နှင်းရိပ်နွေ | Click here to read this article in English.
Cite as: နှင်းရိပ်နွေ၊ (၂၀၂၃)၊ အဲဒီမြို့ထဲ၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ၄(၁)။ https://ijbs.online/?page_id=4735

အဲဒီမြို့ထဲ
အရင်လိုလီလီပန်းတွေသမ်းလိုက်တော့
ခံတွင်းကသွေးညှီနံ့ထောင်းထောင်းထနေပြီ။
အဲဒီမြို့ထဲ
အိုကြီးအိုမခရစ်ယာန်ဘုရားကျောင်းကို
ဗားရှင်းပြောင်းထားတဲ့ ချွေးတပ်စခန်းဟာ
အီကွေတာပလပ်မဖြုတ်မချင်း
အနိဋ္ဌာရုံတွေတစ်ခွေပြီးတစ်ခွေ
ထဖွင့်တတ်တယ်။
သားသတ်သမားဝိုင်းက
အမင်္ဂလာသီချင်းလိုက်ရွတ်သံဟာလည်း
နားထဲမသတီစရာဇွတ်တိုးဝင်လာပြန်တယ်။
ဒရုန်းဂီတဆိုလား။
နျူကလီးယားအနုပညာဆိုလား။
သည်လိုနဲ့ပဲကပ်သုံးပါးခွက်လဲမူးလို့
သွန်ချခံလိုက်ရတဲ့ဘဝတွေထဲ
အဲဒီမြို့ရဲ့လူအခွင့်အရေး….
အဲဒီမြို့ရဲ့…..
အဲဒီမြို့ရဲ့….
အားလုံးဟာ တစ်စက်ချင်းဖိတ်စင်သွားခဲ့ပေါ့။
အဲဒီမြို့ထဲ