မင်းလွင် | Click here to read this poem in English.
Cite as: မင်းလွင်၊ (၂၀၂၄)၊ ရဟတ်၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ၄(၂)။ https://ijbs.online/?page_id=4948

ဝဋ်ခံရသူက ဝဋ်လည်ဖို့ လိုပါသေးသလား
ဝင်ရိုးကို ဘယ်သူ လှည့်ခဲ့တာလဲ
ရဟတ်တစ်ခုကို ငါသွားကြည့်မိတဲ့အခါ
လှည့်သူမရှိဘဲ
လူမပြည့်လို့ လေထဲ ခဏရပ်
စောင့်နေရတဲ့
ရဟတ်စီးသူတွေ
သူတို့လှမ်းကြည့်နေသလို
ငါ့ကိုယ်ငါ ပြန်ကြည့်မိတယ်
ငါဟာ မြေကြီးပေါ်မှာ မြဲမြံစွာ
ရပ်တည်ပြီး သူတို့ကို ပြန်လှည့်ကြည့်လို့