အောက်မေ့ခြင်း

မကျေး | Click here to read this poem in English.

Cite as: 
မကျေး၊ (၂၀၂၄)၊ အောက်မေ့ခြင်း၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်(၂)။ https://ijbs.online/?page_id=4993


နွေကြောင့်ခြောက်သွေ့ခဲ့တဲ့
ကိုင်းခက်ရွက်လက်တို့
မိုးရလို့ ဖူးစို့စိမ်းမြဝင်းပလာတဲ့အခါ . . .
သွားရင်းလာရင်း
အာဇာနည်ရဲ့ “ကြွေပါစေ” သီချင်းတစ်ပိုင်းတစ်စ
ရင်ကိုတိုးဝှေ့ဆန်တက်လာတဲ့အခါ . . .
နှလုံးသားအစုံပေါင်းများစွာတင်ဆောင်လာတဲ့ဘတ်စ်ကား
ဗန္ဓုလတံတားပေါ်ကွေ့အတက်
မြစ်လေအေးရဲ့ ပွေ့ဖက်ခြင်းခံရတဲ့အခါ . . .
အရိပ်ညိုတို့ရှည်လျားစ
တစ်ကိုယ်ရည်လမ်းအိုကလေးထဲ
လျှောက်လှမ်းရတဲ့အခါ . . .
ညစာထမင်းအေးအေး ငါးပိရည်မွှေးမွှေးနဲ့
ဝလင်စွာစားသောက်ရတဲ့အခါ . . .
ငါ . . . မင်းကို . . .