စာရေးသူများအကြောင်း (အတွဲ ၄၊ စာစောင် ၂)

သရဖီသန်း
သရဖီသန်းသည် မြောက်အီလီနွိုင်းတက္ကသိုလ်က တွဲဖက်ပါမောက္ခတစ်ဦး ဖြစ်ပါတယ်။ သူက ဆင်ဆာ၊ ပုန်ကန်မှုအမျိုးမျိုး၊ စာပေနဲ့ ဖမ်မနင်ဇင် အကြောင်းအရာတွေကို လေ့လာပါတယ်။ ဒီမိုကရေစီပညာရေးပုံဖော်ဖို့နဲ့ သင်ရိုးသစ်တွေ ရေးဖို့ ကြိုးစားနေကြတဲ့ မြန်မာနိုင်ငံက အဖွဲ့တွေနဲ့ လက်တွဲ လုပ်ကိုင်လျက် ရှိပါတယ်။

ဇော်ရင်
ဇော်ရင်သည် နွေဦးတော်လှန်ရေးက မွေးဖွားလိုက်သော ကလောင်တစ်ခု ဖြစ် ပါတယ်။ ကိုယ်တိုင်လည်း အာဏာဖီဆန်ရေးမှာ ပါဝင်ဆဲဖြစ်သလို ကလောင် ဖြင့်လည်း ကဗျာ၊ ဝတ္ထု၊ သရော်စာများ အလျဉ်းသင့်သလို ရေးသားလျက် ရှိသော တော်လှန်သူတစ်ဦးဖြစ်ပါတယ်။

ကော်လင်း
ကော်လင်းသည် စီဒီအမ် တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်ပြီး ကရင်နီပြည်ရဲ့ မြေပြင်ပညာရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေကာ ကရင်နီ အမျိုးသား ကာကွယ်ရေးတပ်ရဲ့ နိုင်ငံရေးဌာနတွင်လည်း တာဝန်ထမ်းဆောင်နေသူ တစ်ဦးဖြစ်ပါတယ်။

ဂျင်း
ဂျင်းသည် ရန်ကုန်တက္ကသိုလ်မှ အသက် (၂၀) အရွယ် စီဒီအမ်ကျောင်းသူ တစ်ဦးဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုတို့ကြောင့် ပညာရေး ရပ်နားထားတဲ့ ကရင်နီပြည်နယ်ရှိ ဒေသခံစစ်ရှောင်လူငယ်တွေကို သမားရိုးကျ မဟုတ်တဲ့ ပညာရေးပုံစံနဲ့ ဝေမျှပို့ချပေးနေသူတစ်ဦး ဖြစ်ပါတယ်။

ဝါလာကော့
ကချင်အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဝါလာကော့ကို ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့မှာ မွေးဖွားခဲ့ပါတယ်။ ရိန်းဖောဂျန်ဒါအဖွဲ့မှာ အစီအစဉ် မန်နေဂျာအဖြစ် တာဝန်ယူကာ ပရောဂျက်တွေ လုပ်ဆောင်နေတာ (၇) နှစ်ခန့် ရှိပြီဖြစ်ပါတယ်။ အဲဒီအဖွဲ့မှာ ဖမ်မနင်ဇင်နဲ့ ဖမ်မနစ်လေ့လာမှုတွေကို မြှင့်တင်ပေးတဲ့ ကိစ္စတွေ ကို ဆောင်ရွက်နေသလို ဖမ်မနစ်လှုပ်ရှားမှုတွေမှာလည်း ပါဝင်နေသူ ဖြစ်ပါ တယ်။ ရိန်းဖောဂျန်ဒါအဖွဲ့နဲ့ လက်တွဲမလုပ်ခင်ကတည်းက ဘဝအတွေ့အကြုံ တွေကနေတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် ဖမ်မနစ်တစ်ယောက်အဖြစ် ခံယူကာ ဇာတိမြန်မာပြည်မှာ ဖမ်မနစ်လှုပ်ရှားမှုတွေ လုပ်ဆောင်နေရတာကို ဂုဏ်ယူ နေသူတစ်ဦးလည်း ဖြစ်ပါတယ်။

မင်းလွင်
ကဗျာဆရာတစ်ဦးဖြစ်ပြီး ၂၀၀၃ ခုနှစ်တွင် မဂ္ဂဇင်းတစ်ခု၌ ကဗျာတစ်ပုဒ် စတင်ဖော်ပြခံရပါတယ်။ ပြည်ပစာစောင်တစ်ခုတွင် ဖော်ပြခံရတဲ့ ကဗျာ တစ်ပုဒ်အပါအဝင် ပြည်တွင်းမဂ္ဂဇင်းတွေမှာ ကဗျာအချို့ ဖော်ပြခံရကာ လုံးချင်းကဗျာစာအုပ် နှစ်အုပ် ရေးသားထွက်ရှိခဲ့ပါတယ်။ လက်ရှိတွင် နိုင်ငံခြား ကဗျာနဲ့ ကဗျာစာတမ်းတစ်ခုအား ဘာသာပြန်ဆိုရေးသားလျက် ရှိပါတယ်။

ရွှန်းလဲ့ဆွေရည်
ရွှန်းလဲ့ဆွေရည်သည် ရွှေ့ပြောင်းအခြေချမှု၊ ပုန်ကန်မှုသမိုင်းကြောင်းများ၊ ဖမ်မနင်ဇင်၊ စစ်ဝါဒနှင့် အလုပ်သမားလှုပ်ရှားမှု စတာတွေကို စိတ်ဝင်စားတဲ့ multidisciplinary cultural worker တစ်ဦးဖြစ်ပါတယ်။

လှိုင်း
လှိုင်း ကို ၁၉၉၁ ခုနှစ်တွင် လက်လုပ်လက်စားမိဘနှစ်ပါးမှ မွေးဖွားခဲ့ပါတယ်။ ရတနာပုံတက္ကသိုလ်က ဘွဲ့ရခဲ့ပြီး ၂၀၁၇ နှစ်ကုန်ပိုင်းမှ စတင်ကာ သတင်းစာ ပညာသင်ယူရင်း သတင်းထောက်တစ်ယောက် ဖြစ်လာခဲ့ပါ တယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်လာချိန်မှာ တော်လှန်ဆန္ဒပြ သတင်းတွေ ရယူပြီး လွတ်လပ်စွာဖော်ပြခွင့်ရတဲ့ သတင်းဌာနအချို့မှာ တင်ဆက်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် သတင်းထောက်အလုပ်မှ ရပ်နားခဲ့သော်လည်း ပြည်သူ အပေါ် လက်နက်အားကိုး၊ အာဏာအားကိုးနဲ့ မတရားဖိနှိပ်မှုတွေ၊ အနိုင်ကျင့် သတ်ဖြတ်မှုတွေ၊ ဘာသာရေး၊ လူမျိုးရေး၊ လိင်ခွဲခြားမှုတွေကို တွန်းလှန် ပုန်ကန်နေသူများနဲ့ တစ်သားတည်း ရပ်တည်လျက်ရှိပါတယ်။

နှင်းဝေ
ဖမ်မနစ်တစ်ဦးဖြစ်သူ နှင်းဝေသည် ၂၀၂၁ စစ်အာဏာသိမ်းမှုကို လက်နက်ကိုင် ဆန့်ကျင်ရာတွင် (၂) နှစ်နီးပါး ပါဝင်ခဲ့သူဖြစ်ပါတယ်။ သူ့ဘဝအတွေ့အကြုံ တွေက သူ့ကို ပဋိပက္ခနယ်မြေတွေမှာ စစ်ဝါဒ၊ ဖမ်မနင်ဇင်နှင့် လူ့စိတ်အခြေ အနေတွေဟာ ဘယ်လို ချိတ်ဆက်နေကြတယ်ဆိုတာကို လေ့လာဖို့ လှုံဆော် ပေးခဲ့ပါတယ်။ သူ့ရဲ့ စိတ်ဝင်စားမှုနယ်ပယ်တွေကတော့ ဘာသာစကား၊ စာပေ နဲ့ လူမှုပြဿနာတွေကို လေ့လာသုံးသပ်ခြင်းတို့ပဲ ဖြစ်ပါတယ်။

နီအေး
Non-binary တစ်ဦးဖြစ်သူ နီအေးသည် ရိန်းဖောဖမ်မနစ်အဖွဲ့မှာ ဘဏ္ဍာရေး မှူးအဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး လိင်ကွဲကြိုက်နှစ်သက်မှုကိုသာ စံအဖြစ်ထား ရှိမှုအား ဆန့်ကျင်သူတစ်ဦးလည်း ဖြစ်ပါတယ်။ လူတိုင်း ကိုယ် ဝတ်စားချင်တဲ့ ပုံစံအတိုင်း ဝတ်စားဆင်ယင်ခွင့်ရှိတယ်လို့ ယုံကြည်ထားသူ ဖြစ်ပါတယ်။

မကျေး
အိမ်စောင့်အစိုးရလက်ထက်မှာ မွေးဖွားခဲ့ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ခေတ်တွင် ကြီးပြင်းခဲ့သူတစ်ဦးအနေနဲ့ ဘဝတစ်လျှောက် စစ်တပ်ရဲ့ အနိုင်အထက်ပြုမူမှုတွေကို မြင်နေ၊ သိနေရခဲ့ပြီး သူတို့နဲ့ ထိုက်တန်တဲ့ လက်တုံ့ပြန်မှုမျိုး အပြည့်အဝမလုပ်နိုင်တဲ့ သာမန်ပြည်သူ တစ်ယောက်အဖို့ အားမလိုအားမရနဲ့ ခံပြင်းနေမိကာ အဲဒီစိတ်ရဲ့ စေ့ဆော်မှုကြောင့် ဒီကာလမှာ တော်လှန်ရေးစာစဉ်တွေမှာ ကဗျာတချို့၊ စာတချို့ ရေးမိလာသူ တစ်ဦးဖြစ်ပါ တယ်။ “ကျွန်မတို့ ရင်ထဲအသည်းထဲမှာ တော်လှန်ရေး ရိုက်ချက်တွေကို အတူ တကွခံယူလိုစိတ် ရှိကြတယ်ဆိုတာကို အခြားသူ‌တွေ သိမြင်စေချင်စိတ်နဲ့ ရေး ဖြစ်တယ်” လို့လည်း ဆိုထားပါတယ်။

ပျိုးလက်ဟန်
ပျိုးလက်ဟန်သည် ဖမ်မနစ်အဖွဲ့တစ်ခုကို ပူးတွဲတည်ထောင်သူတစ်ဦး ဖြစ်ပြီး အဆိုပါအဖွဲ့တွင် အစီအစဉ်ဌာနမှူးနှင့် ဒါရိုက်တာအဖွဲ့ဝင်အဖြစ် တာဝန်ယူ ထားသူဖြစ်ပါတယ်။ စာရေးသူတစ်ဦးလည်းဖြစ်သလို တက်ကြွလှုပ်ရှားသူ တစ်ဦးလည်းဖြစ်တဲ့ သူမဟာ ဝတ္ထုပေါင်းများစွာ ရေးသားထားသလို သူမရဲ့ အလုပ်တွေကလည်း ဂျန်ဒါ၊ ဖမ်မနင်ဇင်၊ စာပေ၊ အလုပ်သမ လှုပ်ရှားမှု၊ ဗမာ့ ယဥ်ကျေးမှု၊ အမျိုးသမီးများအပေါ် ပုံစံမျိုးစုံဖြင့် ဖိနှိပ်မှုအကြောင်းတွေနဲ့ အမျိုး သမီးများရဲ့ နေ့စဉ်ဘဝရုန်းကန်မှုတွေအကြောင်းကို အထူးပြု လုပ်ကိုင်နေသူ တစ်ဦး ဖြစ်ပါတယ်။

စုစုမောင်
စုစုမောင်သည် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားရှိ အိမ်ထောင်ရေးနဲ့ မိသားစုဆိုင်ရာ စိတ်ကုထုံးပညာရှင်တစ်ဦးဖြစ်ပြီး ဆန်ဖရန်စစ္စကိုတက္ကသိုလ် မှ အတိုင်ပင်ခံစိတ်ပညာ မဟာဘွဲ့နဲ့ ဆန်ဖရန်စစ္စကိုပြည်နယ် တက္ကသိုလ်မှ စိတ်ပညာဘွဲ့တို့ကို ရှိထားပါတယ်။ သူမသည် Myanmar Clinical Psychology Consortium တွင် သင်ကြားရေးတာဝန်ခံနဲ့ ဆေးဘက်ဆိုင်ရာ ကြီးကြပ်သူအဖြစ် တာဝန်ယူခဲ့ပြီး ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကို ရှိ Academy of Art University တွင် စိတ်ပညာတွဲဖက်နည်းပြတစ်ဦး အဖြစ် တာဝန်ယူခဲ့ပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံရှိ လူမှုစီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်တဲ့ Citta Consultancy ရဲ့ တည်ထောင်သူနဲ့ စီအီးအိုဖြစ်ပြီး မြန်မာပြည်သူ တွေကို စိတ်ပိုင်းဆိုင်ရာ အထောက်အကူပြုလုပ်ငန်းတွေ လုပ်ဆောင်ပေး လျက်ရှိပါတယ်။