မြန်မာပြည်မှ အိန္ဒိယပြည် မီဇိုရမ်သို့ ရွှေ့ပြောင်းလာကြသော ရက်ကန်းသမားများ၏ နောက်ကွယ်မှ အကြောင်းတရားများ

ယုဂန်ပိုင် | Click here to read this article in English.

Cite as: 
ယုဂန်ပိုင်၊ (၂၀၂၅)၊ မြန်မာပြည်မှ အိန္ဒိယပြည် မီဇိုရမ်သို့ ရွှေ့ပြောင်းလာကြသော ရက်ကန်းသမားများ၏ နောက်ကွယ်မှ အကြောင်းတရားများ၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ၆။ https://ijbs.online/?page_id=5522

အကျဉ်းချုပ်

ဤဆောင်းပါးသည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်၊ အိုက်ဇောတွင် နေထိုင်လျက် ရှိကြသည့် ဗမာရက်ကန်းသမားများ၏ ရွှေ့ပြောင်းနေထိုင်ရန် ဆုံးဖြတ်ချက် ချမှတ်ရာ၌ လုပ်အားခကွာခြားမှု၊ သတင်းအချက်အလက်ရယူနိုင်မှုနှင့် ပြောင်း ရွှေ့စရိတ်စသည့်အချက်များ၏ အကျိုးသက်ရောက်မှုကို လေ့လာထားပါသည်။ အသေးစိတ်မေးမြန်းသည့် အင်တာဗျူးများနှင့် ရွှေ့ပြောင်းရက်ကန်းသမား (၁၇) ဦးတို့နှင့်ပြုလုပ်ထားသည့် ဦးတည်အင်တာဗျူးများ အပါအဝင် အရည် အသွေးအခြေပြုသုတေသနနည်းလမ်းများကို အသုံးပြုလျက် လုပ်အားခ ကွာ ခြားမှုသည် ရွှေ့ပြောင်းနေထိုင်ရေးအတွက် ဆုံးဖြတ်ချက်ချမှတ်ရာတွင် အရေး အကြီးဆုံးအချက်ဖြစ်ကြောင်း ကျွန်ုပ်တို့၏ အယူအဆကို တင်ပြထားပါသည်။ ရရှိလာသော အချက်အလက်များသည် ရက်ကန်းလုပ်ငန်းမှ ရွှေ့ပြောင်းလုပ် သားများ၏ ဘဝတစ်လျှောက်ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများနှင့် ၎င်းတို့ ၏ အသက်မွေးဝမ်းကျောင်းတို့အကြောင်း အတွင်းသဘောကိုလည်း ပိုမိုသိမြင် စေပါသည်။ ရွှေ့ပြောင်းရက်ကန်းသမားများ ရင်ဆိုင်ကြုံတွေ့ရသည့် အခက် အခဲများ၊ မီဇိုရမ်သို့ ရွှေ့ပြောင်းခဲ့ရသည့်ပုံစံနှင့် ရွှေ့ပြောင်းခဲ့ရသည့် အကြောင်း ရင်းများကို အသားပေးဖော်ပြခြင်းဖြင့် ဤလေ့လာမှုက မီဇိုရမ်ရှိ ရွှေ့ပြောင်း နေထိုင်မှုဆိုင်ရာ ရှုပ်ထွေးသည့်အခြေအနေများနှင့် လုပ်သားဈေးကွက်ရလဒ် များအကြောင်း ပိုမိုသိရှိနားလည်စေမည် ဖြစ်ပါသည်။

မိတ်ဆက်

လက်ရှိတွင် မြန်မာနိုင်ငံသည် နိုင်ငံတစ်ဝန်းလုံး၌ နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွား ရေး ခက်ခဲကျပ်တည်းမှု၊ ပိုမိုဆိုးရွားလာသည့် အကြမ်းဖက်မှု၊ မလုံခြုံမှုများနှင့် အတူ မကြုံစဖူးသော အကျပ်အတည်းကို ရင်ဆိုင်ကြုံတွေ့နေရသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းစဉ်ကတည်းက နေရေးထိုင်ရေး အခြေအနေ များမှာ သိသာစွာပင် ဆိုးရွားလာခဲ့ပြီး၊ သန်းနှင့်ချီသောပြည်သူများမှာ ဆင်းရဲ တွင်းနက်နေကြသည်။ ၂၀၂၁ ခုနှစ်အတွင်း ပြင်းထန်သည့် ကိုဗစ်ရောဂါ တတိယလှိုင်းကြောင့် စီးပွားရေးနှင့် ကျန်းမာ‌ရေး စောင့်ရှောက်မှုများမှာ ချည့် နဲ့သွားပြီး အကျပ်အတည်းမှာ ပို၍ပင် ဆိုးရွားလာခဲ့သည်။ အိမ်သုံးကုန်ပစ္စည်း ဈေးနှုန်းများမှာ သိသာစွာ မြင့်တက်လာခဲ့ပြီး လူအများစုအတွက် အခြေခံ စားသောက်ကုန်များကိုပင် မတတ်နိုင်တော့သည်အထိ ဖြစ်ခဲ့ရသည်။

မြန်မာစစ်တပ်သည် ပုဂ္ဂလိကပိုင်ပစ္စည်းများအား မတရားသိမ်းယူခြင်း၊ ဆေးရုံများ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အဦများအား ဗုံးကြဲ တိုက်ခိုက် ဖျက်ဆီးခြင်း၊ ရပ်ရွာနေအိမ်များအပေါ် မီးလောင်ဗုံးများ ကြဲချခြင်း၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများအပါအဝင် အရပ်သားပြည်သူများ အား ရက်စက်စွာသတ်ဖြတ်ခြင်း အစရှိသည့် အရပ်သားပြည်သူများအပေါ် အင်အားသုံး တိုက်ခိုက်မှုများ ပုံမှန်ပြုလုပ်လျက်ရှိသည်။ ၎င်းအပြင် အထူးသ ဖြင့် အမျိုးသမီးများမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို ခံစားနေကြရသည်။ မြန်မာနိုင်ငံရှိ အကျပ်အတည်းကို ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း ကလည်း လျစ်လျူရှုထားရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ ပေးပို့ရာတွင်လည်း ထိရောက်မှု မရှိဖြစ်နေသည်။ ပြည်သူ အမြောက်အမြားမှာ မိမိတို့၏ နေရပ်များကို စွန့်ခွာကာ နိုင်ငံတွင်းနှင့် အိမ်နီး ချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

၂၀၂၁ အာဏာသိမ်းချိန်မှစတင်၍ (ပြည်တွင်း၊ ပြည်ပ) ရွှေ့ပြောင်းနေထိုင် မှုသည် နိုင်ငံ၏ အနာဂတ်ကို ပုံဖော်ရာ၌ အ‌ရေးပါသော အဆုံးအဖြတ်ဖြစ် ကြောင်း၊ နိုင်ငံသည် “မြန်မာ့ရွှေ့ပြောင်းနေထိုင်မှုကာလ” ၌ ရောက်ရှိနေ ကြောင်းဖြင့် အောင်ထွန်းက ဆိုသည်။1 ရွှေ့ပြောင်းနေထိုင်မှု မြင့်တက်လာရ သည့် အဓိကအကြောင်းရင်းမှာ လုံခြုံရေး စိုးရိမ်ရမှုများကြောင့်ဖြစ်ပြီး၊ အများစု မှာ စစ်သားများနှင့် စစ်တပ်၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီ (စကစ) က ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုများကို ရှောင်ရှားရန်အတွက် ထွက်ပြေး ကြခြင်းဖြစ်သည်။ လူပေါင်းများစွာတို့မှာ စစ်အာဏာရှင်အား ဖြုတ်ချနိုင်ရေးကို ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် အခြားနိုင်ငံများသို့ဖြစ်စေ၊ လွတ်မြောက် နယ်မြေများသို့ဖြစ်စေ ထွက်ခွာကြရသည်များလည်းရှိရာ နိုင်ငံရေးအရ စိုးရိမ်မှု များမှာလည်း အရေးပါသည်။ လူပေါင်းများစွာတို့မှာ ဖမ်းဆီး၊ နှိပ်စက်၊ သတ် ဖြတ်ခံရမည်ကိုကြောက်ရွံ့သည့်အတွက် အာဏာသိမ်းစဉ်ကတည်းက ပေါ်ပေါ် ထင်ထင်နေထိုင်နိုင်ခြင်း မရှိကြတော့ဘဲ ရပ်ရွာအတွင်း၌ပင် ပုန်းရှောင်၍ နေကြရသည်။

နေရပ်စွန့်ခွာပြောင်းရွှေ့မှုနှင့် ရွှေ့ပြောင်းနေထိုင်မှုအရေးတွင် နိုင်ငံရေး အကျပ်အတည်းပေါင်းစုံနှင့် ဆယ်စုနှစ်များစွာကြာ စစ်ဖြစ်နေသည့် မြန်မာ နိုင်ငံ၏ အခြေအနေမှာ မတူကွဲပြားခြားနားပါသည်။ ကမ္ဘာ့အခြေအနေတွင် စီးပွားရေးအကြောင်းအချက်မှာ ရွှေ့ပြောင်းနေထိုင်ရခြင်း၏ အဓိကစေ့ဆော်မှု ဖြစ်သည်။ စီးပွားရေးအကြောင်းအချက်များသည် မြန်မာနိုင်ငံရှိ ရွှေ့ပြောင်းနေ ထိုင်မှု လမ်းကြောင်းများစွာအတွက် ရှေးယခင်ကာလများကတည်းကပင် အထူးအရေးပါခဲ့ပြီး ၂၀၂၁ အာဏာသိမ်းချိန်မှ စတင်ကာ ယင်းလမ်းကြောင်း များမှာ ပို၍ပင်အရေးပါလာခဲ့သည်။ ထို့ကဲ့သို့သော လမ်းကြောင်းတစ်ခုမှာ မြန်မာနိုင်ငံအထက်ပိုင်းမှသည် လက်ရက်ကန်းလုပ်ငန်း ထွန်းကားရာ အိန္ဒိယ နိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ဦးတည်ပါသည်။ မီဇိုရမ်ပြည်နယ်ရှိ လူဦးရေ တိုးတက်လာမှုနှင့် လူမှုစီးပွားအခြေအနေများအတွက် ကျွမ်းကျင်လုပ်သားများ ၏ ရွှေ့ပြောင်းနေထိုင်မှုမှာ အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။2

ကျွမ်းကျင်ရက်ကန်းသမားများသည် မည်သည့်အတွက်ကြောင့် မီဇိုရမ်သို့ ရွှေ့ပြောင်း နေထိုင်ရသနည်း၊ ၎င်းတို့ ဆုံးဖြတ်ချက်ချမှတ်ရာတွင် လုပ်အားခ ကွာခြားချက်က မည်သည့်အခန်းကဏ္ဍမှ ပါဝင်နေသနည်း၊ မီဇိုရမ်၏ အလုပ် သမားဈေးကွက် အကြောင်း သတင်းရယူနိုင်မှုသည် မည်မျှအထိ အရေးပါ သနည်း၊ အစရှိသည့် မေးခွန်း များကို မေးမြန်းခြင်းဖြင့် မီဇိုရမ်ရှိ ရွှေ့ပြောင်း နေထိုင်မှုဆိုင်ရာအခြေအနေများနှင့် လုပ်သားဈေးကွက်ရလဒ်များကို သိရှိနား လည်လာနိုင်စေရန် ဤဆောင်းပါးက ရည်ရွယ်ပါသည်။ အိန္ဒိယနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်းရက်ကန်းသမားများ၏ လူမှုစီးပွား အဆင်ပြေကောင်းမွန်မှုအပေါ် လုပ်အားခကွာခြားချက်များ၊ သတင်းအချက်အလက် ရယူနိုင်မှုနှင့် ရွှေ့ပြောင်း စရိတ် စသည့်အချက်များ၏ အကျိုးသက်ရောက်မှုအား လေ့လာရန်အတွက် လည်း ယင်းမေးခွန်းများကို မေးမြန်းရခြင်းဖြစ်သည်။ ယင်းမေးခွန်းများအား ဖြေကြားရန်အတွက် ပါဝင်သူများအား လေ့လာခြင်း၊ အလွတ်သဘော စကား ပြောဆိုခြင်းနှင့် အဓိကအင်တာဗျူးများအပါအဝင် အရည်အသွေးအခြေပြု သုတေသနလမ်းများအား အသုံးပြုထားပါသည်။

ဆောင်းပါးတွင် ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးမှ မီဇိုရမ်ပြည်နယ်သို့ ရွှေ့ပြောင်းနေထိုင်မှုလမ်းကြောင်းနှင့် နေရာဒေသနှစ်ရပ်စလုံးရှိ ရက်ကန်း သမားများ၏ ယေဘုယျအခြေအနေများအား ခြုံငုံသုံးသပ်ချက်ကို ဆက်လက် ဖော်ပြပါမည်။ ထို့နောက် ရွှေ့ပြောင်းနေထိုင်မှုအား သိရှိနားလည်နိုင်ရန် မူဘောင်အချို့နှင့် ဤဆောင်းပါးပါ စီးပွားရေးအကြောင်းအချက် (၃) ချက် ဖြစ်သည့် လုပ်အားခကွာခြားမှု၊ ရွှေ့ပြောင်းနေထိုင်စရိတ်နှင့် သတင်းအချက် အလက်ရယူနိုင်မှုတို့အား လေ့လာဖော်ထုတ်ပါမည်။ ထို့နောက်တွင် ရှာဖွေ တွေ့ရှိချက်များအား မိတ်ဆက်ခြင်းနှင့် နိဂုံးချုပ်ခြင်း မပြုမီတွင် လေ့လာမှု နည်းစနစ်အား ရှင်းလင်းတင်ပြမည်ဖြစ်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးမှ ရက်ကန်းသမားများ

စစ်ကိုင်းတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအထက်ပိုင်းရှိ အုပ်ချုပ်ရေးဒေသကြီး တစ်ခုဖြစ်ပြီး ပုံ (၁) ပါအတိုင်း အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေပါ သည်။ ပထမအကြီးဆုံးဖြစ်သည့် ရှမ်းပြည်နယ်၏ နောက်တွင် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ဖြစ်သည်။ စတုရန်းကီလိုမီတာ (၉၄,၆၂၁) ကျယ်ဝန်းကာ မြို့နယ်ပေါင်း (၃၇) မြို့နယ် ပါဝင်ပြီး အိန္ဒိယနှင့် နယ်နိမိတ်ထိစပ်နေသော မြို့နယ် (၃) မြို့နယ်အား နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ် ဖွဲ့စည်းထားသည်။ တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည့် စစ်ကိုင်းမြို့သည် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့နှင့် ထိစပ်နေပြီး လူအများစုမှာ ကျေးလက်ဒေသများတွင် နေထိုင်ကြပါသည်။

ပုံ (၁)
စစ်ကိုင်းတိုင်းဒေသကြီးမြေပုံ၊ Myanmar Information Management Unit မှ ရယူထားပါသည်။ (ပုံ၏ ညာဘက်အောက်ခြေ၌ အသေးစိတ်များ ပါဝင်သည်။)

စစ်ကိုင်းတိုင်းရှိ ပြည်သူများသည် စက်မှုလုပ်ငန်းအပါအဝင် စီးပွားရေးလုပ်ငန်း မျိုးစုံကို လုပ်ကိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးနှင့် ဥယျာဉ်ခြံလုပ်ငန်းတို့မှာ ဒေသ ခံများ၏ အဓိကအသက်မွေးဝမ်းကျောင်းအဖြစ် ရှိနေဆဲဖြစ်သည်။ ဒေသမှာ သီးနှံမျိုးစုံဖြစ်ထွန်းသည့် မြေဆီလွှာနှင့် ဥတုမျှတမှုကြောင့် ထင်ရှားသည်။ စိုက် ပျိုးမွေးမြူရေးနှင့် ဥယျာဉ်ခြံလုပ်ငန်းနှင့်အတူ စစ်ကိုင်းတိုင်းတွင် ပြည်တွင်းနှင့် ပို့ကုန်ဈေးကွက်များအတွက် ထုတ်ကုန်များထုတ်သည့် စက်မှုကဏ္ဍလည်း ကြီး ထွားလာလျက် ရှိပါသည်။ ရိုးရာလက်မှုလုပ်ငန်းများကြောင့် ကျော်ကြားပြီး၊ ရက်ကန်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ရွှေဘို၊ မုံရွာ၊ ကလေး နှင့် စစ်ကိုင်းမြို့နယ်များတွင် စက်ရက်ကန်းအများစုရှိပါသည်။ ခြုံစောင်၊ ပဝါ၊ အမျိုးသား၊ အမျိုးသမီးအဝတ်အထည်များနှင့် ချည်အိတ်များစသည့်တို့အား ဒီဇိုင်းပုံစံများဖြင့် အလှဆင်၍ ကျွမ်းကျင်စွာရက်လုပ်ဖန်တီးကာ ကမ္ဘာအနှံ့သို့ ဖြန့်ဖြူးရောင်းချပါသည်။ ရွှေဘို၊ ဆိပ်ခွန်ရွာတွင် ရက်လုပ်သော ဆိပ်ခွန်လုံချည် မှာ ထူးခြားသည့် အရည်အသွေးကြောင့် နိုင်ငံတစ်ဝန်းတွင် လူသိများသည်။

စစ်ကိုင်းတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့် စီးပွားရေး အခင်းအကျင်း၌ အရေးပါသည့် နေရာတစ်ခုဖြစ်သည်။ နေထိုင်သူအများစုမှာ ထေရဝါဒဗုဒ္ဓ ဘာသာနှင့် နီးကပ်ဆက်စပ်သော ယဉ်ကျေးမှုအမွေအနှစ်များ ကြွယ်ဝသည့် ဗမာများ ဖြစ်ကြသည်။ ရှေးဟောင်းအင်ပါယာနေရာများနှင့် မြို့တော်များရှိပြီး ရှည်လျားသည့် သမိုင်းကြောင်းလည်းရှိရာ မြန်မာ့သမိုင်းနှင့် ယဉ်ကျေးမှုကို ပုံဖော်ရာ၌ အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေပါသည်။

မီဇိုရမ်ပြည်နယ်မှ ရက်ကန်းသမားများ

မီဇိုရမ်ရှိ လူအများစုသည် တိဘက်-ဗမာစကားပြောအုပ်စုတစ်စုဖြစ်သည့် မီဇို များဖြစ်သည်။ ပြည်နယ်တွင် လူဦးရေ (၁) သန်းကျော်ရှိပြီး မြို့တော် အိုက်ဇော မှာ စည်ကားလာနေသော်လည်း အများစုမှာ ကျေးလက်ဒေသ၌သာ နေထိုင် ကြသည်။ ပြည်နယ်သည် အရှေ့ဘက်နယ်နိမိတ်တွင် မြန်မာ၏ ချင်းပြည်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ အိန္ဒိယ၏ အရှေ့မြောက်ပိုင်း ပြည်နယ်များ အနက် မီဇိုရမ်ပြည်နယ်သည် ၂၀၂၁ အာဏာသိမ်းချိန်မှ စတင်ကာ မြန်မာပြည် သူများကို အများဆုံး လက်ခံပေးထားသည့် ပြည်နယ်ဖြစ်သည်။

ပုံ (၂)
စာရေးသူ၏ မီဇိုရမ်ပြည်နယ်မြေပုံ။

မီဇိုရမ်ပြည်နယ်ရှိ အလုပ်သမားများအတွက် ပြည်နယ်အစိုးရက အလေးထား ပံ့ပိုးပေးထားသည်။ မီဇိုရမ်၏ လုပ်သားအင်အားမှာ အိန္ဒိယတစ်နိုင်ငံလုံး၌ အမျိုးသမီးလုပ်သား ရာခိုင်နှုန်းအမြင့်ဆုံးဖြစ်သည်။ မီဇိုရမ်အစိုးရ၏ အလုပ် သမား၊ အလုပ်အကိုင်၊ ကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွန့်ဦးတီထွင် မှုဌာန (LESDE) သည် အလုပ်အကိုင်မရှိသေးသော ပညာတတ်လူငယ်များ အတွက် အလုပ်အကိုင် အကူအညီများပေးကာ မီဇိုရမ်ပြည်နယ်ရှိ လုပ်သား ဈေးကွက်တိုးတက်လာစေရန်အတွက် ကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်လာစေ ရေး အစီအစဉ်များ၊ အခြေခံစစ်တမ်းများနှင့် ခြေရာခံလေ့လာမှုများ ပြင်ဆင် ဆောင်ရွက်ခြင်း အစရှိသည့် ဆောင်ရွက်မှုအမျိုးမျိုးကို လုပ်ဆောင်ပေးသည်။ LESDE သည် စာသင်ကျောင်းများနှင့် ကောလိပ်များရှိ အခြားဌာနများနှင့် ပူးပေါင်းကာ အသိပညာပေးလှုပ်ရှားမှုများကို ဆောင်ရွက်ပါသည်။ အဆိုပါ ကမ်ပိန်းများမှာ ကျောင်းသားများနှင့် အမျိုးသမီးများအကြား ကျွမ်းကျင်မှုများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အခွင့်အလမ်းများအကြောင်း အသိပညာပေးနိုင်ရန် ရည်ရွယ်ပါသည်။ ပုံမှန်အလုပ်အကိုင်သင်တန်းနှင့် အလုပ်အကိုင်အခွင့်အလမ်း များအပြင် မီဇိုရမ်တွင် ဖွံ့ဖြိုးလာသော ပုံမှန်မဟုတ်သည့် ကဏ္ဍတစ်ရပ်လည်း ရှိပါသည်။ သာဓကအားဖြင့် အိုက်ဇောရှိ Thakthing လမ်းဈေးတွင် အသေး စားစိုက်ပျိုးသူများနှင့် လယ်သမားများအတွက် လုပ်ငန်းကုန်ကျစရိတ် နည်းပါး စွာဖြင့် ထုတ်ကုန်များကို ဈေးကွက်၌ တိုက်ရိုက်ရောင်းချနိုင်မည့် အရောင်း နေရာတစ်ခု ဖွင့်လှစ်ပေးထားခြင်း ဖြစ်သည်။

မီဇိုရမ်ပြည်နယ်တွင် စိုက်ပျိုးမွေးမြူရေး၊ ဥယျာဉ်ခြံ၊ သစ်တောလုပ်ငန်း နှင့် စက်မှုလုပ်ငန်း စသည့် လုပ်ငန်းမျိုးစုံတို့ဖြင့် စီးပွားရေးကို ပံ့ပိုးပေးထား သည်။ စိုက်ပျိုးမွေးမြူရေး၊ ဥယျာဉ်ခြံလုပ်ငန်းတို့နှင့်အတူ မီဇိုရမ်ပြည်နယ်တွင် ရိုးရာအိမ်တွင်း လက်ရက်ကန်းလုပ်ငန်းနှင့် လူကြိုက်များသော အဝတ်အထည် မျိုးစုံ ထုတ်လုပ်ခြင်းကြောင့် စက်ရက်ကန်းထည်လုပ်ငန်းလည်း ကြီးထွားလာ လျက်ရှိသည်။ ရက်ကန်းရက်လုပ်ခြင်းကျွမ်းကျင်မှုမှာ မီဇိုလူမျိုးများ၏ ထင်ရှား သော အနုပညာပုံစံတစ်ခုဖြစ်ပြီး ယင်းလက်မှုပညာ၌ ကျွမ်းကျင်မှုအား ယဉ်ကျေးမှုနှင့် ခွဲခြားမရသော အပိုင်းအဖြစ် တလေးတစား မှတ်ယူထားပါ သည်။ ရက်ကန်းလုပ်ငန်းသည် ကျေးလက်နေပြည်သူများအတွက် အလုပ် အကိုင်အခွင့်အလမ်းများ၊ ဝင်ငွေများကို ထောက်ပံ့ပေးနိုင်ပြီး ဆင်းရဲမှုကို လျှော့ချကာ ပြည်နယ်၏ စီးပွားရေးကိုလည်း ပံ့ပိုးပေးပါသည်။

ရက်ကန်းရက်လုပ်ခြင်းအား အမျိုးသမီးများ လုပ်ကိုင်ကြကာ ငယ်ရွယ်စဉ် ကတည်းက ရက်ကန်းရက်လုပ်ခြင်းကို သင်ယူကြပြီး အိမ်တွင်းလက်မှုလုပ်ငန်း ၏ လက်ထိုးလွန်းရက်ကန်းများတွင် puans အထည်များ ထုတ်လုပ်ကြသည်။ အဆိုပါအထည်များမှာ လုံချည်နှင့်ဆင်တူပြီး၊ အမျိုးသမီးများက ရိုးရာဝတ်စုံ အဖြစ် ဝတ်ဆင်ကြကာ လှပသည့် အဆင်ဒီဇိုင်းနှင့် အနုစိတ်သော ပန်းထိုးများ ကြောင့် ကျော်ကြားသည်။ Puans အပြင် ရက်ကန်းသမားများသည် puanchei ၊ ngotekherh နှင့် kawrchei အထည်များသာမက ပဝါနှင့် လွယ်အိတ်များ လည်း ထုတ်လုပ်ပြီး မီဇိုအမျိုးသမီးများအကြား အကြိုက်များကာ ရိုးရာအခမ်း အနားများနှင့် ပွဲတော်များ၌ ဝတ်ဆင်ကြသည်။ ရက်ကန်းသမားများသည် လက်ထိုး လွန်းရက်ကန်းနှင့် လွန်းပျံရက်ကန်း နှစ်မျိုးစလုံးကို အသုံးပြုကြ သည်။ လွန်းပျံရက်ကန်းသည် တတ်နိုင်သူများအတွက် အရည်အသွေး ပိုမို ကောင်းမွန်သော အထည်များ ထုတ်ပေးပြီး ရက်ကန်းသမားများအတွက်လည်း အရည်အသွေး တူညီသည့် ပိတ်စရှည်များအား ပိုမိုရက်လုပ်နိုင်စေပါသည်။ လက်ထိုးလွန်းရက်ကန်းကို အကျယ် (၁၆-၂၂) လက်မရှိ အထည်များ ပြုလုပ်ရန် အတွက် အသုံးပြုပြီး ကော်ဇောနှင့် ခြုံစောင်များ၏ အဆင်ကွက်များကို ပြုလုပ်ရာ၌လည်း အသုံးပြုပါသည်။[3

အိန္ဒိယနိုင်ငံတွင် လက်ရက်ကန်းလုပ်ငန်းလုပ်သည့် အိမ်ထောင်စုပေါင်း (၂,၇၈၃,၀၀၀) အား အလုပ်အကိုင်များ ပံ့ပိုးပေးထားနိုင်ပြီး လုပ်သားအင်အား ၏ (၇၇) ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်ကြသည်။ မီဇိုရမ်တွင် ရက်ကန်း လုပ်သည့် အစုများစွာ ရှိသည်။ ရက်ကန်းရက်လုပ်ခြင်းဖြင့် ကျော်ကြားသည့် နေရာများတွင် Serchhip ခရိုင် (Thenzawl) နှင့် အိုက်ဇောခရိုင် (အိုက်ဇော) တို့ ပါဝင်သည်။ ယင်းဒေသများမှ ထုတ်လုပ်သော အဝတ်အထည်များမှာ အနုစိတ်သည့် အဆင်ဒီဇိုင်းများ၊ စိုလွင်တောက်ပသော အရောင်များနှင့် အရည်အသွေးမြင့်မားမှုတို့ကြောင့် ကျော်ကြားပြီး မီဇိုရမ်အတွင်း၌သာမက ပြင်ပတွင်လည်း လူကြိုက်များသည်။ လက်ရက်ကန်းသည် နွမ်းပါးသော အမျိုးသမီးများအတွက် စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းပုံစံတစ်ခု ဖြစ်လာပြီး အသေးစားလက်ရက်ကန်းလုပ်ငန်း (၂၅၀) ၏ (၉၈) ရာခိုင်နှုန်းကို အမျိုးသမီး များက ပိုင်ဆိုင်ကြကြောင်း Thenzawl လက်ရက်ကန်းအစုအား လေ့လာမှု တစ်ရပ်တွင် ဖော်ပြထားသည်။[4 သို့သော် ရက်ကန်းသမားများမှာ ငွေကြေး အခက်အခဲများ၊ ကျန်းမာရေးပြဿနာများနှင့် အစိုးရ၏ ပံ့ပိုးမှု နည်းပါးခြင်း တို့ကို ကြုံတွေ့ရကြောင်း Zuangtui လက်ရက်ကန်းအစုမှ လက်ရက်ကန်း သမားများ၏ လူမှုစီးပွားအကြောင်း အခြားလေ့လာမှုတစ်ရပ်က ဆိုသည်။[5

ပြည်နယ်အစိုးရသည် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ၊ ငွေကြေးထောက်ပံ့မှုနှင့် ဈေးကွက်ရှာဖွေရေး ပံ့ပိုးမှုများ အစရှိသည့် အမျိုးမျိုး သော ဆောင်ရွက်ချက်များမှတစ်ဆင့် ရက်ကန်းလုပ်ငန်းကို ကူညီပံ့ပိုးပေး သည်။ အဆိုပါ ဆောင်ရွက်ချက်များသည် ရက်ကန်းသမားများ၏ ကျွမ်းကျင်မှု တိုးတက်လာစေရန်၊ အရင်းအနှီးများ ရရှိလာစေရန်နှင့် ထုတ်ကုန်များအား ရောင်းချနိုင်စေရန်တို့ကို ရည်ရွယ်ပါသည်။

ရွှေ့ပြောင်းနေထိုင်မှုလမ်းကြောင်း

အိန္ဒိယ-မြန်မာနယ်နိမိတ်သည် (၁,၆၄၃) ကီလိုမီတာ ရှည်လျားပြီး အိန္ဒိယနိုင်ငံ ဘက်ရှိ အရွန်နာချယ်ပရာဒေ့ရှ်၊ နာဂလန်း၊ မဏိပူရ်ပြည်နယ်များနှင့် မြန်မာ နိုင်ငံဘက်မှ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ ထိစပ်နေသည်။ ချင်းပြည်နယ်သည် မီဇိုရမ်ပြည်နယ်မှ ခရိုင် လေးခုနှင့် လည်းကောင်း၊ မီဇိုရမ်ရှိ Churachandpur ၊ Tengnoupal နှင့် Chandel ခရိုင်များမှာ မြန်မာမှ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းတို့နှင့်လည်းကောင်း နယ်နိမိတ်များ ထိစပ်နေသည်။ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံဟူ၍ မပေါ်ပေါက်မီ ရာစုနှစ်များစွာကတည်းကပင် လူများမှာ အဆိုပါဒေသများကို ဖြတ်ကျော်ဝင် ရောက်နေထိုင်ခဲ့ကြခြင်းဖြစ်သည်။6 သို့သော်လည်း မြန်မာတွင် လွန်ခဲ့သည့် ရာစုနှစ်ဝက်အတွင်း လူမျိုးရေးပဋိပက္ခနှင့် တိုင်းရင်းသား လူနည်းစုများအပေါ် နှိပ်ကွပ်မှုများကြောင့် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဆီသို့ ရွှေ့ ပြောင်းနေထိုင်မှုမှာ ပို၍ပင် များပြားလာသည်။ အဆိုပါ ဒေသအတွင်းရှိ လူမျိုး စုများအကြား နီးကပ်စွာတည်ရှိမှုနှင့် တူညီသည့် ယဉ်ကျေးမှု နှောင်ကြိုးများ ကြောင့် နယ်စပ်ဖြတ်ကျော်ရွှေ့ပြောင်းမှုမှာ လွယ်ကူချောမွေ့ပါသည်။7

၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်တွင် မြန်မာနိုင်ငံမှ လူပေါင်း များစွာတို့မှာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြသည်။ ၁၉၈၈ နောက်တစ်ကြိမ် အာဏာသိမ်းချိန်တွင် အစုလိုက်အပြုံလိုက် အကြမ်း ဖက်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများနှင့် ဒီမိုကရေစီ လိုလားဆန္ဒပြသူများအား သတ်ဖြတ်မှုများကြောင့် နောက်ထပ်ပြည်သူအသုတ်လိုက်ကြီးမှာ မြန်မာနိုင်ငံ မှ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း (နှင့် အခြားသော အိမ်နီးချင်းနိုင်ငံများ) သို့ ထွက်ခွာခဲ့ကြရသည်။ အဆိုပါဒုက္ခသည်တို့မှာ မီဇိုရမ်တွင် အခြေချနေထိုင်ခဲ့ကြ သည်။ ထို့နောက် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်း ချိန်တွင် ဒီမိုကရေစီလိုလားသူ များမှာ တစ်ဖန်ပြန်၍ တိုက်ခိုက်ခံကြရပြီး ချင်းပြည်နယ်တွင် နေထိုင်သူအများ စုမှာ မီဇိုရမ်တွင် ခိုလှုံခဲ့ကြသည်။ အာဏာရ မီဇိုအမျိုးသားတပ်ဦး (MNF) မှ Rajya Sabha အဖွဲ့ဝင်တစ်ဦးဖြစ်သည့် K. Vanlalvena ၏ ပြောကြားချက်အရ အာဏာသိမ်းပြီးနောက်တွင် မီဇိုရမ်၌ မြန်မာမှ လာရောက်ခိုလှုံသူ (၄၀,၀၀၀) ကျော်ရှိသည်ဟု သိရှိရသည်။ အဆိုပါ ဒုက္ခသည်များမှာ ချင်းလူမျိုးများဖြစ်ကြ ပြီး၊ လိုင်၊ တီးတိန်-ဇိုမား၊ lusei နှင့် Hualngo လူမျိုးစုများ ဖြစ်ကြပြီး၊ မီဇိုလူထု နှင့် နီးကပ်သည့် ဆက်ဆံရေးရှိကြသည်။ အနည်းစုမှာ ဗမာများ ဖြစ်သည်။

၂၀၂၁ အာဏာသိမ်းမှုမတိုင်မီက စစ်ကိုင်းတိုင်းမှာ နယ်စပ်ဒေသများရှိ လူနည်းစုများအပေါ် ကာလရှည်ကြာစွာ ကျူးလွန်ခဲ့သည် စစ်တပ်၏ အကြမ်း ဖက်မှုနှင့် ဖိနှိပ်မှုများမှ အများအားဖြင့် လွတ်မြောက်နေခဲ့သည်။ သို့သော်လည်း ၂၀၂၁ အာဏာသိမ်းချိန်မှ စတင်ကာ အာဏာသိမ်း စစ်အုပ်စုကို တိုက်ခိုက်သည့် ရှေ့တန်းစစ်မျက်နှာတစ်ခု ဖြစ်လာခဲ့ပြီး လူထောင်ပေါင်းများစွာ သေဆုံးခြင်း၊ လေကြောင်းတိုက်ခိုက်မှု ရာချီနှင့် ရပ်ရွာအား အစုလိုက်အပြုံလိုက် မီးရှို့မှုများ ကို တွေ့ကြုံခံစားနေရသည်။ ထိုကဲ့သို့ ဖျက်ဆီးမှုများကြောင့် စစ်ကိုင်းတိုင်းမှ လူပေါင်းများစွာတို့မှာ အနီးအနားရှိ မြို့များနှင့် နိုင်ငံများသို့ ထွက်ပြေးခိုလှုံကြရ သည်။ ရက်ကန်းကျွမ်းကျင်သည့် နေရပ်စွန့်ခွာရသူ များစွာတို့သည် ရှိပြီးသား ဖြစ်သည့် စီးပွားရေးအရ ရွှေ့ပြောင်းနေထိုင်မှုလမ်းကြောင်းကို လိုက်ကာ မီဇိုရမ်သို့ ထွက်ပြေးခဲ့ကြပြီး ဆက်လက်အသက်မွေးနေထိုင်ကြသည်။ အဆိုပါ ရွှေ့ပြောင်းနေထိုင်သူများသည် တစ်နည်းတစ်ဖုံအားဖြင့် ဒုက္ခသည်များ ဖြစ်ကြ သော်လည်း ၎င်းတို့အနေဖြင့် အနည်းဆုံး ရောင်းဝယ်လုပ်ကိုင်နိုင်မည့် အခြေ အနေများအား ကြိုတင်သိရှိထားသည့် အချက်များအပေါ် အခြေခံ၍ မီဇိုရမ်သို့ ထွက်ပြေးလာကြသူများဖြစ်သည့်အတွက် စီးပွားရေးအရ ရွှေ့ပြောင်းနေထိုင် ကြသူများဟူ၍လည်း ခေါ်ဆိုနိုင်သည်။

လက်တလောတွင် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းသို့ ရွှေ့ပြောင်း နေထိုင်ကြသူများမှာ အိန္ဒိယဘက်မှ မြန်မာနိုင်ငံဘက်သို့ ရွှေ့ပြောင်းနေထိုင် ကြသူများထက် ပို၍များပြားနေသော်လည်း ထိုကဲ့သို့ ပုံစံချည်း အမြဲတမ်း ဖြစ်နေသည်တော့ မဟုတ်ပေ။ ၁၉၆၆ ခုနှစ်မှ ၁၉၈၆ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၌ သောင်းကျန်းမှုများ ဖြစ်ပွားခဲ့သည့် “Rambuai” ဟု ခေါ်ဆိုသည့် မငြိမ်မသက် ကာလတစ်ရပ်အတွင်းက မီဇိုအိမ်ထောင်စုများစွာ တို့သည်လည်း မြန်မာနိုင်ငံ၌ ခိုလှုံခဲ့ကြရသည်။ ၁၉၈၆ ခုနှစ်တွင် အိန္ဒိယ အစိုးရနှင့် MNF တို့အကြား မီဇိုငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ် ရေးထိုးခဲ့ပြီး ဒေသတွင်း၌ အကြမ်းဖက်သောင်းကျန်းမှု များ လျော့ကျသွားကာ ၁၉၈၇ ခုနှစ်တွင် မီဇိုရမ်ပြည်နယ်အား သီးခြားပြည်နယ် တစ်ခုအဖြစ် အသိ အမှတ်ပြုခဲ့သည်။

နောက်အပိုင်းတွင် ကမ္ဘာလုံးဆိုင်ရာ စာရင်းအင်းအချက်အလက်များ လေ့လာမှု အတွက် မူဘောင်များနှင့် စစ်ကိုင်း-မီဇိုရမ် ရက်ကန်းသမားများ၏ ရွှေ့ပြောင်းမှု အခြေအနေတွင် ဤလေ့လာမှုက နားလည်သဘောပေါက်ခဲ့သော စီးပွားရေးအရ ရွှေ့ပြောင်းနေထိုင်ရန် ဆုံးဖြတ်ချက်ချမှတ်စေခဲ့သည့် ယေဘုယျ အကြောင်းအချက်များ အပါအဝင် ရွှေ့ပြောင်းနေထိုင်မှုအား ယေဘုယျကျကျ လေ့လာပါမည်။

ရွှေ့ပြောင်းနေထိုင်သူများ၊ ၎င်းတို့၏ အရင်းခံအကြောင်းများနှင့် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ လေ့လာမှုများ

ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်း (IOM) က ရွှေ့ပြောင်းနေထိုင်သူဟူသည် ၎င်းတို့ ပုံမှန်နေထိုင်ရာနေရာမှ နိုင်ငံတကာနယ် စပ်ကို ဖြတ်ကျော်၍ဖြစ်စေ၊ နိုင်ငံအတွင်း ဝေးကွာသော တစ်နေရာသို့ဖြစ်စေ ပြောင်းရွှေ့နေထိုင်သူဖြစ်သည်ဟု သတ်မှတ်သည်။ ကမ္ဘာကြီးသည် ပိုမိုချိတ် ဆက်မှု ရှိလာသည်နှင့်အမျှ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူ အရေအတွက် သည်လည်း လွန်ခဲ့သော နှစ်ပေါင်း (၅၀) အတွင်း တိုးလာလျက်ရှိသည်။ ရွှေ့ ပြောင်းနေထိုင်ခြင်းသည် လူဦးရေ လေ့လာမှုများ၏ အရေးပါသည့် ရှုထောင့် တစ်ခုဖြစ်ပြီး လူမှုရေးပြဿနာရပ်များအပေါ် လူသားတို့၏ လိုက်လျောညီထွေ ပြုပြင်နေထိုင်နိုင်မှု ပုံစံတစ်ရပ်အဖြစ် ရှုမြင်နိုင်ပါသည်။ ရွှေ့ပြောင်းနေထိုင်မှု သည် လူထု၏ အရွယ်အစား၊ ဖွဲ့စည်းပုံနှင့် အရည်အသွေးတို့အပေါ် သက် ရောက်မှုရှိပြီး၊ အတွေးအမြင်များနှင့် သတင်းအချက်အလက်များ ပျံ့နှံ့မှု အတွက် ကွန်ရက်တစ်ခုကိုလည်း ပံ့ပိုးပေးပါသည်။

တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းနေထိုင်ရသည့် ဆုံးဖြတ်ချက်မှာ ရှုပ်ထွေးပြီး အကြောင်းအချက်အမျိုးမျိုးက လွှမ်းမိုးထားသည်။ အချို့သောသူ များသည် ပိုမိုကောင်းမွန်သည့် စီးပွားရေးအခွင့်အလမ်းများအတွက် နေရာရွှေ့ ပြောင်းရန် ရွေးချယ်ကြခြင်းဖြစ်ပြီး အချို့ကမူ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကြောင့်ဖြစ်စေ၊ ပဋိပက္ခကြောင့်ဖြစ်စေနှင့် ညှဉ်းပန်းနှိပ်စက်မှု ကြောင့်ဖြစ်စေ နေအိမ်များမှ မဖြစ်မနေ ထွက်ခွာကြရခြင်း ဖြစ်သည်။ ဥပမာ အားဖြင့် လူများသည် ၎င်းတို့၏ လူမျိုး၊ ယုံကြည်ကိုးကွယ်မှု၊ နိုင်ငံသားဖြစ်မှု၊ လူမှုရေး (သို့မဟုတ်) နိုင်ငံရေးအစုအဖွဲ့တစ်ခုခုနှင့် ဆက်နွှယ်မှု အစရှိသည့် အချက်တစ်ခုခုကို အခြေခံကာ ခွဲခြားဆက်ဆံခံရခြင်းမှ လွတ်မြောက်ရန် အတွက် ရွှေ့ပြောင်းနေထိုင်နိုင်သည်။ မိသားစုဝင်များနှင့် ဆက်သွယ်နိုင်မှု၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပညာသင်ကြားခွင့် ရရှိမှုတို့သည်လည်း ရွှေ့ပြောင်း နေထိုင်ရခြင်း၏ အကြောင်းအချက်များ ဖြစ်နိုင်သည်။

ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ အထက်ပါ စေ့ဆော်ချက်များနှင့် အခြား သော စေ့ဆော်ချက်များမှာ ရွှေ့ပြောင်းနေထိုင်ခြင်း လုပ်ငန်းစဉ်အား လွှမ်းမိုး သော၊ ဖြစ်မြောက်စေသော၊ တားဆီးထားသော သို့မဟုတ် စတင်စေသော ဖွဲ့စည်းပုံဆိုင်ရာ အစိတ်အပိုင်းများ ဖြစ်ကြသည်။ အဆိုပါ စေ့ဆော်ချက်များ သည် ရွှေ့ပြောင်းနေထိုင်မှုအဆင့်များ၊ သီးခြားရွှေ့ပြောင်းနေထိုင်မှု လမ်း ကြောင်း ဖြစ်နိုင်ချေများနှင့် ခရီးပန်းတိုင် မျိုးစုံတို့၏ ဆွဲဆောင်နိုင်မှုများအပေါ် သက်ရောက်မှုရှိသည်။[8 ရွှေ့ပြောင်းနေထိုင်မှုသည် လူ့သမိုင်းကဲ့သို့ သက်တမ်း ကြာမြင့်ပြီဖြစ်သော်လည်း ဘာသာရပ်ဖြစ်စဉ်တစ်ခုအနေဖြင့် မကြာသေးမီက မှ လေ့လာခဲ့ကြခြင်းဖြစ်ပြီး ရွှေ့ပြောင်းနေထိုင်ရသည့် စေ့ဆော်ချက်များ၊ စီးဆင်းမှုများ၊ ရိုးရာများနှင့် ၎င်းတို့၏ သက်ရောက်မှုများကို ပိုမိုသိရှိ နားလည် နိုင်ရန်အတွက် လွန်ခဲ့သည့် ရာစုနှစ်ကတည်းက အဆိုပြုခဲ့သည့် သီအိုရီနှင့် မူဘောင်များစွာနှင့်အတူ လေ့လာခဲ့ကြသည်။[9 ယင်းအနက် သုံးခုမှာ မီဇိုရမ်သို့ ရက်ကန်းသမားများ ရွှေ့ပြောင်း နေထိုင်မှုအား လေ့လာခြင်းနှင့် အထူးသဖြင့် ဆက်စပ်နေပါသည်။

Hein de Haas က ရွှေ့ပြောင်းနေထိုင်ခြင်းသည် သိမှတ်ထားသော ပထဝီ အခွင့်အလမ်း ဖွဲ့စည်းပုံများအတွင်း ရွှေ့ပြောင်းနေထိုင်နိုင်ရေးအတွက် လူများ ၏ ပြင်းပြသောဆန္ဒနှင့် လုပ်နိုင်စွမ်းတို့၏ လုပ်ဆာင်ချက်တစ်ရပ်အဖြစ် ပုံဖော် သည့် မူဘောင်တစ်ရပ်ကို တင်ပြသည်။[10 မူဘောင်သည် လူသားများ၏ ရွှေ့ ပြောင်းသွားလာနိုင်မှုအား မည်သည့်နေရာ၌နေထိုင်မည်ဆိုသည့်အပေါ် လူများ ၏ ရွေးချယ်နိုင်စွမ်း အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုပြီး Isaiah Berlin ၏ အပြု သဘောနှင့် အပျက်သဘော လွတ်လပ်မှု အယူအဆများအား ဆွဲယူကာ ကြီးမားသည့် ဖွဲ့စည်းပုံဆိုင်ရာ အပြောင်းအလဲသည် လူများ၏ ရွှေ့ပြောင်း နေထိုင်လိုသည့်ဆန္ဒနှင့် လုပ်နိုင်စွမ်းတို့အား မည်ကဲ့သို့ ဖြစ်ထွန်းလာစေသည် ကို ပုံဖော်ပါသည်။

ထို့ပြင် Van Hear ၊ Bakewell နှင့် Long တို့သည် ရွှေ့ပြောင်းနေထိုင်မှု အလျဉ်များကို ပိုမိုသိရှိနားလည်နိုင်ရန်အတွက် push-pull plus ဟု ခေါ်သည့် မူဘောင်တစ်ခုအား တင်ပြသည်။[11 စာရေးသူများက အလားအလာများ ဖန်တီး ပေးခြင်း၊ နီးကပ်မှုရှိခြင်း၊ တွန်းပို့ပေးခြင်းနှင့် ပြေလည်စေခြင်းစသည့် စေ့ဆော် ချက်များအကြား ခွဲခြားသိမြင်ရန် အကြံပြုထားသည်။ နီးကပ်မှုရှိခြင်းနှင့် ပြေလည်စေခြင်း စေ့ဆော်ချက်များမှာ ကြားဝင်လုပ်ဆောင်ခြင်းနှင့် ရွှေ့ပြောင်း နေထိုင်ခြင်းဆိုင်ရာ မူဝါဒများအတွက် အလားအလာကောင်းများ ပေးစွမ်းနိုင် သည်ဟူ၍ ပိုမိုကျယ်ပြန့်သော နိုင်ငံရေးဘောဂဗေဒအတွင်း သိရှိနားလည်သင့် သည်ဟု ၎င်းတို့က ဆိုသည်။

Jacobsen သည် ဒုက္ခသည်များနှင့် ဒုက္ခသည်စခန်းများ ပြင်ပရှိ အခြား သော အဓမ္မရွှေ့ပြောင်းနေထိုင် နေကြရသူများ၏ အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများ ရှာဖွေမှုကို အဓိကထားလေ့လာသည်။[12 “နေရပ်စွန့်ခွာခဲ့ရသူ များ၏ အသက်မွေးဝမ်းကျောင်းများ” သီအိုရီကို ဆွဲယူကာ စာရေးသူများက အတင်းအကျပ်နေရပ်စွန့်ခွာလာကြရသူများ၏အသက်မွေးဝမ်းကျောင်းမှုသည် အခြားသော ရွှေ့ပြောင်းနေထိုင်သူများနှင့် မည်ကဲ့သို့ ကွာခြားမှု ရှိသည်ကို ဆန်းစစ်ပြီး၊ ဒုက္ခသည်များနှင့် ၎င်းတို့အား လက်ခံပေးထားသူများကို ကူညီ ပံ့ပိုးပေးနိုင်မည့် ဒုက္ခသည်အစီအစဉ်များကို ပြန်လည်ပုံဖော်ရန် လိုအပ် ကြောင်းကို အလေးပေးဖော်ပြသည်။ စာရေးသူက အနာဂတ် စည်းရုံး လှုံ့ဆော်ခြင်း၊ အစီအစဉ်ရေးဆွဲခြင်းနှင့် သုတေသနတို့အတွက် အကြံပြုချက် များဖြင့် နိဂုံးချုပ်ထားပါသည်။

အဆိုပါပညာရှင်များ၏ ယေဘုယျချဉ်းကပ်မှုနည်းလမ်းများမှာရွှေ့ပြောင်း နေထိုင်မှုအား ယေဘုယျအားဖြင့် သိရှိနားလည်နိုင်ရန် အသုံးဝင်ပါသည်။ သို့ သော်လည်း မီဇိုရမ်သို့ ရွှေ့ပြောင်းနေထိုင်ကြသော ဗမာရက်ကန်းသမားများ ရင်ဆိုင်ကြုံတွေ့နေရသည့် သီးခြားစိန်ခေါ်မှုအခက်အခဲများနှင့် ရွှေ့ပြောင်း နေထိုင်ရသည့် အရင်းခံအကြောင်းများကို သိရှိနားလည်နိုင်ရန်အတွက် ပိုမို လုပ်ဆောင်ရန် လိုအပ်လျက်ရှိသည်။

လုပ်အားခ ကွာခြားချက်များ

လုပ်အားခကွာခြားမှုဟုသိကြသော ဒေသများအကြားဖြစ်စေ၊ နိုင်ငံများအကြား ဖြစ်စေ လုပ်အားခများ မတူညီမှုသည် စီးပွားရေးအကြောင်းပြချက်အရ ရွှေ့ ပြောင်းနေထိုင်ရသည့် လူများ၏ ဆုံးဖြတ်ချက်တွင် အရေးပါသော အချက်တစ် ခုဖြစ်သည်။ နေရာတစ်ခုသည် အခြားနေရာတစ်ခုထက် လုပ်အားခ ပိုပေး သည့်အခါ အလုပ်သမားများက ၎င်းတို့၏ ငွေကြေးအခြေအနေပိုမိုကောင်းမွန် ရန်အတွက် အဆိုပါ ပိုပေးသည့်နေရာသို့ ပြောင်းရွှေ့ရန် ရွေးချယ်ကြသည်။ ယင်းအခြေအနေမှာ အထူးသဖြင့် လုပ်အားခ များသည့်ဒေသသို့ ရွှေ့ပြောင်း ခြင်းဖြင့် ၎င်းတို့၏ လူနေမှုအဆင့်အတန်းအား သိသိသာသာ မြှင့်တင်နိုင်မည့် လုပ်အားခ နည်းပါသော အလုပ်သမားများအတွက် မှန်ကန်ပါသည်။

လူနေမှုစရိတ်၊ အလုပ်အကိုင်ဈေးကွက်အခြေအနေနှင့် အလုပ်သမားရရှိ နိုင်မှုနှင့် အလုပ်သမား လိုအပ်ချက်အကြားမျှခြေ အစရှိသည့် အချက်များစွာ ကြောင့် လုပ်အားခကွာခြားမှုများ ဖြစ်ပေါ်နိုင်ပါသည်။ အစိုးရနှင့် အခြားအဖွဲ့ အစည်းများများအနေဖြင့် အနိမ့်ဆုံးလုပ်အားခဥပဒေများ၊ စုပေါင်းညှိနှိုင်း သဘောတူညီချက်များနှင့် ရည်ရွယ်ပစ်မှတ်ထားသည့် စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှု အစီအစဉ်များ အစရှိသည့် မူဝါဒများမှတစ်ဆင့် လုပ်အားခ ကွာခြားမှု ကို ကိုင်တွယ်ဖြေရှင်းနိုင်ပါသည်။

စီးပွားရေးအရရွှေ့ပြောင်းနေထိုင်သူများသည် ၎င်းတို့၏ ကိုယ်ပိုင်ငွေကြေး အခြေအနေကို တိုးတက်စေသည့်အပြင် ၎င်းတို့ရောက်ရှိနေသည့်နေရာ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူဖြစ်စေပါသည်။ ရွှေ့ပြောင်းလုပ်သားများသည် နေရာအသစ်သို့ ၎င်းတို့၏ ကျွမ်းကျင်မှုများနှင့် လုပ်အားများ ဆောင်ယူလာခြင်းဖြင့် လုပ်သားလိုအပ်ချက်ကို ဖြည့်ဆည်းပေး ကာ၊ ကုန်ထုတ်လုပ်မှုကိုလည်း မြင့်တက်စေပြီး၊ စီးပွားရေးတိုးတက်မှုကိုလည်း လှုံ့ဆော်ပေးပါသည်။ သို့သော်လည်း စီးပွားရေးအရ ရွှေ့ပြောင်းနေထိုင်မှုသည် အလုပ်အကိုင်နှင့် နေထိုင်ရာ အဆောက်အဦအတွက် ယှဉ်ပြိုင်မှုပိုလာစေခြင်း (သို့မဟုတ်) ကျွမ်းကျင်လုပ်သားများ ဆုံးရှုံးခြင်းတို့ကိုလည်း ဖြစ်ပေါ်စေနိုင်ရာ ရောက်ရှိနေသည်နေရာနှင့် မူလနေထိုင်ခဲ့သည့်နေရာ နှစ်ရပ်စလုံးအပေါ် အကျိုးသက်ရောက်မှု ရှိစေပါသည်။

ရွှေ့ပြောင်းစရိတ်များ

တစ်ဦးချင်း၏ ရွှေ့ပြောင်းနေထိုင်မှု ပြု၊ မပြုအပေါ် လွတ်လပ်သည့် ဆုံးဖြတ် ချက် ချမှတ်ရာ၌ နေရာရွှေ့ပြောင်းရခြင်းကြောင့် ကုန်ကျရသည့် စရိတ်များ သည် အရေးပါ ပါသည် (တိုက်ရိုက်ရွှေ့ပြောင်းခြင်း မပြုနိုင်သူများ (သို့မဟုတ်) အတင်းအကျပ် နေရပ်စွန့်ခွာကြရသူများနှင့် အသက်ဆိုင်ဆုံး ဖြစ်သည်)။ နေရာ အသစ်သို့ ရွှေ့ပြောင်းပါက ရရှိလာမည့် ငွေကြေးအကျိုးအမြတ်သည် ကုန်ကျ စရိတ်ထက် သာလွန်ပါက လူများသည် ၎င်းတို့၏ ငွေကြေးအခြေအနေ ပိုကောင်းလာစေရန်အတွက် ရွှေ့ပြောင်းနေထိုင်ရန် ရွေးချယ်ကြမည်ဖြစ်သည်။ ပြောင်းရွှေ့စရိတ်များတွင် သယ်ယူပို့ဆောင်ရေး၊ နေထိုင်မည့် အိမ်ရာနှင့် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများ (သို့မဟုတ်) ခွင့်ပြုမိန့်များ ရရှိရန်အတွက် ကုန်ကျစရိတ်များ ပါဝင်သည်။ အဆိုပါ ကုန်ကျစရိတ်များသည် မူလနေထိုင်သည့် နေရာနှင့် သွားရောက်မည်နေရာအကြား အကွာအဝေး၊ သယ်ယူပို့ဆောင်နိုင်မှု အခြေအနေနှင့် ကုန်ကျစရိတ်၊ ဥပဒေရေးရာနှင့် စည်းမျဉ်းစည်ကမ်းဆိုင်ရာ လိုအပ်ချက်များအပေါ် မူတည်၍ ကွဲပြားနိုင်သည်။

လုပ်အားခ သိသိသာသာ ပိုကောင်းပါက (သို့မဟုတ်) အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုကောင်းမွန်ပါက (သို့မဟုတ်) သွားရောက်မည့်နေရာ၌ လုပ်ငန်းခွင်အခြေအနေ ပိုမိုလွယ်ကူသက်သာပါက အချို့သောသူများမှာ ရွှေ့ပြောင်းစရိတ် များနေလျှင်ပင် ရွှေ့ပြောင်းနေထိုင်ရန်ကိုသာ ရွေးချယ်မည် ဖြစ်သည်။ သို့သော်လည်း ရွှေ့ပြောင်းစရိတ် မြင့်မားခြင်းသည် ကျန်သူများအား အကျိုးရှိနေလျှင်ပင် မရွှေ့ပြောင်းနိုင်အောင် တိုက်ရိုက်တားဆီးနေနိုင်ပါသည်။ ထိုကဲ့သို့သော ကိစ္စရပ်မျိုးတွင် ငွေကြေး အထောက်အပံ့ဖြစ်စေ လိုအပ်သော အထောက်အထားစာရွက်စာတမ်းများ (သို့မဟုတ်) ခွင့်ပြုမိန့်များ ရရှိနိုင်ရန် ကူညီပေးခြင်းဖြစ်စေ ကြားဝင်ကူညီဆောင်ရွက်ခြင်းများက အထောက်အကူ ဖြစ်စေပါသည်။

တိုက်ရိုက်ကုန်ကျစရိတ်များအပြင် ရွှေ့ပြောင်းနေထိုင်ခြင်းနှင့် ဆက်စပ် သော သွယ်ဝိုက်ကုန်ကျစရိတ်များလည်း ရှိနိုင်ပါသည်။ သာဓကအားဖြင့် အလုပ်အကိုင်အတွက် ရွှေ့ပြောင်းနေထိုင်သူ တစ်ဦးချင်းစီသည် အထီးကျန် ခံစားမှုဖြစ်စေ၊ နေထိုင်ရာ နေရာအသစ်၌ လိုအပ်သည့် အရင်းအမြစ်များ ရယူ ရာ၌ မလိုမုန်းထားခံရမှုဖြစ်စေ၊ စိန်ခေါ်မှုအခက်အခဲများဖြစ်စေ တွေ့ကြုံရနိုင် ပါသည်။ ထိုသို့ တိုက်ရိုက်မဟုတ်သည့် ကုန်ကျမှုများသည် အလုပ်သမားတစ်ဦး ၏ စီးပွားရေးအကြောင်းပြချက်ကြောင့် ရွှေ့ပြောင်းနေထိုင်မည့် ဆုံးဖြတ်ချက် အပေါ် လွှမ်းမိုးမှုရှိနိုင်ပါသည်။ ရွှေ့ပြောင်းရန်အတွက် တိုက်ရိုက်နှင့် သွယ်ဝိုက် ကုန်ကျစရိတ်များအား ရရှိလာနိုင်သည့် ငွေကြေး အကျိုးအမြတ်များနှင့်ယှဉ်၍ သေချာထည့်သွင်းစဉ်းစားကာ အလုပ်သမားများအနေဖြင့် ၎င်းတို့၏ ငွေကြေး အခြေအနေ ပိုမိုကောင်းမွန်လာစေရေး ရွှေ့ပြောင်းနေထိုင်မှု ပြုမည်၊ မပြုမည် ကို အမြော်အမြင်ရှိစွာဖြင့် ဆုံးဖြတ်ရမည်ဖြစ်သည်။

သတင်းအချက်အလက်ရယူနိုင်ခြင်း

သတင်းအချက်အလက်ရယူနိုင်ခြင်းသည် လူများ၏ လူမှုရေးအကြောင်းပြချက် များဖြင့် ရွှေ့ပြောင်းနေထိုင်မည့် ဆုံးဖြတ်ချက်အပေါ် လွှမ်းမိုးသည့် အရေးပါ သည့် အချက်ဖြစ်သည်။ တစ်ဦးချင်းအနေဖြင့် အခြားနေရာဒေသများရှိ အခွင့် အလမ်းများ၊ လူနေမှုအခြေအနေများနှင့် လူမှုကွန်ရက်များအကြောင်း သတင်း အချက်အလက်များ ရရှိသည့်အခါ၊ ၎င်းတို့၏ လူမှုရေးဘဝ ပိုမိုအဆင်ပြေ ကောင်းမွန်လာစေရန်အတွက် ရွှေ့ပြောင်းနေထိုင်ခြင်း ပြုမည်၊ မပြုမည်ကို ပိုမို၍ ကောင်းမွန်စွာ အမြော်အမြင်ရှိရှိ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ပါသည်။ ပုဂ္ဂိုလ်ရေးအချိတ်အဆက်များ၊ မီဒီယာများနှင့် အစိုးရနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ အစရှိသည့် အရင်းအမြစ်အမျိုးမျိုးတို့ထံမှ သတင်းအချက် အလက်များ ရရှိနိုင်ပါသည်။ ဒစ်ဂျစ်တယ်နည်းပညာနှင့် လူမှုမီဒီယာများ ပေါ်ထွန်းလာမှုကြောင့် လူများမှာ အခြားနေရာဒေသများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ယခင်ကထက် ပို၍လွယ်ကူစွာ ရရှိလာကြသည်။ ရောက်ရှိလာကြမည့် ရွှေ့ပြောင်းနေထိုင်သူများသည် ရောက်နှင့်နေသူများ၏ အတွေ့အကြုံများကို သင်ယူသည့်အပြင် အခြားနေရာဒေသများရှိ ဥပဒေ ရေးရာ လိုအပ်ချက်များ၊ လူနေမှု အခြေအနေများ၊ အလုပ်အကိုင်အခွင့်အလမ်း များနှင့် လူမှုဝန်ဆောင်မှုများအကြောင်းကိုလည်း လေ့လာနိုင်ပါသည်။

သတင်းအချက်အလက်ရယူနိုင်ခြင်း၏ အစိတ်အပိုင်းတစ်ရပ်မှာ လူတစ် ဦးအနေဖြင့် သတင်းအချက်အလက်များ ရယူအကဲဖြတ်နိုင်သည့် လူမှုအသိုင်း အဝိုင်းတစ်ခုအား လက်လှမ်းမီ ရရှိနိုင်ခြင်းဖြစ်သည်။ လူတစ်ဦး၏ လူမှုအသိုင်း အဝိုင်းများမှာ ၎င်း၏ ရွှေ့ပြောင်းနေထိုင်မှုဆုံးဖြတ်ချက်အပေါ် လွှမ်းမိုးကြောင်း သိသာထင်ရှားပါသည်။13 ရောက်ရှိလာမည့် ရွှေ့ပြောင်းနေထိုင်သူတစ်ဦးသည် အခြားသော ရွှေ့ပြောင်းနေထိုင် သူများနှင့် သိရှိသည့်အခါတွင် ၎င်းတို့အနေဖြင့် သွားရောက်ရန် ရည်ရွယ်သည့်နေရာ၌ အလုပ်အကိုင်အခွင့်အလမ်းများနှင့် လူနေမှုအခြေအနေများနှင့်ပတ်သက်၍ သတင်းအချက်အလက်များ ပို၍ရရှိနိုင် ပါသည်။ သို့သော် လူမှုအသိုင်းအဝိုင်းဟူသည် သတင်းအချက်အလက် ရယူရန် ထက် ပိုမိုပါသည်။ လူမှုကွန်ရက်များသည် ငွေကြေး အကူအညီ၊ နေထိုင်စရာ အိမ်ရာ (သို့မဟုတ်) အဖော်ပြုပေးခြင်း အစရှိသည့် ရုပ်ပိုင်းဆိုင်ရာဖြစ်စေ၊ စိတ် ခံစားမှုပိုင်းဆိုင်ရာဖြစ်စေ အထောက်အပံ့များ ပံ့ပိုးပေးကာ ရွှေ့ပြောင်းနေထိုင် သူများအတွက် အကူအညီပေးသည့်စနစ်များကို ဖြစ်ပေါ်စေပါသည်။ ရွှေ့ ပြောင်းနေထိုင်သူများသည် နေရာပတ်ဝန်းကျင်အသစ်၌ အခြေချနေထိုင်သည် နှင့် တစ်ပြိုင်နက် ၎င်းတို့၏ လူမှုအသိုင်းအဝိုင်းများမှာ ပြောင်းလဲသွားပြီး အသစ်အသစ်သော အချိတ်အဆက်နှင့် အခွင့်အလမ်းများ ရရှိလာကြပါသည်။ အဆိုပါ အချိတ်အဆက်အသစ်များက ရွှေ့ပြောင်းနေထိုင်သူများကို ရပ်ရွာ အသိုက်အဝန်းအသစ်၌ သဟဇာတဖြစ်လာစေရေးနှင့် လိုအပ်သော အရင်း အမြစ်များ ရရှိလာစေရေးအတွက် ကူညီပေးပါသည်။

အထောက်အကူပေးသည့် လူမှုကွန်ရက်တစ်ခုရှိခြင်းက ရွှေ့ပြောင်းနေ ထိုင်သူများအား ရပ်ရွာအသိုက်အဝန်းအသစ်နှင့် ချိတ်ဆက်ပေးပြီး လက်သင့်ခံ လာစေရန်အတွက် ကူညီပေးပါသည်။ လူမှုကွန်ရက်များသည် လူမှုဆက်ဆံရေး နှင့် ရပ်ရွာတွင် ပါဝင်လာနိုင်ရေးတို့အတွက် အခွင့်အလမ်းများပေးပြီး၊ ရွှေ့ ပြောင်းနေထိုင်သူများ၏ အသိုက်အမြုံအစုအဖွဲ့နှင့် သက်ဆိုင်မှုရှိသည့် ခံစားမှု နှင့် ပေါင်းစည်းနိုင်မှုကိုလည်း မြှင့်တင်ပေးနိုင်ပါသည်။ အဆိုပါအချိတ်အဆက် များသည် စိတ်ခံစားမှုဆိုင်ရာ အထောက်အပံ့၊ လက်တွေ့ကျသော အကူအညီ နှင့် အသိုက်အဝန်းတွင် ပါဝင်နိုင်သည့် ခံစားချက်တို့ကို ပေးစွမ်းပါသည်။ ယေဘုယျအားဖြင့် လူမှုကွန်ရက်များသည် လူမှုရေး အကူအညီ၊ သက်ဆိုင်မှုနှင့် လူမှုဆက်ဆံရေးအပါအဝင် ရွှေ့ပြောင်းနေထိုင်ရခြင်းအတွက် ဆွဲဆောင်နိုင် သည့် လူမှုရေးအကြောင်းပြချက်များကို ပေးပါသည်။

အချုပ်ဆိုရသော် လူများသည် စီးပွားရေးနှင့် လူမှုရေး အကြောင်းပြချက် များအပါအဝင် အကြောင်းရင်းမျိုးစုံတို့ကြောင်း ရွှေ့ပြောင်းနေထိုင်ကြပြီး ရှုပ် ထွေးသည့် ဆုံးဖြတ်ချက်များ ရောယှက်နေပါသည်။ စီးပွားရေးအရ ရွှေ့ပြောင်း နေထိုင်ခြင်းတွင် အခြားသောနေရာများထက် ပိုမိုကောင်းမွန်သည့် အလုပ် အကိုင် အလားအလာများ၊ ပိုမိုမြင့်မားသည့် လစာဝင်ငွေ (သို့မဟုတ်) ပိုမို ကောင်းမွန်သည့် လူနေမှုအဆင့်အတန်းများကို ရှာဖွေခြင်းလည်းပါဝင်သည်။ အခြားသော ရွှေ့ပြောင်းနေထိုင်မှုများတွင် ရှေ့ကတည်းက ရွှေ့ပြောင်းရောက်ရှိ နှင့်ပြီးသော မိသားစုဝင်များနှင့် ပြန်လည်ပေါင်းစည်း ခြင်း၊ ပဋိပက္ခ (သို့မဟုတ်) ညှဉ်းပန်းနှိပ်စက်မှုများမှ လွတ်မြောက်အောင် ထွက်ပြေးခြင်း (သို့မဟုတ်) မတူညီသည့် လူမှုအသိုက်အဝန်းတစ်ခုတွင် လိုလားသည့် လူမှု ဘဝတစ်ခုကို ရှာဖွေခြင်းတို့လည်း ပါဝင်နိုင်သည်။ ဤဆောင်းပါးပါ ဖြစ်စဉ်လေ့လာမှု အတိုင်း အဆိုပါ အရင်းခံအကြောင်းများမှာ ထပ်နေနိုင်ပါသည်။ ရွှေ့ပြောင်းနေထိုင် ခြင်းသည် ရှုပ်ထွေးပြီး၊ ဘက်ပေါင်းစုံပါဝင်သည့် ဖြစ်ရပ်တစ်ခုဖြစ်ပြီး လူများ သည် ၎င်းတို့၏ အခြေအနေများ ပိုမိုကောင်းမွန်လာစေရန်နှင့် ၎င်းတို့ကိုယ် တိုင်နှင့် ချစ်ခင်ရသူများအတွက် ပိုမိုတောက်ပသည့်အနာဂတ်များ ဖန်တီးနိုင် ရန်တို့အတွက် ကြိုးပမ်းနေသည်ဖြစ်ရာ စီးပွားရေးနှင့် လူမှုရေး အရင်းအခံ အကြောင်းများ ပေါင်းစည်းကာ လွှမ်းမိုးထားပါသည်။

သုတေသနနည်းလမ်းများ

မီဇိုရမ်ပြည်နယ်ရှိ ဗမာလူမျိုး ရွှေ့ပြောင်းရက်ကန်းသမားအများစုသည် အိုက်ဇောတွင် နေထိုင်ကြပြီး စစ်ကိုင်းတိုင်းဒေသကြီးရှိ ကျေးလက်ဒေသများ အထူးသဖြင့် မုံရွာနှင့် ရွှေဘိုရှိ ဆိပ်ခွန်သာမက မန္တလေးတိုင်းဒေသကြီးရှိ အမရပူရ၊ ပဲခူးတိုင်းဒေသကြီးနှင့် အထက်မြန်မာပြည် ကျေးလက်ဒေသအချို့မှ ရောက်ရှိလာကြခြင်းဖြစ်သည်။ အိုက်ဇောရှိ ရက်ကန်းလုပ်ငန်းများမှာ အများ အားဖြင့် မြို့အရှေ့ခြမ်းရှိ စက်မှုဇုန်တစ်ခု ဖြစ်သည့် Zuangtui တွင် ရှိကြပြီး၊ မြို့၏ အခြားရပ်ကွက်များတွင်လည်း ပြန့်ကျဲ တည်ရှိကြသည်။ အိုက်ဇောရှိ Zuangtui, Vaivakawn, Kulikawn, Thrkthing, Durtlang, Luangmual, Khatla, Chhingaveng နှင့် Tuikualtlang ရပ်ကွက် များတွင် လက်ရှိ အလုပ်လုပ်ကိုင်နေကြသော ရွှေ့ပြောင်းဗမာရက်ကန်းသမား (၁,၄၀၀) ခန့်ရှိမည်ဟု ကျွန်ုပ်အနေဖြင့် ခန့်မှန်းပါသည်။

၂၀၂၂ ဇူလိုင်လမှ အောက်တိုဘာအထိ Zuangtui ရှိ ရွှေ့ပြောင်းဗမာ ရက်ကန်းသမားများအကြားတွင် ကျွန်ုပ်အနေဖြင့် နေထိုင်ခွင့်ရရှိခဲ့သည်။ ၎င်း တို့၏ လုပ်ငန်းခွင်များအား လေ့လာကာ အတူတကွ စားသောက်ရင်းဖြင့် ၎င်း တို့၏ ဘဝနေထိုင်ပုံ၊ အသက်မွေးဝမ်းကျောင်းနှင့် ယဉ်ကျေးမှုများကို နက်ရှိုင်း စွာ သိရှိနားလည်နိုင်ခဲ့သည်။ ရက်ကန်သမားများနှင့် အလွတ်သဘော ပြောဆို မှုပေါင်း (၁၀၀) ကျော်မှ တစ်ဆင့် ၎င်းတို့၏ စိန်ခေါ်မှုအခက်အခဲများနှင့် ပြင်းပြ သောဆန္ဒများကို သိရှိခဲ့ရသည်။ လုပ်ငန်းခွင်ပတ်ဝန်းကျင်နှင့် ပါဝင်ရသည့် လူမှုရေးဆောင်ရွက်ချက်များ အပါအဝင် ၎င်းတို့၏ လုပ်ငန်းခွင် အခြေအနေ များကို ကိုယ်တွေ့သိခွင့်ရရှိခဲ့သည်။ ၎င်းတို့၏ ဇာတ်ကြောင်းများကို နား ထောင်ရင်းဖြင့် ၎င်းတို့၏ ကြံ့ကြံ့ခံနိုင်မှုနှင့် အသိုက်အဝန်းတွင် ပါဝင်သည့် ခံစားချက်တို့ကို စိတ်ထဲ၌ စွဲငြိနေမိတော့သည်။ Zuangtui တွင် ရက်ကန်း သမားများနှင့် အတူနေထိုင်ခဲ့ရခြင်းမှာ ကျွန်ုပ်အား ထိုတက်ကြွအားမာန် ပြည့်ဝ သည့် အသိုက်အဝန်းနှင့် ပုဂ္ဂိုလ်ရေးရာ ချိတ်ဆက်ပေးနိုင်ခဲ့ပြီး ဤသုတေသန ဆောင်းပါး ဖြစ်ပေါ်လာစေရေး တိုက်ရိုက်စေ့ဆော်ပေးခဲ့သည့် အလွန်ပင် စစ်မှန် ကြွယ်ဝသည့် အတွေ့အကြုံတစ်ရပ်ဖြစ်ပါသည်။

၂၀၂၃ ဇွန်နှင့် ဇူလိုင်လများတွင် ကျွန်ုပ်အနေဖြင့် ရက်ကန်းသမားများ၏ မတူထူးခြားသော အခြေအနေများနှင့်စပ်လျဉ်း၍ အရည်အသွေးအခြေပြု သုတေသန အချက်အလက်များ ရရှိနိုင်ရန်အတွက် ရက်ကန်းသမား (၁၇) ဦး နှင့် အဓိကပါဝင်သူ အင်တာဗျူးများ ပြုလုပ်ခဲ့ပါသည်။ အင်တာဗျူးများမှ တစ်ဆင့် ၎င်းတို့ ရွှေ့ပြောင်းနေထိုင်ရသည့် အကြောင်းရင်းများနှင့် ဘာသာ စကားအခက်အခဲ၊ ယဉ်ကျေးမှု ကွဲပြားခြင်းနှင့် စီးပွားရေးအခက်အခဲများ အပါ အဝင် ၎င်းတို့ရင်ဆိုင်ကြုံတွေ့ခဲ့ရသော စိန်ခေါ်မှု အခက်အခဲများကို လေ့လာခဲ့ ပါသည်။ အခက်အခဲများရှိလင့်ကစား ရက်ကန်းသမားများသည် ၎င်းတို့၏ လက်မှုပညာအပေါ် စူးစိုက်နှစ်မြှုပ်ထားရှိမှုကို ပြသနိုင်ခဲ့ပြီး ၎င်းတို့၏ ရိုးရာ ရက်ကန်းရက်လုပ်နည်းများကို ထိန်းသိမ်းထားရန်လည်း စိတ်ပိုင်းဖြတ်ထား ကြပါသည်။ ၎င်းတို့ အသိပညာနှင့် ကျွမ်းကျင်မှုများကို အနာဂတ် မျိုးဆက် သစ်များထံသို့ လက်ဆင့်ကမ်းပေးရန် အရေးပါပုံကိုလည်း စိတ်အားထက်သန် စွာ ပြောပြခဲ့ကြသည်။ ထိုကဲ့သို့ ထပ်ခါတလဲလဲ အင်တာဗျူးများမှတစ်ဆင့် အဆိုပါ အသိုက်အဝန်း၏ ဘဝနှင့် အတွေ့အကြုံများကို အတွင်းကျကျ သိမြင် နားလည်နိုင်ခဲ့ပါသည်။

အင်တာဗျူးခဲ့သူများ၏ လူမှုပထဝီဝင်အသေးစိတ်အချက်အလက်များ ဇယား (၁) တွင် ဖော်ပြထားသည်။ မှတ်သားရန်အချက်မှာ မီဇိုရမ်ပြည်နယ်တွင် ရက်ကန်းရက်လုပ်ခြင်းအား အမျိုးသမီးများ၏ အလုပ်အဖြစ် မှတ်ယူထားကြ သော်လည်း ကျွန်ုပ် အင်တာဗျူးခဲ့သူ အများစုမှာ အမျိုးသားများ ဖြစ်ကြသည်။ အမျိုးသားနှင့်ယှဉ်ပါက အမျိုးသမီးရက်ကန်းသမာများက အင်တာဗျူးတောင်း ဆိုချက်များကို ပို၍ငြင်းဆိုကြသည်။ မည်သည့်အကြောင်းကြောင့် ဖြစ်ရသည် ကို သေချာမသိရှိသော်လည်း အမျိုးသမီးရက်ကန်းသမများမှာ အမျိုးသားများ ထက် ပို၍စိုးရိမ်တတ်ကာ ယုံကြည်မှုနည်းခြင်းကြောင့် ဖြစ်နိုင်ပါသည်။

ဇယား (၁)

သုတေသနတွင် ပါဝင်သူများနှင့် လူမှုပထဝီဝင်အချက်အလက်များ။

စဉ်ပါဝင်သူရောက်ရှိ သည့်နှစ်အသက်ကျား/မအိမ်ထောင်ရေး အခြေအနေ
၁A၁၉၈၆၅၂ကျားအိမ်ထောင်မရှိ
၂B၁၉၈၇၅၅မအိမ်ထောင်ရှိ
၃C၁၉၈၈၅၄ကျားအိမ်ထောင်မရှိ
၄D၁၉၉၀၅၁ကျားအိမ်ထောင်ရှိ
၅E၁၉၉၀၆၇ကျားအိမ်ထောင်ရှိ
၆F၁၉၉၂၄၂ကျားအိမ်ထောင်ရှိ
၇G၁၉၉၉၅၇မအိမ်ထောင်ရှိ
၈H၂၀၀၀၄၅ကျားအိမ်ထောင်ရှိ
၉I၂၀၀၂၆၀ကျားအိမ်ထောင်ရှိ
၁၀J၂၀၀၆၅၃ကျားအိမ်ထောင်မရှိ
၁၁K၂၀၀၇၅၂ကျားအိမ်ထောင်ရှိ
၁၂L၂၀၀၇၄၀ကျားအိမ်ထောင်ရှိ
၁၃M၂၀၁၀၃၀ကျားအိမ်ထောင်ရှိ
၁၄N၂၀၁၇၄၆ကျားအိမ်ထောင်ရှိ
၁၅O၂၀၁၉၃၉ကျားအိမ်ထောင်ရှိ
၁၆P၂၀၂၂၄၀မအိမ်ထောင်ရှိ
၁၇Q၂၀၂၂၅၂ကျားအိမ်ထောင်ရှိ

တွေ့ရှိချက်များ

ရွှေ့ပြောင်းဗမာရက်ကန်းသမားများ မီဇိုရမ်ပြည်နယ်သို့ လာရောက်ကြသည့် အဓိကအကြောင်းရင်းမှာ လုပ်အားခကွာခြားခြင်းကြောင့်ဖြစ်ကြောင်း၊ အထူး သဖြင့် အိန္ဒိယတွင် ရရှိသည့် လုပ်အားခမှာ ၎င်းတို့ မူလနေရာတွင် ရနိုင်သည့် ပမာဏထက် နှစ်ဆ၊ သုံးဆ (သို့မဟုတ်) လေးဆအထိရှိကြောင်း ကျွန်ုပ် ရရှိ သည့် အချက်အလက်များက ဖော်ပြနေသည်။ ဖြေဆိုသူများပြောပြသည့် မူလ နေထိုင်ခဲ့သည့်နေရာနှင့် အိုက်ဇောအကြား လုပ်အားခကွာခြားချက် အသေး စိတ်ကို ဇယား (၂) တွင် ဖော်ပြထားသည်။ ရွှေ့ပြောင်းနေထိုင်ရခြင်းအတွက် သုတေသနတွင် ပါဝင်သူများပြောပြသည့် အခြားသောအကြောင်းရင်း များတွင် စီးပွားရေးအခက်အခဲများ၊ အရှက်တကွဲ ဖြစ်ရခြင်းနှင့် ခွဲခြားဆက်ဆံ ခံရခြင်း အတွေ့အကြုံများနှင့် ၁၉၈၈ လူထုအုံကြွမှုတွင် ပါဝင်ခဲ့ခြင်းစသည့် အချက်များ လည်း ပါဝင်သည်။ သို့သော်လည်း လုပ်အားခ ကွာဟချက်နှင့် ယှဉ်ပါက သာမညအကြောင်းပြချက်များသာဖြစ်သည်ဟု ကျွန်ုပ်အနေဖြင့် ယူဆပါသည်။

ဇယား (၂)

ပါဝင်သူများနှင့် ၎င်းတို့ ပြောပြသည့် လုပ်အားခ ကွာခြားချက်များ။

ပါဝင်သူမူလနေရာနှင့် မီဇိုရမ်အကြား လုပ်အားခ ကွာခြားမှု အဆ
A၄
B၃
C၄
D၄
E၂
F၂
G၃
H၄
I၂
J၃
K၄
L၃
M၃
N၄
O၄
P၃
Q၂

၁၉၈၀ ပြည့်လွန်နှစ်များကတည်းက မီဇိုရမ်သို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြသော ဗမာရက်ကန်းသမားများမှာ ၎င်းတို့၏ လက်မှုအတတ်တွင် ကျွမ်းကျင်ကြသူ များဖြစ်ကြပြီး လုပ်ငန်းခွင်နှင့် သီးခြားနေထိုင်ကြကာ မူလနေရာများ၌ ရရှိကြ သည့် ဝင်ငွေထက် လေးဆ (သို့မဟုတ် ထို့ထက်ပို၍) ရရှိသည့် ပညာရှင်အဆင့် ၌ လုပ်ကိုင်ကြသည်။ အဆိုပါကျွမ်းကျင်ပညာရှင်အလွှာသည် ရက်ကန်းရက် လုပ်ခြင်းအပြင် ဖက်ရှင်ဒီဇိုင်းထံမှပါ ဝင်ငွေရရှိသည်။ ရက်ကန်းရက်လုပ်မှု ကျွမ်းကျင်သော၊ မူလနေထိုင်ခဲ့သည့်နေရာတွင် ရနိုင်သည်ထက် ဝင်ငွေ သုံးဆ အထိ ရရှိနိုင်သော အလယ်အလတ်အဆင့် ကျွမ်းကျင်သူများလည်းရှိသည်။ ဗိုင်းငင်ခြင်းကဲ့သို့သော အခြေခံအလုပ်များကိုသာ လုပ်ဆောင်သည့် ကျွမ်းကျင် မှုနည်းသော ရွှေ့ပြောင်းရက်ကန်းသမားအချို့လည်း ရှိသည်။ အဆိုပါ ရွှေ့ပြောင်းနေထိုင်သူများသည်ပင် မူလနေရာအသိုက်အဝန်း၌ ရရှိသည်ထက် နှစ်ဆအထိ ဝင်ငွေရရှိကြသည်။

မိသားစုတစ်စုအနေဖြင့် အိုက်ဇောတွင် လေးနှစ် (သို့မဟုတ်) ငါးနှစ်ကြာ ရက်ကန်းလုပ်ငန်းကို ကြိုးကြိုးစားစား လုပ်ကိုင်ပါက ဇာတိမြေတွင် ကိုယ်ပိုင် အိမ်ဝယ်နိုင်သည်အထိ ငွေပြန်ပို့နိုင်ပြီး ရက်ကန်းလုပ်ငန်းပိုင်ရှင်များပင် ဖြစ် လာနိုင်သည်။ သုတေသနတွင် ပါဝင်သူများစွာတို့က နှစ်ရက် အလုပ်လုပ်ရုံမျှ ဖြင့် မူလနေရပ်တွင် ရက်သတ္တပတ်တစ်ပတ်စာအထိ လုံလောက်သည့် ဝင်ငွေ ကို ပံ့ပိုးပေးနိုင်သည်ဟု ဆိုကြသည်။ အချို့က ရက်သတ္တပတ်တစ်ပတ် လုပ်ရုံမျှ ဖြင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် တစ်လလုံးအတွက် လုံလောက်သည့် ဝင်ငွေ ကို ရနိုင်သည်ဟု ဆိုသည်။

မီဇိုရမ်သို့ ၁၉၉၉ က ရွှေ့ပြောင်းလာခဲ့သော မုံရွာမြို့မှ အသက် (၅၇) အရွယ်ရှိ ဒေါ်ချယ်ရီက သူ့အတွေ့အကြုံကို အောက်ပါအတိုင်း မျှဝေသည်။

ကျွန်မရဲ့ မွေးရပ်မြေမှာ စီးပွားရေးကျပ်တည်းလို့ ဒီမှာ အလုပ် လာ လုပ်တာပါ။ အဲဒီမှာတုန်းက ကျွန်မရဲ့ တစ်နေ့လုပ်အားခ မြန်မာကျပ် နှစ်ထောင်၊ သုံးထောင်လောက်က တစ်နေ့စားဖို့ တောင် မလောက်ငှဘူး။ ဒီမှာ တစ်နေ့ကို ရူပီး လေးရာ၊ ငါးရာ လောက်ရတယ်။ မြန်မာငွေနဲ့ဆို တစ်သောင်းကျော်လောက်နဲ့ ညီတော့ လုံလောက်တယ်။ အသက်ကြီးလာတာနဲ့အမျှ လိုအပ် ချက်တွေလည်း ပြောင်းလာတယ်။ ကျွန်မ ရောက်လာကတည်း က ဆယ်နှစ်လောက်အတွင်း အသုံးစရိတ်တွေကလည်း သိသိ သာသာ တက်လာတယ်။ အခုတော့ ကျွန်မဘာသာ လောက် လောက်ငငရှိပါတယ်။ အကြွေးလည်း မတင်နေဘူး။

အချို့သော မိသားစုများက မီဇိုရမ်ပြည်နယ်တွင် အလုပ်လုပ်ရန်အတွက် မိသားစုလိုက် ပြောင်းရွှေ့နေထိုင်ကြသည်။ မိသားစုဝင် လေးငါးဦးက ငါးနှစ်မှ ဆယ်နှစ်အထိ ကြိုးကြိုးစားစား အလုပ်လုပ်ပြီး ငွေကြေးစုဆောင်းပါက မြန်မာ နိုင်ငံတွင် အိမ်နှင့် လယ်ယာများကို ဝယ်နိုင်ပါသည်။ ငွေလုံးငွေရင်း စုဆောင်းမိ ပါက အများစုမှာ မူလနေထိုင်ခဲ့ သည့်နေရာ၌ ပြန်လည်ရင်းနှီးမြှုပ်နှံကြပြီး စီးပွားရေး အောင်မြင်ရန် ဆက်လက်လုပ်ကိုင်ကြသည်။

တစ်ဦးချင်းရွှေ့ပြောင်းနေထိုင်သူများသည် သက်သောင့်သက်သာရှိသော ဘဝနှင့် ဝင်ငွေကောင်းများ ရလေ့ရှိသော်လည်း မိသားစုလိုက်ရွှေ့ပြောင်းလာ သူများနှင့် ယှဉ်ပါက စုဆောင်းငွေ နည်းပါးသည်။ လုပ်အားခများကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များ၌ ပေးချေသော်လည်း ရွှေ့ပြောင်းနေထိုင်သူအများစုမှာ ဝင်ငွေများကို အလျင်အမြန် သုံးစွဲပစ်လိုက်ကြသည့်အတွက် အချိန်ကြာလာ သည်နှင့်အမျှ အကြွေးတင်သွားကြသည်များလည်း ရှိသည်။ အသက်ရလာပြီး ကုန်ထုတ်စွမ်းအားလည်း ကျဆင်းလာသည်နှင့်အမျှ အချို့မှာ ဝင်ငွေနှင့် အသုံး စရိတ် မျှတစေရန် ကြိုးစားရုန်းကန်နေကြရပြီး ငွေကြေးအခက်အခဲများ ကြုံ တွေ့လာကြရသည်။ ရွှေဘိုမြို့နယ်မှ အသက် (၅၃) နှစ် အရွယ်ရှိ ဦးမြင့်ဇော် သည် မီဇိုရမ်ပြည်နယ်သို့ ၂၀၀၆ ခုနှစ်က ရွှေ့ပြောင်းလာခဲ့သည်။ အိမ်ထောင် မရှိသည့် တစ်ကိုယ်ရည်သမား တစ်ဦးအနေဖြင့် ငွေကြေးအရ ရုန်းကန်နေရ ဆဲဖြစ်သည်။

ကျွန်တော့် အသက် (၃၆) နှစ်အရွယ်ကတည်းက ရက်ကန်းရက် ခဲ့တာ။ ရက်ကန်းပြင်ဆင်တဲ့ နေရာမှာရော၊ အခြားရက်ကန်း ရက်တဲ့ လုပ်ငန်းတွေမှာပါ ကျွမ်းကျင်ပါတယ်။ ဒါပေမဲ့ တစ်ကိုယ်တည်းသမားအနေနဲ့ ရသမျှကို သုံးတယ်။ အလုပ်ရှင် တစ်ဦးထဲဆီမှာပဲ နှစ်ရှည်လများ အလုပ်လုပ်ခဲ့တာ မိသားစုလို တောင် ဖြစ်နေပါပြီ။ ဒါပေမဲ့ ပြီးခဲ့တဲ့လက ကိစ္စတစ်ခု ရှိခဲ့ပြီး တခြားနေရာကို ပြောင်းရတယ်။ အဲဒီမှာ အထည်ဒီဇိုင်းက ခက် ခဲပြီး လုပ်အားခလည်း နည်းတယ်။ ဒါ့ကြောင့် ထပ်ပြောင်း ဖို့တော့ ကြိုးစားနေတယ်။ ကျွန်တော့် အိမ်မှာထက်တော့ လုပ်အားခ နှစ်ဆ၊ သုံးဆ ရပါတယ်။ ဒါပေမဲ့ ရသမျှ မစုဆောင်း ဘဲ သုံးပစ်တော့ သိပ်အဆင်မပြေဘူး။

အိုက်ဇောရှိ မြန်မာလူမှုဖူလုံရေးအသင်း ဥက္ကဋ္ဌ ဦးဇော်ထွန်းက ရွှေ့ပြောင်း ဗမာရက်ကန်းသမားများအတွက် ၁၉၈၀ နှင့် ၁၉၉၀ ပြည့်လွန်နှစ်ကာလများ သည် အချိန်ကောင်းဖြစ်ကြောင်း မှတ်ချက်ပြုသည်။

အဲဒီတုန်းက ရွှေဘိုမြို့နယ်မှ လူတွေက မီဇိုရမ်ကို ပညာရှင် ရက်ကန်းသမားတွေအနေနဲ့ လာကြတာ။ အလုပ်ရှင်တွေက လည်း သီးခြားနေရာထိုင်ခင်းပေးတော့ သက်သောင့်သက်သာ နေခဲ့ကြရတယ်။ အလုပ်ရုံတွေကလည်း လူနေရပ်ကွက်တွေနဲ့ သီးခြားတည်ထားတာ။ ရက်ကန်းသမားကလည်း နည်းတော့ အလုပ်ရှင်တွေက သူတို့ လိုအပ်တာတွေကို ဖြည့်ဆည်းပြီး ဂရုစိုက်ပေးခဲ့ကြတယ်။ ဒါပေမဲ့ ၁၉၉၀ ကျော်ကာလတွေမှာ ရက်ကန်းသမားတွေ အဆမတန် များလာတော့ ကိုယ်ပိုင်နေ စရာတွေ မရကြတော့ဘူး။ အလုပ်ရုံတွေမှာပဲ နေကြရတယ်။ ၁၉၈၀ နှင့် ၁၉၉၀ ကျော်ကာလတွေက ငွေလဲနှုန်းက တစ် ရူပီး ကို နှစ်ကျပ်လောက် ရှိခဲ့တော့ လုပ်အားခလည်း အတော် ကောင်းပြီး ရက်ကန်းသမားတွေက မြန်မာပြည်မှာရှိတဲ့ မိသားစုတွေကို ထောက်ပံ့နိုင်ခဲ့တယ်။

ကျွန်ုပ်၏ အင်တာဗျူးများအရ အိုက်ဇောရှိ ရက်ကန်းလုပ်ငန်းများတွင် လုပ်ကိုင်နေသော ရွှေ့ပြောင်းလုပ်သားတစ်ဦးက ပျမ်းမျှ အပတ်စဉ်လုပ်အားခ မှာ ရူပီး (၂,၅၀၀) မှ (၃,၅၀၀) ခန့်အထိဖြစ်ပြီး အပတ်စဉ် လုပ်အားခများမှာ ရက်ကန်းသမား၏ ကျွမ်းကျင်မှုနှင့် အတွေ့အကြုံတို့အပေါ် မူတည်ကာ အနိမ့်ဆုံး ရူပီး (၂,၀၀၀) မှသည် အများဆုံး ရူပီး (၁၀,၀၀၀) အထိ ရှိနိုင်သည်။ အချို့အား အလုပ်ရုံများတွင် ရက်ကန်းသမားများနှင့် အလုပ်ရှင်အကြား ဆက်သွယ်ပေးခြင်း၊ အလုပ်သမားများထံသို့ ညွှန်ကြားချက်များ ပို့ပေးခြင်းနှင့် ရက်ကန်းသမားများအား အပတ်စဉ်လုပ်အားခများ ရရှိစေရန် ဆောင်ရွက် ပေးခြင်းတို့ကို လုပ်ဆောင်ပေးသည့် ကြီးကြပ်ရေးမှူးများအဖြစ် ခန့်ထားသည်။ ယင်းရာထူးအတွက် ဒေသခံမီဇိုဘာသာစကားကျွမ်းကျင်မှုရှိရန် မရှိမဖြစ် လိုအပ်သည်။ ကြီးကြပ်ရေးမှူးများသည် ရက်ကန်းစင်စက်ကိုင်အလုပ်ကို လုပ်ကိုင်လေ့ရှိကြပြီး လစာအနေဖြင့် ရူပီး (၃,၀၀၀) မှ (၅,၀၀၀) အထိ အလျဉ်း သင့်သလို ရရှိကြသည်။ ရက်ကန်း မကျွမ်းကျင်သေးသော ရွှေ့ပြောင်းရက်ကန်း သမားများမှာ အပတ်စဉ် လုပ်အားခ ရူပီး (၂,၀၀၀) မှ (၃,၀၀၀) အထိ ရရှိသော ဗိုင်းငင်ခြင်းကို လုပ်ကိုင်ကြသည်။ အချို့က အထည်ဒီဇိုင်နာများအဖြစ် လုပ်ကိုင်ကြပြီး အပတ်စဉ် လုပ်အားခ ရူပီး (၁၀,၀၀၀) နီးပါး ရရှိကြသည်။

သတင်းအချက်အလက်ရယူနိုင်ခြင်း

၁၉၈၀ နှင့် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း မီဇိုရမ်ပြည်နယ်ရှိ ရက်ကန်းရက် လုပ်မှု အခြေအနေများနှင့် စပ်လျဉ်းသည့် အချက်အလက်များကို လူချင်းတွေ့ ဆက်သွယ်ပြောဆိုမှုများနှင့် စာပို့ခြင်းများမှတစ်ဆင့် အဓိကဆက်သွယ်ရယူခဲ့ ကြသည်။ မီဇိုရမ်နှင့် အချိတ်အဆက်ရှိသည့် ချင်းပြည်နယ်မှ ကုန်သည်များ ထံမှလည်း သတင်းစကားများ ရရှိနိုင်ပါသည်။ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးရှိ ကလေးမြို့တွင် နေထိုင်ကြသော မီဇိုလူမျိုးများထံမှလည်း သတင်းအချက် အလက်များ ရရှိနိုင်ပါသည်။

မီဇိုရမ်ပြည်နယ်သို့ ၁၉၉၀ ပြည့်နှစ်က ရွှေ့ပြောင်းလာသည့် ရွှေဘိုမြို့နယ် မှ အသက် (၆၇) နှစ် အရွယ်ရှိ ဦးတင်ထွန်းက ကျွန်ုပ်အား အောက်ပါအတိုင်း ပြောပြသည်။

အဲဒီအချိန်တုန်းက ကလေးမြို့နဲ့ အိုက်ဇောအကြား ကုန်ကူးကြ တဲ့သူတွေကတစ်ဆင့်ပဲ အလုပ်အကိုင်နဲ့ပတ်သက်တဲ့ သတင်း တွေ ရနိုင်တာ။ ရွှေဘိုကနေ မုံရွာအထိကို ကားနဲ့သွားပြီး အဲဒီကမှ ကလေးဝအထိကို သင်္ဘောနဲ့ သွားရတဲ့ လမ်းပဲ ရှိ တယ်။ ကလေးဝကမှ ကလေးကို အဲဒီကမှတစ်ဆင့် တီးတိန်ကို ကားနဲ့ သွားရတယ်။ ထပ်ပြီး နယ်စပ်နဲ့ မီဇိုရမ်က Champai ကို ခြေလျင်သွားရတယ်။ Champai ကနေ အိုက်ဇောကို ကားနဲ့ သွားလို့ရတယ်။ ရာသီဥတုအခြေအနေ၊ လမ်းအခြေအနေနဲ့ ခရီးသည်တွေအပေါ် မူတည်ပြီး ရွှေဘိုကနေ အိုက်ဇောအထိကို တစ်ပတ်ကျော်ကျော်လောက်ကြာတယ်။

ရှေ့တွင်ဖော်ပြခဲ့သည့်အတိုင်း ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ရွှေဘိုမြို့နယ်မှ ဒေသခံများမှာ ရက်ကန်းလုပ်ငန်းလုပ်ကိုင်ရန်အတွက် အိုက်ဇောသို့ ပြောင်းရွှေ့ နေထိုင်ခဲ့ကြသည်။ ကျွမ်းကျင်လုပ်သား လိုအပ်ချက် မြင့်တက်နေသည့် ကာလများအတွင်းက မီဇိုစီးပွားရေးလုပ်ငန်းရှင်များသည် ရက်ကန်းသမားများ ခေါ်ယူရန်အတွက် ကလေးမြို့သို့ လမ်းစရိတ်နှင့် စားစရိတ်များ ကျခံပေးကာ ကိုယ်စားလှယ်များ စေလွှတ်ကြသည်။ အိုက်ဇောသို့ ပြောင်းရွှေ့နေထိုင်သူ အချို့မှာ အိုက်ဇော၌ မိသားစုဖြစ်စေ၊ ဆွေမျိုးဖြစ်စေ၊ သူငယ်ချင်းမိတ်ဆွေများ ဖြစ်စေ ရှိနှင့်ကြပြီး အချို့မှာလည်း အချိတ်အဆက် သို့မဟုတ် အသိအကျွမ်း များမှတစ်ဆင့် ရွှေ့ပြောင်းကြရသည်။ သို့သော်လည်း အချို့မှာ ယခင်အချိတ် အဆက်မရှိဘဲ အိုက်‌ဇောသို့ အရဲစွန့်၍ထွက်ခွာလာကြပြီး ရောက်လာချိန်၌ ရက်ကန်းစက်များတွင် အလုပ်ရှာဖွေကြရသည်။

၂၀၀၀ ပြည့်လွန်နှစ်များတွင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာ ရာ မီဇိုရမ်နှင့် ချင်းနှင့် စစ်ကိုင်းတို့အကြား အပြန်အလှန်ဆက်ဆံရေးများ ပိုမိုအဆင်ပြေ ချောမွေ့လာခဲ့သည်။ မြန်မာနယ်စပ် ရိကောဒါတွင် တယ်လီဖုန်း ဆက်သွယ်ရေး ကောင်းမွန်ရာ၊ မီဇိုရမ်ဘက်မှ ရက်ကန်းအလုပ်သမား လိုအပ် ချက်နှင့် စီးပွားရေးအခြေအနေများအပါအဝင် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ရယူလာနိုင်ခဲ့သည်။ နယ်စပ်၌ စုံစမ်းမေးမြန်းရုံဖြင့် သတင်းအချက်အလက်များ အလွယ်တကူ ရရှိနိုင်ခဲ့သည်။ ထို့ပြင် အပတ်စဉ် မော်တော်ယာဉ်အဆက်အသွယ်များကြောင့် သတင်းအချက်အလက်ရရှိမှုမှာ ပို၍ပင် လွယ်ကူအဆင်ပြေလာသည်။ ရိကောဒါမှ Tiau နယ်စပ်ချောင်းကို ဖြတ်ကျော်ကာ အိုက်ဇောသို့ ခရီးဆက်နိုင်မည့် မော်တော်ယာဉ် ဝန်ဆောင်မှု များရှိရာ အိန္ဒိယဘက်မှ Zokhawthar ရွာကို ဦးတည်သွားရောက်ရသည်။ ထို့ကြောင့် ဆက်သွယ်ရေးမှာ ပိုမိုအဆင်ပြေလာပြီး သတင်းအချက်အလက် များအား ယခင်ကထက် ပိုမိုမြန်ဆန်စွာ ရရှိလာနိုင်သည်။

၂၀၁၀ မှ စတင်ကာ ဆယ်သွယ်ရေးနည်းပညာများ တိုးတက်လာပြီး လူမှုကွန်ရက်များမှတစ်ဆင့် ပိုမိုလွယ်ကူစွာ ချိတ်ဆက်လာနိုင်သည်။ မီဇို အလုပ်ရှင်များအနေဖြင့် လုပ်သားလိုအပ်ချက်များကို ဖြည့်တင်းနိုင်သည့်အပြင် မြန်မာမှ ရက်ကန်းစင်များ၊ မော်တာများနှင့် ချည်ငင်စက်များကို တင်သွင်းကာ လုပ်ငန်းများ ချဲ့ထွင်လာနိုင်သည်ဖြစ်ရာ ထိုအခြေအနေမှာ အိုက်ဇောရှိ ရက်ကန်းလုပ်ငန်းကို များစွာအထောက်အပံ့ ဖြစ်စေခဲ့သည်။ ထို့ပြင် ငွေလွှဲ ပြောင်းရာ၌ လွယ်ကူအဆင်ပြေသည့်အတွက် သတင်းအချက်အလက်နည်း ပညာဖွံ့ဖြိုးမှုများကြောင့် မကြာခဏ ခရီးသွားလာနိုင်လာသည့် ဗမာရက်ကန်း သမားများကို ပိုမိုလွယ်ကူချောမွေ့စွာ ခေါ်ယူနိုင်ခဲ့သည်။

၂၀၂၂ တွင် မိသားစုနှင့်အတူ မြန်မာနိုင်ငံမှ မဏိပူရ်သို့ ရောက်ရှိလာသည့် အသက် (၄၀) နှစ်အရွယ် မမော်ငြိမ်းထွေးက ဆက်သွယ်ရေးနည်းပညာနှင့် ပတ်သက်သည့် ၎င်း၏ အတွေ့အကြုံကို အောက်ပါအတိုင်း မျှဝေပေးသည်။

အရင်အလုပ်ရှင်ရဲ့ ဖုန်းဆက်ပြီး ဆက်သွယ်ကူညီမှုနဲ့ ကျွန်မတို့ မဏိပူရ်ကနေ အိုက်ဇောကို ပြောင်းလာခဲ့ကြတာပါ။ ၂၀၂၃ မေလက မဏိပူရ်မှာ အရေးအခင်း[14 ဖြစ်တော့ ဗမာရွှေ့ပြောင်း ရက်ကန်းသမားတွေအနေနဲ့ အဲဒီမှာ ဆက်နေပြီး လုပ်ကိုင်ဖို့ အဆင်မပြေတော့ဘူး။ ဒါ့ကြောင့် အိုက်ဇောကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။ မဏိပူရ်မှာလောက် လစာမကောင်းပေမဲ့ ဒီမှာ အဖမ်းအဆီးလည်း မရှိတော့ အလုပ်လုပ်ရတာ ပိုပြီး စိတ်ချလက်ချရှိတယ်။

ရွှေ့ပြောင်းစရိတ်များ

ရက်ကန်းသမားအချို့က ၎င်းတို့အား စရိတ်စကများကျခံပေးမည့် အလုပ်ရှင် များက ခန့်အပ်ပြီးနောက်တွင်မှ အိုက်ဇောသို့ ရောက်ရှိလာကြခြင်းဖြစ်ပြီး အချို့က ထိုဒေသတွင် ရှေးဦးစွာ အဆက်အသွယ်ချိတ်ဆက်ပြီးမှသာ ကိုယ်ပိုင် စရိတ်စကဖြင့် လာရောက်ကြခြင်းဖြစ်သည်။ ရွှေဘိုမြို့နယ်မှ အသက် (၄၂) နှစ်အရွယ်ရှိ ဦးမင်းသူက အိုက်ဇောသို့ လာရောက်ခဲ့သည့် လမ်းကြောင်းနှင့် စရိတ်စကများအကြောင့် ၎င်း၏ အတွေ့အကြုံကို အောက်ပါအတိုင်း ပြောပြသည်။

စစ်ကိုင်း၊ မုံရွာကဖြစ်ဖြစ် ရွှေဘိုကဖြစ်ဖြစ် မန္တလေး၊ အမရပူရ ဖြစ်ဖြစ် ကလေးမြို့ကို အရင်သွားပြီး အဲဒီကမှ ရိကောဒါကို သွားရတယ်။ ရိကောဒါမှာ နယ်စပ်ကို ဖြတ်ပြီး အိန္ဒိယဘက်က Zokhawthar ရွာသို့ သွားရတယ်။ Zokhawthar ကနေ အိုက်ဇောအထိက ကားနဲ့ ဆယ်နာရီလောက် ကြာတယ်။ ရွှေဘိုကနေလာတာဆိုရင် အိုက်ဇောအထိရောက်ဖို့ မြန်မာ ကျပ် နှစ်သိန်းခွဲလောက် ကျတယ်။ ဒါပေမဲ့ အလုပ်ရှင်တွေက ခရီးစရိတ်ပေးရင်တော့ ဘာစရိတ်မှ ကုန်ကျစရာ မရှိတော့ဘူး။

မြန်မာရွှေ့ပြောင်းနေထိုင်သူများသည် နယ်စပ်ဂိတ်များ၌ ၎င်းတို့ရွေးချယ်ပါက လိုအပ် သည့် လုပ်ရိုးလုပ်စဉ်များကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည်။ အထက်တွင် ပြောသည့်စရိတ်များသည့် ခရီးစရိတ်သီးသန့်သာသည်။ စစ်ကိုင်း မှလာပါက ထိုင်း၊ မလေးရှား၊ စင်ကာပူနှင့် တောင်ကိုရီးယားကဲ့သို့သော အခြားနိုင်ငံများထက် အိန္ဒိယသို့ တရားမဝင် လာရောက်ရှိရန်မှာ ကုန်ကျစရိတ် ပိုသက်သာပါသည်။

နိဂုံး

မီဇိုရမ်သို့ ပြောင်းရွှေ့နေထိုင်ရန်အတွက် ဗမာရက်ကန်းသမားများက ဆုံး ဖြတ်ခဲ့ရာတွင် စီးပွားရေးနှင့် လူမှုရေး အကြောင်းအချက်များမှ အပြန်အလှန် ရောယှက်ကာ လွှမ်းမိုးနေပါသည်။ စီးပွားရေးဆိုပါက လုပ်အားခ ကွာခြား ချက်မှာ အားကောင်းသည့် ဆွဲဆောင်မှုတစ်ရပ်ဖြစ်သည်။ မီဇိုရမ်ပြည်နယ်သို့ ရွှေ့ပြောင်းနေထိုင်ခြင်းဖြင့် ၎င်းတို့သည် လုပ်အားခ ပိုမိုရရှိလာနိုင်ပြီး လူနေမှု အဆင့်အတန်းကိုလည်း မြှင့်တင်နိုင်သည်။ သို့သော်လည်း ရွှေ့ပြောင်းနေထိုင် ရေးဆုံးဖြတ်ရာ၌ စီးပွားရေးအရ စဉ်းစားချက်များသည်သာ အဓိကစေ့ဆော်မှု မဟုတ်ပါ။ မီဇိုရမ်ပြည်နယ်ရှိ လုပ်သားဈေးကွက်အကြောင်း သတင်းအချက် အလက် ရယူနိုင်ခြင်း၊ လူမှုကွန်ရက်များရှိခြင်းစသည့် လူမှုရေးဆိုင်ရာ အကြောင်းအချက်များသည်လည်း ရွှေ့ပြောင်းနေထိုင်မှုကို ဖြစ်မြောက်စေရာ၌ အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ဥပမာအားဖြင့် အလုပ်အကိုင် အခွင့်အလမ်း၊ လုပ်ငန်းခွင် အခြေအနေနှင့် အထောက်အပံ့ဝန်ဆောင်မှုများ စသည်တို့နှင့်သက်ဆိုင်သည့် ယုံကြည်စိတ်ချရသော သတင်းအချက်များ ရယူ နိုင်ခြင်းကလည်း ရွှေ့ပြောင်းရက်ကန်းသမားများအား အမြော်အမြင်ရှိသည့် ဆုံးဖြတ်ချက် များ ချမှတ်ရာတွင် အထောက်အပံ့ဖြစ်စေပါသည်။ အလားတူပင် လူမှုကွန်ရက်များကလည်း နိုင်ငံအသစ်တွင် အခြေချနေထိုင်ရာ၌ အခက်အခဲ များ ကျော်လွှားနိုင်ရေးတွင် အကူအညီဖြစ်စေပြီး ရွှေ့ပြောင်းနေထိုင်သူများ အတွက် လုံခြုံစေပါသည်။ ရွှေ့ပြောင်းစရိတ်သည်လည်း ရွှေ့ပြောင်းနေထိုင်ရ သည့် ဆုံးဖြတ်ချက်အပေါ် လွှမ်းမိုးနိုင်သည့် အကြောင်းအချက်တစ်ခုဖြစ်သည်။ အခြားတစ်နိုင်ငံသို့ ရွှေ့ပြောင်းရသည့် ကုန်ကျစရိတ်မှာလည်း အရေးပါပြီး ရက်ကန်းသမားအချို့အတွက် မရွှေ့ပြောင်းနိုင်အောင် ဟန့်တားထားသည့် အချက်လည်းဖြစ်သည်။ အထက်ပါအကြောင်းအချက်များနှင့် အခြားပံ့ပိုးပေးသည့် အကြောင်း အချက်များအား ပို၍အသေးစိတ် လေ့လာဖော်ထုတ်နိုင်ရန်နှင့် မီဇိုရမ်ရှိ မြန်မာ ရွှေ့ပြောင်းရက်ကန်းသမားများ၏ အကျိုးအကြောင်းနှင့် အတွေ့အကြုံများကို ပိုမိုသိရှိနားလည်နိုင်ရန်အတွက် သုတေသနများ ပိုမိုလုပ်ဆောင်ရန် လိုအပ်ပါ သည်။ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အကြောင်းအချက်များ အပြန်အလှန် ဆက်စပ်နေမှုများကို ပိုမိုလေးနက်စွာ သိရှိနားလည်ပါက မူဝါဒချမှတ်သူများ နှင့် လက်တွေ့အကောင်အထည် ဖော်ဆောင်နေသူများအနေဖြင့် ရွှေ့ပြောင်း ရက်ကန်းသမားများ၏ အသက်မွေးဝမ်းကျောင်းကို အထောက်အပံ့ဖြစ်စေမည့် ပိုမိုထိရောက်သည့် ဆောင်ရွက်ချက်များကို ချမှတ်နိုင်မည်ဖြစ်ပါသည်။

အဆုံးမှတ်စုများ

1 Aung Tun, 2022.
2 Zirnunsanga, 2007.
3 Sampada, 2023.
4 Ramswamy & Kumar, 2013.
5 Ramswamy & Kumar, 2013.
6 Pakem, 1992.
7 Sangpuii, 2016.
8 Czaika & Reinprecht, 2022.
9 Hagen-Zanker, 2008.
10 de Haas, 2001.
11 Van Hear et al., 2018.
12 Jacobsen, 2014.
13 Chi, 2020.
14 ထိုစဉ်က မဏိပူရ်ပြည်နယ်ရှိ Meitei နှင့် Kuki-Zo အသိုင်းအဝိုင်းနှစ်ခုအကြား လူစုလူဝေးဖြင့် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။

ကိုးကားချက်များ

References

Aung Tun. (2022).Migration in Post-coup Myanmar: A Critical Determinant in Shaping the Country’s Future? ISEAS-Yusof Ishak Institute. https://www.iseas.edu.sg/wp-content/uploads/2022/03/ISEAS_Perspective_2022_37.pdf

Chi, G. (2020).Migration and Social Networks: New Insights from Novel Data. University of California Press.

Czaika, M., & Reinprecht, C. (2022). Migration Drivers: Why Do People Migrate? In P. Scholten (Ed.), Introduction to Migration Studies: An Interactive Guide to the Literatures on Migration and Diversity (pp. 49–82). Springer. https://doi.org/10.1007/978-3-030-92377-8_3

De Haas, H. (2021). A theory of migration: the aspirations-capabilities framework.Comparative Migration Studies,9(1), 1-35. https://doi.org/10.1186/340878-020-00210-4

Hagen‐Zanker, J. (2008). Why do people migrate? A review of the theoretical literature [Working paper].Maastrcht Graduate School of Governance. https://dx.doi.org/10.2139/ssrn.1105657

Jacobsen, K. (2014). Livelihoods and Forced Migration. In E. Fiddian-Qasmiyeh, G. Loescher, K. Long, & N. Sigona (Eds.), The Oxford Handbook of Refugee and Forced Migration Studies (p. 99-111). Oxford University Press. https://doi.org/10.1093/oxfordhb/9780199652433.013.0018

Lalmalsawmi Renthlei. (2019). Socio-economic Conditions of Handloom Weavers: A Case Study of Weavers in Zuangtui Cluster, Aizawl, Mizoram. Senhri Journal of Multidisciplinary Studies.

Pakem, B. (1992). India–Myanmar Relations. Omsons.

Ramswamy, R., & Kumar, N. J. (2013). Women weavers in Mizoram: Sustaining livelihood through cluster development.Indian Journal of Gender Studies,20(3), 435-452. https://doi.org/10.1177/0971521513495292

Sampada, J. (2023). Textiles of Mizoram. Indira Gandhi National Centre for the Arts. https://ignca.gov.in/divisionss/janapada-sampada/northeastern-regional-centre/textiles-of-mizoram/

Sangpuii, L. (2016). Trans border Migration and Livelihood: The Case of Migrant Workers from Myanmar in Mizoram [Unpublished master’s dissertation]. Mizoram University.

Van Hear, N., Bakewell, O., & Long, K. (2018). Push-pull plus: reconsidering the drivers of migration. Journal of Ethnic and Migration Studies, 44(6), 927-944. https://doi-org/10.1080/1369183x.2017.1384135

Zirnunsanga, K. (2007).The pattern of migration and its effect on economic development with special reference to Mizoram[Unpublished doctoral dissertation]. Mizoram University.