စာရေးသူများအကြောင်း အတွဲ ၇၊ ၂၀၂၆

ဟယ်လင်မာရီယာကူးသည် လူမှုမနုဿဗေဒပညာရှင်တစ်ဦးဖြစ်ပြီး ဒိန်းမတ်အပြည်ပြည်ဆိုင် ရာလေ့လာရေးအင်စတီကျု (DIIS) ၌ အကြီးတန်းသုတေသီအဖြစ် တာဝန်ယူထားပါသည်။ သူ ၏ သုတေသနလုပ်ငန်းများသည် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဆိုင်ရာ လေ့လာမှုဘောင်အတွင်း အခြေပြုထားပြီး ပုံစံတကျမဟုတ်သော တရားစီရင်ရေးစနစ်၊ ရဲတပ်ဖွဲ့လုပ်ငန်းဆောင်တာ ကိစ္စ၊ ခုခံတော်လှန်မှု၊ အကြမ်းဖက်မှုနှင့် ရာသီဥတုပြောင်းလဲမှုတို့ကို အထူးစိတ်ဝင်စားကာ လေ့လာသူဖြစ်ပါသည်။ ဟယ်လင်သည် မိုဇမ်ဘစ်နိုင်ငံ (၂၀၀၂ ခုနှစ်မှစ၍) နှင့် မြန်မာနိုင်ငံ (၂၀၁၄ ခုနှစ်မှစ၍) တို့တွင် နယ်ပယ်အသီးသီးသို့ ကိုယ်တိုင် ကွင်းဆင်းသုတေသနများစွာကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့သူဖြစ်သည်။ သူသည် ၂၀၁၅ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ “အသွင်ကူးပြောင်းနေဆဲ မြန်မာနိုင်ငံ၏ နေ့စဉ်တရားစီရင်ရေးနှင့် လုံခြုံရေး” စီမံကိန်းကို ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် လွတ်လပ်သောမြန်မာ့ သုတေသနဂျာနယ်မှ ထုတ်ဝေခဲ့သော နေ့စဉ်တရားမျှတမှုဆိုင်ရာ အထူးထုတ်စာစောင်တွင် အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ လက်ရှိတွင် သူသည် မြန်မာပညာရှင် လုပ်ဖော်ကိုင်ဖက်များ၊ ဂျက်စတsင်ချိန်းဘားစ်တို့နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံရှိ ရာသီဥတုပြောင်းလဲမှုနှင့် ပြင်းထန်သော လက်နက်ကိုင်ပဋိပက္ခများ အကြား ဆက်နွှယ် မှုများကို စူးစမ်းလေ့လာသည့် MyCClimate စီမံကိန်း (၂၀၂၁-၂၀၂၇) ကို ဦးဆောင်လျက်ရှိပါသည်။ ထို့ပြင် သူသည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်သားနှင့် ရဲတပ်သားများ၏ အလင်းဝင်ရောက်မှုများအကြောင်းကိုလည်း သုတေသနပြုလုပ် ထားပါသည်။

ဂျက်စတင်ချိန်းဘားစ်သည် လူမှုမနုဿဗေဒပညာရှင်တစ်ဦးဖြစ်ပြီး ဒိန်းမတ်အပြည်ပြည်ဆိုင် ရာလေ့လာရေး အင်စတီကျု (DIIS) ၌ အကြီးတန်းသုတေသီအဖြစ် တာဝန်ယူထားပါသည်။ သူ သည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ သုတေသနပြုခြင်းနှင့် စာတမ်းပြုစုခြင်းလုပ်ငန်းများတွင် ဆယ်စုနှစ်တစ်ခုကျော် အတွေ့အကြုံရှိပြီး အထူးသဖြင့် ကိုယ်ကျင့်သီလဆိုင်ရာ သရုပ်သကန် များ၊ ကာလရှည်ကြာပဋိပက္ခများ၏ ရိုက်ခတ်မှုများနှင့် မရေရာသော ရာသီဥတုအပေါ် နေ့စဉ် ကြုံတွေ့ခံစားရမှုများတို့ကို အဓိကထားလေ့လာသူဖြစ်သည်။ ချိန်းဘားစ်၏ ပထမဆုံး စာအုပ် ဖြစ်သော Pursuing Morality: Buddhism and Everyday Ethics in Southeastern Myanmar (စင်္ကာပူအမျိုးသားတက္ကသိုလ်ပုံနှိပ်တိုက်မှ ၂၀၂၄ ခုနှစ်ထုတ်) သည် မြန်မာပြည် အရှေ့ တောင်ပိုင်းရှိ ဗုဒ္ဓဘာသာဝင် ပိုးကရင်တို့၏ နေ့စဉ်ဘဝများအကြောင်းကို နက်နက်ရှိုင်းရှိုင်းနှင့် စိတ်ဝင်စားဖွယ် လေ့လာတင်ပြထားသည့် စာအုပ်ဖြစ်သည်။ သူသည် လက်ရှိတွင် DIIS ၌ MyCClimate စီမံကိန်း (၂၀၂၁-၂၀၂၇) ၏ လေ့လာမှု အစိတ် အပိုင်းတစ်ခုဖြစ်သော ရာသီဥတု ပြောင်းလဲမှုနှင့် ပြင်းထန်သော လက်နက်ကိုင်ပဋိပက္ခတို့အကြား အပြန်အလှန် သက်ရောက်မှု များအကြောင်းကို လေ့လာဆောင်ရွက်နေပါသည်။

အလင်းသည် မြန်မာပြည်အနောက်မြောက်ပိုင်းမှ အကြီးတန်းသုတေသီတစ်ဦးဖြစ်ပြီး လက်ရှိ တွင် MyCClimate စီမံကိန်း၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။ သူသည် မြန်မာနိုင်ငံ တစ်ဝန်း ရှိ မြေယာဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေကျင့်ထုံးများ၊ တရားမျှတမှုဖော်ဆောင်ရေး၊ လူမှုစီးပွား နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အပေါ် ကျယ်ကျယ်ပြန့်ပြန့် ကွင်းဆင်းသုတေသန လုပ်ငန်းများ လုပ်ဆောင်ခဲ့သူဖြစ်သည်။ သူ၏ လုပ်ဆောင်ချက်များတွင် ဧရာဝတီတိုင်းအတွင်း နာဂစ်မုန်တိုင်းအလွန် လူမှုဘဝသက်ရောက်မှုများကို ဆယ်စုနှစ်တစ်စုကြာ စောင့်ကြည့်လေ့ လာသည့် သုတေသနများ ပါဝင်ပါသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် သူ၏ သုတေသန လုပ်ငန်းသည် နိုင်ငံရေးနှင့် ရာသီဥတုဆိုင်ရာ အကျပ်အတည်းများ ပေါင်းဆုံမှုသည် တိုင်းရင်း သား လူမျိုးစုများနှင့် ပဋိပက္ခဒဏ်သင့်လူထုများ၏ ဘဝများကို မည်သို့ပုံဖော်နေသည့်ဆိုသည့် အချက်အပေါ် နိုင်ငံရေး ဘောဂဗေဒရေးရှုထောင့်မှနေ၍ အလေးပေးလေ့လာလျက်ရှိသည်။

ဉာဏ်ပြည်သစ်သည် သူ့ဘဝသက်တမ်း နှစ်နှစ်ဆယ်နီးပါးကို လူမှုတရားမျှတမှုနှင့် နိုင်ငံရေး ဘောဂဗေဒနယ်ပယ်များ လေ့လာရာတွင် မြှုပ်နှံထားသည့် ဝါရင့်သုတေသီတစ်ဦးဖြစ်သည်။ သူသည် အကျိုးအမြတ်အတွက် မဟုတ် သည့် မြန်မာ့သုတေသနအဖွဲ့တစ်ခုကို ၂၀၁၁ ခုနှစ်တွင် ပူးတွဲတည်ထောင်ခဲ့သူလည်း ဖြစ်သည်။ ထို့အပြင် သူသည် လူမှုသုတေသနနည်းနာများဆိုင်ရာ သင်တန်းများကိုလည်း ပို့ချပေးလျက်ရှိသည်။ လက်ရှိတွင် နိုင်ငံရေး ဘောဂ‌ဗေဒ၊ နိုင်ငံရေး ဂေဟဗေဒနှင့် ဝေဖန်ပိုင်ခြားမှုဆိုင်ရာ ဖွံ့ဖြိုးရေးလေ့လာမှုများဘာသာရပ်ဖြင့် ပါရဂူဘွဲ့ကို ဆည်းပူးနေပြီး MyCClimate စီမံကိန်းတွင်လည်း ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

နော်ထီးခူသည် ဘဘာဝပတ်ဝန်းကျင်အ‌ရေးလှုပ်ရှားသည့် ကရင်လူမျိုးသုတေသီတစ်ဦး ဖြစ်ပြီး နိုင်ငံတကာဖွံ့ဖြိုးရေးလေ့လာမှုဖြင့် ပါရဂူဘွဲ့ရရှိထားသူလည်း ဖြစ်ပါသည်။ သူ၏ သုတေသနလုပ်ငန်းများသည် မြန်မာပြည်တောင်ပိုင်းရှိ မြေယာနှင့် သစ်တောစီမံအုပ်ချုပ်မှု၊ နေ့စဉ်လုပ်ထုံးလုပ်နည်းများနှင့် ပြောဆိုဆွေးနွေးမှုများမှတစ်ဆင့် ပြည်သူ့ရေးရာအာဏာအား မည်သို့ဖွဲ့စည်းတည်ဆောက်ပုံကို ဆန်းစစ်ထားပါသည်။ သူသည် ကိုပင်ဟေဂင်တက္ကသိုလ်၏ “မြန်မာနိုင်ငံရှိ ငြိမ်းချမ်းရေးတည်ဆောက်မှု၊ ပြည်သူ့ရေးရာအာဏာနှင့် သစ်တောများ” စီမံ ကိန်း (၂၀၂၀-၂၀၂၇) တွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။ သူ၏ သုတေသနစိတ်ဝင်စားမှုများ တွင် သယံဇာတစီမံအုပ်ချုပ်မှုနှင့် လူမှုလှုပ်ရှားမှုများ ပါဝင်ပါသည်။

ကပ်စပါဟော့ဖ်မန်းသည် လူမှုသိပ္ပံပညာရှင်တစ်ဦးဖြစ်ပြီး ရော့စ်ကီးလ်ဒ်တက္ကသိုလ်တွင် တွဲဖက်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ကာ ဖွံ့ဖြိုးရေးလေ့လာမှုများ၊ ငြိမ်းချမ်း ရေးနှင့် ပဋိပက္ခဆိုင်ရာလေ့လာမှု သုတေသနများတွင် ထဲထဲဝင်ဝင်လုပ်ဆောင်လုပ်ဆောင်နေ သူဖြစ်ပါသည်။ သူသည် ပြည်သူ့ရေးရာအာဏာ၊ ဝိသေသလက္ခဏာ၊ မြေယာနှင့် ပြင်းထန်သော လက်နက်ကိုင်ပဋိပက္ခတို့အကြား ဆက်နွှယ်မှုများကို အထူးပြုလေ့လာပြီး ကွန်ဂိုဒီမိုကရက် တစ်သမ္မတနိုင်ငံ၊ ယူဂန်ဒါနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် သုတေသနများ လုပ်ဆောင်နေသူ ဖြစ် သည်။ လက်ရှိတွင် သူသည် ယူဂန်ဒါမြောက်ပိုင်းရှိ တောင်သူငယ်များအနေဖြင့် ရာသီဥတု ပြောင်းလဲမှုအပေါ် မည်သို့အလိုက်သင့် ပြောင်းလဲနေထိုင်ကြသည်ကို ဆန်းစစ်သည့် VUCCA စီမံကိန်း (၂၀၂၃-၂၀၂၈) ကို ဦးဆောင်နေပြီး ကိုပင်ဟေဂင်တက္ကသိုလ်၏ “မြန်မာနိုင်ငံရှိ ငြိမ်းချမ်းရေးတည်ဆောက်မှု၊ ပြည်သူ့ရေးရာ အာဏာနှင့် သစ်တောများ” စီမံကိန်း (၂၀၂၀-၂၀၂၇) ကိုလည်း ပူးတွဲဦးဆောင်လျက်ရှိသည်။ ဤစီမံကိန်းသည် ပဋိပက္ခဒဏ်သင့်ဒေသများ တွင် မြေယာနှင့် သဘာဝသယံဇာတ စီမံအုပ်ချုပ်မှုမှတစ်ဆင့် ပြည်သူ့ရေးရာအာဏာ မည်သို့ ပုံဖော်လာသည်ကို စူးစမ်းလေ့လာခြင်းဖြစ်သည်။ ထို့အပြင် သူသည် ERC ရန်ပုံငွေဖြင့် ဆောင် ရွက်သော Urban Frontiers (၂၀၂၄-၂၀၂၉) စီမံကိန်းကိုလည်း ပူးတွဲဦးဆောင်လျက်ရှိပြီး အဆိုပါ စီမံကိန်းမှာ အာဖရိက၊ အာရှနှင့် လက်တင်အမေရိကတို့ရှိ မြို့ပြဒေသများတွင် နိုင်ငံတော်အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများက မြေယာပိုင်ဆိုင်ခွင့်ကို မည်သို့သတ်မှတ်ပြီး တရားဝင်မှုများကို မည်သို့အတည်ပြုပေးသနည်းဆိုသည်ကို လေ့လာသည့် စီမံကိန်းဖြစ်သည်။

နွေကံ့ကော်သည် ဗမာလူမျိုး မနုဿ‌ဗေဒပညာရှင်တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံရှိ ပုံစံတကျမဟုတ် သော တရားစီရင် ရေးစနစ်၊ လူမှုစီးပွားဆိုင်ရာ ရုန်းကန်ရမှုများ၊ ရာသီဥတုပြောင်းလဲမှု၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုတို့ကို အဓိက ထား၍ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဆိုင်ရာ သုတေသနများကို လုပ်ဆောင်နေသူဖြစ်သည်။ သူ သည် “အသွင်ကူးပြောင်းနေဆဲ မြန်မာနိုင်ငံ၏ နေ့စဉ်တရား စီရင်ရေးနှင့် လုံခြုံရေး” စီမံကိန်း (၂၀၁၅-၂၀၂၁) တွင် သုတေသီတစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး လက်ရှိတွင် MyCClimate စီမံကိန်း (၂၀၂၁-၂၀၂၇) တွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။ သူသည် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် စစ်တပ်က ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စများကို ၎င်းတို့အကျိုးအတွက် ရယူအသုံးချပုံနှင့် ဆီအုန်းစိုက်ပျိုးရေးနှင့် ပတ်သက်သည့် နိုင်ငံရေးအခြေအနေတို့ကို စူးစမ်း လေ့လာနေသူ ဖြစ်ပါသည်။

စိမ့်စမ်း‌အေးသည် ဗမာလူမျိုးသုတေသီတစ်ဦးဖြစ်ပြီး လူမှုစီးပွားဆက်ဆံရေးများ၊ ပုံစံတကျ မဟုတ်သော တရားစီရင်ရေးစနစ်နှင့် ဝိသေသလက္ခဏာကိစ္စရပ်များကို သုတေသနပြုနေသူ ဖြစ်သည်။ သူသည် “အသွင်ကူးပြောင်းနေဆဲ မြန်မာနိုင်ငံ၏ နေ့စဉ်တရားစီရင်ရေးနှင့် လုံခြုံ ရေး” စီမံကိန်း (၂၀၁၅-၂၀၂၁) တွင် သုတေသီတစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး လက်ရှိတွင် MyCClimate စီမံကိန်း (၂၀၂၁-၂၀၂၇) တွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။ သူသည် မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သဘာဝသယံဇာတများကို ခေါင်းပုံဖြတ်ထုတ်ယူမှုများ၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များကို သုတေသနပြု လုပ်နေသူဖြစ်သည်။

စောနယ်ဒုဒါးသည် ကရင်လူမျိုးသုတေသီတစ်ဦးဖြစ်ပြီး MyCClimate စီမံကိန်း၏ အစီအစဉ် ဖြင့် ထိုင်းနိုင်ငံတက္ကသိုလ်တစ်ခုတွင် ပါရဂူ‌ဘွဲ့ဆည်းပူးနေသူဖြစ်သည်။ သူသည် နိုင်ငံရေးဂေဟ ဗေဒချဉ်းကပ်မှုနည်းလမ်းကို အသုံးပြု၍ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ နိုင်ငံတော်အာဏာပိုင်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ နှင့် ဒေသခံလူထုတို့အကြားရှိ အာဏာအားပြိုင်မှုများက မြေယာ ဆက်ဆံရေး၊ နယ်မြေစိုးမိုးမှု၊ သယံဇာတပြိုင်ဆိုင်မှုနှင့် သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုအပေါ် တုံ့ပြန်မှုများ ကို မည်သို့ပုံဖော်နေသည်ဟူသောအချက်ကို ပါရဂူဘွဲ့သုတေသနအဖြစ် လေ့လာနေပါသည်။ သူ၏ သုတေသနစိတ်ဝင်စားမှုများမှာ နိုင်ငံရေးဂေဟဗေဒနှင့် မနုဿပထဝီဝင် ဘာသာရပ်တို့ ဖြစ်ကြသည်။

မာရီအန်းမော့စ်ဘာ့ဂ်သည် နော်ဝေရေအရင်းအမြစ်သုတေသနအင်စတီကျုမှ သုတေသန သိပ္ပံပညာရှင်တစ်ဦးဖြစ်ပြီး နော်ဝေဇီဝသိပ္ပံတက္ကသိုလ်မှ အပြည်ပြည်ဆိုင်ရာ ပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးရေးလေ့လာမှုဘာသာရပ်ဖြင့် ပါရဂူဘွဲ့ ရရှိထားသူဖြစ်သည်။ သူ၏ ပါရဂူဘွဲ့ သုတေသန သည် ၂၀၁၈-၁၉ ခုနှစ်အတွင်းက ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့သော ကွင်းဆင်းလေ့လာမှု များပေါ်အခြေခံကာ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီ ထွေဖြစ်အောင် ဆောင်ရွက်ခြင်း၊ ထိခိုက်လွယ်မှုနှင့် ပဋိပက္ခတို့ကို ဆန်းစစ်လေ့လာထားခြင်း ဖြစ်သည်။ မော့စ်ဘာ့ဂ်၏ လုပ်ဆောင်ချက်များသည် ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှု၏ လူမှုရေးဆိုင်ရာ ရှုထောင့် များကို အဓိကထားပြီး ထိခိုက်လွယ်မှု၊ နိုင်ငံရေး၊ အုပ်ချုပ်မှု၊ ပဋိပက္ခ၊ မျှတမှုနှင့် တရားမျှတမှုတို့အပေါ် အထူး ပြုလေ့လာခြင်းဖြစ်သည်။