ပြိုလုလု စစ်တပ်နှင့် ဗမာလူမျိုးကြီးဝါဒအခြေခံ အမျိုးသားနိုင်ငံရေး နိဂုံး

ထွန်းမြင့် | Click here to read this article in English.

Cite as: 
ထွန်းမြင့်၊ (၂၀၂၅)၊ ပြိုလုလု စစ်တပ်နှင့် ဗမာလူမျိုးကြီးဝါဒအခြေခံ အမျိုးသားနိုင်ငံရေး နိဂုံး၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်https://ijbs.online/?page_id=5311

အကျဉ်းချုပ်

၂၀၂၁ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေးအကျပ် အတည်းသည် ဒီမိုကရေစီလမ်းကြောင်း ဇာတ်သိမ်းခန်းမဟုတ်သေးဘဲ မြန်မာ့ လူ့အသိုင်းအဝိုင်းအတွင်းရှိ တိုင်းရင်းသား၊ ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ စုံလင်ကွဲပြားမှုတို့ကို လေးစားပြီး အားလုံးပါဝင်မှုရှိသော နိုင်ငံရေးစနစ်တစ်ခု ကို တည်ဆောက်ရန် ခရီးရှည်ဆက်လက်ရုန်းကန်ရဦးမည်ဖြစ်ကြောင်း မီး မောင်းထိုးပြနေသည်။ ၎င်းအာဏာသိမ်းမှုသည် အဖြစ်ဆိုးတစ်ရပ်ဖြစ်သော် ငြားလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှ စစ်တပ်အလိုကျ ခနော်ခနဲ့ “စည်းကမ်းရှိ ဒီမိုကရေစီ” ကို အဆုံးသတ်စေခဲ့ပြီး မြန်မာနိုင်ငံတွင် ၎င်းထက် ပိုမိုပွင့်လင်းပြီး အားလုံးပါဝင်သည့် ဗဟိုများအခြေပြု (polycentric) လူ့ အသိုင်းအဝိုင်းကို ရယူနိုင်ရန် ပြည်သူလူထုအနေဖြင့် ဆွေးနွေးငြင်းခုံနိုင်စေရေး တံခါးဖွင့်ပေးခဲ့ကြောင်း လက်ရှိဆောင်းပါးမှ ဆိုထားသည်။ မြန်မာနိုင်ငံ နယ်နိ မိတ်အတွင်းရှိ စုံလင်ကွဲပြားသည့် လူမျိုးများ၊ ယဉ်ကျေးမှုများ၊ ကိုးကွယ်ယုံ ကြည်မှုများနှင့် နိုင်ငံရေးစနစ်များကို ကြည့်ပါက ဗမာလူမျိုးကြီးဝါဒအခြေခံ နိုင်ငံရေး ဇာတ်သွင်းခြင်း (ဗမာလူမျိုးကြီးဝါဒ) သည် ပုဂံအင်ပါယာခေတ်မှ သည် မျက်မှောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ခေတ်အထိ နှစ် ပေါင်းထောင်ချီကြာမြင့်ပြီဖြစ်သည့် ကပ်ဆိုးတစ်ရပ်ဖြစ်သည်ဟု ကျွန်ုပ်အနေ ဖြင့် ခွဲခြမ်းစိတ်ဖြာပြသလိုသည်။ ဗမာဇာတ်သွင်းခြင်းသည် အဆုံးသတ်ရမည် ဖြစ်ပြီး ၎င်းနှင့်အတူ ပြန်လည်ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်၍ အဖတ်ဆယ် မရတော့အောင် လမ်းလွဲသွားပြီဖြစ်သည့် မြန်မာစစ်တပ်အဖွဲ့အစည်းသည် လည်း နိဂုံးချုပ်ရမည်ဖြစ်သည်။1

နိဒါန်း

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော စစ်အာဏာသိမ်းမှု ဖြစ်စဉ်သည် မြန်မာနိုင်ငံ၏ အမည်ခံဒီမိုကရေစီ ‘အသွင်ကူးပြောင်းရေး’ ကို အဆုံးသတ်စေခဲ့ပြီး ရှည်လျားသော နိုင်ငံရေးအကျပ်အတည်းအတွင်းမှ လက်ရှိ တာစူနေသည့် မြန်မာ့လူ့အဖွဲ့အစည်းအတွင်းရှိ လူမျိုးရေး၊ ယဉ်ကျေးမှု၊ ဘာသာရေးဆိုင်ရာ စုံလင်ကွဲပြားမှုများကို လေးစားသည့် နိုင်ငံရေးစနစ်တစ်ခု မည်သို့မည်ပုံ တည်ဆောက်ရောက်ရှိမည်ဟူသည့်အပိုင်းကို စတင်စေခဲ့သည်။ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးယှဉ်ပြိုင်မှုများနှင့် လူမျိုးစု သို့မဟုတ် အစိုးရ ဗဟိုပြုသမိုင်းကြောင်းများကို ကျော်၍ကြည့်ရှုပါက အနောက်ဖေးလီးယန်း စတိုင် လေဗိုင်ရသန်စတိတ် (Westphalian-style Leviathan state)2 ပုံစံ သည် မြန်မာနိုင်ငံတွင် အောင်မြင်နိုင်မည် မဟုတ်ပေ။ ၎င်း၏ စုံလင်ကွဲပြား သော လူမျိုးများနှင့် ယဉ်ကျေးမှုများအားလုံး ပါဝင်ထင်ဟပ်သော မြန်မာနိုင်ငံ သည် အမှန်တကယ် ဘယ်တုန်းကမျှ မဖြစ်ပေါ်လာခဲ့ဖူးပေ။ ၎င်းအစား မြန်မာ နိုင်ငံသည် ဆယ်စုနှစ်ပေါင်းများစွာ ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခဲ့ပြီး လွတ်လပ်ရေးရပြီး တည်ထောင်စဉ်ကတည်းကပင် ငြိမ်းချမ်းရေးမရှိသလောက် ဖြစ်ခဲ့ကာ ကမ္ဘာတစ်ဝန်းတွင် ပြည်တွင်းစစ်အရှည်ကြာဆုံးနိုင်ငံအဖြစ် ဖော်ပြ ခြင်း ခံခဲ့ရပြီဖြစ်သည်။

အနာအဆာများ ရှိနေသော်ငြားလည်း အားမာန်တက်ကြွသော လူထု နယ်ပယ်တစ်ခု၊ သုတေသနပြုလုပ်ခြင်းနှင့် ဉာဏ်ရည်ထက်မြက်သော ဆွေး နွေးငြင်းခုံမှုများအတွက် အခွင့်အလမ်းများကို အကန့်အသတ်ဖြင့် ဖန်တီးပေးခဲ့ ပြီး အားလုံးပါဝင်နိုင်သော လူ့အဖွဲ့အစည်းသစ်တစ်ခုဆီသို့ ဦးတည်ဆောင်ရွက် သွားနိုင်ရန် နိုင်ငံရေးလုပ်ငန်းစဉ်များအတွက် နေရာတို့ကို ပံ့ပိုးထောက်ကူပေး ခဲ့သည့် အမည်ခံပြောင်းလဲမှု မူဘောင်ကို ၂၀၂၁ စစ်အာဏာသိမ်းမှု ဖြစ်စဉ် ကြောင့် မတည်မငြိမ်ဖြစ်စေခဲ့သည်။ မြန်မာနိုင်ငံ၏ အမည်ခံဒီမိုကရေစီ ‘အသွင်ကူးပြောင်းရေး’ သည် လူ့အဖွဲ့အစည်းနှင့် နိုင်ငံရေးအကြောင်းအရာ များအကြောင်း အရေးပါပြီး လွတ်လပ်သည့် စာပေသုတေသန၏ ကြွယ်ဝသော အစဉ်အလာကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုများအပါအဝင် အလိုအပ် ဆုံးဖြစ်သည့် ကမ္ဘာတစ်ဝန်းက မြန်မာနိုင်ငံအပေါ် သုတေသနဆိုင်ရာ အာရုံ စိုက်မှုကိုလည်း လမ်းဖွင့်ပေးနိုင်ခဲ့သည်။ အာဏာသိမ်းမှုဖြစ်စဉ်သည် အထက် ပါအချက်ကို အဆုံးသတ်သွားအောင် မပြုနိုင်ခဲ့သော်လည်း အနှောင့်အယှက် ဖြစ်စေခဲ့သည်။ ထို့အပြင် မြန်မာအကြောင်း သုတေသနများသည်လည်း နိုင်ငံ တော်ဗဟိုပြုသမိုင်းများနှင့် ထိုသို့သော အတွေးအခေါ်များကို ကျော်လွန်ကာ ရှေ့ဆက်ပြုလုပ်ရန် လိုအပ်နေဆဲဖြစ်သည်။ သုတေသနများအား ပြည်သူ လူထု၏ နေ့စဉ်ဘဝရုန်းကန်လှုပ်ရှားဆောင်ရွက်မှုများထဲတွင် တွေ့ရှိရသည့် ရှင်သန်နေဆဲ သမိုင်းပုံရိပ်များအပေါ် ပိုမိုဦးစားပေးသင့်သည်။ ပညာရှင်များ အနေဖြင့် လျစ်လျူရှုခံထားရသော သမိုင်းများ၊ ယဉ်ကျေးမှုများနှင့် ပြည်သူ ပြည်သားများ ပါဝင်လာစေရန် ၎င်းတို့၏ ခွဲခြမ်းစိတ်ဖြာမှုမူဘောင်ကို ဦးတည် ချက်ပြောင်းလဲရမည်ဖြစ်သည်။ ထိုမှသာ မြန်မာပြည်အကြောင်း ဆောင်ရွက် သော သုတေသနသည် ၎င်း၏ စုံလင်ကွဲပြားသော လူ့အဖွဲ့အစည်းနှင့် လူထု ရင်ဆိုင်ရသည့် သမိုင်းကြောင်းကို မှန်ကန်တိကျစွာ ထင်ဟပ်နိုင်မည်။

၂၀၂၁ ခုနှစ်မှစ၍ အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေးအကျပ်အတည်း သည် ကျရှုံးတိုင်းပြည်အဖြစ်သို့ ဆိုက်ရောက်သွားခြင်း မဟုတ်သလို မြန်မာ ပြည်သည် ထိုသို့သော တိုင်းပြည်အဖြစ်ရောက်ရှိသွားရန် အရိပ်အယောင်မျှပင် မတွေ့သေးကြောင်း အာဏာရှင်ချုပ်ငြိမ်းရေး လူထုလှုပ်ရှားမှုများက သိသာစွာ မီးမောင်းထိုးပြနေသည်။ ၎င်းသည် ဗမာလူထု အပါအဝင် စုံလင်ကွဲပြားသည့် လူမျိုးစုများ၏ မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ အားလုံးပါဝင်နိုင်ရေးအတွက် မဆုတ်မနစ်ကြိုးစားနေကြမှုကို စိတ်ထိခိုက်ဖွယ်ရာ ဖော်ပြထားနေသည့် နောက်ထပ်အချက်တစ်ခုလည်းဖြစ်သည်။ သို့သော် ဤအာဏာသိမ်းမှုနောက် နိုင်ငံရေးအကျပ်အတည်းသည် အားလုံးစုပေါင်းပါဝင်သော လူအဖွဲ့အစည်းဆီ သို့ ဦးတည်ရာလမ်းကြောင်းတွင် မည်သို့သက်ရောက်မှုရှိနေသည်ကို ခွဲခြမ်း စိတ်ဖြာရာ၌ ဤကဲ့သို့ စုံလင်ကွဲပြားသော လူ့အဖွဲ့အစည်းတစ်ခုအတွင်းရှိ နိုင်ငံရေးစနစ်တွင် လူမျိုးနှင့် ယဉ်ကျေးမှုများ စုံလင်ကွဲပြားသည့်အချက်ကို ဗမာလူမျိုးကြီးဝါဒအခြေခံနိုင်ငံတွင် မည်သို့လျစ်လျူရှုခဲ့သည်ကို ဦးစွာပထမ နားလည်ရန် လိုအပ်သည်။

ထို့အပြင် ဗမာလူမျိုးကြီးဝါဒ ဇာတ်သွင်းခြင်း၏ နိယာမနှင့် ဘုရင်များနှင့် ဘုရင်ဖြစ်လိုသော အာဏာရှင်များသည် ပဋိပက္ခများ ဖန်တီးကာ အုပ်စိုး ထိန်းချုပ်မှုပြုရန် ဗမာလူမျိုးကြီးဝါဒကို အသုံးချ၍ လူမျိုးစုံလင်ကွဲပြားမှုနှင့် ကိုးကွယ်ယုံကြည်မှု မတူညီမှုများအပေါ် မည်သို့ အမြတ်ထုတ်သည်ကို နားလည်ရန်လိုအပ်သည်။ တစ်ချိန်တည်းမှာပင် ဗမာပြည်၏ နိုင်ငံရေး ဖွံ့ဖြိုး တိုးတက်မှုသမိုင်းကြောင်းဆိုင်ရာ အားလုံးပါဝင်မှုရှိသည့် သုတေသနအတွက် ဗမာလူမျိုးများနှင့် အခြားသူများမှ ဗမာလူမျိုးကြီးဝါဒကျင့်သုံးနေခဲ့မှုကို လူ့အဖွဲ့အစည်းအတွင်းရှိ နိုင်ငံရေး (political socialization) မှ အချိန် ကြာလာသည်နှင့်အမျှ ပုံမှန်ဖြစ်စေခဲ့သည်ကို အသိအမှတ်ပြုရန် လိုအပ်လာ သည်။ အမည်ခံ ‘အသွင်ကူးပြောင်းမှု’ ကာလအတွင်းတွင် စာပေသုတေသန အချို့သည် ဗမာလူမျိုးကြီးဝါဒ၏ အကျိုးဆက်များနှင့် ၎င်း၏ လူ့အဖွဲ့အစည်း အတွင်းရှိ နိုင်ငံရေးတို့ကို3 စတင်စူးစမ်းလေ့လာမှု ပြုလာခဲ့ကြသည်။ ဗဟိုများ အခြေပြု ဖက်ဒရယ်စနစ်သည် တိုင်းပြည်၏ ဒီမိုကရေစီအနာဂတ်တွင် အားလုံး စုပေါင်းပါဝင်မှုနှင့် မတူကွဲပြားမှုများအတွက် ပံ့ပိုးထောက်ကူမှု ပြုနိုင်မည့် အလားအလာအရှိဆုံး နိုင်ငံရေးစနစ်ဖြစ်ကြောင်း ဆွေးနွေးရန် မြန်မာနိုင်ငံ အတွင်း နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုအဖွဲ့အစည်းအတွင်းရှိ နိုင်ငံရေးတို့4 ၏ ရှည်လျားသောသမိုင်းကြောင်းကို ဤဆောင်းပါးတွင် စူးစမ်းမှုပြုထားသည်။ ဗဟိုများအခြေပြု ဖက်ဒရယ်ဒီမိုကရေစီသည် မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ် ပျက်နေသော ထိန်းချုပ်ကိုင်တွယ်ရန် ခက်ခဲသည့် ပဋိပက္ခများကို အဆုံး သတ်ရန် အသင့်တော်ဆုံး နိုင်ငံရေးမူဘောင်လည်းဖြစ်သည်။ ဗဟိုများအခြေပြု ဖက်ဒရယ်ဒီမိုကရေစီကို အောင်မြင်စွာ ရရှိနိုင်ရန် ဗမာလူမျိုးကြီးဝါဒကို အဆုံး သတ်ရမည်သာမက ၎င်းဝါဒနှင့် စစ်အာဏာရှင်စနစ်ကို ကိုင်စွဲထားသော လက်ရှိ မြန်မာစစ်တပ်သည်လည်း ပြိုလဲရမည်ဖြစ်သည်။

ဗမာလူမျိုးကြီးဝါဒ၏ ဇာစ်မြစ်

သမိုင်းပညာရှင်အများစုမှ အနော်ရထာဘုရင် (ခရစ်နှစ် ၁၀၄၄ ခုနှစ်မှ ၁၀၇၇ ခုနှစ် အထိ အုပ်စိုးခဲ့) နှင့် ပုဂံအင်ပါယာ (ခရစ်နှစ် ၈၄၉ မှ ၁၂၈၇ ခုနှစ်အထိ ကြာမြင့်ခဲ့သည်ဟု အများစုသတ်မှတ်ထားကြ) တို့အား မျက်မှောက်ခေတ် မြန်မာပြည် ဖြစ်ပေါ်လာခြင်း၏ ကနဦးအစအဖြစ် သတ်မှတ်ကာ အသိအမှတ် ပြုကြပါလိမ့်မည်။5 ဗမာ့သမိုင်းတွင် ပုဂံသည် ကိုးကွယ်ယုံကြည်မှုဘာသာ (ထေရဝါဒဗုဒ္ဓဘာသာကို ဆိုလိုခြင်းဖြစ်) နှင့် တိုင်းပြည် တစ်စုတစ်စည်းထဲ ပေါင်းစည်းလာမှု၏ ကနဦးအဖြစ် သတ်မှတ်ခံရလေ့ရှိသည်။ ပုဂံအင်ပါယာ ခေတ်နှင့်အပြိုင် ဥရောပ၏ လူ့အဖွဲ့အစည်းများသည်လည်း ထိုစဉ်က ပေါ်ပေါက်လာနေခဲ့သော ပုဂ္ဂလိကပိုင်ဆိုင်မှုအခွင့်အရေးများကို အသုံးချကာ ၎င်းတို့၏ လူ့အသိုင်းအဝိုင်းအသီးသီးတွင် အာဏာများကို အခြေပြုတည် ဆောက်နေခဲ့ပြီး ၎င်းအချက်သည် (၁၆) ရာစုတွင် ဖြစ်ပေါ်ခဲ့သည့် စက်မှု ထွန်းကားရေးသို့ ဦးတည်စေခဲ့သည်။ ပုဂ္ဂလိကပိုင်ဆိုင်မှု အခွင့်အရေးများသည် (၁၂) ရာစုအတွင်းက ထရူးဒေါမင်းဆက်ခေတ်တွင် အများပိုင် ပိုင်ဆိုင်မှုများကို ပုဂ္ဂလိကပိုင်ပြောင်းလဲခဲ့သည့် အင်္ဂလန်ရှိ အများပိုင်မြေများအား ပုဂ္ဂလိကပိုင် မြေများအဖြစ် ပြောင်းလဲသတ်မှတ်သည့် လှုပ်ရှားမှု (the Great Enclosure Movement) တွင်အခြေခံသည်။ ၎င်းအချက်ကို ကြည့်ခြင်းအားဖြင့် ဥရောပ လူ့အဖွဲ့အစည်းများသည် စက်မှုထွန်းကားရေး အရှိန်ရလာသည်နှင့်အမျှ နိုင်ငံ တော်နှင့် စျေးကွက်စီးပွားရေး၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားခဲ့ သည်။ နီရိုလစ်ဘရယ်စီးပွားရေးစနစ်အတွင်းရှိ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ဇာစ်မြစ်များကို အရေးပါသော လေ့လာစောင့်ကြည့်သူတစ်ဦးဖြစ်သည့် ကားလ် ပိုလန်ညီ (Karl Polanyi) သည် ဥရောပရှိလူ့အဖွဲ့အစည်းများအား နိုင်ငံတော် အစိုးရနှင့် စျေးကွက်စီးပွားရေးလက်အောက်တွင် ထိန်းချုပ်ထားမှုကို “နှစ်ထပ် ကွမ်းလှုပ်ရှားမှု” ဟု အမည်တပ်ခဲ့သည်။6 ယနေ့ကမ္ဘာပေါ်ရှိ ဥရောပဗဟိုပြု တိုင်းပြည်များသည် နိုင်ငံများ၏ နိုင်ငံသားများအတွက် လွတ်လပ်မှု ပြဋ္ဌာန်းချက် နှင့် စျေးကွက်လူ့အဖွဲ့အစည်းများ၏ စားသုံးသူများအတွက် ထုတ်ကုန်များ ထုတ်လုပ်ခြင်း အောက်တွင် နီရိုလစ်ဘရယ်စီးပွားရေးစနစ်ကို တည်ဆောက်ရန် ပိုလန်ညီ၏ နှစ်ထပ်ကွမ်း လှုပ်ရှားမှုပေါ်တွင် အောင်မြင် ကြီးပွားနေကြကြောင်း ဆိုနိုင်သည်။ ပုဂံအင်ပါယာသည် ကိုးကွယ်ယုံကြည်မှု ဘာသာ၊ ပဒေသရာဇ်စနစ်အခြေခံနိုင်ငံတော်နှင့် ဆန်စပါးအခြေပြု စီးပွားရေး တို့ကို ပေါင်းစပ်ထားသည် လှုပ်ရှားမှုတစ်ခုကို စတင်ခဲ့သည့်အတွက် ကျွန်ုပ် အ‌နေဖြင့် “သုံးထပ်ကွမ်းလှုပ်ရှားမှု” ဟုခေါ်ဆိုလိုသည်။7 အဆိုပါ သုံးထပ်ကွမ်း လှုပ်ရှားမှုသည် ထိုစဉ်က လူ့အဖွဲ့အစည်းများတွင် ရှိခဲ့သည့် အထူးသဖြင့် မြန်မာပြည်အထက်ပိုင်းနှင့် တောင်ပေါ်ဒေသများရှိ စုံလင်ကွဲပြားသည့် အဆင့် ဆင့်ရှိသော လူမှုအဖွဲ့အစည်းများကို ဖယ်ကြဉ်ထားခဲ့သည်။ မတူညီသော တိုင်းရင်းသားအဖွဲ့များနှင့် အဆက်မပြတ်ဖြစ်ပွားခဲ့သော စစ်ပွဲများနှင့် အကြိမ် ကြိမ်ဖြစ်ပေါ်ခဲ့သည့် နန်းတော်တွင်း နိုင်ငံရေးလုပ်ကြံမှုများကြောင့် ပုဂံ၏ နိုင်ငံရေးအစဉ်စနစ်သည် ယိမ်းယိုင်လာခဲ့သည်။ မြန်မာပြည်၏ ဘုရင့်အလိုကျ နှင့် အစိုးရအလိုကျ သမိုင်းကြောင်းများတွင် ပြိုင်ဆိုင်မှုများ၊ နယ်နှင်မှုများ၊ သတ်ဖြတ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ နှစ်ပေါင်းထောင်ချီတိုင်အောင် မည်သည့်မြန်မာဘုရင်မှ ငြိမ်းချမ်းရေးရရှိရန် မဆိုထားနှင့် ရေရှည်တည်တံ့ သည့် အသုံးဝင်သော အခြေခံအဆောက်အအုံနှင့် ပညာရေးအဖွဲ့အစည်းများ ရှိသည့် တည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်သော အင်ပါယာတစ်ခုကိုပင် အုပ်ချုပ်နိုင် ခဲ့ခြင်းမရှိပေ။​ ၎င်းအစား အဆိုပါဘုရင်များသည် ဘာသာရေးအဆောက်အအုံ များ တည်ဆောက်ခြင်းနှင့် အိမ်နီးချင်းတိုင်းပြည်များအား ကျူးကျော်သိမ်းပိုက် ခြင်းတို့မှတစ်ဆင့် ၎င်းတို့၏ တရားဝင်မှုကို တည်ဆောက်ရင်း အလုပ်များနေခဲ့ ကြသည်။ လဗိုင်ရသန် (leviathan) ပုံစံတိုင်းပြည်များသည် အဘယ်ကြောင့် ဥရောပတွင် အောင်မြင်ပြီး ဗမာပြည်တွင် အမြစ်တွယ်ရန် ကျရှုံးခဲ့သည်ကို နားလည်သဘောပေါက်ရန် ဗြိတိသျှကိုလိုနီခေတ်မတိုင်မီမှ ဗမာပြည်များ၏ ရှုပ်ထွေးသော သမိုင်းကြောင်းများနှင့်အပြိုင် ပြည်သူလူထု၏ ရှင်သန်နေဆဲ သမိုင်းပုံရိပ်များအား (လူထုအမှတ်သညာ) ဂရုတစိုက်အလေးပေးလေ့လာသင့် သည်။

ဗမာဇာတ်သွင်းခြင်းသည် အဆိုပါသမိုင်းကြောင်းမှ ပေါ်ထွက်လာခဲ့ကာ ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရပြီး ဗမာပြည်ထောင်စု တည်ထောင်ခဲ့သည့် အချိန် နှစ်ဆယ်ရာစု ကိုလိုနီခေတ်အလွန် နိုင်ငံရေးအကျပ်အတည်းကာလတွင် ပိုမိုပေါ်လွင်လာခဲ့သည်။ ၁၉၄၇ ပင်လုံစာချုပ်ကဲ့သို့သော ကြိုးစားမှုများ ရှိခဲ့ သော်လည်း8 ဗမာလူမျိုးကြီးဝါဒ၏ အခြေခံအတွေးအခေါ်သည် လွတ်လပ်ရေး ကာလကို ကျော်ဖြတ်ကာ အားကောင်းလာပြီး ဗိုလ်ချုပ်နေဝင်း၏ ၁၉၆၂ စစ်အာဏာသိမ်းမှုသည် ၎င်းကို ပိုမိုနက်ရှိုင်းစေခဲ့သည်။ ဦးနေဝင်းမှ ဗမာလူမျိုး ကြီးဝါဒအား ဝါဒဖြန့်ခြင်း၊ ပညာရေးနှင့် စစ်ဝါဒများမှတစ်ဆင့် ဆောင်ရွက်ခဲ့ သည်။ ဖတ်စာအုပ်များနှင့် သတင်းစာများတွင် ဗမာမဟုတ်သော အခြားသူ များသည် ရိုင်းစိုင်းပြီး ခေတ်နောက်ကျသူများဖြစ်ကာ ဗမာဗဟိုပြု နိုင်ငံရေး ပုံစံထဲရှိ ကိုယ်ကျင့်တရားနှင့် ဥပဒေဆိုင်ရာအသိုင်းအဝိုင်းထဲသို့ ခေါ်သွင်းလာ ရန် လိုအပ်သူများဖြစ်ကြောင်း ပုံဖော်ခဲ့သည်။

နေဝင်းခေတ်မှ စတင်ကာ စစ်တပ်သည် ၎င်း၏ ဗမာစိုးမိုးသည့် နိုင်ငံရေး အယူဝါဒကို လက်ကိုင်ထားခဲ့ပြီး ဗမာဗုဒ္ဓသီးသန့်နိုင်ငံရေးစနစ်ကို ထိန်းသိမ်း ကာကွယ်ရန် တိုက်ခိုက်ခဲ့ပြီး အခြားသော ရွေးချယ်စရာအားလုံးကို တိုင်းပြည် အတွက် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ဆန့်ကျင်ခဲ့သည်။ စစ်တပ်အနေဖြင့် ၎င်းတို့ အချိန်ယူကာ စိတ်တိုင်းကျရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ၎င်းတို့ကို အရပ်သားနိုင်ငံရေးသမားများ၏ အထက်တွင်ထားကာ ပြည်ထောင်စုလွှတ်တော်၏ နှစ်ဆယ့်ငါးရာခိုင်နှုန်းကိုလည်း ရယူထားသည့် အပြင် အရေးပါသော ဝန်ကြီးဌာနသုံးခု၏ ဘတ်ဂျက်များနှင့် မူဝါဒများကို ထိန်းချုပ်ရန် အဆိုပါအယူဝါဒက ပံ့ပိုးထောက်ကူမှုပြုခဲ့သည်။ ဗမာလူမျိုးကြီး ဝါဒ ကိုင်စွဲထားသည့် နိုင်ငံရေးသမားများနှင့် အစွန်းရောက် ဗုဒ္ဓဘာသာ ဘုန်းကြီးများသည် ၉၆၉ လှုပ်ရှားမှု၏9 ဆင့်ကဲပြောင်းလဲမှုကို မြေတောင် မြှောက်ပေးခဲ့ပြီး ၎င်းအဖွဲ့ဝင်များမှ သမ္မတဦးသိန်းစိန်အား လူမျိုးရေးခွဲခြား သည့် အမျိုးဘာသာသာသနာကာကွယ်ရေးဥပဒေများ ပြဋ္ဌာန်းစေရေး အောင်မြင်စွာ စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။10 တရားဝင်ပြဋ္ဌာန်းထားသည့် ဤ ဥပဒေလေးရပ်သည် ဗမာလူမျိုးကြီး ဝါဒဇာတ်သွင်းခြင်းစီမံကိန်း၏ အဓိက ဝိသေသများအဖြစ် သာဓကပြုလျက်ရှိသည်။ ‘အသွင်းကူးပြောင်းရေးကာလ’ တစ်လျှောက်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အားထုတ်မှုများဟု ထင်ရ သည့် ကာလတစ်လျှောက်လုံးတွင် စစ်တပ်သည် အရပ်သားဆန္ဒပြသူများအား အကြိမ်ကြိမ် အကြမ်းဖက်မှုများ၊ ဗမာမဟုတ်သော အခြားသူများအား လူမျိုး တုံး သတ်ဖြတ်မှုများနှင့် စစ်ပွဲအသစ်များ စတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ လက်ရှိ နိုင်ငံရေးစနစ်ထဲတွင် အခြေခံအဖြစ်ပါဝင်နေသော ဗမာလူမျိုးကြီးဝါဒ အား သတိမမူမိခဲ့သည့် မြို့ပေါ်နေဗမာအများစုအတွက် ၂၀၂၁ အာဏာသိမ်းမှု အပြီး လူထုဆန္ဒပြပွဲများကို မြန်မာစစ်တပ်က အကြမ်းဖက်ဖြိုခွင်းမှုသည် ထိတ်လန့်ဖွယ်ဖြစ်ခဲ့သော်လည်း တိုင်းရင်းသားနယ်မြေဒေသများတွင် နေထိုင် သူ အများစုအတွက်မူ အံ့ဩဖွယ်ရာကိစ္စရပ် မဟုတ်ခဲ့ပေ။

ဤဆောင်းပါးကို ရေးသားနေချိန်တွင် စစ်တပ်သည် ဆယ်စုနှစ်ပေါင်း များစွာအတွင်း အင်အားအနည်းဆုံးအချိန်သို့ ရောက်ရှိလာနေသည်။ ၎င်းတွင် အမာခံအဖွဲ့ဝင်များနှင့် ထောက်ခံသူများ ရှိနေသေးပြီး ၎င်းအား တိုက်ခိုက်နေ သည့် လက်နက်ကိုင်အဖွဲ့များအပေါ် နည်းပညာဆိုင်ရာ၊ ရင်းမြစ်ဆိုင်ရာနှင့် ငွေကြေးကြွယ်ဝမှုဆိုင်ရာ အားသာမှုများကို ဆက်လက်ရရှိနေသော်လည်း စစ် တပ်အနေဖြင့် ထိန်းချုပ်နယ်မြေများဆုံးရှုံးမှု၊ စိတ်ဓာတ်ကျဆင်းမှု၊ စစ်သည် ဦးရေမလုံလောက်မှုနှင့် တပ်သားသစ်စုဆောင်းရေး မလုံလောက်မှုများ ကြုံ တွေ့နေရသည်။ ဗမာအများစုသည် လမ်းပေါ်တွင် ယူနီဖောင်းဝတ်များကို တွေ့တိုင်း ကြောက်ရွံ့ခြင်း သို့မဟုတ် ကျိတ်မှိတ်ဒေါသထွက်ခြင်းများ ခံစားနေ ကြရသည်။ စစ်တပ်သည် အများပြည်သူအတွက် စက်ဆုပ်ရွံရှာဖွယ်ကောင်း သော အဖွဲ့အစည်းတစ်ခု ဖြစ်လာနေပြီဖြစ်သည်။

စစ်တပ်သည် ဗမာလူမျိုးကြီးအယူဝါဒကို ဆုပ်ကိုင်ထားပြီး ၎င်း၏ ဝါဒဖြန့် မှုများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် မြန်မာနိုင်ငံတော်ကြီး တစ်ခုလုံး၏ ကယ်တင်ရှင်အဖြစ် ဂုဏ်ယူစွာ ပြောဆိုလေ့ရှိသည်ကို ကြည့်ခြင်းအားဖြင့် စစ်တပ်ကျဆုံးခြင်းသည် ဗမာဗမာလူမျိုးကြီးဝါဒဇာတ်သွင်းခြင်း၏ နိဂုံးကို ဦးတည်သွားနိုင်မည်ဖြစ်သည်။ စစ်တပ်သည် ဗမာလူမျိုးကြီးဝါဒကို တည် ဆောက်ပြီး အကာအကွယ်ပေးနေသည့် နောက်ဆုံးသော အဖွဲ့အစည်းဖြစ်ပြီး ၎င်းပြိုလဲမှုသည် အဆိုပါ နိုင်ငံရေးပုံစံ၏ အဆုံးသတ်နှင့် ပိုမိုလွတ်လပ်သည့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူ့အဖွဲ့အစည်းတစ်ရပ်အား ပြန်လည်ဖန်တီးခြင်းဆီသို့ ဦးတည်သွားမည်ဖြစ် သည်။

စက်ဆုပ်ရွံရှာဖွယ်ကောင်းသော စစ်တပ်

မြန်မာနိုင်ငံရှိ လူအများစုသည် စစ်တပ်အား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြ သော်လည်း ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်းတွင် ၎င်းတို့၏ အမြင်များသည် သိသိသာသာ ပြောင်းလဲသွားကြသည်။ စစ်တပ်အုပ်ချုပ်မှုနှင့် စစ်တပ်မှ ကျူးလွန်လျက်ရှိနေသည့် ရက်စက်ကြမ်းကြုတ်မှုများအပေါ်တွင် ပြည်သူ၏ သဘောထားအမြင်များသည် “မုန်းတီးမှု” သို့မဟုတ် “မနှစ်မြို့မှု” စသည့် အခြေခံအကျဆုံးသော နာကြည်းစကားလုံးများထက် ကျော်လွန်သွားပြီဖြစ် သည်။ ဗမာစကားတွင် အပေါင်းလက္ခဏာဆောင်သော သဘောထားအမြင်နှင့် အနုတ်လက္ခဏာဆောင်သော သဘောထားအမြင်ကို ဖော်ပြသည့် စကားလုံး များစွာရှိပြီး ၎င်းစကားလုံးများအား “နှစ်သက်မှု” မှ “မုန်းတီးမှု” အဖြစ် ဧရိယာ တစ်ခု၏ အစွန်းနှစ်ဖက်တွင် အသီးသီးထားရှိနိုင်သည်။ သို့သော် စစ်တပ်အပေါ် ထားရှိသည့် သဘောထားနှင့် သက်ဆိုင်သည့် စကားလုံးနှစ်လုံးမှာ ၎င်းဧရိယာ ၏ ပြင်ပသို့ လုံးလုံးရောက်ရှိနေသည်။

ပထမစကားလုံးသည် “ကြောက်စရာ” ဖြစ်ပြီး ကြောက်လန့်ဖွယ်ကောင်း သော ဖြစ်တည်မှုတစ်ခု သို့မဟုတ် အရာတစ်ခုကို ရည်ညွှန်းခြင်းဖြစ်သည်။ စစ်တပ်သည် မြန်မာနိုင်ငံ၏ အရေးပါသည့်နေရာအများစုကို ၁၉၈၈ ခုနှစ် ကတည်းက အကြောက်တရားဖြင့် အုပ်ချုပ်ခဲ့ပြီး တိုင်းရင်းသားပြည်နယ်များ နှင့် နယ်စပ်ဒေသများအား ၁၉၆၂ ခုနှစ်ကတည်းကပင် အကြောက်တရားဖြင့် အုပ်ချုပ်ခဲ့သည်။ လူသိများသည့် “အကြောက်တရားမှ လွတ်မြောက်ရေး” (Freedom from Fear) စာအုပ်သည် အဆိုပါအချက်အား ထောက်ပြနေသည်။11 ၎င်းစာအုပ်အား ရေးသားခဲ့သူ အကျဉ်းစံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးအကျဉ်းသားအဖြစ် အကြိမ်ကြိမ် အကျဉ်းချခံခဲ့ရပြီး ၂၀၂၁ အာဏာသိမ်းမှုမတိုင်မီတွင် ရွေးကောက်ခံ ခေါင်းဆောင်တစ်ဦးအဖြစ်ရော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ခေါင်းဆောင်အနေဖြင့်ပါ တိုင်းပြည်ကို ဦးဆောင်ခဲ့သည်။ သူမသည် မြန်မာ ပြည်သူများအား စစ်တပ်၏ နှိပ်ကွပ်မှုကို ကြောက်ရွံ့ခြင်း မရှိရန် ဟောပြောခဲ့ သည်။ သူမအနေဖြင့် မြန်မာနိုင်ငံတွင် အကြောက်တရားကို သွတ်သွင်းပြီး ၎င်းတို့၏ အာဏာတည်မြဲအောင် ဆောင်ရွက်ခဲ့ကြသူများအား ၎င်းတို့အာဏာ စွန့်ပြီးချိန်တွင် ရရှိလာမည့် အနာဂတ်သစ်တစ်ခုကို ကြောက်လန့်ခြင်းမရှိကြ ရန်လည်း ဒဿနသဘောတရားချဉ်းကပ်မှုဖြင့် သင်ကြားပြသပေးနိုင်ရန် ကြိုးပမ်းခဲ့သည်။ ပြည်သူများသည် စစ်တပ်အား ဆယ်စုနှစ်ချီများစွာချီအောင် ကြောက်ရွံ့ခဲ့ကြသည်။

ဤနေရာတွင် သက်ဆိုင်မှုရှိသည့် ဒုတိယမြောက်စကားလုံးမှာ “ရွံစရာ” ဖြစ်သည်။ ဤစကားလုံးသည် မုန်းတီးမှုကို ကျော်လွန်သွားသည့် ခံစားချက်ကို ဖော်ပြသော်လည်း ကြောက်ရွံမှု မပါနေပေ။ ၎င်းစကားလုံးသည် စက်ဆုပ်သော အဓိပ္ပာယ်ကို ပိုဆောင်နေသည်။ ၎င်းစကားလုံးသည် ၂၀၂၁ အာဏာသိမ်းမှု နောက်ပိုင်း လူပေါင်းများစွာက စစ်တပ်အပေါ် မည်သို့မည်ပုံ သဘောထား သည်ကို ဖော်ပြနေသည်။ လူပေါင်းများစွာသည် ၎င်းတို့အသက်အန္တရာယ် အတွက် စိုးရိမ်ရသော်လည်း စစ်တပ်ကို ခိုင်ခိုင်မာမာ ဆန့်ကျင်နေဆဲဖြစ်သည်။ “ရွံစရာ” ဟူသော စကားလုံးသည် မုန်းတီးမှု သို့မဟုတ် လွန်စွာမနှစ်မြို့မှု ဟူသော အဓိပ္ပာယ်ထက် ကျော်လွန်သော ခံစားချက်တစ်ခုကို ဖော်ပြနေသည်။ ၎င်းသည် လုံးဝ ပြင်းပြင်းထန်ထန် ရွံရှာစက်ဆုပ်မှုကို ဆိုလိုခြင်းဖြစ်သည်။ ဗမာများသည် တစ်စုံတစ်ခုအား ရွံစရာအဖြစ် သတ်မှတ်လိုက်ပါက ၎င်းတို့ သည် ထိုအရာ၏ တည်ရှိမှု သို့မဟုတ် ဖြစ်တည်နေမှုကိုပင် ဂရုစိုက်ခြင်း မရှိ တော့ပေ။

လူတစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခု သို့မဟုတ် အရာ ဝတ္ထုတစ်ခုသည် ဗမာလူမျိုးများ၏ စိတ်ထဲတွင် ဤအတန်းစားထဲသို့ ရောက်ရှိ သွားပါက နှစ်သက်စရာ သို့မဟုတ် မုန်းတီးစရာဟူ၍ ဆက်ဆံခံရခြင်းမျိုး မရှိ တော့ဘဲ ဥပက္ခာပြု၊ လျစ်လျူရှုစရာ တစ်ခုဖြစ်သွားပြီး လုံးဝဥဿုံ တန်ဖိုးမရှိ တော့သည့် အရာတစ်ခုဖြစ်သွားသည်။ ထိုအရာအား မိမိတို့၏ မှတ်ဉာဏ်ထဲမှ ဖျောက်ဖျက်လိုကြသည်။ ထိုအရာသည် မည်သည့်တန်ဖိုးမှ ပိုင်ဆိုင်ခြင်း မရှိ တော့ပေ။ ကျင့်ဝတ် သို့မဟုတ် ကိုယ်ကျင့်တရားတန်ဖိုး မရှိ၊ လေးစားထိုက် သည်ဟု မှတ်ယူနိုင်သည့်အရာမရှိ၊ သဘာဝတရားနှင့် စကြဝဠာတစ်ခုလုံး အတွက် ဘာတန်ဖိုးမှ မရှိသည့်အရာဖြစ်လာသည်။ ထိုကဲ့သို့သော အရာကို ရှာတွေ့ရန် ခက်ခဲသော်လည်း ဗမာလူမျိုးများ၏ စိတ်ခံစားမှုပိုင်းဆိုင်ရာ ယဉ်ကျေးမှုမှ ထိုအရာမျိုးကို ရှာဖွေသတ်မှတ်နိုင်ရန် နေရာပေးထားသည်။ စိတ်ကူးကြည့်နိုင်ရန် ဖော်ပြရမည်ဆိုပါက ၎င်းသည် လောက်ကောင်များ တဖွားဖွားတက်နေသည့် ပုပ်သိုးနေသော မစင်ပုံထက်ပင် အဆပေါင်း ထောင်သောင်းမက ပိုဆိုးသည်။

စစ်တပ်အား ကြောက်ရွံ့စရာ အရာတစ်ခုမှသည် လျစ်လျူရှုရမည့် စက်ဆုပ်ဖွယ်ကောင်းသည့် “ရွံစရာ” အရာတစ်ခုအဖြစ် လူပေါင်းများစွာ၏ တန်ဖိုးဖြတ် သတ်မှတ်ချက်သည် အဘယ်ကြောင့် အရေးပါသနည်း။ အကယ်၍ တစ်စုံ တစ်ခုသည် ကြောက်ရွံ့ဖွယ်ဖြစ်ပါက မတရားမှု သို့မဟုတ် မလိုလားမှု ကို ကိုယ်စားပြုနေနိုင်သည့်တိုင်အောင် ဗမာလူမျိုးများအနေဖြင့် ၎င်းတွင် ကိုယ်ပိုင်တန်ဖိုးတစ်ရပ် ရှိနေသည်ဟု သတ်မှတ်ထားသည်။ စစ်တပ်မှ အကြောက်တရား ဖန်တီးနေခဲ့စဉ်တွင် ၎င်းတို့အား တစ်စုံတစ်ခုမှားယွင်းနေပြီး လူ့အဖွဲ့အစည်းအပေါ် အလုပ်ကျွေးပြုရန် ပျက်ကွက်နေသည်ဟု ထင်မြင်ခံခဲ့ရ သော်လည်း ၎င်းအနေဖြင့် ပြန်လည်ပြင်ဆင်နိုင် သို့မဟုတ် ပြောင်းလဲနိုင်သည် ဟု ထင်မြင်ခံခဲ့ရသည်။ မိမိကိုယ်အတွက်သာကြည့်ပြီး တစ်ကိုယ်ကောင်းဆန် ကာ အတ္တအကြီးမားဆုံးလူပင်လျှင် ပြုပြင်ပြောင်းလဲနိုင်သည့် အလားအလာရှိ သည်။ သို့သော် ရွံစရာကောင်းသော အရာတစ်ခုမှာမူ တိုင်းတာနိုင်သော တန်ဖိုး များပြင်ပသို့ ရောက်ရှိသွားပြီဖြစ်သည်။ ဗမာပြည်သူများအနေဖြင့် စစ်တပ်ကို ပြောင်းလဲစေရန် မည်သို့မည်ပုံ ဆောင်ရွက်လျှင် အကောင်းဆုံးဖြစ်မည်ကို ဆွေးနွေးငြင်းခုံကြခြင်း မရှိကြတော့ပေ။ အာဏာသိမ်းမှု ဖြစ်ပြီးပြီးချင်းတွင် ပြည်သူလူထု အထူးသဖြင့် ဂျန်နရေးရှင်း ‘ဇီး’ များအနေဖြင့် စစ်တပ်မှ ငြိမ်းချမ်း စွာဆန္ဒပြခြင်းအတွက် ၎င်းတို့၏ အသက်များကို ခြိမ်းခြောက်ခြင်း၊ ပစ်ခတ် ခြင်း၊ ကားဖြင့်ဝင်တိုက်ခြင်းနှင့် သေသည်အထိ နှိပ်စက်ခြင်းတို့အပေါ် အဘယ် ကြောင့် ကြောက်ရွံ့မှု လုံးဝပြသခြင်း မရှိတော့သည့်အချက်အား တစ်ကမ္ဘာလုံး မှ စိတ်ဝင်စားခဲ့ကြသည်။ စစ်တပ်အား ရွံစရာ ဖြစ်တည်မှုတစ်ရပ်အဖြစ် ကြောင်းကျိုးဆက်စပ်စဉ်းစားကြည့်ခြင်းသည် အဆိုပါ ကြောက်ရွံ့မှု လုံးဝမရှိ တော့ခြင်းအတွက် ရှင်းလင်းချက်တစ်ခုဖြစ်သည်။

စစ်တပ်ပြိုလဲလာမှု

ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်ခဲ့မှုအောက်တွင် လူသူလေးစားအားကိုးခြင်း ခံခဲ့ရသော စစ်တပ်သည် ဗမာပြည်လွတ်လပ်ရေးရခဲ့သည့်အချိန်ကတည်းက ၎င်း၏ စစ်ပွဲများကို အဆုံးသတ်ပြီး အားလုံးပါဝင်မှုရှိသည့် လူ့အဖွဲ့အစည်း တစ်ခုဖန်တီးခြင်းကို အားပေးမြှင့်တင်ရန် အခွင့်အလမ်းများစွာရှိခဲ့သည်။ လွတ်လပ်ရေးရသည့်အချိန်တွင် စစ်တပ်သည် ၎င်း၏ သမိုင်းတစ်လျှောက် ရပ်တည်ချက်ဖြစ်ခဲ့သည့် ဗြိတိသျှကိုလိုနီနှင့် ဖက်ဆစ်ဂျပန်တို့လက်ထဲမှ တိုင်းပြည်ကို ကယ်တင်ခဲ့သည့် အဖွဲ့အစည်းတစ်ခုအနေဖြင့် ကျေနပ်တင်းတိမ် နိုင်ခဲ့ကာ အရပ်သားအုပ်ချုပ်မှုအောက်တွင်နေပြီး ပရော်ဖယ်ရှင်နယ်စစ်တပ် အဖွဲ့အစည်းတစ်ခုအနေဖြင့် အာဏာလုနိုင်ငံရေးကဲ့သို့သော အရာများမှ ရှောင်ခွာနေခဲ့သင့်သည်။ ၁၉၈၈ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်တို့တွင် စစ်တပ်အုပ်ချုပ် မှုမှ ပေးအပ်နိုင်စွမ်းမရှိသည့် အားလုံးပါဝင်မှုရှိသည့် နိုင်ငံရေးပုံစံတစ်မျိုး သို့မဟုတ် ဒီမိုကရေစီကို ပြည်သူများမှတောင်းဆိုကြောင်း စစ်တပ်အနေဖြင့် သိရှိခဲ့သင့်သည်။12 ၎င်းအစား စစ်တပ်သည် ၎င်း၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အတည်ပြုရန်သာ တစိုက်မတ်မတ်ဆောင်ရွက်ခဲ့ပြီး ၎င်း၏ အာဏာ ကို ပြည်သူများအပေါ်တွင် ခိုင်မာစေရေး ကြိုးစားခဲ့သည်။ စစ်တပ်အနေဖြင့် NLD ၏ အုပ်ချုပ်မှုကာလအတွင်းတွင် NLD ၏ ဦးဆောင်မှုကို လက်ခံကာ (၂၁) ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံကို စိတ်သဘောထား မှန်ကန်ပြည့်ဝစွာ လိုက်နာဆောင်ရွက်ရန် အခွင့်အရေးရှိခဲ့သည်။ စစ်တပ်သည် အရပ်သားများ ထံသို့ အာဏာပိုပေးနိုင်ရန် ၂၀၁၅ ခုနှစ်တွင် NLD အနိုင်ရခဲ့ချိန်၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရန် အခွင့်အရေးရှိခဲ့သည်။ စစ်တပ်သည် ၂၀၂၀ ရွေးကောက်ပွဲ၏ ရလဒ်များအား လက်ခံရန် အခွင့်အရေးရှိခဲ့သည်။ အဆိုပါကာလများအားလုံးတွင်သာမက အခြားသောအချိန်များတွင်ပင်လျှင် စစ်တပ်သည် အာဏာလွှဲပြောင်းလိုခြင်းမရှိခဲ့ပေ။ စစ်တပ်သည် ဒီမိုကရေစီကို ထူထောင်တည်ဆောက်ရာတွင် အားပေးမြှင့်တင်ရန် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိ ပေ။

စစ်တပ်သည် ၎င်းတို့၏ ပုဂ္ဂလိကအကျိုးအမြတ်အတွက်သာကြည့်သော၊ တစ်ကိုယ်ကောင်းဆန်ပြီး ခေါင်းပုံဖြတ်အမြတ်ထုတ်တတ်သည့် ခေါင်းဆောင် များမှ ချုပ်ကိုင်ထားသော အဖွဲအစည်းတစ်ခုဖြစ်သည်။ ဦးနေဝင်းနှင့် သူ့နေရာ ဆက်ခံသူ စစ်ခေါင်းဆောင်များသည် ပြည်တွင်းစစ်ပွဲပေါင်းများစွာကို သက်ဆိုး ရှည်စေခဲ့ကာ စိတ်ပျက်ဖွယ်ဇာတ်မျောနေခဲ့ပြီး မတည်ငြိမ်သည့် တိုင်းပြည် တည်ဆောက်‌ရေးများမှ ၎င်းတို့အတွက် အကျိုးအမြတ်များရရှိခဲ့သည်။ တိုင်းပြည်တည်ဆောက်ရေးနှင့် ပတ်သက်၍ ဥပမာပြုစရာတစ်ခုရှိသည်။ ထို ဥပမာမှာ လက်တွေ့ဖြစ်ပျက်ခဲ့သည့် ကိစ္စလည်းဖြစ်သည်။ စစ်ခေါင်းဆောင် များသည် တံတားများကဲ့သို့ အခြေခံအဆောက်အအုံများကို တည်ဆောက် သည့်အခါ တစ်ဝက်တစ်ပျက်တည်ဆောက်ရန် ညွှန်ကြားခဲ့ကြပြီး ကျန်ရှိသည့် ဘဏ္ဍာများကို ၎င်းတို့၏ အိတ်ကပ်ထဲသို့ ထည့်ခဲ့ကြသည်။ ထို့နောက် ၎င်းတို့ သည် အဆိုပါဆောက်လုပ်ရေးလုပ်ငန်းခွင်များကို အဆင့်ဆင့်ခေါင်းပုံဖြတ် ထားသော ‘ရင်းနှီးမြှုပ်နှံမှု’ နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိ မလာမချင်း ပစ်ထားလိုက်ကြသည်။ အဆိုပါ အခြေခံအဆောက်အအုံများကို အသုံးပြုရ မည့်ပြည်သူများအား အနည်းငယ်မျှဂရုစိုက်ခြင်းမရှိဘဲ ထိုကဲ့သို့ ထပ်ကာ ထပ်ကာဆောင်ရွက်ကြသည်။ နေပြည်တော်တည်ဆောက်ရေး ဘက်ဂျက်ထဲမှ မည်မျှသည် အာဏာပိုင်များ၏ အိတ်ထဲသို့ ရောက်သွားသည်ကို မည်သူမှ မသိ သော်လည်း ၎င်းတည်ဆောက်ရေးတွင် အရည်အသွေးနိမ့်သော ဆောက်လုပ် ရေးပစ္စည်းများ အသုံးပြုပြီး ခိုခဲ့ကြကြောင်း ၂၀၂၅ ငလျင်မှ ဖော်ထုတ်ပြသနေ သည်။ စစ်တပ်အုပ်ချုပ်မှု အဆင့်ဆင့်တွင် ရှိနေသည့် အကျင့်ပျက်ခြစားမှုနှင့် ဆွေမျိုးကောင်းစားရေးသည် မြန်မာစစ်အာဏာရှင်များ၏ အသက်ရှင်ရပ်တည် ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည်။ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည်လည်း ထိုနည်းလည်းကောင်းသာဖြစ်သည်။

သို့သော် မင်းအောင်လှိုင်သည် ၎င်း၏ မအောင်မြင်သော အာဏာသိမ်းမှု နောက်ပိုင်းတွင် ကံမကောင်း အကြောင်းမလှ ဖြစ်နေရသည်။ အားလုံးပါဝင် သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆီသို့ ဦးတည်ဆောင်ရွက်နေသည့် နွေဦး တော်လှန်ရေးသည် ယိမ်းယိုင်လာမှု မရှိသေးပေ။ အကြမ်းမဖက်အာဏာဖီဆန် ရေးလှုပ်ရှားမှု၊ အာဏာသိမ်းမှုနောက်ပိုင်း ပေါ်ထွက်လာသည့် လက်နက်ကိုင် အဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ၊ တိုင်းရင်းသားတော်လှန်ရေးတပ် များ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင် ခံကောင်စီ (NUCC)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် သပိတ်ကော်မတီများစွာသည် စုံလင် ကွဲပြားသော အကျိုးစီးပွားများနှင့် လူ့အသိုင်းအဝိုင်းများကို ကိုယ်စားပြုကာ တော်လှန်ရေးတွင် တက်တက်ကြွ ကြွ ပါဝင်နေကြသည်။ ဤအင်အားစုများသည် ၂၀၂၁ အာဏာသိမ်းမှုနှင့် စစ်တပ်၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တရားဝင်ဖြစ်မှုတို့ကို ငြင်း ပယ်ရန် ပြည်သူ့တော်လှန်ရေးကို ထိန်းသိမ်းထားကြသည်။ နွေဦးတော်လှန် ရေးသည် ၁၉၈၈ မှပေါက်ဖွားလာခဲ့သည့် ဒီမိုကရေစီလှုပ်ရှားမှုနှင့်ယှဉ်လျှင် များစွာပိုမိုစုံလင်ခြားနားမှုရှိပြီး ရင်းမြစ်များလည်း ပိုမိုကြွယ်ဝသည်။ ပွင့်လင်းမှု ရှိပြီး အားလုံးပါဝင်မှုရှိသည့် လွတ်လပ်သော လစ်ဘရယ် အတွေးအခေါ်များဆီ သို့ ဦးတည်ဆောင်ရွက်နေသည့် နွေဦးတော်လှန်ရေး၏ အရှိန်အဟုန် နောက် ကွယ်တွင် အကြောင်းရင်းအချို့ ရှိနေသည်။

ပထမအချက်မှာ လူငယ်များဖြစ်သည်။ ဗီဒီယိုဂိမ်းများကစားကာ ဆိုရှယ် မီဒီယာသုံးပြီး ၎င်းတို့၏ အချိန်ကို အင်တာနက်ကဖေးများနှင့် လက်ဖက်ရည် ဆိုင်များတွင် ဖြုန်းတီးနေခဲ့ကြသည်ဟု တစ်ချိန်က သမုတ်ခံခဲ့ကြရသည့် မျိုးဆက်သည် အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာရော လက်နက်ကိုင်ပြီးပါ အတက်ကြွဆုံး ဆန့်ကျင်တော်လှန်နေကြသူများဖြစ်ကြသည်။ ဤလူငယ်များ သည် လက်နက်တပ် ဒရုန်းများ မောင်းနှင်ခြင်း၊ ဗီဒီယိုဂိမ်းများမှ ၎င်းတို့ လေ့လာခဲ့သည့် စစ်ဗျူဟာများကို အသုံးချခြင်းနှင့် ၎င်းတို့ထက် အသက်ကြီး သော ရဲဘော်ရဲဘက်များကို နည်းပညာမြင့် ဆက်ဆံရေးနှင့် စစ်ပွဲအတွက် နည်းပညာအသစ်များကို နားလည်စေရန် ကူညီပေးခြင်းတို့ကို ဆောင်ရွက်နေ ကြသည်။ ဤမျိုးဆက်သည် ၂၀၂၁ အာဏာသိမ်းသည့်အချိန်တွင် သူတို့ ဘဝ သက်တမ်းတစ်ဝက်ခန့်ကို စစ်တပ်အုပ်ချုပ်မှုအောက်တွင် နေထိုင်ခဲ့ကြပြီး ကျန်တစ်ဝက်ကို အရပ်သား ‘အသွင်ကူးပြောင်းရေး’ ကာလအတွင်း ဖြတ်သန်း ခဲ့ကြသူများဖြစ်သည်။ အဆိုပါကာလတွင် နေထိုင်မှုအဆင့်အတန်းများသည် တိုးတက်လာနေပြီဖြစ်ကာ ပွင့်လင်းသည့်အတွေးအခေါ်များလည်း ပျံ့နှံ့လာ နေပြီဖြစ်သည်။ မြန်မာနိုင်ငံသည်လည်း တံခါးပိတ်နိုင်ငံဖြစ်နေမှု၊ အကျင့်ပျက် ခြစားမှုနှင့် စစ်တပ်၏ အာဏာချုပ်ကိုင်အုပ်စိုးမှုတို့အောက်မှ ထိုးထွက်လာနေ ပြီဖြစ်ကြောင်း နားလည်သိရှိမှုတစ်ရပ် ရှိခဲ့သည်။ ဒုတိယအချက်မှာ စမတ်ဖုန်း များ၊ ဆိုရှယ်မီဒီယာနှင့် အင်တာနက်သုံးစွဲနိုင်မှု တိုးမြင့်လာသည့်အချိန်သည် ‘အသွင်ကူးပြောင်းရေး’ ကာလနှင့် အကြမ်းဖျဉ်းတူညီနေခဲ့ပြီး လက်ရှိတွင် ၎င်းအချက်များသည် ဆက်သွယ်ဆက်ဆံရေးနှင့် ဖွဲ့စည်းရေးတို့တွင် (စစ်တပ်မှ အင်တာနက်ဖြတ်တောက်မှုများနှင့် ကန့်သတ်ချက်များ ပုံမှန်ဆောင်ရွက်နေ သည့်ကြားကပင်) မမျှော်လင့်ထားလောက်သော စွမ်းဆောင်ရည်များကို ပေးစွမ်းခဲ့သည်။ တတိယအချက်မှာ ၂၀၁၀ ကတည်းက တိုးပွားလာနေသည့် တက်ကြွလှုပ်ရှားသော အရပ်ဘက်အဖွဲ့အစည်းများသည် စုပေါင်းဆောင်ရွက်မှု အတွက် လူမှုရင်းမြစ်များ ဖန်တီးပေးနိုင်ခဲ့ခြင်းဖြစ်သည်။ စတုတ္ထအချက်မှာ ကျေးလက်ဒေသများမှ မြို့ပြဒေသများသို့ ရွှေ့ပြောင်းအခြေချခြင်းနှင့် ပညာ ရေးနှင့် အလုပ်အကိုင်အတွက် ပြည်ပသို့ ရွှေ့ပြောင်းအခြေချခြင်းများသည် လိုအပ်နေခဲ့သော သတင်းအချက်အလက် ဖြန့်ဝေမှုနှင့် မတူညီသော စနစ်များ၊ နေရာများ၊ လူများ၊ ယဉ်ကျေးမှုများနှင့် နိုင်ငံများအကြောင်း နှိုင်းယှဉ်၍ရသော လက်တွေ့လေ့လာမှုများကို ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။ ပဉ္စမအချက်မှာ ‘အသွင်ကူးပြောင်းရေး’ ကာလအတွင်း မီဒီယာသည် အတိုင်းအတာတစ်ခုအထိ လွတ်လပ်မှုရှိခဲ့ပြီး တက်ကြွမှုရှိသော တိုင်းသိပြည်သိ ဆွေးနွေးငြင်းခုံမှုများ အပြင် ဒီမိုကရေစီအကြောင်းသတင်းအချက်အလက်နှင့် စစ်တပ်အုပ်ချုပ်မှု အောက်တွင် ဆွေးနွေးရန်တားမြစ်ခံထားရသည့် ကိစ္စရပ်များကိုပါ ဆွေးနွေး လာနိုင်ခဲ့သောကြောင့် ပြည်သူလူထုကို တော်လှန်ရေးအမြင်ရှိရန်အတွက် ပြင်ဆင်ပေးသကဲ့သို့ဖြစ်ခဲ့သည်။ ဆဋ္ဌမအချက်မှာ နိုင်ငံခြားတွင် အခြေချ နေထိုင်ကြသော များပြားလှသည့် မြန်မာပြည်သူလူထုမှ ရန်ပုံငွေရှာဖွေရေးနှင့် တော်လှန်ရေးကို ပံ့ပိုးရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ဖြစ်ပွားနေဆဲဖြစ်သည့် ရိုဟင်ဂျာအရေးကိစ္စအပြင် အချို့သော ပြဿနာများ ကျန်ရှိနေသေးသည်။ ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ လူထုအား စစ်တပ်၏ လူမျိုးတုံးသတ်ဖြတ်မှုအပေါ် တုံ့ပြန်မှုများသည် ထိုစဉ်က ဗမာ့လူ့အသိုင်းအဝိုင်းအနေဖြင့် မည်မျှလူသားဆန်ပြီး ပွင့်လင်းကြောင်း စမ်းသပ်သည့် အကြောင်းအရာတစ်ရပ်ဖြစ်ခဲ့သည်။ လက်ရှိတွင် နိုင်ငံမဲ့ဖြစ်နေ ကြသူအများစုဖြစ်သည့် သန်းနှင့်ချီသော နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည့် ရိုဟင်ဂျာလူမျိုးများအား တော်လှန်ရေးတွင် သို့မဟုတ် တော်လှန်ရေး ပြီးနောက် သို့မဟုတ် အခြေအနေနှစ်ရပ်လုံးအတွင်း၌ မြန်မာနိုင်ငံတွင် မည်သို့မည်ပုံ ပြန်လည်ပေါင်းစည်းထည့်ဝင်နိုင်မည်ဆိုသည့်ပုံစံသည် မည်ကဲ့ သို့သော လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာမည်ကို ထင်ဟပ်ပြနေသည့် အချက်တစ်ချက်လည်း ဖြစ်သည်။

မြန်မာ့လူ့ဘောင်၏ လူသားဆန်မည့် အတိုင်းအတာကို စမ်းသပ်လိုက် သည့် ရိုဟင်ဂျာအရေးအခင်း

မြန်မာနိုင်ငံသမိုင်းတွင် လူသားအဖွဲ့စည်း၏ အရေခြုံထားမှုနှင့် ကိုယ်ကျင့် တရား မပြည့်စုံမှုတို့ကို ရိုဟင်ဂျာအရေးလောက် မည်သည့်အဖြစ်အပျက်ကမှ ဖော်ထုတ်နိုင်ခဲ့ခြင်းမရှိပေ။ မေတ္တာထားကြင်နာမှုနှင့် မဇ္ဈိမပဋိပဒါလမ်းစဉ် အတိုင်း တွေးခေါ်ဆောင်ရွက်ရမည်ဟူသည့် သင်ကြားပြသမှုများကိုကျင့်သုံး သည်ဟုဆိုကြသော လူများစုဖြစ်သည့် ဗုဒ္ဓဘာသာလူ့အဖွဲ့အစည်းမှ လူများ သည် လူသားများဖြစ်သော ရိုဟင်ဂျာလူမျိုးများကို လူသားမဆန်စွာ ဆက်ဆံမှု သည် ဗုဒ္ဓဘာသာ၏ ကိုယ်ကျင့်တရားဆိုင်ရာ သတ်မှတ်ချက်များနှင့် ဆန့်ကျင် နေသည်။ ဗမာအများစုသာမက လွတ်မြောက်ရေးနှင့် အားလုံးပါဝင်ရေး အတွက် တိုက်ပွဲဝင်နေသည်ဟု ဆိုကြသော တိုင်းရင်းသားလူနည်းစုများကပါ ရိုဟင်ဂျာလူမျိုးများအပေါ် မြန်မာစစ်တပ်နှင့်အပေါင်းပါတို့က လူသားမဆန်စွာ ဆက်ဆံနေမှုများကို လူသိရှင်ကြား အသိမှတ်ပြုရန် ပျက်ကွက်ခဲ့မှုသည် ၂၀၁၂ နှင့် ၂၀၁၇ ခုနှစ်များတွင် ဖြစ်ပွားခဲ့သည့် ကြီးမားဆိုးဝါးသော အကြမ်းဖက်မှုများ ကို ဦးတည်စေခဲ့သည်။

၂၀၂၁ ခုနှစ်တွင် ဤဂျာနယ်မှ ရိုဟင်ဂျာလူမျိုးများအကြောင်း အထူးထုတ် စာစောင်တစ်စောင် ထုတ်ဝေခဲ့ပြီး သိသာထင်ရှားသော နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်ချမှုလုပ်ငန်းစဉ်များတွင် ဗမာယဉ်ကျေးမှုဗဟိုပြုစံထားမှုနှင့် ဗုဒ္ဓ ဘာသာအမျိုးသားရေးဝါဒသည် ဗမာမဟုတ်၊ ဗုဒ္ဓဘာသာမဟုတ်သည့် လူ့အဖွဲ့ အစည်းများနှင့် ခေါင်းဆောင်များအား ပါဝင်စေခြင်းမှ မည်သို့မည်ပုံ တားဆီး ကာကွယ်ထားခဲ့သည်ကို ခွဲခြမ်းစိတ်ဖြာမှုပြုထားသည့် ဆောင်းပါးများလည်း ပါဝင်ခဲ့သည်။13 ၂၀၁၇ ခုနှစ် ရိုဟင်ဂျာအရေး မည်သို့မည်ပုံ ဖြစ်ပေါ်လာခဲ့ ကြောင်းနှင့် ဒေသတွင်းနှင့် ပြည်တွင်း အခြေအနေ အနေအထားများတွင် ရိုဟင်ဂျာများကို စနစ်တကျ လူမျိုးရေးဆိုင်ရာ၊ ဘာသာရေးဆိုင်ရာ၊ ယဉ်ကျေး မှုဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာများတွင် စနစ်တကျဖယ်ထုတ်ထားမှုများ အကြောင်းကို ပါဝင်ရေးသားခဲ့ကြသော ဆောင်းပါးရှင်များက ဝေဖန်ပိုင်းခြားမှု များ ပြုလုပ်ခဲ့ကြသည်။ စစ်တပ်နှင့် ဗုဒ္ဓဘာသာအမျိုးသားရေး အစွန်းရောက် များမှ ရိုဟင်ဂျာလူမျိုးတို့၏ ကိုယ်ပိုင်ဝိသေသလက္ခဏာများအား ဖျောက်ဖျက် ရန် ဆိုရှယ်မီဒီယာကို အသုံးပြုပြီး စနစ်ကျသော ကမ်ပိန်းများကို ဦးဆောင်ခဲ့ ပုံကို ဝေမိုး၊ အီးလီးရော့ ပရက်စ်-ဖရီးမန်းနှင့် ဧဒင်မိုးတို့မှ တစ်ဦးချင်း သက်သေ သစ်များဖြင့် တင်ပြခဲ့ကြသည်။14 ၎င်းတို့ဆောင်းပါးများမှ စစ်တပ်၏ ဗမာလူမျိုး ကြီးဝါဒ၊ အစ္စလာမ်မုန်းတီးရေးနှင့် ရိုဟင်ဂျာလူမျိုးများကို မုန်းတီးမှုတို့အား မျက်မှောက်ခေတ်ဆိုရှယ်မီဒီယာနှင့် ပုဂံခေတ် ဗုဒ္ဓဘာသာအယူအဆများမှ မည်သို့မည်ပုံ ပုံသွင်းထားကြောင်း ဖော်ပြနေသည်။

ယနေ့ခေတ် ဆိုရှယ်မီဒီယာပလက်ဖောင်းများ၏ လွှမ်းမိုးမှုသည် အုပ်စု များအား သတင်းမှားများကို ဖြန့်ဝေသည့် ကမ်ပိန်းများ ဆောင်ရွက်နိုင်စေရန် လမ်းဖွင့်ပေးထားပြီး ဒီမိုကရေစီနှင့် လူ့အဖွဲ့အစည်းအပေါ်တွင် သိသာစွာ ထိခိုက်မှုရှိနေသည်။ မြန်မာနိုင်ငံ၏ အမည်ခံ ဒီမိုကရေစီသို့ ‘အသွင်ကူးပြောင်း ရေး’ ကာလ ဖြစ်သည့် ၂၀၁၀ မှ ၂၀၂၀ အထိသည် ကမ္ဘာ့ဆက်သွယ်ဆက်ဆံ ရေးနည်းပညာ ပြောင်းလဲတိုးတက်မှု၏ အမြင့်ဆုံးဖြစ်ခဲ့သည့် အချိန်တွင်ဖြစ် သည်။ အင်တာနက်နှင့် ဆိုရှယ်မီဒီယာသည် ဖိနှိပ်ချုပ်ချယ်သော အစိုးရများကို ဖြုတ်ချရာတွင် မည်သို့မည်ပုံပံ့ပိုးပါဝင်နိုင်ကြောင်း အာရပ်နွေဦးတော်လှန်ရေး က သက်သေပြခဲ့သည်။15 သို့သော် မြန်မာစစ်တပ်မှာမူ ၎င်းအုပ်ချုပ်နေသည့် ပြည်သူလူထုအပေါ် ဆိုက်ဘာစစ်ဆင်ရေးဆင်နွှဲရန် ရည်ရွယ်ချက်ဖြင့် ၎င်း၏ တပ်သားများအား ရုရှားသို့ပုံမှန်စေလွှတ်မှုများရှိသည်။ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာ အရေးဖြစ်ပွားခဲ့သည့်အချိန်တွင် နေပြည်တော်၊ ပြင်ဦးလွင်နှင့် အခြားသော စစ်တပ်အခြေစိုက်စခန်းများတွင် စစ်တပ်ဝါဒဖြန့်ချိရေး ကမ်ပိန်းများကို ဖေ့စ် ဘုတ်အသုံးပြုကာ ဆောင်ရွက်နေခဲ့သည့် ဝန်ထမ်းပေါင်း ခန့်မှန်းခြေ (၇၀၀) ဦး ထိရှိခဲ့သည်။16 ရိုဟင်ဂျာအရေးမှ ဗမာစာပေနှင့် ပညာရေးထဲတွင် တည်ရှိနေ သည့် ဗမာလူမျိုးကြီးဝါဒအခြေခံ ဗမာဇာတ်သွင်းမှုနှင့် လူမျိုးရေး ခွဲခြားမှုအား ဝေဖန်ပိုင်းခြားပြထားသည့် အရေးကြီးသော သုတေသနစာပေ မည်မျှနည်းပါး နေကြောင်းနှင့် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံမှ တိုင်းရင်းသားလူမျိုးနှင့် လူမျိုးရေးခွဲခြားမှု

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစု၊ တိုင်းရင်းသားနိုင်ငံရေးနှင့် တိုင်းရင်း သားပဋိပက္ခများအပေါ် လေ့လာသုံးသပ်ရေးသားထားသည့် သုတေသနများ သည် ကောင်းစွာဖွံ့ဖြိုးတိုးတက်နေပြီဖြစ်သော်လည်း လူမျိုးနှင့် လူမျိုးရေး ခွဲခြားမှုအပေါ် လေ့လာထားသည့် သုတေသနမှာမူ နည်းပါးနေသေးသည်။ သမားရိုးကျ နားလည်မှုအရ လူမျိုး (race) ဆိုသည်မှာ အသားအရောင်ကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ ဝိသေသလက္ခဏာများပေါ်တွင်မူတည်၍ လူများကို အုပ်စုများ ခွဲခြားခြင်းဖြစ်သည်။ တစ်ဖက်တွင်မူ တိုင်းရင်းသားလူမျိုးစု (ethnicity) ဆိုသည်မှာ ရိုးရာယဉ်ကျေးမှု၊ သမိုင်း၊ ဘာသာစကားနှင့် ကိုးကွယ်ယုံကြည်မှု ဘာသာတို့ ပါဝင်သည့် ယဉ်ကျေးမှုဆိုင်ရာဖော်ပြချက်များ ပါဝင်လေ့ရှိသည်။ အကယ်၍ ကျွန်ုပ်တို့အနေဖြင့် အထက်ပါယေဘုယျ နားလည်သဘောပေါက်မှု အတိုင်း ကြည့်မည်ဆိုပါက စစ်တပ်အပါအဝင် ဗမာများနှင့် ရခိုင်အမျိုးသားရေး ဝါဒီများမှ ရိုဟင်ဂျာလူမျိုးများအပေါ် ခွဲခြားဆက်ဆံခြင်းအား လူမျိုးရေးခွဲခြားမှု (racism) အဖြစ် နားလည်သဘောပေါက်နိုင်မည်ဖြစ်သည်။​ ရိုဟင်ဂျာများစွာ ကိုယ်တိုင်ကမူ ၎င်းတို့၏ နိုင်ငံမဲ့နေမှုအခြေအနေနှင့် ခွဲခြားဆက်ဆံခံရမှုအား တိုင်းရင်းသားပဋိပက္ခအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုလိုကြပြီး17 ၎င်းအချက်ကြောင့်ပင် သတင်းထောက်များနှင့် နိုင်ငံတကာမှ စောင့်ကြည့်လေ့လာသူများမှ “လူမျိုး တုံးသတ်ဖြတ်မှု” သို့မဟုတ် “အစုလိုက်အပြုံလိုက်စနစ်တကျသတ်ဖြတ်မှု” ကဲ့သို့သော အသုံးအနှုန်းများကို အသုံးပြုကြခြင်းဖြစ်သည်။18

စာပေသုတေသနပညာရှင်များအတွက် စိန်ခေါ်မှုမှာ ရိုဟင်ဂျာအရေးကိစ္စ အား မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော တိုင်းရင်းသားပဋိပက္ခ၏ တစ်စိတ် တစ်ပိုင်းအဖြစ် ခွဲခြမ်းစိတ်ဖြာမှုပြုရမည်လော သို့မဟုတ် အခြားသော ပြည်နယ်နှင့် တိုင်းများတွင် ဖြစ်ပွားနေသည့် ထိုကဲ့သို့သော တိုင်းရင်းသား လူမျိုးစုအခြေပြုစစ်ပွဲများနှင့် မတူညီဘဲ ခွဲခြားကိုင်တွယ်ရမည်လောဟူသည့် အချက်ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားအုပ်စုများ၏ တိုင်းရင်းသားဖြစ်မှုကို အဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် ရှုပ်ထွေးသည်။ မြန်မာ စစ်တပ်မှ ရိုဟင်ဂျာလူမျိုးများအပေါ် ဖိနှိပ်မှုများအပေါ် တိုင်းရင်းသားအုပ်စုများ နှင့် တိုင်းရင်းသားခေါင်းဆောင်များ၏ ဘာသိဘာသာနေနိုင်မှုနှင့် ဝေဖန်မှု မရှိ ခြင်းသည် ၎င်းတို့ကိုယ်တိုင်သည်ပင်လျှင် မြန်မာစစ်တပ်နည်းတူ ရိုဟင်ဂျာ လူမျိုးများသည် တိုင်းပြည်နှင့် သက်ဆိုင်မှု မရှိသည့် ပြင်ပမှလူများဟူသော အမြင် အနည်းနှင့် အများရှိနေကြောင်း ထောက်ပြနေသည်။ အဆိုပါ ခေါင်းဆောင်များနှင့် အုပ်စုများအနေဖြင့် ရိုဟင်ဂျာများအပေါ် သိသာထင်ရှား သော စာနာမှုများ ထုတ်ဖော်ပြသမှု ပြုလုပ်ပါက ၎င်းတို့၏ တိုင်းပြည်အတွင်း အပြည့်အဝ ပါဝင်လိုမှုလိုလားချက်အပေါ် ထိခိုက်လာနိုင်မည်ကို စိုးရိမ်သည် လည်းဖြစ်နိုင်သည်။ ထိုကဲ့သို့ သဘောထားရှိမှုသည် ၁၉၈၂ နိုင်ငံသားဥပဒေနှင့် အချို့သော တိုင်းရင်းသားနှင့် ယဉ်ကျေးမှုကွဲပြားသည့်အုပ်စုများကို တရားဝင် တိုင်းရင်းသား (၁၃၅) မျိုးစာရင်းမှ ထုတ်ပယ်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတို့၏ အနှစ်သာရကို တရားဝင်ဖြစ်လာစေသည်။

ဗမာအမျိုးသားရေးဝါဒီခေါင်းဆောင်များသည် စစ်တပ်က သတ်မှတ်ထား သည့်အတိုင်း တိုင်းရင်းသား (၁၃၅) မျိုး၏ တရားဝင်ဖြစ်မှုနှင့် သီအိုရီအရ ပေါင်းစည်းပါဝင်ခြင်းရှိမှုအပေါ် အသိအမှတ်ပြုလက်ခံထားကြောင်း ဥပဒေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြသနေသည်။ သို့သော် တိုင်းရင်းသားလူနည်းစုများ နှင့် အချို့သော ဗမာများထဲမှ အမျိုးသားရေးအစွန်းရောက်များသည် ရိုဟင်ဂျာ လူမျိုးများသည် ၁၈၂၄ ခုနှစ် မတိုင်မီက ရှိခဲ့သည့် သမိုင်းမှတ်တမ်းများထဲ၌ တိုင်းရင်းသားလူမျိုးစုတစ်ခု အဖြစ်ရှိခဲ့မှုကိုပင် ငြင်းပယ်ထားသည်။ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၁၉၈၂ နိုင်ငံသားဥပဒေနှင့် မြန်မာနိုင်ငံ၏ တိုင်းရင်းသား (၁၃၅) မျိုးအဖြစ် စာရင်းပြုလုပ်ထားသည့်အပေါ် အဘယ်ကြောင့်အမြဲတစေ မေးခွန်းထုတ်ရန် တွန့်ဆုတ်ခဲ့သည်ကို ပိုမိုနားလည် သဘောပေါက်ရန် ဤအချက်သည် နားလည်ရန်လိုအပ်သည့် ပထမဆုံး အရေးကြီးသည့် ထူးခြားချက်ဖြစ်သည်။19 ထိုသို့ပြုလုပ်ခြင်းအားဖြင့် သူမ အနေ ဖြင့် ရိုဟင်ဂျာလူမျိုးများသည် ရခိုင်ပြည်နယ်လူ့အဖွဲ့အစည်းအတွင်းမှ လူများ ဖြစ်ကာ အကယ်၍ ၎င်းတို့အနေဖြင့် နိုင်ငံသားဆိုင်ရာ စာရွက်စာတမ်းများထဲ တွင် တိုင်းရင်းသားဖြစ်မှုကို ဖော်ပြရာ၌ ရိုဟင်ဂျာဟူသောအမည်ကို အသုံးမပြု ပါက နိုင်ငံသားဖြစ်လာနိုင်ကြောင်း သွယ်ဝိုက်ဆိုလိုခဲ့သည့်ပုံပေါ်သည်။ ၂၀၁၉ ဒီဇင်ဘာ (၁၁) ရက်နေ့တွင် သည်ဟိဂ်ရှိ (The Hague) နိုင်ငံတကာတရားရုံး (ICJ) ၌ သူမ၏ ပြောကြားချက်များတွင် ရိုဟင်ဂျာလူမျိုးများအား တိုင်းရင်း သားလူနည်းစုတစ်စုအဖြစ် အသိအမှတ်ပြုလက်ခံရန် ပျက်ကွက်ခဲ့သည်။

ဒေသတွင်းသမိုင်းအခြေအနေသည် မည်မျှရှုပ်ထွေးပြီး နိုင်ငံရေးအနေ အထားသည် မည်မျှအန္တရာယ်များသည်ကို ၂၀၂၁ အာဏာသိမ်းမှုမှ ထပ်မံ မီးမောင်းထိုးပြခဲ့သည်။ စစ်တပ်ကြီးစိုးလာမှုအချိန်ကြာလာသည့် မြန်မာ့နိုင်ငံ ရေးတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စစ်တပ်၏ ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုကို ဝေဖန်ဟန့်တားပေးရန် ပျက်ကွက်ခဲ့သည့်အပေါ် သူမအား အပြင်းအထန်ဝေဖန်ခဲ့ကြသည့် စောင့်ကြည့်လေ့လာသူများကို သတိပေး ထောက်ပြနေသင့်သည်။ ကစားသမားများ၏ ကစားကွင်းလှုပ်ရှားမှုကို ပွဲကြည့် စင်မှ ဝေဖန်ခြင်းသည် ကိုယ်တိုင်ကွင်းထဲမှ ကစားသမားတစ်ဦး ဖြစ်နေခြင်း အနေအထားနှင့် မတူညီပေ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် NLD အနေဖြင့် အုပ်ချုပ်နိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်အား ခေါင်းဆောင်အဖြစ် တင်နိုင်ရန် နည်းလမ်းများရှာဖွေခဲ့သူ ဦးကိုနီအား ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၂၉) ရက်နေ့တွင် ရန်ကုန်လေဆိပ်၌ လုပ်ကြံခဲ့မှုသည် NLD အစိုးရအောက် ပြုပြင်ပြောင်းလဲနေသည့် အခြေအနေမျိုးမှာတွင်သော်မှ စစ်တပ်အနေဖြင့် အရပ်သားနိုင်ငံရေးသမားများအပေါ် အင်အားသုံး သုတ်သင်နေဦးမည် ဖြစ် ကြောင်း ရှင်းလင်းစွာပြသနေခဲ့သော သိသာထင်ရှားသောအချက် သင်္ကေတ ဖြစ်သည်။ စစ်တပ်၏ ၂၀၂၁ အာဏာသိမ်းမှုသည် မြန်မာနိုင်ငံအား ၎င်းတို့ အနေဖြင့် အားလုံးပါဝင်မှုရှိသော သို့မဟုတ် မိမိတို့ကိုယ်တိုင် အဓိပ္ပာယ်ဖွင့် မထားသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်လာစေရေး ဆောင်ရွက်ရန် ရည်ရွယ်ချက် မရှိကြောင်း ထပ်လောင်းပြသနေသည့်အပြင် သန်းနှင့် ချီသော လူများသည် ဆယ်စုနှစ် ခုနှစ်စုတိုင် တိုက်ခိုက်ခဲ့ကြပြီး NLD တစ်ခုတည်း အနေဖြင့် စုံလင်ကွဲပြားသော တိုင်းရင်းသားများနှင့် နိုင်ငံရေးအုပ်စုများ၏ အဓိပ္ပာယ်ပြည့်ဝသော ပါဝင်ဆောင်ရွက်မှုမရှိဘဲ ထာဝရငြိမ်းချမ်းရေးကို ဆောင်ယူကာ အားလုံးပါဝင်နိုင်သည့် လူ့အဖွဲ့အစည်းတစ်ခုထူထောင်နိုင်မည် မဟုတ်ကြောင်း ပြသနေသည်။

ဗမာဗုဒ္ဓဘာသာနှင့် ဖယ်ကြဉ်ထားမှု

မြန်မာ့လူ့အဖွဲ့အစည်း၏ ဖွဲ့စည်းတည်ဆောက်ပုံထဲတွင် ထည့်သွင်းပါဝင်မှုနှင့် ဖယ်ကြဉ်မှုဟူသော မေးခွန်းကိုမေးရန် ကျွန်ုပ်တို့အနေဖြင့် မြန်မာနိုင်ငံ၏ သမိုင်းနှင့် နိုင်ငံရေးထဲရှိ ဘာသာရေး၏ အခန်းကဏ္ဍကို ခွဲခြမ်းစိတ်ဖြာကြည့် ရန်လိုအပ်သည်။ မြန်မာနိုင်ငံ၏ စစ်အစိုးရအဆက်ဆက်မှ ကျူးလွန်ခဲ့သည့် ၁၉၆၂ နှင့် ၁၉၇၄ ခုနှစ်များမှ ကျောင်းသားသပိတ်များ၊ ၁၉၈၈ ခုနှစ်မှ လူထု ဆန္ဒပြမှုများနှင့် ၂၀၀၇ ခုနှစ်မှ ဗုဒ္ဓဘာသာရဟန်းများ ဆန္ဒပြမှုများအား အကြမ်း ဖက်ဖြိုခွင်းခဲ့ခြင်း၊ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူမျိုးများအပေါ် ရက်စက်သော ရာဇဝတ်မှုများကျူးလွန်ခဲ့ခြင်းနှင့် လက်ရှိ ၎င်းတို့၏ အာဏာသိမ်း အုပ်ချုပ်လို မှုကို ငြိမ်းချမ်းစွာဆန္ဒပြသည့် ပြည်သူများအား မတရားဖမ်းဆီးခြင်း၊ နှိပ်စက် ခြင်းနှင့် သတ်ဖြတ်ခြင်းများအား မှန်ကန်မျှတကြောင်း သက်သေပြရန် ဗမာဗုဒ္ဓ ဘာသာ သဘောတရားနိယာမများကို မည်သည့်အခါမျှ အသုံးချနိုင်မည် မဟုတ်ကြောင်း မေးခွန်းသည်လည်း ပေါ်ပေါက်လာသည်။ လူ့အသိုင်းအဝိုင်း အတွင်းရှိ ပုဂ္ဂိုလ်မည်သူ့ကိုမဆို အကြမ်းဖက် ဖယ်ထုတ်ငြင်းဆန်ရန် မဆိုထား နှင့် ၎င်းတို့ကို ဖယ်ကြဉ်မှုပြုခြင်းအတွက်ပင်လျှင် မှန်ကန်မျှတမှုကိုရှာဖွေရန် ဗုဒ္ဓဘာသာအား နိုင်ငံရေးအသွင်အပြည့်အဝပြောင်းလဲပစ်ရန် လိုအပ်သည်။

မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာအကြောင်း လေ့လာသော စာပေသုတေသန ပညာရှင်များမှ ဗမာ့နိုင်ငံရေးနှင့် နိုင်ငံရေးအတွေးအခေါ်များထဲမှ ထေရဝါဒ ဗုဒ္ဓဘာသာ၏ အရေးကြီးပြီး အငြင်းပွားဖွယ်ဖြစ်သော အခန်းကဏ္ဍများကို ဖော်ထုတ်ပြခဲ့ကြသည်။20 မက်သရူးဝေါ်လ်တန်မှ “လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးအသွားအလာများကို နားလည်သဘောပေါက်ရန် မျက်မှောက်ခေတ် ဗမာ့နိုင်ငံရေးအတွေးအခေါ်များ အများစု အခြေခံသည့် ဗုဒ္ဓဘာသာ သဘော တရားများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို နားလည်သဘောပေါက်ရန် လိုအပ် သည်” ဟုဆိုခဲ့သည်။21 လူ့အဖွဲ့အစည်းတစ်ခု၏ အခြေခံအုတ်မြစ်ကို ​ယင်း လူ့အဖွဲ့အစည်းအတွင်းရှိ လူအများစုကိုးကွယ်သည့်ဘာသာနှင့် တန်ဖိုးထားမှု များပေါ်တွင် အခြေခံပြီး အကဲဖြတ်ပုံဖော်သည်မှာ မှန်သယောင်ယောင်ရှိ သော်ငြားလည်း ထိုသို့ပြုလုပ်ခြင်းအားဖြင့် လူနည်းစုများ၏ အသိပညာပိုင်း ဆိုင်ရာ အခန်းကဏ္ဍများနှင့် အတွေးအမြင်များကို လစ်လျူရှုပယ်ဖျက်ရာ ရောက်သည်။ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမျိုးစုတစ်ခုအပေါ် လူများစု၏ ရှုထောင့်မှသာ ကြည့်ထားသော ကျဉ်းမြောင်းပြီး ကိန်းကြီးခန်းကြီး ဖော်ပြထား သည့် အမြင်သည် မိမိ၏ အကြောင်းအရာတစ်ခုတည်းသာလျှင် အရေးပါပြီး မိမိ၏ မေးခွန်းသည်သာလျှင် အဖြေရှာရန် ထိုက်တန်သည်ဟု ထင်မြင်စေနိုင် သည့် အသိပညာပိုင်းဆိုင်ရာ စိတ်အားထက်သန်မှု၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် ဘာသာရေးနှင့် လူ့အဖွဲ့အစည်းတွင် ထည့်သွင်းပါဝင်စေမှုနှင့် ဖယ်ကြဉ်ထားမှု ပြဿနာသည် လူများစုကို မြတ်နိုး တန်ဖိုးထားလိုက်ခြင်းဖြင့် လူနည်းစု၏ တည်ရှိမှုနှင့် တန်ဖိုးတို့အား အသိပညာ ပိုင်းဆိုင်ရာ ဖယ်ကြဉ်ထားမှုနှင့် စတင်သည်။ ဤဂျာနယ်၏ ရိုဟင်ဂျာ အကြောင်း အထူးထုတ်စာစောင်ကို ပြန်ကြည့်ပါက ဆောင်းပါးအချို့သည် ဗုဒ္ဓ ဘာသာယုံကြည်မှုများကို ကျော်လွန်ပြီး မြန်မာနိုင်ငံရှိ ဘာသာရေးနှင့် နိုင်ငံရေး တို့၏ ကွဲပြားခြားနားမှုများကို ဖော်ပြထားကြသည်။ ကျွန်ုပ်တို့သည် တိုင်းရင်း သားနှင့် ဘာသာရေးပဋိပက္ခများကို စီးပွားရေးဆိုင်ရာ ပဋိပက္ခများအဖြစ် ရှုမြင် ခြင်းမပြုသင့်ဘဲ ၎င်းတို့သည် မြန်မာ့လူ့အသိုင်းအဝိုင်းတွင် နက်ရှိုင်းစွာ မြှုပ်နှံ ထားသည့် ဖွဲ့စည်းပုံဆိုင်ရာ တရားမမျှတမှုများကို တိုက်ခိုက်တော်လှန်ခြင်း ကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း နားလည်ရန်လိုအပ်သည်ဟု ဂျိုရှူဝါ နှင့် မိုးထက်နေတို့နှစ်ဦးစလုံးမှ သီးခြားစီ ဆိုခဲ့ကြသည်။22

တချို့သော ဗမာနိုင်ငံသားများအနေဖြင့် ၎င်းတို့သည် မြန်မာနိုင်ငံတွင် နေထိုင်ပြီး ဗုဒ္ဓဘာသာသည် လူများစုကိုးကွယ်သည့် ဘာသာဖြစ်သောကြောင့် မွတ်စလင်များကို မနှစ်မြို့ခြင်းနှင့် အစ္စလာမ်များကို မနှစ်မြို့ခြင်း ခံယူချက် အား လုပ်ပိုင်ခွင့်ရှိသည့် အခွင့်အရေးတစ်ခုအသွင်မှတ်ယူထားကြသည်။ အမျိုးသားရေးအစွန်းရောက် ဗုဒ္ဓ ဗမာ၊ ရခိုင်နှင့် အခြားလူမျိုးများ၏ အမြင်တွင် ဗုဒ္ဓ ဘာသာမဟုတ်သူများသည် နိုင်ငံသားပြည်သူ အပြည့်အဝ မဖြစ်သင့်ပေဟု ယူဆထားပုံရသည်။ ဤနိုင်ငံရေးဆိုင်ရာ စိတ်နေသဘောထားသည် ရိုဟင်ဂျာ လူမျိုးများအပေါ် ကျူးလွန်ခဲ့သည့် လူမျိုးတုံးသတ်ဖြတ်မှုအတွက် အမုန်းတရား နှင့် အကြောင်းရင်းတို့၏ ရင်းမြစ်ဖြစ်သည်ဟုဆိုနိုင်သည်။ ဤအချက်သည် မြန်မာနိုင်ငံသားအများစုအနေဖြင့် စစ်တပ်မှ ရိုဟင်ဂျာလူမျိုးများကို လူမဆန် စွာဆက်ဆံမှုများအား ၎င်းတို့၏ လူ့ကိုယ်ကျင့် တရားပိုင်းဆိုင်ရာ ခံယူတည်ရှိ ချက်ကို တိုက်ရိုက်ထိခိုက်နေမှုရှိနေသည့်အချက်အဖြစ် အဘယ်ကြောင့် မစဉ်း စားကြသည်ကို ရှင်းပြကောင်းရှင်းပြနိုင်လိမ့်မည်။23 သို့သော် ထိုကဲ့သို့သော အမြင်များသည် မြန်မာစစ်တပ်မှ ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် မြို့ပြဒေသများ၌ ခွဲခြားမှုမရှိဘဲ ဆန္ဒပြသူများနှင့် အရပ်သားများအား အကြမ်းဖက်ဖမ်းဆီးမှု၊ နှိပ်စက်မှုနှင့် သတ်ဖြတ်မှုများ ပြုလုပ်လာပြီးနောက်ပိုင်းတွင် ပြောင်းလဲလာ ကြောင်း တွေ့ရသည်။ ရိုဟင်ဂျာလူမျိုးများနှင့် အခြားသော တိုင်းရင်းသား လူနည်းစုများ နှစ်ပေါင်းများစွာခံစားခဲ့ရသည့် အကြမ်းဖက်မှုများအတိုင်း မြန်မာနိုင်ငံရှိ မြို့ပြတွင်နေထိုင်သူဗမာများကိုယ်တိုင် လက်ရှိတွင် ခံစားနေကြ ရသည်။ မြန်မာနိုင်ငံ၏ ၂၀၂၁ နိုင်ငံရေးအကျပ်အတည်းသည် ပြည်သူအများစု ၏ ရိုဟင်ဂျာများနှင့် မြန်မာစစ်တပ်အပေါ်မြင်သည့်အမြင်ကို သိသာစွာ ပြောင်းလဲသွားစေခဲ့သည်။ အားလုံးပါဝင်သည့် လူ့အဖွဲ့အစည်းတစ်ခုအား ရယူ ရာတွင် စစ်အာဏာရှင်အုပ်စုသည် အတားအဆီးတစ်ခုဖြစ်နေသောကြောင့် မြန်မာနိုင်ငံ ထာဝရငြိမ်းချမ်းရေးအတွက် စစ်အာဏာရှင်အုပ်စုအား ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် လူအများစုမှ ရှုမြင်ပါသလား။​ ၂၀၂၁ နောက်ပိုင်း တွင် ပေါ်ထွက်လာသော သက်သေသာဓကများနှင့် မတူညီသော တော်လှန် ရေးအဖွဲ့များအကြား ညီညွတ်သည့် စိတ်ပိုင်းဖြတ်ထားမှုကိုကြည့််ခြင်းအားဖြင့် အထက်ပါမေးခွန်းအတွက်အဖြေသည် ဟုတ်မှန်ကြောင်းထောက်ပြနေသည်။​

တစ်ဦးတစ်ဖွဲ့ ဗဟိုပြုသမိုင်း၏ နိဂုံးနှင့် အများဗဟိုပြု လူ့အဖွဲ့အစည်း ၏ နိဒါန်း

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ မှ ပေါ်ပေါက်လာသော ဒီမိုကရေစီအရေး လှုပ်ရှားမှုကို ခိုင်မာပြတ်သားသော သန္နိဋ္ဌာန်ဖြင့် ဆယ်စုနှစ်ချီ ဦးဆောင်ခဲ့ သော်လည်း သူမ၏ အခန်းကဏ္ဍသည် ၂၀၂၁ အာဏာသိမ်းမှုနှင့်အတူ ပြယ်လွင့် လာသည်။ သူမသည် ရိုဟင်ဂျာအရေးအခင်းမတိုင်ခင်အထိ လူ့အခွင့်အရေးနှင့် လွတ်လပ်မှု၏ ချန်ပီယံအဖြစ် နိုင်ငံတကာတွင် သူမ၏ ဂုဏ်သတင်းကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးအခရာကို လက်ကိုင်ထား ရန် တစ်ဦးတစ်ဖွဲ့ဗဟိုပြု သမိုင်းဇာတ်ကြောင်းကို ယုံကြည် ရန်လိုအပ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းအချက်အား သည်ဟိဂ်တွင် ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်သည့် အဖြစ်အပျက်အား အကာအကွယ်ပေးသည့် မိန့်ခွန်း ၌ ကျွမ်းကျင်လိမ္မာစွာ အသုံးချသွားခဲ့သည်။ သူမသည် ရိုဟင်ဂျာလူမျိုးများ အစုလိုက်အပြုံလိုက်ထွက်ခွာသွားမှုကို သူမ တိုင်းပြည်နှင့် နိုင်ငံတော်၏ စစ်တပ်မှ လက်နက်ကိုင်ခွဲထွက်ရေးလှုပ်ရှားမှုအား နှိမ်နှင်းခြင်း၏ အကျိုးဆက်အဖြစ် သတ်မှတ်ဆက်ဆံခဲ့ပြီး တစ်နည်းအားဖြင့်ပြောရလျှင် စစ်တပ်၏ ဆောင်ရွက်မှုအား မှန်ကန်မျှတသည်ဟု သတ်မှတ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အိုင်စီဂျေ (ICJ) တွင် ထွက်ဆိုတင်ပြချက်၌ —

အမှားအယွင်းပြုလုပ်မိတယ်လို့ စွပ်စွဲခံထားရတဲ့ စစ်သားတွေနဲ့ အရာရှိတွေကို တက်တက်ကြွကြွစုံစမ်းစစ်ဆေး၊ တရားစွဲပြီး အပြစ်ပေးနေတဲ့ နိုင်ငံတစ်နိုင်ငံက လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်ရှိနိုင်ပါသလား။ ဒီနေရာမှာ အဓိကပြောလိုတာ က စစ်တပ်အဖွဲ့ဝင်တွေဖြစ်ပေမဲ့ ကျွန်မအနေနဲ့ အာမခံနိုင်တာ ကတော့ အရပ်သားကျူးလွန်သူဆိုရင်လည်း ကျူးလွန်သူ အပေါ်မှာ ဥပဒေလုပ်ငန်းစဉ်များနှင့်အညီ သင့်လျော်တဲ့ အရေး ယူမှုတွေ ဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ရခိုင်မှာသာမကဘဲ မြန်မာ နိုင်ငံ ဘယ်နေရာမှာမှ သည်းခံမှာ မဟုတ်ပါဘူး။ ဥက္ကဋ္ဌကြီးနဲ့ တရားရုံးအဖွဲ့ဝင်များရှင့် အဆုံးသတ်ပြောရရင် ယနေ့ ရခိုင် ပြည်နယ်ဟာ ဗုဒ္ဓဘာသာ အာရက္ခတပ်တော်နှင့် မြန်မာ တပ်မတော်တို့အကြား လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေခြင်း ရဲ့ ဒဏ်ကို ခံစားနေရပါတယ်။ မွတ်စလင်တွေဟာ ဒီပဋိပက္ခရဲ့ တစ်စိတ်တစ်ပိုင်း မဟုတ်သော်လည်း ပဋိပက္ခနယ်မြေအတွင်း မှာနေထိုင်တဲ့ အခြားသောအရပ်သားများနည်းတူ ချမှတ်ထား တဲ့ လုံခြုံရေးဆိုင်ရာသတ်မှတ်ချက်များကြောင့် ထိခိုက်မှုရှိနိုင် ပါတယ်။

တိုင်းပြည်တစ်ပြည်မှ ၎င်း၏ ပိုင်နက်နယ်မြေထဲတွင် တည်ငြိမ်မှုကို ထိန်းသိမ်း သည့်ဆောင်ရွက်ချက်အဖြစ် ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာစစ်တပ်၏ ဆောင်ရွက်ချက်ကို အကာအကွယ်ပေးမှုသည် ကုလသမဂ္ဂ ပဋိညာဥ်အရ အပြည့်အဝ တရားဝင်မှုရှိသည်။ ကုလသမဂ္ဂ ပဋိညာဉ် အခန်း (၁)၊ အပိုဒ် (၂)၊ အပိုဒ်ငယ် (၇) တွင် အောက်ပါအတိုင်း ဖော်ပြထားသည်။

ဤပဋိညာဉ်တွင် ပါဝင်သော မည်သည့်အစိတ်အပိုင်းမျှ ကုလသမဂ္ဂအား နိုင်ငံတစ်နိုင်ငံ၏ တရားစီရင်ပိုင်ခွင့်ရှိနေသာ နယ်မြေတစ်ခုအတွင်းတွင် ကျရောက်နေသည့် အရေးကိစ္စများ အတွက် ဝင်ရောက်စွက်ဖက်ခြင်းပြုရန် အခွင့်အာဏာ ပေးအပ် ထားခြင်းမရှိ သို့မဟုတ် အဖွဲ့ဝင်များမှ ထိုကဲ့သို့ အရေးကိစ္စ များအား ဖြေရှင်းရန်အလို့ငှာ ကုလသမဂ္ဂထံတင်ပြရန်လည်း လက်ရှိပဋိညာဉ်အရ မလိုအပ်ပေ။ သို့သော် ဤစည်းမျဥ်းသည် အခန်း (၇) အောက်ရှိ အာဏာတည်စေမှု ဆောင်ရွက်ချက်များ အပေါ် သက်ရောက်မှု မရှိစေရ။

အဆိုပါ ကမ္ဘာကြီး၏ တိုင်းပြည်ဗဟိုပြု နိုင်ငံရေးစနစ် ဥပဒေရှုထောင့်အရ ကြည့်လျှင် ဒေါ်အောင်ဆန်းစုကြည်၏ ရိုဟင်ဂျာများအပေါ် တင်ပြခံယူထွက် ဆိုချက်သည် အတိုင်းအတာတစ်ခုထိ တရားဝင်နေသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ စစ်ပွဲပဋိပက္ခများသည် မြန်မာနိုင်ငံ၏ ပြည်တွင်းအရေးကိစ္စ သီးသန့်သာဖြစ်ပြီး ဒေသတွင်း အခြားနိုင်ငံများနှင့် ကမ္ဘာကြီး၏ ငြိမ်းချမ်းရေး နှင့် တည်ငြိမ်မှုကို ခြိမ်းခြောက်နေမှု မရှိပေ။ သံတမန်များနှင့် နိုင်ငံ့ ခေါင်းဆောင်များကို ဦးတည်ထားခဲ့သည့် သူမ၏ ပြောဆိုချက်များသည် ရိုဟင်ဂျာလူမျိုးများ၏ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ သို့မဟုတ် ကိုယ်တိုင် ဆောင်ရွက်ပိုင်ခွင့်နှင့် ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးပိုင်ခွင့်တို့ကို သိသိသာသာ ပင် ဖယ်ကြဉ်ထားခဲ့သည်။ သူမ၏ ချဉ်းကပ်မှုသည် ပါးနပ်သယောင် ထင်ရ သော်လည်း ကမ္ဘာတစ်ဝန်းရှိ လူအများစု နားလည်ထားသည့် ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု၏ ကျင့်ဝတ်ပိုင်းဆိုင်ရာ အခန်းကဏ္ဍများကို ထောက်ပြ ရန် ပျက်ကွက်ခဲ့သည်။ ၎င်းအစား ထိုချဥ်းကပ်မှုသည် ကမ္ဘာကြီး၏ တိုင်းပြည် ဗဟိုပြုနိုင်ငံရေး၏ လူ့ကျင့်ဝတ်ပိုင်းဆိုင်ရာ ချွတ်ခြုံကျနေမှုပေါ်တွင် အယူခံ ဝင်ခြင်းသာ ဖြစ်ခဲ့သည်။ သန်းနှင့်ချီသော မြန်မာနိုင်ငံမှ လူထု၏ စုံလင် ကွဲပြားသော နိုင်ငံရေးရည်မှန်းချက်များနှင့် ဗမာလူမျိုးကြီးဝါဒအခြေခံ ဗမာ ဇာတ်သွင်းခြင်းမှ လွတ်မြောက်ရန် ရုန်းကန်တော်လှန်နေမှုများသည် အထက် ပါ ချဉ်းကပ်မှု၏ ဆီလျော်မှုအား စိန်ခေါ်လာခဲ့ပြီး ၎င်းအချက်သည် ၂၀၂၁ နောက်ပိုင်းတွင် ပိုမိုပေါ်လွင်လာခဲ့သည်။

ဤဂျာနယ်၏ ရိုဟင်ဂျာအကြောင်း အထူးထုတ်စာစောင်ထဲတွင် ပါဝင် သည့် မိုက်ကယ်ချာနီ၏ (Michael Charney) သမိုင်းကြောင်းအပေါ် ကိုလိုနီ စနစ်လွှမ်းမိုးမှုကို ပယ်ဖျက်ခြင်း ဆောင်းပါးတွင် ဖော်ပြထားသည့်အတိုင်း မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတွင် ဘုရင့်တိုင်းပြည်များနှင့် နိုင်ငံတော်သမိုင်း သာလျှင်မကဘဲ ၎င်းတို့ကို ကျော်လွန်ကာ လျစ်လျူရှုခံထားရသော အတိတ်မှ အကြောင်းအရာများနှင့် လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး၏ သမိုင်းကြောင်းများ ပိုမိုပါဝင်မှုရှိရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ခေတ်သစ်သမိုင်းကြောင်းသည် ၎င်း၏ မူလ ကိုလိုနီစနစ်၏ သတ်မှတ်ခဲ့မှုများထံမှ လွတ်မြောက်နိုင်မှသာလျှင် မြန်မာ့လူ့အသိုင်းအဝိုင်းအနေဖြင့် အားလုံးပါဝင်မှုအား အဓိပ္ပာယ်ပြည့်ဝစွာ ပြန်လည်တွေးခေါ်ပြီး ၎င်း၏ နိုင်ငံရေး ရည်မှန်းချက်တစ်ရပ်အဖြစ် အကောင် အထည်ဖော်နိုင်မည်ဖြစ်သည်။ မိုက်ကယ်ချာနီက —

လက်ရှိဖြစ်ပွားနေသော အကျပ်အတည်းအတွက် မည်သည့် အဖြေကို ရှာဖွေတွေ့ရှိသည်ဖြစ်စေ ရခိုင်ပြည်သည် လူမျိုးတုံး သတ်ဖြတ်မှု အခြေအနေများအတွက် ပစ်မှတ်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေဦးမည်ဖြစ်ပြီး သတ်ဖြတ်မှုနှင့် နေရပ် စွန့်ခွာထွက်ပြေးမှုဖြစ်ရပ်များ ဆက်လက်ဖြစ်ပွားနေဦးမည် ဖြစ်ပါသည်။ ရိုဟင်ဂျာလူမျိုးများနှင့်သာမကဘဲ တိုင်းရင်းသား လူနည်းစုများအားလုံးနှင့် လက်ရှိအချိန်အထိ ဖြစ်ပွားနေသော ပြဿနာများကို အဆုံးသတ်ရန် ရည်ရွယ်သည်ဆိုပါက နိုင်ငံသားဥပဒေနှင့် တိုင်းရင်းသားမူကို လုံးဝစွန့်လွှတ်ရန် လိုအပ်သည်သာမက မြန်မာနိုင်ငံသည် အခြေခံမူအသစ်ဖြင့် အပြည့်အဝပြန်လည်တည်‌ဆောက်ရန် လိုအပ်ပါသည်။24

ဖိနှိပ်ခံထားရသော လူထုအမှတ်သညာ

မြန်မာနိုင်ငံသားအများစု အထူးသဖြင့် မြို့ပေါ်ဒေသများနှင့် စစ်တပ်ထိန်းချုပ် ဒေသများတွင် နေထိုင်ကြသူများသည် နိုင်ငံ့သမိုင်းကို အစိုးရ အာဘော်ဇာတ် ကြောင်းများနှင့် စိစစ်ထားသော ဖော်ပြပြောဆိုချက်များမှတစ်ဆင့် အဓိက သိရှိကြရသည်။ အဆိုပါဇာတ်ကြောင်းများသည် အစိုးရမှ ခန့်အပ်တာဝန်ပေး ထားသည့် သမိုင်းကော်မရှင်များ၊ ဖတ်စာအုပ်ကော်မတီများမှ ရေးသားထား ခြင်းဖြစ်ပြီး ၎င်းတို့အား ကျောင်းသင်ရိုးများ၊ အစိုးရထိန်းချုပ်သင်ကြားမှု စနစ်များ၊ တရားဝင်ပြတိုက်များနှင့် တရားဝင်မှတ်တမ်းများမှတစ်ဆင့် ဖြန့်ဝေ မှုပြုလုပ်သည်။ ထိုအကြောင်းအရာများသည် မြန်မာပြည်သူများ၏ နေ့စဉ်လူမှု ဘဝနှင့် သက်ဆိုင်မှုအနည်းအကျဉ်းသာရှိသည်။ သေချာစွာ စိစစ်ရွေးချယ်ထား သည့် သမိုင်းကြောင်းအဖြစ်အပျက်များနှင့် ဗမာလူမျိုးနှင့် ဗမာယဉ်ကျေးမှု သင်္ကေတများအား မြန်မာနိုင်ငံ၏ သမိုင်းမှန်အဖြစ် အားပေးမြှင့်တင်မှု ပြုလုပ် ပြီး အစိုးရအမြင်တွင် သဘောမတွေ့သော ရှုထောင့်များသည် လျစ်လျူရှုခံ ရကာ သမိုင်းမှတ်တမ်းများထဲမှ ဖယ်ထုတ်ထားခြင်းခံရသည်။ ဆိုရလျှင် ပြီးခဲ့သော ဆယ်စုနှစ် ခုနှစ်ခုအတွင်း အခြေအနေအချို့တွင် မြန်မာစစ်တပ် အစိုးရသည် ပြည်သူလူထု၏ ကြွယ်ဝသော သမိုင်းကြောင်းအား နိုင်ငံရေး စနစ်အတွက် ခြိမ်းခြောက်နိုင်သော အလားအလာရှိသည့် အရာတစ်ခုအဖြစ် ကိုင်တွယ်မှုမျိုးရှိခဲ့သည်။

အဆိုပါပုံစံသည် ၂၀၁၀ ခုနှစ် ‘အသွင်ကူးပြောင်းရေး’ ကာလအတွင်း တွင်လည်း ဆက်လက်ဖြစ်ပွားနေခဲ့သည်။ စစ်တပ်မှ အကန့်အသတ်ဖြင့် ပြုပြင် ပြောင်းလဲမှုများနှင့် အလျှော့ပေးလိုက်လျောမှုများ ပြုလုပ်နေစဉ်တွင် မည်သူမျှ အဆိုပါအခြေအနေကို လှုပ်ခတ်မှု (‘rock the boat’) မပြုချင်သည့်အတွက် စစ်တပ်၏ ကမ်းကုန်အောင်ဆိုးဝါးသော အကြမ်းဖက်မှုများနှင့် ပိုမိုသိမ်မွေ့ သည့် ဗမာလူမျိုးကြီးဝါဒများသည် အမျိုးမျိုးသော နိုင်ငံရေးခေါင်းဆောင်များ ၏ ဖယ်ထုတ်ခြင်းကို ခံခဲ့ရသည်။ ရွေးကောက်ခံနိုင်ငံရေးခေါင်းဆောင်များ သည် ၎င်းတို့ညှိနှိုင်းရယူခဲ့ပြီး အမှန်တက​ယ်ဟုမျှော်လင့်ခဲ့သည့် ပြုပြင်ပြောင်း လဲရေးများအပေါ် အန္တရာယ်ကျရောက်မည်ကို စိုးရိမ်သည့်အတွက် တရားဝင် ဖော်ပြပြောဆိုထားသည့် ဇာတ်ကြောင်းများကို စိန်ခေါ်ရန်ဆန္ဒ မရှိခဲ့ကြပေ။​ ထိုမျှော်လင့်ချက်သည် နိုင်ငံရေးတွက်ချက်မှုဆိုင်ရာ မိုက်မဲမှုသာဖြစ်ကြောင်း ၂၀၂၁ တကြော့ပြန်စစ်အာဏာသိမ်းမှုက သက်သေပြခဲ့သည်။

မြန်မာနိုင်ငံသည် လူ့အဖွဲ့အစည်း၏ အကျိုးကျေးဇူးအတွက် လူတိုင်း ကြည့်ရှုနိုင်ကာ သေသပ်စွာမှတ်တမ်းတင်ထားပြီး သုတေသနပြုထားသည့် အများပြည်သူများ၏ လူထုအမှတ်သညာ သမိုင်းခြေလှမ်းသစ်ကို ဖော်ထုတ် ရန် လိုအပ်နေသည်။ မြန်မာနိုင်ငံ၏ သမိုင်းကို ကိုလိုနီစနစ်၊ အာဏာရှင် ထိန်းချုပ်မှုနှင့် တစ်ဦးတစ်ဖွဲ့ဗဟိုပြု အစိုးရဇာတ်ကြောင်းများမှ လွတ်မြောက် ရန် ဆောင်ရွက်ခြင်းသည် လူ့အသိုင်းအဝိုင်းကို ပို၍ အားလုံးပါဝင်မှု ရှိလာ စေရန်၊ ပွင့်လင်းလာစေရန်နှင့် လူသားဆန်လာစေရန်အတွက် အရေးကြီး သည်။ နွေဦးတော်လှန်ရေး၏ အောင်ပွဲသည် နီးကပ်လာနေသော်လည်း စစ်တပ်နှင့် ဗမာလူမျိုးကြီးဝါဒ၏ ကျရှုံးမှုသည် မြန်မာနိုင်ငံသမိုင်းအား ၎င်း၏ အကျဉ်းကျနေမှုမှ အလိုအလျောက် လွတ်မြောက်စေနိုင်မည်မဟုတ်ပေ။ သို့သော် အားလုံးပါဝင်မှုရှိပြီး သာတူညီမျှမှုရှိကာ ဒေသအသီးသီးရှိ လူ့အသိုင်း အဝိုင်းများအနေဖြင့် ၎င်းတို့ရင်းမြစ်များကို ကိုယ်တိုင်စီမံခန့်ခွဲနိုင်ပြီး ကိုယ်ပိုင် လွတ်လပ်မှုကို ကိုယ်တိုင်အဓိပ္ပာယ်ဖွင့်ဆိုနိုင်မည့် မိမိကံကြမ္မာမိမိဖန်တီးခွင့်ကို ခွင့်ပြုပေးထားသည့် ဗဟိုများအခြေပြု (ဗဟိုတစ်ခုအခြေပြု မဟုတ်) ဖက်ဒရယ်ဒီမိုကရေစီစနစ်သာလျှင် အဆိုပါအခြေအနေများကို ဖြစ်လာခွင့် ပေးမည်ဖြစ်ကာ လွတ်မြောက်လာသော ပြည်သူများ၏ သမိုင်းပုံရိပ်များသည် နိုင်ငံရေးစနစ်သစ်ကို အားဖြည့်မှုပြုပေးရန် ဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံဗဟိုများအခြေပြု ဖက်ဒရယ်ဒီမိုကရေစီ

မြန်မာနိုင်ငံသို့ ငြိမ်းချမ်းသာယာဝပြောမှုနှင့် တန်းတူညီမျှမှုယူဆောင်လာရန် ဥရောပပညာရှင်များ တွေးခေါ်ဖော်ဆေောင်ခဲ့သည့် ဗဟိုတစ်ခုအခြေပြု တိုင်းပြည်ထူထောင်ရေးနှင့် ဗမာဇာတ်သွင်းခြင်းတို့မှ မစွမ်းဆောင်နိုင်မှုသည် နွေဦးတော်လှန်ရေးအလွန်တွင် ရောက်ရှိလာမည့် မည်သည့် လူ့အဖွဲ့အစည်း အတွက်မဆို စဉ်းစားစရာ အချက်နှစ်ချက် ထောက်ပြနေသည်။ ပထမဦးစွာ မြန်မာနိုင်ငံတွင် အားလုံးပါဝင်မှုရှိသော လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက် ခြင်းအား ဥရောပတိုက်သား ဟော့ဘ်စ်၏ (Thomas Hobbes) လဗိုင်ယာသန် (leviathan) သီအိုရီပေါ်တွင် အခြေခံထားသည့် ဗဟိုတစ်ခုအခြေပြု တိုင်းပြည်ထူထောင်ရေးနှင့် ခွဲခြားထားရန်လိုအပ်သည်။ တိုင်းပြည်အစိုးရအား ပြည်တွင်းတွင် အစီစဉ်တကျရှိမှု၊ တည်ငြိမ်မှုနှင့် အေးချမ်းမှုတို့ကို အမှန် တကယ် ယူဆောင်လာပေးနိုင်သည့် တစ်ခုထဲသောအရာအဖြစ် သတ်မှတ် ယူဆ ဆက်ဆံခြင်းသည် ဟော့ဘ်စ်မှ သီအိုရီထုတ်ခဲ့သည့်အတိုင်း နိုင်ငံရေး အမြင်တိုခြင်းသာဖြစ်သည်။ တိုင်းပြည်အစိုးရအား အကြမ်းဖက်မှု လုပ်ပိုင်ခွင့် အပေါ် တစ်ဦးထဲ လက်ဝါးကြီးအုပ်ခွင့်ပေးထားခြင်းသည် ဒေါ်အောင်ဆန်းစု ကြည်အနေဖြင့် သည်ဟိဂ်တွင် စကားပြောခဲ့စဉ်က စစ်တပ်မှ ရိုဟင်ဂျာလူမျိုး များအပေါ် ကျူးလွန်နေမှုများအား အကာအကွယ်ပေးပြောဆိုရန် အကြောင်း အရာကို ရှာဖွေတွေ့စေခဲ့ခြင်းဖြစ်သည်။ တစ်ဖွဲ့တည်းဗဟိုပြုနိုင်ငံရေးစနစ် သည် လူ့အဖွဲ့အစည်းအတွင်း အာဏာရှိသူများနှင့် လူများစုဖက်သို့ ဘက်လိုက် မှုရှိနေပြီး ၎င်းအခြေအနေမျိုးအား ဒီမိုကရေစီမဟုတ်သော နိုင်ငံများနှင့် သက်ဦးဆံပိုင်စနစ်များတွင် အထင်ရှားဆုံးတွေ့မြင်နိုင်သည်။ ၎င်းအကြောင်းပြ ချက်ကြောင့်ပင် တိုင်းရင်းသားလူနည်းစုအသိုင်းအဝိုင်းများသည် တစ်ဦးတစ်ဖွဲ့ ဗဟိုပြု နိုင်ငံရေးစနစ်များအပေါ် ပင်ကိုအားဖြင့် သံသယရှိကြခြင်းဖြစ်သည်။ အကယ်၍ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်၏ ရှည်ကြာနေမှုနှင့် တိုင်းရင်းသားလူနည်းစုများ၏ ရုန်းကန်ရမှုများအား လူတစ်ဦးတစ်ယောက် ချင်းစီနှင့် လူ့အဖွဲ့အစည်းများ၏ လုပ်ဆောင်ပိုင်ခွင့်နှင့် လွတ်လပ်မှုတို့အတွက် ရုန်းကန်နေရသည့် ပိုမိုကျယ်ပြန့်သောလှုပ်ရှားမှုအဖြစ် အသိအမှတ်ပြုနိုင်ပါက ဥရောပဗဟိုပြု တိုင်းပြည်ပုံစံသည် စုံလင်ရောပြွမ်းနေသည့် မြန်မာ့လူ့အဖွဲ့ အစည်းများနှင့် လိုက်ဖက်မှု မရှိသည်ကို နားလည်သဘောပေါက်နိုင်ပေမည်။

ဒုတိယအချက်အနေဖြင့် မြန်မာလူ့အဖွဲ့အစည်း၏ စုံလင်ကွဲပြားမှုသည် အထက်အောက်ရော ဘေးတိုက်ပါ အပြန်အလှန်စစ်ဆေးထိန်းညှိနိုင်မည့် မူ ဘောင်တစ်ခုပါရှိသော ဗဟိုများအခြေပြု ဒီမိုကရေစီစနစ်တစ်ခုကို တောင်းဆို နေသည်။ ဒီမိုကရေစီအား ပုံမှန်ရွေးကောက်ပွဲများမှတစ်ဆင့် သာမကဘဲ မတူ ညီသော လူ့အသိုင်းအဝိုင်းများနှင့် လူပုဂ္ဂိုလ်များ၏ လွတ်လပ်မှုနှင့် လုပ်ဆောင် နိုင်မှုပုံစံ အမျိုးမျိုးမှတစ်ဆင့်လည်း နားလည်ကျင့်သုံးနိုင်ရန် လိုအပ်သည်။ ရွေးကောက်ပွဲများသည်​ ဒီမိုကရေစီ၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။ တစ်ဦး တစ်ယောက်ချင်းစီနှင့် လူ့အသိုင်းအဝိုင်းများ၏ လုပ်ဆောင်ပိုင်ခွင့်နှင့် လွတ်လပ်မှုကို အကာအကွယ်ပေးပြီး ချဲ့ထွင်ပေးနိုင်ရန် ရွေးကောက်ပွဲများ ကျင်းပရုံဖြင့် မရရှိနိုင်ပေ။ ဒေသတွင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့်နှင့် လေ့လာ၊ တိုးတက်နိုင်ရန် လူသားတစ်ယောက်ချင်း လွတ်လပ်မှု တို့သည် ဖက်ဒရယ်ဒီမိုကရေစီ၏ တစ်စိတ်တစ်ပိုင်းဖြစ်ရန် လိုအပ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ ရှည်လျားကြာမြင့်နေသော တော်လှန်ရေးအား ပြည်တွင်းစစ်ကို အပြီးတိုင် အဆုံးသတ်နိုင်ပြီး ဗဟိုများအခြေပြု ဖက်ဒရယ် ဒီမိုကရေစီကို ဖမ်းဆုပ်ရယူနိုင်ရန် ပြည်သူလူထု၏ ရုန်းကန်နေမှုဟု နားလည် ထားရမည်။ “ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်းစစ်” ဖြစ်နေသည် ဟူသောအချက်သည် မြန်မာနိုင်ငံသူနိုင်ငံသားများ၏ စစ်မှန်သော ငြိမ်းချမ်းရေး ကို လိုလားသည့် မဆုတ်မနစ်သော စိတ်ဆန္ဒကို သရော်စွာပင် သက်သေပြနေ သည်။ ထိုငြိမ်းချမ်းရေးသို့ အရောက်လှမ်းနိုင်ရန် စစ်တပ်နှင့်အတူ ဗမာ လူမျိုးကြီးဝါဒအခြေခံ ဗမာဇာတ်သွင်းခြင်းလည်း ပြိုလဲရန် လိုအပ်သည်။ ပြည်သူလူထု၏ စစ်တပ်အပေါ် ရွံရှာစက်ဆုပ်ကာ တန်ဖိုးမရှိဟု မြင်သည့် အမြင် ကျယ်ပြန့်လာမှုနှင့် ဆက်လက်လျှောက်လှမ်းတိုက်ပွဲဝင်နေသည့် နွေဦး တော်လှန်ရေးသည် အဆိုပါရလဒ်အတွက် နိမိတ်ပြနေသည်။ ကိုးကားချက်များ

အဆုံးမှတ်စုများ

1 ဤဆောင်းပါးသည် “မြန်မာနိုင်ငံတွင် တပ်မတော်၏ ကျရှုံးလာမှုနှင့် ဗမာဇာတ်သွင်းခြင်း၏ နိဂုံး – ဒီမိုကရေစီနှင့် တိုင်းပြည်အချုပ်အခြာအာဏာအကြားမှ ကတောက်ကဆတ် ဆက်ဆံရေး အကြောင်းကို နားလည်သဘောပေါက်ခြင်း” ခေါင်းစဉ်ဖြင့် အရှေ့တောင်အာရှဘာသာရပ် အကြောင်း ယေးလ်ကောင်စီတွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့၌ ကျွန်ုပ်ပို့ချခဲ့သည့် သင်ခန်းစာမှ ပြုစုရေးသားထားခြင်းဖြစ်ပြီး အခြားဖိုရမ်တစ်ခုအတွက် ဆောင်းပါးတစ်ပုဒ်အဖြစ် ပြန်လည်ပြုစုထားခြင်းဖြစ်သည် (ထွန်းမြင့်၊ ၂၀၂၃)။
2 ဟော့ဘ်စ်၊ ၁၉၈၂။
3 ဘိုရှီရာ (၂၀၁၆)၊ ကမ်ဘဲလ် နှင့် ပရေ့စ်-ဖရီးမန်း (၂၀၂၁)၊ ဆဲလမ်မ်-ဂျားဗေ့စ် (၂၀၂၃) နှင့် ဝဲလ်တန် (၂၀၁၃) တွင် ရှုပါ။​
4 သမိုင်းပညာရှင်များသည် အဖြစ်အပျက်များကို နောက်ကြောင်းပြန်ဖော်ပြပြီး ဇာတ်ကြောင်း များ တည်ဆောက်သည်။ နိုင်ငံရေးသိပ္ပံညာရှင်များသည် အဖြစ်အပျက်များကို ခွဲခြမ်းစိတ်ဖြာမှု ပြုလုပ်ကာ အကျပ်ကိုင်ဖိအားပေးထားသည့် ဖွဲ့စည်းပုံများ မည်သူ့ဆီမှ၊ မည်သို့မည်ပုံ မည်သည် ကြောင့် အချိန်ကြာလာသည်နှင့်အမျှ ပေါ်ပေါက်လာသည်ကို နားလည်စေရန် အဆိုပါ အဖြစ် အပျက်များကို ချိတ်ဆက်မှုပြုလုပ်သည်။ ကျွန်ုပ်အနေဖြင့် ဤဆောင်းပါးအား နိုင်ငံရေးဘောဂ ဗေဒပညာရှင်တစ်ဦးအနေဖြင့်သာမက ဗမာ/မြန်မာ နိုင်ငံသားတစ်ဦးအနေဖြင့် ရှုမြင်သုံးသပ်ကာ ရေးသားထားခြင်းဖြစ်သည်။
5 အရေးကြီးသည့်အချက်မှာ စုစည်းတည်ထောင်ခဲ့သည့် ပုဂံပြည်သည် နိုင်ငံရေးစနစ်၏ အခြေခံ မူဘောင်အဖြစ် ဗုဒ္ဓဘာသာနှင့် ဗမာဗဟိုပြု လူ့အဖွဲ့အစည်းအတွင်းရှိ နိုင်ငံရေးအား ကျစ်လစ်စွာ ပေါင်းစည်းထားခြင်းဖြင့် လူ့အဖွဲ့အစည်းအတွက် ရေတိုအမြင်သာရှိခဲ့သည်။
6 ပိုလန်ညီ (၁၉၄၄၊ စာမျက်နှာ ၇၉) နှင့် အခန်း (၃၊ ၅၊ ၆ နှင့် ၁၀) တို့တွင် ရှုပါ။​
7 ဗုဒ္ဓဘာသာ၊ ဗမာဗဟိုပြု တိုင်းပြည်စနစ်သည် ပုဂံခေတ်မှ ယနေ့အထိ ပြောင်းလဲသွေဖည်မှု များစွာမရှိဘဲ ဆက်လက်တည်ရှိနေခဲ့သည်။ သို့သော် ဆန်စပါးသည် ပုဂံနှင့် နောက်ပိုင်း အင်ပါယာများအတွက် စီးပွားရေးဆိုင်ရာ အခြေခံအုတ်မြစ်ဖြစ်ခဲ့သော်လည်း ၁၉၈၉ ခုနှစ်နောက် ပိုင်းတွင် စစ်တပ်မှ စီးပွားရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို စတင်ဆောင်ရွက်ခဲ့ပြီးနောက် သဘာဝရင်းမြစ်များပေါ်တွင် အခြေခံသည့် အုတ်မြစ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး စစ်တပ် ကော်ပိုရေးရှင်းလုပ်ငန်းစုကြီးများ၏ ကြွယ်ဝလာမှုနှင့်အတူ ခရိုနီများအမြစ်တွယ်လာခဲ့သည်။
8 ဝေါ်လ်တန်၊ ၂၀၀၈။
9 ၉၆၉ လှုပ်ရှားမှုနှင့် ဗမာဗုဒ္ဓဘာသာအမျိုးသားရေးအကြောင်းကို ဖော့စီးရပ်စ် (၂၀၁၉) တွင်ရှုပါ။
10 ရဟ်မန်၊ ၂၀၁၅။
11 Aung San Suu Kyi, 1991.
12 မြန်မာနိုင်ငံတွင် ၁၉၈၈ ဆန္ဒပြပွဲများမှ ပေါက်ဖွားလာသည့် NLD ၏ နိုင်ငံရေးစီမံကိန်းသည် အစပိုင်းတွင် လွန်စွာနှေးကွေးခဲ့သည်။ အာဏာသိမ်းမှု၊ ၁၉၉၀ တွင် ပယ်ဖျက်ခံရသော ရွေးကောက်ပွဲ၊ ထိုမှတစ်ဆင့် အသိအမှတ်ပြုခံရသော ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများမှသည် (စစ်တပ်၏ စိတ်ပျက်မှုနှင့် ငြင်းဆန်မှုကို ဖြစ်စေခဲ့သည့်) ၂၀၂၀ တွင် နောက်တစ်ကြိမ်အနိုင်ရမှုတို့အထိသည် ဗမာဇာတ်သွင်းထားသော စစ်အာဏာရှင် တိုင်းပြည်ကို သိသာစွာ ဆက်လက်ငြင်းဆန်နေမှုတစ်ရပ်ဖြစ်သည်။
13 “ရိုဟင်ဂျာလူမျိုးများအကြောင်း အထူးထုတ်စာစောင်”၊ ၂၀၂၁။
14 ဧဒင်မိုး၊ ၂၀၂၁၊ ပရက်စ်-ဖရီးမန်း၊ ၂၀၂၁၊ ဝေမိုး၊ ၂၀၂၁။
15 ဆဒီကီ၊ ၂၀၁၄။​
16 ဝေမိုး၊ ၂၀၂၁။
17 ဇဟိဒ် နှင့် ဂျန်ကင်းစ်၊ ၂၀၂၂​။
18 ဘိုးမန်း၊ ၂၀၂၂၊ မက်က်လက်ဖ်လင်း၊ ၂၀၂၂။
19 ရခိုင်ပြည်နယ် အကြံပေးကော်မရှင်၊ ၂၀၁၇။
20 မြမောင်၊ ၁၉၆၄၊ စာမျက်နှာ ၇၅၇-၇၆၄; ရိုဇန်ဘာ့ဂ်၊ ၂၀၁၀; ဆာ့ကစ်စ်ရန်ဇ်၊ ၁၉၆၅; ရွှေရိုး၊ ၁၈၉၆; စပီရို၊ ၁၉၇၀; ထွန်းမြင့်၊ ၂၀၁၄။
21 ဝေါ်လ်တန်၊ ၂၀၁၇၊ စာမျက်နှာ – ၃။
22 ဂျိုရှုဝါ၊ ၂၀၂၁; မိုးထက်နေ၊ ၂၀၂၁၊ စာမျက်နှာ- ၄၇၆။
23 သာဓကများကို အာမက်နှင့်အဖွဲ့ (၂၀၂၁)၊ အေခင်စ် (၂၀၁၈) နှင့် ဖဇာနာ (၂၀၁၅) တို့တွင်ရှုပါ။
24 ချာနီ၊ ၂၀၂၁။

ကိုးကားချက်များ

Abuza, Z., Nyein Nyein Thant Aung. (2025, March 4). Too Little, Too Late: China Steps Up Military Aid to Myanmar’s Junta [Issue brief]. Stimson. https://www.stimson.org/2025/too-little-too-late-china-steps-up-military-aid-to-myanmars-junta/

ACLED. (2025, January 31). Four years after the 2021 coup in Myanmar, violence against civilians is still increasing. ACLED. https://acleddata.com/2025/01/31/four-years-after-the-2021-coup-in-myanmar-violence-against-civilians-is-still-increasing/

DVB Data Team. (2025, April 25). The Regime’s Air and Artillery Strikes Across the Country. Democratic Voice of Burma. https://english.dvb.no/wp-content/uploads/2025/04/Air-strike-p1-eng-1-scaled.jpg

Kyed, H. M. (2022). Introduction to the Special Issue: Soldier Defections Since the 2021 Military Coup. Independent Journal of Burmese Scholarship, 1. https://ijbs.online/?page_id=3616

Nyan Lynn Thit Analytica. (2025). Facebook. https://www.facebook.com/nyanlynnthitanalytica/

Su Mon. (2025, April 24). Q&A: Will the ceasefires after the earthquake bring peace to Myanmar? ACLED. https://acleddata.com/2025/04/24/qa-will-the-ceasefires-after-the-earthquake-bring-peace-to-myanmar/

What’s Happening in Myanmar. (2025, April 24). Return to Lashio. Frontier Myanmar. https://whimyanmar.com/return-to-lashio