အက်ရှေး | Click here to read this article in English.
Cite as: အက်ရှေး၊ (၂၀၂၃)၊ လယ်ကွင်းထဲက ကြွက်တွေ၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ၄(၁)။ https://ijbs.online/?page_id=4720

အမျိုးသမီးတစ်ဦး အဝတ်အစားတွေ ချွတ်ချလိုက်တယ်
သူ့မှာ ခန္ဓာကိုယ်မရှိ နားရွက်မရှိ
လက်မရှိ ခြေမရှိ
ဆံပင်နဲ့ အစာအိမ်မရှိ။
သူ့ခန္ဓာကိုယ်မှာ လယ်ကွင်းတွေ
ထွန်ယက်စိုက်ပျိုးလို့ မရတော့တဲ့ လယ်ကွင်းတွေ
ငှက်ကလေးတွေ
ပျံစရာ အမွေးအတောင်မရှိတဲ့ ငှက်ကလေးတွေ
ပင်လယ်ကဏန်းတွေ
ဆင်းစရာ ရေမရှိတဲ့ ပင်လယ်ကဏန်းလေးတွေ
ကျွဲတွေ နွားတွေ
ထွန်ယက်စိုက်ပျိုးနိုင်စွမ်း မရှိတော့တဲ့
ကျွဲတွေ နွားတွေ
ကလေးပေါက်စတွေ
စို့စရာ မိခင်ရဲ့ နို့ကို ရှာမတွေ့တော့တဲ့ ကလေးပေါက်စလေးတွေ။
မြစ်ရေဟာ နောက်ကျိလို့
အဲဒီအမျိုးသမီးကို ထိုင်ကြည့်နေတဲ့ ကိုယ်တို့ဟာ
ရေကူး အပန်းဖြေလို့။