စိမ်းရောင်စိုပုံရိပ်ဆောင်အာဏာရှင်စနစ် သဘာဝပတ်ဝန်းကျင်အရေးဖြင့် အမြတ်ထုတ်နေသည့်စစ်တပ်

နွေကံ့ကော် | Click here to read this article in English.

Cite as: 
နွေကံ့ကော်၊ (၂၀၂၆)၊ စိမ်းရောင်စိုပုံရိပ်ဆောင်အာဏာရှင်စနစ် သဘာဝပတ်ဝန်းကျင်အရေးဖြင့် အမြတ်ထုတ်နေသည့်စစ်တပ်၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ၇။ https://ijbs.online/?page_id=5655

အကျဉ်းချုပ်

၂၀၂၁ အာဏာသိမ်းမှုအပြီးမှစတင်ကာ မြန်မာစစ်တပ်သည် ၎င်းထိန်းချုပ်ထားသော မီဒီယာ အဖွဲ့အစည်းများကို အသုံးချကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်  ရာသီဥတုပြောင်း လဲလာမှုနှင့်ပတ်သက်၍ အလေးပေးနေသည့် အစိုးရတစ်ရပ်အဖြစ် ၎င်းတို့၏ ပုံရိပ်ကို ချပြရန် ကြိုးစားလာခဲ့သည်။ စစ်တပ်၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရာသီဥတု ပြောင်းလဲခြင်းနှင့် သဘာဝပတ်ဝန်းကျင်အား ကာကွယ်ခြင်းစသည့် ‘စိမ်းလန်းစိုပြေရေး (greening)’ ခေါင်းစဉ်အား အသုံးချကာ ၎င်းတို့၏ အုပ်ချုပ်မှု တရားဝင်ဖြစ် လာစေရန်နှင့် ပြည်တွင်းပြည်ပရှိ လူထုအား ၎င်းတို့သည် ခိုင်မာသည့် အစိုးရတစ်ရပ်အနေဖြင့် ရပ်တည်နေ သည့်ဟန်ကို ချပြရန် လုပ်ယူနေသည်။ အဆိုပါအချက်ကို ထောက်ပြရန် စစ်အစိုးရထုတ် The Global New Light of Myanmar နှင့် ကြေးမုံသတင်းစာတို့မှ ၂၀၂၁ ဖေဖော်ဝါရီလမှ ၂၀၂၄ ဇူလိုင်လအတွင်း ထုတ်ဝေခဲ့သည့် ပုံနှိပ်ဆောင်းပါးများနှင့် အွန်လိုင်းဆောင်းပါးများအား လေ့လာသုံးသပ်ကာ သာဓကသုံးခုကို ထုတ်ဖော်ခဲ့ပါသည်။ စစ်တပ်သည် ရာသီဥတုပြောင်းလဲ လာမှုအား လျှော့ချရန် ကြိုးစားနေဟန်ဖြင့် သဘာဝသယံဇာတနှင့် အရင်းအမြစ်များအား ကိုယ်ကျိုးအတွက်အသုံးချကာ လူထုအပေါ် ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များ လုပ် ဆောင်နေသည်ကို ဖုံးဖိထားသောကြောင့် ၎င်းသည် “စိမ်းလန်းစို‌ပြေရေးကို အယောင်ပြ ဆောင်ရွက်နေသည့် စစ်အာဏာရှင်အစိုးရ (greening dictatorship)” သာဖြစ်သည်။ ၎င်း၏ လုပ်ရပ်များသည် မတရားဖိနှိပ်မှုများအား ဖုံးဖိထားရန်အလို့ငှာ သဘာဝပတ်ဝန်းကျင် နှင့် ပတ်သက်သည့် အစီအစဉ်များအား အသုံးချပြီး ၎င်းတို့တွင် တာဝန်သိမှုနှင့် တည်ငြိမ်မှု ရှိ‌ကြောင်းကို လုပ်ယူပြသနေသည့် အခြားသော အာဏာရှင်အစိုးရများ၏ လုပ်ရပ်များနှင့် ဆင်တူသည်။ သို့သော် မြန်မာစစ်တပ်သည် သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သည့် ခေါင်းစဉ်အား ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို ဖုံးဖိထားရန် တစ်ခုတည်း အတွက်သာမကဘဲ နိုင်ငံတကာမှ အသိအမှတ်ပြုမှု၊ ထောက်ပံ့ငွေနှင့် ရင်းနှီးမြုပ်နှံမှုများ ရရှိရန်ပါ အသုံးချနေခြင်းဖြစ်သည်။

နိဒါန်း

၂၀၂၁ အာဏာသိမ်းမှုကတည်းက မြန်မာစစ်တပ်သည် ဒီမိုကရေစီအရေး တော်လှန်လှုပ်ရှားမှု ကို တွန်းလှန်တိုက်ဖျက်ခြင်းအား စတင်ခဲ့သည်။ ယခင်ကတည်းက လူနည်းစုများအပေါ် ပြုလုပ်ခဲ့သည့် အကြမ်းဖက်သတ်ဖြတ်မှုများ၊ အကျဉ်းချမှုများနှင့် လူအခွင့်အရေးချိုးဖောက်မှု များကို လူများစုအပေါ်တွင်ပါ တိုးချဲ့လုပ်ဆောင်လာကြသည်။ ၎င်းတို့သည် ယခုအချိန်တွင် ၎င်းတို့၏ အုပ်ချုပ်မှုအား အပြည့်အဝထောက်ခံမှု မပေးသူများကို ပစ်မှတ်ထားလာသည်။ စစ်တပ်သည် လူထုနှင့် နိုင်ငံတကာရှေ့တွင် ၎င်းတို့လိုချင်သော ပုံရိပ်ဖြစ်သည့် တည်ငြိမ်စွာ လည်ပတ်နေသော အစိုးရတစ်ရပ်၏ ပုံစံကို ပြသချင်သောကြောင့် ၎င်းလက်အောက်ရှိ မီဒီယာများအား ထိန်းချုပ်ပြီး ပုဂ္ဂလိကမီဒီယာများအား ဆင်ဆာပိတ်ဖြတ်တောက်ရန် ကြိုးစား လျက်ရှိသည်။ စစ်တပ်ပိုင် သို့မဟုတ် စစ်တပ်၏ လွှမ်းမိုးမှုမကင်းသော မီဒီယာအသိုက်အဝန်း တွင် စစ်တပ်သည် နိုင်ငံမတည်ငြိမ်မှုနှင့် နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းများသည် ၎င်းတို့ အခေါ် စစ်တပ်၏ လမ်းစဉ်အားဆန့်ကျင်သည့် “အကြမ်းဖက်အဖွဲ့အစည်းများ” ကြောင့် ဖြစ်သည်ဟူ၍ အပြစ်ပုံချလျက်ရှိသည်။

ဤဆောင်းပါးတွင် ကျွန်ုပ်သည် ၂၀၂၁ အာဏာသိမ်းမှုအပြီး ၎င်းတို့ကိုယ် ၎င်းတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ဟုအမည်ပေးထားသည့် မြန်မာအာဏာသိမ်း စစ်တပ်မှ ၎င်းတို့ ထိန်းချုပ်ထားသော မီဒီယာများမှ တစ်ဆင့် ၎င်းတို့သည် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးအပြင်  ရာသီဥတုပြောင်းလဲလာမှုနှင့် ပတ်သက်၍ အလေးပေးနေသည့် အစိုးရတစ်ရပ်၏ ပုံရိပ် အဖြစ် မည်သို့မည်ပုံပေါ်လွင်ရောက်ရှိအောင် လုပ်ဆောင်နေသည်ကို လေ့လာ ဆန်းစစ်ထားသည်။ The Global New Light of Myanmar နှင့် ကြေးမုံ သတင်းစာများမှ ၂၀၂၁၊ ဖေဖော်ဝါရီမှ ၂၀၂၄ ဇူလိုင်အတွင်း ထုတ်ဝေခဲ့သည့် သတင်းစာ ဆောင်းပါးများအား1 ဒစ်ဂျစ်တယ်နည်းဖြင့် လူမှုဘဝအလေ့အထသရုပ်ခွဲလေ့လာသုံးသပ်မှု (digital ethnography-based analysis) နည်းဖြင့် လေ့လာခြင်းမှတစ်ဆင့် နစကသည် ‘စိမ်းလန်းစိုပြေရေး’ ဆိုသည့် ခေါင်းစဉ်အား အကာအကွယ်ယူကာ ၎င်းတို့သည် တည်ငြိမ်စွာ ရပ်တည်နေသော အစိုးရဖြစ်သည့်ဟန် ဖော်ပြရန် အသုံးချနေသည်ကို ဆွေးနွေးထားသည်။ နစကသည် သဘာဝသယံဇာတနှင့် အရင်းအမြစ်များအား ကိုယ်ကျိုးအတွက် အသုံးချနေပြီး လူထုအပေါ် ရက်စက်ကြမ်းကြုတ်စွာ လုပ်ဆောင်နေမှုများကို ဖုံးကွယ်ကာ ၎င်းတို့၏ အုပ်ချုပ် မှု ပုံမှန်ဖြစ်စေ‌ရေး ကြိုးပမ်းနေမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရာသီဥတုပြောင်းလဲလာမှု လျော့ပါးစေရန် ကြိုးပမ်းနေကြသယောင် လုပ်ဆောင်နေသည်များကို ဖော်ထုတ်ရန်အတွက် ‘စိမ်းလန်းစို‌ပြေရေး အယောင်ပြဆောင်ရွက်နေသည့် စစ်အာဏာရှင်အစိုးရ’ ဟူသော သဘော တရားအား တင်ပြထားပါသည်။

စစ်အာဏာရှင်အစိုးရသည် နစကထိပ်ပိုင်းအရာရှိများ၏ သစ်ပင်စိုက်ပျိုးရေး အခမ်းအ နားများ၊ နစကဝန်ကြီးဌာနများမှ ပြုလုပ်သည့် တောတောင်နှင့် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးအခမ်းအနားများ၊ သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများနှင့် ပြန် လည်အသုံးပြုနိုင်သော စွမ်းအင်စီမံကိန်းလှုပ်ရှားမှုများအား မီဒီယာများမှတစ်ဆင့်ဖော်ပြကာ ၎င်းတို့အနေဖြင့် စိမ်းလန်းစိုပြေရေးအတွက် ဤသို့ဤပုံ ဆောင်ရွက်နေကြောင်း ပုံဖော်ပြကာ  နိုင်ငံရေးအရှုပ်အထွေးများ၊ တော်လှန်ရေးအဖွဲ့များနှင့် ဖြစ်ပေါ်နေသော ပဋိပက္ခများနှင့် တင်း မာမှုများကိုမူ ဖော်ပြခြင်းမပြုဘဲ ချန်လှပ်ထားလျက်ရှိသည်။ ဤသို့သော လှုပ်ရှားမှုများနှင့် စီမံကိန်းများအား နိုင်ငံတွင်း လုပ်ငန်းစဉ်များအဖြစ် ဖော်ပြခြင်းဖြင့် နစကမှ ၎င်းတို့သည် တည်ငြိမ်ကာ သဘာဝပတ်ဝန်းကျင်နှင့် ညီညွတ်အောင်ပြုပြင်၍ တာဝန်ယူမှုရှိသည့် ပုံရိပ်အား ပြသပြီး နိုင်ငံတကာ၏ ရာသီဥတုဆိုင်ရာ ကတိကဝတ်များကို လိုက်နာနေသည့် ပုံစံပြရန် ကြိုးပမ်းလျက်ရှိသည်။ ဤသို့ပြသမှုများသည် လက်ရှိမြေပြင်တွင် ဖြစ်ပေါ်နေသည်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ မြေပြင်အခြေအနေ၌ နစကသည် နေရာဒေသအများစုအား ထိန်းချုပ်နိုင်စွမ်းမရှိတော့ပါ။ ၎င်း၏ အုပ်ချုပ်မှုအောက်တွင် သဘာဝပတ်ဝန်းကျင်အား စနစ် တကျစီမံမှု မရှိခြင်းနှင့် သဘာဝအရင်းအမြစ်များအား ၎င်းတို့၏ ကိုယ်ကျိုးအတွက် အလွန် အကျွံ သုံးစွဲခြင်းတို့ကြောင့် ပြည်သူလူထုသည် ထိခိုက်နစ်နာနေကြရသည်။ သို့သော် ဤ သို့သော ပျက်စီးမှုများအား နစကထိန်းချုပ် မီဒီယာများတွင် ဖော်ပြခြင်း မရှိရုံမျှမက နိုင်ငံရေး နှင့် သဘာဝပတ်ဝန်းကျင်အခြေအနေ ပိုဆိုးလာခြင်းမှာ စစ်တပ်၏ လုပ်ရပ်များနှင့် သက်ဆိုင်မှု မရှိသယောင် ဖော်ပြကြသည်။ အချုပ်ဆိုရလျှင် စစ်တပ်သည် ၎င်းတို့ကိုယ်တိုင်ဖန်တီးသော ပြဿနာများမှ ၎င်းတို့၏ တာဝန်ရှိမှုကို ဖုံးဖိကာ သက်ဆိုင်မှု မရှိသည့်ပုံစံ လုပ်နေရုံမျှမက မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနေသည့်ပုံရိပ်အား ပြသထားပြီး လက်တွေ့တွင်မူ ဆက်လက်ဖျက်ဆီးနေလျက်ရှိသည်။

ကျွန်ုပ်၏ ‘စိမ်းလန်းစို‌ပြေရေး အယောင်ပြဆောင်ရွက်နေသည့် စစ်အာဏာရှင် အစိုးရ’ ဟူသည့်သဘောအမြင်အား ရှိနေပြီးဖြစ်သည့် သဘာဝပတ်ဝန်းကျင် အယောင်ပြထိန်းသိမ်း ခြင်း (greenwashing)2 နှင့် အာဏာရှင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝါဒ3 ဟူသည့် သဘောတရားများမှ ကောက်နုတ်ထားခြင်းဖြစ်သည်။ စိမ်းလန်းစိုပြေရေးအတွက် ဆောင်ရွက် ခြင်းဆိုသည့် စကားလုံးတွင် နိုင်ငံရေးအရ ရည်ရွယ်ချက်များ ပါဝင်နေသည့် အလျောက် ကျွန်ုပ်သည် သဘာဝပတ်ဝန်းကျင် အယောင်ပြထိန်းသိမ်းမှုအား ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နိုင်ငံရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် ချဉ်းကပ်ထားသည်။ စိမ်းလန်းစိုပြေရေးအတွက် ဆောင် ရွက်ခြင်းဟူသည့် သဘောတရားသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုအား မြှင့်တင်ခြင်း သို့မဟုတ် တစ်စုံတစ်ခု၊ နေရာဒေသတစ်ခုအား သဘာဝပတ်ဝန်းကျင်နှင့် ပိုမိုညီညွတ်စေရန် လုပ်ဆောင်ခြင်းဖြစ်သည်သလို နှစ်ခုစလုံးလည်း ဖြစ်နိုင်သည်။ ဥပမာဆိုရလျှင် နွယ်မြက် သစ်ပင်စသည်တို့ စိုက်ပျိုးခြင်းဖြစ်သည်။4 ၂၀၂၁ စစ်အာဏာသိမ်းမှုသည် ပြည်သူလူထု၏ နေ့စဉ်ဘဝအား ခြောက်ခြားအံ့ဩဖွယ် ကောင်းလောက်အောင်ပျက်ယွင်းသွားစေခဲ့သည်။ မြန်မာ့နိုင်ငံရေးကို ပြိုင်ဆိုင်မှု အကြီးအကျယ်ဖြစ်စေခဲ့ပြီး နစကသည် လက်နက်ကိုင်သော၊ လက်နက်မကိုင်သော အဖွဲ့အစည်းမျိုးစုံတို့၏ တွန်းလှန်စိန်ခေါ်မှုကိုခံရသည်။ ဤအခြေအနေ တွင် သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုဆိုင်ရာ နိုင်ငံရေးလည်း ပေါ်ထွက်လာသည်။ ထို့သို့သော အကြောင်းများကြောင့် မြန်မာနိုင်ငံ၏ ၂၀၂၁ စစ်အာဏာသိမ်းမှုအခင်းအကျင်းတွင် ဖြစ်ပေါ်လာ သော “အာဏာရှင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝါဒ” ကိုချပြရာတွင် “ပွင့်ကွဲပေါက် ထွက်မှု”5 သဘောတရားကိုလည်း သုံးခဲ့ရသည်။ နစကဘက်မှ ဖန်တီးယူထားသော အတု အယောင် သတင်းမီဒီယာအကြောင်းအရာများနှင့် မြန်မာပြည်သူလူထု၏ နေ့စဉ်ကြုံတွေ့နေ ကြရသော အခက်အခဲအကျပ်အတည်းများအကြားမှ ကွာခြားမှုအခြေအနေသည် စိမ်းလန်းစို‌ ပြေရေးအယောင်ပြ ဆောင်ရွက်နေသည့် စစ်အာဏာရှင်အစိုးရ၏ သဘောတရားအား မိတ်ဆက်ရန်နှင့် ကောင်းစွာနားလည် သဘောပေါက်စေရန် အထောက်အကူပြုလျက်ရှိသည်။

၎င်းသည် ခြိမ်းခြောက်မှုတစ်ခုမဟုတ်ကြောင်း အယောင်ပြ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအလုပ်များ လုပ်ဆောင်ခြင်းဖြင့် နိုင်ငံတကာအသိုင်းအဝန်းကို ပြသရန်ကြိုးစား သည့် နစက၏ လုပ်ရပ်သည် မည်မျှအောင်မြင်မှု ရှိသလဲဆိုသည်ကို ဤစာတမ်းတွင် သုံးသပ် မေးခွန်းထုတ်ထားသည်။ နစကသည် တရုတ်နှင့် အခြားသော အိမ်နီးချင်းနိုင်ငံများမှ သဘာဝ ပတ်ဝန်းကျင်နှင့် ပတ်သက်သော အခမ်းအနားများတွင် ပါဝင်တက်ရောက်ရန် ဖိတ်ကြားခံခဲ့ရရုံ မျှမက ရုရှားနှင့် အခြားနိုင်ငံများ၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ရသော်လည်း စစ်အာဏာသိမ်းမှု မတိုင်မီ ရရှိခဲ့သည့် ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂကဲ့သို့သော အဖွဲ့အစည်းများမှ ရာသီဥတု ပြောင်းလဲမှုအတွက် ပေးအပ်သည့် နှစ်နိုင်ငံကြားနှင့် နိုင်ငံတကာမှပေးအပ်သော အထောက် အပံ့ အများစုအား ဆုံးရှုံးခဲ့ပြီးဖြစ်သည်။ ထို့အပြင် စစ်ကောင်စီသည် ကုလသမဂ္ဂမှ ဦးဆောင် ကျင်းပလာသည့် ရာသီဥတုပြောင်းလဲလာမှု တိုက်ဖျက်ရေး ညီလာခံ Conference of Parties (COPs) တွင် ပါဝင်တက်ရောက်ခွင့်လည်း ၂၀၂၁ ခုနှစ်ကတည်းက ပိတ်ပင်ခြင်း ခံထားရသည်။  

ပြည်တွင်းလူထုယုံကြည်မှုနှင့် တရားဝင်မှုအားပြောရလျှင် နစက၏ စိမ်းလန်းစိုပြေရေး အတွက် ဆောင်ရွက်ခြင်းဟူသည့် လုပ်ဆောင်မှုများသည် သာမန်လူထု၏ ၎င်းတို့အပေါ်ရှိသည့် အမြင်အား သက်ရောက်မှုရှိ၊ မရှိနှင့် လူထုမှ စစ်တပ်သည် သဘာဝပတ်ဝန်းကျင်အား အမှန် တကယ် အလေးပေးကြောင်း ယုံကြည်ခြင်းရှိ၊ မရှိအပေါ် ဤဆောင်းပါး၏ ဆွေးနွေးမှုများထဲ တွင် ထည့်သွင်းထားခြင်းမရှိပါ။ ကျွန်ုပ်၏ အမြင်အရပြောရလျှင် နစက ထိန်းချုပ် ထားသော မီဒီယာအများစုအား ၎င်းတို့ကို ထောက်ခံသူများနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) မှ အစိုးရအဖွဲ့ဝင်များ အပါအဝင် ပြည်ပရှိ လူထုများမှသာ ဖတ်ရှု၊ ကြည့်ရှုကြပြီး ပြည်တွင်းရှိ သာမန်လူထုမှာမူ (မြန်မာလိုဖြစ်စေ အင်္ဂလိပ်လိုဖြစ်စေ ရေးထားသည်များ) မဖတ်ရှုသလောက်နည်းပါးသည်။ နိုင်ငံတကာမီဒီယာတစ်ခုနှင့် ဉာဏ်စင်္ကြံမှ စစ်အာဏာသိမ်း မှုအပြီးတွင် မြန်မာနိုင်ငံသား (၁၀၀) တွင် (၁) ယောက်မျှသာ သတင်းစာဖတ်ရှုကြောင်းနှင့် အနည်းငယ်သောသူများသာလျှင် သတင်းစာများကိုလက်လှမ်းမီကြောင်း6 ဆိုထားသည်။ ဤ အချက်ကိုကြည့်ခြင်းအားဖြင့် စစ်တပ်ထိန်းချုပ်ထားသည့် မီဒီယာအဖွဲ့အစည်းများသည် ပြည် တွင်းလူထုယုံကြည်မှုအပေါ် လွှမ်းမိုး သက်ရောက်နိုင်မှု နည်းပါးကြောင်း သိရှိနိုင်သည်။

၂၀၁၂ မှ ၂၀၂၁ ခုနှစ်အတွင်းတွင် စစ်အစိုးရက မီဒီယာထိန်းချုပ်မှု လျှော့ချ ခဲ့သောကြောင့် မြန်မာပြည်သူလူထုသည် ထိုကိုးနှစ်တာနီးပါးကာလများတွင် မီဒီယာလွတ်လပ်ခွင့် ပိုမိုကြုံ တွေ့ခံစားခဲ့ရသည်။ လက်ရှိတွင် ပုဂ္ဂလိကမီဒီယာ၊ ပြည်ပရောက်မီဒီယာနှင့် ၂၀၂၁ အာဏာ သိမ်းမှုအပြီး ပေါ်ပေါက်ခဲ့သည့် မီဒီယာ များအပါအဝင် လွတ်လပ်သောမီဒီယာ အဖွဲ့အစည်းများ စွာ ရွေးချယ်ဖတ်ရှုနိုင်ခွင့် ရှိခဲ့သည်။ ထိုအချင်းအရာများသည် နစကဘက်မှ တိကျမှန်ကန်ပြီး စိစစ်ထားသော သတင်းအချက်အလက်များ ပြည်သူတွေထံသို့ မရောက်ရှိစေရန် ဆိုရှယ်မီဒီ ယာပလက်ဖောင်းများ အသုံးပြုခွင့်နှင့် VPN ပိတ်ထားကာ သတင်းအချက်အလက်အား ထိန်းချုပ်ထားရန် ကြိုးပမ်းမှုများကြားမှပင် ဆက်လက် ဖြစ်ပေါ်လျက်ရှိသည်။

ဤဆောင်းပါးအား သုတေသနနည်းလမ်းများနှင့် သီအိုရီပိုင်းဆိုင်ရာ သဘောတရားများ အား ရှင်းလင်းတင်ပြခြင်းဖြင့် စတင်ထားသည်။ ထို့နောက် နစက၏ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုအတွက် လုပ်ဆောင်မှုများအား မီဒီယာမှတစ်ဆင့်ပြသခြင်းကို သစ်ပင် စိုက်ပျိုးရေးပွဲများ၊ သစ်တော ထိန်းသိမ်းမှုစီမံကိန်းများ၊ ပလတ်စတစ်အသုံးပြုမှု လျှော့ချရေး ကမ်ပိန်းများနှင့် ပြန်လည်အသုံးပြုနိုင်သော စွမ်းအင်စီမံကိန်းများဟူ၍ လေ့လာမှုသုံးရပ်အား ဦးတည်သွားသည့် အကျဉ်းချုပ်ဆန်းစစ်လေ့လာမှုအား တင်ပြထားသည်။ ဤအကြောင်းအရာ ပြီးနောက် နစကသည် ဒေသတွင်းနှင့် ပြည်ပရှိ သက်ဆိုင်သူများကို ၎င်းတို့အား မည်သို့ မည်ပုံထင်မြင်စေရန် ပြသနေသည့်အပိုင်းအား ဆိုထားသည်။ ပြီးနောက် ကျွန်ုပ်သည် စစ်ကောင်စီ၏ စိမ်းလန်းစိုပြေရေး အတွက် ဆောင်ရွက်ခြင်းဟူသည့်လုပ်ရပ်အား လူအများ၏ နေ့စဉ်ကြုံတွေ့နေသော အတွေ့အကြုံများ၊ အလွတ်တမ်းမီဒီယာများနှင့် အရပ်ဘက်အဖွဲ့ အစည်း (CSO) များမှ ဝေဖန်ထောက်ပြထားသည့် အကြောင်းအရာများနှင့် ယှဉ်ပြထားသည်။ အဆုံးတွင် ကျွန်ုပ်၏ လေ့လာတွေ့ရှိချက်များအား စုစည်းသုံးသပ် ကာ ၎င်းရှာဖွေတွေ့ရှိမှုများ အနေဖြင့် စစ်အာဏာရှင်အစိုးရများနှင့် ရာသီဥတုပြောင်းလဲမှုများအကြောင်း ပိုမိုကျယ်ပြန့် သည့် ငြင်းခုံဆွေးနွေးမှုများအပေါ် မည်သို့သောပုံစံဖြင့် အထောက်အကူပြုနိုင်သည်ကို ဆွေးနွေးထားသည်။  

သုတေသနနည်းလမ်း

ဤဆောင်းပါးသည် စစ်တပ် (နှင့် နစက) ၏ ပတ်ဝန်းကျင်ဆိုင်ရာနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ပြဿနာများအပေါ် ၎င်းတို့၏ အကျယ်တဝင့် ရေးသားချက်များနှင့် မီဒီယာများမှ တစ်ဆင့် ဖော်ပြမှုများအား ၂၀၂၁ခုနှစ်မှ စတင်၍ ကျွန်ုပ်ကိုယ်တိုင်ဦးဆောင်ကာ ကာလကြာ ရှည်စွာ လုပ်ဆောင်ခဲ့သည့် ဒစ်ဂျစ်တယ်နည်းဖြင့် လူမှုဘဝအလေ့အထသရုပ်ခွဲလေ့လာ သုံးသပ်မှုအပေါ် အခြေခံထားသည်။ မြန်မာနိုင်ငံအတွင်း လုံခြုံရေးမတည်ငြိမ်မှုများကြောင့် နစကအဖွဲ့ဝင်များနှင့် အင်တာဗျူးခြင်းများနှင့် နစက၏ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ မူဝါဒများနှင့် လုပ်ဆောင်မှုများအား လက်ရှိအခြေအနေအရ မြေပြင်တွင်သွားရောက် လေ့လာခြင်းသည် လွန်စွာအန္တရာယ်ကြီးသည်။ ထို့ကြောင့် ကျွန်ုပ်သည် ဒီဂျစ်တယ်ပလက် ဖောင်းများ၌ တွေ့ရှိနိုင်သည့် လူမှုရေးဆိုင်ရာ သတင်းအချက်အလက်များကို အဓိကထား လေ့လာသည့် သုသေသနဆိုင်ရာနည်းလမ်းအား ပဋိပက္ခများဖြစ်ပွားနေသည့် အချိန်ကာလ နှင့် ကိုဗစ်ကပ်ရောဂါဖြစ်ပေါ်နေသည့် အကျပ်အတည်းကာလအတွင်းတွင် အသုံးပြုခဲ့သည်။7 ကျွန်ုပ်သည် နစကထိန်းချုပ်ထားသည့် သတင်းစာများတွင် တွေ့ရသော စစ်တပ်မူဝါဒကြေညာ ချက်များနှင့် အစီရင်ခံစာများကို လေ့လာခြင်းအပြင် ဆိုရှယ်မီဒီယာတွင်တွေ့ရသော ယေဘုယျ အကြောင်းအရာများနှင့် နစကထိန်းချုပ်ထားသည့် ရန်ကုန်မြို့တွင် နေထိုင်သူတစ်ဦးအနေဖြင့် လည်း ကျွန်ုပ်၏ နေ့စဉ်ကိုယ်ပိုင်အတွေ့အကြုံများကို ထည့်သွင်းပေါင်းစပ်ထား သည်။ ကျွန်ုပ် သည် လွတ်လပ်သောမီဒီယာများမှ ဖော်ပြသည့် ဆန့်ကျင်နှိုင်းယှဉ်ထားသော သတင်းအချက် အလက်များကိုလည်း ဖတ်ခဲ့သည်။ ကျွန်ုပ်သည် ၂၀၂၁ ခုနှစ် မတ်လမှ ၂၀၂၄ ခုနှစ် ဇူလိုင်လ အတွင်း သတင်းဆောင်းပါးပေါင်း (၁၀၇) ပုဒ် ဖတ်ရှုလေ့လာကာ ခွဲခြမ်းစိတ်ဖြာမှုပြုပြီး ၎င်းတို့ အား ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်သည့် ကိစ္စရပ်များအနေဖြင့် ခေါင်းစဉ် ကြီးငယ်တပ်ကာ စုစည်းခဲ့သည်။

ဤသုသေသနထဲတွင် ကျွန်ုပ်သည် နစက ထိန်းချုပ်ထားသော မီဒီယာများ၏ သတင်းစာ များထဲမှ ဖော်ပြချက်များအား အသားပေးကာ သုံးသပ်ထားသည်။ The Global New Light of Myanmar နှင့် ကြေးမုံသတင်းစာတို့သည် နစကမှ အဓိကဦးစားပေးသည့် နေ့စဉ်ထုတ် သတင်းစာများဖြစ်သည့်အလျောက် ယင်းသတင်းဌာနနှစ်ခုမှဖော်ပြသည့် အကြောင်းအရာများ ကို အဓိကဦးစားပေးလေ့လာရန် ရွေးချယ်ခဲ့သည်။ ကြေးမုံသတင်းစာမှာ မြန်မာဘာသာဖြင့် ထုတ်ဝေပြီး The Global New Light of Myanmar မှာ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခြင်း ဖြစ်သည်။ မြန်မာ့အလင်းသတင်းစာသည် စစ်ကောင်စီမှ ထိန်းချုပ်သည့် နောက်ထပ်နေ့စဉ် ထုတ်သတင်းစာ တစ်စောင်ဖြစ်သည်။ သို့သော် ၎င်းမှာ The Global New Light of Myanmar  ၏ မြန်မာဘာသာပြန်ဗားရှင်းသာဖြစ်သည်။8 ကြေးမုံသတင်းစာသည် ၁၉၆၄ ခုနှစ် မှ စတင်ကာ မြန်မာပြည်သူများအတွက် ရည်ရွယ်ထုတ်ဝေသည့် သတင်းစာဖြစ်သည်။ ၎င်း အား များသောအားဖြင့် ပြည်တွင်းပြည်ပရှိ နစက ထောက်ခံအားပေးသူများသာ အများဆုံး ဖတ်ရှုကြပြီး အာဏာသိမ်းမှုနောက်ပိုင်းတွင် အဆိုပါသတင်းစာသည် စစ်တပ်၏ တင်းကျပ် သော မီဒီယာဆင်ဆာပြုလုပ်မှု အောက်၌ ရှိနေသည်။  တခြားတစ်ဖက်တွင် The Global New Light of Myanmar  သည် နိုင်ငံတကာမှ အင်္ဂလိပ်ဘာသာအား ကျွမ်းကျင်စွာဖတ်တတ်သူ များအတွက် ရည်ရွယ်ကာ နစကမှ ၎င်းတို့၏ တရားဝင်မှုကို နိုင်ငံတကာတွင်ပုံဖော်ရန် အသုံးပြု ခြင်းဖြစ်သည်။ ဤအချင်းအရာအား ၂၀၂၂ ခုနှစ်တွင် ကျင်းပခဲ့သော နစက ပြန်ကြားရေး ဝန်ကြီးဌာန၏ အစည်းဝေးတစ်ခုတွင်တွေ့နိုင်သည်။ ထိုစည်းဝေးပွဲတွင် ပြန်ကြားရေးဝန်ကြီးမှ “နိုင်ငံရဲ့ တကယ့်အခြေအနေအမှန်နဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို နိုင်ငံတကာလူထုတွေဆီ ရောက်ဖို့” (မူရင်းဖော်ြပချက်အတိုင်း) သတင်းစာကို နိုင်ငံတကာတွင် ဖြန့်ဝေရမည်ဟူ၍ ပြော ကြားခဲ့သည်။ ထို့အပြင် သူက “အစည်းအဝေးပွဲသို့ တက်ရောက်လာသူများအား နိုင်ငံတကာ စိတ်ဝင်စားမည့် သတင်းစာဖြစ်စေရေး လက်တွေ့လိုအပ်သည့် အကြောင်းအရာများကို ဆွေးနွေးရန် ပြောကြားခဲ့သည်”9

ကျွန်ုပ်သည် နစကထိန်းချုပ်သော ဤသတင်းစာနှစ်ခုအား အဓိကထား လေ့လာခြင်း အပြင် အွန်လိုင်းပေါ်ရှိ အခြားသောမီဒီယာများ၏ ထောက်ပြပြောဆိုချက်များကို စောင့်ကြည့် သလို အရပ်ဘက်အဖွဲ့အစည်းများမှ တင်ပြသည့် သတင်းထုတ်ပြန်ချက်များကိုလည်း ပုံမှန် ဖတ်ရှုသည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့် ကျွန်ုပ်သည် နစကမှ ကြွားဝါဖော်ပြနေသော စိမ်းလန်းစိုပြေရေးအတွက် ဆောင်ရွက်ခြင်းဆိုသည့် လုပ်ရှားမှုများသည် လက်တွေ့နှင့် မည့်သို့ ခြားနားနေသည်ကို နားလည်လာနိုင်ခဲ့သည်။

သဘာဝပတ်ဝန်းကျင်ကို အယောင်ပြထိန်းသိမ်းခြင်းနှင့် သဘာဝပတ်ဝန်းကျင်ကို အာဏာရှင်ဆန်စွာ တစ်ဖက်သတ် ဆုံးဖြတ်ထိန်းချုပ်မှု

ဤဆောင်းပါးတွင် သဘာဝပတ်ဝန်းကျင်ကို အယောင်ပြထိန်းသိမ်းခြင်း၏ အနက်အဓိပ္ပာယ် အား အောက်ပါအတိုင်း ကောက်နုတ်ထားသည်။

ပတ်ဝန်းကျင်ထိခိုက်မှုနည်းပါးစေရန် တွေးတောကြံဆ  ဝယ်ယူသုံးစွဲသူနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး အပေါ် အလေးပေးလာကြသည့် လူများ တိုးလာသည်နှင့်အမျှ ကုမ္ပဏီတစ်ခု၏ ထုတ်ကုန် သို့မဟုတ် တစ်ဦး တစ်ယောက်၏ နိုင်ငံရေးအရ ရည်ရွယ်ချက်များနှင့် လုပ်ဆောင်သည့် အရာ များသည် သဘာဝပတ်ဝန်းကျင် ‘စိမ်းလန်းစိုပြေရေး’ ကို ဦးတည်သည်၊ သဘာဝပတ်ဝန်းကျင်နှင့် ညီညွတ်မှုရှိသည် ဟူသည့် ပုံစံအား ပြသသည့် ဈေးကွက်စီးပွားရေးမြှင့်တင်သည့် နည်းဗျူဟာများဖြစ်သည်။ သို့သော် ‘သဘာဝပတ်ဝန်းကျင်ကို အယောင်ပြထိန်းသိမ်းခြင်း’ ၏ ဗဟိုချက်လှည့် ကွက်မှာ ပတ်ဝန်းကျင်ထိခိုက်စေမည့်လုပ်ရပ်များအား ‘စိမ်းလန်းစိုပြေရေး ပုံရိပ်’ ကို အလွဲသုံးစားလုပ်ခြင်းဖြင့် တရားဝင်ဖြစ်လာစေရန် လုပ်ဆောင်ခြင်း ဖြစ်သည်။10

ဤဆောင်းပါးတွင် နစကကဲ့သို့သော အာဏာရှင်အစိုးရများမှ သဘာဝပတ်ဝန်းကျင် အယောင် ပြထိန်းသိမ်းရေး နည်းလမ်းများအား နိုင်ငံရေးရည်ရွယ်ချက်များအတွက် မည်သို့မည်ပုံ အသုံးချ နိုင်ကြသည်ကို သုံးသပ်ထားသည်။  ဤအကြောင်းအရာနှင့် ပတ်သက်သည့် စာပေများရှာဖွေခဲ့ ရာတွင် စစ်အာဏာရှင်များအနေဖြင့် အကြမ်းဖက်မှုများနှင့်အတူ အာဏာသိမ်းပြီး နောက်ပိုင်း သဘာဝပတ်ဝန်းကျင်ကို အယောင်ပြထိန်းသိမ်းခြင်းအား မည်သို့ဆောင်ရွက်နေကြောင်း စနစ် တကျ ဆွေးနွေးထားသည့် မည်သည့် ဆောင်းပါးမျိုးမှ မတွေ့ခဲ့ပေ။ သို့သော် အာဏာရှင် အစိုးရများမှ သဘာဝပတ်ဝန်းကျင်ကို အယောင်ပြထိန်းသိမ်းခြင်းနှင့် ပတ်ဝန်းကျင်အား အာဏာရှင်ဆန်စွာ မည်သို့ တစ်ဖက်သတ် ဆုံးဖြတ်ထိန်းချုပ်ကြသည်အား ဆွေးနွေးထားသည့် စာပေများသည် မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသည့် ကိစ္စရပ်အပေါ် နားလည်လွယ်စေရန် အထောက်အကူပြုနိုင်သည်။

ဖရောလစ်နှင့် ဟာတ်တို့သည် နိုင်ငံရေး‌‌ဂေဟဗေဒ (political ecology) ပေါ်တွင် အခြေခံ၍ အာဏာရှင်အစိုးရများသည် သဘာဝအရင်း အမြစ်များအား ကိုယ်ကျိုးအတွက် အသုံးချခြင်း သို့မဟုတ် ဖိနှိပ်ချုပ်ချယ်သည့် လုပ်ရပ်များ လုပ်နေစဉ်အတွင်းမှာပင် စိမ်းလန်းစို‌ ပြေ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးသည့်ပုံစံဖြင့် ကမ္ဘာလုံးဆိုင်ရာ သဘာဝထိန်းသိမ်းရေး လှုပ်ရှားမှုများ နှင့် ကိုက်ညီသည့်ဟန် မည်သို့မည်ပုံဆောင်ရွက်နေကြနေကြောင်း ရှင်းပြထား သည်။11  အချို့မှာ နိုင်ငံတကာမှဆောင်ရွက်သူများနှင့် ပူးပေါင်း၍ လူ့အခွင့်အရေးချိုးဖောက်မှု များကို ဖုံးကွယ်ကာ သဘာဝပတ်ဝန်းကျင်အား တာဝန်ယူဆောင်ရွက်သည့် ပုံစံပြသရန် လုပ်ဆောင်ကြသည်။ ဤအပိုင်းတွင် ဘေးအန္တရာယ်များအား  “သဘာဝတရားကြောင့်ဖြစ် သည့် အရာများအဖြစ် ပုံဖော်ပြသခြင်း (ecologization)”12 သည် အရေးပါသော နိယာမ တစ်ခု ဖြစ်သည်။ ဆိုလိုရင်းမှာ ဘေးအန္တရာယ်များသည် ‘သဘာဝတရား’ ကြောင့်သာဖြစ်၍ ၎င်းအန္တရာယ်များ၏ နောက်ကွယ်တွင်ရှိသည့် လူလုပ်သော ဖြစ်ရပ်၊ လုပ်ရပ်များနှင့် နိုင်ငံရေး အကြောင်းအရင်းများ၏ အကျိုးဆက်များအား အလေးမထား သို့မဟုတ် အလုံးစုံလျစ်လျူရှုပစ် ခြင်းကို ဆိုခြင်းဖြစ်သည်။ ၎င်းအား အတင်းအကျပ် ပြန်လည်နေရာချထားခြင်း၊ သွားလာခွင့် ကန့်သတ်ခြင်း၊ ဘေးအန္တရာယ်မှ လွတ်မြောက်လာသည့်သူများအပေါ် အာရုံလွှဲထားကာ ကယ်ဆယ်ရေးပျက်ကွက်မှုများ ကဲ့သို့သော သဘာဝပတ်ဝန်းကျင် အယောင်ပြထိန်းသိမ်းခြင်း ၏ နည်းလမ်းတစ်ခုအဖြစ် မြင်နိုင်သည်။ ဥပမာအားဖြင့်ဆိုရလျှင် အီသီယိုးပီးယားမြောက်ပိုင်း တွင် ငတ်မွတ်ခေါင်းပါးခြင်းနှင့် တီဂရေးယန်များ အစုလိုက်အပြုံလိုက် နေရပ်ရွှေ့ပြောင်းခဲ့ရ ခြင်းသည် မိုးခေါင်ခြင်းကြောင့်ဖြစ်သည်ဟူ၍ အုပ်ချုပ်သည့်အစိုးရမှ ပုံချခဲ့သော်လည်း အမှန် မှာ စစ်ပွဲနှင့် မတရားဖိနှိပ်မှုများ‌ကြောင့်သာ ဖြစ်သည်ဟု ဖရောလစ်နှင့် ဟာတ်မှဆိုခဲ့သည်။

တဂရေးယန်း အများအပြားအား အတင်းအကျပ် နေရာရွှေ့ ပြောင်းခိုင်းခြင်း အပါအဝင် အမျိုးမျိုးသောလွတ်မြောက်ရေး လှုပ်ရှားမှုများနှင့် ပြည်သူလူထု အပေါ် ဖိနှိပ်မှုများအား ဖုံးကွယ်ရန် မိုး‌ခေါင်ခြင်းအား သဘာဝပတ်ဝန်းကျင် အယောင်ပြထိန်း သိမ်းခြင်းပြုလုပ်ကာ မေးခွန်းများမေးလာခြင်းမှ အကာ အကွယ်ယူရန် အသုံးပြုခဲ့သည်။13

အခြားနိုင်ငံများတွင်တွေ့ရသော သဘာဝပတ်ဝန်းကျင် အယောင်ပြထိန်းသိမ်းခြင်းဆိုသည့် အခြားဥပမာတစ်ခုအား အစ္စရေးနိုင်ငံမှ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲခြင်းနှင့် ပြန်လည်အသုံးပြု နိုင်သည့်စွမ်းအင် ကဲ့သို့သော ပတ်ဝန်းကျင်နှင့် ဆိုင်သည့် စီမံကိန်းများကို အသုံးချကာ ပါလက်စတိုင်းပိုင်နက်နယ်မြေများတွင် မြေယာပိုင်ဆိုင်မှုနှင့် သိမ်းယူခြင်းကို ဖုံးကွယ်သည့် အကြောင်း စူးစမ်းသည့် ဟျူးစ်နှင့်အဖွဲ့14 ၏ လေ့လာမှုထဲတွင် တွေ့ရသည်။ ဤသို့သဘာဝ ပတ်ဝန်းကျင် အယောင်ပြထိန်းသိမ်းခြင်း၏ ပုံစံသည် အစ္စရေးနိုင်ငံနှင့် အခြားလုပ်ငန်းစုကြီး များမှ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အခြေချသူများမှ အကြမ်းဖက်မှုများကို အာရုံလွှဲချင် သည့်အခါတွင် ရာသီဥတုပြောင်းလဲလာမှု လျှော့ချရေး၊ ရေရှည်တည်တံ့စေရန် ထိန်းသိမ်းရေး နှင့် စိမ်းလန်းစိုပြေ စိုက်ပျိုးရေးစသည့် “အဆင့်ဆင့်တိုးတက်ပြောင်းလဲစေရန်” ပြုပြင်မှုများ အား မီးမောင်းထိုးပြသည့် အခါတွင်သုံးသော မေးခွန်းများ မေးမလာစေရန် အသုံးပြုသည့် နည်းလမ်းတစ်ခု ဖြစ်သည်။15 ဤဥပမာသည် အာဏာရှင်အစိုးရများမှ ၎င်းတို့လုပ်ဆောင်‌သော အရာများအား သဘောတူညီလက်ခံမှုရရှိစေရန် စိမ်းလန်းစိုပြေရေးအတွက် ဆောင်ရွက်သည့် စီမံကိန်းများကို အသုံးချ၍ ကိုယ့်အကျိုးအမြတ်အတွက်သာ လုပ်ဆောင်သည့်အရာများ ဆက် လက်ဆောင်ရွက် နေကြသည့်ပုံစံနှင့် ဆင်တူမှုရှိသည်။ အန်ဒါဆန်16 သည်လည်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသည် နိုင်ငံရေးနှင့် စစ်ရေး ရည်ရွယ်ချက်များအတွက် လက်နက် သဖွယ် မည်သို့မည်ပုံအသုံးချခံနေရသည်ကို လေ့လာထားသည်။ ဂွါတီမာလာ ပီတန်း‌ဒေသ တွင် တပ်မတော်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လုပ်ဆောင်ချက်များအား သူပုန်များ အပေါ် တုန့်ပြန်စစ်ဆင်ရေးများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အသုံးချခဲ့သည်။ သဘာဝပတ် ဝန်းကျင် ကာကွယ်ရေးအတွက် တချို့တစ်ဝက်ကိုသာ ရွေးချယ်အကောင်အထည်ဖော်နေစဥ် အချိန်အတွင်းမှာပင် စစ်တပ်သည် ၎င်း၏စစ်ရေးဗျူဟာများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုသည့် အယောင်ဆောင်ထားသော ပုံံစံအောက်တွင် မြှင့်တင်နေခဲ့သည်။

မြင့်တက်လာနေသော ရာသီဥတုပြောင်းလဲလာမှု ပြဿနာအား အာဏာရှင်အစိုးရများမှ ၎င်းတို့သာလျှင်ထိန်းချုပ်ကိုင်တွယ်နိုင်သည့် ကိစ္စရပ်တစ်ခုအဖြစ် သတ်မှတ်ကာ အရေးပေါ် ဆောင်ရွက်ချက်များနှင့် ၎င်းတို့၏ ဗဟိုချုပ်ကိုင်မှုအာဏာအား တောင့်တင်းခိုင်မာလာစေရန် ဆောင်ရွက်ခြင်းအတွက် အကြောင်းပြချက်တစ်ခုအဖြစ်အသုံးပြုနေကြသည်။17 ဤအကြောင်း အရာသည် ထောက်ခံသူများနှင့် ဝေဖန်သူများပါရှိသော သဘာဝပတ်ဝန်းကျင်အား အာဏာရှင် ဆန်စွာ တစ်ဖက်သတ်ဆုံးဖြတ်အုပ်ချုပ်မှုအပေါ် လက်ရှိ ဖြစ်ပွားနေသည့် ငြင်းခုံမှုများနှင့် ဆက်စပ်၍ရနိုင်သည်။ သဘာဝပတ်ဝန်းကျင်အား အာဏာရှင်ဆန်စွာ တစ်ဖက်သတ်ဆုံးဖြတ် အုပ်ချုပ်မှုနှင့် ပတ်သက်၍ ထောက်ခံသည့်အဆိုတွင် ဒီမိုကရေစီဆန်သည့် နည်းလမ်းများမှာ ရာသီဥတုပြောင်းလဲလာမှုအား ထိထိ‌ရောက်ရောက်နှင့် မြန်မြန်ဆန်ဆန် လိုအပ်သည့် အတိုင်း အတာဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်ရန် နှေးကွေးကြောင်း၊ ရှုပ်ထွေးကြောင်းနှင့် များစွာသော အထင်အမြင်များက ပါဝင်ကန့်သတ်ထားကြောင်း ပြောထားသည့် အချက်များပါဝင်သည်။ ဆန့်ကျင်ဘက်အားဖြင့် အာဏာရှင်အစိုးရများသည် သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတု ပြောင်းလဲလာခြင်းအား‌ ဖြေရှင်းရန် ထိရောက်‌သော မူဝါဒများအား လျင်မြန်စွာလုပ်ဆောင်နိုင် ပြီး အရေးပေါ်အခြေအနေများအား လျင်မြန်စွာ တုံ့ပြန်နိုင်သည့်အပြင် ရေတို နိုင်ငံရေးအကျိုး စီးပွားများထက် ရေရှည်‌ဂေဟစနစ် တည်တံ့ရေးကိုသာ ဦးစားပေးစဥ်းစားရန် ပိုမိုသင့်တော်မှု ရှိနေသည်။18 သဘာဝပတ်ဝန်းကျင်အား အာဏာရှင်ဆန်စွာ တစ်ဖက်သတ်ဆုံးဖြတ်အုပ်ချုပ်မှု တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများကြောင့် အနစ်နာဆုံးသူများ၏ အသံအား ဖယ်ထုတ်ထားပြီး သဘောထားကွဲလွဲမှုများအား ဖိနှိပ်ထိန်းချုပ်ထားတတ်သောကြောင့် ပင်ကို အားဖြင့် တရားမျှတမှုမရှိဟု ဝေဖန်သူများက ဆိုကြသည်။19 ဂါဗာဒ်စထယ်လီမှ —

အာဏာရှင်ဆန်သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် ၎င်းတို့ လက်ထဲ၌သာ ကန့်သတ်ထိန်းချုပ်နိုင်မှုရှိပြီး လူထုအမြင်နှင့် လူထုပါဝင်မှု မရှိသည့် မူဝါဒသတ်မှတ်နည်း၊ နိုင်ငံတော်ကြီးစိုးသော မူဝါဒလုပ်ငန်းစဥ်၊ ချုပ်ချယ်ခြင်းနှင့် ထိန်းချုပ်ခြင်းရှိသည့် စနစ်များပါဝင်ပြီး ၎င်းတို့သည် တစ်ဦး ချင်းစီနှင့် စီးပွားရေးလုပ်ငန်းများ၏ လွတ်လပ်ခွင့်အား ကန့်သတ်ခြင်းဆီသို့ ဦးတည်စေတတ်သည်။ 20

လက်တွေ့တွင် အာဏာရှင်အစိုးရများသည် သဘာဝပတ်ဝန်းကျင်အား ထိရောက်စွာ ထိန်းသိမ်းနိုင်ခြင်းမရှိဟုလည်း ဆန့်ကျင်သူများက ဆိုကြသည်။ ယင်းအစား ဤအာဏာရှင် များ၏ ရာသီဥတုပြောင်းလဲလာခြင်းနှင့် သဘာဝပတ်ဝန်းကျင်အား ကာကွယ်ခြင်းဟူသည့် လုပ်ငန်းစဥ်များ သိသာထင်ရှားစွာတိုးလာခြင်းသည် သက်ရှိဂေဟဗေဒစနစ်နှင့် သက်ဆိုင် သည့် အရာများအား စနစ်တကျကိုင်တွယ်ဖြေရှင်းခြင်းထက်  ‘စိမ်းလန်းစိုပြေရေးအတွက် ဆောင်ရွက်ခြင်း’ ဆိုသည့်အရာအား ၎င်းတို့အာဏာပိုရရန် လုပ်ဆောင် သို့မဟုတ် ပြသခြင်းကို သာဦးတည်နေသည်။ ဆိုလိုသည်မှာ စိမ်းလန်းစိုပြေရေး အတွက် ဆောင်ရွက်ခြင်းသာမကဘဲ သဘာဝပတ်ဝန်းကျင်အား အယောင်ပြထိန်းသိမ်းခြင်းလည်း ပါဝင်သည်။ ဥပမာအားဖြင့်ဆိုရ လျှင် တရုတ်အာဏာပိုင်များမှ သစ်တောပြန်လည်စိုက်ပျိုးရေး စီမံကိန်းကြီးများလို သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ဆောင်ချက်များအား ၎င်းတို့၏ အာဏာ ပိုမိုခိုင်မာလာစေရန်နှင့် ဆန့်ကျင်သံများတိတ်ဆိတ်သွားစေရန် ဗျူဟာကျကျ အသုံးပြုခဲ့ကြသည်ဟု လိနှင့် ရှပိရို တို့မှ ထောက်ပြထားသည်။21 ယင်းအစီအစဥ်များသည် တရုတ်၌ စိမ်းလန်းစိုပြေမှုပိုမိုတိုးပွားလာစေ ရန် အထောက်အကူပြုခဲ့သော်လည်း လယ်သမားများနှင့် အလုပ်သမားများအား ၎င်းတို့၏ မူလနေရာမှ စွန့်ခွာစေခြင်းဖြစ်စေခဲ့မှုတို့သည် ထိုကဲ့သို့စီမံကိန်းများကြောင့် လူသားများ၏ ခံစားရပုံကို ဖော်ပြနေသည်။ အလားတူစွာ လာအိုနှင့် ဗီယက်နမ်တွင် ရေအားလျှပ်စစ် စီမံကိန်းများကဲ့သို့သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပဏာမခြေလှမ်းများကို ဗဟိုအာဏာ ပိုင်များမှ နိုင်ငံတော်အာဏာတည်တံ့ ခိုင်မြဲရေးနှင့် နိုင်ငံဖြတ်ကျော်အရင်းအမြစ်များအား လက်လှမ်းမီရယူနိုင်ရေးအတွက် အသုံးချကြသည်။ ယင်းစီမံကိန်းများထဲတွင် ပုံမှန်အားဖြင့် ကာဗွန် ထုတ်လွှတ်မှု လျှော့ချရန်ဆိုသည့် ဆောင်ရွက်မှု၏ နောက်ကွယ်၌ ဆင်းရဲနွမ်းပါးသော သူများ၏ ဘဝအား ပိုမိုဘေးကျပ်နံကျပ်ဖြစ် ခက်ခဲသွားစေနိုင်မည့် နေထိုင်ရန် မသင့်တော် သောနေရာများသို့ အတင်းအကျပ် ပြောင်း‌ရွှေ့ခိုင်းခြင်းမျိုး ပါဝင်တတ်သည်။22 အချုပ်ပြောရ လျှင် အာဏာရှင်အစိုးရများသည် အချို့သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာများအား ဖြေရှင်းကောင်း ဖြေရှင်းနိုင်သော်လည်း ယင်းကဲ့သို့ဆောင်ရွက်ရာတွင် လူထုပါဝင်မှုနှင့် တရား မျှတမှုတို့အား စတေးကြသည်။

ကျွန်ုပ်တင်ပြမည့်အတိုင်းပင် မြန်မာနိုင်ငံ၏ နစကသည် ၂၀၂၁ အာဏာသိမ်းပြီးနောက် ပိုင်းမှ စတင်ကာ စိမ်းလန်းစိုပြေရေးအတွက် လုပ်ဆောင်သည့် ဤသို့ပုံစံတူ နည်းလမ်းများကို အသုံးပြုလာသည်။ နစကသည် သဘာဝဘေးအန္တရာယ်များအား ‘သဘာဝကြောင့်သာ ဖြစ် ကြောင်း ဖော်ပြခြင်း (ecologizing)’ ကဲ့သို့ ပြင်းထန်သည့် ဖြစ်စဥ်များ ဖြစ်နေသည်ကို အသုံးချကာ ၎င်းတို့၏ ဖိနှိပ်မှုများအား တရားဝင်ဖြစ်လာစေရန် လုပ်ဆောင်နေသည့် အချိန် အတွင်းမှာပင် ၎င်းတို့ကိုယ်တိုင်သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ကြသူများ အဖြစ် ပုံဖော်လျက်ရှိသည်။ ထို့အပြင် နစကသည် တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ထားသော နယ်မြေများနှင့် နယ်မြေစိုးမိုးမှုယှဥ်ပြိုင်နေသောနေရာများတွင် သစ်တောထိန်းသိမ်းရေး နေရာအသစ်များကို ကြေညာခဲ့သည်။ ထိုသို့ပြုလုပ်ရခြင်း၏ ဖြစ်နိုင်ခြေရှိသော အကြောင်း ပြချက်တစ်ခုမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး တာဝန်ယူမှုပုံရိပ်ကို အသုံး ချ၍ တော်လှန်ရေးအားဖိနှိပ်ရန်နှင့် နယ်မြေစိုးမိုး ထိန်းချုပ်မှုရရှိရန်အတွက်ဖြစ်သည်။23 သို့သော်လည်း နစကသည် စစ်တပ်မှ အကြမ်းဖက်ဆောင်ရွက်မှုများနှင့် လွှမ်းမိုးချုပ်ကိုင်ကာ နိုင်ငံရေးအတိုက်အခံအားလုံးအား ဖိနှိပ်ချုပ်ချယ်မှုနည်းလမ်းများမှတစ်ဆင့် အဓိကအုပ်ချုပ် သောကြောင့် အာဏာရှင်ဆန်သောအစိုးရထက် ဖိနှိပ်သည့် စစ်အာဏာရှင်ဆန်သော ဝိသေသ လက္ခဏာများ ပိုမိုတွေ့ရသည်။24 ထို့ကြောင့် ကျွန်ုပ်သည် သဘာဝပတ်ဝန်းကျင်အား အာဏာ ရှင်ဆန်စွာ တစ်ဖက်သတ် ဆုံးဖြတ် အုပ်ချုပ်မှုဆိုသည့် ဥပမာတစ်ခုအစား ‘စိမ်းလန်းစိုပြေရေး အယောင်ပြ ဆောင်ရွက်နေသည့် စစ်အာဏာရှင်အစိုးရ’ ဟူ၍ ရည်ညွှန်းထားခြင်းဖြစ်သည်။

နစက၏ ရာသီဥတုနှင့် ပတ်ဝန်းကျင်အတွက် လုပ်ဆောင်သည့်အရာများအား မီဒီယာမှ ချပြပုံများ

ဤအပိုင်းတွင် နစကထိန်းချုပ်ထားသော မီဒီယာများမှ နစကနှင့် စစ်တပ်အရာရှိ အကြီး အကဲပိုင်းများသည် ရာသီဥတုပြောင်းလဲလာခြင်းနှင့် သဘာဝ ပတ်ဝန်းကျင်နှင့် ပတ်သက်၍ မည်သို့ နားလည်ပြီး စိတ်ပါဝင်စားစွာ အားတက်သရော ဆောင်ရွက်နေကြသူများအဖြစ် ပြသကြပုံအား စူးစမ်း လေ့လာထားသည်။ The Global New Light of Myanmar နှင့် ကြေးမုံ သတင်းစာတို့မှ ထုတ်ဝေဖြန့်ချိသော ဆောင်းပါးအများစုမှာ နစကအား ထောက်ခံသည့် သို့မဟုတ် ၎င်းတို့အတွက် အလုပ်လုပ်‌ပေးရန် ဆန္ဒရှိသည့် သတင်းသမားများ၊ အယ်ဒီတာများ၊ မိုးလေဝသနှင့် ဇလ‌ဗေဒပညာရှင်များ25 ကဲ့သို့ နည်းပညာကျွမ်းကျင်သူများမှ ရေးသားသည့် အရာများဖြစ်သည်။ နစက၏ လက်အောက်တွင် အလုပ်လုပ်နေသောသူများရေးသည့် ဆောင်းပါးများမှာ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့သည့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (civil disobedience movement) တွင် ပါဝင်ခြင်းမရှိဘဲ ၎င်းအုပ်ချုပ်ရေးအောက်တွင် ဆက်လက်နေထိုင်ရန် ရွေးချယ်ခဲ့သည့် အစိုးရ ဝန်ထမ်းများမှ ရေးသားသည့် ဆောင်းပါးများဖြစ်သည်။ သိသာထင်ရှားသည့်အချက်မှာ ယင်း ဆောင်းပါးများသည် ပြည်တွင်း၌သာမက ကမ္ဘာတစ်ဝန်းလုံးရှိ သဘာဝပတ်ဝန်းကျင်နှင့် ရာသီ ဥတုပြောင်းလဲလာခြင်း ပြဿနာများအား နိုင်ငံရေးနှင့် မသက်ဆိုင်သည့်ပုံစံဖြင့် ပုံမှန်လိုသာ ဖော်ပြကြပြီး လက်ရှိဖြစ်ပေါ်နေသာ နိုင်ငံရေး အကျပ်အတည်းနှင့် လက်နက်ကိုင် ပဋိပက္ခ များကို လုံးလုံးလျားလျား ချန်လှပ်ထားလျက်ရှိသည်။ အခြားဆောင်းပါးများတွင် နစကအား တိုင်းပြည်ကိုကယ်တင်သူနှင့် သဘာဝပတ်ဝန်းကျင်အားစောင့်ရှောက်သူအဖြစ် မြင်သာအောင် အလွန်အကြူးချီးမြှောက် ပြောဆိုထားကြသည်။

ကျွန်ုပ်သည် သတင်းစာများကို စစ်တမ်းပြုစုနေစဥ်အတွင်း ရာသီဥတုပြောင်းလဲလာမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များကို ရေးသားထားသည့် ဆောင်းပါးအမျိုးအစား (၄) မျိုးအား ရှာဖွေတွေ့ရှိခဲ့သည်။ ပထမတစ်ခုမှာ ရာသီဥတုပြောင်းလဲလာမှုနှင့်ပတ်သက်သည့် ယေဘုယျ အချက်အလက်အပိုင်းအစများနှင့် ၎င်း၏ သက်ရောက်မှုများအား ရေးသားထား ခြင်းဖြစ်သည်။ ၎င်းအား တစ်ခါတစ်ရံ ကုလသမဂ္ဂအစီရင်ခံစာများနှင့် တစ်ခါတစ်ရံတွင် ထိုင်း နိုင်ငံရှိ မီးခိုးမြူငွေ့ညစ်ညမ်းမှုကဲ့သို့သော အခြားနိုင်ငံများတွင်ဖြစ်ပွားသည့် သဘာဝ ပတ်ဝန်း ကျင်နှင့်ဆိုင်သော ပြဿနာများအား ဖော်ပြရေးသားထားသော နိုင်ငံတကာ သတင်းအချက် အလက်များကို ကိုးကားရေးသားထားခြင်းဖြစ်သည်။26 ဆောင်းပါးအများစုမှာ နိုင်ငံတကာ ကဏ္ဍအပိုင်းတွင် ပါလာသည် များဖြစ်၍ အချို့မှာ Newsweek သို့မဟုတ် Reader’s Digest ကဲ့သို့နိုင်ငံတကာ မီဒီယာများ၏ ဆောင်းပါးများကို ပြန်လည်ထုတ်ဝေထားခြင်းသာ ဖြစ် သည်။27 အယ်လ်နီညို ရာသီဥတုပြောင်းလဲမှုဖြစ်စဥ်၏ သက်ရောက်မှုများအား သတိပေးကာ မြန်မာပြည်သူများအား ကြိုတင်ကာကွယ်ရေးအတွက် လုပ်ဆောင်မှုများပြုလုပ်ရန် အကြံပြု ထားသည့် ဆောင်းပါးတစ်ပုဒ်ကဲ့သို့ မြန်မာနိုင်ငံအကြောင်း ဖော်ပြထားသည့် အချို့သော ဆောင်းပါးများလည်းရှိသည်။28 အပြည်ပြည်ဆိုင်ရာ ကဏ္ဍအပိုင်းတွင် ရာသီဥတုပြောင်းလဲလာ မှု တိုက်ဖျက်ရေး ကုလသမဂ္ဂညီလာခံနှင့် ပတ်သက်၍ ရေးထားသည့် ဆောင်းပါးများလည်း တွေ့ရှိခဲ့သည်။29 သိသာထင်ရှားစွာပင် ထိုဆောင်းပါးများထဲတွင် မည်သည့်ဆောင်းပါးကမှ နစကအား ၂၀၂၁ ကတည်းကစ၍ ထိုအစည်းအဝေးပွဲများမှ ဖယ်ရှားထားသည်ဆိုသည့် အကြောင်း မဖော်ပြထားဘဲ နစက၏ နိုင်ငံတကာမှ အသိအမှတ်ပြုခြင်း မခံရသည့်အချက်ကို ဖုံးကွယ်ထားသည်။30

ဒုတိယအမျိုးအစားဖြစ်သည့် ဆောင်းပါးများထဲတွင် နစကသည် ရာသီဥတုပြောင်းလဲ လာမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဘောင်များနှင့် လုပ်ဆောင်ချက်များတွင် ထဲထဲဝင်ဝင် ပါဝင်ထားမှုရှိကြောင်း ဖော်ပြထားသည်။ ၎င်းအချက်အား အထူးသဖြင့် နစကနှင့် စစ်တပ် အရာရှိများမှ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၊ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့နှင့် ကမ္ဘာ့ရေနေ့ကဲ့သို့သော အပြည်ပြည်ဆိုင်ရာနေ့များအတွက် အခမ်းအနားကျင်းပကြခြင်းမှတစ် ဆင့် ဖော်ပြကြသည်။31 ထိုသို့သော အခမ်းအနားများတွင် နစကအကြီးအကဲနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖြစ်သည့် မင်းအောင်လှိုင်အား သဘာဝပတ်ဝန်းကျင်ကို အမှန်တကယ် ကာကွယ်စောင့်ရှောက်သည့် ခေါင်းဆောင်အဖြစ် ဓာတ်ပုံများနှင့် မိန့်ခွန်းများမှတစ်ဆင့် ဖော်ပြ ကြသည်။32 အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနေ့တွင် နစက၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (MoNREC’s)33 လက်အောက်ရှိ သစ်တော ဦးစီးဌာန၏ တာဝန်ရှိ အရာရှိတစ်ဦးသည် ၁၉၉၃ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံသည် ကုလ သမဂ္ဂ၏ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ စည်းမျဥ်းများကို မည်သို့လိုက်နာထောက်ခံခဲ့ ကြောင်း ရေးသားထားသည့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် ပတ်သက်သော ဆောင်းပါးရှည် တစ်ပုဒ် ရေးသားခဲ့သည်။34 ၂၀၂၃ ခုနှစ်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာနသည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး၏ မိန့်ခွန်းပြောကြားနေသည့် ဗီဒီယိုကို ပြသခြင်းဖြင့် အစချီကာ အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ရေး နေ့ကို ကျင်းပခဲ့သည်။ ယင်းအား နစကမှ ၎င်းတို့တွင် နိုင်ငံတကာ အဆက်အသွယ်များရှိ ကြောင်း ပြသရန်ကြိုးစားမှုအဖြစ် မြင်နိုင်သည်။35 အချို့သော ဆောင်းပါးများတွင် မြန်မာနိုင်ငံ အား အ‌ရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) တွင် သဘာဝ ထိန်းသိမ်းရေး ဥယျာဥ်များ အတွက် ဦးဆောင်နေသူအဖြစ် ဖော်ပြထားသည်။36 ၎င်းနှင့်အညီ နစကသည် ထိုင်း၊ တရုတ် ကဲ့သို့ ဒေသတွင်းနိုင်ငံများနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း အစရှိသည်တို့ဖြင့် လေထု ညစ်ညမ်းမှု၊ တောမီးလောင်မှုများနှင့် သဘာဝဘေးအန္တရာယ် လျှော့ချမှုများကဲ့သို့သော သဘာ ဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများအား ဆွေးနွေးသည့်ပွဲများတွင် ပါဝင်ထားကြောင်းလည်း အချို့ဆောင်းပါးများမှ ဖော်ပြထားသည်။37 အချို့သော ဆောင်းပါးများတွင် နစကသည် ပြန် လည်အသုံးပြုနိုင်သော စွမ်းအင်များအတွက် ရင်းနှီးမြှုပ်နှံထားကာ တရုတ်၊ ထိုင်းနှင့် စင်ကာပူ ရှိ ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်နေကြောင်း အသားပေးဖော်ပြထားသည်။38 ယင်း ဆောင်းပါးများသည် နစကမှ အသစ်တစ်ဖန်ပြန်လည်အသုံးပြုနိုင်သော စွမ်းအင်စီမံကိန်းများ အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရရှိရန် ကြိုးပမ်းနေ သည်ကို မီးမောင်းထိုးပြနေပြီး ၎င်းတို့သည် သဘာဝပတ်ဝန်းကျင်နှင့် လူနေမှု၊ လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုများအတွက် ထည့် သွင်းစဥ်းစားကြောင်း ဖော်ပြထားသည်။

တတိယပိုင်းတွင်ပါသည့် ဆောင်းပါးများတွင် ကျွန်ုပ်သည် နစက၏ နိုင်ငံတွင်း စိမ်းလန်း စိုပြေရေးဆိုင်ရာ ကြိုးပမ်းမှုများကို ၎င်း၏ အစိုးရဝန်ကြီးဌာနများ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအပါအဝင် အထူးသဖြင့် ငါးလုပ်ငန်း၊ သစ်တော လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းဦးစီးဌာနများမှ ပါဝင်ကြပုံကို ဖော်ပြထားသည်။ ဥပမာ များအဖြစ် သစ်တောထိန်းသိမ်းရေး၊ ဘူမိဥယျာဥ်များ တည်ထောင်ခြင်းနှင့် ပင်လယ်ကမ်းရိုး တန်းထိန်းသိမ်းရေး စသည်ဖြင့် ပါဝင်သည်။ အခြားသောဆောင်းပါးများသည် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းခြင်းနှင့် တောရိုင်းတိရစ္ဆာန် ကာကွယ်ခြင်းတို့ကို များသောအားဖြင့် လှပကာ အရောင်အသွေးစုံလင်သည့် သဘာဝရှုခင်းများနှင့် တိရစ္ဆာန်များ၏ ပုံများနှင့် တွဲ၍ဖော်ပြလေ့ရှိ သည်။39 အချို့သောဆောင်းပါးများတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုအား ခရီးသွား လုပ်ငန်းနှင့် ဆက်စပ်ဖော်ပြထားကာ ကမ္ဘာလှည့်ခရီးသွားများအား မြန်မာနိုင်ငံ၏ သစ်လွင် တောက်ပနေသော ကမ်းခြေများနှင့် သဘာဝအလှအပကို ကြည့်ရှုရန် ဖိတ်ခေါ်ထားသည်။40 ဆောင်းပါးတစ်ပုဒ်တွင်မူ တောင်ပိုင်းတွင်ရှိသည့် အဏ္ဏဝါဥယျာဥ်ဖြစ်သော လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဥ်သို့ ဥရောပမှ များစွာသော ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့လာနေ ကြသည်ဟု ဆိုထားပြီး စစ်ပွဲနှင့် ပဋိပက္ခ ဖြစ်ပွားနေခြင်းမရှိသည့်ပုံစံဖြင့် ဖော်ပြထားသည်။41 အချို့သော ဆောင်းပါးများသည် နစကနှင့် မြို့နယ်အဆင့်ဌာနများမှ စိုက်ပျိုးရေး ပြုပြင် ပြောင်းလဲရေးအတွက် မည်သို့ပံ့ပိုးကူညီကြောင်း၊ ရေရှားပါးမှုပြဿနာများအား မည်သို့ ဖြေရှင်း ကြောင်းနှင့် ရေဆိုးရေညစ်များအား မည်သို့စီမံခန့်ခွဲနေကြောင်း ဖော်ပြထားသည်။42 ဤ ဆောင်းပါးများသည် အစိုးရမှ ကောင်းမွန်စွာလည်ပတ်နေကြောင်း၊ သဘာဝပတ်ဝန်းကျင်အား ထိထိရောက်ရောက် စီမံခန့်ခွဲထိန်းသိမ်းစောင့်ရှောက်နိုင်ကာ တည်ငြိမ်မှုရှိကြောင်းကိုသာ ဖော်ပြထားပြီး လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခနှင့် နိုင်ငံရေးပြဿနာများအား လုံးဝချန်လှပ် ထားလျက်ရှိသည်။

စတုတ္ထမြောက်အမျိုးအစားထဲတွင် တွေ့ရသည့် ဆောင်းပါးများသည် ရေကြီးမှုများ၊ အပူလှိုင်းဖြတ်မှုများ၊ မုန်တိုင်းများ အစရှိသည်တို့အတွက် ရာသီဥတုခန့်မှန်းချက်၊ သတိပေး ချက်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အချက်အလက်များအား ဖော်ပြထားပြီး ၎င်းအချက် အလက်များအား နစက၏ မိုးလေဝသနှင့် ဇလဗေဒဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကဲ့သို့သော ဌာနများနှင့် ဝန်ကြီးဌာနများမှ ဖော်ပြခြင်း ဖြစ်သည်။ နစကအောက်ရှိ ဌာနများသည် လူထုအသိပညာမြှင့်တင်ရေး၊ အကြံပေးရေးနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ကြိုးပမ်းမှုများအတွက် ချီးကျူးဖော်ပြခံရလေ့ရှိ သည်။43 မီဒီယာထဲတွင် ရာသီဥတုဘေးအန္တရာယ်များအား နစကမှ ဖော်ပြပုံများသည် သဘာဝ ဘေးအန္တရာယ်များအား ‘သဘာဝတရားအရဖြစ်ကြောင်း’44 ဖော်ပြထားပြီး နိုင်ငံရေး ပြဿနာ နှင့် အစိုးရ၏အကြမ်းဖက်မှုများကြောင့် သဘာဝဘေးဒဏ်ခံရသည့် နစ်နာသူများအား ထည့် သွင်းစဥ်းစားထားခြင်း လုံးဝမရှိပေ။ ၂၀၂၃ ခုနှစ်က မိုခါဆိုင်ကလုန်းမုန်တိုင်း၊ ၂၀၂၃ ခုနှစ်၌ ပဲခူးတွင် ရေကြီးမှုနှင့် ၂၀၂၄ မြစ်ကြီးနားတွင် ရေကြီးမှုတို့အား မီဒီယာမှဖော်ပြရာတွင် နစက၏ သဘာဝဘေးအန္တရာယ်အတွက် ထောက်ပံ့ကူညီမှုသည် ထိရောက်မှု ရှိကြောင်းကိုသာ အသား ပေးဖော်ပြကြသည်။ ဆောင်းပါးများတွင် မင်းအောင်လှိုင် အပါအဝင် နစကအရာရှိများနှင့် စစ်တပ်အရာရှိများမှ သဘာဝဘေးအန္တရာယ်ခံရသည့် နေရာများသို့သွားကာ ဘေးသင့်သူများ အား သွားရောက်လှူဒါန်းထားသည့် အခမ်းအနားဆိုင်ရာပုံရိပ်များကိုလည်း ပြသထားသည်။45

ယေဘုယျအားဖြင့်ဆိုရလျှင် မီဒီယာဆောင်းပါးများသည် နစက၏ အပြုသဘောဆောင် သည့် လုပ်ရပ်များကိုသာ ပြသထားပြီး လူထုအသံအား ဖယ်ချန်ထားကာ ၎င်းတို့၏ ခေါင်း ဆောင်များနှင့် အရာရှိများ၏ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သည့် လုပ်ငန်းစဥ်များတွင် ကတိကဝတ်ပြုပါဝင်နေကြသည့်ပုံစံသာ ပုံဖော်ပြသထား သည်။ မီဒီယာသည် သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်သည့် လှုပ်ရှားမှုများနှင့် သဘာဝဘေး အန္တရာယ်များအတွက် အမှန်တကယ် ကူညီလှုပ်ရှားနေသူများဖြစ်သည့် ဘာသာရေးခေါင်း ဆောင်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးအတွက် တက်ကြွလှုပ်ရှားသူများ၊ အရပ် ဘက်အဖွဲ့နှင့် ပရဟိတအဖွဲ့များအား ဖော်ပြခြင်းမှာ လွန်စွာရှားပါးသည်။46 နစကနှင့် ပူးပေါင်း လုပ်ဆောင်နေသည့် ကြက်ခြေနီအဖွဲ့ကသာ အထက်ပါအုပ်စုများနှင့်ယှဥ်လျှင် အကြိမ်ရေ အနည်းငယ် ပိုမိုဖော်ပြခံရသည်။ နစကအား သဘာဝပတ်ဝန်းကျင်ကို ဂရုစိုက်ပြီး ‘စိမ်းလန်း စိုပြေရေး’ ဆောင်ရွက်သည့် အစိုးရတစ်ရပ်အဖြစ် ဖော်ပြခြင်းသည် ကျွန်ုပ်အမြင်ဖြင့် ပြောရ လျှင် ပဋိပက္ခနှင့် နိုင်ငံရေးမတည်ငြိမ်မှုအား လုံးဝနီးပါး အသံတိတ်သွားစေရန် ဆောင်ရွက် ခြင်းဖြစ်သည်။  ချင်းပြည်ကဲ့သို့ အလွန်တင်းမာမှုများရှိနေသည့် ဒေသများအကြောင်းဖော်ပြ သည့်အချိန်၌ပါ ဤကဲ့သို့ဖြစ်နေသည်။ ဆောင်းပါးတစ်ခုတွင်ထိုဒေသ၌ ပြည်နယ်ဝန်ကြီးချုပ်မှ စိုက်ပျိုးရေး သမဝါယမလုပ်ငန်းများကို အကောင်အထည်ဖော်နေကြောင်းသာ ဖော်ပြထား သည်။47 နစကအရာရှိများ၏ သဘာဝဘေးအန္တရာယ်ကူညီရေး၊ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် ဆက်စပ်နေသည့် မိန့်ခွန်းများတွင် ပါလာတတ်သော ရှားပါးကာသွယ်ဝိုက်သည့် ပဋိပက္ခနှင့် သက်ဆိုင်သော ပြောဆိုချက်များသည် “တပ်မတော်အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်” ဟူသည့်ဆောင်ပုဒ်ကဲ့သို့ လူသိများသော စစ်တပ် ဆောင်ပုဒ်များကို အသုံးပြု ကာ ပြည်သူနှင့်အစိုးရကြား စည်းလုံးခြင်းရှိရန် နှိုးဆော်သည့် အပြောမျိုးသာရှိသည်။ ဤသို့ စည်းလုံးခြင်းအတွက် ပြောဆိုခြင်းသည် တော်လှန်ရေးလှုပ်ရှားမှုများကိုမထောက်ခံဘဲ နစကမှ ၎င်းတို့ကို ထောက်ခံမှုရရှိရန် ကြိုးပမ်းမှုအဖြစ် သွယ်ဝိုက်မြင်နိုင်သည်။ အခမ်းအနား အနည်း အကျဉ်းတွင် မင်းအောင်လှိုင်သည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ရာသီဥတုပြောင်းလဲရေး တို့အား တူညီသောမိန့်ခွန်းများထဲတွင် ထည့်သွင်းပြော ကြားလေ့ရှိပြီး မြေပြင်တွင် ဖြစ်နေပေါ် နေသည့် တိုက်ပွဲများအကြောင်းကို ထည့်သွင်းပြောလေ့မရှိပေ။48 ဖြည့်ပြောရလျှင် မင်းအောင် လှိုင်မှ နစက၏ မိုခါဆိုင်ကလုန်းမုန်တိုင်းတွင် တုန့်ပြန်ပုံနှင့်စပ်လျဉ်း၍ အာရက္ခတပ်တော်အား ဝေဖန်ထားသည့်အကြောင်းကို ထည့်သွင်းဖော်ပြထားသည့်​ဆောင်းပါးတစ်ခုမှ လွဲ၍ တော်လှန် ရေးအဖွဲ့များသည် ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များတွင် မည်သည့်အခါ မှ ထည့်သွင်းဖော်ပြခြင်းမခံရပေ။49 ကျွန်ုပ်သည်လည်း သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းနှင့် ပတ်သက်၍ တော်လှန်ရေးတပ်ဖွဲ့များအား အပြစ်တင်ထားသည့် မည်သည့်ဆောင်းပါးကိုမှ မတွေ့ခဲ့ဘဲ ၎င်းအချက်သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ စစ်တပ်အား ထိုသို့ပျက်စီးမှုအတွက် ပြစ်တင်ထား ခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ဤသို့တိတ်ဆိတ်နေမှုသည် ကျွန်ုပ်၏ အထင်ပြောရလျှင် နိုင်ငံရေးမတည်ငြိမ်မှုနှင့် အကြမ်းဖက်အငြင်းပွားမှုအား ဖျောက်ဖျက်ထားပြီး တစ်ချိန်တည်းမှာ ပင် နစကမှ ‘စိမ်းလန်းစိုပြေရေးအတွက် ဆောင်ရွက်ခြင်း’ ဆိုသည့် ဇာတ်ကြောင်းကို ပိုမိုအား ကောင်းလာစေရန် ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင် ပြဿနာများကို အသုံးချ၍ ၎င်းတို့ကို ထောက်ခံလာရန် လုပ်ဆောင်နေသည့် နည်းလမ်းများဖြစ်သည်။

ထို့ကြောင့် နစကထိန်းချုပ်မီဒီယာများသည် ‘ပုံမှန်အတိုင်းလည်ပတ်’ နေသည့်ပုံရိပ်အား အစိုးရဝန်ကြီးဌာနများနှင့် ဌာနများက ၎င်းတို့၏ သဘာဝပတ်ဝန်းကျင်နှင့် သက်ဆိုင်သည့် အရာများကို စစ်အာဏာသိမ်းမှု မရှိခဲ့သည့်အတိုင်း လုပ်ဆောင်နေကြခြင်းဖြင့် ပုံဖော်ပြသနေ သည်။ ဤအရာသည် သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတု ပြဿနာများအား နိုင်ငံရေးနှင့် မဆိုင်သောအရာများအဖြစ် ပြသသည့် သဘာဝပတ်ဝန်းကျင် အယောင်ပြထိန်းသိမ်းခြင်း၏ ပုံစံတစ်ခုဖြစ်ပြီး နစက၏ ဖိနှိပ်မှုများနှင့် တော်လှန်ရေးအဖွဲ့များနှင့်ဖြစ်ပွားနေသော အငြင်းပွား မှုများကို ဖုံးကွယ်ရုံ သာမက ကျွန်ုပ်ဆက်လက်၍ ဖော်ပြသွားမည့် နစက၏ သဘာဝသယံဇာတ အရင်းအမြစ်များကိုလည်း ကိုယ်ကျိုးအတွက် အသုံးချနေခြင်းကိုပါ ဖုံးကွယ်ထားနေသည်။ သို့သော် ကျွန်ုပ်ရွေးချယ်ပြသခဲ့သည့် စိမ်းလန်းစို‌ပြေရေး အယောင်ပြဆောင်ရွက်နေသည့် စစ် အာဏာရှင်အစိုးရ၏ မီဒီယာဆောင်းပါး ဥပမာများမှာ ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင် ပြဿနာများသည် နစကမှလုပ်နေသော နိုင်ငံရေးလုပ်ဆောင်မှုများ၏ ကြီးမားသော အစိတ် အပိုင်းတစ်ခုဖြစ်သည်။

စိမ်းလန်းစို‌ပြေရေး အယောင်ပြဆောင်ရွက်နေသည့် စစ်အာဏာရှင် အစိုးရ၏ ဥပမာများ

ဤအပိုင်းတွင် ကျွန်ုပ်သည် စစ်တပ်အရာရှိများနှင့် ဗျူရိုကရက်များမှ နစကထိန်းချုပ်မီဒီယာ များတွင် စစ်တပ်သည် စိမ်းလန်းစိုပြေရေးဆောင်ရွက် နေသည့် ပုံရိပ်ကိုပြသရန် ကြိုးစားသည့် နယ်ပယ်သုံးခုအား ဆွေးနွေးထားသည်။ ၎င်းတို့မှာ စိမ်းလန်းစိုပြေရေးအတွက် သစ်ပင်စိုက်ပျိုး ခြင်းနှင့် သစ်တောထိန်းသိမ်းခြင်း၊ စိမ်းလန်းစိုပြေရေးအတွက် ပလတ်စတစ်အသုံးပြုမှု လျှော့ချ ရေး ကမ်ပိန်းများပြုလုပ်ခြင်းနှင့် ပြန်လည်အသုံးပြုနိုင်သော စွမ်းအင်များမှ တစ်ဆင့် စိမ်းလန်း စိုပြေအောင် လုပ်ဆောင်ခြင်း တို့ဖြစ်သည်။

စိမ်းလန်းစိုပြေရေးအတွက် ဆောင်ရွက်ခြင်း (၁) ။           ။ သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တော ထိန်းသိမ်းခြင်း

နစကမှ ၎င်းတို့၏ စိမ်းလန်းစိုပြေရေးအတွက် ဆောင်ရွက်မှုများကို ပြသရာတွင် သုံးသည့် အဓိကကျသော ပုံစံများထဲမှတစ်ခုမှာ သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောပြန်လည်စိုက်ပျိုးခြင်းနှင့် သစ်တောနှင့် သက်ရှိသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် စီစဉ်လုပ်ဆောင်ခြင်းဖြစ် သည်။ အချို့သော ဆောင်းပါးများတွင် မင်းအောင်လှိုင်ကဲ့သို့သော စစ်တပ်ခေါင်းဆောင်များနှင့် အချို့သော နစကအဖွဲ့ဝင် အထက်တန်းအရာရှိများမှ စိမ်းလန်းစိုပြေရေးအတွက် ဆောင်ရွက် နေသည့်လုပ်ငန်းစဉ်များတွင် ပါဝင်နေကြပုံကို ဖော်ပြထားပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရန် ကြိုးပမ်းမှုများတွင် ဤသို့သော စစ်အာဏာရှင်အစိုးရ၏ ထိပ်ပိုင်းမှပုဂ္ဂိုလ်များ မည်သို့ပါ ဝင်ကြကြောင်းပင်ပြသကြသည်။ အခြားဆောင်းပါးများတွင် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သစ်တောထိန်းသိမ်းရေးနှင့်သစ်ပင်စိုက်ပျိုးရေး အစီအစဉ် များအား မည်သို့အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကိုဖော်ပြထားသည်။

သစ်ပင်စိုက်ပျိုးခြင်း အခမ်းအနားများ

ဆောင်းပါးအများအပြားမှ စစ်တပ်ခေါင်းဆောင်များနှင့် နစကထိပ်ပိုင်းအရာရှိများ သစ်ပင်စိုက် ပျိုးရေးလှုပ်ရှားမှုများတွင် ပါဝင်နေကြသည်ကို ပုံများ၊ စာများဖြင့် ဖော်ပြထားသည့်အရာများ မှာ များသောအားဖြင့် သီးသန့်အခမ်းအနားများ၊ နိုင်ငံတကာမှ အရေးပါသည့်ရက်များနှင့် ဆက်စပ်လျက်ရှိသည်။ ဆောင်းပါးတစ်ပုဒ်တွင် စစ်တပ်ခေါင်းဆောင်များနှင့် အရာရှိများသည် မြို့တော် နေပြည်တော်တွင် ကျင်းပသည့် ၂၀၂၃ မိုးရာသီသစ်ပင်စိုက်ပျိုးရေးပွဲတော်၌ သစ်ပင် ပေါင်း (၂၁၀,၃၉၈) ပင် စိုက်ပျိုးခဲ့သည်ဟု ဖော်ပြထားသည်။ ပုံ (၁-၄) တွင်မြင်ရသည့်အတိုင်း ဤသို့သော ပွဲများတွင် နစကသည် ‘စိမ်းလန်းစိုပြေရေး’ ဆောင်ရွက်သောအစိုးရနှင့် စစ်တပ် အဖြစ် မင်းအောင်လှိုင်အပါအဝင် အခြားအရာရှိများမှ ၎င်းတို့၏ အစိမ်းရောင်ယူနီဖောင်း သို့မဟုတ် အရပ်ဝတ် အဝတ်အစားများဖြင့် သစ်ပင်စိုက်နေသောပုံရိပ်များ ချပြကြသည်။50

ပုံ (၁)
နစကခေါင်းဆောင် မင်းအောင်လှိုင်မှ နေပြည်တော် သစ်ပင်စိုက်ပျိုးရေး အခမ်းအနားတွင် ကျွန်းပင်ငယ်များအား ရေလောင်းနေပုံ။ 51

ပုံ (၂)
နစကခေါင်းဆောင် မင်းအောင်လှိုင်မှ နေပြည်တော်ရှိ ၂၀၂၄ မိုးရာသီသစ်ပင်စိုက်ပျိုးရေးပွဲတွင် ဝန်ထမ်းများ၏ လှုပ်ရှားမှုများအား ကြည့်ရှုနေပုံ။52

ပုံ (၃)
နစကခေါင်းဆောင် မင်းအောင်လှိုင်မှ ၂၀၂၄ ဇူလိုင်လတွင် ကျင်းပသော စစ်တပ်မိသားစုများ၏ သစ်ပင်စိုက်ပျိုးခြင်း အခမ်းအနားကို ဦးဆောင်နေပုံ။53

ပုံ (၄)
နစကခေါင်းဆောင် မင်းအောင်လှိုင်မှ နေပြည်တော်တွင် ကျင်းပသော သစ်ပင်စိုက်ပျိုးရေးပွဲ တွင် ပါဝင်နေပုံ။54

ဤသို့သော ပွဲများတွင် ပါဝင်ကြသူများမှာ ပုံတွင်ပြထားသည့်အတိုင်း  များသောအားဖြင့် အထက်တန်းနှင့် တက္ကသိုလ်ကျောင်းသားကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ရဲမေများနှင့် သူနာပြုများဖြစ်ပြီး ၎င်းတို့သည် ၎င်းတို့ သက်ဆိုင်ရာအသီးသီး၏ ယူနီဖောင်းများ ဝတ်ဆင် ထားကြသည်။ မင်းအောင်လှိုင်သည် သစ်ပင်စိုက်ပျိုးထားသည့် နေရာများ၌ ပြုံးကာ လှည့် လည်သွားလာနေစဉ်အတွင်း ၎င်းတို့သည် မင်းအောင်လှိုင်အား ဂါဝရပြုကြိုဆိုလျက်ရှိသည်။ ဤပုံများတွင် ထုံးတမ်းစဉ်လာများနှင့် စည်းကမ်းရှိမှုကို မင်းအောင်လှိုင်အား အဓိကကျသူ တစ်ယောက်နေရာတွင်ထားကာ ပြသထားသည်။ ဤသို့ အဆင့်မြင့် စစ်တပ်ခေါင်းဆောင်များ မှ သစ်ပင်စိုက်ပျိုးရေး အခမ်းအနားများကို တက်ရောက်ခြင်းက အဆိုပါပွဲများမှာ နစက၏ စိမ်းလန်းစိုပြေရေးအတွက် လမ်းစဉ်အတွက် မည်မျှအရေးကြီးကြောင်း ပြသလျက်ရှိသည်။  အချို့သော သစ်ပင်စိုက်ပျိုးရေးပွဲများတွင် မင်းအောင်လှိုင်နှင့် အခြားသော ဗိုလ်ချုပ်များသည် ၎င်းတို့၏ ဇနီးသည်များအားခေါ်လာတတ်ပြီး ၎င်းတို့၏ ခင်ပွန်းများ သစ်ပင်စိုက်ပြီးနောက်တွင် ၎င်းတို့သည်လည်း သစ်ပင်များ စိုက်လေ့ရှိသည်။ သတင်းစာဆောင်းပါးများထဲတွင် စစ်တပ် မိသားစု အားလုံးမှ သဘာဝပတ်ဝန်းကျင်အား မည်သို့ဂရုစိုက်ကြောင်းနှင့် ရာသီဥတု ပြောင်းလဲ လာခြင်း၏ သက်ရောက်မှုများကို လျှော့ချရန် အပင်များ စိုက်နေကြောင်းကို ပြသသည့် ဖော်ပြ ချက်များ ထည့်သွင်းထားသည်။55

များစွာသော ဆောင်းပါးများသည် အခမ်းအနားအတွင်း ပြောကြားသည့် မိန့်ခွန်းများ အထူးသဖြင့် မင်းအောင်လှိုင်၏ မိန့်ခွန်းများကိုဖော်ပြကြသည်။ နေပြည်တော်တွင်ကျင်းပသော “ကာကွယ်ရေးဦးစီးချုပ်ရုံးမိသားစုများ” ၏ သစ်ပင်စိုက်ပျိုးပွဲတွင် မင်းအောင်လှိုင်သည် အဆို ပါပွဲမှာ ရာသီဥတုပြောင်းလဲ လာမှု၏ အကျိုးသက်ရောက်မှုများကို လျှော့ချရန်ရည်ရွယ်ထားပြီး အေးမြမှုပေးကာ နိုင်ငံ့စီးပွားရေးကို ပံ့ပိုးရန်ဖြစ်သည်ဟု ဆိုခဲ့သည်။56 ၎င်းသည် စစ်တပ်၏ ရေရှည်အတွက်ပါ ကတိကဝတ်ပြုထားသည့် သစ်ပင်စိုက်ပျိုးခြင်း အား မီးမောင်းထိုးပြခဲ့ကာ နိုင်ငံ့တာဝန်အဖြစ်သမုတ်ခဲ့သည်။

တပ်မတော်ဟာ မိုးရာသီ သစ်ပင်စိုက်ပျိုးရေးပွဲများကို ၂၀၁၁ ကတည်းမှ စတင်၍ နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ရာ ယခုဆိုလျှင် ဆယ်စုနှစ်တစ်ခုတိုင် ရှိပြီဖြစ်တယ်။ ဒီလို သစ်ပင်စိုက်ပျိုးပွဲများဟာ သစ်တောအရင်းမြစ်တွေကို ထိန်းသိမ်းရန်၊ သဘာဝပတ်ဝန်းကျင်နှင့် တန်ဖိုးရှိ သက်ရှိပတ်ဝန်းကျင်ကို နိုင်ငံ့တာဝန်တစ်ရပ်အဖြစ် ထိန်းသိမ်းရန်ဖြစ်တယ်။57

၂၀၂၃ တွင် ကျင်းပသည့် အခြားအခမ်းအနားတစ်ခုတွင် ၎င်းသည် နိုင်ငံ့တာဝန် ဖြစ်သည် ဆိုသည့်အချက်အား ထပ်လောင်းပြောကြားခဲ့ပြီး သစ်ထုတ်လုပ်ခြင်းကို ဆန့်ကျင်ကြောင်း သတိပေးပြောကြားခဲ့သည်။

ကျေးလက်ဒေသများ၏ အနီးအနားတွင်ရှိသည့် သစ်တောများကို ထိန်းသိမ်း ရန် လိုအပ်သလို မြို့ပေါ်နေထိုင်ကြသူတွေဟာလည်း နိုင်ငံ့တာဝန်တစ်ရပ် အနေနဲ့ မိမိပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြေအောင်လုပ်ရမှာ ဖြစ်ပါတယ်။ [၎င်းမှ ဆက်လက်၍] နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်များကို လိုအပ် သည့် ပမာဏလောက်သာ ထုတ်ယူခြင်းနှင့် သစ်ပင်များ ပြန်လည်စိုက်ပျိုး ခြင်းသည် သဘာဝပတ်ဝန်းကျင်နှင့် သက်ရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ခြင်းနှင့်အတူတကွ လူ့အသိုင်းအဝိုင်းအတွက် လူမှုစီးပွားရေးဆိုင်ရာဘဝကို တိုးတက်ကာ ဟန်ချက်ညီနိုင်စေပြီး သစ်များကို လိုအပ်သည်ထပ် အလွန် အကျွံထုတ်ယူခြင်းသည် ရာသီဥတု ပြောင်းလဲလာမှုကို ဖြစ်နိုင်ပါတယ်။58

အထက်ပါမိန့်ခွန်းထဲတွင်ပင် ၎င်းသည် ဗြိတိသျှကိုလိုနီများအား မြန်မာနိုင်ငံ၏ အဖိုးတန် သစ်တောများမှ သစ်များကို အကန့်အသတ်မရှိဘဲ အလွန်အကျွံ ထုတ်ယူခြင်းအတွက် ပြစ်တင် ထားသည်။ ခေတ်အဆက်ဆက် သစ်များ အလွန်အကျွံ ထုတ်ယူခဲ့ခြင်းကြောင့် နိုင်ငံတွင်း သစ်တောလွှမ်းခြုံမှုသည် (၄၂) ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်ဟု ၎င်းကဆိုထားသည်။ ၎င်း သည် ယခင်စစ်အစိုးရများနှင့် ယခုစစ်အစိုးရကာလအတွင်းဖြစ်ပွားခဲ့သည့် တရုတ်နှင့် ထိုင်းသို့ သစ်များတင်ပို့ရောင်းချမှုအပါအဝင် ဖြစ်ပွားခဲ့သည့် သစ်တောပြုန်းတီးမှုကို ထုတ်ဖော်ပြော ကြားခြင်း မရှိခဲ့ပေ။ ယင်းအစား ၎င်းအနေဖြင့် (ကြည်း/ရေ/လေ) တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနှင့် တာဝန်ယူခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ သစ်ပင်များနှင့် လေကာပင်များစိုက်ပျိုး ခဲ့ကြောင်းသာ ပြောကြားခဲ့သည်။ ၎င်းသည် သစ်တောထိန်းသိမ်းရေး လိုအပ်ပုံအား “သစ်တော များနှင့် သစ်တောဂေဟစနစ်ကို တိုင်းပြည်၏ ရေရှည်တည်တံ့ ခိုင်မြဲတိုးတက်ရေး၊ စားနပ် ရိက္ခာဖူလုံရေး၊ ရာသီဥတုပြောင်းလဲလာမှု လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ရေးအတွက် နိုင်ငံ့တာဝန်အနေဖြင့် ထိန်းသိမ်းရန်လိုအပ်ကြောင်း” အသားပေးပြော ကြားခဲ့သည်။59 နေပြည်တော်၌ ၂၀၂၄ စက်တင်ဘာလတွင် ကျင်းပသော သစ်ပင်စိုက်ပျိုးရေး ပွဲတွင် ၎င်းသည် (၎င်းတာဝန်ထမ်းဆောင်သည့်) ၂၀၁၁ မှ ၂၀၂၄ ကာလအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သစ်ပင်စိုက်ပျိုးရေးပွဲပေါင်း (၁,၅၈၄) ပွဲကျင်းပခဲ့ပြီး သစ်ပင်ပေါင်း (၂၃) သန်း နီးပါး စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။60

ဤသို့မင်းအောင်လှိုင်ကို ထည့်သွင်းဖော်ပြခြင်းအပြင် မီဒီယာများသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သစ်ပင်စိုက်ပျိုးရေးများဖြစ်မြောက်ရေး အတွက် အထူးသဖြင့် ဇွန်လနှင့် ဇူလိုင်လများတွင် ပွဲများကိုဦးဆောင်ခြင်းနှင့် ပျိုးပင်များကို နိုင်ငံတစ်ဝန်းမှ ပြည်သူများအား မျှဝေခြင်းတို့ကို မည်သို့လုပ်ဆောင်ကြကြောင်း ပြသထား သည်။ အချို့သော အခမ်းအနားများတွင် အခြားသောဝန်ကြီးများ ပါဝင်ကြပြီး ပါဝင်တက် ရောက်သူများမှာ မင်းအောင်လှိုင်၏ အခမ်းအနားများသို့ တက်ရောက်ကြသည့်သူများသာဖြစ် ပြီး အထူးသဖြင့် ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ ဆရာမအများအပြား ပါဝင်ကြသည်။ တစ်ခါတစ်ရံတွင် နစက၏ သစ်တောဦးစီးဌာနမှ ပျိုးပင်များပံ့ပိုးပေးပြီး အချို့အချိန်များတွင် ဒေသခံကျောင်းများမှ မိမိတို့၏ ဘတ်ဂျက်နှင့် စီစဉ်မှုများဖြင့် စိုက်ပျိုးရသည်။ ဤသို့သော လုပ်ငန်းစဉ်များသည် ဇီဝမျိုးစိတ်ဆုံးရှုံးမှု၊ မြေဆီလွှာပျက်စီးမှု၊ ရာသီဥတုပြောင်းလဲလာမှုနှင့် သဘာဝဘေးအန္တရာယ်များကဲ့သို့သော သစ်တောပြုန်းတီးခြင်းနှင့် ၎င်း၏သက်ရောက်မှုများကို ဖြေရှင်းရန် လုပ်ဆောင်ခြင်းဖြစ်သည်။ အချို့တွေ့ရနည်းသော ဆောင်းပါးများတွင် မွန်ပြည် နယ်ရှိ သစ်တောဦးစီးဌာနကဲ့သို့ ဒေသအဆင့်သစ်ပင်စိုက်ပျိုးရေးများကို ဖော်ပြထားပြီး လေပြင်းများနှင့် ရေကြီးနိုင်ခြေများကို တန်ပြန်ကာကွယ်ရန် အုန်းပင်များ၊ အနီရောင် လမုပင် များနှင့် လေကာပင်များအား ပင်လယ်ကမ်းရိုးတန်းဒေသများတစ်လျှောက်တွင် စိုက်ပျိုးခဲ့ ကြောင်း ဖော်ပြထားသည်။61

နစက၏ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည်လည်း သစ်ပင်စိုက်ပျိုးရေးကို “ကမ္ဘာလှည့်ခရီးသွားတစ်ဦးလျှင် သစ်တစ်ပင်” ဆိုသည့် စီမံကိန်းအောက်တွင် ၂၀၂၄ ဇူလိုင်လ တွင် ပုံ (၅) တွင်ပြထားသည့် ဥပမာအတိုင်း ဦးစီးခဲ့သည်။ ဤသို့လုပ်ဆောင်မှုသည် တာဝန်ယူ မှုရှိသော ခရီးသွားလုပ်ငန်းကိုမြှင့်တင်ရန်နှင့် ဇီဝမျိုးစုံမျိုးကွဲများ တိုးလာရေးအတွက် နိုင်ငံ တကာခရီးသွားများ၊ အထူးသဖြင့် တရုတ်နှင့် ရုရှားမှ လာရောက်လည်ပတ်သူများအား အထိမ်း အမှတ်သစ်ပင်များကို စိုက်ပျိုးစေခြင်းဖြစ်သည်။ ဤအချက်သည် နိုင်ငံအတွင်းတွင် လက်ရှိ ဖြစ်ပွားနေသော ပဋိပက္ခများအား လုံးဝလျစ်လျူရှူထားပြီး မြန်မာနိုင်ငံအား ကောင်းမွန်စွာ လည်ပတ်နေကာ သဘာဝပတ်ဝန်းကျင်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိသော တိုင်းပြည်တစ်ခုအဖြစ် ဖော်ပြနေပုံကို မြင်စေနိုင်သည်။62

ပုံ (၅)
၂၀၂၄ မေလတွင်ပြုလုပ်သော မြန်မာ-တရုတ် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ချစ်ကြည်ရေး ခရီးစဥ်တွင် လိုက်ပါလာကြသော တရုတ်ခရီးသွားများမှ သစ်ပင်စိုက်ပျိုးရေး လှုပ်ရှားမှုများတွင် ပါဝင်နေကြပုံ။63

နစကထိန်းချုပ်သော မီဒီယာများတွင် သစ်ပင်စိုက်ပျိုးရေးအား ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်က များစွာချီးကျူးရသည့် စစ်တပ်ဦးဆောင်သည့် အစီအစဉ် အဖြစ် ပြသကြသည်။ မြန်မာနိုင်ငံတွင် သစ်ပင်စိုက်ပျိုးခြင်း အစီအစဉ်သည် စစ်တပ်တစ်ခုတည်းကသာပြုလုပ်သော အစီအစဉ်အသစ်တစ်ခုမဟုတ်ပါ။ သီသီဟန်၏ အဆိုအရ64 ဗုဒ္ဒဘာသာ ပုဂံရှေးဟောင်း မြို့တော်တွင် ၁၂၃၄ ခုနှစ် ဖေဖော်ဝါရီလ (၃) ရက်နေ့ ရက်စွဲဖြင့် ရေးထိုးထားသော ကျောက်စာ ၌ ထိုအချိန်ကတည်းကပင် ထိခိုက်ပျက်စီးသွားသော သစ်တောအတွက် သစ်ပင် ပြန်လည် စိုက်ပျိုးခြင်းရှိခဲ့ကြောင်း ဆိုထားပြီး ထိုနယ်မြေတွင်ရှိသော ရှေးဟောင်းဘုရင့်နိုင်ငံတော်များ သည် ၎င်းတို့၏ နယ်မြေအစိုးရမှုအား သစ်ပင် စိုက်ပျိုးခြင်းနှင့် သစ်တောများဖြင့် ဘောင်ခတ် သတ်မှတ်ခဲ့ကြသည်။ ၁၉၇၇ ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတနိုင်ငံတော်အစိုးရက ဇူလိုင် လအား သစ်ပင်စိုက်ပျိုးရေးလအဖြစ် သတ်မှတ်ခဲ့ပြီး လူတိုင်းပါဝင်နိုင်သည့် သစ်ပင်စိုက်ပျိုး ရေး ပဏာမခြေလှမ်းများအဖြစ် မြှင့်တင်ခဲ့သည်။65 သစ်ပင်စိုက်ပျိုးရေးပွဲများ အထူးသဖြင့် မိုးရာသီ၌ပြုလုပ်သော ပွဲများတွင် များသောအားဖြင့် လူမှုဖူလုံရေးအဖွဲအစည်းများ၊ ဒေသခံ စေတနာ့ဝန်ထမ်းအဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ၂၀၂၁ အာဏာ သိမ်းမှုနောက်ပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရတို့မှ ဦးဆောင်ပြုလုပ်ကြသည်။ ဤအရာ များကို မြန်မာပြည်တစ်ဝန်းရှိလူများမှ ကျယ်ကျယ်ပြန့်ပြန့်လက်ခံကြသည်။ သို့သော် နစက ထိန်းချုပ်မီဒီယာများသည် စစ်တပ်ပြုလုပ်သည့် သစ်ပင်စိုက်ပျိုးရေး လုပ်ငန်းစဉ်များကိုသာ အထူးဖော်ပြလေ့ရှိသည်။ အခြားသူများ၏ ကြိုးပမ်းမှုအား ထိမ်ချန်ထားတာ မဖော်ပြခြင်းဖြင့် စစ်တပ်သည် သစ်ပင်စိုက်ပျိုးရေးအား ၎င်းတို့နှင့်သာသက်ဆိုင်သည့် နယ်ပယ်တစ်ခုအဖြစ် အပိုင်စီးထားကာ မင်းအောင်လှိုင်အား သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးကို နိုင်ငံ့တာဝန် အဖြစ် ထမ်းဆောင်နေသည့် စိမ်းလန်းစိုပြေရေးဆောင်ရွက်သော ခေါင်းဆောင်တစ်ဦးအဖြစ် မီးမောင်းထိုးပြသကြသည်။ နိုင်ငံ့တာဝန်ဟု အထူးအလေးပေးဖော်ပြသည့်အချက်အား စစ်တပ် မှ ၎င်းတို့သည် အမျိုးသားပေါင်းစည်းညီညွတ်ရေးကို ကာကွယ်စောင့်ရှောက်သူဟု မိမိကိုယ် မိမိပုံဖော်မှုနှင့် ချိတ်ဆက်နိုင်သည်။66

သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်း

သစ်တောများ၊ အမျိုးသားဥယျာဉ်များ၊ အဏ္ဏဝါအမျိုးသားဥယျာဉ်များ၊ သဘာဝထိန်းသိမ်းရေး ဧရိယာများ၊ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောများ၊ ဆန်းပြားသော ဘူမိဗေဒဆိုင်ရာနေရာများနှင့် ရပ်ရွာမှထိန်းသိမ်းထားသည့် သဘာဝနယ်မြေများအား ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ပတ် သက်သည့် နစက၏ ကတိကဝတ်များအကြောင်းကို မြောက်မြားစွာသော ဆောင်းပါးများဖြင့် ရေးသား ဖော်ပြထားသည်။ ထိုဆောင်းပါးများထဲမှ အများစုမှာ သဘာဝပတ်ဝန်းကျင် သာမက လူသားများအတွက်ပါ အကျိုးရှိစေမည့် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးနှင့် ဇီဝမျိုးစုံ မျိုးကွဲများ ရေရှည်တည်တံ့စေရေး အထောက်အကူ ပေးခြင်းကဲ့သို့သော ထိန်းသိမ်းရေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များကို ဖော်ညွှန်းထားသည်။ တည်ရှိနေပြီးသော အမျိုးသားဥယျာဉ်များအား ခရီးသွားလုပ်ငန်းအတွက် ပံ့ပိုးမှုပေးခြင်း၊ ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းနှင့် နိုင်ငံအတွက် ဝင်ငွေများ ဖန်တီးပေးသည့်နေရာများအဖြစ် ပုံဖော်ထားသည်။67 ဆောင်းပါးအများအပြားတွင် ပုံ (၆) မှ ပုံ (၉) တွင် မြင်နိုင်သည့်အတိုင်း လက်ရှိ ဖြစ်ပွားနေသည့် ပဋိပက္ခနှင့် ပြည်သူများနှင့် သဘာဝပတ်ဝန်းကျင်အပေါ် အကြမ်းဖက်မှုများအား ဖော်ပြခြင်းမပြုဘဲ ပကတိသဘာဝအလှ တရားများ၏ ဓာတ်ပုံများကိုသာ ဖော်ပြထားသည်။

ပုံ (၆-၉)
ခရီးသွားများအတွက် စိတ်ဝင်စားဖို့ကောင်းကာ လှည့်လည်သွားလာချင်စဖွယ် နေရာများ ဖြစ်သည့် ခါကာဘိုရာဇီ အမျိုးသားဥယျာဥ်၊ လန်ပိ အဏ္ဏဝါအမျိုးသားဥယျာဥ်၊ မြိတ်ကျွန်းစုနှင့် အင်းတော်ကြီးကန်မှ ငှက်မျိုးစုံအား The Global New Light of Myanmar မှ ဖော်ပြထားပုံ။68

ဤဆောင်းပါးများသည် နစက၏ အုပ်ချုပ်မှုအောက်တွင် မြန်မာနိုင်ငံသည် ထိန်းသိမ်းရေးနှင့် ဇီဝမျိုးစုံမျိုးကွဲကာကွယ်စောင့်ရှောက်ရေးတို့၏ ရှေ့တန်းတွင် ရှိနေကြောင်း ထင်မြင်ရစေသည့် အမြင်ကိုပေးနေသည်။ ၎င်းတို့သည် နစကမှ အာဆီယံယဉ်ကျေးမှုအမွေအနှစ် ဥယျာဉ် (၈) ခု အပါအဝင် ရှားပါး တောရိုင်းတိရစ္ဆာန်နှင့် နို့တိုက်သတ္တဝါ မျိုးစိတ် (၄၃) မျိုး၊ ငှက်မျိုးစိတ်ပေါင်း (၄၇၀)၊ အပင်မျိုးစိတ်ပေါင်း (၂၉၇) မျိုးနှင့် ဆေးဖက်ဝင်ရှားပါးအပင်မျိုးစိတ် (၂၄) မျိုးတို့ ပါဝင်သည့် မြန်မာနိုင်ငံ စုစုပေါင်းအကျယ်အဝန်း၏ (၆ ဒသမ ၄၂) ရာခိုင်နှုန်းကို လွှမ်းခြုံ ထားသည့် ဂေဟစနစ်ထိန်းသိမ်းရေးနယ်မြေ (၅၉) ခုအား ထိန်းသိမ်းထားကြောင်း ဖော်ပြထား သည်။69 နစကအရာရှိများသည် မြန်မာ့သဘာဝအလှတရားကို ထိန်းသိမ်းရန်နှင့် ရာသီဥတု ပိုမိုကောင်းမွန်လာစေရန် ပင်လယ်ကမ်းရိုးတန်းဒေသများအား ပိုမိုစိမ်းလန်းစိုပြေအောင် လုပ်ဆောင်ခြင်း၏ အရေးပါမှုကို အလေးပေးဖော်ပြထားသည်။70 ၎င်းတို့၏ ထိန်းသိမ်းမှုဆိုင်ရာ ကြိုးပမ်းမှုများကို ဒေသတွင်းရှိ အခြားနိုင်ငံများသို့လည်း ပြသလျက်ရှိသည်။ ဥပမာအားဖြင့် ဆိုရလျှင် ၂၀၂၄ ခုနှစ်၌ တရုတ်နိုင်ငံတွင် ကျင်းပသော ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ စိမ်းလန်းစိုပြေဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲသို့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုယ်တိုင် တက်ရောက်ခဲ့ပြီး အောက်ပါ အတိုင်း လူသိရှင်ကြားပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် သစ်တောများ ပြန်လည်ထူထောင်ရေး၊ သဘာဝထိန်းသိမ်း ရေး နယ်မြေများတွင်ရှိသော ဇီဝမျိုးစုံမျိုးကွဲများ၏ နေထိုင်ရှင်သန်ရေး၊ သစ်တောပြုန်းတီးမှုနှင့် သစ်တောများ ပျက်စီးလာမှုကို ကာကွယ်ရန်အတွက် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိပါတယ်။71

မြန်မာနိုင်ငံမှ သစ်တောဌာနအရာရှိများသည် ဂေဟစနစ်များ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ယဉ်ကျေးမှု များနှင့် ဓလေ့ထုံးတမ်းများကို အာဆီယံနိုင်ငံများမှ မည်သို့ ထိန်းသိမ်းကာကွယ်နေကြောင်း လေ့လာရန် အင်ဒိုနီးရှားနိုင်ငံတွင်ရှိသော အာဆီယံအမွေအနှစ်စာရင်းဝင် ဥယျာဉ်များသို့ သွား ရောက်လည်ပတ်ခဲ့သည်။ ဤလည်ပတ်မှုနှင့်ပတ်သက်၍ ရေးထားသည့် ဆောင်းပါးအများစု သည် နစက၏ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆက်ဆံရေးကို ဖော်ပြရန်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ တရားဝင်အသိအမှတ်ပြုမှုခံချင်သော ၎င်းတို့၏ ဆန္ဒကို တိုက်ရိုက်ပြသရန် ရည်ရွယ်ထားခြင်းဖြစ်သည်။72

နစကထိန်းချုပ်သော မီဒီယာမှဆောင်းပါးများသည် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ပင်လယ်ကမ်းရိုးတန်း ဒေသတစ်လျှောက်တွင်ရှိသော ဒီရေ တောများကို သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ရန် ထိန်းသိမ်းစောင့်ရှောက်မှု ပြုနေသည် ကို မြန်မာနိုင်ငံအား ဒီရေတောထိန်းသိမ်းခြင်းအတွက် (ဒီရေတောများရှိသည့် နိုင်ငံပေါင်း (၁၂၃) နိုင်ငံတွင်) ကမ္ဘာ့အဆင့် နံပါတ် (၇) နေရာရခြင်းနှင့် ၎င်းက အရှေ့တောင်အာရှတွင် နံပါတ် (၃) နေရာ ချိတ်ခြင်းအတွက် ချီးမြှောက်ထားသည့် ဆောင်းပါးတစ်ခုနှင့်အတူ ဖော်ပြ ထားသည်။73 ထိုဆောင်းပါးသည် မြန်မာ နိုင်ငံ၏ ဒီရေတော ဧရိယာအများအပြားရှိသော ရခိုင် ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးသည် ယခုအချိန်တွင် ပဋိပက္ခနယ်မြေများ ဖြစ်နေ ကြောင်းနှင့် စစ်တပ်၏ ပြင်းထန်စွာဖိနှိပ်မှုကို ခံနေရကြောင်း ဖော်ပြထားခြင်းမရှိပေ။

ဆောင်းပါးတစ်ခုဆိုလျှင် ဒီရေတောများ လျော့နည်းလာခြင်းအတွက် ဒေသခံပြည်သူများ ကို ပြစ်တင်နေချိန် နစကအား ကြံ့ခိုင်အားကောင်းသည့် ကာကွယ်မှုဆောင်ရွက်ချက်အတွက် ချီးကျူးထားသည်။

ဒီရေတောများသည် မြို့ပြဧရိယာများကို မုန်တိုင်းများ၊ ရေကြီး ရေလျှံမှုများ နှင့် ပြင်းထန်သော ရာသီဥတုဒဏ်များမှ ကာကွယ် ပေးရာတွင် အရေးကြီး သည့် အကာအရံတစ်ခုဖြစ်သည်။ သို့သော်လည်း ဒေသခံများသည် ဒီရေ တောများအား ချင့်ချိန်မှု မရှိစွာ အသုံးပြုခြင်းကြောင့် ဒီရေတောများ လျော့ နည်းလာရသည်။ ဆိုရလျှင် ဒီရေတောဒေသရှိ ဒေသခံအိမ်ထောင်စုများ၏ စုစုပေါင်းဝင်ငွေမှ (၄၃) ရာခိုင်နှုန်းသည် မီးသွေး၊ ငါး၊ ဂဏန်းနှင့် ပုစွန်စသည့် ဒီရေတောထွက်ပစ္စည်းများ ရောင်းချခြင်းမှ လာခြင်းဖြစ်သည်။ ထို့ကြောင့် ဤသို့အရေးကြီးသည့် သက်ရှိသဘာဝပတ်ဝန်းကျင် ဂေဟစနစ်အား ထိန်း သိမ်းရန် အာဏာပိုင်များသည် ဒီရေတောထွက်ပစ္စည်းများ အသုံးချခြင်းကို အနီးကပ်စောင့်ကြည့်နေကြသည်။74

ဤသို့ အနီးကပ်စောင့်ကြည့်ခြင်းအား မည်သိုမည်ပုံလုပ်ဆောင်သည်ကို ဖော်ပြ ခြင်းမရှိသော် လည်း နစကသည် သဘာဝပတ်ဝန်းကျင်အား ကာကွယ်ကာ စိမ်းလန်းစိုပြေရေးဆောင်ရွက်သူ အဖြစ် ထုတ်ဖော်ပြသလျက်ရှိသည်။

အာဏာသိမ်းပြီးနောက် စိတ်ဝင်စားဖွယ် တိုးတက်ပြောင်းလဲလာသည်မှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ထား​သော သို့မဟုတ် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ပွဲများအကြား ပြင်းထန်သည့် သက်ရောက်မှုကို ခံနေရသော နယ်မြေများတွင် သစ်တောထိန်းသိမ်းရေး နယ်မြေအသစ်များ အကြောင်း ကြေညာချက်ဖြစ်သည်။ သို့ရာတွင် ထိုသို့သောကြေညာချက်များ၌ ပဋိပက္ခအ ကြောင်း ဖော်ပြခြင်းမရှိဘဲ ထိုနယ်မြေများ၏ နာမည်နှင့် သစ်တော များ၊ တောရိုင်းတိရစ္ဆာန်နှင့် ဇီဝမျိုးစုံမျိုးကွဲများအား ကာကွယ်ထိန်းသိမ်းရသည့် ရည်ရွယ်ချက်ကိုသာပြောထားသည်။ ဥပမာအားဖြင့်ပြောရလျှင် စစ်ကိုင်းတိုင်းဒေသကြီးတွင်ရှိသော နန်းယွန်းပြည်သူပိုင်သစ်တော ကို ၂၀၂၃ ဩဂုတ်လတွင် ကြေညာခဲ့ပြီး ၎င်းသည် စစ်တပ်ဘက်မှတိုက်ခိုက်မှုများ လုပ်ဆောင် နေသည့် တော်လှန်ရေးနယ်မြေအတွင်းတွင် တည်ရှိသည်။75 ၂၀၂၄ တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည် နယ်အပါအဝင် တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် သစ်တော ထိန်းသိမ်းရေး နယ်မြေအသစ် (၁၀) ခုကို ကြေညာခဲ့သည်။76 မကြာသေးမီကပင် ရခိုင် ပြည်နယ်၊ သံတွဲမြို့၌ သစ်တောထိန်းသိမ်းရေးနယ်မြေတစ်ခုကို ကြေညာခဲ့သည်။ ၎င်းသည် အာရက္ခတပ်တော်က ထိုနယ်မြေအား ထိန်းချုပ်သွားနိုင်သည့် အချိန်နှင့် တပြေးညီဖြစ်သည်။77

ဤထိန်းသိမ်းရေးဇုန်များနှင့် တော်လှန်ရေးနယ်မြေများ ထပ်တူညီနေခြင်းမှာ တိုက်ဆိုင် ခြင်း မဟုတ်နိုင်ပေ။ အန်ဒါဆင်မှ ဂွါတီမာလာကိစ္စတွင် ဆိုထားသည့်အတိုင်း78 ဤအခြေ အနေသည် နစကမှ တော်လှန်ရေးနယ်မြေများအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသွင်ယူထားမှုအောက်တွင် သိမ်းယူထားချင်သည့်ပုံစံကို ထင်ဟပ်စေသည်။ အထူးသဖြင့် ဤအချက်အား ဖော်ပြရာတွင် နိုင်ငံရေးနှင့် စစ်ပွဲနှင့် သက်ဆိုင်သည့် မည်သည့်ကိုးကားချက် ကို မဆို ချန်လှပ်ထားကာ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲနှင့်ဆိုင်သော ကိစ္စရပ်များအား ‘သဘာဝ ကြောင့်ဖြစ်မှု” အဖြစ် လုံးဝအသွင်ပြောင်းကာ ဖော်ပြခြင်းမှတဆင့် ဆောင်ရွက်ခြင်းဖြစ်သည်။ စိတ်ဝင်စားစရာကောင်းသည်မှာ ဤနယ်မြေများကို ကြေညာသည့်အခါတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၂၁ အာဏာသိမ်းမှုမတိုင်မီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့သည့် ၂၀၁၈ သစ်တော ဥပဒေကို သာ ကိုးကားပြသည်။79 အချက်သည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ လက်ရှိဖြစ်ပွားနေသော အကျပ်အတည်းများကို မှေးမှိန်စေကာ သာမန်ဖြစ်နေမှု နှင့် တည်ငြိမ်နေမှုကိုဖော်ပြရန် နောက်ထပ်ကြိုးပမ်းမှုတစ်ခု ဖြစ်ကြောင်းပြသနေသည်။

စိမ်းလန်းစိုပြေရေးအတွက် ဆောင်ရွက်ခြင်း (၂)။ ။ ပလတ်စတစ် လျှော့ချရေး ကမ်ပိန်းများ

နစကသည် ပလတ်စတစ်လျှော့ချရေး ကမ်ပိန်းများမှတစ်ဆင့် စိမ်းလန်းစိုပြေမှု ဆောင်ရွက် နေသည်ကို ပုံဖော်ပြရန်ကြိုးစားနေပြီး နစကအရာရှိများသည် ပလတ်စတစ်ကောက်သည့် အစီအစဥ်များဆောင်ရွက်ကြကာ သတင်းဆောင်းပါးများမှတစ်ဆင့် လူထုအား ပလတ်စတစ် လျှော့ချရန် လိုအပ်ကြောင်းနှင့် စာဖတ်သူများအား ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ ရေစီး ကြောင်းများထဲသို့ ရောက်သွားသည့်အခါတွင် ပင်လယ်ဇီဝကမ္မဖြစ်စဉ်အတွက် အန္တရာယ်များ ဖြစ်နိုင်ကြောင်း အသိပညာပေးလျက်ရှိသည်။ ဤဆောင်းပါးများသည် သစ်ပင် စိုက်ပျိုးခြင်း အခမ်းအနားများနည်းအတူ စစ်ခေါင်းဆောင်များနှင့် အဆင့်မြင့် အစိုးရအရာရှိများအား အသား ပေးဖော်ပြလျက်ရှိသည်။80 ၎င်းတို့သည် နစကထိန်းချုပ်သော ဧရိယာများမှ “လုပ်ပြသော” လှုပ်ရှားမှုများကို အဓိကထား ပြသသော်လည်း ဤဆောင်းပါးများသည် နိုင်ငံတစ်ဝန်း ပြုလုပ်သော ကမ်ပိန်းများမှတစ်ဆင့် နစက၏ ထိန်းချုပ်မှုအောက်တွင် တိုင်းပြည်သည် နိုင်ငံရေးအရ တည်ငြိမ်လျက်ရှိကြောင်းလည်း သွယ်ဝိုက်ဖော်ပြထားသည်။

ဥပမာအားဖြင့်ဆိုရလျှင် ဆောင်းပါးတစ်ပုဒ်တွင် အစိုးရဝန်ထမ်းများနှင့် ဒေသခံပြည်သူ များက အမှိုက်များကောက်ခြင်း၊ မြက်ပင်နှင့် ချုံပုတ်များ ရှင်းလင်းခြင်းနှင့် ဧရာဝတီမြစ် ကြောင်းတစ်လျှောက် သာယာလှပစေရန်နှင့် ရေစီးရေလာကောင်းစေရန် ရေနုတ်မြောင်းများ ရှင်းလင်းခြင်းတို့အား ကျုံပျော်မြို့နယ်တွင် ပြုလုပ်နေကြခြင်းကို ပြသထားသည်။ ၎င်းတွင် မြို့တော်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်သည့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ ပညာပေး အစီအစဉ်မှတစ်ဆင့် ကျောင်းသားများနှင့်ဆရာ၊ ဆရာမများအား အခြေခံ နေထိုင်မှုနည်းနာ များ ကောင်းမွန်စေရန်အတွက် အမှိုက်များကို မည်သိုခွဲ့ခြား စွန့်ပစ်ရန် သင်ကြားပေးကြောင်း အသားပေးဖော်ပြထားသည်။81 ၎င်းပလတ်စတစ်ကမ်ပိန်းနှင့် အလားတူကမ်ပိန်းများကို နစက ထိန်းချုပ်သည့် ဧရာဝတီတိုင်းဒေသကြီး၏ မြို့နယ်နှစ်ခုတွင် ပြုလုပ်ခဲ့သည်။82

အခြားဆောင်းပါးတစ်ပုဒ်တွင် ရခိုင်ပြည်နယ် သဘာဝထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ အစည်းမှ သမုဒ္ဒရာအတွင်း မိုက်ခရိုပလတ်စတစ်များ တိုးလာခြင်းမှ ရှင်းလင်းမှုဆောင်ရွက်နေ ခြင်းကို ဖော်ပြထားသည်။ ဤအဖွဲ့အစည်းသည် ကျောက်ဖြူကမ်းခြေအတွက် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး အစီအစဉ်များကိုဆောင်ရွက်ခြင်း၊ ပင်လယ်တွင်းရှိ တည်နေရာသုံးခုမှ ပလတ် စတစ်များဖယ်ရှားခြင်း၊ ကျောင်းသားများ၊ ဆရာ၊ ဆရာမများနှင့် ဒေသခံပြည်သူများအတွက် အသိပညာမျှဝေသည့် အစီအစဉ်များကို ဟောပြောပွဲများနှင့် ဗီဒီယိုများမှတစ်ဆင့် ပြုလုပ်ပေးခဲ့ သည်။83 အခြားဆောင်းပါးတွင် မွန်ပြည်နယ် ခရီးသွားရာသီကာလအတွင်း ဟိုတယ်များမှ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းစေရန် တစ်ခါသုံး ပလတ်စတစ်ပစ္စည်းမှ ပြန်လည် အသုံးပြုနိုင်သော ဖန်ပုလင်းများသို ပြောင်းလဲအသုံးပြုခြင်းကို မီးမောင်းထိုး ပြထားသည်။84 အခြားဆောင်းပါးတစ်ခုတွင် ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအား ဖော်ပြ ထားကာ ၎င်းသည် ရေအရည်အသွေးစစ်ဆေးခြင်း၊ ရေနမူနာကောက်ယူခြင်းနှင့် အင်းလေး ကန်တစ်ဝိုက် ပလတ်စတစ်ညစ်ညမ်းမှု လျော့ပါးစေရန် အသိပညာမြှင့်တင်ရေးအတွက် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့လုပ်ဆောင်နေသည်ကို ဖော်ပြထားသည်။85

ပုံ (၁၀)
ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူကမ်းခြေတွင် ‌ဒေသခံများမှ ပလတ်စတစ်သန့်ရှင်းရေးလှုပ်ရှားမှု၌ ပါဝင်နေကြပုံ 86

ပုံ (၁၁)

ဒေသခံများမှ ပုဂံရှေးဟောင်း ယဥ်ကျေးမှုနယ်မြေ၌ ၂၀၂၄ နိုဝင်ဘာ (၁၆) ရက်နေ့တွင် ပြုလုပ် သည့် ကမ်ပိန်းတစ်ခုအတွင်း အမှိုက်ကောက်နေကြပုံ 87

ပုံ (၁၂)
နစကအရာရှိများမှ အင်းလေးကန်တွင် ရေအရည်အသွေး အကဲဖြတ်စစ်ဆေးနေကြပုံ88

ပုံ (၁၂) တွင် နစကသည် သဘာဝပတ်ဝန်းကျင်အား အလေးထားကြောင်းနှင့် ဒေသခံပြည်သူ များကို ၎င်းတို့နှင့်ပူးပေါင်းဆောင်ရွက်ရန် စည်းရုံးသည့်အနေဖြင့် ယူနီဖောင်းဝတ်ဆင်ထား သော အစိုးရဝန်ထမ်းများနှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်နေကြောင်းကို စာဖတ်သူ များအားပြသထားသည်။ ဤနေရာတွင်လည်း ဤသို့စိမ်းလန်းစိုပြေရေးဆောင်ရွက်ခြင်းတွင် လက်ရှိဖြစ်ပွား နေသော ပဋိပက္ခနှင့် စစ်တပ်အုပ်ချုပ်ရေးကို လူထုမှ ဆန့်ကျင်နေသည့် အကြောင်း ဖော်ပြထားခြင်းမရှိပေ။

စိမ်းလန်းစိုပြေရေးအတွက် ဆောင်ရွက်ခြင်း (၃)။ ။ ပြန်လည်အသုံးပြုနိုင်သောစွမ်းအင်

နစကသည် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရန် ပြန်လည်အသုံးပြုနိုင်သော စွမ်းအင်သို့ ကူးပြောင်းခြင်းဖြစ်သည့် ၎င်း၏ အဆိုပါရည်ရွယ်ချက်ကိုလည်း ဖော်ထုတ်ပြသနေသည်။ ဤ အချင်းအရာသည် စိမ်းလန်းစိုပြေရေးကို အယောင်ပြဆောင်ရွက်နေသည့် စစ်အာဏာရှင် အစိုးရပုံစံ အားထုတ်ဆောင်ရွက်ခြင်းဖြစ်ရုံသာမက စာဖတ်သူများကိုလည်း တိုင်းပြည်သည် အခြားပြည်ပနိုင်ငံများနည်းတူ အရှိန်အဟုန်ဖြင့်တိုးတက်နေသယောင် အထင်မှားစေရန် ကြိုးပမ်းမှုတစ်ခုလည်းဖြစ်သည်။ စိမ်းလန်းစိုပြေရေး အယောင်ပြဆောင်ရွက်နေသည့် စစ် အာဏာရှင်အစိုးရ၏ ဆောင်းပါးများတွင် လျှပ်စစ် စွမ်းအင်သုံးယာဉ်များ၊ ရေအားလျှပ်စစ်၊ နေရောင်ခြည်စွမ်းအင်နှင့် လက်ရှိလေအားလျှပ်စစ်များအကြောင်း ဖော်ပြလေ့ရှိသည်။ ထိုဆောင်းပါးများတွင် နစကသည် ၎င်းကိုယ်တိုင်အား ဖော်ထုတ်ပြသမှုအပြင် အထူးသဖြင့် အခြား အာရှနိုင်ငံများဖြစ်သော စင်ကာပူ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ရှိ နိုင်ငံတကာမှ လူများကို ၎င်းတို့အားယုံကြည်လာစေရန်နှင့် စစ်တပ်ပိုင် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှုများကို လျော့ပါးသက်သာစေပြီး ပြန်လည် အသုံးပြုနိုင်သော စွမ်းအင်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်လည်း ရည်ရွယ်သည်။  89

နစကခေါင်းဆောင် မင်းအောင်လှိုင်သည် နိုင်ငံကို စိမ်းလန်းသော လျှပ်စစ်သုခဘုံအဖြစ် ပြောင်းလဲရန် စိတ်ကူးနေပုံပေါ်သည်။ ၂၀၂၃ ခုနှစ်အတွင်း ကျင်းပသော အခမ်းအနားတစ်ခုတွင်  နစကမီဒီယာသည် မင်းအောင်လှိုင်၏ အောက်ပါပြောကြားချက်ကို ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံသည် အများပြည်သူသယ်ယူပို့ဆောင်ရေး ရထားနှင့် ဘတ်စ်ကား များ၊ ကိုယ်ပိုင်ယာဉ်များနှင့် အကြီးစားစက်မှုပစ္စည်းများမှာ လျှပ်စစ်စွမ်းအင် သုံးရပါမယ်။ ဒီယာဉ်တွေကို လျှပ်စစ်စွမ်းအင်သုံးယာဉ်များအဖြစ် ပြောင်းလဲ ရန် အစီအစဉ်ချရပါမယ်။ အဲဒါမှမဟုတ်ရင် ကျွန်တော်တို့နိုင်ငံဟာ အခြား နိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနောက်မှာ ကျန်ခဲ့ရပါလိမ့်မယ်။90

အလားတူ နစကမီဒီယာသည် တရုတ်နိုင်ငံတွင် ကျင်းပသော ၂၀၂၄ စိမ်းလန်းစိုပြေဖွံ့ဖြိုးရေး ဖိုရမ်တွင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ မိန့်ခွန်းကို ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံသည် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ရုပ်ကြွင်း လောင်စာသုံး ယာဉ်များကို လျှော့ချနိုင်ရန်အတွက် နိုင်ငံတွင်း လျှပ်စစ်စွမ်းအင်သုံးယာဉ် များ ဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်ပြီး လျှပ်စစ်စွမ်းအင်သုံး ယာဉ်များတိုးတက် လာစေရေးမူဝါဒကို ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။ လျှပ်စစ်ကားများ တင်သွင်းခြင်းနှင့် တပ်ဆင်ခြင်းတို့ကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရန် ရည်မှန်းချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့် လမ်းညွှန်ချက် များနှင့်အညီ ဆောင်ရွက်နိုင်ဖို့ လက်ရှိတွင် လျှပ်စစ်ယာဉ်များ ဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းစီမံချက်ကို ရေးဆွဲထားပြီးဖြစ်ပါတယ်။ 91

၂၀၂၄ မတ်လထုတ် နစက၏ မီဒီယာဆောင်းပါးတစ်ပုဒ်တွင် တရုတ်ကုမ္ပဏီတစ်ခုမှ တင်သွင်း ထားသော လျှပ်စစ်ကားများသည် မြန်မာနိုင်ငံအတွင်းသို့ ၂၀၂၃ ကတည်းကပင် စတင်ရောက် ရှိနေခဲ့မှုနှင့်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ပြနယ်မြေများတွင် အဓိကပြေးဆွဲနေသော ဇိမ်ခံ လျှပ်စစ်တက္ကစီ (၃၁) စီးအကြောင်း အကျဉ်းချုပ်ဖော်ပြထားသည်။ ၂၀၂၃ တွင် စုစုပေါင်း လျှပ်စစ်ကား (၁,၈၈၈) စီး မှတ်ပုံတင်ထားကြောင်း ယင်းဆောင်းပါး၌ ဖော်ပြထားသည်။ ရန်ကုန်-မန္တလေးအဝေးပြေးလမ်းမကြီးကဲ့သို့သော အဝေးပြေးလမ်းမကြီးများပေါ်တွင် လျှပ်စစ် အားသွင်းရုံများ တပ်ဆင်ထားပြီး ယခုအခါ ရန်ကုန်နှင့်မန္တလေးမှ အများပြည်သူဆိုင်ရာနေရာ များ၊ ဈေးဝယ်ကုန်တိုက်များ၊ အပန်းဖြေနေရာများ၊ ဘာသာရေးအဆောက်အအုံများနှင့် အဝေး ပြေးယာဉ်ရပ်နားစခန်းများတွင်လည်း လည်ပတ်နေပြီဖြစ်ကြောင်း အလေးပေးဖော်ပြထား သည်။92 ပုံ (၁၃) တွင် နစကအရာရှိများသည် လျှပ်စစ်အားသွင်းရုံများဖွင့်ပွဲအခမ်းအနား၌ ၎င်းတို့၏ စိမ်းလန်းစိုပြေသည့်စွမ်းအင်အသွင်ကူးပြောင်းမှုကို အလေးထားပုံဖော်ပြနေသည်။93

ပုံ (၁၃)
နစကအရာရှိများ နေပြည်တော်ရှိ လျှပ်စစ်ကားအားသွင်းရုံများကို ကြည့်ရှုစစ်ဆေးနေပုံ94

ဤကဲ့သို့သော လျှပ်စစ်ကားပြပွဲများသည် ရန်ကုန်ကဲ့သို့မြို့ကြီးများတွင် သာမန်လူများ ကြုံ တွေ့နေရသော တစ်နေ့လျှင် လျှပ်စစ်မီး လေးနာရီခန့်သာ ရရှိခြင်း၊ ဓာတ်အားပြတ်တောက် ခြင်းများနှင့် လျှပ်စစ်မီတာခများ မြင့်တက်လာခြင်းတို့ကို လုံးဝလျစ်လျူရှုနေသည်။  မြန်မာ နိုင်ငံတွင် တစ်ဦးချင်းဝင်ငွေနည်းသော သာမန်လူထုသည် လျှပ်စစ်ကားများကို ဝယ်ယူသုံးစွဲနိုင် ခြင်းမရှိဘဲ ကျွန်ုပ်၏ သိရှိချက်အရ နစကနှင့် ခရိုနီအဖွဲ့တို့၏ ခွင့်ပြုချက်ရထားသော လျှပ်စစ် ကားအနည်းငယ်သာ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် လည်ပတ် နေသည်။

နိုင်ငံအတွင်း မတူညီသောမြို့နယ်များတွင် နစက၏ ဌာနများမှ အကောင်အထည်ဖော် သော ဆိုလာဓာတ်အားပေးစနစ် တပ်ဆင်ခြင်းဆိုင်ရာ အကြောင်းအရာများကိုလည်း ဆောင်း ပါးများစွာမှ ဂုဏ်ယူဝင့်ကြွားစွာဖော်ပြလေ့ရှိသည်။  ၎င်းတို့ကို ဂေဟစနစ်သဟဇာတဖြစ်သော စိုက်ပျိုးရေးနှင့် အခြားအသုံးပြုမှု များတွင် အသုံးပြုသည်ဟုဆိုသည်။  ဆောင်းပါးတစ်ပုဒ်တွင် နစက၏ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနသည် “၂၀၁၆-၁၇ နှင့် ၂၀၂၃-၂၄ အတွင်း” (မူရင်းဖော်ြပချက်အတိုင်း) အဓိကအားဖြင့် အသေးစား ဓာတ်အားထုတ် လုပ်ရေးစီမံကိန်းများနှင့် အိမ်တွင်းသုံးနေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားစနစ်များမှ ကျေးရွာပေါင်း (၁၀,၀၀၀) ကျော်တွင် လူ (၂ ဒသမ ၅) သန်းခန့် လျှပ်စစ်ဓာတ်အားရရှိခဲ့ကြောင်း ဖော်ပြထားသည်။95  ပြန်လည်အသုံးပြုနိုင်သော စွမ်းအင်အရင်းအမြစ်များကို အသုံးပြု၍ ၂၀၃၀ ခုနှစ် အရောက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျေးရွာအားလုံးသို့ လျှပ်စစ် ဓာတ်အား တိုးချဲ့သုံးစွဲနိုင်ရန် ရည်မှန်းထားကြောင်း အဆိုပါဌာနကဆိုသည်။   နေရောင်ခြည်စွမ်းအင်ကို သန့်စင်ပြီး ပြန်လည်အသုံးပြုနိုင်ကာ ပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အထောက်အကူဖြစ်စေသည်ဟု ကြွေးကြော်ထားသည်။ ဆိုလာစွမ်းအင်သည် နိုင်ငံအသီးသီးမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များကို မည်သို့မည်ပုံဆွဲဆောင်နေသည်ကိုလည်း ဖော်ပြထားသည်။96

ဥပမာတစ်ခုမှာ တာပိန်ရေအားလျှပ်စစ်ခန်း တည်ဆောက်ရာတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ ဤစီမံကိန်းကို ၂၀၂၄ ဧပြီလ (၂၅) ရက်နေ့တွင် စတင်ခဲ့ပြီး မေလ (၃၁) ရက်နေ့တွင် လျှပ်စစ်ကွန်ရက်နှင့် ချိတ်ဆက်ခဲ့သည်။  ဤစီမံကိန်းနှင့် သက်ဆိုင် သော ဆောင်းပါးများတွင် ကာဗွန်ထုတ်လွှတ်မှု (၅၀၄) တန် လျှော့ချခြင်းနှင့် ညီမျှသော နှစ်စဉ် ပျမ်းမျှ ဓာတ်အားထုတ်လုပ်မှု (၅၉၄.၇၄) မက်ဂါဝက် (594.74 MWh) ရှိကြောင်း ကြွားဝါမှုများပါဝင်သည်။  ဤသည်မှာ တရုတ်ဒါတန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက် (China Datang Overseas Investment Co., Ltd.,)မှ ဆောင်ရွက်နေသော ဟိုက်ဒရိုဂျင်စွမ်းအင်၊ စွမ်းအင်သိုလှောင်မှု၊ အစိမ်းရောင် ကာဗွန်၊ အသိဉာဏ်ပေါင်းစပ်စွမ်းအင် (intelligent intergrated energy)၊ စွမ်းအင်ထိန်းသိမ်းမှုနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးတို့ပါဝင်သော ဖွံ့ဖြိုးတိုးတက်မှု စနစ်သစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ဆောင်းပါးရှိ ဓာတ်ပုံများတွင် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုနှင့် မြန်မာနိုင်ငံ၌ စိမ်းလန်းသော စွမ်းအင်များ တိုးမြင့်လာစေရန် တရုတ်ကုမ္ပဏီ၏ စွမ်းဆောင်မှုနှင် အလေးပေးမှုကို ပြသနေသည် (ဥပမာ ပုံ ၁၄ တွင်ရှုပါ)။97

ပုံ (၁၄)
တာပိန်ရေအားလျှပ်စစ်စခန်းတွင် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်နေပုံ။98

ထို့အပြင် ၂၀၂၃ ခုနှစ်တွင် နစက၏ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ကမ္ဘာ့အကြီးဆုံး လေအားလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ သန်း (၄၀၀) ဖြင့် တပ်ဆင်အသုံးပြုနိုင်မည်ဟု ကြွားဝါထားသည့် လေအားလျှပ်စစ်စီမံကိန်းများဆိုင်ရာ သဘောတူစာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်သည်။ အဆိုပါစီမံကိန်းများကို တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်း၍ ရခိုင် ပြည်နယ် အမ်း၊ ဂွနှင့် သံတွဲမြို့နယ်များတွင် စတင်ဆောင်ရွက်ခဲ့သည်။ စီမံကိန်းများသည် သဘာဝပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်းကို အပျက်သဘောဆောင်သော ထိခိုက်မှုများ မရှိ စေရန် သေချာစေမည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ဆောင်းပါးတွင် ရေးသားထားသည်။99 စီမံကိန်းကို အကောင်အထည်ဖော်မည့် ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် ပတ်သက်၍သော်လည်းကောင်း လူထုနှင့်ထိတွေ့ ဆောင်ရွက်မှု၊ ညှိနှိုင်းဆွေးနွေးမှုများနှင့်ပတ်သက်၍သော်လည်းကောင်း အဆိုပါဆောင်းပါးမှ ဖော်ပြထားခြင်း မရှိပေ။

နစက၏ ပြန်လည်အသုံးပြုနိုင်သည့်စွမ်းအင်ဆိုင်ရာ သတင်းဆောင်းပါးများသည် နစက အနေဖြင့် စိမ်းလန်းသောစွမ်းအင် အသွင်ကူးပြောင်းမှုတွင် မည်ကဲ့သို့ပါဝင်ကူညီနေပုံ၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများနှင့် နည်းပညာများကို မည်ကဲ့သို့ဆွဲဆောင်နိုင်ပုံများကိုသာဖော်ပြရန် သီးသန့်ဖြစ်နေသည်။ အထူးသဖြင့် ၂၀၂၁ အာဏာသိမ်းပြီးနောက်တွင် ပြည်သူများကို ထိခိုက် နေသည့် လျှပ်စစ်မီးပြဿနာများကို လုံးဝ ချန်လှပ်ထားသည်။ ဤသည်မှာ အစ္စရေးနိုင်ငံသည် ၎င်း၏ စွမ်းဆောင်ရည်မြင့် စိမ်းလန်းသော နည်းပညာများ အကြောင်းကို ဂုဏ်ယူစွာပြောဆို ခြင်းဖြင့် ပါလက်စတိုင်းပြည်သူများကို ဖိနှိပ်နေသည်ဆိုသော အဖြစ်မှန်ကို ဖုံးကွယ်ရန် ကြိုးစား နေပုံနှင့် ဆင်တူသည်။100

ဒေသတွင်းနှင့် နိုင်ငံတကာအသိအမှတ်ပြုမှုအတွက် စိမ်းလန်းစိုပြေရေး ဆောင်ရွက်ချက်

အထက်တွင်ဆွေးနွေးခဲ့သည့် ပြန်လည်အသုံးပြုနိုင်သော စွမ်းအင်အတွက် နစက၏ ကတိ ကဝတ်ကို ပြသခြင်းသည် နစက၏ စိမ်းလန်းစိုပြေရေး အယောင်ပြဆောင်ရွက်နေသည့် စစ်အာဏာရှင်အစိုးရ၏ နိုင်ငံတကာ အသိအမှတ်ပြုမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်မှန်းထားသည့် အချက်တစ်ချက်ဖြစ်နိုင်ကြောင်း ကျွန်ုပ်ယူဆသည်။ အစောပိုင်းတွင် ကျွန်ုပ် ဖော်ပြခဲ့ပြီးဖြစ်သော နစက၏ မီဒီယာတွင် နစကမှ အပြည်ပြည်ဆိုင်ရာနေ့များ အထိမ်း အမှတ်ပွဲများအကြောင်း မကြာခဏ အစီရင်ခံခြင်းသည် သဘာဝပတ်ဝန်းကျင်နှင့် ဆက်စပ်နေ သော နိုင်ငံတကာ အသိအမှတ်ပြုမှုကို မြှင့်တင်ရန်နှင့် နစကသည် ကမ္ဘာ့အသိုင်းအဝိုင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ပြသရန် ရည်ရွယ်ထားခြင်းဖြစ်သည်။101 ဥပမာအားဖြင့် ၂၀၂၃ မတ်လတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင် ကျင်းပ သည့် ကမ္ဘာ့ရေနေ့တွင် နစကမီဒီယာမှ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားခဲ့သည်ကို အောက်ပါအတိုင်းတင်ပြခဲ့သည်။

မြို့ပြနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုမှ တစ်နှစ်ထက် တစ်နှစ် ရေထု ထည်ပိုမိုလိုအပ်လာနေပါတယ်။ အခြားတစ်ဖက်မှာလည်း ရာသီဥတုဖောက် ပြန်ခြင်းနှင့် လူတွေရဲ့ ဆောင်ရွက်မှုတွေဟာ ရေအရင်းအမြစ်နှင့် သဘာဝ ပတ်ဝန်းကျင် အပေါ် သက်ရောက်မှုရှိစေပြီး ရေအရင်းအမြစ်များကို လျော့ နည်းစေပါတယ်။ ဒါကြောင့်မို့ ကမ္ဘာ့နိုင်ငံများအားလုံးဟာ ရေအရင်းအမြစ် များ လျော့ကျလာရေးကို ဖြေရှင်းရန် ကြိုးစားနေကြပါတယ်။

ဆက်လက်၍ မင်းအောင်လှိုင်သည် ရေရှည်တည်တံ့သော ရေအသုံးချမှုတွင် နည်းပညာဆိုင်ရာ စုပေါင်းဆောင်ရွက်မှု၊ ညှိနှိုင်းတိုင်ပင်မှုနှင့် ပူးပေါင်းလုပ်ဆောင်မှုများ တိုးမြှင့်ရန်လိုအပ် ကြောင်း အလေးပေးပြောကြားသည့်အပြင် အောက်ပါကိုလည်း တောင်းဆိုခဲ့သည်။

ချစ်ကြည်ရင်းနှီးသော မိတ်ဖက်နိုင်ငံများနှင့် အစိုးရ မဟုတ်သော အဖွဲ့ အစည်းများသည် အစိုးရ၏ ဦးဆောင်မှုအောက်မှ သက်ဆိုင်ရာ ဝန်ကြီးဌာန များ၏ ရေဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများတွင် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရန်၊ အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် သက်ရှိသတ္တဝါ အားလုံးအတွက် ရေဖူလုံရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြရန်နှင့် ကုလသမဂ္ဂမှ ချမှတ်ထားသည့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များကို အကောင်အထည် ဖော်ဆောင်သည့် လုပ်ငန်းများတွင် ပုဂ္ဂိုလ် အားလုံးပါဝင်ကြရန် တိုက်တွန်းလိုပါတယ်။102

ကုလသမဂ္ဂကို ကိုးကားခြင်းဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်းနှင့် နစကတို့သည် နိုင်ငံတကာ မူဘောင်များကို လိုက်နာပြီး နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက် ရန် အဆင်သင့်ဖြစ်နေသည်ဟူသော သဘောထားကို ပြသရန် ကြိုးစားနေသည်။ ပုံ (၁၅) တွင် ဖော်ပြထားသည့် အတိုင်း အဆိုပါဆွေးနွေးပွဲကို အလွန်ကြီးကျယ်ခမ်းနားသောပုံစံဖြင့် နစကမှ ၎င်းတို့အတွက်နှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ အထင်ကြီးလေးစားမှုကိုရရှိရန် ကျင်းပခဲ့ပြီး တက်ရောက်သူများမှာ သာမန်ပြည်သူမဟုတ်သော အဆင့်မြင့်စစ်အရာရှိများနှင့် အစိုးရ ဝန်ထမ်းများဖြစ်သည်။ မိန့်ခွန်းများနှင့် ဓာတ်ပုံများသည် တိုင်းပြည်၏ နိုင်ငံရေးမတည်ငြိမ်မှု များကို လုံးဝ ဖုံးကွယ်ထားသည်။

ပုံ (၁၅)
၂၀၂၃ မတ်လ (၂၂) ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန (၂) ၌ ကျင်းပသော ကမ္ဘာ့ရေနေ့အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားနေပုံ103

အာရှရှိ အမျိုးမျိုးသော ပွဲများနှင့် အစည်းအဝေးများတွင် နစက၏ ပါဝင်တက်ရောက်မှုကို ပြသခြင်းသည် နစကအနေဖြင့် ၎င်းတို့၏နိုင်ငံတကာ ပူးပေါင်းပါဝင်မှုကို သရုပ်ပြရန် နောက် ထပ်နည်းလမ်းတစ်ခုဖြစ်သည်။ ထူးခြားသည်မှာ ဤပါဝင်မှုသည် ကုလသမဂ္ဂ အခမ်းအနားများ သို့မဟုတ် အနောက်နိုင်ငံများ ပါဝင်မှု လုံးဝမရှိခြင်းဖြစ်သည်။ တရုတ်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်မှုအား သိသာထင်ရှားစွာဖော်ပြလေ့ရှိသည်။ ဥပမာများအနေဖြင့် သတင်းမီဒီယာ များတွင် ဖော်ပြထားသော နစကအရာရှိများ၏ အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသော (၁၀) ကြိမ် မြောက် ကမ္ဘာ့ရေဖိုရမ်တွင် တက်ရောက်မှု၊104 ၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ၌ကျင်းပသော ရပ်ဝန်း နှင့် ပိုးလမ်းမနိုင်ငံများ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဖိုရမ်၊105 (၄၅) ကြိမ်မြောက် စိုက်ပျိုးရေးနှင့် သစ်တောရေးရာ အာဆီယံဝန်ကြီးများအစည်းအဝေး106 နှင့် လာအိုနိုင်ငံ၌ ကျင်းပသော (၁၈) ကြိမ်မြောက် နယ်စပ်ကျော်မီးခိုးမြူညစ်ညမ်းမှုထိန်းချုပ်ရေး အစည်း အဝေးတို့ပါဝင်ပြီး ယင်းအစည်းအဝေးကို (၁၇) ကြိမ်မြောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အာဆီယံဝန်ကြီးအစည်းအဝေးနှင့် ပူးတွဲကျင်းပခဲ့သည်။107

နောက်ဆုံးဖော်ပြခဲ့သော အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်း  သိမ်းရေးဝန်ကြီးဌာနမှ ဝန်ကြီးလည်း တက်ရောက်ခဲ့ပြီး နစကမီဒီယာ၏ ဆောင်းပါးတစ်ပုဒ် တွင် ဂျပန်၊ ကိုရီးယား၊ တရုတ်နှင့် အမေရိကန်တို့ကဲ့သို့သော အာဆီယံမိတ်ဖက်နိုင်ငံများ တက်ရောက်ခဲ့ကြောင်း မီးမောင်းထိုးပြသခဲ့သည်။ နစက၏ မီဒီယာက မြန်မာ့သစ်တော ထိန်းသိမ်းရေး ကြိုးပမ်းအားထုတ်မှုနှင့် ပြန်လည်အသုံးပြုနိုင်သော စွမ်းအင်စီမံကိန်းများ၏ အရေးပါမှုတို့ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးမှ ဝါကြွားပြော ကြားနေခဲ့မှုများကို ဖော်ပြခဲ့သည်။​ ညနေပိုင်းတွင် မြန်မာနိုင်ငံ၏ စိမ်းလန်းစိုပြေရေးအတွက် ထည့်ဝင်ဆောင်ရွက်မှုများကို အသိအမှတ်ပြု ဂုဏ်ပြုသောအားဖြင့် ဆုပေးပွဲ အခမ်းအနားများ လည်း ကျင်းပခဲ့သည်။ ဆောင်းပါးတွင် “ဤဆွေးနွေးပွဲများတွင် မြန်မာ၏ ပါဝင်ပတ်သက်မှု သည် ဒေသတွင်း သဘာဝပတ်ဝန်းကျင် ပူးပေါင်းဆောင်ရွက်မှုနှင့် ရေရှည်တည်တံ့ရေး အလေ့ အကျင့်များဆီသို့ မြန်မာနိုင်ငံ၏ ကတိကဝတ်ကို မီးမောင်းထိုးပြနေသည်” ဟု နိဂုံးချုပ်ထား သည်။108

ဤအစည်းအဝေးနှင့်ပတ်သက်သည့် အခြားဆောင်းပါးတွင် နစကမီဒီယာက အောက်ပါ အတိုင်းရေးသားခဲ့သည်။

မြန်မာနိုင်ငံသည် ၂၀၂၁ မှ ၂၀၃၀ အထိ တစ်ပြည်လုံးဆိုင်ရာမူဘောင်အတွင်း ရာသီဥတုပြောင်းလဲမှု လျော့ပါးရေးနှင့် လိုက်လျောညီထွေ ဖြစ်မှုအတွက် အပြည့်အဝ လုပ်ဆောင်နိုင်သော မဟာဗျူဟာတစ်ရပ်ကို ရေးဆွဲထားသည်။ ဤမဟာဗျူဟာသည် စွမ်းအင်၊ လျှပ်စစ်၊ သစ်တော၊ မြေယာအသုံးချမှု၊ ကောက်ပဲသီးနှံအမျိုးမျိုးနှင့် သစ်ပင်စိုက်ပျိုးရေးအပါအဝင် ကဏ္ဍများစွာ အကျုံးဝင်ကာ တိကျသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားသည်။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆောင်ရွက်မှုအစီအစဉ်များတွင် မြန်မာသည် ဂျပန်နှင့် အခြား နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း ထပ်မံမီးမောင်းထိုးပြခဲ့သည်။109

နစက၏ မီဒီယာတွင် နစကမှ တက်ရောက်သူများသည် ဤအစည်းအဝေးများကို အွန်လိုင်းဖြင့် တက်ရောက်သည်ကို ဖော်ပြလေ့ရှိသော်လည်း ခြွင်းချက်အချို့အနေဖြင့် အထက် တွင် ဖော်ပြခဲ့ပြီးသော လာအိုနိုင်ငံတွင် ကျင်းပခဲ့သော အစည်းအဝေးနှင့် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ကိုယ်စားလှယ်များတက်ရောက်ခဲ့သည့် ၂၀၂၄ ဇူလိုင်လတွင် တရုတ် နိုင်ငံ၌  ကျင်းပသော အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကဲ့သို့သော ပွဲများသည် လူကိုယ်တိုင် တက်ရောက်ခဲ့သည့် ပွဲများဖြစ်ကြသည်။110 ဖိုရမ်တွင် မိန့်ခွန်းပြောနေစဉ် ဦးစိုးဝင်းက အောက်ပါအတိုင်း ပြောကြားခဲ့ကြောင်း နစက၏ မီဒီယာက ဖော်ပြသည်။

မြန်မာသည် ကာဗွန်လျှော့ချရေးလုပ်ငန်းစဉ်များဖြစ်သည့် သန့်ရှင်းသော ဖွံ့ဖြိုးတိုးတက်မှု၊ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှု၊ ကာဗွန် ချေး ထုတ်မှု ပူးပေါင်းဆောင်ရွက်ခြင်းတွင် (carbon credit cooperation)  စွန့် ပစ်ပစ္စည်းမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ ထိရောက်သော မီးဖိုများ ဖြန့် ဖြူးရေးနှင့် ဒီရေတောများထိန်းသိမ်းရေးဆိုင်ရာ စိမ်းလန်းသောဖွံ့ဖြိုးရေး စီမံ ကိန်းများကို နိုင်ငံတကာနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိပါတယ်။  မြန်မာသည် ရေရှည်တည်တံ့ခိုင်မြဲသော စိမ်းလန်းသည့် စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ညီညွတ်မျှတရေးတွင် ထည့်ဝင် ဆောင်ရွက်ရန်အတွက် စိမ်းလန်းစိုပြေရေး ရင်းနှီးမြှုပ်နှံမှုများကို အားပေး ရန်၊ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကို ထိရောက်စွာ စစ် ဆေးစောင့်ကြည့်ရန်နှင့် စိမ်းလန်းစိုပြေသော စီးပွားရေးကို အားပေးကူညီ ခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရန် ကာဗွန်ထုတ်လွှတ်မှု အနည်း ဆုံးဖြင့် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရန် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးကို အလေးပေးဆောင်ရွက်လျက် ရှိပါတယ်။111

အဆိုပါအစည်းအဝေးများ၏ အစီရင်ခံတင်ပြချက်တွင် နစကသည် နိုင်ငံ၏ နယ်ပယ်များစွာကို ထိန်းချုပ်ထားနိုင်ခြင်း မရှိမှုကို ဖော်ပြရန်ဝေးစွ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေလျက်ရှိသော ပဋိပက္ခများနှင့် မတည်ငြိမ်မှုများအကြောင်းကိုပင် ဖော်ပြထားခြင်းမရှိပေ။ နစကသည် ဒေသ တွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ဆောင် ချက်များကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အကောင်အထည်ဖော်ဆောင် နိုင်စွမ်းရှိသော နစကအဖြစ်မြင်စေရန် ဖန်တီးဖော်ပြနေခြင်းဖြစ်သည်။ မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံ နယ်စပ် ဒေသများတွင် တောမီးများ လောင်ကျွမ်းခြင်းမှ ကာကွယ်ရန် လေထုညစ်ညမ်းမှု လျှော့ချရေး ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အွန်လိုင်းမှ ပါဝင်တက်ရောက်ပြောကြားသည့်မိန့်ခွန်းတွင် ပဋိပက္ခများအကြောင်း နှုတ်ဆိတ်နေမှု၏ ထင်ရှားသော သာဓကကို တွေ့မြင်နိုင်သည်။ ဤနေရာတွင် မင်းအောင်လှိုင်က နစကသည် နယ်စပ်ဒေသရှိ တောင်စောင်းများတွင် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးမှုကို လျှော့ချကာ အခြားသော လယ်ယာစိုက်ပျိုးမှုပုံစံများကို အကောင်အထည်ဖော်ပြီး ဓာတ်မြေဩဇာ ထုတ် လုပ်ခြင်းဖြင့် ဤအစီအစဉ်တွင် ပါဝင်ကူညီမည်ဟု ကတိပြုသည်။ ၎င်း၏မိန့်ခွန်းမှ လုံးဝ ချန်လှပ်ထားခဲ့သည်မှာ နစကသည် မြန်မာနိုင်ငံ နယ်စပ်ဒေသများကို ထိန်းချုပ်နိုင်မှု လုံးဝနီးပါး မရှိသည့်အချက်ဖြစ်သည်။ ဤတွေ့ဆုံမှုတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အတွက် ပိုမို အရေးကြီးသည့်အချက်မှာ မြန်မာနိုင်ငံအား နစကအုပ်ချုပ်နေမှုကို နိုင်ငံရေးအရ စုစည်းရန် ‘စိမ်းလန်းစိုပြေရေး’ကို အသုံးပြု၍ အိမ်နီးချင်း နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်အဖြစ် အသိ အမှတ်ပြုခံရရန်ဖြစ်သည်။112

ပုံ (၁၆)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ထိုင်း ဝန်ကြီးချုပ်ဟောင်း ပရာယွတ်ချန်အိုချာ (Prayut Chan-o-cha) နှင့် လာအိုဝန်ကြီးချုပ် ဆိုနက် ဆိုင်းစစ်ဖန်ဒုန် (Sonexay Siphandone) တို့ နယ်စပ်ဖြတ်ကျော် မီးခိုးမြူညစ်ညမ်းမှုဆိုင်ရာ အွန်လိုင်းသုံးဖွဲ့ညှိနှိုင်း အစည်းအဝေး ကျင်းပနေပုံ။ 113

နစက၏ သတင်းမီဒီယာဆောင်းပါးများသည် စိမ်းလန်းစိုပြေရေးအစီအစဉ်ကို အမြဲအာရုံစိုက် လေ့မရှိသော ရုရှားနှင့် တရုတ်နိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်သည့် စွမ်းအင်ကြိုးပမ်းမှုများ တွင် ပါဝင်နေသော နစကကိုလည်း ဖော်ပြလေ့ရှိသည်။114 ဥပမာအားဖြင့် နစက၏ စွမ်းအင် ဝန်ကြီးဌာနသည် ကာဇက်စတန်ရှိ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ပထမဆုံး စွမ်းအင် ဖိုရမ်သို့ တရုတ်နှင့် ရုရှားနိုင်ငံတို့နှင့်အတူ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု ပြုစုပျိုးထောင်ရေး တို့ကို အဓိကထားတက်ရောက်ခဲ့သည်။115 ထို့အပြင် နစက၏ စွမ်းအင်ဝန်ကြီးသည် မြန်မာ-ရုရှား-တရုတ် ပူးပေါင်းဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းအနေဖြင့် လျှပ်စစ်စွမ်းအင်အတွက် ရေနံ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ရုရှားနိုင်ငံ၊ မော်စကို၌ ကျင်းပခဲ့သော ရုရှားစွမ်းအင်သီတင်းပတ် နိုင်ငံတကာဖိုရမ်သို့ တက် ရောက်ခဲ့သည်။ ဤအစည်းအဝေးတွင် ပြန်လည်အသုံးပြုနိုင်သော စွမ်းအင်ကို အာရုံစိုက်ခဲ့ခြင်း မရှိပေ။116 နစက၏ သတင်းစာများမှ ဆောင်းပါးအချို့တွင် တရုတ် သည် မြန်မာနိုင်ငံအတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ‘စိမ်းလန်းစိုပြေရေး’ ခေါင်းစဉ်တပ်၍ဖော်ပြထားသည်။ ဥပမာ အနေဖြင့် တရုတ်နိုင်ငံ၏ ပိုးလမ်းမစီမံကိန်း ပဏာမခြေလှမ်းကို စိမ်းလန်းစိုပြေရေး စီမံကိန်း တစ်ခုအဖြစ် ဖော်ပြကာ117 မြန်မာနိုင်ငံအား တရုတ်နိုင်ငံမှ နေရောင်ခြည်စွမ်းအင်လှူဒါန်းပုံကို ဦးစားပေးဖော်ပြခြင်းများဖြစ်သည်။118 ဆောင်းပါးတစ်ပုဒ်တွင် တရုတ်နိုင်ငံသည် စိမ်းလန်းစို ပြေရေးအစီအစဉ်ကို မည်ကဲ့သို့ ကတိကဝတ်ပြုထားပုံကိုလည်း ဖော်ပြထားသည်။119 ဤနေရာ တွင် နစကသည် ၎င်းတို့၏ တရားဝင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် တရုတ်နိုင်ငံဘက်သို့ ဦးတည်နေသည်ဟူသော ရှင်းလင်းသည့်အမြင်ကို တွေ့ရသည်။ နစကသည် ကုလသမဂ္ဂ၏ ရည်ရွယ်ချက်အစီအစဉ်များအပေါ် ၎င်းတို့၏ ကတိကဝတ်များကို ဖော်ပြရန် ကြိုးပမ်းနေသော် လည်း  ရာသီဥတုပြောင်းလဲလာမှုတိုက်ဖျက်ရေး ကုလသမဂ္ဂညီလာခံ ထိပ်သီးအစည်းအဝေး များမှ ဖယ်ထုတ်ခံထားရပြီး ကမ္ဘာ့အနောက် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခြင်း လည်း မရှိပေ။

စိမ်းလန်းစိုပြေရေး အယောင်ပြဆောင်ရွက်ခြင်းရှုထောင့်

နေ့စဥ်အတွေ့အကြုံများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ဝေဖန်ချက်

နစကမီဒီယာ၏ လှပသော သဘာဝဘေးမဲ့တောများ၏ပုံများနှင့် နစကမှ အမျိုးသား ဥယျာဉ်များကို မည်သို့ထိန်းသိမ်းပြီး သစ်ပင်ပန်းမန်များကို မည်သို့ စိုက်ပျိုးကြောင်း ဖော်ပြ ထားသည်များမှာ သာမန်လူထု၏ နေ့စဉ်လှုပ်ရှားရုန်းကန်နေရမှုများနှင့် ဆန့်ကျင်ဘက်ဖြစ်နေ သည်။ ၂၀၂၁ အာဏာသိမ်းမှုမှစတင်ကာ သစ်ခိုးထုတ်ခြင်းနှင့် သတ္တုတူးဖော်ခြင်းကြောင့် မြင့်တက်လာသော သစ်တောပြုန်းတီးမှုကို အရပ်ဘက်အဖွဲ့များ၊ သုသေသနပညာရှင်များနှင့် လွတ်လပ်သောမီဒီယာများမှ ဖော်ပြထားသည့်အစီရင်ခံစာများနှင့်လည်း ဆန့်ကျင်ဘက်ဖြစ် သည်။ နစက ထိန်းချုပ်သော The Global New Light of Myanmar နှင့် ကြေးမုံတို့မှ ဆောင်းပါးများကို လေ့လာထားသော ကျွန်ုပ်၏ စစ်တမ်းတွင် သတ္တုတူးဖော်ခြင်း၊ ရွှေကျင်ခြင်း၊ သို့မဟုတ် တရားမဝင်သစ်ထုတ်ယူမှုအကြောင်းပြောထားသည့် ဆောင်းပါးတစ်ပုဒ်ကိုသာ တွေ့ခဲ့ရပြီး ထိုဆောင်းပါးထဲတွင်လည်း စစ်တပ်မှ ထိုလှုပ်ရှားမှုများထဲတွင် မည်ကဲ့သို့ ပါဝင် ပတ်သက်နေသည်ကို မဖော်ပြဘဲ ချန်လှပ်ထားခဲ့သည်။120

မြန်မာနိုင်ငံလုံးဆိုင်ရာ ဌာနေတိုင်းရင်းသားများ မဟာမိတ်အဖွဲ့ (ABIPA) ၏ သုတေသနပြု ချက်တွင် နစကသည် ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း သစ်တောပြုန်းတီးမှုကို ဦးတည်စေ သည့် သတ္တုတူးဖော်ခြင်း၊ ရေကာတာစီမံကိန်းများနှင့် စားအုန်းဆီစိုက်ပျိုးခြင်းများအတွက် လိုင်စင်များ မည်သို့ထုတ်ပေးသည်ကို ဖော်ပြထားသည်။ နစကထိန်းချုပ်သော မီဒီယာမှ တည် ငြိမ်မှုနှင့် ပုံမှန်ဖြစ်တည်နေသော ပုံရိပ်နှင့် ဆန့်ကျင်ဘက်ဖြစ်နေကာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဌာနေတိုင်းရင်းသားများမဟာမိတ်အဖွဲ့၏ အစီအရင်ခံစာမှ ထပ်လောင်းငြင်းဆိုထားသည်မှာ —

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်မာ့သစ်တောများနှင့် ၎င်း တို့၏ အနီးအနားပတ်ဝန်းကျင်တွင်ရှိသော လူထုအသိုင်းအဝိုင်းသည် မကြုံဖူး သော ဖိအားများအောက် ရောက်ရှိခဲ့သည်။ စစ်တပ်အာဏာသိမ်းခြင်းက နိုင်ငံတစ်ဝန်း မတည်ငြိမ်မှုများဖြစ်စေခဲ့ကာ တရားဥပဒေစိုးမိုးမှုကို ရပ်တန့် စေခဲ့ပြီး ချမ်းသာကြွယ်ဝကာ အာဏာရှိသောသူများမှ တိုင်းပြည်၏ မြေယာ နှင့် အရင်းအမြစ်များကို အရေးယူခြင်း မခံရဘဲ ကိုယ်ကျိုးအတွက် အမြတ် ထုတ်နိုင်စေခဲ့သည်။121

ဤသုတေသနတွင် နစကအောက်တွင် ထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ခြင်းက အန္တရာယ်ရှိကြောင်း အသားပေးပြောကြားခဲ့သည်။ ထိုလုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက် သည့် လူအများအပြားကို စစ်တပ်မှ ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်း တို့ကိုပါ လုပ်ခဲ့သည်။ ထို့ကြောင့် ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲ ဆုံးရှုံးမှုနှင့် ရာသီဥတုပြောင်းလဲလာမှုကို တိုက်ဖျက်ရာတွင် ရှေ့တန်းမှပါဝင်နေသော တိုင်းရင်းသားအဖွဲ့အစည်းများနှင့် သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေးသမားများသည် ၎င်းတို့၏ လွတ်လပ်ခွင့်ကို ဆုံးရှုံးနေကြရသည်။122

အလားတူစွာ ဆောက်သ်၏ သုတေသနသည် ရာသီဥတုပြောင်းလဲလာမှုနှင့် သဘာဝ ပတ်ဝန်းကျင်အား ထိန်းသိမ်းချင်ယောင်ဆောင်နေသည့် နစက၏ ပုံစံသည် မြေပြင်တွင် ဖြစ်ပွားနေသည့် အရာများနှင့်ကွဲလွဲနေကြောင်း ပြသခဲ့သည်။123 ၎င်းအစားအာဏာသိမ်းပြီး နောက်ပိုင်း၌ ရာသီဥတု​ပြောင်းလဲလာမှုလျှော့ချရေး လုပ်ငန်းစဉ်များကို ရပ်တန့်ခဲ့ရပြီး ယခု အချိန်တွင် အရပ်ဘက်အဖွဲ့များအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး လှုပ် ရှားမှုများတွင် ပါဝင်ရန်မှာ လွန်စွာအန္တရာယ်များကြောင်း မီးမောင်းထိုးပြခဲ့သည်။

၂၀၂၁ ဒီဇင်ဘာလမှ အယ်လ်ဂျာဇီးယား၏ အစီရင်ခံစာတွင် စစ်တပ်သည် သဘာဝ အရင်းအမြစ်များအား ၎င်းတို့၏ ဘဏ္ဍာရေးကဏ္ဍကို မြှင့်တင်ရန် ကိုယ်ကျိုးအတွက် အသုံးချ နေကြောင်း “ကမ္ဘာ့ရာသီဥတုဒဏ်အခံရဆုံး နိုင်ငံများထဲမှ တစ်နိုင်ငံသည် ပိုမိုမြင့်တက်လာ သော အန္တရာယ်ကို ကြုံတွေ့နေရသည်” ဟု သတိပေးခဲ့သည်။124  မြန်မာနိုင်ငံရှိ စစ်အစိုးရ အဆက်ဆက်က သစ်တောပြုန်းတီးမှုကို ဖြစ်ပေါ်စေခဲ့သည်ကိုဖော်ပြထားပြီး အရှေ့တောင် အာရှနိုင်ငံတွင် သစ်တောပြုန်းတီးမှုနှုန်း အမြင့်ဆုံးဖြစ်ကြောင်း မီးမောင်းထိုးပြထားသည်။ ၁၉၄၈ ခုနှစ်တွင် တိုင်းပြည်၏ (၇၇) ရာခိုင်နှုန်းသည် သစ်တောများနှင့်ဖုံးအုပ်လျက်ရှိခဲ့ပြီး ၁၉၉၀ တွင် (၆၀) ရာခိုင်နှုန်းသို့ ကျဆင်း သွားကာ ၂၀၁၅ တွင် (၄၄) ရာခိုင်နှုန်းမျှသာ ရှိတော့ သည်။ ဤအချက်သည် စစ်တပ်ထိန်းချုပ်သည့် မီဒီယာထဲတွင်ဖော်ပြထားသော ထိန်းသိမ်းရေး လုပ်ငန်းစဉ်ကို အနှံ့အပြားဆောင်ရွက်နေကြောင်း ဂုဏ်ယူစွာဖော်ပြထားသည့် အချက်နှင့် လွန်စွာကွဲလွဲမှုရှိနေသည်။ ငွေကြေးချို့တဲ့နေသော နစက စစ်အာဏာသိမ်းအုပ်စုသည် ရေတို ဝင်ငွေ ရနိုင်သမျှ များများရရန် နိုင်ငံတွင်းကျန်ရှိနေသော သစ်တောများမှ သစ်ထုတ်ခြင်း၊ သတ္တုတူးဖော်ခြင်းနှင့် စီးပွားဖြစ် စားအုန်းဆီနှင့် ရော်ဘာ စိုက်ခင်းများမှတစ်ဆင့် လုပ်ဆောင် ရန် ရည်ရွယ်ထားကြောင်း ခိုဝင်မှ ထောက်ပြထားသည်။125 အဆိုပါ လှုပ်ရှားမှုများကြောင့် လူ များသည် ၎င်းတို့၏နေအိမ်မှ ပြောင်းရွှေ့ရခြင်း၊ အချို့သူများမှာ လယ်ယာမြေသစ်စိုက်ပျိုးရန် အတွက် သစ်တောမြေများ ခုတ်ထွင်ရှင်းလင်းရန်ခိုင်းစေခြင်းတို့ ခံနေရသည်။126

နစကနှင့် ခရိုနီကုမ္ပဏီများ၏ သဘာဝအရင်းအမြစ်များကို ဖျက်ဆီးခြင်းထဲမှ အချို့မှာ နစကနှင့် အချို့သူများ၏ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်း ဆောင်များနှင့် ဆက်စပ်နေကြောင်း လွတ်လပ်သောသုသေသနကွန်ရက်၏ အစီရင်ခံစာထဲ တွင် မှတ်တမ်းတင်ထားသည်။127 အစီရင်ခံစာထဲတွင် အာဏာသိမ်းပြီးနောက်ပိုင်း ချောင်း ဆွယ်များ၊ စမ်းချောင်းများတစ်လျှောက် သတ္တုတူးဖော်သည့်စက်ကြီးများနှင့် ပိုမိုချဲ့ထွင်လာ သော ရွှေတူးခြင်းသည် သဘာဝပတ်ဝန်းကျင်အား လျင်မြန်စွာ ပျက်စီးစေကြောင်း တနင်္သာရီ တိုင်းဒေသကြီးရှိလူများမှ အစီရင်ခံထားသည့် အချက်လည်းပါသည်။128 ထပ်လောင်း၍ပြောရ လျှင် ရန်ကုန်၌ နစက၏ လျှပ်စစ်ဌာနမှဝန်ထမ်းများသည် လျှပ်စစ်ကြိုးများ ဆင်ရန်အတွက် သစ်ပင်များ ခုတ်လှဲခြင်းကြောင့် မြိုနယ်အများစုတွင် သစ်ပင်ဖုံးလွှမ်းမှုလုံလောက်စွာ မရှိတော့ သဖြင့် ထိုနေရာများတွင် နေထိုင်ကြသူများသည် နွေရာသီအပူဒဏ်ကို ပိုမို ခံစားရကြောင်း ကျွန်ုပ်မှ လေ့လာတွေ့ရှိခဲ့သည်။

နစကမှ ၎င်းအဖွဲ့အစည်းများ၏ ပလတ်စတစ်အမှိုက်များကောက်ခြင်းနှင့် အသိပညာပေး လုပ်ငန်းဆွေးနွေးပွဲများကို ဖော်ပြနေခြင်းသည် မြေပြင်ရှိ လက်တွေ့အတွေ့အကြုံများနှင့် ဆန့် ကျင်ဘက်ဖြစ်နေသည်။ တနင်္သာရီတိုင်းရှိ အဏ္ဏဝါစေတနာ့ဝန်ထမ်းသန့်ရှင်းရေး ပုဂ္ဂလိက အဖွဲ့တစ်ဖွဲ့ တည်ထောင်သူ၏ ပြောကြားချက်အရ ပလတ်စတစ်ကမ်ပိန်းများသည် ရှိုးပြခြင်း သာဖြစ်သည်။129 အာဏာသိမ်းမှုနောက်ပိုင်းတွင် ဒေသခံလူငယ်စေတနာ့ဝန်ထမ်းအဖွဲ့များမှ လူငယ်များသည် စစ်တပ်အား လက်နက်ကိုင်တော်လှန်ရန် ပြည်သူ့ကာကွယ်ရေးတပ်များသို့ ဝင်ရောက်ကြကုန်၍ သန့်ရှင်းရေးလုပ်ငန်းများ မလည်ပတ်နိုင်တော့သဖြင့် နေရာအများစု သည် ပလတ်စတစ်ကြောင့် ပိုမိုညစ်ညမ်းလာသည်။ ပဲခူးတိုင်းရှိ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲရေး ဆိုင်ရာ အစီရင်ခံစာတစ်စောင်တွင် အာဏာသိမ်းမှု မတိုင်မီ လှုပ်ရှားခဲ့သော သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးအစီအစဉ် (၂) နှင့် ပဲခူးအမှိုက်စီမံခန့်ခွဲရေး အစီအစဥ်တို့၏ နိုင်ငံတကာရန်ပုံ ငွေများသည် စစ်တပ်အာဏာသိမ်းမှုကြောင့် ရုတ်သိမ်းခံလိုက် ရသောကြောင့် စစ်တပ်အာဏာ သိမ်းမှုသည် အဆိုးဘက်မှသက်ရောက်ကြောင်း ပြောကြားခဲ့သည်။130

ယေဘုယျအားဖြင့်ဆိုရလျှင် နစကသည် ပလတ်စတစ်စွန့်ပစ်ပစ္စည်းနှင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေးစနစ်များအပေါ် စိုးရိမ်မှုကို ၎င်းတို့၏ မီဒီယာများ မှတစ်ဆင့် ချပြခဲ့သော်လည်း မြေပြင်ရှိလူများသည် ညစ်ညမ်းမှုအမျိုးမျိုးကို ဆက်လက်ခံစားနေရဆဲဖြစ်သည်။ ကျွန်ုပ်၏ အတွေ့အကြုံအရပြောရလျှင် ရန်ကုန်ရှိ ပလတ်စတစ်စွန့်ပစ်ပစ္စည်း အခြေအနေသည် လွန်စွာဆိုးရွားနေပြီး လူများသည် ၎င်းတို့၏ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စွန့်ပစ် ခြင်းမရှိပေ။ ရန်ကုန်မြို့တွင် နေ့စဉ် စည်ပင်အမှိုက် တန်ချိန် (၂,၅၀၀) ကျော် ထွက်ရှိပြီး ထိုအမှိုက်အများစုမှာ စနစ်တကျစီစဉ်ထားခြင်းမရှိသည့် အမှိုက်ပုံများတွင်သာ သောင်တင်နေ လေ့ရှိသည်။131 ပလတ်စတစ်များကို ရေမြောင်းထဲတွင် စွန့်ပစ်ကြသောကြောင့် မိုးရာသီတွင် ရေကြီးရေလျှံမှုကို ဖြစ်ပေါ်စေ သည်။ ဤအခြေအနေသည် လူငယ်အဖွဲ့များ၊ စေတနာ့ဝန်ထမ်း အမှိုက် ကောက်အဖွဲ့များ၊ စည်ပင်သာယာနှင့် အမှိုက်စုဆောင်းရေးအတွက် ဆောင် ရွက်သည့် အခြားသော ဌာနဝန်ထမ်းများနှင့် ပူးပေါင်းလုပ်ဆောင်သည့် ပရဟိတအဖွဲ့များကဲ့သို့သော စနစ်ကျသည့် အမှိုက်စွန့်ပစ်ရေးကို အဖွဲ့အစည်း များနှင့်လှုပ်ရှားခဲ့သည့် အာဏာသိမ်းမှု မတိုင်မီက NLD အစိုးရကာလနှင့် ခြားနားလျက်ရှိသည်။ သို့သော် အာဏာသိမ်းကာလမှ စတင်ကာ လူများသည် လူထုဦးဆောင်သည့် လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ရန် ကြောက်လန့် နေကြသည်။

ကျွန်ုပ်သည် နစကမှ ပလတ်စတစ်လျှော့ချရေး အလေးထားပြနေသော်လည်း မြန်မာ ခရိုနီ ဦးဇော်ဇော်ပိုင်သည့် ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်တွင် “(၆) ကြိမ်မြောက် နိုင်ငံတကာ ပလတ်စတစ်ကုန်စည်ပြပွဲ” ကို ကျင်းပခဲ့ကြောင်း သတိထားမိခဲ့သည်။ အိန္ဒိယ၊ တရုတ်၊ စင်္ကာပူနှင့် မြန်မာမှ စီးပွားရေးလုပ်ငန်းရှင်များက ထိုပြပွဲတွင်ပါဝင်ခဲ့ကာ ပလတ်စတစ် စက်ရုံများ နှင့် ထုတ်ပိုးမှုများအတွက် ကုန်ကြမ်းများနှင့် ပစ္စည်းကိရိယာများကို ပြသခဲ့သည်။ ခရိုနီပိုင်ဟိုတယ်တစ်ခုတွင် နစက၏ ပလတ်စတစ် ထုတ်ကုန်များအတွက် ပွဲကျင်းပခြင်းက ၎င်းတို့သည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုများကို လျစ်လျူရှုထားကြောင်း သိသိသာ သာဖော်ပြနေသည်။ 132

Global Witness ၏ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် အစီရင်ခံစာများတွင် အာဏာသိမ်းမှု အပြီး မြန်မာ့အရှေ့မြောက်ပိုင်းဒေသများ၌ မြေရှားသတ္တုတူးဖော်မှု တဟုန်ထိုးမြင့်တက် လာခြင်းက ဆိုးရွားသည့်ညစ်ညမ်းမှုများကို ဖြစ်စေခဲ့ကြောင်း အသေးစိတ်ဖော်ပြထားသည်။133 ၂၀၂၄ အစောပိုင်းကာလတွင် စစ်တပ်၏ ကွပ်ကဲမှုအောက်တွင်ရှိသော နယ်ခြားစောင့်တပ်၏ ထိန်းချုပ်မှု အောက်ရှိသည့် ဒေသတွင် သတ္တုတူးဖော်မှုရှိနေကြောင်း ထက်မြတ်အောင်က ဖော်ပြထားသည်။134 တည်နေရာစုစုပေါင်း (၃၀၀) နီးပါး၌ မြေရှားသတ္တုစုဆောင်းရေး ကန် ပေါင်း (၂,၇၀၀) ခန့်ရှိသည်။ ရှားပါးသတ္တုတူးဖော်ခြင်းသည် ဒေသခံလူနေမှုဘဝအား ကာလ ကြာရှည်စွာ သက်ရောက်မှုရှိစေပြီး ပြန်လည်ရှင်းလင်းသန့်စင်ရေးဆောင်ရွက်ရန် ဒေါ်လာ ဘီလီယံနှင့်ချီ ကုန်ကျနိုင်သည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအား ဖြစ်စေနိုင်သည်။ သတ္တုတူး ဖော်ခြင်း တွင် လွန်စွာဆိုးရွားသော အကျိုးသက်ရောက်မှုများရှိသည်။

မြစ်ချောင်းများသည် ညစ်ညမ်းသွားခဲ့ပြီး ၎င်းအချက်ကြောင့် ငါး၊ ငှက်များနှင့် အခြားတိရစ္ဆာန်အများစု ပျောက်ကွယ်သွားခဲ့သည်။ ဒေသခံလူထုသည် သောက်သုံးရေသန့်ရရှိရေး အခက်အခဲဖြစ်နေကာ လယ်သမားများသည် လည်း မိုင်းတွင်း ဧရိယာများအနီးတွင် ကောက်ပဲသီးနှံများ မစိုက်ပျိုးနိုင်ပေ။ စိုးရိမ်ရသည့်အချက်မှာ မိုင်းတွင်းဧရိယာအနီးရှိ ရေညစ်များသည် မေခမြစ်ထဲ သို့စီးဝင်သွားခြင်းပင်ဖြစ်သည်။ မေခမြစ်မှာ နိုင်ငံ့လူဦးရေ သုံးပုံ နှစ်ပုံကို အထောက်အပံ့ပေးသော ဧရာဝတီမြစ်၏ မြစ်လက်တက်ဖြစ်သည်။135

လွတ်လပ်သောမီဒီယာများမှလည်း နစကအပေါ် ၎င်း၏ ဘေးအန္တရာယ်စီမံခန့်ခွဲရေး ကြိုးပမ်း မှုများအတွက် ဝေဖန်မှုများပေါ်ပေါက်ခဲ့သည်။ နစကထိန်းချုပ် မီဒီယာများမှ ဘေးအန္တရာယ် များကို စီမံခန့်ခွဲခြင်းနှင့် ဘေးသင့်သူများကို ဖေးမခြင်းအား စစ်အစိုးရမှ ထိထိရောက်ရောက် ဆောင်ရွက်နေကြောင်း မကြာခဏဖော်ပြနေသော်လည်း မြေပြင်မှအခြေအနေများသည် ၎င်းတို့မှ အမှန်တကယ်ထိခိုက်ခံစားနေရသည့် လူထုထံသို့ မရောက်ရှိကြောင်း သက်သေပြနေ သည်။ ဥပမာအားဖြင့်ဆိုရလျှင် ၂၀၂၄ ခုနှစ် ဇူလိုင်လ၌ မကွေးတိုင်းဒေသကြီးတွင်ဖြစ်ပွားသော ဧရာဝတီမြစ်ရေလျှံမှုတွင် လွတ်လပ်သော မီဒီယာတစ်ခုဖြစ်သည့် ခေတ်သစ်မှ နစက ရဲအရာရှိ များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ရေဘေးအနည်းဆုံးသင့်သည့်ဧရိယာ၊ ရေ (၆) လက်မ ခန့်သာ ဖုံးလွှမ်းသည့်ရွာကိုသာ သွားခဲ့ကြောင်း ဖော်ပြထားသည်။ ၎င်းတို့သည် ရွာသားများအား ကူညီထောက်ပံ့နေသည့် ပုံစံပေါက်စေရန် လုပ်ဆောင်ကာ ဓာတ်ပုံများရိုက်ကူးပြီးသည်နှင့် (မီဒီယာအတွက်ဟုယူဆရ) ထွက်ခွာသွားကြသည်။ ရေကြီးမှုကြောင့် ပျက်စီးမှုအများဆုံး ရပ်ကွက်များတွင် နေထိုင်သူများသည် နစက၏အကူအညီ လုံးဝမရရှိခဲ့ဘဲ သောက်ရေသန့် အတွက် မြန်မာငွေ တစ်သောင်းကျပ်ခန့် ပေးဆောင်ခဲ့ရသည်။136

ထို့အပြင် အချို့သော အမှီအခိုကင်းသောမီဒီယာများသည် ဒေသတွင်း သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး စည်းဝေးပွဲများတွင် နစက၏ပါဝင်မှုသည်  စစ်မှန်သော သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့်မဟုတ်ဘဲ စစ်အစိုးရအပေါ် ဒေသတွင်းမှ ပံ့ပိုးထောက်ခံမှု ကို အားကောင်းစေရန် အတွက်သာဖြစ်ကြောင်း ထောက်ပြပြောဆိုထားသည်။ ဥပမာအားဖြင့် နစကဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တရုတ်နိုင်ငံ ကွင်းဒေါင် (Qingdao) နိုင်ငံတကာ ညီလာခံ၌ ကျင်းပသော စိမ်းလန်းစိုပြေဖွံ့ဖြိုးရေးဖိုရမ်ကို တက်ရောက်သည်မှာ စိမ်းလန်းစိုပြေ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအတွက် မဟုတ်ဘဲ လက်နက်များဝယ်ယူရန် သဘောတူညီ မှုအတွက်ကြောင့်သာဖြစ်ကြောင်း ပြည်ပမီဒီယာများက ထင်ကြေးပေးကြသည်။ အလားတူပင် နစက၏ ပြန်လည်အသုံးပြုနိုင်သောစွမ်းအင်ကို ချပြခြင်းသည် လက်တွေ့မြေပြင်အခြေအနေ နှင့် ထိတွေ့စပ်ဆိုင်မှုမရှိသည့်အတွက် ဝေဖန်မှုများကြုံနေခဲ့သည်။ Frontier Myanmar သည် ရန်ကုန်တွင်း နေထိုင်သူများမှာ စစ်အစိုးရ၏ ညံ့ဖျင်းသော စီးပွားရေးစီမံခန့်ခွဲမှုအောက် ရေပြတ်တောက်မှုနှင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတို့ကို မည်သို့ကြုံတွေ့ ခံစားနေရ ကြောင်း ဖော်ပြထားသည်။ တက္ကစီမောင်းသူ အများစုမှာ လျှပ်စစ် ဓာတ်အားသွင်းရုံများ ရှားပါးခြင်း၊ စိတ်ချယုံကြည်၍မရသော ဓာတ်အားပေးစနစ်နှင့် လျှပ်စစ်ကားများ၏ ဈေးနှုန်း ကြီးမြင့်ခြင်းတို့ကြောင့် လျှပ်စစ်ကားများ ကို အထင်ကြီးစိတ်ဝင်စားခြင်းမရှိပေ။137 ကျွန်ုပ်၏ လေ့လာမှုအရ လျှပ်စစ်ကားများအား မိတ်ဆက်ခြင်းသည် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး ထက် နစကအရာရှိများနှင့် ခရိုနီများအတွက် လျှပ်စစ်ကားတင်သွင်းခြင်းနှင့် ရောင်းချခွင့် ပါမစ်များ ပေးခြင်းမှရနိုင်မည့် ငွေကြေးအကျိုးအမြတ်အတွက်သာ ဖြစ်သည်။

နိဂုံး

နစကထိန်းချုပ်မီဒီယာအား လွတ်လပ်သောမီဒီယာ၊ သုတေသနနှင့် ပြည်သူများ၏ နေ့စဉ်ဘဝ အတွေ့အကြုံများကို ယှဉ်ကြည့်ခြင်းဖြင့် နစကသည် ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုပြီးနောက် စစ်အာဏာရှင်အစိုးရအား စိမ်းလန်းစိုပြေရေးဆောင်ရွက်နေသည့် ပုံစံဖမ်းလာသည်မှာ ထင်ရှားသည်။ နစကသည် ၎င်းအချက်အား သစ်ပင်စိုက်ပျိုးပွဲများ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပ ပြခြင်း၊ သစ်တောများပြန်လည်စိုက်ပျိုးခြင်းအား နိုင်ငံတာဝန်တစ်ခုအဖြစ် မြှင့်တင်ခြင်း၊ ပလတ်စတစ်ကောက်ခြင်း၊ ပြန်လည်အသုံးပြုနိုင်သော စွမ်းအင်တို့ကို မြှင့်တင်ပေးခြင်းများ လုပ်ဆောင်ကာ တစ်ချိန်တည်းမှာပင် နိုင်ငံရေးအကျပ်အတည်းများကို လျှော့ပေါ့ပြောဆိုခြင်း ဖြင့် ပြုလုပ်ခြင်းဖြစ်သည်။ ဤလုပ်ရပ်များသည် အခြားစာပေများမှ ထောက်ပြထားသည့် အတိုင်း အခြားသော စစ်အာဏာရှင်အစိုးရများမှ ၎င်းတို့၏ တာဝန်ရှိမှုနှင့် တည်ငြိမ်မှုပုံရိပ်ကို ချပြကာ ဖိနှိပ်ချုပ်ချယ်မှုအလေ့အကျင့်များကို ဖုံးကွယ်ထားရန်အတွက် သဘာဝပတ်ဝန်းကျင် နှင့် ပတ်သက်သည့် ပဏာမခြေလှမ်းများအား အသုံးချသည့်ပုံစံကို ထင်ဟပ်လျက်ရှိသည်။ ဖရောလစ်နှင့် ဟာတ်၊138 ရောဘင်စ်139 တို့သည် အာဏာရှင်အစိုးရများက သဘာဝဘေး အန္တရာယ်များအား သဘာဝကြောင့်ဖြစ်သည့် ဖြစ်ရပ်များအဖြစ်သာဖော်ပြ၍ နိုင်ငံရေးဆိုင်ရာ အကြောင်းတရားများနှင့် နိုင်ငံရေးအခြေအနေ ပိုမိုဆိုးရွားလာမှုများကို ဖုံးကွယ်ထားလေ့ရှိ သည်ဟု မှတ်ချက်ပြုထားသည်။ မြန်မာနိုင်ငံတွင် ယင်းလုပ်ရပ်အား နစကမှ သဘာဝ ပတ်ဝန်းကျင်ဆိုသည့် စကားလုံးကို ၎င်းတို့၏ ဖိနှိပ်အုပ်ချုပ်မှုများမှ အာရုံလွှဲရန်သာမက နိုင်ငံတကာအသိအမှတ်ပြုမှု၊ ထောက်ပံ့မှုနှင့် ရင်းနှီး မြှုပ်နှံမှုများရရှိရန် အကာအကွယ်အဖြစ် အသုံးပြုသည်ကို တွေ့မြင်နိုင်သည်။ ၎င်းတို့၏ စိမ်းလန်းစိုပြေတိုးတက်ရေး ဆောင်ရွက်ချက် အတွက် ကတိကဝတ်အား အလေးပေးခြင်းဖြင့် နစကသည် နိုင်ငံအများစုမှ ၎င်းတို့အား မြန်မာ နိုင်ငံ၏ တရားဝင်အစိုးရအဖြစ် လက်ခံခြင်းမရှိသော်လည်း ၎င်းတို့သည် အာဏာကို ပိုမိုခိုင်မာလာစေရန်ဆောင်ရွက်ကာ ကောင်းမွန်စွာလည်ပတ်နေသော တိုင်းပြည်အဖြစ် ပြသရန် ကြိုးပမ်းလျက်ရှိသည်။

သဘာဝပတ်ဝန်းကျင်အား အာဏာရှင်ဆန်စွာ တစ်ဖက်သတ် ဆုံးဖြတ် အုပ်ချုပ်မှု၏ သဘောတရားကိုကောက်နုတ်ကြည့်ရာတွင် နစက၏ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများ အပေါ်အလေးပေးကြောင်း ၎င်းတို့၏ မီဒီယာမှ ဖော်ပြခြင်းသည် စစ်မှန်မှုမရှိဘဲ စိမ်းလန်း စိုပြေရေး အယောင်ပြဆောင်ရွက် ခြင်းသာဖြစ်ကြောင်းနှင့် ခုခံတိုက်ခိုက်နေသည့် နယ်မြေများ အပေါ် ထိန်းချုပ်မှု ရရှိရန်အပြင် အရင်းအမြစ်များအပေါ် အမြတ်ထုတ်နေသည့် အစိုးရ၏ အခန်းကဏ္ဍကို ဖုံးကွယ်ထားခြင်းဖြစ်ကြောင်းမှာလည်း ထင်ရှားသည်။ ထို့ကြောင့် နစကသည် ရာသီဥတု ပြောင်းလဲလာခြင်းနှင့် သဘာဝပတ်ဝန်းကျင်ပြဿနာများအား ၎င်းတို့၏ နိုင်ငံရေး ရည်မှန်းချက် တရားဝင်ဖြစ်စေရန် အသုံးချနေခြင်းသာဖြစ်သည်။ ဥပမာအားဖြင့်ဆိုရလျှင် ၎င်း ၏ အုပ်ချုပ်မှုအားဆန့်ကျင်သည့်သူများ ထိန်းချုပ်ထားသော နယ်မြေများကို သစ်တောထိန်း သိမ်းရေးနယ်မြေအသစ်များအဖြစ် ကြေညာခြင်းသည် အတိုက်အခံများကိုဖိနှိပ်ထားရန်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ရှိမှုဆိုသည့် အယောင်ဆောင်မှုအောက်တွင် နယ်မြေ ထိန်းချုပ်မှု ခိုင်မာလာစေရန် လုပ်ဆောင်သည့် နည်းဗျူဟာတစ်ခုအဖြစ် အသုံးချနေခြင်းဖြစ် သည်။ ဤအချက်သည် စစ်တပ်မှ ပုန်ကန်သူများအား နှိမ်နင်းသည့်စစ်ဆင်ရေးတွင် ထိန်းသိမ်း ကာကွယ်ရေးဆိုသည့်အချက်ကို အကာအကွယ်ယူသည့် ဂွါတီမာလာကဲ့သို့ အခြားနိုင်ငံများ တွင်ရှိသော စစ်တပ်များကိုထင်ဟပ်နေသည်။140

နစကခေါင်းဆောင်များသည် ဒေသတွင်းစိမ်းလန်းစိုပြေတိုးတက်ရေး ဆွေးနွေးပွဲများကို တက်ရောက်သော်လည်း ၎င်းတို့၏ စိမ်းလန်းစိုပြေရေးအတွက် ဆောင်ရွက်ချက်များမှာ နစက အား အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲသော အုပ်ချုပ်သူအဖြစ် တခြားနိုင်ငံများမှ အသိ အမှတ်ပြုစေလို၍သည့်ရည်ရွယ်ချက်ဖြင့်သာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အများသော အားဖြင့် မြင်နိုင်သည်။ တစ်ချိန်တည်းမှာပင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများ၊ သုသေသနပညာရှင်များနှင့် လွတ်လပ်သောမီဒီယာများသည် နယ်မြေသိမ်းပိုက်ခြင်း၊ သစ်ခုတ် ခြင်းနှင့် အရင်းအမြစ်များ ထုတ်ယူခြင်းအတွက် နစကကိုဝေဖန်နေကြသည်။ ဤ​ဝေဖန်ချက် များသည် လက်တွေ့တွင် အာဏာရှင်အစိုးရများက ထိရောက်သည့် သဘာဝပတ်ဝန်းကျင် အုပ်ချုပ်ရေးကိုပေးရန် မကြာခဏပျက်ကွက်နေပြီး စိမ်းလန်းစိုပြေရေးအတွက် လုပ်ဆောင် ချက်များအား ၎င်းတို့အကျိုးအမြတ်အတွက်သာ လုပ်ဆောင်သည်ကို မီးမောင်းထိုးပြထား သည်။ လက်ရှိဖြစ်ပွားနေသော နိုင်ငံရေးအကွဲအပြဲပြပဋိပက္ခနှင့် ဤပဋိပက္ခဆက်လက်ဖြစ်ပွား နေမှုတွင် ပါဝင်နေသည့် နစက၏အခန်းကဏ္ဍကို အာရုံစိုက်လာခြင်းမှ လမ်းကြောင်းလွှဲရန် နစကသည် ရာသီဥတုပြောင်းလဲလာမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို ၎င်းတို့ အလိုအကျအသုံးချနေမှုကိုကြည့်ခြင်းအားဖြင့် အထက်တွင်ဖော်ပြခဲ့သည့် လုပ်ငန်းစဥ်အား စိမ်းလန်းစိုပြေရေး အယောင်ပြဆောင်ရွက်နေသည့် အာဏာရှင်အစိုးရဟူသည့် နိယာမမှ ခြုံငုံ ထောက်ပြနေသည်။  စစ်ကောင်စီအနေဖြင့် စိမ်းလန်းစိုပြေရေးအယောင်ပြဆောင်ရွက်နေသည့် အစိုးရဟူ သော ရှုထောင့်မှတစ်ဆင့် ၎င်းတို့ဖိနှိပ်အုပ်ချုပ်မှုကို တရားဝင်ဖြစ်လာစေဖို့ဆောင်ရွက်ရန် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြောဆိုဆွေးနွေးမှုများအပေါ် လွှမ်းမိုးမှုပြုလုပ်နေခြင်းကို ပြခြင်း အားဖြင့် ဤဆောင်းပါးသည် စိမ်းလန်းစိုပြေရေးအယောင်ပြဆောင်ရွက်ခြင်း၏ သီအိုရီပိုင်းဆိုင် ရာ နားလည်သဘောပေါက်မှုအပေါ်တွင် ပါဝင်အကြံပြုပေးနေသည်။ နစက၏ လုပ်ဆောင် ချက်များသည် ပတ်ဝန်းကျင်အား အာဏာရှင်ဆန်စွာ တစ်ဖက်သတ်ဆုံးဖြတ်အုပ်ချုပ်မှု၏ နည်းဗျူဟာများနှင့် တူညီသကဲ့သို့ရှိသော်လည်း ၎င်းတို့၏ အဓိကအုပ်ချုပ်မှုပုံစံများမှာ အကြမ်းဖက်မှု၊ နယ်မြေထိန်းချုပ်မှုနှင့် စစ်တပ်လွှမ်းမိုးချုပ်ကိုင်မှုတို့ကဲ့သို့  စစ်အာဏာရှင် အုပ်ချုပ်မှုပုံစံများ အပြည့်အဝဖြစ်နေသည့် စနစ်ဖြစ်သည်။ နစက၏ စိမ်းလန်းစိုပြေရေး အယောင်ပြဆောင်ရွက်ခြင်း နည်းဗျူဟာများကိုလေ့လာခြင်းဖြင့် ဤဆောင်းပါးသည် အာဏာ ရှင်အုပ်ချုပ်သူများမှ နိုင်ငံတကာအသိအမှတ်ပြုခံရရုံမက ပြည်တွင်းတွင်အာဏာရှိမှုကို သဘာ ဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ဝတ္တရားနှင့် တိုင်းပြည်လည်ပတ်နေမှုတို့အား သဘာဝပတ်ဝန်း ကျင်နှင့်ပတ်သက်သည့် အသုံးအနှုန်းကို လက်ကိုင်ထားကာ မည်သို့လှည့်စားပြသနိုင်သည်ကို ဖော်ပြထားသည်။

အဆုံးမှတ်စုများ

1 တော်တော်များများသည် ပြန်ကြားရေးဝန်ကြီးဌာနမှရေးသားသည့် အကြောင်းအရာတူ ဆောင်းပါးများ ဖြစ်ပြီး သတင်းစာ နှစ်စောင်စလုံးတွင် ပါလာတတ်သည်။
2 Fröhlich & Hirt, 2021; Hughes et al., 2022.
3 Gverdtsiteli, 2022.
4 Hughes et al., 2022.
5 Holbraad et al., 2020; Lund, 2016.
6 IMS, 2022.
7 May, 2016.
8 မြန်မာနိုင်ငံရှိ စစ်တပ်ထိန်းချုပ်သော မီဒီယာများသည် နိုင်ငံတွင်း ပြဿနာများ ဖန်တီးရန်နှင့် ပြဿနာ များ ပို၍ဆိုးရွားလာစေရန် မည်သို့မည်ပုံ အထောက်အကူ ပြုနေသည်ကို လေ့လာ လိုပါက Kironska et al., 2021 ရေးသားထားသည့် သုသေသနစာတမ်းအား ဖတ်ရှုနိုင်သည်။
9 Ministry of Information, 2022.
10 Fröhlich & Hirt, 2021, pp. 3-4.
11 Fröhlich & Hirt, 2021.
12 Robbins, 2004.
13 Fröhlich & Hirt, 2021, p. 3.
14 Hughes et al., 2022.
15 Hughes et al., 2022, p. 498.
16 Andersson, 2020.
17 Gverdtsiteli, 2022, pp. 163-170.
18 Beeson, 2010; Mittiga, 2021.
19 Li & Shapiro, 2020; Shahar, 2015; Wallace, 2022.
20 Gverdtsiteli, 2022, p. 163.
21 Li & Shapiro, 2020.
22 Baviskar, 1995; Khagram, 2004; Mertha, 2008; Randell, 2018.
23 အာဏာသိမ်းမှုမတိုင်မီတွင်လည်း စစ်တပ်မှ သစ်တောထိန်းသိမ်းရေးအား သူပုန်ထမှုတားဆီးရေး နည်း ဗျူဟာအဖြစ် မည်သို့ အသုံးချခဲ့သည်ကိုလေ့လာရန် Woods & Naimark (2020) တွင်ရှုပါ။
24 စစ်အာဏာရှင်စနစ်အား အာဏာရှင်ဆန်စွာ အုပ်ချုပ်ခြင်း၏ သီးခြားပုံစံတစ်ခုအဖြစ် အသေးစိတ် လေ့လာချက်ကို Geddes et al. (2018) တွင်ရှုပါ။
25 “Flooded areas warned of heavy rain and strong winds”, 2024.
26 “10 million Thais treated”, 2024; “Indigenous peoples hold many solutions”, 2023; “Rising seas a ‘death sentence’ for some”, 2023; “Thai tourist hotspot Chiang Mai”, 2024.
27 Thein Tun, 2023.
28 “Ease effects of El Nino”, 2023.
29 “Climate and Gaza crises share spotlight”, 2023; “COP28 host UAE and India”, 2023; “COP28’s UAE chair says ‘we respect’ climate science”, 2023; “Nations rally behind renewables”, 2023; “UAE: fossil fuel power”, 2023; “With 80,000 attendees, COP28 is largest”, 2023; “World needs ‘trillions’ for climate”, 2023.
30 Chambers & Kyed, 2023.
31 “Everybody needs to make preparations”, 2023.
32 “Forest Dept marks International Day”,2024; “Myanmar achieves remarkable”, 2024.
33 အမျိုးသားညီညွတ်ရေးအစိုးရတွင်လည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဌာန (MoNREC) ရှိသည်။ သို့သော် ဤဆောင်းပါးတွင် MoNREC ဟူ၍ အတိုကောက် အသုံးပြုခြင်း သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဌာနကိုသာ ရည်ညွှန်းခြင်းဖြစ်သည်။
34 Suu Sandar Aung, 2024.
35 “2023 International Day”, 2023.
36 “Mt Popa, Myanmar’s first”, 2024; “Myanmar ranks third”, 2024.
37 “Belt and Road Initiative”, 2023; “Myanmar, Thailand and Laos”, 2023;“Myanmar’s Minister attends ASEAN environment meetings”, 2023; “Thai, Myanmar delegates join technical workshop”, 2023.
38 “MIC nods 6 investment projects”, 2023; “MoA signed for wind power”, 2023; “MoEP invites tenders”, 2023; “Solar power system”, 2023.
39 “34 wintering, migratory bird species”, 2023; “Star tortoise from at Shwesettaw”, 2023.
40 “Ancient volcano’s rock formations”, 2024; “Mt Popa, Myanmar’s first”, 2024.
41 “European tourists flock,” 2023.
42 “Annual water quality report”, 2024; “Heavy rains lessen cotton quality”, 2023; Moe Yan, 2023; “Raise public awareness for systematic waste”, 2024; “State-of-the-art on-site wastewater”, 2024.
43 “DMH warns of nationwide thunderstorms”, 2024; “People over 45 top among heat stroke patients”, 2024; “Nearly 1,500 natural disasters strike nationwide”,2023.
44 Fröhlich & Hirt, 2021.
45 “DPM MoTC Union Minister provides cash”, 2023; “Flooding emergency in Myitkyina”, 2024; “Over 27,300 flood victims relocated”, 2023.
46 ခြွင်းချက်များပါဝင်: “Four major faiths unite,”, 2024; “Patthana recitation conducted”, 2023; “Prepare for natural disasters”, 2023။
47 Nadi Min, 2023.
48 “Every village in Magway Region”, 2024; “Prospects Brighten: State economy set to thrive”, 2024.
49 “Senior General Min Aung Hlaing vows”, 2023.
50 “Everybody needs to conserve forests”, 2023; “Restore Myanmar’s forests”, 2023.
51 “Everybody needs to conserve forests”, 2023.
52 “Restore Myanmar’s forests”, 2023.
53 “Families of Office of the Commander-in-Chief”, 2024.
54 “Restore Myanmar’s forests”, 2023.
55 “Families of Office of the Commander-in-Chief”, 2024.
56 “Perennial trees cannot immediately benefit”, 2023.
57 “Perennial trees cannot immediately benefit”, 2023.
58 “Everybody needs to conserve forests”, 2023.
59 “Everybody needs to conserve forests”, 2023.
60 “Forest conservation in watershed areas”, 2024.
61 “Mon State to plant over 20,000 trees”, 2024.
62 “One Tourist-One Tree programme”, 2024.
63 “One Tourist-One Tree programme”, 2024.
64 Thi Thi Han, 2018.
65 “Let’s grow trees at the best time”, 2024.
66 Selth, 2021.
67 “Myanmar ranks third in ASEAN”, 2024.
68 “Myanmar ranks third in ASEAN”, 2024.
69 “Myanmar’s 59 protected areas”, 2024.
70 Nyein Thu, 2024.
71 “Blue economy development”, 2024.
72 “Myanmar forestry officials”, 2024.
73 “Establish and conserve mangrove forests,” 2024; “Myanmar’s systematic preservation,” 2024.
74 “Myanmar’s systematic preservation,” 2024.
75 “Recognition of Nanyok Protected Public Forest”, 2023.
76 “Lawkananda Wildlife Sanctuary”, 2024; “Manloiyang designated as protected”, 2024; “MONREC designates Htin Mel protected public forest”, 2024; “MoNREC designates Kyun Natha Marine National Park”, 2024; “MoNREC designates Kyeikpi Shwethaungkwin”, 2024; “MoNREC designates new protected public mangrove forest”, 2024; “MoNREC designates Shwesandaw Protected Public Forest”, 2024; “MoNREC designates Yone Taung”, 2024; “Nangsapi designated as protected”, 2024; “Thayet Taunggyi protected public mangrove forest”, 2024.
77 Roe Kyaw, 2018.
78 Andersson, 2020.
79 “Juuzi Forest confirmed as Protected Public Forest”, 2023.
80 “Reduce the use of plastic products”, 2023.
81 “Raise public awareness,” 2024.
82 “Systematic waste disposal,” 2023.
83 “Plastic cleanup underway at Kyaukpyu,” 2023.
84 “Fostering sustainable business practices”, 2023.
85 “Annual water quality report”, 2024.
86 “Plastic cleanup underway at Kyaukpyu,” 2023.
87 “Bagan Plastic Campaign”, 2024.
88 “Annual water quality report”, 2024.
89 “MIC nods 6 investment projects”,2023.
90 “Electric vehicles arrive in Yangon”, 2023.
91 “Blue economy development”, 2024.
92 “Charging stations available for EVs”, 2024.
93 “First-ever EV Charging Station inaugurated”,2023.
94 “First-ever EV Charging Station inaugurated”,2023.
95 “Over 10,000 villages gain electricity”, 2023.
96 “Solar-powered pumps”, 2024; “Installation of 14MW solar power system”, 2024; “Six solar power plants in operation”, 2024.
97 “Dapein (1) Hydropower Company”, 2023; “Dapein (1) Hydropower Station”, 2024.
98 “Dapein (1) Hydropower Station”, 2024.
99 “MoA signed for wind power”, 2023.
100 Hughes et al., 2023.
101 “2023 International Day for the Preservation of the Ozone Layer”,2023; “2024 World Environment Day”, 2024; “Celebrating World Environmental Maintenance Day”,2024; “SAC Member DPM MoTC Union Minister”,2023.
102 “Everybody needs to make preparations”, 2023.
103 “Everybody needs to make preparations”, 2023.
104 “Myanmar participates in 10th World Water Forum”, 2024.
105 “Myanmar showcases disaster management”, 2023.
106 “MoALI UM leads delegation”, 2023.
107 “Myanmar and ASEAN collaborate,” 2023.
108 “Myanmar’s Minister attends ASEAN”, 2023.
109 “Myanmar and ASEAN collaborate”, 2023.
110 “MoNREC Union Minister arrives back”, 2024; “MoNREC Union Minister leaves for PRC”, 2024; “SAC Vice-Chair Deputy PM Vice-Senior General Soe Win”, 2024.
111 “Blue economy development”, 2024.
112 “Myanmar, Thailand and Laos hold tripartite coordination”, 2023.
113 “Myanmar, Thailand and Laos hold tripartite coordination”, 2023.
114 ရုရှားနိုင်ငံသည် မြန်မာနိုင်ငံရှိ နစကထိန်းချုပ်သည့်မီဒီယာများကိုထောက်ခံသည်။ The Global New Light of Myanmar သည် ၂၀၂၃ ခုနှစ်တွင် ရုရှားသတင်းအချက်အလက် အေဂျင်စီ SPUTNIK နှင့် သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး “မြန်မာသတင်းသမားများအနေနှင့် သတင်းရေးခြင်း၊ တည်းဖြတ်ခြင်းနှင့် ဓာတ်ပုံရိုက်ကူးနည်းများကို လေ့လာခွင့်ရမည်… (ပြန်ကြားရေး) ဝန်ကြီးသည် ထိုစာချုပ်ချုပ်ဆိုသူများ အောင်မြင်ကြပါစေဟုဆုတောင်းခဲ့ပြီး၊ ထိုအောင်မြင်မှုများသည် နိုင်ငံနှစ်နိုင်ငံသားများအကြား နားလည် မှုတိုးတက်စေခြင်း၊ သတင်းအချက်အလက် အပြန်အလှန်အမြန်ဆုံးလှုပ်ရှားစေခြင်း၊ ယဉ်ကျေးမှု၊ လူသား ချင်းစာနာမှု၊ အားကစား၊ စီးပွားရေးနှင့် နိုင်ငံရေးကဏ္ဍများအပါအဝင် သတင်းများဖြန့်ဝေခြင်းနှင့် မီဒီယာ ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ရည်ရွယ်ခြင်းဖြစ်သည်” ဟု သတင်းတွင် ဖော်ပြထားသည် (“The Global New Light”, 2023)။
115 “Union Energy Minister attends SCO Energy Forum”, 2023.
116 “Union Energy Minister engages in energy talks”, 2023.
117 “Belt and Road Initiative: A Road of Green Development”, 2023.
118 “China’s YNPAFFC donates”, 2023.
119 “Chinese Modernization: Harmony”, 2023.
120 “Establish green areas for urban development”, 2024.
121 All-Burma Indigenous People’s Alliance, 2022.
122 All-Burma Indigenous People’s Alliance, 2022.
123 South, 2023.
124 Liu & Wallace, 2021.
125 Cowan, 2021.
126 Cowan, 2021; Hill & Kenney-Lazar, 2021.
127 Independent Research Network, 2022.
128 All Burma Indigenous People’s Alliance, 2022.
129 Clean-up group founder, personal communication, 2024.
130 Nesheim et al., 2022.
131 Philkoei International, 2022.
132 “Novotel Yangon to host”, 2023.
133 Global Witness, 2024.
134 Htet Myat Aung, 2024.
135 Htet Myat Aung, 2024.
136 Khit Thit Media, 2024.
137 “Lights out: Myanmar’s junta dreams”, 2023.
138 Fröhlich & Hirt, 2021.
139 Robbins, 2004.
140 Andersson, 2019.

ကိုးကားချက်များ

All-Burma Indigenous People’s Alliance. (2022). Caught Between the Coup and Climate Change: Indigenous Communities in Burma Continue Their Struggle for Justice Amid Unprecedented Pressures. https://progressivevoicemyanmar.org/wpcontent/uploads/2022/11/Briefing-paper-Eng.pdf

Andersson, T. (2020). Red and green all over: Counterinsurgency and conservation in the jungles of Cold War Guatemala. In S. Brain & V. Pál (Eds.), Environmentalism under Authoritarian Regimes: Myth, Propaganda, Reality (pp. 34–50). Routledge.

Baviskar, A. (1995). In the Belly of the River: Tribal Conflicts over Development in the Narmada Valley. Oxford University Press.

Beeson, M. (2010). The coming of environmental authoritarianism. Environmental Politics, 19(2), 276-294.

Chambers, J., & Kyed, H. M. (2023, December 11). Climate-vulnerable Myanmar absent from COP28 negotiations. Danish Institute for International Studies. https://www.diis.dk/en/research/climate-vulnerable-myanmar-absent-from-cop28-negotiations

Cowan, C. (2021, August 23). Deforestation surge continues amid deepening uncertainty in Myanmar. Mongabay. https://news.mongabay.com/2021/08/deforestation-surge-continues-amid-deepening-uncertainty-in-myanmar/

Fröhlich, C., & Hirt, N. (2021, November). Greenwashing Repression, Natural Disaster and the Legitimization of Forced Migration and Non-Assistance in Syria and Eritrea/Tigray.Migration Government and Asylum Crises. https://www.magyc.uliege.be/upload/docs/application/pdf/2023-06/d4.3.pdf

Geddes, B., Wright, J., & Frantz, E. (2018). How Dictatorships Work: Power, Personalization and Collapse Book. Cambridge University Press.

Global Witness. (2024, May 23). New investigation reveals the alarming expansion of heavy rare earth mining in Myanmar, and the devastating cost for communities and the environment [Press release]. https://www.globalwitness.org/en/press-releases/new-investigation-reveals-alarming-expansion-heavy-rare-earth-mining-myanmar-and-devastating-cost-communities-and-environment/

Gverdtsiteli, G. (2023). Authoritarian environmentalism in Vietnam: The construction of climate change as a security threat. Environmental Science & Policy, 140, 163-170.

Hill, J. J., & Kenney-Lazar, M. (2021, November 3). Dispossession, deforestation and deceit in Myanmar. New Mandala,. https://www.newmandala.org/dispossession-deforestation-and-deceit-in-myanmar/

Holbraad, M., Kapferer, B., & Sauma, J. F. (Eds.). (2020). Ruptures: Anthropologies of Discontinuity in Times of Turmoil. UCL Press. https://press.uchicago.edu/ucp/books/book/distributed/R/bo50729960.html

Htet Myat Aung. (2024, May 14). Post-coup environmental degradation threatens Myanmar’s stability. East Asia Forum. https://eastasiaforum.org/2024/05/14/post-coup-environmental-degradation-threatens-myanmars-stability-2/

Hughes,S. S., Velednitsky, S., & Green, A. A. (2023). Greenwashing in Palestine/Israel: Settler colonialism and environmental injustice in the age of climate catastrophe. EPE: Nature and Space, 6(1), 495–513.

Independent Research Network. (2022, June). The Internal Struggle: The Fight for an Inclusive National Identity in Myanmar. https://progressivevoicemyanmar.org/2022/08/08/the-internal-struggle-the-fight-for-an-inclusive-national-identity-in-myanmar/

International Media Support. (2022). Understanding Media Audiences in Post-Coup Myanmar. News is Life and Death to Us. IMS. December 2022. https://www.mediasupport.org/wp-content/uploads/2023/03/Myanmar-News-is-life-and-death-to-us.pdf

Khagram, S. (2004). Dams and Development: Transnational Struggles for Water and Power. Cornell University Press.

Khit Thit Media. (2024, July 18). Khit Thit သတင်းဌာန၏ ဇူလိုင် ၁၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် [Video]. YouTube. https://www.youtube.com/watch?v=6LZ8WKoON08

Kironska, K., & Peng, N. N. (2021). How state-run media shape perceptions: an analysis of the projection of the Rohingya in the Global New Light of Myanmar. South East Asia Research, 29(1), 16-31.

Li, L., & Shapiro, J. (2020). China Goes Green: Coercive Environmentalism for a Troubled Planet. Polity Press.

Lights out: Myanmar’s junta dreams of electric cars. (2023, March 23). Frontier Myanmar. https://www.frontiermyanmar.net/en/lights-out-myanmars-junta-dreams-of-electric-cars/

Liu, J., & Wallace, R. (2021, December 1). Climate danger grows in “vulnerable” Myanmar after military coup. Al Jazeera. https://www.aljazeera.com/news/2021/12/1/myanmar-climate/

Lund, C. (2016). Rule and Rupture: state formation through the production of property and citizenship. Development and Change, 47(6), 1199–1228.

May, D. (2016). Digital Ethnography: Research Methods for the Study of Online Communities. In L. Bryant (Ed.), Critical and Creative Research Methodologies in Social Work (pp. 159-172). Routledge.

Mertha, A. (2008). China’s Water Warriors: Citizen Action and Policy Change. Cornell University Press.

Ministry of Information, Republic of the Union of Myanmar. (2022, March 10). MoI Union Minister holds meeting to reform Global New Light of Myanmar newspaper. https://www.moi.gov.mm/moi:eng/news/6385

Mittiga, R. (2021). Political Legitimacy, Authoritarianism, and Climate Change. American Political Science Review, 115(2), 433-447.

Nesheim, I., Rognerud, I., Nøklebye, E. F., Tartiu, V., & Adam, H. N. (2022). Towards improved waste management in Bago Region, Myanmar – An initial assessment: Baseline report. Norsk institutt for vannforskning. https://niva.brage.unit.no/niva-xmlui/handle/11250/2981667

Philkoei International. (2022). Myanmar – preparation for Yangon waste management master plan. https://www.philkoei.com.ph/project/preparation-for-yangon-waste-management-master-plan/

Randell, H. (2018). Hydropower and its Consequences: An Analysis of Global Social Conflicts. Energy Policy, 120, 96-105.

Robbins, P. (2004). Political Ecology: A Critical Introduction. Blackwell.

Roe Kyaw. (2024, July 18). Battle For Myanmar’s Coastal Jewel Nears Its End as Arakan Army Moves Into Key Town. The Irrawaddy. https://www.irrawaddy.com/news/war-against-the-junta/battle-for-myanmars-coastal-jewel-nears-its-end-as-arakan-army-moves-into-key-town.html

Shahar, D. (2015). Rejecting Authoritarian Environmentalism. Environmental Politics, 24(3), 405-422.

Selth, A. (2021). Myanmar’s Military Mindset: An Exploratory Survey. Griffith Asia Institute.

South, A. (2023). Conflict, Complexity and Climate Change: Emergent Federal Systems and Resilience in Post-Coup Myanmar. Regional Center for Social Science and Sustainable Development.

Thi Thi Han. (2018). Systematic Forest Management in Myanmar During Colonial Period. Yadanabon University Research Journal, 9(1).

Wallace, J. (2022). The Dictator’s Dilemma: The Chinese Communist Party’s Strategy for Survival. Oxford University Press.

Woods, K. M., & Naimark, J. (2020). Conservation as counterinsurgency: A case of ceasefire in a rebel forest in southeast Myanmar. Political Geography, 83, 102251.

အဆိုပါ သတင်းစာပါ ဆောင်းပါးများ

10 million Thais treated for pollution health problems in 2023. (2024, March 6). The Global New Light of Myanmar.

2023 International Day for the Preservation of the Ozone Layer celebrated in Nay Pyi Taw. (2023, September 16). The Global New Light of Myanmar, p. 5.

2024 World Environment Day. (2024, June 6). The Global New Light of Myanmar.

34 wintering, migratory bird species, including 5 rare, grace Inlay Lake for migration. (2023, December 14). The Global New Light of Myanmar, p. 5.

Ancient volcano’s rock formations, tropical beauty draw visitors. (2024, September 4). The Global New Light of Myanmar, p. 2.

Annual water quality report on Inlay Lake. (2024, May 25). The Global New Light of Myanmar, p. 10.

Bagan Plastic Campaign prioritizes plastic cleanup activities. (2024, November 18). The Global New Light of Myanmar, p. 4.

Belt and Road Initiative: A Road of Green Development for the New Era. (2023, October 22). The Global New Light of Myanmar, p. 10.

Blue economy development boosts sustainable use of Myanmar’s coastal resources. (2024, July 9). The Global New Light of Myanmar, p. 1.

Celebrating World Environmental Maintenance Day Tree Plantation. (2024, June 8). The Mirror, p. 8, 10, 16, 18.

Charging stations available for EVs on highways. (2024, March 9). The Global New Light of Myanmar, p. 2.

China’s YNPAFFC donates 40 sets of solar-power streetlights to Thakayta Township. (2023, February 23). The Global New Light of Myanmar, p. 6.

Chinese Modernization: Harmony between Humanity and Nature. (2023, September 30). The Global New Light of Myanmar, p. 9.

Climate and Gaza crises share spotlight as world leaders attend COP28. (2023, December 2). The Global New Light of Myanmar, p. 10.

COP28 host UAE and India vow ‘successful’ climate summit. (2023, July 17). The Global New Light of Myanmar.

COP28’s UAE chair says ‘we respect’ climate science. (2023, December 5). The Global New Light of Myanmar.

Dapein (1) Hydropower Company Limited in Myanmar Begins “100-day Difficulties-overcoming” with “Three Focuses”. (2023, November 24). The Global New Light of Myanmar, p. 7.

Dapein (1) Hydropower Station Taking Actions to Accomplish Half of Its Annual Goal. (2024, July 10). The Global New Light of Myanmar, p. 7.

DMH warns of nationwide thunderstorms in May. (2024, May 2). The Global New Light of Myanmar, p. 11.

DPM MoTC Union Minister provides cash, foodstuffs to staff of affiliated departments under ministry, inspects rehabilitation processes in Rakhine State. (2023, June 1). The Global New Light of Myanmar, p. 5.

Ease effects of El Nino and climate change. (2023, October 18). Global New Light of Myanmar.

Electric vehicles arrive in Yangon. (2023, April 8). The Global New Light of Myanmar.

Establish and conserve mangrove forests for generations. (2024, July 13). The Global New Light of Myanmar, p. 8.

Establish green areas for urban development. (2024, June 11). The Global New Light of Myanmar, p. 8.

European tourists flock to Wa Ale Resort in Lampi Marine National Park annually. (2023, January 6). The Global New Light of Myanmar, p. 5.

Every village in Magway Region to plant two-acre forest to combat rising temperatures. (2024, May 25). The Global New Light of Myanmar, p. 1.

Everybody needs to conserve forests in rural areas and green urban areas as national duty:Commander-in-Chief (Army, Navy and Air) office has planted 194,001 trees and windbreaks in 39 ceremonies from 2011 to date. (2023, September 8). The Global New Light of Myanmar, p. 1.

Everybody needs to make preparations for easing the impacts of climate change: Senior General. (2023, March 23). The Mirror, p. 1.

Families of Office of the Commander-in-Chief (Army, Navy and Air) hold second monsoon tree-growing ceremony. (2024, July 13). The Global New Light of Myanmar, p. 1.

First-ever EV Charging Station inaugurated in Nay Pyi Taw. (2023, March 5). The Mirror, p. 5.

Flooded areas warned of heavy rain and strong winds. (2024, July 16). Global New Light of Myanmar, p. 5.

Flooding emergency in Myitkyina prompts rapid rescue efforts. (2024, July 2). The Global New Light of Myanmar, p. 4.

Forest conservation in watershed areas helps sustainability of freshwater resources. (2024, September 8). The Global New Light of Myanmar, p. 4.

Forest Dept marks International Day of Forests 2024. (2024, March 26). The Global New Light of Myanmar, p. 24.

Fostering sustainable business practices: The hospitality industry in Mon State to replace single-use plastic with glass from upcoming tourism peak season. (2023, October 27). The Global New Light of Myanmar, p. S-A.

Four major faiths unite for rain invocation. (2024, May 6). The Global New Light of Myanmar, p. 3.

Heavy rains lessen cotton quality. (2023, October 18). The Global New Light of Myanmar, p. 6.

Indigenous peoples hold many solutions to climate crisis, says UN chief. (2023, April 19). The Global New Light of Myanmar, p. 15.

Installation of 14MW solar power system planned for Thilawa SEZ. (2024, March 21). The Global New Light of Myanmar, p. 1.

Juuzi Forest confirmed as Protected Public Forest in Putao Tsp, Putao Dostrict, Kachin State. (2024, October 20). The Global New Light of Myanmar.

Lawkananda Wildlife Sanctuarcy Launches ecotourism in Mandalay Region. (2024, March 31). The Global New Light of Myanmar, p. 1.

Let’s grow trees at the best time. (2024, June 27). The Global New Light of Myanmar, p. 8.

Manloiyang designated as protected public forest to preserve wildlife and ecosystem in Katha Tsp, Katha District, Sagaing Region. (2024, September 13). The Global New Light of Myanmar, p. 1.

MIC nods 6 investment projects including renewable energy project on 2 Oct. (2023, October 3). The Global New Light of Myanmar, p. 1.

MoA signed for wind power projects in Rakhine State. (2023, March 2). The Mirror, p. 8.

MoALI UM leads delegation to join 45th ASEAN Ministers on Agriculture & Forestry Meeting. (2023, October 5). The Global New Light of Myanmar.

Moe Yan. (2023, February 25). Underground dam can conduct the green in drought hot regions. The Mirror.

MoEP invites tenders for Shweli-3 Hydropower Project investment. (2023, December 25). The Global New Light of Myanmar, p. 5.

Mon State to plant over 20,000 trees, including over 10,000 windbreaks. (2024, June 27). The Global New Light of Myanmar, p. 2.

MoNREC designates Htin Mel protected public forest in Bokpyin Township, Taninthayi Region. (2024, February 17). The Global New Light of Myanmar, p. 5.

MoNREC designates Kyeikpi Shwethaungkwin protected public mangrove forest. (2024, February 15). The Global New Light of Myanmar, p. 5.

MoNREC designates Kyun Natha Marine National Park in Gwa township, Thandwe District, Rakhine State. (2024, June 18). The Mirror, p. 13.

MoNREC designates new protected public mangrove forest in Myeik District, Taninthayi Region. (2024, August 3). The Global New Light of Myanmar, p. 2.

MoNREC designates Shwesandaw Protected Public Forest in Mandalay Region. (2024, September 14). The Global New Light of Myanmar, p. 11.

MoNREC designates Yone Taung protected public forest in Haka. (2024, September 13). The Mirror.

MoNREC Union Minister arrives back after attending China Xizang Forum. (2024, July 7). The Global New Light of Myanmar, p. 3.

MoNREC Union Minister leaves for PRC to attend 4th China Xizang Trans-Himalaya Forum for International Cooperation. (2024, July 2). The Global New Light of Myanmar, p. 3.

Mt Popa, Myanmar’s first National Geopark, to launch geotourism. (2024, May 22).The Global New Light of Myanmar, p. 2.

Myanmar achieves remarkable 0.9% deforestation rate in 2010-2020. (2024, June 5). The Global New Light of Myanmar.

Myanmar and ASEAN collaborate with Japan, China, and Korea for environmental conservation and climate action: MONREC Union Minister. (2023, August 26). The Global New Light of Myanmar, p. 4.

Myanmar forestry officials to observe ASEAN Heritage Parks in Indonesia. (2024, June 19). The Global New Light of Myanmar, p. 5.

Myanmar participates in 10th World Water Forum in Indonesia. (2024, May 25). The Global New Light of Myanmar, p. 10.

Myanmar ranks third in ASEAN for heritage parks. (2024, April 24). The Global New Light of Myanmar, p. 1.

Myanmar showcases disaster management efforts at 2023 BRI Ministerial Forum. (2023, November 18). The Global New Light of Myanmar, p. 7.

Myanmar, Thailand and Laos hold tripartite coordination meeting on transborder smog issue. (2023, April 8). The Global New Light of Myanmar, p. 1.

Myanmar’s 59 protected areas cover 6.42% of country. (2024, May 31). The Global New Light of Myanmar, p. 2.

Myanmar’s Minister attends ASEAN environment meetings. (2023a, August 25). The Mirror, p. 7.

Myanmar’s systematic preservation of mangroves: Home to the third-largest mangrove area. (2024, June 11). The Global New Light of Myanmar, p. 2.

Nadi Min. (2023, January 3). Chin State’s Konjac cultivation enhances rural livelihood and income, generates revenue. The Global New Light of Myanmar, p. 5.

Nangsapi designated as protected public forest to preserve wildlife and ecosystem in Homalin Tsp, Homalin District, Sagaing Region. (2024, September 12). The Global New Light of Myanmar.

Nations rally behind renewables at COP28 climate talks. (2023, December 4). The Global New Light of Myanmar.

Nearly 1,500 natural disasters strike nationwide in eight months. (2023, September 27). The Global New Light of Myanmar, p. 6.

Novotel Yangon to host 6th International Plastic Trade Fair. (2023, March 19). The Global New Light of Myanmar.

Nyein Thu. (2024, May 30). Mountain ecosystem, forest conservation guarantee watershed area of Ayeyawady. The Global New Light of Myanmar, p. 6.

One Tourist-One Tree programme to start in coming July. (2024, June 17). The Global New Light of Myanmar, p. 5.

Over 10,000 villages gain electricity access in 8 years via small-scale power projects, home solar systems. (2023, February 9). The Global New Light of Myanmar, p. 6.

Over 27,300 flood victims relocated to 47 temporary shelters. (2023, October 12). The Global New Light of Myanmar, p. 10.

Patthana recitation conducted at Botahtaung Pagoda to be free from natural disasters. (2023, May 11). The Global New Light of Myanmar, p. 10.

Perennial trees cannot immediately benefit the people but give shade and safety to posterity. (2023, June 9). The Global New Light of Myanmar.

People over 45 top among heat stroke patients. (2024, May 1). The Global New Light of Myanmar, p. 10.

Plastic cleanup underway at Kyaukpyu Beach. (2023, November 11). The Global New Light of Myanmar, p. 2.

Prepare for natural disasters to save lives and property. (2023, October 11). Global New Light of Myanmar, p. 8.

Prospects Brighten: State economy set to thrive, currency value to surge in post-sanctions and trade challenges. (2024, April 23). The Global New Light of Myanmar, p. 1.

Raise public awareness for systematic waste management. (2024, May 29). The Global New Light of Myanmar, p. 8.

Recognition of Nanyok Protected Public Forest. (2023, August 30). The Mirror, p. 10.

Reduce the use of plastic products for beautifying the environment. (2024, April 10). The Global New Light of Myanmar, p. 8.

Restore Myanmar’s forests for a greener future. (2023, September 10). The Global New Light of Myanmar, p. 8.

Rising seas a ‘death sentence’ for some countries. (2023, February 27). The Mirror (Maung Thar Yar, Trans.), p. 15.

SAC Member DPM MoTC Union Minister attends 63rd Anniversary of World Meteorological Day. (2023, March 24). The Mirror, p. 3.

SAC Vice-Chair Deputy PM Vice-Senior General Soe Win leaves for China to attend SCO’s Green Development Forum. (2024, July 7). The Global New Light of Myanmar, p. 1.

Senior General Min Aung Hlaing vows vigilant efforts against insurgents. (2023, November 30). The Global New Light of Myanmar, p. 4.

Six solar power plants in operation, 13 under construction. (2024, March 31). The Global New Light of Myanmar, p. 5.

Solar-powered pumps enable eco-friendly farming in two villages. (2024, March 6). The Global New Light of Myanmar, p. 6.

Solar power system, cold storage project to complete in 2025 in two regions. (2023, January 20). The Global New Light of Myanmar, p. 10.

Star tortoise from at Shwesettaw Wildlife Sanctuary to be released into forests. (2023, October 23). The Global New Light of Myanmar, p. 5.

State-of-the-art on-site wastewater treatment facility planned for Insein. (2024, January 5). The Global New Light of Myanmar, p. 11.

Suu Sandar Aung. (2024, May 19). Everybody participate and conduct to maintain the bio-diversity. The Mirror, pp. 6-7.

Systematic waste disposal education program. (2023, February 1). The Mirror.

Thai tourist hotspot Chiang Mai tops world’s most polluted cities. (2024, March 16). The Global New Light of Myanmar.

Thai, Myanmar delegates join technical workshop on Transboundary Haze Pollution Management. (2023, February 3). The Global New Light of Myanmar, p. 2.

Thayet Taunggyi protected public mangrove forest designated for biodiversity preservation in Thayetchaung Township of Dawei District in Taninthayi Region. (2024, June 15). The Mirror.

The Global New Light of Myanmar and SPUTNIK Information Agency sign an agreement. (2023, September 6). The Global New Light of Myanmar. https://www.gnlm.com.mm/the-global-new-light-of-myanmar-and-sputnik-information-agency-sign-an-agreement/

Thein Tun. (2023, May 1). Global warming and ethic. The Mirror,pp. 24-25.

UAE: fossil fuel power and COP28 host. (2023, November 27). The Global New Light of Myanmar, p. 10.

Union Energy Minister attends SCO Energy Forum in Kazakhstan. (2023, October 5). The Global New Light of Myanmar, p. 5.

Union Energy Minister engages in energy talks during Moscow visit. (2023, October 5). The Global New Light of Myanmar, p. 4.

With 80,000 attendees, COP28 is largest UN climate summit ever. (2023, December 3). The Global New Light of Myanmar. World needs ‘trillions’ for climate action: COP28 president. (2023, February 21). The Global New Light of Myanmar.