ဟာနာရပ်ဆဲလ်သည် ချင်းမိုင်တွင် နေထိုင်လျက်ရှိသော ယူကေနိုင်ငံသူ သုတေသီတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံရှိ မသန်စွမ်းများအကြောင်း သုတေသနပြု လေ့လာနေသူဖြစ်သည်။ ပညာရေး၊ မသန်စွမ်းမှု ပြန်လည်ထူထောင်ရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် စိတ်ကျန်းမာရေး အထောက်အပံ့များကို ကူညီပံ့ပိုးပေးနေသည့် Myanmar Action Group Denmark အမည်ရ အစိုးရမဟုတ်သောအဖွဲ့အစည်းတစ်ခု၏ ပူးတွဲတည်ထောင်သူဖြစ်သည်။
ဇိုဟီရှားသည် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုအား ထောက်ခံမှုနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားမှုများကြောင့် မြန်မာပြည်မှ ထွက်ပြေးခဲ့ရသည့် ကျောင်းဆရာမ တစ်ဦးဖြစ်သည်။ ကလေးသူငယ်ပညာရေး အထူးသဖြင့် မိန်းကလေးငယ်များ၏ ပညာရေးကို အထူးစိတ်ဝင်စားပြီး နယ်စပ်ဒေသများရှိ နေရပ်စွန့်ခွာထွက်ပြေးနေရသော မိသားစုများအတွက် ပညာရေး လက်လှမ်းမီ ရေး ပံ့ပိုးပေးနေသူဖြစ်သည်။
ယုဂန်ပိုင််သည် စစ်ကိုင်းတိုင်းဒေသကြီးမှဖြစ်ပြီး စစ်အာဏာသိမ်းမှုမတိုင်မီက သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။ ဗမာ့သမိုင်းအား နှံ့နှံ့စပ်စပ် လေ့လာကာ လူမှုအပြောင်းအလဲနှင့် ယဉ်ကျေးမှုသဘောတရားများကို ဖော်ထုတ်ရန် စာပေများရေးသားလျက်ရှိသည်။
ဒေါ့ထ်သည် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင် နေသည့် အသက်နှစ်ဆယ်တွင်းအရွယ်ရှိ အမျိုးသမီးငယ်တစ်ဦးဖြစ်သည်။ ဒုက္ခသည်အသိုင်းအဝိုင်းအတွင်း ပညာရေးလက်လှမ်းမီရေးနှင့် ပညာခရီးဆက် နိုင်ရေးအတွက် ပံ့ပိုးလိုသူတစ်ဦးဖြစ်သည်။ သူမ၏ ရေရှည်မျှော်မှန်းချက်မှာ လေ့လာမှုနှင့် စွမ်းရည်မြှင့်တင်မှုများမှတစ်ဆင့် ဒုက္ခသည်လူငယ်များ စိတ်ဓာတ်ခွန်အားမြင့်မားပြီး ထူးချွန်ထက်မြက်လာစေမည့် စနစ်ကောင်း တည်ဆောက်ရာတွင် ပါဝင်လုပ်ဆောင်ရန်ဖြစ်သည်။
ဇလပ်မြေသည် ချင်းလူမျိုး သုတေသီတစ်ဦးဖြစ်ပြီး ချင်းပြည်တွင် ပညာရေး လုပ်ငန်းများကို တက်ကြွစွာ ဦးဆောင်လုပ်ကိုင်နေသည့် ပညာဖြန့်ဝေသူ တစ်ဦးလည်းဖြစ်သည်။ စစ်အာဏာမသိမ်းမီက အဆင့်မြင့်ပညာရေးမူဝါဒကိစ္စ များတွင် ဝင်ရောက်ဆောင်ရွက်ခဲ့သည့် သုတေသီတစ်ဦးဖြစ်သည်။ ယခုအခါ ချင်းပြည်တွင် ကျန်းမာရေးဝန်ဆောင်မှုရရှိရေး လုပ်ဆောင်နေသည့် ဒေသ တွင်းအဖွဲ့အစည်းတစ်ခုတွင် စောင့်ကြည့်အကဲဖြတ်အရာရှိအဖြစ် တာဝန်ထမ်း ဆောင်နေသည်။
လန်းလန်းသည် ချင်းပြည်နယ်မှဖြစ်ပြီး ဇာတိမြေတွင် အမျိုးသမီးအခွင့်အရေး များနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းလုပ်ငန်းများအပေါ် ပြင်းပြသည့် စိတ်ဝင် စားမှု ရှိသူဖြစ်သည်။ လက်ရှိတွင် ဗီယက်နမ်နိုင်ငံ၌ ဘွဲ့လွန်တက်ရောက်နေပြီး သုတေသနအရည်အချင်းများ တိုးတက်လာရေးအတွက် စိတ်အားထက်သန်သူ ဖြစ်သည်။