လီဆာ ဘရူထန် နှင့် ဂျိန်း မဒလင် မကဲလ်ဟုန် | Click here to read this article in English.
Cite as: လီဆာ ဘရူထန် နှင့် ဂျိန်း မဒလင် မကဲလ်ဟုန်၊ (၂၀၂၃)၊ အာဏာသိမ်းပြီးနောက်ပိုင်း သတင်းမီဒီယာလောက ခယောင်းလမ်းကို ဖြတ်ကျော်ခြင်း - မြန်မာ့မျိုးဆက်သစ် သတင်းမီဒီယာသမားများ၏ တီထွင်ဖန်တီးနိုင်စွမ်းရှိမှုနှင့် မရေရာလှသော လုပ်အား၊ (၂)။ https://ijbs.online/?page_id=4109
စာတမ်းအကျဉ်း
ဤဆောင်းပါးသည် မြန်မာနိုင်ငံ၏ အလွန်ဆိုးဝါးလှသော စစ်အာဏာသိမ်းမှုကို တုံ့ပြန်သည့်အနေဖြင့် ၂၀၂၂ ခုနှစ်၊ မတ်လတွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပခဲ့သော Myanmar Media Update ဆွေးနွေးပွဲ၏ အဓိကစကားဝိုင်း၌ ပါဝင်ဆွေးနွေးခဲ့ကြသည့် မြန်မာလူငယ်သတင်းမီဒီယာသမားများ၏ အတွေ့အကြုံနှင့် ဆောင်ရွက်ချက်တို့အပေါ် အလေးပေးရေးသားပြုစုထားသည်။ မြန်မာနိုင်ငံ၏ အမှီအခိုကင်းသော သတင်းမီဒီယာသမားများသည် မရေရာမှု အတိုင်းအတာ အသီးသီးရှိသည့်ကြားထဲကနေ ပရော်ဖက်ရှင်နယ်ဆန်မှုနှင့် တော်လှန်ရေးဆန်မှု နှစ်ရပ်စလုံးပေါင်းစပ်ထားသော ပရော်ဖက်ရှင်နယ်ဆန်၍ မရောရာလှကာ တီထွင်ဖန်တီးနိုင်စွမ်းရှိသည့်လုပ်အား ဟူသော တမူထူးခြားသည့် လုပ်ငန်းသဘောမျိုးကို လုပ်ဆောင်နေရကြောင်း ပါဝင်ဆွေးနွေးခဲ့သော လူငယ်သတင်း မီဒီယာသမားများ၏ အတွေ့အကြုံများက ဖော်ပြနေပေသည်။ ထို့အပြင် အကြမ်းဖက်မှုဖြစ်ပေါ်နေသည့် အခြေအနေများတွင် သတင်းစာပညာ၏ ‘ဓမ္မဓိဋ္ဌာန်ကျမှု’ ကို အကဲဖြတ်ရာတွင် အဖြစ်အပျက်များအပေါ် စိတ်ခံစားမှုကင်းရမည် (lens of distance) ဟူသော အမြင်ရှုထောင့်မှ ချဉ်းကပ်ခြင်းထက် သတင်းမီဒီယာသမားများသည်လည်း အကြမ်းဖက်မှု၏ အကျိုးဆက်များနှင့်အတူ ၎င်းအကျိုးဆက်များကြောင့် ဖြစ်ပေါ်လာသော စိတ်ခံစားမှုတို့နှင့်လည်း ရင်းနှီးထိစပ်မှုရှိသည်ကို အသိအမှတ်ပြုရန် အရေးကြီးကြောင်း ၎င်းတို့၏ အတွေ့အကြုံများက ဖော်ပြနေပေသည်။
နိဒါန်း
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ၌1 စစ်အာဏာသိမ်းပြီးနောက် လူငယ်သတင်းမီဒီယာသမားတစ်ဦးသည် သူ၏ အိမ်နှင့်ကားကို ဆုံးရှုံးခဲ့ရသော်လည်း သတင်းစာပညာအလုပ်ကို ဆက်လက်လုပ်ကိုင်နေဆဲပင် ဖြစ်သည်။ နောက်တစ်ဦးမှာ သူ၏ ဧည့်ခန်းကနေ သတင်းများရေးသား၍ သူ၏မီဒီယာလုပ်ငန်းကို ပံ့ပိုးဖို့ရန်အတွက် မီးဖိုချောင်ထဲဝင်ကာ အစားအသောက်များ ချက်ပြုတ်၍ ဈေးရောင်းရပေသည်။ တတိယတစ်ဦးမှာမူ သူ၏မီဒီယာလုပ်ငန်း ဆက်လက် ရပ်တည်နိုင်ရန်အတွက် သူ၏လက်ထပ်လက်စွပ်ကို ရောင်းချခဲ့ရပြီး နယ်စပ်ရွာလေးတစ်ရွာသို့ ထွက်ပြေးခိုလှုံခဲ့ရသည်။ ထို့ နောက် ထိုရွာကို စစ်တပ်က ဝင်ရောက်တိုက်ခိုက်သည့်အတွက် သူ၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးကျဆုံးခဲ့ ရသည်ကို မျက်မြင်တွေ့ကြုံခဲ့ရသည်။ ဤအဖြစ်အပျက်များသည် ၂၀၂၂ ခုနှစ်၊ မတ်လ တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပခဲ့သော Myanmar Media Update ဆွေးနွေးပွဲတွင် တက်ရောက်ပါဝင်ဆွေးနွေးခဲ့သည့် လူငယ်မျိုးဆက်သစ် သတင်းမီဒီယာသမားများ ပြန်လည်ပြောဆိုဝေမျှသော အဖြစ်အပျက်များထဲမှ စိတ်ထိခိုက်ဖွယ်ကောင်းသော သာဓကဖြစ်ရပ်အချို့ မျှသာဖြစ်သည်။
၎င်းတို့၏ အတွေ့အကြုံများအရ မြန်မာသတင်းမီဒီယာသမားများသည် ၎င်းတို့၏ ပညာရှင်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများကို ထိန်းသိမ်းလိုက်နာ၍ လွန်စွာပြောင်းလဲဖြစ်ပေါ်နေသော အခြေအနေတို့နှင့် လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်နေရသကဲ့သို့ တစ်ဖက်တွင်လည်း ကျည်ဆံများအကြား ရှောင်တိမ်းရခြင်း၊ ထွက်ပြေးပုန်းအောင်းရခြင်း၊ အဝတ်တစ်ထည် ကိုယ်တစ်ခုနှင့် နေထိုင်လုပ်ကိုင်ရခြင်း၊ သေကြေထိခိုက်ပျက်စီးမှုနှင့် ဆုံးရှုံးမှုတို့အပေါ် တုံ့ပြန်ရခြင်းနှင့် ဘဝအသစ်၊ သတင်းမီဒီယာလုပ်ငန်းအသစ်များ တည်ထောင်ရခြင်းတို့ကိုလည်း ဆောင်ရွက်နေကြရကြောင်းကို တွေ့ရပေသည်။ အာဏာသိမ်းမှုနှင့်အတူ နိုင်ငံအတွင်းရှိ လူတိုင်းအတွက် အလွန့်အလွန်ကြီးမားသော ရုတ်တရက်ပြောင်းလဲမှုများအပေါ် ၎င်းတို့၏ တုံ့ပြန်မှုပုံစံက အခြားသော လုပ်ငန်းခွင်တွင်း တီထွင်ဖန်တီးမှုပုံစံများထက် ခြိမ်းခြောက်အကျပ်ကိုင်မှုကို တုံ့ပြန် ရသော တီထွင်ဖန်တီးမှုပုံစံမျိုးဖြစ်သည်။ ယင်းသည် “လူ့ကိုယ်ခန္ဓာနှင့် ပို၍နက်ရှိုင်းရင်းနှီးသော ရစ်ပတ်မှု” ရှိသည့် မဟာဗျူဟာကျသော “ဖွဲ့စည်းတည် ဆောက်ပုံဆိုင်ရာ အကန့်အသတ်များထဲမှနေ၍ ဖြစ်မြောက်အောင်လုပ်ဆောင်ရသော လုပ်ငန်းစဉ်” တစ်ခုပင်ဖြစ်သည်။2
သတင်းမီဒီယာသမားများသည် စစ်အာဏာရှင်တော်လှန်ရေးတွင် တိုက်ရိုက်ပါဝင်ခြင်းမရှိသော်လည်း ၎င်းတို့၏ တုံ့ပြန်ဆောင်ရွက်မှုတို့ကို ကြည့်ပါက စစ်တပ်၏ ဆယ်စုနှစ်များစွာကြာ အုပ်ချုပ်မှုအောက်၌ ဖန်တီးတည်ဆောက်ခဲ့သော ကမ္ဘာနှင့်မတူသည့် ကမ္ဘာသစ်တစ်ရပ်အား ဖန်တီးလိုကြသည်ကို တွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် နိုင်ငံတံခါးဖွင့်သည့် (၂၀၁၁ – ၂၀၂၁) ဆယ်စုနှစ် ကာလအတွင်းတွင် လွတ်လပ်ခြင်း၏ အရသာကို ထိတွေ့ခံစားခဲ့ရသော ကြောင့်ပင်ဖြစ်သည်။ ၎င်းတို့သည် Kraidy သုံးနှုန်းသော တော်လှန်ရေးဆန်၍ တီထွင်ဖန်တီးနိုင်စွမ်းရှိသည့် လုပ်အား ကို ဆောင်ရွက်ကြသော တက်ကြွလှုပ်ရှားသူများ၏ “လူသားခံစားချက်များနှင့် ဆန္ဒများ ထုတ်ဖော်ပြသခြင်း” ဟူသော ပင်ကိုလက္ခဏာ၏ သာဓကများဖြစ်သည်။3 တော်လှန်ရေးဆန်၍ တီထွင် ဖန်တီးနိုင်စွမ်းရှိသည့် လုပ်အား ဟူသော အသုံးအနှုန်းသည် စက်မှုလုပ်ငန်းဆိုင် ရာ တီထွင်ဖန်တီးနိုင်စွမ်းရှိသည့် လုပ်အား ဟူသောအသုံးအနှုန်းနှင့် မတူညီကြောင်း ၎င်းက ဖော်ပြသည်။ တီထွင်ဖန်တီးမှုဟူသည်မှာ အနုပညာဆိုင်ရာ ဖန်တီးမှုမျှသာမဟုတ်ဘဲ လူသားအားလုံး၏ လုပ်ဆောင်ချက်များမှာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ပင်ကိုအားဖြင့် တီထွင်ဖန်တီးမှုရှိသည်ဟူသော အယူအဆကို အခြေခံကာ ဖော်ပြထားခြင်းဖြစ်သည်။4
ဤဆောင်းပါးတွင် Myanmar Media Update ဆွေးနွေးပွဲ၏ အဓိက စကားဝိုင်း၌ ပါဝင်ဆွေးနွေးခဲ့သော မြန်မာသတင်းမီဒီယာသမားများအပါအဝင် မြန်မာနိုင်ငံ၏ အမှီအခိုကင်းသော သတင်းမီဒီယာသမားများအနေဖြင့် မရေရာမှု အတိုင်းအတာ အသီးသီးရှိသည့်ကြားကနေ ပရော်ဖက်ရှင်နယ်ဆန်မှုနှင့် တော်လှန်ရေးဆန်မှုနှစ်ရပ်စလုံး ပေါင်းစပ်ထားကာ တမူထူးခြား၍ တီထွင်ဖန်တီးနိုင်စွမ်းရှိသော လုပ်အားတို့အား5 မည်သို့မည်ပုံဆောင်ရွက်ကြသည်ကို လေ့လာဆွေးနွေးသွားပါမည်။ ယင်းကို ပရော်ဖက်ရှင်နယ်ဆန်၍ မရောရာလှကာ တီထွင်ဖန်တီးနိုင်စွမ်းရှိသည့် လုပ်အားဟူ၍ သုံးနှုန်းသွားမည်ဖြစ်ပါသည်။ အကြောင်းမှာ ရှိရင်းစွဲသုတေသနစာပေများတွင် ခြိမ်းခြောက်အကျပ်ကိုင်မှုနှင့်အတူ ပြည်ပြေးအခြေအနေ၌ ရုန်းကန်လုပ်ကိုင်ရသော သတင်းမီဒီယာသမားများ၏ လုပ်အားတို့နှင့် ပတ်သက်၍ လုံလုံလောက်လောက် လေ့လာထားခြင်း မရှိသည်ဖြစ်ရာ ဤသုတေသနက ယင်းဟာကွက်ကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ထားသည်။ လက်ရှိအာဏာသိမ်းပြီးနောက်ပိုင်းတွင် သတင်းစာပညာနှင့် မီဒီယာတို့အပေါ် ချဉ်းကပ်မှုပုံစံသည် လွန်လေပြီးသော ဆယ်စုနှစ်များအတွင်း ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ၈၈ မျိုးဆက်လူငယ်များ၏ အမြင် သဘောထားများ၊ အတွေ့အကြုံတို့နှင့် မည်သို့မည်မျှ သိသိသာသာ ကွဲပြား ခြားနားမှုရှိသည်ကို ဖော်ပြသွားမည်ဖြစ်သည်။ ၈၈ မျိုးဆက်တက်ကြွလှုပ်ရှား သူအများအပြားသည် ဆယ်စုနှစ်များအတွင်းတွင် အရွယ်အစား ပိုမိုကြီးမား၍ လူသိများသော အမှီအခိုကင်းသည့် သတင်းမီဒီယာဌာနသုံးခုကို တည်ထောင်နိုင်ခဲ့ကာ ယနေ့အချိန်ထိ နောက်ဆုံးရ မြန်မာ့သတင်းများကို ကမ္ဘာတစ်လွှားသို့ ဖြန့်ဝေပေးနေဆဲဖြစ်သည်။6 ဤဆောင်းပါးသည် စကားဝိုင်း၌ ပါဝင်ဆွေးနွေးခဲ့ သော မြန်မာလူငယ်သတင်းမီဒီယာသမားတို့၏ အာဏာသိမ်းပြီးနောက် ချက်ချင်းလက်ငင်းတွေ့ကြုံခဲ့ရသော အတွေ့အကြုံများနှင့် ၎င်းတို့၏ ဆောင်ရွက်ချက်တို့အပေါ် ဦးတည်ဆွေးနွေးသွားမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် မမျှော်လင့်ခဲ့သော အကျပ်အတည်းနှင့် ရင်ဆိုင်ရသောအခါတွင် မရေရာလှ၍ တီထွင်ဖန်တီး နိုင်စွမ်းရှိသော လုပ်အားတို့အား မည်သို့မည်ပုံ ဆောင်ရွက်ခဲ့သည်နှင့် စပ်လျဉ်း၍ ၎င်းတို့ကိုယ်တိုင် ထုတ်ဖော်ပြောကြားခဲ့သော အကြောင်းအရာတို့ကို ဆွေးနွေးသွားပါမည်။
မြန်မာ့နွေဦးတော်လှန်ရေး၏ အစိတ်အပိုင်းများဖြစ်သော အာဏာရှင်ခုခံ တော်လှန်ရေး၊ လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) နှင့် လက်နက်ကိုင် တော်လှန်ရေးအစုအဖွဲ့များနှင့် ပတ်သက်၍ သတင်းမီဒီယာ၏ အခန်းကဏ္ဍကို ဆွေးနွေးကြရာတွင် မျိုးဆက်ဟောင်း သတင်းမီဒီယာသမားများကိုသာ အလေးပေးလေ့ရှိတတ်ကြသည်။ မျိုးဆက် သစ်သတင်းမီဒီယာသမားတို့၏ အသံများကို ကြားရလေ့မရှိပေ။ ၎င်းတို့သည် မြန်မာ့နိုင်ငံရေးတံခါးဖွင့်ချိန်မှ သာ သတင်းမီဒီယာလောကထဲသို့ ဝင်ရောက်ခဲ့ကြခြင်းဖြစ်ရာ ဝါရင့်သတင်းမီဒီယာသမားများကဲ့သို့ ရာစုနှစ်တစ်ဝက်နီးပါးကြာသော စစ်အုပ်ချုပ်ရေးအောက်က ဖိနှိပ်ချုပ်ချယ်မှုရှိသည့် လုပ်ငန်းခွင်အခြေအနေများ နှင့် ပြည်ပြေးအခြေအနေအမျိုးမျိုးတို့ကို တွေ့ကြုံခံစားခဲ့ရခြင်းမရှိပါ။ မကြာသေးမီက အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ယင်းနဖူးတွေ့ဒူးတွေ့အခြေအနေက လူငယ်သတင်းမီဒီယာသမားများအတွက် အတွေ့အကြုံအသစ်များ ဖန်တီးပေးခဲ့သည်။ ဤလူငယ်သတင်းမီဒီယာသမားများ၏ အတွေ့အကြုံသည် ပဋိပက္ခဒေသအခြေပြု သတင်းစာပညာဆိုင်ရာ သုတေသနစာပေများတွင် လေ့လာဆွေးနွေးလေ့ရှိသော သတင်းမီဒီယာသမားများ၏ အတွေ့အကြုံတို့နှင့် မည်သို့မည်ပုံကွာခြားသည်ကို နှိုင်းယှဉ်လေ့လာမှုပြုလုပ်ရန်လည်း ဤစကားဝိုင်းက မိမိတို့ကို လှုံ့ဆော်ခဲ့သည်။ မြန်မာနိုင်ငံ၏ မျိုးဆက်ဟောင်းနှင့် မျိုးဆက်သစ်သတင်းမီဒီယာသမားနှစ်မျိုးစလုံး၏ ဖြစ်ရပ်တွင် Al-Ghazzi ၏ စိတ်ပိုင်းဆိုင်ရာ ရင်းနှီးထိစပ်မှု (affective proximity)အယူအဆက သတင်းမီဒီယာသမားများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အတွေးအမြင်များကို သိရှိနားလည်စေသည်။7 ဤအယူအဆအရ အကြမ်း ဖက်မှုဖြစ်ပေါ်နေသည့် အခြေအနေတွင် သတင်းစာပညာ၏ ‘ဓမ္မဓိဋ္ဌာန်ကျမှု’ ကို အကဲဖြတ်သောအခါ အစီရင်ခံသည့် အဖြစ်အပျက်များအပေါ် စိတ်ခံစားမှု ကင်းရမည် ဟူသော ရှုထောင့်မှ ချဉ်းကပ်ခြင်းထက် သတင်းမီဒီယာသမားများသည်လည်း အကြမ်းဖက်မှု၏ အကျိုးဆက်များနှင့် ၎င်းအကျိုးဆက်များကြောင့် ဖြစ်ပေါ်လာသော စိတ်ခံစားမှုတို့နှင့်လည်း ရင်းနှီး ထိစပ်မှုရှိသည်ကို အသိအမှတ်ပြုခြင်းဖြစ်သည်။ အဆိုပါ အဖြစ်အပျက်များအပေါ် စိတ်ခံစားမှုကင်းရမည်ဟူသော အမြင်ရှုထောင့်သည် နိုင်ငံတကာ သတင်းတင်ဆက်မှုများတွင်လည်းကောင်း၊ ကမ္ဘာ့သတင်းစာပညာရပ်ဆိုင်ရာ စာပေများတွင်လည်းကောင်း လွှမ်းမိုးထားဆဲဖြစ်သည်။ ယင်းနှစ်ခုစလုံးကို ပုံဖော်ရာတွင် တိုင်းတစ်ပါးသားသတင်းထောက်တို့က ၎င်းတို့နှင့် အလွန်အလှမ်းဝေး၍ အကျွမ်းတဝင်မရှိသော အခြေအနေတွင် ၎င်းတို့၏ အမြင်ရှုထောင့်များကို အခြေခံ၍သာ ပုံဖော်ထားခြင်းပင်ဖြစ်သည်။8
စကားဝိုင်း၌ ပါဝင်ဆွေးနွေးခဲ့သော သတင်းမီဒီယာသမားငါးဦးတို့သည် ၎င်းတို့အနေဖြင့် မည်သို့မည်ပုံနှင့် မည်သည့်အတွက်ကြောင့် မြန်မာသတင်း မီဒီယာလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်ဖြစ်ခဲ့ကြပုံ၊ ၎င်းတို့၏ အလုပ်အကိုင်အပေါ် အာဏာသိမ်းမှု၏ အကျိုးသက်ရောက်မှု၊ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးတွင် သတင်းမီဒီယာသမားများအနေဖြင့် မည်သို့သော အခန်းကဏ္ဍမှ ပါဝင်နေကြပုံနှင့် ၎င်းတို့၏ စိတ်ကူးစိတ်သန်းထဲက ပြန်လည်ပုံဖော်ထားသော မြန်မာနိုင်ငံထဲက ၎င်းတို့တည်ဆောက်ချင်သော သတင်းမီဒီယာကဏ္ဍပုံစံတို့ကို ဆွေးနွေးခဲ့ကြသည်။ မိမိတို့သည် ဤစကားဝိုင်းကို စီစဉ်သူနှင့် မော်ဒရိတ်တာများဖြစ်သည့်အလျောက် ၎င်းတို့၏ အဖြစ်အပျက်များကို နားထောင်ရခြင်းက မိမိတို့အတွက် အထူးအခွင့်အရေးပင်ဖြစ်သည်။ ထိုအဖြစ်အပျက်များကို ပြန်လည်ရေးသားပြုစုရန်နှင့် အချို့အကြောင်းအရာများတွင် ၎င်းတို့၏ ပြောစကားများကို တိုက်ရိုက်ကိုးကားနိုင်ရန်လည်း မိမိတို့အား ခွင့်ပြုပေးခဲ့ကြသည်။9 အာဏာသိမ်းမှုနှင့်အတူ ဖြစ်ပေါ်လာသော စိန်ခေါ်မှုများကို ရင်ဆိုင်တုံ့ပြန်ဖို့ လိုအပ်လာသည့်အတွက် ၎င်းတို့၏ တစ်ကိုယ်ရည်အသက်ရှင်သန်ရေးနည်းလမ်းများနှင့် အလုပ်အကိုင်တို့ကို ပြန်လည်သုံးသပ်ခဲ့ရသည်။ ထိုသို့ဆောင်ရွက်နေရင်းနှင့်ပင် ၎င်းတို့သည် ခေါင်းဆောင်များအဖြစ်လည်းကောင်း၊ တွေးခေါ်သုံးသပ်သူများ အဖြစ်လည်းကောင်း ကြီးထွားရင့်ကျက်လာကြကာ အပြောင်းအလဲကို ပုံဖော်ရန်၊ ဦးတည်ဆောင်ရွက်ရန်နှင့် တောင်းဆိုရန်အတွက် ၎င်းတို့၏ စွမ်းရည်များကို စုပေါင်းအင်အားအဖြစ် စုစည်းခဲ့ကြသည်။ ၎င်းတို့၏ဘဝတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အနှောင့်အယှက်များနှင့် တွေ့ကြုံရပြီး လူငယ်သတင်းမီဒီယာသမားများအဖြစ် ထွက်ပြေးတိမ်းရှောင်ခဲ့ရသော်လည်း ၎င်းတို့၏ တုံ့ပြန်ဆောင်ရွက်မှုတို့ကိုကြည့်ခြင်းအားဖြင့် ၎င်းတို့တွင် ပရော်ဖက်ရှင်နယ်ဆန်သော သတင်းစာပညာနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့ကို ဖော်ဆောင်ရန်အတွက် ပြင်းထန်သော ယုံကြည်ချက်နှင့် သံန္နိဌာန်များရှိသည်မှာ သိသာထင်ရှားနေပေသည်။ ထို့အပြင် ပိုမိုကောင်းမွန်သော တစ်စုံတစ်ရာကို တည်ဆောက်လိုပြီး ၎င်းတို့နိုင်ငံ၏ မီဒီယာဖိနှိပ်မှုသမိုင်းကို ကျော်လွှားလိုသော ဆန္ဒရှိခြင်းကြောင့် ၎င်းတို့၏ သတင်းမီဒီယာအလုပ်များကို ဆက်လက်လုပ်ကိုင်ရန်အတွက် သံန္နိဌာန်ချထားကြသည်ကိုလည်း တွေ့နိုင်ပေသည်။
မြန်မာနိုင်ငံ၏ ဝရုန်းသုန်းကား သတင်းမီဒီယာသမိုင်း
မြန်မာနိုင်ငံ၏ ဝရုန်းသုန်းကာ သတင်းမီဒီယာသမိုင်းနောက်ခံကို လေ့လာခြင်းဖြင့် လက်ရှိ အာဏာသိမ်းပြီးနောက်ပိုင်း သတင်းမီဒီယာကဏ္ဍကို နားလည်နိုင်ပေမည်။ မြန်မာနိုင်ငံ၏ သတင်းမီဒီယာသမိုင်းသည် ဗြိတိသျှအုပ်ချုပ်မှုအောက်နှင့် လွတ်လပ်ရေးရရှိသော ၁၉၄၈ ခုနှစ်တို့တွင် အစပြုခဲ့ပြီး စစ်တပ်၏ ရာစုနှစ်တစ်ဝက်အကြာ အုပ်ချုပ်မှုကာလအထိလည်းကောင်း၊ ထို့နောက် လွန်စွာချီးကျူးဖွယ်ကောင်းသော ဆယ်စုနှစ်ကြာ ‘နိုင်ငံတံခါးဖွင့်သည့်’ ကာလနှင့် ထိုကာလ ရုတ်ခြည်းအဆုံးသတ်သွားသော ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁ ရက်နေ့ကာလအထိဖြစ်သည်။ ဗြိတိသျှကိုလိုနီတို့သည် မြန်မာနိုင်ငံ၏ အစောဆုံးသော သတင်းမီဒီယာတိုက်ကို ၁၈၄၂ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ယင်းနောက် ၁၈၅၇ ခုနှစ်တွင် ပထမဆုံးသော ဆင်ဆာဥပဒေကို ပြဋ္ဌာန်းခဲ့သည်။10 သတင်းလွတ်လပ်ခွင့်အတွက် အခိုင်အမာ စည်းရုံးလှုံ့ဆော်သူဖြစ်သော မင်းတုန်းမင်းက ၁၈၇၃ ခုနှစ်တွင် တိုင်းရင်းသား သတင်းစာတိုက်ဥပဒေကို ပြဋ္ဌာန်း ခဲ့သည်။11 ၁၉၂၀ နှင့် ၁၉၃၀ ပြည့်နှစ်ကာလများတွင် အမျိုးသားလွတ်လပ်ရေး ကြိုးပမ်းမှုတို့က မြန်မာသတင်းမီဒီယာကို ရယ်ဒီကယ် (radical) ဆန်လာစေ ခဲ့ပြီး12 မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်မူ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပြဋ္ဌာန်းပေးခဲ့သည်။ ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း တိုတောင်းသည့် ကာလအပိုင်းအခြားတွင် ဒီမိုကရေစီနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့ စုံလင်ပြည့်ဝခဲ့ပြီး နေ့စဉ်သတင်းစာပေါင်း ၃၀ ကျော်ကို လည်ပတ်နေခဲ့ခြင်းဖြင့် မြန်မာနိုင်ငံသည် အာရှတစ်ခွင် အတက်ကြွဆုံးသော မီဒီယာကဏ္ဍများရှိသည့် နိုင်ငံများထဲမှ တစ်နိုင်ငံအဖြစ် ဂုဏ်သတင်းထုံသင်းခဲ့ပေသည်။13 တစ်ချိန်တည်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့ (EAOs) ထိန်းချုပ်သော နယ်စပ်ဒေသများတွင်လည်း တိုင်းရင်းသားဘာသာစကားဖြင့် ရေးသားထုတ်ဝေသော ဂျာနယ်များပေါ်ထွက်လာခဲ့သည်။14 သို့ပေသည့် ၁၉၅၀ ပြည့်နှစ်များတွင်မူ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းလွတ်လပ်ခွင့်တို့ ခြိမ်းခြောက်ခံခဲ့ရပြီး ၁၉၆၂ တွင် ဗိုလ်ချုပ်နေဝင်းက အာဏာသိမ်းကာ နှစ် ၅၀ နီးပါးရှည်ကြာသော စစ်အုပ်ချုပ်ရေးကို အစပြုခဲ့လေသည်။
အာဏာသိမ်းပြီးနောက် တက်လာသော စစ်အစိုးရအသစ်က ရှိရင်းစွဲ သတင်းမီဒီယာဥပဒေများကို ရုပ်သိမ်းခြင်း၊ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေကို ပြဋ္ဌာန်း၍ တင်းကြပ်သော မီဒီယာဆင်ဆာစိစစ်ဖြတ်တောက်မှုတို့ ဆောင်ရွက်ခြင်း၊ နိုင်ငံပိုင် သတင်းစာနှစ်စောင်ကို ဖန်တီးထုတ်ဝေခြင်း၊ ပုဂ္ဂလိကပိုင် ပုံနှိပ်ထုတ်ဝေမှုများကို နိုင်ငံပိုင်ပြုလုပ်ခြင်း၊ ပုဂ္ဂလိက သတင်းစာများကို တားမြစ်ပိတ်ပင်ခြင်း၊ သတင်းထောက်များနှင့် သတင်းစာအယ်ဒီတာများအား ဖမ်းဆီးအကျဉ်းချခြင်းတို့ကို ဆောင်ရွက်ခဲ့လေတော့သည်။15 ဆက်လက်ရပ်တည်နိုင်ခဲ့သော ပုံနှိပ်ထုတ်ဝေမှုအများစုမှာ ဗိုလ်ချုပ်နေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ အာဘော်များသာ ဖြစ်သည်ဟု အများက ယူဆထားကြသည်။16 ၁၉၇၄ ခုနှစ်တွင် ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်က “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်” အရ “လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်” ကို ထိန်းချုပ်ကန့်သတ်၍ နာမည်ပျက်စာရင်း၌ပါရှိသော စာရေးဆရာအများအပြားကိုလည်း ပုံနှိပ်ထုတ်ဝေခွင့် ပိတ်ပင်တားမြစ်ခဲ့သည်။17 ရုပ်သံထုတ်လွှင့်ရေးမှာမူ နိုင်ငံပိုင်အဖြစ်သာ ဆက်လက်တည်ရှိနေခဲ့သည်။
ထို့နောက် ၁၉၈၈ ခုနှစ်တွင် ကျောင်းသားထုတို့ ဦးဆောင်သော ဆန္ဒပြ မှုများ တစ်နိုင်ငံလုံးအနှံ့ ပေါ်ပေါက်ခဲ့လာပြီးနောက်မှာတော့ လွတ်လပ်ခွင့်တို့မှာ အချိန်ကာလအားဖြင့် တိုတောင်းသော်လည်း ပိုမိုတိုးတက်လာခဲ့သည်။ ယင်းကို ဒီမိုကရေစီနွေဦးဟု လူသိများခဲ့ကြသည်။ ဒါဇင်နှင့်ချီသော ဆန်းစစ်ဝေဖန်ရေးသတင်းများ ရေးသားထုတ်ဝေသည့် ပုဂ္ဂလိကပိုင် ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းတို့မှာ မြန်မြန်ဆန်ဆန်ပင် ပေါ်ထွက်လာခဲ့ကြသည်။18 သို့သော်လည်း နောက်တစ်ကြိမ် အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ပြီးနောက်မှာတော့ သတင်းဆိုးဖြင့် ကျော်ကြားသော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က အာဏာရယူခဲ့ပြန်သည်။ ထိုစစ်အစိုးရအသစ်က စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်းနှင့် တင်းကြပ်သော ဆင်ဆာစိစစ်ဖြတ်တောက်မှုတို့ကို ပြဋ္ဌာန်းခြင်း၊ ဆန္ဒပြပွဲများနှင့် ပုဂ္ဂလိကပိုင် သတင်းစာတို့ကို ပိတ်ပင်တားမြစ်ခြင်း၊ သတင်းအယ်ဒီတာများ၊ သတင်းထောက်များနှင့် စာရေးဆရာများအား ဖမ်းဆီးအကျဉ်းချခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။19 ခန့်မှန်းခြေအရ လူပေါင်း ၃၀၀၀ ခန့် သတ်ဖြတ်မှုခံခဲ့ရပြီး လူပေါင်း ၃၀၀၀ ခန့်မှာ အကျဉ်းချခံခဲ့ရသည်။ လူပေါင်း ၁၀,၀၀၀ ခန့်မှာ နယ်စပ်ဒေသတစ်လျှောက်ရှိ တိုင်းရင်းသားထိန်းချုပ်နယ်မြေများသို့ လည်းကောင်း၊ ပြည်ပသို့လည်းကောင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။20 ၎င်းတို့ထဲမှ အချို့မှာမူ မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ပြည်ပရောက် သတင်းမီဒီယာဌာနများကို တည်ထောင်ခဲ့ကြသည်။
ထိုကာလတွင် မီဒီယာဖိနှိပ်မှုမှာ အင်မတန်ဆိုးဝါးခဲ့သော်လည်း မြန်မာ ပြည်သူများသည် နိုင်ငံပိုင်သတင်းဌာနမဟုတ်သော သတင်းများအား နားဆင်ကြည့်ရှုနိုင်သည့် နည်းလမ်းများကို ရှာဖွေနိုင်ခဲ့သည်။ ဥပမာ – BBC၊ VOA နှင့် Radio Free Asia ကဲ့သို့သော နိုင်ငံတကာ အသံလွှင့်ဌာနများ၊21 ပြည်တွင်းထဲသို့ မှောင်ခိုဝင်ရောက်လာသော နိုင်ငံခြားသတင်းရုပ်သံ ဗီဒီယိုတိပ်ခွေများ၊22 တိုင်းရင်းသားထိန်းချုပ်နယ်မြေရှိ သတင်းမီဒီယာဌာနငယ်များ၏ သတင်းများနှင့် ၁၉၈၈ ခုနှစ်တွင် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ကျောင်းသားတို့ တည်ထောင်ခဲ့သည့် ပြည်ပရောက် သတင်းမီဒီယာဌာနများ၏ ထုတ်လွှင့်မှု စသည်တို့ဖြစ်သည်။23 ပြည်တွင်းတွင်မူ ၁၉၉၀ ပြည့်နှစ်များတွင် လစဉ်ထုတ်ဝေသော ပုဂ္ဂလိကပိုင် ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းတို့ ပေါ်ပေါက်လာခဲ့သည်။ ဆင်ဆာဖြတ်တောက်မှုကို ရှောင်ရှားနိုင်ရန်အတွက် အလင်္ကာနှင့် အထေ့အငေါ့ အရေးအသားတို့ကို အသုံးပြုခဲ့ရသည်။ ယင်းတို့သည် ၂၀၀၀ ပြည့်နှစ် အစောပိုင်းက ပေါ်ပေါက်ခဲ့သော အပတ်စဉ်ပုံနှိပ်ထုတ်ဝေမှုများနှင့် ၂၀၀၀ ပြည့် နှစ်အလယ်ပိုင်းက ပေါ်ပေါက်ခဲ့သော အပတ်စဉ်သတင်းစာများ၏ ရှေ့ပြေးများ ဖြစ်ကြသည်။24
စစ်အာဏာရှင်၏ ဒီမိုကရေစီလမ်းပြမြေပုံ (၇) ချက်အရ ပေါ်ပေါက်လာခဲ့သော လွန်စွာချီးကျူးဖွယ်ရာ ဆယ်စုနှစ်ကြာ နိုင်ငံရေးတံခါးဖွင့်သည့် ၂၀၁၁-၂၀၂၂ ကာလ (နောက်ဆုံးစစ်အစိုးရနှင့် လက်ရှိစစ်အစိုးရကြားကာလ) အစတွင် သတင်းမီဒီယာကဏ္ဍမှာ သက်ဝင်လှုပ်ရှားမှုရှိခဲ့သော်လည်း လွန်စွာပင် ကန့်သတ်ခံခဲ့ရသည်။ ခန့်မှန်းခြေအားဖြင့် ပုဂ္ဂလိကပိုင် အပတ်စဉ်နှင့် လစဉ်ထုတ်ဂျာနယ်နှင့် မဂ္ဂဇင်း ၂၀၀ ခန့်မှာ သတင်းများ၊ အားကစားနှင့် လူမှုနေထိုင်မှုပုံစံတို့ကို ရေးသားထုတ်ဝေခဲ့သည်။ ၎င်းတို့အများစုမှာ အဆင့်မြင့် စစ်တပ်အရာရှိများနှင့် ဆက်စပ်မှုရှိကြသည်။ မည်သို့ပင်ဆိုစေကာမူ ရေးသားထုတ်ဝေခြင်း မပြုမီတွင် ဆင်ဆာဖြတ်တောက်မှုနှင့် လုံးထွေးသတ်ပုတ်ခဲ့ကြရသည်။25 ရုပ်သံထုတ်လွှင့်ရေးကဏ္ဍကိုမူ စစ်တပ်ကကျောထောက်နောက်ခံပြုသော အစိုးရ၊ စစ်တပ်နှင့် ခရိုနီစီးပွားဖက်တို့က ထိန်းချုပ်ခဲ့ကြသည်။ ဆက်သွယ်ရေးကဏ္ဍမှာ တိုးတက်မှုမရှိဘဲ တယ်လီဖုန်း ဆင်းမ်ကတ်များမှာလည်း အဆမတန် ဈေးကြီးသဖြင့် အင်တာနက်သုံးစွဲနိုင်သည့် လူဦးရေမှာ လူဦးရေ စုစုပေါင်း၏ ၁ ရာခိုင်နှုန်းခန့်သာ ရှိခဲ့သည်။26
၂၀၁၂ ခုနှစ်အစောပိုင်းတွင် စစ်တပ်က ကျောထောက်နောက်ခံပြုသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ အရပ်သားတစ်ပိုင်း အစိုးရက သတင်းမီဒီယာ ပြုပြင်ပြောင်းလဲရေးအစီအစဥ်ကို အဆိုတင်သွင်းခဲ့ရာ သတင်းမီဒီယာသမားများနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ တက်ကြွလှုပ်ရှားသူအများအပြားက လက်ခံကြိုဆိုခဲ့ကြသည်။ ထို့နောက် ပုံနှိပ်ထုတ်ဝေခြင်းမပြုမီ ဆင်ဆာစိစစ်ဖြတ်တောက်မှုစနစ်ကို ဖျက်သိမ်းပြီး27 ဆက်သွယ်ရေးကဏ္ဍအပေါ် တင်းကြပ်မှုတို့ကို ဖြေလျှော့လိုက်ရာ28 တယ်လီဖုန်းဆင်းကတ်များကို ကျယ်ကျယ်ပြန့်ပြန့်နှင့် ဈေးသက်သက်သာသာ ဝယ်ယူနိုင်စေခဲ့သည်။ အနည်းဆုံးတော့ မြို့ပြဒေသများတွင် အင်တာနက်နှင့် ဒီဂျစ်တယ် ဆက်သွယ်ရေးနည်းပညာတို့အပေါ် လက်လှမ်းမီနိုင်မှုက တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။ နိုင်ငံတကာ သတင်းမီဒီယာအေဂျင်စီများမှာလည်း ပြည်တွင်းတွင် ၎င်းတို့၏ ရုံးခန်းများကို ဖွင့်လှစ်လာကြသည်။ ပြည်ပရောက်သတင်း မီဒီယာအများစုသည်လည်း ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာကြသည်။ နိုင်ငံအနှံ့ရှိ ရှိရင်းစွဲသတင်းမီဒီယာဌာနများ တိုးပွားလာပြီး ပုဂ္ဂလိကပိုင် အမှီအခိုကင်းသော သတင်းမီဒီယာဌာနအသစ်များကိုလည်း မြန်မာဘာသာစကား အပါအဝင် တိုင်းရင်းသား ဘာသာစကားတို့နှင့်ပါ တည်ထောင်ခဲ့ကြသည်။ သတင်းမီဒီယာကဏ္ဍကို ကူညီထောက်ပံ့သော အသစ်၊ အဟောင်း သတင်းမီဒီယာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းများနှင့် နိုင်ငံတကာအလှူရှင်အဖွဲ့အစည်းများလည်း ပိုမိုများပြားလာခဲ့သည်။29
သို့သော်လည်း နိုင်ငံရေးတံခါးဖွင့်ခြင်းမှာ အစကတည်းကပင် မူမမှန်၊ ထိ လွယ်ရှလွယ်၍ မသေချာ၊ မရေရာဖြစ်ဟန်တူသည်။ ၂၀၁၄ ခုနှစ်တွင် USDP ပါတီက သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် တို့ကို ပြန်လည်လျှော့ချခဲ့သည်။ Committee to Protect Journalists အဖွဲ့၏ အဆင့်သတ်မှတ်ချက်အရ မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် ဆင်ဆာစိစစ် ဖြတ်တောက်မှုအမြင့်ဆုံးသော (၁၀) နိုင်ငံစာရင်းတွင် ပါဝင်လာခဲ့သည်။30 ၂၀၁၆ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် (NLD) အာဏာရလာသောအခါ ပြုပြင်ပြောင်းလဲမှုများ ထပ်မံလုပ်ဆောင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော် အစိုးရအသစ်က အမှီအခိုကင်းသော သတင်းမီဒီယာဖွံ့ဖြိုးတိုးတက်ရေး သို့မဟုတ် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့ကို ဦးစားပေးမှု မရှိခဲ့ပေ။ ယင်းအစား သတင်းထောက်များနှင့် ဝေဖန်သူများကို ရေငုံနှုတ်ပိတ်ရန်အတွက် ဥပဒေများ ပြဋ္ဌာန်းခြင်း၊ နိုင်ငံပိုင် သတင်းမီဒီယာများအတွက် အထူးအခွင့်အရေးများ ဆက်လက်ထားရှိခြင်းအပါအဝင် အစိုးရနှင့် စီးပွားဖက်များအကြားတွင် အားကောင်းသော ဖက်စပ်လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့သည်။
သို့သော် ၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာအကျပ်အတည်း ပေါ်ပေါက်ခဲ့ချိန်မှာတော့ ယင်းကိစ္စရပ်အပေါ် စစ်တပ်၊ NLD ပါတီနှင့် အမှီအခိုကင်းသော သတင်း မီဒီယာတို့၏ တုံ့ပြန်မှုပုံစံတို့က သတင်းမီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းထောက်ဆိုင်ရာ ကျင့်ဝတ်များနှင့် ပရော်ဖက်ရှင်နယ်ဆန်မှု အစရှိသော နိုင်ငံရေးတံခါးဖွင့်ခြင်း၏ အခြေခံအုတ်မြစ်တို့ကို စမ်းသပ်စစ်ဆေးခဲ့လေသည်။31 ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှုက ဆယ်စုနှစ်များစွာအတွင်းတွင် မကြာခဏဖြစ်ပေါ်ခဲ့သော်လည်း ၂၀၁၇ ခုနှစ်၊ ဩဂုတ်လတွင် ရိုဟင်ဂျာခွဲထွက်ရေးအဖွဲ့တစ်ခုက အစိုးရစစ်တပ်၏ တပ်စခန်းကို တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်က တန်ပြန်အနေဖြင့် ရိုဟင်ဂျာများအပေါ် စစ်ရေးအရကျယ်ကျယ်ပြန့်ပြန့် အကြမ်းဖက်ဖြိုခွင်းခဲ့ရာ ရိုဟင်ဂျာဒုက္ခသည်ပေါင်း ၇၀၀,၀၀၀ ကျော်မှာ မြန်မာနိုင်ငံကနေ ထွက်ပြေးခဲ့ကြရသည်။ ဆိုးဝါးပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများရှိသည့်အတွက် ကုလသမဂ္ဂက ထိုအကြမ်းဖက်မှုအပေါ် ပြစ်တင်ရှုတ်ချခဲ့ပြီး အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် ထိပ်တန်းစစ်ဘက်ခေါင်းဆောင်များကိုလည်း ရိုဟင်ဂျာ အပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သည့်အတွက် စုံစမ်းစစ်ဆေးမှုပြုလုပ် ရန် တိုက်တွန်းခဲ့သည်။32 NLD အစိုးရနှင့် အာဏာရခေါင်းဆောင် ဒေါ်အောင်ဆန်းစစ်ကြည်တို့မှာ အစောပိုင်းတွင် နှုတ်ဆိတ်နေခဲ့ပြီး နောက်ပိုင်းတွင် စစ်တပ်၏ အကြမ်းဖက်မှုတို့ကို ခုခံကာကွယ်ပေးသည့်အတွက် ဝေဖန်ခံခဲ့ရသည်။ ၂၀၁၉ ခုနှစ်၊ ဇွန်လတွင် NLD အစိုးရက ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် ကမ္ဘာ့ အရှည်ကြာဆုံးသော အင်တာနက်ဖြတ်တောက်မှုကို စတင်ခဲ့သည်။33 ရိုဟင်ဂျာလူမျိုးများအပေါ် စစ်တပ်၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့် ပတ်သက်၍ သတင်းများ ရေးသားသည့်အတွက်လည်း ရိုက်တာသတင်းဌာန၏ သတင်းထောက်နှစ်ဦးကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်းဆီး၍ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ တွင် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ဤဖြစ်ရပ်က စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုနှင့် အတူ သတင်းလွတ်လပ်ခွင့်နှင့် သတင်းထောက်များ၏ လုံခြုံရေးတို့ကို အကာအကွယ်မပေးနိုင်ခဲ့သော အစိုးရ၏ ပျက်ကွက်မှုတို့ကို မီးမောင်းထိုးပြနေသည်။34 ဤသို့သော စိန်ခေါ်မှုများနှင့် (အနောက်တိုင်းအလှူရှင်များ မကြာ ခဏပြောဆိုလေ့ရှိသော) ကျင့်ဝတ်ဆိုင်ရာ ကိစ္စရပ်များရှိသော်လည်း အမှီအခိုကင်းသော သတင်းမီဒီယာများမှာ ဤဝရုန်းသုန်းကားအခြေအနေကို ကျော်လွှားနိုင်ခဲ့သည်။ သို့သော် ဂုဏ်သတင်း ထိခိုက်ပျက်စီးခဲ့သည့် သတင်းမီဒီယာအချို့လည်း ရှိခဲ့သည်။35
အာဏာမသိမ်းမီကာလတွင် မြန်မာနိုင်ငံ၏ အမှီအခိုကင်းသော သတင်းမီဒီယာအခြေအနေသည် COVID-19 ၏ အကျိုးသက်ရောက်မှု အပါအဝင် စိန်ခေါ် မှုများ၊ ဝေဖန်မှုများနှင့် ကျင့်ဝတ်ဆိုင်ရာ ဒွိဟများစွာရှိခဲ့သော်လည်း ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်မှုရှိခဲ့သလို တောင့်တင်းခိုင်မာမှုလည်းရှိခဲ့သည်။ သို့သော် မိမိတို့၏ ၂၀၂၂ ဆွေး နွေးပွဲ၌ ပါဝင်ခဲ့သော စကားဝိုင်း ဆွေးနွေးသူများ၏ အတွေ့အကြုံများကို ပြန် လည်ရေးသားနေသည့်အချိန်တွင် စကားဝိုင်း၌ ပါဝင်သော အမျိုးသမီးသတင်း မီဒီယာသမားများနှင့်အတူ အခြားသော အမှီအခိုကင်းသည့် သတင်းမီဒီယာသမားတို့၏ အာဏာသိမ်းပြီးနောက်ပိုင်း တွေ့ကြုံရသော အခြေအနေတို့ကို ရှိရင်းစွဲ စာပေတို့တွင် လုံလုံလောက်လောက် ရေးသားပြုစုထားခြင်းမရှိသည်ကို တွေ့ရသည်။ ပဋိပက္ခဆိုင်ရာ သတင်းစာပညာ၊ မီဒီယာလေ့လာမှုနှင့် လူမှုလှုပ်ရှားမှုဆိုင်ရာ ဘာသာရပ်များတွင် အသုံးဝင်သော အယူအဆ၊ သဘောတရားများ ရှိသော်လည်း စစ်အာဏာရှင်တော်လှန်ရေး အခြေအနေတွင် ဤမီဒီယာသမားများ၏ တီထွင်ဖန်တီးနိုင်စွမ်းရှိမှုနှင့် မရေရာလှသော လုပ်အားတို့ကို လုံလောက်သင့်လျော်စွာ ဖော်ပြပေးနိုင်သည့် သီအိုရီမရှိသည်ကို တွေ့ရသည်။
တော်လှန်ရေးကာလတစ်ရပ်အတွင်းတွင် သတင်းမီဒီယာ၏ တီထွင်ဖန်တီးမှုရှိသော ပရော်ဖက်ရှင်နယ်လုပ်အား
The Art of Moral Protest တွင် James Jasper က ဤအကြောင်းအရာနှင့် ပတ်သက်၍ အစပျိုးပေးထားသည်။36 သူက တက်ကြွလှုပ်ရှားသူများနှင့် အနုပညာရှင်တို့ကို နှိုင်းယှဉ်၍ တီထွင်ဖန်တီးမှုရှိသော ဆန္ဒပြမှုနည်းလမ်းများကို လေ့လာဆန်းစစ်ခဲ့သည်။ ၎င်း၏အဆိုအရ တီထွင်ဖန်တီးမှုသည် တော်လှန်ရေးလုပ်အား၏ အရေးကြီးသော အစိတ်အပိုင်းဖြစ်ပြီး တီထွင်ဖန်တီးမှုရှိသော ဆန္ဒပြမှုနည်းလမ်းများက ကော်ပိုရေးရှင်းများကိုဖြစ်စေ၊ အစိုးရအစုအဖွဲ့များကိုဖြစ်စေ အကဲစမ်းနိုင်ကာ အခြား ရွေးချယ်နိုင်သော အာဏာအခင်းအကျင်းတို့ကို ကမ်းလှမ်းနိုင်မည်ဖြစ်သည်။ သတင်းမီဒီယာကို သတင်းစကားများ ဆက်သွယ် ဖြန့်ဝေပေးသော ဆက်သွယ်ရေးလမ်းကြောင်း တစ်ခုအနေနှင့်သာ မဟုတ်ဘဲ “မီဒီယာ၏ ကိုယ်စားပြုနိုင်မှုစွမ်းသည် လူ့အဖွဲ့အစည်း၏ အဓိကအင်အားစု များထဲမှ တစ်ခုအပါအဝင်ဖြစ်သည်” ဟု မိမိတို့ နားလည်ထားသည့်အလျောက် ဤစာတမ်းတွင် သတင်းမီဒီယာသမားများ၏ တီထွန်ဖန်တီးနိုင်မှုရှိသော လုပ်ဆောင်ချက်နှင့် လုပ်အားတို့ကို ဇောင်းပေးဖော်ပြခြင်းဖြစ်သည်။37 စကားဝိုင်းတွင် ပါဝင်သော သတင်းမီဒီယာသမားများသည် ဆုံးဖြတ်ချက်ချမှတ်ခြင်းတို့ကို တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့် မီဒီယာတိုက်များ၏ ကိုယ်စားအဖြစ်သော်လည်းကောင်း ဆောင်ရွက်ရသော်လည်း ၎င်းတို့သည် ပိုမိုကြီးမားကျယ်ပြန့်သော စုပေါင်းဆောင်ရွက်မှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် ကိုယ့်ကိုယ်ကို ခံယူထားကြသည်မှာ ထင်ရှားနေပြီး “လူမှုဖွဲ့စည်းတည်ဆောက်ပုံစနစ် (social order) ပေါ်ပေါက်ခြင်း၊ ပြန်လည်ဖော်ထုတ်ခြင်း၊ အသွင်ကူး ပြောင်းခြင်း” တို့ကို နည်းလမ်းမျိုးစုံဖြင့် ပါဝင်ပံ့ပိုးပေးနေပေသည်။38 သို့သော် မြန်မာနိုင်ငံ၏ လောလောလတ်လတ် ပြည်ပရောက် အမှီအခိုကင်းသည့် သတင်းမီဒီယာသမားများ၏ တီထွင်ဖန်တီးမှုရှိသော လုပ်အားက ၁၉၈၈ ခုနှစ် နောက်ပိုင်းက သတင်းမီဒီယာတို့၏ လုပ်အားနှင့် ကွဲပြားမှုရှိသည် (အချို့အခြေ အနေများတွင် ၎င်းတို့ သတင်းတိုက်များ၏ လက်ရှိပုံစံက ယခင်အစောပိုင်းပုံစံ များနှင့်ပင် ကွဲပြားမှုများရှိနေတတ်သည်)။ သတင်းမီဒီယာလုပ်ငန်းမှာ ကာလ နှစ်ခုလုံးတွင် မရေရာနိုင်လွန်းသော လုပ်ငန်းများဖြစ်သော်လည်း ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပေါ် တုံ့ပြန်လိုက်ရသော အမှီအခိုကင်းသည့် သတင်းမီဒီယာ သမားများကမူ ၎င်းတို့၏အလုပ်ကို ပရော်ဖက်ရှင်နယ်ဆန်သော အလုပ်အဖြစ် အတိအလင်း ခံယူသတ်မှတ် နားလည်ထားကြပေသည်။
ရှိရင်းစွဲ လူမှုဖွဲ့စည်းတည်ဆောက်ပုံစနစ် (social order) ကို တော်လှန်ရေးဆန်၍ တီထွင်ဖန်တီးမှုရှိသော လုပ်အားတို့မှတစ်ဆင့် ဖြိုဖျက်မည့်အစား မြန်မာနိုင်ငံ၏ ၂၀၂၁ နွေဦးတော်လှန်ရေးက ယင်းလူမှုအဖွဲ့အစည်းတည်ဆောက်ပုံစနစ်အပေါ် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော အင်အားသုံးတိုက်ခိုက်မှုတို့နှင့် ထို့ကြောင့် ထိုတည်ဆောက်ပုံစနစ်ပြိုဆင်းလာမှုကို ပြန်လည်တုံ့ပြန်ခြင်းသာဖြစ်သည်။ မြန်မာပြည်သူများသည် ၎င်းတို့၏ နိုင်ငံကို အသစ်တဖန် ပြန်လည်တည်ဆောက်နိုင်ဖို့ရန်အတွက် ဖျက်လိုဖျက်ဆီးလုပ်သော စစ်တပ်ကို ခုံခံကာကွယ်ရန်နှင့် ဖြုတ်ချရန် ဆောင်ရွက်ရလေသည်။ ဤသို့ဖြင့် တော်လှန်ရေးသည် မြန်မာနိုင်ငံ၏ “ပြင်ပအကူအညီ မပါဘဲ ကိုယ်တိုင်လည်ပတ်ဖြစ်ထွန်းနေသော” (self-generation) လူမှုဖွဲ့စည်း တည်ဆောက်ပုံစနစ်အတွက် ခုခံကာကွယ်ရေးဆန်၍ ခြေကုန်လက်ပန်းကျစရာဖြစ်သော်လည်း အကျိုးရှိသော အခိုက်အတန့်တစ်ခုဖြစ်သည်။39 Jasper က ဆန္ဒပြလှုပ်ရှားမှုတို့သည် လူမှုအဖွဲ့အစည်း၏ အစွန်အဖျား၌သာ လည်ပတ် သည်ဟု ဆိုသော်လည်း40 အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ ဆန္ဒပြ မှုများက ဤလူမှုအဖွဲ့အစည်းဆိုင်ရာ ပြန်လည်သုံးသပ်မှု၏ ဗဟိုချက်ဖြစ်နေပေသည်။ တော်လှန်ရေးအပေါ် တုံ့ပြန်ဆောင်ရွက်ရသော မြန်မာသတင်းမီဒီယာသမားများ၏ တီထွင်ဖန်တီးမှုရှိ၍ ပရော်ဖက်ရှင်နယ်ဆန်သောလုပ်အားမှာ မရေရာလှသော်လည်း သရုပ်ထင်သောအလုပ်ဖြစ်ပြီး ထိုအလုပ်ကို ဆောင်ရွက်နေရသော သတင်းမီဒီယာသမားများမှာ ပဋိပက္ခဖြစ်ပေါ်နေသော လူမှုအသိုက်အဝန်းများထဲက လူများပင်ဖြစ်သည်။ ဤလုပ်အားက မြန်မာနိုင်ငံ အတွက် အသစ်အသစ်သော အလားအလာများကို စိတ်ကူးမှန်းဆနိုင်ဖို့ရန်အတွက် အထောက်အကူပြုသည်ဖြစ်ရာ နိုင်ငံတော်အသစ် တည်ဆောက်ရန်အတွက် ပထမဆုံးသော ခြေလှမ်းတစ်လှမ်းပင်ဖြစ်လေသည်။
သို့ပေသည့် ဤအခြေအနေက ပရော်ဖက်ရှင်နယ်ဆန်မှုနှင့် တက်ကြွလှုပ် ရှားမှုတို့အကြား အားပြိုင်မှုကို ဖြစ်စေသည်။ ဤသို့သော စစ်အာဏာရှင်ကို တော်လှန်လိုသော သန္နိဌာန်နှင့် ပရော်ဖက်ရှင်နယ် သတင်းစာပညာကျင့်ဝတ်များကို စောင့်ထိန်းရမည်ဟူသော သန္နိဌာန်နှစ်ခုတို့အကြားက အားပြိုင်မှုတို့နှင့် ကြုံရသည်မှာ မြန်မာသတင်းမီဒီယာအတွက် ပထမဆုံးအကြိမ်တော့ မဟုတ်ပေ။ ပို၍ တည်ငြိမ်အေးချမ်းပြီး ဒီမိုကရေစီစနစ် ကျင့်သုံးသောနိုင်ငံများက နိုင်ငံတကာ အလှူရှင်များနှင့် သင်တန်းနည်းပြတို့မှာလည်း ဤရှုပ်ထွေးနက်ရှိုင်းသော မေးခွန်းနှင့်ပတ်သက်၍ ခေါင်းခဲနေရဆဲဖြစ်သည်။ ဥပမာ – အချို့သော သတင်းမီဒီယာ အလှူရှင်များနှင့် သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းများသည် ပြည်ပရောက် သတင်းမီဒီယာများကို ထောက်ပံ့ရာတွင် အများစုလက်ခံထားသော ဖရော်ဖက်ရှင်နယ်ဆန်မှုနှင့် ကျင့်ဝတ်စောင့်ထိန်းမှုဆိုင်ရာ သတ်မှတ်ချက်တို့ကိုအခြေခံ၍ ပံ့ပိုးပေးကြသည်။ ဒီမိုကရေစီဖြစ်ထွန်းရေးကို ဦးစားပေးသည့် အလှူရှင်များတွင်မူ ယင်းနှင့်ပတ်သက်၍ မတူညီသော အမြင်များနှင့် သတ်မှတ်ချက်များရှိနေတတ်ကြသည်။ ဤသည်မှာ အလှူရှင် အဖွဲ့အစည်းအကြားရှိ ကာလရှည်ကြာ ငြင်းခုံစရာကိစ္စတစ်ခု ဖြစ်နေပေသည်။ ပညာရှင်များကလည်း မြန်မာနိုင်ငံ၏ ကာလဒေသအခြေအနေတွင် “ကျင့်ဝတ် နှင့်ညီသော” သို့မဟုတ် “ပရော်ဖက်ရှင်နယ်ဆန်သော” ဟူသော စကားရပ်တို့ကို မည်သူက အဓိပ္ပါယ်ဖွင့်ဆိုသတ်မှတ်သနည်းဟူ၍ မေးခွန်းထုတ်မှုများရှိခဲ့ပါသည်။41 အချို့သော မြန်မာသတင်းမီဒီယာများအတွက် ပြည်ပထွက်ပြေးခိုလှုံခဲ့ရသော ပထမကာလအပိုင်းအခြားဖြစ်သည့် ၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလတွင် စတော့ဟုမ်းမြို့၌ ပြည်ပရောက် သတင်းမီဒီယာများ၏ တွေ့ဆုံဆွေးနွေးပွဲ (Independent Media in Exile Conference) ဟူသော ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့သည်။ ထိုဆွေးနွေးပွဲတွင်လည်း ဤအားပြိုင်မှုမှာ အဓိက ဆွေးနွေးငြင်းခုံစရာကိစ္စတစ်ခု ဖြစ်စေခဲ့သည်။ ထိုစဉ်က ကမ္ဘာ့စာ နယ်ဇင်းလွတ်လပ်ခွင့်ကော်မတီ (World Press Freedom Committee) ၏ ဥရောပကိုယ်စားလှယ်ဖြစ်သူ Ronald Koven က “အဖြစ်မှန်များကို အစီရင်ခံ တင်ပြခြင်းက နိုင်ငံရေးတက်ကြွလှုပ်ရှားမှု ပုံစံတစ်မျိုးပင်ဖြစ်သည်” ဟုဆိုကာ ဤအားပြိုင်မှုသည် မှားယွင်းသော အမြင်ကွဲမှုတစ်ခုသာဖြစ်သည်ဟု ထုတ်ဖော်ပြော ဆိုခဲ့သည်။42 တစ်နည်းအားဖြင့် ပရော်ဖက်ရှင်နယ်ဆန်မှု၊ ကျင့်ဝတ်နှင့်ညီမှုနှင့် ရိုးသားဖြောင့်မတ်မှုတို့ရှိခြင်းဖြင့် ပြည်ပရောက် သတင်းထောက်များသည် စစ်အာဏာရှင်ကိုတော်လှန်ရာတွင် မတူကွဲပြားသော ကိုယ်ပိုင်အခန်းကဏ္ဍမှ ပါဝင်နေကြ ပါသည်။ ဤအားပြိုင်မှုသည် မြန်မာသတင်းမီဒီယာသမား တော်တော်များများအတွက် အမှုထားစရာကိစ္စဖြစ်သည့်အားလျော်စွာ လျစ်လျူရှု၍ မရနိုင်ပါ။ သို့သော် ယင်းကို “ဓမ္မဓိဋ္ဌာန်ကျသော” အမြင်ရှုထောင့်မှနေ၍ တဖန်ပြန်လည်ဆွေးနွေးရန်မှာ မိမိတို့၏ ရည်ရွယ်ချက်မဟုတ်ပါ။ ဤသို့သော ထင်ရှားသည့် ဆွေးနွေးငြင်းခုံမှုကို ဆွေးနွေးမည်ဖြစ်သော်လည်း မိမိတို့ ဦးတည်ဆွေးနွေး မည်မှာ မိမိတို့၏ စကားဝိုင်း၌ ပါဝင်သော လူငယ်သတင်းမီဒီယာသမားများက ဥပမာပြခဲ့ပြီးဖြစ်သည့်အတိုင်း စစ်အာဏာသိမ်းမှုအပေါ်တွင် ပရော်ဖက်ရှင်နယ်ဆန်၍ အမှီအခိုကင်းသော သတင်းမီဒီယာတို့၏ တီထွင်ဖန်တီးမှုရှိရှိနှင့် တစ်စုတစ်စည်း တုံ့ပြန်မှုတို့ သာဖြစ်သည်။
“အော်တာနေးတစ် မီဒီယာ” ၊ “အော်တာနေးတစ် သတင်းစာပညာ” နှင့် “ရယ်ဒီကယ် မီဒီယာ” တို့အပေါ် ဇောင်းပေးသည့် သုတေသနတို့မှာ အသုံးဝင် သော်လည်း ၎င်းတို့မှာ မိမိတို့ အဓိကအလေးပေး ဆွေးနွေးမည့် အကြောင်းအရာများ မဟုတ်ပေ။ အော်တာနေးတစ်မီဒီယာနှင့် အော်တာနေးတစ် သတင်းစာပညာနှင့် ပတ်သက်သော ဆွေးနွေးမှုအများအပြားမှာ ပရော်ဖက်ရှင်နယ် အဆင့်မဟုတ်သော မီဒီယာများကို ဇောင်းပေးကြသည်။43 Atton & Hamilton တို့က အော်တာနေးတစ် သတင်းစာပညာအပေါ် ကောက်ချချက်ရာတွင် ယင်းသို့သော မီဒီယာသည် “ပင်မမီဒီယာအင်စတီကျူးရှင်းများနှင့် ကွန်ရက်များ၏ အပြင်ဘက်ကနေ ထုတ်လုပ်သော” မီဒီယာဖြစ်၍ “ဆန္ဒပြအုပ်စုများ၊ အစိုးရဆန့်ကျင်သူများနှင့် သမားရိုးကျမဟုတ်သော နိုင်ငံရေးအဖွဲ့အစည်းများအပါအဝင် အားပေးသူ ပရိသတ်များနှင့် ဝါသနာရှင်များ” ထုတ်လုပ်သော မီဒီယာများအထိပါ အကျုံးဝင်သည်။ ထိုမီဒီယာများကို လေ့ကျင့်သင်ကြားထားခြင်းမရှိသော “အပျော်တမ်းသမား” တို့က ထုတ်လုပ်၍ ၎င်းတို့ထဲမှ အများစုမှာ “သင်ကြားတတ်မြောက်ထားခြင်း သို့မဟုတ် ပရော်ဖက်ရှင်နယ် အရည်အချင်းတို့မရှိကြပေ”။44 Downing ကမူ ရယ်ဒီကယ်မီဒီယာကို အဓိပ္ပါယ်ဖွင့်ဆိုရာတွင် နိုင်ငံရေး အတွေးအမြင် တစ်စုံတစ်ရာကို ရည်ညွှန်းခြင်းမပြုဘဲ “ကြီးစိုးလွှမ်းမိုးမှုရှိသော မူဝါဒများ၊ ဦးစားပေးမှုများ၊ ရှုထောင့်များနှင့်ပတ်သက်၍ မတူညီသော အမြင် ရှုထောင့်များကို ဖော်ပြသည့် မီဒီယာတစ်မျိုးဖြစ်ပြီး ယေဘုယျအားဖြင့် အသေးစားမီဒီယာဖြစ်ကာ အခြားသော ပုံစံအမျိုးမျိုးဖြင့်လည်း တည်ရှိနေကြသည်” ဟူ၍ ဆိုထားပေသည်။45 ထိုမီဒီယာများသည်—
ယေဘုယျအားဖြင့် ပဓာနရည်ရွယ်ချက်နှစ်ရပ်ကို ဖော်ဆောင်ကြသည်။ (၁) အထက်အောက် အာဏာတည် ဆောက်ပုံ (power structure) နှင့် အာဏာစက်ရှိသူတို့၏ လုပ်ရပ်များအပေါ် ဆန့်ကျင်မှုကို တိုက်ရိုက်ပြသနိုင်ရန်နှင့် (၂ ) အာဏာစက်ရှိသူတို့၏ မူဝါဒများကို ဆန့်ကျင်ရာတွင်လည်းကောင်း၊ ထို့အပြင် အာဏာစက်ရှိသူတို့၏ ရှင်သန်ရပ်တည်နိုင်မှုကို ဆန့်ကျင်ရာတွင်လည်းကောင်း ကူညီထောက်ပံ့မှု၊ စည်းလုံးညီညွတ်မှုနှင့် ကွန်ရက်များကို တည်ဆောက်ပေးရန်တို့ဖြစ်သည်။46
ဤအယူအဆများက အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသော ပိုမိုကျယ်ပြန့်သည့် ဆက်သွယ်ရေးပုံစံများ၊ ဥပမာ “ဘလော့ဂ်များ၊ လူမှုကွန်ရက်စာမျက်နှာများ၊ လက်ကမ်းစာစောင်များနှင့် ပိုစတာများ၊ ဝါသနာအိုးများအတွက် ထုတ်လုပ်သော မဂ္ဂဇင်းများ၊ နံရံပန်းချီ (graffiti) နှင့် လမ်းပေါ်ပြဇာတ်ရုံ (street theater)၊ အမှီအခိုကင်းသော စာအုပ်ပုံနှိပ်ထုတ်ဝေခြင်းတို့အပြင် အမှီအခိုကင်းသော မှတ်တမ်းပုံနှိပ်ထုတ်ဝေခြင်း” တို့ကို လေ့လာရာတွင် ဆီလျော်မှုရှိပေသည်။47 ၁၉၈၈ ခုနှစ်က မီဒီယာများနှင့် ဆင်တူယိုးမှားဖြစ်နိုင်သော ထိုသို့သော မီဒီယာများတွင် နွေဦးတော်လှန်ရေးအတွက်ဖြစ်စေ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အတွက်ဖြစ်စေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအတွက်ဖြစ်စေ သို့မဟုတ် အခြားသော အစုအဖွဲ့များအတွက်ဖြစ်စေ ဆောင်ရွက်ပေးနေ၍ မိမိကိုယ်ကို တော်လှန်ရေးအသံအဖြစ် သတ်မှတ်ထားသော မီဒီယာတို့ ပါဝင်သည်။ သို့သော်လည်း ယင်းမီဒီယာတို့သည် မြန်မာနိုင်ငံ၏ အမှီအခိုကင်းသော သတင်းမီဒီယာများ သို့မဟုတ် မိမိတို့၏ စကားဝိုင်း၌ပါဝင်သော သတင်း မီဒီယာသမားတို့၏ သက်ဆိုင်ရာ ပရော်ဖက်ရှင်နယ်ဆန်သော သတင်းမီဒီယာ အဖွဲ့အစည်းတို့နှင့် အလားသဏ္ဌာန် ကွဲပြားပေသည်။
သတင်းအချက်အလက်နှင့် မီဒီယာအပေါ် ပြောင်းလဲလာသော အမြင်သဘောထားများ
အမှီအခိုကင်းသော သတင်းမီဒီယာသမားများ၏ အာဏာသိမ်းပြီးနောက်ပိုင်း တွေ့ကြုံရသော အတွေ့အကြုံများသည် ၁၉၈၈ မျိုးဆက်သတင်းမီဒီယာသမားတို့၏ အတွေ့အကြုံများနှင့် တူညီမှုရှိသလို ကွဲပြားမှုလည်းရှိသည်။ မျိုးဆက် နှစ်ခုစလုံးမှာ စစ်တပ်၏ အန္တရာယ်များမှ ရှောင်တိမ်းရန်အတွက် နိုင်ငံမှ ထွက်ပြေးခဲ့ရသည်။ ထိုသို့ ပြည်ပသို့ ထွက်ပြေးခိုလှုံရသည့် အခြေအနေတွင် မရေရာမှုအပါအဝင် အခွင့်အလမ်း အသီးသီးကိုလည်း တွေ့ကြုံခဲ့ရသည်။ သို့သော် မတူညီသော အနာဂတ်များအတွက် ဆောင်ရွက်ကြမည်ဟူသော ကတိကဝတ်ကို ချမှတ်ထားခဲ့ကြသည်။ ၁၉၈၈ အရေးအခင်းနှင့် နောက်ဆက်တွဲ ဖြိုခွင်းမှုတို့ဖြစ်ပေါ်ပြီးနောက်ပိုင်း ထွက်ပြေးတိမ်းရှောင်ရသော ကျောင်းသားများထဲတွင် အများစုမှာ မြန်မာနိုင်ငံ၏ လူများစုလူမျိုးဖြစ်သော ဗမာလူမျိုးတို့ဖြစ်ကြသည်။ ၎င်းတို့သည် တောတောင်နယ်စပ်ဒေသများရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) တို့နှင့် တွေ့ဆုံ၍ လက်တွဲခဲ့ကြသည်။ ထိုအချိန်အခါက ကျောင်းသားများနှင့် EAOs နှစ်ဖက်စလုံးသည် သတင်းမီဒီယာကို ဝါဒဖြန့်ချိရေးအတွက် အသုံးပြုသော နည်းလမ်းများအဖြစ်လည်းကောင်း၊ အချို့သော အတိုက်အခံ နိုင်ငံရေးအင်အားစုများ၏ အာဘော်ဖြန့်ချိပေးသူ သို့မဟုတ် အတိုက်အခံ နိုင်ငံရေးအင်အားစုများနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် မဟာ မိတ်များအဖြစ်လည်းကောင်း ရှုမြင်ခဲ့ကြသည်။48 ၎င်းတို့ တည်ထောင်ခဲ့သော သတင်းမီဒီယာများသည် တော်လှန်ရေးဆန်၍ တီထွင်ဖန်တီးမှုရှိသော လုပ်အား၏ ရလဒ်ဖြစ်ပြီး အများစုမှာ အဖွဲ့ငယ်လေးများဖြစ်၍ သတင်းစာပညာနှင့် ပတ်သက်၍ အတွေ့အကြုံမရှိသော သူများက ဖန်တီးတည်ထောင်ခဲ့ကြခြင်း ဖြစ်သည်။49 ၁၉၈၈ အလွန်ကာလတွင် မြန်မာသတင်းမီဒီယာတို့ကို အထောက်အပံ့များ ပံ့ပိုးပေးခဲ့သော ပြည်ပအလှူရှင်အဖွဲ့အစည်းတို့၏ ရည်ရွယ်ချက်တစ်ခုမှာ ကမ္ဘာတစ်ဝန်းလက်ခံထား၍ လွှမ်းမိုးမှုရှိသော သတင်းစာပညာဆိုင်ရာ စံချိန်စံညွှန်းဖြစ်သည့် “ဓမ္မဓိဋ္ဌာန်ကျမှု” နှင့်အညီ ဆောင်ရွက်သော သတင်းထောက်တို့နှင့် ပူးပေါင်း၍ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရန်ပင်ဖြစ်သည်။ တစ်ဖက်တွင် မြန်မာနိုင်ငံ၏ ပရော်ဖက်ရှင်နယ်ဆန်၍ အမှီအခိုကင်းသော သတင်းမီဒီယာတို့သည် အများအားဖြင့် ယင်းစံချိန်စံညွှန်းတို့နှင့်အညီ ဆောင်ရွက်ရန် ရည်ရွယ်ထားသော်လည်း ယင်းစံချိန်စံညွှန်းများ ပြုစုချမှတ်ခဲ့သော ဒေသများရှိ ကာလဒေသအခြေအနေများနှင့် အလွန်ကွဲပြားခြားနားသော အခြေအနေတွင် အလိုက်သင့် ပြင်ဆင်ရန် လိုအပ်သည်ကိုလည်း အသိအမှတ်ပြုကြသည်။ ထိုအခြေအနေတွင် ဧည့်သည်သင်တန်းနည်းပြ အများအပြားမှာလည်း ပရော်ဖက်ရှင်နယ်များဖြစ်လာခဲ့ကြသည်။50 ၁၉၈၈ ခုနှစ်နောက်ပိုင်း တွင် ပရော်ဖက်ရှင်နယ်သတင်းစာပညာနှင့် ပတ်သက်သော သင်တန်းများ စုပြုံ ပေါ်ပေါက်လာခြင်းနှင့်ပတ်သက်၍ မှတ်ချက်ပေးရာတွင် သက်ဆိုင်ရာ လူမှုအသိုက်အဝန်းအတွင်းဖြစ်ပေါ်နေသော အကြမ်းဖက်မှုတို့ကို ရေးသားအစီရင်ခံခြင်းဖြင့် အချိန်ကုန်ဆုံးနေရသော ဖူးသစ်စ တိုင်းရင်းသား သတင်းမီဒီယာ51 တို့က တင်းကျပ်သော သတင်းစာပညာဆိုင်ရာ “ဓမ္မဓိဋ္ဌာန်ကျမှု” အပေါ်မေးခွန်းထုတ်ခဲ့ပြီး52 ပဋိပက္ခဒေသများမှလာသော သင်တန်းနည်းပြများကို လိုအပ်ကြောင်း အသားပေးပြောဆိုခဲ့သည်။53
ဤစံချိန်စံညွှန်းတို့သည် အရေးကြီးသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင်မူ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ရသည်။ အကြောင်းမှာ သတင်းထောက်တို့သည် ပရော်ဖက်ရှင်နယ်ပီသဖို့ရန်နှင့် နွေဦးတော်လှန်ရေး အောင်မြင်ဖို့ရန်ကို တစ်ပြိုင်တည်း အားထုတ်ဆောင်ရွက်နေရခြင်းကြောင့်ပင်ဖြစ်သည်။ ခေတ်နှစ်ခေတ်စလုံးက သတင်းထောက်များသည် စစ်အာဏာရှင်ကို ဆန့်ကျင်ရန်အတွက် သန္နိဌာန်ချထားကြသည်။ ၎င်းတို့သည် ၂၀၁၁ ခုနှစ်တုန်းက ဆီးရီးယားသတင်းထောက်တို့နှင့် အလားသဏ္ဌာန်တူပေသည်။ အနောက်နိုင်ငံမီဒီယာများက “အာရပ်နွေဦး” ဟု သုံးနှုန်းခဲ့ကြသော်လည်း ဆီးရီးယား သတင်းထောက်တို့က ၎င်းတို့နိုင်ငံ၏ ဆန္ဒပြပွဲများကို “တော်လှန်ရေး” ဟူ၍သာ ခိုင်ခိုင်မာမာ သုံးနှုန်းခဲ့ကြပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ရန်သန္နိဌာန်ချထားခဲ့ကြပါသည်။ ဆီးရီးယားသတင်းထောက်များအတွက်မူ “တော်လှန်ရေးဟူသော စကားလုံးသည် ယခင် သို့မဟုတ် လက်ရှိ အာဏာပိုင်ကို ဖြုတ်ချရေးကို ဆိုလိုခြင်းမဟုတ်ပေ။ ယင်းအစား … မဝေးတော့သောအနာဂတ်တွင် မျှော်မှန်းထားသည့် ဖြစ်ရပ်တစ်ခုဖြစ်ပေါ်လာရေးအတွက် သန္နိဌာန်ချမှတ်လုပ်ဆောင်မှု၏ သင်္ကေတတစ်ခုသာဖြစ်သည်။”54
၁၉၈၈ ခုနှစ်နောက်ပိုင်းကစ၍ ဆယ်စုနှစ်များစွာအကြာတွင် ပရော်ဖက်ရှင်နယ် သတင်းမီဒီယာများစွာ ပေါ်ပေါက်လာခဲ့သည်။ သတင်းမီဒီယာအများ အပြားသည်လည်း ပြည်ပမှ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အထောက်အပံ့ များကို ရရှိခဲ့ကြသည်။ ယနေ့အချိန်တွင် အမှီအခိုကင်းသော ဝါရင့်သတင်းထောက် အများအပြားကိုပျိုးထောင်ဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းတို့က မျိုးဆက်သစ်လူငယ် သတင်းမီဒီယာသမားများကို တဖန်ငှားရမ်း၍ လေ့ကျင့်ပေးခဲ့ကြသည်။ ယင်းထဲတွင် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင်လည်းကောင်း၊ အိန္ဒိယ၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများတွင် နယ်စပ်ဖြတ်ကျော်၍လည်းကောင်း၊ ပြည်ပနိုင်ငံ များတွင်လည်းကောင်း လည်ပတ်ဆောင်ရွက်နေသော ဗမာလူမျိုးဦးစီးသည့် ပိုမိုကြီးမားသော ပြည်ပရောက်သတင်းမီဒီယာများနှင့် ပိုမိုသေးငယ်သော တိုင်း ရင်းသားသတင်းမီဒီယာများ တို့ပါဝင်သည်။ ထို့အတူ စစ်အုပ်ချုပ်မှုကာလတွင် ပြည်တွင်း၌ ပေါ်ပေါက်လာသော သတင်းစာပညာလုပ်ငန်းတို့လည်း ပါဝင်သည်။ နိုင်ငံတံခါးဖွင့်သည့် ၂၀၁၁ ခုနှစ်ရောက်သောအခါ မီဒီယာရေစီးကြောင်းနှစ်ခု ပေါင်းစည်းသွား၍ သတင်းများ၊ ဝန်ထမ်းများ၊ ပရိသတ်များ၊ ကြော်ငြာများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ရန်ပုံငွေတို့အတွက် ယှဉ်ပြိုင်ကြရသည်။ ၂၀၂၁ အာဏာသိမ်းမှု က လူအများအတွက် အံ့အားသင့်စရာဖြစ်ခဲ့သော်လည်း ပရော်ဖက်ရှင်နယ် အမြင်ရှိသော သတင်းမီဒီယာများ (ပရော်ဖက်ရှင်နယ်ဆန်မှု အတိုင်းအတာ ကွဲပြားမှုရှိသော်လည်း) ကို ထူထောင်ထားကြသည်မှာ ကြာလှပြီဖြစ်သည်။ အာဏာသိမ်းပြီးနောက် သတင်းမီဒီယာတိုက် တော်တော်များများမှာ ၎င်းတို့၏ လုပ်ငန်းများကို ရပ်ဆိုင်းခဲ့ရသော်လည်း သတင်းမီဒီယာအများစုမှာ ဆက်လက်ရှင်သန်ရမည့်အရေးနှင့် ကြုံလာတိုင်း သွက်လွက်ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ကြသည့်အလျောက် ၎င်းတို့၏ လုပ်ငန်းတို့ကို ပြောင်းလဲလာသော လက်တွေ့ အခြေအနေသစ်တစ်ရပ်နှင့်အညီ အလိုက်သင့် ပြောင်းလဲခဲ့ကြသည်။ တဖန် ယေဘုယျအားဖြင့် နိုင်ငံတကာ မီဒီယာဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့များဖြင့် ဆောင်ရွက်ကြသည်။ အထူးသဖြင့် စစ်တပ်၏ ဖိနှိပ်မှုကို ဆယ်စုနှစ်များစွာကြာ ခံစားခဲ့ရသော တိုင်းရင်းသားပြည်နယ်များရှိ တိုင်းရင်းသားသတင်းစာအယ်ဒီတာများနှင့် သတင်းထောက်တို့အတွက် နဖူးတွေ့ဒူးတွေ့ အခြေအနေများဖြစ်ခဲ့ပြီး ၎င်းတို့သည် နယ်စပ်ဖြတ်ကျော်၍လည်းကောင်း၊ နယ်စပ်ဒေသအခြေစိုက် ရုံးခန်းများဖွင့်လှစ်၍လည်းကောင်း ဆောင်ရွက်ကြသည်။
အာဏာသိမ်းမှုကို တုံ့ပြန်ရာတွင် ဆီးရီးယား သတင်းမီဒီယာများကဲ့သို့ပင် မြန်မာနိုင်ငံ၏ ပရော်ဖက်ရှင်နယ်သတင်းမီဒီယာများသည် “ဖြစ်ပျက်နေသော အကြောင်းအရာများကို ကမ္ဘာသိဖို့ရန်အတွက် ၎င်းတို့မှ မပြောလျှင် မည်သူမျှ ပြောမည်မဟုတ်သည့်အတွက် အတင်းအကျပ် ဖိအားပေးမှုကြောင့် သတင်း များရေးသားတင်ဆက်ရသလို” ခံစားခဲ့ကြရသည်။55 Al-Ghazzi သုံးနှုန်းသော “စိတ်ပိုင်းဆိုင်ရာ ရင်းနှီးထိစပ်မှု” နှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ရာတွင် ဆီးရီယားသတင်းထောက်တို့က “စစ်မှန်သော ဖြစ်စဉ်များကို ရေးသားတင်ဆက်ရန်အတွက် သတင်းဇာတ်ကြောင်းများတွင် စစ်မှန်မှုနှင့်အတူ စိတ်ခံစားမှုတို့ကို တစ်ပြိုင်နက်တည်း ပြသရသကဲ့သို့ ယင်းဖြစ်စဉ်များအတွက် ဓမ္မဓိဋ္ဌာန်ကျသော မျက်မြင်သက်သေများသဖွယ်လည်း ဆောင်ရွက်ခဲ့ရကြောင်း” ဆိုခဲ့ကြသည်။56 “စိတ်ပိုင်းဆိုင်ရာ ရင်းနှီးထိစပ်မှု” ဆိုသည်မှာ “မိမိ၏ သက်ဆိုင်ရာနိုင်ငံနှင့် လူမှုအသိုက်အဝန်းရှိ အကြမ်းဖက်မှုတို့နှင့် စပ်လျဉ်း၍ နီးစပ်မှု၊ နီးကပ်မှုရှိသည်ဟူသော ခံစားချက်မျိုး” ရှိခြင်းဖြစ်သည်။ သို့ဖြစ်၍ အကြမ်းဖက်မှုဖြစ်ပေါ်နေသော ဒေသအခြေအနေများတွင် နေထိုင်နေရသော သို့မဟုတ် ဖြတ်သန်းကျော်လွှားနေရသော သတင်းထောက်များအနေဖြင့် ၎င်းတို့ရေးသားတင်ဆက်နေရသော လက်တွေ့ဖြစ်ရပ်များနှင့်ပတ်သက်၍ ၎င်းတို့၏ စိတ်ခံစားမှုတို့ကိုလည်း အသိအမှတ်ပြုရန် လိုအပ်မည်ဖြစ်သည်။
အကြမ်းဖက်မှုအောက် ဖြတ်သန်းကျော်လွှားနေထိုင်ရခြင်း၏ စိန်ခေါ်မှုများ နှင့် ဝိရောဓိများ
မြန်မာနိုင်ငံ၏ အမှီအခိုကင်းသော သတင်းမီဒီယာများအတွက် အသိသာဆုံးသော ခြိမ်းခြောက်မှုများစွာထဲက တစ်ခုမှာ ဒီဂျစ်တယ်နည်းပညာအပေါ် မှီခိုရခြင်းနှင့်ပတ်သက်သော ဝိရောဓိပင်ဖြစ်သည်။ ထိုသို့မှီခိုနေရခြင်း၏ အခြားတစ်ဖက်တွင် ဒီဂျစ်တယ်လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများနှင့် စောင့်ကြည့်ခံရမှု အန္တရာယ်တို့နှင့် ကြုံတွေ့ရနိုင်ဖွယ်ရှိခြင်းကြောင့်ဖြစ်သည်။ ပြည်ပရောက် ဆီးရီးယားနှင့် တိဗက်သတင်းမီဒီယာများသည် ၎င်းတို့၏ သက်ဆိုင်ရာ နိုင်ငံများအတွက် အလွန်အရေးပါသော အမှီအခိုကင်းသည့် သတင်းအချက်အလက်များ ပံ့ပိုးပေးနိုင်သော်လည်း ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံများတွင် ဘေးကင်းလုံခြုံစွာဖြင့် လူကိုယ်တိုင် သတင်းယူခွင့်မရခဲ့ကြပေ။ ၎င်းတို့သည်လည်း ဤသို့သော ဝိရောဓိနှင့် လုံးထွေးသတ်ပုတ်ခဲ့ကြရသည်။57 ဤသတင်းမီဒီယာအားလုံးသည် “ဆက်သွယ်ရေးကွန်ရက် ဖြတ်တောက်ခံရခြင်း၊ အင်တာနက်အသုံး ပြုမှု ကန့်သတ်ခံရခြင်း၊ လှုမှုမီဒီယာဆင်ဆာစိစစ်ဖြတ်တောက်ခံရခြင်း၊ ဂြိုဟ်တု စလောင်းများ သိမ်းယူခံရခြင်း” တို့အပြင် သတင်းအချက်အလက် စီးဆင်းမှုကို ပိတ်ပင်တားဆီးလိုသည့် အခြားသော လုပ်ဆောင်ချက်အသီးသီးနှင့် ရင်ဆိုင် ကြုံတွေ့ခဲ့ကြရသည်။58 သို့ပေသည့် မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ (Media Development Investment Fund) ၏ အချက်အလက်အရ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာသတင်းမီဒီယာဌာနများ၏ လူမှုမီဒီယာပလက်ဖောင်းများပေါ်ရှိ ဖတ်ယူကြည့်ရှုသူ ပရိသတ်ဦးရေမှာ အံ့အားသင့်ဖွယ် ကောင်းအောင် တိုးပွားလာပြီး အများဆုံး ၉၃ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။59 ယင်းသည် အင်မတန်ကြီးမားသော အကျိုးကျေးဇူးများရရှိစေသော်လည်း စစ်အာဏာရှင်က အထူးသဖြင့် စစ်တပ်နှင့် အတိုက်အခံအင်အားစုများအကြား တိုက်ပွဲများ ပြင်းထန်နေသည့်ဒေသများတွင် အင်တာနက်နှင့် ဖုန်းလိုင်းများ ပုံမှန် ဖြတ်တောက်လျက်ရှိရာ ယင်းအကျိုးကျေးဇူးများကို အားလျော့စေပါသည်။60 ဆီးရီးယားကဲ့သို့ပင် မြန်မာနိုင်ငံအတွက် အားသာချက်တစ်ခုမှာ သတင်းမီဒီယာသမားအများအပြားသည် ဒီဂျစ်တယ်ခေတ်ဖွား မျိုးဆက်သစ်လူငယ်များထဲက လူငယ်များပင်ဖြစ်ကြသည်။ ဤသို့သော ဒီဂျစ်တယ်ခေတ်ဖွား လူငယ် မျိုးဆက်သစ်အများစုမှာ မီဒီယာများ အဓိက ဦးတည်ပစ်မှတ်ထားသော မီဒီယာအသုံးပြုသူများဖြစ်သကဲ့သို့ ယင်းတို့ထဲတွင် လူငယ် ဒီဂျစ်တယ်ကျွမ်းကျင်သူများလည်း ပါရှိပြီး ၎င်းတို့သည် အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြေအောက် လှုပ်ရှားမှုတို့တွင်ပါဝင်ပြီး သတင်းမီဒီယာတို့ကို ပံ့ပိုးကူညီပေးခဲ့ကြသည်။61
သတင်းစာပညာ၏ အများယုံကြည်လက်ခံနိုင်မှု (credibility) ရှိဖို့ရန်မှာ မြေပြင်ကွင်းဆင်း၍ အဖြစ်အပျက်များကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ ရှိရန်လိုအပ်သော်ငြားလည်း62 အာဏာသိမ်းပြီးနောက်ပိုင်းတွင်မူ မြန်မာနိုင်ငံ၏ အမှီအခိုကင်းသော ပရော်ဖက်ရှင်နယ်သတင်းထောက်များ အတွက် ထိုသို့လုပ်ဆောင်ရန် ဘေးကင်းလုံခြုံမှုမရှိတော့ပေ။ ပြည်ပရောက် တိဗက်သတင်းမီဒီယာများနည်းတူပင် အမှီအခိုကင်းသော မြန်မာသတင်းမီဒီယာအများအပြားသည် နိုင်ငံအတွင်းရှိ အလွတ်တန်းသတင်းထောက်များ၊ ပရော်ဖက်ရှင်နယ် မဟုတ်သော ရပ်ရွာထဲက သတင်းသမားများ (citizen journalists – CJs) နှင့် လူမှုကွန်ရက်တို့ပါဝင်သည့် “ယုံကြည်ရသော အသိုင်းအဝိုင်းများ (circles of trust)” အပေါ် အမှီပြုခဲ့ရသည်။63 အလွတ်တန်းသတင်းထောက်များနှင့် CJs များအပေါ် မှီခိုရခြင်းမှာ မြန်မာနိုင်ငံအတွက် အသစ်အဆန်းတော့မဟုတ်ပေ။ ယခင် စစ်အုပ်ချုပ်ရေးကာလတွင်လည်း ပြည်တွင်းက သတင်းထောက်များ အပါအဝင် အလွတ်တန်းသတင်းထောက်များနှင့် CJs များသည် ပြည်ပရောက် သတင်းမီဒီယာတိုက်များအား ၎င်းတို့ တတ်နိုင်သည့်ဘက်ကနေ ကူညီခဲ့ကြသည်မှာ ယင်းအသုံးအနှုန်းများကို ကျယ်ကျယ်ပြန့်ပြန့် မသုံးနှုန်းခင်ကတည်းကပင် ဖြစ်သည်။
လက်ရှိကာလတွင်မူ သတင်းမီဒီယာတိုက်ဝန်ထမ်းများ၊ အလွတ်တမ်း သတင်းထောက်များနှင့် CJs များအဖို့ ၎င်းတို့၏ လုပ်ငန်းများကို စွန့်စွန့်စားစား လုပ်ဆောင်ရသော်လည်း ပိုမိုအားထားနိုင်လောက်သော နည်းလမ်းများရှိနေပြီ ဖြစ်သည်။ ၎င်းတို့မှာ ပိုမိုကောင်းမွန်၍ ဈေးသက်သာသော နည်းပညာများ၊ ပိုမို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ပြီး ပိုမိုမြန်ဆန်သော အင်တာနက်၊ Signal နှင့် ပုဂ္ဂလိကအွန်လိုင်းကွန်ရက်ကဲ့သို့သော နည်းလမ်းများကိုအသုံးပြု၍ ဘေးကင်း လုံခြုံစွာ ဆောင်ရွက်နိုင်သည့် နည်းလမ်းများ ပိုမိုစုံလင်လာခြင်းတို့ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ စကားဝိုင်း၌ ပါဝင်သောသူများ၏ ဆွေးနွေးချက်အရ ပြည်တွင်း၌ လုပ်ကိုင်နေရသော သတင်းမီဒီယာသမားများ၏ အခြေအနေမှာ ပြည်ပရောက် သတင်းမီဒီယာသမားများ၏ အခြေအနေထက် ပို၍ မရေရာမှု များရှိကြောင်းနှင့် အမှီအခိုကင်းသော သတင်းမီဒီယာ တော်တော်များများမှာ ပြည်တွင်းသတင်းမီဒီယာသမားများ၏ လုပ်အားမပါဘဲ ရပ်တည်နိုင်ရန် မဖြစ် နိုင်ကြောင်း အလေးပေးဆွေးနွေးခဲ့ကြသည်။ ယခင် ဆယ်စုနှစ်များစွာကြာ စစ်အုပ်ချုပ်ရေးအောက်တွင် ပြည်ပြေးဘဝဖြင့် လုပ်ကိုင်ခဲ့ခြင်းဖြင့် မြန်မာသတင်းမီဒီယာသမားများသည် ၎င်းတို့၏ အဖွဲ့အစည်းဆိုင်ရာ မရေရာမှုတို့ကို ဖြေဖျောက်ရန်နှင့် လုပ်ငန်းလည်ပတ်မှုတို့ကို ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် ကြိုးပမ်းနိုင်ခဲ့ကြသည်။64 သို့သော်လည်း နောက်ဆုံးအကြိမ်တုန်းကလိုပင် ပြည်တွင်း၌ လုပ်ကိုင်နေရသော ဝန်ထမ်းများ၊ အလွတ်တန်းသမားများနှင့် CJs အများအပြားက ၎င်းတို့တွင် ဘဏ္ဍာရေးနှင့် လုံခြုံရေးဆိုင်ရာ အထောက်အပံ့များ အလွန်နည်းကြောင်းနှင့် အချို့သော အခြေအနေများတွင် သတင်းအချက် အလက်မျှဝေရန်အတွက် ကြီးမားသောအရဲစွန့်မှုတို့ ဆောင်ရွက်ရသော်လည်း အခကြေးငွေမရသည့် အခြေအနေမျိုးလည်း ရှိခဲ့သည်ဟု ဆိုကြသည်။ Kraidy မှတ်ချပြုခဲ့သလိုပင် ကန့်သတ်မှုများရှိသည့်ကြားက ဖြစ်မြောက်အောင်ဆောင် ရွက်နိုင်ရန်အတွက် တီထွင်ဖန်တီးမှုရှိစွာ လုပ်ဆောင်ရာတွင် “လူမှုအဆင့် အတန်းကွဲပြားခြားနားမှု (social distinction) ၏ သတ်မှတ်ချက်များဖြစ်သော ပါဝင်ခွင့်ပေးခြင်း (inclusion) နှင့် ဖယ်ကြဉ်ခြင်း (exclusion) ဟူသော စည်းမျဉ်းများနှင့်အညီ” လုပ်ဆောင်ကြခြင်းဖြစ်သည်။65 ဆီးရီးယားနိုင်ငံ၏ ၂၀၁၁ တော်လှန်ရေးနှင့်ပတ်သက်၍ အလုပ်သမားလူတန်းစား ဆီရီးယားပြည် သူတစ်ဦး ဆိုခဲ့သည်မှာ “ရွှေ့ပြောင်းသွားလာနိုင်တဲ့ တစ်နိုင်ငံတည်းသား လူ လတ်တန်းစားတွေနဲ့ ယှဉ်ပါက အလုပ်သမားလူတန်းစားတွေဟာ နိုင်ငံထဲမှာ ပိတ်မိနေတဲ့အတွက် ဆီးရီးယားနိုင်ငံရဲ့ ဖြစ်ရပ်မှန် ဇာတ်ကြောင်းတွေကို အများသိအောင် ပြောပြဖို့ ပိုပြီးတာဝန်ရှိတယ်လို့ ခံစားရတယ်” ဟုဆိုခဲ့သည်။ လူလတ်တန်းစားဆိုသည်မှာ နိုင်ငံကနေ ထွက်ခွာသွားနိုင်သော ပညာတတ် များနှင့် သတင်းထောက်များကို ရည်ညွှန်းခြင်းဖြစ်သည်။66 အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံအတွင်းကနေ လုပ်ကိုင်နေရသူများ၏ မရေရာဖွယ် ကောင်းလှသော အခြေအနေများမှာ မိမိတို့၏ စကားဝိုင်း၌ ပါဝင်သောသူများ အတွက်သာမက သတင်းမီဒီယာသမား တော်တော်များများအတွက် စိုးရိမ်ပူပန်နေရသော အကြောင်းအရာတစ်ခု ဖြစ်နေဆဲပင်။67
ထို့ကြောင့် မိမိတို့၏ စကားဝိုင်း၌ ပါဝင်ဆွေးနွေးသူများသည် အမျိုးသမီး များဖြစ်ကြသည့်အပြင် ၎င်းတို့၏ ပရော်ဖက်ရှင်နယ်အလုပ်အကိုင်များအတွက် အထောက်အကူဖြစ်စေသော ပညာရေးနှင့် အင်္ဂလိပ်ဘာသာစကား စွမ်းရည်တို့ကို သင်ယူလေ့လာနိုင်သည့် အထူးအခွင့်အရေးများ အတော်အသင့်ရှိခဲ့ကြောင်း မှတ်သားထားရန် အရေးကြီးပါသည်။ ထို့ကြောင့်လည်း နိုင်ငံတကာ အလှူရှင်များ၏ ရန်ပုံငွေထောက်ပံ့မှုများနှင့် အခြားသော ထောက်ပံ့မှုများ စုပြုံရောက်ရှိလာချိန်နှင့် အာဏာမသိမ်းခင် ဆယ်စုနှစ်အလိုက သတင်းမီဒီယာကဏ္ဍ တံခါးဖွင့်ချိန်တို့တွင် ရုတ်ခြည်းပေါ်ပေါက်လာသော အခွင့်အလမ်းများကို ကောင်းစွာဖမ်းဆုပ်၍ အသုံးချနိုင်ခဲ့ခြင်းပင်ဖြစ်သည်။
အခွင့်အလမ်းကာလတွင် ဖွံ့ဖြိုးရင့်ကျက်လာမှု
မြန်မာနိုင်ငံ၏ ဆယ်စုနှစ်တစ်ခုကြာ နိုင်ငံရေးတံခါးဖွင့်ချိန်ကာလသည် အပြောင်းအလဲနှင့် အခွင့်အလမ်းတို့ စုံလင်သော အချိန်ကာလဖြစ်သည်။ စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူတစ်ဦးဖြစ်သူ တင်ထက်ပိုင်က ရန်ကုန်မြို့ရှိ နိုင်ငံတကာ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းတစ်ခုတွင် ငါးနှစ်ကြာ လုပ်ကိုင်ခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်တွင် အလုပ်ပြောင်းခဲ့သည်။ သူမက “၂၀၁၄ ဆိုတာ အသက် ၂၀ ဝန်းကျင်အရွယ် တွေအတွက် အင်မတန် စိတ်ဝင်စားဖို့ကောင်းတဲ့အချိန်ပါပဲ။ အခွင့်အလမ်းတွေ၊ အလားအလာကောင်းတွေ အများကြီးပဲ။ ဘာပဲဖြစ်ဖြစ် သတင်းထောက်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်” ဟု ဆိုသည်။ သူမ လိုပင် အခြားသတင်းထောက်များကလည်း ၎င်းတို့၏ စိတ်အားထက်သန်မှုနောက်လိုက်ဖို့ရန် ဆုံးဖြတ်၍ အလုပ် အကိုင်ပြောင်းခဲ့သည့် ဖြစ်ရပ်ဇာတ်ကြောင်းတို့ကို ပြောပြကြသည်။ နောက်ထပ် ပါဝင်ဆွေးနွေးသူတစ်ဦးဖြစ်သူ ဂရေ့စ်သူက “ကျွန်မကို အထင်ကြီး သဘောကျစေတဲ့ အလုပ်ပါပဲ” ဟု ဆိုသည်။ ဂရေ့စ်က သတင်းထောက်နှင့် သတင်းမီဒီယာ သင်တန်းနည်းပြများအတွက် စကားပြန်အဖြစ် စတင်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ထို့နောက်တွင် “ကျွန်မအတွက် အကောင်းဆုံးရွေးချယ်မှု မဟုတ်ဘူး” ဟုဆိုသော အရောင်းအဝယ်လုပ်ငန်းကို စွန့်လွှတ်ပြီး သတင်းမီဒီယာလောကထဲသို့ ဝင်ရောက်လာခဲ့သည်။ နောက်တစ်ဦးဖြစ်သူ ရွှန်းနိုင်မှာ ပြည်ပတွင် အင်ဂျင်နီယာဘာသာရပ်ဖြင့် ပညာသင်ကြားပြီးနောက် ၂၀၁၅ ရွေးကောက်ပွဲမကျင်းပမီတွင် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခဲ့သည်။ ရွေးကောက်ပွဲ နီးကပ်လာသည့်အလျောက် စကားပြန်နှင့် သတင်းထောက်များသတင်းယူရာတွင် အဆင်ပြေစေရန်အတွက် ဘက်စုံကူညီပေးသူ (fixer) အဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် သတင်းစာပညာကို ချစ်မြတ်နိုးသွားသည်ဟု ဆိုသည်။ နောက်ထပ် ပါဝင်ဆွေးနွေးသူဖြစ်သော နန်းဟွိုးဟွမ်68 က သူမ တက္ကသိုလ်တက်ခဲ့သော ထိုင်းနိုင်ငံတွင် ဆယ်နှစ်ကြာ နေထိုင်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်တွင် ဇာတိမြေ ဖြစ်သော ရှမ်းပြည်နယ်သို့ ပြန်လာခဲ့သည်။ သူမ၏ လူမှုအသိုက်အဝန်းကို ပံ့ပိုးကူညီပေးရန် ဆန္ဒရှိခဲ့ပြီး ထိုအချိန်တွင် ဒေသအခြေစိုက် တိုင်းရင်းသားသတင်းမီဒီယာတစ်ခုက ၎င်းတို့နှင့် လက်တွဲလုပ်ဆောင်လိုသည့် လူငယ်များကို ရှာဖွေနေကြောင်း သိလိုက်ရသောအခါ သူမ စိတ်လှုပ်ရှားခဲ့ရသည်။ အလားတူပင်ဝါးဝါးဖောသည်လည်း69 အိမ်နီးချင်းနိုင်ငံတစ်ခုတွင် အဆင့်မြင့်ပညာရေးဘွဲ့ကို သင်ယူဆည်းပူးပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်ခဲ့သည်။ သူမ၏ လူငယ်သတင်းထောက် သူငယ်ချင်းများကိုကြည့်ပြီး စိတ်အားထက်သန်လာသည့်အတွက် ဒီဂျစ်တယ်ကိစ္စပြဿနာများ၊ မီဒီယာစာတတ်မြောက်မှု သင်တန်းများနှင့် နောက်ပိုင်းတွင် အချက်အလက်ခိုင်လုံမှုစစ်ဆေးခြင်း (fact-checking) တို့ကို ဆောင်ရွက်သော အရပ်ဘက်လူမှုအဖွဲ့အစည်းငယ်တစ်ခု ဖွဲ့စည်းနိုင်ရန် ကူညီပေးခဲ့သည်။ ပါဝင်ဆွေးနွေးသူများထဲတွင် သူမက နိုင်ငံရေး တံခါးမဖွင့်ခင်ကာလအတွင်း သတင်းမီဒီယာလုပ်ငန်း အနည်းအကျဉ်းဆောင် ရွက်ခဲ့ဖူးသည့် အတွေ့အကြုံရှိသော တစ်ဦးတည်းသောသူဖြစ်သည်။
တုန်လှုပ်ချောက်ချားဖွယ် အဖြစ်အပျက်အပေါ် တုံ့ပြန်ခြင်း
ဖေဖော်ဝါရီ ၁ ရက်နေ့မတိုင်ခင် ရက်ပိုင်းအလိုသာမက ရက်သတ္တပတ်များစွာ အလိုကတည်းပင် သတင်းမီဒီယာသမားများကြားတွင် အာဏာသိမ်းနိုင်သည် ဟူသော ကောလဟာလများရှိခဲ့သော်လည်း ဤအမျိုးသမီးသတင်းထောက် အများစုကမူ ယင်းအပေါ် ယုံကြည်နိုင်ရန်ခက်ခဲသကဲ့သို့ အမှန်တကယ်ဖြစ် လာမည်ဟုလည်း မယုံကြည်ခဲ့ကြပေ။ ဂရေ့စ်၏ စကားလုံးများအတိုင်း ပြန်သုံး ရမည်ဆိုပါက “သူတို့တွေ ဒီလောက်ထိ မိုက်ရူးရဲဆန်လိမ့်မယ်လို့ကို မသိခဲ့ဘူး” ဟု ဆိုပေသည်။ သို့ပေသည့် လုံလုံလောက်လောက် ပြင်ဆင်ထားမှုမရှိသလို တုန်လှုပ်ချောက်ချားမှုများနှင့် ရင်ဆိုင်ရသောအခါတွင် အဆက်မပြတ် ပြောင်းလဲနေပြီး ခန့်မှန်းရခက်သော အခြေအနေများ၊ အန္တရာယ်အသစ်များအပေါ် မြန်မြန်ဆန်ဆန်နှင့် တီထွင်ဖန်တီးမှုရှိစွာ တုံ့ပြန်ရန် လိုအပ်လာခဲ့သည်။ သို့သော်လည်း အားထားနိုင်ရလောက်သော ယခင်အတွေ့အကြုံ သို့မဟုတ် ဗဟုသုတများ မရှိသောအခါတွင် လူငယ်မျိုးဆက်သစ်တို့မှာ မည်သို့မည်ပုံ လုပ်ရကိုင်ရမည်ကို အမှန်တကယ် မသိရှိခဲ့ကြပေ။
အာဏာသိမ်းမှု ဖြစ်ပွားပြီးသည့်နောက်တွင် မြန်မာသတင်းစာအယ်ဒီတာများနှင့် သတင်းထောက်တို့သည် ကြားဖြတ်သတင်းများကို နေ့ရောညပါ ရေးသားတင်ဆက်ဖို့ရန် လိုအပ်လာခဲ့ပြီး အာဏာသိမ်းစစ်အစိုးရ၏ ပထမခြေလှမ်းတစ်ခုမှာ အင်တာနက်ဖြတ်တောက်ခြင်းဖြစ်သည့်အတွက် အခြေအနေကို ပို၍ဆိုးဝါးစေခဲ့သည်။ ယင်းနောက်တွင် အင်တာနက် ပြန်လည်အသုံးပြုနိုင်ခဲ့ သော်လည်း ဘေးကင်းလုံခြုံရေးဆိုင်ရာအစီအမံများကို ချက်ချင်းဆောင်ရွက်ဖို့ရန် လိုအပ်လာခဲ့သည်။ ဥပမာ – ဆက်သွယ်ရေးအတွက် ပုံမှန်အသုံးပြုနေကျ ဆဲလ်ဖုန်းများနှင့် Facebook messenger တို့အစား Signal ကဲ့သို့ ပို၍လုံခြုံသော ပလက်ဖောင်းများကို အစားထိုးအသုံးပြုခဲ့ကြရသည်။ အာဏာသိမ်းပြီး ရက်သတ္တပတ် အနည်းငယ်ကြာပြီးနောက်မှာတော့ ၎င်းတို့သည်လည်း စစ်သားများ၏ ပစ်မှတ်များဖြစ်လာခဲ့သည်ကို သတိပြုမိလာခဲ့ရာ ၎င်းတို့၏ သတင်းထောက်ကတ်ပြားများ၊ ဦးထုတ်များနှင့် လက်ပတ်များအပြင် အရွယ်အစားအားဖြင့်ပိုကြီးသော ပစ္စည်းကိရိယာတို့ကို ချောင်ထိုးခဲ့ကြရသည်။ ယင်းအစား ထင်းထင်းကြီးဖြစ်မနေသော ပစ္စည်းကိရိယာများ၊ အထူးသဖြင့် သတင်းအချက်အလက်များ ရှင်းလင်းထားသော ဆဲလ်ဖုန်းများကို အစားထိုးအသုံးပြုခဲ့ရသည်။ လုံခြုံရေးအခြေအနေ ပိုဆိုးလာသည်နှင့်အမျှ အဖွဲ့သားများ၏ ဘေးကင်းလုံခြုံရေးမှာ အဓိက ဦးစားပေးဖြစ်လာပြီး မြေပြင်တွင် သတင်းရယူနေသော သတင်းထောက်များအား မည်သို့ ကူညီပံ့ပိုးရမည်ကို ရှာဖွေဖော်ထုတ်ခဲ့ရသည်။ သတင်းမီဒီယာသမားတော်တော်များသည် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာ၍ ယာယီနေထိုင်ဖို့ရန်နှင့် အလုပ်လုပ်ဖို့ရန်အတွက် နေရာများ ရှာဖွေဖို့လိုအပ်ကြောင်း ခံစားခဲ့ရသည်။ သို့သော် ထိုသို့သော ယာယီနေရာများကိုလည်း ခဏ ခဏ ပြောင်းလဲနေထိုင်ခဲ့ရပြန်သည်။ သတင်းထောက်တော်တော်များများမှာ မြန်မာနိုင်ငံကနေ လုံးလုံးလျားလျားထွက်ပြေးခဲ့ကြသည်။ သတင်းတိုက် အများအပြားသည်လည်း ရှေ့ဆက် ဘာတွေဖြစ်လာမလဲဆိုသည်ကို စောင့်ကြည့်နေစဉ်တွင် ၎င်းတို့၏ရုံးခန်းများကို (အနည်းဆုံးတော့ ယာယီ) ပိတ်သိမ်းခဲ့ရသည်။
ဤသို့သော အပြောင်းအလဲများစွာနှင့်အတူ ဘေးကင်းလုံခြုံဖို့ရန်အတွက် ထွက်ပြေးတိမ်းရှောင်နေရသောအခြေအနေတွင် ၎င်းတို့၏ လူမှုအသိုက်အဝန်း အတွင်းက ရက်စက်ယုတ်မာမှုတို့ကို မျက်မြင်ကြုံတွေ့နေရသည့်အတွက် စိတ် ခံစားမှုအပေါ် သက်ရောက်မှုတို့ကို စီမံခန့်ခွဲဖို့ လိုအပ်လာခဲ့သည်။ ရွှန်းနိုင်က “ဒီအလုပ်က လက်ရှိမှာ အရမ်းအရေးကြီးတဲ့အလုပ်ဖြစ်တယ်။ နောက်ပြီးတော့ အပြောင်းအလဲတွေ အများကြီးဖြစ်ပျက်နေတယ်။ ရက်စက်ယုတ်မာတဲ့ လုပ် ရပ်တွေကလည်း အများကြီးဖြစ်ပေါ်နေတယ်။ လူထုကလည်း ဒူပေနာပေ ခံနိုင်ရည်ရှိရှိနဲ့ ပြန်လည်ခုခံနေကြတယ်” ဟူသော အကြောင်းပြချက်ဖြင့် သတင်းထောက်အလုပ်ကို ဆက်လက်လုပ်ကိုင်ခဲ့သည်။ အသေးငယ်ဆုံးသော ဖြစ်ပေါ်ပြောင်းလဲမှုတို့ကိုပင် မှတ်တမ်းတင်လိုသော ဆန္ဒရှိခဲ့သည်။ ဆီးရီယားသတင်း ထောက်များကဲ့သို့ပင် မြန်မာသတင်းထောက်များသည် လည်း “ချစ်ခင်မြတ်နိုးရသူများ၏ သေဆုံးမှုများအပြင် ထွက်ပြေးလွတ်မြောက်မှုနှင့် ပြည်ပထွက်ပြေး တိမ်းရှောင်မှုတို့ကို စိတ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း၊ ရွှေ့ပြောင်းသွားလာပြင်ဆင်မှုများ အရသော်လည်းကောင်း ရင်ဆိုင်ဖြတ်ကျော်” ခဲ့ရသည်။ ၎င်းတို့သည် “သတင်းစာပညာလုပ်အား၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် အသိအမှတ်ပြုမှုမခံရခြင်း” ကို မကြာခဏ တွေ့ကြုံတတ်ကြသည်။70 ဤသို့သော ရုန်းကန်လှုပ်ရှားမှုတို့ကို အသိအမှတ်ပြုရန်မှာ အလွန်အရေးကြီးသည်။ သို့မှသာ အနောက်နိုင်ငံက သတင်းထောက်များကို အခြေခံသော သို့မဟုတ် သတင်းထောက်တို့ အစီရင်ခံသည့် တစ်ပွဲတိုးအကြမ်းဖက်မှု အတွေ့အကြုံတို့အပေါ် အခြေခံသည့် လက်ရှိကြီးစိုးနေဆဲ သုတေသနတို့ထက် ကျော်လွန်၍ “အကြမ်းဖက်မှုကို မဖြစ်မနေ ကျော်လွှားဖြတ်သန်းနေထိုင်နေရသော လူမှုအသိုက်အဝန်းများ၏ ပို၍ ကွဲပြားခြားနား၍ ပို၍ ခက်ခဲသော အခြေအနေတို့ကို” ပိုမို နားလည်သည့် သုတေသနတို့ကို ပြုလုပ်နိုင်မည်ဖြစ်သည်။71
မြန်မာသတင်းမီဒီယာသမားများသည် အဖွဲ့အစည်းနှင့် ကိုယ်ရေးကိုယ်တာ အစီအစဉ်တို့ကို ရုတ်တရက်ပြောင်းလဲရန် လိုအပ်လာခဲ့သည်။ အာဏာ သိမ်းမှုမတိုင်ခင်တွင် ဝါးဝါးဖောနှင့် ၎င်း၏လုပ်ဖော်ကိုင်ဖက်တို့မှာ ( ၅ ) နှစ်တာ စီမံကိန်းတစ်ခုနှင့် ပတ်သက်၍ လုပ်ဆောင်နေခဲ့ကြသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါ ရီလ (၁) ရက်နေ့မှာတော့ ၎င်းတို့၏ အစီအစဉ်အားလုံးမှာ ကမောက်ကမ၊ ဇောက်ထိုးမိုးမျှော်ဖြစ်ခဲ့ရ သည်။ စစ်အစိုးရက မီဒီယာအပေါ် ယုံကြည်မှုပျက်ပြားစေရန်အတွက် အချက်အလက်ခိုင်လုံမှုစစ်ဆေးခြင်း (fact-checking) နှင့် မီဒီယာ စာတတ်မြောက်မှုသင်တန်းတို့ကိုပင်လျှင် လက်နက်သဖွယ် အသုံးပြုလာနိုင်ခြေရှိသည်ကို သိရှိသွားပြီးနောက်မှာတော့ ဖိအားအမျိုးမျိုးနှင့် ရင်ဆိုင်နေရသော သတင်းမီဒီယာမိတ်ဆွေတို့ကို မထိခိုက်စေသည့်နည်းဖြင့် သူမတို့၏ လုပ်ငန်းများအား မည်သို့ဆက်လက်လုပ်ဆောင်ရမည်ကို ခက်ခက်ခဲခဲ စဉ်းစားခဲ့ရသည်။ နောက်ဆုံးမှာတော့ ဝါးဝါးဖောတို့၏ အဖွဲ့အစည်းသည် အချက်အလက်ခိုင်လုံမှု စစ်ဆေးခြင်းလုပ်ငန်းအစီအစဉ်ကို ရပ်နားရန်အတွက် ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရသည်။ သူမက “ဒီအချိန်ဟာ အဖွဲ့အစည်းတစ်ခုအနေနဲ့ ကိုယ့် brand ကို တည်ဆောက်တာထက် အသိုက်အဝန်းတစ်ခုအနေနဲ့ အတူတကွ လုပ်ဆောင်ရမယ့်အချိန်” ဟု ပြောခဲ့သည်။ ယင်းအစား သူမတို့ ယခင်က စောင့်ကြည့်လေ့လာဖူးသော သတင်းထောက်မိတ်ဆွေများနှင့် တိုက်ရိုက်လက်တွဲလုပ်ဆောင်ဖို့ရန် ဆုံးဖြတ်ခဲ့ပြီး စစ်တပ်၏ ဝါဒဖြန့်ချိမှုကို တန်ပြန်လုပ်ဆောင်နေသော စုံစမ်းဖော်ထုတ်ရေး အစီရင်ခံစာတို့အတွက် ပံ့ပိုးကူညီပေးလျက်ရှိသည်။ ထို့အပြင် စစ်တပ်၏ ဝါဒဖြန့်ချိမှုကို တန်ပြန်လုပ်ဆောင်ရွက်ရန် အတွက် ရပ်ရွာဒေသများတွင် မီဒီယာစာတတ်မြောက်မှုသင်တန်းတို့ကို ဆက်လက်ပို့ချခဲ့သည်။ ပဋိပက္ခကြောင့် ကြီးမားသော အန္တရာယ်များနှင့် ရင်ဆိုင်နေရသည့်အခြေအနေတွင် သူမ၏ အဖွဲ့အစည်းလိုမျိုး အဖွဲ့အစည်းများကို လိုအပ်ပေသည်။ နိုင်ငံရေးတည်ငြိမ်ချိန်တွင် လေ့လာစောင့်ကြည့်ဖော်ထုတ်သူများ (watchdogs) များအဖြစ် လုပ်ကိုင်ခဲ့ရာမှ ၎င်းတို့စောင့်ကြည့်လေ့လာခဲ့ဖူးသော သတင်းမီဒီယာတို့နှင့် ပူးပေါင်းလုပ်ဆောင်သည့်ဘက်သို့ ကူးပြောင်းခဲ့ရ သည်။ ဤအပြောင်းအလဲမှာ နားလည်လက်ခံနိုင်သော အပြောင်းအလဲဖြစ်သော်လည်း ရေရှည်တွင်မူ မီဒီယာ၏ စတုတ္ထမဏ္ဍိုင်အခန်းကဏ္ဍအပေါ် သိသာထင်ရှားသော အကျိုးဆက်များ ရှိလာပါသည်။
နိုင်ငံရေးတံခါးဖွင့်သော ဆယ်စုနှစ်အတွင်းက လူငယ်သတင်းမီဒီယာသမားများ၏ အခွင့်အလမ်းတို့ကို ပြန်လည်ဆန်းစစ်ကြည့်ပါက ဂရေ့စ်သူနှင့် နန်းဟွိုးဟွမ်နှစ်ဦးစလုံးသည် အာဏာမသိမ်းခင် တစ်လအလိုတွင် လုပ်ငန်းတာဝန်ပိုကျယ်ပြန့်သော အလုပ်အကိုင်များအတွက် ရာထူးတိုးမြှင့်ခြင်းခံခဲ့ကြရသည်။ ရွှန်းနိုင်မှာမူ အာဏာသိမ်းသည့် ပထမဆုံးနေ့တွင် အဖွဲ့ခေါင်းဆောင်ရာထူးကို လက်ခံခဲ့သည်။ အာဏာမသိမ်းခင် တစ်လအလိုတွင် ဂရေ့စ်မှာ မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ ၏ မြန်မာအစီအစဉ် ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ ယင်းအပေါ် အာဏာသိမ်းမှု၏ သက်ရောက်မှုနှင့်ပတ်သက်၍ သူမက “ဒီအာဏာသိမ်းမှုက အရာရာတိုင်းကို ပြောင်းလဲသွားစေတယ်။ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့နဲ့ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကို ကာကွယ်ဖို့အတွက် ဆုံးဖြတ် ချက်တွေကို မြန်မြန်ဆန်ဆန်ချခဲ့ရတယ်။ တောက်လျှောက်မရပ်မနားလုပ်ရပြီး စိန်ခေါ်မှုတွေအပြည့်ပဲ” ဟုဆိုသည်။ ထိုနည်းတူစွာပင် နန်းဟွိုးဟွမ်သည်လည်း မကြာသေးမီကမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သော်လည်း အာဏာမသိမ်းခင်တစ်လအလိုတွင် တိုင်းရင်းသား သတင်းမီဒီယာဌာနတစ်ခု၏ လက်ထောက်အမှုဆောင်ဒါရိုက်တာအဖြစ် ရာထူးတိုးမြှင့်ခြင်းခံခဲ့ရသည်။ ထို့ကြောင့်ပင် သူမနောက်ဆုံးနေထိုင်ခဲ့သော နိုင်ငံနှင့် အလွန်ကွာခြားသော နိုင်ငံတွင် နေသားကျဖို့ ကြိုးစားရသကဲ့သို့ စီမံခန့်ခွဲမှုတာဝန်အသစ်ကိုပါ ဆောင်ရွက်ခဲ့ရသည်။ “ကျွန်မက မြန်မာနိုင်ငံထဲမှာရှိတဲ့ တစ်ဦးတည်းသော မန်နေဂျာပါ။ ဒါကြောင့် တာဝန်ခံရတယ်” ဟူ၍ သူမက ရှင်းပြသည်။ “ကျွန်မတို့ရဲ့ ဝန်ထမ်းတွေအားလုံးက ရုံးမှာနေကြတာ။ ဒါကြောင့်မို့လို့ သူတို့အတွက် ဘေးကင်းလုံခြုံတဲ့ အိမ်တွေကို မြန်မြန်ဆန်ဆန်ရှာပေးရတယ်၊ စာရွက်စာတမ်းတွေနဲ့ ပစ္စည်းတွေကို ရွှေ့ပြောင်းရတယ်။ နောက်ဆုံးမှာတော့ သူတို့တွေ အိမ်နီးချင်းနိုင်ငံကို နယ်စပ်ကနေ ဝင်ရောက်နိုင်ဖို့အတွက် နည်းလမ်းရှာပေးရတယ်” ဟု ဆိုသည်။
လူငယ်မျိုးဆက်သစ် သတင်းထောက် တော်တော်များများသည် သတင်းခန်းများမှနေ၍ သတင်းရေးသားတင်ဆက်ရခြင်း အတွေ့အကြုံတို့ကို ဆုံးရှုံးရသည့်အတွက် ဝမ်းနည်းကြေကွဲရသော်လည်း သတင်းခန်းက ဝါရင့်သတင်းထောက်များထံမှ အကြံဉာဏ်များ ရရှိနိုင်ဖို့ရန်အတွက် မျှော်ကိုးခဲ့ကြသည်။ တင်ထက်ပိုင်မှာ စုံစမ်းဖော်ထုတ်ရေး သတင်းများရေးသားသော Myanmar Now တွင် လက်ထောက်အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သော်လည်း သူမကိုယ်တိုင်က မျိုးဆက်သစ်လူငယ်တစ်ဦးပင်ဖြစ်သည်။ မြန်ဆန်သော အပြောင်းအလဲများနှင့် ပတ်သက်၍ သူမက ယခုလိုဝန်ခံသည်။
ကျွန်မက ၁၉၈၈ နောက် ပိုင်းမွေးတဲ့အတွက် ဒီသတင်းအချက်အလက်ကို ဘယ်လိုမျိုး လက်ခံယူရမလဲ ဆိုတာကို မသိခဲ့ဘူး။ ဒီလိုမျိုးအခြေအနေနဲ့ပတ်သက်ပြီး ကျွန်မတို့ကို မလေ့ကျင့်ပေးထားဘူး။ စာအုပ်တွေထဲမှာပဲ ဖတ်ဖူးခဲ့တာ။ တကယ်၊ တကယ်ကြောက်ရွံ့ခဲ့တာ။ ကျွန်မတို့ရဲ့ဘဝကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ။ ပထမ ဆုံးလုပ်သင့်တာက ဘာလဲ။ အပြင်ထွက်ပြီးပဲ ဆန္ဒပြရမလား၊ ဒါမှဟုတ် ဘာလုပ်ရမလဲ
ဟုဆိုသည်။
နောက်ဆုံးမှာတော့ ၎င်းတို့နိုင်ငံ ရင်ဆိုင်နေရသော ခက်ခဲသည့်ကိစ္စရပ်များကို ဖြေရှင်းပေးနိုင်ရန်အတွက် ၎င်းတို့၏ အလုပ်များကို အန္တရာယ်များနှင့် မရေရာမှုအသီးသီးကြားကပင် ဆတိုးကာ ဆောင်ရွက်ခဲ့ကြလေသည်။
ပဋိပက္ခအပေါ် ထိုးထွင်းသိမြင်မှုအသစ်များနှင့် တီထွန်ဖန်တီးမှုရှိသော တုံ့ပြန်မှုများ
အာဏာသိမ်းမှု မတိုင်ခင်နှင့် အာဏာသိမ်းမှု နောက်ပိုင်းတွင် မိမိတို့၏ စကားဝိုင်း၌ ပါဝင်သော လူငယ်သတင်းမီဒီယာသမား တော်တော်များများသည် ၎င်းတို့နိုင်ငံနှင့်ပတ်သက်၍ ဘာတွေ သိရှိထားခဲ့ပြီး နားလည်ထားခဲ့သည်ကို ပြန်လည် ဆန်းစစ်ခဲ့ကြသည်။ ရွှန်းနိုင်က သူမကိုယ်သူမ ရန်ကုန်မြို့တွင် မွေးဖွား ကြီးပြင်းလာသူတစ်ဦးအဖြစ်ဖော်ပြပြီး မြန်မာနိုင်ငံ၏ အမြစ်တွယ်နေသော ပြဿနာရပ်များအကြောင်း ဘာမှမသိသော အထက်တန်းလွှာကျောင်းတစ်ကျောင်းက ကျောင်းသူတစ်ဦးဖြစ်ခဲ့ကြောင်းနှင့် ပြည်ပမှ ပြန်ရောက်လာမှသာ မြန်မာနိုင်ငံ၏ ပြဿနာရပ်များကို သိရှိခဲ့ရကြောင်းဆိုသည်။ သတင်းထောက်အဖြစ် လုပ်ကိုင်စဉ်က ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာအရေးအခင်းအပြင် တိုင်းရင်းသားပြည်နယ်များရှိ ရက်စက်ကြမ်းကြုတ်မှုတို့ကို ရေးသားရသောအခါတွင် အံ့ဩတုန်လှုပ်ခဲ့ရသည်ဟု သူမကဝန်ခံသည်။72 သူမက “ဒါတွေက ငါ့နိုင်ငံမှာ ဖြစ်နေခဲ့တာလား။ ငါဒါတွေကို ဘာကြောင့် မသိခဲ့တာလဲ။ ရှက်ဖို့ကောင်းလိုက် တာ” ဟု တွေးခဲ့မိကြောင်း ပြန်ပြောပြသည်။ ရွှန်းနိုင်လိုပင် ဂရေ့စ်သည်လည်း ရန်ကုန်မြို့တွင် ကြီးပြင်းလာသူဖြစ်ပြီး လူအများလေးစားခံရသည့် ကျောင်းတစ်ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ပြည်ပသို့ ရောက်မှသာ မြန်မာနိုင်ငံ နှင့်ပတ်သက်၍ ဆန်းစစ်ဝေဖန်အကဲဖြတ်သော အမြင်ရှုထောင့်များကို သိရှိခွင့်ရခဲ့သည်။ ဤအမျိုးသမီးနှစ်ဦးစလုံး သတင်းမီဒီယာနယ်ပယ်တွင် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီးနောက်မှာတော့ ၎င်းတို့နိုင်ငံ၏ နက်နဲရှုပ်ထွေးနေမှုတို့ကို ပို၍ သိရှိနားလည်လာပြီး ၎င်းတို့ငယ်စဉ်အခါက အစိုးရမီဒီယာများတွင် ကြားခဲ့ရ သောအရာများနှင့် တကယ့်လက်တွေ့ဖြစ်ရပ်တို့အကြားက ဆန့်ကျင်ဘက်ဖြစ် နေသည့်အရာများကို သိရှိခဲ့ရသည်။ ဂရေ့စ်က “ကျွန်မတို့အားလုံးက အမှောင် ခေတ်မှာ ကြီးပြင်းလာကြတာ။ အစိုးရမီဒီယာကို တစ်ခုတည်းသော မီဒီယာလို့ပဲ ထင်ခဲ့ကြတယ်။ အခုတော့ ကျွန်မတို့ကို လှည့်စားလို့မရတော့ဘူး” ဟု ဆိုသည်။
တင်ထက်ပိုင်၏ အတွေ့အကြုံမှာမူ အလွန်ကွဲပြားသည်။ သူမက ဧရာဝတီမြစ်ဝကျွန်းပေါ်က မြို့တစ်မြို့တွင် ကြီးပြင်းလာခဲ့ပြီး သူမ အဖေနှင့် မိတ်ဆွေတွေကြားက လက်ရှိအရေးကိစ္စများနှင့် ပတ်သက်သော ဆွေးနွေးပြောဆိုချက်တို့ကို နားထောင်ခွင့်ရခဲ့သလို သတင်းစာနှင့် စာအုပ်များကိုလည်း ဖတ်ရှုခွင့်ရခဲ့သည်။ ထို့ကြောင့် သူမက သူမ၏ နိုင်ငံအကြောင်းကို ပိုသိရှိနားလည်ခဲ့ရပြီး သတင်းထောက်အဖြစ် ဝင်ရောက်လုပ်ကိုင်ခြင်းမပြုမီကတည်းကပင် ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းကို ခုံမင်ခဲ့သူဖြစ်သည်။ သူမနှင့် တစ်ခေတ်ထဲ ကြီးပြင်းခဲ့သော မြန်မာမိတ်ဆွေ တော်တော်များမှာ မြန်မာနိုင်ငံ၏ ရက်စက်ကြမ်း တမ်းသည့် အဖြစ်မှန်များကို ပြည်ပသို့ ရောက်ရှိမှသာ သို့မဟုတ် လုပ်ငန်းခွင်ထဲရောက်မှသာ သိရှိခွင့်ရခဲ့ကြောင်းကို သူမဝန်ခံခဲ့သည်။ ထိုနည်းတူစွာပင် မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသော သို့မဟုတ် မြန်မာနိုင်ငံနှင့် ပတ်သက်၍ လုပ်ကိုင်နေကြသော နိုင်ငံခြားသား အများအပြားမှာလည်း မြန်မာနိုင်ငံနှင့် ပတ်သက်သော အကြောင်းအရာများကို လုံလုံလောက်လောက်သိရှိခွင့် မရကြောင်း တင်ထက်ပိုင်က ထောက်ပြသည်။ ၎င်းတို့၏ အလုပ်က သတင်းထောက်ဖြစ်စေ၊ NGO ဖြစ်စေ ၎င်းတို့လုပ်ငန်းများ၏ ကာလဒေသအခြေအနေနှင့် အကျိုးဆက်များ (ဥပမာ – သတင်းထောက်အလုပ်ဖြစ်ပါက တိုင်းရင်းသားလူမျိုးရေးကဲ့သို့သော ရှုပ်ထွေးနက်နဲသည့် ကိစ္စရပ်များ၊ NGO အလုပ်ဖြစ်ပါက ရန်ပုံငွေမျာနှင့် အခြားကူညီထောက်ပံ့မှုတို့နှင့် သက်ဆိုင်သော ဆုံးဖြတ်ချက်များ) ကို နားလည်ရန်အတွက် အမှီအခိုကင်းသော မြန်မာသတင်းမီဒီယာများ၏ သတင်းများနှင့် ဆန်းစစ်လေ့လာမှုတို့ကို ဖတ်ရှုခဲ့ရပြီး မြန်မာသတင်းစာ အယ်ဒီတာများနှင့် သတင်းထောက်များ၏ ပြောစကားတို့ကိုလည်း နားထောင်ခဲ့ရကြောင်း သူမက ထပ်လောင်းပြောကြားသည်။ သို့ဖြစ်၍ မြန်မာပြည်သူများက ၎င်းတို့နိုင်ငံ၏ ဖြစ်ရပ်ဇာတ်ကြောင်းများအား ရေးသားရာတွင် ၎င်းတို့၏ အသံနှင့် သဘောထားများကို ပိုမိုထင်ဟပ်စေလိုပြီး မြန်မာနိုင်ငံအကြောင်း ဂဃနဏမသိသော နိုင်ငံခြားသတင်းထောက်များ၊ ဆန်းစစ်လေ့လာသူများနှင့် အခြား “ကျွမ်းကျင်သူများ” ရေးသားသော မြန်မာနိုင်ငံ၏ ဖြစ်ရပ်ဇာတ်ကြောင်း များအပေါ် ဝေဖန်မှုတို့ မြင့်တက်လာခဲ့သည်။73
သို့ရာတွင် အခြား မတူညီကွဲပြားသော လူမှုရေးနောက်ခံများမှ ကြီးပြင်းလာသူများနှင့် တိုင်းရင်းသားလူမျိုးစုတို့မှာ အစိုးရ၏ ဝါဒဖြန့်လှည့်စားမှုတို့ကို ယုံကြည်ဖို့ရန်ပင် အခြေအနေမပေးခဲ့ကြောင်း စကားဝိုင်း၌ ပါဝင်ဆွေးနွေးသူတို့က ပြောဆိုခဲ့ကြသည်။ ရှမ်းလူမျိုးဖြစ်သော နန်းဟွိုးဟွမ်သည် ထိုင်းမြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် ကြီးပြင်းလာသူဖြစ်ပြီး တိုင်းရင်းသားပြည်နယ်များ၌ ဖြစ်ပေါ်နေသော ကာလရှည်ကြာ ရက်စက်ကြမ်းကြုတ်မှုတို့ကို ငယ်စဉ်ကတည်းကပင် သိရှိခဲ့သူဖြစ်သည်။ သတင်းမီဒီယာနယ်ပယ်ထဲသို့ မဝင်ခင်ကတည်းကပင် မြန်မာနိုင်ငံ၏ အဖြစ်မှန်ကို မြို့ပြ၌ ကြီးပြင်းလာခဲ့သော သူမ၏ လုပ်ဖော်ကိုင်ဖက်များထက် ပိုမိုနားလည်ခဲ့ပြီး သူမ၏ အမြင်ရှုထောင့်မှာလည်း သူတို့ထက် သိသိသာသာကွဲပြားခဲ့သည်။ သူမ၏ အတွေ့အကြုံကဲ့သို့သော အကြောင်းအရာတို့ကို အကြမ်းဖက်မှုနှင့် သတင်းစာပညာဆိုင်ရာ သုတေသနများတွင် တွေ့ရလေ့မရှိပါ။ ယင်းသုတေသနများသည် “အကြမ်းဖက်မှုကို ကျော်လွှားဖြတ်သန်းနေရသောသူများ၏ အတွေ့အကြုံများကို လေ့လာခြင်းထက် အကြမ်းဖက်မှုကြောင့် ဖြစ်လာသော စိတ်ဒဏ်ရာနှင့် အကြမ်းဖက်မှုနှင့် ထိတွေ့မှုဆိုင်ရာ သဘောတရားကိုသာ ဦးစားပေး လေ့လာထားကြသည်”။74 “အကြမ်းဖက်မှုအောက်နေထိုင်ရသော သို့မဟုတ် အကြမ်းဖက်မှုကို ကျော်လွှားဖြတ်သန်းနေရသော” သတင်းမီဒီယာသမားတို့၏ အခြေအနေများကို အလေးပေးဖော်ပြမှုမရှိခြင်းဟု ဆိုရာတွင် မြန်မာနိုင်ငံလိုမျိုး မိမိနှင့်မရင်းနှီးသော အခြေအနေများကို ရေးသားအစီရင်ခံကြသည့် အနောက်နိုင်ငံက သတင်းထောက်များ၏ အမြင်ရှုထောင့်တို့အပြင် အာဏာမသိမ်းခင်ကာလတုန်းက တိုင်းရင်းသားလူမျိုးများအပေါ် အကြမ်းဖက်မှုများနှင့်ပတ် သက်၍ သတင်းများရေးသားအစီရင်ခံခဲ့ကြသည့် မြို့ပေါ်နေဗမာလူမျိုးသတင်း ထောက် အနည်းအကျဉ်းလည်း ပါဝင်ပေသည်။75
မတူညီသည့် မျိုးဆက်များအကြားတွင် မတူညီသည့် အတွေ့အကြုံနှင့် အမြင်ရှုထောင့်များ ရှိကြောင်းကိုလည်း အာဏာသိမ်းမှုက မီးမောင်းထိုးပြနေ သည်။ အာဏာသိမ်းသည့် ပထမနေ့ နံနက်ခင်းအချိန်တွင် ဂရေ့စ်ကို သူမ၏ အဒေါ်ဖြစ်သူက ခေါ်နှိုးပြီး နေပြည်တော်တွင် ဖုန်းလိုင်းများပြတ်တောက်နေကြောင်း ပြောသည်။ ဂရေ့စ်က သူ့အဒေါ် အဘယ်ကြောင့် ထိုအကြောင်းပြော ရသည်ကို နားမလည်သဖြင့် မကြာခင်ပြန် ကောင်းသွားမှာပါဟူ၍သာပြန်ဖြေခဲ့သည်။ ထိုအခါမှသာ အဒေါ်ဖြစ်သူက လေသံတိုးတိုးဖြင့် အာဏာသိမ်းသွားပြီဟု ပြောသည်။ ဂရေ့စ်က “သူတို့ မျိုးဆက်က ဖိနှိပ်မှုအောက်မှာ နေလာရတာ တော်တော်ကြာပြီ။ ဒါကြောင့်မလို့လည်း အဲဒါဖြစ်သွားတဲ့အခါမှာ အိမ်ထဲက နေပြီးတော့တောင် အာဏာသိမ်းပါတယ်ဆိုပြီး သူက ကျယ်ကျယ်မပြောရဲဘူး။ ကျွန်မကို အံ့ဩသွားစေတယ်” ဟု ဆိုသည်။ အာဏာသိမ်းမှုကို တစ်ခါမှ မကြုံဖူးသလို အာဏာသိမ်းလိမ့်မည်ဟု မထင်ခဲ့သော လူငယ်များနှင့် မတူညီသည် မှာ ယခင်စစ်အစိုးရအသီးသီး၏ အုပ်ချုပ်မှုအောက်၌ နေထိုင်ခဲ့ဖူးသူအချို့သည် အာဏာသိမ်းမှုနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်းဆွေးနွေးရန် ကြောက်ရွံ့နေခဲ့ ကြခြင်းဖြစ်သည်။
အာဏာသိမ်းပြီးနောက်ပိုင်းတွင် အခြေအနေများ ဆိုးဆိုးဝါးဝါးပြောင်းလဲ လာခဲ့သော်လည်း မြန်မာနိုင်ငံက အမှီအခိုကင်းသော သတင်းမီဒီယာသမား များ၏ ကြံ့ကြံခိုင်နိုင်မှုနှင့် တီထွင်ဖန်တီးမှုရှိခြင်းတို့ကြောင့် သတင်းအချက် အလက်များ ဆက်လက်စီးဆင်းနိုင်ခဲ့သည်။ တော်တော်များများမှာ ဝင်ငွေများ ဆုံးရှုံးခဲ့ရပြီး ညတွင်းချင်းနီးပါးပင် မရေရာဖွယ်ကောင်းလွန်းသော အခြေအနေ သစ်များသို့ တွန်းပို့ခံလိုက်ကြရသည်။ ၎င်းတို့နှင့်အတူ ပြည်ပြေးဘဝရောက်နေသော မိသားစုဝင်များ သို့မဟုတ် ပြည်တွင်း၌ ကျန်ရစ်ခဲ့ရသော မိသားစုဝင်များအတွက် စိုးရိမ်ပူပန်နေရသည့် သတင်းမီဒီယာသမားများအတွက်မူ ဤအပြောင်းအလဲများက အလွန်အမင်း စိတ်မချမ်းမြေ့စရာကောင်းလှသော ပေး ဆပ်မှုများပင်ဖြစ်သည်။ “တချို့အခြေအနေတွေမှာဆို မိသားစုတွေက သူတို့ရဲ့ ဘေးကင်းလုံခြုံရေးအတွက်ကြောင့် သူတို့ရဲ့ သားသမီးတွေကို သားသမီးအဖြစ်ကနေ လူသိရှင်ကြား စွန့်လွှတ်လိုက်ရတာတွေရှိတယ်။” ဟု ဂရေ့စ်က ရှင်းပြသည်။ ဤသို့သောအခြေအနေများသည် အကြမ်းဖက်မှုဒဏ်ခံစားရသော ဒေသများမှာလာသော ပြည်တွင်းသတင်းမီဒီယာသမားများ၏ လုပ်ငန်းခွင်အတွင်းက စိတ်ပိုင်းဆိုင်ရာ စီမံအားထုတ်မှုတို့အား အသိအမှတ်ပြုမှု မရှိကြောင်းကို ဖော်ပြနေသော်လည်း ပိုကောင်းသော အနာဂတ်တစ်ခုကို မျှော်မှန်းရန်အတွက် လှုံ့ဆော်ပေးနေပေသည်။76
မြန်မာသတင်းမီဒီယာနှင့် သတင်းစာပညာကို ပြန်လည်ပုံဖော်ခြင်း
အာဏာသိမ်းပြီးကတည်းကစ၍ မြန်မာနိုင်ငံက လူငယ်တက်ကြွလှုပ်ရှားသူ များနှင့် သတင်းမီဒီယာသမားများသည် နောက်ထပ် NLD အစိုးရသက်တမ်း (အနည်းဆုံးတော့ ၂၀၂၀ ရွေးကောက်ပွဲအလွန်နှင့် အာဏာမသိမ်းခင်စပ်ကြား ကာလတွင် နောက်သက်တမ်းတစ်ခုထပ်တိုးဖို့ရှိခဲ့သည်) အောက်က ပိုနေမြဲ ကျားနေမြဲ အခြေအနေသို့ ပြန်မသွားချင်ကြောင်း ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ ကြပြီးဖြစ်သည်။ ကနဦး စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အာဏာပြန်လည်ရရှိရေးကို ဦးတည် တောင်းဆိုခဲ့သော်လည်း ယင်းတောင်းဆိုချက်များမှာ မြန်မြန်ဆန်ဆန်ပင် ပြောင်းလဲလာခဲ့သည်။ အထူးသဖြင့် အာဏာသိမ်းမှုမတိုင်မီ နှစ်များအတွင်းက NLD ပါတီအပေါ် စိတ်ပျက်လာခဲ့သော လူငယ်တို့သည်77 ပို၍ မျှတပြီး အားလုံး ပါဝင်နိုင်သော ဒီမိုကရေစီမြန်မာနိုင်ငံ ရရှိရေးအတွက် တောင်းဆိုခဲ့ကြသည်။ ရလဒ်အနေဖြင့် ဆိုးဝါးလှသော အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့သော်လည်း မီဒီယာကဏ္ဍအပါအဝင် အလွန်ကွဲပြားခြားနားသော အနာဂတ်မြန်မာနိုင်ငံတော်ကို ပုံဖော်နိုင်ရန်အတွက် တွန်းအားနှင့် အခွင့်အလမ်းများပေးခဲ့ကြောင်း စကားဝိုင်း၌ ပါဝင်ဆွေးနွေးသူတို့က အသိအမှတ်ပြုကြသည်။
စကားဝိုင်း၌ ပါဝင်သော အမျိုးသမီးများမှာ ပိုမိုစုံလင်ကွဲပြား၍ ယဉ်ကျေး မှုစုံလင်ကာ ပိုမိုလုံခြုံပြီး ပို၍ အရင်းအမြစ်ကြွယ်ဝသော အနာဂတ်သတင်းမီဒီယာ အခင်းအကျင်းတစ်ခုကို မျှော်လင့်တောင့်တနေကြသည်။ ၎င်းတို့၏ စိုးရိမ်မှုအချို့မှာ လက်တွေ့ကျသော်လည်း ပိုမိုကောင်းမွန်သော အနာဂတ်တည်ဆောက်ရေးအတွက် အရေးကြီးသည့် ခြေလှမ်းများဖြစ်သည်။ နန်းဟွိုးဟွမ်က တိုင်းရင်းသားလူမျိုးစုများ၏ စကားသံများနှင့် မီဒီယာတို့တွင် ရင်းနှီးမြှုပ်နှံရန်လို အပ်ပြီး တိုင်းရင်းသားဘာသာစကား အကြောင်းအရာများအတွက် ပိုမိုထောက် ပံ့ပေးရန် လိုအပ်ကြောင်း အလေးပေးပြောဆိုသည်။ သို့မှသာ ကွဲပြားစုံလင်၍ ကိုယ်စားပြုမှုရှိသော စကားသံများ၊ ဖြစ်ရပ်ဇာတ်ကြောင်းများနှင့် လက်တွေ့ဖြစ်ရပ်မှန်များကို ကြားနိုင်မည်ဖြစ်ကာ ဗမာဘာသာစကားကို မဖတ်တတ်သူ၊ နားမလည်သူ အများအပြားမှာလည်း နိုင်ငံတော်အဆင့် ဆွေးနွေးမှုများတွင် ဖယ်ကြဉ်ခြင်းမခံရဘဲ ပါဝင်ခွင့်ရနိုင်မှာဖြစ်ကြောင်း သူမက ဆိုသည်။ ဝါးဝါးဖောကတော့ အနာဂတ်မျိုးဆက်သစ်များ လိုအပ်နိုင်မည့် အနာဂတ်ပညာရေးနှင့် သတင်းမီဒီယာသင်တန်းအမျိုးအစားများအတွက် အားလုံးပါဝင်သော ဆွေးနွေးမှုများ လုပ်ဆောင်သင့်ကြောင်း တောင်းဆိုလိုက်သည်။ ဂရေ့စ်မှာမူ သတင်းမီဒီယာလုပ်ငန်းတွင် ကောင်းမွန်သော နိုင်ငံရေးဘောဂဗေဒ၏ အရေးကြီးပုံကို ထောက်ပြခဲ့ပြီး အနာဂတ်တွင် အမှီအခိုကင်းသော သတင်းမီဒီယာများအနေဖြင့် ငွေကြေးအရ ရေရှည်ရပ်တည်နိုင်ခြင်းက သူမမြင်ချင်သော အနာဂတ် သတင်းမီဒီယာ အခင်းအကျင်းပင်ဖြစ်၏။
စကားဝိုင်း၌ ပါဝင်ဆွေးနွေးသူအားလုံးကလည်း သတင်းမီဒီယာများ ဆက်လက်၍ ကြံ့ကြံ့ခိုင်နိုင်ရေးအတွက် အဓိက ထောက်တိုင်များဖြစ်သော ရပ်ရွာထဲ က CJs နှင့် မရေရာသော အခြေအနေအသီးသီးအောက်၌ လုပ်ကိုင်နေရသော လူငယ်များ၏ ရဲရင့်ပြတ်သား၍ တန်ဖိုးမဖြတ်နိုင်သော ပါဝင်အားဖြည့်မှုတို့ကို အလေးထားပြောဆိုခဲ့သည်။ သတင်းမီဒီယာနယ်ပယ်နှင့် မရင်းနှီးသေးသော CJs များနှင့် လူငယ်များကို ဘေးကင်းလုံခြုံရေးဆိုင်ရာ သင်တန်းများနှင့်အတူ အခြားသော သင်တန်းများမှတစ်ဆင့် ကူညီထောက်ပံ့ပေးရန် တောင်းဆိုခဲ့ကြသည်။ ဝါးဝါးဖောကလည်း ဒီဂျစ်တယ်နှင့် ရင်းနှီးကျွမ်းကျင်သော ဒေသခံလူငယ်များအနေဖြင့် အချက်အလက်ခိုင်လုံမှုစစ်ဆေးခြင်း (fact-checking) နှင့် လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်းတို့မှတစ်ဆင့် တိုးပွားလာနေသော အွန်လိုင်းသတင်းမှားများ၊ သတင်းတုများနှင့် ဝါဒဖြန့်မှုတို့ကို ကူညီတိုက်ဖျက်ပေးရန် လိုအပ်ကြောင်း ထောက်ပြသည်။ သူမက “တော်လှန်ရေးကို ဦးဆောင်နေတဲ့ လူငယ်မျိုးဆက်တွေရဲ့ စွမ်းအားကို အမှန်တကယ် တွေ့နိုင်ပါတယ်” ဟုဆိုသည်။ “အနာဂတ်သတင်းမီဒီယာ အခင်းအကျင်းကို စိတ်ကူးတဲ့အခါမှာဆိုရင် လူငယ်မျိုးဆက်သစ်တွေကို ဘယ်လိုမျိုး ပံ့ပိုးပေးရမလဲ၊ သူတို့တွေ ဆွေးနွေးမှုတွေမှာ ပါဝင်လာအောင် ဘယ်လိုမျိုး လုပ်ရမလဲဆိုတာကိုပါ စဉ်းစားဖို့လိုအပ်ပါတယ်”။
ယုံကြည်စိတ်ချရသော သတင်းစာပညာကို လိုအပ်နေသည်မှာ ပို၍သိသာ ထင်ရှားလာသည့်အလျောက် ပိုမိုကောင်းမွန်သော လုပ်အားခနှင့် လုပ်ငန်းခွင် အခြေအနေတို့ကိုလည်း လေးလေးနက်နက်ဆောင်ရွက်ရန် လိုအပ်ပေသည်။ တင်ထက်ပိုင်ကမူ သူမ၏ သတင်းမီဒီယာမဟုတ်သော ယခင်အလုပ်တွင် လစာအလွန်ကောင်းခဲ့သော်လည်း နိုင်ငံအဆင့် သတင်းမီဒီယာတိုက်တစ်ခုတွင် သတင်းထောက်အဖြစ် စတင်လုပ်ကိုင်ခဲ့သော ပထမနှစ်မှာပင် စုဆောင်းထားခဲ့သမျှ ငွေအားလုံးကို အသုံးပြုခဲ့ရသည်။ သို့သော် ထိုအလုပ်ကိုပင် ဆက်လုပ်နေသည့်အတွက် သူငယ်ချင်းများက သူမကို ရူးနေပြီဟုပင် ထင်ခဲ့ကြသည်။ လူငယ်အများအပြား သတင်းထောက်အလုပ် မလုပ်ကိုင်ရခြင်း၏ အကြောင်းရင်းများတွင် ငွေကြေးကလည်း အကြောင်းရင်းတစ်ခုဖြစ်သည်ဟု သူမထုတ်ဖော် ပြောဆိုသည်။ နိုင်ငံတကာ သတင်းမီဒီယာများနှင့် အဖွဲ့အစည်းများမှာ သတင်းများ၊ အတွေးအမြင်များ၊ လေ့လာဆန်းစစ်မှုများအတွက် နိုင်ငံအဆင့်နှင့် ဒေသမီဒီယာများကို အားကိုးနေကြကြောင်း ရွှန်းနိုင်က သတိပြုမိသည်။ ထို့ကြောင့်လည်း လူတော်များကို ဆွဲဆောင်နိုင်မည့် ပိုမိုကောင်းမွန်သော လုပ်ငန်းခွင် အခြေအနေများ ဖန်တီးပေးနိုင်ရန် အရေးကြီးပေသည်။
တော်လှန်ရေး ပိုမိုအားကောင်းလာအောင် ဆောင်ရွက်ဖို့ရန် သန္နိဌာန်ချထားသော်ငြားလည်း သတင်းမီဒီယာ အမှီအခိုကင်းမှုနှင့် ယုံကြည်အားကိုးထိုက်သော သတင်းစာပညာကို ကာကွယ်ရန်အတွက် အမြဲတစေ သတိဝီရိယရှိရှိ ဆောင်ရွက်ဖို့ရန် လိုအပ်ကြောင်းကို ဆွေးနွေးသူများက ဆိုကြသည်။ မြန်မာ့သတင်းမီဒီယာများသည် မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း သို့မဟုတ် နိုင်ငံရေးပါတီ၏ အာဘော်ကိုမှ ပြန်လည်ဖော်ပြနေသူများ မဟုတ်တော့မည့် နေ့တစ်နေ့ကို တင်ထက်ပိုင်က မျှော်လင့်နေသည်။ “အစိုးရရဲ့ အမှားတွေကို တင်ပြလို့ သစ္စာဖောက်တွေအနေနဲ့ သတ်မှတ်ခြင်း မခံရတဲ့နေ့”၊ ပြည်သူလူထုက သတင်းမီဒီယာတွေကို တိုက်ခိုက်တာ ဒါမှမဟုတ် ခြိမ်းခြောက်တာတွေ မလုပ်တော့တဲ့နေ့၊ အစိုးရက သတင်းအချက်အလက်တွေကို လွတ်လွတ်လပ်လပ်ပေးတဲ့တစ်နေ့ကို သူမမျှော်လင့် နေပေသည်။ သူမက “သတင်းထောက်တွေ တစ်ယောက်နဲ့တစ်ယောက် တိုက် ခိုက်တာတွေ၊ ဝေဖန်တာတွေ လုပ်ခဲ့တဲ့ အရင်က အဆိပ်အတောက်များပြီး ကွဲကွဲပြားပြားဖြစ်နေတဲ့ ပတ်ဝန်းကျင်လိုမျိုးအစား သတင်းထောက်တွေက ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေကို လွတ်လွတ်လပ်လပ်လပ်နဲ့ ပွင့်ပွင့်လင်းလင်း လေ့ကျင့်အသုံးချနိုင်တဲ့ အနာဂတ်မျိုးကို မြင်ချင်တယ်။ သတင်းမီဒီယာနယ်ပယ် တစ်ခုလုံးထဲမှာ ဆွေးနွေးငြင်းခုံမှုတွေ၊ သင်ယူမှုတွေကနေတစ်ဆင့် သူတို့အတွက် အကျိုးရှိစေချင်တယ်” ဟု ဆိုသည်။
အရေးကြီးဆုံးဟု ဆိုနိုင်သောအရာတစ်ခုမှာ ဤအမျိုးသမီးများက ဤ သမိုင်းဝင် နိုင်ငံရေးအခြေအနေအပေါ်တွင် ဆန်းသစ်သော အလားအလာကို မြင်ကြခြင်းပင်ဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာသမားများသည် အာဏာသိမ်းမှု၊ ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲများ၊ လူမျိုးတုံးသတ်ဖြတ်မှု၏ အကျိုးဆက်များ စသည့် အခက်အခဲဆုံးသော အခြေအနေများနှင့် ကြုံနေရသော်လည်း ဤအခြေအနေများမှာ ၎င်းတို့အတွက် သင်ယူလေ့လာနိုင်သော အခွင့်အလမ်းများလည်း ဖြစ်ပေသည်။ သတင်းမီဒီယာသမားများအဖြစ် လုပ်ကိုင်လိုသောသူများအနေဖြင့် စိတ်ကူးယဉ်ဆန်သော၊ လွယ်ကူသော သို့မဟုတ် ဘေးကင်းလုံခြုံသော လူနေမှုပုံစံကို မမျှော်လင့်ဖို့ရန် သတိပေးကြသော်လည်း တစ်ဖက်တွင် စိတ်အားထက်သန်စွာနှင့် သတိရှိစွာ ဆင်ဆင်ခြင်ခြင် လုပ်ဆောင်ခြင်းအားဖြင့် ဆန်းသစ်ကောင်းမွန်သော ရလဒ်များကို ဖန်တီးနိုင်မည်ဖြစ်ကြောင်းနှင့် လက်ရှိအခြေအနေအရ အလုပ်ကို အနည်းငယ် “ရူးရူးမူးမူး” နှင့် သတ္တိရှိရှိ လုပ်ဆောင်ခြင်းဖြင့်ပင်လျှင် အကျိုးကျေးဇူးများ ရရှိနိုင်လိမ့်မည်ဖြစ်ကြောင်း ၎င်းတို့က ဆိုကြသည်။ တင်ထက်ပိုင်က “ကိုယ့်ရဲ့ လုပ်သက်နုနယ်စဉ်ကာလမှာ နိုင်ငံထဲမှာ ဖြစ်ပျက်နေသမျှကို လေ့လာဖို့ဆိုရင် ဒီထက်ပိုစိတ်ဝင်စားဖို့ကောင်းတဲ့ အချိန်မရှိဘူးလို့ ဆိုရမယ်” ဟု ရှင်းပြသည်။ “ကျွန်မတို့ရဲ့ အမှားတွေကနေတစ်ဆင့် သင်ယူပါ၊ ကျွန်မတို့ထက် ပိုကောင်း၊ ပိုတော်အောင်လုပ်ကြပါ” ဟု အကြံပြုသည်။
စိတ်ပိုင်းဆိုင်ရာ ရင်းနှီးထိစပ်မှု၊ မရေရာ၍ တီထွင်ဖန်တီးမှုရှိသော လုပ်အားနှင့် အကြမ်းဖက်မှု အခြေအနေများတွင် လုပ်ဆောင်ရသော သတင်းမီဒီယာအလုပ်
မြန်မာနိုင်ငံ၏ လူငယ်သတင်းမီဒီယာသမားများသည် ၎င်းတို့ကိုယ်တိုင်ကပင် အကြမ်းဖက်မှုဒဏ်ခံစားရသော လူမှုအသိုက်အဝန်းများ၏ အစိတ်အပိုင်းများ ဖြစ်နေသည့်အားလျော်စွာ အာဏာသိမ်းမှုနှင့်အတူ နောက်ဆက်တွဲ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် အကျပ်အတည်းများအား မည်ကဲ့သို့ တီထွင်ဖန်တီးမှုရှိရှိနှင့် စိတ်ခံစားမှုရှိရှိ တုံ့ပြန်ကြသည်ကို ၎င်းတို့၏ အတွေ့အကြုံများက ဖော်ပြပေးနိုင်သည်။ တီထွင်ဖန်တီးမှုဟူသော စကားရပ်ကို ပုံမှန်နားလည်နေကျ အနုပညာဖန်တီးမှု ပုံစံမျိုးထက်ကျော်လွှန်ပြီး ပို၍ နားလည်လာအောင် ဆောင်ရွက်ခြင်းဖြင့် သတင်းမီဒီယာသမားများအနေဖြင့် ၎င်းတို့၏ တမူထူးခြားသော ပရော်ဖက်ရှင်နယ်ဆန်၍ မရေရာလှကာ တီထွင်ဖန်တီးမှုရှိသောလုပ်အား များမှတစ်ဆင့် ၎င်းတို့၏ အနာဂတ်အား မည်သို့မည်ပုံ ပြန်လည်ပုံဖော်နေ ကြသည်ကို သိရှိနားလည်နိုင်မည်ဖြစ်သည်။ မြန်မာမီဒီယာသမားများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အတွေ့အကြုံများနှင့် အကြမ်းဖက်မှုအပေါ် စိတ်ပိုင်းဆိုင်ရာ ရင်းနှီးထိစပ်မှု တို့ကို ဆန်းစစ်လေ့လာခြင်းဖြင့် ပဋိပက္ခအခြေပြု သတင်းစာပညာစာပေများကို လွှမ်းမိုးထားသည့် အဖြစ်အပျက်များအပေါ် စိတ်ခံစားမှုကင်းရမည်ဟူသော အယူအဆကို ကျော်လွန်နိုင်မည်ဖြစ်သည်။78
စကားဝိုင်းတွင် ပါဝင်သော အမျိုးသမီးများသည် ယခင်ပြည်ပရောက် သတင်းမီဒီယာများ စတင်ချိန်ကာလက မရှိခဲ့သော အမှီအခိုကင်း၍ ပရော်ဖက်ရှင်နယ်ဆန်သော မြန်မာသတင်းမီဒီယာကဏ္ဍ၏ သာဓကများဖြစ်သည်။ လွန်ခဲ့သော နှစ်များအတွင်းတွင် ၎င်းတို့၏ ပရော်ဖက်ရှင်နယ်ဆန်မှုမှာ အတော်အသင့် တည်ငြိမ်အေးချမ်းပြီး ဒီမိုကရေစီ အင်စတီကျူးရှင်းများ အားကောင်းသော အနောက်နိုင်ငံများအပါအဝင် အာရှနိုင်ငံအချို့၏ သတင်းစာပညာ စံချိန်စံညွှန်းအပေါ် အခြေခံခဲ့ကြသည်။ သို့သော်လည်း ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ အမှီအခိုကင်းသော သတင်းမီဒီယာသမားများသည် ပရော်ဖက်ရှင်နယ်ဆန်မှုကို ဆက်လက်ထိန်းသိမ်းရန် သန္နိဌာန်ချထားသကဲ့သို့ နွေဦးတော်လှန်ရေးအောင်မြင်ရေးအတွက်လည်း သန္နိဌာန်ချ လုပ်ဆောင်လိုကြသည်။ ဤအရာက အချို့သောသူများအတွက် ကျင့်ဝတ်ဆိုင်ရာ ဒွိဟများ ဖြစ်စေခဲ့သည်။ အကြောင်းမှာ တော်လှန်ရေးအင်အားစုများနှင့် ပြည်ပရောက် NUG အစိုးရနှင့် ပတ်သက်သော သတင်းများရေးသားရာတွင် ဘက်လိုက်မှုများ ရှိနိုင်လေမလားဟူ၍ စိုးရိမ်သောကြောင့်ဖြစ်သည်။
ဤဖြစ်စဉ်မှာ မြန်မာနိုင်ငံအခြေအနေအတွက်သာ တမူထူးခြားနေသော ဖြစ်စဉ်မဟုတ်ဟု မိမိတို့ အသိအမှတ်ပြုသော်လည်း သတင်းထောက်များအနေဖြင့် ၎င်းတို့၏ လူမှုအသိုက်အဝန်းများရှိ အကြမ်းဖက်မှုအခြေအနေများနှင့်အတူ နေထိုင်နေရချိန် သို့မဟုတ် ဖြတ်သန်းကျော်လွှားနေရချိန်တွင် ပရော်ဖက်ရှင်နယ်ဆန်မှုဟူသည် အဘယ်သို့နည်းဟု စကားဝိုင်း၌ ပါဝင်ဆွေးနွေးခဲ့သော အမျိုးသမီးတို့က မေးခွန်းထုတ်ခဲ့ကြသည်။ ၎င်းတို့၏ အကြမ်းဖက်မှုအပေါ် စိတ်ပိုင်းဆိုင်ရာ ရင်းနှီးထိစပ်မှုနှင့် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အတွေ့အကြုံများ၏ ရလဒ်အနေဖြင့် သတင်းများရေးသားရာတွင် စစ်မှန်သော ဖြစ်ရပ်မှန် ဇာတ်ကြောင်းများကို ရေးသားဖော်ပြနိုင်သည့်အပြင် ထိခိုက်ခံစား ရသော လူမှုအသိုက်အဝန်းများ၏ အသက်ရှင်နေထိုင်မှု အတွေ့အကြုံများကို ပိုမိုကောင်းမွန်စွာ ဖမ်းဆုပ်ပေးနိုင်သည့် အစစ်အမှန်ဖြစ်မှု (authenticity) နှင့် စိတ်ခံစားမှုတို့ကိုလည်း ရေးသားဖော်ပြနိုင်ပေသည်။ သို့ဖြစ်၍ ဤသို့သော ရေးသားဖော်ပြမှုတို့သည် အဖြစ်အပျက်များအပေါ် စိတ်ခံစားမှုကင်းရမည်ဟူသော သမားရိုးကျ သတင်းစာပညာနှင့် ဘာသာရပ်ဆိုင်ရာ အမြင်ရှုထောင့်များနှင့် နှိုင်းယှဉ်ပါက လူမှုအသိုက်အဝန်းများ၏ အတွေ့အကြုံများကို ပို၍ ရေးသားဖော်ပြနိုင်ပေသည်။ သို့ပေသည့် မြန်မာနိုင်ငံလိုမျိုး အလွန်ရှုပ်ထွေးပွေလီ၍ အန္တရာယ်များပြားလှသော အခြေအနေများသည်လည်း မြန်မာနိုင်ငံအကျပ်အတည်းနှင့် ပတ်သက်၍ သတင်းများ ရေးသားတင်ဆက်နေသည့် ဒေသခံသတင်းထောက်များ ရင်ဆိုင်ကြုံတွေ့နေရသော အဓိကစိန်ခေါ်မှုများဖြစ်သည့် အားလျော်စွာ သမားရိုးကျ သတင်းစာပညာရပ်မူဘောင်များ၏ လိုအပ်ချက်ဖြစ်သော စိတ်ခံစားမှုကင်းရမည်ဟူသည့် သတ်မှတ်ချက်တို့ကို ဆောင်ရွက်ရန်မှာ ခက်ခဲပေသည်။ ဥပမာ – တင်ထက်ပိုင်က သူမ မည်သူဖြစ်သည်၊ မည်သည့်အရာများကို တွေ့ကြုံခဲ့သည်နှင့် မည်သည့်နေရာကလာသည်ဆို သည့် အချက်များမှာ သူမ၏ အလုပ်အတွက် အခြေခံအုတ်မြစ်များဖြစ်ပြီး သူမ၏ သတင်းထောက်ဘဝအတွက်လည်း အထောက်အကူဖြစ်ခဲ့သည်ဟု ဆိုသည်။
သတင်းထောက်တွေက ကြားနေရမယ်၊ ဘက်လိုက်မှု မရှိရဘူးဆိုတဲ့ ရှေးရိုးဆန်တဲ့ အယူအဆတွေကို ကျွန်မတကယ်နားမလည်နိုင် ဘူး။ ဘာလို့လဲဆိုတော့ ဘယ်လူသားတစ်ဦးတစ်ယောက်ကမှ ပြည့်ပြည်ဝဝ ကြားနေနိုင်ပြီး ဓမ္မဓိဋ္ဌာန်ကျနိုင် မယ်မထင်ဘူး။ ကျွန်မ သတင်းထောက်မဖြစ်ခင်မှာ ကျွန်မက လူသားတစ်ယောက်အရင်ဖြစ်တယ်။ ကျွန်မမှာ ဘက်လိုက်မှုမရှိဘူးဆိုပြီး ဟန်ဆောင်ဖို့လည်း မကြိုးစားဘူး။ ကျွန်မရဲ့ ဘက်လိုက်မှုတိုင်းကို ကျွန်မကိုယ်တိုင် အသိအမှတ်ပြုပြီးတော့ အလုပ်ထဲမှာ မဖြစ်သင့်တဲ့ ဘက်လိုက်မှုတွေပါလာခဲ့ရင် အဲဒါတွေကို ကိုင်တွယ်ဖြေရှင်းလိုက်တယ်။ ပြီးတော့ အထက်အရာရှိတွေကိုလည်း ကျွန်မရဲ့အလုပ်ကို စိစစ်ဖို့ ခွင့်ပြုထားပါတယ်။ ဒါက ကျွန်မရဲ့ နည်းစနစ်ပါပဲ
ဟု ပြောခဲ့သည်။
ဤသို့သော ပရော်ဖက်ရှင်နယ်ဆန်၍ မရေရာလှကာ တီထွင်ဖန်တီးမှုရှိသော လုပ်အားသည်ပင်လျှင် ပရော်ဖက်ရှင်နယ်ဆိုင်ရာ ကွဲပြားခြားနားမှုများနှင့် လူမှုကွဲပြားခြားနားခြင်းတို့ကို ဖြစ်စေသည့် ပါဝင်ခွင့်ပေးခြင်း (inclusion) နှင့် ဖယ်ကြဉ်ခြင်း (exclusion) ဟူသော ပုံစံအသစ်များကို ယူဆောင်လာပါသည်။ ပညာရေး၊ လူတန်းစားအလွှာ၊ လူမျိုးနှင့် ပထဝီဝင်ဒေသ အစရှိသည့် အကြောင်းအရာများက မတူညီသော လူအုပ်စုများအတွက် မတူညီသော အခွင့်အလမ်းများကို ဖန်တီးပေးခဲ့သည်။ ဥပမာ – အချို့သောသူများမှာ နိုင်ငံကနေထွက်သွားနိုင်သည့် အနေအထားရှိခဲ့ပြီး အချို့မှာမူ နိုင်ငံအတွင်း၌သာ ဆက်လက်ကျန်ရှိခဲ့ပြီး အထူးသဖြင့် နွေဦးတော်လှန်ရေးအတွက် မရေရာလှသော အလုပ်များကို ဆက်လက်ဆောင်ရွက်ကြရသည်။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း ကျန်ရှိခဲ့သော သတင်းမီဒီယာသမားများ၏ မရေရာမှုမှာ လူငယ်သတင်းမီဒီယာသမား တော်တော်များများအတွက် စိုးရိမ်ပူပန်နေရဆဲ ဖြစ်သော အကြောင်းအရာတစ်ခုဖြစ်သည်။
သို့သော် အာဏာသိမ်းမှုက သတင်းမီဒီယာသမားများအကြားတွင် ဤသို့သော တန်းတူညီမျှမှုမရှိခြင်းတို့ကို ပိုမိုသိရှိလာစေပြီး ၎င်းတို့၏ နိုင်ငံနှင့် သမိုင်းတို့ကိုလည်း ပိုမိုကောင်းမွန်စွာ သိရှိနားလည်သွားစေသည်။ ယခင်က မြို့ပြနှင့် တိုင်းရင်းသားလူမျိုးထိန်းချုပ်ရာ ကျေးလက်ဒေသများအကြားရှိ မတူညီသည့် အခြေအနေများနှင့် အတွေ့အကြုံများကို မသိရှိခဲ့သော်လည်း ယခုအခါတွင် မြန်မာနိုင်ငံ၌ ဆယ်စုနှစ်များစွာအတွင်း ဖြစ်ပျက်နေခဲ့သော အကြောင်းအရာများကို ပိုမိုသိရှိလာကြသည်။ ထို့အတူ ဒေသအခြေအနေများကို ဂဃနဏမသိသော နိုင်ငံခြားသားများက ဆုံးဖြတ်ချက်ချမှတ်သည့် နေရာများဝင်ယူခြင်းကြောင့် သို့မဟုတ် သတင်းများ ရေးသားတင်ဆက်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော ပြဿနာများကိုလည်း ၎င်းတို့ ပိုမိုသိရှိလာကြသည်။ ဤဆွေးနွေးမှု အကြောင်းအရာများနှင့် အတွေ့အကြုံအားလုံးသည် သတင်းမီဒီယာသမားများ၏ ပရော်ဖက်ရှင်နယ်ဆန်၍ မရေရာလှကာ တီထွင်ဖန်တီးမှုရှိသော လုပ်အားတို့ကို ပုံဖော်ပေးနိုင်မည်ဖြစ်ပြီး အထူးသဖြင့် မြန်မာနိုင်ငံအတွက် အသစ်သော အနာဂတ်ကို မျှော်မှန်းပုံဖော်ရာတွင် အထောက်အကူပြုနိုင် ပေသည်။
မြန်မာလူငယ်သတင်းမီဒီယာသမားများ၏ ပရော်ဖက်ရှင်နယ်ဆန်၍ မရေရာလှကာ တီထွင်ဖန်တီးမှုရှိသော လုပ်အားများသည် မိမိတို့ကို “ကာလဒေသ အခြေပြု ဓမ္မဓိဋ္ဌာန်ကျခြင်း (contextual objectivity)” အား ပိုမိုနားလည်စေ သည်။ သတင်းစာပညာဆိုင်ရာ “ဓမ္မဓိဋ္ဌာန်ကျမှု” ကဲ့သို့သော ပရော်ဖက်ရှင် နယ်ကျင့်ဝတ်များကို ထိန်းသိမ်းသကဲ့သို့ ကာလဒေသအခြေအနေအပေါ်မူ တည်၍ အလိုက်သင့်ပြောင်းလဲရန် ဆန္ဒရှိခြင်းဖြစ်သည်။79 Al-Ghazzi ဆွေးနွေး ခဲ့သလိုပင် “သတင်းစာပညာကို ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးနှင့် ယုတ္တိတန်သည့် ရွေးချယ်မှုတို့နှင့် ဆက်စပ်နေသော ခေတ်မီအင်စတီကျူးရှင်းတစ်ခုအဖြစ် ရှုမြင်သည့်အခါတွင် အခြားသော နိုင်ငံရေးကာလဒေသအခြေအနေများ၊ အထူးသဖြင့် ပို၍အန္တရာယ်ကြီးမားသော အခြေအနေများရှိ သတင်းမီဒီယာသမားတို့၏ ကြိုးစားအားထုတ်မှုတို့ကို အသိအမှတ်ပြုရန် ပျက်ကွက်နိုင်ပေသည်။ ဤဖြစ်ရပ်များတွင် သတင်းစာပညာ၏ ဓမ္မဓိဋ္ဌာန်ကျမှု၊ ကြားနေမှု၊ မျှတမှုဟူသော စံနှုန်းများသည် သဘာဝအားဖြင့် မတူညီသော ပုံစံအမျိုးမျိုး ဖြင့်ရှိကြပြီး စိတ်ခံစားမှုဆိုင်ရာ လူမှုပတ်ဝန်းကျင်များအပေါ် အခြေခံ၍ ကာလဒေသနှင့်အညီ အလိုက်သင့်ပြောင်းလဲရမည်ဖြစ်သည်။”80 မြန်မာသတင်းမီဒီယာများသည် “ဓမ္မဓိဋ္ဌာန်ကျမှု” ကို ချဉ်းကပ်ရာတွင် သမားရိုးကျသတင်းစာပညာရပ်များတွင် သင်ကြားလာခဲ့သော ချဉ်းကပ်မှု ပုံစံများထက် “ပို၍ စုပေါင်းမှု၊ အပြန်အလှန်ဆွေးနွေးပြောဆိုမှု၊ သာတူညီမျှမှုနှင့် ရှုထောင့်စုံနည်းလမ်းများ” ကို အခြေခံ၍ ချဉ်းကပ်လုပ်ဆောင်ကြသည်။81 ဤသည်မှာ ယဉ်ကျေးမှုစုံလင်သော၊ အားလုံးပါဝင်သော၊ သာတူညီမျှဖြစ်သော အနာဂတ်မြန်မာနိုင်ငံအတွက်လည်းကောင်း၊ စကားဝိုင်း၌ ပါဝင်ဆွေးနွေးခဲ့သော အမျိုးသမီးသတင်းထောက်တို့ ကြိုးစားတည်ဆောက်နေသော အနာဂတ် သတင်းမီဒီယာနယ်ပယ် အတွက်သော်လည်းကောင်း ကောင်းမွန်သော နိမိတ်လက္ခဏာများ ဖြစ်ပေသည်။
အဆုံးမှတ်စုများ
1 ဤဆောင်းပါးတွင် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကာလအတွက် Burma ဟု ခေါ်ဝေါ် သုံးနှုန်းမည်ဖြစ်ပြီး ယင်းနောက်ပိုင်းကာလအတွက် Myanmar ဟု ခေါ်ဝေါ်သုံးနှုန်း သွားပါမည်။ အခြားစာရေးသူများ၏ စာတမ်းများကို တိုက်ရိုက်ကိုးကားရာတွင် လည်း ကောင်း၊ အကျဉ်းချုပ်ရေးသားရာတွင် လည်းကောင်း ၎င်းတို့ရွေးချယ်ထားသော နည်း လမ်းအတိုင်း ရွေးချယ်အသုံးပြုပါမည်။ ဤကိစ္စရပ်နှင့်ပတ်သက်၍ သုံးသပ်ချက်များကို Brooten et al., 2019a, pp. xvii-xix တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။
2 Kraidy, 2016, pp. 233-234.
3 Kraidy, 2016.
4 Joas, 1996.
5 “တီထွန်ဖန်တီးနိုင်စွမ်းရှိသော လုပ်အား” ဟူသော အသုံးအနှုန်းကို လူပုဂ္ဂိုလ်များ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အရည်အသွေးများကို ဖော်ပြရာတွင် သုံးလေ့ရှိသော်လည်း မိမိတို့၏ ချဉ်းကပ်ပုံမှာ Smith & McKinlay (2009) တို့၏ ချဉ်းကပ်ပုံနှင့် တူညီသည်။ ၎င်းတို့၏ အဆိုအရ သတင်းမီဒီယာသမားများ၏ လုပ်အားအတွေ့အကြုံများသည် “အစဉ်အလာ၊ အလေ့အထ၊ တန်ဖိုးထားမှုများစုစည်းခြင်းဖြစ်စဉ်၏ ရလဒ်များဖြစ်၍ … [နှင့်] အလွတ်တမ်းစာရေးသူများ၏ လုပ်အားအတွေ့အကြုံများမှာမူ ၎င်းတို့လုပ်ကိုင်နေသော လုပ်ငန်းနယ်ပယ်၏ ဆင်ခြင်တွေးခေါ်မှုပုံစံမှ တိုက်ရိုက် ဖြစ်ထွန်းလာခြင်းဖြစ်သည် (as cited in Cohen, 2016, p. 3)။
6 Democratic Voice of Burma (နောက်ပိုင်းတွင် the DVB Multimedia Group ဟု အမည်ပြောင်းခဲ့သည်)၊ Mizzima နှင့် The Irrawaddy သတင်းဌာနတို့သည် နယ်စပ် ဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ဗမာလူမျိုးအများစုပါဝင်သည့် ၈၈ မျိုး ဆက်ကျောင်းသားလူငယ်တို့ တည်ထောင်ခဲ့သော လူသိအများဆုံးဖြစ်သည့် သတင်း မီဒီယာဌာနများထဲမှ အချို့ဖြစ်သည်။ ၎င်းတို့အားလုံးသည် မြန်မာ့နိုင်ငံရေးတံခါးဖွင့်ချိန်တွင် ပြည်တွင်းသို့ ပြန်လည်ပြောင်းရွှေ့ခဲ့သော်လည်း ၂၀၂၁၊ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်မှာတော့ ပြည်ပသို့ ပြန်လည်ထွက်ပြေး ပြောင်းရွှေ့ခဲ့ရသည် (McElhone & Brooten, 2019)။
7 Al-Ghazzi, 2021.
8 Al-Ghazzi, 2021; Blussé, 2012; Hamilton, 2009; Murrell, 2015.
9 Myanmar Media Update ဆွေးနွေးပွဲကို Chatham House စည်းမျဉ်းနှင့်အညီ ကျင်းပခဲ့သည်။ ဤဆောင်းပါး၌ ကိုးကားထားသော ပါဝင်သူများ၏ တိုက်ရိုက်ပြောစကားများကို ဤဆွေးနွေးပွဲမှသော်လည်းကောင်း သို့မဟုတ် အခြားသော တွေ့ဆုံမှုများမှ သော်လည်းကောင်း ၎င်းတို့၏ ခွင့်ပြုချက်ဖြင့် ကောက်နှုတ်ဖော်ပြထားခြင်းဖြစ် သည်။
10 De, 2013; Larkin, 2003; U Thaung, 1995.
11 Burma’s Media, 2016; Lintner, 2001.
12 Linter, 2001; San San May, 2016.
13 Allott, 1993; Leehey, 1997.
14 Smith, 1991.
15 Allott, 1993; Lintner, 2001; Smith, 1991.
16 Allott, 1994; Leehey, 1997; Smith, 1991.
17 Allott, 1993.
18 Ibid.
19 Ibid.
20 Guyon, 1992.
21 Fink, 2001; Lintner, 1989.
22 Smith, 1991.
23 Brooten, 2003; Smith, 1991.
24 Brooten et al., 2019b.
25 Nwe Nwe Aye, 2012.
26 Crouch, 2016.
27 Kumar, 2014.
28 Heijmans, 2017; Trautwein, 2015.
29 Brooten et al., 2019b.
30 Committee to Protect Journalists, 2015.
31 Brooten & Verbruggen, 2017; Brooten et al., 2019b; Htusan, 2019; McElhone, 2019; Wade, 2017. ရိုဟင်ဂျာအကျပ်အတည်းအပေါ် နိုင်ငံပိုင်သတင်း မီဒီယာနှင့် အမှီအခိုကင်းသော သတင်းမီဒီယာတို့၏ တုံ့ပြန်မှုနှင့်ပတ်သက်သည့် လေ့ လာဆန်းစစ်မှုက ဤစာတမ်း၏ နယ်ပယ်အတိုင်းအတာထက် ကျော်လွန်ပါသည်။ သို့သော် နောက်ထပ်အချက်အလက်များပိုမို ရယူလိုပါက Kironska & Ni Ni Peng, 2021; Lee, 2019; McElhone, 2019; Myanmar Institute for Democracy, 2017; Wade, 2017 တို့ကို ဖတ်ရှုနိုင်ပါသည်။
32 UNOHCHR, 2022a; 2022b.
33 Free Expression Myanmar, 2020.
34 Htusan, 2019.
35 McElhone & Brooten, 2019.
36 Jasper, 1997.
37 Couldry & Curran, 2003, p. 4.
38 Joas, 1996, p. 199.
39 Ibid.
40 Jasper, 1997.
41 Brooten, 2006; Brooten & Swan Ye Htut, 2022; Chu May Paing & Than Toe Aung, 2021; Tharaphi Than, 2021.
42 Ristow, 2011, p. 17.
43 Atton & Hamilton, 2008; Forde, 2015.
44 Atton & Hamilton, 2008, p. 1.
45 Downing, 2001, p. v.
46 Downing, 2001, p. xi.
47 Atton & Hamilton, 2008, p. 1.
48 Brooten, 2003.
49 Brooten et al., 2019.
50 ၎င်းတို့၏ လူမှုအသိုက်အဝန်းအပေါ် တိုက်ခိုက်မှုသည် ပိုမိုရက်စက်ကြမ်းကြုတ်လေလေ ပရော်ဖက်ရှင်နယ် စံချိန်စံညွှန်းတို့ကို ထိန်းသိမ်းရန် ပိုမိုခက်ခဲလေဖြစ်သည်။ ဤသို့သော အခြေအနေကို မြန်မာစစ်တပ်က ကြိုးပေးကွပ်မျက်ခဲ့သော အကျဉ်းသား (၄) ဦးဖြစ်သည့် (ကိုဂျင်မီ၊ ဖြိုးဇေယျာသော်၊ လှမျိုးအောင်၊ အောင်သူရဇော်) တို့၏ ဖြစ်ရပ်နောက်ပိုင်းတွင် တွေ့ရသည်။ ယင်း (၄) ဦးထဲတွင် နှစ်ဦးမှာ (ကိုဂျင်မီနှင့် ဖြိုးဇေယျာ သော်) တို့မှာ လူသိများသည့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတို့ဖြစ်သည်။ ဤသေဒဏ်ချမှတ်မှုကြောင့် လူထုအများအပြားမှာ ထိတ်လန့်တုန်လှုပ်၍ ဒေါသူပုန်ထခဲ့ကြသည်။ ထိုသို့ ကြိုးပေးကွပ်မျက်မှုသတင်းထွက်ပေါ်လာပြီး တစ်ပတ်အကြာတွင် ဧရာဝတီသတင်းဌာနက “မြန်မာလူထုဆန္ဒ – မင်းအောင်လှိုင်ကို ကြိုးမိန့်ပေးရမည်” ဟူသော အယ်ဒီတာ့အာဘော်ကို ရေးသားထုတ်ဝေခဲ့သည်။ ယင်းအယ်ဒီတာ့အာဘော် တွင် နာမည်ဆိုး၊ နာမည်ပျက်ဖြင့် ကျော်စောသော ဗိုလ်ချုပ်မှူးကြီးတစ်ဦးကို ကြိုးစင် ပေါ်တွင် ကြိုးကွင်းစွပ်ထား၍ နောက်ခံအမည်းတွင် ဩဘာပေးနေသော၊ အောင်ပွဲခံ နေကြသော လူအုပ်စုပုံတို့ပါဝင်သည့် ရုပ်ပုံတစ်ခုကိုပါ ဖော်ပြထားသည် (The Myanmar People, 2022)။ ဤဆောင်းပါးသည် အယ်ဒီတာ့အာဘော်ဖြစ်သည်မှာ ထင်ရှားသော်လည်း ကိုယ်ချင်းအစာတတ်ဆုံး လေ့လာသူတစ်ဦးအနေဖြင့် သတ်မှတ်စဥ်းစားထားနိုင်သော ပရော်ဖက်ရှင်နယ် စံချိန်စံနှုန်းနယ်ပယ်များကိုပင် ကျော်လွန်ဆွဲဆန့်နေပါသည်။
51 မြန်မာနိုင်ငံ၏အခြေအနေတွင် ကျွန်ုပ်တို့သည် ‘တိုင်းရင်းသားသတင်းမီဒီယာ’ ကို တိုင်းရင်းသားလူမျိုးစုတစ်စု၏ သတင်းအချက်အလက်လိုအပ်ချက်များအတွက် ဝန်ဆောင်မှုပေးရန် အဓိကထားဆောင်ရွက်နေသော သတင်းမီဒီယာအေဂျင်စီအသေးများကို ရည်ညွှန်းရန် အသုံးပြုပါသည် (McElhone, 2019)။
52 ဓမ္မဓိဋ္ဌာန်ကျမှုနှင့်ပတ်သက်သော အယူအဆသည် သတင်းစာပညာဘာသာရပ် အပါအဝင် ဘာသာရပ်အများအပြားတွင် ဆွေးနွေးငြင်းခုံရဆဲဖြစ်သည်။ အချို့ ငြင်းခုံသည်မှာ “ဓမ္မဓိဋ္ဌာန်ကျမှုဖြစ်အောင် ကြိုးပမ်းခြင်းက အမှန်တရားအား လုံလုံလောက် လောက်ရေးသားခြင်း၊ နောက်ခံအခြေအနေများကို တင်ပြခြင်းနှင့် ညီမျှမှု ရရှိအောင် ဆောင်ရွက်ခြင်းတို့ကို အဟန့်အတားဖြစ်စေသည်” ဟု ဆိုကြသည်။ ထို့ကြောင့် ယင်းအစား သတင်းထောက်များအနေဖြင့် “အမှန်တရားကို ရှာဖွေခြင်း၊ နောက်ခံအခြေအနေများကို တင်ပြခြင်းနှင့်အတူ ဓမ္မဓိဋ္ဌာန်ကျမှုကို လိုက်နာခြင်းကြောင့် မဖော်ပြလိုက်သည့် အသံများနှင့် ရှုထောင့်တို့အား ထည့်သွင်းခြင်း” တို့ကို လုပ်ဆောင်သင့်သည်ဟု ဆိုကြသည် (Baleria, 2020)။
53 Brooten, 2006.
54 Al-Ghazzi, 2021, p. 3.
55 Al-Ghazzi, 2021, p. 2; Brooten, 2022.
56 Al-Ghazzi, 2021, p. 3.
57 Crete-Nishihata & Tsui, 2021.
58 Crete-Nishihata & Tsui, 2021, p. 4
59 MDIF က ဖတ်ယူကြည့်ရှုသူ ပရိသတ်ဦးရေ တိုးပွားလာမှုနှင့်ပတ်သက်သော ဆန်းစစ် လေ့လာမှုအတွက် Facebook follower ဦးရေနှင့် YouTube subscriber ဦးရေ အချက် အလက်တို့ကို အသုံးပြုထားပါသည် (Myanmar Development Investment Fund, 2022)။
60 Santoso, 2022.
61 Tatomir et al., 2020; McElhone, 2022.
62 Usher, 2019; Zelizer, 2007.
63 Crete-Nishihata & Tsui, 2021, p. 2; Kunnuwong, 2022.
64 Banki & Seng Ing, 2019.
65 Kraidy, 2016, p. 233.
66 Al-Ghazzi, 2021, p. 10.
67 ဝါရင့် မြန်မာသတင်းမီဒီယာအလုပ်အမှုဆောင် တော်တော်များများတွင် ပြည်တွင်းကနေ လုပ်ကိုင်ပေးနေသော ဝန်ထမ်းများရှိကြသည်။ အချို့သော အခြေအနေတွင် အလွတ်တန်းသတင်းထောက်များ၊ CJs များနှင့် လူမှုကွန်ရက်များက ၎င်းတို့၏ လုပ်ငန်းများကို အားဖြည့်ပေးနေဆဲဖြစ်သည်။ IFJ Asia Pacific ၊ မြန်မာသတင်းထောက် များကွန်ရက်နှင့် မြန်မာအမျိုးသမီးသတင်းထောက်များအသင်းတို့ ပူးပေါင်းဆောင်ရွက် ထားသော လုပ်အားခ အပြည့်အဝေမပေးခြင်းအပေါ် ဆန့်ကျင်သည့်ကမ်ပိန်းကိုဖတ်ရှုပါ (IFJ Asia Pacific, 2022) ။
68 ဆွေးနွေးသူက အမည်မဖော်လိုသည့်အတွက် နာမည်လွှဲကို အသုံးပြုထားပါသည်။
69 ဆွေးနွေးသူက အမည်မဖော်လိုသည့်အတွက် နာမည်လွှဲကို အသုံးပြုထားပါသည်။
70 Al-Ghazzi, 2021, p. 3. See also Kotisova, 2019; Rentschler, 2010; Wahl-Jorgensen, 2019.
71 Al-Ghazzi, 2021, p. 3. See also Ashraf, 2022.
72 ရှေ့တွင် မှတ်ချက်ပြုခဲ့သလိုပင် ၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာမွတ်စလင် ၇၀၀,၀၀၀ ကျော်သည် စစ်တပ်၏ စီးနင်းတိုက်ခိုက်မှုတို့ကနေ လွတ်မြောက်ရန်အတွက် ရခိုင်ပြည်နယ် နယ်စပ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ယင်းကို ကုလသမဂ္ဂက လူမျိုးတုံး သုတ်သင်ရှင်းလင်းမှု (ethnic cleansing) ဟု ခေါ်ဝေါ်ခဲ့ သည်။ ကုလသမဂ္ဂ၏အဆိုအရ ရိုဟင်ဂျာလူမျိုးသည် ကမ္ဘာပေါ်တွင် နှိပ်ကွပ်မှုအခံရဆုံးသော လူနည်းစုဖြစ်သည်ဟု ဆိုသည် (Myanmar Rohingya, 2020; UN Refugees, 2022)။
73 ၂၀၂၁ ခုနှစ်အစောပိုင်းက CNN သတင်းဌာနမှ နိုင်ငံတကာရေးရာ အကြီးတန်း သတင်းထောက်ဖြစ်သူ Clarissa Ward ၏ ‘မြန်မာနိုင်ငံအကြောင်း ဂဃနဏမသိဘဲ သတင်းယူသည့်ခရီးစဉ် (parachute journalism)’ သည် အငြင်းပွားဖွယ်ဖြစ်ခဲ့သည်။ ဥပမာ – သတင်းထောက်များဖြစ်သော Aye Min Thant’s (2021) နှင့် Thin Lei Win’s (2021) တို့၏ တုံ့ပြန်မှုများကို ကြည့်ပါ။ နိုင်ငံခြားသား ဆန်းစစ်လေ့လာသူများ သို့မဟုတ် “ကျွမ်းကျင်သူများ” အပေါ် ဝေဖန်မှုများနှင့်ပတ်သက်၍ Babu (2021) နှင့် Linn (2022) ကို ဖတ်ရှုပါ။ မြန်မာ့အရေးလေ့လာမှုများတွင် ကိုလိုနီဆန်မှုနှင့် အဖြူကြီးစိုးမှုတို့ကို ဖြိုဖျက်ရန်တောင်းဆိုသည့် စာတမ်းများတွင် Tharaphi Than (2021) နှင့် Chu May Paing & Than Toe Aung (2021) တို့ပါဝင်သည်။
74 Al-Ghazzi, 2021, p. 11. See also Ashraf, 2022; Brooten, 2006.
75 ယေဘုယျအားဖြင့် မြန်မာနိုင်ငံရှိ လူမျိုးစုများသည် (တိုင်းရင်းသားလူနည်းစု) ဟူ သော အသုံးအနှုန်းထက် “တိုင်းရင်းသားလူမျိုး” ဟူသော အသုံးအနှုန်းကို ပိုနှစ်သက် သည့်အတွက် တိုင်းရင်းသားလူမျိုးဟု သုံးနှုန်းထားပါသည်။
76 Al-Ghazzi, 2021; Kotisova, 2019; Rentschler, 2010; Wahl-Jorgensen, 2019.
77 ဥပမာ – ကဗျာဆရာ၊ တက်ကြွလှုပ်ရှားသူနှင့် အာဏာသိမ်းမှုအလွန် တော်လှန်ရေး သမားဖြစ်လာသူ မောင်ဆောင်းခမှာ ၂၀၁၅ ခုနှစ်တွင် NLD ပါတီအတွက် မဲဆွယ်စည်း ရုံးပေးခဲ့သော်လည်း NLD ပါတီအပေါ် စိတ်ပျက်လာသည့်အတွက် ၂၀၁၈ ခုနှစ်တွင် ပါတီမှ နုတ်ထွက်ခဲ့သည်။ ရိုဟင်ဂျာအရပ်သားများအပေါ် စစ်တပ်၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို မှတ်တမ်းတင်ခဲ့သော ရိုက်တာသတင်းထောက်နှစ်ဦးအား ဖမ်းဆီးမှုနှင့်ပတ်သက်၍ NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ဘက်ကနေ ကာကွယ်ပေးခဲ့ခြင်းက သူစိတ်ပျက်ခဲ့ရသည့် အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် သူ၏ လွတ်လပ်စွာ ပြောဆိုခွင့်ဆိုင်ရာ လူငယ်အဖွဲ့ အစည်းတစ်ခုဖြစ်သော အသံ (Athan) ၏ တွေ့ရှိချက်အရ အစိုးရကိုဝေဖန်၍ အရေးယူခံရသည့် အရေအတွက်မှာ ယခင်စစ်တပ်နှင့်ဆက်နွှယ်သည့်အစိုးရလက်ထက်က ထက် NLD အစိုးရလက်ထက်တွင် ပိုများကြောင်း တွေ့ရှိခဲ့သည်။ လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်မှာ အဆက်အသွယ်ဖြတ်၍ အကျဉ်းချခံထားရသော်လည်း တစ်နေ့ကျလျှင် သူမ၏ ဦးဆောင်မှုအောက်ရှိ မည်သည့်အစိုးရမဆို စစ်တပ်နှင့် စေ့စပ်ညှိနှိုင်းမည့် လမ်းကြောင်းကို ရွေးချယ်လေမလား သို့မဟုတ် လူမျိုးစုအစုအဖွဲ့များ ပါဝင်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ရည်မှန်းချက်ကို စွန့်လွှတ်လေမလားဟူ၍ မောင်ဆောင်းခက စိုးရိမ်နေသည် (The PDFs, 2022)။ Nan Oo Nway (2022); Shoon Naing & Poppy McPherson (2018) ကိုလည်း ကြည့်ပါ။
78 Al-Ghazzi, 2021; Ashraf, 2022.
79 Iskandar & el-Nawaway, 2004.
80 Al-Ghazzi, 2021, p. 12.
81 Hackett & Gurleyen, 2015, pp. 62-63.
ကိုးကားချက်များ
Al-Ghazzi, O. (2021). ‘Forced to report’: Affective proximity and the perils of local reporting on Syria. Journalism. https://doi.org/10.1177/1464884920984874
Allott, A. (1993). Inked Over, Ripped Out: Burmese Storytellers and the Censors. PEN American Center. https://www.burmalibrary.org/sites/burmalibrary.org/files/obl/docs/INKED-OVER.doc
Allott, A. (1994). “Burmese Ways”. Index on Censorship, 23(3), 87-105.
Ashraf, S. (2022). The dark side of news fixing: The culture and political economy of global media in Pakistan and Afghanistan. Anthem Press.
Atton, C., & Hamilton, J. F. (2008). Alternative Journalism. Sage.
Aye Min Thant. (2021, April 13). “Every Journalist’s Worst Nightmare”: CNN’s Myanmar Misadventure. New Naratif. https://newnaratif.com/every-journalists-worst-nightmare-cnns-myanmar-misadventure/
Babu. (2021, October 7). Would like to collect recent “bad” articles … [Tweet]. Twitter. https://twitter.com/babuhtwe/status/1446156537983078402
Baleria, G. (2020, September 11). It’s time for journalism educators to rethink ‘objectivity’ and teach more about context. Poynter. https://www.poynter.org/educators-students/2020/its-time-for-journalism-educators-to-rethink-objectivity-and-teach-more-about-context/
Banki, S., & Seng Ing, J. (2019). Precarity and risk in Myanmar’s media: A longitudinal analysis of natural disaster coverage by The Irrawaddy. In L. Brooten, J. McElhone, & G. Venkiteswaran (Eds.), Myanmar Media in Transition: Legacies, Challenges and Change (pp. 177-200). ISEAS.
Blussé, J. (2012). The Fixer’s Place in the Field: The Role of Fixers in Foreign News Reporting from China [Unpublished master’s dissertation]. University of Amsterdam.
Brooten, L. (2003). Global Communications, Local Conceptions: Human Rights and the Politics of Communication among the Burmese Opposition-in-exile [Unpublished doctoral dissertation]. Ohio University.
Brooten, L. (2006). Political Violence and Journalism in a Multiethnic State: A Case Study of Burma (Myanmar). Journal of Communication Inquiry, 30(4), 354–373. https://doi.org/10.1177/0196859906290841
Brooten, L. (2022). Power grab in a pandemic: Media, lawfare and policy in Myanmar. Journal of Digital Media & Policy, 13(1), 9-24. https://doi.org/10.1386/jdmp_00087_1
Brooten, L., McElhone, J., & Venkiteswaran, G. (Eds.). (2019a). Myanmar Media in Transition: Legacies, Challenges and Change. ISEAS.
Brooten, L., McElhone, J., & Venkiteswaran, G. (2019b). Introduction: Myanmar media historically and the challenges of transition. In L. Brooten, J. McElhone, & G. Venkiteswaran (Eds.), Myanmar Media in Transition: Legacies, Challenges and Change (pp. 1-56). ISEAS.
Brooten, L., & Swan Ye Htut. (2022, November 2-4). Burma’s Decolonizing Moment? Growing challenges to colonial structures and narratives [Paper presentation]. The 2nd AlterSEA Conference. Bangkok, Thailand. https://altersea.hypotheses.org/schedule-2
Brooten, L., & Verbruggen, Y. (2017). Producing the News: Reporting on Myanmar’s Rohingya Crisis. Journal of Contemporary Asia, 47(3), 440-460. http://dx.doi.org/10.1080/00472336.2017.1303078
Burma’s Media Landscape through the Years. (2016, May 4). The Irrawaddy. https://www.irrawaddy.com/news/burma/burmas-media-landscape-through-the-years.html
Chu May Paing, & Than Toe Aung. (2021, August 14). Talking Back To white “Burma Experts.” Agitate Journal. https://agitatejournal.org/talking-back-to-white-burma-experts-by-chu-may-paing-and-than-toe-aung/
Cohen, N. (2016). Cultural Work as a Site of Struggle: Freelancers and Exploitation. In C. Fuchs, & V. Mosco (Eds.), Marx and the Political Economy of the Media (pp. 36-64). Koninklijke Brill.
Committee to Protect Journalists. (2015). 10 Most Censored Countries. https://cpj.org/2015/04/10-most-censored-countries.php
Couldry, N., & Curran, J. (2003). The Paradox of Media Power. In N. Couldry, & J. Curran (Eds.), Contesting Media Power: Alternative Media in a Networked World (pp. 3-15). Rowman & Littlefield.
Crete-Nishihata, M., & Tsui, L. (2021). “The truth of what’s happening” How Tibetan exile media develop and maintain journalistic authority. Journalism. https://doi.org/10.1177/14648849211044899
Crouch, E. (2016, January 19). Myanmar Was Off the Grid for Decades – Now it’s Catching Up Fast. Techinasia. https://www.techinasia.com/myanmar-internet-revolution-startups
De, S. (2013). Marginal Whites and the Great Uprising: A Case Study of the Bengal Presidency. In A. Major, & C. Bates (Eds.), Mutiny at the Margins: New Perspectives on the Indian Uprising of 1857, vol. 2, Britain and the Indian Uprising (pp. 165–181). Sage.
Downing, J. D. H. (2001). Radical Media: Rebellious Communication and Social Movements. Sage.
Fink, C. (2001). Living Silence: Burma under Military Rule. Zed Books.
Forde, S. (2015). Politics, participation and the people: Alternative journalism around the world. In C. Atton (Ed.), The Routledge Companion to Alternative and Community Media (pp. 291-300). Routledge. https://doi.org/10.4324/9781315717241
Free Expression Myanmar. (2020, November 4). Illegitimate Internet Shutdown Extended Beyond Elections. https://freeexpressionmyanmar.org/illegitimate-internet-shutdown-extended-beyond-elections/
Guyon, R. (1992). Violent Repression in Burma: Human Rights and the Global Response. Pacific Law Journal, 10(2), 410-459. https://escholarship.org/content/qt05k6p059/qt05k6p059.pdf
Hackett, R. & Gurleyen, P. (2015). Beyond the binaries? Alternative media and objective journalism. In C. Atton. (Ed.), (2015). The Routledge Companion to Alternative and Community Media (pp. 54-65). New York: Routledge.
Hamilton, J. (2009). Journalism’s Roving Eye: A History of American Foreign Reporting. LSU Press.
Heijmans, P. (2017, July 11). The Unprecedented Explosion of Smartphones in Myanmar. Bloomberg Businessweek. https://www.bloomberg.com/news/features/2017-07-10/the-unprecedented-explosion-of-smartphones-in-myanmar
Htusan, E. (2019). Burma’s Broken Promise [Public talk]. Oslo Freedom Forum 2019. https://www.youtube.com/watch?v=AXjtzMU7CT0
IFJ Asia Pacific. (2022, December 1). Myanmar Journalists – Anti-Wage Theft Campaign – Video 1 [Video]. YouTube. https://www.youtube.com/watch?v=qJhBfQly8CM
Iskandar, A., & el-Nawawy, M. (2004). Al Jazeera and war coverage in Iraq: The media’s quest for contextual objectivity. In S. Allan, & B. Zelizer (Eds.), Reporting War: Journalism in Wartime (pp. 315-332). Routledge. https://doi.org/10.4324/9780203497562
Jasper, J. (1997). The Art of Moral Protest: Culture, Biography, and Creativity in Social Movements. University of Chicago Press. https://press.uchicago.edu/ucp/books/book/chicago/A/bo3629802.html
Joas, H. (1996). The Creativity of Action. Polity Press.
Kironska, K., & Ni Ni Peng. (2021). How state-run media shape perceptions: an analysis of the projection of the Rohingya in the Global New Light of Myanmar. South East Asia Research, 29(1), 16-31. https://doi.org/10.1080/0967828X.2020.1850178
Kotisova, J. (2019). The elephant in the newsroom: Current research on journalism and emotion. Sociology Compass, 13(5), e12677. https://doi.org/10.1111/soc4.12677
Kraidy, M. (2016). Revolutionary Creative Labor. In M. Curtin, & K. Sanson, (Eds.), Precarious Creativity: Global Media, Local Labor (pp. 231-240). University of California Press. https://doi.org/10.1525/luminos.10
Kumar, M. (2014). Media in an Authoritarian State: A Study of Myanmar. Atlantic.
Kunnawong, S. (2022). Myanmar Journalists Keep the News Alive. Fortify Rights. https://www.fortifyrights.org/mya-inv-pro-2022-11-02/
Larkin, E. (2003). The Self-Conscious Censor: Censorship in Burma under the British, 1900–1939. Journal of Burma Studies, 3, 64-101.
Lee, R. (2019). Extreme Speech in Myanmar: The Role of State Media in the Rohingya Forced Migration Crisis. International Journal of Communication, 13, 3203–3224.
Leehey, J. (1997). Message in a Bottle: A Gallery of Social/Political Cartoons from Burma. Southeast Asian Journal of Social Science, 25(1), 151-166.
Linn, K. (2022, May 30). Let me tell you #Myanmar story … [Tweet]. Twitter. https://twitter.com/Kevin_linnn/status/1531316016772415492?t=StvLHLJmoT4X7oBWiV0tiA&s=03
Lintner, B. (1989). Outrage: Burma’s Struggle for Democracy. Review Publishing.
Lintner, B. (2001). Burma: Denial of Access. In S. Coronel (Ed.), The Right to Know: Access to Information in Southeast Asia. Philippine Center for Investigative Journalism.
McElhone, J. M. (2019). The metamorphosis of media in Myanmar’s ethnic states. In L. Brooten, J. McElhone, & G. Venkiteswaran (Eds.), Myanmar Media in Transition: Legacies, Challenges and Change (pp. 210-228). ISEAS.
McElhone, J. M. (2022). Media Assistance in Burma’s Reform Decade. Center for Media Assistance and National Endowment for Democracy. https://www.cima.ned.org/wp-content/uploads/2022/10/CIMA_Burma-Working-Paper_web-150ppi.pdf
McElhone, J. M. & L. Brooten. (2019). Whispered Support: Two Decades of International Aid for Independent Journalism and Free Expression. In L. Brooten, J. McElhone, & G. Venkiteswaran (Eds.), Myanmar Media in Transition: Legacies, Challenges and Change (pp. 95-130). ISEAS.
Media Development Investment Fund. (2022, November 4). The Business of Independent Media in Post-Coup Myanmar. https://www.mdif.org/media-business-post-coup/
Murrell, C. (2015). Foreign Correspondents and International Newsgathering: The Role of Fixers. Routledge. https://doi.org/10.4324/9781315848471
Myanmar Institute for Democracy. (2017, October 12). Interim Report – Summary of Media Coverage on Rakhine Conflict and Recommendations. https://view.publitas.com/mid/report-eng/page/1
Myanmar Rohingya: What you need to know about the crisis. (2020, January 23). BBC News. https://www.bbc.com/news/world-asia-41566561
Nan Oo Nway. (2022, April 18). Bamar People’s Liberation Army receives support of major rebel groups on one-year anniversary. Myanmar Now. https://myanmar-now.org/en/news/bamar-peoples-liberation-army-receives-support-of-major-rebel-groups-on-one-year-anniversary
Nwe Nwe Aye. (2012). Role of the Media in Myanmar: Can It Be a Watchdog for Corruption? In N. Cheeseman, M. Skidmore, & T. Wilson (Eds.), Myanmar’s Transition: Opening, Obstacles, and Opportunities (pp. 186–203). ISEAS.
Rentschler, C. A. (2010). Trauma training and the reparative work of journalism. Cultural Studies, 24(4), 447-477. https://doi.org/10.1080/09502380903215275
Ristow, B. (2011). Independent Media in Exile. Center for Independent Media Assistance. https://www.cima.ned.org/publication/independent-media-in-exile/
San San May. (2016, December). Early Newspapers in Burma. Southeast Asia Library Group Newsletter, 48. http://www.sealg.org/pdf/newsletter2016.pdf
Santoso, T. (2022). Independent media’s struggle to survive in Myanmar. Media Development Investment Fund. https://www.mdif.org/independent-medias-struggle-to-survive-in-myanmar/
Shoon Naing, & McPherson, P. (2018, December 1). Lost Idol: New Wave of Myanmar Youth Activists Look Beyond Suu Kyi. Reuters.https://www.reuters.com/article/myanmar-activists/feature-lost-idol-new-wave-of-myanmar-youth-activists-look-beyond-suu-kyi-idINL4N1Y42KZ
Smith, C., & McKinlay, A. (2009). Creative Industries and Labor Process Analysis. In A. McKinlay, & C. Smith, (Eds.), Creative Labor: Working in the Creative Industries (pp. 3–28). Palgrave Macmillan.
Smith, M. (1991). State of Fear: Censorship in Burma (Myanmar). ARTICLE 19. https://documents.pub/document/state-of-fear-censorship-in-burma.html
Tatomir, B., de Angelis, E., & Sadouskaya-Komlac, M. (2020). Syrian Independent Exile Media [Briefing paper]. International Media Support. https://www.mediasupport.org/publication/syrian-independent-exile-media/
Tharaphi Than. (2021, November 20). Commentary: Why Does Area Studies Need Decolonization?. Critical Asian Studies. https://criticalasianstudies.org/commentary/2021/11/20/commentary-tharaphi-than-why-does-area-studies-need-decolonization
The PDFs marching to their own tune. (2022, July 13). Frontier Myanmar. www.frontiermyanmar.net/en/the-pdfs-marching-to-their-own-tune/
The Myanmar People’s Desire: Min Aung Hlaing Must Hang. (2022, August 1). The Irrawaddy. https://www.irrawaddy.com/opinion/editorial/the-myanmar-peoples-desire-min-aung-hlaing-must-hang.html
Thin Lei Win. (2021, April 6). Many people more eloquent than me… [Tweet]. Twitter. https://twitter.com/thinink/status/1379478114011602955
Trautwein, C. (2015, November 20). Myanmar Named Fourth-fastest-growing Mobile Market in the World by Ericsson. Myanmar Times. http://www.mmtimes.com/index.php/business/technology/17727-myanmarnamed-fourth-fastest-growing-mobile-market-in-the-world-by-ericsson.html
U Thaung. (1995). A Journalist, a General and an Army in Burma. White Lotus.
UN Refugees. (2022, July 13). Rohingya Refugee Crisis Explained. https://www.unrefugees.org/news/rohingya-refugee-crisis-explained/
UNOHCHR. (2022a). UN expert calls for action against Myanmar military on anniversary of atrocities against Rohingya. https://www.ohchr.org/en/press-releases/2022/08/un-expert-calls-action-against-myanmar-military-anniversary-atrocities
UNOHCHR. (2022b). Independent International Fact-Finding Mission on Myanmar. https://www.ohchr.org/en/hr-bodies/hrc/myanmar-ffm/index
Usher, N. (2019). Putting “place” in the center of journalism research: A way forward to understand challenges to trust and knowledge in news. Journalism & Communication Monographs, 21, 84–146.
Wade, F. (2017). Myanmar’s Enemy Within: Buddhist Violence and the Making of a Muslim “Other.” Zed Books.
Wahl-Jorgensen, K. (2019). Challenging presentism in journalism studies. Journalism, 20(5), 670–678. Zelizer, B. (2007). On “having been there”: “Eyewitnessing” as a journalistic key word. Critical Studies in Media Communication, 24(5), 408–428.