ယူကာဝေ နှင့် ဂျိုးဆက်ဖ်အန်ဒါဆန် | Click here to read this article in English.
Cite as: ယူကာဝေ နှင့် ဂျိုးဆက်ဖ်အန်ဒါဆန်၊ (၂၀၂၅)၊ လွတ်လပ်မှုရောင်နီဦးဆီသို့ ဝင်လာခြင်းဘက်ပြောင်းခိုလှုံမှုများကြောင့် ယိုင်နဲ့လာသည့် စစ်တပ်၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ၅။ https://ijbs.online/?page_id=5319

အကျဉ်းချုပ်
ယခုအခါ မြန်မာစစ်တပ်အနေဖြင့် ရေချိန်မြင့်လာနေသော စစ်အုပ်ချုပ်မှုကို ဆန့်ကျင်သည့် တော်လှန်ပုန်ကန်မှုများကို တစ်ပြည်လုံးအတိုင်းအတာနှင့် ရင်ဆိုင်နေရသလို အခြားတစ်ဖက်တွင်လည်း မျှော်လင့်မထားသည့် အတိုင်း အတာပမာဏဖြင့် စစ်တပ်ဘက်မှ ဘက်ပြောင်းခိုလှုံမှုများသည် စစ်တပ်၏ လက်အောက်ငယ်သားစစ်သားများကို အတူတကွ စုစည်းထားနိုင်ရန် ရုန်းကန် နေရကြောင်း ညွှန်ပြနေပါသည်။ အနာဂတ်မြန်မာနိုင်ငံအတွက် ဤကဲ့သို့ ဘက်ပြောင်းခိုလှုံမှုများ၏ အရေးပါမှုကြောင့် စစ်သားများ စစ်တပ်ထဲမှ အဘယ်ကြောင့် ထွက်ခွာကြသည် သို့မဟုတ် အဘယ်ကြောင့် စစ်တပ်ထဲတွင် ဆက်၍နေနေကြသည်ကို ပိုမိုကောင်းမွန်စွာ နားလည်သဘောပေါက်စေရန် စစ်တပ်ဘက်မှ ဘက်ပြောင်းခိုလှုံလာခဲ့သော စစ်သည် (၅၀) ဦးနှင့် အခြားသော နွေဦးတော်လှန်ရေးတွင် ပါဝင်ပတ်သက်နေသူများကို အင်တာဗျူးမေးခွန်းများ မေးမြန်းကာ စစ်တမ်းကောက်ယူခဲ့ပြီး ဤဆောင်းပါးတွင် အသုံးပြုထားပါ သည်။ ဤအစီရင်ခံစာကို ၂၀၂၃ တွင် ရေးသားခဲ့ပြီး မတူညီသော သုတေသန နည်းလမ်းများကို ရောနှော၍ အသုံးပြုသည့် နည်းလမ်းဖြင့် ချဉ်းကပ်ဆောင် ရွက်ထားပါသည်။ စစ်တမ်းကောက်ယူခြင်းများနှင့် အဓိကပါဝင်ပတ်သက်နေ သူများကို တွေ့ဆုံမေးမြန်းခြင်းများအပြင် ဆောင်းပါးရှင်များသည် ရှိနေပြီးသား စာပေအချက်အလက်များကိုလည်း ထည့်သွင်းထားပါသည်။ ဘက်ပြောင်းခိုလှုံ လာသည့် စစ်သည်များကို ပေးအပ်ထားရှိသည့် ထောက်ပံ့ကူညီမှုများတွင် ကွာဟချက်များ ရှိနေသည်ဆိုသော အချက်ကိုလည်း တွေ့ရှိရသည်။ အချို့မှာ များစွာသော ထောက်ပံ့ကူညီမှုများကို ရရှိခံစားနေချိန်တွင် အချို့မှာ မည်သည့် အထောက်အပံ့ကိုမျှ မရရှိကြပေ။ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းက တည်းက ဤဘက်ပြောင်းခိုလှုံလာမှုသည် အားကောင်းလာနေပြီး ပိုမိုစနစ်ကျ လာနေသည်ကို တွေ့ရသော်လည်း အင်အားနည်းနေသေးပြီး ပိုမိုတိုးတက် ကောင်းမွန်လာနိုင်သည့် အလားအလာ အများအပြားရှိနေသေးကြောင်း ကျွန်ုပ် တို့၏ လေ့လာတွေ့ရှိမှုများမှ ပြသနေပါသည်။ စစ်တပ်မှ ကိုင်စွဲထားသော အာဏာကို ကြည့်ခြင်းအားဖြင့် ဘက်ပြောင်းခိုလှုံမှုများသည် မြန်မာနိုင်ငံ၏ အနာဂတ်အပေါ်တွင် လွှမ်းမိုးမှုရှိမည့် အလားအလာရှိနေပြီး တော်လှန်ရေး ဘက်တော်သားများအနေဖြင့် ဘက်ပြောင်းခိုလှုံရေးဗျူဟာ ရှိထားရန် အရေး ကြီးသလို ထိုဗျူဟာကို လိုက်နာရန်လည်း လိုအပ်ပါသည်။ ဒေသတွင်းနှင့် နိုင်ငံတကာ ပုဂ္ဂိုလ်အဖွဲ့အစည်းများထံမှ နည်းပညာပိုင်းဆိုင်ရာနှင့် ရုပ်ဝတ္ထု ပစ္စည်းပိုင်းဆိုင်ရာအထောက်အပံ့များ လုံလောက်စွာရရှိပါက ၎င်းဘက်ပြောင်း ခိုလှုံမှုသည် တော်လှန်ရေးအတွက် အဆုံးအဖြတ်ပေးနိုင်မည့် အချက်တစ်ချက် ဖြစ်လာနိုင်ပါသည်။
နိဒါန်း
ကိုယ့်လူအချင်းချင်း သတ်ဖို့ ငြင်းဆန်ခဲ့တဲ့ လူတစ်ယောက်” ကိုတော့ ရာဇဝင်မှာ စာမတင်ထားခဲ့ရင်တောင် မှတ်မိနေဦးမှာ အသေအချာပါပဲ။
– ခါ့တ်တူချိုလ်စကီ
မြန်မာစစ်တပ်မှ စစ်သားများ၏ ကနဦးဘက်ပြောင်းခိုလှုံမှုများသည် ရွေးကောက်ခံအစိုးရထံမှ အာဏာသိမ်းမှုပြုလုပ်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ပြီးနောက် ရက်ပိုင်းအကြာတွင် စတင်ခဲ့ခြင်း ဖြစ်ပါ သည်။ ဆန္ဒပြသူများမှ လမ်းမများပေါ်ချီတက်ဆန္ဒပြရာတွင် “ပြည်သူ့ရဲ” ဟု ကြွေးကြော်ကာ ချီတက်ဆန္ဒပြခဲ့ကြပါသည်။ ရဲနှင့် စစ်သားများကို နိုင်ငံ တစ်ဝန်းရှိ လမ်းမကြီးများပေါ် နေရာအနှံ့ဖြန့်ကြက် ချထားချိန်တွင် ဆန္ဒပြ ပြည်သူများသည် ၎င်းတို့အား ပန်းများပင် ပေးခဲ့ကြသေးသည်။1 သို့ရာတွင် လည်း စစ်တပ်နှင့် ရဲများမှ ငြိမ်းချမ်းစွာ ဆန္ဒပြနေခဲ့ကြသည့် ပြည်သူများကို အကြမ်းဖက်တိုက်ခိုက်ခဲ့ကြချိန်တွင်မူ ထိုမေတ္တာတရားသည် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ပါသည်။
ပထမဦးဆုံးအတည်ပြုနိုင်ခဲ့သည့် ကျဆုံးခဲ့ရသူမှာ အသက် (၂၀) အရွယ်ရှိ မမြသွဲ့သွဲ့ခိုင်ဖြစ်ပြီး သူမသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက်နေ့တွင် မြို့တော်ဖြစ်သည့် နေပြည်တော်တွင် ဘတ်စ်ကားမှတ်တိုင်နောက်၌ အကာ အကွယ်ယူ ပုန်းခိုနေစဉ် သူမဆောင်းထားသော ဆိုင်ကယ်ဦးထုပ်ကို ဖောက် ထွင်းကာ ခေါင်းကို ကျည်ထိမှန်၍ ကျဆုံးခဲ့ရခြင်း ဖြစ်ပါသည်။ အာဏာသိမ်းမှု ဖြစ်စဉ် စတင်ခဲ့သည့်နေ့မှစ၍ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၁၆) ရက်နေ့အထိ ကျဆုံးခဲ့ရသည့် ပြည်သူဦးရေမှာ အနည်းဆုံးခန့်မှန်းခြေ (၃၉၃၃) ဦး ဖြစ်ပါ သည်။2 ဒီမိုကရေစီရေးလှုပ်ရှားသည့် အဖွဲ့အစည်းများနှင့် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများဆီသို့ လူပေါင်းသိန်းချီ ဝင်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံရှိ စစ်အုပ်ချုပ်ရေးကို တော်လှန်သည့် “နွေဦးတော်လှန်ရေး” ကို စတင်ခဲ့ကြပါသည်။ အဆိုပါ အရေအတွက်ပမာဏကို စစ်အာဏာသိမ်းပြီး ကတည်းက စစ်တပ်မှ စွန့်ခွာဘက်ပြောင်းလာသည့် စစ်သည် (၃,၀၀၀) ဝန်းကျင်နှင့် ရဲဝန်ထမ်း (၉,၀၀၀) ဝန်းကျင်က ထပ်မံ အားဖြည့်ခဲ့ကြပါသည်။3
နွေဦးတော်လှန်ရေးအတွင်း စွန့်ခွာဘက်ပြောင်းမှုဆိုသည်မှာ စစ်တပ်ကို ဆန့်ကျင်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ဟု ကနဦးသိထားခဲ့ ကြသည့် အာဏာသိမ်းစစ်အုပ်စုကို လက်မခံကြောင်း ပြသသည့် သာမန် ပြည်သူ့ဝန်ထမ်းများ၏ လှုပ်ရှားမှုကို ဆိုလိုခြင်းဖြစ်ပါသည်။ နွေဦးတော်လှန် ရေးကာလအတွင်းရှိ စွန့်ခွာဘက်ပြောင်းမှုများကို နိုင်ငံရေးအရ တော်လှန်ဆန့် ကျင်မှု တစ်ရပ်အဖြစ် မှတ်ယူနိုင်ပါသည်။ ၎င်းကို စစ်တပ်မှ စွန့်ခွာဘက်ပြောင်း လာခဲ့သည့် စစ်သည်များစွာသည် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (စီဒီအမ်) တွင် အတိအလင်း ပါဝင်ခဲ့ကြသည်ဆိုသောအချက်၌ တွေ့မြင်နိုင်ပါ သည်။4
၎င်းကြောင့်ပင် စစ်သည်များနှင့် ရဲဝန်ထမ်းများကို စွန့်ခွာဘက်ပြောင်း လာစေရန် လှုံ့ဆော်တိုက်တွန်းခြင်းကို ပံ့ပိုးမှုများသည်လည်း တော်လှန်ရေး လှုပ်ရှားမှုအတွင်းတွင် တိုးပွားလာနေပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် စွန့်ခွာဘက်ပြောင်းလာမှုကို ၎င်းတို့၏ တိုက်ခိုက်ရေးနည်းဗျူ ဟာ တစ်ရပ်အဖြစ် ထည့်သွင်းခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံခြား ရေး ဝန်ကြီး ဒေါ်ဇင်မာအောင်မှ “စွန့်ခွာ ဘက်ပြောင်းမှုအစီအမံသည် NUG အစိုးရ ၏ ဦးစားပေးဖြစ်ပြီး ၎င်းသည် တော်လှန်ရေးအတွက် အလှည့်အပြောင်း တစ်ခုအဖြစ် ဦးတည်သွားနိုင်သည်”5 ဟုဆိုခဲ့ပါသည်။ နွေဦးတော်လှန်ရေးသည် မြန်မာ့သမိုင်းတွင် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းမှုများကို တိုက်တွန်းပံ့ပိုးသည့် အကြီးမား အကျယ်ပြန့်ဆုံးနှင့် စုစည်းညီညွတ်မှု အရှိဆုံးသော ကြိုးစားအား ထုတ်မှု ဖြစ်ပါသည်။
အုပ်စုလိုက် စွန့်ခွာဘက်ပြောင်းမှုများသည် တော်လှန်ရေးလှုပ်ရှားမှု အတွက် အုပ်ချုပ်ရေးအပြောင်းအလဲဖြစ်နိုင်ခြေရှိလာစေရန် အခိုင်မာဆုံးသော ညွှန်းကိန်းဖြစ်သလို6 စစ်အာဏာရှင်အုပ်ချုပ်သည့် နိုင်ငံများတွင် စွန့်ခွာဘက် ပြောင်းမှုများသည် “ဒီမိုကရေစီအုပ်ချုပ်ရေး အသွင်ပြောင်းလဲလာရန် မရှိမဖြစ် လိုအပ်သော အခြေအနေတစ်ရပ်ဖြစ်သည်။”7 ယခုအခါ မြန်မာစစ်တပ်အနေ ဖြင့် ရေချိန်မြင့်လာနေသော စစ်အုပ်ချုပ်မှုကို ဆန့်ကျင်သည့် တော်လှန်ပုန်ကန် မှုများကို တစ်ပြည်လုံးအတိုင်းအတာနှင့် ရင်ဆိုင်နေရသလို အခြားတစ်ဖက် တွင်လည်း မျှော်လင့်မထားသည့် အတိုင်းအတာ ပမာဏဖြင့် ဘက်ပြောင်းခိုလှုံ မှုများသည် ၎င်း၏ လက်အောက်ငယ်သား တပ်သားများကို အတူတကွ စုစည်း ထားနိုင်ရန် ရုန်းကန်နေရကြောင်း ညွှန်ပြနေပါသည်။ ၂၀၂၃ ခုနှစ်အထိ စာရင်း များအရ စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် စစ်တပ်သည် “ကချင်ပြည်နယ် တွင် တပ်စခန်း (၂၀)၊ ချင်းပြည်နယ်တွင် တပ်စခန်း (၃) ခု၊ ကယားပြည်နယ် တွင် တပ်စခန်း (၁၉) ခု၊ ကရင်ပြည်နယ်တွင် တပ်စခန်း (၁၂) ခုနှင့် ရခိုင်ပြည် နယ်တွင် တပ်စခန်း (၃၆) ခု” အပါအဝင် တိုင်းရင်းသားဒေသများ၌ ၎င်းတို့၏ တပ်စခန်း (၉၀) နီးပါး လက်လွှတ်ဆုံးရှုံးထားပြီး8 ဆုံးရှုံးမှုများ တိုးပွားလာနေပါ သည်။ စစ်တပ်သည် နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးများတွင်လည်း အာဏာရှင် ကို ဆန့်ကျင်တော်လှန်သည့် အုပ်စုများကို ကြမ်းတမ်းစွာ သုတ်သင်ရှင်းလင်း သည့် စစ်ရေးလှုပ်ရှားမှုများလည်း ဆောင်ရွက်နေသည်။ အထူးသဖြင့် ဗုဒ္ဓ ဘာသာဝင် ဗမာလူမျိုးများ၏ နှလုံးသည်းပွတ်ဖြစ်သည့် စစ်ကိုင်းတိုင်း၊ မကွေး တိုင်းနှင့် မန္တလေးတိုင်းတို့တွင် ဖြစ်ကာ ထိုဒေသများသည် အစဉ်အလာအား ဖြင့် စစ်တပ်ထောက်ခံသည့် နယ်မြေများဖြစ်ပြီး တပ်သားသစ်များ စုဆောင်း သည့် အဓိကနေရာများလည်း ဖြစ်ပါသည်။
စစ်သားများ စစ်တပ်ထဲမှ အဘယ်ကြောင့် ထွက်ခွာကြသည် သို့မဟုတ် အဘယ်ကြောင့် စစ်တပ်ထဲတွင် ဆက်၍နေကြသည်ကို ပိုမိုကောင်းမွန်စွာ နားလည်သဘောပေါက်စေရန် ဘက်ပြောင်း ခိုလှုံလာခဲ့သော မြန်မာစစ်တပ်မှ စစ်သည် (၅၀) ဦးနှင့် အခြားသော နွေဦးတော်လှန်ရေးတွင် ပါဝင်ပတ်သက်နေ သူများကို စစ်တမ်းကောက်အင်တာဗျူးများ မေးမြန်းကာ ဤဆောင်းပါးကို ရေးသားထားခြင်း ဖြစ်ပါသည်။ ဤဆောင်းပါးတွင် အပိုင်း (၆) ပိုင်း ပါဝင်သည်။ ပထမဦးစွာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု၏ နောက်ခံအခြေအနေနှင့် မြန်မာ နိုင်ငံတွင် စွန့်ခွာဘက်ပြောင်းမှုများဖြစ်ခဲ့သည့် သမိုင်းကြောင်းကို ရှိနေပြီးသား စာပေအထောက်အထားများအား ဆန်းစစ်လေ့လာမှုများမှတစ်ဆင့် တင်ပြ ထားပါသည်။ ဒုတိယအနေဖြင့် ဤဆောင်းပါးအတွက် သုတေသနပြုလုပ် ဆောင်ရွက်ခဲ့ရာတွင် အသုံးပြုခဲ့သည့် နည်းနာကို အကျဉ်းချုံး ဖော်ပြထားပါ သည်။ တတိယအနေဖြင့် စစ်တပ်မှ စွန့်ခွာဘက် ပြောင်းမှု ကမ်ပိန်းများအတွင်း အဓိကပါဝင်ဆောင်ရွက်သူများကို အမျိုးအစား ခွဲခြားပြထားပါသည်။ စတုတ္ထ အနေဖြင့် သုတေသနပြုလုပ်ရာမှ ရှာဖွေတွေ့ရှိ ချက်များကို တင်ပြဆွေးနွေး ထားပါသည်။ ကျွန်ုပ်တို့အနေဖြင့် စွန့်ခွာဘက်ပြောင်းမှုများ ပြုလုပ်ကြရာတွင် တွန်းအားပေးသည့်အရာများနှင့် အတားအဆီး ဖြစ်စေသည့်အရာများသည် တူညီနေလေ့ရှိသည်ကို တွေ့ရပြီး ၎င်းတို့မှာ ကိုယ်ရေးကိုယ်တာကိစ္စ၊ မိသားစု ကိစ္စများကို ထည့်သွင်းစဉ်းစားရခြင်းများ၊ ကိုယ်ကျင့်သိက္ခာနှင့် နိုင်ငံရေးရပ် တည်ချက်များနှင့် ငွေကြေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ စသည့် အကြောင်းကိစ္စ များ ဖြစ်နေသည်ကို တွေ့ရပါသည်။ ထို့နောက် အုပ်စုလိုက်စွန့်ခွာဘက်ပြောင်း မှုများသည် စစ်တပ်၏ တရားဝင်မှုကို ငြင်းဆန်နိုင်မည့် နည်းဗျူဟာတစ်ရပ် ဖြစ်ခြင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဒီမိုကရေစီရေးလှုပ်ရှားနေသူ များအား စွန့်ခွာဘက်ပြောင်းလာသည့် စစ်သည်နှင့် ရဲဝန်ထမ်းများကို ကူညီရာ တွင် မည်သို့မည်ပုံ ပံ့ပိုးပေးနိုင်မည်ကို ဤဆောင်းပါးတွင် သုံးသပ်တင်ပြထား ပါသည်။ အကြံပြုချက်များကိုလည်း ဆောင်းပါး၏ အဆုံးသတ်ပိုင်းတွင် ထည့် သွင်းဖော်ပြထားပါသည်။
အခြေအနေနှင့် စာပေဆိုင်ရာသုံးသပ်ချက်
စစ်တပ်မှ စွန့်ခွာဘက်ပြောင်းမှုများသည် ယခုမှဖြစ်လာနေသည့် ဖြစ်စဉ် အသစ်တစ်ခုတော့ မဟုတ်ပေ။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမတိုင်မီ စစ်တပ်ကို စွန့်ခွာခဲ့ကြသော စစ်သည်များမှ တပ်ထဲရှိ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှုများ၊ ဖိအားပေးခိုင်းစေမှုများ၊ ဆိုးဝါးစွာ နေထိုင်ရသည့် ပတ်ဝန်း ကျင်များနှင့် အရပ်သားများအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများ အကြောင်း ဖော်ထုတ်ပြောဆိုခဲ့ကြပြီးဖြစ်ပါသည်။ သို့ရာတွင်မူ ၂၀၂၁ အာဏာ သိမ်းမှုသည် စစ်တပ်မှ စွန့်ခွာမှုများ ကြီးမားစွာ တိုးမြင့်လာစေနိုင်မည့် အခြေ အနေများကို ဖန်တီးပေးခဲ့ပြီး အဆိုပါ ဘက်ပြောင်းမှုများသည် ယခုအခါတွင် အာဏာသိမ်းမှုကို ဆန့်ကျင်သော အဖွဲ့အစည်းများ ဦးဆောင်သည့် လုပ်ငန်းစဉ် များမှတစ်ဆင့် ပေါ်ပေါက်လာ လျက်ရှိပါသည်။ အာဏာသိမ်းမှုဖြစ်စဉ် ဖြစ်ပြီး ပြီးခြင်း ပေါ်ပေါက်ခဲ့သည့် စွန့်ခွာဘက်ပြောင်းမှု အများစုမှာ အရန်တပ်များ (အင်ဂျင်နီယာများ၊ အမြောက်တပ်သားများနှင့် ရုံးဝန်ထမ်းများ) ဖြစ်ခဲ့ကြသော် လည်း ၂၀၂၂ နောက်ပိုင်းတွင် စွန့်ခွာဘက်ပြောင်းလာသူအများစုမှာ ခြေလျင် တပ်မှ စစ်သည်များဖြစ်ကြပါသည်။
၁၉၈၈ အာဏာသိမ်းမှုနှင့် ၁၉၉၀ နှင့် ၂၀၀၀ ခုနှစ်များတွင် မြို့ပြလူထု အပေါ် စစ်တပ်မှ အကြမ်းဖက်မှုတိုးလာခဲ့ပြီးနောက်တွင် မြန်မာစစ်တပ်မှ စွန့်ခွာထွက်ပြေးမှုနှင့် စွန့်ခွာဘက်ပြောင်းမှုများအကြောင်း လေ့လာမှုများ ရှိလာခဲ့သော်လည်း အလွန်နည်းပါးခဲ့သည်။ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ (Human Rights Watch) မှ ၂၀၀၂ နှင့် ၂၀၀၇ ခုနှစ်တွင် ထုတ်ပြန်ခဲ့ သည့် မြန်မာစစ်တပ်အတွင်းရှိ ကလေးစစ်သားများအကြောင်း အစီရင်ခံစာ များတွင် ကလေးများကို အတင်းအဓမ္မစုဆောင်းကာ ညှဉ်းပန်းနှိပ်စက်မှုများကို စနစ်တကျ ဆောင်ရွက်နေခဲ့ကြောင်း အသေးစိတ်ဖော်ပြထားရှိခဲ့ပါသည်။9 ထို အချိန်မှစတင်ကာ အခြားသောအဖွဲ့အစည်းများသည်လည်း စစ်တပ်မှ ထွက် ပြေးလွတ်မြောက်လာခဲ့သည့် ကလေးစစ်သားများကို တွေ့ဆုံမေးမြန်းထားမှု များနှင့် အစီရင်ခံစာများကို ထုတ်ပြန်ခဲ့ကြသည်။10 ၎င်းအစီရင်ခံစာများသည် စစ်တပ်အတွင်း အဓမ္မစစ်သားစုဆောင်းသည့် သမိုင်းကြောင်းတစ်ရပ် ရှိခဲ့ ကြောင်း မီးမောင်းထိုးပြနေပါသည်။ စစ်တပ်မှ စွန့်ခွာဘက်ပြောင်းမှုများ ပိုမို များပြားလာသည်နှင့်အမျှ ထိုကဲ့သို့ ဖိအားပေးပြီး အတင်းအကျပ်စစ်မှုထမ်း စေသည့် ဖြစ်ရပ်များ ပိုမိုပေါ်ပေါက်လာမည်မှာ မလွဲမသွေပင်ဖြစ်ပါသည်။
စစ်သားများအနေဖြင့် မိမိစိတ်ဆန္ဒသဘောအရ တပ်ထဲသို့ဝင်ခဲ့ခြင်း ဟုတ် သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ရှုပ်ထွေးလှသည့် အကြောင်းတရားများသည် စစ်သည်တစ်ဦးချင်းစီတိုင်း၏ စိတ်သဘောထားများအပေါ် သက်ရောက်မှုရှိ နေခဲ့ပါသည်။ စစ်တပ်သည် စစ်သည်များအပေါ် အယူဝါဒများ သွတ်သွင်းခြင်း၊ လုံခြုံမှုဖန်တီးပေးခြင်း၊ အရပ်သားများနှင့် တိုင်းရင်းသားအင်အားစုများအပေါ် ရန်လိုသော အကြောက်တရားများ မွေးမြူပေးခြင်း၊ ရန်သူများ အဆက်မပြတ် ဖန်တီးပေးထားခြင်းတို့ကို ပေါင်းစပ် ၍ ထိန်းချုပ်ထားကြောင်း ဆက်လ်တ်က ဆိုပါသည်။11 သူက စွန့်ခွာ ဘက်ပြောင်းလာသူများ၏ စိတ်နေသဘောထားများ၊ ရုန်းကန်ရမှုများနှင့် စစ်သားဘဝက ၎င်းတို့၏ စိတ်အပေါ် မည်သို့မည်ပုံ သက် ရောက်မှုများ ရှိသည့်အပေါ် နားလည်သဘောပေါက်စေမှု တစ်ရပ်ကို ဖန်တီး ပေးပြီး စစ်သားများ၏ စရိုက်လက္ခဏာများကိုလည်း မျိုးချစ်စိတ်၊ ရိုကျိုးလိုက် နာခြင်းနှင့် သစ္စာရှိခြင်း၊ အတ္တကြီးခြင်း၊ ရည်မှန်းချက်ကြီးခြင်း၊ အကြောက် တရား၊ ကိုယ်ကျိုးစီးပွားဆိုင်ရာ အကျိုးအမြတ်အပေါ် စိတ်ဝင်စားမှု၊ ဗုဒ္ဓ ဘာသာနှင့် ကိုယ်ရေးကိုယ်တာ ခံစားချက်များဟူ၍ အမျိုးအစား ခွဲခြားပြထား ပါသည်။12 ထိုအမျိုးအစားများသည် စစ်သည်တစ်ဦးချင်းစီ၏ စိတ်ထဲတွင် မတူ ညီသော၊ တစ်ခါတစ်ရံတွင် အပြိုင်အဆိုင်ဖြစ်နေသော အတွေးအခေါ်များအ ဖြစ် ရှိနေပြီး စစ်သည်များအနေဖြင့် အမိန့်များ လက်ခံရသည့်အခါ ထိုအမိန့် များကို ၎င်းတို့၏ ကိုယ်ပိုင်စံတန်ဖိုးများနှင့် ညှိယူရာတွင် အမျိုးမျိုးသော စိတ် ပိုင်းဆိုင်ရာ အဆင်မပြေမှုကို ဖြစ်ပေါ်စေပါသည်။ ဆက်လ်တ်၏ အမျိုးအစား ခွဲခြားမှုများနှင့် ခွဲခြမ်းစိတ်ဖြာမှုများသည် ဤဆောင်းပါးမှ ဆောင်ရွက်ထား သော တွေ့ဆုံမေးမြန်းမှုများကို အဓိပ္ပာယ်ရှိစေပြီး စစ်သည်များနှင့် စွန့်ခွာဘက် ပြောင်းလာသူများ၏ ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်ကို နားလည်စေသည်။
စိုင်းလတ်၏ ၂၀၁၆ တွင် တင်သွင်းခဲ့သော ပါရဂူဘွဲ့ယူစာတမ်းသည် လည်း စစ်တပ်၏ အတွင်းပိုင်း အဖွဲ့အစည်းဆိုင်ရာ တည်ဆောက်ထားမှုကို အတွင်းကျကျသိစေနိုင်သည့် စာတမ်းတစ်စောင်ဖြစ်ပါသည်။ သူက စစ်သား များသည် ၎င်းတို့၏ ရန်သူများအပေါ် အကြမ်းဖက်မှု ကျူးလွန်သူများအဖြစ် သတ်မှတ်ခံရသော်လည်း ၎င်းတို့ကိုယ်တိုင်မှာလည်း စစ်တပ်အတွင်း အကြမ်း ဖက်မှုများနှင့် တရားမမျှတမှုတို့ကို တိုက်ရိုက်ခံနေကြရသည့်သူများ ဖြစ်နေ ပြန်ကြောင်း ဆိုထားသည်။ ၎င်းတို့သည် စစ်တပ်၏ စဉ်ဆက်မပြတ်ဖြစ်နေ သော အကျင့်ပျက်ခြစားမှုကွန်ရက်၊ ဆရာမွေး တပည့်မွေး ဆက်ဆံရေးများ၊ တံစိုးလက်ဆောင်ပေးခြင်းများ၊ ထင်ရာစိုင်း အခွန်အခကောက်ခြင်းများနှင့် အခကြေးငွေမရရှိသော လုပ်သားများအဖြစ် ခံနေကြရပါသည်။ ထိုသို့ဖြစ်ရခြင်း မှာ စစ်တက္ကသိုလ် (DSA) တွင် ထိုကဲ့သို့ အကျင့်ပျက်ခြစားမှုများနှင့် ခေါင်းပုံ ဖြတ်အနိုင်ကျင့်မှုများ ဖြစ်လေ့ဖြစ်ထရှိသောကြောင့်ဖြစ်ပါသည်။ အရာရှိအုပ်စု သည် “အကြမ်းဖက်မှုများ၊ ခေါင်းပုံဖြတ်အနိုင်ကျင့်မှုများနှင့် အမျိုးမျိုးသော မတရားမှုများကို ၎င်းတို့၏ စစ်သားဘဝ စတင်ကတည်းက ခံစားထားကြရပြီး ဖြစ်သလို နေသားတကျလည်း ရှိနေပြီဖြစ်ရာ” ထိုကဲ့သို့ ခံစားရမှုများကို ရာထူး အဆင့် တက်လာသည်နှင့်အမျှ ၎င်းတို့၏ ဂျူနီယာများအပေါ်တွင် ပြန်လည် ကျူးလွန်ကြခြင်းဖြစ်ပါသည်။ DSA ကျောင်းဆင်းများကို တွေ့ဆုံမေးမြန်း ထားမှုများမှတစ်ဆင့် ထိုယဉ်ကျေးမှုကို ကိုကြီး-ညီလေး (စီနီယာ-ဂျူနီယာ) ယဉ်ကျေးမှုဟုခေါ်ကြောင်း စိုင်းလတ်က ဆိုသည်။ ၎င်းယဉ်ကျေးမှုတွင် “စီနီယာများပေါ် လုံးဝဥဿုံသစ္စာခံမှုနှင့် မေးခွန်းပြန်ထုတ်ခွင့်မရှိသည့် အပြည့် အဝ နာခံမှု” တို့လိုအပ်ပြီး စီနီယာများ၏ လက်ထဲတွင် တပ်သားသစ်များ အနေဖြင့် “အလွန်အမင်း ဆင်းရဲစေခြင်း၊ ဖိအားပေးခိုင်းစေခံရခြင်းနှင့် ရုပ်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှု” တို့ကို ခံနေရပါသည်။13
ထို့အပြင် ရာထူးအဆင့်နိမ့်သော စစ်သည်များနှင့် ၎င်းတို့၏ မိသားစု ဝင်များသည် မလူးသာ မလွန့်သာသည့် ဆင်းရဲမှုနွံအတွင်းသို့ ကျရောက်ကာ “အထက်အရာရှိများသည် ၎င်းတို့၏ ကြွယ်ဝချမ်းသာမှုအတွက် လက်အောက် ငယ်သားများကို ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်းနှင့် ငွေကြေးပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်အနိုင်ကျင့်မှုများ ဆောင်ရွက်ကြပါသည်”14 အကျိုးဆက်အနေဖြင့်စစ်သားများ၏ အမြဲတစေဖောက်ထွင်းခိုးဝှက်မှုများ၏ နောက်ကွယ်မှ အကြောင်းရင်းတစ်ရပ်သည် “၎င်းတို့၏ ဆင်းရဲမွဲတေမှုကို ဖာထေးရန်နှင့် စစ်တပ်ထဲတွင် ၎င်းတို့ ကြုံတွေ့ရသော ခေါင်းပုံဖြတ် အနိုင်ကျင့်ခံရမှုများနှင့် ဖိနှိပ်ချုပ်ချယ်မှုများကို အရပ်သားများအပေါ် ပြန်လည်ကျူးလွန်ခြင်းဖြင့် ၎င်းတို့၏ ဝန်ထုပ်များကို ပြန်လည်လက်ဆင့် ကမ်းခြင်း” ဖြစ်နိုင်ပါသည်။15 စိုင်းလတ် တင်ပြထားသည့် စစ်တပ်အတွင်း ဖြစ်ပွားနေသော ခေါင်းပုံဖြတ် အနိုင်ကျင့်မှုများနှင့် အကျင့်ပျက်ခြစားမှုများသည် ရာထူးအဆင့်နိမ့်သော စစ်သည်များနှင့် ၎င်းတို့၏ အထက်အရာရှိများအကြားရှိ ဆက်ဆံရေးကို ကျွန်ုပ်တို့အား ပိုမိုနားလည်စေနိုင်ပြီး စစ်တပ်အတွင်း အကြမ်းဖက်မှုများအား “တချို့သူများသည် လုပ်ပိုင်ခွင့်သြဇာအာဏာများ ပိုရလာပြီး ချမ်းသာကြွယ်ဝ လာကာ တချို့သူများသည် လွန်စွာဆင်းရဲမွဲတေပြီး လုပ်ပိုင်ခွင့်များ မရှိတော့ သည့်” လူမှုစီးပွားရေးဆိုင်ရာ ဆက်ဆံရေးများ၏ လက္ခဏာတစ်ရပ်အဖြစ် တွေ့မြင်နိုင်ပါသည်။16
ထိုသို့ဆိုသော်ငြားလည်း စိုင်းလတ်၏ ရှင်းပြချက်ဖြစ်သည့် စစ်သားများ ၏ မြန်မာအရပ်သားပြည်သူများအပေါ် ကျူးလွန်သည့် အကြမ်းဖက်မှုများ သည် ရာထူးနိမ့်စစ်သည်များနှင့် ၎င်းတို့၏ အရာရှိများအကြားက မညီမျှသော အထက်အောက် သြဇာခံဆက်ဆံရေးကြောင့်ဟူသည့် အချက်က ၎င်းတို့ ကျူးလွန်မှုများ၏ အကြောင်းပြချက် တစ်စိတ်တစ်ပိုင်းသာဖြစ်ပါသည်။ ၎င်း အချက်သည် အပြစ်မဲ့အရပ်သားပြည်သူများအပေါ်တွင် ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုအမျိုးမျိုး၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော အကြမ်းဖက် မှုများ17နှင့် ရာဇဝတ်မှုတို့၏ အကြောင်းရင်းခံ မဟုတ်ပေ။ စစ်တပ်၏ အဖွဲ့အစည်းတွင်းပိုင်းဆိုင်ရာ တည်ဆောက်ပုံလောက်ဖြင့် ၎င်းလုပ်ရပ်များကို ကျိုးကြောင်းဆက်စပ်ကြည့်နိုင်ခြင်း မရှိပေ။ စိုင်းလတ်သည် စစ်သားတစ်ဦး ချင်းစီ၏ ကိုယ်ပိုင်ဆောင်ရွက်ချက်များအပေါ် လိုလားစွာ လုပ်ဆောင်မှုနှင့် တာဝန်ရှိမှုတို့ကို ဖယ်ရှားကာ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်သည့် ဖွဲ့စည်းပုံပေါ်သို့ ပုံချသည့် ဖြစ်နေကျ ပုံစံခွက်ထဲသို့ ရောက်ရှိသွားပါသည်။ ဖောက်ထွင်းခိုးယူ ခြင်းကဲ့သို့ အပြုအမူများအတွက် စစ်တပ်ထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေ သော အထက်အောက်ကြီးငယ်စနစ်အပေါ် အပြစ်ပုံ၍ ရကောင်းရနိုင်သော် လည်း ၎င်းသည် စစ်သားများ အဆက်မပြတ်ဆောင်ရွက်နေသည့် မုဒိမ်းကျင့်မှု များ၊ နှိပ်စက်မှုများနှင့် သတ်ဖြတ်မှုများ၏ အကြောင်းရင်းမဟုတ်ပါ။ ကျွန်ုပ်တို့ ၏ ဆောင်းပါးသည် စစ်သားများအား ၎င်းတို့၏ ဆောင်ရွက်ချက်များအတွက် ကိုယ်ပိုင်တာဝန်ယူရစေရန် ကြိုးပမ်းအားထုတ်ထားပြီး တစ်ချိန်တည်းမှာပင် ၎င်းတို့ ကျူးလွန်သည့် စစ်ရာဇဝတ်မှုများနောက်ကွယ်က ဖွဲ့စည်းပုံဆိုင်ရာ အကြောင်းပြချက်များအပေါ်တွင်လည်း အာရုံစိုက်တင်ပြထားပါသည်။
၂၀၂၁ နှောင်းပိုင်းတွင် ဟယ်လီနာမာရီယာကူဒ်နှင့် အလင်းတို့သည် မြန်မာနိုင်ငံတွင် အုပ်စုလိုက် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းမှုများ ဖြစ်ပေါ်လာ စေရန် လိုအပ်သည့်အခြေအနေများကို စစ်တပ်မှ စွန့်ခွာဘက်ပြောင်းလာခဲ့ကြ သူများ၊ ၎င်းစစ်သည်များ၏ ဇနီးများနှင့် ၂၀၂၁ ခုနှစ် မေလမှ အောက်တိုဘာလ အတွင်း စစ်တပ်မှ စွန့်ခွာဘက်ပြောင်းမှု ကမ်ပိန်းများတွင် ပါဝင်ဆောင်ရွက်နေ ကြသော တက်ကြွလှုပ်ရှားသူများ၏ ပြောပြချက်များအပေါ် အခြေခံပြီး အလွန် စိတ်ဝင်စားဖွယ်ကောင်းသော ခွဲခြမ်းစိတ်ဖြာမှုတစ်ရပ်18ကို ထုတ်ပြန်ခဲ့သည်။19 ၎င်းတို့၏ အစီရင်ခံစာတွင် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းမှုများ ဖြစ်ပေါ်လာရန် တွန်းအားပေးခဲ့သည့် အမျိုးမျိုးသော လှုံ့ဆော်မှုများအကြောင်း ရှာဖွေဖော် ထုတ်ပြထားခဲ့ပြီး ၎င်းတို့ထဲတွင် အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းစွာ ဆန္ဒ ပြသည့် ပြည်သူများအပေါ် အကြမ်းဖက်မှုများနှင့် သက်ဆိုင်သည့် စိုးရိမ်ပူပန်မှု များ၊ စစ်တပ်၏ အတွင်းပိုင်းဖွဲ့စည်းပုံအတွင်းရှိ အကျင့်ပျက်ခြစားမှုများနှင့် ဖိနှိပ်ချုပ်ချယ်မှုများအပေါ် မကျေနပ်မှုများနှင့် စစ်တပ်မှ စွန့်ခွာရန် ကူညီပံ့ပိုး မည့် ယန္တရားများ မရှိမှုတို့ပါဝင်ပြီး တစ်ချိန်ထဲမှာပင် ဆိုရှယ်မီဒီယာကို လက်လှမ်းမီ အသုံးပြုနိုင်မှု၏ အရေးပါပုံကိုလည်း မှတ်တမ်းတင်ထားသည်။20 ယင်းလှုံ့ဆော်မှုများအပြင် ထိုအစီရင်ခံစာထဲတွင် စစ်တပ်မှ စွန့်ခွာမှု အတွက် အတားအဆီးများကိုလည်း တင်ပြထားပြီး ၎င်းတို့ထဲတွင် ကြမ်းတမ်းဆိုးဝါး သော အကျိုးဆက်များ၊ ဝါဒများ နက်ရှိုင်းစွာ ရိုက်သွင်းထားမှုများ (စစ်တပ်၏ တိုင်းပြည်နှင့် ဗုဒ္ဓသာသနာကို ကာကွယ်စောင့်ရှောက်သူဖြစ်မှုနှင့် ၎င်း တို့၏ မကုန်ဆုံးနိုင်သော ရန်သူများ)21 နှင့် စစ်တပ်အတွင်းရှိ ရာထူးအဆင့်နိမ့်သော စစ်သည်များအတွက် ပျက်စီးမှုအများဆုံးဖြစ်သည့် အထက်အောက် ရာထူး အာဏာပေးခြင်း၊ ဆုပေးဒဏ်ပေးပြုလုပ်ခြင်းများဖြစ်သည်။ ခူးဒ်နှင့် အလင်းတို့ သည် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းမှု ပြုလုပ်ရာတွင် သတင်းအချက်အလက် စီးဆင်းမှုသည် အဓိကအချက်တစ်ချက်ဖြစ်ကြောင်းလည်း ထင်ရှားစွာ ဖော်ပြ ထားပါသည်။ “စစ်တပ်နှင့် ဆက်နွယ်မှု မရှိသော အင်တာနက်နှင့် မီဒီယာများ ကို လက်လှမ်းမီ သုံးစွဲနိုင်မှုသည် စွန့်ခွာဘက်ပြောင်းမှုများကို သိသာစွာ အထောက်အကူ ပြုနေပါသည်”22 သို့သော် “စစ်တပ်မှ သတင်းအချက်အလက် စီးဆင်းမှုကို ပိတ်ပင်မှုအား တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် စစ်သည်များအား စစ်တပ်မှ စွန့်ခွာဘက်ပြောင်းမှုကို ကာကွယ်ရန် ၎င်းတို့၏ ကြိုးစားအား ထုတ်မှုများကို တိုးမြှင့်ခဲ့ပါသည်။”23 စစ်တပ်သည် သတင်းအချက်အလက်များ ကို အဆက်မပြတ် စိစစ်ပိတ်ပင်ပြီး ၎င်းသည် တိုင်းပြည်နှင့် ဗုဒ္ဓသာသနာကို ကာကွယ်စောင့်ရှောက်နေသူ ဖြစ်သည်ဟူသော အယူဝါဒကို တိုးမြှင့်ဖြန့်ဝေပါ သည်။ ကျွန်ုပ်တို့၏ ဆောင်းပါးသည်လည်း ခူးဒ်နှင့် အလင်းတို့နည်းတူ မတူညီ သည့် အချက်များသည် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းမှုများကို မည်သို့မည်ပုံ အထောက်အကူ ပေးနိုင်သလို အတားအဆီးလည်း ဖြစ်စေနိုင်ကြောင်း၊ ယင်း အချက်အလက်များအား စစ်တပ်မှ စွန့်ခွာဘက်ပြောင်းမှုများကို တိုက်တွန်း အားပေးသည့် အထောက်အကူပြုယန္တရားများ၌ ထည့်သွင်း၍ စူးစမ်းလေ့လာမှု များ ပြုလုပ်ခြင်းဖြင့် ဆောင်ရွက်ထားပါသည်။
ထိုသို့ဆိုခဲ့သော်လည်း ကျွန်ုပ်တို့သည် ခူးဒ်နှင့် အလင်းတို့၏ အဘယ် ကြောင့် စစ်သားများစွာသည် ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်ရသည် ဆိုသော အကြောင်းရင်းတွင် “ဦးနှောက်ဆေးခံထားရခြင်း” (brainwashed) ဟူသော ကျိုးကြောင်းပြချက်အား လက်ခံထားသည့်နေရာတွင် ကွဲလွဲသွားပါ သည်။ စစ်တပ်ထဲရှိ ရာထူးအဆင့်နိမ့်သော စစ်သည်အများစုသည် ဖိအားပေးခံ ထားရသော မဖြစ်မနေ စစ်မှုထမ်းနေရသူများဖြစ်ကာ ၎င်းတို့၏ ဦးနှောက်များ ဆေးကြောခံထားရသည်ဖြစ်စေ ဆေးကြောမခံထားရသည်ဖြစ်စေ ၎င်းတို့ အထက်အရာရှိ၏ အမိန့်များကို နာခံရသည်မှလွဲ၍ အခြားသော ကိုယ်ပိုင် အတွေးအမြင်များ မရှိကြပေ။ စွန့်ခွာဘက်ပြောင်းလာသူများသည် နစ်နာခံစား ခဲ့ရသူများ အပြည့်အဝ မဟုတ်ကြပေ၊ ၎င်းတို့၏ ယခင်က ဆောင်ရွက်ခဲ့သော အပြုအမူများကို ဦးနှောက်ဆေးခံထားရသည်ဟူသော အကြောင်းပြချက်ဖြင့် ယုတ္တိပြခြင်းသည် သင့်လျော်မှုမရှိပေ။ ၎င်းအချက်သည် အမျိုးမျိုးသော ပညာရေးနှင့် သတင်းအချက်အလက်များကို ပြည့်ပြည့်ဝဝရရှိထားသော စစ်တက္ကသိုလ် ကျောင်းဆင်းများ အများစုဖြစ်သည့် ပညာတတ်အရာရှိများ အတွက် ပိုမိုမှန်ကန်ပါသည်။ ကျွန်ုပ်တို့၏ ဆောင်းပါးသည် ကျွန်ုပ်တို့ တွေ့ဆုံ မေးမြန်းထားသည့် စွန့်ခွာဘက်ပြောင်းလာသူများမှ မိမိကိုယ်ကို ဦးနှောက် ဆေးခံထားရသည့် နစ်နာသူများဟု သတ်မှတ်ပြောဆိုခြင်းကို များစွာအလေး မထားဘဲ အမြဲတစေ ဓမ္မဓိဋ္ဌာန်ကျကျ တစ်ဦးချင်းစီ၏ အတွေ့အကြုံများနှင့် အခြေအနေများအားလုံးကို စူးစမ်းလေ့လာမှုများ ပြုလုပ်ထားပါသည်။
ခူးဒ်သည် သူမ တွဲဖက်ရေးသားခဲ့သော အစီရင်ခံစာများကို ဤဂျာနယ်၏ ၂၀၂၂ ခုနှစ်၊ သြဂုတ်လထုတ် အထူးထုတ်စာစောင်ဖြစ်သည့် “မြန်မာစစ်တပ်မှ ထွက်ခွာခဲ့သော ဖြစ်ရပ်များအကြောင်း”24 စာစောင်ထဲတွင် ဆောင်းပါးတစ်ပုဒ် ထပ်မံရေးသားကာ ဖြည့်စွက်ဆောင်ရွက်ခဲ့ပါသည်။ ခူးဒ်သည် စစ်တပ်မှ စွန့်ခွာ ဘက်ပြောင်းလာသူ တစ်ဆယ့်ငါးဦးနှင့် စစ်သည် ဇနီး သုံးဦးတို့၏ ကိုယ်တွေ့ ဖြစ်ရပ်များကို တွေ့ဆုံမေးမြန်းမှုများမှတစ်ဆင့် ဇာတ်ကြောင်းများအဖြစ် ပြန်လည်ရေးသားထားသည့် ဆောင်းပါးများကို လေ့လာဆန်းစစ်ထားပါသည်။ ယင်းတွေ့ဆုံမေးမြန်းမှုများထဲမှ ပုဂ္ဂိုလ်အများစုသည် လူများစုဖြစ်သည့် ဗမာ လူမျိုးများဖြစ်ကြပြီး ယင်းအချက်သည် စစ်တပ်၏ ဖွဲ့စည်းတည်ဆောက်ပုံကို သရုပ်ဖော်ပြနေပါသည်။25 ဤစာတမ်းနှင့် ခူးဒ်၏ အစောပိုင်းဆောင်ရွက်ချက် များနှင့် မတူညီသည့် အချက်မှာ ဤစာတမ်းထဲတွင် ဘက်ပြောင်းစွန့်ခွာမှု တတိယလှိုင်းကို စူးစမ်းလေ့လာထားခြင်းဖြစ်ပါသည်။ အာဏာသိမ်းမှုဖြစ်ပြီး ပြီးခြင်း စစ်တပ်ကို စွန့်ခွာဘက်ပြောင်းခဲ့သည့် ပထမလှိုင်းတွင် ပါဝင်သည့် စွန့်ခွာဘက်ပြောင်းသူများ၊ ထိတွေ့တိုက်ခိုက်မှုများနှင့် တိုက်ပွဲများ တစ်ဟုန် ထိုး ဖြစ်လာသည့်အချိန်တွင် စစ်တပ်ကို စွန့်ခွာကာ ဘက်ပြောင်းခဲ့ကြသည့် ဒုတိယလှိုင်းတွင် ပါဝင်သည့်သူများနှင့် တတိယလှိုင်းတွင်ပါဝင်သည့် ဘက်ပြောင်းစွန့်ခွာမှုအများစုသည် မတူဘဲ ၎င်းတို့သည် အာဏာသိမ်းပြီး စစ်တပ်မှ အကြမ်းဖက်မှုများကို တစ်နှစ်ကျော်ကြာ ကျုးလွန်နေခဲ့မှုများတွင် ပါဝင်ခဲ့သည့် စစ်သားများဖြစ်ကြပါသည်။ ခူးဒ်သည် တတိယလှိုင်းတွင်မှ စွန့်ခွာဘက်ပြောင်း သူများထဲတွင် ပါဝင်သူအချို့မှာ ကိုယ်ကျင့်တရားကြောင့် စစ်တပ်မှ စွန့်ခွာ ဘက်ပြောင်းလာသည်မှာ မှန်သော်လည်း ထိုသူများ စွန့်ခွာ ဘက်ပြောင်းရန် နှောင့်နှေးနေခဲ့ရခြင်းမှာ စစ်တပ်သတင်းပေးများ ဖမ်းဆီးမည် ကို စိုးရိမ်ခြင်းကဲ့သို့သော အကြောင်းပြချက်များကြောင့်ဖြစ်ကြောင်း အသိ အမှတ်ပြုထားပါသည်။ သို့သော်လည်း ခူးဒ်မှ တတိယလှိုင်းတွင် ဘက်ပြောင်း စွန့်ခွာခဲ့သူ အများစုအား “စစ်ပန်းလာပြီး ကိုယ်တိုင်နှင့် ၎င်းတို့၏ မိသားစု လုံခြုံရေးကဲ့သို့သော ကိုယ်ကျိုးအတွက် စွန့်ခွာလာသူများ” နှင့် “လက်နက် ကိုင်တော်လှန်မှုကို စစ်တပ်မှ အနိုင်ရနိုင် သို့မဟုတ် ချိုးနှိမ်နိုင်လိမ့်မည် ဟူသော ယုံကြည်ချက် မရှိတော့ခြင်းကြောင့် ဘက်ပြောင်းလာခဲ့သူများ” အဖြစ်မှတ်ယူထားပါသည်။26
၂၀၂၂ ခုနှစ်တွင် စစ်တပ်မှ စွန့်ခွာလာခဲ့သူ တပ်ကြပ်အောင် ဆိုသူက ဘီဘီစီသတင်းထောက်နှင့် ပြောဆိုချက်ထဲတွင် “စစ်တပ်သာ ရေရှည်မှာ အနိုင် ရမယ်လို့ ကျွန်တော်ထင်ခဲ့ရင် ပြည်သူတွေဘက်ကို ဘက်ပြောင်းခဲ့မှာ မဟုတ် ဘူး”27 ဟုဆိုခဲ့ပါသည်။ ဤအချက်သည် အရေးကြီးပြီး ခူးဒ်နှင့် အလင်းတို့ သိရှိခဲ့သော်လည်း မှတ်ချက်ပြုခဲ့ခြင်း မရှိသည့် မေးခွန်းအချို့ကို အဖြေပေးနေ ပါသည်။ ခူးဒ်၏ တတိယလှိုင်း စွန့်ခွာဘက်ပြောင်းမှုများကို ခွဲခြမ်းစိတ်ဖြာမှုပြု ရာတွင် အားကောင်းလာသော တော်လှန်တိုက်ခိုက်မှုများသည် စစ်သားများ အား စစ်တပ်မှ စွန့်ခွာနိုင်စေရန် ကာဆီးထားသည့် အဓိကအတားအဆီးတစ်ခု မဟုတ်ဘဲ အချို့သော စစ်သားများသည် စွန့်ခွာဘက်ပြောင်းမှုမပြုမီ “တော် လှန်သူများသည် စစ်တပ်အား အနိုင်ရနိုင်ခြေ ရှိ၊ မရှိ အပေါ်တွက်ချက်ပြီးမှ စွန့်ခွာဘက်ပြောင်းမှုအတွက် ဆုံးဖြတ်ချက်ချကြခြင်းကြောင့် ဖြစ်ကြောင်း” ညွှန်ပြနေပါသည်။28 ၎င်းအချက်သည် ကျွန်ုပ်တို့၏ ကိုယ်ပိုင်သုတေသနပြု လုပ်ရာတွင် စစ်သားများသည် စွန့်ခွာဘက်ပြောင်းရန် စဥ်းစားနေနိုင်သော် လည်း ဘာကြောင့် အမှန်တကယ် စွန့်ခွာဘက်ပြောင်းမှု မပြုသေးသည် ဆိုသည့် အချက်အပေါ် အဖြေပေးနေသည်။
ခူးဒ်သည် NUG အစိုးရ၏ ၂၀၂၂ ခုနှစ် ဧပြီလတွင် ကြေညာခဲ့သည့် “စစ်တပ်ထောက်ပံ့ရေးပစ္စည်းများအား ဖျက်ဆီးသူ သို့မဟုတ် စစ်တပ်ပိုင် ထောက်ပံ့ရေးပစ္စည်းများ၊ ယာဉ်များနှင့် ပြည်သူ့ရင်ခွင်သို့ လာရောက် ပူးပေါင်း သူများ”29 အတွက် အမေရိကန်ဒေါ်လာ (၁၀၀,၀၀၀) မှ (၅၀၀,၀၀၀) ကြားရှိ ဆုငွေများ ချီးမြှင့်မည်ဟူသော အဆင့်ကိုးဆင့်ရှိ ဆုပေးစနစ်ကိုလည်း လေ့လာ ခဲ့ပါသည်။ ၎င်းအချက်သည် အုပ်စုလိုက် စွန့်ခွာဘက်ပြောင်းမှုများကို အနာဂတ် တွင် ဦးတည်လာနိုင်စေသော်လည်း ဤစာတမ်း ရေးနေစဉ် ကာလအတွင်းမှာမူ အထက်ပါဆုကြေးငွေမျိုး ပေးအပ်ချီးမြှင့်ထားခြင်း မရှိသေးပါ။30 ထိုသို့ပေးအပ် ချီးမြှင့်ခြင်း မရှိသေးသည်မှာ စစ်တပ်မှ ထိုကဲ့သို့သော ပစ္စည်းကိရိယာများဖြင့် စွန့်ခွာဘက်ပြောင်းခဲ့သူများ မရှိသေးသောကြောင့် ဖြစ်နိုင်သလို NUG အစိုးရ တွင် ထိုကဲ့သို့ ဆုကြေးငွေများ ပေးအပ်ချီးမြှင့်ရန် ရင်းမြစ်များ မရှိသောကြောင့် လည်း ဖြစ်နိုင်ပါသည်။
ယေဘုယျအားဖြင့်ဆိုရလျှင် ၂၀၂၁ အာဏာသိမ်းမှု ဖြစ်ပြီးကတည်းက စတင်ပြီး စစ်တပ်မှ စွန့်ခွာဘက်ပြောင်းမှုများအပေါ် ပြုလုပ်ခဲ့သည့် သုတေသန များသည် ယင်းဖြစ်စဉ်အပေါ် ပိုမိုနားလည်သဘောပေါက်မှုကို ဆောင်ကြဉ်း ပေးခဲ့ပါသည်။ သို့သော်လည်း ဤအကြောင်းအရာသည် အတားအဆီး ကြီးမား စွာရှိနေသော ကိစ္စတစ်ရပ် ဖြစ်နေပါသေးသည်။ စစ်တပ်မှ စွန့်ခွာဘက်ပြောင်း မှုသည် စစ်သားတစ်ယောက် စစ်တပ်မှ စွန့်ခွာလိုက်သည်နှင့် ပြီးပြတ်သွားခြင်း မဟုတ်သည့် ရှည်လျားသော လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ ၎င်းအနေဖြင့် လူ့ အသိုင်းအဝိုင်းအတွင်းသို့ ပြန်လည်ပေါင်းစည်းစေခြင်းနှင့် ပြန်လည်ထူထောင် ရေးတို့အတွက် စဥ်းစားရန်လိုအပ်ပြီး အုပ်စုလိုက် စွန့်ခွာဘက်ပြောင်းမှုများ ဖြစ် မည်ဆိုပါက ယင်းကဲသို့ စွန့်ခွာဘက်ပြောင်းသူများ၏ လုံခြုံရေးကို မည်သို့မည် ပုံ အာမခံပေးမည်ဆိုသော အချက်များကိုလည်း ထည့်သွင်းစဥ်းစားရန် လိုအပ် ပါသည်။ လက်ရှိကာလအထိ ဆောင်ရွက်ထားရှိသော သုတေသနများသည် စွန့်ခွာဘက်ပြောင်းလာသူများအနေဖြင့် သူတို့နေထိုင်ရမည့် လူ့အသိုင်းအဝိုင်း အသစ်တွင် သူတို့အနေဖြင့် မည်သို့ ပြန်လည်ပေါင်းစည်းစေမည်ဟူသော အချက်ကို လက်တွေ့ကျကျ ထိရောက်သေချာစွာ ထည့်သွင်းစဥ်းစားရာတွင် အောင်မြင်ခြင်း မရှိသေးပေ။ ခူးဒ်နှင့် အလင်းတို့၏ ၂၀၂၁ ခုနှစ်တွင် ထုတ်ဝေခဲ့ သည့် စာတမ်းသည် ယင်းအချက်နှင့် အနီးစပ်ဆုံးစာတမ်းဖြစ်ပြီး ယင်းစာတမ်း တွင် ပြန်လည်ပေါင်းစည်းရေး၏ ရှုပ်ထွေးပုံကို ဖော်ပြထားပါသည်။31 သို့သော် လည်း စာရေးသူနှစ်ဦးသည် ထိုအကြောင်းအရာတွင် များစွာရှင်းလင်းပြထား ခြင်း မရှိဘဲ စွန့်ခွာဘက်ပြောင်းမှုများ ပိုမိုဖြစ်ပွားလာနိုင်ရန် စွန့်ခွာဘက်ပြောင်း လာခဲ့သော စစ်သားများအနေဖြင့် အကာအကွယ်နှင့် အခြားသော လူနေမှုဘဝ ဆိုင်ရာ အာမခံချက်များ ရယူနိုင်မည့် ယုံကြည်မှုအပေါ်တွင် တည်ဆောက်ထား သည့် ဆက်ဆံရေးတစ်ခု လိုအပ်ကြောင်း ဖော်ပြထားခဲ့ပါသည်။32 ထိုကဲ့သို့ သော ယုံကြည်မှုအပေါ် အခြေခံသည့် ဆက်ဆံရေးကို မည်သို့မည်ပုံ တည် ဆောက်ပြီး ထိန်းသိမ်းရမည်ဆိုသော လက်တွေ့ဆိုင်ရာအပိုင်းကို ဖော်ပြထားခဲ့ ခြင်း မရှိပါ။ ကျွန်ုပ်တို့၏ ဆောင်းပါးသည် လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည် ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးတို့ကို မည်သို့မည်ပုံ အောင်မြင်စွာ ရရှိနိုင်မည်နှင့် စပ်လျဉ်းသည့် လက်တွေ့ကျသော အချက်များအပေါ် ပိုမို ရှင်းလင်းတင်ပြထားပါသည်။
ဤသုတေသနတွင် ပါဝင်သော ပြန်လည်ဆန်းစစ်မှု ပြုထားသည့် သုတေသနများ၏ ဒုတိယမြောက်ကန့်သတ်ချက်မှာ ယင်းအချက်များသည် အဓိကအားဖြင့် ရာထူးအဆင့်နိမ့်သော စစ်သားများထံမှ သို့မဟုတ် ရာထူး အဆင့်နိမ့်သော စစ်သားများအကြောင်းပေါ်တွင်သာ အခြေခံထားခြင်း ဖြစ်ပါ သည်။ ရာထူးအဆင့်မြင့်သော အရာရှိများထံမှ ထွက်ဆိုချက်များ မရှိမှုသည် အရာရှိအုပ်စုများထဲမှ စွန့်ခွာဘက်ပြောင်းမှုများ နည်းနေသေးသည်ဆိုသော အချက်ကြောင့်ဟု မှတ်ယူနိုင်ပါသည်။ ၂၀၂၁ အောက်တိုဘာအထိ အဆင့်မြင့် အရာရှိတစ်ဦးတည်းသာ စွန့်ခွာဘက်ပြောင်းရန် ကြိုးစားမှုရှိခဲ့ပြီး ယင်းသည်ပင် လျှင် အောင်မြင်မှုမရှိခဲ့ပါ။33 သို့သော် ရာထူးအဆင့်နိမ့်သော စစ်သားများ အကြား အုပ်စုလိုက် စွန့်ခွာဘက်ပြောင်းမှုများသည် ရာထူးအဆင့်မြင့် အရာရှိ များ စွန့်စွာဘက်ပြောင်းမှု ဖြစ်ပေါ်လာစေရန် တဖြည်းဖြည်း အထောက်အကူ ပြုလာနိုင်သည်ဟူသော ဖြစ်နိုင်ခြေတစ်ရပ် ရှိနေပါသည်။ ထို့ကြောင့် ကျွန်ုပ် တို့၏ သုတေသနသည် ရာထူးအဆင့်နိမ့်နှင့် ရာထူးအဆင့်မြင့် စစ်သားများ အားလုံးတွင် တူညီစွာရှိနေသည့် စွန့်ခွာဘက်ပြောင်းမှုကို ဦးတည်စေရန် မောင်းနှင်သည့်အချက်များကို ရှာဖွေဖော်ထုတ်ဖို့ ကြိုးစားထားပြီး တစ်ချိန် တည်းမှာပဲ စစ်တပ်အရာရှိအုပ်စုများနှင့် ပိုမိုစပ်ဆိုင်သည့် အချက်များကိုလည်း ရှာဖွေဖော်ထုတ်နိုင်ရန် ကြိုးစားထားပါသည်။
သုတေသနနည်းနာများ
ဤစာတမ်းသည် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းခဲ့သူများထံ ဖြန့်ဝေထားခဲ့သော စစ်တမ်းမေးခွန်းများမှ ရရှိလာသည့် အချက်အလက်များ၊ အခြားသော သက် ဆိုင်ပါဝင်သူများနှင့် တွေ့ဆုံမေးမြန်းထားမှုများမှ အချက်အလက်များအား အခြေခံအချက်အလက်အဖြစ် မှတ်ယူကာ အခြားသော ရှာဖွေတွေ့ရှိမှု များနှင့် သုတေသနပြုထားချက်များကို အသုံးပြုထားသည့် နည်းလမ်းအမျိုးမျိုးကို အသုံးပြုထားသော ချဉ်းကပ်မှုဖြင့် ဆောင်ရွက်ထားခြင်း ဖြစ်ပါသည်။ အထက် ပါ တွေ့ဆုံမေးမြန်းမှုများနှင့် စစ်တမ်းများ ကောက်ယူခြင်းမပြုမီ ပြည်သူ့ပန်း တိုင်မှ စကားဝိုင်းအဖြစ် ဆွေးနွေးထားချက်များ (နောက်အပိုင်းတွင် ဖော်ပြ ထား) ကို ပြန်လည်ဆန်းစစ်မှုများ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲများ သည် အများပြည်သူများ မြင်ရသည့် ဆွေးနွေးပွဲများဖြစ်သည့်အတွက် ပါဝင် ဆွေးနွေးသူများသည် ၎င်းတို့၏ အမြင်များကို ဆွေးနွေးရာတွင် အမြဲတစေ လိုလိုလားလား ဆွေးနွေးထားခဲ့ကြခြင်း မရှိသော်လည်း ကျွန်ုပ်တို့၏ သုတေ သနကို ပုံစံတကျ ဖြစ်လာစေရန် သတင်းအချက်အလက်များ ပေးခဲ့ပါသည်။
စစ်တမ်းများအား စစ်တပ်မှ စွန့်ခွာဘက်ပြောင်းလာခဲ့သော စစ်သား အယောက် (၅၀) (ကျွန်ုပ်တို့၏ ငွေကြေးကန့်သတ်ချက်များကြောင့် ရရှိသည့် ဦးရေ) ထံ စစ်တမ်းမေးခွန်းများကို နှစ်လအတွင်း ဖြန့်ဝေထားခဲ့ပါသည်။ စစ် တမ်းတွင် ပါဝင်သော မေးခွန်းများသည် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းခဲ့သူများ ၏ ဘက်ပြောင်းမှု ဖြစ်လာစေရန် တွန်းပို့ခဲ့သည့် မက်လုံးများနှင့် ၎င်းတို့၏ စိန် ခေါ်မှုများကို နားလည်စေရန် ဒီဇိုင်းရေးဆွဲထားခဲ့ခြင်းဖြစ်ပြီး စစ်တမ်း အပြည့် အစုံကို နောက်ဆက်တွဲ (၁)34 ထဲတွင် ဖော်ပြထားပါသည်။ စစ်တပ်မှ စွန့်ခွာ ဘက်ပြောင်းခဲ့သော စစ်သားများထံ လက်လှမ်းမီရောက်ရှိနိုင်စေရန် အဆင့် ဆင့်ချိတ်ဆက်သည့်နည်းလမ်း (snowball method) ကို အသုံးပြုခဲ့ပြီး ၎င်းတို့ ထံရောက်ရှိနိုင်ရန် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းမှုများကို ပံ့ပိုးကူညီနေသည့် အရပ်ဘက်အဖွဲ့အစည်းများနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ မှတစ်ဆင့် အကူအညီရယူခဲ့ပါသည်။ စစ်တမ်းအတွင်း ပါဝင်ခဲ့သူများကို ၎င်းတို့ ၏ နေထိုင်အခြေစိုက်ခဲ့ရာဒေသ၊ ပညာရေး၊ စီးပွားရေးနောက်ခံ၊ ရာထူးအဆင့်၊ မိသားစုအခြေအနေ၊ အသက်နှင့် တာဝန်ထမ်းဆောင်သော နှစ်များအလိုက် အလုံးစုံပါဝင်မှုရှိနိုင်စေရန် ဂရုတစိုက် ရွေးချယ်ခဲ့ပါသည်။ တွေ့ဆုံမေးမြန်းမှု များ မပြုလုပ်မီ သုတေသနအဖွဲ့သားများသည် လတ်တလော စွန့်ခွာဘက် ပြောင်းခဲ့သော စစ်သားများ၊ ဒေသတွင်းလုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူများနှင့် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းလာသူများအတွက် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု များ ပေးအပ်ဆောင်ရွက်နေခဲ့သူများထံမှ မေးခွန်းများကို မည်သို့မည်ပုံ ပုံစံချ မေးမြန်းရမည်နှင့် စပ်လျဉ်းပြီး အကြံဉာဏ်များ တောင်းခံခဲ့ပါသည်။
ကျွန်ုပ်တို့ တွေ့ဆုံမေးမြန်းခဲ့သည့် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းခဲ့သူ အယောက် (၅၀) အတွင်းတွင် (၄၀) ဦးသည် ကြည်းတပ်ထဲတွင် တာဝန်ထမ်း ဆောင်ခဲ့ပြီး (၇) ဦးသည် ရေတပ်ထဲတွင် တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်ကာ (၂) ဦးမှာ လေတပ်မှဖြစ်၍ (၁) ဦးသည် ရဲတပ်ဖွဲ့မှ ဖြစ်ပါသည်။35 စစ်တမ်း အားပါဝင်ဖြေဆိုခဲ့သူများတွင် အသက် (၂၃) နှစ်မှ (၄၆) နှစ်အထိ ပါဝင်ကာ ပျမ်းမျှအားဖြင့် အသက် (၃၀) ဖြစ်ပါသည်။ ၎င်းတို့ထဲတွင် တပ်ထဲသို့ ဝင်ရောက် ခဲ့သည့် အသက်အရွယ်အားဖြင့် အငယ်ဆုံးသည် (၁၃) နှစ် ဖြစ်ပြီး အကြီးဆုံး သည် (၂၇) နှစ်ဖြစ်ပါသည်။ ယင်းစစ်သည် (၅၀) ဦး အတွင်းမှ (၁၉) ဦး (၃၈ ရာခိုင်နှုန်း) သည် တရားဝင်အသက် (၁၈) နှစ် မပြည့်ခင် တပ်ထဲ ဝင်ရောက်ခဲ့ ကြသူများ ဖြစ်ကြပါသည်။ ၎င်းတို့ တပ်ထဲသို့ ဝင်ရောက်ခဲ့သည့် အသက် အရွယ်နှင့် တပ်ထဲသို့ဝင်ရောက်ခဲ့သည့် ခုနှစ်များကို တိုက်ဆိုင်စစ်ဆေးကြည့် သည့်အခါတွင် အသက်မပြည့်မီ တပ်ထဲဝင်မှုများသည် မြန်မာနိုင်ငံမှ အသက် အရွယ်မပြည့်သေးသူများကို လက်နက်ကိုင် ပဋိပက္ခများတွင် အသုံးချခြင်းနှင့် စပ်လျဉ်းသည့် (Optional Protocol to the Convention on the Rights of the Child) ကို လက်မှတ်ရေးထိုးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် ရပ်တန့်သွားခဲ့ ကြောင်း တွေ့ရပါသည်။36
စစ်တမ်းကို ဖြေဆိုခဲ့သူများသည် နိုင်ငံတစ်ဝန်းမှ ဖြစ်ကြပြီး အများဆုံးမှာ ရန်ကုန်မှ (၁၀) ဦး ဖြစ်ပြီး ဧရာဝတီမှ (၉) ဦး၊ ပဲခူးမှ (၇) ဦးနှင့် စစ်ကိုင်းမှ (၇) ဦးတို့ဖြစ်ကြသည်။ အများစုမှာ ဗုဒ္ဓဘာသာဝင် ဗမာလူမျိုးများဖြစ်ပြီး စစ်တပ် အနေဖြင့် လူသစ်စုဆောင်းရာတွင် အမာခံနယ်မြေများအဖြစ် သိထားကြသည့် နေရာဒေသများမှ ဖြစ်ကြပါသည်။37 မြေပုံကို ပုံ (၁) တွင်ရှုပါ။ ကျွန်ုပ်တို့၏ စစ်တမ်းကို ဖြေဆိုသူအများစုသည် ဗမာများ (၇၄ ရာခိုင်နှုန်း) ဖြစ်ကြပြီး ၎င်း အချက်သည် စစ်တပ်မှာ ဗမာအများစု ပါဝင်သည့် စစ်တပ်ဖြစ်သည်ဆိုသော အချက်ကို မီးမောင်းထိုးပြနေပါသည်။ စစ်တမ်းကို ဖြေဆိုသူ (၅၀) ဦးထဲမှ (၄၅) ဦး (၉၀ ရာခိုင်နှုန်း) သည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး ကျန်သူများ သည် ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြပါသည်။ ဖြေဆိုသူများထဲမှ ခရစ်ယာန် ဘာသာဝင်များသည် ချင်းလူမျိုးနှင့် ကရင်လူမျိုးများဖြစ်ကြပါသည်။ ဖြေဆိုသူ တစ်ဝက်ကျော် (၅၁ ရာခိုင်နှုန်း) သည် အိမ်ထောင်ရှိသောသူများ ဖြစ်ကြပြီး စစ်တမ်းဖြေဆိုသူ (၁၅) ဦးတွင် သားသမီးများ ရှိကြပါသည်။
ပုံ (၁)
ပါဝင်ဖြေဆိုခဲ့သူများ၏ ဇာတိမြို့များ

ပါဝင်ဖြေဆိုခဲ့ကြသူများ၏ အတန်းပညာတတ်မြောက်မှုများသည် ကွာခြားမှု ကြီးမားပြီး ၎င်းတို့၏ ရာထူးအဆင့်နှင့်လည်း များစွာ ဆက်စပ်မှု ရှိနေပါသည်။ ပါဝင်ဖြေဆိုခဲ့ကြသူများထဲမှ (၁၁) ဦးသည် မူလတန်း သို့မဟုတ် အလယ်တန်း ပညာရေးအဆင့်သာရှိကြပြီး (၁၀) ဦးသည် ဆယ်တန်းအောင်များဖြစ်ကြကာ (၉) ဦးသည် တက္ကသိုလ်တက်ရောက်ခဲ့ကြပါသည်။ (၃) ဦးသည် နည်းပညာ သို့မဟုတ် စစ်တက္ကသိုလ် ကျောင်းဆင်းများဖြစ်ကြကာ (၃) ဦးသည် မဟာဘွဲ့ရ များ ဖြစ်ကြပါသည်။ ပါဝင်ဖြေဆိုသူများသည် ရာထူးအဆင့်များလည်း ကွဲပြား မှုရှိကြပြီး အရာရှိ (၁၃) ဦး၊ ဆုတံဆိပ်ရ အရာရှိ (၂၀) ဦး၊ တပ်သား (၁၆) ဦးနှင့် အင်ဂျင်နီယာတပ်သား (၁) ဦးတို့ ဖြစ်ကြပါသည်။ အလယ်တန်းနှင့် မူလတန်း ကျောင်းထွက်များကို တိုက်ခိုက်ရေးနေရာများတွင် တာဝန်ချထားပေးလေ့ရှိ ကာ ၎င်းတို့သည် များသောအားဖြင့် ရာထူးအဆင့် (တပ်ကြပ်နှင့် အောက်) မရှိ ကြပေ။ အဆင့်မြင့်ပညာရေး အရည်အချင်းများရှိသောသူများမှာမူ ရာထူး အဆင့်မြင့်သော နေရာများတွင် တွေ့ရလေ့ရှိပြီး ၎င်းတို့သည် နည်းပညာ ဆိုင်ရာ၊ ဆေးဘက်ဆိုင်ရာနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်များ ပေးအပ် ထားခြင်း ခံရလေ့ရှိပါသည်။
ပါဝင်ဖြေဆိုသူအများစုသည် အာဏာသိမ်းမှုဖြစ်ပြီး မကြာမီကာလ ၂၀၂၁ ဖေဖော်ဝါရီလနှင့် မတ်လအကြားတွင် စွန့်ခွာဘက်ပြောင်းခဲ့ခြင်း သို့မဟုတ် နိုင်ငံတစ်ဝန်း တိုက်ပွဲများ အရှိန်မြင့်လာချိန် ၂၀၂၁ ခုနှစ် စက်တင်ဘာလနှင့် နိုဝင်ဘာလကြား သို့မဟုတ် ၂၀၂၂ ခုနှစ် ဧပြီလနှင့် စက်တင်ဘာလကြားတွင် စွန့်ခွာဘက်ပြောင်းခဲ့ကြခြင်းဖြစ်ပါသည်။38 ကျွန်ုပ်တို့၏ သုတေသနမှ ရှာဖွေ တွေ့ရှိချက်များအရ ရာထူးအဆင့်မြင့်သော အရာရှိများ စွန့်ခွာဘက်ပြောင်းမှု သည် အာဏာသိမ်းမှုဖြစ်ပြီး အစောပိုင်းကာလဖြစ်သည့် ဖေဖော်ဝါရီလနှင့် ဧပြီလအကြားတွင် ဖြစ်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ သြဂုတ်လ အတွင်းတွင်မူ အရာရှိစစ်သည်များနှင့် တပ်သားများ စွန့်ခွာဘက်ပြောင်းလာမှု ကို တဖြည်းဖြည်း တွေ့မြင်လာခဲ့ရပါသည်။ ဗိုလ်ကြီးရာထူးသည် စွန့်ခွာဘက် ပြောင်းသူ အရာရှိများထဲတွင် အများဆုံးတွေ့ရသည့် ရာထူးဖြစ်ပါသည်။ ကျွန်ုပ် တို့ စာတမ်းအတွက် ပါဝင်ဖြေဆိုခဲ့သူများ၏ စွန့်ခွာ ဘက်ပြောင်းခဲ့သည့် အချိန် ကာလကို ပုံ (၂) တွင် ရှုပါ။ ၎င်းတို့၏ ရာထူးအဆင့် များနှင့် တိုက်ဆိုင် ကြည့်ရှု ရန် ပုံ (၃)တွင် ရှုပါ။
ပုံ (၂)
ပါဝင်ဖြေဆိုခဲ့သူများ စစ်တပ်မှ စွန့်ခွာဘက်ပြောင်းခဲ့သည့် အချိန်ကာလ။

ပုံ (၃)
စွန့်ခွာဘက်ပြောင်းမှုအချိန်ကာလနှင့် စွန့်ခွာဘက်ပြောင်းခဲ့သူများ၏ ရာထူး အဆင့်။

သုတေသနနှင့် တွေ့ဆုံမေးမြန်းမှုများကို ဗမာဘာသာစကားဖြင့် ဆောင်ရွက်ခဲ့ ခြင်းဖြစ်ပြီး အချက်အလက်များနှင့် တွဲဖက်ရန်၊ ခွဲခြမ်းစိတ်ဖြာမှုများပြုလုပ်ရန် နှင့် ကိုးကားချက်များဆွဲထုတ်ရန် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့ပါသည်။ သုတေသနဆောင်ရွက်နေခဲ့စဉ်ကာလအတွင်းတွင် တွေ့ဆုံမေးမြန်းမှုများမှ ရရှိခဲ့သည့် အဓိကကိုးကားချက်များနှင့် အယူအဆများကို တွဲရန်နှင့် စုစည်းရန် ကျွန်ုပ်တို့သည် Deedoose cross-platform အက်ပလီကေးရှင်းကို အသုံးပြု ခဲ့ပါသည်။ ထို့နောက် ၎င်းအဓိကအယူအဆများကို တစ်ခုနှင့်တစ်ခုယှဉ်ကာ ခွဲခြမ်းစိတ်ဖြာမှုများပြုလုပ်ခဲ့ပြီး အဖြစ်များသောအချက်များကို ရှာဖွေဖော် ထုတ်ခဲ့ပါသည်။ ဘာသာပြန်ချက်များမှ မမှန်ကန်သော သို့မဟုတ် ရှုပ်ထွေးစေ နိုင်သော ရလဒ်များကို ရရှိနိုင်သည်မှာ မှန်သော်လည်း ကျွန်ုပ်တို့၏ သုတေသန အဖွဲ့ တစ်ဖွဲ့လုံးသည် ဗမာလို ပြောဆိုရေးသားဖတ်ကြားနိုင်သောကြောင့် လိုအပ်သည့် အချိန်တိုင်းတွင် မူရင်းတွေ့ဆုံမေးမြန်းချက်များကို ပြန်လည် ကိုးကားမှု ပြုလုပ်နိုင်ခဲ့ပါသည်။
သုတေသနအတွက် ပါဝင်ဖြေဆိုသူ အယောက် (၅၀)သာရှိခြင်းသည် အချို့သောအချက်အလက်များ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် နှိုင်းယှဉ်ချက်များ ကိုရရှိနိုင်ရန် မစွမ်းဆောင်နိုင်ခဲ့ပေ။ ကျွန်ုပ်တို့တွင် ဘဏ္ဍာရေးအရင်းမြစ် ပိုမို ရှိခဲ့ပါက ပိုမိုများပြားသည့် ပါဝင်ဆောင်ရွက်သူများကို လက်လှမ်းမီနိုင်ခဲ့မည် ဖြစ်ပြီး ပိုမိုခိုင်မာသော ကိုးကားချက်များနှင့် ပိုမိုအသေးစိတ်ကျသော အချက် အလက်များကို ရရှိနိုင်ခဲ့မည်ဖြစ်ပါသည်။ ထို့အပြင် မိမိတို့ဆောင်ရွက်ခဲ့သော တွေ့ဆုံမေးမြန်းမှုများသည် စစ်သည်များမှ ၎င်းတို့၏ ကိုယ်ပိုင်အတွေ့အကြုံ များကို ကိုယ်တိုင်ကိုယ်ကျ တင်ပြပြောဆိုမှုများပေါ်တွင် များစွာမှီခိုနေခဲ့ပါ သည်။ ထို့ကြောင့် ရရှိခဲ့သော အချက်အလက်များကို မှန်ကန်ကြောင်း စစ်ဆေး ရန် အခက်အခဲများရှိခဲ့ပြီး အများစုကို ၎င်းတို့ဆိုခဲ့သည့်အတိုင်း ယုံကြည် လက်ခံခဲ့ရပါသည်။ သတင်းအချက်အလက်များကို မှန်ကန်ကြောင်း စစ်ဆေး ရန်နှင့် ကျွန်ုပ်တို့ ရှာဖွေတွေ့ရှိမှုများထဲတွင် တစ်သမတ်တည်း ညီညွတ်မှုရှိစေ ရန်အလို့ငှာ တွေ့ဆုံမေးမြန်းမှု (၅၀)လုံးတွင် တွေ့ရသည့် အချို့သော အဖြစ် များသည့် အချက်များကို တိုက်ဆိုင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ ပါ သည်။
NUG ၊ ERO နှင့် PDF များကဲ့သို့ စစ်တပ်မှ စွန့်ခွာဘက်ပြောင်းမှုများကို တိုက်တွန်း၊ ပံ့ပိုးပေးနေသည့် အဖွဲ့အစည်းများအား ကိုယ်စားပြုသူများနှင့် လည်း ကျွန်ုပ်တို့၏ သုတေသနအဖွဲ့မှ ဆွေးနွေးပြောဆိုမှုများ ပြုလုပ်ခဲ့ပါသည်။ သတင်းဆောင်းပါးများ၊ မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ဖြစ်နေသော စစ်တပ်မှ စွန့်ခွာမှုများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားပြီးသော သုတေသန ဆိုင်ရာတင်ပြချက်များ၊ အာဏာသိမ်းစစ်တပ်နှင့် အာဏာသိမ်းမှုကို ဆန့်ကျင် သည့် အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များကဲ့သို့သော ကွဲပြားခြားနားသည့် ဒုတိယတန်းစား အချက်အလက်များကိုလည်း ကျွန်ုပ်တို့ ခွဲခြမ်းစိတ်ဖြာမှုများ ပြုလုပ်ခဲ့ပါသည်။
မြန်မာနိုင်ငံတွင် လူမှုရေးသိပ္ပံဆိုင်ရာ သုတေသနပြုလုပ်ခြင်းသည် ခက်ခဲ သော်ငြားလည်း အန္တရာယ်များကို စီမံခန့်ခွဲနိုင်ရန် အမျိုးမျိုးသော အကာ အကွယ်အဆင့်ဆင့်ကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ ၎င်းတို့ထဲတွင် ပါဝင်သော ဆောင်ရွက်ချက်များမှာ တွေ့ဆုံမေးမြန်းမှု တစ်ခုချင်းစီတိုင်းအတွက် မစတင်မီ အရဲစွန့်ရမှု အကဲဖြတ်ဆန်းစစ်ချက် (risk assessment)၊ အဓိကသတင်း အချက်အလက်ပေးသူများအား တွေ့ဆုံမေးမြန်းရာတွင် ပုဂ္ဂိုလ်ရေးရာ အချက် အလက်များ မဖော်ပြစေမှုနှင့် ကျွန်ုပ်တို့ အသင်းသားများ၏ ယုံကြည်ရသော ကွန်ရက်ချိတ်ဆက်မှုများမှတစ်ဆင့် သင့်လျော်မှုရှိသော ပါဝင်ဆောင်ရွက်မည့် သူများကို ရှာဖွေဖော်ထုတ်ကာ ဆက်သွယ်ခြင်းတို့ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ကနဦး စစ်တပ်မှ တပ်ပြေးများနှင့် စွန့်ခွာဘက်ပြောင်းသူများကို အုပ်စုခွဲမှု ပြုလုပ်ခဲ့ပါသည်။ သို့သော် NUG နှင့် ERO အချို့နှင့် ဆွေးနွေးတိုင်ပင်ပြီး နောက်တွင် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခထဲ၌ တပ်ပြေးများနှင့် စွန့်ခွာ ဘက်ပြောင်းသူများကို ခွဲခြားရန် မလွယ်ကူကြောင်းရှာဖွေတွေ့ရှိခဲ့ရပြီး အကြောင်းရင်းမှာ တပ်ပြေးများကိုလည်း အဘက်ဘက်မှ ဘက်ပြောင်းသူများ အဖြစ်သာ လက်တွေ့ကျကျ ရှုမြင်ဆက်ဆံခဲ့ကြခြင်းကြောင့်ဖြစ်ပါသည်။
အချက်အလက်များ စုဆောင်းမှုပြုလုပ်ရာတွင် ကျွန်ုပ်တို့ သုတေသန အဖွဲ့အနေဖြင့် စိန်ခေါ်မှုများစွာကြုံခဲ့ရပါသည်။ စစ်မက်ဖြစ်ပွားနေဆဲနေရာ များနှင့် လွတ်မြောက်နယ်မြေများအတွင်း ရောက်ရှိနေသည့် ပြည်တွင်းမှ စွန့်ခွာဘက်ပြောင်းသူ စစ်သည်များထံမှ အချက်အလက်များရယူရန် ခက်ခဲ ခဲ့ပါသည်။ တွေ့ဆုံမေးမြန်းမှု လုပ်ငန်းစဉ် အတောအတွင်း အချို့သော ပါဝင် ဆောင်ရွက်သူ စစ်သည်ဟောင်းများသည် စိတ်ဖိစီးမှုများ တွေ့ကြုံခံစားခဲ့ကြရ ပါသည်။ အဆိုပါတွေ့ဆုံမေးမြန်းမှုများကို ကျွန်ုပ်တို့မှ ခေတ္တရပ်တန့်ခဲ့ပြီး စိတ် ကျန်းမာရေးပညာရှင်တစ်ဦးနှင့် တိုင်ပင်ဆွေးနွေးခဲ့ကာ ၎င်းမှ ကျွန်ုပ်တို့ အဖွဲ့ သားများအတွက် စိတ်ဒဏ်ရာပိုင်းဆိုင်ရာထိခိုက်လွယ်သော တွေ့ဆုံမေးမြန်းမှု များနှင့် စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုအလေ့အကျင့်များကို သင်တန်းပို့ချပေး ခဲ့ပါသည်။ ယင်းကဲ့သို့ ဆောင်ရွက်ခဲ့ရခြင်းမှာ ကျွန်ုပ်တို့အနေဖြင့် စိတ်ခံစားမှု များ ပြင်းထန်နေသော အခြေအနေတစ်ရပ်အတွင်းသို့ ဝင်ရောက်ရာတွင် မည်သည်တို့ ဆောင်ရွက်ရမည်နှင့် ကျွန်ုပ်တို့၏ တွေ့ဆုံမေးမြန်းမှုများမှ ဖြေဆို သူများအနေဖြင့် တစ်ဆင့်ခံ စိတ်ဒဏ်ရာများ တွေ့ကြုံခံစားရမှု မရှိစေရေး သေချာစေရန်အတွက် ဖြစ်ပါသည်။
အဓိကအဖွဲ့အစည်းများအား ခြုံငုံတင်ပြခြင်း
ဤအပိုင်းတွင် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းသူများကို ပံ့ပိုးမှုများပေးသည့် အဖွဲ့အချို့နှင့် စွန့်ခွာဘက်ပြောင်းမှုများကို တိုက်တွန်းအားပေးသော အဖွဲ့ အချို့အကြောင်းကို ခြုံငုံတင်ပြထားပါသည်။ ဤအပိုင်းတွင် တင်ပြထားသော အဖွဲ့များသည် ယခုအရေးကိစ္စတွင် ပါဝင်ဆောင်ရွက်နေသည့် အခြားတစ်ဖွဲ့ဖွဲ့ နှင့် ချိတ်ဆက်ထားမှုရှိပါသည်။ ကျွန်ုပ်တို့ တွေ့ဆုံမေးမြန်းခဲ့သော စစ်တပ်မှ စွန့်ခွာဘက်ပြောင်းလာသည့် စစ်သည်များစွာသည် စီဒီအမ်လုပ်ထားသူများဖြစ် ကြပြီး ယခုဖော်ပြမည့် အဖွဲ့တစ်ခုခုထံမှ အထောက်အပံ့ကို ရရှိခဲ့ကြပါသည်။ စွန့်ခွာဘက်ပြောင်းမှုများတွင် အဓိကပါဝင်ကူညီနေသည့် အဖွဲ့နှစ်ဖွဲ့ဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် အာရက္ခတပ်တော် (AA) တို့ သည် ကျွန်ုပ်တို့၏ သုတေသနတွင် ပါဝင်ရန် ငြင်းဆန်ခဲ့ကြသော်လည်း ၎င်းတို့ သည် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းလာသူများကို ခိုလှုံခွင့်ပေးကာ ပံ့ပိုးကူညီမှု များပေးကြောင်း သိရှိရပါသည်။
ယခုအောက်တွင်ဖော်ပြမည့် အဖွဲ့အစည်းများကို အုပ်စုသုံးစုအဖြစ် အကြမ်းဖျဉ်းခွဲခြားနိုင်ပါသည်။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် NUG ၊ အရပ်သားများဦးဆောင်သည့် အရပ်ဘက်အဖွဲ့အစည်းများနှင့် စီဒီအမ်အဖွဲ့များ ဖြစ်ကြပါသည်။ တော်လှန်ရေးအင်အားစုများ၊ NUG နှင့် ERO များသည် စွန့်ခွာ ဘက်ပြောင်းမှုများကို အားပေးတိုက်တွန်းမှုပြုလုပ်ရာတွင် ဗျူဟာပိုင်းဆိုင်ရာ အကျိုးစီးပွားများရှိနေပါသည်။ ၎င်းတို့အနေဖြင့် စစ်တပ်မှ စွန့်ခွာဘက်ပြောင်း မှုများ ပိုမိုဖြစ်ထွန်းလာမှုသည် ၎င်းတို့တပ်များအနေဖြင့် တပ်မတော်ကို အနိုင် တိုက်ရန် နည်းဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရှုမြင်ကြပါသည်။ အရပ်သား ဦးဆောင်သောအဖွဲ့များနှင့် စီဒီအမ်အဖွဲ့များမှာ များသောအားဖြင့် တက်ကြွ လှုပ်ရှားသူများနှင့် စေတနာ့ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားကြခြင်းဖြစ်ကာ အကြမ်းမဖက် ငြိမ်းချမ်းစွာတော်လှန်သည့် နည်းလမ်းကို ကျင့်သုံးကြသူများ ဖြစ်လေ့ရှိပါသည်။ ၎င်းအုပ်စုများအနေဖြင့် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းမှုများ ကို အားပေးခြင်းသည် တော်လှန်ရေးနှင့် အရပ်ဘက်တော်လှန်ပုန်ကန်မှုကို တိုက်ရိုက်ကူညီရာရောက်သည်ဟု ယုံကြည်ကြပါသည်။ စီဒီအမ်အဖွဲ့များသည် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းလာသော စစ်သည်များနှင့် ၎င်းတို့၏ မိသားစုများ အတွက် လူမှုဖူလုံရေးဆိုင်ရာအထောက်အပံ့များ ပေးအပ်ကြပါသည်။ ယင်း အဖွဲ့များသည် တော်လှန်ရေးအောင်မြင်နိုင်ရန် မဟာဗျူဟာတစ်ခုလုံးအတွက် ခွဲခြားထား၍မရသော အချင်းအရာတစ်ရပ်ဖြစ်သော်လည်း ၎င်းတို့သည် လတ်တလောမှပေါ်ပေါက်လာကြပြီး စစ်တပ်နှင့် ကာလရှည်ကြာ အနီးကပ် ဆက်နွယ်မှုများရှိသည့်အတွက် အရပ်ဘက်အသိုင်းအဝန်းတွင် လည်ပတ်ရာ၌ အတွေ့အကြုံမရှိကြပေ။ အဖွဲ့တိုင်းသည် စွန့်ခွာဘက်ပြောင်းမှုများကို တိုက်တွန်းအားပေးရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြပြီး မတူညီသော ပံ့ပိုးကူညီမှုများ ဆောင်ရွက်နေကြပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (NUG-MoD) သည် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းမှုများကို ၎င်းတို့၏ ဗျူဟာမြောက် အကျိုး တစ်ရပ်အဖြစ် ထည့်သွင်းထားပါသည်။ NUG-MoD မှ စွန့်ခွာဘက်ပြောင်းရေး အပိုင်းတွင် အဓိကအဖွဲ့ဝင်တစ်ဦးအဖြစ် ဆောင်ရွက်နေသူတစ်ဦးအား တွေ့ဆုံ မေးမြန်းကြည့်သည့်အခါတွင် ၎င်းတို့အနေဖြင့် စွန့်ခွာဘက်ပြောင်းမှုများကို တိုက်တွန်းအားပေးရသည့် အဓိကရည်ရွယ်ချက်မှာ တော်လှန်ရေးကို သွေးမြေ ကျမှု အနည်းဆုံးဖြင့် အမြန်ဆုံးအောင်မြင်စေရန်ဖြစ်သည်ဟု ဆိုပါသည်။ သို့သော်လည်း ရင်းမြစ်အကန့်အသတ်များသည် ၎င်းဗျူဟာကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ရေးအတွက် အတားအဆီး ဖြစ်နေစေသည်။ NUG-MoD သည် ပြည်သူ့ရင်ခွင်အဖွဲ့နှင့် ပူးပေါင်းပြီး စွန့်ခွာဘက်ပြောင်းမှုများ ပိုမိုဖြစ်လာစေရန်နှင့် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းလာခဲ့သော စစ်သည်များ အား စီဒီအမ်စာရင်းထဲတွင် မှတ်တမ်းတင်ကာ စီဒီအမ်နံပါတ်များ ပေးအပ်နိုင် ရန် ဆောင်ရွက်လျက်ရှိပါသည်။ ဤဆောင်းပါးရေးသားနေစဉ် ၂၀၂၃ ခုနှစ်တွင် NUG-MoD သည် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းလာခဲ့သူ စစ်သည် (၁၅၀၀) ဦး နှင့် ရဲ (၃,၀၀၀) ဦးတို့အား စီဒီအမ်မှတ်တမ်းတွင် စာရင်းသွင်းပြီးဖြစ်ကြောင်း ဆိုသည်။ စာရင်းသွင်းသည့် လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းအနေ ဖြင့် NUG-MoD သည် ယင်းစစ်သည်များထံမှ သတင်းအချက်အလက် စုဆောင်းရန်နှင့် မှတ်တမ်းတင်ထားရှိရန် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်လေ့ရှိပါသည်။
လက်နက်နှင့်တကွ စစ်တပ်မှစွန့်ခွာဘက်ပြောင်းသူများကို ဆုငွေချီးမြှင့် ပြီး ဩစတေးလျနိုင်ငံတွင် ပြန်လည်အခြေချနိုင်သည့် အလားအလာရှိသည် ဟူသော အရိပ်အမြွက်ပါဝင်သည့် ကြေညာချက်အား NUG မှ ထုတ်ပြန်ထားပါ သည်။ ဤသတင်းစကားများသည် စွန့်ခွာဘက်ပြောင်းသူတစ်ဦး၏ စစ်တပ် ပြင်ပတွင် ရရှိမည့် လူနေမှုဘဝသည် သက်သောင့်သက်သာဖြစ်ပြီး ဆွဲဆောင်မှု ရှိကြောင်း စစ်တပ်ထဲမှ စစ်သားများကို နားချသည့်အနေဖြင့် ဗျူဟာအရ ဆောင်ရွက်ခြင်းဖြစ်သည်မှာ တစ်စိတ်တစ်ပိုင်းအားဖြင့် မှန်ကန်ပါသည်။ အဆို ပါ ကတိကဝတ်များအား ဖြည့်ဆည်းပေးနိုင်မှု မရှိလာသည်နှင့်အမျှ ၎င်းအချက် သည် အဆိုးဖက်သို့ ဦးတည်လာနိုင်ကာ အတားအဆီးတစ်ရပ်ဖြစ်လာပြီး စွန့်ခွာဘက်ပြောင်းမှုများကို နှေးကွေးလာစေနိုင်ပါသည်။ ကျွန်ုပ်တို့ တွေ့ဆုံ မေးမြန်းခဲ့သည့် စစ်သည်ဟောင်းများသည် ၎င်းတို့ စစ်တပ်မှ စွန့်ခွာရန် ဆုံးဖြတ်ရာ၌ အဓိကတွန်းအားပေးခဲ့သည့်အချက်မှာ ဩစတေးလျနိုင်ငံတွင် ပြန်လည်အခြေချနိုင်မည့် အလားအလာရှိခြင်းသည် အဓိကတွန်းအားဖြစ်ခဲ့ သည်ဟုဆိုကြသည်။
NUG-MoD မှ စွန့်ခွာဘက်ပြောင်းသူများကို ပေးအပ်နိုင်သော အကူအ ညီမှာ လွန်စွာနည်းပါးနေပါသည်။ NUG-MoD အနေဖြင့် စွန့်ခွာဘက်ပြောင်း လာသူများကို ကူညီရန် ပြည်တွင်း၌ နေရပ်စွန့်ခွာနေရသူများအတွက် ကုလ သမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (UNWFP) ကဲ့သို့သော အဖွဲ့အစည်းများ နှင့် ချိတ်ဆက်ပေးနိုင်ပါသည်။ သို့သော်လည်း တွေ့ဆုံမေးမြန်းခဲ့သည့် NUG-MoD မှ တာဝန်ရှိသူသည် ထိုကဲ့သို့သော အကူအညီမျိုး လူဦးရေ မည်မျှရခဲ့ပြီး ဖြစ်ကြောင်း မှတ်ချက်မပေးခဲ့ပါ။ ၎င်းအချက်သည် စီဒီအမ်ဝန်ထမ်းများ အ တွက် စီဒီအမ်အထောက်အပံ့ဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်နေသလို တရားဝင် စီဒီအမ်မှတ်တမ်းဝင်ပြီးသား စွန့်ခွာဘက်ပြောင်းသူစစ်သည်များကိုပင်လျှင် NUG-MoD မှ ငွေကြေး သို့မဟုတ် အစားအသောက် ပေးအပ်ရန် ရုန်းကန်နေရ ပါသည်။ NUG-MoD အနေဖြင့် စွန့်ခွာဘက်ပြောင်းလာသူ ရဲများ၊ စစ်သားများ နှင့် ၎င်းတို့၏မိသားစုများအတွက် တစ်ကိုယ်ရေလုံခြုံရေး၊ ပညာရေး သို့မဟုတ် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်ရန် အာမခံနိုင်ခြင်း မရှိပါ။
မြန်မာနိုင်ငံအတွင်း အထူးသဖြင့် ပဋိပက္ခများဖြစ်ပွားနေသော ဒေသများ တွင် ကုန်ဈေးနှုန်းများ မြင့်တက်လာသည်နှင့်အမျှ ရင်းမြစ်များကို ခွဲဝေချထား မှုပြုလုပ်ရာတွင် ခက်ခဲမှုများပိုမိုတိုးလာသည်ကို ကျွန်ုပ်တို့ မြင်တွေ့လာရနိုင် ပါသည်။ NUG-MoD သည် စွန့်ခွာဘက်ပြောင်းလာနိုင်ခြေရှိသူများအတွက် အာမခံပေးနိုင်မှုနည်းပါးသလို ရုပ်ဝတ္ထုပစ္စည်းဆိုင်ရာ ပေးအပ်နိုင်မှုမှာလည်း လွန်စွာအားနည်းပါသည်။ ထို့ကြောင့် အောင်မြင်စွာ စွန့်ခွာဘက်ပြောင်းလာသူ များသည် လုံခြုံရေးနှင့် ပံ့ပိုးကူညီမှုများ အာမခံချက်ရှိသောကြောင့် ယုံကြည်မှု အပြည့်ဖြင့် စွန့်ခွာလာခြင်းမျိုးထက် ၎င်းတို့၏ ခိုင်မာသော ခံယူချက်များက တွန်းအားပေးသောကြောင့် စွန့်ခွာဘက်ပြောင်းခဲ့ခြင်း သို့မဟုတ် ၎င်းတို့၏ လက်ရှိအခြေအနေ (ပုဂ္ဂိုလ်ရေးဆိုင်ရာ ဝမ်းနည်းထိခိုက်မှု သို့မဟုတ် မတရားမှု ကို မျက်မြင်ကြုံတွေ့ရခြင်းကဲ့သို့သော) ကို လက်သင့်မခံနိုင်တော့သောကြောင့် သာ စွန့်ခွာဘက်ပြောင်းခဲ့ခြင်း ဖြစ်လာစေပါသည်။
NUG-MoD အနေဖြင့် အာဏာသိမ်းမှုအစောပိုင်းကာလတွင် ၎င်းတို့ ပေးခဲ့သည့် ကတိကဝတ်များကို တစ်နည်းတစ်ဖုံဖြင့် ဖြည့်ဆည်းနိုင်ခြင်း မရှိပါ က သို့မဟုတ် စစ်တပ်နှင့် တိုက်ပွဲများတွင် အောင်မြင်မှုများစွာ ရလာခြင်း မရှိပါက မကြာလှသော အနာဂတ်အချိန်တွင် အုပ်စုလိုက် စွန့်ခွာဘက်ပြောင်း မှုများကို တွေ့မြင်ရနိုင်ရန် ဖြစ်နိုင်ခြေနည်းနေပါသေးသည်။
ပြည်သူ့ရင်ခွင်
ပြည်သူ့ရင်ခွင်အဖွဲ့သည် စစ်သားများ စွန့်ခွာဘက်ပြောင်းမှုကို တိုက်တွန်း အားပေးရန် ရည်ရွယ်ချက်ဖြင့် ကိုယ်တိုင်စွန့်ခွာဘက်ပြောင်းလာခဲ့သူ ဗိုလ်ကြီး လင်းထက်အောင်မှ ဦးဆောင်တည်ထောင်ခဲ့သည့် အဖွဲ့ဖြစ်ပါသည်။ ပြည်သူ့ ရင်ခွင်အဖွဲ့၏ အခြားသော စီဒီအမ်စစ်သည်အဖွဲ့များ၊ အရပ်ဘက်အဖွဲ့များနှင့် မတူညီသည့်အချက်မှာ ၎င်းသည် NUG အပါအဝင် အခြားသော ERO များနှင့် နီးကပ်မှုရှိနေခြင်းဖြစ်ပါသည်။ လက်ရှိတွင် ၎င်းတို့သည် ပြည်သူ့ရင်ခွင်၏ ဗဟို ကော်မတီမှတစ်ဆင့် NUG-MoD နှင့် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုအောက်တွင် လည်ပတ်နေပါသည်။
ပြည်သူ့ရင်ခွင်သည် အထူးအဖွဲ့ (task force) ငါးဖွဲ့ဖြင့် ဖွဲ့စည်း တည် ဆောက်ထားပါသည်။ အဖွဲ့ (၁) သည် ဆိုရှယ်မီဒီယာကို စီမံခန့်ခွဲသည့် တာဝန် ယူထားပါသည်။ အဖွဲ့ (၂) သည် စွန့်ခွာဘက်ပြောင်းလာသော စစ်သည်များနှင့် ရဲများ၏ ကိုယ်ရေးအချက်အလက်များကို တိုက်ဆိုင်စစ်ဆေးသည့် တာဝန်ယူပါ သည်။ အဖွဲ့ (၃) သည် လွတ်မြောက်နယ်မြေများသို့ အထောက်အပံ့များ ပို့ဆောင်သည့် တာဝန်ယူပါသည်။ အဖွဲ့ (၄) သည် လွတ်မြောက် နယ်မြေများရှိ စွန့်ခွာဘက်ပြောင်းသူများထံ ထောက်ပံ့ပစ္စည်းများ ဖြန့်ဝေခြင်းနှင့် နေရာထိုင် ခင်းများ စီစဉ်ခြင်းကို တာဝန်ယူပါသည်။ အဖွဲ့ (၅) သည် စီဒီအမ်စစ်သည်များ အား လွတ်မြောက်နယ်မြေများသို့ ပို့ဆောင်နေရာချထားရေး အတွက် တာဝန် ယူပါသည်။ စီဒီအမ်စစ်သည်များအနေဖြင့် အထူးအဖွဲ့ (၂) ၏ စစ်ဆေးမှုကို ဖြတ်သန်းပြီးပါက ၎င်းတို့သည် မှတ်ပုံတင်ပြီးသားဖြစ်ကာ NUG ထံမှ စီဒီအမ် မှတ်ပုံတင်အမှတ်ကို ရယူနိုင်ပါသည်။ သို့သော် မှတ်ပုံတင်ပြီးသူတိုင်း စီဒီအမ် မှတ်ပုံတင်အမှတ်ကို ရရှိခြင်းမရှိပေ။ ယင်းအချက်သည် ကျွန်ုပ်တို့ တွေ့ဆုံမေး မြန်းမှုပြုခဲ့စဉ်တွင် ကြားသိခဲ့ရသော စိုးရိမ်ကြောင့်ကြမှုတစ်ရပ် ဖြစ်ပါသည်။ ပြည်သူ့ရင်ခွင်သည် စီဒီအမ်စစ်သည်များအား တစ်လလျှင် မြန်မာငွေ (၆၀,၀၀၀) ကျပ် ထောက်ပံ့ပေးအပ်ကာ ၎င်းတို့၏ စောင့်ရှောက်မှုအောက်တွင် ထားရှိပြီး အလှူငွေများ လက်ခံလျက်ရှိပါသည်။ ဤဆောင်းပါးရေးနေစဉ်တွင် ပြည်သူ့ရင်ခွင်သည် အလှူငွေကျပ် သန်းပေါင်း (၁၀၀) ဝန်းကျင် လက်ခံရရှိပြီး ဖြစ်ပါသည်။ ၎င်းတို့အဖွဲ့သည် တယ်လီဂရမ်ချန်နယ်များ ဖွင့်ထားပြီး စစ်သား များအား စွန့်ခွာဘက်ပြောင်းမှုပြုလုပ်ရန် အားပေးလှုံ့ဆော်မှုများ ဆောင်ရွက် နေကာ “ဖရဲသီးများ”39 နှင့် “pre-CDM” (စစ်တပ်အတွင်းမှနေ၍ တော်လှန် ရေးအတွက် သတင်းပေးကာ စစ်တပ်မှ စွန့်ခွာဘက်ပြောင်းလိုသော်လည်း ထို သို့ ပြုလုပ်ရန် မစွမ်းသာသေးသောသူများ) အတွက်လည်း ထောက်ပံ့မှုများကို ကမ်းလှမ်းပေးအပ်လျက်ရှိပါသည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့နှင့် ကရင်နီပြည်သူ့ရင်ခွင်
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) သည် ၂၀၂၁ အာဏာ သိမ်းမှုကို တုံ့ပြန်တိုက်ခိုက်ရန် တည်ထောင်ခဲ့သည့်အဖွဲ့ဖြစ်ပြီး ၎င်းတို့တွင် ကရင်နီ PDF များနှင့် အခြားသော လက်နက်ကိုင်များ ပါဝင်ပါသည်။ ၎င်းတို့ သည် NUG-MoD ၏ တရားဝင်ကာကွယ်ရေးမူဝါဒအောက်တွင် လည်ပတ် လျက်ရှိပါသည်။40 အလွန်ကိုသက်တမ်းနုပြီး တစ်မူထူးခြားသည့် KNDF အဖွဲ့ သည် စစ်တပ်ကို တိုက်ခိုက်ရန်အတွက် ရင်းမြစ်များ စုဆောင်းနိုင်ရေး ရုန်းကန် နေရစဉ် တစ်ချိန်တည်းမှာ ၎င်းတို့နယ်မြေအတွင်းတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလာသည်နှင့်အမျှ စုပြုံရောက်ရှိလာကြသော စွန့်ခွာဘက်ပြောင်းသူများ ကိုလည်း ကိုင်တွယ်ဆောင်ရွက်နေကြရပါသည်။ ကျွန်ုပ်တို့သည် KNDF ၏ စီဒီအမ်ဌာနမှ ဦးဆောင်သူဖြစ်သလို ကရင်နီပြည်သူ့ရင်ခွင် (KPE) ၏ ဒုတိယ တာဝန်ခံလည်းဖြစ်သည့် ပုဂ္ဂိုလ်နှင့် စကားပြောကြည့်ခဲ့ပါသည်။ ၎င်းမှ ၎င်းတို့ ၏ စောင့်ရှောက်မှုအောက်တွင် စီဒီအမ်စစ်သည်ဦးရေ (၆၀) ရှိပြီး ကရင်နီပြည် တစ်ခုလုံးတွင် စီဒီအမ်စစ်သည်ဦးရေ (၁၀၀) ရှိကြောင်းနှင့် ၎င်းတို့ထဲမှ တချို့ သည် တတိယနိုင်ငံသို့ အခြေချနိုင်ရန် စောင့်ဆိုင်းနေကြသူများဖြစ်ကြောင်း ဆိုပါသည်။
KNDF နှင့် KPE တို့သည် တာဝန်ထမ်းဆောင်ဆဲ စစ်သည်များအကြားသို့ သတင်းအချက်အလက်ဖြန့်ဝေသည့် ကမ်ပိန်းများပြုလုပ်ခြင်း၊ စီဒီအမ်စစ်သည် များကို ထောက်ပံ့ပေးခြင်းနှင့် ၎င်းတို့အား အရပ်သား လူနေမှုဘဝအတွက် ပြန်လည်နေရာချထားပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်နေကြပါသည်။ ၎င်းတို့ ၏ ရည်ရွယ်ချက်သည် ကြီးမားသော တပ်တွင်းပုန်ကန်မှု (တပ်ရင်းတစ်ရင်းလုံး ကဲ့သို့) ဖြစ်လာစေရန် သတင်းစကားများ ဖြန့်ဝေခြင်းနှင့် စွန့်ခွာဘက်ပြောင်းမှု များကို အားပေးခြင်းဖြင့် လှုံ့ဆော်မှုများ ဆောင်ရွက်ရန်ဖြစ်ပါသည်။ စစ်သား များစွာသည် ဆိုရှယ် မီဒီယာနှင့် အခြားသော မီဒီယာများမှ သတင်းများကို တွေ့ရှိပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းနေကြကြောင်း KNDF က ဆိုသည်။ ၎င်းတို့၏ သတင်းအချက်အလက်ဖြန့်ဝေခြင်း ကမ်ပိန်း၏ တစ်စိတ်တစ်ပိုင်း အဖြစ် KPE သည် စစ်သည်တစ်ဦးချင်းစီ၏ ဖုန်းများကို ခေါ်ဆိုမှုများ ပြုလုပ် ကာ စွန့်ခွာဘက်ပြောင်းမှုများအတွက် ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးနေပါ သည်။41 ကျွန်ုပ်တို့ တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်နေသည့်ကာလတွင် KNDF သည် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းရန် တိုက်တွန်းသည့် သတင်းစကားများနှင့် လက်ကမ်းစာစောင်များကို ဒရုန်းများဖြင့် မြေပြင်က စစ်သားများထံ ကြဲချရန် စီစဉ်နေခဲ့ကြပါသည်။
၎င်းတို့၏ ကမ်ပိန်းရှိ သတင်းစကားများသည် NUG-MoD ၏ တိုက်တွန်း အားပေးမှုများနှင့် တူညီမှုရှိပါသည်။ စစ်သားများအား ၎င်းတို့အနေဖြင့် စွန့်ခွာ ဘက်ပြောင်းမှုပြုလုပ်ပါက ၎င်းတို့အား KNDF မှ ကောင်းမွန်စွာ စောင့်ရှောက် ထားပြီး တတိယနိုင်ငံတစ်နိုင်ငံသို့ သွားရောက် ပြန်လည်အခြေချနိုင်သည့် လမ်းကြောင်းတစ်ခုပါရှိနေကာ လက်နက်များဖြင့် စွန့်ခွာလာပါက ဆုငွေများပါ ချီးမြှင့်မည်ဖြစ်ကြောင်း ယုံကြည်လာစေရန် ဆွဲဆောင်လျက်ရှိပါသည်။ သို့သော်လည်း ဆုကြေးငွေမက်လုံးများမှာ စစ်သားများအတွက် ဆွဲဆောင်မှု ကြီးမားစွာ မရှိဘဲ ၎င်းတို့အနေဖြင့် လေးစားမှု၊ ဂုဏ်သိက္ခာ၊ ကောင်းမွန်စွာ ဆက်ဆံခံရမှုနှင့် ကိုယ်ပိုင်တာဝန်ရှိမှုတို့ကို ပိုမိုဆွဲဆောင်မှုရှိသောအရာများ အဖြစ် ရှုမြင်ကြကြောင်း KNDF မှ ပုဂ္ဂိုလ်က သူ့အမြင်ကို ပြောပြပါသည်။ KNDF ကိုယ်တိုင်ပင်လျှင် ၎င်းတို့၏ ကိုယ်ပိုင်လက်နက်ကိုင်တော်လှန်ရေးကို ထောက်ပံ့ရန် ရုန်းကန်နေရသည့် အပြင် KPE အနေဖြင့် စွန့်ခွာဘက်ပြောင်းမှု များကို ပံ့ပိုးကူညီရန်နှင့် စီဒီအမ်စစ်သည်များအား ၎င်းတို့ စွန့်ခွာဘက်ပြောင်း လာပြီး နောက်ပိုင်းတွင် ထောက်ပံ့ရန် သီးသန့်ဘဏ္ဍာငွေ မရှိထားသောကြောင့် ၎င်းတို့အနေဖြင့် ပြန်လည်နေရာချထားရေးနှင့် ဆုကြေးငွေများ ပေးအပ်မည် ဆိုသည်မှာ ဖြစ်နိုင်ခြေနည်းပါးပါသည်။ ၎င်းအချက်သည် KNDF/KPE ၏ စွန့်ခွာဘက်ပြောင်းမှုများကို ထောက်ပံ့သည့် စနစ်ကျသော ယန္တရားကို အားနည်းစေပြီး အဖွဲ့အတွင်းရှိ တစ်သီးပုဂ္ဂလပုဂ္ဂိုလ်များအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်လုံခြုံရေးနှင့် ရင်းမြစ်များကို စွန့်စားအသုံးပြုပြီး စွန့်ခွာဘက်ပြောင်း မှုများကို ထောက်ပံ့နေရကာ စွန့်ခွာဘက်ပြောင်းသူများကို နေရာထိုင်ခင်းများ စီစဉ်ပေးနေရပါသည်။ ပိုမိုများပြားသော ဘဏ္ဍာရေး ရင်းမြစ်များနှင့် အခြား ရင်းမြစ်များ မရှိပါက KNDF/KPE အနေဖြင့် ၎င်းတို့ တိုက်တွန်းအားပေးနေ သော ကြီးမားသည့် အုပ်စုလိုက်စွန့်ခွာဘက်ပြောင်းမှုမျိုးကို ကိုင်တွယ်နိုင်မည့် ဟန် မမြင်ရပေ။
သို့သော် KNDF အနေဖြင့် စစ်တပ်နှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲများနှင့် တိုက်ပွဲငယ်များဖြင့် ပုံမှန်ရင်ဆိုင်တိုက်ခိုက်လေ့ရှိကာ ကရင်နီပြည်သည် တော်လှန်ရေး၏ အကြမ်းတမ်းဆုံးသော ရှေ့တန်းများရှိသည့် နယ်မြေဖြစ် သည့်အချက်ကိုတော့ သိရှိထားရန် လိုအပ်ပါသည်။ ထို့ကြောင့် ၎င်းတို့ အနေဖြင့် ရှေ့တန်းများနှင့် အခြားသောနေရာများမှ စွန့်ခွာဘက်ပြောင်းမှုများ၊ တပ်ပြေးမှုများနှင့် လက်နက်ချမှုများကို ပိုမိုတွေ့မြင်ရနိုင်ပါသည်။ လက်ရှိတွင် KNDF/KPE ထံတွင် ခိုလှုံနေသော စွန့်ခွာဘက်ပြောင်းသူဦးရေမှာ နည်းနေ သေးသော်လည်း တိုက်ပွဲများသည် တော်လှန်ရေးဘက် အလေးသာလာပါက ထိုကိန်းဂဏန်းများ တိုးလာနိုင်ပါသည်။ လတ်တလောဖြစ်ပွားခဲ့သည့် သာဓက တစ်ခုကို ကြည့်ပါက ၂၀၂၃ ခုနှစ် ဇွန်လတွင် စစ်တပ်လက်အောက်တွင်ရှိသော အင်အားစုစုပေါင်း (၆၀၀) ဝန်းကျင်ရှိ နယ်ခြားစောင့်တပ် (BDF) တပ်ရင်း နှစ်ရင်းသည် ကရင်နီပြည်နယ် မယ်စဲ့မြို့ရှိ စစ်တပ်တပ်ရင်းများကို စီးနင်းရန် တော်လှန်ရေးတပ်များနှင့် ပူးပေါင်းသွားခဲ့ပါသည်။42 ထိုနယ်မြေတွင် ရှိနေသော အင်အားစုများသည် ကြီးမားသော အုပ်စုလိုက်စွန့်ခွာဘက်ပြောင်းမှုများကို ကိုင်တွယ်ရန် ရင်းမြစ်များ မရှိသောကြောင့် ထိုနယ်မြေတွင် မငြိမ်သက်မှုများ ပိုမို ဖြစ်ပွားလာနိုင်ပါသည်။ ထို့ကြောင့် KNDF/KPE တို့ အနေဖြင့် ၎င်းတို့ နယ်မြေအတွင်းရှိ စွန့်ခွာဘက်ပြောင်းမှုများကို ကိုင်တွယ်နိုင်ရန် ရုပ်ဝတ္ထုပိုင်း နှင့် နည်းပညာပိုင်းဆိုင်ရာ ရင်းမြစ်များရှိနေဖို့ လိုအပ်သည်မှာ နည်းဗျူဟာ မြောက် အရေးကြီးသည့် အချက်တစ်ချက် ဖြစ်ပါသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU)
ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ၎င်းတို့၏ လက်နက်ကိုင်တပ် ဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့သည် စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်သည့် တော်လှန်ရေးတွင် အရေးပါသော အခန်း ကဏ္ဍမှ ပါဝင်နေပြီး ၎င်းတို့လူမျိုးများသည် ၁၉၄၉ ခုနှစ် ဇန်နဝါရီလ (၃၁) ရက် နေ့ကတည်းက စတင်တိုက်ခိုက်နေခဲ့ကြခြင်းဖြစ်ပါသည်။ KNU သည် ဆန္ဒပြ သူများနှင့် သပိတ်မှောက်သည့် နိုင်ငံ့ဝန်ထမ်းများအား ခိုလှုံခွင့်ပေးထားပြီး အာဏာသိမ်းမှုကို ဆန့်ကျင်သော လက်နက်ကိုင်တပ်များနှင့် PDF များကို လေ့ကျင့်သင်တန်းပေးနေပါသည်။43 KNU သည် ၎င်းတို့ ထိန်းချုပ်သည့် နယ်မြေများတွင် ကျန်းမာရေး၊ ပညာရေးနှင့် အုပ်ချုပ်ရေး ကဲ့သို့သော အစိုးရ ယန္တရားများ ဖန်တီးထားရှိပါသည်။44 KNU သည် NUG နှင့် သိသာထင်ရှား သော ဆက်ဆံရေးများထူထောင်ထားရှိပြီး နယ်ပယ်အမျိုးမျိုးတွင် ပူးပေါင်း ဆောင်ရွက်နေကြကာ စွန့်ခွာဘက်ပြောင်းသူများစွာနှင့် တော်လှန်ရေး တပ်သားများစွာတို့သည် KNU ထိန်းချုပ်နယ်မြေများတွင် ခိုလှုံမှု ရှာဖွေကြပါ သည်။ ၂၀၂၁ အာဏာသိမ်းမှုကတည်းက KNU အနေဖြင့် ထိုလူအုပ်စုများအား ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ပေါင်းစည်းရေးအတွက် ရှုပ်ထွေးသော ထောက်ပံ့ရေးဆိုင်ရာ ထည့်သွင်းစဉ်းစားချက်များဖြင့် ရင်ဆိုင်ခဲ့ရပါသည်။ ကျွန်ုပ်တို့သည် KNU ၏ တွဲဖက်အတွင်းရေးမှူးဟောင်းတစ်ဦးဖြစ်ကာ များစွာ သော စွန့်ခွာဘက်ပြောင်းလာသူ စစ်သားများနှင့် ရဲများကို ပြန်လည်နေရာချ ထားပေးရန် တာဝန်ယူထားသည့် KNU တပ်မဟာတစ်ခု၏ ပြောရေးဆိုခွင့်ရှိ သူတစ်ဦးနှင့် တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခဲ့ပါသည်။
KNU သည် ရဲဘက်မှ စွန့်ခွာဘက်ပြောင်းလာသူများနှင့် စစ်တပ်မှ စွန့်ခွာ ဘက်ပြောင်းလာသူများကို သီးခြားစီ ရှုမြင်ပါသည်။ ရဲများအား ပုံမှန်နိုင်ငံ့ဝန် ထမ်းများအဖြစ် ဆက်ဆံပြီး စစ်သားများကိုမူ ပိုမိုစိစစ်ကာ သံသယဖြင့် ကိုင် တွယ်ပါသည်။ စစ်သားများသည် သတ်ဖြတ်ရန်၊ နှိပ်စက်ရန်နှင့် အကြမ်းဖက်မှု များကျူးလွန်ရန် လေ့ကျင့်သင်ကြားခြင်း ခံထားရသူများဖြစ်သောကြောင့် ၎င်း တို့အား ပိုမိုဂရုတစိုက် ထိတွေ့ဆက်ဆံရမည် ဖြစ်ကြောင်း KNU မှ ယုံကြည် ထားပါသည်။ KNU သည် ပြီးခဲ့သော ဆယ်စုနှစ်များကတည်းက စစ်တပ်မှ စွန့်ခွာလာသူများနှင့် တပ်ပြေးများကို လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ပေါင်း စည်းပေးရသည့် အခက်အခဲအား ရင်ဆိုင်ကျော်ဖြတ်ရာတွင် သူမတူသော အတွေ့အကြုံများ ရှိပါသည်။
KNU မှ တာဝန်ရှိသူများသည် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းလာသူ များနှင့် PDF များအကြား အကြမ်းဖက်မှုများ ပေါ်ပေါက်လာမည်ကို စိုးရိမ် သောကြောင့် ၎င်းတို့ကို အတူတကွထားရှိခြင်းမျိုး မည်သည့်အခါမှ မပြုလုပ် ကြပေ။ KNU သည် ရှုပ်ထွေးသော ထောက်ပံ့မှုဆိုင်ရာ လုပ်ဆောင်ချက် များဖြင့် ဒေသခံကျေးရွာများတွင် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းလာသူများနှင့် PDF များကို သီးခြားစီထားရှိပါသည်။ စစ်တပ်မှ စွန့်ခွာဘက်ပြောင်းလာသူ များကို အရပ်သားဘဝသို့ ပြန်လည်နေရာချထားပေးရန် ခက်ခဲသောကြောင့် ကျေးရွာတစ်ရွာစီတွင် စွန့်ခွာဘက်ပြောင်းလာသူ (၂) ဦး (၃) ဦးခန့်သာ အများ ဆုံးထားရှိခွင့်ပေးထားပါသည်။ လက်ရှိတွင် KNU သည် အနည်းငယ်သာရှိ သော စွန့်ခွာဘက်ပြောင်းသူများ (ရာဂဏန်း) ကိုသာ နေရာထိုင်ခင်း စီစဉ်ထား ပေးမှုရှိပါသည်။ အကယ်၍သာ တပ်ရင်းတစ်ရင်းလုံးကဲ့သို့ ကြီးမားသော အုပ်စု လိုက်စွန့်ခွာဘက်ပြောင်းမှုမျိုး ဖြစ်လာပါက KNU အနေဖြင့် ၎င်းတို့ လက်ရှိ ဆောင်ရွက်နေသည့်အတိုင်း ထိုစစ်သားများကို လက်ခံနိုင်ရန် မဖြစ်နိုင်ဘဲ အခြားသော အစီအစဉ်များ ဆောင်ရွက်ရန် လိုအပ်ကောင်း လိုအပ်လာနိုင် ပါသည်။ သို့သော်လည်း ၎င်းအစီအစဉ်သည် မည်သို့မည်ပုံဖြစ်မည်ဆိုသည်မှာ ယနေ့အချိန်ထိ ရှင်းလင်းခြင်းမရှိသေးပေ။
ယခင်က KNU သည် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းလာသူများကို ငွေကြေးထောက်ပံ့မှုများပေးအပ်ပြီး မိမိနေရပ်သို့ ပြန်လည်ပို့ဆောင်ပေးသည် များ ရှိခဲ့သော်လည်း နောက်ဆုံးလှိုင်းတွင် ပါဝင်လာသော စွန့်ခွာဘက်ပြောင်း သူများအနေဖြင့် ၎င်းတို့နေရပ်ကို ပြန်လိုခြင်း မရှိသောကြောင့် ထိုကဲ့သို့ ဆောင်ရွက်ရန် မဖြစ်နိုင်တော့ပေ။ “စွန့်ခွာဘက်ပြောင်းသူ” အများစုသည် ၎င်းတို့ကိုယ်၎င်းတို့ စွန့်ခွာဘက်ပြောင်းသူများအဖြစ် ကိုယ်စားပြုဖော်ပြလို ခြင်း မရှိကြသောကြောင့် အချို့သည် စစ်သုံ့ပန်းများအဖြစ် လက်နက်ချကြပါ သည်။ KNU ၏ အမြင်တွင် ယင်းကဲ့သို့သူများကိုလည်း စွန့်ခွာဘက်ပြောင်းသူ များကဲ့သို့သာ ဆက်ဆံပါသည်။ စစ်သည်တစ်ဦးအနေဖြင့် စစ်တပ်မှ စွန့်ခွာပြီး စီဒီအမ်ဝင်ပါက ၎င်းတို့၏ မိသားစုများနှင့် ၎င်းတို့ကိုယ်တိုင်၏ လုံခြုံရေး အတွက် သိသာသော အန္တရာယ်များ ကျရောက်လာနိုင်ခြေရှိသော်လည်း တိုက်ပွဲတွင် သုံ့ပန်းအဖြစ် အဖမ်းခံရသည်ဆိုပါက ၎င်းတို့၏ လုံခြုံရေးသည် ပိုမို အာမခံချက်ရှိပါသည်။ KNU သည် ၎င်းတို့အတိတ်တွင် ဆောင်ရွက်ခဲ့သလို စစ်တပ်မှ ဖမ်းဆီးရမိသော စစ်သုံ့ပန်းများအား ၎င်းတို့၏ နေရပ်သို့ ပြန်လည် ပို့ဆောင်သည့် လုပ်ငန်းစဉ်အား ရပ်တန့်ထားပြီး အခြားသော အစုအဖွဲ့များကို လည်း ထိုကဲ့သို့ ဆောင်ရွက်ရန် တိုက်တွန်းထားပါသည်။
KNU မှ လက်နက်နှင့်တကွ စစ်တပ်မှ စွန့်ခွာဘက်ပြောင်းလာသူများကို မြန်မာငွေကျပ် သိန်း (၂၀) ပေးမည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ထားပါ သည်။ KNU အနေဖြင့် စစ်သားများ စိတ်ဓာတ်ကျဆင်းနေမှုနှင့် စွန့်ခွာဘက် ပြောင်းရန် အလားအလာရှိမှုတို့ကို ၎င်းတို့၏ စစ်တပ်အား တိုက်ခိုက်ရေး ဗျူဟာတစ်ရပ်အနေဖြင့် စဥ်းစားထားရှိပါသည်။ စစ်စခန်းများအား တိုက်ခိုက် ခြင်းမပြုမီ KNU သည် ၎င်းတို့ တိုက်ခိုက်တော့မည်ဖြစ်ကြောင်း ထိုနေရာအား သတိပေးစာထုတ် ပြန်လေ့ရှိပါသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် တစ်ဖက် ရန်သူကို စွန့်ခွာဘက်ပြောင်းစေရန် သို့မဟုတ် ထွက်ပြေးစေရန် သို့မဟုတ် အညံ့ခံစေရန် အချိန်ပေးပြီး တိုက်ပွဲများ ဖြစ်ပွားခြင်းကို လျှော့ချနိုင်ပါသည်။ KNU ၏ အဓိကဗျူဟာမှာ တိုက်ပွဲများမဖြစ်ဘဲ စစ်နိုင်အောင်တိုက်ရန်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ခြင်းဖြင့် အဘက်ဘက်မှ ထိခိုက်ကျဆုံးမှုများကို လျှော့ချရန် ဖြစ်ပါသည်။ စွန့်ခွာဘက်ပြောင်းသူများထံမှတစ်ဆင့် လက်နက်များရယူခြင်း သည် KNU အတွက် အောင်မြင်သော နည်းဗျူဟာဖြစ်နေပါသည်။ ဝယ်လိုအား များသောကြောင့် လက်နက်ဈေးများ တက်နေချိန်တွင် စွန့်ခွာဘက်ပြောင်းသူ တစ်ဦးအား ဆုငွေသိန်း (၂၀) ချီးမြှင့်ခြင်းသည် ၎င်းထံမှ သေနတ်တစ်လက် ဝယ်ယူခြင်းဖြစ်ပြီး ထိုသို့ လုပ်ဆောင်ခြင်းသည် ဈေးကွက်ထဲတွင် ပုံမှန်ဈေးဖြင့် ဝယ်ယူခြင်းထက် သက်သာပါသည်။ တွေ့ဆုံမေးမြန်းမှုတစ်ခုထဲတွင် KNU မှ ပုဂ္ဂိုလ်တစ်ဦးက ၎င်းတို့ အဖွဲ့အစည်းသည် ၎င်းတို့၏ ငွေကြေးအား လက်နက် များ ဝယ်ယူခြင်းထက် စွန့်ခွာဘက်ပြောင်းသူများကို ထောက်ပံ့ရာတွင် ပိုမို အသုံးပြုလိုကြောင်း ဆိုခဲ့ပါသည်။
KNU သည် လက်ရှိတွင် ပြည်သူ့ရင်ခွင်နှင့် စွန့်ခွာဘက်ပြောင်းသူများကို အရပ်သားလူနေမှုဘဝအတွင်းသို့ ပြန်လည်ပေါင်းစည်းနေရာချထားပေးရန် အတွက် ဆွေးနွေးလျက်ရှိပါသည်။ အချို့သော စွန့်ခွာဘက်ပြောင်းသူများသည် စစ်တပ်ကို ပြန်လည်တိုက်ခိုက်ရန် KNU ထံဝင်ရောက်ပူးပေါင်းခဲ့ပြီး လက်ရှိ အချိန်အထိ ၎င်းတို့သည် သင်တန်းပို့ချခြင်းများကိုသာ ဆောင်ရွက်လျက်ရှိပါ သည်။ စွန့်ခွာဘက်ပြောင်းသူများကို လက်နက်တပ်ဆင်ပေးလိုက်ပါက ၎င်းတို့ အနေဖြင့် ကိုယ်ပိုင်တပ်များ ထူထောင်လာနိုင်ကာ ဒေသအတွင်း မတည်ငြိမ်မှု ပိုမိုတိုးမြင့်လာမည်ကို ကြီးမားစွာစိုးရိမ်နေကြပါသည်။
ပြည်သူ့ပန်းတိုင်
ပြည်သူ့ပန်းတိုင်သည် ကနဦးတွင် ပြည်သူ့စစ်သားအမည်ဖြင့် တည်ထောင်ခဲ့ ခြင်းဖြစ်ပြီး စစ်တပ်အာဏာသိမ်းမှုကို ဖေ့ဘွတ်ခ်အင်တာဗျူးတစ်ခုတွင် ပထမဦးဆုံး လူသိရှင်ကြားရှုတ်ချခဲ့သည့် ဗိုလ်ကြီးညီသုတမှ ဦးဆောင်ပါ သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ပြည်သူ့စစ်သားဟူသော အမည်မှ ပြည်သူ့ ပန်းတိုင်ဟူသော အမည်သို့ပြောင်းလဲခဲ့ပြီး စီဒီအမ်စစ်သည်များ ဦးဆောင်သည့် အဖွဲ့အစည်းအဖြစ်မှ အရပ်သားများဦးဆောင်သည့် အဖွဲ့အစည်းတစ်ရပ်အဖြစ် ပြောင်းလဲခဲ့ပါသည်။ ၎င်းတို့သည် စွန့်ခွာဘက်ပြောင်းသူများကို လေးစားပြီး ထောက်ပံ့ကူညီသည့်အပြင် အများပြည်သူ၏ မျက်စိများ၊ နားများလည်းဖြစ် သောကြောင့် ၎င်းတို့သည် သူမတူသည့် အနေအထားတွင်ရှိနေသည့် အဖွဲ့ အစည်းတစ်ခု ဖြစ်ပါသည်။
ပြည်သူ့ပန်းတိုင်အဖွဲ့သည် အကြမ်းမဖက်သော တော်လှန်ရေးလမ်းစဉ် တစ်ရပ်အတွက် တိုက်တွန်းအားပေးနေသည့်အဖွဲ့ ဖြစ်ပါသည်။ ဦးဆောင်သည့် အဖွဲ့ထဲတွင် အရပ်သား လေးဦး (အမျိုးသမီး သုံးဦး) ပါဝင်ပြီး စစ်သည်ဟောင်း နှစ်ဦးပါဝင်ပါသည်။ ပြည်သူ့ပန်းတိုင်အဖွဲ့ဝင်များသည် စိတ်ကျန်းမာရေး စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရသောကြောင့် အဖွဲ့ဝင်များစွာသည် အလုပ်မှ အနားယူကြရကာ ၎င်းတို့၏ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းကြရပါသည်။ ကျွန်ုပ်တို့သည် ဦးဆောင်သူတစ်ဦးဖြစ်သည့် မသဉ္ဇာရွှန်းလဲ့ရည်အပါအဝင် အဖွဲ့ဝင်အချို့နှင့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ ပါသည်။
အခြားသော အဓိကအဖွဲ့အစည်းများနှင့် ဤအဖွဲ့၏ ကွာခြားချက်မှာ ၎င်းတို့သည် ပြည်သူများထံသို့ ရောက်ရှိနိုင်ရန် ဖေ့ဘွတ်ခ်၊ ယူကျူ့နှင့် အခြား သော မီဒီယာများမှတစ်ဆင့် စကားဝိုင်းများပြုလုပ်ခြင်းကို အလေးပေးခြင်း ဖြစ်ပါသည်။ အများပြည်သူလူထုအနေဖြင့် စီဒီအမ်စစ်သည်များ၏ အတွေ့ အကြုံများ ပိုမိုနားလည်သဘောပေါက်စေရန်အတွက် မျှဝေခြင်းနှင့် စီဒီအမ် စစ်သည်များအတွက် အထောက်အပံ့များ ပိုမိုတိုးလာစေရန် ၂၀၂၁ ခုနှစ် ဇွန်လ ကတည်းမှစပြီး ၎င်းတို့သည် အပတ်စဉ်စကားဝိုင်းများနှင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအထိ ၎င်းတို့တွင် အွန်လိုင်းပေါ်၌ ကြည့်ရှုနိုင်ရန် စကားဝိုင်းအပိုင်းပေါင်း (၇၀) ကျော်ရှိပြီး ၎င်းတို့၏ လူကြည့် အများဆုံး ဗီဒီယိုသည် ကြည့်ရှုသည့် အကြိမ်ရေ (၃၄၆,၀၀၀) ရှိပါသည်။ ၎င်း တို့သည် လမ်းကြောင်းအမျိုးမျိုးမှတစ်ဆင့် သတင်းစကားများနှင့် အကြောင်း အရာများ ဖန်တီးတင်ပြခဲ့သည့်တိုင်အောင် ၎င်းတို့ ဆောင်ရွက်ချက်၏ အောင်မြင်မှုကို တိုင်းတာပြီး ပိုမိုတိုးတက်အောင် ဆောင်ရွက်ရန် စနစ်တကျ စောင့်ကြည့်လေ့လာအကဲဖြတ်ဆန်းစစ်သည့်စနစ် (monitoring and evaluation) မရှိနေသေးပါ။
ပြည်သူ့ပန်းတိုင်သည် လက်ရှိတွင် စွန့်ခွာဘက်ပြောင်းလာသူ စစ်သည် များနှင့် ၎င်းတို့မိသားစုဝင် (၄၇၀) ဦးအတွက် အကန့်အသတ်ဖြင့် ရုပ်ဝတ္ထုပိုင်း ဆိုင်ရာထောက်ပံ့မှုများ ပေးအပ်နေပါသည်။ ၎င်းတို့ထဲမှ အများစုမှာ ကရင် ပြည်နယ် သို့မဟုတ် ထိုင်း-မြန်မာနယ်စပ် သို့မဟုတ် အိန္ဒိယ-မြန်မာနယ်စပ် တစ်နေရာတွင် ခိုလှုံနေကြသူများဖြစ်ပြီး ထောက်ပံ့ပေးသည့်အဖွဲ့အား စီဒီအမ် စစ်သည် ရှစ်ဦးမှ ဦးဆောင်ပါသည်။ အထောက်အပံ့များတွင် (ဘဏ္ဍာရေး ရှိထားမှုပေါ်မူတည်ပြီး) လစဉ်အသုံးငွေများ၊ နေရာရွှေ့ပြောင်းရန် ငွေကြေးနှင့် အရေးပေါ်အခြေအနေ (ဆေးဝါးလိုအပ်ချက်ကဲ့သို့) အတွက် ငွေကြေးထောက် ပံ့မှုများ ပေးအပ်နေပါသည်။ ပြည်သူ့ပန်းတိုင်အနေဖြင့် ရေရှည်တည်ငြိမ်သော ဘဏ္ဍာရေးအခြေအနေတစ်ရပ် ရှိနိုင်ရန် ရုန်းကန်နေရပြီး လက်ရှိတွင် ၎င်းတို့ ၏ အလှူငွေအသေးစားများနှင့် ရေတိုစီမံကိန်းငွေကြေး (တစ်လ သို့မဟုတ် နှစ်လ) အပေါ် မှီခိုနေရခြင်းသည် ၎င်းတို့အနေဖြင့် ပြည်သူ့ရင်ခွင် သို့မဟုတ် NUG-MoD တို့မှ ပြုလုပ်သကဲ့သို့ အုပ်စုလိုက်စွန့်ခွာ ဘက်ပြောင်းမှုမျိုးကို ထောက်ပံ့နိုင်မည် မဟုတ်ကြောင်း ထောက်ပြနေပါသည်။ ပြည်သူ့ပန်းတိုင်၏ အထိရောက် ဆုံးဆောင်ရွက်ချက်သည် ၎င်းတို့၏ အားပေးတိုက်တွန်းနိုင်မှုနှင့် အများ ပြည်သူထံ လက်လှမ်းမီ ရောက်ရှိနိုင်မှုတို့ ဖြစ်ပါသည်။
ပြည်သူ့ပန်းတိုင်သည် အားပေးတိုက်တွန်းမှုပြုလုပ်ရာတွင် ပြည်တွင်း သာမက ပြည်ပရှိလူထုကိုပါ ပစ်မှတ်ထားပါသည်။ နိုင်ငံတကာနှင့် စပ်လျဉ်း သော အားပေးတိုက်တွန်းမှုများတွင် ၎င်းတို့သည် နိုင်ငံတကာ သံရုံးများ၊ နိုင်ငံ တကာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂ၊ တရားမျှတမှုဆိုင်ရာ အဖွဲ့အစည်းများ (Independent Investigative Mechanism for Myanmar နှင့် Justice for Myanmar ကဲ့သို့)၊ နိုင်ငံတကာမီဒီယာများ (အယ်ဒီတာ့အာဘော်များ ရေးသားခြင်းနှင့် အင်တာဗျူးများဖြေဆိုခြင်း) နှင့် ထိတွေ့ဆက်ဆံမှုများ ပြု လုပ်ခဲ့ပါသည်။ ပြည်တွင်းတွင် အားပေးတိုက်တွန်းမှု ပြုလုပ်ရာ၌ ၎င်းတို့သည် စွန့်ခွာဘက်ပြောင်းမှု ကမ်ပိန်းသတင်းစကားများ မျှဝေရန် စစ်တပ်မိသားစုဝင် များနှင့် ဆွေမျိုးများအား ပစ်မှတ်ထားပါသည်။ ၎င်းတို့အနေဖြင့် စစ်တပ်ထဲမှ လူများကို အုပ်စုသုံးစု ခွဲထားပါသည်။ တော်လှန်ရေးကို တက်ကြွစွာ ထောက်ခံ သောသူများ၊ စစ်တပ်အပေါ် သစ္စာရှိသော်လည်း အာဏာသိမ်းမှုကို မထောက်ခံ သောသူများနှင့် အာဏာသိမ်းမှုကို တက်ကြွစွာ ထောက်ခံသူများ ဖြစ်ကြပါ သည်။ ပထမနှင့် ဒုတိယ အုပ်စုများသည် စစ်တပ်အတွင်း အမိန့်မနာခံမှုများ တိုးလာစေရန်၊ အာဏာဖီဆန်မှု ဖြစ်လာစေရန်နှင့် နောက်ဆုံးတွင် စွန့်ခွာ ဘက်ပြောင်းမှု ဖြစ်လာစေရန် ပစ်မှတ်ထား၍ အကောင်းဆုံးအုပ်စုများအဖြစ် ပြည်သူ့ပန်းတိုင်မှ ယုံကြည်ထားပါသည်။
အချို့သောစစ်သားများ အထူးသဖြင့် အာဏာသိမ်းမှုအပေါ် သစ္စာခံသော စစ်သားများထံ ၎င်းတို့၏ သတင်းစကားများ မရောက်ရှိမည်ကို ပြည်သူ့ ပန်းတိုင်မှ စိုးရိမ်လျက်ရှိသည်။ စစ်တပ်မှ ဖေ့ဘွတ်ခ်အား “ရန်သူ၏ ဆိုရှယ် မီဒီယာကွန်ရက်” အဖြစ် သတ်မှတ်သဘောထားသောကြောင့် အချို့သော စစ်သားများသည် ဖေ့ဘွတ်ခ်ကို အသုံးမပြုသည်မျိုး ဖြစ်နိုင်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် အင်တာနက်ဒေတာကြေးသည် ပိုမိုငွေ ကုန်ကြေးကျများလာ နေပြီး သတင်းအချက်အလက် ရယူနိုင်မှုကိုလည်း စစ်ကောင်စီမှ တင်းကျပ် ထားသောကြောင့် ပိတ်ပင်မှုကို ကျော်လွှားသည့် နည်းပညာများ (VPN ကဲ့သို့) ကို ပိုမိုကျပ်တည်းလာစေပါသည်။ ပြည်သူ့ပန်းတိုင်မှ ERO များနှင့် ပူးပေါင်းပြီး လှိုင်းတိုရေဒီယိုလှိုင်းများနှင့် လက်ကမ်းစာစောင်များကို ဒရုန်းများမှ ဖြန့်ဝေ ခြင်းနည်းလမ်းများကို အသုံးပြုကာ ဆိုရှယ်မီဒီယာ အသုံးမပြုနိုင်သော သို့မဟုတ် အင်တာနက်ပုံမှန် မရသော စစ်သားများထံ ၎င်းတို့၏ သတင်းစကား များရောက်ရှိစေရန် ဆောင်ရွက်နေပါသည်။
ပြည်သူ့ပန်းတိုင်သည် အမှီအခိုကင်းသော အဖွဲ့အစည်းတစ်ရပ် ဖြစ်သော် လည်း အခြားသော စွန့်ခွာဘက်ပြောင်းမှုများကို ပံ့ပိုးသည့် အဖွဲ့အစည်းများ၊ စီဒီအမ်အဖွဲ့အစည်းများနှင့် အတူတကွ အလုပ်လုပ်လျက် ရှိပါသည်။ ပြည်သူ့ ပန်းတိုင်၏ အချို့သော အဖွဲ့ဝင်များသည် ပြည်သူ့ရင်ခွင် ဗဟိုကော်မတီ၏ အဖွဲ့ဝင်များလည်းဖြစ်ကြကာ အခြားသော စွန့်ခွာဘက်ပြောင်းရေးလှုပ်ရှား သည့် အဖွဲ့များနှင့် တွဲဖက်ကြေညာချက်များ ထုတ်ပြန်လေ့ရှိပါသည်။ ယင်းကဲ့ သို့ ပူးပေါင်းဆောင်ရွက်မှုများ ရှိနေသော်လည်း ပြည်သူ့ပန်းတိုင်အနေဖြင့် ၎င်းတို့အချင်းချင်းအကြားတွင် သတင်းအချက်အလက် စီးဆင်းမှုမရှိသဖြင့် မည်သည့် စီဒီအမ်စစ်သည်များနှင့် အိမ်ထောင်စုများသည် မည်သည့် အဖွဲ့ အစည်းမှ ထောက်ပံ့မှုကိုရရှိထားပြီး မည်သူတို့ကို ၎င်းတို့အနေဖြင့် ထောက်ပံ့ရ မည်ကို ရွေးချယ်ဆုံးဖြတ်ရာတွင် အခက်ကြုံနေပါသည်။ အာဏာသိမ်းပြီး ပထမနှစ်နှင့်ယှဉ်လျှင် လက်ရှိကာလတွင် အရပ်သားအစိုးရဝန်ထမ်းများ အနေ ဖြင့် စီဒီအမ်ဝင်ရောက်ခြင်းနည်းပါးလာပြီ ဖြစ်သော်လည်း စစ်တပ်နှင့် ရဲတပ်ဖွဲ့ များမှ ပုံမှန်စွန့်ခွာဘက်ပြောင်းမှုများ ရှိနေသေးသည်ဟု ပြည်သူ့ပန်းတိုင်က ဆိုပါသည်။ အပတ်စဉ် အနည်းဆုံး စွန့်ခွာဘက်ပြောင်းမှု ဖြစ်ရပ်တစ်ခုနှင့် တပ်ပြေးမှုအများအပြားရှိကြောင်း ၎င်းတို့အဖွဲ့က ဆိုပါသည်။
ပြည်သူ့စစ်သားဇနီးများ
ပြည်သူ့စစ်သားဇနီးများကို ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် မူရင်းအဖွဲ့ဝင် သုံးဦးဖြင့် စတင်တည်ထောင်ခဲ့ပြီး ဒေါက်တာဆာဆာနှင့် အမျိုးသမီးအဖွဲ့ အစည်းအချို့၏ ကနဦးမတည်ငွေဖြင့် စတင်ခဲ့ပါသည်။ လက်ရှိတွင် ၎င်းတို့၏ အဖွဲ့တွင် အဖွဲ့ဝင် (၁၀) ဦးကျော်ရှိလာပြီး အိမ်ထောင်စု (၅၀-၇၀) ကို လစဉ် ထောက်ပံ့ငွေများနှင့် ပစ္စည်းအထောက်အပံ့များ ပေးအပ်လျက် ရှိပါသည်။ စစ်သားများ၏ စွန့်ခွာဘက်ပြောင်းမှုများသည် ၎င်းတို့၏ ဇနီးများနှင့် မိသားစု ဝင်များအပေါ် ကြီးမားစွာမှီတည်နေသည်ဟူသော အကြောင်းပြချက်ဖြင့် ၎င်းတို့အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။ ယင်းအဖွဲ့၏ တည်ထောင်သူ တစ်ဦး ဖြစ်သူ မစုသစ်သည် အာဏာသိမ်းမှုနောက်ပိုင်းတွင် ၎င်း၏ အမျိုးသားကို စစ်တပ်မှ စွန့်ခွာဘက်ပြောင်းမှု ပြုလုပ်ရန် တိုက်တွန်း အားပေးခဲ့ပြီး ၂၀၂၁ ခုနှစ် သြဂုတ်လတွင် ၎င်းတို့နှစ်ဦးလုံး လုံခြုံသော နေရာသို့ ရောက်ရှိခဲ့ပါသည်။
စီဒီအမ်စစ်သည်အိမ်ထောင်စုများကို ထောက်ပံ့ပေးသည့်အပြင်ဖေ့ဘွတ်ခ် ပေါ်တွင် ဆွေးနွေးမှုများ၊ အပတ်စဉ် NUG နှင့် အများပြည်သူ မြင်တွေ့နိုင်သည့် စကားဝိုင်းများပြုလုပ်ကာ လက်ရှိတာဝန်ထမ်းဆောင်နေသော စစ်သည်များ၏ ဇနီးများကို ၎င်းတို့၏ အမျိုးသားများအား စစ်တပ်မှ စွန့်ခွာဘက်ပြောင်း လာစေရေး ဖိအားပေးရန် တိုက်တွန်းနှိုးဆော်လျက်ရှိပါသည်။ ၎င်းတို့အများစု ကိုယ်တိုင်သည်လည်း စစ်သည်ဇနီးများ ဖြစ်သောကြောင့် လက်ရှိတာဝန် ထမ်းဆောင်ဆဲဖြစ်သော စစ်သည်များ၏ ဇနီးများထံသို့ ၎င်းတို့၏ ကိုယ်ပိုင် အချိတ်အဆက်များမှတစ်ဆင့် သို့မဟုတ် ဖေ့ဘွတ်ခ်မှတစ်ဆင့် တိုက်ရိုက် ချိတ်ဆက်ပြောဆိုနိုင်ကြပါသည်။
၎င်းတို့အဖွဲ့သည် စစ်သည်ဇနီးများအတွက် အသက်မွေးဝမ်းကျောင်းသင် တန်းများ ပို့ချပေးပြီး ထိုပညာရပ်များအား လက်တွေ့အသုံးချနိုင်စေရန် လိုအပ် သည့် ပစ္စည်းများကိုလည်း ထောက်ပံ့ပေးနေပါသည်။ စစ်သည်များ၏ ဇနီးများ သည် များသောအားဖြင့် အိမ်နေဇနီးများ၊ အိမ်ရှင်မများ ဖြစ်နေတတ်ပြီး ၎င်းတို့ ၏ ခင်ပွန်းစစ်သည်များနှင့် စစ်တပ်ထဲတွင် နေထိုင်ကြကာ ခင်ပွန်းဖြစ်သူ၏ လစာတစ်ခုတည်းသာ ရှိတတ်ပါသည်။ ၎င်းတို့တွင် ကိုယ်ပိုင်ဓနဥစ္စာ သို့မဟုတ် အခြားတန်ဖိုးရှိသည့် အရာများ မရှိတတ်သောကြောင့် ၎င်းတို့၏ လိုအပ်ချက် အားလုံးအတွက် စစ်တပ်အပေါ်တွင် မှီခိုနေရသည့် အခြေအနေသို့ ဆိုက် ရောက်သွားလေ့ရှိကြပါသည်။ စစ်တပ်မှလည်း စစ်သားများသည် ၎င်းတို့အဖွဲ့ အစည်းအပေါ်တွင် အလုံးစုံမှီခိုနေသော အခြေအနေဖြစ်စေရန် ဖန်တီးထားပြီး ၎င်းအချက်သည် စွန့်ခွာဘက်ပြောင်းမှုအတွက် ကြီးမားသော အတားအဆီး တစ်ရပ် ဖြစ်နေပါသည်။
အခြားသောအဖွဲ့များ
အထက်ပါအဖွဲ့အစည်းများအပြင် စွန့်ခွာဘက်ပြောင်းမှုများကို ပံ့ပိုးကူညီ ထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းငယ်အချို့လည်း ရှိပါသည်။ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ (NGO) နှင့် အရပ်ဘက်အဖွဲ့အစည်းများ (CSO) များစွာသည်လည်း အချို့သော စစ်တပ်မှ စွန့်ခွာဘက်ပြောင်းလာသူများနှင့် အခြားသော စီဒီအမ်များကို ထောက်ပံ့ပေးမှုများ ရှိပါသည်။ ထိုအထောက်အပံ့ များတွင် အခြေခံလူနေမှုဆိုင်ရာ အထောက်အပံ့များ၊ နေရာထိုင်ခင်း၊ အစား အသောက်နှင့် အနည်းငယ်သော ထောက်ပံ့ကြေးတို့ ပါဝင်ပါသည်။ ထိုအဖွဲ့ များသည် စီဒီအမ်စစ်သည်များကိုသာလျှင် သီးသန့်ထောက်ကူခြင်း မဟုတ် သောကြောင့် ဤနေရာတွင် အသေးစိတ် ဖော်ပြထားခြင်း မရှိပါ။ ထိုအဖွဲ့ အများစုသည် ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက်ကြပြီး အိန္ဒိယ-မြန်မာ နယ်စပ်တွင်ရှိသောသူများကို မဆိုထားနှင့် ပြည်တွင်းတွင် ရှိနေသောသူများ ကိုပင် ထောက်ပံ့ခြင်းမပြုနိုင်ကြပါ။45 ဆက်လက်ပြီး စွန့်ခွာဘက်ပြောင်းမှုများ နှင့် စွန့်ခွာဘက်ပြောင်းသူများကို အဓိကထားသည့် အဖွဲ့အစည်းငယ် နှစ်ခု အကြောင်း အကျဉ်းချုံးဖော်ပြထားပါသည်။
ပိတောက်ဖူးနှင့် Breaking Brainwashed
ပိတောက်ဖူးသည် အထက်တွင် မိတ်ဆက်ခဲ့သော မစုသစ်မှ စတင်ခဲ့သည့် အဖွဲ့ အစည်းတစ်ခုဖြစ်ကာ ၎င်း၏ အမျိုးသား ဗိုလ်ကြီးထက်မြတ်သည် ပြည်သူ့ စစ်သားများအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပါသည်။ ဤအဖွဲ့ငယ်လေးသည် လူဦး ရေ (၂၀-၃၀) ခန့်အား ထောက်ပံ့လျက်ရှိပြီး စားဝတ်နေရေးအတွက် တစ်ဦး လျှင် မြန်မာငွေကျပ် (၃၀၀,၀၀၀) ခန့်ကုန်ကျပါသည်။ ၎င်းတို့သည် “၁၅ နှစ် တာ မှတ်မှတ်ရရများ” အမည်ရှိ စာအုပ်တစ်အုပ်ကို ထုတ်ဝေခဲ့ပြီး Breaking Brainwashed အစီအစဉ်တွင် စစ်တပ်မှ ၎င်း၏ တပ်ဖွဲ့ဝင်များအား မည်သို့ မည်ပုံ အယူဝါဒသွတ်သွင်းကြောင်း ရေးတင်ကာ စစ်တပ်၏ ဝါဒဖြန့်မှုကို တန်ပြန်တိုက်ခိုက်ရန် ယူကျူ့ချန်နယ်တစ်ခုလည်း တည်ထောင်ထားပါသည်။ ကျွန်ုပ်တို့ တွေ့ဆုံမေးမြန်းခဲ့သောသူများထဲမှ သုံးဦးသည် စစ်တပ်မှ စွန့်ခွာ ဘက်ပြောင်းပြီးနောက် Breaking Brainwashed နှင့် အတူတကွ အလုပ် လုပ်ခဲ့ကြောင်း ဆိုခဲ့ကြပါသည်။
စစ်တပ်မှစွန့်ခွာဘက်ပြောင်းမှုကိုထောက်ပံ့နေသည့်အမည်မခံထားသောအဖွဲ့
ဤလျှို့ဝှက်အဖွဲ့အစည်းငယ်သည် တာဝန်ထမ်းဆောင်ဆဲ စစ်သည်များနှင့် စွန့်စွန့်စားစား တိုက်ရိုက်ချိတ်ဆက်ကာ စွန့်ခွာဘက်ပြောင်းမှုအရေးကို တိုက် တွန်းနှိုးဆော်လျက်ရှိပါသည်။ ၎င်းတို့သည် စစ်သည်များ စွန့်ခွာဘက်ပြောင်းမှု မပြုမီနှင့် စွန့်ခွာဘက်ပြောင်းပြီးနောက်ပိုင်းအတွက် စိတ်ပိုင်းဆိုင်ရာ တိုင်ပင် ဆွေးနွေးမှုများကိုလည်း ပြုလုပ်ပေးနေပါသည်။ ၎င်းတို့သည် တပ်တွင်း အမိန့် မနာခံမှုများ တိုးလာစေရန်နှင့် အခြားသော တော်လှန်သည့် နည်းလမ်းများ ဖြစ်ပေါ်လာစေရန် တွန်းအားပေးနေသည့် ဖရဲသီးကမ်ပိန်းနောက်ကွယ်က အဓိကအဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်ပါသည်။ ၎င်းတို့၏ အဓိကရည်မှန်းချက်သည် စစ်တပ်အတွင်းသို့ ထိုးဖောက်ရန်ဖြစ်ပြီး အများပြည်သူကို တိုက်တွန်းနှိုးဆော် ရန် မဟုတ်သောကြောင့် လူသိမခံကြဘဲ အင်တာဗျူးများ ဖြေကြားခြင်းမျိုး လည်း နည်းပါးပါသည်။
စစ်တပ်သို့ ဝင်ရောက်ခြင်း
အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းနှင့် ကလေးစစ်သားများ စုဆောင်းခြင်း သည် စစ်တပ်ထဲတွင် ကာလရှည်ကြာဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များ ဖြစ်သလို ကျွန်ုပ်တို့ တွေ့ဆုံမေးမြန်းခဲ့သည့် အချို့သောသူများသည် အသက် (၁၈) နှစ် မပြည့်ခင်တွင် တပ်ထဲသို့ စုဆောင်းခံခဲ့ရသည် ဆိုသော်လည်း အများစု၏ စစ်တမ်းအဖြေများထဲတွင် ၎င်းတို့စစ်တပ်သို့ ဝင်ရောက်ရခြင်း၏ အကြောင်း အရင်းများမှာ သာမန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ရပ် အဖြစ်သာ ဖော်ပြကြသည်။ တာဝန်ထမ်းဆောင်လိုခြင်း၊ အလုပ်တစ်ခုခု ရှာဖွေခြင်းနှင့် ပညာရေးအခွင့် အလမ်းတို့သည် အဓိကအကြောင်းအရင်းများ ဖြစ်ကြပါသည်။
၂၀၁၁ ခုနှစ်မှာ ဆယ်တန်းအောင်တော့ ဘာလုပ်လို့ လုပ်ရမှန်း မသိခဲ့ဘူး … တီးတိန်က သူငယ်ချင်းက သတင်းစာထဲမှာ ကွန်ပျူတာဒီပလိုမာတပ်ကြပ်စာရေးခေါ်နေတဲ့ ကြော်ငြာကို ပြတဲ့အခါ တော်တော်စိတ်ဝင်စားသွားခဲ့ပါတယ်။ ကျွန်တော့်မှာ ဘာဖြစ်ချင်တယ်ရယ်လို့ ရည်မှန်းချက် မည်မည်ရရ မရှိခဲ့ပါ ဘူး။ ရုံးကောင်းကောင်းတစ်ရုံးမှာ ယူနီဖောင်းသပ်သပ်ရပ်ရပ် ဝတ်ပြီး အလုပ်လုပ်ချင်တာပဲ ရှိခဲ့တာ။ ကျွန်တော့်အနေနဲ့ စစ်တပ်အကြောင်းရော သူတို့ရဲ့ ကြီးနိုင်ငယ်ညှဉ်း အစဉ်အလာ ကိုရော မသိခဲ့တဲ့အတွက် တပ်ထဲဝင်ခဲ့တာပါ။46
လူငယ်များစွာ၏ ဘဝနေထိုင်ရာတွင် ဆင်းရဲမွဲတေမှု ပြဿနာများသည်လည်း ၎င်းတို့ကို တပ်ထဲသို့ဝင်ရောက်စေရန် လှုံ့ဆော်မှုတစ်ရပ် ဖြစ်ခဲ့ပါသည်။
ကျွန်တော့်မိသားစုက ကျွန်တော့်ကို တပ်ထဲဝင်ဖို့ ဖိအားပေးကြ တယ်။ သူတို့က ဆင်းရဲတွင်းထဲ ရောက်နေကြတာ။ ကျွန်တော်တို့ အဖိုးဆုံးသွားတော့ ကျွန်တော်တို့ရဲ့ အနာဂတ်ကို ကြည့်ရှုစောင့် ရှောက်ပေးမယ့်သူ ဘယ်သူမှ မရှိတော့ဘူး။ အဲဒါနဲ့ပဲ ကျွန်တော့်ကို DSA လျှောက်ဖို့ ပြောကြတယ်။ အစောပိုင်းမှာ ကျွန်တော် ငြင်း သေးပေမဲ့ နောက်ပိုင်းတော့လည်း တပ်ထဲဝင်ဖို့ဖိအားပေးကြတော့ ဟိုပုံးက တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းကို ရောက်သွားတာပါပဲ။47
တချို့မှာမူ ကနဦးကတည်းက အမှားတစ်ခုအဖြစ် ရှင်းပြပြောဆိုခဲ့ကြပါသည်။
ကျွန်တော် ဆယ်တန်းမအောင်ခင်မှာ အိမ်နဲ့ ကတောက်ကဆတ် ဖြစ်ပြီး ရွေးချယ်မှု မှားသွားခဲ့တယ်။ ကျွန်တော် တပ်ထဲဝင်ခဲ့ပေမဲ့ စစ်တပ်အကြောင်း ဘာမှသိလို့တော့ မဟုတ်ဘူး။ ဝင်ဝင်ပြီးချင်းပဲ မှားသွားပြီဆိုတာကို ချက်ချင်းသိလိုက်တယ်။ တပ်ထဲဝင်တဲ့အချိန် ကျွန်တော့်အသက် (၁၇) တောင် မပြည့်သေးဘူး။ ကျွန်တော့် အသက်မပြည့်သေးတာကို အကြောင်းပြပြီး ထွက်ဖို့ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။48
စစ်တပ်သည် ရှစ်လေးလုံးအရေးတော်ပုံနှင့် ၁၉၈၈ အာဏာသိမ်းမှုအပြီးတွင် တက္ကသိုလ်များကို နှစ်နှစ်တိုင်တိုင်ပိတ်ထားခဲ့ပါသည်။ ၁၉၉၆ မှ ၁၉၉၈ အတွင်း ကျောင်းသားသပိတ်မှောက်မှုများကြောင့်လည်း တက္ကသိုလ်များကို နောက် ထပ် သုံးနှစ် ထပ်မံပိတ်ထားခဲ့ပါသည်။49 ထိုကာလများအတွင်းတွင် အမျိုးသား လူငယ်အများစု တပ်ထဲဝင်ခဲ့ကြပါသည်။ ကျွန်ုပ်တို့ တွေ့ဆုံမေးမြန်းခဲ့သည့်သူ များထဲမှ ၁၉၉၇ မှ ၂၀၀၁ အကြားတွင် တပ်ထဲဝင်ခဲ့သော သုံးဦး၏ အဆိုအရ ထိုကာလတွင် တက္ကသိုလ်ပညာရေးရရှိရန်မှာ တပ်ထဲဝင်သည့် နည်းလမ်း တစ်ခုသာရှိကြောင်းဆိုခဲ့ကြပါသည်။
တက္ကသိုလ်တွေက များသောအားဖြင့် ပိတ်ထားကြပြီးတော့ အလုပ်အကိုင်အခွင့်အလမ်းကလည်း များများစားစားမရှိခဲ့ဘူး … တိုင်းပြည်ရဲ့ စီးပွားရေးကလည်း ကိုယ့်ဘက်မှာ မရှိတော့ ကိုယ်က တခြားတက္ကသိုလ်တွေ တက်ချင်တယ်ဆိုရင် တော်တော်ကြီး ရုန်းကန်ရမှာ။ အဲဒါတွေက (ကျွန်တော့်ကို ၂၀၀၁ ခုနှစ်မှာ တပ်ထဲ ဝင်ဖို့ တွန်းပို့ခဲ့တဲ့) အဓိကအကြောင်းအရာတွေပါပဲ။50
ယခုတွင်လည်း လက်ရှိအာဏာသိမ်းစစ်တပ်နှင့် အာဏာသိမ်းမှု ဆန့်ကျင် တော်လှန်မှုများကြောင့် နိုင်ငံတစ်ဝန်းရှိ ပညာရေးကဏ္ဍသည် နိမ့်ပါးလာနေပြီး လူငယ်များစွာနှင့် ကျောင်းသူကျောင်းသားများစွာသည်လည်း အထက်တွင် ဆိုခဲ့သည့်အတိုင်း ပညာရေးအခွင့်အလမ်းများ နည်းပါးကာ အသက်မွေးဝမ်း ကျောင်း အလုပ်အကိုင်များ ရှေ့ဆက်တိုးမရနိုင်သည့် အခြေအနေမျိုးထဲသို့ ကျရောက်နေပါသည်။ သို့သော်လည်း စီဒီအမ်သည် ကျောင်းသူကျောင်းသား များ၊ ဆရာဆရာမများနှင့် နိုင်ငံ့ဝန်ထမ်းများကို စစ်တပ်ကျောထောက်နောက် ခံပြုထားသည့် မည်သည့်အဖွဲ့အစည်းနှင့်မျှ လက်ပွန်းတတီးမရှိစေရန် အားပေး တိုက်တွန်းထားသည့်အတွက် လက်ရှိအခြေအနေသည် အထက်တွင် ဆိုခဲ့ သောအခြေအနေနှင့် ကွာခြားမှုရှိနေပြီး အနာဂတ်ကျောင်းသားလောင်းများ သည် စစ်တပ်၏ ပညာရေးအဖွဲ့အစည်းများထဲသို့ အုံလိုက်ကျင်းလိုက် ဝင်ရောက်နေခြင်းမျိုးကို မတွေ့မြင်ရပေ။
ဆိုရလျှင် ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်းကတည်းက စစ်တပ်သည် လူသစ်စုဆောင်းရန် အခက်ကြုံနေခဲ့ပါသည်။ အစိုးရဌာနများအတွင်းတွင် လူ အင်အားလိုအပ်မှုမြင့်မားသည့်အတွက် အထက်လူကြီးများသည် အာဏာသိမ်း မှု မတိုင်ခင်က လူသစ်တစ်ယောက်စုဆောင်းတိုင်း လာဘ်ငွေ အမေရိကန် ဒေါ်လာ (၁,၀၀၀) မှ (၂,၅၀၀) ကြားရရှိခဲ့ကြပါသည်။ ယနေ့တွင် စစ်ကောင်စီ သည် နိုင်ငံ့ဝန်ထမ်းနှင့် လက်နက်ကိုင်တပ်များအတွက် ဝင်ရောက်ရန် လိုအပ် သည့် အရည်အချင်းလိုအပ်ချက်ကို လျှော့ချခဲ့ရပါသည်။ သုတေသီ Lian Bawi Thang ၏ ဖော်ပြချက်အရ —
အာဏာသိမ်းမှုမတိုင်မီ မြန်မာစစ်သင်တန်းကျောင်း (၃) ကျောင်း ဖြစ်သည့် စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ်တို့၏ ကျောင်းသားလက်ခံသည့် နှုန်း မှာ (၁၀) ရာခိုင်နှုန်း ဖြစ်ပါသည်။ ထိုကျောင်းများသည် လျှောက် လွှာ များစွာ လက်ခံရရှိလေ့ရှိပြီး ခန့်မှန်းခြေ နှစ်စဉ် လျှောက်လွှာ ပေါင်း (၁၂,၀၀၀) ခန့် ဖြစ်ပါသည်။ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်တွင် ၎င်းတို့သည် လျှောက်လွှာ အစောင် (၁၀၀) ခန့်သာ ရရှိခဲ့ပြီး အများစုမှာ စစ်တပ်မိသားစုများမှ ဖြစ်ကြပါသည်။ ရလဒ် အနေဖြင့် ၎င်းကျောင်းများသည် လျှောက်လွှာပိတ်ရက်ကို နောက် ဆုတ်ခဲ့ပြီး နောက်ထပ် လျှောက်လွှာများ တင်လာရန် မျှော်လင့်ခဲ့ ကြပါသည်။ ဆေးပညာအသိုင်းအဝန်းကို ပြန်လည်တည်ဆောက် ရန် ကြိုးပမ်းသည့်အနေဖြင့် ဝင်ခွင့်လိုအပ်ချက်များကိုလည်း လျှော့ချခဲ့ပါသည်။ ၂၀၂၂ ခုနှစ် ဇွန်လတွင် ဆယ်တန်းအောင်ခဲ့ သော်လည်း ဆေးတက္ကသိုလ်ဝင်ရန် အရည်အချင်းမမီသည့် ကျောင်းသားများကို ဆေးကျောင်းလျှောက်ကြရန် တိုက်တွန်း သည့် ကြေညာချက်တစ်စောင်ကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ပါသည်။51
မြန်မာနိုင်ငံတွင် စီးပွားရေးကျပ်တည်းနေပြီး ပညာရေးအခွင့်အလမ်းများ ကျ ဆင်းလာနေသော်လည်း လူငယ်များသည် စစ်တပ်အဖွဲ့အစည်းများသို့ ဝင် ရောက်ခြင်းမရှိဘဲ အခြားလမ်းများကိုသာ ရွေးချယ်နေကြပါသည်။ ပညာရေး အခွင့်အလမ်း မရှိတော့သော လူငယ်များအနေဖြင့် စစ်တပ်ကို ပြန်တိုက်ခိုက် မည့် နိုင်ငံတစ်ဝန်းရှိ PDF နှင့် ERO များသို့ ဝင်ရောက်နိုင်ခြေ ပိုများပါသည်။
ကျွန်ုပ်တို့တွေ့ဆုံမေးမြန်းခဲ့သူများအား ၎င်းတို့အနေဖြင့် နိုင်ငံတကာ သင်တန်းနည်းပြများထံမှ စစ်ဘက်ဆိုင်ရာသင်တန်းပို့ချမှုများ ရရှိခဲ့ခြင်း ရှိ၊ မရှိ မေးမြန်းခဲ့သည့်အခါတွင် (၄၇) ဦးထဲမှ (၁၀) ဦး (၂၁ ဒသမ ၃ ရာခိုင်နှုန်း) က ရရှိ ခဲ့ကြောင်း ဆိုခဲ့ပါသည်။ သင်တန်းနည်းပြအများစုမှာ တရုတ်နှင့် ရုရှားမှ ဖြစ်ပြီး (တစ်နိုင်ငံမှ ငါးဦးစီ) အိန္ဒိယမှ (၄ ဦး) နည်းပြများလည်း ပါဝင်ပါသည်။52 ၂၀၂၂ တွင် ရုရှားမှ ယူကရိန်းကို ကျူးကျော်မှုကြောင့် ရုရှား၏ မြန်မာနိုင်ငံသို့ စစ် ဘက်ဆိုင်ရာ ထောက်ပံ့မှု လျော့နည်းသွားခြင်း ရှိ၊ မရှိ အချို့သော လေ့လာ စောင့်ကြည့်သူများမှ မေးခွန်းထုတ်ခဲ့ကြပါသည်။ ၎င်းအချက်သည် ဖြစ်နိုင်ခြေ ရှိသော်ငြားလည်း Justice for Myanmar မှ “မြန်မာ့အရေးတွင် ရုရှားနိုင်ငံ၏ ပါဝင်ပတ်သက်မှုသည် မြင့်တက်လာခဲ့ပြီး … ၎င်းအချက်သည် မြန်မာနိုင်ငံအား ရုရှားနိုင်ငံအနေဖြင့် စီးပွားရေးပိတ်ဆို့မှုများ ကို ရှောင်လွှဲရန် အသုံးပြုနိုင်မည့် ဈေးကွက်တစ်ခုအဖြစ် လျာထားခြင်း ဖြစ်နိုင်ကြောင်း” ဆိုခဲ့ပါသည်။53 ရုရှား၏ ပံ့ပိုးကူညီမှုတွင် စစ်ဘက်ဆိုင်ရာသင်တန်းများ ဆက်လက်ပို့ချနေမှု ရှိ၊ မရှိ မသေချာသော်လည်း ၎င်းအချက်ကို အနီးကပ်စောင့်ကြည့်သင့်ပါသည်။
စစ်တပ်မှ ထွက်ခွာစေသည့် တွန်းအားများ
စစ်မှုထမ်းတစ်ဦးအား စစ်တပ်မှ စွန့်ခွာစေမှုပြုရန် မည်ကဲ့သို့သော အကြောင်း များက တွန်းပို့သည်ကို နားလည်နိုင်ရန် ၎င်းတို့ အဘယ်ကြောင့် စစ်တပ်မှ ထွက်ခွာခဲ့သည်၊ စစ်တပ်ထဲတွင် မည်ကဲ့သို့သော စိန်ခေါ်မှုများ ရှိခဲ့သည်နှင့် မည်သို့မည်ပုံ စွန့်ခွာဘက်ပြောင်းနိုင်ခဲ့သည် စသည့် မေးခွန်းအချို့ကို စွန့်ခွာ ဘက်ပြောင်းလာခဲ့သည့် စစ်သည်များအား မေးမြန်းခဲ့ပါသည်။ ကျွန်ုပ်တို့ တွေ့ဆုံမေးမြန်းခဲ့သည့် စစ်မှုထမ်းများကို စစ်တပ်မှ စွန့်ခွာ ဘက်ပြောင်းစေခဲ့ သည့် အဓိကအချက်များမှာ စီဒီအမ်၊ ကိုယ်ကျင့်တရားဆိုင်ရာ အသိစိတ်နှင့် နိုင်ငံရေးရပ်တည်ချက်၊ အချင်းချင်းကြားနှင့် မိသားစုထံမှဖိအားနှင့် စနစ်တကျ ဖွဲ့စည်းတည်ဆောက်ထားသော တရားမမျှတမှုတို့ကြောင့် ဖြစ်ပါသည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှု (စီဒီအမ်)
ကျွန်ုပ်တို့တွေ့ဆုံမေးမြန်းခဲ့သူများထဲမှ ထက်ဝက်ခန့် (အယောက် ၅၀ ထဲမှ ၂၁ ယောက်) သည် အာဏာဖီဆန်ရေးလှုပ်ရှားမှု (စီဒီအမ်) သည် ၎င်းတို့ကို စွန့်ခွာ ဘက်ပြောင်းမှု ပြုလုပ်စေခဲ့သည့် တွန်းအားဖြစ်ကြောင်း ဖော်ပြခဲ့ကြပါသည်။ စီဒီအမ်အကြောင်း သိရှိခဲ့သည့်အကြောင်းအရင်းမှာ ပြည်သူ့စစ်သားနှင့် ပြည်သူ့ရင်ခွင်တို့ကို အသီးသီးထူထောင်ခဲ့ကြကာ စစ်တပ်မှ အစောဆုံး စွန့်ခွာ ဘက်ပြောင်းခဲ့ကြသူများ ဖြစ်ကြသည့် ဗိုလ်ကြီးညီသုတနှင့် ဗိုလ်ကြီး လင်းထက်အောင်တို့ကြောင့် ဖြစ်နိုင်ပါသည်။ စီဒီအမ်သည် အာဏာသိမ်းမှု စတင်ပြီး နှစ်ရက်မြောက် ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် ပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဝန်ထမ်းများ အလုပ်သမားသပိတ်မှောက်ခဲ့သည့် ဖြစ်စဉ်မှ စတင်ခဲ့ ပါသည်။ ၎င်းသပိတ်သည် ပျံ့နှံ့သွားခဲ့ပြီး အစိုးရဌာနများမှ သိန်းနှင့်ချီသော နိုင်ငံ့ဝန်ထမ်းများ အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် အလုပ်ထွက်ကြ သည့် ဖြစ်ရပ်ဆီသို့ ဦးတည်သွားခဲ့ပါသည်။ စီဒီအမ်စစ်သည်များနှင့် ရဲဝန်ထမ်း များသည် ကနဦးတွင် သပိတ်မှောက်သူများ၏ သံသယဝင်မှုများ၊ မယုံကြည်မှု များဖြင့် ဆက်ဆံခံခဲ့ကြရသော်လည်း NUG နှင့် သပိတ်ခေါင်းဆောင်များသည် စွန့်ခွာဘက်ပြောင်းလာသော စစ်သားများအား အာဏာသိမ်းမှုကို ဆန့်ကျင် တော်လှန်သည့် ဘက်တော်သားများအဖြစ် ကြိုဆိုခဲ့ကြပါသည်။
စီဒီအမ်ဝင်ဖို့ (ကျွန်တော် အလုပ်ထွက်ခဲ့တယ်)။ ထွက်ဖို့အတွက် အကြံကတော့ အရင်ကတည်းက ရှိပေမဲ့ အခြေအနေ သိပ် မကောင်းတာနဲ့ ဘယ်သူ့ကိုမှ မပြောရဲခဲ့ဘူး။ သူတို့ အဲဒီတုန်းက လုပ်နေခဲ့တာတွေကို မကြိုက်တာနဲ့ ကိုယ်ဟာကိုယ် ထွက်ဖို့ပဲ စီစဉ်ဖြစ်ခဲ့တယ်။54
အံ့သြစရာကောင်းလှစွာပင် အချို့သောစစ်သည်များသည် အာဏာသိမ်းမှု နောက်ပိုင်း ဒီမိုကရေစီရေးလှုပ်ရှားမှုသပိတ်များတွင် ပါဝင်ခဲ့ကြောင်း ဆိုခဲ့ကြ ပါသည်။
အာဏာသိမ်းမှုဖြစ်တော့ ကျွန်တော် (စစ်တပ်လိုင်းခန်း) အပြင်မှာ ပဲ ရှိသေးတယ်။ အဲဒါနဲ့ ကျွန်တော် ဆန္ဒပြပွဲတွေမှာ သုံးရက် လိုက်ခဲ့ ပါတယ်။ ကျွန်တော့် မိဘတွေက ကျွန်တော့်ကို တကယ့် အမှန် တရားနဲ့ ဘယ်တော့မှ မျက်ခြည်မပြတ်စေဖို့ အမြဲဆုံးမခဲ့ပါတယ်… အာဏာသိမ်းပြီးနောက် ကျွန်တော်တို့ တပ်ရင်းမှူးက ကျွန်တော် တို့ကို အပြင် (တပ်အပြင်) ပေးမထွက်တော့ဘူး… ကျွန်တော် တပ် ထဲ ပြန်ရောက်သွားပြီး လွတ်မြောက်နယ်မြေတွေဆီ ထွက်ပြေး နိုင်ဖို့ အခွင့်အရေးကို စောင့်ခဲ့ပါတယ်။55
နိုင်ငံတစ်ဝန်းသို့ ပျံ့နှံ့ရောက်ရှိသွားခဲ့သည့် တစ်တိုင်းပြည်လုံးပါဝင်ခဲ့သော စီဒီအမ်လှုပ်ရှားမှုသတင်းသည် စစ်မှုထမ်းအများအပြားထံသို့လည်း ရောက်ရှိ သွားခဲ့ပါသည်။ ပြင်ပမှ သတင်းအချက်အလက်ရရှိခြင်းသည် ၎င်းတို့ စစ်တပ်မှ စွန့်ခွာဘက်ပြောင်းမှု ပြုလုပ်ရန်အတွက် အကြောင်းအရင်း တစ်ရပ်ဖြစ်ခဲ့ ကြောင်း ဆိုခဲ့ကြပါသည်။
ကျွန်တော်လားရှိုးမှာ တာဝန်နဲ့ ရောက်နေတုန်းက အင်တာနက် ပေါ်မှာ ဘာတွေဖြစ်နေလဲဆိုတာ ကြည့်ဖို့ အပြင်ခိုးထွက်ပြီး ဖုန်း သုံးခဲ့ရပါတယ်။ ကျွန်တော် အကုန်မြင်ခဲ့တယ်။ အဲဒါနဲ့ ကျွန်တော့် ဦးလေးတွေဆီ ဆက်သွယ်ပြီး အပြင်မှာ ဖြစ်နေတာတွေ မှန်၊ မမှန် မေးကြည့်ခဲ့ပါတယ်။ ဖြစ်ပျက်နေတာတွေကို သိသွားတဲ့အခါကျ ကျွန်တော် တော်တော်ဒေါသထွက်သွားခဲ့တယ်။ အဲဒါကြောင့် ကျွန်တော် ထွက်ခဲ့တာပါ။56
အမှီအခိုကင်းသော သတင်းအချက်အလက်ရရှိရန်နှင့် အရပ်သားများနှင့် နီးကပ်သော ဆက်ဆံရေးရှိမှုသည် စစ်သားများ၏ ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်တွင် အလွန်အရေးပါသည့် အချက်ဖြစ်ပုံပေါ်ပါသည်။ ကျွန်ုပ်တို့ တွေ့ဆုံမေးမြန်းခဲ့မှုတစ်လျှောက်တွင် စစ်သည် (၁၄) ဦးမှ ပြင်ပသတင်း အချက်အလက်ကို လက်လှမ်းမီရရှိခြင်းသည် ၎င်းတို့ စွန့်ခွာဘက်ပြောင်းမှု အပေါ် လွှမ်းမိုးခဲ့သည့် အချက်တစ်ချက်အဖြစ် ဖော်ပြပြောဆိုခဲ့ကြပြီး လက်ရှိ တာဝန်ထမ်းဆောင်ဆဲ စစ်သည်များအား ဆက်သွယ်နိုင်မည့် နည်းလမ်း အမျိုး မျိုးတို့၏ အရေးကြီးပုံကို အလေးထား ပြောဆိုခဲ့ကြပါသည်။
ကိုယ်ကျင့်တရားဆိုင်ရာ အသိစိတ်နှင့် နိုင်ငံရေးရပ်တည်မှု
ကျွန်ုပ်တို့တွေ့ဆုံမေးမြန်းခဲ့သူများထဲမှ (၂၀) ဦးသည် ၎င်းတို့၏ ကိုယ်ကျင့် တရားဆိုင်ရာ အသိစိတ်အား ၎င်းတို့ကို စစ်တပ်မှ စွန့်ခွာဘက်ပြောင်းစေခဲ့ သည့် တွန်းအားပေးသောအချက်ဟု ဆိုခဲ့ကြပါသည်။ တွေ့ဆုံမေးမြန်းခဲ့သော စစ်သည်များထဲမှ နှစ်ဦးကမူ ၎င်းတို့လူမျိုးများကို သတ်ဖြတ်ခြင်းအား ၎င်းတို့ ကို တွန်းအားပေးခဲ့သည့်အချက်အဖြစ် ဖော်ပြခဲ့ကြပါသည်။ တွေ့ဆုံမေးမြန်းခဲ့ သူများထဲမှ များစွာသည် အာဏာသိမ်းမှုနောက်ပိုင်း ဆန္ဒပြသူများကို သတ်ဖြတ်နှိပ်စက်မှုများသည် ၎င်းတို့၏ အသိစိတ်အပေါ် သက်ရောက်မှု ရှိခဲ့သည်ဟု ဖော်ပြခဲ့ကြပါသည်။
(ကျွန်တော် ထွက်ခဲ့တာက) ဆန္ဒပြမှုတွေကို ဖြိုခွင်းတာ ပိုမိုကြမ်း တမ်းလာလို့ပါ။ သူတို့က ပြည်သူတွေကို သတ်ပြီး သတင်းစာ ရှင်းလင်းပွဲမှာ သူတို့လုပ်တာကို တရားကြောင်း ပြောဆိုခဲ့ကြပါ တယ်။ ကျွန်တော် အဲဒါကို အရမ်းမုန်းတာ။57
စစ်သည်များစွာသည် စစ်တပ်မှ ဆန္ဒပြသူများအပေါ် ကျူးလွန်သည့် ရက်စက် ကြမ်းကြုတ်မှုများကို တိုက်ရိုက်တွေ့မြင်ခဲ့ကြပါသည်။ အချို့သောသူများသည် မီဒီယာမှတစ်ဆင့် သို့မဟုတ် အခြားသော စုံစမ်းမှုပုံစံမျိုးများမှတစ်ဆင့် သိရှိခဲ့ ကြပါသည်။
စစ်တပ်က လူ (၃၀) ကျော်ကို အရှင်လတ်လတ် မီးရှို့သတ်ခဲ့ တယ်လို့ ကြားခဲ့ရတယ်။ ကျွန်တော် အဲဒါကို သိရပြီး အပြင်ကို စုံစမ်းကြည့်ဖို့ ထွက်ခဲ့တယ်။ ထိခိုက်ခဲ့ရတဲ့သူတွေနဲ့ နေရပ်စွန့် ခွာရွှေ့ပြောင်းနေရသူတွေ (IDP) ကို ကျွန်တော် မေးကြည့်ခဲ့ တယ်။ ကျွန်တော်တို့ စစ်သားတွေအကုန်လုံးကို သူတို့က လူသတ်သမားတွေလို့ပဲ မြင်တာကို ကျွန်တော် သိခဲ့ရတယ်။58
အချို့သောသူများသည် စစ်တပ်နှင့် နိုင်ငံရေးရပ်တည်ချက် မတူညီခဲ့ကြသလို များစွာသောသူများမှာ အာဏာသိမ်းမှုနှင့် အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့ကြ ပါသည်။ တွေ့ဆုံမေးမြန်းခဲ့သူများထဲမှ (၁၇) ဦးမှာ ၎င်းတို့၏ နိုင်ငံရေးရပ်တည် ချက်အား စစ်တပ်မှ စွန့်ခွာခဲ့ရသည့် တွန်းအားပေးသော အချက်တစ်ချက် အဖြစ် ဖော်ပြခဲ့ကြပါသည်။ ၎င်းတို့ထဲမှ ရှစ်ဦးမှာ အာဏာသိမ်းမှုကို ဆန့်ကျင် ကြောင်းဖော်ပြခဲ့ကြကာ ငါးဦးမှာ အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်းဆိုခဲ့ ကြပြီး လေးဦးမှာ ဒီမိုကရေစီလိုလားကြောင်း ပြောဆိုခဲ့ကြပါသည်။ အချို့သော သူများမှာ စစ်တပ်မှ ရွေးကောက်ပွဲအား ပယ်ဖျက်မှုကို သိသာထင်ရှားသော အချက်တစ်ချက်အဖြစ် မှတ်ချက်ပြုခဲ့ကြပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရနေစဉ် ၂၀၁၆-၂၀၂၁ ကာလအတွင်းမှာ စစ်တပ်အတွင်း ပြောင်းလဲမှုတွေ ရှိခဲ့ပါတယ်။ အမူအကျင့်တွေ လုံးဝကြီး ပြောင်းလဲသွားတာမျိုး မဟုတ်ပေမဲ့ အပြောင်းအလဲ အသေးလေးတွေတော့ ရှိခဲ့ပါတယ်။ ကိုယ်မှန် တယ်ထင်ရင် ပြန်ပြောလို့ရခဲ့ပါတယ်။ အာဏာသိမ်းပြီး နောက် ပိုင်းမှာတော့ သူတို့က လူတွေကို သေနတ်နဲ့ ပစ်တယ်၊ သတ်တယ်၊ ညမှာ အိမ်တွေကို ဝင်စီးပြီး လူတွေကို ဝင်ဖမ်းတယ်။ ပြီးတော့ လမ်းမှာ ရပ်ထားတဲ့ ကားမှန်တွေကို ရိုက်ခွဲတာမျိုးတွေ လုပ်ခဲ့ ကြပါတယ်။ အဲဒီလို တရားမမျှတမှုမျိုးကို ကျွန်တော် ထိုင်ကြည့် မနေနိုင်ခဲ့ဘူး။ ဆက်နေရတာ မှန်တယ်လို့ မထင်တော့လို့ ကျွန်တော် ထွက်လာခဲ့တာပါ။59
စစ်တပ်မှ စွန့်ခွာဘက်ပြောင်းလာသူများစွာသည် ၎င်းတို့ တာဝန်ထမ်းဆောင် စဉ်က တွေ့ကြုံခဲ့ရသည့် စစ်တပ်၏ တရားမဝင် သို့မဟုတ် မှားယွင်းသော ဆောင်ရွက်ချက်များကို ဖော်ထုတ်ပြောဆိုခဲ့ကြပါသည်။ တွေ့ဆုံမေးမြန်းခဲ့သူ များထဲမှ (၅၇) ရာခိုင်နှုန်းသည် တာဝန်ထမ်းဆောင်နေခဲ့စဉ်တွင် ၎င်းတို့အနေ ဖြင့် တရားမဝင် သို့မဟုတ် မှားယွင်းသည်ဟုယူဆသော အလုပ်များ လုပ် ဆောင်ခဲ့ရကြောင်း ထုတ်ဖော်ဝန်ခံခဲ့ကြပြီး (၇၁) ရာခိုင်နှုန်း မှ ၎င်းတို့အနေဖြင့် တရားမဝင် သို့မဟုတ် မှားယွင်းသည်ဟု ယူဆသော အလုပ်များကို ၎င်းတို့ လုပ်ဖော်ကိုင်ဖက်များမှ လုပ်ဆောင်ခဲ့သည်ကို မျက်မြင်တွေ့ရှိခဲ့ကြောင်း ဆိုခဲ့ ကြပါသည်။ ထို့နောက် ပါဝင်ဖြေဆိုသူ (၇၀) ရာခိုင်နှုန်းမှ ၎င်းတို့ အထက်အရာ ရှိများအနေဖြင့် တရားမဝင် လုပ်ဆောင်ချက်များ လုပ်ဆောင်ခဲ့ကြောင်းကို ပြောဆိုခဲ့ကြပါသည်။ ၎င်းအလုပ်များထဲမှ ပါဝင်ဖြေဆိုသူ (၁၆) ဦးနှင့် အများ ဆုံး ပြောဆိုခဲ့သည့် အလုပ်မှာ မဖြစ်နိုင်သော သို့မဟုတ် တရားမျှတမှုမရှိသော အမိန့်များပေးခံရမှုဖြစ်ပြီး (၁၃) ဦးမှ တရားမဝင်သော ဖမ်းဆီးထိန်းသိမ်းမှု သို့မဟုတ် အကျဥ်းချမှု၊ (၆) ဦးမှ ရိုက်နှက်နှိပ်စက်မှုနှင့် (၅) ဦးမှ မတရား သတ်ဖြတ်မှု စသည်ဖြင့် ဖြေကြားခဲ့ကြပါသည်။ အထက်ပါအဖြစ်အပျက်များ တွင် (၇၂) ရာခိုင်နှုန်း သည် ၎င်းတို့အထက်အရာရှိများမှ ပေးအပ်သောအမိန့် များကို လိုက်နာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။
ရှေ့တန်းမှာ အိမ်တွေကို မီးရှို့တယ်။ သူတို့တွေ အဲဒီလိုမျိုး မလုပ်သင့်ဘူး။ လူတစ်ယောက်အနေနဲ့ အိမ်တစ်လုံး ပိုင်ဖို့ ဆိုတာ လွယ်တာ မဟုတ်ဘူး။ အဲဒီလို လုပ်ခံရတော့ သူတို့တွေ စိတ်တိုမှာပေါ့။ စစ်တပ်က ရန်သူကို ရှာမတွေ့တဲ့အခါကျတော့ လွယ်လွယ်ကူကူ ရှာလို့ရတဲ့အရာတွေကိုပဲ ပစ်မှတ်ထားကြ တယ်။ (လူကို) ပစ်မှတ်ရှင်းအောင် အိမ်တွေကို မီးရှို့တာမျိုး လည်း ရှိကြတယ်။ တစ်ခါတလေ တစ်ဖက်ကလူတွေက အိမ် တွေထဲမှာ ပုန်းပြီး စစ်သားတွေကို ပစ်တဲ့အခါ အဲဒီအိမ်တွေကို မီးရှို့တာမျိုးလည်း ရှိတယ်။ အောက်ခြေစစ်သားတွေက သူတို့ ကို အထက်အရာရှိတွေရဲ့ အမိန့်ကြောင့် လုပ်ကြတာလို့ ပြော ကြပြီး အရာရှိတွေကကျတော့လည်း သူတို့အထက်လူကြီးတွေ က အမိန့်ပေးလို့လုပ်ရတာလို့ ပြောကြပြန်တယ်။60
ထို့အပြင် (၈၀) ရာခိုင်နှုန်းသော ပါဝင်ဖြေဆိုသူများသည် ၎င်းတို့၏ တပ်ရင်း တပ်ဖွဲ့များတွင် တရားမဝင်မူးယစ်ဆေးဝါးသုံးစွဲမှုရှိကြောင်း ဖော်ပြခဲ့ကြပြီး (၉၈) ရာခိုင်နှုန်းသည် ၎င်းတို့၏ တပ်ရင်းတပ်ဖွဲ့များတွင် အရက်အလွန်အကျွံ သောက်သုံးမှုများရှိကြောင်း ဖော်ပြခဲ့ကြပါသည်။ ပါဝင်ဖြေဆိုသူများစွာမှ ၎င်းတို့ စွန့်ခွာဘက်ပြောင်းခြင်း မပြုမီ အမိန့်များကို လိုက်နာခဲ့ခြင်း မရှိကြောင်း ဖော်ပြခဲ့ကြပါသည်။ သို့သော်လည်း ထိုကဲ့သို့အမိန့်များကို မလိုက်နာရခြင်းမှာ ကိုယ်ကျင့်တရားအရ မလိုက်နာခြင်းလော သို့မဟုတ် လိုက်နာလိုစိတ် မရှိမှု ကြောင့်လော သို့မဟုတ် အခြားသော အကြောင်းပြချက်များကြောင့်လော မရှင်းလင်းပေ။ မည်သို့ပင်ဆိုစေကာမူ အမိန့်များ မလိုက်နာခြင်း၊ တစ်စိတ် တစ်ပိုင်း အာဏာဖီဆန်ခြင်းနှင့် လိမ်ညာခြင်းတို့သည် တွေ့ဆုံမှုများ တစ်လျှောက် ဖြေဆိုမှုများသော အချက်များ ဖြစ်သည်။
အချင်းချင်းကြားနှင့် မိသားစုထံမှ ဖိအား
အချင်းချင်းကြားနှင့် မိသားစုဝင်များထံမှ လွှမ်းမိုးမှုသည် စစ်သားများအနေဖြင့် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းမှုများအတွက် ဆုံးဖြတ်ချက်များ ချရာတွင် အရေး ပါပါသည်။ မေးမြန်းကြည့်သည့်အခါတွင် ဖြေဆိုသူများထဲမှ (၇၀) ရာခိုင်နှုန်း သည် စစ်တပ်မှစွန့်ခွာရန် ဆုံးဖြတ်ချက်ကို ၎င်းတို့ တစ်ဦးတည်းချခဲ့ခြင်း မဟုတ်ကြောင်းဆိုခဲ့ကြပြီး (၄၂) ရာခိုင်နှုန်းက ၎င်းတို့ သူငယ်ချင်းများ သို့မဟုတ် မိသားစုဝင်များမှ စစ်တပ်မှ စွန့်ခွာဘက်ပြောင်းမှုပြုလုပ်ရန် တိုက်တွန်းအားပေးခဲ့ကြောင်း ဆိုခဲ့ကြပါသည်။
ကျွန်တော့်ကောင်မလေးက စစ်တပ်က ဆန္ဒပြပွဲတွေမှာ လူသတ်နေတဲ့ ဗီဒီယိုတွေကို ခဏခဏ ပို့တယ်။… တော်လှန်ရေးစခဲ့တဲ့အခါ သူက စီဒီအမ်ဝင်မှ ကျွန်တော်နဲ့ ဆက်တွဲနိုင်မယ်လို့ ပြောခဲ့တယ်။61
အခြားသော ပါဝင်ဖြေဆိုသူများသည်လည်း စစ်တပ်မှ စွန့်ခွာဘက်ပြောင်းရန် ဆုံးဖြတ်ရာတွင် ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များ၊ အထက်အရာရှိများနှင့် တိုင်ပင်ခဲ့ကြကြောင်း ဆိုခဲ့ကြပါသည်။ ပံ့ပိုးပေးမည့် မိတ်ဆွေသူငယ်ချင်း သို့မဟုတ် မိသားစုဝင်မရှိသည့် အချို့သော စစ်သားများသည် စွန့်ခွာ ဘက်ပြောင်းမှုများကို ပံ့ပိုးသည့်အဖွဲ့များ မပေါ်လာခင်အထိ စွန့်ခွာဘက် ပြောင်းမှု ပြုလုပ်ရန် တွန့်ဆုတ်နေခဲ့ကြောင်း ဆိုခဲ့ကြပါသည်။ ပြည်သူ့ ပန်းတိုင်နှင့် ပြည်သူ့ရင်ခွင်ကဲ့သို့အဖွဲ့များ တည်ရှိနေမှုသည် စစ်သည်များအား စစ်တပ်မှ စွန့်ခွာနိုင်ရန် သတ္တိရှိစေခဲ့ပါသည်။
ကျွန်တော် ၂၀၂၁ ဧပြီလကတည်းက စီဒီအမ်လုပ်ချင်ခဲ့ပေမယ့် အဲဒီ တုန်းက ပြည်သူ့စစ်သားလိုမျိုး အဖွဲ့အစည်း မရှိတော့ ဘယ်ကို သွားရမလဲ မသိခဲ့ဘူး။[62
စစ်တပ်အတွင်းက မတရားမှုများ
စစ်တပ်ထဲတွင် အမှုထမ်းရခြင်း၏ စိန်ခေါ်မှုများနှင့်ပတ်သက်ပြီး မေးမြန်း သောအခါတွင် ဖြေဆိုသူအများစု (၇၂ ရာခိုင်နှုန်း) က စနစ်အတွင်း မတရား မှုများဖြစ်သည့် အကျင့်ပျက်ခြစားမှု၊ ခွဲခြားဆက်ဆံမှု၊ အဖွဲ့အစည်းအတွင်း ကမောက်ကမဖြစ်မှု၊ စားနပ်ရိက္ခာမလုံလောက်မှု၊ အဓမ္မအလုပ်ခိုင်းစေမှု၊ လူနေမှုအဆင့်အတန်း နိမ့်ကျမှု၊ ပုဂ္ဂိုလ်ရေးအရ ညှဉ်းပန်းနှိပ်စက်မှု၊ အသွား အလာ ကန့်သတ်မှုများ၊ အထောက်အပံ့ မရှိမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံ ရမှု၊ တရားမျှတမှုမရှိသော အမိန့်များကို အတင်းအကျပ် နာခံရမှုနှင့် အခြားသော ဖိနှိပ်မှုပုံစံများစွာကို ဖော်ပြခဲ့ကြပါသည်။
စာရွက်ထဲမှာတော့ ကျွန်တော်တို့ကို နှစ်ပတ်လည်ခွင့် တစ်နှစ် ကို နှစ်ခါပေးတယ်လို့ ရေးထားတာပေါ့။ တကယ်တမ်းတော့ အဲဒီလို ခွင့် မရပါဘူး။ လစာက နည်းတယ်။ စားဖို့အတွက် ရိက္ခာကလည်း လုံလုံလောက်လောက် မရှိဘူး။ နေရာထိုင်ခင်း အခြေအနေကလည်း တော်တော်လေး စိတ်ပျက်စရာ ကောင်းတယ်။ တပ်ရင်းမှူးတွေက နေ့တိုင်း အမိန့်နဲ့ ခိုင်းနေပြီး တကယ်ကို ခံပြင်းစရာ ကောင်းတယ်။ အရာရှိတွေက အဆင့်နိမ့်စစ်သားတွေရဲ့ လုပ်အားကို အဖိုးအခမပေးဘဲ အသုံးချကြတယ်။ ကျွန်တော်တို့က တပ်ရင်းမှူးအိမ်မှာ အိမ်မှု ကိစ္စနဲ့ ကြက်ခြံမှာ အလုပ်လုပ်ရတယ်။ ရှေ့တန်းက စစ်သား တွေကိုလည်း ခြောက်လတစ်ကြိမ် အလှည့်ကျလဲပေးရမယ်လို့ သတ်မှတ်ထားပေမယ့် လဲမပေးကြပါဘူး။63
စစ်မှုထမ်းများအတွက် အခမဲ့ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြား သော အကျိုးခံစားခွင့်များနှင့်ပတ်သက်ပြီး ချွေးသိပ်မှုများ ရှိသော်လည်း ဤ စနစ်ထဲတွင် ကြီးပြင်းလာသူတွေက ၎င်းတို့ မိသားစုဝင်များ ရင်ဆိုင်ကြုံတွေ့ နေရသော မတရားမှုများကို မြင်တွေ့နေရသည်။ ဖြေဆိုသူ (၈၁) ရာခိုင်နှုန်းက အမျိုးသမီးနှင့် ကလေးငယ်များသည် စစ်တပ်ထဲတွင် ဆိုးဆိုးရွားရွား ဖိနှိပ် ဆက်ဆံခံရသည်ဟု ဆိုကြသည်။ အထူးသဖြင့် ရာထူးနိမ့်သော စစ်သားများ၏ ဇနီးများသည် မကြာခဏဆိုသလို အထက်အရာရှိများ၏ အိမ်များတွင် အဓမ္မ စေခိုင်းမှုခံနေရသည်။ “အကြီးတန်းအရာရှိများက ၎င်းတို့၏ လက်အောက်ငယ် သားများကို ကိုယ်ထိလက်ရောက် ညှဉ်းပန်းနှိပ်စက်မှုများနှင့် သူတို့ကိုယ်ကျိုး အတွက် ငွေကြေးခေါင်းပုံဖြတ်ခြင်းများ ပြုကြသည်”64 ဟု စိုင်းလတ်ကဆို သည်။ဤပြဿနာများသည် စစ်တပ် စတင်ဖွဲ့စည်းချိန်ကတည်းက ပေါ်ပေါက် လာဖွယ်ရှိသော်လည်း ထိုအကျင့်စရိုက်သည် ယနေ့အချိန်အထိ ဆက်လက် တည်ရှိနေခဲ့သည်။
ကျွန်တော်က စစ်တပ်ထဲမှာ ကြီးပြင်းလာခဲ့ရတော့ ကျွန်တော့် အမေက အရာရှိတွေရဲ့ မိန်းမတွေရဲ့ အဝတ်အစားတွေ လျှော်ခဲ့ ရတာ မြင်ဖူးတယ်။ အမေ့ကို မပြောချင်ပေမယ့် သူ့ကြည့်ရတာ အိမ်ဖော်သာသာပါပဲ။ ကလေးတွေကလည်း မိဘတွေရဲ့ ရာထူး နေရာအလိုက် ခွဲခြားဆက်ဆံခံရတယ်။ သူတို့ကလေးတွေကို သူတို့လိုဖြစ်အောင် ပြုစုပျိုးထောင် ပေးကြတယ်။ ကျွန်တော့် အမေက သူတို့အတွက် ကျွန်တစ်ယောက်လို အလုပ်လုပ်ခဲ့ရ တယ်။ အဲဒါကြောင့် (ကျွန်တော် အိမ်ထောင်ပြုတော့) ကျွန်တော့်မိန်းမကို စစ်တပ်ထဲ မခေါ်သွင်းခဲ့တာ။65
ပါဝင်ဖြေဆိုသူများအတွက် စစ်တပ်အတွင်းမှ ကာလကြာရှည် မတရားခံရမှု သည် ၎င်းတို့ စစ်တပ်မှ စွန့်ခွာဘက်ပြောင်းရန် တွန်းအားပေးသည့် အကြောင်း အရင်းအဖြစ် ပြောပြခဲ့သော်လည်း အများစုမှာ စနစ်ထဲတွင် နှစ်ပေါင်းများစွာ ဆက်လက်ရှိနေခဲ့ပြီး မတရားနှိပ်စက်မှုမျိုးစုံကို ခံစားနေကြရပါသည်။ စစ်တပ် မှ စွန့်ခွာဘက်ပြောင်းရန် အတားအဆီးများနှင့် ပြစ်ဒဏ်များသည် မြင့်မားပါ သည်။ ၂၀၂၁ အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ ရက်စက်ကြမ်းကြုတ်မှုများက စစ်သားအများအပြားကို စစ်တပ်မှ စွန့်ခွာဘက်ပြောင်းရန် တွန်းအားပေးခဲ့ပါ သည်။
ကျွန်တော် စစ်တပ်ကထွက်ဖို့ အကြောင်းရင်းတွေက အမြဲရှိနေ ခဲ့တယ်။ ဒီအဖွဲ့အစည်းက မှားနေတယ်ဆိုတာ အမြဲသိနေ တယ်။ မတရားတဲ့ အမိန့်တွေကို လိုက်နာခဲ့ရပြီး ကျွန်တော့်ကို သူတို့ အမြဲချုပ်နှောင်ထားခဲ့တယ်။ စစ်တပ်က ထွက်ချင်ခဲ့ပေ မယ့် အခွင့်အရေး မရခဲ့ဘူး။ အထောက်အပံ့မရှိတဲ့ ကျွန်တော့် လိုလူအတွက် လွတ်မြောက်ရေးလမ်းကြောင်းရှာဖို့ မဖြစ်နိုင်ပါ ဘူး။ ကျွန်တော့်ကို အဓိကစေ့ဆော်တဲ့ အချက်ကတော့ အာဏာသိမ်းမှုဖြစ်ရပ်ပါပဲ။ အဲဒါကပဲ စစ်တပ်ကထွက်ဖို့ ကျွန်တော်ရဲ့ ဆုံးဖြတ်ချက်ကို ခိုင်မာစေခဲ့တယ်။66
စစ်တပ်မှ စွန့်ခွာဘက်ပြောင်းပြီးနောက် ဖြေဆိုသူအချို့က (၎င်းတို့ စစ်တပ် အတွင်းရှိစဉ်က နှစ်ပေါင်းများစွာတိုင် ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြသော) တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) လက်ထဲတွင် စစ်တပ်နှင့် မတူကွဲပြားခြားနားစွာဆက်ဆံခံရမှုကို ထောက်ပြခဲ့ပါသည်။ စစ်တပ်အတွင်း ယုတ်ညံ့စွာ ဆက်ဆံခံရပုံနှင့် တော်လှန်ရေးအဖွဲ့များ လက်ထဲတွင် ဖော်ရွေစွာ ဆက်ဆံခံရပုံကို နှိုင်းယှဉ်ပြခြင်းသည် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းရန် ဆွဲဆောင်နိုင်ရေး အသုံးပြုသည့် နည်းဗျူဟာ တစ်ရပ်ဖြစ်ပါသည်။
ကျွန်တော် စစ်တပ်ထဲမှာ ဖိနှိပ်ခံခဲ့ရတယ်။ အစားအသောက်က တော်တော်ဆိုးတယ်။ ကျွန်တော် ဒီ ERO ကို ရောက်ကတည်း က နေ့တိုင်း ရေချိုးလို့ ရပြီး တစ်နေ့ ထမင်းသုံးနပ်စားရတယ်။ ရေသောက်ချင်သလောက် သောက်လို့ရတယ်။ အကျင့်စာရိတ္တ ကောင်းပြီး သူတို့အပေါ် ရိုးသားသရွေ့တော့ သူတို့က ကျွန်တော့်ကို လုံခြုံမှုပေးတယ်။67
စစ်တပ်မှ စွန့်ခွာဘက်ပြောင်းရန် အတားအဆီးများ
ကျွန်ုပ်တို့ တွေ့ဆုံမေးမြန်းမှုများတွင် ဖြေဆိုသူများ မီးမောင်းထိုးပြသည့် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းခြင်းအတွက် အဓိကအတားအဆီးလေးခုမှာ ဆက်သွယ်ရေးနှင့် စောင့်ကြည့်ခြင်း၊ ငွေကြေး၊ ဘေးကင်းရေးဆိုင်ရာ စိုးရိမ်မှု များနှင့် ပြစ်ဒဏ်ကို ကြောက်ရွံ့ခြင်းတို့ဖြစ်ကြပါသည်။ ထို့အပြင် အခြားသော အကြောင်းတရားများစွာလည်း ရှိနေသေးကြောင်း ဆိုကြသည်။ စစ်တပ်သည် အယူဝါဒရေးရာမျိုးစုံဖြင့် ဝါဒဖြန့်ခြင်း၊ ပြင်ပသတင်းအချက်အလက်များ ကန့်သတ်ထားခြင်း၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သူများအား ထာဝရရန်သူ အဖြစ် သတ်မှတ်ခြင်း၊ လုံခြုံမှုဖန်တီးပေးခြင်း၊ ရာထူး အထက်အောက် ဆုလာဘ်များပေးခြင်း၊ ရာထူးတိုးပေးခြင်းနှင့် ပြစ်ဒဏ်ပေးခြင်းများ၊ စစ်သား များကို စစ်တပ်ထဲတွင် ထိန်းသိမ်းထားရန် ရည်ရွယ်၍ ခြိမ်းခြောက်ခြင်းများ စသည်တို့ကို ပေါင်းစပ်ပြီး စစ်သားများကို ထိန်းချုပ် ထားပါသည်။
ပုံ (၄)
“စစ်တပ်ထဲက ထွက်ချင်နေတဲ့ အခြားလုပ်ဖော်ကိုင်ဖက်တွေ ရှိပါသလား” မေးခွန်းအတွက် ဖြေဆိုသူများ၏ အဖြေပြဇယား။

ပုံ (၅)
“သင့်ရဲ့ ရဲဘော်ဟောင်းတွေက စစ်တပ်ထဲမှာ ဆက်ရှိနေတာ ဘာကြောင့်လို့သင်ထင်ပါသလဲ” မေးခွန်းအတွက် ဖြေဆိုမှု ဇယား။

ဆက်သွယ်ရေးနှင့် စောင့်ကြည့်ရေး
စစ်သားချင်း စကားပြောဆိုလေ့ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများနှင့် ပတ်သက်၍ မေးမြန်းရာတွင် ဖြေဆိုသူများက ဖုန်းဖြင့် ဆက်သွယ်သူ (၃၀ ဦး)၊ Viber အက်ပလီကေးရှင်းဖြင့် ဆက်သွယ်သူ (၁၉ ဦး) ရှိကြောင်းဖြေကြား ခဲ့ပါသည်။ ဆက်သွယ်မှု အကြိမ်ရေအလိုက် ဖော်ပြထားသော အခြား လမ်းကြောင်းများမှာ SMS ၊ တယ်လီဂရမ်၊ အီးမေးလ်၊ ဖေ့ဘွတ်ခ် မက်ဆင်ဂျာ၊ ရေဒီယို၊ Icon ဟုခေါ်သော အက်ပလီကေးရှင်းနှင့် ကြေးနန်းတို့ ဖြစ်ပါသည်။ နေ့စဉ်လူမှုဘဝတွင် အသုံးပြုသည့် ဆက်သွယ် ရေးလမ်းကြောင်းများ အကြောင်း မေးမြန်းသောအခါ ဖုန်းခေါ်မှုများနှင့် ဖေ့ဘွတ်ခ် မက်ဆင်ဂျာတို့ကို (နှစ်မျိုးလုံး အသုံးပြုသူ ၃၅ ဦး) အများဆုံး ဖော်ပြခဲ့ပါသည်။
ပုံ (၆)
ဖြေဆိုသူများ အခြားစစ်သားများနှင့် ဆက်သွယ်ရန် အသုံးပြုသည့် ဆက်သွယ်ရေးလမ်းကြောင်းများကို ညွှန်ပြထားသည့် ဇယား။

ပုံ (၇)
ဖြေဆိုသူများ စစ်မှုထမ်းစဉ်အခါက မိမိတို့တပ်သားချင်း အသုံးပြုသည့် ဆက်သွယ်ရေးလမ်းကြောင်းများကို ညွှန်ပြထားသည့် ဇယား။

စစ်တပ်သည် ဤဆက်သွယ်ရေးလမ်းကြောင်းများကို စစ်သားများ အလုပ်နှင့် ပတ်သက်သည့် ရည်ရွယ်ချက်များအတွက် အသုံးပြုသည့်အခါတွင် သာမက စစ်သားများ (၎င်းတို့၏ မိသားစုဝင်များပင်) တာဝန်ချိန်ပြင်ပတွင် အသုံးပြု သည်များကိုပါ အနီးကပ် စောင့်ကြည့်နေပါသည်။ ဖြေဆိုသူ စုစုပေါင်း (၃၁) ဦး (၆၂ ရာခိုင်နှုန်း) က ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ ဆက်သွယ်ပြောဆိုမှုများကို နေ့စဉ်စောင့်ကြည့်ခံရကြောင်း ဖော်ပြခဲ့ပါ သည်။ စစ်တပ်က ဆိုရှယ်မီဒီယာနှင့် အီးမေးလ်အကောင့်များ (အမည်နှင့် စကားဝှက်များ အပါအဝင်) စုဆောင်း နေသည်ဟု ဖြေဆိုသူ (၂၀) ဦးက ဖော်ပြခဲ့ပါသည်။ (၁၆) ဦးက ဒီဂျစ်တယ် စောင့်ကြည့်ရေးအကြောင်း ပြောကြားခဲ့ကာ (ထိုအထဲမှ ခုနစ်ဦးက စစ်သား များ၏ အွန်လိုင်းလှုပ်ရှားမှုကို စောင့်ကြည့်ရန် ရည်ရွယ်ထားသည့် စစ်တပ် စောင့်ကြည့်ရေးအဖွဲ့အကြောင်း အလေးပေးပြောကြားသည်)၊ (၁၀) ဦးက ဖုန်း သို့မဟုတ် ဆိုရှယ်မီဒီယာ အသုံးပြုခွင့် လုံးဝမရသည့်ကြောင်း၊ (၉) ဦးက စစ်သားများသည် အခြားသူများ၏ စက်ပစ္စည်းများကို ကိုယ်ထိလက်ရောက် ရှာဖွေမှုများ ရှိကြောင်း ဖော်ပြခဲ့ပါသည်။ အချို့က ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက် များ၏ ဖုန်းခေါ်ဆိုမှုများကို စောင့်ကြည့်နားထောင်ရန် ညွှန်ကြားခံရကြောင်း၊ အချို့က ၎င်းတို့၏ စက်များ သိမ်းဆည်းခံရကြောင်း သို့မဟုတ် ၎င်းတို့ အွန်လိုင်းလှုပ်ရှားမှုနှင့် ပတ်သက်၍ မေးမြန်းခံခဲ့ရကြောင်း ဖော်ပြခဲ့ပါသည်။
စစ်သားတွေရော သူတို့ဇနီးနဲ့ သားသမီးတွေရဲ့ ဖုန်းနံပါတ်တွေ၊ ဖေ့ဘွတ်ခ်နှင့် ဂျီမေးလ်အကောင့်တွေရောကို စာရင်းပေးထား ရတယ်။ မိသားစုဝင်တွေကိုလည်း စစ်သားတွေလိုပဲ ဆိုရှယ် မီဒီယာမှာ စောင့်ကြည့်ခံရတယ်။ စစ်တပ်က အွန်လိုင်း စောင့်ကြည့်ရေးအဖွဲ့တွေ ဖွဲ့ပြီး လုပ်ဆောင်ခဲ့တယ်။68
ထို့ကြောင့် အချို့သော စစ်တပ်မှ စွန့်ခွာဘက်ပြောင်းရန် စဉ်းစားနေသည့် စစ်သားများက ပံ့ပိုးကူညီရေးအဖွဲ့များ သို့မဟုတ် ဘက်ပြောင်းသွားသော သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်ဟောင်းများထံမှ အကူအညီရရေးအတွက် ဒီဂျစ်တယ်ဆက်သွယ်ရေးလမ်းကြောင်းများကို အသုံးပြုရန် ချီတုံချတုံ ဖြစ်နေ သည်ကို နားလည်နိုင်ပါသည်။
ပုဒ်မ (၃၈) အရ တပ်ထဲကနေ (၂၁) ရက် ထက်ပိုပြီး ထွက်သွား ရင် ထောင်ဒဏ် (၅) နှစ်ကနေ (၇) နှစ် အထိ ကျခံရလိမ့်မယ်။ အခု ဆိုရင် သူတို့ ဖရဲသီးကို ကြောက်တယ်။ အဲဒါကြောင့် ဗိုလ်ကြီးတွေက တစ်ခါတစ်ရံမှာ တပ်သားတွေရဲ့ ဆိုရှယ်မီဒီ ယာကို ရှောင်တခင် စစ်ဆေးမှုတွေ လုပ်တယ်။ တပ်သားရဲ့ မိသားစုတွေပါ စစ်တပ်ထဲမှာနေရင် သူတို့အကောင့်တွေပါ စစ်ဆေးခံရတယ်။69
ယခင်က Verint Systems ဟုလူသိများသော အစ္စရေးစုံစမ်းစစ်ဆေးမှုနှင့် ခွဲခြမ်းစိတ်ဖြာရေးကုမ္ပဏီ Cognyte သည် “၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု မတိုင်မီက မြန်မာနိုင်ငံ ဆက်သွယ်ရေးအေဂျင်စီအတွက် စောင့်ကြည့်ရေး ဝန်ဆောင်မှုများ ပေးဆောင်ရန် တင်ဒါအောင်မြင်ခဲ့သောကြောင့် မြန်မာ စစ်တပ်က ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကျူးလွန်ရန် အချိန် ကိုက် အထောက်အပံ့ ဖြစ်သွားခဲ့သည်” မကြာသေးမီကစစ်တပ်နှင့် Pegasus ကွန်ပျူတာသူလျှိုစနစ် (spyware) ဖန်တီးသူ NSO နည်းပညာအဖွဲ့တို့ အကြား သဘောတူညီချက်ကြောင့် ဤဒစ်ဂျစ်တယ်အာဏာရှင်စနစ်သည် ပိုမို ဆိုးရွားလာမည်ဟု မျှော်လင့်ရသည်။70 တဆက်တည်းမှာပင် ပါဝင်ဖြေဆိုသူ အများအပြားသည် ၎င်းတို့ကိုယ်တိုင်နှင့် တာဝန်ထမ်းဆောင်ဆဲ ပုဂ္ဂိုလ်များ အတွက် သတင်းအချက်အလက် မရရှိမှုနှင့် သတင်းမှားများသည် (ဘက် ပြောင်းရန်) အတားအဆီးတစ်ခုဖြစ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ “အင်တာနက် လိုင်းမကောင်းတဲ့ ရှေ့တန်းက တိုက်ပွဲဝင်နေတဲ့သူတွေက အာဏာသိမ်းမှု အကြောင်းကို လုံးဝမသိခဲ့ဘူး။ သူတို့က (အခုချိန်ထိ) ဘာတွေ ဖြစ်နေလဲဆို တာ မသိကြဘူး”71 ထိုသို့ဆိုသော်ငြားလည်း စစ်တပ် နောက်တန်းစခန်းတွင် ပိတ်မိနေသူ အချို့သူများပင်လျှင် မည်သည်တို့ ဖြစ်နေသည်ကို သိရှိခြင်း မရှိကြပေ။
(စစ်တပ်က) တပ်တွင်းသတင်းစီးဆင်းမှုကို ပိတ်ပင်ထားပြီး တော့ အဲဒီအစား တန်းစီချိန်တွေမှာ ဝါဒဖြန့်ဟောပြောမှုတွေ ပြုလုပ်ပါတယ်။ စစ်သားတွေက လုပ်ဖော်ကိုင်ဖက်အချင်းချင်း ရဲ့ ဖိအား၊ (ကိုယ့်တပ်၊ တပ်ရင်း/တပ်ခွဲထံ) သစ္စာစောင့်သိမှုနဲ့ အမှားအမှန်ကို မခွဲခြားနိုင်ခြင်းတွေကြောင့် အဲဒီဝါဒဖြန့်မှုတွေ ကို ယုံကြည်လေ့ရှိတယ်။72
စစ်တပ်စနစ်အတွင်း ဖန်တီးထားသော ကိုကြီး-ညီလေး (စီနီယာ-ဂျူနီယာ) ယဉ်ကျေးမှုသည် စစ်တပ်အတွင်း မကျေနပ်မှုကို ခိုင်မာစေသည့် ရင်းမြစ် တစ်ရပ်ဖြစ်သည်။ သို့သော်လည်း ဤစနစ်သည် စစ်သားများကို ၎င်းတို့၏ အထက်အရာရှိများနှင့် (ရုပ်ပိုင်းရော စိတ်ပိုင်းပါ) ခိုင်မြဲစွာ တုပ်နှောင်ထား သောကြောင့် စစ်တပ်မှ ခွဲထွက်ရန် ပို၍ပင် ခက်ခဲစေပါသည်။ ၎င်းအချက်ကို ပို၍ပင်ခိုင်မာလာစေရန် စစ်တပ်က စစ်သားနှင့် ပြည်သူ နှစ်ရပ်လုံးအပေါ် စစ်တပ်၏ အမျိုးသားရေးဝါဒီ၊ ဗုဒ္ဓဘာသာအယူဝါဒများကို ပိုမိုကျယ်ပြန့်စွာ ဖြန့်ဝေထားပါသည်။ ဤစစ်တပ်၏ ဝါဒဖြန့်မှုတွင် ယုံကြည်မှု ရှိနေခြင်းသည် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းခြင်းအတွက် နောက်ထပ် အတားအဆီးတစ်ခု ဖြစ်နေသလို တပ်ထဲ ဆက်နေရန် ဆုံးဖြတ်ထားသော စစ်သားများစွာသည် စစ်တပ်က ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်သည့် အချင်းအရာနှင့် စပ်လျဉ်းပြီး ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ အလေးထားပူပန်မှု ကင်းမဲ့ကြပါသည်။ အထူးသဖြင့် အပြစ်မဲ့ပြည်သူများကို တိုင်းပြည်နှင့် လူမျိုး ဘာသာ၏ တည်ရှိမှုကို ခြိမ်းခြောက်မှုဟု ယူဆသည့်အခါမျိုးတွင် ဖြစ်သည်။ သို့သော်လည်း “တချို့တွေအတွက်တော့ မချစ်သော်လည်း အောင့်ကာနမ်း”73 ဟူသော မြန်မာစကားပုံကဲ့သို့ပင် ဖြစ်ပါသည်။
ထို့အပြင် စစ်တပ်မှ ချမှတ်ထားသော အလွန်ပြင်းထန် အထီးကျန်ဆန် သော မူဝါဒများသည် စစ်သားများအား စစ်တပ်မှ စွန့်ခွာဘက်ပြောင်းရန် နောက်ထပ် အတားအဆီးတစ်ခုအဖြစ် ရှိနေပါသည်။ စစ်ဆေးရေးဂိတ်များ၊ စစ်တပ်လိုင်းခန်းရှေ့ရှိ အစောင့်များ၊ ညမထွက်ရ အမိန့်များ၊ စစ်တပ်စခန်း အတွင်းမှ ထွက်ခွာခြင်း မပြုရန် တားမြစ်ချက်များနှင့် မိသားစုများအား စစ်တပ် စခန်းများတွင် နေရာချထားခြင်းကဲ့သို့သော ဖွဲ့စည်းပုံဆိုင်ရာ အတားအဆီးများ ဖန်တီးတည်ဆောက်ထားခြင်းကြောင့် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းရန် နေနေ သာသာ စစ်တပ်စခန်းအတွင်းမှ အသိမပေးဘဲ ထွက်ခွာရန်ပင် ခက်ခဲလှသည်။
အိမ်ထောင်သည် စစ်သည်တွေက သူတို့ဇနီးနှင့် မိသားစုတွေ အတွက်ပါ ထည့်စဉ်းစားရတယ်။ ခြေလျင်တပ်သားတွေကို စီဒီအမ်မှာပါဝင်ရင် သူတို့ဇနီးနှင့် သားသမီးတွေကို ထောင်ထဲ ပို့မယ် ဒါမှမဟုတ် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတယ်။74
မည်သို့သော အထောက်အပံ့မျိုးသည် ဘက်ပြောင်းရလွယ်ကူစေမည်နည်းဟု မေးမြန်းသောအခါတွင် ဖြေဆိုသူ ကိုးဦးသည် တပ်မတော် ရှေ့တန်းစခန်းများ မှ ထွက်ခွာရာတွင် အထောက်အပံ့အကူအညီများပေးခြင်းဟု ဖော်ပြခဲ့ပါသည်။ ဤအဖြေသည် ဖြေကြားသူ (၁၂) ဦးဖြင့် အဖြေအများဆုံးဖြစ်သော မိမိ၏ လုံခြုံရေးဆိုသည့် အဖြေပြီးလျှင် ဒုတိယဖြေကြားမှု အများဆုံး အဖြေဖြစ်ပါ သည်။ စစ်တပ်မှ စွန့်ခွာဘက်ပြောင်းရန် စဉ်းစားနေသော်လည်း ရာထူးမှ မစွန့်ရ သေးသော စစ်သည်များအတွက် အတားအဆီးများအကြောင်း မေးမြန်းသော အခါတွင်လည်း ယင်းအချက်ကို ထပ်လောင်း ပြောဆိုခဲ့ပါသည်။ ကျွန်ုပ်တို့၏ ဖြေဆိုသူများ မကြာခဏဖော်ပြသော အတားအဆီးမှာ စခန်းများရှေ့တွင် အစောင့်များနှင့် စစ်ဆေးရေးဂိတ်များ အပါအဝင် စောင့်ကြည့်ခြင်း/တင်းကျပ် သော လုံခြုံရေးအစီအမံများ (၁၄ ဦး) ဖြစ်ပြီး အခြားသော အတားအဆီးများမှာ ဖုန်းခေါ်ဆိုမှုနှင့် ဆိုရှယ်မီဒီယာကဲ့သို့သော ဆက်သွယ်ရေးလမ်းကြောင်းများကို စောင့်ကြည့်ခြင်း၊ စခန်းမှ ထွက်ခွာခြင်းများကို ကန့်သတ်ခြင်းနှင့် တားမြစ်ခြင်း များဖြစ်သည်။ စစ်တပ်က စစ်သားများကို ထိန်းသိမ်းရန် သီးသန့်ခွဲခြားထား သည့် နည်းဗျူဟာသည် အသစ်အဆန်းမဟုတ်သော်လည်း75 ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက ၎င်းကဲ့သို့ဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင် လာခဲ့သည်။ စစ်တပ်မှ စွန့်ခွာဘက်ပြောင်းရန် အဓိကအတားအဆီးတစ်ခု အဖြစ် စောင့်ကြည့်ခြင်း/တင်းကျပ်သော လုံခြုံရေးအစီအမံများကို ဖော်ပြထား သည့် ဖြေဆိုသူ (၁၄) ဦးအနက် (၁၂) ဦးမှာ ၎င်းတို့ စစ်တပ်မှစွန့်ခွာဘက် မပြောင်းမီ စစ်တပ်စခန်းအတွင်း နေထိုင်ခဲ့ကြကြောင်း ဖော်ပြခဲ့ကြပါသည်။
စစ်တပ်ကနေ စွန့်ခွာဘက်ပြောင်းတာတွေကို ကန့်သတ်ဖို့ စစ် တပ်မှာ ကိုယ်ပိုင်အစီအစဉ်တွေရှိတယ်။ တစ်ယောက်ယောက် ကို သံသယရှိရင် သူ့ကို တစ်ယောက်ထဲ ဘယ်တော့မှ မထားဘဲ စောင့်ကြည့်ဖို့ စစ်တပ်အမာခံ တခြားစစ်သား သုံးဦးကနေ ငါးဦးကို တာဝန်ပေးထားတယ်။ အဲဒီလို အခြေအနေမှာ စစ် သားတွေက သူတို့ရဲ့ တပ်ကနေ စွန့်ခွာဘက်ပြောင်းရေး အစီ အစဉ်ကို လုပ်ဖော် ကိုင်ဖက်တွေနဲ့ မတိုင်ပင်ရဲကြဘူး။ သူတို့က တပ်ရင်းမှူးဆီကို သတင်းပို့နိုင်ခြေ အမြဲတမ်းရှိနေတာမို့ စစ်တပ်ကို ဘယ်လောက် မုန်းကြောင်း အရိပ်အမြွက်တောင် မပြောရဲကြဘူး။76
ကျွန်ုပ်တို့၏ ဖြေဆိုသူများ မဖော်ပြထားသော စစ်တပ်မှ စွန့်ခွာဘက်ပြောင်း ခြင်းအတွက် အတားအဆီးတစ်ခုမှာ လေကြောင်းခရီးဖြင့် နိုင်ငံအတွင်းမှ ထွက်ခွာရန် စိန်ခေါ်မှုဖြစ်ပါသည်။ မြန်မာနိုင်ငံဥပဒေအရ အစိုးရဝန်ထမ်းတိုင်း သည် ၎င်းတို့ နိုင်ငံကူးလက်မှတ်များကို ၎င်းတို့၏ ဌာနများသို့ လွှဲပြောင်းပေး ထားရပြီး နိုင်ငံခြားသို့ ခရီးသွားခွင့်ကိုလည်း လျှောက်ထားရယူကြရသည်။77 သက်ဆိုင်ရာဝန်ကြီးဌာနသည် ၎င်းတို့၏ ခရီးသွားလာရခြင်း အကြောင်းအရင်း ကို စစ်ဆေးမည်ဖြစ်ပြီး သင့်လျော်သည်ဟု ယူဆပါက ၎င်းတို့အား အစိုးရ ကိုယ်စားလှယ်အဖြစ် သတ်မှတ်ကာ နိုင်ငံကူးလက်မှတ်ကို ထုတ်ပေးမည်ဖြစ် သည်။78 ယင်းက ငွေကြေးတတ်နိုင်သော စစ်သားများ (အထူးသဖြင့် အရာရှိ ကြီးများ) ကို လေယာဉ်ဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာခွင့် ပိတ်ပင်ထားသည်။
ငွေကြေးဆိုင်ရာ ထည့်သွင်းစဉ်းစားရမှုများ
ကျွန်ုပ်တို့၏ အင်တာဗျူးများတစ်လျှောက်တွင် ထပ်ခါတလဲလဲ ပြောကြား သည့် အကြောင်းမှာ စစ်တပ်မှ စွန့်ခွာဘက်ပြောင်းခြင်း၏ နောက်ထပ် အတားအဆီးတစ်ခုမှာ စစ်တပ်ကို စွန့်ခွာခြင်းကြောင့် ဖြစ်ပေါ်လာမည့် ငွေကြေးဆိုင်ရာ ဂယက်ရိုက်ခတ်မှုများဖြစ်ပါသည်။ စစ်သားများသည် ၎င်းတို့ နှင့် ၎င်းတို့၏ မိသားစုများအတွက် အဓိကဝင်ငွေလမ်းကြောင်း ဆုံးရှုံးမည်ကို စိတ်ပူကြပါသည်။ စစ်တပ်မှ စွန့်ခွာဘက်ပြောင်းလာသည့် စစ်သားများကို ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များအနေဖြင့် အဘယ်ကြောင့် စစ်တပ်ထဲတွင် ဆက်လက်နေကြသည်ဟု ထင်ပါသနည်းဟု မေးမြန်းသောအခါ ရှစ်ဦးသည် ငွေကြေးလုံလောက်မှုသည် အရေးကြီးသည်ဟု ဆိုခဲ့ပါသည်။
စစ်တပ်၏ တရားဝင်လစာသည် ရာထူးအဆင့်ပေါ်မူတည်ပါသည်။ အောက်ခြေမှစ၍ အလယ်အလတ်ဆင့် စစ်သားများအတွက် လစာကောင်း ကောင်းရရှိရန်မှာ အလွန်ရှားပါးသည်။ ၎င်းတို့၏ အထက်အရာရှိများက စစ်ဆင်ရေးများအတွင်း ၎င်းတို့အား အရပ်သားများထံမှ ခိုးယူခွင့်မပြုပါက အဆင့်မြင့်အရာရှိများသာ လစာကောင်းကောင်းရကြသည်ဟု ယူဆကြသည်။ ဤသုတေသနအတွက် တွေ့ဆုံမေးမြန်းခဲ့သည့် စွန့်ခွာဘက်ပြောင်းလာသည့် စစ်သား (၄၉) ဦးအနက် (၃၆) ဦး (၇၃ ဒသမ ၅ ရာခိုင်နှုန်း) သည် လစာ ကျပ် တစ်သိန်းမှ သုံးသိန်း ကြားရရှိသည်ဟုဆိုခဲ့ပြီး (၁၃) ဦးမှာ ကျပ် သုံးသိန်းမှ ငါးသိန်းကြား ရှိသည်ဟုဆိုခဲ့ပါသည်။ စစ်တပ်မှ ရာထူးအလိုက် စွန့်ခွာဘက် ပြောင်းလာသည့် စစ်သားများ၏ လစာများကို ကျွန်ုပ်တို့ ခွဲခြမ်းစိတ်ဖြာကြည့် သောအခါ (၃၆) ဦးအနက် (၂၈) ဦးသည် လစာ ကျပ် တစ်သိန်းမှ သုံးသိန်းကြား ရရှိသည်ကို တွေ့ရှိရပြီး ၎င်းတို့မှာ ဖြေဆိုသူများအနက် ရာထူးအနိမ့်ဆုံး သုံး ဆင့်တွင် ရှိသူများ ဖြစ်ကြပါသည်။79 လစာကျပ် သုံးသိန်းမှ ငါးသိန်းကြား ရရှိ သော (၁၃) ဦး အနက် (၇) ဦးမှာ အဆင့်မြင့် ရာထူးရှိသူများ (ရာထူးစဉ်ကြီးငယ် လိုက်အရ ဗိုလ်မှူး၊ ဗိုလ်ကြီး၊ ဒုဗိုလ်နှင့် အရာခံဗိုလ်) ဖြစ်သည်။
ပုံ (၈)
ဖြေဆိုသူများ၏ ရာထူးနှင့် ရာထူးအလိုက်ရရှိသော လစာအစုပြ (ကျပ်ငွေ) ဇယား။

ထို့အပြင် ဖြေဆိုသူ (၃၆) ဦးအနက် လစာကျပ် တစ်သိန်းမှ သုံးသိန်းကြား ရရှိ သော (၂၀) ဦးမှာ မိသားစု၏ တစ်ဦးတည်းသော ဝင်ငွေရှာသူများ ဖြစ်ကြပါ သည်။ ရာထူးကြီးသော စစ်သားများသည် စစ်တပ်ကို စွန့်ခွာကာ ဘက်ပြောင်း ပါက စီးပွားရေးအရဆုံးရှုံးမှု သေချာပေါက် ပိုမိုများပြားမည် ဖြစ်သော်လည်း စစ်သားအများအပြားတွင် ဝင်ငွေရှာရန် အခြားရွေးချယ်စရာနည်းလမ်း မရှိ သည့်အချက်သည် စွန့်ခွာဘက်ပြောင်းရန်အားပေးသော အဖွဲ့များ၏ ထောက်ပံ့ မှုရရှိရန် မသေချာဘဲ စစ်တပ်ကို စွန့်ခွာဘက်ပြောင်းရန်မှာ အဆင့်နိမ့်စစ်သား များအတွက် အတားအဆီးတစ်ခုဖြစ်နေပါသည်။ ထိုသို့လစာနည်းပြီး အခြား ဝင်ငွေရလမ်းမရှိသော စစ်သားများသည် ၎င်းတို့၏ အိမ်ရာ၊ ပညာရေးနှင့် စားနပ်ရိက္ခာအပါအဝင် အခြေခံလူနေမှုဘဝ အထောက်အပံ့များအတွက် စစ် တပ်ကိုမှီခို အားထားနေရသည်။ စစ်တမ်းနှင့် အင်တာဗျူး ပါဝင်ဖြေဆိုသူ အများစုသည် စားနပ်ရိက္ခာ၊ အိမ်ရာနှင့် အခြားသော လိုအပ်မှုများအတွက် စစ်တပ်ကို မှီခိုအားကိုးနေရကြောင်း ပွင့်ပွင့်လင်းလင်းဖော်ပြခဲ့ကြသည်။
ပုံ (၉)
ဖြေဆိုသူများ၏ လစာအစုခွဲ (ကျပ်ငွေ) နှင့် အခြားသောဝင်ငွေရလမ်း ရှိ၊ မရှိ မေးခွန်းအတွက် ၎င်းတို့၏ ဖြေဆိုထားမှုပြဇယား။

ဘေးကင်းလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများ
စစ်တပ်အတွင်း မျိုးရိုးစဉ်ဆက်နေခဲ့သူများ သို့မဟုတ် အခြားရင်းနှီးသော ဆက်ဆံရေးရှိသူများသည် စစ်တပ်မှထွက်ရန် ဆုံးဖြတ်သောအခါ စိန်ခေါ်မှု များနှင့် ပိုမိုရင်ဆိုင်ရပါသည်။ ဖြေဆိုသူ အယောက် (၅၀) အနက် စုစုပေါင်း (၁၆) ဦး (၃၂ ရာခိုင်နှုန်း) တွင် စစ်မှုထမ်းခဲ့သော မိသားစုဝင်များ သို့မဟုတ် ဆွေမျိုးများ ရှိကြပါသည်။ ၎င်းတို့အနက် ငါးဦးသည် စစ်တန်းလျားတွင် ကြီးပြင်းခဲ့ပြီး စစ်တပ်အတွင်းရှိ မူလတန်းကျောင်းများတွင် တက်ရောက်ခဲ့ ကြပါသည်။ ထိုသူများ၏ အဓိကစိုးရိမ်မှုမှာ စစ်တပ်အတွင်း နေထိုင်လျက် ရှိသော ၎င်းတို့မိသားစုများ၏ ဘေးကင်းလုံခြုံရေးအတွက် ဖြစ်ပါသည်။ အချို့မှာ ၎င်းတို့၏ မိသားစုများ စစ်တပ်အိမ်ရာအတွင်း မနေထိုင်သော်ငြား လည်း စစ်တပ်မှ စွန့်ခွာဘက်ပြောင်းသည်ကို သိရှိပါက ၎င်းတို့၏ မိသားစုများ ကြုံတွေ့ရနိုင်သည့် ခြိမ်းခြောက်မှုများကို ကြိုမြင်ခဲ့ကြပါသည်။
စွန့်ခွာဘက်ပြောင်းသူများအဖြစ် စစ်တပ်မှ သတ်မှတ်ခြင်းကို ခံရပါက ၎င်းတို့၏ မိသားစုများကို စစ်ဆေးမေးမြန်းခြင်း သို့မဟုတ် အခြားနည်းဖြင့် နှောင့်ယှက်ခြင်းမျိုး ပြုလုပ်မည်ကို ဖြေဆိုသူအများစုက စိုးရိမ်ကြပါသည်။ ဤအကြောင်းကြောင့် စွန့်ခွာဘက်ပြောင်းရန် မျှော်လင့်ထားသည်ထက် အချိန် ပိုကြာနေရခြင်းဖြစ်သည်ဟု အချို့က ပြောကြပါသည်။ စွန့်ခွာဘက်ပြောင်း ချိန်မှာ ၎င်းတို့တွင် မည်ကဲ့သို့သော စိုးရိမ်ပူပန်မှုများရှိကြောင်း မေးမြန်းသော အခါ (၂၉) ယောက်က မိသားစု၏ ဘေးကင်းလုံခြုံရေးဟု ဆိုကြပါသည်။ ထို့အပြင် (၁၅) ဦးက ၎င်းတို့နှင့် ၎င်းတို့၏ မိသားစုသည် ယခုလက်ရှိနေရာ၌ မလုံခြုံကြောင်းပြောခဲ့ပြီး (၃) ဦးမှာ ၎င်းတို့ ကိုယ်တိုင်က လုံခြုံသော်လည်း ၎င်းတို့မိသားစုမှာ လုံခြုံမှုမရှိကြောင်းဖော်ပြခဲ့သည်။ “ကျွန်တော်စစ်တပ်ကနေ ထွက်လိုက်တာနဲ့ ကျွန်တော်က သူတို့အတွက် စစ်ပြေးဖြစ်သွားပြီ… စစ်သား တွေက ထွက်ပြေးတဲ့သူကိုလိုက်ဖမ်းလို့ မမိရင် သူတို့ရဲ့မိဘတွေကို ဖမ်းတယ်။ ကျွန်တော့်အမေကို ဓားစာခံအနေနဲ့ ခေါ်သွားမှာ ကျွန်တော် အရမ်းစိုးရိမ် တယ်။”80
ပုံ (၁၀)
“သင်နဲ့ သင့်မိသားစုသည် လက်ရှိသင်နေထိုင်ရာနေရာ၌ လုံခြုံနေပါသလား”မေးခွန်းအတွက် အဖြေဇယား။

ထို့အပြင် ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်ဟောင်းများ စစ်တပ်ထဲတွင် အဘယ် ကြောင့် ရှိနေသေးသည်ဟု ထင်မြင်ကြောင်း မေးမြန်းသောအခါ အများဆုံး ဖြေဆိုမှု (၂၂ ဦး) မှာ မိသားစုကို ထည့်သွင်းစဉ်းစားရမှုကြောင့် ဖြစ်ကြောင်း ဆိုခဲ့ကြပါသည်။ ၎င်းအဖြေများအနက် အများစုမှာ စစ်တပ်စခန်းများတွင် မိသားစုများ ကျန်ခဲ့ပါက ၎င်းတို့မိသားစု လုံခြုံရေးအတွက် ဖြစ်ပေါ်လာနိုင် သော ခြိမ်းခြောက်မှုများကို ဖော်ပြခဲ့သည်။
စစ်တပ်ကနေ စွန့်ခွာဘက်ပြောင်းမှု မလုပ်ခင်မှာ စဉ်းစားစရာ တွေ အများကြီးရှိတယ် … ကျွန်တော်တို့ တစ်ယောက်တည်း စွန့်ခွာ ဘက်ပြောင်းရင် ကျွန်တော်တို့ မိသားစုကို စစ်တပ်က ဖမ်းသွားမှာကို စိုးရိမ်တယ်။ စစ်တပ်ထဲမှာနေတာက ကျွန်တော်တို့အတွက် လုံခြုံတဲ့နေရာဖြစ်တယ်။ ကျွန်တော်တို့ ရုံးထဲမှာ အလုပ်လုပ်ရုံနဲ့ လစာရပြီး သက်သောင့်သက်သာ နေနိုင်ပါတယ်။ နောက်ဆုံးမှာတော့ လူတိုင်းက ကိုယ့်အတွက် ကိုပဲ တွေးကြတာပါပဲ။81
စွန့်ခွာဘက်ပြောင်းသူများသည် ၎င်းတို့၏ မိသားစုလုံခြုံရေးအတွက် စိတ်ပူ သကဲ့သို့ ၎င်းတို့ကိုယ်တိုင်၏ လုံခြုံရေးအတွက်လည်း စိတ်ပူကြပါသည်။ စုစု ပေါင်း (၂၈) ဦးက စစ်တပ်မှ စွန့်ခွာဘက်ပြောင်းသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ ၏ လုံခြုံရေးကို အဓိကစိုးရိမ်ကြောင်း ဖော်ပြကြသည်။ အစဉ်လိုက် ဖော်ပြရ သော် ဖမ်းဆီးခံရမှာကို ကြောက်ရွံ့ခြင်း (၂၂ ဦး)၊ အသက်အန္တရာယ် စိုးရိမ်ခြင်း (၅ ဦး)၊ ညှဉ်းပန်းနှိပ်စက်ခံရမည်ကို ကြောက်ရွံ့ခြင်း (၂ ဦး) နှင့် ဥပဒေ အကာ အကွယ် လိုအပ်ခြင်း (၁ ဦး) တို့ ဖြစ်ပါသည်။
ပုံ (၁၁)
မိမိလုံခြုံရေးနှင့်ပတ်သက်၍ ဖြေဆိုသူများ၏ စိုးရိမ်ပူပန်မှုများ။

စစ်တပ်မှ စွန့်ခွာဘက်ပြောင်းခြင်းအတွက် ပြစ်ဒဏ်များ
စစ်တပ်က အရပ်သားများအပေါ် ကျူးလွန်သည့်အကြမ်းဖက်မှုများတွင် ကျင့်ဝတ်နှင့် အတွေးအခေါ်အရ လက်မခံနိုင်ဖွယ် ဖြစ်သော်လည်း ယခင် ဖော်ပြထားသည့် အခြားအကြောင်းအရာများအရ စစ်သားများ၏ ဘေးကင်း လုံခြုံရေးအတွက် စိုးရိမ်မှုသည် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းရန် အတားအဆီး တစ်ခုအဖြစ် ရှိနေပါသည်။ စွန့်ခွာဘက်ပြောင်းခြင်းအတွက် စစ်တပ်မှပေးသော ပြစ်ဒဏ်သည် ပြင်းထန်ရက်စက်ပြီး စစ်တပ်သည် စွန့်ခွာဘက်ပြောင်းသူများ ကို ခြေရာခံကာ ၎င်းတို့နှင့် ပတ်သက်ဆက်နွှယ်သူတိုင်းကို အလားတူအပြစ် များပေးတတ်သော နာမည်ဆိုးဖြင့် ကျော်ကြားပါသည်။ စစ်တပ်မှ စွန့်ခွာ ဘက်ပြောင်းသူများ၏ မိသားစုများအပေါ် ဂယက်ရိုက်ခတ်မှုများမှာ ပြင်းထန် ပြီး စစ်တပ်မှ ထွက်လာပြီးနောက် ၎င်းတို့ကို ခြေရာခံရန်ကြိုးစားနေသည့် စစ်တပ်၏ ကိုယ်ပိုင်အကောင့်များကို စစ်သားဟောင်းတချို့က ကျွန်ုပ်တို့ကို ပေးထားပါသည်။82 စစ်တပ်မှ စွန့်ခွာဘက်ပြောင်းခြင်းအတွက် ပြစ်ဒဏ်မှာ မည်သည်ဖြစ်သည်ကို မေးသောအခါ အများစုအဖြေသည် ထောင်ဒဏ် (၃၈ ဦး) ၊ ပြီးနောက် သေဒဏ် (၁၉ ဦး) ဟု ဖြေကြပါသည်။ ဖြေဆိုသူထဲမှ စုစုပေါင်း (၁၆) ဦးသည် စွန့်ခွာဘက်ပြောင်းခြင်းအတွက် ပြစ်ဒဏ်မှာ အခြေအနေ အချိန် အခါပေါ်မူတည်ကြောင်း အလေးပေးပြောပြထားပါသည်။ အဆိုပါ (၁၆) ဦး ထဲမှ (၈) ဦးသည် စစ်တပ်မှစွန့်ခွာဘက်ပြောင်းရာ၌ လက်နက် ပါ၊ မပါသည် ပြစ်ဒဏ်အတွက် အဆုံးအဖြတ်ပေးသည့်အချက်ဖြစ်ကြောင်းပြောသည်။
ခင်ဗျား စစ်တပ် နောက်တန်းက ထွက်ထွက် ရှေ့တန်းက ထွက်ထွက် လက်နက် မပါရင် အသေးအဖွဲကိစ္စပဲ။ ထောင် ခဏကျပြီး ရှေ့တန်းကို ပြန်ပို့လိုက်မှာပါ။ ဒါပေမဲ့ ကျွန်တော် တို့က စီဒီအမ်မှာ ဆက်ပါဝင်လာတဲ့အတွက် အနည်းဆုံးတော့ ထောင်ဒဏ်ကျမယ် ထင်ပါတယ်။ လက်နက်မပါဘဲ စစ်တပ်ကို စွန့်ခွာဘက်ပြောင်းခဲ့လို့ ကျွန်တော်တို့ကိစ္စက အရမ်းတော့ မကြီးမားပါဘူး။83
လက်နက်နှင့်တကွ စစ်တပ်မှ စွန့်ခွာဘက်ပြောင်းသူများအတွက် ပြစ်ဒဏ် သည် သိသိသာသာမြင့်မားသော်လည်း ဤသည်မှာ လက်နက်ကိုင် တော်လှန် ရေးလှုပ်ရှားမှုအတွက် ယခင်ဖော်ပြခဲ့သည့်အတိုင်း ငွေကုန်ကြေးကျသက်သာ သော၊ ပိုမိုလိုလားသော လက်နက်ရရှိနိုင်သည့် နည်းလမ်းဖြစ်ပါသည်။ လက် နက်နှင့်တကွ စစ်တပ်မှ စွန့်ခွာဘက်ပြောင်းလာသော စစ်သားများအား ဘက် ပြောင်းရန် အားပေးတိုက်တွန်းသောအဖွဲ့များက ငွေသားဆုများ ပေးအပ်ခြင်း ကဲ့သို့ ဆုချီးမြှင့်သည့် အစီအစဉ်များစွာရှိပါသည်။ လက်တွေ့တွင် အမှန်တ ကယ်ချီးမြှင့်သည့် ပမာဏများကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း (အမျိုး သားညီညွတ်ရေးအစိုးရမှ ကြော်ငြာထားသော နှုန်းထားများသည် လက်တွေ့ တွင် စိတ်ကူးယဉ်သာသာဖြစ်သည်) အချို့သော ခန့်မှန်းချက်များအရ ချီးမြှင့် ငွေသည် အမေရိကန်ဒေါ်လာ (၁၀၀၀)84 ဝန်းကျင်ဖြစ်ပြီး ၎င်းမှာ ရိုင်ဖယ် သေနတ်များ၏ ဈေးကွက် ပေါက်ဈေးထက် သုံးဆခန့် နိမ့်နေသည်။
စစ်တပ်မှ စွန့်ခွာဘက်ပြောင်းခြင်း၏ အကျိုးဆက်များ
ဖြေဆိုသူများကို စစ်တပ်မှ စွန့်ခွာဘက်ပြောင်းခြင်းကြောင့် မည်သည့်အရာ များ ဆုံးရှုံးခဲ့ရသည်ဟု ထင်မြင်ကြောင်း မေးမြန်းသောအခါ အများစုမှာ မည်သည်မှ ဆုံးရှုံးမှု မရှိပါ (၁၈ ဦး) ဟုဖြေကြပါသည်။ ဒုတိယအများဆုံး အဖြေမှာ စုဆောင်းထားသောငွေကြေးများ ဆုံးရှုံးသည် (၁၁ ဦး) ဟုဖြေကြ ပါသည်။ ကျွန်ုပ်တို့ မျှော်လင့်ထားခဲ့သည့် အဖြေအများစုမှာ အဓိကအားဖြင့် ဘေးကင်းလုံခြုံရေး၊ ဝင်ငွေနှင့် စစ်တပ်ဘဏ်များရှိ စုဆောင်းထားသော ငွေ များ ဆုံးရှုံးရမှုတို့ဖြစ်ပါသည်။ သို့သော် လူအများစုဖြေသည့် စွန့်ခွာဘက် ပြောင်းခြင်းကြောင့် “မည်သည်မှ မဆုံးရှုံးပါ” ဟူသော အဖြေကို အနီးကပ် သုံးသပ်ကြည့်ပါက အာဏာသိမ်းပြီးကတည်းက ၎င်းတို့နှင့် ၎င်းတို့၏ လုပ်ဖော် ကိုင်ဖက်များက အရပ်သားများကို ဆက်ဆံပုံနှင့်ပတ်သက်ပြီး ကျင့်ဝတ်နှင့် စာရိတ္တပိုင်းဆိုင်ရာ ပျက်ပြားမှုများအပေါ် စိတ်မကျေမနပ်ဖြစ်မှုများ ထပ်တလဲ လဲဖြစ်နေသည်ကို တွေ့ရပါသည်။ စစ်အာဏာရှင်စနစ်၊ စစ်တပ်၏ အာဏာ သိမ်းမှုနှင့် လွန်ခဲ့သည့် နှစ်နှစ်အတွင်း ပြည်သူအပေါ် ဆက်ဆံမှုများကို မကျေ နပ်ချက်များသည် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းသည့်အချိန်တွင် တစ်စုံတစ်ရာ ဆုံးရှုံးသွားသည်ဟု မခံစားရခြင်းနှင့် တိုက်ရိုက်ပတ်သက်သော အကြောင်းရင်း များဖြစ်ပါသည်။ (တစ်ဦးမှ ဆုံးရှုံးသည်ဟု မခံစားရသည့်အပြင် ၎င်းတို့အတွက် တစ်ခုခုတိုးလာသည်ဟု ခံစားရကြောင်းပြောသည်) “စစ်တပ်က ထွက်ခဲ့တာ ဆုံးရှုံးမှုတစ်ခုလို့ မခံစားရပါဘူး။ ကျွန်တော် စစ်သားတစ်ယောက်အနေနဲ့ စစ်မှု ထမ်းတုန်းက မှန်ကန်တဲ့ လုပ်ရပ်ကို မလုပ်ခဲ့ဘူး” ဟု ပါဝင်ဖြေဆိုသူတစ်ဦးက ပွင့်ပွင့်လင်းလင်းပြောခဲ့သည်။85 နောက်တစ်ဦးက “စစ်တပ်က သူ့အလုပ်သူ မလုပ်လို့ ကျွန်တော်တို့ နိုင်ငံက အရှေ့တောင်အာရှမှာ အဆင်းရဲဆုံးနိုင်ငံ ဖြစ်သွားပြီ။ ရလဒ်ကတော့ ကျွန်တော့်အနေနဲ့ စစ်တပ်က ထွက်ခဲ့တာ ဘာမှ ဆုံးရှုံးသွားသလိုမျိုး မခံစားရဘူး” ဟု အမြင်ကျယ်ကျယ်နှင့် ဆိုသည်။86
ပုံ (၁၂)
“စစ်တပ်ကထွက်ခဲ့လို့ သင်ဘာတွေဆုံးရှုံးခဲ့ရသလဲ” မေးခွန်းအတွက် အဖြေ ဇယား။

ပုံ (၁၃)
“စစ်တပ်မှ စွန့်ခွာဘက်ပြောင်းမှုကြောင့် သင့်ရဲ့ယခင်တပ်ရင်း/တပ်ခွဲအပေါ် ဘယ်လို သက်ရောက်မှုတွေရှိခဲ့လဲ။ ရှိပါက ဖော်ပြရန်။”

ဖြေဆိုသူ (၄၈) ဦးအနက် စုစုပေါင်း (၄၄) ဦး (၉၁ ဒသမ ၇ ရာခိုင်နှုန်း) သည် စစ်တပ်ကို စွန့်ခွာဘက်ပြောင်းမှုကြောင့် ၎င်းတို့၏ ယခင် တပ်ရင်း/တပ်ခွဲ ရှိ စစ်သားများအပေါ် သက်ရောက်မှုများရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါ အကျိုးသက်ရောက်မှုများတွင် စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှု များ (၁၃ ဦး)၊ စွန့်ခွာဘက်ပြောင်းသူများမှ သတင်းအချက်အလက်များ ရရှိသွား မည်ကို ကြောက်ရွံ့ခြင်းနှင့် အခြားသော စစ်သည်များအား ၎င်းတို့ ရာထူးနေရာ များမှ စွန့်လွှတ်ရန် စေ့ဆော်အားပေးခြင်းတို့ ပါဝင်ပါသည်။ စစ်တပ်မှ စွန့်ခွာ ဘက်ပြောင်းသူများသည် အခြားသူများကိုပါ စစ်တပ်မှ စွန့်ခွာရန် စေ့ဆော်အား ပေးခြင်းသည် စစ်တပ်အတွင်း အာဏာတည်မြဲမှုကို စိန်ခေါ်သည့် အန်တုမှု တစ်ခု ဖြစ်စေပါသည်။ လုပ်ဖော်ကိုင်ဖက်များအား စစ်တပ်မှ စည်းကမ်းပိုင်း ဆိုင်ရာ အရေးယူမှုအကြောင်းဖော်ပြခဲ့သည့် ဖြေဆိုသူ (၁၃) ဦးအနက် (၇) ဦး သည် ၎င်းတို့၏ အထက်အရာရှိများကို စစ်တပ်က စည်းကမ်းပိုင်းဆိုင်ရာ အရေးယူထားကြောင်း ဖော်ပြခဲ့ပါသည်။
ကျွန်တော် စစ်တပ်ကနေ ဘက်ပြောင်းလာလို့ တာဝန်ရှိ ပုဂ္ဂိုလ် တိုင်း (တပ်ရင်းမှူးအပါအဝင်) ဥပဒေအရ ဂယက်ရိုက်မှုတွေ ကြုံရပါတယ်။ တပ်ရင်းမှူးနဲ့ တပ်ခွဲမှူးတွေက တရားဥပဒေ ဆိုင်ရာ စစ်ဆေးမေးမြန်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။ သူတို့ အတွက် ကိုယ်ချင်းစာစိတ်၊ စာနာစိတ်တွေ ဖြစ်မိပါတယ်။ စစ် တပ် ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ကောက်ကျစ်မှုကြောင့် စစ် တပ်ကနေ ကျွန်တော် စွန့်ခွာဘက်ပြောင်းခဲ့ရတယ်။ ကျွန်တော့် ဘက်ပြောင်းမှုကြောင့်ထိခိုက်ခံစားခဲ့ရတဲ့သူတွေကို ကျွန်တော် တောင်းပန်ချင်ပါတယ်။87
ပုံ (၁၄)
စစ်တပ်မှ စွန့်ခွာဘက်ပြောင်းပြီးနောက် ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များ အပေါ် စစ်တပ်က စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုပုံစံများ။

စစ်တပ်မှ စွန့်ခွာဘက်ပြောင်းမှုကြောင့် ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်ဟောင်း များအပေါ် သက်ရောက်မှုများနှင့်ပတ်သက်၍ ဖြေဆိုသူများ ပြောပြသော နောက်ထပ် စိတ်ဝင်စားဖွယ်ကောင်းသည့် အချက်တစ်ချက်မှာ စစ်တပ်မှ စွန့်ခွာဘက်ပြောင်းခြင်းအကြောင်း အထက်သို့ အစီရင်ခံစာ တင်ပြမှုနည်းပါး ခြင်းဖြစ်သည် (၅ ဦး)။ စစ်သားများ ၎င်းတို့၏ ရာထူးကို စွန့်လွှတ်သောအခါ တပ်မှအရာရှိများသည် ၎င်းတို့အထက်အရာရှိများထံမှ အရေးယူခံရနိုင်သည့် အကျိုးဆက်များကို ကြောက်ရွံ့သောကြောင့် စွန့်ခွာဘက်ပြောင်းသူများ၏ ပျက်ကွက်မှုကို သတင်းပို့ခြင်း မရှိပေ။ ထို့အပြင် စစ်တပ်ထဲတွင် မှတ်တမ်း မရှိသော စွန့်ခွာဘက်ပြောင်းသူများသည် အရာရှိများအတွက် ကောင်းကျိုးပင် ဖြစ်စေသည်။ အရာရှိများသည် စစ်ပြေးများ၏ လစာများကို မိမိတို့အတွက် ရယူနိုင်ပါသည်။
အကယ်၍ တစ်ယောက်ယောက်က ရှေ့တန်းကနေ စွန့်ခွာ ဘက်ပြောင်းသွားရင် အရာရှိတွေက သူတို့ကို အသေအပျောက် စာရင်းမှာ ထည့်ထားလေ့ရှိတယ်။ ဒါပေမဲ့ အထက်အရာရှိက ပုံမှန် တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်ကြာမှ နာမည်ကို အသေ အပျောက်စာရင်းထဲ ထည့်လေ့ရှိတယ်။ တစ်ချိန်ထဲမှာပဲ သူက စစ်ပြေးတွေရဲ့ လစာကို ယူတယ်။ ကျွန်တော် စစ်တပ်မှာ တာဝန်ထမ်းဆောင်နေတုန်းက အဲဒီလိုငွေ ဝေစုရဖူးတယ်။ တပ်ရင်းမှူးက ကျွန်တော့်ကို ပေးတာ။ စာရင်းစစ်လာခါနီး တော့ ကျွန်တော်တို့ ပြေးပြီး စာရင်းအတု လုပ်လိုက်တာပဲ။88
ပွဲမဝင်ခင် အပြင်ကကျင်းပ
၂၀၂၃ တွင် စီဒီအမ် ဝင်လာသည့် လူသစ်များ သိသိသာသာ နည်းသွား သော်လည်း စစ်တပ်နှင့် ရဲများမှာမူ တဖြည်းဖြည်းချင်း စွန့်ခွာဘက်ပြောင်း လာနေဆဲ ဖြစ်ပါသည်။ ကျွန်ုပ်တို့ တွေ့ဆုံမေးမြန်းခဲ့သော စစ်တပ်မှ စွန့်ခွာ ဘက်ပြောင်းသူများသည် လွတ်လပ်မှုရရန် အန္တရာယ်များသော ခရီးများ လျှောက်ခဲ့ကြပါသည်။ တချို့က သတ္တိရှိရှိဖြင့် တစ်ကိုယ်တော်ခရီး လျှောက် လှမ်းခဲ့ကြသော်လည်း အများစုမှာ ပြင်ပမှ ပံ့ပိုးကူညီမှုများ ရရှိခဲ့ကြပါသည်။ များစွာသော အခက်အခဲများက လူများစွာကို စစ်တပ်မှ စွန့်ခွာဘက်ပြောင်း ရန် ကာဆီးထားနေချိန်တွင် ပြင်ပမှ ထိရောက်သော ပံ့ပိုးကူညီမှုပေးခြင်းသည် စွန့်ခွာဘက်ပြောင်းခြင်းအတွက် အသက်တမျှအရေးကြီးကြောင်း ကျွန်ုပ်တို့၏ သုတေသနရှာဖွေတွေ့ရှိချက်များအရ တွေ့မြင်ရပါသည်။ ဖြေဆိုသူအယောက် (၅၀) တွင် (၁၆) ဦးမှာ မြန်မာနိုင်ငံအတွင်း၊ (၂၄) ဦးမှာ မြန်မာနိုင်ငံပြင်ပ၊ (၂) ဦးမှာ မြန်မာ-ထိုင်းနယ်စပ်တွင်ရှိပြီး (၈) ဦးမှာ လက်ရှိတည်နေရာကို ဖော်ပြ မထားပေ။ မြန်မာနိုင်ငံပြင်ပမှ ဖြေဆိုသူ (၂၄) ဦး အနက် အများစုမှာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ရှိကြသည်။
ပုံ (၁၅)
“သင်အခု ဘယ်မှာလဲ ” မေးခွန်းအတွက် ဖြေဆိုသူများ၏ အဖြေပြမြေပုံ။

သူတို့ ဘယ်လိုစွန့်ခွာ ဘက်ပြောင်းခဲ့လဲ
စစ်တပ်မှ စွန့်ခွာဘက်ပြောင်းသူများအနေဖြင့် တိမ်းရှောင်သွားလာရာ၌ ၎င်းတို့ ၏ ရာထူး၊ ရှေ့တန်းတွင် ရောက်နေခြင်း သို့မဟုတ် ခွင့်ယူထားခြင်း စသည်တို့ ပေါ်မူတည်၍ များစွာကွဲပြားသည်။ ဖြေဆိုသူစုစုပေါင်း၏ (၄၈) ရာခိုင်နှုန်းသည် အခြားသူများနှင့် အတူရှိနေစဉ်တွင် စစ်တပ်မှ ထွက်ပြေးခဲ့ပြီး၊ (၁၅) ဦးမှာ လုပ်ဖော်ကိုင်ဖက်များနှင့် အတူရှိနေချိန်ဟု ပြောကြကာ (၁၃) ဦးမှာ မိသားစု သို့မဟုတ် သူငယ်ချင်းများနှင့် အတူရှိနေချိန်ဟု ဖော်ပြကြသည်။ စွန့်ခွာဘက် ပြောင်းလာသူနှစ်ဦးက သူတို့၏ အထက်အရာရှိတစ်ဦးနှင့်အတူ ထွက်ပြေးလာ ကြောင်းပြောပြီး တစ်ဦးက သူ့ဖြစ်စဉ်ကို ယခုကဲ့သို့ ပြန်ပြောင်းပြောသည်။ “ကျွန်တော်နဲ့အတူ ကင်းလှည့်နေတဲ့ တပ်ကြပ်ကြီးတစ်ယောက်က စစ်တပ်က နေ ထွက်ပြေးချင်ကြောင်း စသလို နောက်သလိုနဲ့ ပြောပါတယ်။ သူက ဒီ အကြောင်း စပြောလာတာနဲ့ ကျွန်တော်တို့ နှစ်ယောက်လည်း အတူတူ ထွက် ပြေးလာခဲ့တာ”89 အချို့က စစ်တပ်မှ စွန့်ခွာဘက်ပြောင်းရန် ဆုံးဖြတ်ချက် ချချိန်တွင် ၎င်းတို့၏ အထက်အရာရှိများ သို့မဟုတ် အခြားစစ်သားများထံမှ ပံ့ပိုးကူညီမှုများ ရခဲ့ကြောင်းဆိုခဲ့ပါသည်။ စစ်သားတစ်ဦးမှ ၎င်း၏ အထက် အရာရှိက ဦးစွာထွက်ခွာလွတ်မြောက်သွားပြီး အခြားစစ်သားလေးဦး ထပ်မံ လွတ်မြောက်ရန် ကူညီပေးခဲ့ပုံကို ပြောပြပါသည်။
ကျွန်တော်တို့ ဗိုလ်ကြီးက စစ်တပ်က ထွက်သွားပြီးတော့ ကျွန်တော်တို့အဖွဲ့ကို နောက်ဆုံးဂျူတီ ချပေးခဲ့တယ်။ သူသာ စစ်တပ်ထဲမှာ ဆက်ရှိနေရင် ကျွန်တော်တို့ ထွက်ဖို့ အခွင့်အရေး ရှိမှာ မဟုတ်ဘူး… ကျွန်တော်တို့ မိုးကာတွေ သွားယူချင်ယောင် ဆောင်တယ်။ ကျွန်တော်တို့ နှစ်ယောက်တွဲ နှစ်တွဲ မိနစ် နှစ်ဆယ် ခြားစီ ထွက်လာခဲ့ကြတယ်။90
လူတော်တော်များများက ဂျူတီကရှောင်ဖို့အကြောင်းပြချက်ရသည့်အချိန် တွင် ထွက်ပြေးရန်အခွင့်ကောင်း ယူခဲ့ကြပါသည်။ တချို့က ခွင့်ယူသွားပြီး နောက် စစ်တပ်ကို ပြန်လာခဲ့ခြင်း မရှိပေ။ အခြားသူများသည် ရှေ့တန်းမှ ထွက်ပြေးခြင်း သို့မဟုတ် အနီးအနားရှိ တိုင်းရင်းသားတော်လှန်ရေးတပ်များ ထံ လက်နက်ချခဲ့ခြင်းများ လုပ်ကြပါသည်။ အချို့သူများသည် အခွင့်အရေး တစ်ခုရသောအခါ ၎င်းတို့တပ်ရင်းမှ သည်အတိုင်း လမ်းလျှောက်ထွက်လာ သို့မဟုတ် ဆိုင်ကယ်မောင်း၍ ထွက်လာခဲ့ကြသည်။
ကျွန်တော်က ရုံးဝန်ထမ်းဆိုတော့ ဘယ်သူမှ ကျွန်တော့်ကို ဂရုစိုက်ကြည့် မနေကြဘူးလေ။ အပြင်ကို ကွမ်းယာသွားဝယ် ဦးမယ်ပြောပြီး ကွမ်းယာဆိုင်ကို ရောက်တာနဲ့ ဆိုင်ကယ် တက္ကစီ ငှားပြီးတော့ (တခြားမြို့ကို) ထွက်ခဲ့လိုက်တယ်။ အဲဒီ တုန်းက စစ်ဆေးရေးဂိတ်တွေ မရှိသေးဘူးလေ။[91
အကူအညီရရှိမှု
ဖြေဆိုသူများထဲမှ ခုနစ်ဦးမှလွဲ၍ စစ်သားအများအပြားသည် စစ်တပ်က စွန့်ခွာဘက်ပြောင်းချိန်နှင့် စွန့်ခွာဘက်ပြောင်းပြီးနောက်ပိုင်းတွင် ပြင်ပ အဆက်အသွယ်များထံမှ အကူအညီများ ရရှိခဲ့ကြပါသည်။ အဆိုပါ ခုနစ်ဦးကို ၎င်းတို့၏ မိသားစုနှင့် သူငယ်ချင်းများက စစ်တပ်မှ စွန့်ခွာဘက်ပြောင်းရန် ကူညီပေးခဲ့သည်ဟုဆိုကြပါသည်။ ခုနစ်ဦးကို ပြည်သူ့ပန်းတိုင်/ပြည်သူ့ စစ်သား အဖွဲ့အစည်းက ကူညီပေးခဲ့သည်ဟုဆိုပြီး ခြောက်ဦးကို ပြည်သူ့ရင်ခွင် (People’s Embrace) အဖွဲ့က ကူညီပေးခဲ့သည်ဟုဆိုပါသည်။ ငါးဦးကို ၎င်းတို့၏ စစ်တပ်ထဲရှိ အထက်အရာရှိများ သို့မဟုတ် အခြားသော လုပ်ဖော် ကိုင်ဖက်များက အကူအညီပေးခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။ လေးဦးက စွန့်ခွာ ဘက်ပြောင်းသွားကြသော အခြားစစ်သားများကို မေးမြန်းဆက်သွယ်ခဲ့ကြ သည်။ အချို့က စစ်တပ်မှ စွန့်ခွာဘက်ပြောင်းရာတွင် ကူညီပံ့ပိုးမှုမျိုးစုံ ရရှိခဲ့ပါ သည်။
ကျွန်တော် စစ်တပ်ဝင်းထဲက ထွက်လာတော့ လုပ်ဖော်ကိုင် ဖက် တစ်ယောက်က သူ့ဆိုင်ကယ်ကို ကျွန်တော့်ကို ပေးတယ်။ အဲဒီဆိုင်ကယ်နဲ့ ကားစောင့်နေတဲ့နေရာထိမောင်းလာခဲ့တယ်။ စစ်တပ်က ထွက်လာပြီးတဲ့နောက် ကျွန်တော့် ငယ်သူငယ်ချင်း တွေက ကျွန်တော့် နေစရိတ်၊ စားစရိတ်တွေကို ထောက်ပံ့ပေး ခဲ့တယ်။ သူငယ်ချင်းတစ်ယောက်က ကျွန်တော့် ကို သူနဲ့အတူ သူ့အိမ်ဆီ ခေါ်သွားခဲ့တယ်။ နောက်ပိုင်းကျတော့ ပြည်သူ့စစ် သားအဖွဲ့နဲ့ ဆက်သွယ်မိတယ်။ မဲဆောက်မှာ သူငယ်ချင်းတစ် ယောက်ရဲ့ အဆက်အသွယ်ကနေ (ကူညီ ထောက်ပံ့ပေးတဲ့) အမျိုးသမီးတစ်ယောက်နဲ့ အချိတ်အဆက်ရခဲ့တယ်။92
အထောက်အပံ့ရယူရန် မည်သို့မည်ပုံဆက်သွယ်ခဲ့ပါသလဲဟု မေးမြန်းရာတွင် (၁၃) ဦးသည် ဖုန်းဖြင့်ဆက်သွယ်ပြီး အထောက်အပံ့ရရှိခဲ့ကြောင်း ဆိုပါသည်။ ရှစ်ဦးသည် ကိုယ့်အဝန်းအဝိုင်း အဆက်အသွယ်မှတစ်ဆင့် ဆက်သွယ်ခဲ့ပြီး ခုနစ်ဦးသည် တယ်လီဂရမ်ချန်နယ်မှတစ်ဆင့် ဆက်သွယ်ခဲ့ပါသည်။ လေးဦး သည် ဖေ့ဘွတ်ခ်မှတစ်ဆင့် ဆက်သွယ်ခဲ့ပြီး သုံးဦးမှာ ဆင်ဂနယ်မှတစ်ဆင့် ဆက်သွယ်ပြောဆိုခဲ့ပါသည်။ စွန့်ခွာဘက်ပြောင်းမှုကို တားဆီးရန် ဆက်သွယ် ရေးကန့်သတ်ချက်များကို စစ်တပ်က ချမှတ်ထားသော်လည်း စစ်သားများ ဂရုတစိုက်လှုပ်ရှားပါက အထောက်အပံ့များ ရရှိနိုင်ကြောင်း ဤအချက်က ပြသနေပါသည်။
ပုံ (၁၆)
“တပ်မတော်မှ စွန့်ခွာဘက်ပြောင်းရန် ဆုံးဖြတ်ပြီးနောက် ဘယ်လိုမျိုး ပြင်ပအကူအညီတွေ ရရှိခဲ့လဲ ” မေးခွန်းအတွက် အဖြေပြဇယား။

စစ်တပ်မှ ထွက်လာပြီးနောက် အခြားသူများထံမှ မည်သို့သော ပံ့ပိုးကူညီမှု မျိုးရရှိသည်ကို မေးမြန်းသောအခါ အများစုသည် အခြေခံအသက်မွေး ဝမ်းကျောင်းမှုနှင့် ငွေကြေးအထောက်အပံ့များ ရရှိကြောင်း ဖော်ပြခဲ့ကြပါ သည်။ ဖြေဆိုသူ စုစုပေါင်း (၂၆) ဦးက ၎င်းတို့ အကူအညီလက်ခံရရှိခဲ့သည့် အဖွဲ့အစည်းနာမည်များကို ဖော်ပြပြောဆိုခဲ့ပါသည်။ ၎င်တို့မှာ ပြည်သူ့ ပန်းတိုင်၊ ပြည်သူ့ရင်ခွင်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ၊ ပြည်သူ့စစ်သား ဇနီးများ၊ ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တို့ဖြစ်သည်။ ဖြေဆိုသူနှစ်ဦးက ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကိုဖော်ပြပြီး နောက် တစ်ဦးက ကော်ဘရာစစ်ကြောင်းကို ဖော်ပြခဲ့သည်။ ကော်ဘရာစစ်ကြောင်း မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ အထူးစစ်ဆင် ရေးယူနစ်တစ်ခုအဖြစ် လုပ်ဆောင်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်ဖွဲ့ ဖြစ်ပါသည်။ ဖြေဆိုသူတစ်ဦးက မြန်မာနိုင်ငံတွင် လုပ်ဆောင်နေသော ငြိမ်းချမ်းရေးတည်ဆောက်နေသည့် အဖွဲ့အစည်း တစ်ခုအကြောင်း ဖော်ပြခဲ့ သည်။
ပုံ (၁၇)
ဖြေဆိုသူများအား ပံ့ပိုးကူညီပေးသော အရင်းအမြစ်များအမည်ကို ဖော်ပြထားသော ဇယား။

မည်သည့်အဖွဲ့အစည်းထံမှ ပံ့ပိုးကူညီမှုမရရှိခဲ့သည့် စစ်တပ်မှ စွန့်ခွာလာသူ ခုနစ်ဦးအနေဖြင့် အကူအညီမရခဲ့ရသည့်အချက်မှာ အဆိုပါအဖွဲ့အစည်း များကို ဆက်သွယ်ရန် စီမံထားခြင်း မရှိခြင်းကြောင့် ဖြစ်နိုင်သည်။ အချို့မှာ စစ်တပ်မှ စွန့်ခွာဘက်ပြောင်းရန် ကူညီပေးသောအဖွဲ့များ ရှိမှန်းပင်မသိချေ။ ဤအချက် မှာ စစ်တပ်မှ ထွက်ခွာလာသော်လည်း ပိုမိုကျယ်ပြန့်သော ပံ့ပိုးကူညီမှု ကွန်ရက်သို့ မချိတ်ဆက်ရသေးသော ထွက်ပြေးလာသူများထံ ပိုမိုလက်လှမ်းမီ ရောက်ရှိရန် လိုအပ်နေသေးသည်ဟု ဆိုလိုနိုင်ပါသည်။
အဖွဲ့အစည်းတွေဆီက အကူအညီ မရခဲ့ဘူး။ ကားခ နဲ့ တည်းခို စရိတ်တွေအတွက် ကျွန်တော့် မိဘတွေကို အားကိုးခဲ့ရတယ်။ ဒီလိုအဖွဲ့အစည်းမျိုး ရှိမှန်းတောင်မသိခဲ့ဘူး။ စစ်တပ်က ထွက် လာခဲ့တဲ့ ကျွန်တော်တို့ သုံးယောက်လုံး မိဘတွေဆီကလွဲလို့ တခြားဘယ်သူ့ဆီကမှ အကူအညီ မရခဲ့ပါဘူး။93
လိုအပ်သော အထောက်အပံ့
၎င်းတို့အား စောစောစီးစီး သို့မဟုတ် ပို၍ လွယ်လွယ်ကူကူ စစ်တပ်မှ စွန့်ခွာ ဘက်ပြောင်းရန် မည်ကဲ့သို့ ပံ့ပိုးကူညီနိုင်သနည်းဟု မေးမြန်းသောအခါတွင် ဖြေဆိုသူများသည် မိမိအတွက် လုံခြုံရေး အာမခံချက် (၁၂ ဦး) နှင့် စစ်တပ် စခန်းများမှ ထွက်ခွာရန် ကူညီမှု (၉ ဦး) များသည် ၎င်းတို့အား အဓိက အကူအညီပေးမည့်အရာများဖြစ်ကြောင်း ဖြေဆိုခဲ့ကြပါသည်။ ဖြေဆိုသူ အများစုသည် မိမိလုံခြုံရေးအတွက် အန္တရာယ်ကြီးကြီးရှိမှန်း သိလျက်နှင့်ပင် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းခဲ့ရပါသည်။
ကျွန်တော်တို့ သေနတ်တွေနဲ့ ကျည်တွေ ယူလာပေမယ့် စစ်သားတွေက နောက်ကလိုက်ပြီး ကျွန်တော်တို့ကို သေနတ်နဲ့ ပစ်တယ်။ ကျွန်တော်က ကျည်ကပ်တွေပါတဲ့ အပေါ်ထပ်အင်္ကျီ ကို ဝတ်ထားပြီး ကျည်တစ်ချက်ထိသွားတယ်။ သေတော့ မသေပေမဲ့ မေ့လဲ ကျသွားတယ်။ စစ်သားတွေက ကျွန်တော် သေပြီ ထင်ပြီး ပစ်တာ ရပ်လိုက်တယ်။ ကျွန်တော် နိုးလာတော့ သေနတ်ကို ပစ်ချပြီး ထွက်ပြေးလာခဲ့တာ။[94
ပုံ (၁၈)
“စစ်တပ်မှထွက်ခွာရန် ပိုမိုလွယ်ကူစေမည့် အခြားသော ပံ့ပိုးကူညီမှုတွေက ဘာတွေလဲ” မေးခွန်းအတွက် အဖြေပြဇယား။

အများစုသည် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းခြင်းကို အထောက်အကူဖြစ်စေ မည့် အကြောင်းရင်းများအဖြစ် အခြေခံစားဝတ်နေရေး အထောက်အပံ့၊ ငွေကြေးအထောက်အပံ့၊ လူမှုဖူလုံရေးအစီအစဉ်များ သို့မဟုတ် အလုပ်အကိုင် အခွင့်အလမ်းများကို အကြုံပြုထားပါသည်။ အခြားသူများကလည်း ၎င်းတို့ မိသားစုလုံခြုံရေး သေချာစေရေးကိစ္စ၊ထွက်ပြေးလာသူများနှင့် ပံ့ပိုးကူညီရေး အဖွဲ့များကြား ပိုမိုနီးကပ်သော ကွန်ရက်ချိတ်ဆက်မှုများ လိုအပ်သည့်ကိစ္စနှင့် အခြားသူတစ်ဦးက ပံ့ပိုးကူညီရေးအဖွဲ့များမှ လုပ်ဆောင်မှုများ ပိုမိုစနစ်တကျရှိ စေရန်နှင့် အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်မှုများ လိုအပ်ကြောင်း ဖော်ပြခဲ့သည်။ ပံ့ပိုးကူညီရေးအဖွဲ့များသည် လက်ရှိတွင် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းလာသူ များကို ထောက်ပံ့ရန် လုပ်ဆောင်နေသော်လည်း ၎င်းအဖွဲ့များမှာ သေးငယ်ပြီး ရန်ပုံငွေမှာလည်း အကန့်အသတ်များ ရှိနေပါသည်။ အဖွဲ့အစည်းအနည်း အကျဉ်းတွင်သာ စစ်တပ်မှ စွန့်ခွာထွက်ပြေးလာသူများကို ၎င်းတို့လိုအပ်သည့် အရာများအားလုံးကို ကူညီပေးနိုင်မည့် အရင်းအမြစ် သို့မဟုတ် လူအင်အားရှိ ကြပါသည်။
စွန့်ခွာဘက်ပြောင်းသူများစွာသည် ပညာရေး (၂၄ ဦး) နှင့် အလုပ်အကိုင် အခွင့်အလမ်း (၁၆ ဦး) မှာ အရပ်သားဘဝသို့ ကူးပြောင်းရာတွင် အဓိက အထောက်အပံ့များဖြစ်ကြောင်း ဖော်ပြခဲ့ကြပါသည်။ ဖြေဆိုသူ အများစု (၇၀ ရာခိုင်နှုန်း) သည် အသုံးဝင်သော လေ့ကျင့်ရေးသင်တန်းများ (သက်မွေးပညာ၊ ကွန်ပျူတာ၊ ဘာသာစကား သင်တန်း) တက်ရောက်လိုကြပါသည်။ စစ်တပ်မှ စွန့်ခွာလာသူများသည် အရပ်သားဘဝသို့ ပိုပြီး အဆင်ပြေပြေ ကူးပြောင်းရန် အတတ်ပညာများ ပြန်လည်သင်ယူခြင်း၊ သင်တန်းများ ပြန်တက်ခြင်းတို့သည် အရေးကြီးသကဲ့သို့ ဥပဒေကြောင်းအရ စာရွက်စာတမ်းများရရှိရန် ပံ့ပိုးကူညီမှု သည်လည်း ၎င်းတို့နည်းတူ အရေးပါပါသည်။ စစ်သားဟောင်းအများအပြား သည် ထိုင်းနိုင်ငံတွင် ခိုလှုံရန် ကြိုးပမ်းခဲ့ကြသော်လည်း လိုအပ်သော အထောက်အထား စာရွက်စာတမ်းများ မရှိကြပေ။ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသော အခြားသူများကဲ့သို့ပင် ၎င်းတို့သည် အလုပ်ပါမစ်ကဒ် (ပန်းရောင်ကတ်ဟုလည်းခေါ်သည်) ရရှိရန် အခက်အခဲများ ကြုံတွေ့နေရပါ သည်။ ထိုကတ်ပြုလုပ်သည့်အခါ ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အချက် အလက်များနှင့် အလုပ်အကိုင်နောက်ကြောင်းကို ထိုင်းအာဏာပိုင်များထံ တင်ပြရန်လိုအပ်ပါသည်။ အကယ်၍ ထိုသို့လုပ်ဆောင်ပါက ဤအချက် အလက်များသည် မြန်မာစစ်တပ်ထံ ပြန်လည်ပေါက်ကြားနိုင်သည့် အန္တရာယ် ရှိပါသည်။ စစ်တပ်မှ စွန့်ခွာဘက်ပြောင်းခြင်းသည် (ယခင်ဖော်ပြခဲ့သည့် အတိုင်း) ကြီးမားသော ပြစ်ဒဏ်များ ကျခံရနိုင်သောကြောင့် လူအနည်းငယ် ကသာ ၎င်းတို့၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို အာဏာပိုင်များထံ တင်ပြရဲကြပါသည်။ ထို့ကြောင့် စာရွက်စာတမ်းများ ရရှိရန် အတားအဆီး ဖြစ်နေပါသည်။
ကျွန်ုပ်တို့မေးမြန်းသည့်အခါ စစ်သား (၃၇) ရာခိုင်နှုန်းနီးပါးက ၎င်းတို့ ကိုယ်တိုင် သို့မဟုတ် ၎င်းတို့၏ မိသားစုဝင်များနှင့် သူငယ်ချင်းများသည် သူတို့ ကြုံတွေ့ခဲ့ရသော စိတ်ထိခိုက်ဖွယ် အတွေ့အကြုံများကို ကုစားရန် စိတ်ပိုင်း ဆိုင်ရာပံ့ပိုးမှုများ လိုအပ်နိုင်သည်ဟု ဆိုပါသည်။
စစ်သားအများအပြားသည် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းလိုသော လက်ရှိ အမှုထမ်းစစ်သားများနှင့် အဆက်အသွယ်မပြတ်ရှိကြောင်း ပြောကြပါသည်။ ထိုစစ်သားများအနေဖြင့် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းရန်အတွက် စစ်တပ် စခန်းများမှ ထွက်ပြေးတိမ်းရှောင်ရာတွင် အကူအညီလိုအပ်မှု (၉ ဦး) ၊ လုံခြုံ ရေးအာမခံချက် (၆ ဦး)၊ အခြေခံစားဝတ်နေရေး ထောက်ပံ့မှု (၇ ဦး)၊ ငွေကြေး ထောက်ပံ့မှု (၉ ဦး)၊ မိသားစုအတွက် ထောက်ပံ့ပေးမှု (၈ ဦး) နှင့် အလုပ် အကိုင်အခွင့်အလမ်းများ စသည့် ပံ့ပိုးကူညီမှုများ လိုအပ်ကြောင်း ပြောသည်။ အချို့က တရားဝင်စာရွက်စာတမ်းများ ရရှိရန် (၄ ဦး) နှင့် စစ်တပ်မှ စွန့်ခွာ ဘက်ပြောင်းပြီးနောက် တတိယနိုင်ငံသို့ ပြောင်းရွှေ့အခြေချရန် (၃ ဦး) မှာ လိုအပ်နေသောအချက်များအဖြစ် ဖော်ပြခဲ့သည်။
လက်ရှိအခြေအနေများ
ဖြေဆိုသူများကို ၎င်းတို့၏ အနာဂတ်အစီအစဉ်များနှင့် ပတ်သက်၍ မေးမြန်း ရာ၌ အများစုသည် နွေဦးတော်လှန်ရေးတွင် အတိုင်းအတာတစ်ခုထိ ဆက် လက်လုပ်ဆောင်လိုကြောင်းဖြေဆိုကြပြီး (၁၀) ဦးသည် စစ်တပ်ကို ဆန့်ကျင် သည့် လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်လိုကြောင်း အထူးတလည် ပြောဆိုထားသည်။
တော်လှန်ရေး အောင်ကို အောင်ရမယ်။ တော်လှန်ရေး အောင် မြင်မှ ပိုကောင်းတဲ့ဘဝကို ရနိုင်မှာမို့ အောင်ဖို့ရာ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားရုန်းကန်နေပါတယ်။ ပြည်သူတွေအနေနဲ့ ကတော့ တော်လှန်ရေးအတွက် ငွေကြေး ဆက်ပြီးကူပေးဖို့ လို အပ်ပါတယ်။ ဒီစစ်ပွဲကို အနိုင်ရဖို့အတွက် တိုက်ခိုက်ရေးသမား တွေရော ငွေကြေးကူပေးတဲ့သူတွေရော လိုအပ်ပါတယ်။95
ဖြေဆိုသူ (၂၁) ဦး က အလုပ်တစ်ခုလိုချင်သည် သို့မဟုတ် လုပ်ငန်းတစ်ခု စတင်လိုသည်ဟု ဆိုခဲ့ပါသည်။ သို့သော် အများစုမှာ အဆင်ပြေသော အလုပ် အကိုင်ရရှိရန် ရုန်းကန်နေရပြီး အချို့မှာ လုပ်အားခနည်းသော အောက်ခြေ အလုပ် သို့မဟုတ် ဝန်ဆောင်မှုပေးသော အလုပ်များကိုသာ လုပ်ကိုင်နေကြရ သည်။ ၎င်းတို့သည် အသိုင်းအဝိုင်းအသစ်တွင် အယုံအကြည်ကင်းမဲ့မှုများကို ရင်ဆိုင်ရုန်းကန်နေကြရပြီး အထူးသဖြင့် မြန်မာပြည်တွင်းတွင် နေထိုင်သူများ ကို ဒေသခံများက အလုပ်မခန့်ချင်ကြပေ။ ဖြေဆိုသူစုစုပေါင်း၏ (၈၀) ရာခိုင် နှုန်းသည် ကျွန်ုပ်တို့ အင်တာဗျူးများ ပြုလုပ်ချိန်တွင် အလုပ် သို့မဟုတ် ဝင်ငွေ မရှိကြပေ။ အများစုမှာ အလွန် နည်းပါးသည့် စုဆောင်းငွေ သို့မဟုတ် လုံးဝ မရှိကြပေ။
ပုံ (၁၉)
“သင် လက်ရှိ အလုပ်ရှိပါသလား ” မေးခွန်းအတွက် အဖြေပြဇယား။

စစ်တပ်မှ စွန့်ခွာဘက်ပြောင်းလာသူများထဲမှ များစွာသည် တတိယနိုင်ငံ အထူးသဖြင့် ဩစတေးလျနိုင်ငံသို့ ပြောင်းရွှေ့အခြေချရန် (၁၇ ဦး) မှာ ၎င်းတို့ အနာဂတ်အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်းဖော်ပြခဲ့ပါသည်။ အာဏာသိမ်းမှုအစောပိုင်းကာလများ၌ အကြမ်းမဖက်အာဏာဖီဆန်ရေးတွင် ပါဝင်သူ စီဒီအမ် စစ်သားများနှင့် ရဲများကို တတိယနိုင်ငံများတွင် ပြောင်းရွှေ့ အခြေချရန် လက်ခံခဲ့ပါသည်။96 Sydney Morning Herald သတင်းစာက ဩစတေးလျအစိုးရသည် မြန်မာစစ်တပ်မှ စွန့်ခွာဘက် ပြောင်းလာသူများကို အကာအကွယ်ပေးသည့် ဗီဇာထုတ်ပေးနေကြောင်း ဖော်ပြထားသည့် ဆောင်းပါးတစ်ပုဒ်ကို ၂၀၂၂ ခုနှစ် မတ်လတွင် ထုတ်ဝေခဲ့ပါသည်။97 ထိုအချိန်မှ စ၍ ထွက်ပြေးလာသူအနည်းစုကိုသာ လက်ခံထားသော်လည်း ၎င်းအချက် သည် စစ်သားများစွာကို ဆွဲဆောင်နေဆဲ ဖြစ်ပါသည်။98
ပုံ (၂၀)
“သင့်ကို ယခု ဘယ်အဖွဲ့အစည်းများက ကူညီနေပါသလဲ ” မေးခွန်းအတွက် အဖြေပြဇယား

စစ်တပ်မှ စွန့်ခွာထွက်ပြေးလာသူများသည် စစ်တပ်ပြင်ပဘဝနှင့် နေသား တကျ ဖြစ်စေရန် တော်လှန်ရေးတွင် ပါဝင်သောအဖွဲ့အစည်းများက အကူ အညီပေးရုံသာမက ၎င်းတို့ကလည်း အဖွဲ့အစည်းများကို ကူညီပံ့ပိုးခြင်းများ ရှိသည်ဟု ဖြေဆိုသူများကပြောခဲ့ပါသည်။ ဖြေဆိုသူအများစုသည် ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့် ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော် (KNLA) ကဲ့သို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းခဲ့ပါသည် (၁၁ ဦး)။ အခြားသူများမှာ အမျိုးသားညီညွတ်ရေးအစိုးရ (၉ ဦး) နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ (၈ ဦး) ဖြင့် ဆက်လက်ဆောင်ရွက် နေကြပါသည်။ ဆေးတပ်ဖွဲ့တွင် တာဝန်ထမ်း ဆောင်ခဲ့သူတစ်ဦးက အွန်လိုင်း တယ်လီကျန်းမာ ဝန်ဆောင်မှုအတွက် စေတနာ့ဝန်ထမ်းလုပ်နေကြောင်း ပြော ကြားခဲ့ပါသည်။
နိဂုံး
စစ်တပ်ကို ဆန့်ကျင်သည့် လုပ်ရပ်တစ်ခုအနေဖြင့် ၎င်းတို့၏ လုံခြုံရေးနှင့် အသက်မွေးဝမ်းကျောင်းအလုပ်များကို စတေးခဲ့သည့် နိုင်ငံ့ဝန်ထမ်း အမျိုး သားများနှင့် အမျိုးသမီးများသည် အဖွဲ့အစည်းမှ ထွက်ခွာရန် ကြီးမားသော အန္တရာယ်များနှင့် ရင်ဆိုင်ခဲ့ကြရပါသည်။ သို့သော်လည်း အများစုမှာ ဆင်းရဲ မွဲတေမှု သို့မဟုတ် စစ်တပ်နှင့် အိမ်နီးချင်းနိုင်ငံများမှ အာဏာပိုင်များ၏ ဖမ်းဆီးချုပ်နှောင်ခြင်းခံရနိုင်သည့် အန္တရာယ်စသော ဆိုးရွားသော အခြေအနေ များနှင့် ရင်ဆိုင်နေကြရသည်။ သို့တည်းမဟုတ် ထိုအခက်အခဲ နှစ်ခုစလုံးနှင့် ရင်ဆိုင်နေကြရပြီး ဤကိစ္စမှာ စိုးရိမ်ဖွယ် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် “ခိုကိုးရာမဲ့ ဖြစ်လာခြင်းသည် နောက်ဆုံးရလဒ်ဖြစ်ပါက မည်သူမှ ၎င်းတို့၏ ရာထူး၊ နေရာ၊ ဝင်ငွေနှင့် လေးစားခံရမှုတို့ကို စွန့်လွှတ်မည် မဟုတ်ချေ။”99
ဤစာတမ်းအတွက် တွေ့ဆုံမေးမြန်းခဲ့သော အဓိကအဖွဲ့အစည်းများ သည် စစ်အာဏာသိမ်းမှုစတင်သည့် ၂၀၂၁ ကတည်းက စစ်တပ်မှ စွန့်ခွာ ဘက်ပြောင်းမှု မြင့်တက်လာစေရန် နည်းမျိုးစုံဖြင့် ဆောင်ရွက်ခဲ့ကြသလို လူပုဂ္ဂိုလ်အမျိုးမျိုးဖြင့် အမျိုးမျိုးသော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ကာ ဆောင်ရွက်ခဲ့ကြပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်သူ့ရင်ခွင်အဖွဲ့ မှစီစဉ်သော စီဒီအမ်စစ်သားမှတ်ပုံတင်ခြင်းသည် စစ်တပ်မှ စွန့်ခွာဘက်ပြောင်း လာသော စစ်သားပမာဏကို အကဲဖြတ်ရန်နှင့် လုံလောက်သော အကူအညီ များပေးပို့ရန်အတွက် စီဒီအမ်စစ်သားအားလုံးအား စာရင်းပြုစုရန် ကြိုးပမ်း ခြင်း ဖြစ်ပါသည်။ ၎င်းတို့၏ ခန့်မှန်းချက်များအရ စစ်သားထက်ဝက်နီးပါးသည် မှတ်ပုံတင်ခြင်းတွင် ပါဝင်ခဲ့သော်လည်း မပါဝင်ရသောသူများ အများအပြားရှိ နေပါသည်။ တစ်ချိန်တည်းမှာပင် လုံခြုံရေးအကြောင်းပြချက်ကြောင့် စီဒီအမ် ဟု အမည်မဖော်လိုသည့် စစ်သားအများအပြားရှိကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) မှ သတင်းထုတ်ပြန်ထားပါသည်။ ထိုစစ်သားများအတွက် စစ်တပ်မှ ထွက် ပြေးပြီး ပျောက်ဆုံးသွားခြင်း သို့မဟုတ် အသတ်ခံရခြင်းဟု ယူဆခံရရန် ပိုမိုလွယ်ကူနေပါသည်။ ပြည်သူ့ပန်းတိုင်အဖွဲ့က စစ်တပ်မှ စွန့်ခွာဘက်ပြောင်းသော သို့မဟုတ် စစ်တပ်မှ ထွက်ပြေးသော စစ်သားများ သည် သိထားသည်ထက် ပိုမိုများပြားကြောင်း အဆိုပြုထားသည်။
စစ်တပ်မှ စွန့်ခွာဘက်ပြောင်းရန် အဓိကဆောင်ရွက်နေသူများသည် ကူညီထောက်ပံ့မှုအမျိုးမျိုးကို ပေးအပ်ကမ်းလှမ်းနေကြပြီး ၎င်းတို့ထဲတွင် အွန်လိုင်းနှင့် သမားရိုးကျ မီဒီယာချန်နယ်များမှတစ်ဆင့် စစ်တပ်မှ စွန့်ခွာ ဘက်ပြောင်းမှုကို အားပေးသည့် အကြောင်းအရာများ ရေးသားခြင်းနှင့် ဆက်သွယ်ရေးနည်းလမ်းများ ဖန်တီးပေးခြင်း၊ လက်နက်နှင့်တကွ စစ်တပ်မှ စွန့်ခွာဘက်ပြောင်းလာသော စစ်သားများအတွက် ငွေသားမက်လုံးများနှင့် ဆုလာဘ်များပေးအပ်ခြင်း၊ ထွက်ပြေးလာသူများအား ဘေးကင်းလုံခြုံသော နေရာများသို့ လမ်းပြကူညီပေးခြင်း၊ အခြေခံလူနေမှုဘဝနှင့် လစဉ်ထောက်ပံ့ ကြေးများကဲ့သို့ အထောက်အပံ့ပစ္စည်းများ ပေးအပ်ခြင်း၊ စစ်သားများနှင့် ၎င်း တို့၏ မိသားစုဝင်များအား စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးအကြံပေးခြင်း၊ ဘက် ပြောင်းလာသူများကို အရပ်သားဘဝနှင့် နေသားကျရန် ပြန်လည်လေ့ကျင့် သင်တန်းပေးခြင်း တို့ပါဝင်သည်။ ၎င်းအဖွဲ့အစည်းများသည် စစ်တပ်မှ စွန့်ခွာ ဘက်ပြောင်းလာသူများ၏ လက်ရှိလိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန် လူစွမ်းအားနဲ့ ဘဏ္ဍာရေး အရင်းအမြစ်များ လုံလုံလောက်လောက် မရှိကြောင်း၊ ၎င်းတို့သည် ဘက်ပြောင်းလာသူ စုစုပေါင်းအရေအတွက်၏ အနည်းငယ်မျှကို သာ ထောက်ပံ့ပေးနိုင်ကြောင်း ဆိုပါသည်။ ၎င်းတို့သည် အဆိုပါလုပ်ငန်း များကို အတိုင်းအတာတစ်ခုထိ ဆက်လက်လုပ်ဆောင်ရန် အရင်းအမြစ်များ လည်း မရှိသောကြောင့် တော်လှန်ရေးအင်အားစုများ မျှော်မှန်းထားသည့် အတိုင်း စစ်တပ်မှ စွန့်ခွာဘက်ပြောင်းမှုများ ကြီးကြီးမားမားရှိလာပါက အဆိုပါ ကိန်းဂဏန်း ပမာဏကို ကူညီထောက်ပံ့ပေးနိုင်ရန် လုံလောက်သော အဖွဲ့ အစည်း သို့မဟုတ် ယန္တရား ရှိမည်မဟုတ်ပေ။ ယင်းအချက်သည် မတည်မငြိမ် ဖြစ်မှု ကို ဦးတည်လာနိုင်စေပါသည်။
စစ်တပ်မှ စွန့်ခွာဘက်ပြောင်းလာသူများကို ကျွန်ုပ်တို့ တွေ့ဆုံမေးမြန်း ထားမှုများမှ တွေ့ရသည်များအရ ၎င်းတို့ကို ကမ်းလှမ်းထားသော အကူ အညီများတွင် လစ်ဟင်းချက်များရှိနေသည်မှာ ထင်ရှားပါသည်။ လူအချို့မှာ အထောက်အပံ့များရရှိသော်လည်း အချို့မှာမူ ထိုအထောက်အပံ့များနှင့် လုံးဝ လက်လှမ်း မမီကြပေ။ လုံခြုံစိတ်ချရသော လွတ်မြောက်ရေး လမ်းကြောင်း များ၊ အခြေခံလူနေမှုအထောက်အပံ့၊ စိတ်ကျန်းမာရေး၊ အလုပ်အကိုင်အခွင့် အလမ်းများ၊ အတတ်ပညာများ ပြန်လည်သင်ကြားခြင်းနှင့် လေ့ကျင့်ပေး ခြင်း၊100 တတိယနိုင်ငံသို့ ပြောင်းရွှေ့အခြေချခြင်းတို့နှင့် ပတ်သက်သည့် အထောက်အပံ့ပေးမှုတို့တွင် လစ်ဟင်းမှုများရှိနေသည်ကို ကျွန်ုပ်တို့ တွေ့ရှိရ ပါသည်။ စစ်တပ်မှ စွန့်ခွာထွက်ပြေးလာသူများအတွက် အတတ်ပညာပိုင်း ဆိုင်ရာ အလုပ်အနည်းငယ်သာရရှိပြီး အလုပ်ကြမ်း လုပ်လေ့ရှိသော စစ်သား အများအပြားအနေဖြင့် လက်လုပ်လက်စား အလုပ်ကြမ်းကို လက်ခံနိုင်သော် လည်း ပညာတတ်အရာရှိတန်းများအတွက် အလုပ်အဆင်မပြေကြောင်း မကြာ ခဏ တင်ပြပြောဆိုကြပါသည်။ တစ်ဖက်တွင်မူ စစ်သားအများစုသည် ဆယ်ကျော်သက်အရွယ်မှစ၍ စစ်မှုထမ်းလာခဲ့ကြသောကြောင့် စစ်တပ်၏ ပြင်ပတွင်နေထိုင်ပြီး အသက်မွေးဝမ်းကျောင်းပြုရန် အရည်အချင်း မရှိကြပေ။ စစ်တပ်မှ စွန့်ခွာဘက်ပြောင်းလာသော စစ်သားများသည် တတိယနိုင်ငံ အထူးသဖြင့် ဩစတေးလျ၌ ခိုလှုံခွင့်ရရန် ၎င်းတို့၏ ဆန္ဒကို စဉ်ဆက်မပြတ် အလေးပေး ဖော်ပြနေကြပါသည်။ သို့သော်လည်း ယနေ့အထိ လက်တဆုပ်စာ မျှသာရှိသော စစ်သားများသာ ထိုသို့သွားနိုင်ခဲ့ပါသည်။
စစ်တပ်မှ စွန့်ခွာဘက်ပြောင်းခြင်းသည် စစ်တပ်ကို ဆန့်ကျင်တော်လှန် သည့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု၏ အားကောင်းသော အစိတ် အပိုင်းတစ်ခုဖြစ်သော်လည်း ၎င်းကို ကောင်းစွာ မစီမံနိုင်ပါက စွန့်ခွာဘက် ပြောင်းလာသူများ အခြေစိုက်ရာနေရာများတွင် ရလဒ်ဆိုးများ ရရှိလာနိုင်ပါ သည်။ စစ်တပ်မှ စွန့်ခွာဘက်ပြောင်းခြင်းကို ထောက်ပံ့ကူညီမှုများသည် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ အမျိုးသားညီညွတ်ရေးအစိုးရ နှင့် အရပ်သားများအတွက် စိန်ခေါ်မှုများဖြစ်စေနိုင်ပါ သည်။ စစ်သားများသည် အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးနှင့် အရက် အလွန်အကျွံသုံးစွဲမှု ရာဇဝင်များရှိ နိုင်ပြီး ၎င်းတို့ကို လူမှုအသိုက်အဝန်းများအတွင်း ပြန်လည်ပေါင်းစည်းရေးသည် ခိုင်လုံသော စိုးရိမ်ဖွယ်အကြောင်းရင်း တစ်ခု ဖြစ်ပါသည်။ ထို့အပြင် စစ်တပ်၏ လက်ထဲတွင် နေ့စဉ်ဒုက္ခခံစားနေရသော ပြည်သူများအနေဖြင့် အဆိုပါကူညီ ထောက်ပံ့ရေးအစီအစဉ်များကို မည်သို့မည်ပုံ လက်ခံပေးနိုင်ပါမည်နည်း။ အကြမ်းဖက်အစွန်းရောက်များကို စီမံခန့်ခွဲခြင်းနှင့် ပြန်လည်ထူထောင်ရေး နည်းလမ်းများသည် ကမ္ဘာ့နေရာ အနှံ့အပြားတွင် တည်ရှိနေပြီး စစ်တပ်မှ စွန့်ခွာထွက်ပြေးလာသူများကို အစွန်းရောက်မှု ပပျောက်ရေး၊ ၎င်းတို့ကို အကျိုး ပြုသည့် ဘေးကင်းသော လူမှုအဖွဲ့အစည်း၏ အဖွဲ့ဝင်များအဖြစ် ပြန်လည် ပေါင်းစည်းရေးအတွက် အချို့သော နည်းလမ်းများကို အသုံးပြုနိုင်ပါသည်။
အာဏာသိမ်းမှု စတင်ချိန်မှစ၍ စစ်တပ်ကို စွန့်ခွာဘက်ပြောင်းရေး ကြိုး ပမ်းမှုအားလုံးသည် တာထွက်အနေအထားတွင်သာ ရှိနေပြီး တိုးတက်ရန် များစွာလိုအပ်နေသေးကြောင်း ကျွန်ုပ်တို့၏ တွေ့ရှိချက်များက ဖော်ပြနေပါ သည်။ သို့သော် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းခြင်းသည် အလွန်ကြီးမားပြီး လွှမ်းမိုးမှုရှိသော အလားအလာကောင်းများရှိကာ ထိုသို့ ဆောင်ရွက်ရာတွင် နည်းဗျူဟာသည် အရေးကြီးပါသည်။ ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်း များထံမှ လုံလောက်သော နည်းပညာနှင့် ရုပ်ဝတ္ထုပစ္စည်း ပံ့ပိုးမှု ရရှိပါက တော်လှန်ရေးအတွက် အဆုံးအဖြတ်ပေးနိုင်သော အချက်တစ်ခု ဖြစ်လာနိုင် ပါသည်။
နောက်ထပ်အချက်တစ်ချက်မှာ ထိပ်တန်းအရာရှိများ၏ စစ်တပ်မှ စွန့်ခွာ ဘက်ပြောင်းမှုဖြစ်ပါသည်။ ၂၀၂၁ အောက်တိုဘာလလယ်ထိ “စစ်တပ်မှ စွန့်ခွာ ဘက်ပြောင်းရန်ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့သော စစ်တပ်ထိပ်တန်း အရာရှိ တိုင်းမှူးတစ်ဦးသာ ရှိခဲ့သည်”101 စစ်တပ်မှ စွန့်ခွာဘက်ပြောင်းလာသူ များ၏ လုပ်ဖော်ကိုင်ဖက်ဟောင်း အများအပြားသည် စစ်အစိုးရလက်အောက် တွင် အဆင့်မြင့်ရာထူးများ ရရှိနေကြပါသည်။ စစ်တပ်အရာရှိများ စွန့်ခွာဘက် ပြောင်းမှု တိုးလာပါက စစ်တပ်မှ ပမာဏအများအပြား စွန့်ခွာဘက်ပြောင်းမှု ဖြစ်ပွားရန် ပိုမိုတွန်းအားပေးမှု များ ဖြစ်လာနိုင်သည်။
အကြံပြုချက်များ
ဤကဏ္ဍတွင် ကျွန်ုပ်တို့သည် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းခြင်း ရည်မှန်းချက် များ အောင်မြင်ရန်အတွက် ၎င်းတို့၏ နည်းဗျူဟာကို အထောက်အကူပြုမည့် ခြေလှမ်းများကို ဖော်ပြထားပါသည်။
၁။ စစ်တပ်မှ စွန့်ခွာဘက်ပြောင်းမှု တိုက်တွန်းအားပေးကူညီရေး အသိုက်အဝန်းနှင့် အဖွဲ့အစည်းများကို လမ်းကြောင်း ဆက်သွယ်ပံ့ပိုး ပေးခြင်း
အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်သူ့ရင်ခွင်သည် လက်ရှိစစ်တပ်မှ စွန့်ခွာဘက်ပြောင်းလာသူများထံ လက်လှမ်းမီရောက်ရှိမှု အများဆုံးဖြစ်ပြီး ၎င်းတို့က စွန့်ခွာဘက်ပြောင်းလာသူများကို လိုအပ်သော အကူအညီများ ပေးနိုင်ရန် ထိုအဖွဲ့အစည်းများကို ပံ့ပိုးကူညီရမည်ဖြစ်ပါသည်။ ၎င်းတို့သည် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းလာသူများအား အစွန်းရောက်မှု ပပျောက်ရေး နှင့် အရပ်သားဘဝသို့ ပြန်လည်ကူးပြောင်းရေးအတွက် ကျယ်ပြန့်သော အစီအစဉ်တစ်ရပ်ကို ရေးဆွဲနိုင်ခြေအရှိဆုံး အဖွဲ့အစည်းများဖြစ်ပါသည်။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများက ၎င်းတို့၏ နယ်မြေများနှင့် ကျေးရွာများတွင် နေထိုင်နေကြသော စစ်တပ်မှ စွန့်ခွာဘက်ပြောင်းလာသူ များ၏ ရုပ်ပိုင်းဆိုင်ရာအပါအဝင် အသုံးအဆောင်ပစ္စည်းနှင့် ပတ်သက်သော ဝန်ထုပ်ဝန်ပိုးများကို ကိုင်တွယ်ဆောင်ရွက်နေရသည့်အပြင် ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေများတွင် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းလာသူ များမှ ကိုယ်ပိုင်လက်နက်ကိုင်အဖွဲ့များဖွဲ့ပြီး နယ်မြေအတွင်း နေထိုင်သော ပြည်သူများအတွက် မတည်မငြိမ်ဖြစ်လာစေနိုင်သော အန္တရာယ်နှင့် ၎င်းတို့ ရင်ဆိုင်နေရပါသည်။ ထို့ကြောင့် ERO များအနေဖြင့် စစ်တပ်မှ အစုလိုက် အပြုံလိုက် စွန့်ခွာဘက်ပြောင်းမှုများ ရှိလာပါက “ဖြစ်လာနိုင်သော ပြဿနာများ” ကို ကိုင်တွယ်ဖြေရှင်းရန် အရေးကြီးသော မဟာဗျူဟာ တစ်ရပ်လိုအပ်ပါသည်။102 တိုင်းရင်းသားနယ်မြေနှင့် ERO နယ်မြေများရှိ ဒေသ ခံလူထုများသည်လည်း စစ်တပ်မှ စွန့်ခွာဘက်ပြောင်းလာသူများနှင့် စီဒီအမ် လှုပ်ရှားမှုတွင် ပါဝင်သူများကို လက်ခံနေရာပေးရခြင်းကြောင့် လူမှုရေးနှင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများဖြင့် ရင်ဆိုင်နေရသည်။ ထို့ကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများက အထောက်အပံ့ များ ပိုမိုပံ့ပိုးပေးခြင်းဖြင့် ၎င်းတို့၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးသင့်ပါသည်။ စစ်တပ်မှ စွန့်ခွာဘက်ပြောင်းခြင်းကို တိုက်တွန်းအားပေးနေသော အမှီအခို ကင်းသည့်အဖွဲ့များ အထူးသဖြင့် စစ်သားဟောင်းများမှ စတင်ဖွဲ့စည်းခဲ့သည့် အဖွဲ့များနှင့် ဒေသတွင်းအခြေစိုက်သည့်အဖွဲ့များသည် စစ်တပ်တွင်းကျန်ရှိနေ သော စစ်သားများနှင့် နီးစပ်လေ့ရှိပါသည်။ ထိုအဖွဲ့များကို ပံ့ပိုးပေးခြင်းသည် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းရန် စိတ်ဝင်စား သော်လည်း NUG သို့မဟုတ် ERO များကို အယုံအကြည်မရှိသော စစ်သားများထံသို့ လက်လှမ်းမီရောက်ရှိ နိုင်ရန် ကူညီနိုင်ပါလိမ့်မည်။
၂။ စစ်တပ်မှ စွန့်ခွာဘက်ပြောင်းမှုကို အားပေးထောက်ပံ့သည့် အဖွဲ့အစည်းများကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် အထောက်အကူပြုကူညီခြင်း
ပြည်သူ့ပန်းတိုင်၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန် ရေးအဖွဲ့များကဲ့သို့ အဖွဲ့ကြီးများကို ဆက်သွယ်ရန် စစ်တပ်မှ စွန့်ခွာဘက် ပြောင်းသူ အုပ်စုငယ်များနှင့် ဒေသတွင်း စစ်တပ်မှ စွန့်ခွာဘက်ပြောင်းရန် ကြိုးပမ်းသူအုပ်စုများထံ ကွန်ရက်ချိတ်ဆက်မှု အခွင့်အလမ်းများ ပေးအပ်ထား သင့်ပါသည်။ အမှီအခိုကင်းသောအဖွဲ့များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှုကို အားပေးသည့် ကြိုးပမ်းမှုများလည်း ရှိသင့်ပါသည်။ အမှီအခိုကင်းသော အဖွဲ့များတွင် NUG/ERO များကို မယုံကြည်သောသူ များစွာရှိပါသည်။ နေရာ ဒေသပေါင်းစုံမှ စစ်သားများအနေဖြင့် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းရေး ကမ်းလှမ်းချက်များကို လက်လှမ်းမီနိုင်ခြေ တိုးမြင့်လာစေရန်အလို့ငှာ ဤအချက်ကို အလျင်အမြန် ကုစားသင့်ပါသည်။
၃။ Non-CDM သို့မဟုတ် စစ်တပ်တွင် တာဝန်ထမ်းဆောင်ဆဲ ပုဂ္ဂိုလ် များကို ဦးတည်သည့် ဆက်သွယ်ရေးကြိုးပမ်းမှုများကို တိုးမြှင့်ခြင်း
စစ်သားများအား စစ်တပ်မှစွန့်ခွာဘက်ပြောင်းပါက ၎င်းတို့အတွက် ရရှိနိုင် သော အထောက်အပံ့များအကြောင်း နားလည်စေရန် ယန္တရားများကို ဖန်တီး တည်ဆောက်ပြီး ဆက်သွယ်အသိပေးရပါမည်။ လူမှုကွန်ရက်နှင့် သမာရိုးကျ မီဒီယာများတွင် ကမ်ပိန်းများပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်နှင့် လက်ကမ်း ကြော်ငြာများဝေခြင်း၊ စစ်သားများ၏ ရှိရင်းစွဲလမ်းကြောင်းများကို ထိုးဖောက် ဝင်ရောက်ကာ သတင်းအချက်အလက်ဝေမျှခြင်းများ ပြုလုပ်နိုင်ပါသည်။ လက်ရှိတွင် ချန်နယ်အများအပြားကို မီဒီယာကျွမ်းကျင်မှု အားနည်းသော သို့မဟုတ် လုံးဝမရှိသော အဖွဲ့များက ကိုင်တွယ်နေသောကြောင့် ယင်းချန်နယ် များ ပိုမိုတိုးတက်လာစေရန် ပံ့ပိုးကူညီပေးသင့်ပြီး ကျွမ်းကျင်သူများက ထိ ရောက်သော အကြံဉာဏ်များ ပေးအပ်သင့်ပါသည်။ တပ်ထဲမှ စစ်သားများနှင့် ဆက်သွယ်ပြောဆိုရန်အတွက် လွတ်လပ်သော ပင်မမီဒီယာလမ်းကြောင်းမှ တစ်ဆင့် အခွင့်အလမ်းများ ဖန်တီးပေးသင့်သည်။ ရှေ့တန်းနှင့် အခြေစိုက် စခန်းများရှိ စစ်သားများသည် ရေဒီယိုကို မကြာခဏ နားထောင်လေ့ရှိကြပြီး ကန့်သတ်ချက်များ ရှိသော်လည်း ဆိုရှယ်မီဒီယာကို အသုံးပြုလေ့ရှိကြပါသည်။ သတင်းအချက်အလက် သိရှိရမှုသည် ၎င်းတို့အနေဖြင့် စစ်တပ်မှ စွန့်ခွာဘက် ပြောင်းရေးတွင် အရေးပါသော အချက်တစ်ခုဖြစ်သည်။ စစ်တပ်မှ စွန့်ခွာဘက် ပြောင်းမှုများနှင့် စစ်တပ်၏ လုပ်ရပ်များအကြောင်း ဆက်လက်မျှဝေရန်၊ တင်ပြရန် လွတ်လပ်သော မီဒီယာများအား မက်လုံးပေးခြင်းများ ပြုလုပ်နိုင်ပါ သည်။ နိုင်ငံတကာအသိုင်းအဝိုင်းသည် နိုင်ငံတစ်ဝန်းရှိ လူထုများထံ သတင်း အချက်အလက်စီးဆင်းမှု တိုးမြင့်လာစေရန်အတွက် ပံ့ပိုးကူညီပေးခြင်းနှင့် ဂြိုဟ်တုအင်တာနက်များ ထောက်ပံ့ပေးခြင်းများ ပြုလုပ်ပေးသင့်ပါသည်။
၄။ ပြန်လည်ထူထောင်ရေးနှင့် ပေါင်းစည်းရေးဆိုင်ရာအဖွဲ့များကို လေ့ကျင့်သင်တန်းပေးခြင်း
စစ်တပ်မှ စွန့်ခွာဘက်ပြောင်းသွားခြင်းကို အားပေးကူညီပံ့ပိုးပေးသည့် အဖွဲ့ အများအပြားသည် လူမှုလုပ်ငန်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီ သို့မဟုတ် စိတ်ကျန်းမာရေး ပံ့ပိုးမှုတွင် နည်းလမ်းတကျ အတွေ့အကြုံ အနည်းငယ်သာ သို့မဟုတ် လုံးဝ မရှိသော ရေတိုဖြေရှင်းနည်းများဖြင့် ဖွဲ့စည်းထားကြပါသည်။ ဤအဖွဲ့များတွင် နိုင်ငံရေး အယူဝါဒ အကြောင်းပြ ချက်များကြောင့် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းလာသူများကို ကူညီပံ့ပိုးလို သော စေတနာ့ဝန်ထမ်းနှင့် စစ်သားဟောင်းများပါဝင်ပါသည်။ စစ်တပ်မှ စွန့်ခွာ ဘက်ပြောင်းမှုကို ပံ့ပိုးသည့်အဖွဲ့များသည် အခြားဒေသများတွင် စွန့်ခွာဘက် ပြောင်းလာသူများ၏ အခြေအနေကို ကိုင်တွယ်ဖြေရှင်းပုံနှင့် ပတ်သက်သည့် နှိုင်းရဒေတာများ တိုးပွားလာစေရန် အခြားဒေသများတွင် အကြမ်းဖက်မှု ပပျောက်ရေးနှင့် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းရေးဆိုင်ရာ နိုင်ငံတကာ၏ အောင်မြင်သော သမိုင်းကြောင်းတစ်လျှောက် ကြိုးပမ်းအားထုတ်မှုများကို လေ့လာသင်ယူနိုင်သည်။103
၅။ အရပ်သားဘဝသို့ ပိုမိုကောင်းမွန်စွာ ကူးပြောင်းနိုင်ရန် စစ်သား များအတွက် သီးသန့်လေ့ကျင့်ရေး အခွင့်အလမ်းများပေးခြင်း
စစ်တပ်သည် ၎င်း၏ တပ်ဖွဲ့ဝင်များနှင့် မိသားစုများအပေါ် ဘာသာရေးကို ဘန်းပြ၍ လုံးဝနီးပါးထိန်းချုပ်ထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ စစ် တပ်ထဲဝင်သူများသည် ၎င်းတို့ကိုယ်၎င်းတို့ အံ့သြတုန်လှုပ်ဖွယ်ကောင်းသော စနစ်တစ်ခုထဲတွင် ပိတ်မိနေကာ လွတ်မြောက်ရန် ခက်ခဲကြောင်း မြန်မြန်ဆန် ဆန်ပင် တွေ့ရှိလေ့လာမိကြပါသည်။ ရာထူး၊ ဂုဏ်ဒြပ်ရှိသူများက စစ်တပ်ထဲ တွင် တစ်သက်လုံးနေသည်မှာ တွေ့နေကျအရာဖြစ်ပြီး ၎င်းတို့၏ သားသမီး များလည်း များသောအားဖြင့် စစ်တပ်ထဲဝင်လေ့ ရှိကြပါသည်။ စစ်တပ်၏ တင်းကျပ်ပြီး သီးသန့်ဆန်သော မူဝါဒများကြောင့် ၎င်းစစ်သားများသည် အရပ်သားဘဝတွင် ရှင်သန်ရန် အရည်အချင်း နည်းပါးကြသည်။ မြန်မာနိုင်ငံ ပြင်ပတွင် ပြောင်းရွှေ့နေထိုင်ကြသော စီဒီအမ်တွင် ပါဝင်သူများ ဘဝသစ်တွင် အဆင်ပြေစေရန်အတွက် ပြန်လည်လေ့ကျင့်ပေးနေသည့် အဖွဲ့တချို့ရှိသလို စစ်သားများအတွက် သီးသန့်အတတ်ပညာ ပြန်လည်ဖြည့်တင်းပေးခြင်းနှင့် ပြန်လည်လေ့ကျင့်ရေး သင်တန်းများ လုပ်ဆောင်ပေးရန်လိုအပ်ပါသည်။ စစ်တပ်မှ စွန့်ခွာဘက်ပြောင်းရေး ကမ်းလှမ်းမှုများ တိုးမြင့်လာစေရန်အတွက် စစ်သားများ၏ အိမ်ထောင်ဘက်များနှင့် သားသမီးများအား ပံ့ပိုးကူညီမှုများ ပြုလုပ်သင့်ပါသည်။ စစ်သားအများအပြားသည် အလုပ်အကိုင်၊ ပညာရေး အခွင့်အလမ်းများနှင့် ဘဏ္ဍာရေးဆိုင်ရာတည်ငြိမ်မှုတို့ရရှိရန် စစ်တပ်ထဲဝင်ခဲ့ ကြပြီး အခြားနေရာများတွင် ပိုမိုကောင်းမွန်သော အခွင့်အလမ်းများ ရနိုင်သည် ကိုမြင်ပါက ၎င်းတို့ကို ဆွဲဆောင်နိုင်ပြီး စစ်တပ်မှ စွန့်ခွာဘက်ပြောင်းမှုကို ဦးတည်စေနိုင်ပါသည်။
၆။ တပ်မှ ထွက်ပြေးလာသူများ၏ အခန်းကဏ္ဍများကို ရှင်းလင်းစွာ ဖော်ဆောင်ခြင်း
ကျွန်ုပ်တို့၏ တွေ့ရှိချက်များအရ စစ်တပ်မှ စွန့်ခွာဘက်ပြောင်းလာသူ အများအပြားသည် အလုပ်နှင့် ဝင်ငွေရလမ်းမရှိဘဲ အသုံးမဝင်သလို၊ လမ်း ပျောက်သလိုခံစားရသည်မှာ ထင်ရှားပါသည်။ အများစုသည် မည်သည့် အလုပ်အကိုင်မျိုးမဆိုမှ အကျိုးရရှိနိုင်သော်လည်း၊ စစ်တပ်မှ စွန့်ခွာဘက် ပြောင်းလာသူများအတွက် ၎င်းတို့ပါဝင်သော ပဏာမခြေလှမ်းအသစ်များ နှင့် ပရောဂျက်များကို ဖော်ဆောင်နိုင်မည်ဆိုလျှင်လည်း အသုံးဝင်မည်ဖြစ်ပါ သည်။ စစ်တပ်မှ စွန့်ခွာဘက်ပြောင်းလာသူများသည် တစ်ခါတစ်ရံတွင် ပြည်သူ့ကာကွယ်ရေးတပ်များအား လေ့ကျင့်ရေးသင်ကြားမှုများတွင် ပါဝင် သော်လည်း ပမာဏ အနည်းငယ်သာရှိသည်။ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ အများအပြားသည် စစ်တပ် ကို ထိုးစစ်ဆင်သည့် စစ်ဆင်ရေးများတွင် စစ်တပ်မှ စွန့်ခွာ ဘက်ပြောင်းလာသူ များနှင့်အတူ ပါဝင်ရန် ချီတုံချတုံ ဖြစ်နေသော်လည်း စစ်တပ်မှ စွန့်ခွာ ဘက်ပြောင်းလာသူများသည် တော်လှန်ရေးလှုပ်ရှားမှုတွင် အခြားသူများ မရှိ သည့် အရည်အချင်းများ ရှိနေတတ်ပါသည်။ ထိုအရည်အချင်းများကို အသုံးချ နိုင်ရန် အရေးကြီးပါသည်။ ထိုသို့အသုံးချရန် နည်းလမ်းတစ်ခုမှာ စစ်တပ်မှ စွန့်ခွာဘက်ပြောင်းလာသူများအနေဖြင့် အရပ်သားများနှင့် အဓိပ္ပာယ်ပြည့်ဝ သော ချိတ်ဆက်မှုများ တည်ထောင်ကာ လူ့ဘောင်အဖွဲ့အစည်းအတွင်းသို့ ၎င်းတို့ကို ပြန်လည်ပေါင်းစည်းစေနိုင်ရန် အထောက်အကူပေးနိုင်မည့် ကိုယ်ထူ ကိုယ်ထအစီအစဉ်များတွင် ပါဝင်စေကာ ၎င်းတို့၏ အရည်အချင်း အသိပညာ များကို မျှဝေခြင်းဖြစ်ပါသည်။
၇။ ရွှေ့ပြောင်းနေထိုင်သူများအတွက် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ပံ့ပိုးကူညီမှုပေးခြင်း
တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် နယ်စပ်ဒေသများအနေဖြင့် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းလာသူများကို ကာကွယ်ထောက်ပံ့ပေးရန် ပံ့ပိုး ကူညီမှုများ လိုအပ်နေပါသည်။ ၎င်းတို့ကို ဗျူဟာမြောက် အရေးပါသော ဒေသ များနှင့် ဝေးဝေးတွင်ထားရန် လိုအပ်ပြီး ၎င်းတို့ ဆက်လက်ရွှေ့ပြောင်းလှုပ်ရှား ရန် နည်းလမ်းများ ရှိရပါမည်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ သည် စိုးရိမ်ပူပန်မှုရှိနေသည့် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းလာသူများအား အကာအကွယ်ပေးသည့် အဆင့်တစ်ခု ကမ်းလှမ်းပေးသင့်ပါသည်။ မြန်မာ-ထိုင်းနယ်စပ် တစ်ဖက်တစ်ချက်တွင် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းလာသူ များစွာရှိပြီး မြန်မာနိုင်ငံမှ (စစ်တပ်မှ စွန့်ခွာဘက် ပြောင်းလာသူများ အပါအ ဝင်) ဒုက္ခသည်များအတွက် အခြေအနေ တိုးတက်ကောင်းမွန်လာစေရန် ထိုင်း အစိုးရအား စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်သင့်သည်။
၈။ စစ်တပ်မှ စွန့်ခွာဘက်ပြောင်းလာသူများအား တတိယနိုင်ငံများတွင် ပြန်လည်နေရာချထားရေး အစီအစဉ်များ ကမ်းလှမ်းခြင်း
ကိုယ်ချင်းစာတတ်သော နိုင်ငံများအနေဖြင့် စစ်တပ်မှ စွန့်ခွာဘက်ပြောင်း သူများအား နိုင်ငံရေးခိုလှုံခွင့် ပေးခြင်းဖြင့် အရာရှိစစ်သည်များ စစ်တပ်မှ စွန့်ခွာဘက်ပြောင်းခြင်းကို ကူညီဆောင်ရွက်ပေးရာတွင် အရေးပါသော အခန်း ကဏ္ဍမှ ပါဝင်ခွင့်ရရှိနေပါသည်။ စစ်တပ်မှ စွန့်ခွာဘက်ပြောင်းခြင်းအတွက် အကြီးမားဆုံး အတားအဆီးမှာ ရှင်းလင်းသော ထွက်လမ်း မရှိခြင်းပင်ဖြစ် သည်။ စစ်တပ်မှ စွန့်ခွာဘက်ပြောင်းသူများစွာသည် သြစတြေးလျမှ ပြန်လည် နေရာချထားရေး ကမ်းလှမ်းချက်အား စစ်တပ်မှ ထွက်ခွာရန်အတွက် ခိုင်မာ သောမက်လုံးတစ်ခုအဖြစ် ဖော်ပြကြပါသည်။ ၎င်းတို့ရှေ့တွင် ရှင်းလင်းပြတ် သားသော လမ်းကြောင်းတစ်ခုရှိပါက အခြားသော စစ်သည်များစွာသည် စစ်တပ်အဖွဲ့အစည်းကို စွန့်ခွာဖို့ရန် ဆန္ဒရှိကြလိမ့်မည်ဖြစ်သည်။
၉။ မြန်မာနိုင်ငံရှိ ပဋိပက္ခများအတွက် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု ယန္တရားများ ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးကူညီခြင်း
စစ်သားများသည် အရပ်သားများ သို့မဟုတ် ရန်သူတိုက်ခိုက်ရေးသမားများ အပေါ် မတရားသောအကြမ်းဖက်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများအား မျက်မြင် တွေ့ရှိခဲ့ခြင်း သို့မဟုတ် ကျူးလွန်ခဲ့ခြင်းမျိုးရှိခဲ့နိုင်ပါသည်။ ထိုသို့သော ဖြစ်ရပ် များကို မှတ်တမ်းတင်ရန်နှင့် တုံ့ပြန်ရန်အတွက် ယန္တရားများကို အကောင် အထည်ဖော်သင့်သည်။ လွတ်ငြိမ်းချမ်းသာခွင့်များ အသုံးပြုခြင်း၊ စစ်သုံ့ပန်း များအား တရားမျှတစွာ ဆက်ဆံခြင်း၊ တရားလက်လွတ် သတ်ဖြတ်ခြင်းများကို ပြတ်ပြတ်သားသားတားမြစ်ခြင်းနှင့် လက်နက်ချခြင်းအတွက် အာမခံပေးခြင်း စသည့်တို့ဖြင့် ဘေးကင်းစွာ လက်နက်ချလိုသော စစ်သားများအား လက်နက် ချနိုင်ရန် ယန္တရားများ ထားရှိသင့်ပါသည်။
၁၀။ စစ်တပ်မှ စွန့်ခွာဘက်ပြောင်းမှုနှင့် စပ်လျဉ်းသည့် သုတေသန လုပ်ငန်းများကို ပံ့ပိုးကူညီခြင်း
စစ်တပ်မှ စွန့်ခွာဘက်ပြောင်းလာသူများကို ပစ်မှတ်ထားသည့် ဆက်သွယ် ဆက်ဆံရေး ကြိုးပမ်းမှုတိုင်းသည် မည်မျှထိရောက်မှုရှိသည်ကို တိုင်းတာ ထားသော အချက်အလက်များဖြင့် အထောက်အပံ့ပေးထားရန် လိုအပ်ပါ သည်။ စစ်တပ်မှ စွန့်ခွာဘက်ပြောင်းမှုများကို ရည်ရွယ်သည့် ရှိပြီးသား ဆက်သွယ်ရေးနည်းလမ်းများအပေါ် အခြေခံအချက်အလက်များနှင့် ခွဲခြမ်း စိတ်ဖြာမှုများကို စုဆောင်းရန်အတွက် နောက်ထပ်သုတေသန ပြုလုပ် ဆောင်ရွက်သင့်ပါသည်။ ရှိနေပြီးသား သုတေသနများအား ဆန်းစစ်လေ့လာမှု များကို ကမ္ဘာတစ်ဝန်းရှိ စစ်တပ်မှစွန့်ခွာဘက်ပြောင်းခြင်းဆိုင်ရာ ဗျူဟာများ ပေါ်တွင် ပြုလုပ်သင့်ပြီး ဒေသတွင်းအခြေအနေအတွက် ရှိရင်းစွဲ စစ်တပ်မှ စွန့်ခွာဘက်ပြောင်းခြင်းဆိုင်ရာ ကြိုးပမ်းမှုများတွင် မတူညီသော နည်းဗျူဟာ များကို စမ်းသပ်နိုင်စေရန် မြန်မာဘာသာဖြင့် ဖော်ပြပြောဆိုမှုများ ပြုလုပ် သင့်ပါသည်။
အဆုံးမှတ်စုများ
1 Sherwell, 2021.
2 နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၊ ၂၀၂၃။
3 Abuza, 2023.
4 လွတ်လပ်သော သုတေသန ကွန်ရက်၊ ၂၀၂၂။
5 “မြန်မာနိုင်ငံ၏ စင်ပြိုင်အစိုးရ”၊ ၂၀၂၂။
6 Stephan & Chenoweth, 2008.
7 Degaut, 2019.
8 Lian Bawi Thang, 2023.
9 လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ ၂၀၀၂၊ ၂၀၀၇။
10 ဥပမာ အာရက္ခတပ်တော် (၂၀၂၀)။
11 ဆက်လ်တ်သည် စစ်သည်ဟောင်းများ၏ ထွက်ဆိုချက်များမှ အချက်အလက်များကို အသုံးပြု ထားသော်လည်း ယင်းအချက်အလက်များ၏ ဓမ္မဓိဋ္ဌာန်ကျမှုကို သုံးသပ်ရာတွင် သတိထားရန် တိုက်တွန်းထားပြီး ယခင်သုတေသနစာတမ်းကို ရေးသားခဲ့သော လေ့လာစောင့်ကြည့်သူများမှာ (ထိုအကြောင်းကို) “ကောင်းစွာ သိရှိထားပြီးသူများ” ဟု ၎င်းကဆိုပါသည်။
12 Selth, 2021, pp. 17-21.
13 Sai Latt, 2016, pp. 136-137.
14 Sai Latt, 2016, p. 129.
15 Sai Latt, 2016, p. 156.
16 Sai Latt, 2016, p. 156.
17 လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့၊ ၂၀၂၁။
18 Kyed & Ah Lynn, 2021.
19 ဉာဏ်စင်္ကြံအဖွဲ့နှင့် ကူဒ်တို့သည် ရဲဝန်ထမ်းများမှ စွန့်ခွာဘက်ပြောင်းမှုများပေါ်တွင် အထူးပြု လေ့လာထားသော အစီရင်ခံစာ (၂၀၂၁) ကို ထုတ်ဝေခဲ့သည်။ ၎င်းတို့၏ တွေ့ရှိချက်သည် ရဲအရာ ရှိများနှင့် သူတို့၏ ဇနီးများအား တွေ့ဆုံ မေးမြန်းမှုများ၊ သတင်းမီဒီယာနှင့် လူမှုမီဒီယာသတင်း ရင်းမြစ်များအပေါ် အခြေခံထားသော်လည်း “မြန်မာနိုင်ငံတစ်ဝန်းလုံးအတိုင်းအတာကို ခြုံငုံ ဖော်ပြနိုင်ခြင်း မရှိဘဲ ကြိုတင်၍ အကြမ်းဖျဉ်း နားလည်နိုင်ရန်သာ ဖတ်ရှုရမည်” ဟု စာရေးသူ များက ဝန်ခံထားပါသည် (၂၀၂၁၊ စာ ၂)။
20 Kyed & Ah Lynn, 2021, p. 61.
21 Kyed & Ah Lynn, 2021, p. 98.
22 Kyed & Ah Lynn, 2021, p. 12.
23 Kyed & Ah Lynn, 2021, p. 68.
24 Kyed, 2022.
25 Kyed, 2022, p. 7.
26 Kyed, 2022, p. 13.
27 Attwood et al., 2022.
28 Kyed & Ah Lynn, 2021, p. 13.
29 Min Min, 2022.
30 Kyed, 2022, p. 18.
31 Kyed & Ah Lynn, 2021, pp. 58-59.
32 Kyed & Ah Lynn, 2021, p. 99.
33 Kyed & Ah Lynn, 2021, p. 9.
34 နောက်ဆက်တွဲ (၁) ကို ယခုပုံနှိပ်ဆောင်းပါးတွင် ဖော်ပြမထားဘဲ ဂျာနယ်၏ ဝက်ဘ်ဆိုဒ်တွင် တင်ဆက်မည့် ယခုဆောင်းပါး၏ အွန်လိုင်းဗားရှင်းတွင် ဖော်ပြထားမည်ဖြစ်ပါသည်။
35 စစ်ဆေးတပ်များသည် ရေတပ် သို့မဟုတ် လေတပ်စခန်းတွင် တာဝန်ထမ်းဆောင်နေသော် လည်း ကြည်းတပ်ဖွဲ့ဝင်များအဖြစ်သာ သတ်မှတ်ထားပါသည်။ ဖြေဆိုသူအများအပြားသည် ဆေးတပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။
36 ၎င်းကို ၂၀၁၉ တွင် အတည်ပြု လက်မှတ်ရေးထိုးခဲ့သည် (Zue Zue, 2019)။
37 Martin, 2022.
38 ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့တွင် NUG သည် အရပ်ဘက်ဝန်ထမ်းများ စီဒီအမ် ဝင် ရန် နောက်ဆုံးရက်ရောက်ပြီဖြစ်ကြောင်းနှင့် “ပြည်သူ့ကာကွယ်ရေးစစ်ပွဲ” စတင်ပြီဖြစ်ကြောင်း ကြေညာခဲ့သည် (Strangio, 2021)။
39 စစ်သားများသည် တစ်ခါတစ်ရံတွင် ဖရဲသီးအဖြစ် စွပ်စွဲခံရလေ့ရှိပါသည်။ အပြင်တွင် စိမ်း (စစ်တပ်ယူနီဖောင်း၏ အရောင်) ပြီး အတွင်းတွင် နီ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တော်လှန်ရေး၏ အရောင်) သူများ။
40 အမျိုးသားညီညွတ်ရေးအစိုးရ၊ ၂၀၂၃။
41 စစ်သားများ၏ ဆက်သွယ်ရေးအချက်အလက်များကို စစ်တပ်ပြင်ပတွင် ရောက်ရှိနေသူများမှ အနီးကပ်စောင့်ကြပ်ထိန်းသိမ်းထားပြီး ၎င်းအချက်မှာ ၎င်းတို့အတွက် အလွန်အဖိုးတန်သော အချက်အလက်များ ပိုင်ဆိုင်သည့် အထူးဖြစ်ရပ်တစ်ခု ဖြစ်ပါသည်။
42 Esther, 2023.
43 Loong, 2022.
44 South, 2018.
45 “အိန္ဒိယနိုင်ငံရှိ မြန်မာ့စစ်ဘေးရှောင်များ”၊ ၂၀၂၂။ “ကျွန်ုပ်တို့ အကျပ်အတည်းတစ်ခု ရင်ဆိုင် နေကြရပါတယ်”၊ ၂၀၂၂။
46 ပါဝင်ဖြေဆိုသူ (၂၂) ဦးမြောက်၊ စစ်တမ်း/အင်တာဗျူးဖြေဆိုသူ။
47 ပါဝင်ဖြေဆိုသူ (၂၄) ဦးမြောက်၊ ၊ စစ်တမ်း/အင်တာဗျူးဖြေဆိုသူ။
48 ပါဝင်ဖြေဆိုသူ (၂၃) ဦးမြောက်၊ စစ်တမ်း/အင်တာဗျူးဖြေဆိုသူ။
49 Skidmore & Wilson, 2008.
50 ပါဝင်ဖြေဆိုသူ (၈) ဦးမြောက်၊ စစ်တမ်း/အင်တာဗျူးဖြေဆိုသူ။
51 Lian Bawi Thang, 2023.
52 ဤအချက်မှာ Justice for Myanmar အဖွဲ့၏ တွေ့ရှိချက်များနှင့် အတည်ပြုထားခြင်း ဖြစ်ပါသည်။ တရုတ်နှင့် ရုရှားတို့သည် စစ်အစိုးရထံ လက်နက်များ အဓိက ထောက်ပံ့ပေးနေ သည့် နှစ်ခုဖြစ်ကြောင်း အများသိကြသော်လည်း Justice for Myanmar အဖွဲ့က မြန်မာ လုံခြုံရေးဝန်ထမ်းများကို လေ့ကျင့်ပေးရာတွင် တရုတ်နှင့် ရုရှား၏ တိုးမြှင့်ပါဝင်လာမှုကို မီးမောင်းထိုးပြထားသည် (2023, p. 53)။
53 Justice for Myanmar, 2023, pp. 48-49.
54 ပါဝင်ဖြေဆိုသူ (၃) ဦးမြောက်၊ စစ်တမ်း/အင်တာဗျူးဖြေဆိုသူ။
55 ပါဝင်ဖြေဆိုသူ (၂၃) ဦးမြောက်၊ စစ်တမ်း/အင်တာဗျူးဖြေဆိုသူ။
56 ပါဝင်ဖြေဆိုသူ (၃၃) ဦးမြောက်၊ စစ်တမ်း/အင်တာဗျူးဖြေဆိုသူ။
57 ပါဝင်ဖြေဆိုသူ (၁၀) ဦးမြောက်၊ စစ်တမ်း/အင်တာဗျူးဖြေဆိုသူ။
58 ပါဝင်ဖြေဆိုသူ (၄၄) ဦးမြောက်၊ စစ်တမ်း/အင်တာဗျူးဖြေဆိုသူ။
59 ပါဝင်ဖြေဆိုသူ (၂၄) ဦးမြောက်၊ စစ်တမ်း/အင်တာဗျူးဖြေဆိုသူ။
60 ပါဝင်ဖြေဆိုသူ (၄၅) ဦးမြောက်၊ စစ်တမ်း/အင်တာဗျူးဖြေဆိုသူ။
61 ပါဝင်ဖြေဆိုသူ (၄) ဦးမြောက်၊ စစ်တမ်း/အင်တာဗျူးဖြေဆိုသူ။
62 ပါဝင်ဖြေဆိုသူ (၄၄) ဦးမြောက်၊ စစ်တမ်း/အင်တာဗျူးဖြေဆိုသူ။
63 ပါဝင်ဖြေဆိုသူ (၆) ဦးမြောက်၊ စစ်တမ်း/အင်တာဗျူးဖြေဆိုသူ။
64 Sai Latt, 2016, p. 129.
65 ပါဝင်ဖြေဆိုသူ (၂၁) ဦးမြောက်၊ စစ်တမ်း/အင်တာဗျူးဖြေဆိုသူ။
66 ပါဝင်ဖြေဆိုသူ (၄၃) ဦးမြောက်၊ စစ်တမ်း/အင်တာဗျူးဖြေဆိုသူ။
67 ပါဝင်ဖြေဆိုသူ (၃၁) ဦးမြောက်၊ စစ်တမ်း/အင်တာဗျူးဖြေဆိုသူ။
68 ပါဝင်ဖြေဆိုသူ (၄၈) ဦးမြောက်၊ စစ်တမ်း/အင်တာဗျူးဖြေဆိုသူ။
69 ပါဝင်ဖြေဆိုသူ (၄) ဦးမြောက်၊ စစ်တမ်း/အင်တာဗျူးဖြေဆိုသူ။
70 Biddle, 2023.
71 ပါဝင်ဖြေဆိုသူ (၂) ဦးမြောက်၊ စစ်တမ်း/အင်တာဗျူးဖြေဆိုသူ။
72 ပါဝင်ဖြေဆိုသူ (၄) ဦးမြောက်၊ စစ်တမ်း/အင်တာဗျူးဖြေဆိုသူ။
73 ပါဝင်ဖြေဆိုသူ (၂) ဦးမြောက်၊ စစ်တမ်း/အင်တာဗျူးဖြေဆိုသူ။
74 ပါဝင်ဖြေဆိုသူ (၃၀) ဦးမြောက်၊ စစ်တမ်း/အင်တာဗျူးဖြေဆိုသူ။
75 Kyed & Ah Lynn, 2021.
76 ပါဝင်ဖြေဆိုသူ (၂၂) ဦးမြောက်၊ စစ်တမ်း/အင်တာဗျူးဖြေဆိုသူ။
77 “သပိတ်မှောက် ပြည်သူ့ဝန်ထမ်းများ”၊ ၂၀၂၂။
78 ဝန်ထမ်းတွေကို သာမန်အရပ်သားတွေအတွက် ထုတ်ပေးတဲ့ ပုံမှန် အနီရောင် ပတ်စပို့တွေနဲ့ မတူတဲ့ အစိမ်းရောင် အထူးပတ်စပို့တွေကို ထုတ်ပေးပါသည်။
79 ဖြေဆိုသူများထဲမှ ကြီးစဉ်ငယ်လိုက် ရာထူးအနိမ့်ဆုံးအဆင့် (၃) ခုမှာ တပ်ကြပ်ကြီး၊ ဒုတပ်ကြပ်နှင့် တပ်သားတို့ဖြစ်ကြသည်။ အင်ဂျင်နီယာအဖွဲ့ဝင်များသည် သီးခြားရာထူး အထူး သတ်မှတ်ချက်ရှိသောကြောင့် ရာထူးသတ်မှတ်သည့် စနစ်တွင် အင်ဂျင်နီယာများ မပါဝင်ပါ။
80 ပါဝင်ဖြေဆိုသူ (၂၄) ဦးမြောက်၊ စစ်တမ်း/အင်တာဗျူးဖြေဆိုသူ။
81 ပါဝင်ဖြေဆိုသူ (၁၀) ဦးမြောက်၊ စစ်တမ်း/အင်တာဗျူးဖြေဆိုသူ။
82 “သူတို့က ကျွန်တော့်သေနတ်ထဲမှာ ခြေရာခံစက်တစ်ခု ထည့်ထားတာ အစကတော့မသိဘူး။ သေနတ်ကို ခါးမှာချိတ်လိုက်တဲ့အခါ မီးအနီရောင် မှိတ်တုတ် မှိတ်တုတ် ပေါ်လာတာကိုပဲ သတိထားမိတယ်။ တပ်တွေ ကျွန်တော့်နေရာနဲ့ နီးလာတဲ့အချိန် ကျွန်တော် သေနတ်ကို ချထားခဲ့ လိုက်တယ်” (ပါဝင်ဖြေဆိုသူ (၄၅) ဦး မြောက်၊ စစ်တမ်း/အင်တာဗျူးဖြေဆိုသူ)။
83 ပါဝင်ဖြေဆိုသူ (၃၇) ဦးမြောက်၊ စစ်တမ်း/အင်တာဗျူးဖြေဆိုသူ။
84 International Crisis Group, 2022, p. 6.
85 ပါဝင်ဖြေဆိုသူ (၁၈) ဦးမြောက်၊ စစ်တမ်း/အင်တာဗျူးဖြေဆိုသူ။
86 ပါဝင်ဖြေဆိုသူ (၂၂) ဦးမြောက်၊ စစ်တမ်း/အင်တာဗျူးဖြေဆိုသူ။
87 ပါဝင်ဖြေဆိုသူ (၃၃) ဦးမြောက်၊ စစ်တမ်း/အင်တာဗျူးဖြေဆိုသူ။
88 ပါဝင်ဖြေဆိုသူ (၄၅) ဦးမြောက်၊ စစ်တမ်း/အင်တာဗျူးဖြေဆိုသူ။
89 ပါဝင်ဖြေဆိုသူ (၄၅) ဦးမြောက်၊ စစ်တမ်း/အင်တာဗျူးဖြေဆိုသူ။
90 ပါဝင်ဖြေဆိုသူ (၃၇) ဦးမြောက်၊ စစ်တမ်း/အင်တာဗျူးဖြေဆိုသူ။
91 ပါဝင်ဖြေဆိုသူ (၇) ဦးမြောက်၊ စစ်တမ်း/အင်တာဗျူးဖြေဆိုသူ။
92 ပါဝင်ဖြေဆိုသူ (၂၄) ဦးမြောက်၊ စစ်တမ်း/အင်တာဗျူးဖြေဆိုသူ။
93 ပါဝင်ဖြေဆိုသူ (၃၃) ဦးမြောက်၊ စစ်တမ်း/အင်တာဗျူးဖြေဆိုသူ။
94 ပါဝင်ဖြေဆိုသူ (၄၅) ဦးမြောက်၊ စစ်တမ်း/အင်တာဗျူးဖြေဆိုသူ။
95 ပါဝင်ဖြေဆိုသူ (၃၁) ဦးမြောက်၊ စစ်တမ်း/အင်တာဗျူးဖြေဆိုသူ။
96 လွတ်လပ်သော သုတေသန ကွန်ရက်, 2022, p. 2.
97 Barrett, 2022.
98 သို့သော် ယခင်က ဖော်ပြခဲ့သည့်အတိုင်း ၎င်းကမ်းလှမ်းမှု အလုပ်မဖြစ်နိုင်ကြောင်း စစ်သား များ စတင်သဘောပေါက်ပါက ၎င်းအချက်သည် အနာဂတ်တွင် ဘက်ပြောင်းမှုများအတွက် အဟန့်အတားဖြစ်စေနိုင်ရှိသည်။
99 ပြည်သူ့စစ်သားဇနီးများအဖွဲ့မှ သူဇာ၊ ပုဂ္ဂိုလ်ရေး ဆက်သွယ်မှု၊ ၂၀၂၂။
100 CSO အများအပြားသည် မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်တွင် ထိုသို့သော စွမ်းရည်ပြန် လည် မြှင့်တင်ရေးနှင့် လေ့ကျင့်ရေး အစပျိုးမှုများကို ပံ့ပိုးပေးနေကြသော်လည်း အရင်းအမြစ် အကန့် အသတ်ရှိသောကြောင့် ၎င်းတို့၏ ကြိုးပမ်း အားထုတ်မှုများမှာ အတိုင်းအတာတစ်ခုသာ ရှိနေသည်။
101 Kyed & Ah Lynn, 2021, p. 9.
102 တပ်မတော်က တိုက်ပွဲဝင်အင်အား (၃၀၀,၀၀၀) ခန့်ရှိသည်ဟုဆိုထားသည်။ အဆိုပါ ပမာဏ ၏ ဆယ်ပုံတစ်ပုံပင် စွန့်ခွာဘက်ပြောင်းပါက ၎င်းတို့ ပြောင်းရွှေ့နေထိုင်သောနေရာတွင် လူမှု ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ဖြစ်ပွားနိုင်မည်ဖြစ်သည်။ KNU က စွန့်ခွာဘက်ပြောင်းသူများကို အကာအကွယ်ပေးထားသော ဘက်မလိုက်သည့် နယ်မြေများတွင် နယ်စပ်ခိုလှုံရေးစခန်းများ ထူထောင်ရန် အကြံပြုထားသည်။
103 သာဓကတစ်ခုမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး၏ ရှေ့ဆောင်အစီအစဉ်တစ်ခု ဖြစ်သော ၂၀၀၂ ခုနှစ် ယီမင်နိုင်ငံပုံစံဖြစ်သည့် တွေ့ဆုံဆွေးနွေးရေးကော်မတီ ဖြစ်သည်။ အခြားတစ်ခုမှာ Fuerzas Armadas Revolutionaries de Colombia နှင့် Autodefensas Unidas de Colombia အဖွဲ့ဝင်များကို ပစ်မှတ်ထားသည့် ကိုလံဘီယာ၏ အတော်အသင့်အောင်မြင်သော စွန့်ခွာဘက်ပြောင်းရေးနှင့် ပြန်လည်ပေါင်းစည်းရေး အစီအစဉ်များဖြစ်သည်။
ကိုးကားချက်များ
Abuza, Z. (2023, June 6). Dwindling junta defections pose challenge for Myanmar opposition. Radio Free Asia. https://www.rfa.org/english/commentaries/myanmar-junta-defections-06062023144826.html
Arakan Army. (2020, August 7). P O W [Video]. YouTube. https://www.youtube.com/watch?v=2adMKhUcDN0
Assistance Association for Political Prisoners. (2023, January 27). Daily Briefing in Relation to the Military Coup. https://aappb.org/?p=24038
Attwood, C., Ko Ko Aung, & Henschke, R. (2022, July 22). ‘I can’t forget her’- Myanmar’s Soldiers Admit Atrocities. BBC News. https://www.bbc.com/news/world-asia-62208882
Barrett, C. (2022, March 18). Australia issues protection visas to Myanmar military defectors. The Sydney Morning Herald. https://www.smh.com.au/world/asia/australia-issues-protection-visas-to-myanmar-military-defectors-20220316-p5a53v.html
Biddle, E. R. (2023, January 19). Newsletter: AI advances shock and awe regulators, Saudi Arabia jails Wikipedia editors, Myanmar’s spyware deal. Coda Authoritarian Tech. https://www.codastory.com/newsletters/myanmar-mobile-data-spyware/
Degaut, M. (2019). Out of the Barracks: The Role of the Military in Democratic Revolutions. Armed Forces & Society, 45(1), 78–100.
Esther J. (July 3, 2023). Karenni ceasefire group announces defection to anti-junta resistance. Myanmar Now. https://myanmar-now.org/en/news/karenni-ceasefire-group-announces-defection-to-anti-junta-resistance/
Human Rights Watch. (2021, July 31). Myanmar: Coup Leads to Crimes Against Humanity. https://www.hrw.org/news/2021/07/31/myanmar-coup-leads-crimes-against-humanity
Human Rights Watch. (2002, October 16). “My Gun Was As Tall As Me”: Child Soldiers in Burma. http://hrw.org/reports/2002/burma/Burma0902.pdf
Human Rights Watch. (2007, October 31). Sold to be Soldiers: The Recruitment and Use of Child Soldiers in Burma. https://www.hrw.org/sites/default/files/reports/burma1007webwcover.pdf
Independent Research Network. (2022, October). Myanmar’s Civil Disobedience Movement: An Analysis of the Present Situation and a Framework for Supporting Future Action. https://progressivevoicemyanmar.org/2022/10/17/myanmars-civil-disobedience-movement-an-analysis-of-the-present-situation-and-a-framework-for-supporting-future-action/
International Crisis Group. (2022, December 20). Crowdfunding a War: The Money behind Myanmar’s Resistance. https://www.crisisgroup.org/sites/default/files/2022-12/328-myanmars-resistance.pdf
Justice for Myanmar. (2023, January 25). Developing a Dictatorship. https://www.justiceformyanmar.org/stories/developing-a-dictatorship
Kyed, H. M., & Ah Lynn. (2021). Soldier Defections in Myanmar: Motivations and Obstacles Following the 2021 Military Coup (Report 6). Danish Institute for International Studies.
Kyed, H. M. (2022). Introduction to the Special Issue: Soldier Defections Since the 2021 Military Coup. Independent Journal of Burmese Scholarship, 1. https://ijbs.online/?page_id=3616
Lian Bawi Thang. (2023, January 17). How has Myanmar’s military stalled collapse from CDM-inflicted damage? Tea Circle. https://teacircleoxford.com/politics/how-has-myanmars-military-stalled-collapse-from-cdm-inflicted-damages/
Loong, S. (2022, April 7). The Karen National Union in Post-Coup Myanmar. Stimson. https://www.stimson.org/2022/the-karen-national-union-in-post-coup-myanmar/
Martin, M. (2022, June 21). Is Myanmar’s Military on Its Last Legs? Center for Strategic & International Studies. https://www.csis.org/analysis/myanmars-military-its-last-legs
Min Min. (2022, April 8). National Unity Government offers hefty cash rewards for theft or sabotage of military tanks, ships and aircraft. Myanmar Now. https://myanmar-now.org/en/news/national-unity-government-offers-hefty-cash-rewards-for-theft-or-sabotage-of-military-tanks-ships-and-aircraft/
“Myanmar Refugees in India Lack Support: NGOs”. (2022, August 24). The Irrawaddy. https://www.irrawaddy.com/news/burma/myanmar-refugees-in-india-lack-support-ngos.html
Myanmar’s Parallel Government Asks Foreign Governments to Accept Military Defectors. (2022, March 25). The Irrawaddy. https://www.irrawaddy.com/news/burma/myanmars-parallel-government-asks-foreign-governments-to-accept-military-defectors.html
National Unity Government. (2023). Defense Policy. https://mod.nugmyanmar.org/en/mod-defence-policy/
Nyan Corridor, & Kyed, H. M. (2021, April 28). Police Under the Military Coup in Myanmar: Between Violence, Fear, and Desertion. https://pure.diis.dk/ws/files/4303211/police_under_the_military_coup_myanmar_final_2.pdf
Sai Latt. (2016). Depoliticization, Securitization and Violent Accumulation in the Integration of the Greater Mekong Sub-region Unpublished doctoral dissertation]. Simon Fraser University.
Selth, A. (2021). Myanmar’s Military Mindset: An Exploratory Survey. Griffith Asia Institute.
Sherwell, P. (2021, February 7). Burmese protesters raise flowers and three fingers against the might of the military junta. The Times. https://www.thetimes.co.uk/article/burmese-protesters-raise-flowers-and-three-fingers-against-might-of-the-military-junta-xmbmp0dkd
Skidmore, M., & Wilson, T. (Eds.). (2008). Dictatorship, Disorder and Decline in Myanmar. ANU Electronic Press. http://press.anu.edu.au?p=102401
South, A. (2018). ‘Hybrid Governance’ and the Politics of Legitimacy in the Myanmar Peace Process. Journal of Contemporary Asia, 48(1), 50-66.
Stephan, M. J., & Chenoweth, E. (2008). Why Civil Resistance Works: The Strategic Logic of Nonviolent Conflict. International Security, 33(1), 7–44.
Strangio, S. (2021, September 7). Myanmar Shadow Government Declares ‘National Uprising’ Against Military Rule. The Diplomat. https://thediplomat.com/2021/09/myanmar-shadow-government-declares-national-uprising-against-military-rule/
Striking civil servants still face regime’s wrath, 18 months on. (2022, August 3). Frontier Myanmar. https://www.frontiermyanmar.net/en/striking-civil-servants-still-face-regimes-wrath-18-months-on/
‘We are facing a crisis’: New law puts Myanmar NGOs in ‘impossible’ position. (2022, December 14). Frontier Myanmar. https://www.frontiermyanmar.net/en/we-are-facing-a-crisis-new-law-puts-myanmar-ngos-in-impossible-position/
Wai, Y., & Andersson, J. (2025). Leap into Freedom: Documenting the Disintegration of the sit tat through Defections. Independent Journal of Burmese Scholarship, 5. https://ijbs.online/?page_id=5136
Zue Zue. (2019, October 1). Myanmar Ratifies UN Treaty Banning Use of Child Soldiers. The Irrawaddy. https://www.irrawaddy.com/news/burma/myanmar-ratifies-un-treaty-banning-use-child-soldiers.html
နောက်ဆက်တွဲ ၁—စစ်တမ်း
ဖြေဆိုသူများအတွက် မေးခွန်းများအား အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုချက်များ ကို အောက်တွင် ဖော်ပြထားပါသည်။ အထက်တွင်ဆိုခဲ့သည့်အတိုင်း မည်သူမည်ဝါဟု ဖော်ပြထားသောအချက်အလက်ကို မှတ်တမ်းတင်ထား ခြင်း မရှိခဲ့ဘဲ အချက်အလက်အားလုံးတွင် မည်သူမည်ဝါ ခွဲခြားသတ်မှတ် နိုင်သည့်အရာများကို ဖယ်ရှားပြီးမှသာ မှတ်တမ်းတင်ခဲ့ပါသည်။ စစ်တမ်း ကို အချိန်မရွေး ရပ်တန့်နိုင်သည် သို့မဟုတ် မည်သည့်မေးခွန်းကိုမဆို ကျော်သွားနိုင်ကြောင်း ပြောထား၍ ဖြေဆိုသူတိုင်းမှ သဘောတူညီချက်ကို ရထားပြီးဖြစ်ပါသည်။ ဖြေကြားသူများကို အတိအလင်း ပြောကြားခဲ့သည် မှာ —
ကျွန်ုပ်တို့သည် စစ်တပ်မှ စွန့်ခွာဘက်ပြောင်းလာသူ များ၏ လက်ရှိအခြေအနေ၊ စစ်တပ်မှ စွန့်ခွာဘက် ပြောင်းလာနိုင်ခြေရှိသူများအား လှုံ့ဆော်နိုင်မည့် သတင်းစကားများနှင့် စစ်တပ်မှ စွန့်ခွာ ဘက်ပြောင်း လာသူများကို ပြင်ပမှ အဖွဲ့အစည်းများက မည်သို့ မည်ပုံ ကူညီပံ့ပိုးပေးနိုင်မည်ကို နားလည်နိုင်ရန် ကြိုးစားနေပါသည်။ စစ်ဘက်နှင့် ရဲတပ်ဖွဲ့မှ စွန့်ခွာ ဘက်ပြောင်းလာသူများနှင့် ၎င်းတို့၏ မိသားစုများ အတွက် ပိုမိုကောင်းမွန်သော အခြေအနေများကို ရောက်ရှိနိုင်ရေး ကူညီပံ့ပိုးပေးနိုင်ရန် အမျိုးသား ညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ကဲ့သို့ သော သက်ဆိုင်သူများထံသို့ အကြံပြုချက်များ ပေး နိုင်ရန် ရည်ရွယ်ထားပါသည်။
အင်တာဗျူးမေးခွန်း အကျဉ်းချုပ်
(ဤသည်မှာ စစ်တမ်း၏ ပြီးပြည့်စုံသော မိတ္တူတစ်ခု မဟုတ်ပါ။ အချို့ သော မေးခွန်းများကို အတိုချုပ်၍ ပေါင်းစပ်ထားပါသည်။)
ပါဝင်ဖြေဆိုသူများ၏ အချက်အလက်များ
- သင့်အသက် ဘယ်လောက်ရှိပြီလဲ။
- သင်သည် ကိုယ့်ကိုယ်ကိုယ် ဘာလူမျိုး သို့မဟုတ် ဘာလူမျိုးစုဟု သတ်မှတ်ပါသလဲ။
- သင့်မှာ ကိုးကွယ်တဲ့ ဘာသာရှိပါသလား။ ရှိပါက ဖော်ပြရန်။
- သင်၏ ဇာတိမြို့/မွေးရပ်မြေက ဘယ်မှာလဲ။
- သင်အောင်မြင်ခဲ့သည့် အမြင့်ဆုံးအတန်းပညာကို ဖော်ပြပါ။
နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့သည့် ရာထူး
- သင်၏ ရာထူး၊ နေရာ၊ တာဝန်တွေက ဘာတွေလဲ။ သင် တာဝန် ထမ်းဆောင်ခဲ့တဲ့ နောက်ဆုံးတပ်ခွဲ/ဌာနက ဘာလဲ။ ၎င်းဌာနရဲ့ အဆင့်ဆင့်အမိန့်ပေးမှု (chain of command) အလုပ်လုပ်ပုံကို ရှင်းပြနိုင်မလား။
- သင့်အထက်အရာရှိက ဘယ်သူလဲ။ သူ့ရာထူးက ဘာလဲ။
- သင့်တပ်ခွဲခေါင်းဆောင်ရဲ့ နာမည်နဲ့ ရာထူးက ဘာလဲ။
- သင့်အနေနဲ့ ဘယ်တပ်ရင်းကို တင်ပြအစီရင်ခံခဲ့ရပါ သလဲ။
- ၎င်းတပ်ရင်းမှူးရဲ့ နာမည်နဲ့ ရာထူးက ဘာလဲ။
- သင့်ကို ဘယ်လို ညွှန်ကြားချက်/အမိန့်များ ပေးခဲ့သလဲ။
- နှုတ်နဲ့လား။ စာနဲ့လား။ အခြားနည်းလမ်းနဲ့လား။
- သင့်ရဲ့ စွမ်းဆောင်ရည်ကို ဘယ်လိုတိုင်းတာခဲ့သလဲ။
- သင် ဘာအတွက် ချီးမြှောက်ခံခဲ့ရဖူးသလဲ၊ သာဓကတစ်ခု ပေးရန်။
- သင် ဘာအတွက် အပြစ်ပေးခံခဲ့ရဖူးသလဲ၊ သာဓကတစ်ခု ပေးရန်။
စစ်တပ်ထဲဝင်ရောက်ခြင်း
- တပ်မတော်ကို ဘယ်နှစ်မှာ ဝင်ခဲ့သလဲ။ ဘာကြောင့်ဝင်ခဲ့သလဲ။
- သင့်အဖေ သို့မဟုတ် အခြားဆွေမျိုးရင်းချာ တစ်ယောက်ယောက် တပ်မတော်ထဲတွင် ရှိပါသလား။ အကယ်၍ ရှိခဲ့ပါက သင်က စစ်တန်းလျားမှာ ကြီးပြင်းလာခဲ့သလား ဒါမှမဟုတ် စစ်တပ် မူလတန်းကျောင်းကို တက်ခဲ့ပါသလား။ ဒါမှမဟုတ် နှစ်ခုစလုံး လုပ်ခဲ့သလား။
စစ်ရေးလေ့ကျင့်မှု
- ဘယ်လေ့ကျင့်ရေးကျောင်းမှာ သင်တက်ခဲ့သလဲ။
- လေကြောင်းသင်တန်း၊ ရေကြောင်းသင်တန်း၊ ဘာသာစကား သင်တန်း၊ ဝန်ထမ်းကောလိပ်စတဲ့ အခြားအထူးပြုသင်တန်းမျိုး တပ်မတော်တွင် တက်ရောက်ဖူးပါသလား။
- တက်ရောက်ဖူးပါက၊ သင်တက်ခဲ့တဲ့သင်တန်းများကို စာရင်းပြုစုပေးနိုင်ပါသလား။
- နိုင်ငံခြားမှာ သင်တန်းတစ်ခုခု တက်ဖူးပါသလား။ အကယ်၍ တက်ဖူးပါက ဘယ်မှာ တက်ဖူးပါသလဲ။
- အခြားသော အထူးလေ့ကျင့်ရေးဆွေးနွေးပွဲများ သို့မဟုတ် ရက်တို သင်တန်းများကို သင်တက်ရောက်ဖူးပါသလား။
- ထိုသင်တန်းများတွင် နိုင်ငံတကာသင်တန်းဆရာများရော တက်ရောက်ခဲ့ကြပါသလား။
စားဝတ်နေရေး
- သင့်ရဲ့ တစ်လ လစာက ဘယ်လောက်လဲ။
- သင် သို့မဟုတ် သင့်မိသားစုတွင် အခြားဝင်ငွေရလမ်းများ ရှိပါ သလား။ ရှိပါက ဖော်ပြပေးပါ။
- တပ်မတော်အရာရှိများကို စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပေး ပါသလား။
- လုပ်ကိုင်ခွင့်ပေးပါက၊ လုပ်ငန်းတစ်ခု လည်ပတ်ရန် ဘာစည်းမျဉ်းများရှိပါသလဲ။
- သင်သည် ဦးပိုင်ကုမ္ပဏီ သို့မဟုတ် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၏ အစုရှယ်ယာများ ပိုင်ဆိုင်ပါသလာ။
- ၎င်းရှယ်ယာတွေအတွက် လစဉ်ငွေပေးချေရန် လိုအပ်ပါ သလား။ အဲဒါက သင့်လစာထဲက ဖြတ်တာလား ဒါမှမဟုတ် ကိုယ့်ဘာသာ ပေးရတာလား။
- သင်ရှယ်ယာ ဘယ်လောက် ပိုင်ဆိုင်ပါသလဲ။
- ရှယ်ယာတစ်ခုကို ဘယ်လောက်ပေးရသလဲ။
- သင့်ရှယ်ယာများမှ ဝေစု/အမြတ်ငွေများ ရရှိပါသလား။ ရရှိပါက ဘယ်လောက်ကြာကြာတစ်ခါရရှိပါသလဲ။
- သင့်တွင် အသက်အာမခံရှိပါသလား။
- ရှိပါက အာမခံကြေးက သင့်အတွက် သွင်းပေးပြီးသား လား သို့မဟုတ် သင့်လစာထဲက ဖြတ်တာလား။
- သင့်ရဲ့ စုငွေများကို ယခုထုတ်ယူလို့ ရပါသလား။ စုငွေတွေကို ဘယ်မှာ သိမ်းထားပါသလဲ။ စစ်တပ်ဘဏ်မှာလား။
မိသားစုအခြေအနေ
- သင့်မှာ အိမ်ထောင်ရှိပါသလား။
- မရှိပါက သင့်မှာလက်တွဲဖော် (ရည်းစား) ရှိပါသလား။
- ရှိပါက အိမ်ထောင်မပြုမီ တပ်မတော်ထဲတွင် လုပ်ရသော လုပ်ငန်းစဉ်တစ်ခုခုရှိပါသလား။ (ဆိုလိုသည်မှာ သင့်ဇနီးကို လက်ခံလာစေရန်)
- သင့်မှာ ကလေးရှိပါသလား။ ရှိပါက ဘယ်နှစ်ယောက်ရှိပါသလဲ။ အသက်ဘယ်လောက်လဲ။
- သင့်ကလေးတွေ ဘယ်ကျောင်းများမှာ တက်ကြသလဲ။
- သင့်ရဲ့ စစ်တန်းလျား/စစ်တပ်အိမ်ရာ ကဘယ်မှာလဲ။ အမှတ် ဘယ်လောက်လဲ။
- သင့်ရဲ့ စစ်တပ်အိမ်ရာမှာ နေထိုင်သူ ဘယ်နှစ်ယောက် ရှိသလဲ။
- သင့်ရဲ့ စစ်တပ်အိမ်ရာမှာ သင်နဲ့အတူ မိသားစုဝင်တွေ ရော အတူနေသလား။ ရှိပါက ဘယ်နှစ်ယောက်ရှိသလဲ။
- မိသားစုဝင်များက အခြားနေရာရှိ စစ်တပ်အိမ်ရာတွင် နေထိုင်ကြပါသလား။ နေထိုင်ပါက ဘယ်နေရာမှာလဲ။ (အတိအကျပြောရန်မလိုပါ)
စစ်တပ်မှ ထွက်ခွာခြင်း
- စစ်တပ်က ဘယ်အချိန်မှာ ထွက်ခဲ့ပါသလဲ။ ဘာကြောင့် ထွက်ခဲ့ပါ သလဲ။
- စစ်တပ်ကထွက်ဖို့ ဆုံးဖြတ်ချက်ကို တစ်ယောက်ထဲ ချခဲ့ တာလား။
- စစ်တပ်မှ ထွက်ခွာရန်အတွက် သူငယ်ချင်းများ သို့မဟုတ် မိသားစုထံမှ လွှမ်းမိုးမှု သင်ခံရခဲ့ပါသလား။
- တပ်မတော်မှ ထွက်ခွာရန် ဆုံးဖြတ်ချက်အပေါ် အခြား ဘယ်အချက်များက လွှမ်းမိုးခဲ့ပါသလဲ။
- တပ်မတော်မှ သင်ဘယ်လို ထွက်ခွာခဲ့တာလဲ။
- စစ်တပ်မှ ထွက်ခွာရန် သင့်ကို တစ်ယောက်ယောက်က ကူညီစီစဉ်ပေးခဲ့ပါသလား။ (သင့်အား ကူညီခဲ့သူကို ဖော်ပြရန် မလိုပါ)
- စစ်တပ်မှ ထွက်ခွာဖို့ စီစဉ်ရန် သင်ဘယ်လို အချိတ် အဆက်များ လုပ်ခဲ့ပါသလဲ။
- သင့်အတွက် ဘယ်လိုကူညီပံ့ပိုးမှုမျိုး ရခဲ့ပါသလဲ။
- သင် အခြားတစ်ယောက်ယောက်နဲ့အတူ စစ်တပ်က ထွက်ခဲ့တာ လား။
- အတူတူထွက်ခဲ့တဲ့သူတွေက ဘယ်သူတွေလဲ။ (လုပ်ဖော် ကိုင်ဖက်၊ မိသားစု စသည်ဖြင့်)
- သင်အခုဘယ်မှာလဲ။ (လိပ်စာ သို့မဟုတ် နေရာအတိအကျ ပြောရန် မလိုပါ)
- တပ်မတော်ကနေ ထွက်ခွာချိန်မှာ သင့်ရဲ့ စိုးရိမ်ပူပန်မှုတွေက ဘာတွေလဲ။
- တပ်မတော်ကနေ ထွက်ခွာဖို့ စိန်ခေါ်မှု/အတားအဆီးတွေက ဘာတွေလဲ။
- စစ်တပ်မှ ထွက်ခွာမှု သို့မဟုတ် စွန့်ခွာဘက်ပြောင်းမှုအတွက် ပြစ်ဒဏ်ကဘာလဲ။
- စစ်တပ်က ထွက်ခဲ့လို့ ဘာတွေ ဆုံးရှုံးခဲ့ရသလဲ။
- တပ်မတော်မှ ထွက်ခွာရန် ဆုံးဖြတ်ပြီးနောက် ဘယ်လိုမျိုး ပြင်ပ အကူအညီတွေ ရရှိခဲ့လဲ။
- တပ်မတော်မှ ထွက်ခွာရန် ပိုမိုလွယ်ကူစေမည့် အခြားသော ပံ့ပိုး ကူညီမှုတွေက ဘာတွေလဲ။
- သင့်ရဲ့ ရဲဘော်ဟောင်းတွေက တပ်မတော်ထဲမှာ ဆက်ရှိနေတာ ဘာကြောင့်လို့ သင်ထင်ပါသလဲ။
- သင့်မှာ တပ်မတော်က ထွက်ချင်တဲ့ တခြား လုပ်ဖော်ကိုင်ဖက်တွေ ရှိပါသလား။
- သူတို့ စစ်တပ်ထဲမှာ ဆက်နေရတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။
- သူတို့ စစ်တပ်ကနေ ထွက်ခွာဖို့အတွက် အတားအဆီးတွေက ဘာတွေလဲ။
- သူတို့ စစ်တပ်က ထွက်ခွာဖို့ ဘယ်လိုမျိုးအကူအညီတွေလိုမလဲ။
ဆက်သွယ်ရေး
- အာဏာမသိမ်းမီက တပ်မတော်တွင် သင့် ရဲဘော်ရဲဘက်များနှင့် ဆက်သွယ်ရန် ဘယ်လိုဆက်သွယ်ရေးနည်းလမ်းကို အသုံးပြုခဲ့ပါ သလဲ။
- အာဏာသိမ်းပြီးနောက်ပိုင်း သင်စစ်တပ်မှ မထွက်မီ၊ တပ်ထဲတွင် သင့် ရဲဘော်ရဲဘက်များနှင့် ဆက်သွယ်ရန် ဘယ်လိုဆက်သွယ်ရေး နည်းလမ်းကို အသုံးပြုခဲ့ပါသလဲ။
- အာဏာသိမ်းမှုမတိုင်မီ သင့်ကိုယ်ရေးကိုယ်တာဘဝတွင် ဘယ်လို ဆက်သွယ်ရေးနည်းလမ်းများကို သင်အသုံးပြုခဲ့ပါသလဲ။
- အာဏာသိမ်းပြီးနောက် စစ်တပ်မှ မထွက်ခွာမီ သင့်ကိုယ်ရေး ကိုယ်တာဘဝတွင် ဘယ်လိုဆက်သွယ်ရေးနည်းလမ်းများကို သင် အသုံးပြုခဲ့ပါသလဲ။
- သင့်ကိုယ်ရေးကိုယ်တာ ဆက်သွယ်မှုများကို စောင့်ကြည့်ခံခဲ့ရပါ သလား။
- စောင့်ကြည့်ခံခဲ့ရပါက မည်သို့မည်ပုံ စောင့်ကြည့်ခံခဲ့ရပါ သလဲ။
- စစ်တပ်မှ ထွက်ခွာပြီးနောက် လက်ရှိသင့်ဘဝတွင် ဘယ်လို ဆက်သွယ်ရေးနည်းလမ်းများကို အသုံးပြုနေပါကလဲ။
တပ်မတော်တွင်း အတွေ့အကြုံများ
- တပ်မတော်ထဲတွင် သင့်အတွက် အခက်ခဲဆုံးအရာကဘာလဲ။
- တပ်မတော်ထဲတွင် သင်သဘောကျတဲ့အရာက ဘာလဲ။
- တပ်မတော်အတွင်းက ဘယ်အဖွဲ့တွေက လေးစားခံရတယ်လို့ ခံစားရပါသလဲ။
- တပ်မတော်အတွင်းရှိ ဘယ်အဖွဲ့တွေက လေးစားမှု မခံရဘူးလို့ သင်ခံစားရပါသလဲ။
- စစ်တပ်ထဲတွင် အမျိုးသမီးတွေနှင့် ကလေးတွေကို ဘယ်လို ဆက်ဆံခဲ့ပါသလဲ။
- တရားမဝင် သို့မဟုတ် မှားယွင်းသည်ဟု ခံစားရတဲ့အမိန့်များ သင့် ကို ပေးခံခဲ့ရဖူးပါသလား။
- တရားမဝင် ဒါမှမဟုတ် မှားတယ်လို့ သင်ခံစားရတဲ့ အပြုအမူမျိုး အခြားရဲဘော်တွေက လုပ်တာကို သင်မြင်ဖူးပါသလား။
- မြင်ဖူးပါက သူတို့ဘာလုပ်ခဲ့လဲ။ (သင်မျှဝေရန် အဆင်ပြေ မည့် အရေးကြီးသည့် သက်ဆိုင်ရာ သာဓကများကို စာရင်းလုပ်ပေးပါ)
- ခုနက ဖော်ပြခဲ့တဲ့ လုပ်ဆောင်ချက်တွေထဲက ဘယ် ဟာတွေက အထက်လူကြီးတွေရဲ့ အမိန့်နဲ့ လုပ်တာဖြစ်ပြီး ဘယ်ဟာတွေက ဘယ်သူ့ခိုင်းစေမှုမှ မပါဘဲ လုပ်ဆောင်ခဲ့ တာလဲ။
- တရားမဝင် ဒါမှမဟုတ် မှားတယ်လို့ သင် ခံစားရတဲ့ အရာ တစ်ခုခုကို သင့်အထက်အရာရှိက လုပ်တာ သင်မြင်ဖူး လား။
- သင့်တပ်ဖွဲ့က အခြားသူတွေ မူးယစ်ဆေးတစ်မျိုးမျိုး သုံး တာ သင်မြင်ဖူးပါသလား သို့မဟုတ် ကြားဖူးပါသလား။
- သင့်တပ်ခွဲထဲက တခြားသူတွေ အရက်သောက်တာ သင် မြင်ဖူးသလား သို့မဟုတ် ကြားဖူးသလား။
အနာဂတ်စီမံကိန်းများ
- နောက်ဆက်ပြီး သင် ဘယ်ကို သွားဖို့မျှော်လင့်/စီစဉ်ထားလဲ။
- တပ်မတော်ကနေ ထွက်ခွာပြီးနောက် အသက်မွေးဝမ်းကျောင်းပြု ဖို့ ဘယ်လိုမျှော်လင့်/စီစဉ်ထားလဲ။
- ယခု သင့်မှာ အလုပ် ဒါမှမဟုတ် ဝင်ငွေရှိပါသလား။
- ယခု သင်အသုံးပြုရန် ငွေကြေးဘယ်လောက် ရှိပါသလဲ။
- စိတ်ထိခိုက်စရာ အတွေ့အကြုံများအတွက် သင် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု လိုအပ်ပါသလား။ ဒါမှမဟုတ် သင်နဲ့အတူနေ မိသားစု ဝင်တွေ ဒါမှမဟုတ် သင်နဲ့ အတူအခြားသူတွေပါ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု လိုအပ်ပါသလား။
- သင် အရပ်သားဘဝသို့ ပြန်လည်ကူးပြောင်းရန် ဘယ်လိုအကူ အညီမျိုး လိုအပ်ပါသလဲ။
- အရပ်သားဘဝသို့ ပြန်လည်ကူးပြောင်းရာတွင် ပိုမိုသက်သောင့် သက်သာဖြစ်စေရန်အတွက် နောက်ထပ်ပညာရေး သို့မဟုတ် လေ့ကျင့်ရေးသင်တန်းများသို့ သင် တက်ရောက်လိုပါသလား။
ခံယူချက်
- အာဏာမသိမ်းခင်နဲ့ ယှဉ်ရင် လက်ရှိ တပ်မတော်က အားနည်း လာတယ် ဒါမှမဟုတ် ပိုအားကောင်းလာတယ်လို့ သင်ထင်ပါ သလား။
- သင်စစ်တပ်မှ စွန့်ခွာဘက်ပြောင်းမှုက သင့်ရဲ့တပ်ဖွဲ့နဲ့ တပ်မတော် တစ်ခုလုံးအပေါ် သက်ရောက်မှုရှိပါသလား။ ရှိပါက ဘယ်လို သက်ရောက်မှု ရှိမယ်ထင်လဲ။
- သင်က အခြားအဖွဲ့များ (အာဏာဖီဆန်ရေးလှုပ်ရှားမှု၊ ပြည်သူ့ ကာကွယ်ရေးတပ်များကဲ့သို့) ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပါသလား သို့မဟုတ် အဆက်အသွယ်ရှိ သို့မဟုတ် ထောက်ပံ့ကူညီနေသူ တစ်ဦးဖြစ်ပါသလား။ ကျေးဇူးပြု၍ အသေးစိတ်ထပ်မံရှင်းပြပါ။