စောနယ်ဒုဒါး | Click here to read this article in English.
Cite as: ောနယ်ဒုဒါး၊ (၂၀၂၆)၊ ခလယ်လွီထူဒေသရှိ ထပ်တလဲလဲဖြစ်ပေါ်နေသော တစ်ဆစ်ချိုးအပြောင်းအလဲများ နေ့စဉ်ဘဝမှ နာတာရှည်အကျပ်အတည်း၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ၇။ https://ijbs.online/?page_id=5664

အကျဉ်းချုပ်
ဤဆောင်းပါးသည် မြန်မာနိုင်ငံ၊ ပဲခူးတိုင်းအရှေ့ခြမ်း (ခလယ်လွီထူ) ဒေသရှိ ကရင်လူမှု အသိုက်အဝန်းများ၏ လက်တွေ့ဘဝ ဖြတ်သန်းမှုများကို အဓိကထားလျက် ဖြည်းညင်းသော အကြမ်းဖက်မှု (slow violence)၊ ပဋိပက္ခနှင့် ရာသီဥတုပြောင်းလဲမှုတို့၏ အပြန်အလှန် ယှက် နွှယ်နေသော အခြေအနေများကို ဆန်းစစ်ထားပါသည်။ ၂၀၂၃ တွင် ကစယ်လားနှင့် ထီးဟီး အမည်ရှိ ကျေးရွာနှစ်ရွာ၌ ပြုလုပ်ခဲ့သော လူမှုဘဝအလေ့အထသရုပ်ခွဲမှု ကွင်းဆင်းသုတေသန (ethnographic fieldwork) အပေါ် အခြေခံ၍ ဤလေ့လာမှုသည် “ထပ်တလဲလဲ ဖြစ်ပေါ် သော တစ်ဆစ်ချိုးအပြောင်းအလဲများ” (episodic rupture) ဟူသော သဘောတရားကို အသုံး ပြုထားသည်။ ၂၀၁၁ ခုနှစ် ရွှေကျင်ဆည် တည်ဆောက်မှုနှင့် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ဓလေ့ထုံးတမ်းအရ အသုံးပြုသော စားကျက်မြေများ ဆုံးရှုံးခဲ့ရမှုကဲ့သို့သော သမိုင်းဝင် တစ်ဆစ်ချိုး အပြောင်းအလဲများသည် သီးခြားဖြစ်ရပ်များ မဟုတ်ဘဲ ဖြစ်ပွားနေဆဲ နာတာရှည် အကျပ်အတည်း (chronic crisis) ဖြစ်စဉ်၏ အစိတ်အပိုင်းတစ်ခုသာဖြစ်ကြောင်း ဖော်ပြရန် ယင်းသဘောတရားကို သုံးစွဲထားခြင်းဖြစ်သည်။ ဤတစ်ဆစ်ချိုးအပြောင်းအလဲများသည် အချိန်ကြာလာသည်နှင့်အမျှ စုပုံလာသော ဖြည်းညင်းသည့် အကြမ်းဖက်မှုအလွှာများတွင် နက်ရှိုင်းစွာ တည်ရှိနေပြီး ရိုးရာစိုက်ပျိုးရေး အသက်မွေးဝမ်းကျောင်းမှုများ၊ လူမှုစည်းလုံးညီ ညွတ်မှုနှင့် မြေယာဆက်နွှယ်မှုများကို တဖြည်းဖြည်း တိုက်စားပျက်စီးစေသည်။ တစ်ဆစ်ချိုး အပြောင်းအလဲများသည် တစ်ကြိမ်တည်း ဖြစ်ပေါ်သော ဖြစ်ရပ်မဟုတ်ဘဲ ဖြည်းညင်းသော အကြမ်းဖက်မှုများ စုပုံလာခြင်းမှ ပေါ်ပေါက်လာသော ထပ်တလဲလဲ ဖြစ်ပေါ်သည့် ဖြစ်စဉ်တစ်ခု ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်ဦးဆောင်သော စစ်အသွင်ဆောင် ဝင်ရောက်စွက်ဖက်မှုများ နှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများ နှစ်မျိုးလုံး၏ ဒဏ်ကိုခံရနိုင် ခြေ ရှိစေရန် လူမှုအသိုက်အဝန်းအား ပုံဖော်ပေးနေသည်။
နိဒါန်း
ဤဆောင်းပါးတွင် ကရင်လူမျိုးများ၏ နေ့စဉ်ဘဝတွင် ကြုံတွေ့နေရသော ရာသီဥတု ပြောင်း လဲမှု၊ ပဋိပက္ခနှင့် နိုင်ငံတော်၏ နယ်မြေသတ်မှတ်မှု အတွေ့အကြုံများကို အကြမ်းဖက်မှု၏ ရှည်လျားသော သမိုင်းကြောင်းများ၊ နယ်စပ်ဒေသ နိုင်ငံတော်တည်ဆောက်ခြင်း၏ နိုင်ငံရေး၊ စီးပွားရေးတို့နှင့် ဆက်စပ်နေရာချထားနိုင်ရန်အတွက် ပဲခူးအရှေ့ခြမ်း သို့မဟုတ် ခလယ်လွီထူ ဒေသ1ရှိ ဘဝအကြောင်းကို အဓိကထား ဆွေးနွေးထားသည်။2 မြန်မာနိုင်ငံရှိ ကရင်လူမှုအသိုက် အဝန်းများ အချိန်နှင့်အမျှ အမျိုးမျိုးသော တစ်ဆစ်ချိုးအလှည့်အပြောင်းများကို မည်သို့ တွေ့ ကြုံခံစားခဲ့ရသည်ကို မိမိရရ ရှင်းလင်းဖော်ပြနိုင်ရန် ‘ထပ်တလဲလဲ ဖြစ်ပေါ်သော တစ်ဆစ်ချိုး အလှည့်အပြောင်းများ’ ဟူသော သဘောတရားကို မိတ်ဆက်တင်ပြထားသည်။ တစ်ဆစ်ချိုး အလှည့်အပြောင်းအသစ်များ ပေါ်ပေါက်လာပြီး လူများက အကြမ်းဖက်မှု လှိုင်းသစ်များနှင့် ရင်ဆိုင်နေရသည့်တိုင် ယခင်အတိတ်က တစ်ဆစ်ချိုးအလှည့်အပြောင်းများသည် လူတို့၏ နေ့စဉ် စိုက်ပျိုးရေး အသက်မွေးဝမ်းကျောင်းမှုများကို ထိန်းသိမ်းရန် ရုန်းကန်နေရမှုများအပေါ် ဆက်လက် ရိုက်ခတ်နေဆဲဖြစ်သည်။
ခလယ်လွီထူဒေသရှိ ကရင်လူမှုအသိုက်အဝန်းများသည် ပဋိပက္ခနှင့် တိုင်းရင်းသား လက်နက်ကိုင်ပုန်ကန်မှုများ၏ ရှေ့တန်းနေရာတွင် ကြာမြင့်စွာ နေထိုင်ခဲ့ကြရသည်။ ၎င်းနေရာ သည် မတူညီသော နယ်မြေစိုးမိုးမှုမဟာ ဗျူဟာများအားဖြင့် “မြေပြင်အချုပ်အခြာအာဏာ”3 ကို ထူထောင်ရန် ကြိုးပမ်းယှဉ်ပြိုင်နေကြသော လက်နက်ကိုင်အဖွဲ့များ၏ အကျိုးစီးပွားချင်း ထိတ်တိုက်တွေ့ကြသည့် အခြေအနေလက္ခဏာရပ်က ပေါ်လွင်နေသည်။4 တစ်ဆစ်ချိုး အလှည့်အပြောင်းကာလများ၏ “ပွင့်ဟာသွားသောအခိုက်အတန့်များ”အတွင်း အာဏာအပေါ် ယှဉ်ပြိုင်မှုများ မြင့်တက်လာခြင်းသည် နိုင်ငံရေးစနစ်များ၊ အဖွဲ့အစည်းများ၊ စံနှုန်းများနှင့် တည်ဆဲလူမှုပဋိညာဥ်များကို နက်နက်ရှိုင်းရှိုင်း ပြန်လည်ပုံသွင်းပြောင်းလဲမှုများကို ဖြစ်ပေါ်စေ နိုင်သည်။5 မြေ၊ လူနှင့် နယ်မြေဒေသတို့သည် အပြိုင်အဆိုင် အငြင်းပွားယှဥ်ပြိုင်ရာ နေရာများ နှင့် ပိုမိုနက်ရှိုင်းသော ထိခိုက်လွယ်သည့် အခြေအနေများ နှစ်မျိုးလုံး ဖြစ်လာကြသည်။ ခလယ် လွီထူဒေသရှိ ကရင်လူမှုအသိုက်အဝန်းများတွင် အချိန်နှင့်အမျှ ဖြစ်ပေါ်သော တစ်ဆစ်ချိုး အပြောင်းအလဲကာလများ၌ နိုင်ငံတော်၏ နယ်မြေသတ်မှတ်မှုနှင့် စစ်အတွင်း စစ်ဘက်ဆိုင်ရာ အကြမ်းဖက်မှု ဖြစ်စဉ်များ နှစ်ခုလုံးမှတစ်ဆင့် ဓလေ့ထုံးတမ်း မြေများနှင့် သဘာဝတောများကို ဖျက်ဆီးခြင်းများ ပါဝင်ခဲ့ပြီး ၎င်းက စိုက်ပျိုးရေး လုပ်ထုံးလုပ်နည်းများနှင့် စားနပ်ရိက္ခာ ဖူလုံမှု ကို ထိခိုက်စေခဲ့သည်။ သိသိသာသာ မဟုတ်သော်လည်း ရာသီဥတု ပြောင်းလဲမှုသည် ဤ အကျိုးသက်ရောက်မှုများကို ဖြည်းဖြည်းချင်း ဖြစ်သော် လည်း ပိုမို၍ နက်ရှိုင်းစေနေပြီး စုပုံ လာသော အကြမ်းဖက်မှု ပုံစံများက ၎င်း၏ သက်ရောက်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်မည့် လူမှု အသိုက်အဝန်း၏ စွမ်းရည်များကို ထိခိုက်စေလျက် ရှိသည်။ မဟန်တီနှင့်အဖွဲ့6၏ အဆိုနှင့်အညီ ကြီးမား သော အခိုက်အတန့်များဖြစ်သော တစ်ဆစ်ချိုးအလှည့် အပြောင်းကာလများ ဟူသည် သမိုင်းနှင့်ချီ၍ ဖြစ်ပေါ်ခဲ့သော၊ မဆန်းတော့သည့် “ဖြည်းညင်းသော အကြမ်းဖက်မှုပေါင်းများ” များစွာအထပ်ထပ်ကို အခြေတည်၍ ဖြစ်ပေါ်လာသော အချင်းအရာများသာဖြစ်သည်ဟု ကျွန်ုပ် အနေဖြင့် ဆိုချင်ပါသည်။
ဖြည်းညင်းသော အကြမ်းဖက်မှုဟူသော သဘောတရားသည် “ရုတ်တရက်မမြင်သာ၊ ချက်ချင်းလက်ငင်းကောက်ကာငင်ကာ ဖြစ်ပေါ်ခြင်း မရှိဘဲ တဖြည်းဖြည်းချင်းစုကာ ဆိုးကျိုး သက်ရောက်မှုရှိလာသော အကြမ်းဖက်မှုကို ရည်ညွှန်းပြီး ၎င်း၏ ဆိုးရွားသော နောက်ဆက်တွဲ အကျိုးဆက်များမှာ အချိန်ကာလ အတိုင်းအတာမျိုးစုံတွင် ဖြစ်ပေါ်နေသည်”။7 အလားတူပင် ဘဲရ်ဒ်ကလည်း ကြီးမားသော ဘေးဒုက္ခဖြစ်စေသည့် အကြမ်းဖက်မှုနှင့် ဖြည်းညင်းသော အကြမ်းဖက်မှုဟူသော နှစ်မျိုးတည်းသော အကြမ်းဖက်မှုအမျိုးအစား သတ်မှတ်မှုကို ပျက် ပြယ်စေသည့် အဓိက ခွဲခြားသတ်မှတ်သည့် အင်္ဂါရပ်အဖြစ် အချိန်ကာလကို သဘောထား သည်။ ၎င်းကို အသုံးပြု၍ ကြီးမားသော ဘေးဒုက္ခဖြစ်စေသည့် အကြမ်းဖက်မှုက ဖြည်းညင်း သော အကြမ်းဖက်မှုအဖြစ်သို့ မည်သို့ ပြောင်းလဲသွားနိုင်ပုံနှင့် ဖြည်းညင်းသော အကြမ်း ဖက်မှုက ကြီးမားသော ဘေးဒုက္ခ ဖြစ်စေသည့် အကြမ်းဖက်မှုအဖြစ်သို့ မည်သို့ ပုံပြောင်းသွား နိုင်ပုံတို့ကို ရှင်းပြထားသည်။8 ဤစဉ်းစားတွေးခေါ်ပုံသည် တန်ဖိုးရှိသော် လည်း ကျွန်ုပ်ကမူ မဟန်တီနှင့် အဖွဲ့က အလေးပေး ဖော်ပြထားသကဲ့သို့ ထပ်တလဲလဲ ဖြစ်ပေါ်သော တစ်ဆစ်ချိုး အပြောင်းအလဲ၏ အခြေခံကျသော ဆက်နွှယ်မှု သဘာဝနှင့် လုပ်ငန်းစဉ်အလိုက် ဖြစ်ပေါ်မှု သဘာဝကို လည်းကောင်း၊ တစ်ဆစ်ချိုးပြောင်းလဲမှုများက လူမှုရေးဆက်ဆံမှုများကို မည်သို့ ပြောင်းလဲစေပုံ၊ ကိုယ်တိုင် စီမံဆောင်ရွက်နိုင်စွမ်းအတွက် ဖြစ်နိုင်ခြေသစ်များကို မည်သို့ ဖန်တီးပေးပုံနှင့် အပြန်အလှန် အကျိုးသက်ရောက်မှုများမှတစ်ဆင့် အတိုင်းအတာအသီးသီးသို့ မည်သို့ ရိုက်ခတ် ပျံ့နှံ့သွားပုံတို့ကို အဓိက အာရုံစိုက်ထားသည်။9
ဤဆောင်းပါးတွင် ရည်ညွှန်းထားသည့် ထပ်တလဲလဲ ဖြစ်ပေါ်သော တစ်ဆစ်ချိုး အပြောင်းအလဲများသည် နစ်ခ်ဆင်၏ စက်မှုလုပ်ငန်းဆိုင်ရာ ညစ်ညမ်းမှုနှင့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုကဲ့သို့သော မျက်မှောက်ခေတ် ပတ်ဝန်းကျင်ဆိုင်ရာ အကျပ်အတည်းများ အကြောင်း ဆွေးနွေးချက်နှင့် တိတိကျကျ ကိုက်ညီခြင်း မရှိပေ။ သို့သော် ၎င်းတို့က ကျွန်ုပ် တို့အား စစ်ပွဲ၏ ‘တဖြည်းဖြည်း ပျက်စီးဆုံးရှုံးစေသော သေစေနိုင်မှု’ ကို လည်းကောင်း၊ မြေပြင် ရှုခင်းများနှင့် လူများကို ပြန်လည်ပုံသွင်းရန်နှင့် ထိန်းချုပ်ရန် စစ်ဘက် ဦးဆောင်သော ကြိုးပမ်းမှုများ၏ ဖွဲ့စည်းပုံဆိုင်ရာနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးဆက်များ၏ ဖြည်းညင်းစွာ ရွေ့လျားနေသော အချိန်ကာလအလိုက် ပျံ့နှံ့မှုကို ပိုမိုသတိပြုမိစေရန်လည်းကောင်း သတိပေး နေသည်။ နစ်ခ်ဆင်၏ “နေရာမရွှေ့ဘဲ နေရပ်ရွှေ့ပြောင်းခံရခြင်း” ဟူသော အယူအဆသည် အထူးသက်ဆိုင်မှု ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဖြည်းညင်းသော အကြမ်း ဖက်မှုက “မြေယာနှင့် မြေအောက်သယံဇာတများဆုံးရှုံးခြင်း” ကို မည်သို့ ဖြစ်ပေါ်စေနိုင်ပုံနှင့် “(လူမှုအသိုက်အဝန်းများကို) နေထိုင်နိုင်သော နေရာဖြစ်စေခဲ့သည့် ဝိသေသလက္ခဏာ မှန်သမျှ ကင်းမဲ့သွားသော နေရာတစ်ခုတွင် သောင်တင်ကျန်ရစ်စေ” ပုံကို ရည်ညွှန်းသော ကြောင့် ဖြစ်သည်။10
ဤဆောင်းပါးတွင် ၂၀၂၃ ၌ ဆောင်ရွက်ခဲ့သော လူမှုဘဝအလေ့အထသရုပ်ခွဲမှု ကွင်းဆင်း သုတေသနအပေါ် အခြေခံ၍ ခလယ်လွီထူဒေသရှိ ပဋိပက္ခဒဏ်သင့် ကရင်ကျေးရွာ နှစ်ရွာ၏ အတွေ့အကြုံများကို ကျွန်ုပ် နှိုင်းယှဉ်တင်ပြထားသည်။ ကျွန်ုပ်၏ ကွင်းဆင်းသုတေသနကို ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြုလုပ်ခဲ့သော်လည်း အာဏာသိမ်းပြီးကာလ လက်ရှိ အခြေအနေကို ဆွေးနွေးရန်အတွက် အတိတ်က တစ်ဆစ်ချိုးအပြောင်းအလဲဖြစ်ရပ်လေ့လာမှု နှစ်ခုကို အသုံးပြုထားသည်။ ပထမဖြစ်ရပ်လေ့လာမှုမှာ ပြင်းထန်သော စစ်ဘက် အကြမ်း ဖက်မှုကာလတစ်ခု၏ နောက်ဆက်တွဲအဖြစ် ၂၀၁၁ တွင် အသစ်တည်ဆောက်လိုက်သော ဆည်တစ်ခုက ကစယ်လားကျေးရွာအပေါ် သက်ရောက်ခဲ့သည့်11 ဆိုးရွားသော အကျိုးသက် ရောက်မှုဖြစ်သည်။ ဒုတိယဖြစ်ရပ် လေ့လာမှုမှာ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း စစ်တပ်၏ နိုင်ငံတော်အနေဖြင့် ဆောင်ရွက်သော ပုန်ကန်မှု တန်ပြန်နှိမ်နင်းရေးနှင့် နယ်မြေ စိုးမိုးရေး လုပ်ငန်းစဉ်များကြောင့် ထီးဟီးကျေးရွာ12က ၎င်း၏ ဓလေ့ထုံးတမ်း စားကျက်မြေများ မည်သို့ ဆုံးရှုံးခဲ့ရပုံ ဖြစ်သည်။ ဤဖြစ်ရပ်လေ့လာမှုများကို ၂၀၂၁ စစ်အာဏာသိမ်းမှု နောက်ပိုင်း အကြမ်းဖက်မှုနှင့် မလုံခြုံမှုတို့၏ အခြေအနေအောက်ရှိ လူများ၏ လက်ရှိ အသက်မွေးဝမ်း ကျောင်းဆိုင်ရာ ရုန်းကန်မှုများအကြောင်း သုံးသပ်ချက်တစ်ခုအတွင်း ထည့်သွင်းတင်ပြထားပါ သည်။ ထိုရုန်းကန်မှုများသည် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများ ကြောင့်လည်း ပိုမို ဆိုးရွား လာခဲ့ရသည်။
၂၀၂၁ စစ်အာဏာသိမ်းမှုကို လေ့လာသုံးသပ်ချက်အများစုသည် အဆို ပါအဖြစ်အပျက်ကို တစ်ခုတည်းသော တစ်ဆစ်ချိုးအပြောင်းအလဲတစ်ခုအနေဖြင့် ရှုမြင်ကာ မြင်သာသော အကြမ်းဖက်ဖိနှိပ်မှုများကိုသာ အလေးပေးကြသည်။ ထိုသို့သောသုံးသပ်ချက် အများစုနှင့် ဆန့်ကျင်လျက် ကျွန်ုပ်သည် မတူညီသော၊ ထပ်တလဲလဲ ဖြစ်ပေါ်သော နိုင်ငံရေးတစ်ဆစ်ချိုး အပြောင်းအလဲများကို နှစ်ပေါင်းများစွာကရှိနေခဲ့သော ဖြည်းညင်းသော အကြမ်းဖက်မှုများ အား ကြုံတွေ့ရမှုများနှင့် ဆက်စပ်လေ့လာထားသည်။ ထပ်တလဲလဲ ဖြစ်ပေါ်သော တစ်ဆစ်ချိုး အပြောင်းအလဲများကို တောင်ထွတ်၊ တောင်တန်း၊ ချိုင့်ဝှမ်းများ၏ အနိမ့်အမြင့်၊ အတက်အကျ သဘောနှင့် တူညီသည်ဟု ဆိုရမည်ဖြစ်သည်။ တစ်ဆစ်ချိုးအပြောင်းအလဲတစ်ခုချင်းစီ၏ ဖြစ် စဥ်တိုင်းသည် ရိုးရိုးရှင်းရှင်း အဆုံးသတ်သွားသည်မရှိပါ။ တစ်ဆစ်ချိုးအပြောင်းအလဲတို့သည် အချိန်ကာလများစွာ ဆက်လက်ဖြစ်ပေါ်နေသော အပြောင်းအလဲများနှင့် အချိန်ကာလကြာ သည်နှင့်အမျှအသစ်သစ်သောဖြစ်ထွန်းလာမှုများစုလာစေပြီး ထိုမှတစ်ဆင့် အနာဂတ်တွင် ဖြစ် လာမည့်တစ်ဆစ်ချိုးအပြောင်းအလဲများအတွက် အခင်းအကျင်းကို ပြင်ဆင်ပေးသည်။
ဖြည်းညင်းသောအကြမ်းဖက်မှု၏ ကြာရှည်ပြီး တဖြည်းဖြည်း ပျက်စီးယိုယွင်းစေတတ် သော သဘောကို ထင်ဟပ်စေရန် “ဖွဲမီး” နှင့် ခိုင်းနှိုင်းပြဆို ထားသည်။ ဖွဲမီးသည် ထင်ရှားသော မီးတောက်များ မထွက်ရှိဘဲ ဖြည်းညင်းစွာနှင့် မသိမသာ တငွေ့ငွေ့လောင်ကျွမ်းစေပြီး ပြင်း ထန်သော အပူချိန်ကို အချိန်ကာလ ကြာမြင့်စွာထိန်းထားနိုင်စွမ်းရှိသည်ဟု လူသိများသည်။ ထိုသို့သော မီးများကို အလွယ်တကူ ငြှိမ်းသတ်၍ မရဘဲ ၎င်းတို့သည် မြင့်မားသော အပူချိန်ကို ဆက်လက် ထိန်းထားနိုင်ပြီး ကြာရှည် တည်တံ့စေကာ အလွန်ပူပြင်းစေသည်။ ၎င်းတို့သည် အများအားဖြင့် မျက်မြင် မီးတောက်များ မရှိဘဲ လောင်ကျွမ်းလေ့ ရှိသော်လည်း ဖွဲမီးများသည် မီးတောက်မီးလျှံအပြည့်ဖြင့် တဟုန်းဟုန်းပြန်ထမတောက်မီ မီးတောက်မီးပွားများအနေဖြင့် တစ်ချက်တစ်ချက် ထထတောက်သည့်အနေအထားလည်းရှိသည်။ ဤပုံခိုင်းနှိုင်းမှုသည် ကျေးရွာသူကျေးရွာသားများ တွေ့ကြုံခံစားနေရသော ဖြည်းညင်းသည့် အကြမ်းဖက်မှု၏ မသိ မသာဖြစ်သော်လည်း ကြာရှည် တည်တံ့သည့်သဘာဝကို တိကျစွာ ပုံဖော်ပြနေသည်။ အဆိုပါ အကြမ်းဖက်မှုသည် ထင်ထင်ရှားရှား ဖြစ်လေ့မရှိသော်ငြားလည်း အခါအားလျော်စွာပြင်းထန် သော အကျပ်အတည်း သို့မဟုတ် ပွင့်ပေါက်ကွဲထွက်မှုများဖြစ်ကာ တစ်ဆစ်ချိုးအပြောင်း အလဲအဖြစ် ပေါ်ထွက် လာတတ်သည်။
ကရင်လူမျိုးများ၏ ရှင်သန်ရပ်တည်ရေးအတွက် ရုန်းကန်မှုများနှင့် မလုံခြုံမှုများကို ရင်ဆိုင်ဖြေရှင်းနေရမှုများသည် ရာသီဥတုပြောင်းလဲမှု သက်ရောက်မှုများနှင့် ပဋိပက္ခတို့၏ မကြာသေးမီက ဆုံတွေ့ယှက်နွှယ်မှုများကြောင့် သက်သက်ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ မြေယာများမှ နှင်ထုတ်ခံရခြင်း အပေါ် တစ်စိတ်တစ်ပိုင်း အခြေပြုနေသော ဖြည်းညင်းသည့် အကြမ်းဖက်မှု၊ ထပ်တလဲလဲ ဖြစ်ပေါ်သော အကျပ်အတည်းနှင့် ထပ်တလဲလဲ ဖြစ်ပေါ်သော တစ်ဆစ်ချိုးအပြောင်းများ၏ ပိုမိုရှည်လျားသော ပုံစံများကြောင့် ဖြစ်ကြောင်း ဖော်ပြခြင်းဖြင့် ဤဆောင်းပါးသည် ရာသီဥတုပြောင်းလဲမှုနှင့် ပဋိပက္ခဆိုင်ရာ ငြင်းခုံဆွေးနွေးမှုများတွင် အထောက်အကူ ပြုနေသည်။ “ရာသီဥတုပြောင်းလဲ မှုနိုင်ငံရေး”13၏ အရေးကြီးမှုအတွက် ဖရန်ကိုနှင့် ဘိုရက်စ်တို့၏ ထောက်ပြ ချက်အတိုင်း ရာသီဥတု ပြောင်းလဲမှု၏ ဒဏ်ကို လူများ ခံရနိုင်ခြေရှိမှုအား ပိုမို နက်ရှိုင်းသော သမိုင်းရှုထောင့်မှ လည်းကောင်း၊ ပတ်ဝန်းကျင် ပြောင်းလဲမှုနှင့် မတည်ငြိမ်သော မြေယာပိုင်ဆိုင်ခွင့်များအတွက် အရှိန်မြှင့်ပေးသည့် အရာ တစ်ခုအဖြစ် စစ်ပွဲ၏ ဖျက်ဆီးနိုင်စွမ်း ဟူသော နောက်ခံကားတွင်လည်း ကောင်း ရှုမြင်ရန် လိုအပ်ပုံကို ကျွန်ုပ် သရုပ်ပြထားသည်။14 အဲလ်ဘတ်ပါ့ခ်က ဤသို့ ရေးသားထားသည်။
စစ်အတွင်း မြေပြင်ရှုခင်းများ၏ ထိခိုက်ပျက်စီးမှုသည် ဖြည်းညင်းသော အကြမ်းဖက်မှုလုပ်ငန်းစဉ်တစ်ခုကို စတင်စေလေ့ရှိပြီး ထိုဖြစ်စဉ်မှတစ်ဆင့် (၁) သဘာဝဂေဟစနစ်အစီအစဉ်အပေါ် ဖြည်းဖြည်းချင်း တိုက်ခိုက်မှုသည် ဂေဟစနစ်တစ်ခု၏ မျိုးစုံမျိုးကွဲ ကွဲပြားမှုကို သိသိသာသာကျဆင်းစေသည်။ (၂) လူမှုအသိုက်အဝန်းများ၏ စည်းချက်ကိုက်ညီမှုများနှင့် လူများ၏ နေ့စဉ် ဘဝများသည် ရှည်လျားသောအချိန်ကာလတစ်ခုအတွင်း ပြတ်တောက်ကာ မတည်ငြိမ်မှုဖြစ်လာပြီး နောက်ဆုံးတွင် ပုံစံပြောင်းလဲသွားစေခဲ့သည်။15
ဤဆောင်းပါးတွင် ပါ့ခ်၏ ဖြည်းညင်းသော အကြမ်းဖက်မှုဆိုင်ရာအဆို၏ ဒုတိယပိုင်းဖြစ်သည့် အကြမ်းဖက် တစ်ဆစ်ချိုးအပြောင်းအလဲဖြစ်စဉ်များနှင့် ထိတွေ့ခံရသော လူများ၏ ဘဝများ သည် အချိန်ကြာလာသည်နှင့်အမျှ မည်သို့ ပုံစံပြောင်းလဲသွားသနည်းဆိုသည့်အချက်ကို ကျွန်ုပ် အနေဖြင့် အဓိကထား ဆွေးနွေးထားသည်။ စစ်ပွဲက လူနှင့် သဘာဝတရားအကြား ဆက်ဆံ ရေးကို မည်သို့ ပြန်လည် ပုံဖော်ပေးသနည်း။ ဤမေးခွန်းများကို မေးမြန်းခြင်းမှ တစ်ဆင့် မြန်မာနိုင်ငံ၏ ၂၀၂၁ ဖေဖော်ဝါရီလ နိုင်ငံရေး တစ်ဆစ်ချိုးအပြောင်းအလဲမတိုင်မီ ဖြစ်ပျက်ခဲ့ သည်များကို နားလည်သဘောပေါက်ခြင်း၏ အရေးကြီးပုံကို ကျွန်ုပ် အလေးပေး ဖော်ပြထား သည်။ ကြီးမားသော ဘေးဒုက္ခ ဖြစ်စေသည့် အကြမ်းဖက်မှုက ဖြည်းညင်းသော အကြမ်းဖက် မှုအဖြစ်သို့ မထင်မရှားမည်သို့ ပုံပြောင်းသွားနိုင်ပုံကို ဘဲရ်ဒ်က အဓိကအားဖြင့် အလေးပေးထား သော်လည်း16 ကျွန်ုပ်၏ ထပ်တလဲလဲဖြစ်ပေါ်သော ပြတ်တောက်မှုဆိုင်ရာ မူဘောင်ကမူ ဖြည်း ညင်းသော အကြမ်းဖက်မှုကလည်း ပြတ်တောက်မှု အသစ်များကို ဖြစ်ပေါ်စေရန် စုပုံလာသည့် တဖြည်းဖြည်း ယိုယွင်း ပျက်စီးမှုနှင့် အခွင့်အလမ်းကို ဖမ်းယူဖော်ပြထားသည်။ ၎င်းက ကြာရှည်သောပဋိပက္ခနှင့် ပတ်ဝန်းကျင် ပြောင်းလဲမှုတို့၏ အခြေအနေများတွင် အချိန်ကာလ အတိုင်းအတာများတစ်လျှောက် အကြမ်းဖက်မှုက မည်သို့လုပ်ဆောင်ပုံကို ပိုမို လှုပ်ရှား ပြောင်းလဲနေသောနားလည်မှုတစ်ခု ဖန်တီးပေးသည်။ တစ်ဆစ်ချိုး အပြောင်းအလဲများသည် ချက်ချင်း ဖြစ်ပေါ်သော အနှောင့်အယှက်ကိုလည်းကောင်း၊ အနာဂတ် တစ်ဆစ်ချိုးပြောင်းလဲမှု များအတွက် အခြေအနေများကို ဖန်တီးထူထောင်ပေးသည့်ရေရှည် ဖွဲ့စည်းပုံဆိုင်ရာ ပြောင်းလဲ မှုများကို လည်းကောင်း နှစ်မျိုးလုံး ဖန်တီးပေးသည်ဟု ကျွန်ုပ် ထောက်ပြ ငြင်းဆိုထား သည်။ ၎င်းက ထပ်တလဲလဲ ဖြစ်ပေါ်သော တစ်ဆစ်ချိုးအပြောင်းအလဲ (သဘောတရား) ကို ကြာရှည် သော ပဋိပက္ခများနှင့် ပတ်ဝန်းကျင် ပြောင်းလဲမှုများအား နားလည်သဘောပေါက်ရန်အတွက် ပိုမိုပြည့်စုံကျယ်ပြန့်သော သုံးသပ်မှုဆိုင်ရာ မူဘောင်တစ်ခု ဖြစ်စေသည်။ ဤသုံးသပ်ချက်က ဖော်ပြသည်မှာ တစ်ဆစ်ချိုးအပြောင်းအလဲသည် တစ်ကြိမ်တည်း ဖြစ်ပေါ်သော ဖြစ်ရပ်မဟုတ် ဘဲ ဖြည်းညင်းသော အကြမ်းဖက်မှုများ စုပုံလာခြင်းမှ ပေါ်ပေါက်လာသော ထပ်တလဲလဲ ဖြစ် ပေါ်သည့် ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း ထို့ကြောင့် နိုင်ငံတော်ဦးဆောင်သော စစ်အသွင်ဆောင် ဝင်ရောက်စွက်ဖက်မှုများနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများနှစ် မျိုးလုံး၏ ဒဏ်ကို ခံရနိုင်ခြေရှိစေရန်လူမှုအသိုက်အဝန်းအား ပုံဖော်ပေးနေသည်ဟူ၍ ဖြစ် သည်။
ဤဆောင်းပါးသည် ကျွန်ုပ်၏ သုတေသနအတွက် အသုံးပြုခဲ့သော နည်းလမ်းများကို ဆွေးနွေးခြင်းဖြင့် အစပြုထားသည်။ ထို့နောက် ခလယ်လွီထူ ဒေသရှိ ပဋိပက္ခနှင့် စစ်ဘက်နှင့် နိုင်ငံတော်၏ အကြမ်းဖက်မှုတို့၏ သမိုင်းတစ်လျှောက်အတွေ့အကြုံများ၏ နောက်ခံ အခြေ အနေကို ဖော်ပြထားသည်။ ထို့နောက်တွင် ရာသီဥတု ပြောင်းလဲမှု၏ဒဏ် ခံရနိုင်ခြေရှိမှုနှင့် လက်ရှိ ပဋိပက္ခ အခြေအနေများသည် နယ်စပ်ဒေသ အခြေအနေများတွင် နစ်မြုပ်တည်ရှိနေ သည့် ဒေသအတွင်းဖြစ် အကြမ်းဖက်မှုအတွေ့အကြုံများနှင့် ထပ်တလဲလဲ ဖြစ်ပေါ်သော တစ်ဆစ်ချိုးအပြောင်းအလဲများတွင် မည်သို့ အမြစ်တွယ်နေပုံကို သရုပ်ပြလျက် ကျွန်ုပ်၏ ဖြစ်ရပ်လေ့လာမှုနှစ်ခုကို ဆွေးနွေးထားသည်။
သုတေသနနည်းလမ်း
ဤဆောင်းပါးသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ခရိုင် (၇) ခု အနက် တစ်ခုဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ တပ်မဟာ (၃) စစ်ဆင်ရေး နယ်မြေ ဖြစ်သော ခလယ်လွီထူဒေသတွင် ၂၀၂၃ ခုနှစ် မတ်လမှ မေလအထိ နှစ်လကြာ ကွင်းဆင်း သုတေသနပြုလုပ်မှုအပေါ် အခြေခံထားသည်။ ကျွန်ုပ်သည် ခလယ်လွီထူဒေသ၏ မတူညီ သော မြို့နယ်များတွင် တည်ရှိပြီး အမည်လွှဲများအဖြစ် သုံးထားသော ကစယ်လားနှင့် ထီးဟီး ကျေးရွာများတွင် တစ်ရွာလျှင် ခန့်မှန်းခြေ တစ်လခန့်စီ နေထိုင်ခဲ့သည်။ နောက်ပိုင်းတွင် ကျွန်ုပ် အသေးစိတ်ဖော်ပြမည့်အတိုင်း ထိုကျေးရွာများသည် ၎င်းတို့၏ အုပ်ချုပ်မှုသမိုင်း၊ စိုက်ပျိုးရေး လုပ်ထုံးလုပ်နည်းများနှင့် ဂေဟစနစ် ဖွဲ့စည်းပုံတို့တွင် ကွာခြားမှုရှိသည်။ ကစယ်လားကျေးရွာ သည် တောင်ပေါ်ရွာတစ်ရွာဖြစ်ပြီး မိသားစုစားသုံးမှုအတွက် တောင်ယာလှည့်ပတ်စိုက်ပျိုး ခြင်းဖြင့် ဆန်စပါးနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းကို အဓိက အားထားခဲ့သည်။ ၂၀၀၈ ခုနှစ်မှစ၍ ၎င်းသည် KNU ၏ အုပ်ချုပ်မှုအောက်တွင် အပြည့်အဝရှိနေခဲ့သည်။ ထီးဟီးကျေး ရွာသည် မြေပြန့်ရွာတစ်ရွာဖြစ်ပြီး ထိုနေရာရှိ လူများသည် အစဥ်အလာအားဖြင့် လယ်စိုက်ပျိုး ခြင်းကို အားထားခဲ့ကြသည်။ အာဏာမသိမ်းမီက ၎င်းသည် KNU နှင့် မြန်မာနိုင်ငံ ဗဟိုအစိုးရ တို့၏ ရောနှောအုပ်ချုပ်မှုရှိသော အငြင်းပွားရာ နယ်မြေတစ်ခု ဖြစ်ခဲ့သည်။ KNLA နှင့် အသစ် ဖွဲ့စည်းလိုက်သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) ၏ ဖိအားပေးမှု ကြောင့် စစ်တပ် သည် ၂၀၂၂ အစောပိုင်းတွင် ထိုဒေသမှ ဆုတ်ခွာသွားခဲ့ သည်။ ဤဆောင်းပါး၏ နောက်ပိုင်းတွင် ကျွန်ုပ် ပြန်လည်ဆွေးနွေးမည့်အတိုင်း ၎င်းအချက်က ထီးဟီးကျေးရွာကို စစ်တပ်၏ တိုက်ခိုက်မှု ပစ်မှတ် တစ်ခု ဖြစ်သွားစေခဲ့သည်။
ကျွန်ုပ်၏ ကွင်းဆင်းသုတေသနကာလအတွင်း ကျေးရွာသူကျေးရွာသား နှစ်ဆယ်ဦးနှင့် အဓိ သတင်းပေးသူများ အင်တာဗျူးခြင်းများ (key informant interviews) ပြုလုပ်ခဲ့ပြီး ကျေးရွာနှစ်ရွာလုံးရှိ အခြားသူများနှင့်လည်း တရားမဝင်စကားပြောဆိုမှုများ ဒါဇင်ပေါင်းများ စွာ ပြုလုပ်ခဲ့သည်။ ထို့အပြင် ကျေးရွာသူ ကျေးရွာသားများ၏ နေ့စဉ်ဘဝများနှင့် ပိုမို ပြင်း ထန်လာသော အကြမ်းဖက် ပဋိပက္ခကြားမှ ၎င်းတို့၏ ရုန်းကန်မှုများကို ဖမ်းယူ မှတ်တမ်းတင် နိုင်ရန်အတွက် ပါဝင်သူများကို လေ့လာခြင်းနည်းလမ်းကို ကျွန်ုပ် အသုံးပြုခဲ့ပြီး ထိုပဋိပက္ခကို ကျွန်ုပ်၏ သွားရောက်လည်ပတ်မှုများအတွင်း ကျွန်ုပ်ကိုယ်တိုင်လည်း ကြုံတွေ့ခဲ့ရသည်။ နှစ်လတာကာလအတွင်း ကျွန်ုပ် သည် ဒေသခံလူများနှင့်အတူ နေထိုင်ခဲ့ပြီး ၎င်းတို့၏ နေ့စဉ် လုပ်ငန်းဆောင်တာများတွင် ပါဝင်ခဲ့ကာ ပဋိပက္ခအခြေအနေက ခွင့်ပြုသလောက်နှင့် ကန့် သတ်သလောက် ကျေးရွာများအကြား ခရီးသွားလာခဲ့သည်။ ဤအချိန်အတွင်း လက်နက်ကိုင် ပဋိပက္ခ၏ နေ့စဉ်စိန်ခေါ်မှုများကို ကျေးရွာသူကျေးရွာသားများက မည်သို့တုံ့ပြန်ကြပုံကို ကျွန်ုပ် လေ့လာခဲ့သည်။ လက်နက်ကိုင် အာဏာပိုင်များကို လေ့လာခြင်းဖြင့် ဒေသတွင်းရှိ ပြောင်းလဲနေသော အာဏာအခင်းအကျင်းကို မှတ်သားခဲ့ပြီး ဖြစ်ပေါ်နေဆဲ တစ်ဆစ်ချိုး အပြောင်းအလဲများ ရှိနေသော်လည်း လူမှုအသိုက်အဝန်းများက ၎င်းတို့၏ ဘဝများကို မည်သို့ ဆက်လက်ရှင်သန်နေထိုင်ကြပုံကို ဆန်းစစ်ခဲ့သည်။ ကျေးရွာအဆင့် ကွင်းဆင်းသုတေသန အပြင် မြို့နယ်၊ ဘဏ္ဍာရေးနှင့် သစ်တောရေးရာအရာရှိများ ကဲ့သို့သော KNU အုပ်ချုပ်ရေး မှူးများနှင့် KNLA တပ်မဟာမှူးတစ်ဦးကိုလည်း အင်တာဗျူး ပြုလုပ်ခဲ့သည်။
ကျွန်ုပ်သည် ကရင်လူမျိုးတစ်ဦးဖြစ်ကြောင်း ဖော်ပြရန် အရေးကြီးပြီး ကျွန်ုပ်၏ လူမျိုး ဖြစ်မှုသည် ကျွန်ုပ်၏ သုတေသနတွင် ပါဝင်သူ ကရင်လူမျိုးများထံမှ ယုံကြည်မှု ရရှိရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ၎င်းသည် ကျွန်ုပ် လူများထံ ချဉ်းကပ်ပုံနှင့် လက်ရှိ ပဋိပက္ခနှင့် သက်ဆိုင်သော ကိစ္စရပ်များ၊ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သော စစ်ဘက်နှင့် နိုင်ငံတော် အကြမ်းဖက်မှုတို့နှင့် ဆက်စပ်နေသည့် ယခင် စိတ်ဒဏ်ရာများကို ကျွန်ုပ် ချဉ်းကပ် ရာတွင် အသုံးပြုခဲ့သော အလေးအနက်ထားမှုအပေါ်တွင်လည်း ဩဇာလွှမ်းမိုးမှုရှိခဲ့သည်။ ဤ သို့ အတွင်းလူအဖြစ် တည်ရှိနေမှုနှင့် တစ်ချိန် တည်းမှာပင် ကျွန်ုပ်သည် ပိုးကရင် တစ်ဦးဖြစ်ပြီး ကရင်ပြည်နယ်၏ မတူညီသော ဒေသတစ်ခုမှ လာသောကြောင့် တစ်စိတ်တစ်ပိုင်းအားဖြင့် အပြင်လူတစ်ဦးလည်း ဖြစ်နေခဲ့သည်။ ပထဝီဝင်အရ အပြင်လူနှင့် ယဉ်ကျေးမှုအရ အတွင်းလူ အဖြစ် ဤနှစ်မျိုးစလုံးဖြစ်နေမှုသည် ကျွန်ုပ်၏ သုတေသနချဉ်းကပ်ပုံနှင့် ပါဝင်သူများနှင့် ယုံကြည်မှု တည်ဆောက်ခြင်း လုပ်ငန်းစဉ်ကို သိသိသာသာ ပုံဖော်ပေးခဲ့သည်။
ကရင်သုတေသီတစ်ဦးအနေဖြင့် ကျွန်ုပ်သည် ကျွန်ုပ်၏ သုတေသန ပါဝင်သူများနှင့် အရေးပါသော ယဉ်ကျေးမှုဆိုင်ရာ နားလည်မှုနှင့် အတွေ့အကြုံများကို မျှဝေခံစားရသည်။ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခု၏ အုပ်ချုပ်မှုအောက်တွင် နေထိုင်ရခြင်းနှင့် မြန်မာနိုင်ငံ ဗဟိုအစိုးရနှင့် ဆက်ဆံရေးများကို ကျွမ်းကျင်စွာ ထိန်းကျောင်း သွားလာရခြင်း၏ ရှုပ်ထွေးမှုများနှင့် ပတ်သက်၍ဖြစ်သည်။ ကျွန်ုပ်၏ ဇာတိမြို့သည် အများ အားဖြင့် မြန်မာအာဏာပိုင်များ၏ အုပ်ချုပ်မှုအောက်တွင် ရှိသော်လည်း ထီးဟီးကျေးရွာက အာဏာမသိမ်းမီ ကြုံတွေ့ခဲ့ရသည့် သမိုင်းတစ်လျှောက် အုပ်ချုပ်မှုအခင်းအကျင်းကို ထင်ဟပ် စေသော ရောနှောထိန်းချုပ်သည့် ဧရိယာတစ်ခု ဖြစ်သည်။ ပြောင်းလဲနေသော အာဏာပိုင် များအောက်ရှိ အငြင်းပွားနေသော နယ်မြေများတွင် နေထိုင်ရသည့် ဤတူညီသော အတွေ့ အကြုံသည် နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းကြား ဆက်ဆံရေးနှင့် နယ်မြေထိန်းချုပ်မှုတို့နှင့် ပတ်သက်သည့် ပါဝင်သူများ၏ ဇာတ်လမ်းများကို နားလည်ရန်အတွက် တူညီ သော အခြေခံကို ပေးစွမ်းနိုင်ခဲ့သည်။ သို့သော် အင်တာဗျူးများ ပြုလုပ်စဉ်အတွင်း ဗမာဘာသာစကားကို အဓိက ထားအသုံးပြုရခြင်းနှင့် အချို့အခြေအနေများတွင် ဒေသခံစကောကရင်စကားပြော စကားပြန် တစ်ဦးကို အသုံးပြ ရခြင်းတို့သည် ကျွန်ုပ် အင်တာဗျူးပြုလုပ်သူနှင့် လူမျိုးစု အမှတ်သညာ တူညီနေသော်လည်း ကျွန်ုပ်ကိုယ်တိုင် အပြင်လူတစ်ဦးကဲ့သို့ ခံစားရသည့် အခိုက်အတန့် များကို ဖန်တီးပေးခဲ့သည်။ အင်တာဗျူးပြုလုပ်ခံရသူ အများစုသည် စကားပြန် မပါဘဲ အင်တာဗျူး ပြုလုပ်နိုင်လောက်အောင် မြန်မာစကားကို လုံလောက်စွာ ကျွမ်းကျင်ကြသော် လည်း ဤဘာသာစကားဆိုင်ရာ အခင်းအကျင်းက ကျွန်ုပ်တို့၏ တူညီမှုများနှင့်အတူ တည်ရှိ နေသော ယဉ်ကျေးမှုဆိုင်ရာ ကွာဟမှုများကို ကျွန်ုပ်အား သတိရစေခဲ့သည်။ ဤအတွင်းလူနှင့် အပြင်လူ လွန်ဆွဲမှုသည် ပါဝင်သူများအား ၎င်းတို့၏ အတွေ့အကြုံများကို ယဉ်ကျေးမှုဆိုင်ရာ အလေးအနက်ထားမှုနှင့် သုံးသပ်မှုဆိုင်ရာ ခွဲခွာရှုမြင်မှု နှစ်မျိုးလုံးဖြင့် ကျွန်ုပ် ချဉ်းကပ်နိုင် စေရန်အခွင့်အလမ်း ပေးသည့်အပြင် ၎င်းတို့အား အသေးစိတ် ရှင်းလင်းချက်များပေးရန် တိုက်တွန်းခြင်းဖြင့် အဆုံးစွန်၌ ကျွန်ုပ်၏ သုတေသနကို ပိုမို ကြွယ်ဝစေခဲ့သည်။
ကွင်းဆင်းသုတေသနတစ်လျှောက် ကျွန်ုပ်၏ ကိုယ်ပိုင် ဘေးကင်းလုံခြုံမှုနှင့် သုတေသန ပါဝင်သူများ၏ ဘေးကင်းလုံခြုံမှုအတွက် လုံခြုံရေးနှင့် ကျင့်ဝတ်ဆိုင်ရာ တင်းကျပ်သော ချဉ်းကပ်မှုတစ်ခုကို ကျွန်ုပ် အသုံးပြုခဲ့သည်။ ကျွန်ုပ်က ချင်းမိုင်တက္ကသိုလ်၌ ပါရဂူတန်းတက် ရောက်နေသူ တစ်ဦးအဖြစ် ကျွန်ုပ်၏ ရပ်တည်မှုကို ဖော်ပြပြီး ကျွန်ုပ်၏ သုတေသနရည်ရွယ် ချက်ကို ရှင်းပြပြီးနောက် ပါဝင်သူအားလုံးက နှုတ်ဖြင့် သဘောတူညီမှု ပေးခဲ့ကြသည်။ ပါဝင်သူများသည် ယေဘုယျအားဖြင့် လက်ခံကြိုဆိုမှု ရှိကြပြီး အများစုမှာ ပါဝင်ခြင်းအပေါ် ကန့်ကွက်မှုများပြုလုပ်ခြင်းထက် ၎င်းတို့၏ အတွေ့အကြုံများက ကျွန်ုပ်၏ လေ့လာမှုအတွက် အသုံးဝင်မည် ဟုတ်၊ မဟုတ် ကိုသာ စိုးရိမ်မှု ပိုမိုဖော်ပြခဲ့ကြသည်။ ဒေသခံလူငယ်စကားပြန် များနှင့်အတူ ကျွန်ုပ် ရှိနေခြင်းသည် ပါဝင်သူများ၏ တုံ့ပြန်မှုများအပေါ် ဩဇာလွှမ်းမိုးနိုင် သော မည်သည့် ဆက်နွှယ်မှုမျိုးမှ ကျွန်ုပ်တို့တွင် မရှိသောကြောင့် အင်တာဗျူး ပြုလုပ်ခံရသူများ အပေါ် သိသာထင်ရှားသော အာဏာကွာဟမှုများကို မဖြစ် ပေါ်စေခဲ့ပေ။ ထိလွယ်ရှလွယ်သော လုံခြုံရေးအခြေအနေကြောင့် အသံဖမ်းစက်များကို အသုံးပြုမည့်အစား ကွင်းဆင်းမှတ်စု စာအုပ်များတွင် လက်ရေး မှတ်စုများအသုံးပြု၍ အင်တာဗျူးများကို မှတ်တမ်းတင်ခဲ့သည်။ အသေးစိတ်အချက်အလက်များ လတ်ဆတ်နေဆဲအချိန်တွင် တိကျမှန်ကန်မှုကို သေချာ စေရန် ဤမှတ်စုများကို ဖြစ်နိုင်သမျှ အမြန်ဆုံး စာစီကူးယူခဲ့သည်။ ပါဝင်သူ များ၏ လျှို့ဝှက်ချက်ကို ကာကွယ်ရန် ကျွန်ုပ်၏ စာစီကူးယူမှုများနှင့် ကွင်းဆင်း မှတ်စုများတွင် ဖြေဆိုသူအားလုံးနှင့် ကျေးရွာအမည်များအတွက် အမည်လွှဲ များကို ချက်ချင်းအသုံးပြုခဲ့သည်။ ဤဆောင်းပါးတွင် အသုံးပြုထားသော ပါဝင်သူများ၊ ကျေးရွာများနှင့် တိကျသော နေရာများ အပါအဝင် အမည်များ အားလုံးကို အမည်မသိစေရန် ပြောင်းလဲထားသည်။ ဖြေဆိုသူ အများစုသည် မြန်မာစကားကို လုံလောက်စွာ ကျွမ်းကျင်ကြသောကြောင့် စကားပြန် မလို အပ်ခဲ့ပေ။ အင်တာဗျူးများကို အများအားဖြင့် ပျဉ်ထောင်အိမ်များအောက်ရှိ လက်ဖက်ရည်ဝိုင်း ပတ်လည်မှ ခုံတန်းလျားများပေါ်တွင် ပြုလုပ်ခဲ့ပြီး ၎င်းက မှတ်စုရေးမှတ်ခြင်းနှင့် စကားပြော ဆိုခြင်းနှစ်မျိုးလုံးအတွက် သက်သောင့် သက်သာရှိသော ပတ်ဝန်းကျင်ကို ပေးစွမ်းနိုင်ခဲ့သည်။ ဖြေဆိုသူများသည် ဤဆွေးနွေးမှုများအတွင်း ကွမ်းကို မကြာခဏ ဝါးလေ့ရှိပြီး ထိုအရာသည် ၎င်းတို့၏ ကိုယ်ပိုင်အိမ်များတွင် ပေါ့ပါးလွတ်လပ်သော အငွေ့အသက်ကို ရရှိစေရန် အထောက် အကူပြုခဲ့သည်။
ကျွန်ုပ်၏ သုတေသန၏ ကနဦးအာရုံစိုက်မှုမှာ ပဋိပက္ခကြားမှ ကျေးရွာသူကျေးရွာသား များ၏ ရာသီဥတုပြောင်းလဲမှုအတွေ့အကြုံများပေါ် တွင်ဖြစ်ကြောင်း သတိရှိရန်လိုသည်။ သို့သော် အဖွင့်မေးခွန်းများ (open-ended questions) နှင့် ပါဝင်သူများကိုလေ့လာခြင်းတို့ ပါဝင်သော ကျွန်ုပ်၏ လူမှုဘဝအလေ့အထဆိုင်ရာ ချဉ်းကပ်မှုသည် လူများအား ရာသီဥတု ပြောင်းလဲမှုထက် များစွာ ကျော်လွန်သောကိစ္စရပ်များကို ဆွေးနွေးဖြစ်စေရန် မကြာခဏ ဦးတည် သွားစေခဲ့သည်။ အခါသမယ အများစုတွင် ရာသီဥတု ပြောင်းလဲမှုနှင့် သက်ဆိုင်သော မေးခွန်းများသည် စိုက်ပျိုးရေး အသက်မွေးဝမ်းကျောင်းမှုများ၊ စားနပ်ရိက္ခာမလုံခြုံမှုနှင့် အတိတ်နှင့် လက်ရှိ အကြမ်းဖက်မှု၊ နေရပ်ရွှေ့ပြောင်း ခံရမှုနှင့် မြေယာ ဆုံးရှုံးမှု အတွေ့ အကြုံများအကြောင်း ဆွေးနွေးမှုများအဖြစ်သို့ ပုံပြောင်းသွားခဲ့သည်။ ထို့ကြောင့် ဤ ဆောင်းပါးသည် ရာသီဥတု ပြောင်းလဲမှု အတွေ့အကြုံများနှင့် ၎င်း၏ဒဏ် ခံရနိုင်ခြေ ရှိမှုတို့ကို ပိုမိုကျယ်ပြန့်သော နိုင်ငံရေးလုပ်ငန်းစဉ်များနှင့် အကြမ်းဖက်မှု သမိုင်းကြောင်းများမှ ခွဲထုတ်၍ မရနိုင်ပုံကိုလည်း ထင်ဟပ် ဖော်ပြနေသည်။17 တစ်ခါတစ်ရံတွင် ၎င်းတို့၏ နေ့စဉ်ဘဝတွင် ရင်ဆိုင်နေရသော ဖြစ်ပေါ်ဆဲ မလုံခြုံမှုများနှင့် စစ်ရေး တိုက်ခိုက်မှုများကို ကြောင့် လူများ၏ ရာသီဥတု ပြောင်းလဲမှု အတွေ့အကြုံများနှင့် ၎င်းတို့၏ စိုက်ပျိုးရေး အသက်မွေးဝမ်းကျောင်း မှုများ အပေါ်တွင်သာ စကားဝိုင်းကို အာရုံစိုက်ထားရန် ကြိုးပမ်းရသည်ကို ကျွန်ုပ် စိတ်မသက် မသာ ခံစားခဲ့ရသည်။ ရာသီဥတု ပြောင်းလဲမှုသည် ပတ်ဝန်းကျင် ဆိုင်ရာ စိန်ခေါ်မှုများကို ဖြစ်ပေါ်စေသော်လည်း ကွင်းဆင်း အထောက်အထား များကမူ အခြားသော ဂေဟစနစ် ဆိုင်ရာ တစ်ဆစ်ချိုးအပြောင်းအလဲများကို ပိုမို ချက်ချင်းသက်ရောက်မှုရှိသည့် အရာများအဖြစ် လူမှု အသိုက်အဝန်းများက တွေ့ကြုံခံစားရလေ့ရှိကြောင်းဖော်ပြနေသည်။ မြန်မာနိုင်ငံ၏ သံလွင် ငြိမ်းချမ်း ရေးဥယျာဥ်တွင် ကရင်လူမှုအသိုက်အဝန်းများသည် ရာသီဥတုဆိုင်ရာ စိုးရိမ်မှုများ ထက် လက်နက်ကိုင်ပဋိပက္ခနှင့် ဌာနေတိုင်းရင်းသားများ၏ ထိန်းသိမ်း စောင့်ရှောက်မှုအပေါ် ခြိမ်းခြောက်မှုများကို ဖြေရှင်းရန်ပိုမို ဦးစားပေးကြသည်။18 ထိုနည်းတူ ကမ္ဘောဒီးယားနိုင်ငံရှိ မဲခေါင်မြစ်တစ်လျှောက်တွင် မြစ်ညာပိုင်းဆည်များသည် ပြောင်းလဲသွားသော ရေစီးဆင်းမှုများ မှတစ်ဆင့် ဒီရေတောများနှင့် ငါးလုပ်ငန်းများကို ဆိုးရွားစွာ ပျက်စီးစေခဲ့ပြီး ရာသီဥတု ပြောင်းလဲမှု၏ သက်ရောက်မှုများကိုပင် လွှမ်းမိုးသွားခဲ့သည်။19 ဤဖြစ်ရပ်များမှ ဆည်တည် ဆောက်ခြင်း သစ်တောပြုန်းတီးခြင်းနှင့် သယံဇာတ ပဋိပက္ခ များကဲ့သို့သော ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ဆိုင်ရာ ပြောင်းလဲမှုများသည် ရာသီဥတုပြောင်းလဲမှုထက် နေ့စဉ်ဘဝအပေါ် ပိုမိုထင်ရှားပြီး ချက်ချင်း ဖြစ်ပေါ်သော သက်ရောက်မှုများရှိနေကြောင်း သက်သေပြနေသည်။ အထူး သဖြင့် ထီးဟီးကျေးရွာတွင် ကျွန်ုပ် ရောက်ရှိသည့် အခိုက်အတန့်ကတည်း ကပင် ပဋိပက္ခနှင့် မလုံခြုံမှုတို့သည် ရာသီဥတု ပြောင်းလဲမှုထက် လူများ၏ နေ့စဉ်ဘဝတွင် ပိုမို ဖိစီးမှု ရှိသော ကိစ္စရပ်များ ဖြစ်ကြောင်း ရှင်းလင်း ထင်ရှား နေခဲ့သည်။
ခလယ်လွီထူကို မိတ်ဆက်ခြင်း
မြန်မာနိုင်ငံ၏ နိုင်ငံတော်အုပ်ချုပ်ရေးက ပဲခူးတိုင်းဒေသကြီးဟု ရည်ညွှန်း သောဒေသ၏ အရှေ့ခြမ်းရှိ ကရင်ကျေးရွာ အများစုသည် စစ်တောင်းမြစ် တစ်လျှောက် သို့မဟုတ် ၎င်းနှင့် ပဲခူးရိုးမအရှေ့ခြမ်း၏ သစ်တောထူထပ်သော ဒေသများအကြားတွင် တည်ရှိကြသည်။ ဤ ဒေသသည် ၁၉၄၈ ခုနှစ်မှ စတင်၍ KNU/KNLA နှင့် မြန်မာစစ်တပ်တို့အကြား ကြိုးကြား ကြိုးကြား လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာ နေရာတစ်ခု ဖြစ်ခဲ့ပြီး နေထိုင်သူအများစုမှာ တိုက်ရိုက် အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခံစားခဲ့ကြရသည်။ အုပ်ချုပ်မှု ပိုင်းအရ တောင်ပေါ် သစ်တောထူထပ်သော ဒေသများကို KNU က ကြာမြင့်စွာအုပ်ချုပ်ခဲ့ပြီး စစ်တောင်းမြစ်ကမ်းတစ်လျှောက်ရှိ မြေပြန့် ကျေးရွာများမှာမူ နိုင်ငံတော်နှင့် KNU အုပ်ချုပ်ရေး တို့အကြား အများအားဖြင့် အငြင်းပွားဖွယ်ရာနှင့် ရောနှော ထိန်းချုပ်မှုရှိသော နေရာများ ဖြစ်ခဲ့ကြသည်။
ရောနှော ထိန်းချုပ်မှု ဧရိယာများဆိုင်ရာ အခြား သုတေသနများနှင့် အညီ20 ကျွန်ုပ်၏ ကွင်းဆင်း သုတေသန ဧရိယာကို အငြင်းပွားဖွယ်ရာ အုပ်ချုပ်မှုရှုထောင့်မှ သာမက မြေယာနှင့် သယံဇာတ လုယူသိမ်းပိုက်ခြင်းများ ပါဝင်သည့် အရင်းရှင်စနစ် စုဆောင်းမှု ရှုထောင့်မှပါ အစဥ်အလာအားဖြင့် “နယ်စပ်ဒေသ” တစ်ခုအဖြစ် ဖွဲ့စည်း တည်ရှိ နေသည်ဟု ကျွန်ုပ် မှတ်ယူ သည်။21 “Frontier” ဟူသည်မှာ တကယ့် လက်တွေ့ ဖြစ်သောနှင့် စိတ်ကူး ထဲကလူမှုနေရာ တစ်ခုအဖြစ် နှစ်မျိုးလုံးအတွက် လူမှုရေးသိပ္ပံ စာပေများတွင် အငြင်းပွားဖွယ်ရာ ဝေါဟာရ တစ်ခု ဖြစ်သည်။22 သို့သော် ဘော်လိဗ်23 က ထောက်ပြငြင်းဆိုသကဲ့သို့ ၎င်းသည် အပြိုင်အဆိုင် ဖြစ်နေသော လက်နက်ကိုင်အုပ်စုများနှင့် အာဏာဆက်ဆံရေးများ၏ အစုအဖွဲ့အကြားရှိ အကြမ်းဖက် အငြင်းပွားမှုများမှတစ်ဆင့် နိုင်ငံတော် ဖွဲ့စည်းခြင်းမကြာခဏ ဖြစ်ပေါ်လေ့ရှိ သော နေရာတစ်ခုကို ရည်ညွှန်းနိုင်သည်။ ကိုလံဘီယာနိုင်ငံတွင် နယ်စပ်ဒေသများရှိ အရင်း အနှီး စုဆောင်းမှုနှင့် ဖွံ့ဖြိုးရေး ဝင်ရောက်စွက်ဖက်မှုများသည် အကြမ်းဖက်မှု သံသရာများ ထပ်တလဲလဲ ဖြစ်ပေါ်ခြင်းနှင့် မကြာခဏ ဆုံတွေ့ ယှက်နွှယ်နေပုံ၊ (ထိုသို့ ယှက်နွှယ်မှုက) မြေယာနှင့် သယံဇာတများမှ နှင်ထုတ် သိမ်းပိုက်ခြင်းကို ဖြစ်နိုင်စေပြီးတရားဝင် ဖြစ်စေပုံတို့ကို ဘော်လိဗ်က ဖော်ပြထားသည်။ ဤအရာကို လွယ်ကူချောမွေ့စေရန်အတွက် ဧရာမ ဆည်ကြီး များ၊ အဝေးပြေး လမ်းမကြီးများ၊ စက်မှုဇုန်များ၊ သစ်တော ထိန်းသိမ်းရေး လုပ်ငန်းများနှင့် ဆီအုန်း၊ ရော်ဘာ စသည်တို့အတွက် အကြီးစား စိုက်ပျိုးရေး စိုက်ခင်းကြီးများအပါအဝင် ပရောဂျက်မျိုးစုံကို အသုံးပြုနိုင်သည်။24 ဘော်လိဗ် သည် “နယ်စပ်ဒေသ အကျိုးသက်ရောက် မှု” ဟူသော ဝေါဟာရကို အသုံးပြု၍ နယ်စပ်ဒေသများသည် အာဏာရှိသော အုပ်စုများက တိုး တက်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် သက်သာချောင်ချိရေးဟူသော ဘာသာစကား အသုံးအနှုန်းများမှ တစ်ဆင့် အရင်းရှင်စနစ် စုဆောင်းမှု ပရောဂျက်များကို အသုံးချသည့် နေရာများအဖြစ် ဖန်တီးခြင်း ခံရပုံကို ပြသထားသည်။25
“နယ်စပ်ဒေသ” များအကြောင်း ဤဖော်ပြချက်များသည် ခလယ်လွီထူဒေသ၏ သမိုင်း ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများကို ကောင်းစွာ ထင်ဟပ်စေသည်။ အဘယ်ကြောင့်ဆိုသော် ထိုဒေသတွင် ‘တိုးတက်မှု’ နှင့် ‘ဖွံ့ဖြိုးတိုးတက်မှု’ အမည်ခံကာ စစ်ဘက်အကြမ်းဖက်မှု၊ အုပ်ချုပ်ရေးဆိုင်ရာ ချဲ့ထွင်မှုနှင့် မြေယာသိမ်းပိုက်မှုများသည် အချိန်ကာလ ကြာရှည်စွာ ဖြစ်ပေါ်နေခဲ့ သည်။ ကျွန်ုပ်၏ ကျေးရွာ သုတေသန နေရာနှစ်ခုလုံးတွင် လူများသည် ၎င်းတို့ ၏ ဘဝတစ်လျှောက် ကြံ့ကြံ့ခံ ခံစားခဲ့ရသော များစွာသော ဒုက္ခဆင်းရဲမှုများကို အသေးစိတ် ဖော်ပြခဲ့ကြသည်။ ၎င်းတို့သည် KNU ကဲ့သို့သော တော်လှန်ရေး အဖွဲ့များကို အစားအစာ၊ ရန်ပုံငွေ၊ သတင်းနှင့် လူသစ်စုဆောင်းမှုတို့မှ ဖြတ် တောက်ရန်ရည်ရွယ်၍ ၁၉၇၀ ပြည့်လွန်နှစ် နှောင်းပိုင်းမှစတင်ခဲ့သော စစ်တပ်၏ “ဖြတ်လေးဖြတ်” ပုန်ကန်မှု တန်ပြန်နှိမ်နင်းရေး စစ်ဆင်ရေးများ၏ ဆိုးရွား လှသော အကျိုးသက်ရောက်မှုများအကြောင်း ပြောပြခြင်းဖြင့် အစပြုလေ့ရှိသည်။ မြန်မာစစ်တပ်၏ စစ်ဆင်ရေးများ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဓလေ့ ထုံးတမ်းမြေများနှင့် စုပေါင်းပိုင်မြေများသည် မြေယာသိမ်းပိုက်မှုများ၏ ပစ် မှတ် ဖြစ်ခဲ့ကြပြီး လူများသည် ၎င်းတို့၏ နေရင်းမြေများမှ အတင်းအဓမ္မ ရွှေ့ ပြောင်း နေရာချထားခံခဲ့ရသည်။26 ၎င်းသည် မြေယာပိုင်ဆိုင်မှုနှင့် မြေယာ ဆက်နွှယ်မှုများအပေါ် နက်ရှိုင်းသော သက်ရောက်မှု များရှိခဲ့သည်။
၂၀၁၁ တွင် စစ်တပ်က အရပ်သားတစ်ပိုင်းအစိုးရကို စတင် မိတ်ဆက် ပြီး မကြာမီ ၂၀၁၂ တွင် KNU မှ လက်မှတ်ရေးထိုးခဲ့သော နှစ်ဖက် ပဏာမ အပစ်အခတ်ရပ်စဲရေးသည် ကျေးလက် အသက်မွေးဝမ်းကျောင်းမှုများအပေါ် နည်းလမ်းများစွာဖြင့်သက်ရောက်မှု ရှိခဲ့သည်။ ၎င်းသည် ကရင် လူမှုအသိုက် အဝန်းများရှိ ပွင့်လင်းသော တိုက်ပွဲများကို ခေတ္တ ရပ်တန့်စေခဲ့ပြီး လွတ်လပ်စွာ သွားလာခွင့် တိုးလာခြင်း၊ အသက်မွေးဝမ်းကျောင်းမှုများ တိုးတက်လာခြင်း၊ ဝင်ငွေ ရှာဖွေနိုင်သည့် အခွင့်အလမ်း ပိုများလာခြင်း၊ ကျန်းမာရေးနှင့် ပညာရေး ဝန်ဆောင်မှုများ တိုးမြှင့်လာခြင်းနှင့် တိုင်ကြားသော လူ့အခွင့်အရေးချိုးဖောက်မှုများ လျော့ကျသွားခြင်း အပါအဝင် အခြားအကျိုးကျေးဇူးများကိုလည်း ယူဆောင်လာခဲ့သည်။27 သို့သော်၎င်းအခြေ အနေသည် ပဲခူးတိုင်း အရှေ့ခြမ်းကဲ့သို့ နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူနည်းစုနှင့် ဌာနေ လူမှုအသိုက် အဝန်းများအတွက် အပစ်အခတ်ရပ်စဲရေးသည် ကုမ္ပဏီများ ဦးဆောင်သော မြေယာသဘောတူညီမှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ထိုးဖောက်မှုများ တိုးပွားလာခြင်းကို လည်း ဆိုလိုခဲ့ပြီး ၎င်းက အကြီးစား စိုက်ပျိုးရေး စီးပွားရေးလုပ်ငန်းများနှင့် သဘာဝ သယံဇာတ ထုတ်ယူခြင်းတို့၏ အကျိုးစီးပွားအတွက် မြေယာသိမ်းပိုက်မှုများနှင့် မြေယာများ ပြန်လည် ခွဲဝေချထားခြင်းတို့ကို ဖြစ်ပေါ်စေခဲ့သည်။28 ၎င်းသည် ၂၀၁၁ နောက်ပိုင်း နိုင်ငံ (တံခါး) ဖွင့်လာ ပြီး အရပ်သားတစ်ပိုင်းအစိုးရက မြေယာသိမ်းပိုက်မှုများကို လွယ်ကူချောမွေ့စေသည့် သယံ ဇာတထုတ်ယူမှု အခြေပြုစီးပွားရေး တိုးတက်မှု ဖွံ့ဖြိုးရေးမော်ဒယ်ကို လိုက်စားခဲ့သည့် အချိန် တွင် ဖြစ်ပွားခဲ့သည်။ မြန်မာအစိုးရသည် “စိမ်းလန်းသော သိမ်းပိုက်မှု”29 ကို တရားမျှတ ကြောင်းပြရန် သစ်တောထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဟူသော ဘာသာစကားကို လည်း စတင်အသုံးပြုခဲ့ပြီး ဖွဲ့စည်းပုံဆိုင်ရာ အကြမ်းဖက်မှုနှင့် မညီမျှမှုစနစ်များကို ပိုမို နက်ရှိုင်းစေကာ တစ်နိုင်တစ်ပိုင် တောင်သူအများအပြား ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းမှု များဆုံးရှုံးပြီး မြို့ကြီးများနှင့် အိမ်နီးချင်းနိုင်ငံများတွင် အခြားအခွင့်အလမ်းများကို ရှာဖွေရစေခဲ့ သည်။ အချို့ဒေသများတွင် စိမ်းလန်းသော သိမ်းပိုက်မှု သည် မြေယာ ပဋိပက္ခများနှင့် အာဏာ အပေါ် အငြင်းပွား ရုန်းကန်မှုများကိုလည်း ပိုမို ဆိုးရွားစေခဲ့သည်။30 အာဏာမသိမ်းမီ ခလယ် လွီထူ အရှေ့ခြမ်းဒေသတွင် ပြုလုပ်ခဲ့သော သုတေသနတစ်ခုတွင်၊ ချိန်ဘာစ်နှင့် ဘူတာ31တို့က ကရင်ဓလေ့ထုံးတမ်းနှင့် စုပေါင်းပိုင်နယ်မြေများသည် စိုက်ပျိုးရေး စီးပွားရေးလုပ်ငန်းနှင့် သဘာဝ သယံဇာတ ထုတ်ယူခြင်းတို့၏ ခြိမ်းခြောက်မှုကို တိုး၍ခံနေရပုံကို ဖော်ပြထားသည်။
သုတေသန နေရာအားလုံးရှိ လူများသည် အပစ်အခတ်ရပ်စဲရေး၏ အကျိုး ကျေးဇူးမျိုးစုံအကြောင်း ပြောဆိုကြသော်လည်း ၎င်းသည် ၎င်းတို့၏ ဓလေ့ ထုံးတမ်း စုပေါင်းပိုင်မြေများကို ကာကွယ်ခြင်းနှင့် သက်ဆိုင်သည့် စိန်ခေါ်မှု အစုံသစ်ကိုလည်း ဖြစ်ပေါ်စေခဲ့သည်ဟု ၎င်းတို့က မှတ်ချက်ပြုခဲ့ကြသည်။ ပေါ်ပေါက်လာသောပြဿနာများအနက် နှစ်ခုမှာ လူများ၏ “ရပ်ရွာပိုင်သစ် တော” များနှင့် “တောင်ယာလှည့်ပတ်စိုက်ပျိုးမြေ” များကို အသုံးပြုခွင့်ရှိရေး နှင့် အသုံးပြုမှုအပေါ် ကန့်သတ်ချက်များဖြစ်သည်။ ၂၀၁၂ အပစ်အခတ်ရပ်စဲ ရေးကတည်းက ဓလေ့ထုံးတမ်း စုပေါင်းပိုင်မြေများအဖြစ် အသုံးပြုခဲ့သော သစ်တောဧရိယာ အများအပြားကို ရော်ဘာနှင့် အခြား နှစ်ရှည်သီးနှံ စိုက်ခင်း များစိုက်ပျိုးရန်အတွက် ပုဂ္ဂလိကကုမ္ပဏီများက သိမ်းယူခဲ့ကြသည်။32
မြန်မာနိုင်ငံ၏ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များရှိသော အခြားဒေသများနည်းတူ ကရင်လူမျိုးများ၏ မြေယာပိုင်ဆိုင်ခွင့်များသည် ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင်ပင် အကာအကွယ် မဲ့နေခဲ့ဆဲဖြစ်သည်။ KNU ၏ ၂၀၁၅ ခုနှစ် မြေယာမူဝါဒသည် လူများကို မြေပိုင်ရှင်များအဖြစ် အသိအမှတ်ပြုပြီး တောင်ယာ လှည့်ပတ် စိုက်ပျိုးမြေ၊ ရပ်ရွာပိုင် သစ်တော၊ သစ်သီးခြံမြေနှင့် စားကျက်မြေတို့ အပါအဝင် ဓလေ့ထုံးတမ်းနှင့် စုပေါင်းပိုင်ဆိုင်မှုကို အကာ အကွယ်ပေးသော် လည်း33 ခလယ်လွီထူနှင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ အခြားနယ်စပ်ဒေသများအပါအဝင် မြန်မာနိုင်ငံ အာဏာပိုင်များ၏ ထိန်းချုပ်မှု နှင့် ဩဇာလွှမ်းမိုးမှုရှိသော နေရာများတွင် ၎င်းကို အကောင်အထည်ဖော်ရန် ခက်ခဲခဲ့သည်။34 မြန်မာအစိုးရသည် မြေယာ အသုံးပြုခွင့်ကိုသာ ခွင့်ပြုပြီး စုပေါင်းပိုင်နှင့် ဓလေ့ထုံးတမ်းမြေများကို “မြေလွတ်မြေရိုင်း” အဖြစ် မကြာခဏ သတ်မှတ်၍ နိုင်ငံတော် ဦးဆောင်သော ကျူးကျော်မှုအတွက် စွန့်ပစ်အသုံးပြုနိုင်သော မြေ အဖြစ် သတ်မှတ်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် ထိန်းသိမ်းရေး ပရောဂျက်များ၏ ကျော်လွှားခြင်းကို အလွယ်တကူ ခံရလေ့ရှိသည်။35
ပဲခူးတိုင်းအရှေ့ခြမ်းရှိ မြေယာအများစုသည် အပစ်အခတ်ရပ်စဲရေး မတိုင်မီ တစ်ချိန်က ပဋိပက္ခဇုန်များအဖြစ် သိခဲ့ကြသော တနင်္သာရီတိုင်းဒေသကြီး၏ အစိတ်အပိုင်းများ (နော်ထီးခူ နှင့် ဟော့ဖ်မန်း36 တို့က ဖော်ပြခဲ့သော) နှင့် အလားတူ စီးပွားဖြစ် စိုက်ခင်း စီးပွားရေးနှင့် သတ္တု တူးဖော်ခြင်း တို့၏ အထိအတွေ့မခံရဘဲတည်ရှိခဲ့သည်။37 သို့သော် ဒေသခံ ကျေးရွာသားများ နှင့် KNU အဖွဲ့ဝင်များ၏ အစီရင်ခံချက်များအရ ၂၀၁၂ အပစ်အခတ် ရပ်စဲရေး နောက်ပိုင်းတွင် ၎င်းအခြေအနေသည် သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး အထူးသဖြင့် ရွှေတူးဖော်ခြင်းမှာ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။ ၂၀၁၀ ပြည့်လွန်နှစ်များအတွင်း ကရင်ဓလေ့ထုံးတမ်း မြေ များတွင် ရင်းနှီးမြှုပ် နှံမှုများ အရှိန်မြင့်လာခြင်းနှင့် စိုက်ပျိုးရေး စီးပွားရေးလုပ်ငန်းများ ချဲ့ထွင် လာခြင်းတို့သည်လည်း ကယ်ဗင်ဝုဒ်စ် က ‘အပစ်အခတ်ရပ်စဲရေး အရင်းရှင်စနစ်’ (ceasefire capitalism)38 ဟု ဖော်ပြသည့် အရာနှင့် အလားတူတိုးချဲ့လာခဲ့ သည်။ KNU တပ်မဟာ (၅) ၏ အမာခံ နယ်မြေဖြစ်သော တနင်္သာရီတိုင်း ဒေသကြီးနှင့် ဖာပွန်ခရိုင်တို့နှင့် မတူဘဲ ပဲခူးတိုင်း အရှေ့ခြမ်းဒေသတွင် မြေပြင်၌ အခိုင်အမာရှိသော အရပ်ဘက် လူ့အဖွဲ့အစည်းနှင့် ပတ်ဝန်း ကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများမရှိသဖြင့် ဤစီးပွားဖြစ် လုပ်ငန်းဆောင်တာ များသည် ထိန်းကျောင်းမှု မခံရဘဲရှိနေခဲ့သည်။
ခလယ်လွီထူဒေသရှိ ကရင်လူမှုအသိုက်အဝန်းများသည် ဆယ်စုနှစ်ပေါင်းများစွာ တိုက် ရိုက်နှင့် ဖွဲ့စည်းပုံဆိုင်ရာ အကြမ်းဖက်မှုများကို တွေ့ကြုံခံစားခဲ့ရသော်လည်း ၂၀၂၁ အာဏာ သိမ်းမှုကိုမူ “တစ်ဆစ်ချိုး အပြောင်းအလဲ” တစ်ခုအဖြစ် တွေ့ကြုံ ခံစားခဲ့ကြရဆဲဖြစ်သည်။ အာဏာသိမ်းပြီး မကြာမီ ခလယ်လွီထူဒေသတွင် ဆန္ဒပြပွဲများဖြစ်ပွားခဲ့ပြီး KNU က အကြမ်း မဖက်ခုခံမှု ထို့နောက် လက်နက်ကိုင် ခုခံမှုတို့ကို ထောက်ခံခဲ့သည်။ KNLA သည် ဒေသအတွင်း အသစ်ဖွဲ့စည်းလိုက်သော PDF များနှင့် ပူးပေါင်းခဲ့သည်။ ထိုအချိန်မှစ၍ KNLA နှင့် PDF များ သည် နယ်မြေ ပိုမိုရရှိခဲ့ကြသည်။ ကျွန်ုပ်၏ ကွင်းဆင်းသုတေသနနှင့် အင်တာဗျူးများ ပြု လုပ်ချိန်တွင် စစ်တောင်းမြစ် အရှေ့ဘက်ရှိ ကျေးရွာအများစုသည် KNU အုပ်ချုပ်မှုအောက်တွင် ရှိနေသည်ကို ကျွန်ုပ်မှတ်သားမိသည်။ အာဏာသိမ်းမှု ဆန့်ကျင်ရေး ခုခံလှုပ်ရှားမှုကျယ်ပြန့် လာသည်နှင့်အမျှ မြန်မာစစ်တပ်က လေကြောင်း တိုက်ခိုက်မှုများ၊ လက်နက်ကြီးများနှင့် မီးရှို့ မှုများကို အသုံးပြု၍ ကျေးရွာများအပေါ် ၎င်း၏တိုက်ခိုက်မှုများကို တိုးမြှင့်လက်တုံ့ပြန်လာ သောကြောင့် အထက်ပါအချက်က ကျေးရွာသူကျေးရွာသားများအတွက် ပိုမိုကြီးမားသော မလုံခြုံမှုကိုဆိုလိုနေသည်။ အတိတ်နှင့် ပစ္စုပ္ပန်တွင် ဤသို့ ထပ်ဆင့် ဖြစ်ပေါ်နေသော ရုန်းကန်မှုများနှင့် မလုံခြုံမှုများ အပြင် ကျွန်ုပ်၏ သုတေသနတွင်ပါဝင်သူများသည် စိုက်ပျိုးရေး အသက်မွေးဝမ်းကျောင်းမှုများအပေါ် ၎င်းတို့၏ အလွန်အမင်း မှီခိုနေရမှုနှင့် နက်ရှိုင်းစွာ ဆက်စပ်နေသည့် ရာသီဥတု ပြောင်းလဲမှုမှ ဖြစ်ပေါ်လာသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရ သည်။ နောက်လာမည့် အပိုင်း နှစ်ခုတွင် ကစယ်လား နှင့် ထီးဟီး ကျေးရွာများအကြောင်း ပိုမို အသေးစိတ် ဆွေးနွေးပြီး ထိုနေရာများရှိ အတိတ် ဖြစ်ရပ်များ ကို အဓိက ဖြစ်ရပ် လေ့လာမှု များအဖြစ် ဆွေးနွေးကာ အာဏာသိမ်းမှု နောက်ပိုင်းလူများ၏ နေ့စဉ် ရုန်းကန်နေရမှုများနှင့် ၎င်းတို့ မည်သို့ ဆက်စပ်နေပုံကို ရှင်းပြသွားပါမည်။
ကစယ်လားတွင် အကြမ်းပတမ်း တစ်ဆစ်ချိုးအပြောင်းအလဲဖြစ်စေခဲ့သည့် ဆည်တည်ဆောက်ခြင်း
ကစယ်လားကျေးရွာသည် သမိုင်းအရ ဒေါနတောင်တန်းအခြေတွင် ကရင်ပြည်နယ်နှင့် ပဲခူး တိုင်းဒေသကြီး နယ်စပ်အနီး၌ တည်ရှိခဲ့သည်။ ကျေးရွာသည် ဒေါနတောင်တန်း၏ ထူထပ် သော သစ်တောများနှင့် နီးကပ်မှုကြောင့် ၎င်းတို့က ကော့သူးလေအတွက် ဗဟိုအစိုးရကို ၁၉၄၉ ခုနှစ်တွင် စတင်ကြိုးပမ်းချိန် လွတ်လပ်ရေးရပြီးနှစ်များ အစောပိုင်းတွင် ထိုဒေသသည် KNU ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိခဲ့သည်။39 ကစယ်လားတွင် နေထိုင်သူများ သည် ‘ပွာကညော’ (pgha k’nayaw) သို့မဟုတ် စကောကရင် လူမျိုးစုဝင်များ အဓိကဖြစ်ကြပြီး ယနေ့အခါတွင် အများစုမှာ ခရစ်ယာန် နှစ်ခြင်းများ ဖြစ်ကြသည်။ ခရစ်ယာန်ဘာသာ မရောက်ရှိလာမီ ကျေးရွာသားများသည် နတ်ကိုးကွယ်မှုကို ကျင့်သုံးခဲ့ကြပြီး မြေ၏ နတ်များ သို့မဟုတ် ‘မြေပိုင်ရှင်များ’ နှင့် ခိုင်မာသော ဆက်သွယ်မှုများကို ထိန်းသိမ်း ခဲ့ကြသည်။ ကျေးရွာသား များသည် ၎င်းတို့၏ အဓိက စားဝတ်နေရေး နည်းလမ်းအဖြစ် တောင်ယာ လှည့်ပတ် စိုက်ပျိုး ခြင်းကို လုပ်ကိုင်ခဲ့ကြသည်။ ‘ပွာကညော’ လူမျိုးများဆိုင်ရာ လေ့လာမှုများစွာတွင် ဖော်ပြထား သည့်အတိုင်း ‘ကော်’ ဟု သိကြသော မြေသည် စိုက်ပျိုးရေး၊ စားနပ်ရိက္ခာ ဖူလုံမှုနှင့် မိသားစု ဘဝတို့အတွက် အခြေခံတစ်ခု ဖြစ်သည်။ ‘မြေပိုင်ရှင်များ’အပေါ် ဂရုစိုက်မှု ဆက်ဆံရေးသည် နေ့စဉ် လူမှုဆက်ဆံရေး၏ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး စိုက်ပျိုးရေး အသက်မွေးဝမ်း ကျောင်းမှုများတွင် အရေးပါသော အခန်းကဏ္ဍမှပါဝင်သည်။40 ကစယ်လား ဒေသခံများသည် စိုက်ပျိုးနိုင်သော လယ်ယာမြေများကိုလည်း ပိုင်ဆိုင်ခဲ့ကြပြီး အနီးအနား မြို့များရှိ လူများကို ရောင်းချရန် သစ်သီးပင် မျိုးစုံကို စိုက်ပျိုးခဲ့ကြသည်။ ရွာ၏ မြေပြန့် လယ်စပါး ထွက်ရှိမှုသည် အနီးအနားရှိ ပိုမို ဝေးလံခေါင်ဖျားသော တောင်ပေါ် သစ်တောများတွင် နေထိုင်သူများကို ထောက်ပံ့ပေးခဲ့ပြီး အထူးသဖြင့် ဤတောင်ပေါ် ကျေးရွာ သားများသည် ၎င်းတို့၏ ကိုယ်ပိုင် လိုအပ်ချက်များကို ဖြည့်ဆည်းရန်ဆန်စပါး လုံလောက်စွာ စိုက်ပျိုးနိုင်ခြင်း မရှိသည့်အခါ ဖြစ်ကြောင်း သိရှိခဲ့ရသည်။ ဤ တည်ငြိမ်နေသော အခြေအနေသည် ၁၉၈၀၊ ၁၉၉၀ နှင့် ၂၀၀၀ ပြည့်လွန်နှစ်များ တစ်လျှောက်လုံး စစ်တပ် စစ်ဆင်ရေးများ စတင် ပြင်းထန်လာချိန်အထိ အနှောင့်အယှက် မရှိခဲ့ပေ။ ဤဆယ်စုနှစ်များသည် ၂၀၁၁ ခုနှစ်တွင် မူလ ကစယ်လားကျေးရွာ နေရာ၌ ရွှေကျင်ဆည် တည်ဆောက်ခြင်းသို့ ဦးတည် သွားစေခဲ့သည်။
ဆည် မတည်ဆောက်မီ ၂၀၀၀ ပြည့်လွန်နှစ်များအတွင်း စစ်ဆင်ရေးများသည် ကစယ်လား ပတ်ဝန်းကျင်ဒေသများမှ KNU/KNLA ကို ရှင်းလင်းရန် ကြိုးပမ်းခဲ့သည်။ ကရင် အရပ်သားအများအပြားသည် ၎င်းတို့၏ လူမျိုးဖြစ်ခြင်း သက်သက်ကြောင့် ‘နိုင်ငံတော်၏ ရန်သူများ’ အဖြစ် သတ်မှတ်ခံခဲ့ရသည်။ ရွာနားမှသစ်တောသည် အတော် နက်ရှိုင်းပြီး KNLA မှ ကြာမြင့်စွာ ကျင့်သုံးခဲ့သောပြောက်ကျားစစ်ပုံစံအတွက် အလေးသာမှုရှိသည်။ ထို့ကြောင့် မြန်မာ စစ်တပ်သည် ဤမြေများနှင့် ထိုနေရာတွင် နေထိုင်သော လူများကို ဖျက်ဆီးရန် ကြိုးစားခဲ့သည်။ ကျေးရွာသား အများအပြားသည် လမ်းမကြီး များဘေးရှိ စစ်တပ် ထိန်းချုပ်သော နေရာများသို့ အတင်းအဓမ္မ ရွှေ့ပြောင်း ခဲ့ရပြီး အချို့မှာ KNU ထိန်းချုပ်မှုအောက်ရှိအနီးအနား တောင်ပေါ် ဒေသများသို့ ခိုလှုံခဲ့ရသည်။ ကျေးရွာသားများ သည် တောင်ပေါ်ဒေသများနှင့် ၎င်းတို့၏ မူလ စိုက်ပျိုးမြေများရှိရာ မြေပြန့်ဒေသများအကြား နေရာ နှစ်ခုလုံးတွင်လုံခြုံသော မြေယာ ပိုင်ဆိုင်မှုမရှိဘဲ မကြာခဏ ရွှေ့ပြောင်းခဲ့ ကြရသည်။ ထိုအချိန်က လူ့အခွင့်အရေး အစီရင်ခံစာတစ်စောင်တွင် ဖော်ပြခဲ့သည့်အတိုင်း41 စစ်ရေး ထိုးစစ်များသည် နှစ်ပေါင်းများစွာကြိုးကြား ကြိုးကြား ဖြစ်ပွားခဲ့သော်လည်း ဗျူဟာကျ ရည်မှန်းချက်မှာ ခုခံမှု ပုံစံအားလုံးကို ဖြိုခွင်းပြီး အရပ်သား ပြည်သူလူထုနှင့် နယ်မြေအပေါ် အလုံးစုံ ထိန်းချုပ်မှုရယူရန် ဖြစ် သည်။ ထိုးစစ်များတွင် ကျေးရွာ အိမ်များ နှင့် လယ်ကွင်းများ မီးရှို့ခြင်း၊ မတရား ဖမ်းဆီး ထိန်းသိမ်းခြင်း၊ ငွေညှစ်ခြင်း၊ အတင်းအဓမ္မ လုပ်အားပေးခိုင်းခြင်း၊ သွားလာ လှုပ်ရှားမှုနှင့် ကုန်သွယ်မှု ကန့်သတ်ချက်များတို့ ပါဝင်ခဲ့ပြီး ၎င်းတို့သည် လူများ၏ အသက်မွေးဝမ်းကျောင်းမှုများကို ရေရှည်တည်တံ့စေရန် စွမ်းဆောင်နိုင်မှုကို အမြဲတစေ ထိခိုက် ပျက်စီးစေခဲ့သည်။42
ဤကာလသည် အလွန်အမင်းခက်ခဲခဲ့ကြောင်း ကစယ်လားရွာမှ ရွာသားများက ကျွန်ုပ်ကို ပြောပြခဲ့သည်။ လူအများအပြားသည် ဆန် ဝယ်ယူရန် ဆွေမျိုးများ နှင့် အိမ်နီးချင်းများထံမှ ငွေချေးငှားခဲ့ရပြီး ထို့နောက် တောင်ပေါ်ဒေသများတွင် ရာသီအလိုက် ပေါက်သော တောဖာလာစေ့များကို ခူးဆွတ်၍ ထိုချေးငွေကို ပြန်ဆပ်ရန် ကြိုးစားခဲ့ကြရသည်။ အကြမ်းဖက် မှုသည် မိသားစုများကိုလည်း ရေရှည်ပြိုကွဲစေခဲ့ပြီး ကလေးအချို့မှာ ၎င်းတို့၏ ပညာရေးကို ဆက်လက် သင်ယူနိုင်ရန် ထိုင်းနယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည် စခန်းများသို့ ပြောင်းရွှေ့ခဲ့ရ သည်။ သို့သော် အခြားသူများမှာမူ ပညာရေး အခွင့်အလမ်းများ လုံးဝဆုံးရှုံးခဲ့ရသည်။ အကြမ်း ဖက်မှုသည် လူမှုဖွဲ့စည်းပုံများ၏ အစိတ်စိတ်အမြွှာမြွှာ ကွဲပြားခြင်းကို ဖြစ်ပေါ်စေခဲ့ပြီး လူမှုအသိုက်အဝန်း၏ ထိခိုက်လွယ်သော အခြေအနေကို ပိုမိုဆိုးရွားစေကာ နေရပ်ရွှေ့ပြောင်း ခံရခြင်းနှင့် ကြွေးမြီဝန်ထုပ်ဝန်ပိုးသံသရာကို ပိုမိုနက်ရှိုင်းစေခဲ့သည်။ ဤအခက်အခဲများ ရှိနေ သော်လည်းလူအများအပြားသည် အခြေအနေ ပေးသည့်အခါကစယ်လားသို့ ပြန်ရန် သန္နိဋ္ဌာန် ချထားဆဲ ဖြစ်သည်။ ဤသန္နိဋ္ဌာန်သည် ၂၀၁၂ ခုနှစ် အပစ်အခတ်ရပ်စဲရေးနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီသို့ ‘အသွင်ကူးပြောင်းရေး’ ဟု ခေါ်သော အချိန် မတိုင်မီ မကြာမီ တွင် ရွှေကျင်ဆည် တည်ဆောက်မှုကြောင့် သိသိသာသာ ပြတ်တောက် သွားခဲ့ရသည်။
ရွှေကျင်ဆည် ပရောဂျက်ကို စစ်တပ်၏ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) က ၂၀၀၉ ခုနှစ်တွင် စတင်ခဲ့သည်။ ၎င်းကို တရုတ်ကုမ္ပဏီတစ်ခုဖြစ်သော China Gezhouba Water and Power Group Co. Ltd. က တည်ဆောက်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ပြီးစီးခဲ့သည်။ နော်နိုရင်းက ကိုးကားထားသော သတင်း ဆောင်းပါးများအရ ရွှေကျင်မြစ်တွင် ကြီးမားသော ရေလွှမ်းမိုးမှုကြောင့် ကျေးရွာ နှစ်ဆယ်ခန့်ရေမြုပ်ခဲ့ရပြီး ဗမာတပ်များသည် ဆည် မပြီးစီးမီစိုက်ပျိုးမြေ၊ သီးနှံများ၊ နှင့် သစ်သီးခြံဧက ထောင်ပေါင်းများစွာကို ဖျက်ဆီးခဲ့ ကြသည်။43 ကစယ်လားမှ ကျေးရွာသား အများအပြားသည် ၂၀၁၂ ခုနှစ် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး နောက်ရွာသို့ ပြန်ရန်ဆုံးဖြတ်ခဲ့ကြပြီး ဆည်တည်ဆောက်မှုကို သတိမမူမိ ခဲ့ကြပေ။ ၎င်းတို့ ပြန်ရောက်လာသောအခါ ၎င်းတို့၏ ယခင်အိမ်များနှင့် ၎င်းတို့ ဆန်စပါးနှင့် သစ်သီးပင်များ စိုက်ပျိုးခဲ့ရာဘိုးဘွားပိုင်မြေများသည် ယခုအခါ ရေအောက်သို့ ရောက်ရှိနေ သည်ကို တွေ့ရှိခဲ့ရသည်။ ကျေးရွာသားတစ်ဦး တစ်ယောက်မျှ ၎င်းတို့၏ ဆုံးရှုံးမှုအတွက် လျော်ကြေးတစ်စုံတစ်ရာ မရရှိခဲ့ကြပေ။ ၎င်းတို့သည် ၎င်းတို့၏ ရွာဟောင်းတည်ရှိခဲ့ရာ နေရာ အနီး ဆည်၏ ကမ်းပါးပေါ်တွင် ၎င်းတို့၏ ကိုယ်ပိုင် သယံဇာတများဖြင့်သာ ကျေးရွာသစ် တစ်ရွာကို တည်ထောင်ခဲ့ကြရသည်။
ဒေသတွင်းရှိ KNLA တပ်မဟာမှူးတစ်ဦးက ကျွန်ုပ်အား ပြောကြား ရာတွင် ဤဆည်သည် KNLA က စစ်တပ်(၏ရန်)မှ အစဉ်အလာအတိုင်း ဆုတ်ခွာလေ့ရှိသော သစ်တောများနှင့် စားကျက်မြေများကို ရှင်းလင်း ဖယ်ရှားရန်စစ်တပ်၏ မဟာဗျူဟာမြောက် စစ်ရေးပရိယာယ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် သူ နားလည်ကြောင်း ပြောကြားခဲ့သည်။44 နအဖက “ဖွံ့ဖြိုး တိုးတက်ရေး” အတွက်နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ဆည်တည် ဆောက်သည်ဟု အခိုင်အမာပြောဆိုခဲ့သော်လည်း ၎င်းတို့ အမှန်တကယ် ရည်ရွယ်ခဲ့သည်မှာ သာမန် ကရင် ကျေးရွာသားများအပေါ် သက်ရောက်မှုကို အနည်းငယ်မျှ ဂရုမစိုက်ဘဲ KNLA ၏ ဩဇာလွှမ်း မိုးရာ ဧရိယာများကို ‘နှစ်မြှုပ်’ ခြင်းဖြင့် ၎င်းတို့၏အုပ်ချုပ်မှုကို ခုခံမှုအား ထိခိုက် ပျက်စီးစေရန် ဖြစ်သည်ဟု သူက ပြောကြားခဲ့သည်။ အခြေခံ အဆောက်အအုံ အထူးသဖြင့် ဆည်များကို ပုန်ကန်မှု တန်ပြန်နှိမ်နင်းရေး လက်နက်အဖြစ် ဤသို့အသုံးပြုခြင်းသည် သမိုင်းဝင် ဖြစ်ရပ် တစ်ခုအဖြစ် အရှေ့တောင်အာရှတွင်ရှိခဲ့သည်။ စစ်အေးတိုက်ပွဲ ကာလ အတွင်း လာအိုနိုင်ငံရှိ နမ့်ငွန်ဆည်သည် ဤမဟာဗျူဟာကို ပုံဖော်ထားခြင်းကိုမြင်တွေ့နိုင်ပြီး ထိုနေရာတွင် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုသည် ကွန်မြူနစ် ချဲ့ထွင်မှုကို ဆန့်ကျင်သည့် ပထဝီ နိုင်ငံရေး ကိရိယာတစ်ခုအဖြစ် အသုံးတော်ခံခဲ့သည်။ အမေရိကန် ကျောထောက်နောက်ခံပြု စီမံကိန်း အောက်တွင် နိုင်ငံဆယ်နိုင်ငံ၏ အထောက်အပံ့ဖြင့် ၁၉၇၁ ခုနှစ်တွင် ပြီးစီးခဲ့သော ဤ ဆည်သည် စစ်အင်အားတစ်ခုတည်းဖြင့် မဟုတ်ဘဲ သီအိုရီအရ ကြွယ်ဝ ချမ်းသာမှုနှင့် အနောက်အုပ်စု လိုလားသော အစိုးရများအပေါ် သစ္စာစောင့်သိမှုတို့ကို တည်ဆောက်ပေးမည့် ခေတ်မီတိုးတက်ရေး ပရောဂျက်များမှတစ်ဆင့် ကွန်မြူနစ် ဩဇာလွှမ်းမိုးမှုကို တားဆီးရန် ကြိုတင် တွက်ချက်ထားသော ကြိုးပမ်းမှုတစ်ခုကို ကိုယ်စားပြုခဲ့သည်။45
သို့သော် ဤဖြစ်ရပ် နှစ်ခုလုံးက သရုပ်ပြနေသည့်အတိုင်း “ဖွံ့ဖြိုးတိုးတက်ရေး” ပရော ဂျက်များအဖြစ် ဈေးကွက်တင်ထားသော ဆည်များသည် မကြာခဏဆိုသလို ရည်ရွယ်ချက် နှစ်မျိုးကို ဆောင်ရွက် လေ့ရှိသည်။ ၎င်းတို့သည် လျှပ်စစ်ဓာတ်အားနှင့် စီးပွားရေး အကျိုး အမြတ်များကို အပေါ်ယံအားဖြင့်ပေးအပ်နေသော်လည်း တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ရုပ်ပိုင်းဆိုင်ရာနှင့် နိုင်ငံရေး မြေပြင်အခင်းအကျင်းကို ဆန့်ကျင်ဘက် လှုပ်ရှားမှုများအား ထိ ခိုက်ပျက်စီးစေသောနည်းလမ်းများဖြင့် ပြန်လည် ပုံဖော်ပေးနေသည်။ ကရင်ပြည်နယ်ရှိ KNLA ထိန်းချုပ်သော သစ်တောများကို ရေလွှမ်းမိုးစေသည်ဖြစ်စေ၊ လာအိုနိုင်ငံရှိ ကွန်မြူနစ် တပ်ဖွဲ့ များကို ထောက်ခံနိုင်ဖွယ်ရှိသော ကျေးလက်လူထုကို နေရပ်ရွှေ့ပြောင်းစေသည်ဖြစ်စေ၊ ဤ အခြေခံအဆောက်အအုံပရောဂျက်များသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအဖြစ် ဟန်ဆောင်ထားသောနယ်မြေထိန်းချုပ်မှုဆိုင်ရာ ကိရိယာများအဖြစ် လုပ်ဆောင်ကြသည်။
ကျွန်ုပ်၏ လေ့လာမှု ဧရိယာတွင် ဆည်တည်ဆောက်ခြင်းသည် အမှန်တကယ်ပင် ဒေသခံ ပြည်သူများအပေါ် ဆိုးရွားသော ဒုက္ခဆင်းရဲမှုကို ကျရောက်စေခဲ့သည်။ ၎င်းသည် ကစယ်လား ရွာနှင့် ၎င်း၏ဘိုးဘွားပိုင် လယ်ယာမြေများကို ဖျက်ဆီးခဲ့ပြီး ဒေသခံများ၏ စားနပ်ရိက္ခာ စနစ်များ၊ မြေယာစီမံခန့်ခွဲမှု၊ စိုက်ပျိုးရေးနှင့် ရှင်သန်မှု နည်းလမ်းများနှင့် အလှမ်းဝေးစေခဲ့ သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့ကို ကျန်းမာရေးနှင့် ပညာရေးတို့မှ ဖြတ်တောက်ခဲ့သည်။ ကစယ်လားတွင် ကျွန်ုပ် စကားပြောခဲ့ရသူများက ယခင် နေရပ်ရွှေ့ပြောင်းခံရမှု အတွေ့အကြုံ များ ရှိခဲ့သော်လည်း ကြံ့ကြံ့ခံတည်ရှိနေခဲ့သော ၎င်းတို့၏ ဘိုးဘွားပိုင်မြေများ၊ ကျေးရွာနှင့် လူမှုအသိုက်အဝန်းတို့နှင့် ခိုင်မာသောဆက်သွယ်မှုများကိုလည်း ထိုဖျက်ဆီးမှုက ပြတ်တောက် စေခဲ့သည်ဟု ခံစားခဲ့ကြရသည်။ အတိတ်တွင် မြန်မာစစ်တပ်၏ တိုက်ခိုက်မှုများ ရှိခဲ့သော် လည်း စစ်တပ် ဆုတ်ခွာသွားသည်နှင့် တစ်ပြိုင်နက်၎င်းတို့၏ မြေများနှင့် အိမ်များသို့ ပြန်လာ နိုင်သောကြောင့် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းမှုများအတွက် လုံခြုံမှုရှိသည်ဟု ခံစားခဲ့ ကြရသည်။ ဆည်ကြောင့် ဤအရာသည် ဖြစ်နိုင်ခြင်းမရှိတော့ပေ။
၂၀၁၂ အပစ်အခတ်ရပ်စဲရေးပြီးနောက် ကျေးရွာသားအချို့သည် မျှော်လင့်ချက်အပြည့် ဖြင့် ရွာပြန်ရန် ဆုံးဖြတ်ခဲ့ကြသော်လည်း ၎င်းတို့၏ မူလကျေးရွာကို ရေအောက်တွင်သာ တွေ့ ရှိခဲ့ရကြောင်း ဖော်ပြခဲ့ကြသည်။ တောင်သူတစ်ဦးဖြစ်သူ တီးကလယ်က ဆည်၏ သက်ရောက် မှုသည် ရွာရှိ လူအများအပြားကို မည်သို့ အကြီးအကျယ် ပျက်စီးစေခဲ့ပုံကို ဖော်ပြခဲ့သည်။
ကျွန်တော်တို့ မြေတွေက ဆည်ရေထဲမှာ နစ်မြုပ်သွားတယ်။ ကျွန်တော်တို့ ရွာက တောင်ခြေရင်းမှာ ရှိတာ။ (ကျွန်တော့် မိသားစု) က အဲဒီရွာမှာ မိဘ ဘိုးဘွားတွေ လက်ထက်ကတည်းက နေလာခဲ့ကြတာ။ သူတို့ (ဆည်) စ ဆောက်တော့ ဘယ်သူမှ ကျွန်တော်တို့ကို အကြောင်းမကြားဘူး။ ကျွန်တော့် မိသားစုမှာ တောင်ပေါ်မှာ ဧက (၂၀) ရှိပြီး မြေပြန့်မှာ လယ် (၅) ဧက ရှိတယ်။ တောင်ပေါ် ဧရိယာတွေမှာဆို ကျွန်တော်တို့ သံပုရာသီးနဲ့ တညင်းသီးတွေ စိုက်တယ်။ ကျွန်တော်တို့ ရွာဟောင်းမှာ ဆေးခန်းတစ်ခုနဲ့ ကျောင်းတစ်ခု လည်း ရှိခဲ့တယ်။ ကျွန်တော်တို့ ပြန်ရောက်လာတော့ အားလုံး ရေအောက် ရောက်နေပြီ။46
တီးကလယ်နှင့် ကျွန်ုပ်၏ စကားပြောဆိုမှုတွင် ဆည် (မတည်ဆောက်မီ) မတိုင်ခင်ကလည်း ၎င်းတို့ ငြိမ်းချမ်းစွာ နေထိုင်ခဲ့ရခြင်း မဟုတ်ကြောင်း သို့သော် အနည်းဆုံးတော့ ၎င်းတို့တွင် ၎င်းတို့၏ မြေများနှင့် မူလအိမ်များ ရှိနေသေးကြောင်း သူက ကျွန်ုပ်ကို ပြောပြခဲ့သည်။ ဤ နောက်ခံအခြေအနေတွင် ဆည်တည်ဆောက်မှုသည် ယခင် ဆယ်စုနှစ်များစွာက အကြမ်းဖက် မှုနှင့် ထပ်ခါတလဲလဲ နေရပ် ရွှေ့ပြောင်းခံရမှု များအပေါ်ထပ်ဆင့်၍ တီးကလယ်နှင့် အခြား ကျေးရွာသားများ၏ ဘဝများတွင် အကြီးမားဆုံး တစ်ဆစ်ချိုးပြောင်းလဲမှုများထဲမှ တစ်ခုအဖြစ် အမှတ်အသားပြုခဲ့သည်။
အခြား အင်တာဗျူးများတွင် ကျေးရွာသားများသည် ဆည် မတိုင်မီက မြေယာပေါ်တွင် ၎င်းတို့ လုပ်ကိုင်ခဲ့ကြသည့် သမိုင်းကြောင်းများနှင့် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းမှုများကို ဖွင့်ဟပြောဆိုခဲ့ကြသည်။ အသက်ခြောက်ဆယ်အရွယ် အမျိုးသားတစ်ဦးဖြစ်သူ တီးထူးကပေါ က ထပ်တလဲလဲ ဖြစ်ပေါ်သော တစ်ဆစ်ချိုးပြောင်းလဲမှုနှင့် ဖြည်းညင်းသော အကြမ်းဖက်မှုတို့ ၏ ဘဝတစ်ခုကို ဤသို့ ဖော်ပြခဲ့သည်။
ကျွန်တော်က အခုရေအောက်ရောက်နေတဲ့ ရွာဟောင်းမှာ နေခဲ့တာ။ ၁၉၇၅ မှာ (ဖရော – မြန်မာစစ်တပ်) က သူတို့ရဲ့ ဖြတ်လေးဖြတ် မဟာဗျူဟာကို သုံးခဲ့တယ်။ ကျွန်တော်တို့ အမြဲတမ်း ထွက်ပြေးနေခဲ့ရတယ်။ အဲဒီတုန်းက ကျွန်တော်တို့ တောင်ယာ လှည့်ပတ် စိုက်ပျိုးတာရော၊ လယ်ကွင်းတွေထဲမှာ စပါးစိုက်တာရော နှစ်မျိုးလုံး လုပ်ခဲ့ကြတယ်။ ကျွန်တော်တို့ တောင်တွေပေါ် ကနေ သွားလိုက်ပြန်လိုက် ပြေးလွှားနေခဲ့ကြရပြီး နောက်ဆုံးတော့ ၁၉၉၇ မှာ မယ်လအူးဒုက္ခသည်စခန်းကို ရောက်သွားခဲ့တယ်။ ကျွန်တော့်မှာ မြေတွေ အများကြီး ရှိခဲ့တယ်၊ လေးကွက်… ကျွန်တော် ခန့်မှန်းရမယ်ဆိုရင် စုစုပေါင်း ဧရိယာက ဧက (၂၀) လောက်ရှိလိမ့်မယ်။ အားလုံး အခု ရေအောက်ရောက် ကုန်ပြီ။ ပဋိပက္ခ မရှိတော့တဲ့ ၂၀၁၄ ခုနှစ် လောက်မှာ ကျွန်တော်တို့ ရွာနေရာ ကို ပြန်လာခဲ့ကြတယ်။ ဘယ်သူမှ ကျွန်တော်တို့ကို ဒီမှာ ပြန်လာပြီး အခြေချ နေထိုင်ဖို့ တိုက်တွန်းခဲ့တာ မရှိဘူး။ မယ်လမှာ နေရတာက သက်သောင့် သက်သာရှိပါတယ်။ ကျွန်တော်တို့ ရွာဟောင်းက မြေတွေ အကုန်လုံး မရှိ တော့ဘူးဆိုတာ (ပြန်နှင့်သူတွေဆီက) ကျွန်တော်တို့ သိပြီးသား။ ဒါပေမဲ့ ကျွန်တော်တို့ ဒီမှာပဲ ပြန်လာပြီး နေချင်ခဲ့တယ်… ရွာဟောင်းမှာ နေခဲ့တဲ့ လူ တော်တော်များများက အခု တခြားနိုင်ငံတွေကို ရောက်နေကြပြီ။ ကျွန်တော့် မှာလည်း (တခြားနိုင်ငံကို) သွားဖို့ အခွင့်အရေးရှိခဲ့တယ်၊ ဒါပေမဲ့ ကျွန်တော် နိုင်ငံခြားကို မသွားချင်ခဲ့ဘူး။ ကျွန်တော်က ကိုယ့်နေရာမှာပဲနေချင်တာ။47
အရှေ့တောင်အာရှ တစ်ဝန်းလုံးတွင် ပေါ်ပေါက်လာသော အကြီးစား ရေအားလျှပ်စစ်ဆည် ပရောဂျက်များ သည် အလွန်အမင်း အငြင်းပွားဖွယ်ရာဖြစ်ပြီး ၎င်းတို့နှင့် ဆက်စပ်နေသော ကြီးမားကျယ်ပြန့်သည့် မြေယာများမှ နှင်ထုတ်ခံရခြင်း၊ အတင်းအဓမ္မ နေရပ် ရွှေ့ပြောင်းခံရ ခြင်းနှင့် ဆိုးရွားလှသော ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးဆက်များကြောင့် အငြင်းပွားမှုများကို မကြာခဏဖြစ်ပွားစေသည်။48 ကမ္ဘာပေါ်ရှိ အခြားဒေသများတွင် ဖော်ပြခဲ့ပြီးဖြစ်သည့်အတိုင်း49 ကစယ်လားရှိ ကရင်ကျေးရွာသားများ၏ ဘိုးဘွားပိုင်မြေများကို KNU နှင့် စစ်ဘက် နိုင်ငံ တော်နှစ်ဦးစလုံးက တည်ရှိဆဲ ဘဝနေထိုင်မှု ပုံစံများကို ဖျောက်ဖျက်ခြင်းဖြင့် နယ်မြေ ထိန်းချုပ်မှုအတွက် အပြိုင်အဆိုင်ကြိုးပမ်းရာ သယံဇာတ ထုတ်ယူမှု နယ်စပ်တစ်ခုအဖြစ်သို့ ပြောင်းလဲခံခဲ့ရသည်။ ဆည်တည်ဆောက်မှုသည် ဒေသခံ ပြည်သူများကို ၎င်းတို့၏ အိမ်များနှင့် လယ်ယာမြေများနှစ်ခုလုံးမှ နှင်ထုတ်ခြင်းဖြင့်သာ ဖြစ်နိုင်ခဲ့ပြီး ၎င်းကို KNU အား “အင်အား ချည့်နဲ့စေရန် သို့မဟုတ် ဖယ်ရှားပစ်ရန်” အတွက် နယ်မြေ သတ်မှတ်မှုဆိုင်ရာ မဟာဗျူဟာ ကိရိယာတစ်ခုအဖြစ် အသုံးပြုခဲ့သည်။50 အကြမ်းဖက် ပဋိပက္ခ၊ နယ်မြေ သတ်မှတ်မှုနှင့် ဗဟို အစိုးရ၏ တိုင်းရင်းသား လူမျိုးများအပေါ် ဖြစ်ပေါ်ဆဲ နှင်ထုတ်ခြင်းနှင့် ခေါင်းပုံဖြတ်ခြင်းတို့၏ ပိုမို ကျယ်ပြန့်သော သမိုင်းကြောင်းအတွင်း တည်ရှိနေသော ဤဆည်ကို “တစ်ဆစ်ချိုးပြောင်း လဲမှု”တစ်ခုအဖြစ် တွေ့ကြုံ ခံစားခဲ့ရပြီး အကြမ်းဖက်မှုသည် ထိုလုပ်ငန်းစဉ်၏ မရှိမဖြစ် အစိတ် အပိုင်းတစ်ခုအဖြစ် ပါဝင်ကာ ဒေသခံ ပြည်သူများ၏ တည်ရှိမှုနှင့် ပိုမို ကျယ်ပြန့်သော မြေနှင့် ၎င်းတို့၏ ဆက်သွယ်မှုကို ဖျောက်ဖျက်ပစ်ခဲ့သည်။
ရွှေကျင်ဆည်မှ ကစယ်လားပြည်သူများ၏ ဘဝများအပေါ် ဆိုးရွားလှသော သက်ရောက် မှုသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု၏ တစ်ဆစ်ချိုးအပြောင်းအလဲနှင့် ရာသီဥတု ပြောင်းလဲမှု၏ တိုးပွားလာသော သက်ရောက်မှုများကို ၎င်းတို့ရင်ဆိုင်ဖြေရှင်းရန် ကြိုးပမ်းပုံကို ဆက်လက် သက်ရောက်မှု ရှိနေသည်။ ဆည်တည်ဆောက်မှုသည် နာတာရှည် အကျပ်အတည်းတစ်ခု၏ အထွတ်အထိပ်ကို လည်းကောင်း၊ မြေယာနှင့် လူများ၏ အသက်မွေးဝမ်းကျောင်းမှုများအပေါ် နောက်ဆက်တွဲ ပြောင်းလဲမှုများအတွက် အရှိန်မြှင့်ပေးသည့် အရာကို လည်းကောင်း ကိုယ်စား ပြုခဲ့သည်ဟု ကျွန်ုပ် အကြံပြုသည်။ ဤအခြေအနေတွင် ၂၀၂၁ အာဏာသိမ်းမှုသည် ရန်ကုန်ကဲ့ သို့သော နေရာများတွင် နေထိုင်သူများအတွက် ဖြစ်ခဲ့သလောက် ကစယ်လား ကျေးရွာသားများ အတွက် သိသိသာသာမဖြစ်ခဲ့ပါ။ ထိုသို့ မဟုတ်ဘဲအာဏာသိမ်းမှုသည် ကျေးရွာသားများ၏ ဘဝများနှင့် ၎င်းတို့ ကြာမြင့်စွာမှီခို ရှင်သန်ခဲ့ရသော ရိုးရာအသက်မွေးဝမ်းကျောင်းမှုများကို တဖြည်းဖြည်း ယိုယွင်း ပျက်စီးစေခဲ့သော ဆယ်စုနှစ်များစွာကြာ ထပ်တလဲလဲ ဖြစ်ပေါ်သော တစ်ဆစ်ချိုးပြောင်းလဲမှုနှင့် ဖြည်းညင်းသော အကြမ်းဖက်မှု တို့၏ အပေါ်တွင်တည်ရှိနေသည်။ ရာသီဥတု ပြောင်းလဲမှု၊ အပူချိန် တိုးလာမှု၊ မူမမှန်သော မိုးရွာသွန်းမှုနှင့် သီးနှံအထွက်နှုန်းကို ထိခိုက်စေသော ပိုးမွှားများအကြောင်း ဒေသခံများနှင့် ကျွန်ုပ်၏ စကားပြောဆိုမှုများတွင် ၎င်းတို့၏ ရှင်သန်ရပ်တည်ရေးအကြောင်း တွေးခေါ်မှုကို ထိခိုက်စေသော အဓိက ပြတ်တောက် စေသည့် ဖြစ်ရပ်အဖြစ် ဆည်၏ အကြောင်းအရာသည် အကြိမ်ကြိမ်ပေါ်ပေါက်လာခဲ့သည်။
စကားဝိုင်းများတွင် အများအားဖြင့် ကြားရလေ့ရှိသော အခြားစိုးရိမ်ပူပန်မှုတစ်ခုဖြစ် သည့် စားနပ်ရိက္ခာ မလုံခြုံမှုသည် ဆည်၊ အာဏာသိမ်းမှု၊ ရာသီဥတုပြောင်းလဲမှုများနှင့် ဆက်စပ်နေခဲ့သည်။ ဆည်၏ ရေလှောင်ကန် အသစ်ရေလွှမ်းမိုးမှုကြောင့် ကျေးရွာသားများတွင် ရိုးရာ တောင်ယာ လှည့်ပတ် စိုက်ပျိုးခြင်းနှင့် သစ်သီးခြံများ စိုက်ပျိုးခြင်းတို့အတွက် နေရာ အလွန် အကန့်အသတ်ရှိလာသည်။ သဘာဝ မြေဩဇာ ကောင်းသော လယ်ကွင်းများ နှင့် သစ်သီးခြံများရေမြုပ်သွားမှုက တစ်သမတ်တည်း မရှိသောသီးနှံအထွက်များ ကိုသာ ထုတ်ပေး နိုင်သည့် မတည်ငြိမ်သောတောင်ပေါ် တောင်ယာ စိုက်ပျိုးမှု စနစ်သစ်တစ်ခုအတွင်းသို့ လူမှု အသိုက်အဝန်းများကို တွန်းပို့ခဲ့ပုံကို ကျွန်ုပ် မျက်မြင် တွေ့ရှိခဲ့ရသည်။ လူမှုအသိုက်အဝန်း၏ နေ့စဉ် လုပ်ငန်းဆောင်တာများတွင် ပါဝင်ခြင်းမှတစ်ဆင့် ဆည်နှင့် တောင်ကျချောင်းများ နှစ်ခုလုံးတွင် ငါးကောင်ရေ ကျဆင်းလာခြင်း၊ တောရိုင်း တိရစ္ဆာန်များ၏ နေရင်းဒေသများကို ဖျက်ဆီးခဲ့ပြီး အမဲလိုက်အခွင့်အလမ်းများကို လျော့နည်းစေခဲ့သော သစ်တော ပြုန်းတီးမှု၊ နှင့် ရိုးရာ ငါးဖမ်း နေရာများကို ပပျောက်စေခဲ့သော ချောင်းရေ ခန်းခြောက်မှုတို့ ပါဝင်သည့် တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေသော ဂေဟစနစ် ဆိုင်ရာ ပြတ်တောက် ပျက်စီးမှုများကိုလည်း ကျွန်ုပ် မြင်တွေ့နိုင်ခဲ့သည်။ ဖြေဆိုသူ တစ်ဦး က ကျွန်ုပ်ကို ပြောကြားခဲ့သည်မှာ “(အရင်ကနဲ့ ယှဉ်ရင် ရွာနားတစ်ဝိုက်က) ချောင်းတွေတဖြည်းဖြည်း ပျောက်ကွယ် လာတယ်၊ နောက်ဆို လူတွေ သောက်ရေ အခက်အခဲဖြစ်မှာကို ကျွန်တော် စိုးရိမ်တယ်”51 ဟူ၍ ဖြစ်သည်။ သီးနှံများ မအောင်မြင်ခြင်း အကြောင်း ကျေးရွာသားများကို ကျွန်ုပ် အင်တာဗျူး ပြုလုပ်သောအခါ ရိုးရာ သယံဇာတ ရှာဖွေမှုအပေါ် အားကိုးမည့်အစား ရွှေတူးဖော်ခြင်းတွင် နေ့စား အလုပ်ထွက်ရှာ ရခြင်း သို့မဟုတ် ငွေချေး၍ ဆန်ဝယ်ရခြင်းများသို့ အတင်းအကျပ်ရောက်ရှိခဲ့ရပုံကို ၎င်းတို့က တစိုက်မတ်မတ်ဖော်ပြခဲ့ကြသည်။ ၎င်းက ကြီးမားသော ပတ်ဝန်းကျင်ဆိုင်ရာ ဝင်ရောက်စွက် ဖက်မှုများက အဓိက စိုက်ပျိုးရေး စနစ်များနှင့် ကျွန်ုပ်က ၎င်းတို့ အသုံးပြုလိမ့်မည်ဟု ကနဦး မျှော်လင့်ထားခဲ့သော အရေးပေါ် တစ်နိုင်တစ်ပိုင် ရှင်သန်မှု နည်းလမ်းများ နှစ်မျိုးလုံးကို ဖျက်ဆီးခြင်းဖြင့် လူမှုအသိုက် အဝန်းများကို စားနပ်ရိက္ခာ မလုံခြုံမှု သံသရာများထဲတွင် မည်သို့ ထောင် ချောက်ဆင်နိုင်ပုံကို ဖော်ထုတ် ပြသနေသည်။ ဖြေဆိုသူ တစ်ဦးက မှတ်ချက်ပြု ခဲ့သည်မှာ —
(ထီးသမဲ) ဆည်ဆောက်ပြီးနောက်မှာ နေ့ကောင်းတွေ ပျောက်ဆုံးသွားခဲ့ တယ်… (ဆည် မဆောက်ခင်က) ရွှေကျင် ချောင်း ကမ်းပါးတစ်လျှောက်မှာ ရွာသူရွာသားတွေရဲ့ လယ်ကွင်းတွေ ရှိခဲ့တယ်… ရွှေကျင်ချောင်းနားက လယ် ကွင်းတွေ… ပျောက်ကုန်ပြီ။ ရွာဟောင်းက လူတွေအားလုံး တောင်ပေါ်မှာ ရောက်နေကြပြီ။”52
ဘဲရ်ဒ်နှင့် သောန်းတို့က ကမ္ဘောဒီးယားနိုင်ငံအတွက် ဖော်ပြခဲ့သကဲ့သို့ပင် ဆည်ရေလျှံမှုများ သည် အသက်မွေးဝမ်းကျောင်းမှုများကို ပြင်းထန်စွာ ထိခိုက် ပြီး ပြန်လည် ပုံဖော်ပေးသည့် စုပုံလာသောနှင့် ဆင့်ကဲ ဖြစ်ပေါ်သော ဂေဟ စနစ်ဆိုင်ရာ အကျိုးသက်ရောက်မှုများ ရှိသည်။53 ကရင် ကျေးရွာသားများတွင် ဤအရာသည် ပဋိပက္ခနှင့် ရာသီဥတု ပြောင်းလဲမှုတို့နှင့် ထပ်မံ၍ အပြန်အလှန် သက်ရောက်နေသည်။
မူမမှန်သော ရာသီဥတု ပုံစံများ၊ အထူးသဖြင့် မိုးရွာသွန်းမှုသည် စိုက်ပျိုးရေး ထုတ် လုပ်နိုင်စွမ်းကို ထိခိုက်မှုရှိခဲ့သည်။ အချို့နှစ်များတွင် တောင်သူများသည် မိသားစု စားသုံးမှု အတွက် ဆန်စပါး လုံလောက်စွာ မရှိကြဘဲ ၎င်းတို့၏ သစ်သီးပင်များကလည်း အရင်က လောက် သစ်သီးများစွာ မသီးကြတော့ပေ။ ကျေးရွာသားများသည် ကြက်နှင့် ဝက်များကို ဆက်လက် မွေးမြူကြပြီး အချို့က အမဲလိုက်ခြင်းကို ဆက်လက်ပြုလုပ်ကြသော်လည်း အသား စားသုံးမှုသည် စပါးစိုက်ပျိုးရန်မြေယာ ပြင်ဆင်ခြင်းနှင့် သက်ဆိုင် သောရိုးရာ ထုံးတမ်းများ ကဲ့သို့သောအထူး အခါသမယများနှင့် ပွဲလမ်းသဘင် များအတွက်သာဖြစ်သည်။ အမဲလိုက်ရန် တောရိုင်း တိရစ္ဆာန်များ ပျောက်ကွယ် လာနေပုံကိုလည်း ကျွန်ုပ်စကားပြောခဲ့သူများက ပြောပြ ကြသည်။ ကလေး နှစ်ယောက် ဖခင်၊ အသက် (၃၀) အရွယ် ကော်တာစေးက ရာသီဥတု ပြောင်းလဲမှု၊ ပိုးမွှားများ တိုးပွားလာမှု၊ မြေဩဇာ ဈေးနှုန်းများ မြင့်တက်လာမှု၊ နှင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြို့များသို့ သွားလာရန် အခက်အခဲများတို့၏ ပေါင်းစပ် သက်ရောက်မှုများကြောင့် ကစယ်လားမှ လူများ ရင်ဆိုင်နေရသောအခက်အခဲများကို ဤသို့ ထုတ်ဖော် ပြောကြားခဲ့သည်။
ကျွန်တော် အရမ်းငယ်ငယ်လေးကတည်းက မိဘတွေရဲ့ မြေပေါ်မှာ တောင် ယာလှည့်ပတ်စိုက်ပျိုးတဲ့ အလုပ်ကို လုပ်လာခဲ့တာ၊ အရင်ဆုံး မိဘတွေနဲ့ အတူ၊ ပြီးတော့ အိမ်ထောင်ကျပြီးနောက် ကိုယ့်မိသားစုနဲ့ အတူပေါ့။ ကျွန်တော်က စပါး၊ သံပုရာသီးနဲ့ ပဲတွေ စိုက်တယ်။ နောက်လာမယ့်နှစ် မှာတော့ ဒူးရင်းသီးနဲ့ ကွမ်းသီးစိုက်မယ်။ ဒါပေမဲ့ မကြာသေးမီနှစ်တွေမှာ ကျွန်တော်တို့ ယာခင်းမှာ ပြဿနာတွေ ပိုများလာတယ်၊ ကြွက်တွေ၊ ပုရွက်ဆိတ်တွေလိုမျိုး ပိုးမွှားတွေ ပိုများလာတာလိုပေါ့။ သူတို့က အပင် တွေကို ဖျက်ဆီးတယ်။ တကယ်ကို ခက်ခဲပါတယ်။ အရင်တုန်းကပိုးမွှား သိပ် မရှိဘူး။ ဒါပေမယ့် အခု အရမ်းများနေတယ်။ ကျွန်တော်တို့ ဒါကိုဖြေရှင်းလို့ မနိုင်ဘူး။ … တစ်ခုတည်းသော ဖြေရှင်းနည်းကတော့ မြို့ပေါ်ကနေ ပိုးသတ် ဆေးနဲ့ ဓာတ်မြေဩဇာတွေ ပိုဝယ်ရတာပဲ၊ ဒါကလည်း အရမ်းဈေးကြီးတယ် (ဘာလို့လဲဆိုတော့ သွားလာရတာ ကန့်သတ်ခံထားရပြီး အာဏာသိမ်းပြီးက တည်းက ဈေးတွေတက်လာလို့)။ ရွာက လူတိုင်းက ဓာတုဓာတ်မြေဩဇာ ဘာမှ မသုံးဘဲ ရိုးရာနည်းလမ်းအတိုင်းဆက်ပြီး စိုက်ပျိုးဖို့ ကြိုးစားကြတယ်၊ ဒါပေမဲ့ အဲဒါက ပိုးမွှားပြဿနာကို မဖြေရှင်းနိုင်ဘူး။54
ကော်တာစေးက ထပ်လောင်း ရှင်းပြသည်မှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ပဋိပက္ခများ တိုးမြှင့်လာချိန် ကတည်းက ကစယ်လားရှိ လူအများအပြားအတွက် စိုက်ပျိုးရေးလုပ်ကိုင်ခြင်း သည် အလွန်အန္တရာယ်များလာခဲ့သည်ဟူသည့် အချက်ဖြစ်သည်။ သူ၏ မိဘပိုင်မြေသည် ယခု အခါ တိုက်ပွဲဖြစ်ပွားနေသော ဇုန်အတွင်း ရောက်ရှိနေပြီး ထိုနေရာတွင် မြေမြှုပ်မိုင်းများ ရှိနိုင်သည်ဟု သူက ရှင်းပြခဲ့သည်။ “ကျွန်တော့်မှာ အဲဒီသွားပြီး အဆုံးရှုံးခံဖို့ ခြေထောက် အပို မပါဘူး” ဟု သူက အကျယ်ကြီး ရယ်မောရင်းနောက်ပြောင်ခဲ့သည်။ သူက ဆက်ပြောသည်မှာ —
အာဏာမသိမ်းခင်တုန်းက ကျွန်တော်တို့ ရွာကို လာပြီး ကျွန်တော်တို့ စိုက်တဲ့ သစ်သီးတွေကို လာဝယ်တဲ့ပွဲစားတွေ ရှိခဲ့တယ်။ အခုတော့ လမ်းတွေက ပိတ် သွားပြီ။ သူတို့လည်း မလာကြတော့ဘူး။ ကျွန်တော်တို့ သစ်သီးတွေ ရောင်း လို့ မရတော့ဘူး။ တောင်ပေါ်ဒေသက လူတွေလည်း ပြောင်းလဲလာကြတယ်။ သူတို့ အချင်းချင်းအရင်ကလို အကူအညီ မပေးကြတော့ဘူး။ ဘာကြောင့်လဲ တော့ ကျွန်တော်မသိဘူး။ ယဉ်ကျေးမှုက ပြောင်းလဲနေပြီ။ အရင်တုန်းကဆို လူတွေက မျိုးစေ့ပျိုးကြတဲ့အခါ အချင်းချင်း ကူညီကြတယ်။ အခုတော့ သူတို့ အချင်းချင်း ကူညီတာတဖြည်းဖြည်း နည်းနည်းလာကြပြီ။ လူတွေက လယ် ယာထဲမှာ အတူတူပျော်ပျော်ရွှင်ရွှင် အလုပ် မလုပ်ကြတော့ဘူး။ အရင်တုန်း ကအခြေအနေက ကောင်းတာ မဟုတ်ခဲ့ပေမယ့် လူတွေမှာ အချင်းချင်းအ ပေါ် စေတနာရှိခဲ့ကြတယ်။ အခုလူတွေက အချင်းချင်းအပေါ် စေတနာနည်း လာကြပြီ။55
ဤကိုးကားချက်တွင် ထင်ဟပ်နေသည့်အတိုင်း ထပ်တလဲလဲဖြစ်ပေါ်သော တစ်ဆစ်ချိုး ပြောင်းလဲမှုများ၏ သမိုင်းကြောင်းသည် လူများ၏ အသက်မွေးဝမ်းကျောင်းမှုများကို ထိခိုက် စေခဲ့ရုံသာမက လူမှုဆက်ဆံရေးများကိုပါ အက်ကွဲစေခဲ့သည်။ စစ်ပွဲများသည် သဘာဝတရား နှင့် ယဉ်ကျေးမှုတို့အပေါ် ထားရှိသော ကျွန်ုပ်တို့၏ တန်ဖိုးထားမှုများအပေါ် ပြောင်းလဲမှု တစ်ခုကို မကြာခဏ ဖြစ်ပေါ်စေပြီး လူသားနှင့် ပတ်ဝန်းကျင်အကြား အသွင်ပြောင်းသွားသော အပြန်အလှန် ဆက်ဆံရေးတစ်ခုကို ဖြစ်ပေါ်စေသည်ဟု ပါ့ခ်က ထောက်ပြ ငြင်းဆိုထားသည်။56 ကစယ်လားတွင် ပဋိပက္ခနှင့် နိုင်ငံတော်၏ နယ်မြေသတ်မှတ်မှုနှင့် သယံဇာတနယ်စပ်အတွင်း သို့ အရင်းရှင်စနစ်ချဲ့ထွင်မှု၏ ပရောဂျက်တစ်ခုဖြစ်သော ရွှေကျင်ဆည်တို့သည်57 သိသာ ထင် ရှားသော ယဉ်ကျေးမှုနှင့် လူမှုရေးရာ ပျက်စီးမှုများကို ဖြစ်ပေါ်စေခဲ့ပြီး လူသားနှင့် လူသား မဟုတ်သော သက်ရှိတို့၏ တဖြည်းဖြည်း ယိုယွင်းပျက်စီးမှုသို့ ဦးတည်စေခဲ့သည်။ အာဏာ သိမ်းပြီးနောက် မတရားဖမ်းဆီးထိန်းသိမ်းမှုများ၊ လမ်းများပိတ်ထားခြင်းနှင့် ကြိုးကြားကြိုး ကြား လေကြောင်းတိုက်ခိုက်မှုများနှင့်အတူ အကြမ်းဖက်မှုနှင့် မလုံခြုံမှုတို့ တိုးလာခဲ့သည်။ ကျေးရွာသည် ပိုမိုသီးခြားဖြစ်လာခဲ့သည်။ ကစယ်လား ကျေးရွာသားများ တွေ့ကြုံခံစားနေရ သော၊ အခါအားလျော်စွာပိုမိုမြင်သာသော အကျပ်အတည်းများအဖြစ်သို့ မကြာခဏ ဆိုသလို ပုဂ္ဂိုလ်ရေး သို့မဟုတ် အိမ်ထောင်စုအဆင့်တွင် ပေါက်ကွဲထွက်ပေါ်လေ့ရှိသည့် တည်တံ့ခိုင်မာ နေသော ပြင်းထန်မှုနည်းပါးသည့် ပဋိပက္ခနှင့် ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုသည် မီးခဲကဲ့သို့ လောင်ကျွမ်းနေသော စပါးခွံမီးမှ တစ်ဆစ်ချိုးပြောင်းကာ ဝုန်းခနဲထတောက်လိုက်သည်နှင့် တူ နေသည်။ ကြာရှည်သော နေရပ်ရွှေ့ပြောင်းခံရမှုနှင့် ဂေဟစနစ် ပျက်စီးမှုတို့ဖြင့် လက္ခဏာရပ် ပေါ်လွင်နေသောဖြည်းညင်းသည့် အကြမ်းဖက်မှုသည် လူမှုအသိုက်အဝန်း၏ ထိခိုက်လွယ် သော အခြေအနေများကို ပိုမိုဆိုးရွားစေပြီး ဒုက္ခဆင်းရဲမှုနှင့် မတည်ငြိမ်မှု သံသရာတစ်ခုသို့ ဦးတည်စေကာ ၎င်းက ကျေးရွာသားများအတွက် ဒေသတွင်းရှိ ရာသီဥတု ပြောင်းလဲမှု သက် ရောက်မှုများအကြား ထိရောက်စွာလိုက်လျောညီထွေ နေထိုင်နိုင်ရန် ခက်ခဲစေသည်။
ထီးဟီးတွင် စားကျက်မြေများ ဆုံးရှုံးခဲ့ရခြင်း
ထီးဟီးကျေးရွာသည် စစ်တောင်းမြစ်ကမ်းပါးတစ်လျှောက် မြေပြန့်ဒေသတွင် တည်ရှိသည်။ ကစယ်လားရွာကဲ့သို့ပင် ၎င်းရွာတွင်လည်း ခရစ်ယာန် စကောကရင်များ အဓိကနေထိုင်ကြပြီး ထိုနေရာတွင် အခြေချ၍ ဒေသခံများနှင့် လက်ထပ်ခဲ့ကြသော ဗမာလူမျိုး အနည်းငယ်လည်း ရှိသည်။ ၎င်းရွာတွင် အိမ်ထောင်စု (၂၀၀) ခန့်ရှိပြီး နေထိုင်သူအများစုမှာ အဓိက သီးနှံများအဖြစ် ဆန်စပါးနှင့် ပဲတို့ကို စိုက်ပျိုးကာ လယ်ယာစိုက်ပျိုးခြင်းဖြင့် မိမိကိုယ်ကို ရပ်တည်ကြသည်။ ပတ်ဝန်းကျင်ဒေသများရှိ လက်နက်ကိုင် ပဋိပက္ခသည် ၂၀၀၀ ပြည့်နှစ်အထိကျေးရွာကို မကြာ ခဏ အနှောင့်အယှက်ပေးခဲ့ကာ ထိုနှစ်တွင် KNLA နှင့် မြန်မာ စစ်တပ်တို့အကြား တိုက်ပွဲ များပိုမို နည်းပါးလာခဲ့ပြီး စစ်တပ်က အလုံးစုံ ထိန်းချုပ်မှုကို ထူထောင်ခဲ့သည်။ ၂၀၁၄ နှင့် ၂၀၂၁ ခုနှစ်အကြား ကျေးရွာသည် မြန်မာ စစ်တပ်၏ တိုက်ရိုက် ပါဝင်ပတ်သက်မှုလျော့ကျသွားသည့် အသွင်အပြင်ပါသော စပ်ပေါင်း ဒီမိုကရေစီစနစ်တစ်ခုကို တွေ့ကြုံခဲ့ရသည်။ ကျေးရွာသည် မြန်မာ အစိုးရကျောင်းပညာရေးကဲ့သို့သော ဗဟိုအစိုးရဝန်ဆောင်မှုများကို ရရှိခဲ့သော်လည်း KNU ကမူ ၎င်းတို့၏ တည်ရှိမှုကို ဆက်လက် ထိန်းသိမ်းထားခဲ့သည်။ ၂၀၂၁ အာဏာသိမ်းပြီး နောက် KNLA နှင့် PDF များက ကျေးရွာကို ထိန်းချုပ်လိုက်သည့် ၂၀၂၂ ခုနှစ်အထိ စစ်တပ်က ကျေးရွာကို အများစုထိန်းချုပ်ခဲ့သည်။
ထီးဟီးကျေးရွာသည် တော်လှန်ရေး တပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွား ပြီးနောက် ကျွန်ုပ်၏ ကွင်းဆင်းသုတေသနကာလအတွင်း အပါအဝင် မြန်မာစစ်တပ်၏ မကြာ ခဏ နေ့စဉ်နီးပါး လက်နက်ကြီး တိုက်ခိုက်မှုများ၏ ဒဏ်ကို ခံခဲ့ရသည်။ အောက်တွင် ကျွန်ုပ် ပိုမိုဆွေးနွေးမည့်အတိုင်း အာဏာသိမ်းမှုက ထုတ်လွှတ်လိုက်သော အကြမ်းဖက်မှုသည် ကျေးရွာသားများ၏ ဘဝများကို သိသိသာသာပြောင်းလဲစေခဲ့သည်။ သို့သော် ရာသီဥတုနှင့် တောင်သူများ ရင်ဆိုင်နေရသောအခြား စိန်ခေါ်မှုများအပါအဝင် တစ်ဦးချင်း အိမ်ထောင်စုများ ၏ ဘဝများအကြောင်း ကျွန်ုပ် စုံစမ်း မေးမြန်းသောအခါ ဤအရာသည် ၎င်းတို့၏ ပထမဆုံး “တစ်ဆစ်ချိုး ပြောင်းလဲမှု” အတွေ့အကြုံမဟုတ်ကြောင်း ကျွန်ုပ်နားလည်ခဲ့ရသည်။ ထိုသို့ မဟုတ်ဘဲ ရေရှည်အကြမ်းဖက်မှု သံသရာ၊ ပဋိပက္ခနှင့် ထပ်တလဲလဲ ဖြစ်ပေါ်သော တစ်ဆစ် ချိုးအပြောင်းအလဲများသည် ထီးဟီးမှ လူများအတွက် ဘဝ၏ကြုံတွေ့နေကျ ဖြစ်ပေါ်ဆဲ အသွင်အပြင်တစ်ခု ဖြစ်ခဲ့သည်။ ထီးဟီးရှိ လူများနှင့် ကျွန်ုပ်၏ စကားဝိုင်းအားလုံးတွင် ထပ် တလဲလဲ ပေါ်ပေါက်လာသော အကြောင်းအရာများထဲမှ တစ်ခုမှာ စားနပ်ရိက္ခာ ဖူလုံမှုနှင့် ၁၉၉၀ ပြည့်လွန်နှစ်များက ကျေးရွာ၏ အရေးကြီးသော စားကျက်မြေများ ဆုံးရှုံးခဲ့ရမှုက ၎င်းတို့၏ လက်ရှိရှင်သန်ရပ်တည်မှုအပေါ် မည်သို့ထိခိုက်နေသနည်းဆိုသည့် အချက်ဖြစ် သည်။ အတိတ်က အကြမ်းဖက် ပဋိပက္ခများ ဖြစ်ပွားသည့်အခါ ၎င်းတို့၏ အခြေခံလိုအပ် ချက်များအတွက် ထိုစားကျက်မြေကို ၎င်းတို့ အမြဲတမ်းအားကိုးနိုင်ခဲ့ပုံကို လူများက ကျွန်ုပ်အား ရှင်းပြခဲ့ကြသည်။ သို့သော် ဤမြေများဆုံးရှုံးခဲ့ရမှုကြောင့် ယခုမျက်မှောက်ခေတ်တွင် ပဋိပက္ခ ကို ကြံ့ကြံ့ခံရန်ပိုမို ခက်ခဲလာခဲ့သည်။
“ဘောင်းဘီတိုတပ်” ဟု လူသိများသော (၎င်းတို့ ဘောင်းဘီတိုများ ဝတ်ဆင်သော ကြောင့် ထိုသို့ ခေါ်တွင်ခြင်းဖြစ်) စစ်တပ်နှင့် နှီးနွှယ်သော ပြည်သူ့စစ်အဖွဲ့တစ်ခုက ဒေသတွင်း ၌ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ပြီး ထင်တိုင်း ကြဲခဲ့ချိန်တွင် ကျေးရွာသည် ၎င်း၏ စားကျက်မြေကို ဆုံးရှုံးခဲ့ရသည်။ ထိုပြည်သူ့စစ်အဖွဲ့သည် အဆောက်အအုံများကို မီးရှို့ခဲ့ပြီး နောက် KNU/KNLA ဩဇာလွှမ်းမိုးမှုအောက်ရှိ အငြင်းပွားဖွယ်ရာ နေရာများကို နယ်မြေ သတ်မှတ် ထိန်းချုပ်ရန် စစ်တပ်၏ မဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ထီးဟီး စားကျက်မြေကို သိမ်းပိုက်ခဲ့ပြီး အခြားကျေးရွာများမှ လူစိမ်းများကို ထိုစားကျက်မြေသို့ ပြန် လည်နေရာချထားခဲ့သည်။ KNLA သည် စားကျက်မြေ၏ သစ်တောထူထပ်သော အစိတ်အပိုင်း များကို မြန်မာစစ်သားများအား ချုံခိုတိုက်ခိုက်ရန် အသုံးပြုခဲ့သောကြောင့် ဤသို့အားဖြင့် စစ်တပ်က ကျေးရွာ၏စားကျက်မြေကို သိမ်းယူခြင်းသည် KNU/KNLA ကို အကျိုးပြုသို့မဟုတ် ပံ့ပိုးနေသော နေရာများ၏ အရွယ်အစားကို လျှော့ချရန် ကြိုတင်တွက်ချက်ထားသောနယ်မြေ သတ်မှတ်ထိန်းချုပ်မှု၏ ဥပမာတစ်ခု ဖြစ်ခဲ့သည်။ ဤလုပ်ငန်းစဉ်သည် ဒေသခံ ပြည်သူများကို ၎င်းတို့၏ (ပိုင်ဆိုင်မှုများမှ) နှင်ထုတ်ခဲ့ရုံသာမက ၎င်းတို့ကို စားကျက်မြေ၏ အခြားအစိတ် အပိုင်းများတွင် သစ်တော ရှင်းလင်းခြင်းနှင့် နေအိမ်အဆောက်အအုံသစ်များ တည်ဆောက် ခြင်းတို့တွင် အတင်းအဓမ္မ စေခိုင်းခဲ့သည်။ အကျိုးဆက်အားဖြင့် အချိန်ကြာလာသည်နှင့်အမျှ စားကျက်မြေသည် အခြေချနေထိုင်မှုအသစ်များနှင့် လယ်ယာမြေများ၏ မြေနေရာတစ်ခု အဖြစ်သို့ တဖြည်းဖြည်းပြောင်းလဲသွားခဲ့သည်။ အများစုမှာ ကရင်များ ဖြစ်သော်လည်း ၎င်းတို့ အထဲတွင် ဗမာအချို့ ပါဝင်သောအသစ် အခြေချနေထိုင်သူများသည် “ဘောင်းဘီတို” ပြည်သူ့ စစ်၏ ထိန်းချုပ်မှုအောက်တွင် နေထိုင်ခဲ့ကြရသည်။
ကျေးရွာသားများ၏ ပြောကြားချက်များအရ ၁၉၉၀ ပြည့်လွန်နှစ်များ အထိ စားကျက် မြေသည် သစ်တော ဧရိယာများ အပါအဝင်ခန့်မှန်းခြေ ဧက (၈၀၀) အထိ ကျယ်ဝန်းခဲ့သည်။ ၎င်းသည် ဗြိတိသျှကိုလိုနီခေတ်ကတည်းက (ဖြစ်နိုင်သည်မှာ ထိုမတိုင်မီကတည်းက) ထီးဟီး နှင့် အနီးတစ်ဝိုက် ကျေးရွာများ၏ အုပ်ချုပ်မှုအောက်တွင်ရှိခဲ့သည်။ ကျေးရွာသားများက ကျွန်ုပ် ကို ပြောကြားသည်မှာ လူတိုင်းသည်ဆေးဝါး၊ ဆေးဖက်ဝင် အပင်များနှင့် စားကျက်မြေ အတွင်း ရှိ ကန်မှ ငါးနှင့် သစ်တောထဲတွင် အမဲလိုက်ရသော အသားကဲ့သို့သော မရှိမဖြစ် အစား အစာများအတွက် ထိုစားကျက်မြေကို ရိုးရာ အစဉ်အလာအရ မှီခိုခဲ့ကြရသည် ဟူ၍ဖြစ်သည်။ ၎င်းတို့သည် လောင်စာ၊ အဆောက်အအုံ ပစ္စည်းများနှင့် ကျွဲနွားများ ကျောင်းရန်အတွက်လည်း စားကျက်မြေကို အားကိုးခဲ့ကြရသည်။ စားကျက်မြေ ဆုံးရှုံးခဲ့ရခြင်းသည် လူအများစုအတွက် ၎င်းတို့တွင်ယခုအခါ မရှိမဖြစ်လိုအပ်သော ကျက်စားမြေ မရှိတော့သောကြောင့် ၎င်းတို့၏ ကျွဲ၊ နွားများကို အဆုံးတွင် ရောင်းချလိုက်ရ ခြင်းမှတပါးအခြား ရွေးချယ်စရာ မရှိတော့ခြင်းကို လည်း ဆိုလိုခဲ့သည်။ ဤအချက်က ၎င်းတို့သည် ၎င်းတို့၏ လယ်ကွင်းများအတွက် သဘာဝ မြေဩဇာအဖြစ် နွားချေးကို အသုံးမပြုနိုင်တော့ဘဲ ထိုအစား ဆန်စပါး စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်းတို့အတွက် ဈေးကြီးသော ဓာတု မြေဩဇာ များနှင့် စက်များကို အားကိုးရန် တွန်းပို့ခဲ့သည်။ ထို့ကြောင့် စားကျက်မြေမှ နှင်ထုတ်ခံရခြင်းကြောင့် ဆယ်စုနှစ် နှစ်ခုအတွင်း ကျေးရွာသားများ၏ ဓလေ့ထုံးတမ်းဆိုင်ရာ စိုက်ပျိုးရေးနှင့် မြေယာအသုံးပြုမှုများသည် အခြေခံကျကျပြောင်းလဲသွားခဲ့ရသည်။ ၎င်းသည် ကျေးရွာသားများကို စားနပ်ရိက္ခာဖူလုံမှု ပေးစွမ်းခဲ့သော ရိုးရာစိုက်ပျိုးရေး အသက်မွေးဝမ်းကျောင်းမှုများကို ပြောင်းပြန် လှန်လိုက်သည့် သိသာသော တစ်ဆစ်ချိုးပြောင်းလဲမှုတစ်ခုအဖြစ် တွေ့ကြုံခံစားခဲ့ရသည်။
ထီးဟီးကျေးရွာ၏ ရုန်းကန်မှုသည် ဈေးကွက်လွတ်လပ်မှုနှင့် အရင်းရှင်စနစ် စုဆောင်းမှု လုပ်ငန်းစဉ်များ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ကုမ္ပဏီ သို့မဟုတ် အကြီးစား စီးပွားရေး ပရောဂျက်တစ်ခုကို ဆန့်ကျင်ခြင်း မဟုတ်ဘဲ ဓလေ့ထုံးတမ်း မြေယာပိုင်ဆိုင်မှုနှင့် ကရင်လူမျိုး များ၏ စိုက်ပျိုးရေး အသက်မွေးဝမ်းကျောင်းမှုနှင့် ဒေသခံ ယုံကြည်မှုစနစ်များ နှစ်မျိုးလုံး အတွက် ၎င်း၏ အရေးပါမှုကို လျစ်လျူရှုခဲ့သော စစ်ဘက် နိုင်ငံတော်၏ မြေယာများကို နယ်မြေ သတ်မှတ်ထိန်းချုပ်ခြင်းကို ဆန့်ကျင်ခြင်းဖြစ်သည်။ စားကျက်မြေမှ နှင်ထုတ်ခံရခြင်းတွင် အခြားများစွာသော အကျိုးဆက်များလည်းရှိခဲ့သည်။ လူငယ်အများအပြားသည် အခြားနေရာ များတွင် ပိုမိုရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းမှုများကို ရှာဖွေရန် ရွာမှထွက်ခွာ ရန် တွန်းအားပေး ခံခဲ့ရသည်ဟု ခံစားခဲ့ရပြီး ထိုင်း၊ မလေးရှားနှင့် အခြားနေရာများတွင် ရွှေ့ပြောင်း အလုပ်သမားများဖြစ်လာခဲ့ကြသည်။ အသက် (၂၂) နှစ်အရွယ် ထီးဟီးတွင် နေထိုင် သူတစ်ဦးက “ဒီရွာမှာ နှစ်ထပ်တိုက်တစ်လုံးကို ခင်ဗျား တွေ့တယ်ဆိုရင် အဲဒါ သူတို့ လယ် လုပ်လို့ ရတာမဟုတ်ဘူး၊ အဲဒါ နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ မိသားစုဝင်တွေ သူတို့မှာရှိလို့” ဟု ခြောက်ကပ်ကပ်မှတ်ချက်ပြုခဲ့သည်။ မြန်မာနိုင်ငံ၏ အခြား ဒေသများရှိ စိုက်ပျိုးရေးဆိုင်ရာ ပြောင်းလဲမှု၏ သက်ရောက်မှုများနှင့်ဆက်စပ်သော သုတေသနများကလည်း လူငယ်များ၏ အပြင်သို့ ရွှေ့ပြောင်းထွက်ခွာမှုနှုန်း မြင့်မားခြင်းကို မှတ်တမ်းတင်ထားသည်။58 ကျေးရွာသား များက ဖော်ပြသည်မှာ အတိတ်က လူငယ်များအခြားနေရာတွင် အလုပ်လုပ်ရန် ရွာမှ မထွက် ခွာမီ လူတိုင်းသည် စိုက်ပျိုးရာသီနှင့် ရိတ်သိမ်းရာသီများအတွင်း ၎င်းတို့၏ လုပ်အားကို စုပေါင်း ခြင်းဖြင့် အချင်းချင်းပံ့ပိုးခဲ့ကြပုံဖြစ်သည်။ သို့သော် စားကျက်မြေ ဆုံးရှုံးပြီးချိန်မှစ၍ မိသားစု များသည် မြေယာကို မှီခို၍ ဆက်လက် ရှင်သန်နိုင်ခြင်း မရှိတော့ပေ။
KNU နှင့် စစ်တပ်အကြား ၂၀၁၂ ပဏာမ အပစ်အခတ် ရပ်စဲရေးနှင့် မြန်မာနိုင်ငံရှိ အတော် အသင့် လွတ်လပ်ပွင့်လင်းလာသော နိုင်ငံရေး ရာသီဥတု၏ နောက်ပိုင်းတွင် ထီးဟီးကျေးရွာ နေထိုင်သူများသည် ၎င်းတို့၏ စားကျက်မြေကို ပြန်လည် ရယူနိုင်မည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော် ၂၀၁၀ ပြည့်လွန်နှစ်များအတွင်း ထီးဟီး စားကျက်မြေများသို့ ပြန်လည် နေရာချထား ခံခဲ့ရသော နေထိုင်သူအသစ်များကို မြန်မာအစိုးရက မြေယာလက်မှတ်များ ထုတ်ပေးခဲ့သည့် အခါ နှင်ထုတ်ခံရခြင်းသည် ပိုမိုဆိုးရွားလာခဲ့သည်။ ထီးဟီးကျေးရွာသားများက KNU ထံမှ အကူအညီရယူခဲ့သော်လည်း အဆိုပါအဖွဲ့အစည်းတွင် စားကျက်မြေအတွက်၎င်းတို့၏ တောင်း ဆိုမှုများကို ပံ့ပိုးကူညီရန် လုံလောက်သော ဩဇာအာဏာ မရှိခဲ့ပေ။ ထို့အပြင် ပြန်လည် နေရာချထား ခံရသူအများအပြားသည် စားကျက်မြေပေါ်တွင် အိမ်များ ဆောက်လုပ်ပြီး စီးနေ ပြီဖြစ်ကာ စပါးကိုလည်း တက်ကြွစွာ စိုက်ပျိုးနေပြီ ဖြစ်သည်ကို ထောက်ရှု၍ KNU အာဏာ ပိုင်များက ထီးဟီးနေထိုင်သူများကို အမုန်းတရား ပွားများစေခြင်းကို ရပ်တန့်ရန်နှင့် လူမှု အသိုက်အဝန်းကြား တင်းမာမှုများကို ဖန်တီးသော လုပ်ဆောင်မှုများမှ ရှောင်ကြဉ်ရန် အကြံ ပေးခဲ့သည်။ KNU က ပြောကြားသည်မှာ ပြန်လည်နေရာချထားခံရသော လူဦးရေက အိမ်သစ် များ မဆောက်သေးသော နေရာများတွင် စားကျက်မြေကို ပြန်လည် အသက်သွင်းရန် စီစဉ် ထားသည်ဟူ၍ ဖြစ်သည်။ ထီးဟီးနှင့် အခြားကျေးရွာများရှိ လူများ၏ ဆက်လက်ကြိုးပမ်းမှု များရှိနေသော်လည်း ၂၀၂၁ တွင် စစ်အုပ်ချုပ်ရေး ပြန်လည် စတင်ခြင်းမတိုင်မီတွင် ထိုမြေကို ပြန်လည်ရယူရန် ၎င်းတို့ ပျက်ကွက်ခဲ့ကြသည်။ ကျွန်ုပ်သည် ဦးသိန်းစိန် ဦးဆောင်သော အရပ် သားတစ်ပိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအစိုးရ (၂၀၁၁-၂၀၁၆) လက်ထက် နှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ (၂၀၁၆-၂၀၂၁) လက်ထက် နှစ်ခုလုံးတွင် မြေယာပြန်လည်ရယူရေးလုပ်ငန်းစဉ်၌ ပါဝင်ခဲ့သော မြေယာ လှုပ်ရှားသူတစ်ဦးနှင့် စကားပြောခဲ့သည်။ အာဏာပိုင်များကို ကျေးရွာသားများ၏ စိုးရိမ်မှုများ ကို နားထောင်စေရန်နှင့် ပြဿနာကို ဖြေရှင်းပေးရန်မှာ ဘယ်တုန်းကမှ မလွယ် ကူခဲ့ကြောင်း သူမက ပြောကြားခဲ့သည်။ အသစ်အခြေချနေထိုင်သူအချို့သည် အစိုးရထံမှ ပုံစံ (၇) မြေယာ လက်မှတ်များကို ရရှိပြီး ဖြစ်နေသောကြောင့် စားကျက်မြေများသည် အစိတ်စိတ်အမြွှာမြွှာ ခွဲခြမ်းခြင်းခံခဲ့ရပြီး ကုန်ပစ္စည်းများအဖြစ် ပုဂ္ဂလိကပိုင်အဖြစ်သို့ ပြောင်းလဲခံခဲ့ရသည်။59
“ဘောင်းဘီတို” တို့၏ ရန်စမှုကြောင့် စတင်ခဲ့သော တစ်ဆစ်ချိုး အပြောင်းအလဲနှင့် ၁၉၉၀ ပြည့်လွန်နှစ်များ၏ နှင်ထုတ်မှုနှင့် နေရာရွှေ့ပြောင်း မှုများသည် ထီးဟီးကျေးရွာကို သိသိသာသာ တည်ငြိမ်မှုပျက်ပြားစေခဲ့ပြီး ၎င်း၏ စီးပွားရေး အခြေခံကို တိုက်စားကာ လူမှုအသိုက်အဝန်းအတွင်း၌ ရေရှည်တည်တံ့သောနက်ရှိုင်းသည့် ထိခိုက်လွယ်သော အခြေ အနေများကို အမြစ်တွယ်စေခဲ့သည်။ ကျေးရွာသားများသည် ၎င်းတို့၏ မြေယာဆုံးရှုံးမှုနှင့် ရေရှည် မတည်တံ့သောစိုက်ပျိုးရေး လုပ်နည်းလုပ်ဟန် အသစ်များကို အတင်းအဓမ္မ ကျင့်သုံး လိုက်ရမှုတို့နှင့် ရုန်းကန်နေခဲ့ရသဖြင့် ၎င်းတို့၏ ကြံ့ကြံ့ခံနိုင်ရည်သည် ဆိုးရွားစွာ အားနည်း သွားခဲ့ပြီး နောက်ထပ် အကျပ်အတည်းအတွက် အခင်းအကျင်းကို ပြင်ဆင်ပေးခဲ့သည်။
၂၀၂၁ စစ်အာဏာသိမ်းမှု ဖြစ်ပွားသောအခါ ၎င်းသည် ကျေးရွာ၏ ရှိနှင့်ပြီးသား ထိခိုက် လွယ်သော အခြေအနေများကို ပိုမို ဆိုးရွားစေသည့် ဒုတိယမြောက်ဆိုးရွားလှသော တစ်ဆစ် ချိုးအပြောင်းအလဲအဖြစ် အမှတ်အသားပြုခဲ့သည်။ အာဏာသိမ်းမှုသည် အခြေခံအားဖြင့် အရင်ကတည်းက ရှိနေသောအကျပ်အတည်း အခြေအနေများကို ပိုမို ပြင်းထန်စေခဲ့သော ကြောင့် စားနပ်ရိက္ခာ မလုံခြုံမှု၊ စီးပွားရေး မတည်ငြိမ်မှုနှင့် ရိုးရာ လုပ်ထုံးလုပ်နည်းများ ဆုံးရှုံးမှုတို့သည် ပိုမိုဆိုးရွားလာခဲ့သည်။ ၎င်းသည် ၂၀၂၂ ခုနှစ်တွင် KNLA နှင့် မဟာမိတ် PDF များက ထီးဟီးနှင့် ပတ်ဝန်းကျင် ဒေသများတွင် မြန်မာ စစ်တပ်ကို တိုက်ခိုက်ခဲ့ပြီး KNLA/PDF တို့၏ အောင်ပွဲသို့ ဦးတည်စေခဲ့သည့်အခါ အထူးသဖြင့် ထိုသို့ ဖြစ်ခဲ့သည်။ ဤပြောင်းလဲမှု ရှိနေသော်လည်း မြန်မာစစ်တပ်သည် ကျွန်ုပ်၏ ကွင်းဆင်းသုတေသနကာလအတွင်း ကျေးရွာ ကို ပြန်လည် သိမ်းပိုက်ရန် မကြာခဏဆိုသလို အမြောက်များဖြင့် ထင်သလိုပစ်ခတ်မှုများကို အသုံးပြု၍ လည်းကောင်း၊ ကျေးရွာ၏ အစွန်အဖျားများပတ်လည်တွင် စစ်ရေး စစ်ဆင်မှုများ ပြုလုပ်၍ လည်းကောင်း အဆက်မပြတ် ကြိုးပမ်းနေခဲ့သည်။
ကျွန်ုပ် ထီးဟီးသို့ ပထမဆုံး ရောက်ရှိသည့်အခါ ပတ်ဝန်းကျင်တွင် အကြမ်းဖက် ပဋိပက္ခ ၏ သက်ရောက်မှုများကို ချက်ချင်းသတိပြုမိခဲ့သည်။ ကျေးရွာကို မုန်းနှင့် ကျောက်ကြီးမြို့များ နှင့် ဆက်သွယ်ထားသော လမ်းမကြီးမှ ကားဖြင့် မိနစ်အနည်းငယ်အကွာတွင် တော်လှန်ရေး စစ်သားများက တာဝန်ယူထားသော KNU စစ်ဆေးရေးဂိတ် အသစ်တစ်ခု ရှိနေပြီး ၎င်းက ကျေးရွာသားများ၏ ထိုမြို့များသို့ လွယ်ကူစွာသွားလာနိုင်ခွင့်ကို ကန့်သတ်ထားသည်။ မြေမြှုပ် မိုင်း သတိပေး ဆိုင်းဘုတ်များရှိနေခြင်း နှင့် လမ်းသွယ်များသို့ သွားလာခွင့်ကို ပိတ်ဆို့ထားသော ဝါးလုံး ကာရံမှုများက လူမှုအသိုက်အဝန်းအနေဖြင့် နေ့စဉ်စီမံခန့်ခွဲရန် အတင်းအကျပ်ကြုံတွေ့ နေရသော အမြဲတစေ ရှိနေသည့်အကြမ်းဖက်မှု ခြိမ်းခြောက်မှုကို အထင်အရှားပြနေသည်။ အိမ်တိုင်းတွင် ဗုံးခိုကျင်းတစ်ခုစီရှိသည်။ ဤစစ်ပွဲလက္ခဏာများရှိနေသော်လည်း ထီးဟီး၏ ဗိသုကာဖွဲ့စည်းပုံမှာ ပျဉ်ထောင်အိမ်များဖြင့် ကရင်ကျေးရွာများ၏ ထူးခြားသော လက္ခဏာ အတိုင်း ဖြစ်နေပြီး ပဋိပက္ခကြားမှ ပုံမှန် အခြေအနေနှင့် ကြံ့ကြံ့ခံနိုင်ရည်တစ်ခုကို (ရှိနေ ကြောင်း) ဖော်ပြနေသည်။ ထီးဟီးရှိ ဘဝ၏ နှစ်မျိုးစလုံး တည်ရှိနေသော လက်တွေ့ အခြေ အနေများကို ကျွန်ုပ် မျက်မြင် တွေ့ရှိခဲ့ရသည်။ ထိုနေရာတွင် ရိုးရာကရင်လူနေမှုဘဝအစိတ် အပိုင်းများသည် ပဋိပက္ခထူပြောသော ပတ်ဝန်းကျင်တစ်ခု၏ လိုအပ်ချက်များနှင့်အတူ ယှဉ်တွဲ တည်ရှိနေပြီး ၎င်းတို့နှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်နေကြသည်။
ကျွန်ုပ်၏ နေ့စဉ်ပါဝင်လေ့လာမှုမှတစ်ဆင့် ဤခြိမ်းခြောက်မှုများအပေါ် ကျေးရွာသား များ၏ တုံ့ပြန်မှုသည် သိသိသာသာ ချင့်ချိန်လုပ်ဆောင်မှုဖြစ်ကြောင်း တွေ့ရသည်။ ၎င်းတို့ သည် စစ်တပ်၏ ဝင်ရောက် စီးနင်းမှုအလွန် နီးကပ်နေချိန် သို့မဟုတ် ချက်ချင်း ခြိမ်းခြောက်မှု ရှိကြောင်း ယုံကြည်ရသော သတင်းက ဖော်ပြချိန်မှလွဲ၍ ရွာမှပြောင်းရွှေ့ခြင်း မပြုလုပ်ရန် ရွေး ချယ်ခဲ့ကြသည်။ ဤသို့ ထင်ရှားသော ကြံ့ကြံ့ခံနိုင်ရည်ကို KNU နှင့် မဟာမိတ် တော်လှန်ရေး တပ်ဖွဲ့များ၏ ကာကွယ်ပေးနိုင်စွမ်းအပေါ် ကျေးရွာသားများ၏ ယုံကြည်မှုကြောင့်ဟု မှတ်ယူ နိုင်သည်။ ၎င်းတို့ နေထိုင်ရန်ဆုံးဖြတ်ခြင်းသည် ဖြစ်ပေါ်နေဆဲ ပဋိပက္ခကို ရင်ဆိုင်ရာတွင် ကြောက်ရွံ့မှု၊ ကြံ့ကြံ့ခံနိုင်ရည်၊ ခုခံမှုနှင့် လူမှုအသိုက်အဝန်း စည်းလုံးညီညွတ်မှုတို့၏ ရှုပ်ထွေး သော အပြန်အလှန် သက်ရောက်မှုတစ်ခုကိုလည်း အထင်အရှားပြနေသည်။
ဖြည်းညင်းသော အကြမ်းဖက်မှုနှင့် နာတာရှည် အကျပ်အတည်းတို့၏ စုပုံလာသော အကျိုးသက်ရောက်မှုများသည် အာဏာသိမ်းမှု၏ အစောပိုင်း ကာလကတည်းကပင် ထီးဟီး တွင် ပြည်သူ့ခုခံရေးလှုပ်ရှားမှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်ဟု ကျွန်ုပ် ယူဆသည်။ ကျေးရွာသား များသည် အကြမ်းဖက်နှင့် အကြမ်းမဖက်နည်းလမ်းများနှစ်မျိုးလုံးကို အသုံးပြု၍ စစ်အာဏာ ရှင်ကို ခုခံခဲ့ကြသည်။ ကျေးရွာမှ လူငယ် အများစုသည် လက်နက်ကိုင် ခုခံမှုတွင် ပါဝင်ခဲ့ ကြသည်။ အစိုးရ ကျောင်းဆရာဟောင်းတစ်ဦးဖြစ်သူ လားဖိုးကဲ့သို့သောအချို့မှာ အသက် ဆုံးရှုံးခဲ့ရသည်။ သူသည် ၂၀၂၁ ခုနှစ် အစောပိုင်းတွင် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့ ပြီး နောက်ပိုင်းတွင် စစ်တပ်ကို တိုက်ခိုက်ရန် KNU/KNLA သို့ ဝင်ရောက်ခဲ့ကာ သူ၏ ကျေးရွာ ကို မြန်မာ စစ်တပ်လက်အောက်မှ လွတ်မြောက်စေရန် တိုက်ပွဲတွင် ပါဝင်ခဲ့သည်။ ၂၀၂၃ ခုနှစ် အစောပိုင်း၌ သူသည် စစ်တပ်နှင့် ထိပ်တိုက် တွေ့ဆုံသည့်တိုက်ပွဲတစ်ခုတွင် ထီးဟီးကျေးရွာ အနီး၌ သေဆုံးခဲ့သည်။ သူ၏ သက်ကြီးရွယ်အို မိခင်သည် သားကိုဆုံးရှုံးမှုကြောင့် အကြီး အကျယ် ဝမ်းနည်းကြေကွဲခဲ့ရသော်လည်း တော်လှန်ရေး တပ်ဖွဲ့များအတွက် ထမင်းချက်ပေး ခြင်းဖြင့် တော်လှန်ရေးကို ဆက်လက်ထောက်ပံ့ခဲ့သည်။ သူမက ကျွန်ုပ်ကို ဝမ်းနည်းသော မျက်နှာဖြင့် ပြောကြားခဲ့သည်မှာ “မင်းရဲ့ အစ်ကို (ဤနေရာတွင် ကျွန်ုပ်နှင့် ရွယ်တူလောက် လိမ့်မည်ဖြစ်သော သူမ၏ သားကို ရည်ညွှန်းပါသည်) က ဒီရွာက တိုက်ပွဲတစ်ခုမှာ ဆုံးသွား တယ်။ ငါ နေ့တိုင်းဒီကလေးတွေအတွက် (တော်လှန်ရေးတပ်သား PDF နှင့် KNLA စစ်သား များကို ရည်ညွှန်းသည်) ထမင်းချက်ပေးတယ်။ အဲဒါတော်လှန်ရေးအတွက် ငါ အနည်းဆုံး လုပ်ပေးနိုင်တာပဲ။”60
မကြာသေးမီ အာဏာသိမ်းပြီးနောက် ပဋိပက္ခသည် ကျေးရွာရှိ ရှိနှင့်ပြီးသား ထိခိုက်လွယ် သောဘဝများနှင့် စိုက်ပျိုးရေး အသက်မွေးဝမ်းကျောင်းမှုများအပေါ် သိသိသာသာ သက်ရောက် မှု ရှိခဲ့သည်။ တောင်သူတစ်ဦးဖြစ်သူ ထီးထူးက ရှင်းပြသည်မှာ တောင်သူအများစုသည် ၎င်းတို့ ၏ စပါးသီးနှံအသစ်များကို မျိုးစေ့ချရန် ပြင်ဆင်နေဆဲဖြစ်သော ထွန်ယက်ခြင်း ပြီးဆုံးခါနီး အချိန်တွင် ရွာ(သိမ်း)တိုက်ပွဲ ဖြစ်ပွားခဲ့သောကြောင့် ၂၀၂၂ ခုနှစ် စပါးရိတ်သိမ်းရာသီအတွက် သူ၏ လယ်ယာမြေတွင် သီးနှံများ အပြီး မစိုက်ပျိုးနိုင်ခဲ့ကြောင်း ရှင်းပြခဲ့သည်။ အချို့က မျိုးစေ့များ ကြဲပက်ခြင်းကို အပြီးသတ် နိုင်ခဲ့သော်လည်း အများအပြားမှာ မလုပ်နိုင်ခဲ့ကြဘဲ ၎င်းက ၂၀၂၃ ခုနှစ်တွင် ကျေးရွာ၌ စားနပ်ရိက္ခာ မလုံခြုံမှုကို ဖြစ်ပေါ်စေခဲ့သည်။ အာဏာ သိမ်းပြီးနောက်ပိုင်း ပဋိပက္ခနှင့် သွားလာမှု၊ ကုန်သွယ်မှုအပေါ် ကန့်သတ်ချက်များက စားနပ်ရိက္ခာ မလုံခြုံမှုကို ဖန်တီးခဲ့သော်လည်း လူအများအပြားက ၁၉၉၀ ပြည့်လွန်နှစ်များက ၎င်းတို့၏ စားကျက်မြေ အသိမ်းခံခဲ့ရသည့် ပြဿနာကိုလည်း ထုတ်ဖော် ပြောဆိုခဲ့ကြပြီး အကြောင်းမှာ ၎င်းတို့၏ ရိုးရာစားကျက်မြေသာရှိပါက စားနပ်ရိက္ခာမလုံခြုံမှုကို ပိုမိုကောင်းမွန် စွာ လျှော့ချနိုင်ပြီး ရာသီဥတုပြောင်းလဲမှုကိုလည်း တုံ့ပြန်နိုင်လိမ့်မည်ဟု ၎င်းတို့က ယုံကြည် ကြသောကြောင့် ဖြစ်သည်။
မကြာသေးမီနှစ်များအတွင်း ဓာတုမြေဩဇာများသည် ဈေးပိုကြီးလာပြီး ဝယ်ရန် ပိုခက်ခဲ လာခဲ့သည်။ အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသော နိုင်ငံတော် စီးပွားရေး အကျပ်အတည်း မှ ဖြစ်ပေါ်လာသော ကုန်ကျစရိတ် ကြီးမြင့်မှုများအကြောင်း ကျေးရွာသား အများအပြားက ညည်းညူကြသည်။ ထီးဂေးက ကျွန်ုပ်ကို မှတ်ချက်ပြုသည်မှာ “ကျွန်တော်တို့ တောင်သူတွေ မှာ လစဉ်ဝင်ငွေမရှိဘူး၊ ရာသီအလိုက်ပဲ ရှိတာ၊ ဒါကြောင့် ခက်ခဲတယ်။”61 အခြား တောင်သူ တစ်ဦးဖြစ်သူ ထီးဆယ်ကလည်း အလားတူ မှတ်ချက်ပြုသည်- “မနှစ်က သီးနှံအထွက်နှုန်းက နိုင်ငံရေးအခြေအနေကြောင့် သိပ်မကောင်းခဲ့ဘူး။ နှစ်တိုင်း ရာသီဥတု ပြောင်းလဲနေတာနဲ့အမျှ အရာအားလုံးက ဓာတုပစ္စည်းတွေ သုံးတာပေါ်မှာပဲ မူတည်နေတယ်။ ခင်ဗျား ပိုသုံးနိုင်ရင် အထွက်နှုန်းက မြင့်တယ်။ မသုံးနိုင်ရင် အထွက်နှုန်းက ညံ့တယ်။”62 “ဒါဆို လယ်ကွင်းတွေကို မြေဩဇာကျွေးဖို့ ဓာတုပစ္စည်းတွေအစား ဘာလို့ ကျွဲနွား နဲ့ နွားချေးတွေကို မသုံးကြတာလဲ” လို့ ကျွန်တော်က ရိုးရှင်းတဲ့ မေးခွန်းကို မေးလိုက်တဲ့အခါ လူတွေက ၎င်းတို့မှာ ကျွဲနွားတွေကို ဆက်လက် မွေးမြူဖို့ လုံလောက်တဲ့ စားကျက်မြေရော ဝင်ငွေပါ မရှိဘူးလို့ ပြတ်ပြတ်သားသား ပြန်ဖြေကြသည်။ “နွားတစ်ကောင်ကို ထိန်းသိမ်းဖို့ တစ်လကို မြန်မာငွေ ကျပ် (၃၀,၀၀၀) လောက်ကုန်ကျတယ်” လို့ ထီးဂေးက ရှင်းပြသည်။
ကျွန်တော်တို့မှာ စားကျက်မြေသာ ရှိရင် ရွာက လူတိုင်းမှာ နွားတွေ၊ ကျွဲတွေ၊ ဆိတ်တွေ ဒါမှမဟုတ် တခြား တိရစ္ဆာန်တွေကို မွေးမြူဖို့ နေရာ ရှိကြမှာ။ အခု ဒီ တိရစ္ဆာန်တွေကို မွေးမြူဖို့ တကယ်ခက်ခဲတယ်။ စားကျက်မြေ မရှိတော့ သူတို့ကို ကျွေးဖို့အစာ အလုံအလောက် မရှိဘူး၊ ဝယ်နေရတယ်။
ညနေခင်းတစ်ခုတွင် ထီးဂေး၏ သူငယ်ချင်းတစ်ဦးက ကျွန်ုပ်ကို ဆိတ်သားဟင်းဖြင့် ဧည့်ခံ ကျွေးမွေးစဉ် ကျေးရွာတွင် မြေမြှုပ်မိုင်း ပြဿနာ မည်မျှကြီးမားသည်ကို ကျွန်ုပ် သဘော ပေါက်သွားသည်။ အစပိုင်းတွင် ထိုအိမ်ထောင်စုသည် ဆိတ်သားကို မရောင်းဘဲ အဘယ် ကြောင့် ချက်စားလိုက်သနည်းဟု ကျွန်ုပ် တွေးမိနေခဲ့သော်လည်း ထီးဂေးက ထိုဆိတ်သည် မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း ကျွန်ုပ်ကို ရှင်းပြခဲ့သည်။ ၎င်းနောက် ဆက်လက်၍ ထီးဂေးက သူ၏ လယ်မြေထဲတွင်လည်း မြေမြှုပ်မိုင်းများ ထောင်ထားဖွယ် ရှိသ ဖြင့် ထိုမြေတွင် လယ်ပြန်လုပ်ရန် ချီတုံချတုံ ဖြစ်နေကြောင်း ရှင်းပြခဲ့သည်။ ထို့အပြင် ကျေးရွာ သားများသည် လက်နက်ကြီးကျည်များ၏ အဆက်မပြတ် ခြိမ်းခြောက်မှု အောက်တွင် ရှိနေပြီး လယ်ကွင်းများထဲတွင် ခိုအောင်းစရာလည်း မရှိပေ။ ဤမလုံခြုံမှုများကြောင့် ကျေးရွာ သားများသည် ကျွန်ုပ် ကွင်းဆင်း သုတေသန မလုပ်မီ တစ်နှစ်ကတည်းက သိမ်းဆည်းထား သော ဆန်နှင့် ပဲ များကိုသာ အဓိက စားသုံးနေခဲ့ရသည်။63 လာမည့်နှစ်တွင် ၎င်းတို့ မည်သို့ ဆန် ရှာဖွေကြမည်ကို ကျွန်ုပ် တွေးတောမိခဲ့သည်။
စကားပြောဆိုမှုများအတွင်း ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို ကျေးရွာသား များက အဓိကထား ပြောဆိုလေ့ မရှိသော်လည်း ကျွန်ုပ်က ၎င်းတို့အကြောင်း မေးမြန်းသည့် အခါ ကျေးရွာသားများသည် မူမမှန်သော ရာသီဥတုနှင့် ပြောင်းလဲနေသော ရာသီဥတု ပုံစံများ အပေါ် ၎င်းတို့၏ စိုးရိမ်မှုကို မျှဝေပြောကြားခဲ့ကြကာ အထူးသဖြင့် မြန်မာနိုင်ငံ၏ အခြား ဒေသများတွင် ကဲ့သို့ပင် တိုးပွားလာသော အပူချိန်နှင့် မူမမှန်သော မိုးရွာသွန်းမှုတို့က ၎င်းတို့၏ ထိခိုက်လွယ်သော အခြေအနေကို မည်သို့ ပိုမို ဆိုးရွားစေခဲ့ပုံကို မျှဝေခဲ့ကြသည်။64 ထီးထူးက ပြောသည်မှာ “စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ အရာအားလုံး ပြောင်းလဲသွားပြီ။ မြေဆီလွှာ အရည် အသွေးလည်း မကောင်းတော့ဘူး။ မြေဩဇာ မပါဘဲ အပင်တွေက မကျန်းမာဘူး၊ အထွက်နှုန်း လည်း မမြင့်ဘူး။ အရင်က တစ်ခါမှ မကြားဖူး၊ မမြင်ဖူးတဲ့ ပိုးမွှားတွေလည်း ပိုများလာတယ်”65 ဟူ၍ ဖြစ်သည်။ အလုပ်သမား ရှားပါးမှု၊ ဓာတု မြေဩဇာ နှင့် စိုက်ပျိုးရေးစက် ငှားရမ်းခ ဈေးနှုန်း ကြီးမြင့်မှု၊ သစ်တောဖုံးလွှမ်းမှု ပြောင်းလဲမှုအပြင် မူမမှန်သော မိုးရွာသွန်းမှု နှင့် အပူချိန် တို့ ကြောင့် ၎င်းတို့သည် စိုက်ပျိုးရေး အသက်မွေးဝမ်းကျောင်းမှုများကို ဆက်လက် ထိန်းသိမ်းရန် ရုန်းကန်နေရပုံကို ကျေးရွာသားများက ဖော်ပြခဲ့ကြသည်။ အထူးသဖြင့် စားနပ်ရိက္ခာ ထောက်ပံ့ မှု၊ စားနပ်ရိက္ခာ စနစ် ပုံစံများ၊ နှင့် စားနပ်ရိက္ခာ ရရှိနိုင်မှုတို့နှင့် ပတ်သက်၍ ကျေးရွာသားများ သည် အနာဂတ်တွင် ထပ်ဆင့်ဖြတ်သန်းကြုံတွေ့ရမည် ဖြစ်သောပဋိပက္ခနှင့် ရာသီဥတု ပြောင်း လဲမှုတို့မှ ပိုမို များပြားသော အခက်အခဲများကို ရင်ဆိုင်ရမည် ဖြစ်သည်။
၂၀၂၄ မတ်လတွင် ကျွန်ုပ်၏ ကွင်းဆင်း သုတေသန ပြီးစီးပြီး တစ်နှစ်အကြာ၌ ထီးဟီးရှိ အိမ်ခြေ (၂၀၀) အနက် အလုံး (၈၀) ကျော်ကို စစ်တပ်က မီးရှို့ခဲ့ကာ ၎င်းတို့ထဲတွင် ကျွန်ုပ်၏ သုတေသနတွင်ပါဝင်သူများ ပိုင်ဆိုင်သော အိမ်အများအပြားလည်း ပါဝင်ခဲ့သည်။ ဤ ရည်ရွယ် ချက်ရှိရှိနှင့် ရွေးချယ် မီးရှို့မှုကို စစ်တပ်၏ အုပ်ချုပ်မှုကို ဆန့်ကျင်နေသည်ဟု သူ ထင်သော အိမ်ထောင်စုများကို ပစ်မှတ်ထားခဲ့သည့် စစ်တပ်က ခန့်အပ်ထားသော ကျေးရွာ အုပ်ချုပ်ရေး မှူးတစ်ဦး၏ အကူအညီဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ တစ်ဆစ်ချိုးအပြောင်းအလဲများသို့ ဦးတည်စေပြီး ၎င်းတို့မှ ဖြစ်ပေါ်လာသည့် ဖြည်းညင်းသော အကြမ်းဖက်မှုနှင့် နာတာရှည် အကျပ်အတည်းတို့၏ သံသရာသည် ကျေးရွာများ၏ စိုက်ပျိုးရေး လုပ်ထုံးလုပ်နည်းများ နှင့် စားနပ်ရိက္ခာ ဖူလုံမှုအပေါ် ဩဇာလွှမ်းမိုးခဲ့သည်။ စားကျက်မြေ ဆုံးရှုံးမှုမှ ဖြစ်ပေါ်လာသော ယခင် တစ်ဆစ်ချိုးပြောင်းလဲမှုသည် အချိန်နှင့်အမျှ စုပုံလာခဲ့သော ဖြည်းညင်းသော အကြမ်း ဖက်မှုနှင့် နာတာရှည်အကျပ်အတည်းများကို ဖြစ်ပေါ်စေခဲ့ပြီး နောက်ထပ် တစ်ဆစ်ချိုး အပြောင်းအလဲတစ်ခုဆီသို့ ဦးတည်စေခဲ့သည်။ ၎င်းက စုပုံလာသော ထိခိုက်လွယ်သည့် အခြေ အနေများသည် အသစ်နှင့် ပိုမို ဆိုးရွားသော အကျပ်အတည်းများအတွက် ဆုံမှတ်တစ်ခု အဖြစ်သို့ မည်သို့ ပြောင်းလဲနိုင်ပုံကို အထင်အရှား ပြသနေသည်။
နိဂုံး
ဤဆောင်းပါးသည် မြန်မာနိုင်ငံရှိ ကရင်လူမှုအသိုက်အဝန်းများက ပိုမို ရှည်လျားသော နိုင်ငံတော် အကြမ်းဖက်မှု၊ မြေယာမှ နှင်ထုတ်ခံရခြင်းနှင့် နယ်မြေ သတ်မှတ် ထိန်းချုပ်ခြင်း တို့၏ သမိုင်းကြောင်းများ၏ အခြေအနေအတွင်းတွင် ပဋိပက္ခ-ရာသီဥတု ဆက်စပ်မှုကို တုံ့ပြန် ရန် မည်သို့ ရုန်းကန်နေရပုံကို ဆန်းစစ်ထားသည်။ ပဲခူးတိုင်း အရှေ့ခြမ်းရှိ ကျေးရွာ နှစ်ရွာမှ လူမှုအသိုက်အဝန်းများ၏ အတွေ့အကြုံများကို အခြေခံ၍ ၎င်းတို့ နေထိုင်ရာမြေကို ပြန်လည် ပုံသွင်းခဲ့ပြီး နာတာရှည် အကျပ်အတည်းကို ထုတ်လုပ်ခဲ့သော အကြမ်းဖက် တစ်ဆစ်ချိုး ပြောင်းလဲမှုများနှင့် ပိုမို ရေရှည် ဖြည်းညင်းသော အကြမ်းဖက်မှုလုပ်ငန်းစဉ်များ66 ကြောင့် ရာသီဥတု ပြောင်းလဲမှုနှင့် ပဋိပက္ခ နှစ်မျိုးလုံးကို ရင်ဆိုင် ဖြေရှင်းရန် လူများ၏ ရိုးရာ အသက်မွေးဝမ်းကျောင်းမှုများ နှင့် နည်းဗျူဟာများ မည်သို့ ပြတ်တောက်ခဲ့ရပုံကို ကျွန်ုပ် ဖော်ပြထားသည်။67 ဤရွေ့လျားပြောင်းလဲမှုသည် ကျွန်ုပ်၏ ထပ်တလဲလဲဖြစ်ပေါ်သော တစ်ဆစ်ချိုးပြောင်းလဲမှုမူဘောင်၏ အနှစ်သာရကို သရုပ်ဖော်နေသည်။ တစ်ဆစ်ချိုးအပြောင်း အလဲများသည် ရိုးရှင်းစွာ အဆုံးသတ်သွားခြင်း မဟုတ်ဘဲ အနာဂတ် တစ်ဆစ်ချိုးပြောင်းလဲမှု များဆီသို့ စုပုံသွားစေမည့် ဖြည်းညင်းသော အကြမ်းဖက်မှု၏ အခြေအနေအသစ်များအဖြစ်သို့ အသွင်ပြောင်းသွားသည်။ ဘဲရ်ဒ်၏ သဘောတရား သတ်မှတ်မှုဖြစ်သော ကြီးမား ဆိုးရွားသည့် အကြမ်းဖက်မှုက မထင်မရှားသော ပုံစံဖြင့် “ဖြည်းညင်းသော အကြမ်းဖက်မှု ဖြစ်လာစေရန် အသွင်ကူးပြောင်း” သွားသည် ဆိုသည့် အချက်သည် အချိန်ကာလအပေါ် အခြေခံနေသော် လည်း ကျွန်ုပ်ကမူ ကျွန်ုပ်၏ ထပ်တလဲလဲ ဖြစ်ပေါ်သော တစ်ဆစ်ချိုးပြောင်းလဲမှု မူဘောင် အတွက် တောင်တန်း ဥပမာကို အသုံးပြုထားပြီး အကြောင်းမှာ ၎င်းသည် ထပ်တလဲလဲ ဖြစ်သော ပုံစံများထက် ပြောင်းလဲနိုင်သော ပြင်းထန်မှုနှင့် တဖြည်းဖြည်း ယိုယွင်း ပျက်စီးမှုကို အလေးပေးသောကြောင့် ဖြစ်သည်။ ကျွန်ုပ်၏ မူဘောင်က ငြင်းဆိုသည်မှာ တစ်ဆစ်ချိုးပြောင်း လဲမှုများသည် တောင်ထိပ်များကဲ့သို့ ပြင်းထန်မှု အပိုင်းတွင် သိသိသာသာ ကွဲပြားကြသည်။ ၂၀၁၁ ခုနှစ် ရွှေကျင်မြစ်ပေါ်ရှိ ဆည်တည်ဆောက်မှုသည် ကစယ်လားအတွက် ၁၉၉၀ ပြည့် လွန်နှစ်များက ထီးဟီးရှိ စားကျက်မြေ နှင်ထုတ်ခံရမှုထက် ပိုမိုမြင့်မားသော တစ်ဆစ်ချိုး ပြောင်းလဲမှု တောင်ထိပ်ကို ကိုယ်စားပြုပြီး ထိုနည်းတူ ၂၀၂၁ အာဏာသိမ်းမှုနှင့် ရာသီဥတု ပြောင်းလဲမှုတို့ ပေါင်းစပ်လိုက်ခြင်းမှဖြစ်ပေါ်လာသည့် စုပုံလာသော ဖြည်းညင်းသော အကြမ်း ဖက်မှုက ၎င်း၏သက်ရောက်မှုများကို ပိုမို ဆိုးရွားစေသောကြောင့် ပို၍ပင် ပြင်းထန်သော တောင်ထိပ်ကို ဖန်တီးသည်။ တောင်ထိပ်များကြားရှိ ချိုင့်ဝှမ်းများကို ဖြည်းညင်းသော အကြမ်း ဖက်မှုက အနည်များကဲ့သို့ စုပုံနေသည့် ကာလများအဖြစ် (ထိုသို့ စုပုံမှုက) အကျပ်အတည်း၏ အခြေခံအဆင့်ကို တဖြည်းဖြည်း မြှင့်တင်ပေးနေသဖြင့် လူမှုအသိုက်အဝန်းများသည် တစ်ဆစ် ချိုးပြောင်းလဲမှု တစ်ခုစီတိုင်း၏ နောက်တွင် ၎င်းတို့၏ မူလအခြေအနေသို့ ဘယ်တော့မှ ပြန်မရောက်နိုင်တော့ပုံအဖြစ် ကျွန်ုပ်က သဘောတရား ပုံဖော်ထားသည်။ ဤဥပမာသည် တစ်ဆစ်ချိုးပြောင်းလဲမှုဖြစ်စဉ်တစ်ခုစီတိုင်းက အတိတ်က တစ်ဆစ်ချိုးအပြောင်းအလဲများ သည် ပျောက်ကွယ်သွားမည့်အစား လူမှုအသိုက်အဝန်း၏ လူမှုရေး နှင့် ဂေဟစနစ် ပတ်ဝန်းကျင်တွင် နစ်မြုပ် ကျန်ရှိနေလျက် ယခင်ကထက် ပိုမို မြင့်မားသော ထိခိုက်လွယ်မှု အဆင့်တွင် တည်ရှိနေသော အခြေခံအဆင့်သစ်တစ်ခုကို ဖန်တီးပေးသည်ဟူသော ကျွန်ုပ်၏ အဓိကငြင်းဆိုချက်ကို သရုပ်ပြနေသည်။ ၂၀၁၁ ခုနှစ် ရွှေကျင်ဆည်သည် တရုတ်၏ ရင်းနှီး မြှုပ်နှံမှုနှင့် မြန်မာ စစ်တပ် မဟာဗျူဟာမှသည် ဒေသခံ ဂေဟစနစ် ကွန်ရက်များအထိ အတိုင်းအတာ မျိုးစုံတွင် တစ်ပြိုင်နက်တည်း မည်သို့လုပ်ဆောင်ခဲ့ပုံကို သရုပ်ပြခြင်းဖြင့် မဟန်တီနှင့် အခြားသူများ68၏ ဆက်နွှယ်မှု နှင့် အပြန်အလှန် သက်ရောက်မှု ရှုထောင့်မှ တစ်ဆင့် သဘောတရားပုံဖော်ထားသည့် တစ်ဆစ်ချိုးပြောင်းလဲမှုကို ပုံဖော်နေသည်။ ထိုသို့ လုပ်ဆောင်ရာတွင် ကစယ်လားကျေးရွာသားများ၏ ဘဝများကို ဖွဲ့စည်းထားသည့် လူမှုရေး ဆက်ဆံရေးများကို အခြေခံကျကျ ပြောင်းလဲစေခဲ့သည်။ ဤတစ်ဆစ်ချိုး ပြောင်းလဲမှုသည် ဆယ်စုနှစ်များစွာကြာ စစ်ဘက်အကြမ်းဖက်မှု အတွင်း၌ အချိန်ကာလအရ နစ်မြုပ်နေခဲ့ပြီး လူမှုအသိုက်အဝန်းက လက်ရှိ စိန်ခေါ်မှုများကို မည်သို့တွေ့ကြုံ ခံစားနေရပုံကို ဆက်လက် ပုံဖော်နေပြီး တစ်ချိန်တည်းမှာပင် ၎င်းက နိုင်ငံတော် အကြမ်းဖက်မှုကို ဖော်ထုတ်ခဲ့သည့် “မရေရာသော အခိုက်အတန့်များ” ကို ဖန်တီးခဲ့ပြီး ကျေးရွာသားများက အမြဲတမ်း နေရပ် ရွှေ့ပြောင်းခံရခြင်းကို လက်ခံမည့်အစား ဆည်နေရာအနီးတွင် ပြန်လည် တည်ဆောက်ရန် ရွေးချယ်ခဲ့ကြသဖြင့် ကန့်သတ်ချက်များ ရှိနေသော်လည်း ခုခံမှုနှင့် လိုက်လျောညီထွေ နေထိုင်မှု၏ ပုံစံသစ်များကို ဖြစ်ပေါ်စေခဲ့သည်။
ထို့ကြောင့် ဤဖြစ်ရပ် လေ့လာမှု နှစ်ခုသည် အာဏာသိမ်းမှုကြောင့် ဖြစ်ပွားခဲ့သော နိုင်ငံရေးနှင့် အကြမ်းပတမ်း တစ်ဆစ်ချိုးပြောင်းလဲမှု၏ မျက်မှောက်ခေတ် အတွေ့အကြုံ များကို ရေရှည်အကြမ်းဖက်မှု သမိုင်းကြောင်းများနှင့် ထပ်တလဲလဲဖြစ်ပေါ်သော တစ်ဆစ်ချိုး ပြောင်းလဲမှုဟု ကျွန်ုပ်ရည်ညွှန်းသည့်အရာတို့အတွင်း၌ နေရာချခြင်း၏ အရေးပါမှုကို မီးမောင်း ထိုးပြနေသည်။ ထို့အပြင် ၎င်းတို့သည် ရာသီဥတု ပြောင်းလဲမှု၏ ဒဏ်ခံရနိုင်ခြေရှိမှု၏ နက်ရှိုင်း သော နိုင်ငံရေးသမိုင်းကြောင်းများ69 နှင့် လူနှင့် မြေ နှစ်မျိုးလုံးအပေါ် စစ်ပွဲဖန်တီးခြင်းနှင့် နိုင်ငံတော် ထူထောင်ခြင်းတို့၏ ဖျက်ဆီးနိုင်စွမ်းကိုလည်း ဖော်ပြနေသည်။70 ကျေးရွာနှစ်ရွာလုံး ရှိ လူမှုအသိုက်အဝန်းဝင်များက ထောက်ပြခဲ့သည့်အတိုင်း မြန်မာနိုင်ငံတွင် ပဋိပက္ခ နှင့် ရာသီဥတုပြောင်းလဲမှု နှစ်မျိုးလုံးကို ရှင်သန် ကျော်လွှားပြီး ကြံ့ကြံ့ခံနိုင်စွမ်းသည် ကျွန်ုပ်က မီးခဲကဲ့သို့ လောင်ကျွမ်းနေသောစပါးခွံမီးဟု နှိုင်းယှဉ်ခဲ့သော နိုင်ငံတော်အခြေပြု အကြမ်းဖက် မှု၏ ယခင် အတွေ့အကြုံများကြောင့် တိုက်စားခံခဲ့ရသည်။
ကစယ်လား ကျေးရွာသားများ၏ အတွေ့အကြုံသည် ဖြည်းညင်းသော အကြမ်းဖက်မှု၏ တဖြည်းဖြည်း တိုက်စားသွားသော သက်ရောက်မှုများကို သရုပ်ဖော်နေကာ ထိုနေရာတွင် ဘဝအခြေအနေများသည် ပဋိပက္ခ နှင့် နိုင်ငံတော်၏ နယ်မြေ သတ်မှတ် ထိန်းချုပ်ခြင်းတို့၏ ရေရှည် သမိုင်းကြောင်းများကြောင့် တဖြည်းဖြည်း ယိုယွင်း ပျက်စီးလာခဲ့ပြီး နာတာရှည် အကျပ်အတည်း အခြေအနေတစ်ခုကို ဖန်တီးပေးနေသည်။ ၂၀၁၁ က ဆည်တည်ဆောက်မှုနှင့် စစ်ဘက်ဖိနှိပ်မှုတို့၏ ချက်ချင်းဖြစ်ပေါ်သော ပြတ်တောက်စေသည့် အကြမ်းဖက်မှုသည် ရပ်တန့်သွားခဲ့သော်လည်း ဖြည်းညင်းသော အကြမ်းဖက်မှုမှာမူ ပြတ်တောက်သွားသော အသက်မွေးဝမ်းကျောင်းမှုများ၊ ပြောင်းလဲသွားသော မြေယာအသုံးပြုမှုနှင့် ဘိုးဘွားပိုင်မြေများ အမြဲတမ်းဆုံးရှုံးမှုတို့ဖြင့် ထင်ရှားပေါ်လွင်စွာပင် ဆက်လက်တည်ရှိနေသည်။ တစ်ဆစ်ချိုး ပြောင်းလဲမှုတစ်ခုအဖြစ် တွေ့ကြုံခံစားခဲ့ရသော ဆည်တည်ဆောက်မှုသည် ၎င်းတို့၏ မြေများ နှင့် ရိုးရာ အသက်မွေးဝမ်းကျောင်းမှုများကို ဖျက်ဆီးခဲ့ရုံသာမက အချိန်ကြာလာသည်နှင့်အမျှ ဆိုးရွားသော အကျိုးဆက်များနှင့်အတူ တိတ်တဆိတ် သို့သော် ဇွဲကောင်းစွာ လောင်ကျွမ်းနေ သောစပါးခွံမီးကဲ့သို့ တည်တံ့ ခိုင်မြဲနေသော အကျပ်အတည်းများကိုလည်း ဆက်တိုက် စတင် ဖြစ်ပေါ်စေခဲ့သည်။ လက်ရှိ နိုင်ငံရေးတစ်ဆစ်ချိုးအပြောင်းအလဲနှင့် ပြောင်းလဲလာသော ရာသီ ဥတုဆက်စပ်အခြေအနေများမှ စိုက်ပျိုးရေး အသက်မွေးဝမ်းကျောင်းမှုများအပေါ် တိုးပွားလာ သော ခြိမ်းခြောက်မှုများ၏ နောက်ခံအခြေအနေတွင် ကျေးရွာသားများသည် ၎င်းတို့၏ မိသားစုများကို ထောက်ပံ့နိုင်ဖို့ အခြားနေရာများသို့ရွှေ့ပြောင်းရန် အတင်းအကျပ်တွန်းပို့ခံခဲ့ရ သည်။ မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး တစ်ဆစ်ချိုးပြောင်းလဲမှုအကြောင်း မီဒီယာတင်ဆက်မှု များတွင် လွှမ်းမိုးထားသော ထင်ရှားပေါ်လွင်သည့် အကြမ်းဖက်မှုပုံစံများနှင့် ဆန့်ကျင်လျက် ကရင်လူမှုအသိုက်အဝန်း၏ ဖြစ်ပေါ်ဆဲ ခံစားနေရမှုမှာမူ အများအားဖြင့် သတိမပြုမိ၊ မကြား သိခြင်း ခံနေရဆဲဖြစ်သည်။ သို့တိုင် ဤယခင် တစ်ဆစ်ချိုးပြောင်းမှုအတွေ့အကြုံများသည် လူမှုအသိုက်အဝန်း၏ ဖွဲ့စည်းတည်ရှိမှုကို နောင်လာမည့်မျိုးဆက်များထိတိုင် ဆက်လက်၍ ပဲ့တင်ထပ်နေမည့် နည်းလမ်းများဖြင့် အခြေခံကျကျဆက်လက် ပြောင်းလဲစေနေသည်။
ထီးဟီးကျေးရွာသားများ၏ အတွေ့အကြုံများသည်လည်း အချိန်နှင့်အမျှကြုံတွေ့ရသော နာတာရှည် အကျပ်အတည်းနှင့် ဖြည်းညင်းသော အကြမ်းဖက်မှုအတွေ့အကြုံများက ဤနိုင်ငံ ရေး တစ်ဆစ်ချိုး ပြောင်းလဲမှု၏ “မရေရာသောအခိုက်အတန့်” တွင် ရာသီဥတုပြောင်းလဲမှု နှင့် ပဋိပက္ခ နှစ်မျိုးလုံးကိုတုံ့ပြန်ရန် လူများ၏ စွမ်းဆောင်ရည်ကို မည်သို့ ယိုယွင်း ပျက်စီးစေပုံကို ပုံဖော်ပြနေသည်။71 ထီးဟီးရှိ ကျွန်ုပ်၏ ကွင်းဆင်း သုတေသနသည် ကျေးရွာကို ထိန်းချုပ်ရန် တိုက်ပွဲဝင်နေသော မြန်မာ စစ်တပ် နှင့် KNU/KNLA နှင့် အခြား ခုခံရေး တပ်ဖွဲ့များအကြား အပြင်းအထန် အငြင်းပွားမှုဖြစ်နေချိန်နှင့် တိုက်ဆိုင်ခဲ့သည်။ သို့သော် ကျေးရွာသားများနှင့် စကားပြောဆိုရာတွင် ဤသည်မှာ ၎င်းတို့၏ ပထမဆုံးအကျပ်အတည်းနှင့် ပဋိပက္ခ အတွေ့ အကြုံ မဟုတ်ကြောင်း နှင့် ယခင် နိုင်ငံတော်အကြမ်းဖက်မှု အတွေ့အကြုံများက ၎င်းတို့၏ ရှင်သန်ရပ်တည်နိုင်စွမ်းကို နက်နက်ရှိုင်းရှိုင်း ပုံဖော်ခဲ့ကြောင်း ချက်ချင်းထင်ရှားခဲ့သည်။ စုပေါင်းပိုင် စားကျက်မြေဆုံးရှုံးမှု နှင့် စိုက်ပျိုးရေး စနစ်သစ်တစ်ခုကို အတင်းအကျပ် သတ်မှတ် လိုက်ခြင်းသည် ရာသီဥတု ပြောင်းလဲမှုကို တုံ့ပြန်ရန် ကျေးရွာသားများ၏ စွမ်းဆောင်ရည်ကိုပါ ပြောင်းလဲစေခဲ့သော တည်တံ့ ခိုင်မြဲသည့် သက်ရောက်မှုများရှိခဲ့သည်။ ပါ့ခ်72 က တောင် ကိုရီးယား၏ အခြေအနေကို ဖော်ပြငြင်းဆိုသကဲ့သို့ ထီးဟီးရှိ လက်ရှိပဋိပက္ခသည် ကျေးရွာ ကိုယ်၌၏ ရုပ်ပိုင်းဆိုင်ရာ မြေပြင်အခင်းအကျင်းအပေါ်တွင်လည်း တိုက်ရိုက်နှင့် ဆိုးရွားလှ သော သက်ရောက်မှုများရှိခဲ့ပြီး လူများ၏ စားနပ်ရိက္ခာ ဖူလုံမှုကို ပိုမို၍ တိုက်စားခဲ့သည်။ စပါးခွံမီး ဥပမာသည် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း တွေ့ကြုံခဲ့ရသည့် အရာများကဲ့သို့သော တစ်ဆစ်ချိုးပြောင်းလဲမှုများ၏ စုပုံလာသော သဘောသဘာဝနှင့် သမိုင်းဆိုင်ရာ အကျိုး ဆက်ကို သရုပ်ဖော်နေကာ ၎င်းတို့သည် လူမှုအသိုက်အဝန်း အတွင်း၌ ဆက်လက် လောင် ကျွမ်းနေပြီး ယခု လက်ရှိ ဖြစ်ပေါ်နေသကဲ့သို့ မီးဟုန်းခနဲ ထတောက်လာတတ်သည်။
ကျွန်ုပ် သွားရောက်ခဲ့သည့် ကျေးရွာနှစ်ရွာလုံးတွင် စိုက်ပျိုးရေး အသက်မွေးဝမ်းကျောင်းမှု များနှင့် မြေယာ၊ သဘာဝ ပတ်ဝန်းကျင်တို့အပေါ် (ထားရှိသော) ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံ ရေးတို့သည် ထပ်တလဲလဲ ဖြစ်ပေါ်သော တစ်ဆစ်ချိုးပြောင်းလဲမှုကြောင့် အသွင်ပြောင်းခဲ့ရပြီး ၎င်း၏ နောက်ဆက်တွဲအဖြစ်နှင့် ရာသီဥတုပြောင်းလဲမှုအပါအဝင် ဖြည်းညင်းသော အကြမ်း ဖက်မှုတို့နှင့် အပြန်အလှန် သက်ရောက်ခဲ့သည်။ နိုင်ငံရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အင်အားစု နှစ်မျိုးလုံး၏ ရိုးရာစားနပ်ရိက္ခာစနစ်များကို ဖျက်ဆီးခြင်းသည် သဘာဝဘေးအန္တရာယ်နှင့် လက်နက်ကိုင်ပဋိပက္ခများ၏ ထပ်တလဲလဲ ဖြစ်ပေါ်သော တစ်ဆစ်ချိုးပြောင်းလဲမှုများထက် ပို၍မြင်သာမှု နည်းပါးသော်လည်း လူမှုအသိုက်အဝန်း၏ ရေရှည် တည်တံ့မှုနှင့် ကြံ့ကြံ့ခံနိုင် ရည်တို့ကို နက်နက်ရှိုင်းရှိုင်း ထိခိုက်စေသော ဖြည်းညင်းသော အကြမ်းဖက်မှုပုံစံတစ်ခုကို သရုပ်ဖော်နေသည်။ KNU ထိန်းချုပ်သော ဒေသများတွင် လက်ရှိ တစ်ဆစ်ချိုးအပြောင်းအလဲ များက ဖျက်ဆီးမှုဆိုင်ရာ သို့မဟုတ် အပြုသဘောဆောင်သော အပြောင်းအလဲများဆီသို့ မည်မျှအထိ ဦးတည်နေသည်မှာ မသေချာသေးပေ။ အကျိုးဆက်များသည် လူမှုအသိုက်အဝန်း များ ကိုယ်တိုင်၊ KNU၊ နှင့် အခြား ဒေသဆိုင်ရာ အုပ်ချုပ်မှု အဖွဲ့အစည်းများနှင့် အာဏာပိုင် များ၏ တုံ့ပြန်မှုများအပေါ် အများစု မူတည်နေမည် ဖြစ်သည်။ ဤအကြမ်းဖက်ပဋိပက္ခ ဖြစ်စဥ်များနှင့် နယ်မြေအငြင်းပွားမှုများ၏ အလယ်တွင် လူမှုအသိုက်အဝန်းများသည် သီးနှံများ ကို ထိခိုက်စေသော ရာသီဥတု ပြောင်းလဲမှုများနှင့်အတူ ရှင်သန် ရပ်တည်နိုင်ရန်လည်း ရုန်းကန်နေကြရသည်။ ကစယ်လားနှင့် ထီးဟီးလူမှုအသိုက်အဝန်းများ၏ အတွေ့အကြုံများ သည် ထပ်တလဲလဲ ဖြစ်ပေါ်သော တစ်ဆစ်ချိုးပြောင်းလဲမှုနှင့် လူသားကိုယ်ပိုင် စွမ်းဆောင်နိုင်မှုတို့အကြား ရှုပ်ထွေးသော အပြန်အလှန် သက်ရောက်မှုကို အထင်အရှားပြနေသည်။ မဟန်တီနှင့် အခြားသူ များ73 အပါအဝင် အခြားပညာရှင်များက ထောက်ပြသကဲ့သို့ တစ်ဆစ်ချိုးအပြောင်းအလဲများ သည် လူမှုအသိုက်အဝန်းများကိုမစွမ်းဆောင်နိုင်အောင် လုပ်ရုံသက်သက် မဟုတ်ပေ။ ၎င်းတို့ သည် စွမ်းဆောင်နိုင်မှုနှင့် ခုခံမှုပုံစံသစ်များအတွက် အခြေအနေ များကိုလည်း ဖန်တီးပေးနိုင် သည်။ ဥပမာအားဖြင့်ထီးဟီးတွင် ထပ်တလဲလဲ ဖြစ်ပေါ်သော တစ်ဆစ်ချိုးပြောင်းလဲမှုသည် နေထိုင်သူများ၏ နက်ရှိုင်းစွာ ခံစားရသော မကျေနပ်မှုကို ဖြစ်ပေါ်စေခဲ့ပြီး ၎င်းက တစ်နိုင်ငံလုံး နီးပါးရှိ တော်လှန်ရေးလှုပ်ရှားမှုတစ်ခု၏ အစိတ်အပိုင်းအဖြစ်သို့ ဖြစ်လာစေရန် ဩဇာလွှမ်းမိုးခဲ့ သည်။ ၂၀၂၁ အာဏာသိမ်းမှုသည် ဓာတ်ကူပစ္စည်း တစ်ခုအဖြစ် သို့မဟုတ် မီးလောင်ရာ လေပင့် သကဲ့သို့ ဆယ်စုနှစ်များစွာကြာ အကြမ်းဖက်မှု၏ နောက်ခံတွင် စစ်အာဏာရှင်ကို ဆန့်ကျင် သည့် လူမှုအသိုက်အဝန်း၏ ခုခံမှုကို မီးထိုးပေးသကဲ့သို့ဖြစ်ခဲ့သည်။ အာဏာသိမ်းမှုသည် ကျေးရွာသားများ၏ မကျေနပ်ချက်များကို ပိုမိုဆိုးရွားစေခဲ့ရုံသာမက ယခင် ဖြည်းညင်းသော အကြမ်းဖက်မှုပုံစံများ၏ အတွေ့အကြုံများကိုလည်း ပိုမိုပြင်းထန်စေခဲ့ပြီး အတိတ်နှင့် ပစ္စုပ္ပန် တစ်ဆစ်ချိုးပြောင်းလဲမှုများအကြား ရှုပ်ထွေးသော အပြန်အလှန် သက်ရောက်မှုကို မီးမောင်း ထိုးပြခဲ့သည်။ ခလယ်လွီထူဒေသရှိ ဤ လူမှုအသိုက်အဝန်း နှစ်ခု၏ အတွေ့အကြုံများသည် သမိုင်းဆိုင်ရာ နောက်ခံ အခြေအနေများကို နားလည်ခြင်း၏ အရေးပါမှုကို လည်းကောင်း၊ လက်ရှိ တစ်ဆစ်ချိုးပြောင်းလဲမှုများနှင့် ၎င်းတို့အပေါ် လူမှုအသိုက်အဝန်း၏ တုံ့ပြန်မှုများကို ပုံဖော်ပေးနေသော နာတာရှည် အကျပ်အတည်းအခြေအနေတစ်ခုကို ဖန်တီးနေသည့် တည်တံ့ ခိုင်မြဲနေသော ဖြည်းညင်းသောအကြမ်းဖက်မှုနှင့် အတိတ်က ထပ်တလဲလဲ ဖြစ်ပေါ်သော တစ်ဆစ်ချိုးအပြောင်းအလဲများကို နားလည်ခြင်း၏ အရေးပါမှုကို လည်းကောင်း အထင်အရှား ပြနေသည်။ ဤချဉ်းကပ်မှုသည် တစ်ဆစ်ချိုးပြောင်းလဲမှုကို အချိန်နှင့် ဆက်စပ်၍ မည်သို့ ရှုမြင်ပြီး ဖြေရှင်းသည်ကို ပြန်လည်သုံးသပ်ရန် လိုအပ်ပြီး အကြမ်းဖက်မှုနှင့် ၎င်း၏ လူ၊ မြေနှင့် ပတ်ဝန်းကျင်အပေါ် တည်တံ့ခိုင်မြဲနေသော သက်ရောက်မှုများကို ပိုမိုကျယ်ပြန့်သော၊ အားလုံး ပိုမိုပါဝင်သောနှင့် အချိန်ကာလဆိုင်ရာနားလည်မှုတစ်ခုရှိရန်တိုက်တွန်းနေသည်။
အဆုံးမှတ်စုများ
1 ခလယ်လွီထူ (Klerlweehtu) သည် ကရင် အခေါ်အဝေါ်တစ်ခုဖြစ်ပြီး ၎င်းကို မြန်မာစစ်တပ်၏ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ (နှင့်၎င်းမတိုင်မီ အုပ်ချုပ်ရေးအဆက်ဆက်) က ပဲခူးတိုင်းအရှေ့ခြမ်းအနေ ဖြင့် ခေါ်ဝေါ်သတ်မှတ်ပါသည်။ ခလယ်လွီထူကို ညောင်လေးပင်ခရိုင်ဟုလည်း သိကြပြီး ၎င်းသည် ကရင် အမျိုးသားအစည်းအရုံး (KNU) ၏ အုပ်ချုပ်မှုအောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ တပ်မဟာ (၃) ၏ ထိန်းချုပ်မှု အောက်တွင် ရှိပါသည်။ ၂၀၂၁ ခုနှစ်မှစ၍ ဤဒေသတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (People’s Defense Forces – PDFs) လည်း လှုပ်ရှားလျက် ရှိပါသည်။ ဤဆောင်းပါးတွင် ကျွန်ုပ်သည် ပဲခူးတိုင်း အရှေ့ခြမ်းနှင့် ခလယ်လွီထူဟူသော အသုံးအနှုန်းများကို တစ်လှည့်စီ အပြန်အလှန်အသုံးပြုထားသည်။
2 Ballvé, 2020; Faxon, 2021; Kyed, 2021; Rasmussen & Lund, 2018.
3 Lund, 2011.
4 Rasmussen & Lund, 2018; Vandergeest & Peluso, 1995.
5 Lund, 2016, p. 1203.
6 Mahanty et al., 2023.
7 Nixon, 2011, p. 2.
8 Baird, 2021.
9 Mahanty et al., 2023.
10 Nixon, 2011, p. 19.
11 “ကစယ်လားကျေးရွာ” သည် ၂၀၂၃ ခုနှစ်တွင် ကျွန်ုပ် သွားရောက်ခဲ့သော ခလယ်လွီထူဒေသ ကျေးရွာ တစ်ခု၏ အမည်လွှဲတစ်ခု ဖြစ်သည်။
12 “ထီးဟီးကျေးရွာ” သည် ၂၀၂၃ ခုနှစ်တွင် ကျွန်ုပ် သွားရောက်ခဲ့သော ခလယ်လွီထူဒေသ ကျေးရွာ တစ်ခု၏ အမည်လွှဲတစ်ခု ဖြစ်သည်။
13 Franco & Borras, 2019.
14 Also see Temudo & Cabral (2023).
15 Park, 2018, p. 367.
16 Baird, 2021.
17 Franco & Borris, 2019; Ribot, 2014.
18 Paul et al., 2023.
19 Baird & Thorne, 2023.
20 See Kyed, 2021.
21 Rasmussen & Lund, 2018.
22 Lefebvre, 1991.
23 Ballvé, 2020.
24 Barbier (2012)၊ Peluso & Lund (2011)၊ Rasmussen & Lund (2018)၊ Woods (2019) တို့သည် ဥပမာများ ဖြစ်ကြသည်။
25 Ballvé, 2020.
26 Aung Naing, 2024; Ferguson, 2014; Woods, 2020; Woods & Naimark, 2020.
27 Chambers & Butta (2019) တို့ကိုလည်း ကြည့်ရှုနိုင်သည်။ အပစ်အခတ်ရပ်စဲထားသော်လည်း KNLA တပ်မဟာ (၃) နှင့် (၅) တို့က မြန်မာစစ်တပ်၏ ထိုးစစ်များကို ပြင်းပြင်းထန်ထန် ခုခံကာကွယ် နေသည့် မူသယ်လမ်းမ ပေါ်တွင် ပဋိပက္ခ ဆက်လက်ဖြစ်ပွားနေခဲ့သည်။
28 Borras et al., 2020; Doi Ra & Khu Khu Ju, 2021; Franco & Borras, 2019; Jones, 2014; Kramer, 2021; Park, 2021; Sarma et al., 2021; Woods, 2020. Naw Htee Ku & Hoffmann (2026) [this issue] တို့ကိုလည်း ကြည့်ရှုနိုင်သည်။
29 Fairhead et al., 2012.
30 Borras et al., 2020; Franco & Borras, 2019; Park, 2021; Woods, 2015; 2019.
31 Chambers & Butta, 2019.
32 Chambers & Butta, 2019, p. 79. South et al. (2018) တို့ကိုလည်း ကြည့်ရှုနိုင်သည်။ ကြားဖြတ်အစီအစဥ်များနှင့် ၎င်းတို့က မြေယာနှင့် သဘာဝသယံဇာတစီမံခန့်ခွဲမှုအပေါ် မည်သို့ သက်ရောက်မှုရှိပုံကို အသေးစိတ် ဆွေးနွေးထားချက်အတွက်။
33 Karen National Union, 2015.
34 Kyed & Myat The Thitsar, 2020.
35 Lue Htar, 2020.
36 Saw Ner Dhu Da, 2026 [this issue].
37 Karen Human Rights Group, 2013, pp. 74–86. အုပ်ချုပ်ရေး ရောထွေးသော နယ်မြေများရှိ မြေအချို့သည် ခရိုနီများနှင့် စစ်တပ်တို့၏ ဆည်တည်ဆောက်ခြင်းနှင့် သစ်ထုတ်ခြင်းကဲ့သို့သော လုပ်ဆောင်မှုများကြောင့် ထိခိုက်ပျက်စီးခဲ့ရသည်။
38 Woods, 2011.
39 KNU ၏ မြန်မာစစ်တပ်အပေါ်ဆန့်ကျင်သည့် နှစ်ရှည်လက်ကိုင်နှင့် နိုင်ငံရေးတိုက်ပွဲအကြောင်း အသေးစိတ်အချက်အလက်များအတွက် South (2011) တွင်ရှုပါ။
40 See for example, Paul et al., 2021; Paul et al., 2023.
41 Karen Human Rights Group, 2006.
42 Free Burma Rangers, 2006; Karen Human Rights Group, 2006.
43 Naw Noreen, 2010.
44 Motta et al. (2023) မှ ကရင်ဒေသများတွင် မြန်မာစစ်တပ်က ဆည်တည်ဆောက်ခြင်း၏ အခြေခံ အဆောက်အအုံဆိုင်ရာ အကြမ်းဖက်မှုကို သုံးသပ်ထားသည်။
45 Hirsch, 2010, pp. 313-314.
46 တီးကလယ်၊ ပုဂ္ဂိုလ်ရေးဆက်သွယ်ပြောကြားချက်၊ ၂၀၂၃ ခုနှစ် ဧပြီလ ၆ ရက်။
47 တီးထူးကပေါ၊ ပုဂ္ဂိုလ်ရေးဆက်သွယ်ပြောကြားချက်၊ ၂၀၂၃ ခုနှစ် ဧပြီလ ၈ ရက်။
48 Baird, 2021; Baird & Barney, 2017; Kiik, 2020; Lamb & Dao, 2017; Mahanty et al., 2023.
49 Levien, 2013; Tsing, 2005.
50 Tilly (1985, p. 181) တို့ကိုလည်း ကြည့်ရှုနိုင်သည်။
51 တီးဒို၊ ပုဂ္ဂိုလ်ရေးဆက်သွယ်ပြောကြားချက်၊ ၂၀၂၃ ခုနှစ် ဧပြီလ ၁၇ ရက်။
52 တီးကညော်၊ ပုဂ္ဂိုလ်ရေးဆက်သွယ်ပြောကြားချက်၊ ၂၀၂၃ ခုနှစ် ဧပြီလ ၁၃ ရက်။
53 Baird & Thorne, 2023.
54 ကော်တာစေး၊ ပုဂ္ဂိုလ်ရေးဆက်သွယ်ပြောကြားချက်၊ ၂၀၂၃ ခုနှစ် ဧပြီလ (၁၀) ရက်။
55 ကော်တာစေး၊ ပုဂ္ဂိုလ်ရေးဆက်သွယ်ပြောကြားချက်၊ ၂၀၂၃ ခုနှစ် ဧပြီလ (၁၀) ရက်။
56 Park, 2018.
57 Wood, 2019.
58 Doi Ra et al., 2021, pp. 468-478.
59 ၂၀၁၀ ပြည့်လွန်နှစ်များအတွင်း မြန်မာနိုင်ငံရှိအစိုးရ၏ ပြန်လည်ပေးအပ်ခြင်းလုပ်ငန်းစဥ်များ၏ မအောင်မြင်မှုနှင့် မြေယာလက်မှတ်များနှင့် ဆက်စပ်သော ပြဿနာများ (အကြောင်း)အသေးစိတ် သုံးသပ်ချက်အတွက် Mark (2016) နှင့် Mark & Belton (2020) ကိုရှုပါ။
60 လားဖိုး၏မိခင်၊ ပုဂ္ဂိုလ်ရေးဆက်သွယ်ပြောကြားချက်၊ ၂၀၂၃ ခုနှစ် မတ်လ ၁၀ ရက်။
61 ထီးဂေး၊ ပုဂ္ဂိုလ်ရေးဆက်သွယ်ပြောကြားချက်၊ ၂၀၂၃ ခုနှစ် မတ်လ ၁၄ ရက်။
62 ထီးဆယ်၊ ပုဂ္ဂိုလ်ရေးဆက်သွယ်ပြောကြားချက်၊ ၂၀၂၃ ခုနှစ် မတ်လ ၁၂ ရက်။
63 ရွာသူရွာသားသည် မိသားစုစားသုံးရန်နှင့် ဆီကြိတ်ရန်အတွက် ပဲအမျိုးမျိုးကို စိုက်ပျိုးကြသည်။
64 See Kyed et al. (2026) [this issue].
65 ထီးထူး၊ ပုဂ္ဂိုလ်ရေးဆက်သွယ်ပြောကြားချက်၊ ၂၀၂၃ ခုနှစ် မတ်လ ၁၀ ရက်။
66 Nixon, 2011.
67 Vigh, 2008.
68 Mahanty et al., 2023.
69 Franco & Borras 2019; Temudo & Cabral, 2023.
70 Park, 2018.
71 Lund, 2016.
72 Park, 2018.
73 Mahanty et al., 2023.
ကိုးကားချက်များ
Aung Naing. (2024). Land, Violence and Subjugation in Myanmar. Regional justify for Social Science and Sustainable Development. https://rcsd.soc.cmu.ac.th/wp-content/uploads/2024/08/land-violence-subjugation-aung-naing-2024.pdf
Baird, I. (2021). Catastrophic and slow violence: thinking about the impacts of the Xe Pian Xe Namnoy dam in southern Laos. Journal of Peasant Studies, 48(6), 1167-1186. https://doi.org/10.1080/03066150.2020.1824181
Baird, I., & Barney, K. (2017). The political ecology of cross-sectoral cumulative impacts: Modern landscapes, large hydropower dams and industrial tree plantations in Laos and Cambodia. Journal of Peasant Studies, 44(4), 769–795. https://doi.org/10.1080/03066150.2017.1289921
Baird, I., & Thorne, M. A. (2023). The downstream impacts of dams on the seasonally flooded riverine forests of the Mekong River in northeastern Cambodia. South East Asia Research, 31(4), 377-399.
Ballvé, T. (2020). The Frontier Effect: State Formation and Violence in Colombia. Cornell University Press.
Barbier, E. B (2012). Scarcity, frontiers and development. The Geographical Journal, 178(2), 110-122. https://doi.org/10.1111/j.1475-4959.2012.00462.x
Borras, S. M., Franco, J. C., & Nam, Z. (2020). Climate change and land: Insights from Myanmar. World Development, 129, 104864.
Chambers, J., & Butta, S. (2019). A Housing Land and Property (HLP) Rights Based Analysis of Customary Land Dispute Resolution in Eastern Bago Region and Kayin and Shan States. MyJustice & British Council.
Doi Ra, Kham, S. S., Barbesgaard, M., Franco, J. C., & Vervest, P. (2021). The politics of Myanmar’s agrarian transformation. The Journal of Peasant Studies, 48(3), 463–475. https://doi.org/10.1080/03066150.2021.1901689
Doi Ra, & Khu Khu Ju. (2021). ‘Nothing about us, without us’: Reflections on the challenges of building Land in Our Hands, a national land network in Myanmar/Burma. The Journal of Peasant Studies, 48(3), 497-516. https://doi.org/10.1080/03066150.2020.1867847
Fairhead, J., Leach, M., & Scoones, I. (2012). Green Grabbing: A new appropriation of nature? The Journal of Peasant Studies, 39(2), 237–261. https://doi.org/10.1080/03066150.2012.671770
Faxon, H. O. (2021). After the Rice Frontier: Producing State and Ethnic Territory in Northwest Myanmar. Geopolitics, 28(1), 47–71. https://doi.org/10.1080/14650045.2020.1845658
Ferguson, J. M. (2014). The scramble for the Waste Lands: Tracking colonial legacies, counterinsurgency and international investment through the lens of land laws in Burma/Myanmar. Singapore Journal of Tropical Geography, 35(3), 295–311. https://doi.org/10.1111/sjtg.12078
Franco, J. C., & Borras, S. M. (2019). Grey areas in green grabbing: subtle and indirect interconnections between climate change politics and land grabs and their implications for research. Land Use Policy, 84, 192–199. https://doi.org/10.1016/j.landusepol.2019.03.013
Free Burma Rangers. (2006, April 17). Over 8500 people displaced as the Burma army extends its attacks against civilians in northern and western Karen State, Burma. https://www.freeburmarangers.org/2006/04/17/over-8-500-people-displaced-as-the-burma-army-extends-its-attacks-against-civilians-in-northern-and-western-karen-state-bur/
Jones, L. (2014). The Political Economy of Myanmar’s Transition. Journal of Contemporary Asia, 44(1), 144–170. https://doi.org/10.1080/00472336.2013.764143
Karen Human Rights Group. (2006). Civilians as Targets. https://khrg.org/sites/khrg.org/files/khrg06c1.pdf
Karen Human Rights Group. (2013). Losing Ground: Land conflicts and collective action in eastern Myanmar. https://www.khrg.org/sites/khrg.org/files/losinggroundkhrg-march2013-fulltext.pdf
Karen National Union. (2015). Karen National Union Land Policy. https://knuhq.org/admin/resources/policies/pdf/knu_land_policy_eng.pdf
Kiik, L. (2020). Inter-National Conspiracy? Speculating on the Myitsone Dam Controversy in China, Burma, Kachin, and a Displaced Village. Geopolitics, 28(1), 72–98. https://doi.org/10.1080/14650045.2020.1808886
Kramer, T. (2021). ‘Neither war nor peace’: Failed ceasefires and dispossession in Myanmar’s ethnic borderlands. The Journal of Peasant Studies, 48(3), 476–496. https://doi.org/10.1080/03066150.2020.1834386
Kyed, H. M. (2021). Frontier Governance: Contested and Plural Authorities in a Karen Village after the Ceasefire. Modern Asian Studies, 56(2), 603-638.
Kyed, H. M., & Myat The Thitsar. (2020). State Making and Dispute Resolution in Karen ‘Frontier’ Areas. Independent Journal of Burmese Scholarship, 1, 1-27. https://ijbs.online/wp-content/uploads/2021/10/02Kyed.pdf
Kyed, H. M., Ah Lynn, & Nyan Pyi Thit. (2026). Local Experiences and Perceptions of Climate Change During Myanmar’s Violent Rupture. Independent Journal of Burmese Scholarship, 7. https://ijbs.online/?page_id=5645
Lamb, V., & Dao, N. (2017). Perceptions and practices of investment: China’s hydropower investments in Vietnam and Myanmar. Canadian Journal of Development Studies, 38(3), 395–413.
Lefebvre, H. (1991). The Production of Space. Blackwell.
Levien, M. (2013). Regimes of Dispossession: From Steel Towns to Special Economic Zones. Development and Change, 44(2), 381–407.
Lund, C. (2011). Fragmented sovereignty: Land reform and dispossession in Laos. The Journal of Peasant Studies, 38(4), 885–905. https://doi.org/10.1080/03066150.2011.607709
Lund, C. (2016). Rule and Rupture: State Formation through the Production of Property and Citizenship. Development and Change, 47–6, 1199–1228. https://doi.org/10.1111/dech.12274
Lue Htar. (2020). Everyday Justice and Plural Authorities: Insights from Karen State about Land Disputes. Independent Journal of Burmese Scholarship, 1, 181-209. https://ijbs.online/wp-content/uploads/2021/10/07LueHtar.pdf
Mahanty, S., Milne, S., Barney, K., Dressler, W., Hirsch, P., & To, P. X. (2023). Rupture: Towards a critical, emplaced, and experiential view of nature-society crisis. Dialogues in Human Geography, 13(2), 177-196. https://doi.org/10.1177/20438206221138057
Mark, S. S. (2016). Are the Odds of Justice “Stacked” Against Them? Challenges and Opportunities for Securing Land Claims by Smallholder Farmers in Myanmar. Critical Asian Studies, 48(3), 443-60.
Mark, S. S., & Belton, B. (2020). Breaking with the past? The politics of land restitution and the limits to restitutive justice in Myanmar. Land Use Policy, 94, 104503. https://doi.org/10.1016/j.landusepol.2020.104503
Motta, S., Wolf, A. T., & Schipper, E. L. F. (2023). Immaterial Infrastructures and Conflict in the Salween River Basin. Water Alternatives, 16(3), 793-820.
Naw Noreen. (2010, March 8). Dam floods 20 villages in central Burma. Democratic Voice of Burma. https://reliefweb.int/report/myanmar/dam-floods-20-villages-central-burma-0
Naw Htee Ku, & Hoffmann, K. (2026). Shifting Tides: Political Ruptures and Environmental Activism in Tanintharyi Region. Independent Journal of Burmese Scholarship, 7. https://ijbs.online/?page_id=5649
Nixon, R. (2011). Slow Violence and the Environmentalism of the Poor. Harvard University Press.
Park, A. L. (2018). The Reshaping of Landscapes: Systems of Mediation, War, and Slow Violence. The Journal of Asian Studies, 77(2), 365–368.
Park, C. M. Y. (2021). Gender and generation in rural politics in Myanmar: A missed space for (re)negotiation? The Journal of Peasant Studies, 48(3), 560–585. https://doi.org/10.1080/03066150.2020.1837778
Paul, A., Roth, R., & Saw Sha Bwe Moo. (2021). Relational Ontology and More-than-Human Agency in indigenous Karen Conservation Practice. Pacific Conservation Biology, 27(4), 376-90. https://doi.org/10.1071/PC20016
Paul, A., Roth, R., & Twa, S. P. S. (2023). Conservation for self-determination: Salween Peace Park as an Indigenous Karen conservation initiative. AlterNative: An International Journal of Indigenous Peoples, 19(2), 271-282. https://doi.org/10.1177/11771801231169044
Peluso, N. L., & Lund, C. (2011). New frontiers of land control: Introduction. Journal of Peasant Studies, 38(4), 667–681. https://doi.org/10.1080/03066150.2011.607692
Rasmussen, M. B., & Lund, C. (2018). Reconfiguring Frontier Spaces: The territorialization of resource control. World Development, 101, 388–399. https://doi.org/10.1016/j.worlddev.2017.01.018
Ribot, J. (2014). Cause and Response: Vulnerability and Climate in the Anthropocene. Journal of Peasant Studies, 41(5), 667-705. https://doi.org/10.1080/03066150.2014.894911
Sarma, J., Faxon, H., & Roberts, K. B. (2023). Remaking and Living with Resource Frontiers: Insights from Myanmar and Beyond. Geopolitics,> 28(1), 1-22.
South, A. (2011). Burma>’>s Longest War: Anatomy of the Karen Conflict. Transnational Institute.
South, A., Schroeder, T., Joliffe, K., Mi Kun Chan Non, Sa Shine, Kempel, S., Schroder, A., & Naw Wah Shee Mu. (2018). Between Ceasefires and Federalism: Exploring Interim Arrangements in the Myanmar Peace Process. Joint Peace Fund.
Temudo, M. P., & Cabral, A. I. R. (2023). Climate change as the last trigger in a long-lasting conflict: the production of vulnerability in northern Guinea-Bissau, West Africa. The Journal of Peasant Studies, 50(1), 315-338.
Tilly, C. (1985). War Making and State Making as Organized Crime. In P. B. Evans, D. Rueschemeyer, & T. Skocpol (Eds.), Bringing the State Back In (pp. 169–191). Cambridge University Press.
Tsing, A. L. (2005). Friction: An Ethnography of Global Connection. Princeton University Press.
Vandergeest, P., & Peluso, N. L. (1995). Territorialization and State Power in Thailand. Theory and Society, 24(3), 385-426. https://doi.org/10.1007/bf00993352
Vigh, H. (2008). Crisis and Chronicity: Anthropological perspectives on continuous conflict and decline. Ethnos, 73(1), 5–24. https://doi.org/10.1080/00141840801927509
Woods, K. (2011). Ceasefire capitalism: Military-private partnerships, resource concessions and military-state building in the Burma-China borderlands. The Journal of Peasant Studies, 38(4), 747–770. https://doi.org/10.1080/03066150.2011.607699
Woods, K. (2019). Green territoriality: Conservation as state territorialization in a resource frontier. Human Ecology, 47(2), 217-232. https://doi.org/10.1007/s10745-019-0063-x
Woods, K. (2015). CP maize contract farming in Shan State, Myanmar: A regional case of a place-based corporate agro-feed system [Working paper]. BICAS. https://www.tni.org/files/download/bicas_working_paper_14_woods.pdf
Woods, K. (2020). Smaller-scale land grabs and accumulation from below: Violence, coercion and consent in spatially uneven agrarian change in Shan State, Myanmar. World Development, 127, 104780. https://doi.org/10.1016/j.worlddev.2019.104780
Woods, K. (2021). Rebel Territory in a resource frontier: Commodification and spatialized orders of rule in Tanintharyi Region, Myanmar. Geoforum, 124, 371–380. Woods, K., & Naimark, J. (2020). Conservation as counterinsurgency: A case of ceasefire in a rebel forest in southeast Myanmar. Political Geography, 83, 102251. https://doi.org/10.1016/j.polgeo.2020.102251