ထိခိုက်လွယ်မှုကို နိုင်ငံရေးနှင့် မဆိုင်သယောင်ပြုခြင်းနှင့် ပဋိပက္ခအခြေအနေများအတွင်း ရာသီဥတုဆိုင်ရာဆောင်ရွက်ချက်များ မြန်မာပြည်အရှေ့တောင်ပိုင်းမှ သုံးသပ်ချက်များ

မာရီအန်းမော့စ်ဘာ့ဂ် | Click here to read this article in English.

Cite as: 
မာရီအန်းမော့စ်ဘာ့ဂ်၊ (၂၀၂၆)၊ ထိခိုက်လွယ်မှုကို နိုင်ငံရေးနှင့် မဆိုင်သယောင်ပြုခြင်းနှင့် ပဋိပက္ခအခြေအနေများအတွင်း ရာသီဥတုဆိုင်ရာဆောင်ရွက်ချက်များ မြန်မာပြည်အရှေ့တောင်ပိုင်းမှ သုံးသပ်ချက်များ၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ၇။ https://ijbs.online/?page_id=5672

အကျဉ်းချုပ်

ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရေးကို နည်းပညာပိုင်းဆိုင်ရာ၊ နိုင်ငံရေးကင်းလွတ်သော (နိုင်ငံရေးနှင့် သက်ဆိုင်မှု မရှိသော) ဖြစ်စဉ်တစ်ခုအဖြစ် မကြာခဏ ပုံဖော်လေ့ရှိသော်လည်း လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရေးဆိုင်ရာ မူဝါဒများနှင့် စီမံ ကိန်းများသည် လူမှုရေး မညီမျှမှုများကို ပိုမိုနက်ရှိုင်းစေကာ မတရားမှုများကို ဆက်လက် တည်တံ့စေပြီး ရှိရင်းစွဲ ပဋိပက္ခများကို ပိုမိုပြင်းထန်စေနိုင်သည်။ ဤစာတမ်းသည် ၂၀၁၈-၂၀၁၉ ခုနှစ်များတွင် နေရာဒေသအများအပြား၌ ကွင်းဆင်းလေ့လာမှုမှ ရရှိသော အတွင်းကျကျ တွေ့ဆုံမေးမြန်းမှုများနှင့် မူဝါဒပိုင်းဆိုင်ရာ ဝေဖန်ဆန်းစစ်လေ့လာမှုကို ပေါင်းစပ်အသုံးပြု၍ ၂၀၂၁ စစ်အာဏာသိမ်းမှု မတိုင်မီနှစ်များအတွင်း မြန်မာနိုင်ငံအရှေ့တောင်ပိုင်း၌ အပြင်းအထန် ဖြစ်ပွားသော ပဋိပက္ခ၊ ထိခိုက်လွယ်မှုနှင့် ရာသီဥတုဆိုင်ရာ ဆောင်ရွက်ချက်များ မည်သို့ အပြန် အလှန် သက်ရောက်ဆက်စပ်ခဲ့သည်ကို ဆန်းစစ်ထားသည်။ ကရင်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးရှိ ရာသီဥတုပြောင်းလဲမှုနှင့် ပဋိပက္ခဆိုင်ရာ ဖြတ်သန်းကြုံတွေ့ခဲ့ရသော ဘဝ အတွေ့အကြုံများကို ဆန်းစစ်ခြင်းဖြင့် ဤလေ့လာမှုသည် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အကြမ်းဖက်မှုက အသိုင်းအဝိုင်း၏ ကြံ့ကြံ့ခံနိုင်စွမ်းကို မည်သို့ ပျက်စီးစေသည်ကို မီးမောင်းထိုး ပြထားသည်။ ဤစာတမ်းက ရာသီဥတုဆိုင်ရာ ဆောင်ရွက်ချက်များကို နိုင်ငံရေးနှင့် ခွဲထုတ် ခြင်းသည် ပင်ကိုရှိရင်းစွဲ နိုင်ငံရေးဆိုင်ရာ အငြင်းပွားမှုများကို ဖုံးကွယ်ထားပြီး လူမှုရေးဆိုင်ရာ မတရားမှုများကို (ပြန်လည်) ဖြစ်ပေါ်စေကာ အရင်းခံ မကျေနပ်မှုများကို ဆက်လက်တည်တံ့ စေသည့် ကြားဝင်ဆောင်ရွက်မှုများကို တရားဝင်ဖြစ်စေနိုင်သည်ဟု ဝေဖန်တင်ပြထားသည်။ ဤတွေ့ရှိချက်များသည် ရာသီဥတုဆိုင်ရာ မူဝါဒများနှင့် စီမံကိန်းများတွင် ပဋိပက္ခဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများကို ပေါင်းစပ်ရန် လိုအပ်ချက်နှင့် တရားမျှတပြီး ထိရောက်သော လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရေး ကြိုးပမ်းမှုများကို သေချာစေရန် ရာသီဥတုဆိုင်ရာ တရားမျှတမှု၏ အခြေခံမူများကို ရာသီဥတုဆိုင်ရာ ဆောင်ရွက်ချက်များ၏ အဓိကဗဟိုတွင် ထားရှိရန် လိုအပ်ချက်ကို အလေးပေးဖော်ပြထားသည်။

နိဒါန်း

ဒေသခံများအနေဖြင့် ၎င်းတို့၏ဘဝများနှင့် အသက်ရှင်ရပ်တည်ရေးအတွက် များစွာသော အန္တရာ​ယ်များနှင့် ရင်ဆိုင်နေရပြီးဖြစ်သည့် ကြမ်းတမ်းသော ပဋိပက္ခဖြစ်ပွားနေသည့် အခြေ အနေများတွင် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများသည် အထူးသဖြင့်ပြင်းထန်စွာ ဖြစ်ပွားလေ့ရှိသည်။ သို့ပေကာမူ ပဋိပက္ခဆိုင်ရာ ထည့်သွင်းစဥ်းစားမှုများအား ရာသီဥတု ဆိုင်ရာ မူဝါဒများနှင့် လိုက်လျောညီထွေဖြစ်စေရန် နေထိုင်ရေး နည်းဗျူဟာများထဲတွင် ပေါင်းစပ်ထည့်သွင်းမှုပြုလုပ်သည်မှာ လွန်စွာမှရှားပါးသည်။1 ဤအချိတ်အဆက်မမိမှုကို မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်များအတွင်း၌ အရပ်သားတစ်ပိုင်းအစိုးရမှ ရာသီဥတုဆိုင်ရာ စီမံဆောင်ရွက်ချက်များကို အရှိန်အဟုန်မြှင့်တင်ပြီး အငြင်းပွားဖွယ် ငြိမ်းချမ်းရေးလုပ်ငန်းစဥ် အား ဆောင်ရွက်နေခဲ့စဥ်ကာလအတွင်းတွင် အထူးသဖြင့် ထင်ရှားစွာတွေ့မြင်ရသည်။ ဤ ဆယ်စုနှစ်အတွင်းတွင် အစိုးရမှ နိုင်ငံတော်အဆင့် ရာသီဥတုဆိုင်ရာမူဝါဒနှင့် နည်းဗျူဟာ ခုနှစ်ရပ်ဖန်တီးချမှတ်ခဲ့ပြီး တိုင်းပြည်အနေဖြင့် အမေရိကန်ဒေါ်လာ (၆ ဒသမ ၆)  ဘီလီယံ ထက်ကျော်လွန်သောပမာဏကို ရာသီဥတုဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဘဏ္ဍာငွေအဖြစ် ရရှိခဲ့ သည်။2 သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံအုပ်ချုပ်ရေးနှင့် သဘာဝအရင်းအမြစ်များအား ထိန်း ချုပ်မှုသည် တိုင်းပြည်၏ ပဋိပက္ခအခြေအနေများနှင့် နီးကပ်စွာဆက်နွှယ်လျက်ရှိသော်လည်း ရာသီဥတုဆိုင်ရာစီမံချက်များသည် ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဥ်မှ လုံးလုံးလျား လျား အချိတ်အဆက်ဖြတ်တောက်ခံထားခဲ့ရသည်။ သာဓကအားဖြင့် ဤကာလအတွင်း တာဝန်ထမ်းဆောင်ခဲ့သော မြန်မာအစိုးရများ၏ ရာသီဥတုဆိုင်ရာ မူဝါဒများတွင် နိုင်ငံ၏ နေရာဒေသများစွာ၌ ထိခိုက်လွယ်မှုအခြေအနေများကို ပုံဖော်နေသည့် အဓိကအကြောင်းရင်း များဖြစ်သော ဖြစ်ပွားနေဆဲ လက်နက်ကိုင်ပဋိပက္ခများ သို့မဟုတ် သိမ်မွေ့ပျက်စီးလွယ်သော ငြိမ်းချမ်းရေးဖြစ်စဉ်ကို လျစ်လျူရှုထားသလောက်နီးပါးသာ ရည်ညွှန်းခဲ့သည်။

ရာသီဥတုပြောင်းလဲမှု၏ နိုင်ငံရေး3နှင့် ရာသီဥတုဆိုင်ရာ ဆောင်ရွက်ချက်များကို နိုင်ငံ ရေးနှင့် ခွဲထုတ်ခြင်း4တို့ကို လေ့လာရာတွင် အသုံးဝင်သော ဝေဖန်ဆန်းစစ်သည့် လိုက်လျော ညီထွေဖြစ်အောင် နေထိုင်ရေးဆိုင်ရာ လေ့လာမှု စာပေများကို အခြေခံ၍、 ဤဆောင်းပါးတွင် ၂၀၁၀ ပြည့်နှစ်များ၏ “နိုင်ငံရေးပြုပြင်ပြောင်းလဲရေးခေတ်” အတွင်း မြန်မာနိုင်ငံ၏ ရာသီ ဥတုဆိုင်ရာ မူဝါဒများနှင့် တနင်္သာရီတိုင်းဒေသကြီးရှိ ရာသီဥတုနှင့်ဆက်စပ်သော စီမံကိန်း တစ်ခုတွင် ပဋိပက္ခဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများကို မည်သို့ ကိုင်တွယ်ဖြေရှင်းခဲ့သည် သို့မဟုတ် လျစ်လျူရှုခဲ့သည်ကို ဆန်းစစ်ထားသည်။ ၂၀၂၁ စစ်အာဏာသိမ်းမှု မတိုင်မီနှစ်များ အတွင်း ဤရာသီဥတုဆိုင်ရာ ဆောင်ရွက်ချက်များသည် ပဋိပက္ခအခြေအနေများနှင့် မည်သို့ အပြန်အလှန် သက်ရောက်ဆက်စပ်ခဲ့သည်ကိုလည်း စူးစမ်းလေ့လာထားသည်။ ဤဆန်းစစ် လေ့လာမှုကို ပိုမိုနက်ရှိုင်းစေရန် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းရှိ ကြာရှည်နေသော လက်နက် ကိုင်ပဋိပက္ခက ရာသီဥတုပြောင်းလဲမှုအပေါ် ထိခိုက်လွယ်မှုကို ဖြစ်ပေါ်စေရန် မည်သို့ အထောက်အကူပြုခဲ့သည်ကို စုံစမ်းစစ်ဆေးရန် သက်ဆိုးရှည်အကျပ်အတည်း (chronic crisis)5 နှင့်  တစ်ဆစ်ချိုးအပြောင်းအလဲ (rupture)6 ဟူသော သဘောတရားများကို အသုံးပြု ထားသည်။

ရာသီဥတုဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ပဋိပက္ခအသွားအလာများ ကြားမှ ဆက်စပ် ယှက်နွှယ်မှုများကို စူးစမ်းလေ့လာမှုပြုလုပ်ရန် ဤဆောင်းပါးအတွက် သုတေသနအား ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် မြန်မာစစ်တပ်အကြားဖြစ်ပွားနေသည့် ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်တည်နေရာဖြစ်သော ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း တို့တွင် အဓိကထားဆောင်ရွက်ထားသည်။ ၂၀၁၂ ခုနှစ်တွင် KNLA ၏ နိုင်ငံရေးအပိုင်း ဖြစ် သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ မြန်မာနိုင်ငံ၏ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (USDP) နှင့် နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို လက်မှတ်ထိုးခဲ့ပြီး ၎င်းသည် ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီမှုစာချုပ် (NCA) ဖြင့် ဆက်လက်သက်တမ်းတိုးခဲ့သည်။ ဤကဲ့သို့သဘောတူညီမှုများနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များတွင် KNU ၏ တက်ကြွစွာပါဝင်ဆောင်ရွက်မှုကြားကပင် နိုင်ငံရေး မကျေနပ်မှု များအား ဖြေရှင်းနိုင်ခဲ့ခြင်းမရှိဘဲ အပစ်အခတ်ရပ်စဲရေးကာလ အတွင်းတွင် မြန်မာနိုင်ငံ အရှေ့ တောင်ပိုင်းသည် ငြိမ်းချမ်းရေးနှင့် ဝေးကွာနေခဲ့ ဆဲဖြစ်သည်။7

သို့သော် ၂၀၁၀ ခုနှစ်များအတွင်း နိုင်ငံရေးအသွင်ပြောင်းလဲမှုများနှင့် အပစ်အခတ်ရပ်စဲ ရေးသဘောတူညီမှုများမှ ဇီဝမျိုးစုံမျိုးကွဲများနှင့် သစ်တောဧရိယာများကို ကာကွယ်ရန် ကြိုးပမ်းသော နိုင်ငံတကာအဖွဲ့အစည်းများ မြန်မာ နိုင်ငံအရှေ့တောင်ပိုင်းသို့ အလုံးအရင်းဖြင့် ဝင်ရောက်လာစေရန် စေ့ဆော်မှုပြုပေးနိုင်ခဲ့သည်။8 ၎င်းတို့အနက် အထင်ရှားဆုံး စီမံကိန်း များထဲမှ တစ်ခုမှာ ရာသီဥတုပြောင်းလဲမှုကို လျော့ပါးသက်သာစေရေးနှင့် လိုက်လျောညီထွေ ဖြစ်စေရေး ရည်ရွယ်ချက်များပါရှိသည့် ကြီးမားသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကမကထပြုမှုတစ်ခုဖြစ်သည့် “တောင်တန်းမှသည် သန္တာကျောက်တန်းဆီသို့၊ တနင်္သာရီ ဒေသရှိ ကာကွယ်စောင့်ရှောက်ထားသော ကုန်းမြေနှင့် ပင်လယ်ဧရိယာများကို ဘက်စုံပေါင်း စပ်စီမံခန့်ခွဲခြင်း” (ဤမှစ၍ “R2R” ဟုရည်ညွှန်းဖော်ပြမည့်) စီမံကိန်းဖြစ်သည်။ ဤစီမံကိန်း ကို နည်းပညာပိုင်းဆိုင်ရာနှင့် နိုင်ငံရေးကင်းလွတ်သော ကမကထပြုမှုတစ်ခုအဖြစ် ပုံဖော် ထားသော်လည်း ၎င်း၏ရည်ရွယ်ချက်မှာ တနင်္သာရီတိုင်းဒေသကြီး၏ သုံးပုံတစ်ပုံကို ဘက်စုံ ပေါင်းစပ် ကုန်းမြေနှင့် ပင်လယ်ဧရိယာ စီမံခန့်ခွဲမှုအစီအစဥ်အောက်တွင် ထားရှိခြင်းဖြင့် မြန်မာ အစိုးရ၏ အာဏာစက်ကို KNU ထိန်းချုပ်နယ်မြေများအတွင်းသို့ ထိထိရောက်ရောက် တိုးချဲ့ ရန်ဖြစ်သည်။ ဒေသတွင်းရှိ ဒေသခံပြည်သူလူထုများနှင့် အဓိကသက်ဆိုင်သူများထံ သတင်း အချက်အလက်ပေးမှုအားနည်းခြင်းနှင့် လုံလောက်သော ဆွေးနွေးတိုင်ပင်မှုများ မရှိသော ကြောင့် သိသာထင်ရှားသော စိုးရိမ်ပူပန်မှုများ ဖြစ်ပွားခဲ့သည်။ ၁၉၉၀ ပြည့်နှစ်များအတွင်း ပဋိပက္ခကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် ကရင်တိုင်းရင်းသား အသိုင်းအဝိုင်းများမှာ ၎င်းတို့၏ ဘိုးဘွားပိုင်မြေများသို့ ပြန်လည်အခြေချနိုင်ရေးနှင့် ရိုးရာအသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ကို ဆက်လက်လုပ်ကိုင်နိုင်ရေးတို့အတွက် အထူးသဖြင့် စိုးရိမ်ပူပန်ခဲ့ကြသည်။9

အရပ်ဘက်လူမှုအဖွဲ့အစည်း (CSO) အချို့နှင့် KNU တို့သည် အဆိုပါအစီအစဉ်ကြောင့် ထိခိုက်နစ်နာရမည့် အသိုင်းအဝိုင်းများကိုယ်စား နှိုးဆော်တိုက်တွန်းကာ စီမံကိန်းကို စုပေါင်း ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။10 ၂၀၁၈ ခုနှစ် စီမံကိန်း မစတင်မီလေးတွင် ဒေသခံ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ မဟာမိတ်အဖွဲ့တစ်ခုဖြစ်သော တနောသရီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ မဟာမိတ်ဖက်အဖွဲ့  (CAT) က စီမံကိန်း အကောင်အထည်ဖော်ဆောင် ရွက်သည့် အေဂျင်စီနှင့် အလှူရှင်ဖြစ်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ရန်ပုံငွေအဖွဲ့ (GEF) တို့ထံသို့ တရားဝင်တိုင်ကြားစာတစ်စောင် တင်သွင်းခဲ့သည်။ အဆိုပါတိုင်ကြားစာတွင် စီမံကိန်းသည် NCA ၏ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ကြောင်း၊ သိမ်မွေ့ပျက်စီးလွယ်သော ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အတွက် သိသာထင်ရှားသည့် စိန်ခေါ်မှုများ ဖြစ်ပေါ်စေကြောင်းနှင့် ထိခိုက်နစ်နာရမည့် ပြည်သူလူထု၏ အခွင့်အရေးများကို မျက်ကွယ်ပြုကြောင်း ဖော်ပြထား သည်။11 ထိုတိုင်ကြားစာကြောင့် စီမံကိန်းကို တရားဝင်ဆိုင်းငံ့ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ် ခဲ့ရာ ထိုစစ်ဆေးမှုများအရ လွတ်လပ်စွာ ကြိုတင်၍ သိရှိသဘောတူညီခွင့်ရရှိရန် လိုအပ်သည့် အဆင့်များကို ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်းနှင့် နိုင်ငံရေးနောက်ခံအခြေအနေကို လုံလောက် စွာ ထည့်သွင်းစဉ်းစားရန် ပျက်ကွက်ခဲ့ကြောင်းကို အတည်ပြုနိုင်ခဲ့သည်။12

ဤဖြစ်ရပ်သည် ၂၀၁၀ ပြည့်နှစ်များအတွင်း မြန်မာနိုင်ငံ၌ ရာသီဥတုဆိုင်ရာ ကမကထပြု မှုများနှင့် မပြေလည်သေးသော ပဋိပက္ခအခြေအနေများအကြားရှိ တင်းမာမှုများကို မီးမောင်း ထိုးပြနေပြီး ရာသီဥတုဆိုင်ရာ မူဝါဒများနှင့် စီမံကိန်းများက လက်ရှိပဋိပက္ခနှင့် ထိခိုက် လွယ်မှုတို့ကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းများကို မရည်ရွယ်ဘဲ မည်သို့ ပိုမိုနက်ရှိုင်းစေ နိုင်သည်ကိုပြသနေသည့် အရေးကြီးသော သာဓကတစ်ခုအဖြစ်လည်း ရှိနေသည်။ လိုက်လျော ညီထွေဖြစ်စေရေးနှင့် လျော့ပါးသက်သာစေရေး ကြိုးပမ်းမှုများကို နည်းပညာသက်သက် ကြိုးပမ်းဆောင်ရွက်မှုများအဖြစ် ပုံဖော်ခြင်းအားဖြင့် အဆိုပါ ကမကထပြုမှုများသည် ထိခိုက် လွယ်မှု၏ လူမှု-နိုင်ငံရေးဆိုင်ရာ အတိုင်းအတာများကို ဖုံးကွယ်ထားနိုင်ပြီး လက်ရှိပဋိပက္ခ များကိုလည်း မမြင်အောင် ပြုလုပ်ထားနိုင်သည်။ သို့သော်လည်း ပဋိပက္ခများကို မျက်ကွယ် ပြုလိုက်ရုံဖြင့် ၎င်းတို့က ပျောက်ကွယ်သွားမည်မဟုတ်ဘဲ ၎င်းနှင့် ဆန့်ကျင်ဘက်သာ ဖြစ်လာ နိုင်သည်။ နိုင်ငံရေးဆိုင်ရာ အငြင်းပွားမှုများကို လျစ်လျူရှုခြင်းသည် လူမှုရေးဆိုင်ရာ မတရား မှုများကို ဆက်လက်တည်တံ့စေကာ ပြည်သူလူထု၊ နယ်မြေနှင့် သယံဇာတများအပေါ် အစိုးရ၏ ထိန်းချုပ်မှုကို တိုးချဲ့စေပြီး အရင်းခံ မကျေနပ်မှုများကို မရည်ရွယ်ဘဲ ပိုမို ဆိုးရွားစေသည့် ရာသီဥတုဆိုင်ရာ ဆောင်ရွက်ချက်များကို တရားဝင်ဖြစ်စေကာ အားပေးမြှင့် တင်ရာ ရောက်နိုင်သည်။

သို့ဖြစ်ရာ ဤဆောင်းပါးပါ တွေ့ရှိချက်များက ရာသီဥတုပြောင်းလဲမှုကို လိုက်လျောညီ ထွေဖြစ်အောင် နေထိုင်ရေးသည် နိုင်ငံရေးကင်းလွတ်ပြီး နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်တစ်ခု ဖြစ်နိုင် သို့မဟုတ် ဖြစ်သင့်သည်ဟူသော အယူအဆကို စိန်ခေါ်လျက်ရှိသည်။13 ၎င်းအစား ဤဆောင်းပါးသည် ပဋိပက္ခသက်ရောက်မှုရှိသော အခြေအနေများတွင် ရာသီဥတုဆိုင်ရာ ဆောင်ရွက်ချက်များကို နိုင်ငံရေးနှင့် ခွဲထုတ်ခြင်း၏ အန္တရာယ်များကို အလေးပေးဖော်ပြ ထားပြီး ရာသီဥတုဆိုင်ရာ မူဝါဒများနှင့် စီမံကိန်းများကို ရေးဆွဲအကောင်အထည်ဖော်သည့် အခါ နိုင်ငံရေးဆိုင်ရာ အငြင်းပွားမှုများ၊ ပဋိပက္ခအခြေအနေများနှင့် လူမှုရေးတရားမျှတမှု ဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်းစဉ်းစားရန် လိုကြောင်းကိုလည်း မီးမောင်းထိုးပြထားသည်။

နောက်အခန်းတွင် ဤလေ့လာမှုကို ပဋိပက္ခသက်ရောက်မှုရှိသော အခြေအနေများ အတွင်းရှိ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ နိုင်ငံရေးနှင့် ထိခိုက်လွယ်မှုဆိုင်ရာ သီအိုရီပိုင်း ငြင်းခုံဆွေးနွေးချက်များ၏ ဘောင်အတွင်း၌ တည်ဆောက်သုံးသပ်သွားမည်ဖြစ်သည်။ ထို့နောက် လက်တွေ့ ကွင်းဆင်းလေ့လာမှုမှ တွေ့ရှိချက်များကို အပိုင်းသုံးပိုင်းခွဲ၍ မတင်ပြမီ ဤသုတေသနတွင် အသုံးပြုခဲ့သော နည်းစနစ်ပိုင်းဆိုင်ရာ ချဉ်းကပ်မှုကို အကျဉ်းချုံး ဖော်ပြပါ မည်။ ပထမဦးစွာ မြန်မာအစိုးရ၏ ရာသီဥတုဆိုင်ရာ မူဝါဒများက လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခအခြေအနေများကို ထည့်သွင်းစဉ်းစားခြင်းရှိ၊ မရှိနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်သော ထိခိုက်လွယ်မှုကို မည်သို့ပုံဖော်ခဲ့သည်ကို ဆန်းစစ်ပါမည်။ ဒုတိယအနေဖြင့် အစိုးရ မူဝါဒများ၏ ပုံဖော်မှုကို ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ ကျေးရွာလေးရွာမှ လက်တွေ့အခြေအနေများနှင့် နှိုင်းယှဉ်ပြခြင်းဖြင့် ထိခိုက်လွယ်မှုသည် လူမှု-နိုင်ငံရေးအရ မည်သို့ ဖြစ်ပေါ်လာသည်ကို အလေးပေးဖော်ပြပါမည်။ နောက်ဆုံးအနေဖြင့် ရာသီဥတုဆိုင်ရာ မူဝါဒများတွင် ဖော်ပြထားသည့် ရည်ရွယ်ချက်များနှင့်အညီ လုပ်ဆောင်သော ရာသီဥတုနှင့်  ဆက်စပ်သည့် ကမကထပြုမှုတစ်ခုက မြန်မာနိုင်ငံအရှေ့တောင်ပိုင်း၏ သိမ်မွေ့ပျက်စီးလွယ် သော အပစ်အခတ်ရပ်စဲရေး အခြေအနေအတွင်း မည်သို့ဖြစ်ပေါ်လာခဲ့သည်ကို စုံစမ်းလေ့လာ ရန် R2R စီမံကိန်းကို ဖြစ်ရပ်လေ့လာမှုအဖြစ် အသုံးပြုသွားမည်ဖြစ်သည်။

ပဋိပက္ခအခြေအနေများတွင် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ နိုင်ငံရေးနှင့် ထိခိုက်လွယ်မှု

ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်သော ထိခိုက်လွယ်မှုနှင့် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရေးသည် တန်းတူညီမျှမရှိသော အာဏာဖွဲ့စည်းပုံများ၊ အခွင့်အာဏာနှင့် အသိအမှတ်ပြုမှုအတွက် ရုန်းကန်ကြိုးပမ်းမှုများက ပုံဖော်သည့် နက်နဲသော လူမှု-နိုင်ငံရေးဆိုင်ရာ ဖြစ်စဉ်များဖြစ်သည်ဟူသော နားလည်မှုအပေါ် ဤသုတေသနက အခြေတည်ထားသည်။14 ဤအခြေခံယူဆချက်သည် ၂၀၀၀ ပြည့်နှစ်များအစောပိုင်းတွင် ပေါ်ပေါက်ခဲ့သော လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရေးကို နိုင်ငံရေးအမြင်ဖြင့် လေ့လာ ခြင်း နယ်ပယ်၌ အမြစ်တွယ်နေသည်။ အဆိုပါလေ့လာမှုနယ်ပယ်သည် ထိခိုက်လွယ်မှု၏ လူမှု-နိုင်ငံရေးဆိုင်ရာ အတိုင်းအတာများကို မျက်ကွယ်ပြုသည့် ဇီဝရုပ်ပိုင်းဆိုင်ရာနှင့် နည်းပညာ ပိုင်းဆိုင်ရာ ချဉ်းကပ်မှုများကို ဝေဖန်သုံးသပ်ရာမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။15 လိုက်လျော ညီထွေဖြစ်အောင် နေထိုင်ရေးကိုနိုင်ငံရေးအမြင်ဖြင့်လေ့လာခြင်း ပညာရပ်ကမူ လိုက်လျောညီ ထွေဖြစ်အောင် နေထိုင်ရေး ဖြစ်စဉ်များသည် တန်းတူညီမျှမရှိသော အာဏာဖွဲ့စည်းပုံများကို ပိုမိုခိုင်မာစေနိုင်ပုံ၊ မတရားမှုများကို ဆက်လက်တည်တံ့စေနိုင်ပုံနှင့် မှန်ကန်မှုမရှိသော လိုက်လျောညီမှုများ (maladaptive outcomes) ဆီသို့ ဦးတည်သွားစေနိုင်ပုံတို့ကို အလေးပေးဖော်ပြသည်။16

ဤနေရာတွင် ထိခိုက်လွယ်မှု (vulnerability) ကို အချိန်ကာလနှင့် နေရာဒေသ အတိုင်းအတာအမျိုးမျိုးတွင် ဖြစ်ပေါ်လည်ပတ်နေသော လူမှု-နိုင်ငံရေးဆိုင်ရာ ဖြစ်စဉ်များ၊ သမိုင်းတစ်လျှောက် အခြေအနေများနှင့် တန်းတူညီမျှမရှိသော အာဏာဖွဲ့စည်းပုံများ ပေါင်းစပ်မှုကြောင့် ရာသီဥတုပြောင်းလဲမှုနှင့် အခြားသော ဖိအားပေးသည့် အကြောင်း အရာများ17၏ ဆိုးကျိုးသက်ရောက်မှုကို ခံရနိုင်ခြေရှိသည့် အခြေအနေတစ်ရပ်အဖြစ် အယူ အဆသဘောတရားအရ သတ်မှတ်ထားသည်။18 ဤရှုထောင့်မှ ထိခိုက်လွယ်မှုသည် လူမှု-နိုင်ငံရေးအရ ဖန်တီးဖြစ်ပေါ်လာခြင်းဖြစ်ပြီး ဇီဝရုပ်ပိုင်းဆိုင်ရာ ရာသီဥတုဖြစ်စဉ်များနှင့် ထိတွေ့ရုံမျှဖြင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်တစ်ခု မဟုတ်ကြောင်းကို အလေးပေး ဖော်ပြနေသည်။ ရီဘော့က တိုတိုနှင့်လိုရင်း ထောက်ပြခဲ့သလိုပင် “ထိခိုက်လွယ်မှုဆိုသည်မှာ အလိုလိုနေရင်း ကောင်းကင်ပေါ်က ကျလာသည့်အရာ မဟုတ်ပါ။”19 ထိုသို့မဟုတ်ဘဲ မခီလူဝိဇ်က မီးမောင်းထိုးပြသကဲ့သို့ “ထိခိုက်လွယ်မှု၏ အခြေအမြစ်သည် နိုင်ငံရေးပင် ဖြစ်သည်”20။ ဤအချက်သည် စနစ်တကျရှိနေသော မညီမျှမှုများက လူတချို့ကို အခြား သူများထက် ပိုမိုထိခိုက်လွယ်သော အခြေအနေများသို့ မည်သို့ တွန်းပို့နေသည်ကို ထင်ဟပ် စေသည်။

လက်နက်ကိုင်ပဋိပက္ခများသည် စားနပ်ရိက္ခာဖူလုံမှု၊ လူမှု-စီးပွား အခြေအနေများ၊ ကျန်းမာရေးနှင့် ပညာရေးစနစ်များ၊ လူမှုအကာအကွယ်ပေးရေး အစီအစဉ်များ စသည်တို့ အပေါ် နက်ရှိုင်းသော သက်ရောက်မှုများ ရှိတတ်သောကြောင့် ၎င်းတို့ကို ရာသီဥတုပြောင်းလဲ မှုကြောင့်ဖြစ်သော ထိခိုက်လွယ်မှုကို ဖြစ်ပေါ်စေသည့် အဓိကတွန်းအားတစ်ခုအဖြစ် တဖြည်း ဖြည်း ပိုမိုအသိအမှတ်ပြုလာကြသည်။21 ဥပမာအားဖြင့် မေဆင်နှင့် အဖွဲ့က ဂါဇာတွင် ပြုလုပ်ခဲ့ သော အရည်အသွေးအခြေပြု သုတေသနတစ်ခုအရ ပါဝင်သူများက ၎င်းတို့၏ ထိခိုက်လွယ်မှု အပေါ် ရာသီဥတုဆိုင်ရာ အန္တရာယ်များထက် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခနှင့် ဆက်စပ် သော နိုင်ငံရေးဆုံးဖြတ်ချက်များ၏ သက်ရောက်မှုများက ပို၍ အဓိက ကျသည်ဟု ရှုမြင်ကြ ကြောင်း တွေ့ရှိရသည်။22 မေဆင်နှင့်အဖွဲ့၏ အဆိုအရ ဤအခြေအနေတွင် ရာသီဥတုပြောင်း လဲမှုကြောင့်ဖြစ်သော ထိခိုက်လွယ်မှုသည် “ဂါဇာကမ်းမြောင်ဒေသအပေါ် အစ္စရေး၏ ပိတ်ဆို့ အရေးယူမှုများနှင့် ဝိုင်းဝန်းပိတ်ဆို့ထားမှုတို့မှ ဖြစ်ပေါ်လာခြင်း သို့မဟုတ် ၎င်းတို့ကြောင့် ပိုမိုဆိုးရွားလာခြင်း” ဖြစ်သည်။23 အလားတူပင် ဖိလစ်ပိုင်နိုင်ငံ၊ မင်ဒါနာအိုဒေသတွင် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော လက်နက်ကိုင်ပဋိပက္ခသည် ထိခိုက်လွယ်မှုအပေါ် ကြာရှည်စွာ သက်ရောက်မှုများ ရှိခဲ့ကြောင်း ချန်ဒရာ နှင့် အဖွဲ့က တွေ့ရှိခဲ့သည်။24 ၎င်းတို့တွင် အာဟာရချို့တဲ့မှု၊ ပညာရေး ပြတ်တောက်မှု၊ ရိုးရာအသိပညာများ၊ လူမှု-ယဉ်ကျေးမှုဆိုင်ရာ ကျင့်ထုံးများနှင့် လူမှုအသိုက်အဝန်း စည်းလုံးညီညွတ်မှုတို့ တိုက်စား ပျက်စီးလာခြင်းများ ပါဝင်ပြီး ထိုအချက်များသည် ရာသီဥတုနှင့်ဆက်စပ်သော မူဝါဒများနှင့် စီမံကိန်းများတွင် မကြာခဏ မျက်ကွယ်ပြုခံရလေ့ရှိသည်။25

ဤဆောင်းပါးသည် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းရှိ နောက်ခံအခြေအနေအလိုက် ဖြစ် ပေါ်သော ထိခိုက်လွယ်မှုကို လေ့လာစူးစမ်းရာတွင် သက်ဆိုးရှည်အကျပ်အတည်း26 နှင့် တစ်ဆစ်ချိုးပြောင်းလဲမှု27 ဟူသော အယူအဆများကို အသုံးပြုခြင်းဖြင့် ထိခိုက်လွယ်မှုနှင့် ပဋိပက္ခဆိုင်ရာ တိုးပွားလာသော သုတေသနများကို အထောက်အကူပြုထားသည်။ ဗင်းဂ်ဟ် ၏ အဆိုအရ ကမ္ဘာ့နေရာအများအပြားတွင် အကျပ်အတည်းဆိုသည်မှာ သီးခြားဖြစ်ပေါ်သည့် သို့မဟုတ် အပိုင်းလိုက်ဖြစ်ပေါ်သည့် ဖြစ်ရပ်တစ်ခုမဟုတ်ဘဲ ဒေသတစ်ခုအတွင်း အမြစ် တွယ်နေပြီး သံသရာလည်နေသည့် အခြေအနေတစ်ခု ဖြစ်သည်။28 ထိုကဲ့သို့သော အခြေ အနေများတွင် အကျပ်အတည်းသည် ပဋိပက္ခများ ပြန်လည်ဖြစ်ပွားမည့်အန္တရာယ်နှင့် နိုင်ငံရေး မတည်ငြိမ်မှုတို့ အမြဲတစေ ရှိနေသည့် နာတာရှည်အခြေအနေတစ်ရပ် ဖြစ်လာသည်။29 သို့သော်လည်း အချို့ဖြစ်ရပ်များသည် အလွန်နက်ရှိုင်းသောကြောင့် တစ်ဆစ်ချိုး ပြောင်းလဲမှု  များ ဖြစ်ပေါ်စေသည်။ ဟိုးလ်ဘရက်ဒ်နှင့် အဖွဲ့က တစ်ဆစ်ချိုးပြောင်းလဲမှုကို လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ အခင်းအကျင်းများတွင် သိသာထင်ရှားသော အသွင်ပြောင်းလဲမှုများကို ဖြစ်ပေါ်စေသည့် “အခြေခံကျပြီး အင်အားသုံးရလေ့ရှိသော ဆက်တိုက်မဖြစ်မှုပုံစံတစ်ခု” ဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။30 မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့် ခဲ့သော လက်နက်ကိုင်ပဋိပက္ခနှင့် အာဏာရှင်အုပ်ချုပ်မှုတို့က သက်ဆိုးရှည်အကျပ်အတည်း တစ်ခုကို ဖန်တီးခဲ့ပြီး ၎င်းအကျပ်အတည်းအတွင်း တစ်ဆစ်ချိုးပြောင်းလဲမှုများလည်း ကြိုး ကြားကြိုးကြား ဖြစ်ပေါ်စေခဲ့သည်။ ဥပမာအားဖြင့် ဤလေ့လာမှု၏ သုတေသနပြုရာ တနင်္သာရီတိုင်းဒေသကြီးရှိ နေရာတစ်ခုဖြစ်သော ကစူးဖသောတွင် ၁၉၉၆-၁၉၉၇ ခုနှစ် အတွင်းက ဖြစ်ပွားခဲ့သော စစ်တပ်၏ထိုးစစ်သည် ဒေသဆိုင်ရာ လူမှုရေးနှင့် နိုင်ငံရေး အခြေ အနေများကို အခြေခံကျကျ ပြောင်းလဲစေခဲ့ပြီး ထိုကဲ့သို့သော တစ်ဆစ်ချိုးပြောင်းလဲမှုတစ်ခု၏ ရှင်းလင်းသော ဥပမာတစ်ခုအဖြစ် ရှိနေသည်။

ကူးနှင့် ချိန်းဘားစ်တို့၏ အဆိုနှင့်အညီ31 ဤဆောင်းပါးတွင် ရာသီဥတုပြောင်းလဲခြင်း ဆိုင်ရာ နိုင်ငံရေးကို အငြင်းပွားဖွယ်ရာ နိုင်ငံရေးအခင်းအကျင်းတစ်ခုတွင် အခွင့်အာဏာရရှိရန် ကြိုးပမ်းနေသော မတူညီသည့်ပုဂ္ဂိုလ်အဖွဲ့အစည်းများက အသုံးချသည့် ရာသီဥတု ပြောင်းလဲမှု နှင့် ဆက်စပ်သော အယူအဆစကားဝိုင်းအခင်းအကျင်းများ၊ မူဝါဒများနှင့် လုပ်ဆောင်ချက်များ အဖြစ် အယူအဆသဘောတရားအရ သတ်မှတ်ထားသည်။ ဤအခြေအနေတွင် ရာသီဥတု ဆိုင်ရာ ဆောင်ရွက်ချက်များကို ရာသီဥတုပြောင်းလဲမှုကို လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရေး နှင့်/သို့မဟုတ် လျော့ပါးသက်သာစေရေးကို ရည်ရွယ်သည့် တရားဝင် ပုံစံချ မှတ်ထားသော မူဝါဒများနှင့် စီမံကိန်းများဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။ ရာသီဥတုပြောင်းလဲခြင်း “အမည်ကို အသုံးပြု၍” ဆောင်ရွက်သော လုပ်ဆောင်ချက်များ၏ နိုင်ငံရေးဆိုင်ရာ အတိုင်း အတာများကို အလေးပေးခြင်းဖြင့် ဤရှုမြင်ပုံက အဆိုပါ ကမကထပြုမှုများသည် လူမှု-နိုင်ငံရေးဆိုင်ရာ လေဟာနယ်တစ်ခုအတွင်း ရေးဆွဲအကောင်အထည်ဖော်ခြင်း မဟုတ်ကြောင်း မီးမောင်းထိုးပြနေသည်။ ယင်းအစား ၎င်းတို့သည် လူမှုအဖွဲ့အစည်းဆိုင်ရာနှင့် သမိုင်းဆိုင်ရာ အခြေအနေများတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီး ထိခိုက်လွယ်မှု ပုံစံများကို ပုံဖော်ပေးကာ လူတစ်ဦးချင်းနှင့် အသိုင်းအဝိုင်းများက အပြောင်းအလဲကို မည်သို့ စီမံခန့်ခွဲသည်ကို လွှမ်းမိုးသည့် ပိုမိုကျယ်ပြန့်သော ဖွဲ့စည်းပုံဆိုင်ရာ အခြေအနေများအတွင်း နားလည်သဘော ပေါက်ရမည် ဖြစ်သည်။32 ဥပမာ ဇင်ဘာဘွေနိုင်ငံရှိ ရာသီဥတုဆိုင်ရာ ဆောင်ရွက်ချက်များ သည် နိုင်ငံတော်အဆင့်နိုင်ငံရေးနှင့် မည်သို့ ယှက်နွယ်လာပုံနှင့် နိုင်ငံသားများနှင့် နိုင်ငံ တော်အာဏာပိုင်များအကြား ဆက်ဆံရေးကို လွှမ်းမိုးခဲ့ပုံတို့ကို ဒေါ့ဒ်မန်း နှင့် မင့်တ်လင်းတို့က သရုပ်ဖော်ပြထားသည်။33 အလားတူပင် ဇမ်ဘီယာနိုင်ငံတွင် ရာသီဥတုဆိုင်ရာ ကမကထပြုမှု များသည် နိုင်ငံရေးအထက်တန်းလွှာများအတွက် သဘာဝသယံဇာတများအပေါ် အခွင့် အာဏာ သက်ရောက်စေရန်နှင့် ပြင်ပသက်ဆိုင်သူများထံ ၎င်းတို့ကိုယ်ကို မျက်နှာသာရအောင် တင်ပြရန် ကိရိယာတစ်ခုအဖြစ် မည်သို့အသုံးတော်ခံပုံကို ဖန်ဒါနှင့်အဖွဲ့က သရုပ်ဖော်ပြထား သည်။34 မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ဆည်များနှင့် ရာသီဥတုဒဏ်ခံနိုင်သော စိုက်ပျိုးရေး ကဲ့သို့သော နိုင်ငံတော်ဦးဆောင်သည့် ဖွံ့ဖြိုးရေးစီမံကိန်းများကို တရားဝင် ဖြစ်စေရန် ရာသီ ဥတုဆိုင်ရာ ရည်ရွယ်ချက်များကို အသုံးပြုခဲ့ကြောင်း ဘောရက်ဇ်နှင့်အဖွဲ့က တွေ့ရှိခဲ့ပြီး ၎င်းမှာ ရာသီဥတုဆိုင်ရာ ဆောင်ရွက်ချက်များနှင့် နိုင်ငံတော်နိုင်ငံရေးအကြား နီးကပ်သော ဆက်စပ်မှု ကို ပြသနေသည်။35

ဤရှုမြင်ပုံသည် အထူးသဖြင့် မူဝါဒချမှတ်သည့် ဖြစ်စဉ်များနှင့် ဖွံ့ဖြိုးရေးအကူအညီ များတွင် ရာသီဥတုဆိုင်ရာ ဆောင်ရွက်ချက်များကို နိုင်ငံရေးနှင့် ခွဲထုတ်လေ့ရှိမှုကို စိန်ခေါ်မှုပြု နေသည်။36 ဤဆောင်းပါးတွင် နိုင်ငံရေးနှင့် ခွဲထုတ်ခြင်း (depoliticization) ကို အကြောင်း အရာတစ်ခုအား နိုင်ငံရေးကင်းလွတ်ပြီး နည်းပညာပိုင်းဆိုင်ရာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ် တစ်ခုအဖြစ် ပုံဖော်ကာ ၎င်း၏ နိုင်ငံရေးနောက်ခံအခြေအနေမှ ဖယ်ထုတ်သည့် အယူအဆ စကားဆိုင်ရာ ဖြစ်စဉ်တစ်ခုအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။37 ဤအယူအဆသဘောတရား သတ်မှတ်ချက်သည် ရာသီဥတုပြောင်းလဲခြင်း၏ နိုင်ငံရေးဆန့်ကျင်မှု (anti-politics) သို့မ ဟုတ် နိုင်ငံရေးလွန်ဝါဒ (post-politics) ဆိုင်ရာ တိုးပွားလာသော စာပေများကိုလည်း အခြေ ခံထားသည်။38 Ferguson ၏ ထင်ရှားသော လက်ရာဖြစ်သည့် The Anti-Politics Machine39 စာအုပ်ကြောင့် လူသိများလာခဲ့သော နိုင်ငံရေးဆန့်ကျင်မှု အယူအဆသည် ဖွံ့ဖြိုး ရေးအကူအညီများက ကိစ္စရပ်များကို ၎င်းတို့၏ နိုင်ငံရေးနောက်ခံအခြေအနေများနှင့် သီးခြား ခွဲထုတ်ကာ နည်းပညာပိုင်းဆိုင်ရာ ပြဿနာများအဖြစ်သို့ လျှော့ချခြင်းဖြင့် နိုင်ငံရေးနှင့် မည်သို့ ခွဲထုတ်ပုံကို ဝေဖန်ထားသည်။ အလားတူပင် နိုင်ငံရေးဂေဟဗေဒနှင့် လူမှုပထဝီဝင်စာပေများမှ အစပြုခဲ့သော နိုင်ငံရေးလွန်ဝါဒ ရှုမြင်ပုံက နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များကို အများသဘောတူ ညီမှုဖြင့် စီမံခန့်ခွဲ အုပ်ချုပ်မှုအဖြစ်သို့ လျှော့ချခြင်းကို ဖော်ပြထားသည်။40

ဤဆောင်းပါးသည် ရာသီဥတုဆိုင်ရာ ဆောင်ရွက်ချက်များက ၎င်းတို့ ဖြေရှင်းရန် ရည်ရွယ်သည့် ပြဿနာများကိုပင် ပိုမိုဆိုးရွားစေနိုင်သည်ဟူသော အသိအမှတ်ပြုထားမှုအပေါ် တွင်လည်း အခြေခံထားသည်။ ၎င်းကို လိုက်လျောညီထွေမဖြစ်မှု (maladaptation) ဟု အများအားဖြင့် ရည်ညွှန်းကြသည်။41  ရှစ်ပါ ၏ အဆိုအရ လိုက်လျောညီထွေမဖြစ်မှုသည် ကိစ္စရပ်ဖြစ်ပေါ်ရာ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ နောက်ခံအခြေအနေများကို နက်နက်နဲနဲ နားလည်မှုမရှိသော ပြင်ပမှ ဆောင်ရွက်အကောင်ထည်ဖော်သူများက အကောင်အထည်ဖော် သည့် ဒီဇိုင်းညံ့ဖျင်းသော လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရေးဆိုင်ရာ ကြားဝင်ဆောင် ရွက်မှုများ၏ ရလဒ်တစ်ခုဖြစ်လေ့ရှိသည်ဟုဆိုသည်။42 အလားတူပင် အဲရစ်ခ်ဆင်နှင့်အဖွဲ့ ကလည်း သက်ဆိုင်သူများ တန်းတူညီမျှမရှိဘဲ ပါဝင်မှု “လိုက်လျောညီထွေဖြစ်အောင် နေထိုင် ရေးဆိုင်ရာ အောင်မြင်မှု” ဆိုသည်မှာ ဘာလဲဟု အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ဝေဖန်ဆန်းစစ်သည့် ချိတ်ဆက်ဆောင်ရွက်မှု အားနည်းမှု နှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရေးကို လက်ရှိ ဖွံ့ဖြိုးရေးဆိုင်ရာ ကမကထပြုမှုများတွင် အံဝင်ခွင်ကျဖြစ်အောင် ထည့်သွင်းလေ့ရှိမှုတို့သည် လိုက်လျောညီထွေမဖြစ်သည့် အကျိုးဆက်များ၏ အဓိက အရင်းအမြစ်များ ဖြစ်ကြသည်ဟု အခိုင်အမာဆိုထားသည်။43 သို့သော် လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးသက်ရောက်မှု များ ရှိနိုင်သည်မှာ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရေးဆိုင်ရာ ကြားဝင်ဆောင်ရွက်မှု များတစ်ခုတည်း မဟုတ်ပေ။ ထိခိုက်နစ်နာရသော အသိုင်းအဝိုင်းများ၏ သုခချမ်းသာကို မျက် ကွယ်ပြုသော သို့မဟုတ် ထိခိုက်စေသော သို့မဟုတ် ဒေသဆိုင်ရာ လက်တွေ့အခြေအနေများ ကို လျစ်လျူရှုသော ရာသီဥတုပြောင်းလဲမှုကို လျော့ပါးသက်သာစေရေး ကြိုးပမ်းမှုများသည် လည်း လျော့ပါးသက်သာစေမှုလွဲချော်ခြင်း (malmitigation) ကို ဖြစ်ပေါ်စေနိုင်သည်။44

ပဋိပက္ခအခြေအနေများတွင် ရာသီဥတုဆိုင်ရာ ဆောင်ရွက်ချက်များက လူမှု-နိုင်ငံရေး ဆိုင်ရာ ဆက်ဆံရေးများအပေါ် အထူးသဖြင့် ပြင်းထန်သော ဆိုးကျိုးသက်ရောက်မှုများ ရှိနိုင် သည်။ ပညာရှင်များက ရာသီဥတုပြောင်းလဲမှုကို လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရေးနှင့် လျော့ပါးသက်သာစေရေးဆိုင်ရာ ကြားဝင်ဆောင်ရွက်မှုများက လက်ရှိပဋိပက္ခများကို မရည် ရွယ်ဘဲ မည်သို့ ဖြစ်ပေါ်စေနိုင် သို့မဟုတ် ပိုမိုပြင်းထန်စေနိုင်သည်ကို မီးမောင်းထိုးပြခဲ့ကြ သည်။ ဥပမာအားဖြင့် ပတ်ဝန်းကျင်ဆိုင်ရာ အုပ်ချုပ်မှုတွင် အာဏာဆက်ဆံရေးများကို ပြောင်း လဲစေပြီး အခွင့်အာဏာ ပုံစံများကို ရွှေ့ပြောင်းစေခြင်း45၊ အချို့သော လူပုဂ္ဂိုလ်များ သို့မဟုတ် အုပ်စုများ၏ မြေယာနှင့် သဘာဝသယံဇာတများအပေါ် ရယူသုံးစွဲခွင့် သို့မဟုတ် ထိန်းချုပ် ခွင့်ကို ကန့်သတ်ခြင်း46၊ အခိုင်အမာတည်ရှိနေသော အဖွဲ့အစည်းများ သို့မဟုတ် အစဥ်အလာ အရပူးပေါင်းဆောင်ရွက်မှု ယန္တရားများကို အားနည်းစေခြင်း47၊ ဘေးဖယ်ထုတ်ခြင်းဆိုင်ရာ ဖြစ်စဉ်များကို အားဖြည့်ပေးခြင်း သို့မဟုတ် လက်ရှိဖြစ်ပေါ်နေသော အုပ်စုများအကြား မညီမျှ မှုများကို ပိုမိုဆိုးရွားစေခြင်း48၊ သို့မဟုတ် ယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးထားမှုများ သို့မဟုတ် နေရာဒေသဆိုင်ရာ တွယ်တာမှုများနှင့် ဆက်စပ်သော မကျေနပ်မှုများကို ပိုမိုနက်ရှိုင်းစေ ခြင်း49တို့ ဖြစ်စေနိုင်သည်။ သို့ဖြစ်ရာ ထိခိုက်လွယ်မှုနှင့် ရာသီဥတုဆိုင်ရာ ဆောင်ရွက်ချက် များကို ပိုမိုကျယ်ပြန့်သော လူမှု-နိုင်ငံရေးနှင့် သမိုင်းဆိုင်ရာ နောက်ခံအခြေအနေများအတွင်း နေရာချထားခြင်းဖြင့် ဤဆောင်းပါးသည် လူမှု-နိုင်ငံရေး နောက်ခံအခြေအနေနှင့် တရား မျှတမှုဆိုင်ရာ ကိစ္စရပ်များကို ကောင်းစွာ ထည့်သွင်းစဉ်းစားခြင်း မပြုပါက စေတနာကောင်း ဖြင့် ပြုလုပ်သော ကမကထပြုမှုများကပင် လူမှုရေးမညီမျှမှုများနှင့် ပဋိပက္ခများကို မရည် ရွယ်ဘဲ မည်သို့ ပိုမိုဆိုးရွားစေနိုင်သည်ကို မီးမောင်းထိုးပြထားသည်။

သုတေသနနည်းလမ်း

ဤဆောင်းပါးသည် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များအတွင်း မြန်မာနိုင်ငံရှိ နေရာဒေသအများ အပြားတွင် ကွင်းဆင်းလေ့လာမှုများ ပြုလုပ်စဉ် ဆောင်ရွက်ခဲ့သော နက်နဲကျယ်ပြန့်သည့် တွေ့ဆုံမေးမြန်းမှု (၁၄၇) ခုမှ ရရှိသည့် အတွေးအမြင်များနှင့် ရာသီဥတုဆိုင်ရာ မူဝါဒများနှင့် စီမံကိန်းဆိုင်ရာ စာရွက်စာတမ်းများကို ဝေဖန်ဆန်းစစ်လေ့လာမှုတို့အပေါ် အခြေခံထားသည်။ ကျွန်ုပ်၏ တွေ့ဆုံမေးမြန်းမှုများကို အမျိုးသားအဆင့် (ရန်ကုန်၊ နေပြည်တော်)၊ တိုင်းဒေသ ကြီး၊ ပြည်နယ်အဆင့် (ထားဝယ်၊ ဘားအံ) နှင့် ဒေသအဆင့် (ကရင်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးရှိ ကျေးရွာလေးရွာ) ဟူ၍ အဆင့်သုံးဆင့်ခွဲခြား ဆောင်ရွက်ခဲ့သည်။ တွေ့ဆုံ မေးမြန်းမှု အချို့ကိုမူ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့နှင့် နော်ဝေနိုင်ငံတို့တွင် ကျွန်ုပ်ရှိနေစဉ် အွန်လိုင်း မှတစ်ဆင့် ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံရှိ အမျိုးသားအဆင့်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်တွင် ကုလသမဂ္ဂ (UN) နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) မှ အဖွဲ့ဝင်များ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများ (CSOs) နှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများမှ အရပ်ဘက်လူမှုအဖွဲ့အစည်းဝင် များ၊ အစိုးရဝန်ထမ်းများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) ကိုယ်စားလှယ်များ၊ သံရုံးဝန်ထမ်းများ၊ နိုင်ငံတကာ အကြံပေးပုဂ္ဂိုလ်များနှင့် အတွေ့အကြုံရှိ သုတေသီများ အပါ အဝင် ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဆောင်သူများနှင့်အတူ ပုံစံတစ်ဝက်ကျ မေးမြန်းသည့် တွေ့ဆုံ မေးမြန်းမှုများ (semi-structured interviews)  ပြုလုပ်ခဲ့သည်။ ပါဝင်သူများကို ဆီးနှင်း ဘောလုံး နမူနာကောက်ယူနည်း (snowball sampling) နှင့် ပစ်မှတ်ထား ဆက်သွယ် မေးမြန်းခြင်းတို့ကို ပေါင်းစပ်အသုံးပြု၍ ရွေးချယ်ခဲ့သည်။ ပါဝင်သူအများစုမှာ အမျိုးသားများ ဖြစ်ကြသော်လည်း သုံးပုံတစ်ပုံခန့်မှာ အမျိုးသမီးများ ဖြစ်ကြပြီး ၎င်းတို့သည် စုံလင်ကွဲပြား သော အသက်မွေးဝမ်းကျောင်းနှင့် ယဉ်ကျေးမှု နောက်ခံများမှလာကြသူများ ဖြစ်သည်။ တွေ့ဆုံမေးမြန်းမှုများကို ပုံစံတစ်ဝက်ကျ မေးမြန်းသည့် လမ်းညွှန်ချက်များအတိုင်း စကားပြောဆိုသည့်ပုံစံဖြင့် ပျော့ပျောင်းမှုရှိစွာ ပြုလုပ်ခဲ့ပါသည်။

ဒေသအဆင့်တွင်မူ ကျေးရွာသားများ၊ ရပ်ရွာခေါင်းဆောင်များနှင့်အတူ ဘဝဇာတ် ကြောင်း ပြန်လည်ပြောပြသည့် တွေ့ဆုံမေးမြန်းမှုများ (life story narrative interviews) ကို ပြုလုပ်ခဲ့သည်။ ဤနည်းစနစ်သည် လူပုဂ္ဂိုလ်များ၏ ဖြတ်သန်းကြုံတွေ့ခဲ့ရသော ဘဝ အတွေ့အကြုံများနှင့် နေရာဒေသအလိုက် အခြေအနေအရ ဖြစ်ပေါ်လာသော အသိပညာတို့ကို ပိုမိုနက်ရှိုင်းစွာ နားလည်နိုင်စေခဲ့သည်။ ဤနည်းလမ်းသည် လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခ အခြေအနေနှင့် မြန်မာနိုင်ငံတွင် နိုင်ငံရေးအကြောင်းအရာများ ဆွေးနွေးရာ၌ ရှိသော သိမ်မွေ့ နူးညံ့သည့် အခြေအနေများတွင် အထူးသဖြင့် အသုံးဝင်ကြောင်း တွေ့ရှိခဲ့ရသည်။ ထို့အပြင် ဤနည်းလမ်းသည် ကြိုတင်သတ်မှတ်မထားသော အကြောင်းအရာများကို လေ့လာစူးစမ်းနိုင် စေခဲ့သည်။ တွေ့ဆုံမေးမြန်းခံရသူများကို အလွှာလိုက် နမူနာကောက်ယူနည်း (stratified sampling)၊ မဟာဗျူဟာမြောက် နမူနာကောက်ယူနည်း (strategic sampling) နှင့် အဆင်ပြေလွယ်ကူသည့် နမူနာကောက်ယူနည်း (convenience sampling) တို့ကို ရောနှော အသုံးပြု၍ ရွေးချယ်ခဲ့သည်။

သုတေသနပြုလုပ်ရာ နေရာဒေသများ ရွေးချယ်မှုကို အတိုင်းအတာအမျိုးမျိုးနှင့် သက်ဆိုင်သည့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ နိုင်ငံရေးကို လေ့လာလိုက်စားကာ ထိခိုက် လွယ်မှု အခြေအနေများကို ရှုထောင့်ပေါင်းစုံမှ နားလည်သဘောပေါက်လိုသည့် စိတ်ဆန္ဒမှ လမ်းညွှန်လုပ်ဆောင်ပေးခဲ့သည်။ ကျေးရွာလေးရွာဖြစ်သည့် (ကရင်ပြည်နယ်ရှိ မြစ်ရွာနှင့် သေ့ဖသောရွာ၊ တနင်္သာရီတိုင်းဒေသကြီးရှိ သောင်းရွာနှင့် ကစူးဖသောရွာ)50 တို့ကို ဆက်စပ် သက်ဆိုင်မှုနှင့် လက်တွေ့လုပ်ဆောင်ရန် လွယ်ကူမှုတို့အပေါ် အခြေခံ၍ ရွေးချယ်ခဲ့သည်။ ဤသို့ရွေးချယ်ခြင်းက ပဋိပက္ခ၊ ရာသီဥတုဆိုင်ရာ အန္တရာယ်များနှင့် ရာသီဥတုနှင့် ဆက်စပ် သော အကူအညီများဆိုင်ရာ အတွေ့အကြုံများ မတူညီကြသည့် အစိုးရထိန်းချုပ်နယ်မြေ များနှင့် ထိန်းချုပ်မှုရောထွေးနေသော နယ်မြေများတွင် တည်ရှိသော ကျေးရွာများအကြား ကွာခြားချက်များကို လေ့လာစူးစမ်းနိုင်စေခဲ့သည်။ လုံခြုံရေးအကြောင်းပြချက်များကြောင့် အမည်မဖော်ပြထားသော ဒေသခံ သုတေသနလက်ထောက်များသည် ဤစီမံကိန်းအတွက် အလွန်အရေးပါခဲ့သည်။ ၎င်းတို့သည် တွေ့ဆုံမေးမြန်းမှုများကို ဘာသာပြန်ပေးခြင်းဖြင့် ဆက် သွယ်ရေးကို လွယ်ကူချောမွေ့စေခဲ့ပြီး ကွင်းဆင်းလေ့လာရာတွင် ရှုပ်ထွေးသော လူမှု-နိုင်ငံရေး အခြေအနေများကို ကျော်လွှားနိုင်ရန် ကူညီပေးကာ ပါဝင်သူများ၏ တုံ့ပြန်ချက် များအပေါ် တန်ဖိုးရှိသော သုံးသပ်ချက်များနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို ပေးခဲ့ကြသည်။ ၎င်းတို့၏ ပံ့ပိုးကူညီမှုများက ဤသုတေသနကို အလွန်အနှစ်သာရပြည့်ဝစေခဲ့သည်။ ဤလေ့လာမှု၏ နည်းစနစ်နှင့် ကျင့်ဝတ်ဆိုင်ရာ စဉ်းစားသုံးသပ်ချက်များနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များအတွက် မော့စ်ဘာ့ဂ်၏ စာတမ်းကို ဖတ်ရှုကိုးကားနိုင်ပါသည်။51

မြန်မာနိုင်ငံ၏ ရာသီဥတုဆိုင်ရာ မူဝါဒများတွင် ပဋိပက္ခများကို မျက်ကွယ်ဖြစ်စေရန် လုပ်ဆောင်ထားခြင်း

၂၀၁၀ ပြည့်နှစ်များ၏ “နိုင်ငံရေးပြုပြင်ပြောင်းလဲရေးခေတ်” အတွင်း၊ မြန်မာနိုင်ငံ၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) (၂၀၁၁-၂၀၁၆) နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) (၂၀၁၆-၂၀၂၁) အစိုးရတို့သည် ပေါ်ပေါက်လာသော ရာသီဥတု အကျပ် အတည်းကို တုံ့ပြန်ရန်အတွက် အမျိုးသားအဆင့် မူဝါဒ ခုနစ်ရပ်ကို ရေးဆွဲခဲ့ကြသည်။52 ဤ ရာသီဥတုဆိုင်ရာ မူဝါဒများသည် သစ်တော၊ စိုက်ပျိုးရေးနှင့် စွမ်းအင်ကဏ္ဍများကို အဓိကထား အာရုံစိုက်ပြီး ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရေးနှင့် လျော့ပါးသက်သာစေရေး ကြိုးပမ်းမှုများနှင့် ပတ်သက်၍ ရှင်းလင်းသော ပစ်မှတ်များနှင့် မျှော်မှန်းချက်များကို ချမှတ်ခဲ့သည်။ ကာကွယ်စောင့်ရှောက်ထားသော ဧရိယာ များ တိုးချဲ့ခြင်းနှင့် ရေအားလျှပ်စစ်စွမ်းရည် တိုးမြှင့်ခြင်းကဲ့သို့သော မူဝါဒများတွင် ဖော်ပြထား သည့် ရည်မှန်းထားချက်အချို့မှာ အလွန်အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့သော်လည်း နိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်သည့် ရည်ညွှန်းဖော်ပြချက်များမှာမူ သိသိသာသာ ပျောက်ဆုံးနေခဲ့သည်။

မှတ်သားဖွယ်ရာအချက်မှာ မူဝါဒဆိုင်ရာ စာရွက်စာတမ်းများတွင် တစ်ခုမှ NCA၊ ကြား ဖြတ်ကာလ စီစဉ်ဆောင်ရွက်မှုများ သို့မဟုတ် ဆက်လက်ဖြစ်ပေါ်နေဆဲ ငြိမ်းချမ်းရေးဖြစ်စဉ် တို့ကို ဖော်ပြထားမှု မရှိခဲ့ခြင်း ဖြစ်သည်။ “ပဋိပက္ခ” ဟူသော စကားလုံးသည် စာရွက်စာတမ်း များတစ်လျှောက် ကြိုကြားကြိုကြားသာ ပါဝင်ခဲ့ပြီး မိရိုးဖလာငါးဖမ်းသမားများနှင့် ငါးဖမ်း သင်္ဘောကြီးများအကြား53၊ ပုစွန်မွေးမြူသူများနှင့် အခြားသော မြေယာနှင့် ရေအသုံးပြုသူများ အကြား54 နှင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် နေရပ်စွန့်ခွာရခြင်းနှင့် ဆက်စပ် နေသော ဖြစ်နိုင်ခြေရှိသည့် သယံဇာတဆိုင်ရာ ပဋိပက္ခများ55ကဲ့သို့သော ဒေသဆိုင်ရာ အငြင်းပွားမှုများကိုသာ ရည်ညွှန်းရာတွင် အသုံးပြုခဲ့သည်။ ထို့အပြင် နိုင်ငံ၏ ပဋိပက္ခ သက်ရောက်မှုရှိသော နေရာများတွင် ရာသီဥတုဆိုင်ရာ ဆောင်ရွက်ချက်များကို အကောင် အထည်ဖော်သည့်အခါ ပဋိပက္ခအခြေအနေကို သတိပြုကိုင်တွယ်ရန် လိုအပ်ချက် (conflict sensitivity) သို့မဟုတ် “ထိခိုက်မှုမရှိစေရ” (do no harm) ဟူသော ဆောင်ရွက်ချက် များနှင့် ပတ်သက်၍လည်း ဖော်ပြထားခြင်း မရှိခဲ့ပေ။ အရေးကြီးသည်မှာ ပဋိပက္ခကို ထိခိုက် လွယ်မှု၏ အဓိကတွန်းအားပေးသည့် အကြောင်းရင်းတစ်ခုအဖြစ်လည်း ဖော်ပြထားခြင်း မရှိခဲ့ခြင်း ဖြစ်သည်။

၎င်းအစား ရာသီဥတုဆိုင်ရာ မူဝါဒများက ရာသီဥတုပြောင်းလဲမှုကို (စီးပွားရေး) ဖွံ့ဖြိုး တိုးတက်မှုအတွက် အရေးပေါ်နှင့် ပြင်းထန်သော ပြင်ပခြိမ်းခြောက်မှုတစ်ခုအဖြစ် ပုံဖော်ခဲ့ပြီး ထိခိုက်လွယ်မှုကိုမူ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့နေမှုနှင့် ရာသီဥတုအပေါ် ထိခိုက်လွယ်သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို “အလွန်အမင်းမှီခိုခြင်း” တို့၏ အနာဂတ်တွင် ဖြစ် ပေါ်လာနိုင်သည့် အကျိုးဆက်တစ်ခုအဖြစ် ပုံဖော်ခဲ့သည်။ ရာသီဥတုဆိုင်ရာ မူဝါဒများက ကျန်းမာရေးစောင့်ရှောက်မှု ရရှိမှု အကန့်အသတ်ရှိခြင်းနှင့် ဆင်းရဲမွဲတေမှုနှုန်း မြင့်မားခြင်း56၊ မသန်စွမ်းကလေးသူငယ်များအပေါ် သက်ရောက်မှုရှိသော လူမှုစံနှုန်းများ၊ အမျိုးသမီးများ သဘာဝသယံဇာတများ ရယူသုံးစွဲခွင့်၊ မြေယာပိုင်ဆိုင်ခွင့်နှင့် ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ် များတွင် ပါဝင်ခွင့် အကန့်အသတ်ရှိခြင်း57ကဲ့သို့သော ထိခိုက်လွယ်မှုကို ဖြစ်ပေါ်စေသည့် အခြားသော တွန်းအားအချို့ကိုမူ အသိအမှတ်ပြုခဲ့သည်။ သို့သော်လည်း၊ ဤအချက်များသည် ထိတွေ့မှု၊ ရာသီဥတုအပေါ် ထိခိုက်လွယ်သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် တစ်ဦး ချင်းစီ၏ လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်စွမ်းတို့အပေါ် အလေးပေးမှုနှင့် နှိုင်းယှဉ် လျှင် သိသိသာသာ အာရုံစိုက်မှု နည်းပါးစွာ ရရှိခဲ့သည်။ အရေးကြီးသည်မှာ အဆိုပါ မူဝါဒ များသည် ဤဆောင်းပါး၏ နောက်အခန်းတွင် ဖော်ပြမည့် ထိခိုက်လွယ်မှု၏ လူမှု-နိုင်ငံရေး ဆိုင်ရာ တွန်းအားများကို မျက်ကွယ်ပြုခဲ့ခြင်း ဖြစ်သည်။

ဤမူဝါဒများတွင် ပဋိပက္ခကို အထူးအာရုံစိုက်မှု မရရှိသည့်အရာတစ်ခုအဖြစ် အဓိက အကြောင်းအရာအဖြစ်ဘောင်သွင်း သတ်မှတ်ထားသည့်အရာ၏ လက်အောက်သို့ ရောက် စေကာ “မူဘောင်အပြင်ဘက်” တွင် ထားရှိခဲ့သည်ဟု ထင်ရသည်။58 မူဝါဒရေးဆွဲသည့် လုပ် ငန်းစဉ်များတွင် ပါဝင်ခဲ့သူများနှင့် တွေ့ဆုံမေးမြန်းမှုများအရ ပဋိပက္ခနှင့်ဆက်စပ်သော ကိစ္စရပ်များကို ဤသို့ မျက်ကွယ်ပြုခြင်းသည် ရေးဆွဲသည့် လုပ်ငန်းစဉ်များတွင် နည်းပညာ ရှင်များသာ ဦးဆောင်သည့် သဘောသဘာဝနှင့် အဓိကမူဝါဒဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံရေး နှင့် ခွဲထုတ်၍ ပုံဖော်သည့် နည်းလမ်းများကြောင့် ဖြစ်သည်ဟု ညွှန်ပြနေသည်။ ဤ ရာသီဥတုဆိုင်ရာ မူဝါဒများထဲမှ တစ်ခုကို ရေးဆွဲသည့်အဖွဲ့တွင် ပါဝင်ခဲ့သူ ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဆောင်သူတစ်ဦးနှင့် တွေ့ဆုံမေးမြန်းရာတွင် မူဝါဒရေးဆွဲစဉ် ပဋိပက္ခများ သို့မဟုတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဆွေးနွေးမှုများ ရှိခဲ့သလားဟု ကျွန်ုပ်က မေးမြန်းခဲ့ သည်။ “မရှိခဲ့ပါဘူး” ဟု ၎င်းက ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက် အစိုးရထိန်းချုပ်မှု အောက်တွင် မရှိသော နယ်မြေများနှင့် ပတ်သက်၍ မည်သို့စဉ်းစားရမည်ကို ဆွေးနွေးမှုများ ရှိခဲ့သလားဟု ကျွန်ုပ်က ဆက်လက်မေးမြန်းခဲ့ရာ သူက ဤသို့ပြန်ဖြေသည်။ “အိုး… မရှိပါဘူး၊ အဲဒီအကြောင်း လုံးဝဆွေးနွေးခဲ့တာ မရှိပါဘူး။ ပြောတောင် မပြောခဲ့ကြဘူး။ ကျွန်တော် ထင် တာကတော့ ယူဆချက်က ‘ဒါကမြန်မာတစ်နိုင်ငံလုံးကိုလွှမ်းခြုံတယ်’ ဆိုတာပဲဖြစ်လိမ့်မယ်” တွေ့ဆုံမေးမြန်းမှု၏ နောက်ပိုင်းတွင် မူဝါဒရေးဆွဲသည့် ဖြစ်စဉ်အတွင်း နိုင်ငံရေးဆိုင်ရာ သိမ်မွေ့နူးညံ့သည့် အခြေအနေများကို ကျော်လွှားခဲ့ရခြင်း ရှိ၊ မရှိ သို့မဟုတ် မူဝါဒရေးဆွဲသည့် အဖွဲ့က မူဝါဒစာတမ်းတွင် ထည့်သွင်းမည့်အရာကို လွှမ်းမိုးခဲ့သော ဆင်ဆာဖြတ်တောက်မှု သို့မဟုတ် မိမိကိုယ်ကို ဆင်ဆာဖြတ်တောက်မှု ဖြစ်ရပ်များ ရှိခဲ့သလားဟု ကျွန်ုပ်က မေးမြန်းခဲ့ သည်။ ဤသို့မေးမြန်းမှုမှ အောက်ပါပြန်လည်သုံးသပ်ပြောဆိုမှုကို ရရှိခဲ့သည်။

ဒါက မိမိကိုယ်ကို ဆင်ဆာဖြတ်တောက်မှု ပိုဆန်တယ်လို့ ငါတို့ခံစားရတယ်… ထိခိုက်လွယ်တဲ့ အုပ်စုတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ငါတို့ အရမ်းကို သတိထားပြီး ကိုင်တွယ်ခဲ့ရတာကို မှတ်မိနေတယ်။ ဘယ်သူ ကမှ ဒီအချို့အချို့သောတိုင်းရင်းသားအုပ်စုတွေကို မူဝါဒထဲမှာ မထည့်ချင် ဘူးလို့ လာပြောတာမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒါက ငါတို့အားလုံး သိနေတဲ့ကိစ္စဆိုတာကိုတော့ မှတ်မိနေတယ်… ဒါကြောင့် ငါတို့က သိပ်ပြီး တိတိကျကျမဖြစ်တဲ့၊ ဒါပေမဲ့ အဲဒီအကြောင်းအရာကို လွှမ်းခြုံမိတဲ့ စကားလုံး အသုံးအနှုန်းတချို့ကို ထည့်ခဲ့ရတယ်။ ဘာလို့လဲဆိုတော့ အဲဒီအချိန်က… အင်း… အစပိုင်းတော့ မဟုတ်ပေမဲ့၊ ဟုတ်တယ်၊ ငါတို့က ရိုဟင်ဂျာ အရေးအခင်းရဲ့ အလယ်မှာ ရောက်နေခဲ့တာကိုး။ ဒါကြောင့် အဲဒီကိစ္စက ငါတို့ စိတ်ထဲမှာ ရှိနေခဲ့တယ်။59

ဤတုံ့ပြန်ချက်အရ ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဆောင်သူများအကြားတွင် အစိုးရသည် ပဋိပက္ခနှင့် တိုင်းရင်းသားအုပ်စုများကိစ္စကို အဆိုပါ လုပ်ငန်းစဉ်များတွင် ရှောင်ရှား သို့မဟုတ် သတိဖြင့် ကိုင်တွယ်ရမည့် သိမ်မွေ့နူးညံ့သော အကြောင်းအရာများအဖြစ် ရှုမြင်သည်ဟူသော ယေဘုယျ ယူဆချက်တစ်ခု ရှိခဲ့ကြောင်း သိနိုင်သည်။

၂၀၁၀ ပြည့်နှစ်များ နှောင်းပိုင်းတွင် ပဋိပက္ခနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အကြောင်းအရာ များနှင့် ပတ်သက်၍ ရှိနေသော နိုင်ငံရေးအရ သိမ်မွေ့နူးညံ့မှုကို အထူးသဖြင့် တနင်္သာရီ တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်ရှိ ကျွန်ုပ် တွေ့ဆုံမေးမြန်းခဲ့သော အရပ်ဘက်လူမှုအဖွဲ့ အစည်း တက်ကြွလှုပ်ရှားသူများကလည်း မကြာခဏ ထောက်ပြပြောဆိုခဲ့ကြသည်။ ဥပမာ အားဖြင့် ဘားအံအခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်း တက်ကြွလှုပ်ရှားသူတစ်ဦးက NCA ကြောင့် ထိန်းချုပ်မှုရောထွေးနေသော နယ်မြေများတွင်နှင့် KNU နှင့် လုပ်ဆောင်ရာ၌ ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုလွယ်ကူလာသော်လည်း ငြိမ်းချမ်းရေးနှင့် ဆက်စပ် သော အကြောင်းအရာများကို လုပ်ဆောင်ရန် ကြိုးပမ်းသည့်အခါတွင်မူ ကန့်သတ်ချက်များနှင့် ကြုံတွေ့နေရဆဲဖြစ်ကြောင်း ပြောပြသည်။ “အစိုးရနဲ့ဆိုရင်တော့ ငြိမ်းချမ်းရေးအကြောင်းကို လွတ်လွတ်လပ်လပ် ဆွေးနွေးလို့မရဘူး။ ခင်ဗျားက ငြိမ်းချမ်းရေးအကြောင်း ဒါမှမဟုတ် ငြိမ်းချမ်းရေးစကားဝိုင်းတွေအကြောင်း ပွဲတစ်ခုခုလုပ်မယ်ဆိုရင် ခွင့်ပြုချက်ရဖို့ဆိုတာ မလွယ် ဘူး” ဟု အဆိုပါ တက်ကြွလှုပ်ရှားသူကပြောပြီး အစိုးရက “ဒါက သိမ်မွေ့နူးညံ့တဲ့ အကြောင်း အရာဖြစ်တယ်၊ ဒါကြောင့် ဒီကိစ္စကို လုပ်ဆောင်တဲ့အခါ၊ ဒီအကြောင်းကို ပြောဆိုတဲ့အခါ ငါတို့ သတိထားရမယ်လို့ ပြောတယ်” ဟု ရှင်းပြသည်။60

သို့ဖြစ်ရာ ရှိနေဆဲ နိုင်ငံရေးအရ သိမ်မွေ့နူးညံ့မှုများက ရာသီဥတုပြောင်းလဲမှုနှင့် ဆက်စပ် သော ကိစ္စရပ်များကို နိုင်ငံရေးနှင့် ခွဲထုတ်ရာတွင် အထောက်အကူပြုခဲ့သည်ဟု ထင်ရသည်။ အယူအဆစကား (discourses) ဆိုင်ရာ နိုင်ငံရေးအခင်းအကျင်းတွင် မမြင်နိုင်သော စည်းမျဉ်း နီများကို မကျော်လွန်စေရန် နိုင်ငံတကာနှင့် ပြည်တွင်းမှ နိုင်ငံတော်မဟုတ်သော အကောင် အထည်ဖော်ဆောင်ရွက်သူများသည် ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများအပေါ် ပိတ်ဆို့အရေး ယူမှုများ သို့မဟုတ် ကန့်သတ်ချက်များကို ဖြစ်ပေါ်စေနိုင်သည့် အကြောင်းအရာများကို ရှောင် ရှားခဲ့ကြသည်ဟု ထင်ရသည်။ ဤသို့ မိမိကိုယ်တိုင် ချမှတ်သော ကန့်သတ်ချုပ်ချယ်မှုများသည် တိုင်းရင်းသားနှင့် ဘာသာရေးဆိုင်ရာ လူနည်းစုများ၏ အကျိုးစီးပွားနှင့် အခွင့်အရေးများဆိုင် ရာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှု နည်းပါးခြင်းကို ဖြစ်ပေါ်စေခဲ့ဖွယ်ရှိပြီး ၎င်းကတစ်ဆင့် အပြီး သတ်ရေးဆွဲလိုက်သော ရာသီဥတုဆိုင်ရာ မူဝါဒများက ပဋိပက္ခကို လုံးဝ မျက်ကွယ်ပြုသွား စေရန် အထောက်အကူပြုခဲ့ဖွယ် ရှိသည်။

ရာသီဥတုဆိုင်ရာ မူဝါဒများတွင် ပဋိပက္ခဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများ ချန်လှပ်ထား ခဲ့ခြင်းသည် ရာသီဥတုဆိုင်ရာ မူဝါဒများနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် သို့မဟုတ် ပိုမိုကျယ်ပြန့်သော ပဋိပက္ခအခြေအနေများသည် တစ်ခုနှင့်တစ်ခု သိပ်မသက်ဆိုင်ဟူသော အများက ယူဆလေ့ရှိ သည့် ယူဆချက်ကြောင့်လည်း ဖြစ်နိုင်ဖွယ်ရှိသည်။ ဤသဘောထားကို ကျွန်ုပ်၏ တွေ့ဆုံ မေးမြန်းမှု အများအပြားတွင် တွေ့မြင်နိုင်ခဲ့သလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင် ရွက်သူများကို တွေ့ဆုံမေးမြန်းရန် ကြိုးပမ်းမှုများတွင်လည်း တွေ့မြင်နိုင်ခဲ့သည်။ ၎င်းတို့ထဲမှ အများအပြားမှာ ၎င်းတို့၏ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းများသည် ရာသီဥတုပြောင်းလဲခြင်း ဆိုင်ရာ နိုင်ငံရေးနှင့်ပတ်သက်သော ကျွန်ုပ်၏ သုတေသနနှင့် သက်ဆိုင်ခြင်းမရှိဟု ပြောဆိုကာ ကျွန်ုပ်နှင့် စကားပြောရန် ငြင်းဆိုခဲ့ကြသည်။ အလားတူပင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒများနှင့် စီမံကိန်းများကို လုပ်ဆောင်နေသော ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဆောင်သူအများ အပြားသည်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ပဋိပက္ခအခြေအနေများနှင့် နိုင်ငံတွင်းရှိ တိုင်းရင်းသားလူနည်းစုအုပ်စုများ၏ အရင်းခံ မကျေနပ်မှုများကို နားလည်သဘောပေါက်မှု တွင် အကန့်အသတ်ရှိနေသည်ဟု ထင်ရသည်။

နိုင်ငံရေးနောက်ခံအခြေအနေသည် ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ထုံးလုပ်နည်းများနှင့် ပါဝင်ဆောင်ရွက်နိုင်မှု အတိုင်းအတာတို့ကို ပုံဖော်ခြင်းဖြင့် မူဝါဒရေးဆွဲသည့် ဖြစ်စဉ်များကို လည်း လွှမ်းမိုးခဲ့သည်။ ရာသီဥတုဆိုင်ရာ မူဝါဒအချို့အတွက် ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်စဉ် အမျိုးသားအဆင့်နှင့် ပြည်နယ်နှင့်တိုင်းအဆင့် နှစ်ခုစလုံးတွင် သက်ဆိုင်သူများ ပါဝင်နိုင်ရေး အတွက် ကြိုးပမ်းမှုများ ပြုလုပ်ခဲ့သော်လည်း ဆုံးဖြတ်ချက်ချမှတ်ပိုင်ခွင့်အာဏာသည် ဤ ဖြစ်စဉ်များကို ရေးဆွဲခြင်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းတို့တွင် ပါဝင်သော အစိုးရအရာရှိများနှင့် နိုင်ငံတကာမှ ပါဝင်ဆောင်ရွက်သူများ၏ လက်ထဲတွင်သာ အဓိကအားဖြင့် စုစည်းနေခဲ့သည်။ အရေးကြီးသည်မှာ ဤဆွေးနွေးတိုင်ပင်မှုများတွင် EAO များမှ ကိုယ်စားလှယ်များကို ပါဝင်ရန် ဖိတ်ကြားခဲ့ခြင်း မရှိမှုဖြစ်သည်။ ဤစာရွက်စာတမ်းအများစုကို နိုင်ငံတကာ အကြံပေးပုဂ္ဂိုလ် များ သို့မဟုတ် ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဆောင်သူများက ရေးသားခဲ့ကြသည်။ ၎င်းတို့သည် အများအားဖြင့် မူဝါဒများ၏ ကနဦးမူကြမ်းများကို ရေးဆွဲရန်နှင့် အစိုးရအရာရှိများ၊ အခြား သော ဖိတ်ကြားထားသည့် သုံးသပ်သူများနှင့် ဆွေးနွေးတိုင်ပင်မှုများမှ ရရှိသော အကြံပြု ချက်များအပေါ် အခြေခံ၍ ပြန်လည်ပြင်ဆင်ရန် တာဝန်ယူခဲ့ကြသည်။ ထို့နောက် အပြီးသတ် စာရွက်စာတမ်းများကို မြန်မာဘာသာသို့ ပြန်ဆိုခဲ့ကြရာ အဓိကအသုံးအနှုန်းများကို တိကျမှန် ကန်စွာ ဘာသာပြန်ဆိုရန် အရေးကြီးသောကြောင့် ၎င်းမှာ အချိန်များစွာ လိုအပ်လေ့ရှိသော လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။61 ဤလုပ်ငန်းစဉ်သည် စာရွက်စာတမ်းများလက်ဝယ်ရှိထားသူ များကို မည်သည့်မှတ်ချက်များကို ထည့်သွင်းမည်၊ မည်သည့်မှတ်ချက်များကို ပယ်ချမည်ကို ဆုံးဖြတ်ရန် အာဏာကို အပ်နှင်းထားသကဲ့သို့ ဖြစ်စေခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင်မူ မူဝါဒကို ရေးဆွဲရန် တာဝန်ရှိသော အစိုးရဝန်ကြီးဌာနကသာ ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် နိုင်ငံရေးရှုမြင်ပုံတို့နှင့် ကိုက်ညီမှုရှိစေရန် သေချာစေလျက် ပါဝင်စေမည့်အကြောင်းအရာများ ကို အတည်ပြုရန် အခွင့်အာဏာရှိခဲ့သည်။

ဤတွေ့ရှိချက်များသည် ဝဲလ်စ်နှင့် လမ်းဘ်တို့က ၂၀၁၆-၂၀၂၁ ခုနှစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်၏ “နိုင်ငံရေးလွန်ဝါဒ” ဖြစ်နိုင်ခြေအလားအလာများ အဖြစ် သတ်မှတ်ဖော်ထုတ်သည့်အရာနှင့် ကောင်းစွာ ကိုက်ညီမှုရှိနေသည်။62 ရန်ကုန်မြို့သစ် စီမံကိန်းဆိုင်ရာ လေ့လာမှုတစ်ခုတွင် ၂၀၁၀ ပြည့်နှစ်များအတွင်း ပါဝင်ဆောင်ရွက်မှုနှင့် အားလုံးအကျုံးဝင်မှုကို တိုးမြှင့်အလေးပေးလာသော်လည်း နည်းပညာရှင်များသာ ဦးဆောင် သည့် ဖြစ်စဉ်များနှင့် အကြံပေးကုမ္ပဏီများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခြင်းတို့က ဖွံ့ဖြိုးရေးလုပ်ငန်းများကို နိုင်ငံရေးနှင့် ခွဲထုတ်ရာတွင် အထောက်အကူပြုခဲ့ပြီး မူဝါဒဆိုင်ရာ သဘောထားကွဲလွဲမှုများကို ပျက်ပြယ်သွားစေခဲ့ကြောင်း ၎င်းတို့က တွေ့ရှိခဲ့သည်။ ဝဲလ်စ် နှင့် လမ်းဘ်တို့က ဤအချက်သည် “အစိုးရ၏ ဖိနှိပ်မှုကြောင့်သာမကဘဲ ဒီမိုကရေစီနည်းကျသည် ဟု ယူဆရသော စီမံကိန်းရေးဆွဲသည့် ဖြစ်စဉ်များကို နိုင်ငံရေးနှင့် ခွဲထုတ်သည့် ဖြစ်စဉ်များ၊ နည်းဗျူဟာများနှင့်လည်း ဆက်စပ်နေနိုင်သည်”63 ဟု ညွှန်ပြခဲ့သည်။

၂၀၁၀ ပြည့်နှစ်များ နှောင်းပိုင်းတွင် မြန်မာနိုင်ငံ၌ ရာသီဥတုဆိုင်ရာ မူဝါဒများ ရေးဆွဲရာ၌ သက်ဆိုင်သူများနှင့် ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ရန် အထူးတလည်ကြိုးပမ်းခြင်းဖြင့် ပါဝင် ဆောင်ရွက်မှုအခြေပြု ချဉ်းကပ်နည်းများအပေါ် တိုးမြှင့်အာရုံစိုက်လာသည်ကို တွေ့ရသည်။ သို့သော်လည်း ဤလုပ်ငန်းစဉ်များကို ပံ့ပိုးကူညီသူများက ဆွေးနွေးမှုများ၏ အတိုင်းအတာကို အဓိကအားဖြင့် သတ်မှတ်ပိုင်းခြားခဲ့ပြီး မည်သူ့ကို ပါဝင်ခွင့်ပြုမည်၊ မည်သူ့ကို ဖယ်ထုတ် မည်ကို ဆုံးဖြတ်ခဲ့သောကြောင့် တိုင်းရင်းသားနှင့် ဘာသာရေးဆိုင်ရာ လူနည်းစုများကဲ့သို့သော ဘေးဖယ်ထုတ်ခံထားရသည့် အုပ်စုများ၏ အဓိပ္ပာယ်ရှိသော ပါဝင်ဆောင်ရွက်မှုကို သေချာ စေရန် ပျက်ကွက်ခဲ့သည်။ ထို့အပြင် ရှိနှင့်ပြီးဖြစ်သော အာဏာဆက်ဆံရေးများနှင့် မသေချာ မရေရာမှုများက ဤလုပ်ငန်းစဉ်များတွင် နိုင်ငံရေးအရ သိမ်မွေ့နူးညံ့သော အကြောင်းအရာ များကို ရှောင်ရှားရာ၌ အထောက်အကူပြုခဲ့သည်။ ဤအချက်က ရာသီဥတုဆိုင်ရာ မူဝါဒများ နှင့် ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်များအကြား ပိုမို ကင်းကွာသွားစေခဲ့ဖွယ် ရှိသည်။

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် လူမှု-နိုင်ငံရေးအရ ဖြစ်ပေါ်လာသည့် ထိခိုက်လွယ်မှု

ဤလေ့လာမှု ပြုလုပ်ချိန်တွင် မြန်မာနိုင်ငံအရှေ့တောင်ပိုင်း၌ ရာသီဥတုပြောင်းလဲမှုသည် လူတို့၏ ဘဝများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအပေါ် သိသာထင်ရှားသော သက်ရောက်မှုများ ရှိနေနှင့်ပြီဖြစ်သည်။ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ ကျေးရွာလေးရွာမှ ကျွန်ုပ် စကားပြောခဲ့သူတိုင်းနီးပါးက ၎င်းတို့၏ သက်တမ်းအတွင်းတွင်ပင် ရာသီဥတုသည် ပြောင်းလဲလာခဲ့ကြောင်း ပြောဆိုခဲ့ကြသည်။ ရာသီဥတုပုံစံများသည် ပိုမိုခန့်မှန်းရခက်ပြီး ပုံမှန်မဟုတ်တော့ဘဲ ရေကြီးခြင်း၊ မုန်တိုင်းတိုက်ခြင်းနှင့် အပူလှိုင်း ဖြတ်ခြင်းကဲ့သို့သော ပြင်းထန်သည့် ရာသီဥတုဖြစ်စဉ်များမှာလည်း မကြာခဏ ပိုမို ဖြစ်ပွားလာ ကာ ပိုမိုကြာမြင့်ပြီး ပိုမိုပြင်းထန်လာခဲ့သည်။ ရာသီဥတုသည် “တည်ငြိမ်မှု” သို့မဟုတ် “ပုံမှန်” မရှိတော့ကြောင်း လူအများက ပြောဆိုကြသည်။ ဤသို့ ပိုမိုပြောင်းလဲလွယ်ပြီး ခန့်မှန်းရခက် လာမှုသည် သီးနှံအထွက်နှုန်း မကောင်းခြင်းကို ပိုမို၍မကြာခဏ ဖြစ်ပေါ်စေခဲ့ပြီး ရေကြီးမှုကို အချိန်မီ ကြိုတင်ခန့်မှန်းရန်နှင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရာတွင်လည်း အခက်အခဲများ ဖြစ်ပေါ်စေခဲ့သည်။

ကျေးရွာလေးရွာတွင် ပြောင်းလဲလာသော အပူချိန်ပုံစံများ၌ ရာသီဥတုပြောင်းလဲမှုကို အထူးသဖြင့် ထင်ထင်ရှားရှား တွေ့မြင်နိုင်သည်။ ကျွန်ုပ် စကားပြောခဲ့သူများ၏ အဆိုအရ လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်အတွင်း အပူချိန်သည် သိသိသာသာ မြင့်တက်လာခဲ့ပြီး အပူလှိုင်းဖြတ်ခြင်းမှာလည်း မကြာခဏ ပိုမိုဖြစ်ပွားလာကာ ပိုမိုပြင်းထန်လာခဲ့သည်။ ကရင် ပြည်နယ်၊ သေ့ဖသောရွာမှ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက မကြာသေးမီနှစ်များ အတွင်း အလွန်အမင်း ပူပြင်းလာခဲ့ပြီး နေ၏ ပြင်းထန်လောင်ကျွမ်းသော အပူရှိန်က သူ၏ အရေပြားကို လောင်မြိုက်နေသကဲ့သို့ ခံစားရကြောင်း ဖော်ပြပြောဆိုခဲ့သည်။64 ဤသို့ မြင့်တက်လာသော အပူချိန်များသည် သက်ကြီးရွယ်အိုများ၊ နာမကျန်းသူများနှင့် ကလေး သူငယ်များအတွက်သာမက တစ်နေ့လုံး နေပူထဲတွင် အလုပ်လုပ်ရသော နေ့စားအလုပ်သမား များအတွက်ပါ အထူးသဖြင့် အန္တရာယ်ရှိသည်။ မြစ်ရွာမှ တံငါသည်တစ်ဦးက အပူရှိန်ကြောင့် ခေါင်းကိုက်ပြီး အလုပ်မလုပ်နိုင်တော့ကြောင်း ပြောဆိုခဲ့သည်။ “အခုတလော အရမ်းပူတယ်။ ကျွန်တော် ခေါင်းကိုက်တယ်။ ငါးဖမ်းသွားချင်ရင်တောင် တစ်ခါတလေ မသွားနိုင်ဘူး။ အရမ်း ပူတော့ ခေါင်းကိုက်တာပဲ။”65 မြင့်တက်လာသော အပူချိန်များသည် စိုက်ပျိုးရေးထုတ်လုပ်မှု နှင့် သစ်သီးပင် စိုက်ပျိုးခြင်းအပေါ်တွင်လည်း ဆိုးကျိုးသက်ရောက်မှုများ ရှိနေသည်။ ပိုမို ပူပြင်းလာသည်နှင့်အမျှ သီဟိုဠ်ပင်နှင့် ကွမ်းသီးပင်များ၏ အရွက်များမှာ ဝါလာပြီး အသီး များမှာ ခြောက်သွေ့လာခဲ့သည်။

တွေ့ဆုံမေးမြန်းခံရသူများ၏ အဆိုအရ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် မိုးရွာသွန်းမှု ပုံစံများမှာလည်း ပိုမိုခန့်မှန်းရခက်လာကာ ပုံမှန်မဟုတ်တော့ဘဲ ပိုမိုပြင်းထန်လာသည်။ ယခင်က မိုးရာသီတွင် မိုးမှန်မှန်ရွာသွန်းလေ့ရှိသော်လည်း ယခုအခါ ပိုမိုဖောက်ပြန်လာခဲ့ပြီး မိုးရာသီအစမှာလည်း မကြာခဏဆိုသလို နောက်ကျလာခဲ့သည်။ ကရင်ပြည်နယ်၊ မြစ်ရွာမှ နေ့စားအလုပ်သမားတစ်ဦးက “မိုးမရွာသင့်တဲ့အချိန်မှာ ရွာတယ်”66 ဟု တိုတိုနှင့်လိုရင်း ပြောဆိုခဲ့သည်။ ကျေးရွာလေးရွာလုံးတွင် ပါဝင်သူများက မိုးရွာသွန်းမှု ပိုမိုပြင်းထန်လာသည်ဟု ၎င်းတို့ ခံစားရပုံနှင့် မကြာခဏပိုမိုဖြစ်ပွားပြီး ပိုမိုကြာရှည်သော ရေကြီးမှုများကိုလည်း ထောက်ပြပြောဆိုခဲ့ကြသည်။ ဥပမာအားဖြင့် ၂၀၁၈ ဇူလိုင်လနှင့် ဩဂုတ်လတွင် ပုံမှန် မဟုတ်သော မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းမှုများအပြီး မြန်မာနိုင်ငံအရှေ့တောင်ပိုင်းသည် စံချိန်တင် ရေကြီးမှုဒဏ်ကို ဆိုးရွားစွာ ခံစားခဲ့ရသည်။ စုစုပေါင်း လူဦးရေတစ်သိန်းခွဲနီးပါး ယာယီနေရပ်စွန့်ခွာခဲ့ရပြီး လူအများအပြား သေဆုံးခဲ့သည်။67 ဤဖြတ်သန်းကြုံတွေ့ခဲ့ရသော ဘဝအတွေ့အကြုံများသည် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းရှိ အပူချိန်နှင့် မိုးရွာသွန်းမှု ပြောင်း လဲခြင်းနှင့်ပတ်သက်၍ ရရှိနိုင်သော မိုးလေဝသဆိုင်ရာ စာရင်းအင်းအချက်အလက်များနှင့် ကိုက်ညီပြီး အပြန်အလှန် ဖြည့်စွက်ပေးနေပါသည်။68

သို့သော်လည်း ဤရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို လူတို့၏ နေထိုင်မှု အခြေအနေများကိုပုံဖော်နေသည့် အခြားသော လူမှု-နိုင်ငံရေးဆိုင်ရာ ဖြစ်စဉ်များနှင့် သီးခြားစီ ကြုံတွေ့ခဲ့ရခြင်း မဟုတ်ဘဲ ၎င်းတို့သည် လူတို့ ကြုံတွေ့နေရပြီးဖြစ်သော အခက်အခဲများကို ပိုမိုဆိုးရွားစေခဲ့သည်။ အောက်ပါအခန်းတွင် ဤလေ့လာမှုထဲ၌ ဖော်ထုတ်တွေ့ရှိခဲ့သော ထိခိုက်လွယ်မှု၏ အဓိကကျသည့် လူမှု-နိုင်ငံရေးဆိုင်ရာ တွန်းအားနှစ်ခုဖြစ်သည့် လူမှု ဝန်ဆောင်မှုပေးခြင်း ချို့တဲ့မှုနှင့် ပဋိပက္ခ၏ ကြာရှည်စွာကျန်ရစ်သော အမွေအနှစ်များကို အလေးပေးတင်ပြပါမည်။69

လူမှုရေးကဏ္ဍများတွင် အစိုးရ၏ မလုံလောက်သော ရင်းနှီးမြှုပ်နှံမှုများ

ဤလေ့လာမှုတွင် ပါဝင်သော ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ ကျေးရွာလေးရွာ တွင် လူမှုဝန်ဆောင်မှုများ (ကျန်းမာရေး၊ ပညာရေး၊ လူမှုအကာအကွယ်ပေးရေး အစီအစဉ်များ) နှင့် အခြေခံအဆောက်အအုံများ (လမ်း၊ လျှပ်စစ်မီး၊ ဘေးကင်းသော သန့်ရှင်းရေးနှင့် ရေရရှိရေး အထောက်အပံ့များ) ရရှိမှု အကန့်အသတ်ရှိခြင်းသည် ဘဝဇာတ်ကြောင်း ပြန်လည်ပြောပြမှု များတွင် ထပ်တလဲလဲ ပါဝင်နေသော အကြောင်းအရာတစ်ခု ဖြစ်နေခဲ့သည်။ ကျွန်ုပ် တွေ့ဆုံ မေးမြန်းခဲ့သူတိုင်းနီးပါးသည် ၎င်းတို့၏ မိသားစုဝင်များ ဖျားနာမှု၊ ထိခိုက်ဒဏ်ရာရမှု သို့မဟုတ် သေဆုံးမှုကို ကြုံတွေ့ခဲ့ရခြင်း သို့မဟုတ် ၎င်းတို့ကိုယ်တိုင် ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများကို ခံစားခဲ့ရခြင်းတို့ကြောင့် ၎င်းတို့နှင့် ၎င်းတို့၏ အိမ်ထောင်စုများအတွက် ကြာရှည်စွာ တည်ရှိ နေသော ငွေကြေးဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ရုန်းကန်ရမှုများကို ဖြစ်ပေါ်စေခဲ့သည်။ ဤ အချက်က ဤကျေးရွာများရှိ အိမ်ထောင်စုများအတွင်းနှင့် အိမ်ထောင်စုများအကြား နီးကပ်စွာ အပြန်အလှန် မှီခိုနေရမှုနှင့် လိုအပ်သည့်အခါ အချင်းချင်း ကူညီစောင့်ရှောက်ရသည့် တာဝန်ရှိမှု ကို သရုပ်ဖော်နေသည်။

ယခင်မျိုးဆက်ဟောင်းများ ကြီးပြင်းလာစဉ်က ကျေးရွာလေးရွာလုံးတွင် ကျန်းမာရေး စောင့်ရှောက်မှု အထောက်အပံ့များ၊ ကျောင်းများ၊ လမ်းများ သို့မဟုတ် လျှပ်စစ်မီး မရှိခဲ့သော် လည်း မကြာသေးမီနှစ်များအတွင်း ဤအထောက်အပံ့များကို လက်လှမ်းမီနိုင်မှု တိုးတက်လာ ခဲ့သော်ငြား ဤဝန်ဆောင်မှုများကို လူတိုင်း လက်လှမ်းမီရရှိနိုင်ခြင်း မရှိသေးဘဲ အိမ်ထောင်စု များ၏ လူမှု-စီးပွားအခြေအနေအပေါ် များစွာ မူတည်နေခဲ့သည်။ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ကျေးရွာလေးရွာအနက် တစ်ရွာတည်းတွင်သာ ၎င်း၏ကိုယ်ပိုင် ကျန်းမာရေးဆေးခန်းငယ် တစ်ခုရှိပြီး အခြားကျေးရွာများမှ လူများသည် ကျန်းမာရေးစောင့်ရှောက်မှု ရရှိရန် အခြား နေရာများသို့ ခရီးသွားခဲ့ကြရသည်။ အစိုးရကျန်းမာရေးစောင့်ရှောက်မှုဌာနများသို့ သွားရောက် ရာတွင် မကြာခဏဆိုသလို မိမိအိတ်ထဲမှ ငွေကြေး အတော်အတန် မြင့်မားစွာ စိုက်ထုတ် သုံးစွဲရန် လိုအပ်ပြီး လူနာများသည် ယေဘုယျအားဖြင့် ၎င်းတို့၏ကိုယ်ပိုင် အစားအသောက်၊ အဝတ်အထည်နှင့် အခြားလိုအပ်သော ပစ္စည်းများကို ယူဆောင်လာရန် လိုအပ်သည်။ ၎င်းတို့၏ မိသားစုဝင်များသည်လည်း ၎င်းတို့ကို ကူညီစောင့်ရှောက်ရန်အတွက် အတူတကွ နေထိုင်ပေးရန် မျှော်လင့်ခြင်းခံရလေ့ရှိရာ ၎င်းအချက်က ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများမှ အချိန်ဖဲ့ပေးရစေသည်။ လူတိုင်းက ဤကုန်ကျစရိတ်ကို မတတ်နိုင်ကြပေ။ ဥပမာအားဖြင့် ဝင်ငွေနည်းမိသားစုများမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ခရီးသွားပြီး ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများအတွက် ငွေကြေးပေးချေမည့်အစား ရိုးရာ လက်သည်များနှင့် ၎င်းတို့၏ ကျေးရွာများတွင်သာ ဆက်လက်မီးဖွားခဲ့ကြသည်။

ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများအတွက် ငွေကြေးမတတ်နိုင်ခြင်းသည် အချို့သော လူပုဂ္ဂိုလ်များအတွက် ကုသ၍ပျောက်ကင်းနိုင်သော ရောဂါများကို အချိန်မီ ဆေးကုသမှု ခံယူနိုင်ခြင်းမှ တားဆီးသည့် အဓိကအတားအဆီးတစ်ခု ဖြစ်ခဲ့ပြီး နောက်ဆက်တွဲ အနေဖြင့် ၎င်းတို့၏ ရောဂါအခြေအနေများကို ပိုမိုဆိုးရွားစေခဲ့သည်။ ဤအခြေအနေက အထူး သဖြင့် နေ့စားအလုပ်မှ ရရှိသော ဝင်ငွေကို မှီခိုနေရသူများအတွက် ဆင့်ကဲဆင့်ကဲ သက်ရောက် မှုများ ရှိခဲ့သည်၊ အကြောင်းမှာ ကျန်းမာရေးပြဿနာများက ၎င်းတို့၏ အလုပ်လုပ်နိုင်စွမ်းကို အဟန့်အတားဖြစ်စေပြီး ထပ်ဆောင်းငွေကြေးဆိုင်ရာ ရုန်းကန်ရမှုများကို ဖြစ်ပေါ်စေခဲ့သော ကြောင့် ဖြစ်သည်။ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအကြား အပြန်အလှန် ဆက်စပ်မှုကို လူမှုအကာအကွယ်ပေးရေး အစီအစဉ်များ မရှိခြင်းက ပိုမိုဆိုးရွားစေခဲ့သည်။ မြစ်ရွာမှ အသက် (၃၉) နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပိုမိုကျယ်ပြန့်သော ကောင်းကျိုး ချမ်းသာအတွက် ကောင်းမွန်သော ကျန်းမာရေး၏ အရေးပါမှုကို ဤသို့ မီးမောင်းထိုးပြခဲ့သည်။ “ကျွန်မတို့ နွေရာသီမှာ ပိုက်ဆံပိုရှာနိုင်ပြီး စုမိရင် မိုးရာသီမှာ အခက်အခဲ သိပ်ရှိမှာမဟုတ်ဘူး… (ဒါပေမဲ့ အဲဒီလိုလုပ်နိုင်ဖို့) ကျွန်မတို့မှာ အင်အားလိုတယ်။ အဓိကက ကျန်းမာရေးပဲ။ ကျွန်မတို့ ကျန်းမာနေရင် ဘာမဆို လုပ်နိုင်တယ်လေ။”70

ထို့အပြင် (ကမ္ဘာ့ကပ်ရောဂါနှင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုက ဤတိုးတက်မှုများကို နောက်ပြန်ဆွဲမသွားမီ) ၂၀၁၀ ပြည့်နှစ်များတွင် မြန်မာနိုင်ငံ၌ ပညာရေးနှုန်းထားများ တိုးတက် လာခဲ့သော်လည်း လေ့လာမှုပြုလုပ်ခဲ့သော ကျေးရွာလေးရွာတွင် အရွယ်မတိုင်မီ ကျောင်းထွက် ခြင်းသည် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေဆဲဖြစ်သည်။ ကျွန်ုပ် တွေ့ဆုံမေးမြန်းခဲ့သူများထဲမှ လက်တစ်ဆုပ်စာမျှသာ ဆယ်တန်းအလွန် ပညာရေးကို ဆက်လက်သင်ယူခဲ့ကြပြီး အများစုမှာ ခုနစ်တန်း သို့မဟုတ် လေးတန်းပြီးနောက် ကျောင်းထွက်ခဲ့ကြသည်။ မျိုးဆက်သစ်များသည် မျိုးဆက်ဟောင်းများထက် ပျမ်းမျှအားဖြင့် ပညာရေးအနည်းငယ် ပိုမြင့်မားသော်လည်း ကွာခြားမှုမှာ ကျွန်ုပ် မျှော်လင့်ထားသလောက် မထင်ရှားခဲ့ပေ။ တွေ့ဆုံမေးမြန်းခဲ့သူများက ကျောင်းထွက်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ငွေကြေးအခက်အခဲဖြစ်ကြောင်း ဖော်ပြခဲ့ကြ သည်။ အစိုးရကျောင်းများသည် သဘောတရားအရ အခမဲ့ပညာရေးကို ပေးသည်ဟု ဆိုသော် လည်း မိဘများက ကျောင်းဝတ်စုံ၊ စာရေးကိရိယာ၊ စာအုပ်များ၊ သွားလာရေးနှင့် စားစရိတ် များအတွက် ပေးချေရန် လိုအပ်သည်ဟု ပြောဆိုကြသည်။ ထို့အပြင် အထူးသဖြင့် စာမေးပွဲ များအတွက် ပြင်ဆင်ရန် အထက်တန်းအဆင့်များတွင် အပိုအထောက်အပံ့ရရှိရန် ဆရာ၊ ဆရာမများ သို့မဟုတ် ကျူရှင်ဆရာများအတွက် ကျူရှင်ခပေးရခြင်းမှာလည်း အလေ့အထ တစ်ခု ဖြစ်သည်။ ဤစုပေါင်းကုန်ကျစရိတ်များသည် ငွေကြေးအခက်အခဲများနှင့် ရင်ဆိုင်နေရ သော မိသားစုများအတွက် မကျော်လွှားနိုင်သော ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်ခဲ့သည်။ ထို့အပြင် မူလတန်းအဆင့်ထက်မြင့်သော ပညာရေးအဆောက်အအုံများသည် လေ့လာမှုပြုလုပ်ခဲ့သော ကျေးရွာလေးရွာမှ လွယ်ကူစွာ သွားရောက်နိုင်ခြင်းမရှိရာ ၎င်းမှာ နောက်ထပ် အတားအဆီး တစ်ခု ဖြစ်ခဲ့သည်။

ဤသို့ လူမှုဝန်ဆောင်မှုများ ပေးအပ်မှု ညံ့ဖျင်းခြင်းသည် ၎င်း၏ သဘောသဘာဝအရ နိုင်ငံရေးနှင့် သက်ဆိုင်နေသည်။ ဆယ်စုနှစ်ပေါင်းများစွာ မြန်မာနိုင်ငံတွင် အစိုးရ၏ ဘတ်ဂျက် ခွဲဝေမှုများ၌ လူမှုရေးကဏ္ဍများအတွက် ခွဲဝေမှုသည် ကာကွယ်ရေးကဏ္ဍအတွက် ခွဲဝေမှုများ ထက် သိသိသာသာ နည်းပါးခဲ့ပြီး လူသားအရင်းအနှီးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် စစ်ရေးစွမ်းရည် တွင် ရင်းနှီးမြှုပ်နှံမှုတို့အကြား မှတ်သားဖွယ်ရာ မညီမျှမှုတစ်ခု ရှိခဲ့သည်။71 ၂၀၁၁ ခုနှစ်တွင် တာနယ် က ဤသို့ မီးမောင်းထိုးပြခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံတော်အသုံးစရိတ်၏ အလွန်များပြားသော အချိုးအစား သည် စစ်တပ်အတွက် ဖြစ်သည်။ စစ်ရေးအသုံးစရိတ်သည် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍနှစ်ခုပေါင်းအတွက် အသုံးပြုသည့် အသုံးစရိတ်ထက် အမြဲ တစေ ပိုများနေပြီး ၎င်းမှာ အရှေ့တောင်အာရှနိုင်ငံများအကြားတွင် မြန်မာ နိုင်ငံအတွက်သာ ထူးခြားသော ဖြစ်စဉ်တစ်ခုဖြစ်သည်။ ဤအချက်သည် အစိုးရအဖွဲ့၏ လက်ရှိ ဦးစားပေးမှုများ သို့မဟုတ် ၎င်းအုပ်ချုပ်သော ပြည်သူ များအကြား ကြီးမားသော လူသားဒုက္ခကို ဆက်လက်တည်ရှိနေစေလိုသည့် ၎င်း၏ ဆန္ဒကို ဖော်ထုတ်ပြသနေသည့်အတွက်ကြောင့်သာမက နိုင်ငံ၏ (လက်ရှိနှင့် အနာဂတ်) လူသားအရင်းအနှီးကို ဤသို့ တမင်တကာ မျက်ကွယ် ပြုမှုကြောင့် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် ဖြစ်ပေါ်လာမည့် သက်ရောက် မှုများကြောင့်လည်း အရေးကြီးပါသည်။72

ဥပမာအားဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ အာဏာရှင်အုပ်ချုပ်မှု အောက်ရှိ ၂၀၀၄-၂၀၀၅ ခုနှစ်တွင် ပြည်ထောင်စုဘတ်ဂျက်၏ (၂၂) ရာခိုင်နှုန်းကျော်ကို စစ်တပ် အတွက် တရားဝင် ခွဲဝေချထားခဲ့ပြီး ကျန်းမာရေးနှင့် ပညာရေးကဏ္ဍနှစ်ခုပေါင်းအတွက်မူ (၁၇) ရာခိုင်နှုန်းသာ သုံးစွဲခဲ့သည်။73 နိုင်ငံရေးပြုပြင်ပြောင်းလဲရေး ဆယ်စုနှစ်အတွင်း လူမှုရေးကဏ္ဍ များတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးလာခဲ့သော်လည်း ရာသီဥတုပြောင်းလဲမှု အပါအဝင် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးအတွက် အစိုးရ၏ ခွဲဝေချထားမှုများမှာ နည်းပါးနေခဲ့ဆဲဖြစ်သည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘတ်ဂျက်၏ (၂၆ ဒသမ ၂) ရာခိုင်နှုန်းသည် ကာကွယ် ရေးကဏ္ဍအတွက် ဖြစ်ခဲ့ပြီး နှိုင်းယှဥ်မည်ဆိုပါက ကျန်းမာရေးအတွက် (၆ ဒသမ ၈) ရာခိုင်နှုန်း၊ ပညာရေးအတွက် (၁၃ ဒသမ ၇) ရာခိုင်နှုန်း၊ လူမှုဖူလုံရေးအတွက် (၅ ဒသမ ၇) ရာခိုင်နှုန်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်မူ (၀ ဒသမ ၄) ရာခိုင်နှုန်းမျှသာ ရှိခဲ့သည်။74 ဤကိန်း ဂဏန်းများသည် မြန်မာနိုင်ငံ၏ အဆက်ဆက်သော အစိုးရများက ရာသီဥတုပြောင်းလဲမှုနှင့် အခြားသော ဖိအားပေးသည့် အကြောင်းအရာများကို ကြံ့ကြံ့ခံနိုင်စွမ်း တည်ဆောက်ရန် အတွက် အရေးပါသော ကဏ္ဍများတွင် ဆက်တိုက် ရင်းနှီးမြှုပ်နှံမှု အားနည်းနေခြင်းကို ဖော်ပြ နေသည်။ ၎င်းတို့က စစ်တပ်အတွက် အချိုးအစားမညီမျှသော သယံဇာတခွဲဝေချထားမှုကို လည်း မီးမောင်းထိုးပြနေသည်။ ထို့ကြောင့် အောက်ပါအခန်းတွင် ဆက်လက်လေ့လာဖော်ပြ မည့်အတိုင်း လူ့အသိုင်းအဝိုင်းများစွာကို သက်ဆိုးရှည်အကျပ်အတည်းနှင့် ထိခိုက်လွယ်မှု အခြေအနေတွင် ကျန်ရစ်စေခဲ့သည့် တန်ပြန်သူပုန်ထမှု စစ်ဆင်ရေးများကို အားပေးလောင်စာ       ထည့်ပေးသကဲ့သို့ ဖြစ်ခဲ့သည်။

ပဋိပက္ခ၏ ကြာရှည်စွာကျန်ရစ်သော အမွေအနှစ်များ

ဤသုတေသနစီမံကိန်းတွင် လေ့လာခဲ့သော ကျေးရွာလေးရွာသည် ပဋိပက္ခနှင့်ပတ်သက်၍ မတူညီသော အတွေ့အကြုံများ ရှိခဲ့ကြသည်။ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံကျွန်းဆွယ် ၏ ကမ်းရိုးတန်းတွင် တည်ရှိသော သောင်းရွာသည် လက်နက်ကိုင်ပဋိပက္ခ၏ တိုက်ရိုက် သက်ရောက်မှုကို မခံခဲ့ရသော်လည်း အခြားကျေးရွာသုံးရွာမှာမူ လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ်အတွင်း အတိုင်းအတာအမျိုးမျိုးရှိသော အကြမ်းဖက်မှုများနှင့် နေရပ်စွန့်ခွာရမှု များကို ကြုံတွေ့ခဲ့ရသည်။ ဤအခန်းတွင် ပဋိပက္ခ၏ ကြာရှည်စွာကျန်ရစ်သော အမွေ အနှစ်များက ဤလေ့လာမှု ပြုလုပ်ချိန်တွင် ထိခိုက်လွယ်မှု နောက်ခံအခြေအနေကို မည်သို့ ဆက်လက်ပုံဖော်နေသည်ကို ဆန်းစစ်လေ့လာရန် တနင်္သာရီတိုင်းဒေသကြီး၏ တောင်တန်း ထူထပ်သော အရှေ့ဘက်ခြမ်းရှိ ကျေးရွာလေးရွာအနက် ပဋိပက္ခဒဏ် အများဆုံးခံခဲ့ရသော ကစူးဖသောရွာကို အလေးပေးတင်ပြပါမည်။

၁၉၉၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ကစူးဖသောရွာမှ ရွာခေါင်းဆောင်များကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) မှ ကိုယ်စားလှယ်များနှင့် အစည်း အဝေးတစ်ခုသို့ ဆင့်ခေါ်ခဲ့ပြီး ထိုနေရာတွင် လူတိုင်း အနီးအနားရှိ နဝတ ထိန်းချုပ်ထားသော ပြောင်းရွှေ့နေရာများသို့ ပြောင်းရွှေ့ကြရမည်ဟု ၎င်းတို့အား အသိပေးခဲ့သည်။ ရွာခေါင်းဆောင် များ အစည်းအဝေးမှ ထွက်ခွာလာစဉ်မှာပင် ပထမဆုံး သေနတ်သံများကို ကြားလိုက်ရသည်။ စစ်တပ်မှ စစ်သားများက ရွာကို စတင်ဝိုင်းရံနေပြီ ဖြစ်သည်။ ရွာခေါင်းဆောင်များက အော် ဟစ်ကာ လူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် လိုက်လံပြောဆိုကြသည်။ လူများက ၎င်းတို့၏ မိသားစုဝင်များကို စုစည်းပြီး ကိုယ်ပိုင်ပစ္စည်းများကို ယူဆောင်ရန် အိမ်များထဲတွင် ရှာဖွေနေစဉ်မှာပင် မီးရှို့ခံလိုက်ရသည့် ပထမဆုံး အိမ်များမှ မီးခိုးမည်းများ တက်လာနေသ ည်ကို တွေ့မြင်ခဲ့ကြရသည်။ လူအချို့မှာ KNU ထိန်းချုပ်နယ်မြေများရှိသည့်ဘက် တောနက်ထဲသို့ ဦးတည်ထွက်ပြေးခဲ့ကြပြီး အခြားသူ များမှာမူ ပြောင်းရွှေ့နေရာများဘက်သို့ ဦးတည်ခဲ့ကြ သည်။

ထိုနေ့တွင် တစ်ရွာလုံး မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည်။ အိမ်များ၊ လယ်ကွင်းများ၊ ခြံများ၊ တိရစ္ဆာန်ခြံများအပါအဝင် အရာအားလုံးကို စစ်တပ်မှ စစ်သားများက မီးရှို့ဖျက်ဆီးခဲ့သည်။ ဤတိုက်ခိုက်မှုသည် ၁၉၆၀ ပြည့်နှစ်များတွင် နေဝင်း၏ တော်လှန်ရေးကောင်စီမှ စတင်ခဲ့ သော မြန်မာစစ်တပ်၏ နာမည်ဆိုးဖြင့်ကျော်ကြားသည့် “ဖြတ်လေးဖြတ်”တန်ပြန်သူပုန်ထမှု နှိမ်နင်းရေး မဟာဗျူဟာ၏ ဥပမာတစ်ခု ဖြစ်သည်။ ဤမဟာဗျူဟာ၏ အဓိကရည်ရွယ်ချက် မှာ သူပုန်အဖွဲ့များ၏ အစားအစာ၊ ရန်ပုံငွေ၊ လူသစ်စုဆောင်းမှုနှင့် သတင်းအချက်အလက် ရရှိမှုကို နှောင့်ယှက်ဖြတ်တောက်ခြင်းဖြင့် အရပ်သားပြည်သူများထံမှ ရရှိသော မရှိမဖြစ်လို အပ်သည့် အထောက်အပံ့များနှင့် အဆက်အသွယ်ဖြတ်တောက်ရန် ဖြစ်သည်။75 ဤသို့အောင် မြင်စေရန် နယ်မြေများကို ဇုန်သုံးမျိုး ခွဲခြားခဲ့သည်။  KNU ကဲ့သို့သော သူပုန်အဖွဲ့များ ထိန်းချုပ်ထားသည့် “အနက်ရောင်” နယ်မြေများ၊ စစ်တပ်ထိန်းချုပ်မှုအောက်ရှိ “အဖြူရောင်” နယ်မြေများနှင့် ထိန်းချုပ်မှု အငြင်းပွားနေဆဲဖြစ်သော “အညိုရောင်” နယ်မြေများ ဟူ၍ ဖြစ်သည်။ အနက်ရောင်နယ်မြေတစ်ခုအနေဖြင့် ကစူးဖသောရွာကို “လွတ်လပ်စွာ ပစ်ခတ်ခွင့် ရှိသောဇုန်” အဖြစ် အခြေခံအားဖြင့် သတ်မှတ်ခဲ့ပြီး ထိုနေရာတွင် စစ်တပ်သည် KNU သူပုန် သို့မဟုတ် ထောက်ခံသူဟု သံသယရှိသူ မည်သူ့ကိုမဆို ဖမ်းဆီးရန် သို့မဟုတ် သုတ်သင် ရှင်းလင်းရန် အခွင့် အာဏာရှိကာ ကျန်ရှိသော နေထိုင်သူများကို “အဖြူရောင်” နယ်မြေများရှိ ပြောင်းရွှေ့နေရာများ သို့မဟုတ် မဟာဗျူဟာကျကျ တည်ဆောက်ထားသော ရွာများ (ဖြူလှရွာသစ်) သို့ အတင်းအကျပ် ပြောင်းရွှေ့စေခဲ့သည်။76

ပြောင်းရွှေ့နေရာများတွင် ကရင်ကျေးရွာသားများသည် အဓမ္မလုပ်အားပေးခိုင်းစေခြင်း၊ စစ်တပ်အတွက် ပေါ်တာထမ်းခိုင်းခြင်း၊ သွားလာလှုပ်ရှားမှု ကန့်သတ်ခြင်းနှင့် ပြည်သူ့စစ်ဟု သိကြသော အရပ်သား စစ်မှုထမ်းအဖွဲ့သို့ အတင်းအကျပ် စုဆောင်းခံရခြင်းကဲ့သို့သော ပုံစံ မျိုးစုံသည့် အကြမ်းဖက်မှုများနှင့် ဖိနှိပ်မှုများကို ကြုံတွေ့ခဲ့ရသည်။ နေရပ်စွန့်ခွာခဲ့ရသော ကျေးရွာ သားများသည် ၎င်းတို့၏ လယ်ယာများကို စွန့်လွှတ်ခဲ့ရပြီး ပြောင်းရွှေ့နေရာများတွင် အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းများ အကန့်အသတ်ဖြင့်သာ ရရှိခဲ့သောကြောင့် ၎င်းတို့ ၏ နေထိုင်မှုအခြေအနေများတွင် အစားအစာ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားသော အခြေခံလိုအပ်ချက်များ အမြဲတစေ ချို့တဲ့ခြင်းစသည့် လက္ခဏာရပ်များ ဖြစ်ပေါ်ခဲ့သည်။

၂၀၁၉ အစောပိုင်းတွင် ကျွန်ုပ် ကစူးဖသောရွာသို့ သွားရောက်လည်ပတ်ခဲ့စဉ် အကြမ်း ဖက်တိုက်ခိုက်မှုများနှင့် အဓမ္မပြောင်းရွှေ့စေခြင်းတို့က ဖြစ်ပေါ်စေခဲ့သော တစ်ဆစ်ချိုးပြောင်း လဲမှု၏ အကျိုးဆက်များကို ထိုနေရာတွင် နေထိုင်သူများအပေါ်တွင် ထင်ထင်ရှားရှား မြင်တွေ့ နေရဆဲဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် KNU နှင့် မြန်မာအစိုးရ/စစ်တပ်အကြား နှစ်ဖက် အပစ် အခတ်ရပ်စဲရေး သဘောတူညီချက် ချုပ်ဆိုခဲ့ပြီး ၎င်းကို ၂၀၁၅ ခုနှစ်တွင် NCA ဖြင့် ထပ်မံတိုးချဲ့ခဲ့သော်လည်း ပဋိပက္ခ၏ အမွေအနှစ်များက လူတို့၏ ဘဝများနှင့် အသက်မွေး ဝမ်းကျောင်းအခွင့်အလမ်းများကို ဆက်လက်ပုံဖော်နေဆဲဖြစ်သည်။ ဤအချက်က နာတာရှည် ထိခိုက်လွယ်မှု အခြေအနေကို အဓိကနည်းလမ်းနှစ်သွယ်ဖြင့် ထောက်ကူမှုပြုခဲ့သည်။

ပထမအချက်အနေဖြင့် ပဋိပက္ခသည် နိုင်ငံအတွင်း ကြာရှည်စွာတည်ရှိနေသော ပြဿနာတစ်ခုဖြစ်သည့် မြေယာပိုင်ဆိုင်မှု မခိုင်မာခြင်းကို ပိုမိုဆိုးရွားစေခဲ့သည်။77 ကစူးဖ သောရွာတွင် နေထိုင်သူ အနည်းငယ်သာ မြန်မာအစိုးရ သို့မဟုတ် KNU မှ ထုတ်ပေးသော မြေယာ စာရွက်စာတမ်းများ ပိုင်ဆိုင်ကြသည်ဟု ထင်ရသည်။ သို့သော်လည်း ဤ စာရွက်စာတမ်းများသည် ၎င်းတို့၏ မူလမြေယာပိုင်ဆိုင်ခွင့်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ သူများအတွက်သာ အဓိကအားဖြင့် ဖြစ်သည်။ ၁၉၉၆-၁၉၉၇ ခုနှစ် တိုက်ခိုက်မှုများအပြီး အခြားဒေသများသို့ သို့မဟုတ် ထိုင်းနိုင်ငံတွင်းသို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ရသူများ အတွက်မူ အခြေအနေမှာ ပိုမိုစိန်ခေါ်မှုများ ရှိခဲ့သည်၊ အကြောင်းမှာ ၎င်းတို့သည် ၎င်းတို့၏ မူလမြေယာပိုင်ဆိုင်ခွင့်ကို ဆုံးရှုံးခဲ့ရပြီး ပြန်လာလိုသည့်အခါတွင် ရွာရှိ ရရှိနိုင်သော မြေအားလုံးမှာ လူနေထိုင်ပြီး ဖြစ်နေခဲ့သောကြောင့် ဖြစ်သည်။ အပစ်အခတ်ရပ်စဲရေးအပြီး တွင် မြေဈေးများလည်း ရုတ်ချည်း မြင့်တက်လာခဲ့ရာ “နေရပ်ပြန်လာသူများ” အတွက် မြေဝယ်ရန် ခက်ခဲစေခဲ့သည်။ ပြောင်းရွှေ့နေရာများတွင် နေထိုင်နေဆဲဖြစ်သော လူအချို့က လည်း ၎င်းတို့ နေထိုင်နေသော မြေ၏ မူလပိုင်ရှင်က ပြန်လည်သိမ်းယူရန်ကြိုးပမ်းမည်ကို ၎င်းတို့ကိုယ်တိုင်မြေမဲ့ယာမဲ့ ဖြစ်သွားမည်ကို စိုးရိမ်ခဲ့ကြသည်။

မာခန်နှင့် ဂေါ်နော့တို့က မီးမောင်းထိုးပြခဲ့သလို မြေယာပိုင်ဆိုင်မှု မခိုင်မာခြင်းသည် လူပုဂ္ဂိုလ်များကို ရင်းမြစ်များနှင့် အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းများ ရုတ်တရက် ဆုံးရှုံး နိုင်သည့် ထိခိုက်လွယ်သောအခြေအနေသို့ ရောက်စေရုံသာမက ရေရှည် ကြံ့ကြံ့ခံနိုင်စွမ်း အပေါ်တွင်လည်း သက်ရောက်မှုများ ရှိစေနိုင်သည်။78 ကစူးဖသောရွာတွင် လူများသည် မြေယာကို လပ်ထားပါက အာဏာပိုင်များ သို့မဟုတ် အခြားသူများက သိမ်းယူသွားမည်ကို စိုးရိမ်သောကြောင့် တောင်ယာအလှည့်ကျစိုက်ပျိုးခြင်းကို လုပ်ဆောင်ရန် ပိုမိုတွန့်ဆုတ်လာ ကြသည်ဟု ထင်ရသည်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလအပြီးတွင် ဤစိုးရိမ်မှုမှာ အထူးသဖြင့် ပိုမိုထင်ရှားလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အစိုးရက ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်ချက်များ ပြဋ္ဌာန်းခဲ့ပြီး တောင်သူများအား ခြောက် လအတွင်း ၎င်းတို့၏ မြေယာကို မှတ်ပုံတင်ရန် လိုအပ်စေကာ သို့မဟုတ်ပါက “မိမိတို့၏ ကိုယ်ပိုင်မြေပေါ်တွင် ကျူးကျော်မှု” ဖြင့် နေအိမ်မှ ဖယ်ရှားခံရခြင်း၊ ထောင်ဒဏ်ကျခံရခြင်း သို့မဟုတ် ဒဏ်ငွေပေးဆောင်ရခြင်းအန္တရာယ်နှင့် ရင်ဆိုင်ရမည် ဖြစ်သောကြောင့်ဖြစ်သည်။79 သီဟိုဠ်၊ ကွမ်းသီး သို့မဟုတ် ရာဘာပင်များဖြင့် ဥယျာဉ်ခြံများ စိုက်ပျိုးခြင်းသည် အလေ့အထ ပိုမိုဖြစ်လာခဲ့သည်။ ရွာခေါင်းဆောင်တစ်ဦး၏ရှင်းပြချက်အရ ဥပမာအားဖြင့် ၎င်းတို့သည် ၎င်းတို့၏ မြေယာကို တက်ကြွစွာ အသုံးပြုနေကြောင်း ပြသရန်နှင့် အစိုးရက “ဤရွာသည် အလွတ်ဖြစ်သည်ဟု မယူဆစေရန်” သို့မဟုတ် “မြေလပ်အဖြစ် မသတ်မှတ်စေရန်” လူများကို ၎င်းတို့၏ ယာခင်းများသို့ ပြန်လည်လုပ်ကိုင်ကြရန် ၎င်းမှတိုက်တွန်းနေခဲ့ရသည်။80 သို့ဖြစ်ရာ ခင်ထက်ထက်ပြုံးနှင့်အဖွဲ့က မှတ်တမ်းတင်ခဲ့သကဲ့သို့ မြေယာဆုံးရှုံးမည်ကို စိုးရိမ်မှုက တောင်သူများကို ရိုးရာတောင်ယာအလှည့်ကျစိုက်ပျိုးခြင်းကို စွန့်လွှတ်ကာ အမြဲတမ်းသစ်ပင် စိုက်ခင်းများနှင့် စီးပွားဖြစ် ငွေပေါ်သီးနှံစိုက်ပျိုးခြင်းဘက်သို့ ပြောင်းလဲရန် တွန်းအားပေးခဲ့ သည်ဟု ထင်ရသည်။81 သို့သော်လည်း ယခုအခါ ဒေသအတွင်း ပိုမိုကျယ်ပြန့်စွာ စိုက်ပျိုးလာ ကြသော ကွမ်းသီးနှင့် သီဟိုဠ်ပင်များကဲ့သို့သော သီးနှံများသည် ရိုးရာစားဝတ်နေရေးအတွက် စိုက်ပျိုးခြင်းနှင့် နှိုင်းယှဉ်ပါက မြင့်တက်လာသော အပူချိန်နှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ပိုမိုထိခိုက်လွယ်သည်ဟု ထင်ရသည်။ ထို့အပြင် ခူစကာဘေးနှင့် မြေ့တို့က ဆွေးနွေးခဲ့သကဲ့သို့ ငွေပေါ်သီးနှံများသည် မတည်ငြိမ်သော ဈေးကွက်အခြေအနေများနှင့်လည်း မကြာခဏ ပိုမို ရင်ဆိုင်ကြရသည်။82

ဒုတိယအချက်အနေဖြင့် ဤလေ့လာမှုအရ ပဋိပက္ခသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်း ဆိုင်ရာ ကျန်းမာရေးနှစ်မျိုးစလုံးအပေါ် ဆိုးကျိုးသက်ရောက်မှုများ ရှိခဲ့ပြီး ထို့ကြောင့် လူတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင် ပါဝင်နိုင်စွမ်းနှင့် ရုတ်တရက်ကြုံတွေ့ရသည့် အခက်အခဲများနှင့် ဖိအားပေးသည့် အကြောင်းအရာများကို ရင်ဆိုင်ဖြေရှင်းရန်နှင့် လိုက်လျော ညီထွေဖြစ်အောင် နေထိုင်ရန် ကူညီပေးမည့် နည်းဗျူဟာများကို လိုက်စားနိုင်စွမ်းတို့ကို ကန့်သတ်ခဲ့သည်ကို တွေ့ရှိရသည်။ မေလာနှင့် ရက်စ်မာဆန် တို့၏ အဆိုအရ လက်နက်ကိုင် ပဋိပက္ခ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် သက်ရောက်သည့် အကျိုးဆက်များကို ပဋိပက္ခ ဖြစ်ပွားနေသော အခြေအနေတစ်ခုတွင် စစ်ပွဲနှင့် တိုက်ရိုက်ထိတွေ့မှုနှင့် နေ့စဉ်ဘဝ၏ ဖိစီးမှုများသော လူမှုရေးနှင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အခြေအနေများ (နေ့စဉ်ဖိအားများ) တို့ ပေါင်း စပ်မှုက ဆုံးဖြတ်သည်။83 ထို့ကြောင့် စိတ်ဒဏ်ရာသည် တိုက်ရိုက်အကြမ်းဖက်မှုများကြောင့် သာမက ပိုမိုစနစ်ကျသော အကြမ်းဖက်မှုပုံစံများကြောင့်လည်း ဖြစ်ပေါ်လာသည်။ မြန်မာနိုင်ငံ ၏ အခြားဒေသများမှာကဲ့သို့ပင် ကစူးဖသောရွာမှ နေထိုင်သူများသည် အကြမ်းဖက်မှု အမျိုး အစားနှစ်ခုစလုံးကို အချိန်ကြာမြင့်စွာ ကြုံတွေ့ခဲ့ရပြီး ပဋိပက္ခသည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဖြင့် အဆုံးသတ်သွားပြီးနောက်တွင်လည်း မည်သည့် စိတ်ပိုင်းဆိုင်ရာ လူမှု ရေးအထောက်အပံ့ သို့မဟုတ် စိတ်ဒဏ်ရာကုစားမှုဆိုင်ရာ အကြံဉာဏ်ပေးခြင်းတို့ကိုမျှ မရရှိခဲ့ပေ။ အနာဂတ်နှင့်ပတ်သက်၍ အမြဲတစေ မသေချာမရေရာမှုများနှင့် ပဋိပက္ခပြန်လည် ဖြစ်ပွားလာနိုင်သည့်အပေါ် စိုးရိမ်ကြောက်ရွံ့မှုတို့ကလည်း လူများကို စစ်ပွဲ၏ ကြောက်မက် ဖွယ်ရာများမှ ပြန်လည်နာလန်ထူနိုင်ခြင်းမှ တားဆီးထားသည်ဟု ထင်ရသည်။

သို့ဖြစ်ရာ ပြည်တွင်း ရာသီဥတုဆိုင်ရာ မူဝါဒများက ညွှန်ပြနေသကဲ့သို့ ရာသီဥတု ပြောင်းလဲမှု၏ ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုများနှင့် ထိတွေ့ရခြင်း သို့မဟုတ် ရာသီဥတု အပေါ် ထိခိုက်လွယ်သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို မှီခိုနေရခြင်းတို့သည် မြန်မာနိုင်ငံ (အရှေ့တောင်ပိုင်း) တွင် ထိခိုက်လွယ်မှု၏ အဓိကတွန်းအားပေးသည့် အကြောင်း ရင်းများ မဟုတ်ပေ။ ထိုသို့မဟုတ်ဘဲ ထိခိုက်လွယ်မှုသည် အထူးသဖြင့် နိုင်ငံရေးဦးစားပေးမှု များနှင့် စစ်ရေးဆိုင်ရာ ရည်မှန်းချက်များနှင့် ဆက်စပ်နေသော လူမှု-နိုင်ငံရေးဆိုင်ရာ အကြောင်းအချက်များက ပုံဖော်ခြင်း ဖြစ်သည်။ ဤအတွင်းကျကျ သိမြင်မှုများသည် ၂၀၁၈ ခုနှစ်တွင် လူသားချင်းစာနာမှုအကူအညီနှင့် ကြံ့ကြံ့ခံနိုင်စွမ်းဆိုင်ရာ အစီအစဉ် (Humanitarian Assistance and Resilience Programme Facility) နှင့် မြန်မာနိုင်ငံသတင်းအချက် အလက် စီမံခန့်ခွဲရေးယူနစ် (Myanmar Information Management Unit) တို့က ပြုလုပ်ခဲ့ သော မြန်မာနိုင်ငံရှိ ထိခိုက်လွယ်မှုဆိုင်ရာ ဘက်စုံလွှမ်းခြုံသည့် အကဲဖြတ်မှုတစ်ခုနှင့် ကိုက်ညီ ပြီး အပြန်အလှန် ဖြည့်စွက်ပေးနေသည်။ အဆိုပါ အကဲဖြတ်မှုတွင် ကရင်ပြည်နယ်ရှိ လူဦးရေ၏ (၅၈.၈) ရာခိုင်နှုန်းနှင့် တနင်္သာရီတိုင်းဒေသကြီးရှိ လူဦးရေ၏ (၄၉.၄) ရာခိုင်နှုန်းကို ရာသီဥတုပြောင်းလဲမှုကဲ့သို့သော ရုတ်တရက်ကြုံတွေ့ရသည့် အခက်အခဲများနှင့် ဖိအားပေး သည့် အကြောင်းအရာများအပေါ် ‘ထိခိုက်လွယ်သူများ’ အဖြစ် သတ်မှတ်ခဲ့သည်။ အဆိုပါ အကဲဖြတ်မှုအရ ပဋိပက္ခ၊ နေရပ်စွန့်ခွာရခြင်းနှင့် အခြေခံဝန်ဆောင်မှုများနှင့် အခြေခံ အဆောက်အအုံများ ရရှိမှုနည်းပါးခြင်းတို့သည် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး တွင် ထိခိုက်လွယ်မှု၏ အဓိက တွန်းအားများဖြစ်ကြကြောင်း တွေ့ရှိခဲ့သည်။ ထို့အပြင် ပဋိပက္ခသက်ရောက်မှုမရှိသော နေရာများထက် ပဋိပက္ခသက်ရောက်မှုရှိသော နေရာများတွင် နေထိုင်မှုအခြေအနေများနှင့် ပညာရေးလက်လှမ်းမီရရှိမှုတို့မှာ သိသိသာသာ နိမ့်ကျနေသည် ကိုလည်း တွေ့ရှိခဲ့သည်။

အထက်မှ နိုင်ငံရေးနှင့် ခွဲထုတ်ခြင်းနှင့် အောက်ခြေမှ ခုခံတွန်းလှန်မှု

“တောင်တန်းမှ သန္တာကျွန်းတန်းဆီသို့” စီမံကိန်း

အရှေ့တောင်အာရှ၏ အကြီးဆုံး ကျန်ရှိနေသေးသော မြေနိမ့်ပိုင်း စိုစွတ်ထိုင်းမှိုင်းသည့် အမြဲစိမ်းတောများထဲမှ တစ်ခု၏ နေရပ်ဖြစ်သော တနင်္သာရီတိုင်းဒေသကြီးကို “ကမ္ဘာလုံး ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲ ထူးခြားပေါများရာနေရာ” (global biodiversity hotspot) အဖြစ် တဖြည်းဖြည်း ပိုမိုအသိအမှတ်ပြုလာကြသည်။84 ၂၀၁၀ ပြည့်နှစ်များတွင် နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များက ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော လက်နက်ကိုင်ပဋိပက္ခကြောင့် ယခင်က ကန့်သတ်ထားခဲ့သည့် အဆိုပါဒေသ ကို နိုင်ငံတကာအဖွဲ့အစည်းများအတွက် ဖွင့်လှစ်ပေးခဲ့သည်။ ဆယ်စုနှစ်အကုန်ပိုင်းတွင် ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာ NGO များက ဦးဆောင်ကာ မြန်မာအစိုးရဌာနများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက် အတိုင်းအတာကြီးမားသော ပတ်ဝန်းကျင်ထိန်းသိမ်းရေး စီမံကိန်းအများအပြားကို အကောင်အထည်ဖော်ရန် စီစဉ်ခဲ့ကြသည်။

ဤကမကထပြုမှုများအနက် အထင်ရှားဆုံးနှင့် အငြင်းပွားဖွယ်ရာအကောင်းဆုံးမှာ ၂၀၁၇ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ လုပ်ဆောင်ရန် စီစဉ်ထားသော R2R စီမံကိန်း ဖြစ်သည်။85 အဆိုပါစီမံကိန်းသည် ပါရီသဘောတူညီချက်အတွက် မြန်မာနိုင်ငံ၏ ရည်မှန်းထားသော အမျိုးသားအဆင့် သတ်မှတ်ထားသည့် ထည့်ဝင်ဆောင်ရွက်မှုများ (Intended Nationally Determined Contribution) တွင် ဖော်ပြထားသော ပစ်မှတ်တစ်ခုနှင့် တိတိကျကျ ကိုက်ညီခဲ့သည်။ အဆိုပါပစ်မှတ်မှာ ကာကွယ်စောင့်ရှောက်ထားသော ဧရိယာစနစ်များ (၁၀) ရာခိုင်နှုန်း အပါအဝင် နိုင်ငံ၏ အမြဲတမ်းသစ်တောဧရိယာကို နိုင်ငံ့စုစုပေါင်း ဧရိယာ၏ (၃၀) ရာခိုင်နှုန်းအထိ တိုးချဲ့ရန် ဖြစ်သည်။ R2R စီမံကိန်းသည် ကနဦးတွင် စတုရန်းကီလိုမီတာ (၁၄,၅၂၀)ကို လွှမ်းခြုံရန် ရည်ရွယ်ခဲ့သည်။ ၎င်းမှာ ဒိန်းမတ်နိုင်ငံထက် အနည်းငယ်ပိုကြီးပြီး တနင်္သာရီတိုင်းဒေသကြီး၏ (၃၃.၅) ရာခိုင်နှုန်းနှင့် ညီမျှသော နယ်မြေဖြစ်သည်။86

R2R စီမံကိန်းကို တနင်္သာရီတိုင်းဒေသကြီးတွင် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းစောင့်ရှောက်မှု ကို မြှင့်တင်ရန်နှင့် ရာသီဥတုဆိုင်ရာ ရည်မှန်းချက်များကို အထောက်အကူပြုရန် ခေတ်မီ နည်းပညာနှင့် သိပ္ပံပညာအသိပညာ အသုံးပြုမှုကို အလေးပေးသည့် နည်းပညာပိုင်းဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုတစ်ခုအဖြစ် အဓိကအားဖြင့် ပုံဖော်ခဲ့သည်။ ဤအချက်ကို သရုပ်ဖော်ရ လျှင် အဓိကစီမံကိန်းစာတမ်းတွင် “နည်းပညာပိုင်းဆိုင်ရာ” ဟူသော စကားလုံးသည် (၄၂) ကြိမ် ပါဝင်ပြီး အများအားဖြင့် အထောက်အပံ့၊ အကူအညီ၊ လမ်းညွှန်မှု၊ ကျွမ်းကျင်မှု၊ နောက်ခံ ပံ့ပိုးမှု သို့မဟုတ် အကြံဉာဏ်ကဲ့သို့သော စကားလုံးများနှင့် တွဲဖက်အသုံးပြုထားသည်။87 ဤ နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့ကို စီမံကိန်းမိတ်ဖက်များက ဒေသခံအသိုင်းအဝိုင်းများ နှင့် မြန်မာ့ရေတပ်မတော် အပါအဝင် မြန်မာအစိုးရထံသို့ ပေးအပ်ရန် ဖြစ်သည်။

စီမံကိန်းစာတမ်းများက ရာသီဥတုပြောင်းလဲမှုကို တနင်္သာရီတိုင်းဒေသကြီးရှိ ဇီဝမျိုးစုံမျိုး ကွဲများအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် အဓိကအားဖြင့် ပုံဖော်ခဲ့သည်။ အထူးသဖြင့် ရာသီဥတုပြောင်းလဲမှုသည် မကြာခဏပိုမိုဖြစ်ပွားသော တောမီးလောင်မှုများ၊ ကမ်းခြေနှင့် ကမ်းရိုးတန်း တိုက်စားမှုကို အရှိန်မြင့်လာခြင်းနှင့် မြစ်ဝဒေသ88 လူမှုအဖွဲ့အစည်းများ၊ ဒီရေ တောများနှင့် သန္တာကျောက်တန်းများ ပျက်စီးယိုယွင်းမှုကို ဖြစ်ပေါ်စေမည်ဟု ခန့်မှန်းခဲ့သည်။ ဤသက်ရောက်မှုများကို စီမံခန့်ခွဲရန် စီမံကိန်းက ကာကွယ်စောင့်ရှောက်ထားသော ဧရိယာ စီမံခန့်ခွဲမှုနှင့် နယ်မြေဧရိယာဆက်စပ်ချိတ်ဆက်မှုများကို တိုးတက်စေရန်၊ ဂေဟစနစ်၏ ကြံ့ကြံ့ခံနိုင်စွမ်းကို ထိန်းသိမ်းရန်၊ နှင့် ဂေဟစနစ်ဆိုင်ရာ ဝန်ဆောင်မှုများ ရေရှည်တည်တံ့စွာ စီးဆင်းမှုကို သေချာစေရန် ကြိုးပမ်းခဲ့သည်။89 ရာသီဥတုပြောင်းလဲမှုကို ဤသို့ ပုံဖော်ခြင်းသည် စီမံကိန်းက မျှော်မှန်းထားသော နည်းပညာ-စီမံခန့်ခွဲမှုဆိုင်ရာ ကြားဝင်ဆောင်ရွက်မှုများကို လွယ်ကူစွာ ဖြစ်ပေါ်စေခဲ့သည်။

အခြားတစ်ဖက်တွင် စီမံကိန်းစာတမ်းများက ထိခိုက်လွယ်မှုကို အနာဂတ် ရာသီဥတု ပြောင်းလဲမှု၏ သက်ရောက်မှုများ၊ အထူးသဖြင့် ပြင်းထန်သော ရာသီဥတုဖြစ်စဉ်များနှင့် ထိတွေ့ရခြင်းအဖြစ် ပုံဖော်ထားသည်။ သို့သော်လည်း လူသားတို့၏ ထိခိုက်လွယ်မှုထက် ရာသီဥတုပြောင်းလဲမှုကြောင့် ဇီဝမျိုးစုံမျိုးကွဲများနှင့် ကမ်းရိုးတန်းဒေသ နေရင်းနေရာများ၏ ထိခိုက်လွယ်မှုကို ပိုမိုအလေးပေးခဲ့ပြီး စာတမ်းများက ထိခိုက်လွယ်သော လူများကို ပတ်ဝန်းကျင်အတွက် ခြိမ်းခြောက်မှုများအဖြစ် အဓိကအားဖြင့် ပုံဖော်ခဲ့သည်။ အထူးသဖြင့် စီမံကိန်းက ပြည်တွင်းနေရပ်စွန့်ခွာသူများနှင့် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသော ဒုက္ခသည်များသည် ပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုအတွက် အထူးသဖြင့် တာဝန်ရှိသည်ဟု အချေအတင်ဆိုတင်ပြခဲ့သည်။ “သိန်းပေါင်းများစွာသော ဒုက္ခသည် နေရပ်ပြန်လာသူများ၊ ပြည်တွင်းနေရပ်စွန့်ခွာသူများနှင့် ဆင်းရဲမွဲတေမှုတို့သည်လည်း တနင်္သာရီတောင်တန်း၏ ဇီဝမျိုးစုံမျိုးကွဲများအတွက် ခြိမ်းခြောက်မှုများကို ပိုမိုဆိုးရွားစေပြီး သစ်တောပြုန်းတီးမှုနှင့် မြေဆီလွှာတိုက်စားမှု၊ နုန်းပို့ချမှုတို့ကို တိုးပွားစေသည်”။90 ဤအချက်က ပြန်လည်ဝင်ရောက် လာသော ဒုက္ခသည်များနှင့် နေရပ်စွန့်ခွာသူများ အလုံးအရင်းလိုက် တနင်္သာရီတိုင်းဒေသကြီး ၏ သစ်တောထူထပ်သော နေရာများသို့ စီးဝင်ကာ ကြီးမားသော ပတ်ဝန်းကျင်ပျက်စီးမှုကို ဖြစ်ပေါ်စေနေသည်ဟူသော ထင်မြင်ယူဆချက်ကို ဖြစ်ပေါ်စေသည်။ ဤဇာတ်ကြောင်းကို နောက်ပိုင်းတွင် R2R စီမံကိန်း၌ ဇီဝမျိုးစုံမျိုးကွဲ၏ တန်ဖိုးများနှင့် တိုးတက်ကောင်းမွန်သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအကြောင်း လူများကို ပညာပေးရန်ရည်ရွယ်သော ပြင်ပမှ ကြားဝင်ဆောင်ရွက်မှုအတွက် အကြောင်းပြချက်အဖြစ် အသုံးပြုခဲ့သည်။

ပဋိပက္ခနှင့် ပတ်သက်လာလျှင် R2R စီမံကိန်းစာတမ်းများက တနင်္သာရီတိုင်းဒေသ ကြီးကို ပဋိပက္ခလွန်ဒေသအဖြစ် သတ်မှတ်ဖော်ပြခဲ့ပြီး KNU ပဋိပက္ခကို “ဖြစ်ပေါ်နေဆဲ ပဋိပက္ခလွန် ညှိနှိုင်းဆွေးနွေးမှုများ” မှတစ်ဆင့် ဖြေရှင်းနေသော “နိုင်ငံရေးတင်းမာမှု” အဖြစ် ပုံဖော်ခဲ့သည်။91 ၎င်းက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို “ငြိမ်းချမ်းရေး သဘော တူညီချက်” ဟု မှားယွင်းစွာ ရည်ညွှန်းခဲ့သည်။92 ဤအချက်က အမှန်တကယ်တွင် သိမ်မွေ့ ပျက်စီးလွယ်သော အပစ်အခတ်ရပ်စဲရေးတစ်ခုသာ ရှိနေချိန်တွင် တနင်္သာရီတိုင်းဒေသကြီးရှိ ပဋိပက္ခသည် အများအားဖြင့် ဖြေရှင်းပြီးဖြစ်သည်ဟူသော ထင်မြင်ချက်ကို ဖြစ်ပေါ်စေခဲ့သည်။ ထို့အပြင် ပဋိပက္ခကို “အတွင်းပိုင်း တိုင်းရင်းသားပဋိပက္ခ”93 ဟု ရည်ညွှန်းခဲ့ရာ၊ ၎င်းမှာ နိုင်ငံတော်နှင့် နိုင်ငံတော်မဟုတ်သော သူပုန်အဖွဲ့များအကြား ကြာရှည်နေသော လက်နက် ကိုင်ပဋိပက္ခတစ်ခု မဟုတ်ဘဲ မတူညီသော တိုင်းရင်းသားအုပ်စုများအကြား ဒေသအဆင့် အငြင်းပွားမှုတစ်ခုဖြစ်သည်ဟု ဆိုလိုနေသည်။ ဤအချက်က အဓိကစီမံကိန်းမိတ်ဖက် ဖြစ်သော မြန်မာအစိုးရသည် ပဋိပက္ခတွင် ပါဝင်နေသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်ဟူသော အဖြစ်မှန်ကို ဖုံးကွယ်ထားခဲ့သည်။ အရေးကြီးသည်မှာ R2R စာတမ်းများက NCA ကို ဖော်ပြရန် ပျက်ကွက်ခဲ့ခြင်း ဖြစ်သည်။ ဤသို့ မျက်ကွယ်ပြုမှုက စီမံကိန်းဒီဇိုင်းသည် ထိုအချိန်က ရှိနေ သော ပဋိပက္ခအခြေအနေများကို မှားယွင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုနားလည်မှုအပေါ် အခြေခံထား ကြောင်း ညွှန်ပြနေသည်။ ၎င်းသည် NCA ကို လိုက်နာရန် လိုအပ်ချက်ကိုလည်း မျက်ကွယ် ပြုခဲ့ပြီး KNU နှင့် ကရင်လူမျိုးတို့၏ မကျေနပ်မှုများအပေါ် သတိပြုကိုင်တွယ်မှု အားနည်း ကြောင်းကိုလည်း ပြသခဲ့သည်။ ဤအချက်က နောက်ပိုင်းတွင် စီမံကိန်းအပေါ်ဆန့်ကျင် ပေါ်ပေါက်လာခဲ့သော ခုခံတွန်းလှန်မှုအတွက် လမ်းခင်းပေးခဲ့သည်။

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် CAT အဖွဲ့က R2R စီမံကိန်းနှင့် ပတ်သက်၍ GEF နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) တို့ထံသို့ တရားဝင် တိုင်ကြားစာတစ်စောင် ပေးပို့ခဲ့သည်။ ဤစာကို ထားဝယ်မြို့တွင် စီမံကိန်းအတွက် စတင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ တစ်ခု မကျင်းပမီ တစ်ရက်အလိုတွင် ပေးပို့ခဲ့ခြင်း ဖြစ်သည်။94 ၎င်းတို့၏ စာတွင် CAT က အဆိုပါစီမံကိန်းသည် တနင်္သာရီတိုင်းရှိ ဒေသခံတိုင်းရင်းသားမျိုးနွယ်စုများ၏ အခွင့်အရေးများ ကို ချိုးဖောက်ရုံသာမက KNU နှင့် မြန်မာအစိုးရအကြား အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်ကိုပါ ခြိမ်းခြောက်နေသည်ဟု အဆိုပြုတင်ပြခဲ့သည်။ စီမံကိန်းကို ဆိုင်းငံ့ရန်နှင့် ပြန်လည်ဒီဇိုင်းရေးဆွဲရန် တောင်းဆိုလျက် CAT က ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကြိုးပမ်းမှု များတွင် တိုင်းရင်းသားမျိုးနွယ်စုများကို ဖယ်ထုတ်မည့်အစား ၎င်းတို့၏ အခွင့်အရေးများကို ဦးစားပေးရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။95 ထိုနေ့မှာပင် စီမံကိန်းနှင့် ပတ်သက်၍ KNU ၏ ကော်သူးလေသစ်တောဌာနမှ မြန်မာနိုင်ငံဆိုင်ရာ UNDP ဌာနေ ညွှန်ကြားရေးမှူးနှင့် GEF ၏ ပဋိပက္ခဖြေရှင်းရေး ကော်မရှင်နာမင်းကြီးတို့ထံသို့ စိုးရိမ်ကြောင်း ဖော်ပြသည့် စာတစ်စောင်96ကိုလည်း ပေးပို့ခဲ့သည်။

သို့ဖြစ်ရာ R2R စီမံကိန်း၏ နိုင်ငံရေးနှင့် ခွဲထုတ်ထားသော သဘောသဘာဝကို အဆိုပါ ကြားဝင်ဆောင်ရွက်မှုနှင့် ၎င်း၏ ဖြစ်ပေါ်လာနိုင်သော နိုင်ငံရေးဆိုင်ရာ အကျိုးဆက်များကို “နိုင်ငံရေးနှင့် ပြန်လည်ဆက်စပ်ရန်” ကြိုးပမ်းမှုဖြင့် တန်ပြန်ခဲ့သည်။ အထူးသဖြင့် စီမံကိန်း အပေါ် တိုင်ကြားမှုများသည် NCA ၏ ပုဒ်မ ၂၅(က) နှင့် ၂၅(ခ) တို့ကို လိုက်နာရန် ပျက်ကွက်မှုအပေါ် အဓိကထားခဲ့သည်။ ဤပုဒ်မများက အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက် လက်မှတ်ရေးထိုးသည့်အချိန်နှင့် နောက်ဆုံး ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိမည့် အချိန်ကြား ကြားဖြတ်ကာလအတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအစဉ်များနှင့် စီမံကိန်း များကို အကောင်အထည်ဖော်ရန် မြန်မာအစိုးရနှင့် EAO များသည် အချင်းချင်း ညှိနှိုင်း ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားပြီး အပစ်အခတ်ရပ်စဲရေးဒေသများတွင် နေထိုင်သော အရပ်သားများကို သိသိသာသာ သက်ရောက်မှုရှိနိုင်သည့် စီမံကိန်းများကို ဒေသခံအသိုင်း အဝိုင်းများနှင့် ဆွေးနွေးတိုင်ပင်၍ စီစဉ်သင့်သည်ဟုလည်း ပြဋ္ဌာန်းထားသည်။97 KNU က ဤပြဋ္ဌာန်းချက်နှစ်ခုလုံးကို ကျေနပ်ဖွယ်ရာ လိုက်နာခဲ့ခြင်းမရှိကြောင်း ချေပပြတင်ပြခဲ့သည်၊ အကြောင်းမှာ “စီမံကိန်းကို KNU နှင့်ဖြစ်စေ၊ ဒေသခံအသိုင်းအဝိုင်းနှင့်ဖြစ်စေ ဆွေးနွေးတိုင် ပင်၍ ရေးဆွဲခဲ့ခြင်း မဟုတ်သောကြောင့်” ဖြစ်သည်။98

ဤတရားဝင် တိုင်ကြားစာများကို လက်ခံရရှိပြီးနောက်၊ R2R စီမံကိန်းကို ယာယီရပ် ဆိုင်းခဲ့ပြီး အဆိုပါအမှုကို UNDP ၏ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ လိုက်နာမှုစိစစ်ရေး ယူနစ် (SECU) သို့ လွှဲပြောင်းပေးခဲ့သည်။99 ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် SECU က တိုင်ကြားစာအပေါ် “လက်ခံနိုင်ခြေရှိ၊ မရှိ ဆုံးဖြတ်ခြင်း” သုံးသပ်ချက်တစ်ခု ပြုလုပ်ခဲ့ပြီး တိုင်ကြားသူများအပေါ် ဖြစ်နိုင်ခြေရှိသော ထိခိုက်မှုနှင့် UNDP ၏ လူမှုရေးနှင့် ပတ်ဝန်းကျင် ဆိုင်ရာ ကတိကဝတ်များကို ဖြစ်နိုင်ခြေရှိသော ချိုးဖောက်မှုတို့ကြောင့် ၎င်းသည် လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ လိုက်နာမှု စိစစ်သုံးသပ်မှုတစ်ခုအတွက် လက်ခံနိုင်ခြေရှိသည်ဟု ကောက်ချက်ချခဲ့သည်။100 ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် SECU က မြန်မာနိုင်ငံသို့ ကွင်းဆင်း လေ့လာမှုတစ်ခု ပြုလုပ်ခဲ့သော်လည်း ဒုတိယအကြိမ် စီစဉ်ထားသော ကွင်းဆင်းလေ့လာမှုကို COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ဖျက်သိမ်းခဲ့ရပြီး ထို့နောက် ၂၀၂၁ ခုနှစ် စစ်အာဏာ သိမ်းမှုအပြီး နိုင်ငံရေးမငြိမ်သက်မှုများကြောင့် ထပ်မံ ဖျက်သိမ်းခဲ့ရသည်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် SECU က ၎င်းတို့၏ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာမူကြမ်း၏ အပိုင်းတစ်ကို ထုတ်ပြန်ခဲ့ပြီး သုံးသပ်ချက်ကို အပြီးသတ်ရန် မြန်မာနိုင်ငံသို့ နောက်တစ်ကြိမ် ခရီးသွားရန် ဖြစ်နိုင်သည့်အခါ ဒုတိယပိုင်းကို ထုတ်ပြန်ပေးမည်ဟု ကြေညာခဲ့သည်။101 ၎င်းမှာ ယနေ့အချိန်အထိ မဖြစ်နိုင်သေးပေ။ စီမံကိန်း၏ အတိုင်းအတာကို ပြန်လည်ဒီဇိုင်းရေးဆွဲရန်နှင့် ပြန်လည်ညှိနှိုင်းရန် ကြိုးပမ်းမှုများသည်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနှင့် နိုင်ငံကို လွှမ်းခြုံသွားသော နောက်ဆက်တွဲ အကြမ်းဖက်မှုများကြောင့် အနှောင့်အယှက်ဖြစ်ခဲ့ရသည်။ ဤစာတမ်းကို ရေးသားနေချိန်တွင် စီမံကိန်းမှာ ဆိုင်းငံ့ထားဆဲ ဖြစ်သည်။

နိဂုံးချုပ်သုံးသပ်ချက်များ

ဤဆောင်းပါးသည် ၂၀၁၀ ပြည့်နှစ်များ နှောင်းပိုင်းတွင် မြန်မာနိုင်ငံအရှေ့တောင်ပိုင်း၌ ရာသီဥတုဆိုင်ရာ ဆောင်ရွက်ချက်များ၊ ထိခိုက်လွယ်မှုနှင့် ပဋိပက္ခအခြေအနေများအကြား ရှုပ်ထွေးသော အပြန်အလှန် သက်ရောက်မှုများကို လေ့လာစူးစမ်းခဲ့ပြီး လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်ရေးသည် နိုင်ငံရေးကင်းလွတ်ပြီး နည်းပညာပိုင်းဆိုင်ရာ ကြိုးပမ်းဆောင် ရွက်မှုတစ်ခု ဖြစ်နိုင်သည် သို့မဟုတ် ဖြစ်သင့်သည်ဟူသော အယူအဆကို စိန်ခေါ်ခဲ့သည်။ ထိုသို့မဟုတ်ဘဲ ဤဆောင်းပါးက လူမှု-နိုင်ငံရေးဆိုင်ရာ အတိုင်းအတာများကို မျက်ကွယ်ပြုပါ က ရာသီဥတုနှင့်ဆက်စပ်သော မူဝါဒများနှင့် စီမံကိန်းများသည် လိုက်လျောညီထွေမဖြစ်မှု (maladaptation) သို့မဟုတ် လျော့ပါးသက်သာစေမှု လွဲချော်ခြင်း (malmitigation) သို့ ဦးတည်သွားစေနိုင်ကြောင်းကို သရုပ်ဖော်ပြသထားသည်။ လူမှုရေးဆိုင်ရာ မတရားမှုများကို ထပ်မံဖြစ်ပေါ်စေခြင်းနှင့် အရင်းခံ မကျေနပ်မှုများကို ပိုမိုခိုင်မာစေခြင်းတို့ဖြင့် ထိုကဲ့သို့သော ကြားဝင်ဆောင်ရွက်မှုများသည် ပဋိပက္ခအခြေအနေများကို ပိုမိုဆိုးရွားစေပြီး ထိခိုက်လွယ်မှု များကို ပိုမိုနက်ရှိုင်းစေနိုင်ကာ နောက်ဆုံးတွင် ၎င်းတို့၏ ရည်ရွယ်ရင်းဖြစ်သော ရည်မှန်းချက်များကို ပျက်စီးစေပါသည်။

သို့သော်လည်း အချို့အခြေအနေများတွင် ရာသီဥတုဆိုင်ရာ ဆောင်ရွက်ချက်များကို နိုင်ငံရေးနှင့် ခွဲထုတ်ခြင်းသည် နိုင်ငံတော်မဟုတ်သော ဆောင်ရွက်သူများကို ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများအပေါ် ဖြစ်နိုင်ခြေရှိသော ပိတ်ဆို့အရေးယူမှုများ သို့မဟုတ် ကန့်သတ်ချက်များမှ ကာကွယ်ရန်နှင့် ရှိနေဆဲ နိုင်ငံရေးအရ သိမ်မွေ့နူးညံ့မှုများကို ကျော်လွှား နိုင်စေရန်အတွက် လက်တွေ့ကျသော နည်းဗျူဟာတစ်ခု ဖြစ်နိုင်သည်။ ဒက်စ်ပိုးတေးစ်နှင့် မိုယို-ညိုနီတို့က အာဏာရှင်ဆန်ပြီး ပဋိပက္ခသက်ရောက်မှုရှိသော အခြေအနေများတွင် “နိုင်ငံရေးနှင့် ခွဲထုတ်ခြင်းသည် နိုင်ငံတော်နှင့် နိုင်ငံတော်မဟုတ်သော ဆောင်ရွက်သူများကို သိမ်မွေ့နူးညံ့သော ကိစ္စရပ်များနှင့် ဆောင်ရွက်သူများအကြား ဆက်ဆံရေးများကို တင်းမာမှု လျှော့ချရန်နှင့် ဘေးကင်းစွာ ဆက်လက်ရပ်တည်နိုင်ရန် မဟာဗျူဟာကျကျ ခွင့်ပြုပေးပုံ” ကို မီးမောင်းထိုးပြထားသည်။102 ဤအချက်သည် ယနေ့မြန်မာနိုင်ငံအတွက် အထူးသဖြင့် သက်ဆိုင်နေသည်။ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးရေး အကူအညီများ ပေးအပ်မှုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) က ချမှတ်သော စနစ်ကျသည့် ကန့်သတ်ချက်များဖြင့် ဆိုးရွားစွာ ကန့်သတ်ထားသည်။ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက မှတ်ချက်ပြုသကဲ့သို့103 အကူအညီများသည် အလွန်အမင်း နိုင်ငံရေးဆန်လာခဲ့ပြီး မတူညီသော ဆောင်ရွက်သူများက တရားဝင်မှုရရှိရန် ကိရိယာ တစ်ခုအဖြစ် အသုံးပြုနေကြသည်။ ဤအခြေအနေတွင် ရာသီဥတုနှင့်ဆက်စပ်သော အကူ အညီများကို မဟာဗျူဟာကျကျ နိုင်ငံရေးနှင့် ခွဲထုတ်ခြင်းသည် အကူအညီပေးရေးဝန်ထမ်း များကို ကာကွယ်စောင့်ရှောက်ရန်နှင့် အကူအညီလိုအပ်သူများထံ အထောက်အပံ့များ ရောက်ရှိရန် သေချာစေရေးအတွက် အထောက်အကူပြုနိုင်သည်။

မည်သို့ပင်ဖြစ်စေ ရာသီဥတုဆိုင်ရာ ဆောင်ရွက်ချက်များသည် အငြင်းပွားဖွယ်ရာ လူမှု-နိုင်ငံရေး အခင်းအကျင်းများအတွင်း၌ ဖြစ်ပေါ်ပြီး ထိုနေရာများတွင် ၎င်းတို့က အချို့သော ဆောင်ရွက်သူများ၏ အခွင့်အာဏာနှင့် တရားဝင်မှုကို မရည်ရွယ်ဘဲ အားဖြည့်ပေးနိုင်သလို အခြားသူများကိုလည်း ဘေးဖယ်ထုတ်နိုင်သည်ကို အသိအမှတ်ပြုရန် အလွန်အရေးကြီးသည်။ စေတနာကောင်းဖြင့် ပြုလုပ်သော ကြားဝင်ဆောင်ရွက်မှုများပင်လျှင် လူမှုရေးဆိုင်ရာ မတရား မှုများကို ထပ်မံဖြစ်ပေါ်စေပြီး အရင်းခံ မကျေနပ်မှုများကို ပိုမိုဆိုးရွားစေကာ ပဋိပက္ခအခြေ အနေများကို ပိုမိုပြင်းထန်စေနိုင်သည့် အန္တရာယ်ရှိသည်။ ဤအကျိုးဆက်များကို ရှောင်ရှားရန် ရာသီဥတုဆိုင်ရာ ဆောင်ရွက်ချက်များအား ရာသီဥတုဆိုင်ရာ တရားမျှတမှု (climate justice) ၏ အခြေခံမူများဖြင့် လမ်းညွှန်ထားရမည်ဖြစ်ပြီး လက်တွေ့ကျင့်သုံးရမည့် ကျင့်ဝတ် တစ်ခုအဖြစ် ပဋိပက္ခအခြေအနေကို သတိပြုကိုင်တွယ်မှု (conflict sensitivity) အပေါ် ကတိကဝတ်ပြုမှုတွင် အခြေပြုရမည် ဖြစ်သည်။

အဆုံးမှတ်စုများ

1 Remling & Meijer, 2025.
2 Organization for Economic Cooperation and Development, 2024.
3 Eriksen et al., 2021.
4 Mikulewicz, 2018.
5 Vigh, 2008.
6 Holbraad et al., 2019; Lund, 2016.
7 Stokke et al., 2022.
8 နော်ထီးခူနှင့် ဟော့ဖ်မန်း (ဤစာစောင်) တွင်ရှုရန်။
9 Woods & Naimark, 2020; Woods, 2021.
10 Sekine, 2021.
11 Conservation Alliance Tanawthari, 2018.
12 UNDP SECU, 2022a.
13 Raleigh et al., 2024.
14 Eriksen et al., 2015; Nightingale, 2017.
15 Klepp & Chavez-Rodriguez, 2018; Leichenko & O’Brien, 2019; Webber, 2016.
16 Eriksen et al., 2021; O’Brien et al., 2007; Schipper, 2020.
17 Intergovernmental Panel on Climate Change, 2022.
18 Eriksen et al., 2021; Thomas et al., 2019; Thomas & Warner, 2019.
19 Ribot 2013, p. 164.
20 Mikulewicz, 2018, p. 29.
21 Buhaug & von Uexkull, 2021.
22 Mason et al., 2011.
23 Mason et al., 2011, p. 289.
24 Chandra et al., 2017.
25 Chandra et al., 2017.
26 Vigh, 2008.
27 Holbraad et al., 2019; Lund, 2016.
28 Vigh, 2008.
29 Vigh, 2008.
30 Holbraad et al., 2019, p. 1.
31 ကူးနှင့် ချိန်းဘားစ် (ဤစာစောင်)။
32 Adger et al., 2014, Hartmann, 2013.
33 Dodman & Mitlin, 2015.
34 Funder et al., 2018.
35 Borras et al., 2020.
36 Desportes & Moyo-Nyoni, 2022; Remling, 2018; Swyngedouw, 2011.
37 Wood & Flinders, 2014.
38 Mikulewicz, 2017; Scoville-Simonds et al., 2020; Symons, 2014.
39 Ferguson, 1990.
40 Swyngedouw, 2011.
41 Barnett & O’Neill, 2010.
42 Schipper, 2020.
43 Eriksen et al., 2021.
44 Aall et al., 2023; Kongsager & Corbera, 2015.
45 Nightingale, 2017.
46 Froese & Schilling, 2019; Milman & Arsano, 2014; Work et al., 2018.
47 Ngaruiya & Scheffran, 2016; Smucker et al., 2015.
48 Ensor et al., 2018; Krampe et al., 2021; Sovacool, 2018.
49 Jeffers, 2019.
50 သုတေသနတွင် ပါဝင်သူများကို ကာကွယ်ရန်အတွက် ကျေးရွာအမည်များကို အမည်လွှဲထားသည်။
51 Mosberg, 2024.
52 ၎င်းတို့တွင် ကနဦး အမျိုးသားအဆင့် ဆက်သွယ်တင်ပြချက် (၂၀၁၂)၊ မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက် (၂၀၁၂)၊ မြန်မာနိုင်ငံ၏ ရည်ရွယ်ထားသော အမျိုးသားအဆင့် သတ်မှတ်ထားသည့် ထည့်ဝင်ဆောင်ရွက်မှု (၂၀၁၅)၊ မြန်မာနိုင်ငံ ၏ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်သော စိုက်ပျိုးရေးဆိုင်ရာ မဟာဗျူဟာ (၂၀၁၅)၊ မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မဟာစီမံကိန်း (၂၀၁၉)၊ မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ (၂၀၁၉) နှင့် မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဝါဒ (၂၀၁၉) တို့ ပါဝင်သည်။
53 Ministry of Environmental Conservation and Forestry, 2012a.
54 Ministry of Environmental Conservation and Forestry, 2012b.
55 Ministry of Natural Resources and Environmental Conservation, 2019b.
56 Ministry of Natural Resources and Environmental Conservation, 2019c.
57 Ministry of Natural Resources and Environmental Conservation, 2019a.
58 Goffman, 1974, p. 210.
59 Member of policy drafting team, personal communication, December 2, 2019.
60 Hpa-an civil society activist, personal communication, March 13, 2019.
61 International development consultant, personal communication, December 2, 2022.
62 Wells & Lamb, 2021.
63 Wells & Lamb, 2021, p. 287.
64 Thae Hpathaw small business owner, personal communication, March 11, 2019.
65 Myit Ywar fisherman, personal communication, February 28, 2019.
66 Myit Ywa laborer, personal communication, March 10, 2019.
67 International Federation of Red Cross and Red Crescent Societies, 2018.
68 ဤအကြောင်းကို သီးခြားအနေဖြင့် ထပ်မံအသေးစိတ်ဖော်ပြထားပါသည် (Mosberg, 2024)။
69 ကျေးရွာလေးရွာရှိ ထိခိုက်လွယ်မှု အခြေအနေဆိုင်ရာ ပိုမိုပြည့်စုံသော သုံးသပ်ချက်အတွက် Mosberg (2024) တွင် ကြည့်ရှုနိုင်ပါသည်။
70 Young person with disabilities in Thae Hpathaw village, personal communication, February 28, 2019.
71 Asian Development Bank, 2015; Selth, 1998.
72 Turnell, 2011, p. 141.
73 Turnell, 2011, p. 141.
74 World Bank, 2020, p. 27.
75 Ferguson, 2014.
76 Ferguson, 2014.
77 Kenney-Lazar et al., 2022; Suhardiman et al., 2019.
78 Murken & Gornott, 2022.
79 Kenney-Lazar et al., 2022, p. 9.
80 KNU village leader in Kasuh Hpathaw village, personal communication, March 20, 2019.
81 Khin Htet Htet Pyone et al., 2024.
82 Kusakabe & Myae, 2019.
83 Miller & Rasmussen, 2014.
84 Allendorf et al., 2018; Connette et al., 2016; Mandle et al., 2017; Nay Myo Shwe et al., 2023.
85 The relevant agreement was signed on 8 December 2017 by the Myanmar government and on 11 December 2017 by UNDP Myanmar (UNDP, 2017).
86 UNDP, 2017.
87 UNDP, 2017.
88 မြစ်ဝဒေသများ (estuaries) ဆိုသည်မှာ များသောအားဖြင့် မြစ်ချောင်းများ ပင်လယ်နှင့် ဆုံတွေ့ရာ နေရာများတွင် တွေ့ရှိရလေ့ရှိသည့် ရေပြင်များဖြစ်ပြီး ၎င်းတို့တွင် ထူးခြားသော အပင်များနှင့် သက်ရှိ မျိုးစိတ်များ ကျက်စားလေ့ရှိကြသည်။
89 UNDP, 2017.
90 UNDP, 2017, p. 12.
91 UNDP, 2017, p. 26.
92 UNDP, 2017, p. 42.
93 UNDP, 2017, p. 38.
94 UNDP, 2018.
95 Conservation Alliance Tanawthari, 2018.
96 ဤစာကို ကျွန်ုပ်ထံ ပုဂ္ဂိလ်ရေးအရ ဝေမျှပေးခဲ့သည်။
97 Government of Myanmar and Ethnic Armed Organizations, 2015.
98 KNU representative, personal communication, December 13, 2018.
99 UNDP SECU, 2022b.
100 UNDP SECU, 2018.
101 UNDP SECU, 2022a.
102 Desportes & Moyo-Nyoni (2022, p. 1098).
103 UN Office for the Coordination of Humanitarian Affairs, 2024.

ကိုးကားချက်များ

Aall, C., Meyer-Habighorst, C., Gram-Hanssen, I., Korsbrekke, M. H., & Hovelsrud, G. (2023). “I’m Fixing a Hole Where the Rain Gets in, and Stops My Mind from Wandering”: Approaching Sustainable Climate Change Adaptations. Weather, Climate, and Society, 15(2), 349-364. https://doi.org/10.1175/WCAS-D-22-0113.1

Adger, N., Pulhin, J., Barnett, J., Dabelko, G., Hovelsrud, G., Levy, M., Oswald Spring, Ú., Vogel, C., Adams, H., & Hodbod, J. (2014). Human security. In C. B. Field, V. R. Barros, D. J. Dokken, K. J. Mach, M. D. Mastrandrea, T. E. Bilir, M. Chatterjee, K. L. Ebi, Y. O. Estrada, R. C. Genova, B. Girma, E. S. Kissel, A. N. Levy, S. MacCracken, P. R. Mastrandrea, & L. L. White (Eds.). Climate Change 2014: Impacts, Adaptation, and Vulnerability. Part A: Global and Sectoral Aspects. Working Group II Contribution to the Fifth Assessment Report of the Intergovernmental Panel of Climate Change (pp. 755-791). Cambridge University Press. https://www.ipcc.ch/site/assets/uploads/2018/02/WGIIAR5-FrontMatterA_FINAL.pdf

Allendorf, T. D., Khine Khine Swe, Myint Aung, & Thorsen, A. (2018). Community use and perceptions of a biodiversity corridor in Myanmar’s threatened southern forests. Global Ecology and Conservation, 15, e00409. https://doi.org/10.1016/j.gecco.2018.e00409

Asian Development Bank. (2015). Fiscal Management in Myanmar. ADB Economics Working Paper Series.

Barnett, J., & O’Neill, S. (2010). Maladaptation. Global Environmental Change, 20(2), 211-213. https://doi.org/10.1016/j.gloenvcha.2009.11.004

Borras, S. M., Franco, J. C., & Zau Nam. (2020). Climate change and land: Insights from Myanmar. World Development, 129. https://doi.org/10.1016/j.worlddev.2019.104864

Buhaug, H., & von Uexkull, N. (2021). Vicious Circles: Violence, Vulnerability, and Climate Change. Annual Review of Environment and Resources, 46, 545-568. https://doi.org/10.1146/annurev-environ-012220-014708

Chandra, A., McNamara, K. E., Dargusch, P., Caspe, A. M., & Dalabajan, D. (2017). Gendered vulnerabilities of smallholder farmers to climate change in conflict-prone areas: A case study from Mindanao, Philippines. Journal of Rural Studies, 50, 45-59. https://doi.org/10.1016/j.jrurstud.2016.12.011

Connette, G., Oswald, P., Songer, M., & Leimgruber, P. (2016). Mapping distinct forest types improves overall forest identification based on multi-spectral landsat imagery for Myanmar’s Tanintharyi region. Remote Sensing, 8(11), https://doi.org/10.3390/rs8110882

Conservation Alliance Tanawthari. (2018, July 16). Re: Complaint letter to the Global Environment Facility concerning the Ridge to Reef Project and the violation of the rights of Indigenous People. https://www.iccaconsortium.org/wp-content/uploads/2018/07/CAT-GEF-complaint.pdf

Desportes, I., & Moyo-Nyoni, N. (2022). Depoliticising disaster response in a politically saturated context: the case of the 2016–19 droughts in Zimbabwe. Disasters, 46(4), 1098-1120. https://doi.org/10.1111/disa.12516

Dodman, D., & Mitlin, D. (2015). The national and local politics of climate change adaptation in Zimbabwe. Climate and Development, 7(3), 223-234. https://10.1080/17565529.2014.934777

Ensor, J., Forrester, J., & Matin, N. (2018). Bringing rights into resilience: Revealing complexities of climate risks and social conflict. Disasters, 42(S2), S287-S305. https://doi.org/10.1111/disa.12304

Eriksen, S. H., Nightingale, A. J., & Eakin, H. (2015). Reframing adaptation: The political nature of climate change adaptation. Global Environmental Change, 35, 523-533. https://doi.org/10.1016/j.gloenvcha.2015.09.014

Eriksen, S., Schipper, E. L. F., Scoville-Simonds, M., Vincent, K., Adam, H. N., Brooks, N., Harding, B., Khatri, D., Lenaerts, L., Liverman, D., Mills-Novoa, M., Mosberg, M., Movik, S., Muok, B., Nightingale, A., Ojha, H., Sygna, L., Taylor, M., Vogel, C., & West, J. J. (2021). Adaptation interventions and their effect on vulnerability in developing countries: Help, hindrance or irrelevance? World Development, 141, 105383. https://doi.org/10.1016/j.worlddev.2020.105383

Ferguson, J. (1990). The anti-politics machine: “Development,” depoliticization, and bureaucratic power in Lesotho. Cambridge University Press.

Ferguson, J. M. (2014). The scramble for the Waste Lands: Tracking colonial legacies, counterinsurgency and international investment through the lens of land laws in Burma/Myanmar. Singapore Journal of Tropical Geography, 35(3), 295-311. https://doi.org/10.1111/sjtg.12078

Froese, R., & Schilling, J. (2019). The Nexus of climate change, land use, and conflicts. Current Climate Change Reports, 5(1), 24-35. https://doi.org/10.1007/s40641-019-00122-1

Funder, M., Mweemba, C., & Nyambe, I. (2018). The politics of climate change adaptation in development: Authority, resource control and state intervention in rural Zambia. The Journal of Development Studies, 54(1), 30-46. https://doi.org/10.1080/00220388.2016.1277021

Goffman, E. (1974). Frame analysis: an essay on the organization of experience. Harvard University Press.

Government of Myanmar and Ethnic Armed Organizations. (2015). The Nationwide Ceasefire Agreement between the Government of the Republic of the Union of Myanmar and the Ethnic Armed Organisations. English version.

Hartmann, B. (2013). Lines in the shifting sand: The strategic politics of climate change, human security and national defense. In L. Sygna, K. O’Brien, & J. Wolf. (Eds). A Changing environment for human security: Transformative approaches to research, policy and action (pp. 46-55). Routledge.

Holbraad, M., Kapferer, B., & Sauma, J. F. (2019). Ruptures: Anthropologies of Discontinuity in Times of Turmoil. UCL Press.

Intergovernmental Panel on Climate Change. (2022). Climate change 2022: Impacts, adaptation and vulnerability. Contribution of Working Group II to the Sixth Assessment Report of the Intergovernmental Panel on Climate Change (IPCC). Cambridge University Press.

International Federation of Red Cross and Red Crescent Societies. (2018). DREF Operation Update Myanmar: Monsoon Floods. https://reliefweb.int/attachments/5180ee28-6a10-387b-9a02-a7e83c5b444b/MDRMM011du1.pdf

Jeffers, J. M. (2019). Saving Cork City? Place attachment and conflicting framings of flood hazards. Geoforum, 103, 26-35. https://doi.org/10.1016/j.geoforum.2019.02.003

Kenney-Lazar, M., Suhardiman, D., & Hunt, G. (2022). The spatial politics of land policy reform in Myanmar and Laos. The Journal of Peasant Studies, 50(4), 1529-1548. https://doi.org/10.1080/03066150.2022.2054700

Khin Htet Htet Pyone, Crego, R. D., Saw San Ngwe, Saw Di Win, Connette, K. L., Songer, M., & Connette, G. M. (2024). Understanding the transition of community land use from shifting cultivation to cash cropping in southern Tanintharyi, Myanmar. People and Nature, 6(3), 1130–1142. https://doi.org/10.1002/pan3.10631

Klepp, S., & Chavez-Rodriguez, L. (Eds). (2018). A critical approach to climate change adaptation: Discourses, policies and practices. Routledge.

Kongsager, R., & Corbera, E. (2015). Linking Mitigation and Adaptation in Carbon Forestry Projects: Evidence from Belize. World Development, 76, 132-146. https://doi.org/10.1016/j.worlddev.2015.07.003

Krampe, F., Smith, E. S., & Hamidi, M. D. (2021). Security implications of climate development in conflict-affected states: Implications of local-level effects of rural hydropower development on farmers in Herat. Political Geography, 90, 102454. https://doi.org/10.1016/j.polgeo.2021.102454

Kusakabe, K., & Aye Chan Myae. (2019). Precarity and Vulnerability: Rubber Plantations in Northern Laos and Northern Shan State, Myanmar. Journal of Contemporary Asia, 49(4), 586-601. https://doi.org/10.1080/00472336.2018.1554161

Kyed, H. M., & Chambers, J. (2026). Introduction to the Special Issue on Climate Change and Conflict: Advancing Understandings of the Climate-Conflict Nexus in Times of Political Rupture and Chronic Crisis. Independent Journal of Burmese Scholarship, 7. https://ijbs.online/?page_id=5641

Leichenko, R. M., & O’Brien, K. L. (2019). Climate and society: Transforming the future. Polity Press.

Lund, C. (2016). Rule and Rupture: State Formation through the Production of Property and Citizenship. Development and Change, 47(6), 1199-1228. https://doi.org/10.1111/dech.12274

Mandle, L., Wolny, S., Bhagabati, N., Helsingen, H., Hamel, P., Bartlett, R., Dixon, A., Horton, R., Lesk, C., Manley, D., Mel, M. D., Bader, D., Sai Nay Won Myint, Win Myint, & Myat Su Mon. (2017). Assessing ecosystem service provision under climate change to support conservation and development planning in Myanmar. PLOS ONE, 12(9), e0184951. https://doi.org/10.1371/journal.pone.0184951

Mason, M., Zeitoun, M. & El Sheikh, R. (2011). Conflict and social vulnerability to climate change: Lessons from Gaza. Climate and Development, 3(4), 285-297. https://doi.org/10.1080/17565529.2011.618386

Mikulewicz, M. (2017). The post-politics of adaptation to climate change. University of Manchester.

Mikulewicz, M. (2018). Politicizing vulnerability and adaptation: On the need to democratize local responses to climate impacts in developing countries. Climate and Development, 10(1), 18-34. https://doi.org/10.1080/17565529.2017.1304887

Miller, K. E., & Rasmussen, A. (2014). War experiences, daily stressors and mental health five years on: Elaborations and future directions. Intervention, 12, 33-42. https://doi.org/10.1016/j.socscimed.2009.09.029

Milman, A., & Arsano, Y. (2014). Climate adaptation and development: Contradictions for human security in Gambella, Ethiopia. Global Environmental Change, 29, 349-359. https://doi.org/10.1016/j.gloenvcha.2013.11.017

Ministry of Environmental Conservation and Forestry. (2012a). Myanmar’s Initial National Communication under the United Nations Framework Convention on Climate Change (UNFCCC).

Ministry of Environmental Conservation and Forestry. (2012b). Myanmar’s National Adaptation Programme of Action (NAPA) to Climate Change. National Environmental Conservation Committee.

Ministry of Natural Resources and Environmental Conservation. (2019a). Myanmar Climate Change Master Plan 2018-2030.

Ministry of Natural Resources and Environmental Conservation. (2019b). Myanmar Climate Change Policy.

Ministry of Natural Resources and Environmental Conservation. (2019c). Myanmar Climate Change Strategy 2018-2030. Mosberg, M. (2024). The politics of climate change adaptation, vulnerability, and conflict dynamics: Insights from southeastern Myanmar [Unpublished doctoral dissertation]. Norwegian University of Life Sciences.

Murken, L. & Gornott, C. (2022). The importance of different land tenure systems for farmers’ response to climate change: A systematic review. Climate Risk Management, 35, 100419. https://doi.org/10.1016/j.crm.2022.100419

Naw Htee Ku, & Hoffmann, K. (2026). Shifting Tides: Political Ruptures and Environmental Activism in Tanintharyi Region. Independent Journal of Burmese Scholarship, 7. https://ijbs.online/?page_id=5649

Nay Myo Shwe, Grainger, M., Ngoprasert, D., Saw Soe Aung, Grindley, M., & Savini, T. (2023). Anthropogenic pressure on large carnivores and their prey in the highly threatened forests of Tanintharyi, southern Myanmar. Oryx, 57(2), 262–271. https://doi.org/10.1017/S0030605321001654

Ngaruiya, G. W., & Scheffran, J. (2016). Actors and networks in resource conflict resolution under climate change in rural Kenya. Earth System Dynamics, 7(2), 441-452. https://doi.org/10.5194/esd-7-441-2016

Nightingale, A. J. (2017). Power and politics in climate change adaptation efforts: Struggles over authority and recognition in the context of political instability. Geoforum, 84, 11-20. https://doi.org/10.1016/j.geoforum.2017.05.011

O’Brien, K., Eriksen, S., Nygaard, L. P., & Schjolden, A. (2007). Why different interpretations of vulnerability matter in climate change discourses. Climate Policy, 7(1), 73-88. https://doi.org/10.1080/14693062.2007.9685639

Organization for Economic Cooperation and Development. (2024). Dataset: Climate-related development finance at the activity level, Recipient perspective, all years: 2000-2021. The OECD Development Assistance Committee (DAC) External Development Finance Statistics. https://webfs.oecd.org/climate/RecipientPerspective/CRDF-RP-2000-2021.xlsx

Raleigh, C., Linke, A., Barrett, S., & Kazemi, E. (2024). Climate finance and conflict: Adaptation amid instability. The Lancet Planetary Health, 8(1), e51-e60. https://doi.org/10.1016/S2542-5196(23)00256-5

Remling, E. (2018). Depoliticizing adaptation: A critical analysis of EU climate adaptation policy. Environmental Politics, 27(3), 477-497. https://doi.org/10.1080/09644016.2018.1429207

Remling, E., & Meijer, K. (2025). Conflict considerations in the United Nations Framework Convention on Climate Change’s National Adaptation Plans. Climate and Development, 17(1), 37–51. https://doi.org/10.1080/17565529.2024.2321156

Ribot, J. (2013). Vulnerability does not just fall from the sky: Toward multi-scale pro-poor climate policy. In M. R. Redclift & M. Grasso (Eds.), Handbook on Climate Change and Human Security (pp. 164-172). Edward Elgar Publishing.

Schipper, E. L. F. (2020). Maladaptation: When adaptation to climate change goes very wrong. One Earth, 3(4), 409-414. https://doi.org/10.1016/j.oneear.2020.09.014

Scoville-Simonds, M., Jamali, H., & Hufty, M. (2020). The hazards of mainstreaming: Climate change adaptation politics in three dimensions. World Development, 125, 104683. https://10.1016/j.worlddev.2019.104683

Sekine, Y. (2021). Emerging ‘agrarian climate justice’ struggles in Myanmar. The Journal of Peasant Studies, 48(3), 517-540. https://doi.org/10.1080/03066150.2020.1839054

Selth, A. (1998). Burma’s defence expenditure and arms industries. Contemporary Security Policy, 19(2), 23-49. https://10.1080/13523269808404189

Smucker, T. A., Wisner, B., Mascarenhas, A., Munishi, P., Wangui, E. E., Sinha, G., Weiner, D., Bwenge, C. & Lovell, E. (2015). Differentiated livelihoods, local institutions, and the adaptation imperative: Assessing climate change adaptation policy in Tanzania. Geoforum, 59, 39-50. https://doi.org/10.1016/j.geoforum.2014.11.018

Sovacool, B. K. (2018). Bamboo beating bandits: Conflict, inequality, and vulnerability in the political ecology of climate change adaptation in Bangladesh. World Development, 102, 183-194. https://doi.org/10.1016/j.worlddev.2017.10.014

Stokke, K., Klo Kwe Moo Kham, Nang K. L. Nge, & Kvanvik, S. H. (2022). Illiberal peacebuilding in a hybrid regime. Authoritarian strategies for conflict containment in Myanmar. Political Geography, 93, 102551. https://doi.org/10.1016/j.polgeo.2021.102551

Suhardiman, D., Kenney-Lazar, M., & Meinzen-Dick, R. (2019). The contested terrain of land governance reform in Myanmar. Critical Asian Studies, 51(3), 368-385. https://doi.org/10.1080/14672715.2019.1630845

Swyngedouw, E. (2011). Depoliticized environments: The end of nature, climate change and the post-political condition. Royal Institute of Philosophy Supplement, 69, 253-274. https://doi.org/10.1017/S1358246111000300

Symons, K. (2014). Anti-politics, apocalypse and adaptation in Kenya’s National Climate Change Response Strategy. Scottish Geographical Journal, 130(4), 266-278. https://doi.org/10.1080/14702541.2014.907442

Thomas, K., Hardy, R. D., Lazrus, H., Mendez, M., Orlove, B., Rivera-Collazo, I., Roberts, J. T., Rockman, M., Warner, B. P., & Winthrop, R. (2019). Explaining differential vulnerability to climate change: A social science review. Wiley Interdisciplinary Reviews. Climate Change, 10(2), e565. https://doi.org/10.1002/wcc.565

Thomas, K., & Warner, B. P. (2019). Weaponizing vulnerability to climate change. Global Environmental Change, 57, 101928. https://10.1016/j.gloenvcha.2019.101928

Turnell, S. (2011). Fundamentals of Myanmar’s Macroeconomy: A Political Economy Perspective. Asian Economic Policy Review, 6(1), 136-153. https://doi.org/10.1111/j.1748-3131.2011.01190.x

UNDP. (2017). Project Document – Ridge to Reef: Integrated Protected Area Land and Seascape Management in Tanintharyi.

UNDP. (2018, July 16). Media Advisory: Inception Workshop for the Ridge to Reef – Integrated Protected Area Land and Seascape Management in Tanintharyi Project.

UNDP SECU. (2018, December 13). Eligibility determination: Complaintant: Indigenous Communities represented by the Conservation Alliance Tanawthari (CAT) regarding the Ridge to Reef project in Myanmar. Case no. SECU0010. UNDP Social and Environmental Compliance Unit.

UNDP SECU. (2022a, February 9). Draft Investigation Report Part 1 of 2, Investigating allegations of non-compliance with UNDP social and environmental commitments relating to the Ridge to Reef project in Tanintharyi. Case no. SECU0010. UNDP Social and Environmental Compliance Unit.

UNDP SECU. (2022b). Case File – SECU0010 – Integrated Protected Area Land and Seascape Management in Tanintharyi (Ridge to Reef). https://info.undp.org/sites/registry/secu/SECUPages/CaseFile.aspx?ItemID=28

UN Office for the Coordination of Humanitarian Affairs. (2024). Humanitarian needs and response plan Myanmar.

Vigh, H. (2008). Crisis and Chronicity: Anthropological Perspectives on Continuous Conflict and Decline. Ethnos, 73 (1), 5-24. https://doi.org/10.1080/00141840801927509

Webber, S. (2016). Climate change adaptation as a growing development priority: Towards critical adaptation scholarship. Geography Compass, 10(10), 401-413. https://doi.org/10.1111/gec3.12278

Wells, T., & Lamb, V. (2021). The imaginary of a modern city: Post-politics and Myanmar’s urban development. Urban Studies, 59(14), 2875-2892. https://doi.org/10.1177/00420980211044006

Woods, K., & Naimark, J. (2020). Conservation as counterinsurgency: A case of ceasefire in a rebel forest in southeast Myanmsar. Political Geography, 83, 102251. https://doi.org/10.1016/j.polgeo.2020.102251

Woods, K. (2021). Rebel territory in a resource frontier: Commodification and spatialized orders of rule in Tanintharyi Region, Myanmar. Geoforum, 124, 371-380. https://doi.org/10.1016/j.geoforum.2021.04.030

Wood, M., & Flinders, M. (2014). Rethinking depoliticisation: Beyond the governmental. Policy & Politics, 42(2), 151-70.

Work, C., Rong, V., Song, D. & Scheidel, A. (2018). Maladaptation and development as usual? Investigating climate change mitigation and adaptation projects in Cambodia. Climate Policy, 19, S47-S62. https://doi.org/10.1080/14693062.2018.1527677

World Bank. (2020). Public Expenditure and Financial Accountability (PEFA) Assessment Report 2020. World Bank Group and the Myanmar Ministry of Planning, Finance and Industry.