်လာနေခြင်းဖြစ်သည်။ ထိုလုပ်ငန်းများထဲတွင် လူဦး‌ရေ ခုနှစ်သောင်း ခန့်နေထိုင်သည့် သောသီတောအူး ဌာနေလူမျိုးစုများဥယျာဉ် တည်ထောင်ခြင်းလည်း တစ်ခု အပါအဝင်ဖြစ်သည်။ အဆိုပါဥယျာဉ်သည် “ဇီဝမျိုးစုံမျိုးကွဲ ဆုံးရှုံးမှုနှင့် ရာသီဥတုပြောင်းလဲမှု ကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ထူးခြားဆန်းသစ်သော သဘာဝနှင့် အခွင့်အရေးအခြေပြု ဖြေရှင်းနည်း” တစ်ခုဖြစ်ကြောင်း ယူနက်စကိုက ဆိုထားသည်။22 အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အသစ်ပေါ်ထွက်လာသည့် နယ်မြေအဆင့် အာဏာရှင်တိုက်ဖျက် ရေးအဖွဲ့များသည် ဤသို့သော လုပ်ငန်းစဉ်များတွင် ကေအန်ယူလောက် လုပ်ဆောင်နိုင်ခြင်း မရှိသေးကြသော်လည်း အချို့အဖွဲ့များသည် ကေအန်ယူကို စံနမူနာထားကြသည်။23 အမျိုး သားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ရန်ပုံငွေနှင့် လုပ်ဆောင်နိုင်စွမ်း အကျပ်အတည်းများ ရှိနေသည့်ကြားကပင် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ ရှေ့ပြေးလုပ်ငန်းများကို လုပ်ဆောင်ရန် ကြိုးပမ်းနေသလို အသစ်‌ရေးဆွဲထား သည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အညီ နိုင်ငံတော်အဆင့် ရာသီဉတုဆိုင်ရာမူဝါဒကို ပြန် လည်ရေးဆွဲရန် အားထုတ်လျက်ရှိသည်။24 ထို့ကြောင့် စစ်အာဏာသိမ်းမှုနှင့် လတ်တလော ပဋိပက္ခများသည် ယေဘုယျအားဖြင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ခုခံနိုင်စွမ်းကို ပိုမိုဆိုးရွား စေသော်လည်း မြန်မာပြည်တစ်ဝန်း ‌ပေါ်ပေါက်နေသည့် ဘက်ပေါင်းစုံမှ တော်လှန်ရေး လှုပ်ရှားမှုများ ပေါ်ပေါက်လာခြင်းသည် ဗဟိုအစိုးရအလွန် ရာသီဉတုနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အစားထိုးလှုပ်ရှားမှုများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးနေသည်။

ဤအထူးထုတ်စာစောင်တွင် စာရေးသူများအနေဖြင့် မြန်မာပြည် ရာသီဥတုပြောင်းလဲမှု နှင့် ပဋိပက္ခဖြစ်စဉ်များကို တစ်ဆစ်ချိုးအပြောင်းအလဲဆိုသည့် သဘောတရား‌‌ရေးရာရှုထောင့် မှ လေ့လာထားပါသည်။ မနုဿဗေဒသဘောတရားအမြင်အရ တစ်ဆစ်ချိုးအပြောင်းအလဲ ဆို သည်ကို “အခြေအနေတစ်ခုတစ်ခန်းရပ်ကာ အသစ်ပြန်စခြင်း” ဟူ၍ ဖြစ်စဉ်နှစ်ခုပါ အဓိပ္ပာယ် သက်ရောက်သော အရေးကြီးသည့် “အချိုးအကွေ့” အဖြစ် နားလည်ထားကြသည်။25 ကျွန်ုပ် တို့အနေဖြင့် တစ်ဆစ်ချိုးအပြောင်းအလဲဆိုသည့် ဖြစ်ရပ်ကို ပစ္စက္ခဖြစ်စဉ်များ ပြိုလဲသွားသည့် ရှုထောင့်မှရော လွတ်လမ်း၊ လမ်းကြောင်းသစ်၊ ဖြစ်စဉ်သစ်များဆီသို့ ဦးတည်နေသည့် ဖြစ် တန်ရာ တွန်းအားအဖြစ် ရှုမြင်ချက်မှပါ ချဉ်းကပ်လေ့လာထားပါသည်။26 ဤစာစောင်ပါ အရည်အသွေးအခြေပြုသုတေသနဆောင်းပါး (၇) ပုဒ် စလုံးသည် စစ်အာဏာသိမ်းကာလ အလွန် မြန်မာနိုင်ငံ၏ ရာသီတုဥတု ပြောင်းလဲမှုနှင့် ပဋိပက္ခတို့အကြား အချိတ်အဆက်အ‌ပေါ် တစ်ဆစ်ချိုးအပြောင်းအလဲ ဆိုသည့်ရှုထောင့်မှ နက်ရှိုင်းစွာနားလည်စေရန် အားထုတ်ထားပါ သည်။ ရာသီဥတုပြောင်းလဲမှုသည် ပြည်တွင်းပဋိပက္ခများနှင့် လူအများလုံခြုံရေးအား မည်သို့ ထိခိုက်စေကြောင်း အချက်အလက်သုတေသနများရှိပြီးဖြစ်သော်လည်း27 ကျွန်ုပ်တို့အနေဖြင့် ထိုအချင်းအရာကို ပြောင်းပြန်စဉ်းစားကာ “အကြမ်းဖက် ပဋိပက္ခနှင့် နိုင်ငံရေးတစ်ဆစ်ချိုး အပြောင်းအလဲ ဖြစ်စဉ်များသည် ရာသီဥတု ပြောင်းလဲမှုနှင့် ပတ်သက်သည့် အတွေ့အကြုံများ၊ ရှုမြင်မှုများနှင့် နိုင်ငံရေး အခြေအနေများအပေါ် မည်သို့လွှမ်းမိုးမှုရှိသနည်း” ဆိုသည်ကို အဓိကဦးတည်ထားပါသည်။

ကွင်းဆင်းလေ့လာမှုများ၊ ဝေးလံခေါင်ဖျားဒေသများရှိ ရပ်ရွာအခြေပြုလူမှုဘဝအလေ့ အထသရုပ်ခွဲလေ့လာသုံးသပ်မှုများ၊ ဒစ်ဂျစ်တယ်နည်းဖြင့် လူမှုဘဝအလေ့အထ သုံးသပ်မှု သုတေသနများကို အခြေခံ၍ ဤစာစောင်ပါဆောင်းပါးများသည် ပဋိပက္ခဒဏ်သင့်လူ့အဖွဲ့ အစည်းများ၏ အတွေ့အကြုံများနှင့် ထိုသူများအနေဖြင့် ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင် အပြောင်းအလဲကို မည်သို့ရင်ဆိုင်နေကြပုံနှင့် ထိုအခြေအနေအပေါ် သူတို့၏ နားလည် သ‌ဘောပေါက်ပုံတို့ကို လေ့လာထားပါသည်။ ထို့အပြင် ကျွန်ုပ်တို့အနေဖြင့် ရာသီဥတုပြောင်း လဲမှုဆိုင်ရာ နိုင်ငံရေးဟု ကျွန်ုပ်တို့ ညွှန်းဆိုထားသည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပြောဆို ဆွေးနွေးမှုများ၊ မူဝါဒများနှင့် ဆောင်ရွက်ချက်များကို စစ်အာဏာသိမ်းပြီးနောက်တွင် ပြိုင်ဆိုင် မှုပြင်းထန်နေသော နိုင်ငံရေးအခြေအနေအတွင်း စင်ပြိုင်အုပ်ချုပ်သူများက မည်သို့ဆောင် ရွက်နေကြသည်ကို လေ့လာထားပါသည်။ ဤလေ့လာမှုတွင် စစ်အစိုးရအနေဖြင့် ‘စိမ်းလန်း စိုပြေရေးဗန်းပြ’ ကာ သူ၏အာဏာရှင်လုပ်ရပ်ကို မည်သို့လုပ်ဆောင်နေကြောင်းနှင့် တော်လှန် အင်အားစုများနှင့် လူမှုရေးအဖွဲ့အစည်းများက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်ရေး နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗျူဟာများကို အခြားတစ်ဖက်မှ မည်သို့ အကောင်ထည် ဖော်နေကြကြောင်းကို လေ့လာ‌ဖော်ထုတ်ထားပါသည်။ သီအိုရီအရ ကျွန်ုပ်တို့ သည် ၂၀၂၁ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော တစ်ဆစ်ချိုးအပြောင်းအလဲနှင့် ယခင်ကတည်းက “အမြစ်တွယ်ကျန်နေသော အကျပ်အတည်းများ၏ ဆိုးမွေများ” မည်သို့ဆက်နွှယ်နေသည်ကို လေ့လာခြင်းဖြင့် “ရာသီဥတုနှင့် ပဋိပက္ခဆက်နွှယ်မှု” (climate-conflict nexus) ဆိုင်ရာ အငြင်းပွားမှုများကို ခေတ်ပြိုင်ဆွေးနွေးချက်များဖြစ်သည့် “တစ်ဆစ်ချိုး အပြောင်းအလဲ” နှင့် “သက်ဆိုးရှည်ပဋိပက္ခ” တို့နှင့် ချိတ်ဆက်တင်ပြထားပါသည်။28

ဤစာစောင်ပါ ဆောင်းပါးများကို “မြန်မာပြည် ရာသီဥတုဆိုင်ရာ ဆောင်ရွက်ချက်၊ ပဋိ ပက္ခနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှု စီမံကိန်း” (MyCClimate) တွင် ပါဝင်ကြသည့် မြန်မာ့ အရေးကျွမ်းကျင်သူများ၊ ဘွဲ့လွန်နှင့် ပါရဂူကျောင်းသားကျောင်းသူများက အဓိကရေးသား ထားသည်။ MyCClimate ငါးနှစ် စီမံကိန်းကို ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးဌာနအောက်ရှိ ဒိန်းမတ်ဖွံ့ဖြိုးရေးသုတေသနထောက်ပံ့ကြေးဖြင့်လုပ်ဆောင်နေခြင်းဖြစ်သည်။29 ဤစီမံကိန်း ကို ဒိန်းမတ်အပြည်ပြည်ဆိုင်ရာလေ့လာရေးအင်စတီကျု (Danish Institute for International Studies) မှ ဉာဏ်စင်္ကြံ၊ ချင်းမိုင်တက္ကသိုလ်၊ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းရှိ တောင်တန်းဒေသအင်စတီကျု (Highland Institute) တို့နှင့် ပူးပေါင်းကာ အကောင် အထည် ဖော်ဆောင်ရွက်နေခြင်းဖြစ်သည်။ ဖြစ်ပေါ်လျက်ရှိသည့် မလုံခြုံမှုနှင့် ဖိနှိပ်မှုများ ကြောင့် မြန်မာစာရေးသူများသည် မိမိကိုယ်ကိုယ်နှင့် မိသားစုဝင်များ၏ လုံခြုံမှုကို ကာကွယ်‌ ရေးအတွက် ကလောင်နာမည်ဖြင့်သာ ရေးသားထုတ်ဝေကြရန် ဆုံးဖြတ်ခဲ့ကြသည်။ ကျွန်ုပ်တို့ သည် ပွင့်လင်းမြင်သာမှု၊ သဘောတူညီချက်ရယူခြင်း၊ အမည်မဖော်ပြခြင်း၊ လျှို့ဝှက်ချက်ကို ထိန်းသိမ်းခြင်း၊ အချက်အလက်များကို လုံခြုံစွာသိမ်းဆည်းခြင်းနှင့် ယုံကြည်စိတ်ချရသော ဒေသခံအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ ပါဝင်သည့် “ဘက်ပေါင်းစုံမှ ကျင့်ဝတ် ဆိုင်ရာချဉ်းကပ်မှု (embedded ethics approach)”30 ကို ကျင့်သုံးပါသည်။ သုတေသန လုပ်ငန်းစဉ် အဆင့်တိုင်းတွင် ကျင့်ဝတ်နှင့် လုံခြုံရေးဆိုင်ရာ အခြေအနေများကို စဉ်ဆက် မပြတ်ထည့်သွင်းစဉ်းစားခဲ့ပြီး အထူးသဖြင့် ထိခိုက်လွယ် လူအုပ်စုရှိရာ အားပြိုင်နေသည့် ဒေသများတွင် သုတေသနပြုသူများအတွက် ပိုမိုအလေးထား ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် ကိုပေ‌ဟေဂင်တက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်နေသော “မြန်မာပြည် ငြိမ်းချမ်းရေးတည် ဆောက်မှု၊ လူထုအာဏာ၊ သစ်တောများ” စီမံကိန်းမှ သုတေသီများနှင့်လည်း ပူးပေါင်းဆောင် ရွက်ခဲ့သလို MyCClimate အစီအစဉ်အဖွဲ့ဝင် နော်ဝေအင်စတီကျု၊ ရေအရင်းအမြစ် သုတေသနမှ ပါရဂူတန်းတက်ရောက်နေသူတစ်ဦးလည်း ပါဝင်ပါသည်။

ဤအထူးထုတ်စာစောင်ကို “သုတသယာယ” (သိမှုရှာဖွေထုတ်လုပ်မှု၌ အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်း) ဆိုသည့် မူဘောင်ပေါ်တွင် အခြေခံထားပါသည်။ ထိုသို့ ပြုလုပ်ရခြင်း မှာ ကျွန်ုပ်တို့၏ သုတေသနလုပ်ငန်းစဉ်တွင် ကိုလိုနီအယူဝါဒကို ချေချွတ်ရန် ဖြစ်သည်။31 ဤ သို့ဆောင်ရွက်ရာတွင် မြန်မာနှင့် မြန်မာမဟုတ်သူ သုတေသီများသည် သုတေသနမေးခွန်း ထုတ်ခြင်း၊ အချက်အလက်ကောက်ယူခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းလုပ်ငန်းစဉ်များကို အတူ တကွ အပြန်အလှန်မေးမြန်းစူးစမ်းကြရုံမျှမက ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက်၍ တွေး ခေါ်စဉ်းစားရာတွင်လည်း ဒေသခံများတွေးခေါ်သလို ဝင်ရောက်တွေးခေါ်ပါသည်။ သိပ္ပံနည်း ကျ တွေးခေါ်ပုံများကိုသာ ခိုင်မာမှန်ကန်ဟု ဦးစားပေးမည့်အစား ဒေသခံများ၏ ရာသီဥတု ပြောင်းလဲခြင်းနှင့်ဆိုင်သော ရှိမှုနှင့် သိမှုဆိုင်ရာသဘောတရားများအပါအဝင် ၎င်းတို့၏ အတွေ့အကြုံများ၊ လုပ်ဆောင်ချက်များ၊ ပုံဖော်မှုများကို ဗဟိုပြု၍လေ့လာပါသည်။ တစ်ချိန် တည်းမှာပင် ဒေသခံတို့၏ ရာသီဥတုဆိုင်ရာ အသိပညာနှင့် အတွေ့အကြုံများကို ပိုမိုကျယ် ပြန့်သော နိုင်ငံရေးတည်ဆောက်ပုံများ၊ ကာလရှည်ကြာရှိနေသည့် ဖယ်ကြဉ်ခံရမှုနှင့် ခေါင်းပုံ ဖြတ်ခံရမှု သမိုင်းကြောင်းများကိုလည်း ထည့်သွင်းဆန်းစစ်ထားပါသည်။ ဤအချက်များသည် မြန်မာပြည်သူများအပေါ် သက်ရောက်နေသော ပဋိပက္ခနှင့် ရာသီဥတုဆက်နွှယ်မှုကို နားလည် သဘောပေါက်ရန် အလွန်အရေးကြီးကြောင်း တင်ပြထားပါသည်။ ဤမိတ်ဆက်စာ၏ နောက် အပိုင်းတွင် ရာသီဥတုနှင့် ပဋိပက္ခဆက်နွှယ်မှုအပေါ် ကျွန်ုပ်တို့၏ ချဉ်းကပ်ပုံ၊ နိုင်ငံရေး တစ် ဆစ်ချိုး အပြောင်းအလဲအပေါ် ကျွန်ုပ်တို့ နားလည်ပုံနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နိုင်ငံ ရေးကို အသုံးပြုပုံတို့အား အသေးစိတ်ရှင်းလင်းတင်ပြသွားမည်ဖြစ်ကာ ထိုအရာများကို ဤ အထူးထုတ်ပါ ဆောင်းပါးများ၌ ဘက်ပေါင်းစုံမှ ပုံဖော်ပြထားပါသည်။ ထို့နောက် ဤထုတ်ဝေ မှုတွင် ပါဝင်သည့် ဆောင်းပါးများ၏ အကျဉ်းချုပ်ကို ဆက်လက်ဖော်ပြပေးပါမည်။

ရာသီဥတုအပြောင်းအလဲနှင့် ပဋိပက္ခများကြားဆက်နွှယ်မှု

ရာသီဥတုအပြောင်းအလဲနှင့် ပဋိပက္ခများကြားဆက်နွှယ်မှုနှင့်ပတ်သက်သည့် ပညာရပ်ဆိုင်ရာ စာပေအများစုသည် ရာသီဥတုပြောင်းလဲမှုနှင့် ပဋိပက္ခတို့ကြား အကြောင်းအကျိုး အချိတ် အဆက်များကို ဖော်ထုတ်ရန်သာ အပတ်အကုတ် အားထုတ်ခဲ့ကြပါသည်။ အဆိုပါ စာပေများ တွင် လွှမ်းမိုးထားသည့် တစ်ခု‌တည်းသော ဦးတည်ချက်မှာ ရာသီဥတုပြောင်းလဲမှုသည် ပဋိ ပက္ခများဖြစ်ပွားရန် အခြေအနေများကို မည်၍မည်မျှ တွန်းပို့နေသနည်းဟူသော အချက်ဖြစ် သည်။ ဤအချက်သည် ရာသီဥတုပြောင်းလဲမှုနှင့် ပဋိပက္ခညွှန်းကိန်းများအကြား ဆက်စပ်မှု များကို စူးစမ်းလေ့လာသည့် နိုင်ငံရေးသိပ္ပံနှင့် လုံခြုံရေးဆိုင်ရာ လေ့လာမှုများရှိ အရေအတွက် အခြေပြုသုတေသနများတွင် အထူးထင်ရှားပြီး ၎င်းသည် ရာသီဥတုပြောင်းလဲမှုကြောင့် တစ်ဦးချင်းနှင့် အစုအဖွဲ့များအကြား ပဋိပက္ခဖြစ်နိုင်ခြေ မည်သို့မြင့်တက်လာကြောင်း သက်သေပြရန် ကြိုးပမ်းခဲ့ကြသည်။ သာဓကအားဖြင့် Hsiang နှင့် Burg တို့၏ လေ့လာမှု32 အရ အပူချိန်မြင့်တက်မှုသည် အစုအဖွဲ့များအကြား ပဋိပက္ခဖြစ်နိုင်ခြေကို (၁၁ ဒသမ ၃) ရာခိုင်နှုန်းထိ တိုးစေပြီး Witmer နှင့်အဖွဲ့၏ စံထားတွက်ချက်မှု ခန့်မှန်းချက်အရ အာဖရိက တွင် အပူချိန်မြင့်တက်ခြင်းနှင့် မိုး‌ရွာသွန်းမှုပုံမမှန်ခြင်းတို့ကြောင့် ပြည်တွင်းပဋိပက္ခများ ပိုမို ဆိုးရွားလာနိုင်ကြောင်းဆိုသည်။33 ဤသုတေသနအများစုသည် ဆာဟဲလ်ဒေသနှင့် အာဖရိက ဦးချိုဒေသတို့ကဲ့သို့သော အာဖရိက နိုင်ငံများအပေါ် အဓိကအာရုံစိုက်ထားသော်လည်း အရှေ့တောင်အာရှရှိ နိုင်ငံအလိုက်လေ့လာမှုများတွင်လည်း မိုးရွာသွန်းမှု ရုတ်ချည်း အပြောင်း အလဲများ (ဆိုင်ကလုန်းမုန်တိုင်းများနှင့် ပိုမိုခြောက်သွေ့သော ရာသီဥတုအခြေအနေများ) နှင့် ပဋိပက္ခမြင့်တက်လာခြင်းတို့အကြား ဆက်စပ်မှုကို ဖော်ထုတ်ထားပါသည်။ 34 ဤသို့ အကြောင်းအကျိုးအချိတ်အဆက်များအပေါ် အလွန်အကျွံ အာရုံစိုက်နေခြင်းမှာ အချည်းနှီး လုပ်ရပ်ဟု ဝေဖန်ခံနေရပြီး ရာသီဥတုပြောင်းလဲမှုက နိုင်ငံရေးမတည်ငြိမ်မှုနှင့် ပဋိပက္ခကို ဖြစ် စေသည်ဟူသော ထောက်ပြချက်အတွက် သတ္တုချနိုင်လောက်သည့် သက်သေအထောက် အထားများ ရှာဖွေရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သောကြောင့်ဖြစ်သည်။35

ရာသီဥတုဆိုင်ရာအကြောင်းရင်းခံများသည် ပဋိပက္ခကိုဖြစ်စေသည့်အရာ ဖြစ်သည်ဟူ သည့်အချက်ကို ငြင်းခုံဆွေးနွေးကြရင်း အဆိုပါလေ့လာမှုအများစုသည် ပဋိပက္ခကို အမှန် တကယ်ဖြစ်စေသည့် အရင်းခံနိုင်ငံရေးအခြေအနေကို လျစ်လျူရှုမိလျက်သားဖြစ်နေတတ်ပြီး အစုအဖွဲ့အချို့ကို ဖယ်ကြဉ်ထားပြီး ထိုသူတို့၏ မြေယာနှင့် သယံဇာတ ရပိုင်ခွင့်များကို ဟန့် တားခဲ့သည့် နိုင်ငံတော်အခြေပြု ကိုလိုနီခေတ်နှင့် ကိုလိုနီခေတ်လွန် အကြမ်းဖက်မှုများ၏ ရှည်လျားသော သမိုင်းကြောင်းများကိုလည်း သေချာအလေးထားခြင်း မပြုကြပေ။36 ထိုကိစ္စ နှင့်ပတ်သက်၍ Siddiqi ကထောက်ပြသည်မှာ ရာသီဥတုနှင့် ပဋိပက္ခ အချိတ်အဆက် သုတေ သနများတွင် အသုံးပြုသည့် အရေအတွက်အခြေပြု နည်းလမ်းများသည် လွဲမှားသောကောက် ချက်များ (ဥပမာ အပူချိန်မြင့်တက်လာခြင်းများနှင့် စစ်ပွဲကြောင့် သေဆုံးမှုများကို ချိတ်ဆက် ကောက်ချက်ချခြင်း) ကို ဖြစ်‌ပေါ်စေပြီး ၎င်းသည် ပဋိပက္ခဖြစ်ရခြင်း၏ နိုင်ငံရေးဇာစ်မြစ်နှင့် ပုံစံတို့ကို ဂရုမထားမိဖြစ်ကာ ပဋိပက္ခများအား နိုင်ငံရေးနှင့် မသက်ဆိုင်တော့ သကဲ့သို့ ဖြစ်စေ သည့် အန္တရာယ်ရှိသည်။37 ဤအယူအဆကို အခြေခံ၍ ပညာရှင်များနှင့် မူဝါဒချမှတ်သူ အများ အပြားသည် ယခုအခါ ရာသီဥတုပြောင်းလဲမှုကို “အန္တရာယ်ဆင့်ပွားစေသူ” အဖြစ် ဖော်ပြကြ ပြီး ၎င်းသည် အခြားသော ပဋိပက္ခ ဖြစ်ပွားစေသည့် အကြောင်းအချက်များနှင့် ပေါင်းစပ်ကာ လက်ရှိဒေသတွင်း အငြင်းပွားမှုများနှင့် ပြည်တွင်းအကြမ်းဖက်ပဋိပက္ခများကို ပိုမိုဆိုးရွားစေ နိုင်သည့်အပြင် နိုင်ငံတကာလုံခြုံရေးအတွက်လည်း စိုးရိမ်စရာများ ဖြစ်ပေါ်စေနိုင်ပါသည်။38

အချို့သောပညာရှင်များက ထောက်ပြသည်မှာ ရာသီဥတုပြောင်းလဲမှုနှင့် ပဋိပက္ခကြား ကျိုးကြောင်းဆက်နွှယ်မှုသည် တစ်ဖက်သတ်ပုံစံ မဟုတ်ဘဲ (ဆိုလိုသည်မှာ ရာသီဥတုပြောင်း လဲမှုကြောင့် ပဋိပက္ခဖြစ်စေခြင်းမျိုး) အပြန်အလှန်ပုံစံ39 သို့မဟုတ် ဆိုးကျော့သံသရာပုံစံ အဖြစ် မှတ်ယူသင့်ကြောင်းဆိုကြသည်။40 ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို ထိ ခိုက်လွယ်ခြင်းသည် ရာသီဥတုနှင့် ပဋိပက္ခဆက်နွှယ်မှုများကို ဖြစ်ပေါ်စေသော အခြေအနေ များ ကြောင့်ဖြစ်ပြီး ထိုအခြေအနေများကို အကြမ်းဖက်ပဋိပက္ခများ၏ သက်ရောက် မှုများက ပိုမိုဆိုးရွားသွားစေသည်။ ထို့ကြောင့် အကြမ်းဖက်ပဋိပက္ခများသည် ထိခိုက်လွယ်မှုကို ဖြစ်စေ သည့် အကြောင်းတရားအဖြစ် ရှုမြင်သင့်ပြီး ၎င်းသည် သဘာဝဘေးအန္တရာယ်များကြောင့် ပိုမိုဆိုးသည့် သက်ရောက်မှုများ ရှိနိုင်ပါသည်။ သို့သော် ယနေ့အချိန်အထိ ပဋိပက္ခများက ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်များကို မည်သို့ပိုမိုဆိုးရွားစေသနည်း ဆိုသည့်အချက်အပေါ် လက်တွေ့ကျကျ လေ့လာထားမှု အနည်းငယ်သာ ရှိသေးပြီး အများစုမှာ နေရပ်စွန့်ခွာ ထွက်ပြေးလာရသူများ သို့မဟုတ် ဒုက္ခသည်စခန်းများ၏ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကိုသာ အထူးပြုလေ့လာထားကြသည်။ 41

Siddiqi ထောက်ပြထားသည့် ဟာကွက်နောက်တစ်ခုမှာ42 ရာသီဥတုဆိုင်ရာ ပဋိပက္ခ သုတေသနအများစုမှာ ပြည်တွင်းနှင့် ဒေသတွင်း ပဋိပက္ခများအပေါ် အလေးထားလေ့ရှိခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ဆာဟဲလ်နှင့် အရှေ့အာဖရိကဒေသများရှိ မွေးမြူရေးခြံသမားများ နှင့် လယ်သမားများအကြား သို့မဟုတ် အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့များ၊ သူပုန် များနှင့် အကြမ်းဖက်သမားများနှင့် ဆက်နွှယ်နေသော ပဋိပက္ခများကိုသာ အလေးပေးကြ သည်။ 43 ဤလုပ်ရပ်သည် နိုင်ငံတော်နှင့် နိုင်ငံတကာအင်အားစုများကြောင့် ဖြစ်ပွားသော အကြမ်းဖက်မှုနှင့် တင်းမာမှုများကို လျစ်လျူရှုရုံသာမက ဥရောပဗဟိုပြု ပုံသေကားကျစဉ်းစား မှုဖြစ်သည့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများရှိ ပြည်သူများ သည် အကြမ်းဖက်မှုကို လိုလားကြ သည်ဟူသော အတွေးအမြင်များကိုလည်း ပိုမိုအားကောင်းစေကာ ဒေသခံပြည်သူများ၏ အတွေ့အကြုံနှင့် အမြင်များကို လျစ်လျူရှုရာ ‌ရောက်ပါသည်။44 စင်စစ် ဒေသခံများသည် ရာသီဥတုနှင့် ပတ်သက်သော ပဋိပက္ခများကို ဒေသတွင်း တင်းမာမှုများထက် နိုင်ငံတော်၏ ဖိနှိပ်သော သို့မဟုတ် အမြတ်ထုတ်သော လုပ်ရပ်များ၊ မူဝါဒများနှင့် ပိုမိုချိတ်ဆက်မြင်ကြ သည်။ ထိုလုပ်ရပ်များသည် တစ်ခါတစ်ရံ စစ်တပ်များ၊ ပုဂ္ဂလိကကုမ္ပဏီများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ပူးပေါင်းလုပ်ဆောင်မှုများ ဖြစ်သည်။ ဤအကြောင်းနှင့်စပ်လျဉ်းပြီး Siddiqi ထပ်မံထောက်ပြသသည်မှာ ရာသီဥတုပြောင်းလဲမှု အကြောင်းပြချက်ဖြင့် နိုင်ငံတော်နှင့် နိုင်ငံ တကာအဖွဲ့များ ဆောင်ရွက်သည့် လျှော့ချခြင်း၊ လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက် ခြင်းနှင့် ကြံ့ကြံ့ခံနိုင်အောင် လုပ်ဆောင်ခြင်းတို့သည်ပင် အခြေခံလူတန်းစားများနှင့် ပဋိပက္ခ ဖြစ်ပွားစေနိုင်ကြောင်း သိရှိထားရန်လိုအပ်သည်ဟုဆိုသည်။45 သာဓကပြုရသော် နိုင်ငံတော် နှင့် ကုမ္ပဏီများက ဖော်ဆောင်သော သစ်တောထိန်းသိမ်းရေး၊ ဆည်မြောင်းစီမံကိန်းများ၊ လေအားလျှပ်စစ် သို့မဟုတ် ဆိုလာ စွမ်းအင်သုံးနေရာများသည် ဒေသခံများ၏ မြေယာနှင့် သယံဇာတများကို သိမ်းဆည်းသကဲ့သို့ ဖြစ်စေပြီး တင်းမာမှုများနှင့် ခေတ်အဆက်ဆက် ဖယ်ကြဉ်ခံရမှုများကို ပိုမိုနက်ရှိုင်းစေပါသည်။46 ထို့အပြင် မိုးခေါင်ခြင်းနှင့် ရေကြီးရေလျှံခြင်း ကဲ့သို့သော ရာသီဥတုအပြောင်းအလဲသက်ရောက်မှုများသည် တစ်ခါတစ်ရံ နိုင်ငံတော်က ဖန်တီးသည့် ပဋိပက္ခဖြစ်စဉ်များနှင့် သယံဇာတများကို အလွန်အကျွံ ထုတ်ယူသုံးစွဲစေသည့် စစ်ပွဲစီးပွားရေးတို့နှင့် ဆက်နွှယ်နေပါသည်။47 ဤနောက်ဆုံးအချက်မှာ မြန်မာပြည်အနေ အထားနှင့် ပိုမိုသက်ဆိုင်ပါသည်။ မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲမှုသည် လက်ရှိ လက်နက်ကိုင်ပဋိပက္ခ၏ လက်သည်မဟုတ်သော်လည်း ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်၏ အာဏာအလွဲသုံးစားမှုနှင့် ဒီမိုကရေစီလိုလားသည့် တော်လှန်ရေးအင်အားစုများ အပေါ် အကြီးအကျယ် တိုက်ခိုက်မှုများကြောင့် ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးများကို ပိုမိုနက်ရှိုင်းစွာ ခံစားနေရခြင်း ဖြစ်ပါသည်။ ဤပဋိပက္ခသည် လူနည်းစု တိုင်းရင်းသားများ အပေါ် ဆယ်စုနှစ်ပေါင်းများစွာ ပြုလုပ်ခဲ့သော အကြမ်းဖက်မှုများနှင့် သယံဇာတခေါင်းပုံဖြတ် မှုများအပေါ်တွင် ထပ်ဆင့်ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။

ရာသီဥတုပြောင်းလဲမှု၊ ပဋိပက္ခနှင့် အကြမ်းဖက်မှုတို့အကြား ရှုပ်ထွေးလှသော ဆက်နွှယ် မှုအမြောက်အမြားကို အရေအတွက်အခြေပြု ပုံစံတူတွက်ချက်မှုဆိုင်ရာသုတေသနကြီးများ တွင် တွေ့ရခဲပါသည်။ ယင်းအစား ဤစာစောင်တွင် ပါဝင်သော ဆောင်းပါးများကဲ့သို့ပင် မတူ ညီသော သမိုင်းနောက်ခံများအတွင်း အခြေတည်နေသည့် ဒေသခံပြည်သူများ၏ အတွေ့ အကြုံများ၊ အမြင်များနှင့် ဆောင်ရွက်နိုင်စွမ်းများကို အလေးထားသည့် ဒေသအခြေအနေ အလိုက် နက်ရှိုင်းသော အရည်အသွေးအခြေပြုလေ့လာမှုများမှတစ်ဆင့်သာ ထိုဆက်နွှယ်မှု များကို အဓိကဖော်ထုတ်နိုင်သည်။48 ဤဆောင်းပါးများသည် ရာသီဥတုဆိုင်ရာဘေးအန္တရာယ် များနှင့် လက်နက်ကိုင်ပဋိပက္ခတို့အကြား ကြောင်းကျိုးဆက်စပ်မှုကို ခွဲခြမ်းစိတ်ဖြာခြင်း သို့မဟုတ် ရာသီဥတု ပြောင်းလဲမှုမှ ပဋိပက္ခသို့ဖြစ်စေ၊ ပဋိပက္ခမှ ရာသီဥတုပြောင်းလဲမှု ပိုမို ဆိုးရွားလာခြင်း သို့ဖြစ်စေ ဦးတည်စေသည့် လမ်းကြောင်းများကို ဖော်ပြသည့် စံနမူနာပုံတစ်ခု ဖော်ဆောင်ခြင်းမျိုး မပြုလုပ်ပါ။ ယင်းအစား ဤဆောင်းပါးများသည် ဒေသခံတို့၏ အတွေ့ အကြုံနှင့် အမြင်များကို ရှေ့တန်းတင်ထားသော မနုဿဗေဒဆိုင်ရာ နည်းစနစ်များနှင့် သီအိုရီ များကို အသုံးပြု၍ ရာသီဥတုနှင့် ပဋိပက္ခ ကြားဆက်နွှယ်မှု၏ လူသားနှင့် နိုင်ငံရေးဆိုင်ရာ ရှုထောင့်များကို စုပေါင်းလေ့လာထားကြပါသည်။ ထို့အပြင် ရာသီဥတုပြောင်းလဲမှုနှင့် ပဋိပက္ခ ဖြစ်စဉ်များကို ပုံဖော်ပေးနေသည့် နိုင်ငံရေးနှင့် အာဏာဆက်ဆံရေးများကိုလည်း လေ့လာ ထားပါသည်။ ဤအထူးထုတ်ပါ ဆောင်းပါးများသည် အဓိကအချက် နှစ်ခုကို ကိုင်တွယ် ဖြေရှင်းထားပါသည်။ ကြာမြင့်နေပြီဖြစ်သည့် အကျပ်အတည်းများ၏ နောက်ခံသမိုင်းကြောင်း တွင် အာဏာသိမ်းပြီးနောက်ပိုင်း ရာသီဥတုပြောင်းလဲမှုနှင့် ပဋိပက္ခတို့၏ ဘူးလေးရာဖရုံဆင့် သည့် ဒဏ်ကို ဒေသခံပြည်သူများက မည်သို့လက်ခံကြုံတွေ့ပြီး မည်သို့ရင်ဆိုင်ဖြေရှင်းနေ သနည်း။ နောက်တစ်ချက်မှာ ပဋိပက္ခကာလအတွင်း အင်အားစုအသီးသီးက ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပြောဆိုဆွေးနွေးမှုများနှင့် မူဝါဒများကို မိမိတို့ ကိုယ်ကျိုးအတွက် မည်သို့ အသုံးချနေကြသနည်း။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေ သော အကြမ်းဖက်ပဋိပက္ခများ၏ အခြေအနေတွင် ကျွန်ုပ်တို့သည် ရာသီဥတုနှင့် ပဋိပက္ခ ကြားဆက်နွှယ်မှုကို တစ်ဆစ်ချိုးအပြောင်းအလဲနှင့် သက်ဆိုးရှည်အကျပ်အတည်းဟူသော အယူအဆများနှင့် ချိတ်ဆက်ကာ ခွဲခြမ်းစိတ်ဖြာထားပါသည်။

တစ်ဆစ်ချိုးအပြောင်းအလဲနှင့် သက်ဆိုးရှည်အကျပ်အတည်း

မနုဿဗေဒနှင့် နိုင်ငံရေးသီအိုရီများတွင် (အင်္ဂလိပ်ဝေါဟာရကို တိတိကျကျပြန်ဆိုရလျှင် “ပွင့်ကွဲပေါက်ထွက်မှု” ဟုပြန်ဆိုနိုင်သော) “Rupture” ဆိုသည့်စကားလုံးကို နိုင်ငံရေး၊ လူမှု ရေး၊ ယဉ်ကျေးမှု သို့မဟုတ် ဂေဟစနစ်အရ “ပြင်းထန်လေ့ရှိတတ်ပြီး နက်ရှိုင်းသည့် အသွင် ပြောင်းသဘောကိုဆောင်သော တစ်ဆစ်ချိုးအပြောင်းအလဲ” ဟူ၍ အဓိပ္ပာယ်ဖွင့်ကြသည်။49 ထိုဖြစ်စဉ်သည် စစ်အာဏာသိမ်းမှု၊ တော်လှန်ရေးနှင့် ကိုလိုနီပြုမှုတို့ကဲ့သို့ လူသားတို့ ဖန်တီး သော နိုင်ငံရေးဖြစ်ရပ်များ ဖြစ်နိုင်သလို Mahanty နှင့်အဖွဲ့က ဖော်ပြသကဲ့သို့50 ဆည် မြောင်းတည်ဆောက်ခြင်းကဲ့သို့သော အမြဲတစေ စိုးထိတ်နေရပြီး မလုံခြုံမှုကို မြင့်တက်စေ ကာ ဘာမဆိုဖြစ်သွားစေနိုင်သည့် သဘာဝနှင့် လူ့အဖွဲ့အစည်းအကြား ပြင်းထန်ပြီး ဆိုးကျိုး ဖြစ်စေသော လုပ်ရပ်များလည်း ဖြစ်နိုင်သည်။ ဤအချက်များကို ထောက်ရှုကြည့်ပါက rupture ဆိုသည်ကို အရေးပါသော အလှည့်အပြောင်းတစ်ခုနှင့် ဖျက်အားပါသော တွန်းအား တစ်ခုကြောင့် ရှိရင်းစွဲအခြေအနေများမှ သိသာထင်ရှားစွာ ပြောင်းလဲကွဲထွက်သွားခြင်းအဖြစ် ဟူ၍ ရှုမြင်နိုင်သည်။51 ကျွန်ုပ်တို့ ဆိုခဲ့သည့်အတိုင်း ၂၀၂၁ စစ်အာဏာသိမ်းမှုနှင့် ၎င်း၏ နောက် ဆက်တွဲ သက်ရောက်မှုများကို rupture တစ်ခုအဖြစ် ဖော်ပြနိုင်ပါသည်။ အကြောင်းမှာ ထို ဖြစ်ရပ်ကို ယခုစာစောင်ပါ ဆောင်းပါးရှင်များ အပါအဝင် ပြည်သူများ၏ နေ့စဉ်ဘဝများကို ပျက်စီးစေသည့် ဖြစ်ရပ်အဖြစ် ကြုံတွေ့ခဲ့ရသောကြောင့်ဖြစ်သည်။ Rupture ဆိုသည့် ဝေါဟာ ရနှင့် အတိအကျတူသည့် မြန်မာစကား မရှိပေ။ အနီးစပ်ဆုံး အဓိပ္ပာယ်မှာ “တစ်ဆစ်ချိုး အပြောင်းအလဲ” ဟူသည့်စကားလုံးဖြစ်ပြီး မမျှော်လင့်ဘဲ ရုတ်တရက်ဖြစ်ပေါ်လာသော သို့မဟုတ် ပြင်းထန်သော အချိုးအကွေ့ သို့မဟုတ် ပြောင်းလဲမှုဟု အဓိပ္ပာယ်ရသည်။ ဤ စကားလုံးကို လူတစ်ဦး၏ ဘဝတွင် မျှော်လင့်မထားသည့် သိသာသော ကောင်းဆိုးနှစ်တန် ရောနေသည့် ပြောင်းလဲချိန် သို့မဟုတ် အပြောင်းအလဲအခိုက်အတန့်ကို ရည်ညွှန်းရာတွင် အသုံးများသည်။ ပစ္စက္ခအခြေအနေများမှ ပေါက်ကွဲထွက်လာသည့် အသွင်ကူးပြောင်းမှုဟူ သော အဓိပ္ပာယ်သက်ရောက်စေသည့် အခြားစကားလုံးတစ်ခုမှာ ပွင့်ကွဲပေါက်ထွက်ခြင်းဖြစ် သည်။52 Rupture ဆိုသည့် ဝေါဟာရအတွက် မည်သည့်မြန်မာစကားလုံးကို အသုံးပြုသည် ဖြစ်စေ အဆိုပါအခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့ရပုံမှာ တစ်သတ်မှတ်တည်းမဟုတ်ဘဲ ပုဂ္ဂလ အတွေ့အကြုံအပေါ်တွင် မူတည်ကြောင်း သိရှိထားရန် အရေးကြီးပါသည်။53

ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် “တစ်ဆစ်ချိုးအပြောင်းအလဲ (rupture) ဆိုသည့်ဖြစ်ရပ် ကို ရှုထောင့်စုံမှ ရှုမြင်ရန်” လိုအပ်လာသလို လူတစ်ဦးအနေဖြင့် ထိုကဲ့သို့သော ဖြစ်ရပ်တစ်ခု ကို ပုံစံအမျိုးမျိုးဖြင့် မည်သို့ကြုံတွေ့နိုင်ကြောင်း နားလည်ရန်လိုအပ်သည်။ ထိုဖြစ်ရပ်တစ်ခု သည် တစ်ဦးချင်းအဆင့်၊ နိုင်ငံတော်အဆင့်နှင့် ကမ္ဘာလုံးချီအဆင့်များအထိ မည်သို့ဆက်စပ် ဖြစ်ပေါ်စေသည်ကိုလည်း နားလည်ရန်ဖြစ်သည်။54 ဥပမာ ပုဂ္ဂလအတွေ့အကြုံအဆင့်တွင် စစ် အာဏာသိမ်းမှုကို နိုင်ငံရေးအရ အချိုးအကွေ့တစ်ခုအဖြစ် ကြုံတွေ့ရနိုင်သော်လည်း တစ်ချိန် တည်းမှာပင် ကုန်ဈေးနှုန်းကြီးမြင့်မှု၊ လျှပ်စစ်မီးပြတ်တောက်မှု၊ အလုပ်အကိုင်ဆုံးရှုံးမှု၊ နေရပ် စွန့်ခွာရမှုနှင့် ဖမ်းဆီးထိန်းသိမ်းခံရမှု စသည့် နေ့စဉ်ဘဝ၏ တစ်ဆစ်ချိုးအပြောင်းအလဲများ ကိုလည်း အမျိုးမျိုး ကြုံတွေ့ရကာ မလုံခြုံမှုများကို ပိုမိုခံစားရစေပါသည်။ မြန်မာ့အာဏာ သိမ်းဖြစ်ရပ်သည် နိုင်ငံရေးအဝန်းအဝိုင်းတွင်သာ ဖြစ်ပေါ်‌သည့် အခြေအနေမဟုတ်ပေ။ လူ အများစုအတွက် ၂၀၂၁ ဖေဖော်ဝါရီ (၁) ရက်နေ့ ဖြစ်ရပ်သည် ပြည်သူတို့၏ ဘဝများကို အပြီး တိုင်ပြောင်းလဲပစ်လိုက်သော ရှည်လျားလှသည့် တော်လှန်ရေးလမ်းကြောင်းပေါ်သို့ တွန်းတင် ပေးလိုက်သည်။55 ဤအချက်ကို ထောက်ရှုခြင်းအားဖြင့် တစ်ဆစ်ချိုးအပြောင်းအလဲများ၏ ရလဒ်များသည် ပုဂ္ဂလအဆင့် တွင်ဖြစ်စေ၊ နိုင်ငံလုံးချီအဆင့်တွင်ဖြစ်စေ ကြိုတင်သတ်မှတ် ထား၍ မရနိုင်ပေ။ ထိုဖြစ်ရပ်ကြီးအပေါ် အစုအဖွဲ့အသီးသီးက မည်သို့ရှုမြင်တုံ့ပြန်ပြီး မည်သို့ ညှိနှိုင်းဆောင်ရွက်ကြသည်အပေါ် မူတည်ကာ “ကြိုတင်ခန့်မှန်းမရနိုင်သော နောက်ဆက်တွဲ အကျိုးရလဒ်များ” ရှိနေမည် ဖြစ်ပါသည်။56

တစ်ဆစ်ချိုးအပြောင်းအလဲဟူသော အယူအဆသည် တော်လှန်မှုဖြစ်ရပ် သို့မဟုတ် အခြေအနေတစ်ခုမှ ဖြစ်ပေါ်လာသော အတွင်းကျကျ ပြောင်းလဲမှုဆိုင်ရာ နိုင်ငံရေးအတွေး အခေါ်နှင့် ချိတ်ဆက်နေပါသည်။57 ဤဖြစ်စဉ်နှင့် စပ်လျဉ်း၍ မနုဿဗေဒပညာရှင်များက ထောက်ပြသည်မှာ တစ်ဆစ်ချိုးအပြောင်းအလဲတွင် တစ်ပြိုင်နက်တည်း ဒွန်တွဲတည်ရှိနေ သော အပျက်သဘောနှင့် ပြန်လည်ဖြစ်တည်မှုသဘော နှစ်ရပ်စလုံးရှိနေခြင်းဖြစ်သည်။ တစ်ဆစ်ချိုးအပြောင်းအလဲသည် ပုံမှန်အားဖြင့် အဆိုးသဘောဆောင်ကာ တစ်ခါတစ်ရံ ရှိရင်းစွဲအခြေအနေများကို အကြမ်းဖက်ဖျက်ဆီးတတ်သော်လည်း တစ်ဖက်တွင်မူ၎င်းသည် “လွတ်မြောက်ခြင်း၊ ဦးတည်ချက်အသစ်ရှာဖွေခြင်း၊ အသစ်ပြန်လည်ဖွဲ့စည်းခြင်းနှင့် တစ်ခါ တစ်ရံ အသစ်ပြန်လည်စတင်ခြင်းများဆီသို့ ဦးတည်စေသည့် အပြုသဘော ဆောင်သော သို့မဟုတ် အားကောင်းသော တွန်းအားတစ်ခု” လည်း ဖြစ်လာနိုင် ပါသည်။58 Holbraad နှင့် အဖွဲ့က မနုဿဗေဒပညာရှင်များအနေဖြင့် “တစ်ခန်းရပ်ဇာတ်သိမ်းသွားခြင်းနှင့် အသစ်ပြန် လည်စတင်ခြင်းတို့ အပြန်အလှန်အကျိုးပြုဖြစ်တည်ရှိမှု” ကို အလေးထားကြည့်ရန် တိုက် တွန်းထားပါသည်။59

အကယ်၍ အပျက်သဘောသည် တစ်ဆစ်ချိုးအပြောင်းအလဲ၏ အရေးပါသော ကဏ္ဍ တစ်ခုဆိုပါလျှင် ထိုအပျက်သဘော၏ အတွင်းသန္တာန်၌ ဖန်တီးနိုင်စွမ်းနှင့် အသစ်ပြန်လည် မွေးဖွားနိုင်စွမ်းတို့ ကိန်းအောင်းနေပြီး မိတ္တူကူးသကဲ့သို့ ပုံစံတူပြန်လည်မွေးဖွားမှုမျိုး မဟုတ် ဘဲ ကွဲပြားခြားနားသော အခြေအနေတစ်ရပ်ကို ဖြစ်ထွန်းစေလေ့ရှိသည်။60

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော ပြင်းထန်သည့် တစ်ဆစ်ချိုး အပြောင်းအလဲသည် လူအများစုအတွက် အနုတ်သဘောဆောင်ပြီး ဖျက်အားပြင်းသည်ဟု ခံစားနေကြရသော်လည်း တစ်ချိန်တည်းမှာပင် ၎င်းသည် လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ အတွင်းကျကျပြောင်းလဲမှုများအတွက် အဖိုးတန်မျှော်မှန်းချက်များရှိသည့် စစ်အာဏာရှင်ဆန့် ကျင်သူများ၊ ဒီမိုကရေစီလိုလားသူများ၏ တော်လှန်ရေးကြေညာချက်ကို ပေါ်ထွက်လာစေခဲ့ ပါသည်။61 ဤမျှော်မှန်းချက်များသည် စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ရန်နှင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက် မတိုင်မီက မူလအခြေအနေသို့ ပြန်သွားရန်ထက် ပိုမို ကျယ်ပြန့်ပြီး မြေယာ၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဝါဒ စီမံခန့်ခွဲမှုများပါဝင်သော နိုင်ငံရေးပုံစံအသစ်တစ်ခုသို့ အသွင်ပြောင်းရန် တောင်းဆိုချက်များ ကို ဆိုလိုခြင်းဖြစ်ပါသည်။62 ထို့ကြောင့် တစ်ဆစ်ချိုးအပြောင်းအလဲသည် စစ်တပ်ကို ဆန့်ကျင် ရုံသာမက ယခင်အခြေအနေနှင့်လည်း ပုံစံကွဲထွက်နေသည့် အသစ်ဖော်ဆောင်မှုများ၊ ဆက်ဆံ ရေးအသစ်များနှင့် လူမှုရေးဆိုင်ရာ အဖွဲ့အစည်းသစ်များ ပေါ်ပေါက်လာရန် အလားအလာရှိနေ ပါသည်။63 Christian Lund ၏ တစ်ဆစ်ချိုးပြောင်းလဲမှုဆိုင်ရာ သုတေသနသည် အဖွဲ့ အစည်းဆိုင်ရာ ယန္တရားများကို ပြန်လည်တည်ဆောက်ခြင်းအပေါ် အလေးပေးပြီး ဤကဲ့သို့ သော အသစ်ပြန်လည်ဖြစ်ထွန်းမှုများအကြောင်းကို ဦးတည်ရေးသားထားပါသည်။64 သူက တစ်ဆစ်ချိုးအပြောင်းအလဲကို အာဏာပိုင်များ၏ ရာထူးခုံလှုပ်လာသည့် အခိုက်အတန့်ဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။ အထူးသဖြင့် အာဏာသည် အစိတ်စိတ်အမြွှာမြွှာဖြစ် နေပြီး ပြိုင်ဆိုင်မှု ပြင်းထန်ကာ အသစ်တည်ဆောက်နေဆဲ အခြေအနေမျိုးဖြစ်ပြီး ထိုအခြေအနေသည် နိုင်ငံ ရေး၊ အဖွဲ့အစည်းများ၊ စံနှုန်းများနှင့် လူထု၏ သစ္စာခံယူမှုတို့ကို သိသိသာသာ ပြောင်းလဲသွား နိုင်သည့် အခြေအနေမျိုးထိ ဖြစ်နိုင်ပါသည်။65 သို့ဆိုလျှင် ရာသီဥတုပြောင်းလဲမှုသည် ဤအရာ များနှင့် မည်သို့ဆက်စပ်နေသနည်း။

ဤစာစောင်တွင် ပါဝင်ရေးသားသူအများအပြား ဆိုထားသကဲ့သို့ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ မူဝါဒများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝ ဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက် ရေးများသည် လက်ရှိတစ်ဆစ်ချိုး အပြောင်းအလဲကာလတွင် မတူညီသော အင်အားစုများနှင့် အဖွဲ့အစည်းများအကြား ပြိုင်ဆိုင်မှုနယ်ပယ်တစ်ခု ဖြစ်လာနေသည်။66 ထို့အပြင် လူအများစု က စစ်အာဏာသိမ်းမှု၏ တစ်ဆစ်ချိုးအပြောင်းအလဲနှင့် ၎င်း၏ နောက်ဆက်တွဲ သက်ရောက် မှုများကို ရာသီဥတုပြောင်းလဲမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျပ်အတည်းများ ပိုမိုနက်ရှိုင်းလာ ခြင်းနှင့် တိုက်ရိုက်ချိတ်ဆက်ရှုမြင်လာကြသည်။67 စင်စစ်အားဖြင့် အာဏာသိမ်းပြီးနောက်ပိုင်း လူထု၏ အခန်းကဏ္ဍနည်းလာခြင်း၊ လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်လာမှုသောနှင့် သယံ ဇာတများကို အထိန်းအကွပ်မဲ့ အလွန်အကျွံ ထုတ်ယူသုံးစွဲလာခြင်းတို့သည် ပြည်သူများ၏ ထိခိုက်လွယ်နိုင်စွမ်းကို ပိုမိုဆိုးရွားစေရုံသာမက မြန်မာနိုင်ငံ၏ သစ်တောများနှင့် ထိခိုက်လွယ် သော ဂေဟစနစ်များကို ကာကွယ်စောင့်ရှောက်ရန် လူထုအခြေပြု ကြိုးပမ်းအားထုတ်မှုများ ကိုပါ များစွာစိန်ခေါ်လျက်ရှိပါသည်။68

တစ်ချိန်တည်းမှာပင် ပြည်သူများ၏ တစ်ဆစ်ချိုးအပြောင်းအလဲဆိုင်ရာ အတွေ့အကြုံ များကို နားလည်ရန်မှာ ထိုပြောင်းလဲမှုမတိုင်မီက ဖြစ်ပျက်ခဲ့သည် များကို ထည့်သွင်းစဉ်းစားမှု မပြုဘဲ မဖြစ်နိုင်ပါ။ Rhoads နှင့် Wittekind တို့၏ တစ်ဆစ်ချိုးအပြောင်းအလဲ အယူအဆ အရဆိုရသော် နောက်ခံအခြေအနေနှင့် သမိုင်းကြောင်းကို လျစ်လျူမရှုရန်မှာ အလွန်အရေး ကြီးပြီး အာဏာသိမ်းမှုဟူသော “အခိုက်အတန့်” သည် အချိန်ကာလတစ်ခုအတွင်းက တစ် ဆစ်ချိုးပြောင်းလဲမှုဖြစ်သော်လည်း ၎င်းသည် “အတိတ်က တောင်းဆိုချက်များ၊ အာဏာပါဝါ များနှင့် တစ်ဆစ်ချိုးပြောင်းလဲမှုများ” အတွင်း မည်သို့ အမြစ်တွယ်နေသည်ကို ကြည့်ရှုရန် လို အပ်ပါသည်။69 ထို့ကြောင့် ဤစာစောင်တွင် ကျွန်ုပ်တို့အနေဖြင့် သိသိသာသာလှုပ်ခတ်ပြီး ပြင်းထန်လှသည့် စစ်အာဏာသိမ်းမှု၏ နိုင်ငံရေးတစ်ဆစ်ချိုးအပြောင်းအလဲကို မြန်မာ့ ကာလ ရှည် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်အကျပ်အတည်းများပေါ်တွင်လည်း ကောင်း ပဋိပက္ခသမိုင်းကြောင်း၊ သယံဇာတခေါင်းပုံဖြတ်မှုနှင့် အာဏာရှင်အုပ်ချုပ်ရေး သမိုင်း ကြောင်းများပေါ်တွင်လည်းကောင်း ဆင့်ကာဆင့်ကာ ဖြစ်ပေါ်လာသည့်အရာအဖြစ် ချဉ်းကပ် လေ့လာထားပါသည်။70 မြန်မာ့ပဋိပက္ခဆိုင်ရာစာပေအများစုသည် လူမျိုးစုအခြေပြု အမျိုး သားနိုင်ငံရေးနှင့် တိုင်းရင်းသားနယ်စပ်ဒေသများရှိ အရေးပါသော သယံဇာတများကို ထိန်း ချုပ်ရန် ကြိုးပမ်းမှုအပါအဝင် သယံဇာတခေါင်းပုံဖြတ်မှုပုံစံများ အပေါ်တွင်သာ အာရုံစိုက် လေ့ရှိကြသည်။71 သို့သော် နိုင်ငံရေးပွင့်လင်းစပြုလာသောကာလ (၂၀၁၂-၂၀၂၀) အတွင်း ရာသီ ဥတုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးလာခဲ့သော်လည်း တစ်ဖက်တွင်လည်း လယ်ယာစီးပွားရေး၊ သတ္တုတူးဖော်ရေး၊ သယံဇာတထုတ်ယူရေး အကြီး စားစီမံကိန်းများနှင့် အခြေခံအဆောက်အအုံများ ဖော်ဆောင်မှုများ အရှိန်အဟုန်ဖြင့် တိုးချဲ့ လာခဲ့သည့်အတွက် ဒေသခံများ၏ မြေယာပိုင်ဆိုင်ခွင့်များ ဆုံးရှုံးခဲ့ရသည်ကိုလည်း ဂရုပြုရန် အရေးကြီးပါသည်။ ထို့အပြင် ၂၀၁၅-၂၀၂၀ ခုနှစ်များအတွင်း နိုင်ငံတကာအကူအညီပေးရေး အဖွဲ့များက စတင်ခဲ့သော ရာသီဥတုဆိုင်ရာလုပ်ဆောင်မှုအချို့သည်လည်း ဒေသအခြေပြု ရာသီဥတုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို မျက်ကွယ်ပြုကာ နိုင်ငံတော်၏ ဗျူရိုကရေစီယန္တရားအာဏာကိုသာ ပိုမိုခိုင်မာစေခဲ့သည့်အတွက် တိုင်းရင်းသားနှင့် မျိုးနွယ်စု လူ့အဖွဲ့အစည်းများကို ပိုမိုထိခိုက်လွယ်စေခဲ့ပါသည်။72 ရလဒ်အနေဖြင့် အဆိုပါ လုပ်ဆောင်မှု များသည် မြန်မာနိုင်ငံ၏ သက်ဆိုးရှည်ပဋိပက္ခများနှင့် အာဏာရှင်အုပ်ချုပ်ရေးယန္တရားများ၏ အရင်းခံအကြောင်းတရားဖြစ်သော လူမှုနိုင်ငံရေးအရ ဖယ်ကြဉ်ထုတ်ခြင်းကို မရည်ရွယ်ဘဲ ပိုမို အားကောင်းစေခဲ့ပါသည်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နေရာအနှံ့အပြားတွင် တစ်ဆစ်ချိုးအပြောင်း အလဲများသည် အခြေခံအကြောင်းတရားများ၌ အကြမ်းဖက်မှုများ အမြဲကိန်းအောင်းနေပြီး နေရာအနှံ့၌ အချိန်ကြာကြာနှင့် အဆက်မပြတ်ဖြစ်နေသော အကျပ်အတည်းများ၏ နောက်ကွယ်တွင် ဖြစ် ပေါ်လာလေ့ရှိသည်။ ဤအချက်ကို ထည့်သွင်းစဉ်းစားရန်အတွက် ဤစာစောင်တွင် “တစ်ဆစ် ချိုးအပြောင်းအလဲ” ဆိုသည့် အယူအဆကို Henrik Vigh ၏ “သက်ဆိုးရှည်အကျပ် အတည်း” ဆိုသည့်အယူအဆနှင့် ပေါင်းစပ်ထားသည်။73 သက်ဆိုးရှည်အကျပ်အတည်း ဆိုသည်မှာ လက်နက်ကိုင်ပဋိပက္ခများသာမက ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊74 လူတန်းစားအခြေပြု ဆင်းရဲမွဲတေမှု၊ မညီမျှမှုများနှင့် မြေယာနှင့် သဘာဝပတ်ဝန်း ကျင်အပေါ် အရင်းရှင်စနစ်၏ နောက်ဆက်တွဲ သက်ရောက်မှုများမှတစ်ဆင့် ဖြစ်ပေါ်လာသော အသံတိတ်အကြမ်းဖက်မှုများ၏ ဆင့်ပွားရိုက်ခတ်မှုများပင်ဖြစ်သည်။75 အာဏာသိမ်းမှု သို့မဟုတ် လေကြောင်းတိုက်ခိုက်မှုကဲ့သို့သော ရုတ်တရက်ဖြစ်ပွားသည့် အဖြစ်အပျက်များနှင့် ဆန့်ကျင်ဘက်အနေဖြင့် အသံတိတ်အကြမ်းဖက်မှုသည် မသိမသာနှင့် မယုံကြည်နိုင်လောက် အောင် ဝါးမျိုဖျက်ဆီးသော နည်းလမ်းများဖြင့် လှုပ်ရှားနေပါသည်။76 Mahanty နှင့်အဖွဲ့ ပြော ထားသကဲ့သို့77 တစ်ဆစ်ချိုးအပြောင်းအလဲအပေါ် လူထု၏ တုံ့ပြန်ပုံကို လေ့လာရာတွင် ထို မတိုင်မီကတည်းက တဖြည်းဖြည်း အနည်ထိုင်လာနေသည့် အသံတိတ်အကြမ်းဖက်မှုများနှင့် ယခင်ရှိခဲ့သော အာဏာစက်အခြေအနေများကို ထည့်သွင်းစဉ်းစားရန် အလွန်အရေးကြီးသည်။

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော တစ်ဆစ်ချိုးအပြောင်းအလဲကာလအတွင်း ရာသီဥတုပြောင်းလဲမှုနှင့် ပဋိပက္ခတို့အပေါ် ပြည်သူများ၏ အတွေ့အကြုံများကို နှစ်ရှည်လ များ အဆက်မပြတ်ဖြစ်ပွားနေသော အကျပ်အတည်းများနှင့် အသံတိတ်အကြမ်းဖက်မှုများ၏ နောက်ခံသမိုင်းကြောင်းနှင့် ချိတ်ဆက်နားလည်ရန် လိုအပ်သည်ဟု ကျွန်ုပ်တို့ ယူဆပါသည်။78 တစ်ချိန်တည်းတွင် မြန်မာနိုင်ငံရှိ ပြည်သူများသည် အချိန်ကာလနှင့် နေရာဒေသအလိုက် အကျပ်အတည်းများကို ပုံစံအမျိုးမျိုးဖြင့် ကြုံတွေ့ခဲ့ကြရပြီး ထိုအချက်မှာ တစ်ဆစ်ချိုး အပြောင်းအလဲကို ပုံစံကွဲကာ ခံစားရပုံအပေါ် သက်ရောက်မှုရှိကြောင်း သိရှိထားပါသည်။ ဥပမာအားဖြင့် ဆယ်စုနှစ်ပေါင်းများစွာ ပဋိပက္ခ၊ နေရပ်စွန့်ခွာရမှုနှင့် မြေယာသိမ်းဆည်းခံရမှု များကို ခါးစည်းခံခဲ့ရသည့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးစုများသည် ၂၀၂၁ အာဏာ သိမ်းမှု၏ တစ်ဆစ်ချိုးအပြောင်းအလဲကို ရန်ကုန်ရှိ လူလတ်တန်းစားများ ခံစားရပုံနှင့် တူညီ မည် မဟုတ်ပါ။79 ထို့အတူ ယခင်က သဘာဝဘေးအန္တရာယ်၊ မြေယာသိမ်းဆည်းမှု၊ အလုပ် လက်မဲ့ဖြစ်မှု သို့မဟုတ် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် အခြေခံလူတန်းစား ရွှေ့ ပြောင်းအခြေချသူများအတွက် ၂၀၂၁ နိုင်ငံရေးတစ်ဆစ်ချိုးအပြောင်းအလဲသည် နက်ရှိုင်းစွာ အနည်ထိုင်ကာ စနစ်တကျတည်ရှိနေသည့် အသံတိတ်အကြမ်းဖက်မှုဖြစ်စဉ်များအပေါ်တွင် ထပ်ဆင့်ဖြစ်လာခြင်းဖြစ်သည်။80 ထို့ကြောင့် လက်ရှိတစ်ဆစ်ချိုးအပြောင်းအလဲအပေါ် ပြည် သူတို့၏ တုံ့ပြန်ပုံများသည် ရာသီဥတုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တဖြည်းဖြည်းချင်း ပြောင်းလဲ မှုများ အပါအဝင် နှေးကွေးသော အပြောင်းအလဲများနှင့် ရုတ်တရက်ဖြစ်လာသော အပြောင်း အလဲကြား အပြန်အလှန်သက်ရောက်မှုများအပေါ် မူတည်ပြီး ဖြစ်ပေါ်လာခြင်းဖြစ်သည်။

တစ်ဆစ်ချိုးအပြောင်းအလဲကာလအတွင်း ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နိုင်ငံရေး

ရာသီဥတုပြောင်းလဲမှုနှင့် ၎င်း၏ သက်ရောက်မှုများသည် သဘာဝဖြစ်စဉ်သက်သက် သို့မဟုတ် ရှောင်လွှဲမရသော ဖြစ်ရပ်များမဟုတ်ဘဲ နိုင်ငံရေးနှင့် နက်ရှိုင်းသော လူမှုနိုင်ငံရေး ဆိုင်ရာ နောက်ခံအကြောင်းတရားများနှင့် သမိုင်းကြောင်း များက ပုံဖော်ပေးထားခြင်း ဖြစ်ပါ သည်။81 ထို့ကြောင့် ဤစာစောင်တွင် ကျွန်ုပ် တို့သည် ရာသီဥတုပြောင်းလဲမှုနှင့် ၎င်းကို ကြုံ တွေ့ခံစားရပုံကို မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ထွန်းမှုများနှင့် ပဋိပက္ခဖြစ်စဉ်များမှ ခွဲထုတ်ပြီး ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် ခံစားမှုဆိုင်ရာသီးသန့်အဖြစ် ချဉ်းကပ်လေ့လာခြင်းပြုမည် မဟုတ် ပါ။ Sturridge ထောက်ပြထားသကဲ့သို့ “ရာသီဥတုကိုသာ ဗဟိုပြုသည့် ချဉ်းကပ်မှုများသည် တစ်ပိုင်းတစ်စဇာတ်ကြောင်းကိုသာ ပြောပြနိုင်ပြီး ယင်းတို့ကို နေ့စဉ်ဘဝနှင့် အသက်မွေးဝမ်း ကျောင်းမှုများရှိ အာဏာဆက်ဆံရေးများ၊ မညီ မျှမှုများနှင့် သမိုင်းဝင် မတရားမှုဘောင်အတွင်း ထည့်သွင်းစဉ်းစားသင့်သည်” ဟု ဆိုပါသည်။82 ကျွန်ုပ်တို့သည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များအား နိုင်ငံရေးအရ မည်သို့အသုံးချခံရသည်ကို ဆက်လက်စူးစမ်းရန်နှင့် နိုင်ငံရေး တစ်ဆစ်ချိုးအပြောင်းအလဲကာလအတွင်း ၎င်းအချက်က မည်သို့ပေါ်ပေါက်လာသည်ကို ပြသရန် အရေးကြီးကြောင်း အကြံပြုလိုပါသည်။ ထိုသို့လုပ်ဆောင်ရာတွင် ကျွန်ုပ်တို့သည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နိုင်ငံရေးဟူသော အယူအဆကို အသုံးပြုထားပြီး ယင်းကို ကျွန်ုပ်တို့က အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော မရေမရာအခိုက်အတန့်များအတွင်း အာဏာနှင့် တရားဝင်မှုအတွက် အပြိုင်အဆိုင် ကြိုးပမ်းနေကြသော အင်အားစုအသီးသီးက ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒများ၊ ပြောဆိုဆွေးနွေးမှုများနှင့် လုပ်ဆောင်ချက်များကို မိမိတို့ အကျိုးအတွက် ရယူအသုံးချခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုပါသည်။83

Anthony Giddens က ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နိုင်ငံရေးကို ရာသီဥတု ပြောင်းလဲ မှု၏ အကြောင်းရင်းများနှင့် နောက်ဆက်တွဲရလဒ်များကို ဖြေရှင်းရန် အသုံးပြုသည့် နိုင်ငံရေး လုပ်ငန်းစဉ်များနှင့် မူဝါဒများဖြစ်ပြီး ယင်းတို့သည် မတူညီသော စီးပွားရေးအကျိုးအမြတ်များ၊ နိုင်ငံရေးအယူဝါဒများနှင့် လူမှုရေးဆိုင်ရာ အပြုအမူများအပေါ် မူတည်၍ ပုံဖော်ပြောင်းလဲမှုရှိ သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။84 သို့သော်လည်း Giddens သည် ဤအဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဖော်ထုတ်ရာတွင် တည်ငြိမ်သော ဒီမိုကရေစီနိုင်ငံများအနေဖြင့် ၎င်းတို့၏ အမျိုးသားမူဝါဒများ အတွင်း ရာသီဥတုပြောင်းလဲမှု လျှော့ချရေးရည်မှန်းချက်များကို ပေါင်းစပ်ထည့်သွင်းရန် လိုအပ်ချက်အပေါ်တွင်သာ အဓိကထားခဲ့ ခြင်းဖြစ်သည်။ ထိုစဉ်က ထိုသို့လုပ်ဆောင်ရာတွင် သိပ္ပံနည်းကျထောက်ပြမှုနှင့် နိုင်ငံရေးအရ ကန့်ကွက်မှုများ (သံသယရှိသူများ၊ ရာဒီကယ်သမား များ စသည်ဖြင့်) ကို ရင်ဆိုင်နေရချိန်လည်းဖြစ်ပြီး သူ၏ အယူအဆတွင် ပြင်းထန်သော လက်နက်ကိုင်ပဋိပက္ခများနှင့် နိုင်ငံရေးအရ တစ်ဆစ်ချိုးပြောင်းလဲမှုများ၏ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားထားခြင်း မရှိပါ။

ယနေ့ခေတ်တွင် အခြေအနေမှာ ကွဲပြားသွားပြီဖြစ်သည်။ ရာသီဥတု ပြောင်းလဲမှုနှင့် ၎င်း နှင့် ဆက်စပ်နေသော “စိမ်းရောင်စိုနိုင်ငံရေး” များသည် ကမ္ဘာ့စင်မြင့်နှင့် ပြည်တွင်းဆွေးနွေးပွဲ များတွင် ပင်မခေါင်းစဉ် ဖြစ်လာရုံမက85 နိုင်ငံတကာ ရန်ပုံငွေနှင့် အသိအမှတ်ပြုမှုများ ရရှိစေ သည့် မူဝါဒနယ်ပယ်လည်း ဖြစ်လာခဲ့သည်။ ဤအခြေအနေတွင် နိုင်ငံရေးအကျိုးစီးပွားရှိနေ သည့် အင်အားစုများက ရာသီဥတုပြောင်းလဲမှုနှင့် ‘စိမ်းလန်းစိုပြေရေး’ တို့ကို မိမိတို့အကျိုး အတွက် ရယူအသုံးချခြင်းသည် နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိရန်အတွက် သာမက မိမိတို့၏ အာဏာတည်မြဲရေးနှင့် ပြည်တွင်း၌ တရားဝင်မှု ရရှိရေးတို့အတွက်ပါ အားသာချက် တစ်ခု ဖြစ်လာနိုင်ပါသည်။ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နိုင်ငံရေးကို Christian Lund ၏ နိုင်ငံရေး တစ်ဆစ်ချိုးအပြောင်းအလဲ ဆိုသည်မှာ အာဏာသည် အမျိုးမျိုးကွဲပြားနေခြင်း၊ ပြိုင်ဆိုင်မှုပြင်းထန်ခြင်းနှင့် အသစ်တည်ဆောက်နေဆဲဖြစ်ခြင်းဟူသော အယူအဆနှင့် ပေါင်း စပ်ပြီး86 ဤ စာစောင်တွင် ပြိုင်ဘက်နိုင်ငံရေးအင်အားစုများက သူတို့ကိုယ်ကို “စိမ်းရောင်စို” ဖြစ်အောင် မည်သို့ဖော်ဆောင်ကြပုံနှင့် ၎င်းတို့သည် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ် ဝန်းကျင်ပြဿနာများကို အလေးထားကြောင်း၊ တုံ့ပြန်ဆောင်ရွက်နေကြောင်း ပြသရန် မည်သို့ ကြိုးပမ်းနေကြသည်ကို ဖော်ပြထားပါသည်။ ဤအင်အားစုများသည် ရာသီဥတုနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများအပေါ် အမှန်တကယ် စိုးရိမ်ပူပန်မှုများ ရှိနိုင်သော်လည်း ၎င်းတို့၏ စိမ်းရောင်စိုလှုပ်ရှားမှုများသည် နိုင်ငံရေးတစ်ဆစ်ချိုးအပြောင်းအလဲနှင့် အကြမ်း ဖက်ပဋိပက္ခများအတွင်း အာဏာခိုင်မာစေရန်၊ တရားဝင်မှုရရှိရန်နှင့် “နိုင်ငံတော်သရုပ်ကို ဆောင်ခြင်း” တို့အတွက် ပိုမိုကျယ်ပြန့်သော ကြိုးပမ်းအားထုတ်မှုများ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါသည်။87 မြန်မာနိုင်ငံ၏ အခြေအနေတွင် အဆိုပါ အင်အားစုများ၌ နစကအစိုးရ၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်ပြီး တစ် ခါတစ်ရံတွင် အရပ်ဘက်လူ့အဖွဲ့ အစည်းများ၊ ဌာနေတိုင်းရင်းသားကွန်ရက်များနှင့် စစ်ဘက် အင်အားစုများနှင့် လည်း ပူးပေါင်းဆောင်ရွက်လေ့ရှိသည်။

အမှန်စင်စစ် စိမ်းရောင်စိုပုံရိပ်‌ဆောင်ခြင်းသည် အဆိုပါအင်အားစုများက အာဏာနှင့် နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိရန် ကြိုးပမ်းသည့် တစ်ခုတည်းသောနည်းလမ်း မဟုတ်သော် လည်း နိုင်ငံရေးတစ်ဆစ်ချိုးအပြောင်းအလဲ ဖြစ်နေချိန်တွင် ရာသီဥတုပြောင်းလဲမှု၏ အရေးပါ ပုံကို နားလည်နိုင်ရန်အတွက် ၎င်းကို အရေးပါသော နိုင်ငံရေးနယ်ပယ်တစ်ခုအဖြစ် ရှုမြင်ရန် လိုအပ်ကြောင်း ကျွန်ုပ်တို့ တင်ပြလိုပါသည်။ ဤနယ်ပယ်တွင် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို နည်းလမ်းမျိုးစုံဖြင့် ရယူအသုံးချလေ့ရှိကြပါ သည်။ ဥပမာအားဖြင့် ပြိုင်ဆိုင်မှုပြင်းထန်သော နိုင်ငံတည်ဆောက်ရေး ကြိုးပမ်းမှုများ၏ အစိတ်အပိုင်းအဖြစ် အသုံးချခြင်း၊ စစ်တပ်၏ ဖိနှိပ်ချုပ်ချယ်မှုနှင့် ခေါင်းပုံဖြတ်မှုများကို ဖုံးကွယ်ရန် အသုံးချခြင်း၊ နိုင်ငံတကာ အလှူရှင်များ၏ မူဝါဒများကို ချဲ့ထွင်ခြင်းနှင့် ဌာနေ တိုင်းရင်းသားတို့၏ အသံနှင့် အမြင်များကို ရှေ့တန်းတင်လျက် နိုင်ငံတော်ဗဟိုပြုဝါဒနှင့် အရင်းရှင်စနစ်၏ ခေါင်းပုံဖြတ်မှုများကို တက်ကြွလှုပ်ရှားသူများက ဝေဖန်ထောက်ပြခြင်း စသည်တို့ ဖြစ်သည်။88 စိမ်းရောင်စိုပုံရိပ်ဆောင်ခြင်းကို လွတ်မြောက်မှုဆီသို့ ဦးတည်သော အစီအစဉ်များအတွက်သာမက ဖိနှိပ်ချုပ်ချယ်ရေးသို့ ဦးတည်သော အစီ အစဉ်များအတွက်ပါ အသုံးတော်ခံနိုင်သောအရာအဖြစ် မြင်နိုင်သော်လည်း ထိုလုပ်ဆောင်မှုသည် အမြဲတစေ အာဏာဆက်ဆံရေးများအတွင်း၌ ဖြစ်ပေါ် နေသောကြောင့် ၎င်းသည် နိုင်ငံရေးပင်ဖြစ်သည်။

သုတေသနနည်းနာကို သုံးသပ်ခြင်း

ဤစာစောင်တွင် ကျွန်ုပ်တို့သည် သိပ္ပံနည်းကျနားလည်မှုကိုသာ ဦးစားပေးခြင်း သို့မဟုတ် နက်ရှိုင်းသော နိုင်ငံရေးဖြစ်စဉ်များကို လျစ်လျူရှုခြင်းမျိုး မပြုဘဲ ရာသီဥတုပြောင်းလဲမှုအပေါ် ဒေသခံတို့၏ အတွေ့အကြုံများနှင့် အမြင်များကို ဦးစားပေး တင်ပြထားပါသည်။ ထိုသို့လုပ် ဆောင်ရာတွင် ရာသီဥတုပြောင်းလဲမှုကို သိမြင်ပုံ၊ ကြုံတွေ့ပုံနှင့် လက်တွေ့ဆောင်ရွက်ပုံတို့ တွင် မတူညီမှုနှင့် မညီမျှ မှုများကို လျစ်လျူရှုထားသော နိုင်ငံရေးနှင့်ကင်းကွာအောင်ပြုခြင်းကို ဝေဖန်သည့် Goldman နှင့်အဖွဲ့၏ သုံးသပ်ချက်ကို ကျွန်ုပ်တို့ လိုက်နာကျင့်သုံးပါသည်။89 ဤ ကဲ့သို့သော ပြုလုပ်ခြင်းများသည် အနောက်တိုင်းသိပ္ပံပညာကိုသာ အမှန်ကန်ဆုံးနှင့် အချက် အလက်အကျဆုံးအဖြစ် ရှေ့တန်းတင်လေ့ရှိပြီး ဒေသခံတို့၏ အသိပညာနှင့် အတွေးအမြင်များ ကိုမူ ဘေးဖယ်ထားလေ့ရှိပါသည်။ ဤသို့ “ရာသီဥတုပြောင်းလဲမှုကို သိနားလည်ခြင်းဆိုင်ရာ နိုင်ငံရေး” ၏ အကျိုး ဆက်တစ်ခုမှာ ရာသီဥတုပြောင်းလဲမှုအတွက် ဖြေရှင်းချက်များ ရှာဖွေရာ တွင် ဒေသခံတို့၏ အတွေ့အကြုံနှင့် လက်တွေ့လုပ်ဆောင်မှုများကို လျစ်လျူရှုခြင်း သို့မဟုတ် ဒုတိယဦးစားပေးအဆင့်၌သာ ထားရှိခြင်းဖြစ်ပါသည်။ ယင်းကို နည်းပညာဆန်လွန်းသော၊ အထက်မှအောက်သို့ ညွှန်ကြားသောနှင့် နိုင်ငံတော်က ဦးဆောင်သော လျှော့ချရေးနှင့် လိုက် လျောညီထွေဖြစ်အောင် ဆောင်ရွက်သည့် လုပ်ငန်းစဉ်များတွင် တွေ့မြင်နိုင်ပါသည်။ ၎င်းတို့ သည် ဒေသခံလူထု၏ အသိပညာစနစ်များကို ဖယ်ထုတ်ထားရုံသာမက ရာသီဥတုဒဏ်ကို ပိုမိုခံစားရစေသည့် အခြေခံအကြောင်းရင်းများဖြစ်သော နိုင်ငံရေးအရ မညီမျှမှု၊ ဖယ်ကြဉ် ခံရမှုနှင့် သယံဇာတများအပေါ် ခံစားခွင့်ကင်းမဲ့မှုစသည့် တည်ဆောက်ပုံဆိုင်ရာ အချက် အလက်များကိုပါ နိုင်ငံရေးကိစ္စမဟုတ်သကဲ့သို့ ဖုံးကွယ်ပစ်လေ့ ရှိပါသည်။

Goldman နှင့်အဖွဲ့90၏ အယူအဆနှင့်အညီ ယခုအခါ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မနုဿဗေဒနှင့် လူမှုပထဝီဝင်ဆိုင်ရာ လေ့လာမှုအတော်များများသည် ဒေသခံတို့၏ အသိ ပညာစနစ်များနှင့် ရာသီဥတုပြောင်းလဲမှုအပေါ် ပြည်သူတို့၏ အတွေ့အကြုံနှင့် တုံ့ပြန်မှုများ ပါဝင်သော ကျယ်ပြန့်သည့် နိုင်ငံရေး နောက်ခံအခြေအနေများကို အသိအမှတ်ပြုလာကြပြီ ဖြစ်သည်။91 သို့သော် ပဋိပက္ခဒဏ်သင့် ပြည်သူများအနေဖြင့် လက်နက်ကိုင်ပဋိပက္ခနှင့် ရာသီ ဥတုဘေးအန္တရာယ်ဟူသော နှစ်ထပ်ကွမ်းရိုက်ခတ်မှုကို မည်သို့ကြုံတွေ့ခံစားရပြီး မည်သို့ အဓိပ္ပာယ်ဖွင့်ကြသည်ဟူသော အချက်ကို လေ့လာသည့် သုတေသနမှာမူ အလွန်နည်းပါးနေ သေးသည်။92 ဤကဲ့သို့ နည်းပါးနေရသည့် အကြောင်းတစ်ခုမှာ ပဋိပက္ခဖြစ်ပွားရာဒေသများ တွင် ကွင်းဆင်းသုတေသနပြုရန် ခက်ခဲခြင်းကြောင့်ဖြစ်သည်။93 ဤသည်မှာ ဤစာစောင်တွင် ပါဝင်ရေးသားသူများ ပုံစံမျိုးစုံဖြင့် ရင်ဆိုင်ခဲ့ရသည့် စိန်ခေါ်မှုကြီးတစ်ခုပင် ဖြစ်ပါသည်။

လက်နက်ကိုင်ပဋိပက္ခနှင့် ဆက်စပ်နေသော ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုများ အပြင် မြန်မာ နိုင်ငံတွင် သုတေသနပြုလုပ်ခြင်းသည် လူကိုယ်တိုင် တွေ့ဆုံမေးမြန်းခြင်းနှင့် သက်ဆိုင်ရာ နေရာဒေသ၌ အချက်အလက် စုဆောင်းခြင်းတို့နှင့် ဆက်စပ်နေသော အန္တရာယ်များ၏ စိန်ခေါ် မှုကိုလည်း ရင်ဆိုင်နေရပါသည်။ ဤအန္တရာယ်သည် သုတေသီများရော သုတေသနတွင် ပါဝင် ဖြေဆိုသူများကိုပါ သက်ရောက်မှုရှိပါသည်။ ဝေဖန်ဆန်းစစ်မှုပြုသည့် မည်သည့် သုတေသန မျိုးတွင်မဆို ပါဝင်ပတ်သက်ခြင်းသည် စစ်တပ်၏ ပစ်မှတ်ထားခြင်းနှင့် ၎င်း၏ ဖိနှိပ်ချုပ်ချယ် သော မူဝါဒများ၊ လုပ်ရပ်များကို ခံရနိုင်သည့် အန္တရာယ်ရှိပါသည်။ သုတေသန အချက်အလက် များ ဝေမျှခြင်း၊ သိမ်းဆည်းခြင်းနှင့် ထုတ်ဝေခြင်းတို့တွင်လည်း လုံခြုံရေးဆိုင်ရာ စိုးရိမ်စရာများ ရှိနေပါသည်။ ဤအကြောင်းအချက်များကြောင့် ဤစာစောင်တွင် ပါဝင်သော ဆောင်းပါး များသည် ထိန်းညှိထားသော အချက်အလက်စုဆောင်းမှု နည်းလမ်းများ၊ အချက် အလက်များ ကို သေသေချာချာချာထိန်းသိမ်းကာကွယ်မှုများနှင့် အမည်ဝှက်ထားခြင်းဆိုင်ရာ တင်းကျပ် သော လုပ်ထုံးလုပ်နည်းများကို အသုံးပြုခဲ့ကြရပါသည်။ ဤစာစောင်တွင် ပါဝင်ရေး သားသော မြန်မာပညာရှင်များသည်လည်း ထိုအကြောင်းပြချက်များကြောင့် ကလောင်အမည်များဖြင့် သာ ရေးသားထားခြင်း ဖြစ်ပါသည်။

ထိုသို့သော အခြေအနေများကြောင့် ဤစာမျက်နှာထက်တွင် ဖော်ပြထားသော သုတေ သနအတော်များများသည် သဘောသဘာဝအရ မနုဿဗေဒဆိုင်ရာ လေ့လာမှုများဟု ယူဆ နိုင်သော်လည်း ၎င်းတို့သည် သတ်မှတ်ထားသော ဒေသတစ်ခုတွင် အချိန်ကြာမြင့်စွာ အတူနေ ထိုင်လေ့လာသည့် သမားရိုးကျ မနုဿဗေဒ ကွင်းဆင်းနည်းလမ်းများအပေါ် အခြေခံထားခြင်း မဟုတ်ပါ။ အဆိုပါ သမားရိုးကျနည်းလမ်းသည် လက်နက်ကိုင်ပဋိပက္ခများကြားတွင် ရာသီ ဥတု ပြောင်းလဲမှုကို ပြည်သူများ မည်သို့ကြုံတွေ့နားလည်ပြီး တုံ့ပြန်ကျော်ဖြတ်ကြသည်ကို နက်နက်ရှိုင်းရှိုင်းနှင့် နောက်ခံအခြေအနေအလိုက် သိရှိနိုင်မည့် အကောင်းဆုံးနည်းလမ်းဟု ဆိုနိုင်ပါသည်။ သို့သော် ယင်းအစား ဤစာစောင်တွင် ပါဝင်သော သုတေသီများသည် နစက၏ ထိန်းချုပ်မှုအောက်တွင် မရှိသော ဒေသများသို့ ကာလတိုအတွင်း အကြိမ်ကြိမ် သွားရောက် လေ့လာခြင်း၊ ဒစ်ဂျစ်တယ်နည်းဖြင့် လူမှုအလေ့အထသဘာဝလေ့လာသုံးသပ်မှုပြုခြင်း သို့မဟုတ် တိုက်ပွဲပြင်းထန်နေသော ဒေသများနှင့် စစ်တပ်ထိန်းချုပ်ရာဒေသများတွင် နေထိုင် သည့် ဒေသခံသုတေသီများကို ဖုန်းဖြင့်ချိတ်ဆက်ကာ အချက်အလက်များကို အတူတကွ ပူးပေါင်းဖော်ထုတ်ခြင်း စသည့်နည်းလမ်းများကို အသုံးပြုခဲ့ကြရသည်။ ဤကဲ့သို့ ပြုပြင် ပြောင်းလဲမှုများသည် ဒေသတွင်း၌ ကိုယ်တိုင်ကိုယ်ကျ အချိန် ကြာမြင့်စွာ လုပ်ဆောင်ရသော ကွင်းဆင်းလေ့လာမှုများနှင့် နှိုင်းယှဉ်လျှင် သိသာထင်ရှားသော ကန့်သတ်ချက်များ ရှိပါသည်။ သို့သော်လည်း သုတေသီများသည် လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် မြင့်မားသော “လူ့အဖွဲ့ အစည်းဆိုင်ရာ ခံစားသက်ဝင်မှု”94 ကို ထိန်းသိမ်းရန် ရည်ရွယ်ခဲ့ကြသည်။ ဆိုလိုသည်မှာ ရာသီဥတုနှင့် ပဋိပက္ခ ဆက်နွှယ်မှုအပေါ် ယေဘုယျကျပြီး ဓမ္မဓိဋ္ဌာန်ကျသော ဖော်ပြချက် များကိုသာ ဦးတည်ခြင်းထက် ဒေသခံတို့၏ ပြောဆိုဆွေးနွေးမှုများနှင့် အသိပညာများ၏ အရေးပါပုံကို ရှေ့တန်းတင်ခဲ့ကြသည်။ ပဋိပက္ခဒဏ်သင့် ပြည်သူများက ၎င်းတို့၏ ဘဝ အတွေ့အကြုံများနှင့် ၎င်းတို့ ရောက်ရှိနေသော နိုင်ငံရေးဖြစ်စဉ်များအပေါ် မည်သို့အဓိပ္ပာယ် ဖွင့်ဆိုကြသည်ကိုလည်း အထူးအလေးထား လေ့လာခဲ့ကြသည်။ ထို့ပြင် မတူညီသော သိမြင်မှု နှင့် ဖြစ်တည်မှုဆိုင်ရာ အယူအဆများအပေါ် အခြေခံကာ ဘာသာရေးဆိုင်ရာ ဆက်နွှယ်မှုများ၊ ယုံကြည်မှုများနှင့် ယဉ်ကျေးမှုစံနှုန်းများက ရာသီဥတုပြောင်းလဲမှုအပေါ် ဒေသခံတို့၏ နား လည်မှုကို မည်သို့ပုံဖော်ပေးနေသည်ကိုလည်း ထည့်သွင်းလေ့လာ ထားပါသည်။95 နောက် အပိုင်းတွင် ကျွန်ုပ်တို့သည် ဤအထူးထုတ်ပါ ဆောင်းပါးများအကြောင်းနှင့် တစ်ဆစ်ချိုး အပြောင်းအလဲကြားကာလ မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှုနှင့် ပဋိပက္ခတို့ကို နားလည် စေရန် ၎င်းဆောင်းပါးများ၏ ပံ့ပိုးမှုများကို အကျဉ်းချုပ် ဖော်ပြပေးပါမည်။

ဆောင်းပါးများအကြောင်း

ဟယ်လင်မာရီယာကူး၊ အလင်းနှင့် ဉာဏ်ပြည်သစ်တို့၏ “မြန်မာနိုင်ငံ၏ ကြမ်းတမ်းသော တစ်ဆစ်ချိုးအပြောင်းအလဲကာလအတွင်း ရာသီဥတုပြောင်းလဲမှုအပေါ် ဒေသခံတို့၏ အတွေ့ အကြုံနှင့် ရှုမြင်ပုံများ” အမည်ရှိ ဆောင်းပါးသည် ကြမ်းတမ်းသော နိုင်ငံရေးတစ်ဆစ်ချိုး အပြောင်းအလဲကြားတွင် ဒေသခံများအနေဖြင့် ရာသီဥတုပြောင်းလဲမှုကို မည်သို့ကြုံတွေ့နေ ကြပြီး မည်သို့ရှုမြင်ကြသည်ကို လေ့လာထားသည်။ နိုင်ငံတစ်ဝန်းရှိ မတူညီသောဒေသ ရှစ်ခု တွင် ဒေသခံသုတေသီများနှင့်အတူ နှစ်နှစ်ကြာ လေ့လာခဲ့သည့် အချက်အလက်များအပေါ် အခြေခံ၍ မိုးရွာသွန်းမှုပုံစံ ပြောင်းလဲလာခြင်းနှင့် အပူချိန်တိုးလာခြင်းတို့ကို ပြည်သူများက မည်သို့ရှုမြင်နားလည်ကြကြောင်း၊ ၎င်းအချက်သည် ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း ကျယ် ပြန့်လာသော ပဋိပက္ခဖြစ်စဉ်များ၊ နိုင်ငံရေး အကျပ်အတည်းများနှင့် မည်သို့ဆက်စပ်နေ ကြောင်းတို့ကို စာရေးသူများက ဖော်ထုတ်တင်ပြထားပါသည်။ ၎င်းတို့သည် ပဋိပက္ခနှင့် ရာသီ ဥတု ဆက်နွှယ်မှုဆိုင်ရာ စာအုပ်စာပေများတွင် ထပ်တိုးဖြည့်စွက်သည့်အနေဖြင့် ရာသီဥတု ပြောင်းလဲမှုအပေါ် ဒေသခံတို့၏ အမြင်များကို ပိုမိုကျယ်ပြန့်သော နိုင်ငံရေးဖြစ် စဉ်များနှင့် ပဋိပက္ခများအတွင်း ထည့်သွင်းစဉ်းစားရန် အရေးကြီးကြောင်း အဆိုပြုထားသည်။ မြန်မာနိုင်ငံ ရှိ မတူညီသောဒေသများမှ ပြည်သူများ၏ ရာသီဥတုအပေါ် ရှုမြင်ပုံများသည် ၎င်းတို့ဒေသ အတွင်း ကြုံတွေ့ရသည့် ကြမ်းတမ်းသော တစ်ဆစ်ချိုးအပြောင်းအလဲနှင့် ပတ်သက်သည့် အတွေ့အကြုံများသာမက၊ ကာလရှည်ကြာဖြစ်ပွားနေသော သဘာဝပတ်ဝန်းကျင် ပျက်စီးမှု နှင့် နိုင်ငံတော်၏ အကြမ်းဖက်မှု သမိုင်းကြောင်းများ၏ လွှမ်းမိုးမှုကိုပါ များစွာခံရကြောင်း ဖော်ပြထားသည်။ အထူးသဖြင့် လူအများစုက ပုံမှန်မဟုတ်သော ရာသီဥတုနှင့် ပတ်ဝန်းကျင် ပျက်စီးမှုများကို ဒေသခံလူထုအား ထိခိုက်စေပြီး သယံဇာတများကို စစ်တပ်က အလွန်အကျွံ ခေါင်းပုံဖြတ်ထုတ်ယူနေခြင်းနှင့် ဆက်စပ်ဖော်ပြကြသည်။ ထို့ပြင် အမျိုးမျိုးသော ဖြစ်တည်မှု နှင့် သိမြင်မှုဆိုင်ရာ အယူအဆများကို နားလည်ရန် အရေးကြီးပုံကို အလေးပေးလျက် ရာသီ ဥတု၏ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများအပေါ် ရှုမြင်ပုံသည် ဒေသခံတို့၏ ယုံကြည်မှုစနစ်များ နှင့် ဘာသာရေးဆိုင်ရာ နားလည်မှုများ၏ လွှမ်းမိုးမှု မည်သို့ရှိကြောင်းကိုလည်း စာရေးသူများ က ဆက်လက်စူးစမ်းထားသည်။ ဥပမာအားဖြင့် ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာဝင် လူ့အဖွဲ့ အစည်းများအကြား လက်ရှိတစ်ဆစ်ချိုး အပြောင်းအလဲနှင့် ရာသီဥတုနှင့် ပတ်ဝန်းကျင် ပြောင်းလဲမှုများကို “ရုပ်ပိုင်းဆိုင်ရာနှင့် ကိုယ်ကျင့်တရားဆိုင်ရာ ပြိုလဲမှု” ၏ အစိတ်အပိုင်း တစ်ခုအဖြစ် သဘောထားကာ ရှုမြင်ကြသည်။ ဤအမြင်များကို အခြေခံ၍ ၎င်းတို့က လက်ရှိ တစ်ဆစ်ချိုးအပြောင်းအလဲကို ခဏတစ်ဖြုတ်ဖြစ်ပေါ်သည့် အချိန်ကာလဆိုင်ရာ အနှောင့် အယှက်တစ်ခုအဖြစ် မရှုမြင်သင့်ဘဲ ပြည်သူတို့၏ ရာသီဥတုဒဏ် ခံနိုင်ရည်အပေါ် သက် ရောက်မှုရှိနေသည့် အကြမ်းဖက်မှုသံသရာအတွင် အမြစ်တွယ်နေသောအရာအဖြစ် ရှုမြင်ရန် အရေးကြီးကြောင်း အကြံပြုထားပါသည်။

ဒုတိယမြောက် ဆောင်းပါးဖြစ်သည့် “ဒီရေနိမ့်မြင့် – နိုင်ငံရေးတစ်ဆစ်ချိုးအပြောင်းအလဲ များနှင့် တနင်္သာရီတိုင်းရှိ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားမှုများ” တွင် နော်ထီး ခူနှင့် ကပ်စပါဟော့မန်းတို့သည် ရေရှည်အမြင်ဖြင့် ချဉ်းကပ်လေ့လာထားကြသည်။ ၎င်းတို့ သည် လက်ရှိနှင့် ယခင်ကဖြစ်ပွားခဲ့သော နိုင်ငံရေးတစ်ဆစ်ချိုးအပြောင်းအလဲများက တနင်္သာ ရီတိုင်းရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူများ နှင့် လှုပ်ရှားမှုများ အပေါ် မည်သို့သက်ရောက်မှုရှိခဲ့သည်ကို ဆန်းစစ်ထားပါသည်။ အာဏာသိမ်းပြီးနောက်ပိုင်း တွင် ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုများသည် မြေအောက်လှုပ်ရှားမှု အဖြစ်သို့ ရောက်ရှိသွားခဲ့ရပြီး လှုပ်ရှားသူအများအပြားမှာ ထွက်ပြေးတိမ်းရှောင်ရခြင်း၊ တော် လှန်ရေးအင်အားစုများနှင့် ပူးပေါင်းခြင်း သို့မဟုတ် ပုန်းရှောင်နေရခြင်းများကို ကြုံတွေ့နေရ သည်။ သို့သော်လည်း စာရေးသူများ ထောက်ပြထားသည့်အတိုင်း အာဏာသိမ်းမှုသည် သဘာဝပတ်ဝန်းကျင်တက်ကြွလှုပ်ရှားသူများအတွက် ပထမဦးဆုံးသော နိုင်ငံရေးတစ်ဆစ်ချိုး အပြောင်းအလဲ မဟုတ်ပါ။ ၎င်းတို့သည် နှစ်ဖက် အပစ်အခတ်ရပ်စဲရေး မတိုင်မီကာလ (၁၉၉၆-၂၀၁၂)၊ အပစ်အခတ်ရပ်စဲရေး နောက်ပိုင်းကာလ (၂၀၁၂-၂၀၂၁) နှင့် အာဏာသိမ်းပြီးနောက် ပိုင်းကာလ (၂၀၂၁ မှ ယနေ့အထိ) ဟူသော အဆင့်သုံးဆင့်ကို လေ့လာကာ မတူညီသော တစ်ဆစ်ချိုးအပြောင်းအလဲများကြောင့် ပေါ်ပေါက်လာသည့် အခွင့်အလမ်းများနှင့် အဟန့် အတားများက တက်ကြွလှုပ်ရှားသူများ၏ လုပ်ဆောင်ချက်များကို မည်သို့ ပုံဖော်ပေးခဲ့သည်ကို စူးစမ်းထားပါသည်။ ဤတစ်ဆစ်ချိုးအပြောင်းအလဲသည် ဒေသခံလူထုနှင့် သဘာဝပတ်ဝန်း ကျင်အပေါ် ဆိုးကျိုးသက်ရောက်စေသည့် အစိုးရအာဏာစက် ပုံစံသစ်များကို ဖြစ်ပေါ်စေခဲ့ သော်လည်း တစ်ဖက်တွင်လည်း ကြီးမားသော ကန့်သတ်ချက်များကြားမှပင် ပြည်သူများကို နည်းလမ်းမျိုးစုံဖြင့် စည်းရုံးလှုံ့ဆော်နိုင်သည့် ရှေ့ဆက်ရေးပုံစံသစ်ကိုလည်း ဖန်တီးပေးခဲ့ ကြောင်း စာရေးသူများက တင်ပြထားပါသည်။

ဤစာစောင်၏ တတိယမြောက်ဆောင်းပါးတွင် စာရေးသူ နွေကံ့ကော်က နိုင်ငံရေးတစ်ဆစ် ချိုးအပြောင်းအလဲကာလအတွင်း ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နိုင်ငံရေးနှင့် သယံဇာတ စီမံ အုပ်ချုပ်မှုတို့ကို နက်နက်ရှိုင်းရှိုင်း စူးစမ်းလေ့ လာထားသည်။ ၎င်းက မြန်မာစစ်တပ်သည် ၎င်း၏ အုပ်ချုပ်မှုကို တရားဝင်မှု ရရှိစေရန်နှင့် ၎င်းတို့၏ စီမံခန့်ခွဲမှုသည် ပုံမှန်လည်ပတ် နေသော နိုင်ငံတော် ယန္တရားတစ်ခုဖြစ်ကြောင်း ပြသရန်အတွက် ရာသီဥတုပြောင်းလဲမှု တုံ့ပြန် ဆောင်ရွက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသုံးအနှုန်းများကို မည်သို့ အသုံးချခဲ့ပုံကို တင်ပြထားသည်။ “စိမ်းရောင်စိုပုံရိပ်ဆောင်အာဏာရှင်စနစ်၊ သဘာဝပတ်ဝန်း ကျင်အရေးဖြင့် အမြတ်ထုတ်နေသည့်စစ်တပ်” အမည်ရှိ ဆောင်းပါးတွင် နွေကံ့ကော်သည် ကော်ပို ရေးရှင်းများနှင့် နိုင်ငံတော်အင်အားစုများက ၎င်းတို့၏ ပုံရိပ်ကို ‘စိမ်းရောင်စို’ အဖြစ် ပုံဖော်ရန် အသုံးပြုသည့် စကားလုံးဗျူဟာများကို မီးမောင်းထိုးပြထားသည့် နိုင်ငံရေးဂေဟဗေဒ သုတေ သနများကို အကိုးအကားပြုထားသည်။ နွေကံ့ကော်သည် စစ်တပ်က နိုင်ငံရေး မတည်ငြိမ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေသော လုပ်ရပ်များ အပေါ် လူထုအာရုံစိုက်မှုကို လွှဲပြောင်းရန် ကြိုးပမ်းသည့် နည်းလမ်းမျိုးစုံကို ထောက်ပြထား သည်။ ၎င်းသည် နစကထိန်းချုပ်ထားသော သတင်းစာများနှင့် မူဝါဒကြေညာချက်များကို ခွဲခြမ်းစိတ်ဖြာပြီး စစ်တပ်၏ လုပ်ရပ်များကို ဖော်ပြရန် “စိမ်းရောင်စိုပုံရိပ်ဆောင် အာဏာရှင် စနစ်” ဟူသော အယူအဆကို မိတ်ဆက်ခဲ့သည်။ ၎င်း၏ ဥပမာအချို့မှာ နှစ်စဉ်ပြုလုပ်သော သစ်ပင်စိုက်ပျိုးပွဲများ၊ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ ကြေ ညာချက်များ၊ ပလတ်စတစ်လျှော့ချရေး လှုပ်ရှားမှုများ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ ကတိကဝတ် များဖြစ်ပြီး ဤလုပ်ရပ်အားလုံးသည် မင်းအောင်လှိုင်နှင့် အခြားစစ်ကောင်စီ ခေါင်းဆောင်များ ကို ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ်များအပေါ် အမှန် တကယ် အလေးထားသူများအဖြစ် ပုံဖော်ရန် ကြိုးပမ်းခြင်းဖြစ်သည်။ နွေကံ့ကော်သည် ဆောင်းပါး ၏ နိဂုံးတွင် စစ်တပ်၏ ဟန်ပြလုပ်ရပ်များနှင့် ပဋိပက္ခဒဏ်ရော၊ ဆိုးရွားလာသော ရာသီဥတု အကျပ်အတည်းဒဏ်ကိုပါ တစ်ပြိုင်နက် ရင်ဆိုင်နေရသော သာမန်ပြည်သူတို့၏ နေ့စဉ်ရုန်း ကန်မှုများကို နှိုင်းယှဉ်ပြထားသည်။ ထို့ပြင် လွတ်လပ်သော မီဒီယာများက မှတ်တမ်းတင်ထား သည့် လက်ရှိဖြစ်ပွားနေသော သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများနှင့် စစ်တပ်၏ ပြောဆိုချက် များ မည်မျှသွေဖည်ဖြစ်နေသည်ကိုလည်း ဖော်ပြထားပါသည်။

နိုင်ငံရေးတစ်ဆစ်ချိုးအပြောင်းအလဲကာလအတွင်း ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နိုင်ငံ ရေးဟူသော အကြောင်းအရာကို ဆက်လက်ဖော်ပြရာတွင် စိမ့်စမ်းအေးက သူ၏ “ရာသီဥတု ပြောင်းလဲခြင်း နိုင်ငံရေးနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်သရုပ်ကိုဆောင်ခြင်းနှင့် စစ်တပ်အားဆန့်ကျင်ခြင်း” အမည်ရှိ ဆောင်းပါး၌ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးတို့သည် အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်နေသည့် တော်လှန်ရေး အင် အားစုများအတွက်လည်း မည်မျှအရေးကြီးကြောင်း ဆန်းစစ်ထားသည်။ ၎င်းက ဒစ်ဂျစ် တယ်လူ့အဖွဲ့အစည်းအခြေပြု လေ့လာသုံးသပ်မှု သုတေသနနည်းလမ်းဖြင့် ဤကဲ့သို့သော တစ်ဆစ်ချိုးအပြောင်းအလဲများနှင့် အာဏာလုပွဲများ96 ဖြစ်ပေါ်နေသည့် အခိုက်အတန့်တွင် အမျိုးသားညီညွတ်ရေးအစိုးရသည် ရာသီဥတုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ဆောင်ချက်များ ကို နိုင်ငံတော်အင်္ဂါရပ်နှင့်အညီ ဆောင်ရွက်နေကြောင်း ပြသရန်နှင့် နစက၏ အာဏာစက်ကို စိန်ခေါ်ရန်အတွက် မည်သို့အသုံးချနေသည်ကို ဖော်ပြထားသည်။97 စိမ့်စမ်းအေးသည် ကမ္ဘာ တစ်ဝန်းရှိ အစိုးရများကို ဆန့်ကျင်နေသော ဌာနေတိုင်းရင်းသား ဦးဆောင်သည့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေး လူမှုလှုပ်ရှားမှုများအကြောင်း ရေးသားထားသည့် စာပေများအပေါ် ထပ်ဆင့်ဖြည့်စွက်ရာတွင် အတိုက်အခံ ကြားဖြတ်အစိုးရများသည်လည်း ပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာ ကိစ္စရပ်များကို ခုခံတော်လှန်မှုဆိုင်ရာနိုင်ငံရေးအဖြစ် မည်သို့ရယူအသုံးချ ကြသည်ကို ပြသခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကို ဦးတည်၍ စာရေးသူက ထောက်ပြထားသည်မှာ ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် စတင်တည်ထောင်ကတည်းက အမျိုးသားညီညွတ်ရေးအစိုးရသည် မိမိကိုယ်ကို ဌာနေတိုင်းရင်းသား လူ့အဖွဲ့အစည်းများ အပါအဝင် ပြည်သူအားလုံး၏ အခွင့်အရေးများနှင့် အတူ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုဒဏ် ခံနိုင်ရည်ရှိရေးကို ဦးစားပေး သော လုပ်ငန်းများ ပုံမှန်လည်ပတ်နေသည့် စင်ပြိုင်အစိုးရအဖြစ် ပုံဖော်ရန် ကြိုးပမ်းခဲ့သည်ဟု ဆိုပါသည်။ ဤကဲ့သို့ နိုင်ငံတော်အင်္ဂါရပ်ကို ဖော်ဆောင်ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနသည် မိမိကိုယ်ကို နစကနှင့် လုံးလုံးလျားလျားဆန့်ကျင်ဘက်ဖြစ်ကြောင်း ပြောဆိုနေခြင်းပေါ် မူတည်နေကြောင်း စာရေး သူက ထောက်ပြထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်တပ်ကို နှစ်ရှည်လများ သဘာဝပတ်ဝန်းကျင် ပျက်စီးစေသော လုပ်ရပ်များအတွက်လည်းကောင်း၊ ပြည်သူတို့၏ ရာသီ ဥတုအကျပ်အတည်းအပေါ် ထိခိုက်လွယ်မှုကို ပိုမိုနက်ရှိုင်းစေသည့်အတွက် လည်းကောင်း ပြစ်တင်ဝေဖန်လေ့ရှိသည်။

နောက်ထပ် ဆောင်းပါးတစ်ပုဒ်ဖြစ်သည့် “ခလယ်လွီထူဒေသရှိ ထပ်တလဲလဲဖြစ်ပေါ် သော တစ်ဆစ်ချိုးအပြောင်းအလဲများ၊ နေ့စဉ်ဘဝမှ နာတာရှည်အကျပ်အတည်း၊ ပဋိပက္ခနှင့် ရာသီဥတုပြောင်းလဲမှု” တွင် စာရေးသူစောနယ်ဒုဒါးက ပြည်သူတို့၏ ရာသီဥတု ဒဏ်ခံနိုင်ရည် မရှိမှုနှင့် နှစ်ရှည်လများ ဖြစ်ပွားနေသော အကြမ်းဖက်မှုသံသရာ သမိုင်းကြောင်းတို့အကြား ဆက်စပ်မှုကို နားလည်ရန် အရေးကြီးပုံကို မီးမောင်းထိုးပြထားသည်။ ပဲခူးတိုင်းအရှေ့ခြမ်းရှိ ကရင်လူ့အဖွဲ့အစည်းများအတွင်း ကွင်းဆင်းလေ့လာခဲ့သည့် လူ့အဖွဲ့အစည်းအခြေပြုသုတေ သနအပေါ် အခြေခံ၍ မြန်မာပြည်နှင့် ကေအန်ယူတို့အကြား ရှည်လျားလှသော နယ်ခြားဒေသ များတွင် ယခုအခါ တိုက်ပွဲများ ပြင်းထန်စွာ ခံစားနေရသည့် လူ့အဖွဲ့အစည်းများ၏ ကြီးမား လှသော ရုန်းကန်ရမှုများကို ကွက်ကွက်ကွင်းကွင်း ပုံဖော်ထားသည်။ စောနယ်ဒုဒါးက “ထပ်တ လဲလဲဖြစ်ပေါ်သော တစ်ဆစ်ချိုးအပြောင်းအလဲများ” ဟု ခေါ်ဆိုသည့် အယူအဆမှတစ်ဆင့် လက်ရှိတစ်ဆစ်ချိုး အပြောင်းအလဲအတွင်း ပြည်သူများ အနေဖြင့် ရာသီဥတုပြောင်းလဲမှုနှင့် ပဋိပက္ခဒဏ်ကို မတွန်းလှန်နိုင်ရခြင်းမှာ မြန်မာစစ်တပ်ထံမှ နှစ်ရှည်လများ ခံစားခဲ့ရသော အကြမ်းဖက်မှု အတွေ့အကြုံများတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေပုံကို ဖော်ပြထားသည်။ ကျေးရွာနှစ်ရွာကို လေ့လာမှုနယ်အဖြစ် အသုံးပြုကာ လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်းက ဆည်မြောင်းတာတမံ တည်ဆောက်မှု၏ ဆိုးကျိုးများနှင့် စားကျက်မြေများ ပျက်စီးဆုံးရှုံးမှုတို့ သည် ယနေ့တိုင် မည်သို့ရိုက်ခတ်နေဆဲဖြစ်သည်ကို သူက ဆန်းစစ်ထားသည်။ အဓိကအားဖြင့် တောင်သူလယ်သမားများ၏ ပြောပြချက်များကို ကိုးကား၍ စောနယ်ဒုဒါးက ထောက်ပြထား သည်မှာ ကရင်ပြည်သူများနှင့် ၎င်းတို့၏ မြေယာများအပေါ် ကျရောက်ခဲ့သော ယခင်က နိုင်ငံတော်အကြမ်းဖက်မှု အတွေ့အကြုံများကြောင့် ယခုအခါ လူအများအပြားသည် ရိုးရာစိုက် ပျိုးရေးနည်းလမ်းများကို အားကိုး၍ မရတော့ဘဲ ကျေးရွာပြင်ပရှိ အခြားသော အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများသို့ အတင်းအကျပ် ကူးပြောင်းလုပ် ကိုင်နေကြရသည်။ ၎င်းအချက်သည် လူ့အဖွဲ့အစည်းနှင့် လူမှုဘဝအပေါ်တွင် နက်ရှိုင်းသော သက်ရောက်မှုများ ရှိနေပါသည်။

နောက်ထပ် ဆောင်းပါးတစ်ပုဒ်တွင် ဂျက်စတင်းချိန်းဘားစ်၊ စိမ့်စမ်းအေး၊ ဟယ်လင် မာရီယာကူး၊ အလင်းနှင့် နွေကံ့ကော်တို့သည် ၂၀၂၃ ခုနှစ်၊ မေလတွင် တိုက်ခတ်ခဲ့သော မိုခါ မုန်တိုင်းအပေါ် စင်ပြိုင်အာဏာပိုင်အဖွဲ့အစည်းများ၏ တုံ့ပြန်ပုံများကို လေ့လာထားပါသည်။98 ၎င်းတို့သည် အလွန်နက်ရှိုင်းသော တစ်ဆစ်ချိုးအပြောင်းအလဲကာလအတွင်း ‘သဘာဝဘေး အန္တရာယ်’ တစ်ခုကို မိမိတို့အကျိုးအတွက် အပြိုင်အဆိုင် ရယူအသုံးချခြင်းသည် အမျိုးမျိုး ကွဲပြားနေသော နိုင်တော်အပြိုင်တည်ဆောက်မှု ဖြစ်စဉ်တစ်ခုအဖြစ် မည်သို့ပေါ်ပေါက်လာ သည်ကို ဆန်းစစ်ထားကြသည်။ နိုင်ငံတော်တည်ဆောက်ပုံနှင့် နိုင်ငံတော်အင်္ဂါရပ်များ ပေါ်ပေါက်လာပုံဆိုင်ရာ မနုဿဗေဒစာပေများကို အခြေခံ၍99 နစက၊ အာရက္ခတပ်တော်နှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့သည် အဆိုပါ ပြင်းထန်သော မုန်တိုင်းကို တုံ့ပြန်ရာတွင် ၎င်းတို့၏ တရားဝင်မှုနှင့် အုပ်ချုပ်မှု စွမ်းဆောင်ရည်ကို သက်သေပြရန်အတွက် မည်သို့သော “နိုင်ငံ့အာဏာ ထုံးတမ်းအစဉ်အလာနှင့် လှုပ်ရှားမှုများ အသုံးပြုခဲ့ကြသည်ကို ခွဲခြမ်းစိတ်ဖြာ ထားပါသည်။ ၎င်းတို့၏ ခွဲခြမ်းစိတ်ဖြာချက်တွင် မိုခါမုန်တိုင်းအပေါ် ပြိုင်ဘက်များ၏ တုံ့ပြန် မှုများသည် “အာဏာဇာတ်ခုံ” တစ်ခုအဖြစ် ပြောင်းလဲသွားပုံကို ဖော်ပြထားသည်။ အထူး သဖြင့် စစ်ကောင်စီခေါင်းဆောင်များသည် ၎င်းတို့ကိုယ်ကို သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်နိုင်စွမ်းရှိပြီး တုံ့ပြန်နိုင်စွမ်းရှိသည့် ထိရောက်ပြီး တရားဝင်သော “နိုင်ငံတော် အင်အားစု” အဖြစ် ပေါ်လွင်စေရန် လူသိရှင်ကြား ကြေညာသည့် တုံ့ပြန်မှုများကို မည်သို့ အသုံး ချခဲ့သည်ကို မီးမောင်းထိုးပြထားပါသည်။ စစ်တပ်၏ ရက်ရောမှုနှင့် ကူညီကယ်ဆယ်ရေး ထိရောက်မှုတို့ကို ချီးကျူးဂုဏ်ပြုနေသည့် နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြချက်များနှင့် ဆန့်ကျင် ဘက်အနေဖြင့် စာရေးသူများသည် နိုင်ငံတော်ကဲ့သို့သော အုပ်ချုပ်ရေးအဖွဲ့အစည်းအားလုံး ၏ လျစ်လျူရှုခြင်းကို ခံခဲ့ရသည့် ရိုဟင်ဂျာဒုက္ခသည်များ ရင်ဆိုင်ခဲ့ရသော မြေပြင်ပကတိ အခြေအနေများကိုလည်း ထည့်သွင်းဆွေးနွေးထားပါသည်။

နောက်ဆုံးဆောင်းပါးဖြစ်သည့် “ထိခိုက်လွယ်မှုကို နိုင်ငံရေးနှင့်မဆိုင်သောအရာအဖြစ် ပြုခြင်းနှင့် ပဋိပက္ခအခြေအနေများအတွင်းရှိ ရာသီဥတုဆိုင်ရာ ဆောင်ရွက်ချက်များ၊ မြန်မာ နိုင်ငံအရှေ့တောင်ပိုင်းမှ ပြန်လည်ထင်ဟပ် သုံးသပ်ချက်များ” တွင် မာရီယန်းမော့စ်ဘာ့ဂ်က ပြည်သူတို့၏ ရာသီဥတုဒဏ် ခံစားရနိုင်ခြေနှင့် ယခင်က ကြုံတွေ့ခဲ့ရသော အကြမ်းဖက်မှု သို့မဟုတ် ရေရှည်လက်နက်ကိုင်ပဋိပက္ခတို့အကြား ရှင်းလင်းသော ဆက်နွှယ်မှုရှိနေသော် လည်း နိုင်ငံတော်အဆင့် ရာသီဥတုမူဝါဒများနှင့် လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက် သည့် ဗျူဟာများတွင် ဤအချက်များကို လျစ်လျူရှု ထိန်ချန်ထားလေ့ရှိကြောင်း ဖော်ပြထား သည်။ သူသည် ၂၀၁၀ ပြည့်နှစ်များအတွင်း မြန်မာနိုင်ငံ၏ တစ်ပိုင်းတစ်စအရပ်သားအစိုးရ လက်ထက်က ဖော်ဆောင်ခဲ့သော ရာသီဥတုမူဝါဒများနှင့် စီမံကိန်းများကို ဝေဖန်ဆန်းစစ်ခဲ့ သည်။ ထိုစဉ်က ရာသီဥတုစီမံကိန်းများသည် နိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားနေဆဲဖြစ်သော ပဋိပက္ခများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုဖြစ်စဉ်များမှ မည်သို့ကင်းကွာနေခဲ့ကြောင်းကို သူက ဖော်ထုတ်ပြသခဲ့သည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း အငြင်းပွားဖွယ်ဖြစ်ခဲ့သော ကုန်းမြေ မှသည် ပင်လယ်သန္တာကျောက်တန်းဆီသို့ စီမံကိန်း (Ridge to Reef project) စီမံကိန်းကို လေ့လာခြင်းဖြင့် နိုင်ငံတကာက ကျောထောက်နောက်ခံပြုထားသည့် ရာသီဥတုဆိုင်ရာ ရည်မှန်းချက်များပါသော ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များသည် ဒေသတွင်းရှိ သမိုင်းဝင်ပဋိပက္ခများကို လျစ်လျူရှုရုံသာမက လူမှုရေးဆိုင်ရာ မတရားမှုများကိုပါ ပိုမိုဆိုးရွား စေခဲ့ကြောင်း သူက ပြသခဲ့သည်။ ထို့ပြင် ၎င်းလုပ်ရပ်များသည် နိုင်ငံတော်အပေါ် ဒေသခံလူထု ၏ နှစ်ရှည်လများ နာကျည်းချက်များကိုလည်း ပိုမိုနက်ရှိုင်းစေခဲ့ သည်။ မြန်မာနိုင်ငံကဲ့သို့သော အခြေအနေမျိုးတွင် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်သည့် စီမံကိန်းများ ကို နည်းပညာသက်သက် သို့မဟုတ် နိုင်ငံရေးနှင့် မဆိုင်သော လုပ်ဆောင်ချက်များအဖြစ် ဘောင်သွင်းခြင်းသည် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခအရင်းခံ အကြောင်းတရားများကို ပိုမိုတွန်းအားပေးသလို ဖြစ်နိုင်သကဲ့သို့ ဒေသခံပြည်သူတို့၏ ရာသီ ဥတုဒဏ် ခံရနိုင်ခြေကိုလည်း ပိုမိုမြင့်မားစေနိုင်ကြောင်း စာရေးသူက ငြင်းဆိုထားပါသည်။ ဤစာစောင်တွင်ပါဝင်သော ဆောင်းပါးများသည် တစ်စောင်ချင်းစီအရသော်လည်း ကောင်း စုပေါင်း၍သော်လည်းကောင်း မြန်မာနိုင်ငံရှိ ပဋိပက္ခဒဏ်သင့် လူ့အဖွဲ့အစည်းများ၏ လက်တွေ့ဘဝ အတွေ့အကြုံများ၊ နိုင်ငံရေးတစ်ဆစ်ချိုးအပြောင်းအလဲနှင့် ရာသီဥတုပြောင်း လဲမှုတို့အကြားရှိ နက်ရှိုင်းပြီး ဘက်စုံကဏ္ဍစုံ ဆက်နွှယ်မှုများကို ဖော်ပြနေပါသည်။ ရှုထောင့် ပေါင်းစုံမှနေ၍ ရေးသားသူများသည် လက်ရှိနှင့် သမိုင်းဝင်ပဋိပက္ခဖြစ်စဉ်များသည် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများနှင့် မည်သို့ထိစပ်နေပြီး၊ ရာသီဥတုပြောင်းလဲမှုအပေါ် ဒေသခံတို့၏ အမြင်နှင့် တုံ့ပြန်နိုင်စွမ်းတို့ကို မည်သို့ပုံဖော်ပေးနေသည်ကို စူးစမ်းလေ့လာထားကြသည်။ ဤ ဆောင်းပါးများသည် ဒေသခံတို့၏ အတွေ့အကြုံများကို သီးခြားခွဲထုတ်ထားသော ပတ်ဝန်း ကျင်ဆိုင်ရာ ကိစ္စရပ်များအဖြစ် မရှုမြင်ဘဲ နှစ်ရှည်လများ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများ၊ နိုင်ငံတော်၏ ခေါင်းပုံဖြတ်မှုများနှင့် လူမှုရေးဆိုင်ရာ မတရားမှုများအတွင်း နက်ရှိုင်းစွာ အမြစ် တွယ်နေသော အရာများအဖြစ် နားလည်ရန် အရေးကြီးကြောင်း အလေးပေးဖော်ပြနေသည်။ စစ်တပ်၏ ထိန်းချုပ်မှုနှင့် စစ်ပွဲစီးပွားရေးများ၏ သက်ရောက်မှုများမှသည် ဒေသခံလူထု၏ ကြံ့ကြံ့ခံနိုင်စွမ်းနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ တက်ကြွလှုပ်ရှားမှုများအထိ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြတ်တောက်မှုများသည် ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ကျော်ဖြတ်နိုင်သည့် ပြည် သူတို့၏ စွမ်းဆောင်ရည်အပေါ် နည်းလမ်းမျိုးစုံဖြင့် ပုံဖော်ခဲ့ပုံကို ရေးသားသူများက မီးမောင်း ထိုးပြထားပါသည်။ ဤကဲ့သို့ အပြန်အလှန် ဆက်နွှယ်နေသော ရုန်းကန်မှုများကို စူးစမ်းခြင်း ဖြင့် ဤဆောင်းပါးများသည် ပဋိပက္ခ၊ အုပ်ချုပ်ရေးနှင့် ပတ်ဝန်းကျင်ပြောင်းလဲမှုတို့အကြားရှိ ရှုပ်ထွေးသော အပြန်အလှန်သက်ရောက်မှုများကို ထည့်သွင်းစဉ်းစားသော ပိုမိုနက်ရှိုင်းသည့် ရာသီဥတုဆိုင်ရာ ထိခိုက်လွယ်မှု နားလည်သဘောပေါက်မှုမျိုးရှိရန် တောင်းဆိုလိုက်ခြင်းပင် ဖြစ်ပါသည်။

အဆုံးမှတ်စုများ

1 Kyed & Chambers, 2023; Simpson & South 2021; South, 2024, p. 8.
2 Kim, 2024; Stockholm International Peace Research Institute, 2024, p. 2.
3 Rhoads, 2023; UN-HABITAT, 2024.
4 South, 2024, p. 9.
5 Horton et al., 2017.
6 South, 2024; Stockholm International Peace Research Institute, 2024.
7 South, 2024, pp. 9-10.
8 South, 2024, p. 10.
9 Kyed et al., 2026 [this issue]; Stockholm International Peace Research Institute, 2024, p. 2.
10 Nayt Thit, 2024.
11 Cowan, 2021; Erickson-Davis, 2021; Global Witness, 2024; Hein Thar, 2023; Luu, 2022; Simpson, 2024.
12 Dawei Watch, 2023.
13 Min Khant, 2024.
14 All Burma Indigenous Peoples Alliance, 2023; Kyed & Chambers, 2023; Naw Htee Ku & Hoffman, 2026 [this issue]; Simpson, 2024, pp. 150-151.
15 စစ်တပ်၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ၂၀၂၅ ခုနှစ်တွင် ဖျက်သိမ်းခဲ့ပြီးနောက် နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဖြင့် အစားထိုးဖွဲ့စည်းခဲ့သည်။ လက်တွေ့တွင် စစ်အုပ်ချုပ် ရေးစနစ်မှာ ကွာခြားချက် မရှိသ‌လောက်ပင်။
16 See Kyed et al. (2026) [this issue].
17 See Mosberg, 2026 [this issue].
18 Chambers & Kyed, 2024.
19 See Chambers et al. (2026) [this issue] and May Thiri (2026) [this issue].
20 Jolliffe, 2023; Michaels, 2024. နယ်မြေစိုးမိုးမှု အပိုင်းအခြားများသည် အမြဲပြောင်းလဲနေသည် ဟူသောအချက်ကို သတိပြုရန်လိုအပ်ပြီး ဒစ်ဂျစ်တယ်မြေပုံအများစုသည် မြေပြင်ရှိ ရှုပ်ထွေးလှသော ပဋိပက္ခအခင်းအကျင်းများကို တိကျမှန်ကန်စွာ ပုံဖော်ပြသနိုင်ခြင်း မရှိကြပေ။ အသေးစိတ်ကို Han Ya (2024) တွင် ဖတ်ရှုနိုင်ပါသည်။
21 Chambers & Kyed, 2024; Cowan, 2023; South, 2023.
22 UNESCO, 2024.
23 South, 2024.
24 Saint Sann Aye, 2026 [this issue].
25 Holbraad et al., 2019, p. 2.
26 Holbraad et al., 2019, p. 1.
27 Ide & Scheffran, 2014; Koubi, 2019; von Uexkull & Buhaug, 2021.
28 Vigh, 2008.
29 Danish Institute for International Studies, 2024.
30 Meskell & Pels, 2005.
31 Goldman at al., 2018.
32 Hsiang & Burg, 2013.
33 Witmer et al., 2017.
34 Eastin, 2018.
35 Siddiqi, 2022, p. 2.
36 Borras et al., 2020; Buhaug & von Uexkull, 2021; Wischnath & Buhaug, 2014.
37 Siddiqi, 2022.
38 Abel et al., 2019; Causevic, 2017; Huntjens & Nachbar, 2015; Ide & Scheffran, 2014; Mach, 2019.
39 Abrahams & Carr, 2017; Branch, 2018; Neef et al., 2023; Peters, 2021; Su & Gagné, 2019, p. 19.
40 Buhaug & von Uexkull, 2021.
41 Barbieri et al. (2017) ကိုလည်း ဖတ်ရှုပေးပါရန်။
42 Siddiqi, 2022, pp. 3-4.
43 အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) နှင့်ပတ်သက်၍ Su နှင့် Gagné (2019) တို့ ပြုစု ထားသော စာပေလေ့လာဆန်းစစ်ချက်ကိုလည်း နှိုင်းယှဉ်လေ့လာနိုင်ပါသည်။
44 Siddiqi, 2022, p. 4.
45 Mikulewicz, 2020; Nightingale, 2017; Sovacool 2018.
46 Borras et al., 2020; Dunlap et al., 2024; Fairhead et al., 2015; Nightingale, 2017
47 Branch, 2018. Kyed et al., 2026 [this issue] ကိုလည်း ဖတ်ရှုပေးပါရန်။
48 Abrahams & Carr, 2017; Goldman et al., 2018; Peluso & Watts, 2001; Siddiqi, 2022, pp. 3-6.
49 Holbraad et al., 2019, p. 1.
50 Mahanty et al., 2023.
51 Holbraad et al., 2019, pp. 1, 22.
52 ဤစကားရပ်များအတွက် ဉာဏ်ပြည်သစ်နှင့် MyCClimate သုတေသနအဖွဲ့ကို ကျေးဇူးတင်ရှိပါ သည်။
53 Holbraad et al., 2019.
54 Holbraad et al., 2019, p. 14.
55 Chambers & Cheesman, 2024. မြန်မာ့တော်လှန်ရေးအခြေအနေ” နှင့် ပတ်သက်၍ မကြာသေးမီက ထုတ်ဝေခဲ့သော အထူးထုတ်စာစောင်တစ်ခုတွင် စစ်အာဏာသိမ်းမှုကြောင့် လူငယ်များ (Chambers & Ner Dhu Da, 2024)၊ အမျိုးသမီးများ (Khin Khin Mra & Hedström, 2024)၊ တပ်မတော်သားဟောင်းများ (Kyed & Ah Lynn, 2024)၊ တရားဝင်အသိအမှတ်ပြု မခံရသည့် လူနည်း စုများ (Aung Ko Ko et al., 2024 ကိုကြည့်ပါ) နှင့် အခြားသောအုပ်စုများ၏ ဘဝများ မည်သို့ ပြောင်းလဲခဲ့ရကြောင်း ဆောင်းပါးများ ပါဝင်ပါသည်။
56 Holbraad, 2019, p. 21.
57 Cherstitch et al., 2020; El-Ghobashy, 2021.
58 Holbraad et al. 2019, p. 1.
59 Holbraad et al. 2019, pp. 1-2.
60 Holbraad, 2019, p. 22. Emphasis in original.
61 Chambers & Cheesman, 2024.
62 All Burma Indigenous Peoples Alliance, 2022; Sonam Lama Hyolmo, 2024.
63 See Jolliffe (2023) for example.
64 Lund, 2016.
65 Lund, 2016, p. 1202.
66 See May Thiri (2026) [this issue], Naw Htee Ku & Hoffmann (2026) [this issue] and Saint Sann Aye (2026) [this issue].
67 Kyed et al., 2026 [this issue].
68 Esther Wah, 2022; Kim, 2024; Thin Lei Win, 2022.
69 Rhoads & Wittekind, 2018, p. 172.
70 Sarma et al. (2022) and Saw Ner Dhu Da, (2026) [this issue] ကိုလည်း ဖတ်ရှုပေးပါရန်။
71 Jones, 2018; Sadan, 2016; Woods, 2011; 2021.
72 Faxon, 2021; Franco & Borras, 2019; Park, 2021; Woods, 2019; 2021; Woods & Naimark, 2020. Mosberg (2026) [this issue] ကိုလည်း ဖတ်ရှုပေးပါရန်။
73 Vigh, 2022.
74 Nixon, 2011.
75 Ahmann, 2018.
76 Gonda et al., 2023; Matthan, 2023; Paprocki, 2021; Shattuck et al., 2023; Sultana, 2022.
77 Mahanty et al., 2023.
78 Sturridge (2023, pp. 13-14) ကိုလည်း ဖတ်ရှုပေးပါရန်။
79 Chambers (2026) ကိုလည်း ဖတ်ရှုပေးပါရန်။
80 Nixon, 2011.
81 Sturridge (2023) ကိုလည်း ဖတ်ရှုပေးပါရန်။
82 Sturridge, 2023.
83 Lund, 2016.
84 Gidden, 2009.
85 Dunlap et al., 2024.
86 Lund, 2016.
87 Hansen & Stepputat, 2001. May Thiri (2026) [this issue]; Saint Sann Aye (2026) [this issue] ကိုလည်း ဖတ်ရှုပေးပါရန်။
88 Esther Wah, 2021; 2023.
89 Goldman et al., 2018, pp. 2-3.
90 Goldman et al., 2018.
91 Porcuna-Ferrer et al. (2023), Reyes-Garcías et al. (2024), Rosengren (2018), Salick et al. (2012) ကိုလည်း ဖတ်ရှုပေးပါရန်။
92 ချွင်းချက်အချို့မှာ Augsten et al. (2022), Branch (2018), Sturridge (2023) တို့ဖြစ်ကြသည်။
93 Augsten et al., 2022.
94 Pader, 2015.
95 Schnegg, 2021; Scoville-Simonds, 2018.
96 Lund, 2016.
97 Hansen & Stepputat, 2001.
98 Lund, 2016.
99 Geertz, 1980; Hansen & Stepputat, 2001.

ကိုးကားချက်များ

Abel, G. J., Brottrager, M., Crespo Cuaresma, J., & Muttarak, R. (2019). Climate, conflict and forced migration. Global Environmental Change, 54, 239–249.

Abrahams, D., & Carr, E. (2017). Understanding the connections between climate change and conflict: Contributions from geography and political ecology. Current Climate Change Reports, 3, 233–242.

Ahmann, C. (2018). ‘It’s Exhausting to Create an Event out of Nothing’: Slow Violence and the Manipulation of Time. Cultural Anthropology, 33(1), 142–171.

All Burma Indigenous Peoples Alliance. (2022). Caught Between the Coup and Climate Change: Indigenous Communities in Burma Continue their Struggle for Justice Amid Unprecedented Pressures.

All Burma Indigenous Peoples Alliance. (2023). No Freedom to Defend: Myanmar’s Environmental Defenders Continue to Fight for Environmental and Social Justice in the Face of Authoritarian Junta Control.

Augsten, L., Gagné, K., & Su, Y. (2022). The human dimensions of the climate risk and armed conflict nexus: a review article. Regional Environmental Change, 22(42).

Aung Ko Ko, Rhoads, E., Nan Tinilarwin, Win Bo Aung, & Yoon Thiri Khaing. (2024). Beyond Federalism? Inclusion, Citizenship, and Minorities Without Territory in Myanmar’s Spring Revolution. Journal of Contemporary Asia, 54(5), 938-961.

Barbieri, J., Riva, F., & Colombo, E. (2017). Cooking in refugee camps and informal settlements: A review of available technologies and impacts on the socio-economic and environmental perspective. Sustainable Energy Technologies and Assessments, 22, 194-207.

Borras, S. M., Franco, J. C., & Nam, Z. (2020). Climate Change and Land: Insights from Myanmar. World Development, 129, 3–36.

Branch, A. (2018). From Disaster to Devastation: Drought as War in Northern Uganda. Disasters, 42(S2), S306-S327.

Buhaug, H., & Von Uexkull, N. (2021). Vicious circles: violence, vulnerability, and climate change. Annual Review of Environment and Resources, 46(1), 545-568.

Causevic, A. (2017). Facing an unpredictable threat: Is NATO ideally placed to manage climate change as a nontraditional threat multiplier? Connections: The Quarterly Journal, 16(2), 59–80.

Chambers, J. (2026). Cultivating re-existence: Women’s care work and political placemaking on the Myanmar-Thai river border. The Journal of Peasant Studies. https://doi.org/10.1080/03066150.2026.2615210

Chambers, J., & Cheesman, N. (2024). Revolution and Solidarity in Myanmar. Journal of Contemporary Asia, 54(5), 741-758.

Chambers, J., & Kyed, H. M. (2024, May 22). Bridging the gap in climate change financing to violent conflict affected areas [Policy brief]. Danish Institute for International Studies. https://www.diis.dk/en/research/bridging-the-gap-in-climate-change-financing-to-violent-conflict-affected-areas

Chambers, J., & Ner Du Dah. (2024). “Living with” Revolution: The Everyday Experiences of Myanmar’s Generation Z Revolutionaries. Journal of Contemporary Asia, 54(5), 781-800.

Chambers, J., Saint Sann Aye, Kyed, H. M., Ah Lynn, & May Thiri. (2026). Cyclone Mocha as a Theater of Power: Competitive State-making in Post-coup, Climate-vulnerable Myanmar. Independent Journal of Burmese Scholarship, 7. https://ijbs.online/?page_id=5666

Cherstich, I., Holbraad, M., & Tassi, N. (2020). Anthropologies of Revolution: Forging Time, People, and Worlds. University of California Press.

Cowan, C. (2021, August 27). With Myanmar’s Press Muzzled, Experts Warn of Surge in Envrionmental Crimes. Mongabay. https://news.mongabay.com/2021/08/with-myanmars-press-muzzled-experts-warn-of-surge-in-environmental-crimes/

Cowan, C. (2023, May 15). Award-winning, Indigenous peace park dragged into fierce conflict in Myanmar. Mongabay. https://news.mongabay.com/2023/05/award-winning-indigenous-peace-park-dragged-into-fierce-conflict-in-myanmar/

Danish Institute for International Studies.(2024). MyCClimate – Myanmar. https://www.diis.dk/en/projects/mycclimate-myanmar-climate-actions-conflict-and-peacebuilding

Dawei Watch. (2023, October 2). Gold Mining devastating forest reserve in Myanmar’s South. Mekong Eye. https://www.mekongeye.com/2023/10/02/mining-myanmar-south/

Dunlap, A., Verweijen, J., & Tornel, C. (2024). The Political Ecologies of ‘Green’ Extractivism(s): Introduction. Journal of Political Ecology, 31(1), 436-463.

Eastin, J. (2018). Hell and high water: Precipitation shocks and conflict violence in the Philippines. Political Geography, 63, 116– 134.

El-Ghobashy, M. (2021). Bread and Freedom: Egypt’s Revolutionary Situation. Stanford University Press.

Erickson-Davis, M. (2021, June 25). Deforestation of Endangered Wildlife Habitat Continues to Surge in Southern Myanmar. Mongabay. https://news.mongabay.com/2021/06/deforestation-of-endangered-wildlife-habitat-continues-to-surge-in-southern-myanmar/

Esther Wah. (2021, September 27). Following Coup, Myanmar’s Indigenous Vow to Protect Forests “until the end of the world”. Mongabay. https://news.mongabay.com/2021/09/following-coup-myanmars-indigenous-vow-to-protect-forests-until-the-end-of-the-world-commentary/

Esther Wah. (2022, May 23). Losing the freedom to protect: The shattered dreams of environment defenders. Frontier Myanmar. https://www.frontiermyanmar.net/en/losing-the-freedom-to-protect-the-shattered-dreams-of-environment-defenders/

Esther Wah. (2023, September 11). Our Fight for the Forest – The Future of Indigenous Territories in the Wake of the Myanmar Coup. ICCA Consortium. https://www.iccaconsortium.org/2023/03/05/fight-for-the-forest-indigenous-territories-myanmar-coup/

Fairhead, J., Leach, M., Scoones, I. (2015). Green Grabbing: A New Appropriation of Nature. Routledge.

Faxon, H. (2021). After the Rice Frontier: Producing State and Ethnic Territory in Northwest Myanmar. Geopolitics, 28(1), 47-71.

Franco, J. C., & Borras, S. M. (2019). Grey Areas in Green Grabbing: Subtle and Indirect Interconnections Between Climate Change Politics and Land Grabs and Their Implications for Research. Land Use Policy, 84, 192–199.

Giddens, A. (2009). Politics of Climate Change. Polity.

Global Witness. (2024). Fuelling the Future, Poisoning the Present: Myanmar’s Rare Earth Boom. Global Witness. https://www.globalwitness.org/en/campaigns/natural-resource-governance/fuelling-the-future-poisoning-the-present-myanmars-rare-earth-boom/

Gonda, N., Flores, S., Casolo, J. J., & Nightingale, A. J. (2023). Resilience and Conflict: Rethinking Climate Resilience Through Indigenous Territorial Struggles. The Journal of Peasant Studies, 50(6), 2312-2338.

Hansen, T. B., & Stepputat, F. (2001). States of Imagination. Duke University Press.

Han Ya. (2024, May 8). Mapping Territorial Control in Post-Coup Myanmar: Flawed by Design? The Diplomat. https://thediplomat.com/2024/05/mapping-territorial-control-in-post-coup-myanmar-flawed-by-design/

Hein Thar. (2023, December 15). Poisoned Earth: Unregulated Mining Ravages Myanmar’s Deep South. Frontier Myanmar. https://www.frontiermyanmar.net/en/poisoned-earth-unregulated-mining-ravages-myanmars-deep-south/

Holbraad, M., Kapferer, B., & Sauma, J. F. (2019). Ruptures: Anthropologies of Discontinuity in Times of Turmoil. UCL Press.

Horton, R., De Mel, M., Peters, D., Lesk, C., Bartlett, R., Helsingen, H., Bader, D., Capizzi, P., Martin, S., & Rosenzweig, C. (2017). Assessing Climate Risk in Myanmar. Center for Climate Systems Research, Columbia University.

Huntjens, P., & Nachbar, K. (2015). Climate change as a threat multiplier for human disaster and conflict [Working paper]. The Hague Institute for Global Justice. https://www.thehagueinstituteforglobaljustice.org/wp-content/uploads/2015/10/working-Paper-9-climate-change-threat-multiplier.pdf

Hyolmo, S. L. (2024, February 26). Not waiting for the government, Myanmar’s Karen people register their own lands. Mongabay. https://news.mongabay.com/2024/02/not-waiting-for-the-government-myanmars-karen-people-register-their-own-lands/

Ide, T., & Scheffran, J. (2014). On climate conflict and cumulation: suggestions for integrative cumulation of knowledge in the research on climate change and violent conflict. Global Change, Peace and Security, 26(3), 263-279.

Jolliffe, K. (2023). Contested Political Authority in Post-Coup Myanmar. In J. Chambers & M. Dunford (Eds.), Myanmar in Crisis: Living with the Pandemic and the Coup (pp. 125-158). ISEAS-Yusof Ishak Institute.

Jones, L. (2018). Political Economy. In A. Simpson & I. Holliday (Eds.), Routledge Handbook of Contemporary Myanmar.Routledge.

Khin Khin Mra, & Hedström, J. (2024). ‘This Bra Protects Me Better than the Military’: Bodies and Protests in the Myanmar Spring Revolution. Journal of Contemporary Asia, 54(5), 759-780.

Kim, K. (2024). Concurrent Challenges of Conflict and Climate change in Myanmar. Georgetown Journal of International Affairs, 9. https://gjia.georgetown.edu/2024/06/09/concurrent-challenges-of-conflict-and-climate-change-in-myanmar/

Koubi, V. (2019). Climate Change and Conflict. Annual Review of Political Science, 22, 343-60.

Kyed, H. M., & Ah Lynn. (2024). Soldier Defection as a Revolutionary Strategy in Myanmar. Journal of Contemporary Asia, 54(5), 824-845.

Kyed, H. M., Ah Lynn, & Nyan Pyi Thit. (2026). Local Experiences and Perceptions of Climate Change During Myanmar’s Violent Rupture. Independent Journal of Burmese Scholarship, 7. https://ijbs.online/?page_id=5645

Kyed, H. M., & Chambers, J. (2023). Climate Change Actions in Conflict Affected Contexts: Insights from Myanmar after the Military Coup [Policy brief]. Danish Institute for International Studies.

Luu, J. S. (2022, April 25). Myanmar’s Gemstone Riches Bring Poverty and Environmental Destruction. Mongabay. https://news.mongabay.com/2022/04/analysis-myanmars-gemstone-riches-bring-poverty-and-environmental-destruction/

Lund, C. (2016). Rule and Rupture: state formation through the production of property and citizenship. Development and Change, 47(6), 1199–1228.

Mach, K. J., Kraan, C. M., Adger, W. N., Buhaug, H, Burke, M., Fearon, J. D., Field, C. B., Hendrix, C. S., Maystadt, J. F., O’Loughlin, J., Roesller, P., Scheffran, J., Schultz, K. A., & von Uexkull, N. (2019). Climate as a risk factor for armed conflict. Nature, 571, 193-199.

Mahanty, S., Milne, S., Barney, K., Dressler, W., Hirsch, P. & To, P. X. (2023). Rupture: Towards a Critical, Emplaced, and Experiential View of Nature-Society Crisis. Dialogues in Human Geography, 13(2), 177-196.

Matthan, T. (2023). Beyond Bad Weather: Climates of Uncertainty in Rural India. Journal of Peasant Studies, 50(1), 114-135.

May Thiri. (2026). Greening Dictatorship: The Military’s Appropriation of Climate Change. Independent Journal of Burmese Scholarship, 7. https://ijbs.online/?page_id=5653

Meskell, L., & Pels, P. (2005). Embedding Ethics: Shifting Boundaries of the Anthropological Profession. Berg.

Michaels, M. (2024). Myanmar’s Regime shrinks further towards the Centre. International Institute for Strategic Studies. https://myanmar.iiss.org/updates/2024-03

Mikulewicz, M. (2019). The Discursive Politics of Adaptation to Climate Change. Annals of the American Association of Geographers, 110(6), 1807-1830.

Min Khant. (2024, August 26). Guardians of Pat Chan: How River Conservation Thrived Before Myanmar’s Crisis. Mekong Eye. https://www.mekongeye.com/2024/08/26/pat-chan-conserv/

Mosberg, M. (2026). Depoliticizing Vulnerability & Climate Action in Conflict Contexts: Reflections from Southeast Myanmar. Independent Journal of Burmese Scholarship, 7. https://ijbs.online/?page_id=5670

Naw Htee Ku, & Hoffmann, K. (2026). Shifting Tides: Political Ruptures and Environmental Activism in Tanintharyi Region. Independent Journal of Burmese Scholarship, 7. https://ijbs.online/?page_id=5649

Nayt Thit. (2024, September 27). Airstrikes Trump Aid: Floods Expose Junta’s Attitude to Myanmar Populace. The Irrawaddy. https://www.irrawaddy.com/opinion/analysis/airstrikes-trump-aid-floods-expose-juntas-attitude-to-myanmar-populace.html

Neef, K., Jones, E., & Marlowe, J. 2023. The Conflict, Climate Change, and Displacement Nexus Revisited: The Protracted Rohingya Refugee Crisis in Bangladesh. Journal of Peacebuilding & Development, 18(3), 231-247.

Nightingale, A. J. (2017). Power and politics in climate change adaptation efforts: struggles over authority and recognition in the context of political instability. Geoforum, 84, 11-20.

Nixon, R. (2011). Slow Violence and the Environmentalism of the Poor. Harvard University Press.

Pader, E. (2015). Seeing with an Ethnographic Sensibility. In D. Yanow & P. Schwartz-Shea (Eds.), Interpretation and Method. Routledge.

Paprocki, K. (2021). Threatening Dystopias: The Global Politics of Climate Change Adaptation in Bangladesh. Cornell University Press.

Park, C. M. Y. (2021). Gender and generation in rural politics in Myanmar: A missed space for (re)negotiation? Journal of Peasant Studies, 48(3), 560-585.

Peluso, N. L., & Watts, M. J. (Eds.). (2001). Violent Environments. Cornell University Press.

Peters, L. E. R. (2021). Beyond disaster vulnerabilities: An empirical investigation of the causal pathways linking conflict to disaster risks. International Journal of Disaster Risk Reduction, 55, 102092.

Porcuna-Ferrer, A., Calvet-Mir, L., Guillerminet, T., Alvarez-Fernandez, S., Labeyrie, V., Porcuna-Ferrer, E., & Reyes-García, V. (2023). “So many things have changed”: Situated understandings of climate change impacts among the Bassari, south-eastern Senegal. Environmental Science & Policy, 148, 103552.

Reyes-García, V., García-Del-Amo, D., Porcuna-Ferrer, A., Schlingmann, A., Abazeri, M., Attoh, E. M., & Torrents-Ticó, M. (2024). Local studies provide a global perspective of the impacts of climate change on Indigenous Peoples and local communities. Sustainable Earth Reviews, 7(1), 1-11.

Rhoads, E. (2023). Property, Citizenship, and Invisible Dispossession in Myanmar’s Urban Frontier. Geopolitics, 28, 122-155.

Rhoads, E. & Wittekind, C. T. (2018). Rethinking Land and Property in a “Transitioning” Myanmar: Representations of Isolation, Neglect, and Natural Decline. Journal of Burma Studies, 22(2), 171-213.

Rosengren, D. (2018). Science, knowledge and belief: On local understandings of weather and climate change in Amazonia. Ethnos, 83(4), 607-623.

Sadan, M. (2016). War and Peace in the Borderlands of Myanmar: The Kachin Ceasefire, 1994–2011. University of Hawai’i Press.

Saint Sann Aye. (2026). Climate Change Politics and the National Unity Government: Performing the State and Resisting the Military. Independent Journal of Burmese Scholarship, 7. https://ijbs.online/?page_id=5657

Salick, J., Byg, A., & Bauer, K. (2012). Contemporary Tibetan Cosmology of Climate Change. Journal for the Study of Religion, Nature & Culture, 6(4), 447-476.

Sarma, J., Faxon, H., & Roberts, K. (2022). Remaking and Living with Resource Frontiers: Insights from Myanmar and Beyond. Geopolitics, 28(1), 1-22.

Saw Ner Dhu Da. (2026). Episodic Rupture in Klerlweehtu: Chronic Crisis, Conflict, and Climate Change in Everyday Life. Independent Journal of Burmese Scholarship, 7. https://ijbs.online/?page_id=5661

Schnegg, M. (2021). Ontologies of climate change: Reconciling indigenous and scientific explanations for the lack of rain in Namibia. American Ethnologist, 48(3), 260–273.

Scoville-Simonds, M. (2018). Climate, the Earth, and God–Entangled narratives of cultural and climatic change in the Peruvian Andes. World Development, 110, 345-359.

Simpson, A. (2023). Natural Resource Governance and the Environment: Unrestrained Exploitation under Authoritarianism. In A. Simpson & N. Farrelly (Eds.), Myanmar: Politics, Economy and Society (pp. 139-156). Routledge.

Sturridge, C. (2023). Living with climate change, conflict and displacement: Recognising agency, voice, mobility, language and linkages [Policy brief]. ODI.

Shattuck, A., Grajales, J., Jacobs, R., Sauer, S., Galvin, S., & Hall, R. (2023). Life on the land: new lives for agrarian questions. Journal of Peasant Studies, 50(2), 490-518.

Siddiqi, A. (2022). The missing subject: Enabling a postcolonial future for climate conflict research. Geography Compass, 16(5), e12622.

Simpson, A., & South, A. (2021). Evolving climate change governance in Myanmar: Limitations and opportunities in a political crisis. In J. Marquardt, L. L. Delina, & M. Smits (Eds.), Governing Climate Change in Southeast Asia: Critical Perspectives (pp. 112-132). Routledge.

Stockholm International Peace Research Institute. (2024). Myanmar: Climate, Peace and Security Fact Sheet. https://www.sipri.org/sites/default/files/2024-05/01_sipri-nupi_fact_sheet_myanmar_may_0.pdf

South, A. (2023). Conflict, Complexity and Climate Change. Emergent Federal Systems and Resilience in post-coup Myanmar. Wanida Press.

South, A. (2024). Towards a Green New Deal for Myanmar? Climate Change Challenges and Opportunities Since the Coup. NRM. Conflict Analysis and Research Facility.

Sovacool, B. (2018). Bamboo Beating Bandits: Conflict, inequality, and vulnerability in the political ecology of climate change adaptation in Bangladesh. World Development, 102, 183-194.

Su, Y., & Gagné, K. (2019, May 17). Understanding and responding to the combined impact of climate change and armed conflict on people’s live: a literature review, prepared for the ICRC.

Sultana, F. (2022). The Unbearable Heaviness of Climate Coloniality. Political Geography, 99, 102638.

Thin Lei Win. (2022, May 6). Environment Ignored as Myanmar Struggles with Coup. Dialogue Earth. https://dialogue.earth/en/nature/environment-ignored-as-myanmar-struggles-with-coup/

UNESCO. (2024, December 11). Thawthi Taw-Oo Indigenous Park (TTIP). https://www.unesco.org/en/articles/thawthi-taw-oo-indigenous-park-ttip

UN-HABITAT. (2024, August 2). Severe Flooding hits Myanmar: Climate Change Takes a Toll. https://fukuoka.unhabitat.org/en/information/news/7114

Vigh, H. (2008). Crisis and chronicity: Anthropological perspectives on continuous conflict and decline. Ethnos, 73(1), 5–24.

Vigh, H. (2022). Slow Crisis in Bissau & Beyond. Global Discourse, 12(3), 522-536.

Von Uexkull, N. (2021). Security Implications of Climate Change: A Decade of Scientific Progress. Journal of Peace Research, 58(1), 3-17.

Wischnath, G., & Buhaug, H. (2014). On Climate Variability and Civil War in Asia. Climatic Change, 122(4), 709–721.

Witmer, F. D., Linke, A. M., O’Loughlin, J., Gettelman, A., & Laing, A. (2017). Subnational violent conflict forecasts for Sub-Saharan Africa, 2015–65, using climate-sensitive models. Journal of Peace Research, 54(2), 175–192.

Woods, K. (2011). Ceasefire Capitalism: Military-Private Partnerships, Resource Concessions and Military-State Building in the Burma-China Borderlands. Journal of Peasant Studies, 38(4), 747-770.

Woods, K. (2019). Green territoriality: Conservation as state territorialization in a resource frontier. Human Ecology, 47(2), 217-232.

Woods, K. (2021). Rebel Territory in a Resource Frontier: Commodification and Spatialized Orders of Rule in Tanintharyi Region, Myanmar. Geoforum, 124, 371-380. Woods, K., & Naimark, J. (2020). Conservation as Counterinsurgency: A Case of Ceasefire in a Rebel Forest in Southeast Myanmar, Political Geography, 83(102251), 1-11.