အထူးထုတ်စာစောင်၏ မိတ်ဆက်—၂၀၂၁ ခုနှစ် တပ်မတော်အာဏာသိမ်းမှုနောက်ပိုင်း စစ်သည်များ၏ တပ်မတော်မှစွန့်ခွာဘက်ပြောင်းလာမှုများ

Helene Maria Kyed | Click here for the English language version of this article.

Cite as: 
Kyed, H. M. ၊ (၂၀၂၂)၊ အထူးထုတ်စာစောင်၏ မိတ်ဆက်—၂၀၂၁ ခုနှစ် တပ်မတော်အာဏာသိမ်းမှုနောက်ပိုင်း စစ်သည်များ၏ တပ်မတော်မှစွန့်ခွာဘက်ပြောင်းလာမှုများ၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ()။ https://ijbs.online/?page_id=3658

စစ်တပ်ရဲ့ အဓိကတာဝန်က နိုင်ငံကိုကာကွယ်ဖို့ ဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာတော့ သူတို့ကပြည်သူတွေကို သတ်နေပြီး အမြဲတမ်းနိုင်ငံကိုအုပ်ချုပ်ဖို့ပဲစဥ်းစားနေကြပါတယ်။ ပြည်‌သူတွေမုန်းတာကို ကျွန်မ မခံချင်ပါဘူး။ အဲ့ဒါကြောင့်မို့လို့ ပြည်သူတွေဖက်မှာရပ်တည်ဖို့ ကျွန်မ ရွေးချယ်ခဲ့တာပါ။ ပြည်သူတွေကို သတ်တာက ကျွန်မ မိသားစုဝင်တွေကိုသတ်သလိုပါပဲ။ 2
– တပ်ကြပ်ကြီးဟောင်း ယဥ်လဲ့လဲ့ထွန်း။

အထက်ပါရှု့ထောင့်သည် “ပြည်သူ့ဖက်” ကိုပူးပေါင်းရန်နှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့အာဏာသိမ်းမှုကိုဆန့်ကျင်ရန် တပ်မတော်မှ စွန့်ခွာလာခဲ့သည့် ခန့်မှန်းချေ ၂,၆၀၀ မှ ၃,၀၀၀ ကြားရှိ စစ်သည်များထဲမှ တစ်ဦး၏ ရှု့ထောင့်ဖြစ်ပါသည်။3 အာဏာသိမ်းပြီး မကြာမီမှာပင် စစ်တပ်မှ လက်နက်မဲ့ဆန္ဒပြပြည်သူများအား စတင်သတ်ဖြတ်ခဲ့သည့် အချိန်မှစပြီး တစ်နေ့ထက်တစ်နေ့ပိုပိုများ လာ‌သော စစ်သည်များနှင့် ၎င်းတို့၏မိသားစုဝင်များသည် ဆရာ/ဆရာမများ၊ ဆရာဝန်များ၊ ရဲဝန်ထမ်းများနှင့် အခြားသူများနည်းတူ ၎င်းတို့၏ အသက်ကိုစွန့်စားကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ပူးပေါင်းလာခဲ့ကြ ပါသည်။4 အများအားဖြင့် “ပြည်သူ့စစ်သားများ” အဖြစ်ညွှန်းဆိုခံရလေ့ရှိသော ထို CDM စစ်သည်များသည် တပ်မတော်အာဏာကိုဖြိုချပြီး မြန်မာနိုင်ငံတွင် လူ့‌ဘောင်အဖွဲ့အစည်းသစ်တစ်ရပ်ကို ဖန်တီးတည်ဆောက်ရန် ရည်ရွယ်ထားသောပိုမိုကြီးမားကျယ်ပြန့်သည့် တော်လှန်ရေး၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။ ထိုစစ်သည်များသည် တပ်မတော်မှထွက်ပြေးလာခဲ့သော ‘တပ်ပြေး’5 များမဟုတ်ကြဘဲ ၎င်းတို့ နှစ်ပေါင်းများစွာ၊ အချို့သူများဆိုလျှင် ၎င်းတို့၏ ဘဝတစ်ခုလုံးနီးပါး အလုပ်လုပ်ကိုင်ပေးခဲ့သော အဖွဲ့အစည်းကို ဆန့်ကျင်ပြီး ပြည်သူများနှင့် တမင်တကာပူးပေါင်းလာခဲ့သော တပ်မတော်မှစွန့်ခွာ ‘ဘက်ပြောင်းလာသူ’6 များဖြစ်ကြပါသည်။

ဗမာဘာသာပြန်အပါအဝင် ဘာသာစကားနှစ်မျိုးဖြင့် ပုံနှိပ်ထုတ်ဝေသော ဤအထူးထုတ်စာစောင်တွင် မယဥ်လဲ့လဲ့ထွန်း အပါအဝင် အခြားသော တပ်မတော်မှစွန့်ခွာဘက်ပြောင်းလာသူများနှင့် စစ်သည်များ၏ဇနီးများသည် ၎င်းတို့အနေဖြင့် တပ်မတော်မှ အဘယ်ကြောင့်ထွက်ခွာလာခဲ့သည်နှင့် မည်သို့မည်ပုံထွက်ခွာလာခဲ့ရသည်တို့ကို ပြောပြထားကြပါသည်။ ၎င်းတို့သည် ၂၀၂၁ ခုနှစ် မေလကတည်းက စတင်လှုပ်ရှားခဲ့ကာ စစ်တပ်မှဘက်ပြောင်းလာသူစစ်သည်အသစ်များအား ပြင်းထန်သောအွန်လိုင်းလှုပ်ရှားမှုများမှ တဆင့်သာမက ပစ္စည်းများနှင့် ပို့‌ဆောင်ဆက်သွယ်ရေးဆိုင်ရာ အထောက်အပံ့များကိုပါ ကူညီထောက်ပံ့ပေးနေသည့် ပြည်သူ့ရင်ခွင်အဖွဲ့ (People’s Embrace) အပါအဝင် အဓိက CDM စစ်သည်အဖွဲ့နှစ်ဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်သော ပြည်သူ့စစ်သားများအဖွဲ့ (People’s Soldiers) နှင့်ပူးပေါင်းခဲ့ကြပါ သည်။7 ၎င်းစစ်သည်များထဲမှအချို့အား ထိုအဖွဲ့များမှ လုံခြုံသောပုန်းခိုရာနေရာများ သို့မဟုတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAO) များ ၏ထိန်းချုပ်မှုအောက်တွင်ရှိသော ‘လွတ်မြောက်နယ်မြေများ’ ထွက်ပြေးနိုင်စေရန်ကူညီပံ့ပိုးပေးခဲ့ပါ သည်။ ၎င်းတို့၏ဇာတ်လမ်းများသည် မိမိပြည်သူများကို ကာကွယ်ရမည့်အစား “ကိုယ့်ပြည်သူကိုယ်ပြန်သတ်” နေသည့် စစ်တပ်အဖွဲ့အစည်းတစ်ရပ်အပေါ် နက်ရှိုင်းသည့် ကိုယ်ကျင့်တရားဆိုင်ရာရွံရှာမှု၊ အရှက်ရမှုနှင့် ဒေါသဖြစ်မှုများကို ဖော်ထုတ်ပြသပေးခဲ့ပါသည်။ အာဏာသိမ်းပြီးနောက်ပိုင်းတွင် တပ်မတော်၏လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြည်သူများအပေါ် ကျူးလွန်နေသော အကြမ်းဖက်ဖြိုခွဲမှုများ၊ နှိပ်စက်မှုများနှင့် သတ်ဖြတ်မှုများအား အစပျိုးကာ ကြံရာပါများဖြစ်ခြင်းမှ ရှောင်လွှဲလိုသောကြောင့် ၎င်းစစ်သည်များအနေဖြင့် တပ်မတော်မှစွန့်ခွာလာခဲ့ကြခြင်းဖြစ်ပါသည်။ တပ်တွင်း ဖိနှိပ်အနိုင်ကျင့်မှုများ၊ ဆင်းရဲချို့တဲ့မှုများနှင့် ဦးနှောက်ကျင်းမှုများ (brainwash) ဖြင့် ပြည့်နှက်နေသော စစ်တပ်ဖွဲ့စည်းပုံစနစ်တစ်ခုကြောင့် ထိုစစ်သည်များအနေဖြင့် စိတ်ဓာတ်ကျဆင်းမှုများနှင့် မတရားပြုမူခံရခြင်းများခံစားခဲ့ရပါသည်။ ဤစနစ်သည် မြန်မာနိုင်ငံတွင် ရှည်လျားသောသမိုင်းတစ်ရပ်အနေဖြင့် ရှိနေခဲ့သော်လည်း ဘက်ပြောင်းလာခဲ့သော စစ်သည်များ၏အမြင်တွင်မူ ၎င်းစနစ်သည် အာဏာသိမ်းမှု နောက်ပိုင်းတွင်မှ ပိုမိုဆိုးဝါးလာခဲ့ပါသည်။ မတရားမှု၊ အကျင့်ပျက်ခြစားမှု၊ မိမိအကျိုးစီးပွားကိုသာစိတ်ဝင်စားမှု နှင့် လူအများကြား ရေပန်းစားသောတရားဝင်မှုကင်းမဲ့ခြင်းတို့ဖြင့် တပ်မတော်ခေါင်းဆောင်ပိုင်းအပေါ် ဒေါသထွက်မှုအားဖော်ပြကြပြီး ၎င်းသည်တပ်မတော်သားများနှင့် ပြည်သူများအကြား ခွာပြဲမှုတစ်ခုကိုဖြစ်ပေါ်စေသလို စစ်သည်များအနေဖြင့် တပ်မှထွက်ပြေးရုံသက်သက်မဟုတ်ဘဲ ပြည်သူများဖက်သို့ ဘက်ပြောင်းလာမှုများအတွက်လည်း အထောက်အကူတစ်ရပ်ဖြစ်ခဲ့ပါ သည်။

ဤစာစောင်ထဲတွင်ပါဝင်သော ကိုယ်တွေ့မှတ်တမ်းများထဲတွင် ဖော်ပြထားသကဲ့သို့ အာဏာသိမ်းမှုနောက်ပိုင်း တပ်မှစွန့် ခွာဘက်ပြောင်းမှုအများစုသည် မတူညီသော စစ်တပ်ဌာနများမှ တစ်ဦးချင်းစီထွက်ခွာသော ပုံစံမျိုးဖြင့်စတင်ခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် တပ်မတော်မှ စွန့် ခွာလာသည့်အချို့သောသူများသည် ပြည်သူလူထုရှေ့မောက်သို့ ထွက်ပေါ်လာကြပြီး ၎င်းတို့၏ရပ်တည်ချက်အား CDM နှင့် ပြည်သူလူထု၏ခုခံတော်လှန်မှုဖြင့် ကိုယ်စားပြုဖော်ပြလာကြသော အခါ ဤတပ်မတော်မှစွန့်ခွာဘက်ပြောင်းမှုသည် ရှင်းလင်းသော တော်လှန်ရေးဗျူဟာတစ်ရပ်အသွင် ပြောင်းလဲသွားခဲ့ပါသည်။ ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် နောက်ပိုင်းတွင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)8 နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့၏ထောက်ပံ့ကူညီမှုကြောင့် တပ်မတော်မှစွန့်ခွာဘက်ပြောင်းမှုသည် လက်ရှိအချိန်တွင် နွေဦးတော်လှန်ရေး (စစ်အစိုးရ၏အုပ်ချုပ်မှုကိုဆန့်ကျင်သည့် လူထု၏လှုပ်ရှားမှုများ အတွက် အသုံးပြုလေ့ရှိသောအမည်) ၏ အဓိကမဏ္ဍိုင်သုံးခုထဲမှ တစ်ခုအဖြစ်သတ်မှတ်ခြင်းခံလာရပါသည်။ ပြည်သူလူထု၏ ဆန္ဒပြမှုများနှင့် လက်နက်ကိုင်တော်လှန်မှုများနည်းတူ တပ်မတော်မှစွန့် ခွာဘက်ပြောင်းမှုမဏ္ဍိုင်သည် ပိုမိုများပြားသော စစ်သည်များနှင့် ရဲဝန်ထမ်းများကဲ့သို့ အခြားသောလုံခြုံရေးတပ်ဖွဲ့ ဝင်များကို တပ်မတော်မှစွန့်ခွာစေရန် သို့မဟုတ် အာဏာဖီဆန်ခြင်းလှုပ်ရှားမှုတွင်ပါဝင်လာစေရန် ပြုလုပ်ခြင်းဖြင့် တပ်မတော်အားအတွင်းပိုင်းမှနေပြီး အောက်ခြေမှစတင်ပြိုလဲ လာစေရန်ဆောင်ရွက်ဖို့ အဓိကအလေးပေးထားပါသည်။9 တပ်မတော်၏ပြိုကွဲမှုသည် အာဏာသိမ်းမှုကိုဆန့်ကျင်သော လှုပ်ရှားမှုအား မြန်မာနိုင်ငံကို စစ်မှန်သော ဖယ်ဒရယ်ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ရောက်ရှိလာနိုင်စေရန် လမ်းညွှန်ပေးနိုင်ပါသည်။10 အာဏာရှင်အုပ်ချုပ်ရေးများကိုဆန့်ကျင်လှုပ်ရှားခဲ့ကြသည့် တော်လှန်‌ရေးများနှင့် လူသိများသော ဒီမိုကရေစီအရေးအုံကြွမှုများ၏ သမိုင်းကြောင်းတစ်လျှောက် အောင်မြင်မှုအတွက် တပ်မတော်မှ စွန့် ခွာဘက်ပြောင်းမှုများ သို့မဟုတ် တပ်တွင်းပုန်ကန်မှုများသည် အဓိကအရေးပါသော အချက်တစ်ချက်ဖြစ်ကြောင်းဖော်ပြထားသည့်တပ်မတော်နှင့် အရပ်သားဆက်ဆံရေးအပေါ်နှိုင်းယှဥ် သုတေသနပြုထားမှုများမှ ဤဖြစ်နိုင်ချေအလားအလာအပေါ်ထောက်ခံပေးထားပါသည်။ Marcos Degaut ဆိုလျှင် အာဏာရှင်အစိုးရတစ်ရပ်အား ဒီမိုကရေစီအရေးလိုလားသော အစိုးရတစ်ရပ်အဖြစ်ပြောင်းလဲရာတွင် စစ်အစိုးရ၏ လက်နက်ကိုင်တပ်များမှစွန့်ခွာဘက်ပြောင်းမှုများသည် မရှိမဖြစ်လိုအပ်သည်ဟုပင်ဆိုထားပါသည်။11

စစ်အစိုးရပြိုလဲရန်အတွက် စွန့် ခွာထွက်ပြေးမှုနှင့် တပ်တွင်းပိုင်းအာဏာဖီဆန်မှု မည်မျှလိုအပ်သည်ကို လက်ရှိ ရှိထားသော သီအိုရီများနှင့် နှိုင်းယှဥ်လေ့လာထားမှုများကိုသာ အသုံးပြုပြီး ခန့်မှန်းတွက်ချက်ရန် မဖြစ်နိုင်ပေ။ ‌‌ဒေသတွင်းအခြေအနေနှင့် သမိုင်းအရအချို့သော အချက်အလက်များသည် ဤနေရာတွင်များစွာအရေးပါသည်။ မြန်မာနိုင်၏အရေးကိစ္စတွင်မူ အာဏာသိမ်းမှုကို နောက်ပြန်လှည့်စေ မည့်အပေါ် တပ်မတော်မှစွန့် ခွာဘက်ပြောင်းမှုများ၏သက်ရောက်မှု သည် ၂၀၂၁ ခုနှစ်မေလမှစတင်ပြီး ပြည်သူလူထု၏ဆန္ဒပြ သပိတ်မှောက်မှုများမှတဆင့်တိုးတက်ပြောင်းလဲလာသည့် အဝေးရောက်အစိုးရတစ်ရပ် (NUG) အားဝန်းရံထားနိုင်မှုနှင့် နိုင်ငံတစ်ဝှမ်း NUG နှင့် တစ်တန်းထဲရှိသော အာဏာသိမ်းမှုကိုဆန့်ကျင်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) အပါအဝင် ‌ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ (LDFs) ၏ ပိုမိုကြီးမားလာသော လက်နက်ကိုင်တော်လှန် တိုက်ခိုက်မှုများဖြစ်သည့် ပြည်သူလူထု၏ခုခံတိုက်ခိုက်မှုများတွင်ရှိသော ပိုမိုကျယ်ပြန့်သည့်တိုး တက်မှုများနှင့် ၎င်းတို့၏အပြန်အလှန်ဆက်ဆံရေးများပေါ်တွင် မူတည်နိုင်ပါသည်။12 တပ်မတော်မှစွန့်ခွာဘက်ပြောင်းမှုအား တော်လှန်ရေး၏ အဓိကမဏ္ဍိုင်တစ်ရပ်အဖြစ်ဆွေးနွေးမှုတိုင်းတွင် မြန်မာတပ်မတော်၏သမိုင်းကြောင်းဆိုင်ရာ အမွေအနှစ်ကိုလည်း ထည့်သွင်းစဥ်းစားရန်လိုအပ်ပါသည်။ Michael Charney မှ ဤစာစောင်ထဲတွင်ဆွေး‌‌နွေးထားသည့်အတိုင်း မြန်မာတပ်မတော် သည် သာမန်စစ်တပ်တစ်တပ်သာမဟုတ်ဘဲ တိုင်းပြည်၏အာဏာကို နှစ်ပေါင်း ၅၀ ကြာ (၁၉၆၂-၂၀၁၁) ချုပ်ကိုင်ထားခဲ့သည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်သလို ၂၀၁၁-၂၀၂၁ ကာလအတွင်းတွင်လည်း ကျယ်ပြန့်ပြီး အသေးစိတ်ကျသော အတွေးအခေါ်ဝါဒဖြန့်မှု ယန္တယားတစ်ရပ်အား တောက်‌လျှောက်အသုံးချခဲ့ပြီး အ‌ရေးပါသော အစိုးရဝန်ကြီးဌာနများအား သီးသန့်ထိန်းချုပ်ထားမှုအပါအဝင် သိသာထင်ရှားသော နိုင်ငံရေးနှင့် စီးပွားရေး သြဇာအာဏာကိုအသုံးချခဲ့သော အဖွဲ့အစည်းတစ်ရပ်ဖြစ်ပါသည်။ ထို့အပြင် စစ်သည်များနှင့် အရာရှိများ (၎င်းတို့၏မိသားစုများအပါအဝင်) ကို လူမှုရေးအရ၊ စီးပွာ‌ရေးအရနှင့် စိတ်ပိုင်းဆိုင်ရာအရ စစ်တပ်အတွင်းတွင်တုပ်နှောင်ထားသော လွန်စွာပေါင်းစည်းညီညွတ်မှုရှိသည့် အဖွဲ့အစည်းတစ်ရပ်လည်း ဖြစ်ပါသည်။

ဤစာကိုရေးနေသည့် ၂၀၂၂ သြဂုတ်လတွင် တပ်မတော်မှစွန့်ခွာဘက်ပြောင်းမှုပမာဏသည် မြန်မာတပ်မတော်၏ ခန့်မှန်းအင်အားဖြစ်သည့် စစ်သည် ၃၀၀,၀၀၀-၃၅၀,၀၀၀ နှင့် အပြုသဘောဆောင်စွာနှိုင်းယှဥ်နိုင်ခြင်းမရှိသလို13 တပ်မတော်စစ်အစိုးရ၏ အုပ်ချုပ်ရေးပိုင်းဖြစ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)14 အနေဖြင့်လည်း နှုတ်ထွက်မည့် သို့မဟုတ် လမ်းကြောင်းပြောင်းမည့် မည်သည့်သင်္ကေတကိုမှ ပြသထားခြင်းမရှိပါ။ ရရာနည်းလမ်းကိုအသုံးပြုပြီး ပြည်သူလူထုအပေါ် စစ်ပွဲဆင်နွှဲရန် ၎င်းတို့အားလုံးတစ်စုတစ်စည်းတည်း ရည်ရွယ်ထားပုံရပါသည်။ မည်သို့ပင်ဆိုစေကာမူ တပ်မ‌တော်၏ ထိပ်ပိုင်းခေါင်းဆောင်များ အကြား ဂိုဏ်းဃဏကွဲမှုမရှိခြင်းအား အောက်ခြေအဆင့်ရှိ အတွင်းပိုင်းကွဲပြဲလာမှုနှင့် အာဏာဖီဆန်လာမှုတို့မှ တန်ပြန်ချိန်ညှိထားပေးနေကြောင်း တပ်မတော်ကို စွန့် ခွာဘက်ပြောင်းလာမှုများမှ ညွှန်းဆိုနေပါသည်။ တပ်မတော်မှ စွန့် ခွာဘက်ပြောင်းမှုသည် တပ်တွင်းပေါင်းစည်းညီညွတ်မှုနှင့် တရားဝင်ဖြစ်မှုတို့အပေါ် သိသာသော သင်္ကေတဆိုင်ရာ ထိုးနှက်ချက်တစ်ခုဖြစ်ပေါ်စေပါသည်။15

အာဏာသိမ်းမှုနောက်ပိုင်းတပ်သားများအား တပ်မတော်မှ စွန့် ခွာဘက်ပြောင်းခြင်းမှကာကွယ်ရန် စည်းမျဥ်းစည်းကမ်းများအားအလွန်အကြူးတင်းကျပ်ထားမှုသည် လည်း တပ်မတော်ခေါင်းဆောင်ပိုင်းသည် တပ်မတော်မှ စွန့် ခွာဘက်ပြောင်းမှုအား စစ်မြေပြင်တွင်၎င်းတို့၏သြဇာအာဏာကို ဆုပ်ကိုင်ထားနိုင်ရေးနှင့် ၎င်းတို့၏စည်းလုံးညီညွတ်သောပုံရိပ်အတွက် ကြီးမားသောြခိမ်းခြောက်မှုတစ်ရပ်အဖြစ် ရှု့မြင်ကြောင်း ညွှန်ပြနေပါသည်။ ထိုခြိမ်းခြောက်မှုနှင့်စပ်လျဥ်း၍ ပြတ်သားပွင့်လင်းမှုအရှိဆုံး စွန့်ခွာဘက်ပြောင်းလာသူတစ်ဦးဖြစ်သည့် ကိုညီသုတသည် “စစ်ဗိုလ်ချုပ်တွေရဲ့ အဆိုးဝါးဆုံးအိပ်မက်ဆိုးက ကျွန်ုပ်တို့မျှော်မှန်းထားတဲ့ အကောင်းဆုံးအိပ်မက်ဖြစ်ပါတယ် – အဲ့ဒါကတော့ ပြည်သူတွေနဲ့ စစ်သားတွေစည်းလုံးသွားဖို့ပါ” ဟုဆိုခဲ့ပါသည်။16 CDM လှုပ်ရှားမှုနှင့် အချို့သော CDM စစ်သည်များ၏ လက်နက်ကိုင်တော်လှန်ရေးအပေါ် အကူအညီပေးမှုများဖြစ်သည့် PDF များဖြင့် တိုက်ရိုက်ပူးပေါင်းခြင်း၊ ၎င်းတို့ကို သင်တန်းပေးခြင်း သို့မဟုတ် တပ်မတော်အကြောင်း ၎င်တို့သိရှိထားသည်များနှင့် ၎င်းတို့၏အချိတ်အဆက်များမှတဆင့် သတင်းအချက်အလက်‌ပေးခြင်းတို့သည် ပြည်သူများနှင့် စစ်သားများ အကြားစည်းလုံးညီညွတ်မှုကို ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။17 ထိုကဲ့သို့သော အကူအညီပေးမှုများ သည် ဝေဟင်မှပစ်ကူများ၊ သံချပ်ကာနှင့် လက်နက်ကြီးပစ်ကူတို့တွင် ပိုမိုသာလွန်သော်လည်း  “မနိုင်ဝန်ထမ်းနေရခြင်းနှင့် စိတ်ဓာတ်ကျ ဆင်းနေမှုများ” ကြောင့်ပိုမိုထိခိုက်ခံစားလာနေရသော တပ်မတော်နှင့် ရင်ဆိုင်တိုက်ခိုက်ရသည့် ညီမျှမှုမရှိသောစစ်မြေပြင်တွင် လက်နက်ကိုင်ခုခံတိုက်ခိုက်မှုအား ပိုမိုအားကောင်းလာစေပါသည်။18

အရေးကြီးစွာပင် CDM စစ်သားများ၏ ၎င်းတို့ကိုယ်တိုင်စည်းရုံးစုစည်းခဲ့မှုနှင့် အာဏာသိမ်းမှုကိုမလိုလားသော တပ်မတော်ကိုဆန့်ကျင်သည့် ဒီမိုကရေစီရေးလိုလားသူများနှင့် တန်းတူဖြစ်စေရန်ဆောင်ရွက်နိုင်ခဲ့မှုသည် စစ်တပ်အုပ်ချုပ်ခဲ့သော မြန်မာနိုင်ငံ၏ရှည်လျားလှသည့်သမိုင်းတစ်လျှောက်တွင် မကြုံစဖူးဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါသည်။19 တပ်မတော်မှ စစ်သည်များထွက်ပြေးမှုသည် နှစ်ပေါင်းများစွာဖြစ်ပွားနေခဲ့သော ကိစ္စရပ်တစ်ခုဖြစ်ခဲ့သော်ငြားလည်း20 ၎င်းထွက်ပြေးမှုများသည် ကျွန်ုပ်တို့ယနေ့တွေ့ရသကဲ့သို့ စနစ်တကျဖွဲ့စည်းထားသော တပ်မတော်မှစွန့်ခွာဘက်ပြောင်းသူအဖွဲ့များ ဖွဲ့စည်းလာနိုင်သည့်အခြေအနေအထိ ဖြစ်ခဲ့ဖူးခြင်းမရှိပါ။ စည်းလုံးမှုဆိုင်ရာစိန်ခေါ်မှုများလည်းရှိသလို၊ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွင်းရှိသောတိုင်းရင်းသားလူမျိုးစုများ၊ ကိုးကွယ်သည့်ဘာသာများ၊ ပထဝီဝင်ဆိုင်ရာနှင့် လူတန်းစားအလွှာအခြေပြုများအကြားပြန့်ကြဲနေသည့်ကြားကပင် သမိုင်းကြောင်းတစ်လျှောက် ကြီးမားကျယ်ပြန့်ပြီး မယုံကြည်နိုင်လောက်အောင်ပင် ကြံကြံခံနိုင်သည့် တော်လှန်ရေးလှုပ်ရှားမှု၏ရလဒ်အဖြစ် ဤအဖွဲ့များပေါ်ပေါက်လာ ခဲ့ခြင်းဖြစ်ပါသည်။21 အမျိုးအမျိုးသော အစိုးရဌာနဆိုင်ရာများ အကြားတွင် လူသိများရေပန်းစားသော အာဏာဖီဆန်ရေးလှုပ်ရှားမှု သည် စစ်သည်များအတွက် ပြည်သူများနှင့်ပူးပေါင်းရန်သာမက ကိုယ်ကျင့်တရားဆိုင်ရာ စိတ်သက်သာရာရစေရန်နှင့် အထောက်အပံ့ရရှိနိုင်သည့်လမ်းကြောင်းတစ်ခုအဖြစ် သိသာထင်ရှားသော ထွက်ပေါက်တစ်ခုကိုလည်း ဖန်တီးပေးခဲ့ပါသည်။

၂၀၁၄ ခုနှစ်မှစပြီး မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲနိုင်မှုနှင့် 4G တယ်လီကွန်မြူနီကေးရှင်းကွန်ယက်များ ကျယ်ပြန့်စွာတိုးပွားလာပြီး ၎င်းကွန်ယက်များသည် CDM စစ်သည်အဖွဲ့များအား စုဖွဲ့တည်ထောင်ခြင်း၊ စတင်လှုပ်ရှားခြင်းနှင့် စစ်သည်များအား ၎င်းတို့၏ တာဝန်များမှလွတ်မြောက်စေရန်ကူညီပေးခြင်းတို့ ဆောင်ရွက်ရာတွင် အထောက်အကူပေးရာ၌အလွန်အ‌ရေးပါလာပါ သည်။22 CDM စစ်သည်အဖွဲ့များသည် YouTube, Zoom, ကုတ်ဝှက်ထားသော စာတိုပေးပို့ခြင်းအက်ပ်များနှင့် အမှီအခိုကင်းသော မီဒီယာများအပါအဝင် ဆိုရှယ်မီဒီယာပလက်ဖောင်းများစွာကို အသုံးပြုကာ ပြည်သူလူထုအား တပ်မတော်မှစွန့် ခွာဘက်ပြောင်းလာ သူများကို ကြိုဆိုရန်နှင့် လက်ရှိတာဝန်ထမ်းဆောင်နေသော စစ်သည်များအနေဖြင့်လည်း ၎င်းတို့၏ရှု့ထောင့်များပြောင်းလဲလာစေ ရန်လှုံ့ဆော်ဖို့ သတင်းအချက်အလက်ဆိုင်ရာ ကြီးမားကျယ်ပြန့်သောလှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြပါသည်။ ပစ္စည်းနှင့် ပို့ဆောင်ဆက်သွယ်ရေးထောက်ပံ့မှုများနည်းတူ ထိုလှုပ်ရှားမှုများသည် တပ်မတော်တစ်ရပ်လုံး၏ တည်တံ့ခိုင်မြဲမှုကိုပါ စိန်ခေါ်လာနိုင်သည့်အဆင့်ထိ စွန့်ခွာဘက်ပြောင်းမှုအရေအတွက်ကို တိုးမြှင့်ရာတွင် အလွန်အရေးကြီးကြောင်းသက်သေပြနိုင်ပါသည်။

ဤအထူးထုတ်စာစောင်သည် CDM စစ်သည်အဖွဲ့အစည်းများ၏ နည်းဗျူဟာများနှင့် အရေအတွက် စံနှုန်းများအပေါ် အဓိကအလေးပေးထားခြင်းအစား အရည်အသွေးဆိုင်ရာမေးခွန်းများဖြစ်သည့် စစ်သည်များအနေဖြင့် တပ်မတော်အား အဘယ်ကြောင့်စွန့်ခွာပြီး၊ ထိုကဲ့သို့စွန့်ခွာဘက်ပြောင်းရာတွင် မည်ကဲ့သို့သော အခက်အခဲများကြုံတွေ့ရသည်နှင့် ဤဘက်ပြောင်းစွန့်ခွာမှုသည် ပိုမိုကျယ်ပြန့်သော တော်လှန်ရေးလှုပ်ရှားမှုနှင့် မည်သို့မည်ပုံအပြန်အလှန်အကျိုးသက်ရောက်မှုရှိသည်တို့ကို အလေးပေးထားပါသည်။ ထိုကဲ့သို့အလေးပေးဆောင်ရွက်ရာတွင် ဤအထူးထုတ်စာစောင်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနှင့် နိုဝင်ဘာလကြားတွင် တပ်မတော်မှ ထွက်ပြေးလွတ်မြောက်လာခဲ့သော စစ်မှုထမ်းတစ်ဆယ့်ငါးဦး နှင့် စစ်မှုထမ်းဇနီးသည်သုံးဦးတို့အား တွေ့ဆုံမေးမြန်းထားခြင်းများကို အမည်အဖော်လိုသူစာရေးသူတစ်ဦးမှ ဇာတ်ကြောင်းပုံစံအနေဖြင့် ရေးသားထားသည့် ကိုယ်တွေ့မှတ်တမ်းတစ်ဆယ့်ရှစ်ခုမှ တစ်သီးပုဂ္ဂလပြောဆိုချက်များနှင့် ပြန်လည်ထင်ဟပ်မှုများအပေါ်တွင် အမှီပြုပြီးဆောင်ရွက်ထားပါသည်။23

ဤတွေ့ဆုံမေးမြန်းခြင်းများသည် စွန့်ခွာဘက်ပြောင်းလိုသူများကို စတင်လှုပ်ရှားစေခြင်း၊ တပ်မတော်အတွင်းရှိ အတွင်းလူများမှ သတင်းအချက်အလက်များရယူခြင်း၊ CDM စစ်သည်မိသားစုများအတွက် ရုပ်ဝတ္ထုပစ္စည်းပိုင်းဆိုင်ရာ အထောက်အကူများပံ့ပိုးပေးခြင်း သို့မဟုတ် တပ်မတော်အားပြန်လည်တိုက်ခိုက်ခြင်း စသည်တို့တွင် ပါဝင်ဆောင်ရွက်နေသည့် ပြည်သူ့စစ်သားအဖွဲ့၏ CDM ပြုလုပ်ရန် အဘယ်ကြောင့်ရွေးချယ်ခဲ့ကြောင်း ပွင့်ပွင့်လင်းလင်းပြောဆိုရန်ဆုံး ဖြတ်ခဲ့သော မိတ်ဖက်များနှင့် ၂၀၂၁ ခုနှစ်‌နှောင်းပိုင်းတွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ထိုနည်းအားဖြင့် ၎င်းတို့သည် ကျွန်ုပ်တို့နှင့်ရင်းနှီးမှုမရှိသောဇာတ်ကြောင်းများဖြစ်သည့် တပ်မတော်မှတိတ်တဆိတ်ထွက်ခွာသွားသူများ၏ ဇာတ်ကြောင်းများနှင့် ကွဲပြားမှုရှိပါသည်။ CDM စစ်သည်များ၏ယေဘုယျပုံစံကိုပြန်လည်သုံးသပ်ကြည့်ပါက ၎င်းတို့သည် ငယ်ရွယ်လေ့ရှိပြီး ရာထူးလည်းငယ်လေ့ရှိသည်ကိုတွေ့ရကာ ဤစာစောင်ထဲတွင် ထည့်သွင်းဖော်ပြထားသော စစ်သည်များသည် အများအားဖြင့် အသက် ၂၅-၃၅ ကြားဖြစ်ကြပြီး အဆင့်မှာလည်း ဗိုလ်မှူးအောက်အဆင့်များသာ ဖြစ်ကြလေ့ရှိပါသည်။24 ၎င်းတို့ထဲမှအများစုသည် ဗမာလူမျိုးစုမှဖြစ်ကြပြီး ၎င်းသည် မြန်မာတပ်မတော်၏ ယေဘုယျဖွဲ့စည်းပုံကို ထင်ဟပ်ပြနေကာ စွန့်ခွာဘက်ပြောင်းလာ သူများတွင် တပ်မတော်မိသားစုနောက်ခံရှိသူများရော မရှိသူများပါ ပါဝင်ပါသည်။ ကိုယ်တွေ့မှတ်တမ်းအများစုမှာ ရေတပ်၊ လေတပ်နှင့် ခြေမြန်တပ်ရင်း/တပ်မများမှ တပ်သားများနှင့် တွေ့ဆုံမေးမြန်းမှုများပေါ်တွင်အခြေခံသော်လည်း အာဏာသိမ်းမှုနောက်ပိုင်း တပ်မတော်မှစွန့်ခွာဘက်ပြောင်းလာ သူများထဲတွင် ဌာနပေါင်းစုံ (သတင်းအချက်အလက်/အများပြည်သူဆက်ဆံ‌ရေး၊ စစ်လက်နက်ပစ္စည်းတပ်ဆင်‌ရေး၊ တိုက်ခိုက်ရေးတပ်ဖွဲ့များ၊ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံမှစစ်မှုထမ်းများ၊ စုံစမ်းစစ်ဆေးရေး၊ ဆေးတပ်၊ စစ်ဖက်သင်တန်းကျောင်းများ အစရှိသည်) မှစစ်မှုထမ်းများပါဝင်ပါသည်။ ထိုကဲ့သို့ စွန့်ခွာဘက်ပြောင်းလာမှုထဲတွင်လူမျိုးစုံပါဝင်နေမှုသည် တပ်မတော်မှစွန့်ခွာဘက်ပြောင်းလာသူများမှာ ငယ်ရွယ်လေ့ရှိ‌ သော်လည်း ၎င်းလှုပ်ရှားမှုသည် စစ်ဘက်ဆိုင်ရာဌာနများစွာအပါအဝင် လူမျိုးစုနှင့် မိသားစုဆိုင်ရာချိတ်ဆက်မှုအားလုံးတွင်ဖြစ်ပေါ်နေသည့် ကျယ်ပြန့်သောလှုပ်ရှားမှုတစ်ရပ်ဖြစ်သောကြောင့် တပ်မတော်မှ စွန့် ခွာထွက်ပြေးမှုကို တွန်းအားပေးရာတွင် ကိုယ်ပိုင်ပုဂ္ဂိုလ်‌ရေးခံယူချက်နှင့် အတွေ့အကြုံများသည် အရေးပါသောအခန်းကဏ္ဍမှပါဝင်နေကြောင်း ဖော်ပြနေပါသည်။ စစ်သည်များကိုယ်တိုင်နှင့် ၎င်းတို့၏မိသားစုဝင်များ၏ စွန့်ခွာဘက်ပြောင်းမှုနှင့်သက်ဆိုင်သော ကိုယ်ပိုင်ရွေးချယ်မှုများ၊ စွန့်လွှတ်မှုများနှင့် ဆုလာဘ်များအကြောင်း အသေးစိတ်အတွင်းအချက်အလက်များကို ဖော်ပြထားခြင်းဖြင့် ထိုအချက်အား ဤစာစောင်ထဲတွင်ပါဝင်သောကိုယ်တွေ့မှတ်တမ်းများတွင် ထင်ဟပ်ပြထားသည်ကိုတွေ့ရပါသည်။

၂၀၂၁ ခုနှစ် မေလနှင့် ၂၀၂၂ ခုနှစ် ဇွန်လကြားတွင် Ah Lynn နှင့် ကျွန်ုပ်ဆောင်ရွက်ခဲ့သော ဒစ်ဂျစ်တယ် လူမျိုးနှင့်ယဥ်ကျေးမှုသရုပ်ခွဲခြင်းတစ်ရပ်မှ လွှမ်းမိုးထားသည့် တပ်မတော်မှစွန့်ခွာဘက်ပြောင်းမှုအပေါ် တွန်းအားပေးမှုများနှင့် အတားအဆီးများအပေါ် ပိုမိုကျယ်ပြန့်သောခွဲခြမ်းစိတ်ဖြာမှုမူဘောင် အတွင်းရှိ ဤစာစောင်ထဲတွင်ပါဝင်သော ကိုယ်တွေ့မှတ်တမ်းများမှ ဖော်ပြထားသည့် ပုဂ္ဂိုလ်ရေးဆိုင်ရာအမြင်များအား ဤမိတ်ဆက်၏ ကျန်ရှိနေသောအပိုင်းတွင် ထည့်သွင်းထားပါသည်။

ရွေးချယ်မှုများနှင့် အကြောင်းပြချက်များ

တပ်မတော်မှ အရပ်သားများအပေါ်ကျူးလွန်သည့် အကြမ်းဖက်မှုများအပေါ် ကိုယ်ကျင့်တရားဆိုင်ရာ ရွံရှာမှုနှင့် တပ်မတော်အပေါ် ဒေါသထွက်မှုအပါအဝင် ထိုအကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်လိုခြင်းမရှိမှု သို့မဟုတ် ကြံရာပါဖြစ်လိုခြင်း မရှိမှုတို့သည် အာဏာသိမ်းမှုနောက်ပိုင်းအ‌စောပိုင်းလများတွင် တပ်မတော်မှစွန့်ခွာဘက်ပြောင်းရခြင်းအတွက် အခိုင်မာရှင်းလင်းဆုံး ဖြစ်သော အကြောင်းပြချက်ဖြစ်ပါသည်။ ထို့ကြောင့် ပထမဆုံးသိသာထင်ရှားသော စွန့်ခွာဘက်ပြောင်းမှုလှိုင်းသည် အာဏာသိမ်းမှုနောက်ပိုင်း အရပ်သားသေဆုံးမှုဦးရေအမြင့်ဆုံးဖြစ်ခဲ့ သည့် မတ်လ ၂၇ ရက် ၂၀၂၁ တပ်မတော်နေ့အပြီး ရက်များနှင့် သီတင်းပတ်များအတွင်းဖြစ်‌ပေါ်ခဲ့သည်မှာ အံ့သြဖွယ်တော့မဟုတ်ပေ။ လက်နက်မဲ့ဆန္ဒပြသူများအပေါ် အကြမ်းဖက်ဖြိုခွင်းမှုများအတွင်းပါဝင်ဆောင်ရွက်ရန် အမိန့်ပေးခြင်းခံခဲ့ရသည့် စစ်သည်နှစ်ဦးဖြစ်သည့် မာစတာဘလက်နှင့် ကိုအောင်ဇေယျ၏ကိုယ်တွေ့မှတ်တမ်းများတွင် ကွက်ကွက်ကွင်းကွင်း ဖော်ပြထားသည့်အတိုင်း ထိုသတ်ဖြတ်မှုများသည် စစ်သည်များအား ရွံရှာစက်ဆုပ်မှုများခံစားစေခဲ့ရပါသည်။ သို့သော် စစ်တန်းလျားများထဲရှိ သို့မဟုတ် တပ်ထဲတွင် ရုံးပိုင်းဆိုင်ရာအလုပ်များဆောင်ရွက်နေသော စစ်မှုထမ်းများသည်လည်း ထိုသတ်ဖြတ်မှုသတင်းများအား ဆိုရှယ်မီဒီယာများ သို့မဟုတ် မိတ်ဆွေများနှင့် မိသားစုများထံမှရရှိခဲ့သောကြောင့် ထိုကဲ့သို့ရွံရှာစက်ဆုပ်မှုများကိုခံစားခဲ့ရပါသည်။ မယဥ်လဲ့လဲ့ထွန်းနှင့် အခြားသော စွန့်ခွာဘက်ပြောင်းလာသူများ၏ တပ်မတော်မှထွက်ခွာရန် ကိုယ်ကျင့်တရားဆိုင်ရာအကြောင်းပြချက်မှာ “ကိုယ့်ပြည်သူကိုပြန်သတ်” လိုစိတ်မရှိခြင်းနှင့် တပ်မတော်၏ရည်ရွယ်ချက်မှ သစ္စာဖောက်မှု (ဥပမာ – ပြည်သူများကိုကာကွယ်ရန်) ကို ခံစားခဲ့ရသောကြောင့်ဖြစ်ပါသည်။ တပ်မတော်မှစွန့်ခွာဘက်ပြောင်းမှုများသည် တပ်တွင်းတွင်ဖြစ်ပွားနေသည့်နက်ရှိုင်းသောအကျင့်စာရိတ္တပျက်ပြားမှုနှင့် အရှက်ရမှုတို့ကို ထင်ဟပ်ပြသနေပါသည်။ တပ်မတော်မှစွန့်ခွာဘက်ပြောင်းမှုသည် စစ်သားတစ်ဦးအဖြစ် မိမိကိုယ်ကို တန်ဖိုးထားလေးစားမှုကိုဆုံးရှုံးရသော ပုဂ္ဂိုလ်ရေးတုန့်ပြန်မှုတစ်ရပ်အဖြစ်လည်း အဓိပ္ပါယ်သက်ရောက်ပါသည်။ ထိုသို့ဖြစ်ရခြင်း၏ အဓိကဗဟိုချက်မှာ နေရာတကာပြန့်နှံ့လျက်ရှိသော အရပ်သားခုခံမှုများအပေါ် တပ်မတော်၏တန်ပြန်မှုများမှာ ပိုမိုရက်စက်လာသည်နှင့်အမျှ တဖြည်းဖြည်းပိုမိုနက်ရှိုင်းလာသော ကွာဟချက်ဖြစ်သည့် ‘တပ်မတော်’ နှင့် ‘ပြည်သူ’ အကြားခွာပြဲလာမှုကြောင့်ဖြစ်ပါသည်။ ဤအချက်သည် တပ်မတော်သားဟောင်းများအား တပ်မတော်မှစွန့်ခွာရုံသာမဟုတ်ဘဲ ဘက်ပြောင်းပြီး ‘ပြည်သူလူထု’ ဖက်သို့ ပြောင်ပြောင်တင်းတင်းပူးပေါင်းလာစေရန် လှုံ့ဆော်မှုကို ပုံဖော်ပေးခဲ့သည်ဟု ကျွန်ုပ်ထင်ပါသည်။ ဤနေရာတွင် တပ်မတော်မှစွန့်ခွာဘက်ပြောင်းခြင်းသည် ‘နိုင်ငံသားကောင်း’တစ်ဦး သို့မဟုတ် ‘ပြည်သူ့စစ်သားကောင်း’ တစ်ဦးဖြစ်လာပြီး ပြည်သူများ၏လေးစားမှုခံရလာနိုင်စေရန် နည်းလမ်းတစ်ခုဖြစ်ပါ သည်။

ပြည်သူလူထု၏မုန်းခြင်းခံရနိုင်မှု၊ လူမှုရေးပြစ်ဒဏ်ခံရနိုင်မှု၊ နှိမ်ချခံရကာ ခွဲခြားဆက်ဆံခံရနိုင်မှုတို့ သည် တပ်မတော်မှစွန့်ခွာဘက်ပြောင်းဖို့ရွေးချယ်ရခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ကြောင်း ဤစာစောင်ထဲတွင်ပါဝင်သော ကိုယ်တွေ့မှတ်တမ်းအချို့တွင် အလေးပေးပြောဆိုထားပါသည်။ CDM စစ်သည်တစ်ဦး၏ဇနီးဖြစ်သူ မချယ်ရီသည် သူမမိသားစုလုံခြုံ‌ရေးကိုစိုးရိမ်သောကြောင့် သူမ၏အမျိုးသားအား အစောပိုင်းတွင် CDM မလုပ်စေချင်ခဲ့ပါ။ သူမအမျိုးသားသည် ယူနီဖောင်းဝတ်စစ်သားများအား တံတွေးထွေးခြင်းနှင့် ၎င်းတို့အား အပယ်ခံများအဖြစ်ရှု့မြင်နေကြခြင်းတို့ကို သူမအားပြန်ပြောပြကာ ၎င်းအနေဖြင့် စက်ဆုပ်မှုကိုမည်မျှခံစားခဲ့ရကြောင်း သူမ၏ကိုယ်တွေ့မှတ်တမ်းထဲတွင် ပြန်ပြောင်းပြောပြထားပါသည်။ သူမအမျိုးသားအနေဖြင့် CDM လုပ်ခြင်းသည် ၎င်းတို့၏ကလေးများအား ခွဲ့ခြားဆက်ဆံခံရခြင်းနှင့် “လူ့အဖွဲ့အစည်းအတွင်းကနေ ခွဲထုတ်ထားရခြင်း” မှကာကွယ်ရန် နည်းလမ်းတစ်ခုဖြစ်ကြောင်း နောက်ပိုင်းတွင်နားလည်သဘော‌ပေါက် လာခဲ့ပါသည်။25

အကြမ်းဖက်မှုနှင့်စပ်လျဥ်း‌သောကိုယ်ကျင့်တရားဆိုင်ရာ စိုးရိမ်ကြောင့်ကျမှုများအပြင် ပိုမိုပြတ်သားရှင်းလင်းသော နိုင်ငံရေးလှုံ့ဆော်မှုများသည်လည်း အချို့သောစစ်သည်များ၏ တပ်မတော်မှစွန့်ခွာရန် ရွေးချယ်မှုအပေါ် လွှမ်းမိုးမှုရှိခဲ့ပါသည်။ ၎င်းအချက်အား တရားမဝင်အာဏာသိမ်းမှုနှင့် ရွေးကောက်ခံအစိုးရအားဖြုတ်ချခြင်းတို့အပေါ် နှစ်သက်သဘောတူခြင်းမရှိမှု အပါအဝင် အာဏာသိမ်းမှုအတွက် အကြောင်းပြချက်အဖြစ်အသုံးပြုခဲ့သည့် တပ်မတော်ခေါင်းဆောင်ပိုင်း၏ ရွေးကောက်ပွဲမဲလိမ်မှု စွပ်စွဲချက်များအပေါ် အယုံအကြည်မရှိမှုတို့မှတဆင့် ဖော်ပြပြောဆိုထားပါသည်။ မာစတာဘလက်၊ လှမင်းကျော်နှင့် အောင်မျိုးသန့်တို့မှ ၎င်းတို့၏ကိုယ်တွေ့မှတ်တမ်းများတွင် ‌ရှင်းပြခဲ့သည့်အတိုင်း တပ်မတော်သည် စစ်သည်များ၏မဲပေးခွင့်အား ပယ်ဖျက်ခြင်း သို့မဟုတ် တပ်မတော်အကျိုးဆောင်ပါတီဖြစ်သည့် ပြည်ထောင်စုကြံခိုင်‌ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)26 ကိုမဲပေးစေခြင်းဖြင့် တပ်မတော်မှ၎င်းကိုယ်ပိုင်မဲလိမ်မှု မျိုးကိုစတင်ဆောင်ရွက်ခဲ့ကြောင်း CDM စစ်သည်များမှ သက်သေခံချက်များပေးခဲ့ကြပါသည်။ CDM စစ်သည်များအကြား အထူးသဖြင့် ဒေါ်‌အောင်ဆန်းစုကြည်နှင့် NLD အားထောက်ခံမှုကို အတိအလင်းဖော်ပြသူများအတွက် တပ်မတော်မှစွန့် ခွာဘက်ပြောင်း ရာတွင် နိုင်ငံ‌ရေးလှုံ့ဆော်မှုများရှိ‌သော်လည်း ၎င်းလှုံ့ဆော်မှုများသည် ပါတီနိုင်ငံရေးနှင့်သက်ဆိုင်ခြင်းမရှိဘဲ တပ်မတော်ခေါင်းဆောင်ပိုင်းကို ယေဘုယျအားဖြင့်ဝေဖန်သည်အထိ ကျယ်ပြန့်သည်ကိုတွေ့မြင် ရပါသည်။ ခေါင်းဆောင်ပိုင်း၏ အကျင့်ပျက်ခြစားမှုများ၊ အာဏာရူးမှုနှင့် ပြည်သူလူထုကိုချနင်းပြီး ၎င်းတို့၏အကျိုးစီးပွားအတွက်သာ ပြုမူဆောင်ရွက်နေမှုများအပေါ် နာကျည်းမုန်းတီးမှုနှင့် ဒေါသထွက်မှုတို့ – ထို့ကြောင့် တပ်မတော်၏အဖွဲ့အစည်းတစ်ရပ်အနေဖြင့် တရားဝင်ဖြစ်မှု – သည် ၎င်းဝေဖန်မှု၏ တစ်စိတ်တစ်ပိုင်းကိုဖြစ်ပေါ်စေပါသည်။ ဤနေရာတွင် တပ်မတော်မှစွန့်ခွာဘက်ပြောင်းရခြင်းမှာ “နိုင်ငံတိုးတက်ဖို့အတွက် ဂရုမစိုက်ဘဲ သူ့အကျိုးစီးပွားအတွက်ပဲ လုပ်နေတဲ့ အာဏာရှင်မင်းအောင်လှိုင်” ၏အကျိုးအတွက် စစ်သားတစ်ဦးအဖြစ် တာဝန်မထမ်းလိုသောကြောင့်ဟု ဤစာတမ်းထဲတွင် ကိုသူရဇွဲမာန်မှ ပြောဆိုထားပါသည်။ ဤကဲ့သို့စွန့်ခွာဘက်ပြောင်းခြင်းသည် မည်သည့်နိုင်ငံရေးပါတီကို ထောက်ခံသည်ဖြစ်စေ တရားမမျှတဘဲ နိုင်ငံရေးအရတရားဝင်မှုမရှိသော အဖွဲ့အစည်းတစ်ရပ်မှ လွတ်မြောက်ရန် နည်းလမ်းတစ်သွယ် ဖြစ်လာပါသည်။ ပြည်သူ့စစ်သားအဖွဲ့ကိုစတင် တည်ထောင်ခဲ့သူများ ထဲမှတစ်ဦးဖြစ်သည့် ပွင့်လင်းစွာပြောဆိုလေ့ရှိသည့် ဗိုလ်ကြီးညီသုတသည် တပ်မတော်မှစွန့်ခွာဘက်ပြောင်းမှုအား ပြည်သူလူထုနည်းတူ ထိပါးစော်ကားခံရမှုနှင့် အားလုံးအတူတကွကျူးလွန်ခြင်းခံရမှု အတွေ့အကြုံများမှ အခြေခံကြောင်း – “တပ်မတော်မှစွန့်ခွာဘက်ပြောင်းမှုဆိုသည်မှာ သင့်အနေဖြင့် တခြားဖက်အတွက် သို့မဟုတ် တခြားပါတီအတွက် အလုပ်လုပ်ပေးတယ်လို့မဆိုလိုပါဘူး။ အဓိကအကြောင်းအရင်းက မတရားမှုများကိုကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ဖို့ဖြစ်ပါတယ်” ဖော်ပြခဲ့ပါသည်။27 ၎င်းမှ “စစ်သည်များအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်နေပြီး ပြည်သူလူထုနှင့် တိုင်းရင်းသားလူနည်းစုများသည်တပ်မတော်၏ ထိပါးစော်ကားမှုများခံနေရပါတယ်။ ဒါကြောင့်မို့ ကျွန်ုပ်တို့အားလုံးဟာ ခံရသူများဖြစ်ပြီး ဤတိုက်ပွဲသည် ခံရသူများအားလုံးအတူတကွ ပြန်လည်တိုက်ခိုက်ရမည့်တိုက်ပွဲဖြစ်ကာ ဤတိုက်ပွဲသည် ပြည်သူလူထု၏ တိုက်ပွဲသာမဟုတ်ဘဲ တပ်မ‌တော်၏ဖိနှိပ်ခြင်းကို ခံနေရသည့် စစ်သည်များနှင့် ၎င်းတို့၏ဇနီးများ၏တိုက်ပွဲလည်း ဖြစ်ပါတယ်” ဟုလည်းဆိုခဲ့ပါသည်။28

တပ်မတော်၏ မိမိစစ်သားများအ‌ပေါ် တပ်တွင်းဖိနှိပ်မှုများနှင့် လူမဆန်စွာဆက်ဆံမှုများကိုလည်း ဤစာစောင်ထဲတွင် အလေးပေးဖော်ပြထားပါသည်။ ၎င်းအချက်သည် အာဏာသိမ်းမှုမဖြစ်ခင်ကတည်းက ရှိခဲ့သည့် တပ်မတော်စနစ်၏ ပိုမိုနက်ရှိုင်းသော ဝေဖန်ဆန်းစစ်မှုထဲတွင်ပါဝင်ခြင်းဖြစ်သော်လည်း အရပ်သားများအပေါ်အကြမ်းဖက်မှုများ ကျူးလွန်သောကြောင့် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ရှုံ့ချခံရခြင်းမှာမူ အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း မှ တပ်မတော်၏ဆောင်ရွက်ချက်များနှင့် အဓိကအားဖြင့်ဆက်စပ်မှုရှိပါသည်။ CDM စစ်သည်များမှ ရာထူးအဆင့်နိမ့်သောစစ်သည်များအပေါ် တပ်တွင်းအနိုင်ကျင့်မှုများနှင့် ၎င်းတို့ကို ရုပ်ပိုင်းဆိုင်ရာအရအကြမ်းဖက်မှုဖြစ်ရပ်များအကြောင်း ဖော်ပြပြောဆိုခဲ့ကြသလို အတင်းအဓမ္မလူသစ်စု‌ဆောင်းခြင်းများ၊ အသွားအလာကန့်သတ်ခြင်းများ၊ မျှတမှုမရှိ‌သော ရာထူးတိုး‌ပေးခြင်းများနှင့် တပ်မတော်ပိုင်ကုမ္ပဏီများတွင် ထည့်ဝင်ရန် ‘ရှယ်ယာ’ များအတွက် လစာထဲမှအတင်းအဓမ္မထုတ်နှုတ်ခံရခြင်းနှင့် စစ်သည်များ၏ဇနီးများအား အစေခံများသဖွယ်ဆက်ဆံခြင်းကဲ့သို့ စီးပွားရေးအရခေါင်းပုံဖြတ်ခြင်းများအကြောင်းကိုလည်းပြောပြခဲ့ကြပါသည်။ ကိုရေခဲမှ ၎င်းသည် ၎င်း၏အလွန်နာမကျန်းဖြစ်နေသော မိဘများအားသွားရောက်ကြည့်ရှု့ရန်နှင့် ၎င်းစုထားသောငွေများအား ၎င်းမိဘများ၏ကျန်းမာရေးအတွက်အသုံးပြုလိုသောကြောင့် ထုတ်လိုကြောင်းခွင့်တောင်းခဲ့ခြင်းသည်ပင်လျှင် ငြင်းဆန်ခံခဲ့ရကြောင်းပြောပြခဲ့ပါသည်။ CDM စစ်သည်တစ်ဦး၏ ဇနီးဖြစ်သူ မချယ်ရီသည်လည်း သူမသည် စေတနာ့ဝန်ထမ်းလုပ်သားအနေဖြင့် အလုပ်လုပ်ရန်ဖိအားပေးခံခဲ့ရ သော်လည်း သူမအမျိုးသား၏ တစ်နှစ်စာလစာထက်များသော မီးဖွားပြီးခွဲစိတ်မှုအတွက် မည်ကဲ့သို့သော ငွေကြေးဆိုင်ရာအထောက်အပံ့ကိုမှ မရရှိခဲ့ကြောင်း ပြောပြပါသည်။ တပ်မ‌တော်အတွင်းမှခေါင်းဆောင်များအနေဖြင့် စစ်သည်များ၏အသက်ကို ဂရုစိုက်အလေးထားခြင်းမရှိဘဲ ဒဏ်ရာရစစ်သည်များနှင့် ဒုက္ခိတဖြစ်သွားသော စစ်သည်များအား စော်ကားပြောဆိုခြင်းများပြုလုပ်သလို ကျဆုံးသွားသောစစ်သားများ၏ ရုပ်ကလာပ်များကိုလည်း ၎င်းတို့၏မိသားစုများထံပြန်လည်ပေးအပ်ရန် ငြင်းဆန်လေ့ရှိကြောင်း တပ်မတော်မှစွန့်ခွာဘက်ပြောင်းလာသူများမှ ပြောပြပါသည်။ ဗိုလ်ကြီးဇာနည်အောင်မှ ပြည်သူ့စစ်သားစကားဝိုင်းတစ်ခုထဲတွင် “စစ်တပ်ထဲမှာ လူ့အခွင့်အရေးဆိုတာမရှိသလို လူသားချင်းစာနာ‌ထောက်ထားမှုဆိုတာလည်းမရှိပါဘူး။ စစ်သည်တွေရဲ့ အသက်ကို တန်ဖိုးထားခြင်းမရှိပါဘူး” ဟုပြောဆိုခဲ့ပါသည်။29 ထို့နည်းတူ ကိုမိုးဇက်မှလည်း ၎င်း၏ကိုယ်တွေ့မှတ်တမ်းထဲတွင် “ကျွန်တော်တို့အတွက် သူတို့ [တပ်မတော်တွင်းမှခေါင်းဆောင်များ]က ဘာမှကိုဂရုမစိုက်တာ!” ဟုပြောဆိုခဲ့ပါသည်။ ဤနေရာတွင် တပ်မတော်မှစွန့် ခွာဘက်ပြောင်းခြင်းသည် ခေါင်းပုံဖြတ်မှုနှင့် လူမဆန်စွာဆက်ဆံခံရမှုတို့မှ လွတ်မြောက်အောင်ဆောင်ရွက်မှု တစ်ရပ်အနေဖြင့် မြင်ရကာ လွတ်မြောက်ခြင်းနှင့် လွတ်လပ်မှုကိုခံစားရမှု ပုံသဏ္ဍာန်တစ်ရပ်အနေဖြင့် ဘက်ပြောင်းလာသူများမှ နောက်ကြောင်းပြန်ဖော်ပြလေ့ရှိကြပါသည်။ ဤစာစောင်ထဲတွင်ပါဝင်သော အချို့ကိုယ်တွေ့မှတ်တမ်းများတွင် တွေ့မြင်နိုင်မည့်အတိုင်း အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာသည့် သဘောထားကွဲပြားမှုနှင့် CDM စစ်သည်တစ်ဦးဖြစ်လာနိုင်ချေသည် အာဏာသိမ်းမှုမတိုင်မီကတည်းက ကျွန်များသဖွယ်ခံစားခဲ့ရသော ထိုစစ်သည်များအတွက် ထွက်ပေါက်အဖြစ် အချိန်တဒင်္ဂနှင့်နေရာတစ်နေရာကို ဖန်တီးပေးနိုင်ခဲ့ပါသည်။

၂၀၂၁ ခုနှစ်မေလကမှစတင်ပြီး လက်နက်ကိုင်တော်လှန်မှု အရှိန်မြှင့် လာကနည်းက တပ်တွင်းပိုင်း ခေါင်းပုံဖြတ်အနိုင်ကျင့်မှုသာလျှင်မကဘဲ စစ်သားများ၏ ပင်ပန်းနွမ်းနယ်မှုနှင့် ကြောက်လန့်မှုလည်း တိုးမြင့်လာခဲ့ပုံပေါ်ပါသည်။ တပ်မတော်မှ တော်လှန်ရေးအင်အားစုများနှင့် တိုက်ခိုက်မှုအား အရှိန်မြှင့်လိုက်ခြင်းသည် တပ်မတော်မှစွန့်ခွာဘက်ပြောင်းခြင်း အတွက် အကြောင်းပြချက်များအပေါ် သက်ရောက်မှုရှိခဲ့သလို စစ်ပန်းလာမှုနှင့် အသက်သေဆုံးရမည်ကိုကြောက်ရွံ့မှုနှင့် သက်ဆိုင်သော လက်တွေ့ကျသည့်ရွေးချယ်မှုများကို ပေါ်လာစေခဲ့ပါသည်။30 ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့ NUG မှ ပြည်သူ့ခုခံစစ်အား ကြေညာပြီးနောက်ပိုင်းတွင် မြန်မာတပ်မတော်တွင်းရှိ စစ်သည်အများစု၏ဇာတိဒေသများဖြစ်သည့် ဗမာလူမျိုးများအများစုနေထိုင်ကြသော ဒေသများအပါအဝင် ပိုမိုများပြားသော PDFs များနှင့် LDFs များသည် တိုင်းပြည်တဝှမ်း ကျယ်ပြန့်လျှင်မြန်စွာ ပေါ်ပေါက်လာခဲ့ပါသည်။ အာဏာသိမ်းမှုကို ဆန့်ကျင်သော လက်နက်ကိုင်အင်အားစုများသည် တခါတရံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (၎င်းတို့ထဲမှအများစုမှာ စစ်သည်များအပါအဝင် CDM လုပ်ထားသူများကိုလည်း ကာကွယ်ပေးထားကြပါသည်) နှင့်ပူးပေါင်းပြီး အရပ်သားပြည်သူများအား လက်နက်ကိုင်ကာကွယ်ရေးနှင့် စစ်ဖက်ဆိုင်ရာပစ်မှတ်များနှင့် စစ်မှုထမ်းများကို တိုက်ခိုက်ရာတွင် ပါဝင်ဆောင်ရွက်ကြပါသည်။31 ထိုဆောင်ရွက်ချက်များကို တပ်မတော်မှ ‌လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခြင်းများနှင့် တပ်မတော်တွင်းရှိ စစ်သည်များ၏ရွာများကိုပါ ရွာလုံးကျွတ်မီးရှို့ခြင်းများအပါအဝင် အစွန်းရောက်အကြမ်းဖက်မှုများနှင့် တုန့်ပြန်လေ့ရှိကြောင်း ကိုလှမင်းကျော်မှ ၎င်း၏ကိုယ်တွေ့မှတ်တမ်းထဲတွင် ဆိုထားပါသည်။ တပ်မတော်သည် တိုက်ပွဲဝင်ရန်စစ်မျက်နှာများစွာ ရှိနေသောကြောင့် တိုက်ပွဲဝင်တပ်ဖွဲ့များသည်ပြန့်ကျဲနေပြီး ၎င်းတို့အနေဖြင့် လက်နက်ခဲယမ်းပိုမိုအသုံးပြုနိုင်သော်လည်း သိသိသာသာထိခိုက် ကျဆုံးမှုများ ခံစားနေရပါသည်။32 မကြာသေးမီကာလကမှ တပ်မတော်တွင်းမှလွတ်မြောက်လာသူ စစ်သည်တစ်ဦးသည် တပ်တွင်းအခြေအနေအား အွန်လိုင်းပေါ်တွင် ယခုလိုရှင်းပြခဲ့ပါသည် “တိုက်ပွဲဝင်စစ်သည်များမှာ ရှေ့တန်းတွင် အချိန်ကာလကြာရှည်စွာတာဝန်ထမ်းဆောင်နေရပြီး နောက်တန်းပြန်အနားယူရန်ခွင့်မပြုလို့ စစ်ပွဲကို တော်တော်လေး စိတ်ကုန်နေကြပါပြီ”။ ၎င်းမှပင် တိုက်ပွဲဝင်စစ်သည်အားလုံးမှာ ‘တော’ ထဲတွင်တိုက်ပွဲဝင်ရန်ရွှေ့ပြောင်းခံထားရသောကြောင့် ရုံးအလုပ်နှင့် သင်တန်းပို့ချမှုများသာလုပ်လေ့ရှိသော စစ်သည်များသည်ပင်လျှင် မြို့ငယ်များနှင့် မြို့ကြီးများတွင် လုံခြုံရေးတာဝန်များထမ်းဆောင်ရန် ဖိအား‌ပေးခံနေရကြောင်း ဆိုခဲ့ပြီး – “အဲ့ဒီအချိန်ကတည်းကစပြီး စစ်မှုထမ်းအားလုံး နေ့ရောညပါ အနားမရတော့ဘဲ အလုပ်များလာပါတယ်။ သူတို့အားလုံး အိပ်ကောင်းခြင်းမအိပ်ရ၊ စားကောင်းခြင်းမစားရတော့ပါဘူး။ ထို့အပြင် စစ်သားအများအပြားသည်လည်း တိုက်ပွဲများတွင် အသတ်ခံခဲ့ရပြီး… ကျန်တဲ့သူတွေလည်း စိတ်ဓာတ်ကျပြီး စိတ်ပျက်လာကြပါတယ်။”33 တပ်ကြပ်ကြီးမင်းသူရမှလည်း “အာဏာသိမ်းစစ်တပ်ရဲ့စစ်သားတွေက သူတို့ဘာအတွက် တိုက်ခိုက်နေလဲဆိုတာကို မသိလို့ စိတ်ပိုင်းဆိုင်ရာအရ အားလျေ့ာနေကြပါတယ်။ သူတို့တိုက်ပွဲမှာကျဆုံးရင်တောင်မှ မည်သူမှသူတို့အပေါ် ကိုယ်ချင်းစာသနားကြမှာမဟုတ်ဘူး”34 ဟုဆိုခဲ့ပါသည်။

၂၀၂၂ ခုနှစ်အတွင်းတွင် ရှေ့တန်းစခန်းတပ်ရင်းမှုးသုံးဦးအပါအဝင် ပိုပိုများလာသော တိုက်ပွဲဝင်စစ်သည်များအနေဖြင့် အဘယ်ကြောင့် တပ်မတော်မှစွန့်ခွာဘက်ပြောင်းလာခဲ့ကြသည်ကို တပ်မတော်အတွင်းရှိ ထိုအခြေအနေများမှ ကူညီရှင်းပြနေပါသည်။ ပြည်သူ့စစ်သားနှင့် ပြည်သူ့ပန်းတိုင်အဖွဲ့များအား ကူညီပေးနေသည့် အရပ်သားတက်ကြွလှုပ်ရှားသူများထဲမှ တစ်ဦးသည် ထိုကဲ့သို့ နောက်ပိုင်းမှဘက်ပြောင်းလာသူများအား ဘက်ပြောင်းမှု ‘တတိယလှိုင်း’ ၏တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်အနက်ဖွင့်ထားပါ သည်။35 တပ်မတော်မှ အရပ်သားဆန္ဒပြသူများကိုပစ်သတ်ခြင်းများ စတင်ခဲ့ပြီးမကြာမီ သို့မဟုတ် PDF များနှင့်တိုက်ခိုက်မှုများ အရှိန်မြှင့်လာပြီးမကြာမီတွင် တပ်မတော်မှစွန့်ခွာဘက်ပြောင်းလာခဲ့ သော သူများဖြစ်သည့် ပထမလှိုင်းနှင့် ဒုတိယလှိုင်းတွင် ဘက်ပြောင်းလာသူများနှင့် မတူဘဲ တတိယလှိုင်းတွင် ဘက်ပြောင်းလာခဲ့သူများသည် တပ်မတော်၏ရက်စက်ကြမ်းကြုတ်မှုများကို တစ်နှစ်သို့မဟုတ် ထိုထက်ပို၍ကြံကြံခံလာခဲ့သောသူများကို ဆိုလိုပါသည်။ ၎င်းလတ်တလောမှဘက်ပြောင်းလာသူများအတွက် ဘက်ပြောင်းလာရခြင်း၏ နောက်ကွယ်ရှိတွန်းအားများတွင် တပ်မတော်၏အကြမ်းဖက်မှုနှင့်သက်ဆိုင်သော ကိုယ်ကျင့်တရားဆိုင်ရာအကြောင်းတရားများကို လုံးဝဖယ်ထုတ်ထား၍မရသော်လည်း အချို့သော တက်ကြွလှုပ်ရှား သူများ၏အမြင်အရ ၎င်းတို့ဘက်ပြောင်းလာရခြင်းနောက်ကွယ်မှ တွန်းအားမှာ အခြေခံအားဖြင့် စစ်ပန်းလာမှုနှင့် ၎င်းတို့ကိုယ်တိုင်နှင့် ၎င်းတို့၏မိသားစုများ၏လုံခြုံရေးအတွက်စိုးရိမ်သော ကိုယ်ပိုင်အကျိုးစီးပွားအတွက်ကြောင့် ဖြစ်‌လေ့ရှိသည်ဟုဆိုပါသည်။36လက်နက်ကိုင်တော်လှန်ရေးအား အနိုင်ယူရန် သို့မဟုတ် ဖိနှိပ်ရန် တပ်မတော်၏စွမ်း‌ဆောင်ရည်အပေါ် တဖြည်းဖြည်းပိုပိုတိုးလာသော မယုံကြည်မှုသည်လည်း တတိယလှိုင်းတွင်ဘက်ပြောင်းလာသူများ၏ ဘက်ပြောင်းရန်ရွေးချယ်မှုအပေါ် လွှမ်းမိုးမှုရှိကြောင်း တပ်မတော်မှ ၂၀၂၂ခုနှစ်လယ်ပိုင်းတွင် ထွက်ပြေးလွတ်မြောက်လာသူ ဒုတပ်ကြပ်အောင်နှင့်စပ်လျဥ်းပြီး သိရှိရပါသည်။ သတ်ဖြတ်မှုများနှင့် ကျေးရွာများအားမီးရှို့မှုများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သက်သေခံခဲ့ပြီးနောက်တွင် ၎င်းမှ BBC သတင်းထောက်တစ်ဦးအား “တပ်မတော်ကရေရှည်မှာအနိုင်ရမယ်လို့ကျွန်တော်ယုံကြည်ခဲ့ရင် ပြည်သူဖက်ကို ဘက်ပြောင်းလာခဲ့မှာမဟုတ်ဘူး” ဟုပြောခဲ့ပါသည်။ ၎င်းမှပင် စစ်သားများသည် PDF တပ်ဖွဲ့ဝင်များမှ ၎င်းတို့အား သတ်ဖြတ်မည်ကိုစိုးရိမ်သောကြောင့် ၎င်းတို့အနေဖြင့် စခန်းမှတစ်ဦးတည်း အပြင်မထွက်ရဲကြကြောင်း ရှင်းပြခဲ့ပါသည်။ “ကျွန်တော်တို့ဘယ်သွားသွား စစ်ကြောင်းပုံစံဖွဲ့ပြီးပဲ သွားလို့ရတယ်။ ကျွန်တော်တို့က စိုးမိုးထားနိုင်တယ်လို့ ဘယ်သူမှမပြောနိုင်ဘူး” ဟု၎င်းမှဆက်လက်ပြောကြားခဲ့ပါသည်။37

တတိယလှိုင်းတွင် ဘက်ပြောင်းလာခဲ့သောစစ်သားများအနေဖြင့် CDM စစ်သည်အဖွဲ့များတွင် တစ်နည်းတစ်ဖုံပါဝင်လာနိုင်ခဲ့ပါက တပ်မတော်မှစွန့်ခွာဘက်ပြောင်းရသည့် ကိုယ်ကျင့်တရားဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ အကြောင်းပြချက်များအား နောက်ကြောင်းပြန်ဖန်တီးနိုင်ပါသည်။ သို့သော် အသက်ရှင်သန်ရေး၊ ကိုယ်တိုင်/မိသားစုလုံခြုံရေးနှင့် ရှုံနိမ့်မည်ကိုကြောက်ရွံ့ခြင်းနှင့် အနာဂတ်တွင်ရရှိလာနိုင်သည့် အကျိုးခံစားခွင့်များဆုံးရှုံးမည်ကို ကြောက်ရွံ့ခြင်းစသည့်လက်တွေ့ကျသော အကြောင်းပြချက်များသည် ၎င်တို့တပ်မတော်မှစွန့်ခွာဘက်ပြောင်းရသည့်အကြောင်းရင်းများအကြား ရှုပ်ထွေးသည့်အပြန်အလှန်အားပြိုင်မှု၏ တစ်စိတ်တစ်ပိုင်းကို ဖြစ်ပေါ်စေပါသည်။38 ထိုအချက်များသည်အခြားအချက်များနည်းတူ စစ်သည်များနှင့် ၎င်းတို့မိသားစုများအနေဖြင့် တပ်မတော်အတွင်းဆက်လက်နေထိုင်မည် သို့မဟုတ် စွန့်ခွာမည်ကို ဆုံးဖြတ်ရာတွင် ပြုလုပ်ဆောင်ရွက်ရသည့်ခက်ခဲသော ရွေးချယ်မှုများကို ပြသနေပါသည်။

စွန့်လွှတ်အနစ်နာခံမှုများနှင့် ဆုလာဘ်များ

တပ်မတော်မှစွန့်ခွာဘက်ပြောင်းရာတွင် ထိုသို့ဆောင်ရွက်ရန်ဆုံးဖြတ် သော စစ်သည်အပေါ်တွင်သာမကဘဲ သူ/သူမ၏မိသားစုအပေါ်ပါ သက်ရောက်မှုရှိသော ကြီးမားသည့်လုံခြုံရေးဆိုင်ရာ စွန့်စားရမှုများနှင့် စွန့်လွှတ်ရမှုများပါဝင်ပါသည်။ ဤစာစောင်ထဲတွင်ပါဝင်သော ကိုယ်တွေ့မှတ်တမ်းများမှ တပ်မတော်မှစွန့် ခွာဘက်ပြောင်းခြင်းများအား ကဖျက်ယဖျက်လုပ်ခြင်းနှင့် အားပေးလှုံ့‌ဆော်ခြင်းနှစ်ခုလုံးအတွက် မိသားစုဆက်ဆံရေးများသည် မည်မျှအရေးကြီးကြောင်းဖော်ပြနေပါ သည်။ ၎င်းဆက်ဆံ‌‌ရေးများသည် ထိုဆုံးဖြတ်ချက်များချရန်မည်ကဲ့သို့ ညှိနှိုင်းကြသည့်အ‌ပေါ်တွင်လည်း သက်ရောက်မှုများရှိပါသည်။ မချယ်ရီသည် သူမအနေဖြင့် တပ်ထဲရှိသူမ၏ဘဝအပေါ်ပျော်ရွှင်မှု မခဲ့ရှိဘဲ NLD ကို‌‌ထောက်ခံခဲ့သော်လည်း သူမ၏အမျိုးသားအား အစောပိုင်းတွင် တပ်မတော်မှစွန့်ခွာမှုပြုလုပ်ခြင်းမှ ဟန့်တားရန်ကြိုးစားခဲ့ကြောင်း ဤစာစောင်ထဲတွင် ပြောပြထားပါသည်။ သူမအနေဖြင့် သူမအမျိုးသာ၏လုံခြုံရေးနှင့် သူမအမျိုးသား၏ တပ်မတော်မှစွန့်ခွာဘက်ပြောင်းမှုကြောင့် သူမ၏ကလေး‌လေးယောက်အနေဖြင့် တပ်စခန်းအတွင်း ခံစားရမည့် ခွဲ့ခြားဆက်ဆံမှုများကို စိုးရိမ်ခဲ့ပါသည်။ လူလွတ်စစ်သည်များအတွက် တပ်မတော်မှစွန့်ခွာခြင်းသည် ပိုမိုလွယ်ကူသော်လည်း လူလွတ်များအတွက်ပင်လျှင် ထိုကဲ့သို့ပြုလုပ်ခြင်းသည် တပ်မတော်အတွင်းတွင် ရှိနေသည့် သို့မဟုတ် တပ်မတော်အပေါ်သစ္စာဆက်ရှိနေသေးသည့် ၎င်းတို့၏ မိခင်၊ ဖခင်၊ ညီအစ်ကို သို့မဟုတ် လက်တွဲဖော်တို့နှင့် ဆက်ဆံရေးအား ချိုးဖျက်ခြင်းဟူသောအဓိပ္ပါယ်သက်ရောက်နိုင်ပါသည်။ တပ်မတော်မှအရာရှိများသည် ၎င်းတို့ပတ်ဝန်းကျင်ရှိ CDM စစ်သည်များ၏မိသားစုဝင်များအား မကြာခဏခြိမ်းခြောက်လေ့ရှိသောကြောင့် CDM စစ်သည်များသည် တပ်မ‌တော်မှ၎င်းတို့မိသားစုများအား နှောက်ယှက်ခြင်းမှကာကွယ်ရန် မကြာခဏဆိုသလိုပင် ၎င်းတို့မိသားစုဝင်များနှင့် အဆက်အသွယ်ဖြတ်ရလေ့ရှိပါသည် (ဆိုရိုးစကားတစ်ခုအရ “သူတို့မသိတဲ့အရာတစ်ခုက သူတို့ကိုနာကျင်အောင်မလုပ်နိုင်ဘူး”)။

မချယ်ရီနှင့် ဆန့်ကျင်ဖက်ဖြစ်သူ စစ်သည်ဇနီးသည်နောက် တစ်ဦးဖြစ်သည့် မနွေဦး၏အတွေ့အကြုံများအရ တပ်မတော်မှစွန့်ခွာဘက်ပြောင်းမှုများအတွက် ပံ့ပိုးပေးရာတွင် ဇနီးသည်များ၏အခန်းကဏ္ဍသည် မည်မျှအရေးကြီးကြောင်းနှင့် ၎င်းတို့အနေဖြင့် တာဝန်ထမ်းဆောင်နေဆဲဖြစ်သော စစ်သည်များ၏ဇနီးများနှင့်ချိတ်ဆက်မှုကိုထိန်းသိမ်းထားခြင်းဖြင့် လွတ်မြောက်နယ်မြေများသို့ ရောက်သွားသည့်တိုင်အောင် ၎င်းတို့၏တာဝန်များအား ဆက်လက်ဆောင်ရွက်ကြပါသည်။39 စစ်တပ်၏အပြင်ဖက်တွင်နေထိုင်သော မနွေဦးသည် သူမ၏ခင်ပွန်းလောင်းအား ၎င်းတို့အနေဖြင့် စစ်တပ်စခန်းများထဲတွင်ကြည့်ရှု့ရန် ပိတ်ပင်ခံထားရသည့် တပ်မတော်၏ရက်စက်ကြမ်းကြုတ်မှုသတင်းများကို ပို့ပေးခြင်းဖြင့် ၎င်းအားတပ်မတော်မှစွန့်ခွာဘက်ပြောင်းလာစေရန် သိမ်းသွင်းနိုင်ခဲ့ပါသည်။ အပြင်မှနေ၍သူမသည် သူမခင်ပွန်းလောင်းအတွက် လွတ်မြောက်ရန်လမ်းကြောင်းအား ပိုမိုကောင်းမွန်စွာ စီစဥ်ပေးထားနိုင်ခဲ့ပါသည်။ သူ့အနေဖြင့် တပ်မတော်မှမထွက်ခွာပါက သူမသည်သူ့အားလက်မထပ်နိုင်ကြောင်း ပြောခဲ့ခြင်းသည်လည်း သူ့အားတပ်မတော်မှထွက်ခွာစေရန် ပိုမိုတွန်းအားပေးခဲ့ပါသည်။ ထိုသို့ပြုလုပ်နိုင်ခဲ့ခြင်းမှာ စွန့်လွှတ်မှုများမပါဘဲ ဖြစ်နိုင်ခဲ့မည်မဟုတ်ပါ – သူမအနေဖြင့် အလုပ်မှထွက်ခဲ့ရပြီး သူမကိုယ်တိုင်နှင့် သူမ၏ လက်ထပ်ထားခါစခင်ပွန်းတို့၏လုံခြုံရေးအတွက် သူမမိသားစုနှင့် အဆက်အသွယ်ဖြတ်ထားခဲ့ရပါသည်။ စစ်သည်များအနေဖြင့် ၎င်းတို့တပ်မတော်မှစွန့်ခွာသည့်အခါ ၎င်းတို့၏လစာစုငွေများအပါအဝင် ၎င်းတို့၏ပိုင်ဆိုင်မှုအများစု သို့မဟုတ် အားလုံးကိုထားခဲ့ရကာ KNU မှအုပ်ချုပ်သည့်နေရာများကဲ့သို့ CDM စစ်သည်များအား အကာအကွယ်ပေးရန်သဘောတူထားသည့် လွတ်မြောက်နယ်မြေသို့သွားရာ လမ်းတလျှောက်တွင် ၎င်းတို့အနေဖြင့် ကြီးမားသော လုံခြုံရေးဆိုင်ရာအန္တရာယ်များနှင့် ငွေကြေးကုန်ကျမှုများကိုရင်ဆိုင်ကြုံတွေ့ရပါသည်။

တပ်မတော်မှအရာရှိများသည် ဘက်ပြောင်းစွန့်ခွာသူများအား ပိတ်ပင်တားမြစ်ခြင်း၊ သွားပုပ်လေလွင့်စွပ်စွဲခြင်းနှင့် ခြေရာခံလိုက်ကာ ဖမ်းဆီးခြင်းတို့ကို တက်တက်ကြွကြွလုပ်ဆောင်ကြပါသည်။ အာဏာသိမ်းပြီး နောက်တပ်မတော်မှ ပထမဆုံးစွန့်ခွာလာသူဗိုလ်ကြီးအဖြစ်လူသိများသူ၏ ဇနီးဖြစ်ကာ တပ်မတော်စစ်တန်းလျားတွင်ကြီးပြင်းလာခဲ့သူတစ်ဦးလည်းဖြစ်သည့် မသူဇာလွင်၏ ကိုယ်တွေ့မှတ်တမ်းထဲတွင် ထပ်မတော်မှ သူမအမျိုးသားကလူများကိုသတ်ဖြတ်သည်ဟူသော သတင်းစကားဖြင့်၎င်းတို့မိသားစု၏ဓာတ်ပုံများအား ဖြန့်ဝေမှုပြုလုပ်ကာ သူမနှင့် သူမ၏ကလေးနှစ်ဦးအား အန္တရာယ်ကြီးမားစွာကျရောက်စေခဲ့ကြောင်း နာကျင်စွာရှင်းပြထားပါသည်။ သူမသည်ကံကောင်းစွာပင် နောက်ဆုံး၌လွတ်မြောက်ခဲ့ပြီး တိုက်ပွဲများဖြစ်နေသော နယ်မြေတစ်လျှောက်သူမ၏ကလေးများကို ထိန်းကျောင်းခဲ့ကာ KNU ထိန်းချုပ်နယ်မြေတွင်သူမ၏ အမျိုးသားနှင့်ပြန်လည်ပေါင်းစည်းခဲ့ ပါသည်။ သူမရဲ့ စွန့်လွှတ်မှုများသည်ကြီးမားခဲ့သော်လည်း သူမအနေဖြင့် နောင်တရခြင်းမရှိပါ။ သူမအမျိုးသားသည် တော်လှန်ရေးလက်နက်ကိုင်တပ်အတွင်းတွင် ဒဏ်ရာများရခဲ့ပြီး သူမ၏သားမှလည်း ၎င်းတို့ဆင်းဆင်းရဲရဲနေရသည်မှာ စစ်တပ်အပြင်တွင်နေထိုင်တာကြောင့်လားဟု ခဏခဏမေးနေကြောင်းလည်း ပြောပြထားပါသည်။ သို့သော် သူမသည် သူမအမျိုးသားအတွက်ဂုဏ်ယူပြီး ယခုပြည်သူလူထု၏ ချစ်ခင်လေးစားမှုကို ခံရသောကြောင့် ပျော်ရွှင်မှုကိုခံစားရကြောင်း ပြောပြထားပါသည်။ သူမအနေဖြင့် လုံခြုံမှုမရှိဘဲနေထိုင်ခဲ့ပြီး တိုက်ပွဲများကြောင့် မကြာခဏထွက်ပြေးခဲ့ရသည့် ကာလများတွင်ပင်လျှင် သူမနှင့် အဆက်အသွယ်ရှိနေသေးကာ တပ်မတော်မှစွန့်ခွာရန် တွန်းအားပေးနေခဲ့သော တာဝန်ထမ်းဆောင်ဆဲဖြစ်သည့် စစ်သည်များ၏ဇနီးများထက် လုံခြုံမှုကိုခံစားခဲ့ရကြောင်းဖော်ပြခဲ့ပါသည်။ CDM စစ်သည်များနှင့် ၎င်းတို့မိသားစုဝင်များရင်ဆိုင်ကျော်ဖြတ်ရသော တပ်မတော်မှထွက်ခွာခြင်းနှင့် ဆက်စပ်နေသည့် စိတ်ပိုင်းဆိုင်ရာသာမက လက်တွေ့‌နှင့် ရုပ်ဝတ္ထုပစ္စည်းဆိုင်ရာ အခက်အခဲများနှင့် သက်ဆိုင်သော ခက်ခဲလှသည့်ဆုံးဖြတ်ချက်များနှင့် စွန့်လွှတ်မှုများသည် ငြင်းဆန်နိုင်ဖွယ်မရှိသလို အမြဲတမ်းကျော်လွှားနိုင်သည်တော့ မဟုတ်ပေ။

တပ်မတော်မှစွန့်ခွာချင်သော စစ်သည်များစွာအတွက် ၎င်းတို့ရင်ဆိုင်ရမည့် အန္တရာယ်များမှာ အလွန်တရာကြီးမားနေပါသည်။ ချင်းပြည်နယ်မှ တပ်ကြပ်တစ်ဦးဆိုခဲ့သည့်အတိုင်း တပ်မတော်သည် စစ်သည်များ တပ်စခန်းများမှထွက်ခွာရန်အတွက် များပြားကြီးမားသော တားမြစ်ချက်များအား ထုတ်ပြန်ထားသလို မိသားစု၏လုံခြုံရေးအပေါ် ကျရောက်လာနိုင်သော အန္တရာယ်သည် အရေးကြီးပါသည် “သူတို့တွေ CDM မလုပ်ရဲကြဘူး (ဘာလို့လဲဆိုတော့ သူတို့ကြောက်တာက) သူတို့ရဲ့မိသားစုတွေထိန်းသိမ်းခံရ… ရိုက်နှက်ခံရ၊ နှိပ်စက်ခံရ သို့မဟုတ် အသတ်ခံရနိုင်လို့ပါ။ အဲ့ဒါက (တပ်မတော်ရဲ့) ကျွန်တော်တို့အပေါ်ထိန်းချုပ်တဲ့နည်းလမ်းပါပဲ” ဟု၎င်းမှပြောခဲ့ပါသည်။ ၎င်းမှပင် ဆက်လက်ပြီး စစ်သည်အများစုမှာ မည်သို့မည်ပုံထွက်ခွာပြီး မည်သည့်နေရာသို့ သွားရမည်ကိုမသိကြကြောင်း ရှင်းပြပါသည်။ လွတ်လမ်းအနေဖြင့် ၎င်းတို့ကိုယ်၎င်းတို့အဆုံးစီရင်ခဲ့သော စစ်သည်သုံးဦးအား ၎င်းမှသိကြောင်းလည်း ဆိုပါသည်။ CDM ပြုလုပ်ရန် “စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရန် ထက်သန်သောစိတ်ဆန္ဒရှိဖို့ လိုအပ်ပြီး… ထိုစိတ်ဆန္ဒရှိပါက မည်သည့်အခြေအနေကိုမဆို ရင်ဆိုင်နိုင်ပါလိမ့်မယ်” ဟု၎င်းမှရှင်းပြပါသည်။40 စစ်တပ်ထဲရှိ၎င်းတို့၏ဘဝတွင် မပျော်ရွှင်သောသူများအတွက်ပင် ကိုယ်ကျင့်တရားဆိုင်ရာစိုးရိမ်မှုများနှင့် တပ်တွင်းဖိနှိပ်မှုများသည် ၎င်းတို့အားတပ်မတော်မှစွန့်ခွာစေရန် လုံလောက်သော တွန်းအားကိုပေးနိုင်ချင်မှပေးနိုင်ပါလိမ့်မည်။ ၎င်းတို့အနေဖြင့် အထောက်အပံ့၊ အားပေးမှု နှင့် အလားအလာရှိသော ပစ္စုပ္ပန်နှင့် အနာဂတ်တွင်ရလာနိုင်သော ဆုလာဘ်များ လိုအပ်ပါသည်။

CDM စစ်သည်အဖွဲ့များသည် ထိုကဲ့သို့သော လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်ကြိုးစားရာတွင် အထင်ကြီးစရာကောင်းလှစွာပင် စစ်သည်များအကြားတွင်ရှိသော ကိုယ်ကျင့်တရားဆိုင်ရာနှင့် လက်တွေ့ဆိုင်ရာ စိုးရိမ်ကြောင့်ကျမှုများအားလုံးအတွက် ဆွဲဆောင်မှုရှိနေပါသည်။ ဤစာစောင်ထဲတွင်ပါဝင်သော ကိုယ်တွေ့ဖြစ်ရပ်များမှသက်သေပြထားသကဲ့သို့ ထိုအဖွဲ့များသည် စစ်သည်များအား တပ်မတော်မှစွန့်ခွာဘက်ပြောင်းလာစေရန် ကူညီပေးခြင်းများဆောင်ရွက်နေသလို ထွက်ခွာနိုင်မည့် လမ်းကြောင်းများရှာပေးကာ တစ်ဖက်တွင်လည်း ရုပ်ဝတ္ထုပစ္စည်းများနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ပံ့ပိုးမှုများဆောင်ရွက်ပေးပြီး နောက်ပိုင်းထိုစစ်သည်များအနေဖြင့် ပိုမိုလုံခြုံသော နေရာများသိုရောက်ရှိသောအခါ ပညာရေးနှင့် ကျန်းမာရေးအထောက်အပံ့များပံ့ပိုးခြင်းကိုပါ တက်ကြွစွာဆောင်ရွက်ပေးနေပါသည်။41အရေးကြီးစွာပင် ၎င်းတို့သည် စည်းလုံးညီညွတ်မှုပေးသော အဖွဲ့အစည်းများကိုလည်းဖွဲ့စည်းထားပြီး တပ်မတော်မှလွတ်မြောက်လာသော စစ်သည်များအား အထောက်အထားအသစ်များဖန်တီးပေးခြင်းနှင့် တော်လှန်ရေးတွင်ပါဝင်သူတစ်ဦးအဖြစ် တရားဝင်သတ်မှတ်ထားသော နေရာတစ်ခုတွင် ပါဝင်နိုင်သည့် အလားအလာတစ်ရပ်ကိုလည်း ကမ်းလှမ်းခြင်းမျိုးရှိပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဆိုရှယ်မီဒီယာဝက်ဘ်ဆိုဒ်များတွင် ပို့စ်များတင်ခြင်းနှင့် Zoom သို့မဟုတ် Facebook ပေါ်တွင် ဘက်ပြောင်းစွန့်ခွာလာသူများအနေဖြင့် တပ်မတော်ကို စွန့် ခွာလာခြင်းမှရရှိလာသော ကိုယ်ပိုင်ဆုလာဘ်များအကြောင်း ၎င်းတို့၏အမြင်များကို မျှဝေကြခြင်းစသည်တို့ပါဝင်သည့် အမျိုးမျိုးသော အွန်လိုင်းလှုပ်ရှားမှုများမှတဆင့်ဆောင်ရွက်လေ့ရှိပါ သည်။ တပ်မတော်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်သည်များအား တပ်တွင်းဖိနှိပ်မှု၊ ဖယ်ဒရယ်ဒီမိုကရေစီနှင့် အသွင်ကူးပြောင်းကာလအတွင်းတရားမျှတမှု အစရှိသော ဘက်ပြောင်းလာသူများအနေဖြင့် ၎င်းတို့၏ကျွမ်းကျင်မှုများကို ထည့်ဝင်အသုံးပြုနိုင်မည့် အခွင့်အ‌ရေးများ ဖန်းတီးပေးနိုင်ကာ တော်လှန်ရေးထဲတွင် နေရာတစ်ခုဖန်တီးပေးနိုင်မည့် အကြောင်းအရာများကို ပြောဆိုဆွေးနွေးကြသည့် အပတ်စဥ် ဆွေးနွေးပွဲများကိုလည်း CDM စစ်သည်အဖွဲ့အစည်းများသည် အမျိုးမျိုးသော ဒီမိုကရေစီရေးလိုလားသောလှုပ်ရှားသူများနှင့် ပူးတွဲဆောင်ရွက်လေ့ရှိကာ တစ်ချိန်တည်းမှာပင် အခြားသူများအား CDM လုပ်လာစေရန် တိုက်တွန်းအားပေးကြပါသည်။

တပ်မတော်မှစွန့်ခွာဘက်ပြောင်းလာသောစစ်သည်များအား ထောက်ပံ့ရန် ၎င်းတို့၏အားထုတ်မှုကိုမြှင့်တင်ရန်နှင့် ၎င်းတို့အဖွဲ့အစည်းနှင့် ပိုမိုပူးပေါင်းလာကြဖို့ တိုက်တွန်းအားပေးရန် CDM စစ်သည်များသည် NUG အားအဆက်ပြတ်စည်းရုံးလျက်ရှိပါ သည်။ ၎င်းတို့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ဘက်ပြောင်းလာသူများကို ကြိုဆိုလိုမှုအပေါ်တွင်လည်း မှီခိုကြပါသည်။ KNU တပ်မဟာ ၅ သည် CDM စစ်သည်များကို ကြိုဆိုခဲ့သည့်ပထမဆုံးသော အဖွဲ့အစည်းဖြစ်ပြီး ၎င်းတို့သည် တပ်မတော်မှထွက်ခွာလာသော စစ်သည်များအား ဂရုဏာထားဆက်ဆံမည်ဖြစ်ကာ ၎င်းတို့ကို CDM တော်လှန်ရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ်ကြိုဆိုမည်ဖြစ်ကြောင်း အွန်လိုင်းပေါ်တွင်ကြေညာခဲ့ပါသည်။ ၎င်းတို့သည် CDM စစ်သည်များအား လုံခြုံရေးနှင့်အသက်မွေးဝမ်းကျောင်း ထောက်ပံ့မှုများ ပံ့ပိုးပေးခဲ့ပါသည်။42 KNU သည် ထိုင်းမြန်မာနယ်စပ်တစ်လျှောက်တွင် စွန့် ခွာဘက်ပြောင်းလာသူ အများစုကို လက်ခံပေးထားသည်ဟုဆိုကြသော်လည်း ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် နှင့် အခြားသောပိုမိုသေးငယ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) ကဲ့သို့အဖွဲ့များသည်လည်း စွန့်ခွာဘက်ပြောင်းလာသူမျာအား ကူညီခဲ့ကြပါသည်။43 မသူဇာလွင်၏ ကိုယ်တွေ့မှတ်တမ်းတွင်တွေ့ရသည့်အတိုင်း အချို့သော စွန့်ခွာဘက်ပြောင်းလာသူများအနေဖြင့် တပ်မတော်ကိုပြန်လည်တိုက်ခိုက်ရာတွင် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်၊ ကော်ဘရာစစ်ကြောင်းတို့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းတွေ့ရပါသည်။

၂၀၂၁ ခုနှစ် သြဂုတ်လတွင် NUG သည် တပ်မတော်မှစွန့်ခွာဘက်ပြောင်းခြင်းအား၎င်း၏ တပ်မတော်ကိုဖြိုချရန်နည်းဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထောက်ပံ့ရန် ကတိကဝတ်ပြုခဲ့ပါသည်။ NUG သည် တာဝန်ထမ်းဆောင်ဆဲဖြစ်သော စစ်သည်များ၏လက်ရှိရှိနေသောလုံခြုံရေးဆိုင်ရာစိုးရိမ်မှုများနှင့် ရေရှည်အနာဂတ်အတွက်စိုးရိမ်မှုများကို အနာဂတ်ဖယ်ဒရယ်ဒီမိုကရေစီစနစ်အတွင်း အခန်းကဏ္ဍတစ်ခုပေးအပ်မည်ဖြစ်ကြောင်းအာမခံခြင်းဖြင့်ဖြေရှင်းပေးရန် ကတိပြုထားသည့် ၎င်းတို့၏ယာယီသမ္မတမှလက်မှတ်ထိုးထားသည့် မူဝါဒတစ်ရပ်ကို “ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့များနှင့် ရဲတပ်ဖွဲ့များအတွက်” ချမှတ်ခဲ့ပါသည်။ ၎င်းမူဝါဒထဲတွင် ပင်စင်များနှင့် ရာထူးများအားဆက်လက်ထားရှိပေးခြင်း၊ အစားအသောက်၊ နေရာထိုင်ခင်းနှင့်၊ မိသားစုလုံခြုံရေးအတွက် ထောက်ပံ့ပေးမည့်အစီအစဥ်များ၊ ဘက်ပြောင်းလာသူများအနေဖြင့် PDF များ၏တိုက်ခိုက်မှုကို ခံရမည်မဟုတ်ကြောင်း အာမခံပေးမှုနှင့် (အနာဂတ်) ဖယ်ဒရယ်ပြည်ထောင်စုတပ်မ‌တော်နှင့် ရဲတပ်ဖွဲ့ထဲသို့ ပေါင်းစည်းပေးခြင်းတို့ပါဝင်ပါသည်။44 ထိုမူဝါဒကြေညာပြီးနောက်ပိုင်းတွင် ပြည်သူ့ရင်ခွင်အဖွဲ့သည် စစ်ဆေးမှုစနစ်ပေါ်အခြေခံကာ CDM စစ်သည်များအတွက် CDM မှတ်ပုံတင်ကတ်ထုတ်ပေးခြင်းတို့အတွက် NUG ၏ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

၂၀၂၂ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် NUG မှ စစ်ဖက်ဆိုင်ရာ ပစ္စည်းများကိုဖျက်ဆီးသော သို့မဟုတ် စစ်ဖက်ဆိုင်ရာပစ္စည်းများ၊ ယာဥ်များနှင့်တကွ ပြည်သူ့ရင်ခွင်အဖွဲ့ကိုလာရောက်ပူးပေါင်းသော စစ်သည်များအတွက် အချက်ကိုးချက်ပါသော ဆုပေးမှုစနစ်ကိုကြေညာခဲ့ပါသည်။ ဆုများတွင် တင့်ကားတစ်စီးကိုဖျက်ဆီးခြင်းအတွက်ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ မှ လေယာဥ်တစ်စီးကို ဖျက်ဆီးခြင်းအတွက်ဆုကြေးငွေ အ‌မေရိကန်ဒေါ်လာ ၅၀၀,၀၀၀ အထိအစားစားပါဝင်ပါသည်။45 ဤစာကိုရေးနေသည့် ၂၀၂၂ ခုနှစ် သြဂုတ်လ အထိ မည်သူမှထိုကဲ့သို့ကြီးမားလှသည့် ပစ္စည်းများဖြင့် တပ်မတော်မှထွက်ခွာလာခဲ့သည်ကို မတွေ့ရှိရသေး‌သော်လည်း ‌ထိုဆုပေးစနစ်သည် တပ်မတော်မှ ရာထူးနေရာများနှင့် အကျိုးခံစားခွင့်များဆုံးရှုံးမည်ကိုစိုးရိမ်သော လက်တွေ့ဆန်သောစိုးရိမ်မှုများရှိသည့် စစ်သည်များကိုဆွဲဆောင်ရန်ရည်ရွယ်ပါသည်။ KNU နှင့် CDF တို့အနေဖြင့် လက်နက်၊ လက်ပစ်ဗုံးနှင့် ကျည်ဆန်များဖြင့် တပ်မတော်မှစွန့်ခွာလာသော ရာထူးအဆင့်နိမ့်သောစစ်သည်များအား ဆုချီးမြှင့်ခြင်းဖြင့် ယခင်ကအောင်မြင်မှုတစ်ချို့ ရရှိခဲ့ဖူးပါသည်။46 ထိုကဲ့သို့ ဖြစ်ရပ်များဖြစ်ပါက စွန့်ခွာဘက်ပြောင်းလာသောစစ်သည်များနှင့် ၎င်းတို့ယူဆောင်လာသော စစ်ဖက်သုံးပစ္စည်းများ၏ပုံများအား ချီးကျူးဂုဏ်ပြုသော သတင်းစကားများဖြင့်တွဲဖက်ကာ ဆိုရှယ်မီဒီယာပလက်ဖောင်းများပေါ်ရှိ CDM စစ်သည်အဖွဲ့များတွင် မျှဝေကြ‌လေ့ရှိပါသည်။47

CDM စစ်သားအဖွဲ့ဝင်များသည် New York Times မှသည် Nikkei နှင့် Al Jazeera အထိ နိုင်ငံတကာမီဒီယာနှင့် ထိတွေ့ခွင့်များစွာကိုလည်းရရှိခဲ့သည့်အပြင် ပိုမိုလူသိနည်းသော အများသုံးချန်နယ်များမှတဆင့် လည်းစည်းရုံးရေးဆင်းလာကာ တပ်မတော်မှစွန့်ခွာဘက်ပြောင်းမှုများ၏အရေးကြီးပုံအပေါ် လူထု၏ အာရုံစိုက်မှုကို ယူဆောင်လာခဲ့ပါသည်။ NUG မှကူညီပေးမှုများလည်းရရှိခဲ့ပြီး ၎င်းထဲတွင် တပ်မတော်မှစွန့်ခွာဘက်ပြောင်းလာသူများအား ခိုလှုံခွင့်ပေးရန် အခြားနိုင်ငံများကို စည်းရုံးခြင်းလည်းပါဝင်ပါသည်။ သြစတေးလျနိုင်ငံသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလကတည်းက ဖွင့်ဟကြေညာထားခြင်းမရှိသော အရေအတွက်ရှိ ဘက်ပြောင်းလာသူများအား ကာကွယ်ရေး ဗီဇာများထုတ်ပေးခဲ့ကြောင်းသိရပါသည်။48 CDM စစ်သည်အဖွဲ့များမှ ဦးဆောင်အဖွဲ့ဝင်များ၏အဆိုအရ ၎င်းတို့အဖွဲ့များ၏ ဆိုရှယ်မီဒီယာစာမျက်နှာများပေါ်တွင်မျှဝေထားသော သြစတေးလျနိုင်ငံတွင် ခိုလှုံခွင့်ပေးမှုသတင်းသည် တာဝန်ထမ်းဆောင်ဆဲစစ်သည်ပေါင်းရာနှင့်ချီအား ၎င်းတို့ထံရက်အနည်းငယ်အတွင်းဆက်သွယ်လာစေရန် ဆွဲဆောင်နိုင်ခဲ့ ပါသည်။ ထိုသူများထဲတွင် ပုံမှန်အားဖြင့်၎င်းတို့ ထံဆက်သွယ်လေ့မရှိသော ရာထူးကြီးသူများပါပါဝင်ပါသည်။49

ရှေ့တန်းတွင်ရှိနေသောစစ်သည်များနှင့် တပ်မတော်မှထွက်ခွာရန်မည်ကဲ့သို့သော ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ သို့မဟုတ် နိုင်ငံရေးဆိုင်ရာလှုံ့ဆော်မှုမှ မရှိသောသူများအား NUG မှ စည်းရုံးရာတွင် ရုပ်ဝတ္ထုပစ္စည်းများ၊ ဆုကြေးများ၊ ခိုလှုံခွင့်များနှင့် အနာဂတ်ရာထူးနေရာများအတွက်ကတိကဝတ်များ ပေးခြင်းသည် စွန့်ခွာဘက်ပြောင်းခြင်းနည်းဗျူဟာကိုမြှင့်တင်ပေးနိုင်ခဲ့သလို ထိုပေးအပ်ကမ်းလှမ်းချက်များအားလုံးကို အဖွဲ့အစည်း၏တရားဝင်ပုံစံဖြင့်ပေးအပ်နိုင်ခဲ့ပါသည်။ သို့သော်လည်း ထိုသို့ကြိုပမ်းဆောင်ရွက်ချက်များသည် လက်ရှိအချိန်အထိ တပ်မတော်မှထွက်ခွာလာသော စစ်သည်အရေအတွက် သိသိသာသာတိုးမြင့်လာစေရန် ၎င်းတို့ချည်းသီးသန့် ဖြင့်ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ပြသနေခဲ့ပါသည်။ ထိုကြိုးပမ်းဆောင်ရွက်ချက်များသည် အကန့်အသတ်ဖြင့်သာရှိသောအရင်းမြစ်များကြောင့် စိန်ခေါ်မှုခံနေရသလို မလုံခြုံမှုနှင့် မသေချာမရေရာမှုတို့ကြောင့် နှောင့်နှေးဒုက္ခရောက်နေရပါသည်။ အ‌ရေးကြီးသည်မှာ ၎င်းကြိုးပမ်းဆောင်ရွက်ချက်များသည် အချို့သော စစ်မှုထမ်းများအား တပ်မတော်အပေါ်သစ္စာရှိစေရန် သို့မဟုတ် တပ်မတော်အပေါ်အလွန်ကပ်တွယ်နေသောကြောင့် ထွက်ခွာလိုစိတ် မရှိစေရန်ဆောင်ရွက်ထားသည့် တပ်မတော်စနစ်အတွင်းနှင့် ၎င်းတို့၏ရှု့မြင်သတ်မှတ်ပုံထဲတွင် နက်ရှိုင်းစွာမြှုပ်နှံထားသော စွန့်ခွာဘက်ပြောင်းခြင်းအတွက် ဖြန့်ကျက်ထားသည့် ဖွဲ့စည်းပုံဆိုင်ရာအတားအဆီးများ၏ နှောင့်နှေးစေခြင်းကိုလည်းခံနေရပါသည်။ ကျွန်ုပ်တို့အနေဖြင့် ထိုသူများသည် မည်သူများဖြစ်ကြောင်းနှင့် ၎င်းတို့သည် မည်သို့မည်ပုံတွေး‌ခေါ်ကြကြောင်း အ‌ရေးကြီးသော သဲလွန်စများကို ဤအထူးထုတ်စာစောင်ထဲတွင်ပါဝင်သော ကိုယ်တွေ့မှတ်တမ်းများထဲတွင် တွေ့ရမည်ဖြစ်ပြီး Michael Charney ၏ ထည့်ဝင်ရေးသားထားမှုထဲတွင်လည်း တပ်မတော်အပေါ်သစ္စာရှိမှု နှင့် တပ်မတော်မှ၎င်းတို့ကိုယ်၎င်းတို့ လူ့ဘောင်အဖွဲ့အစည်းအတွင်း တွင်မည်သို့မည်ပုံရှု့မြင်သတ်မှတ်ပုံတို့ ဖြစ်တည်လာသည့် သမိုင်းကြောင်းဆိုင်ရာနောက်ခံများအကြောင်းကျွန်ုပ်တို့လေ့လာနိုင်ပါသည်။

ဖွဲ့စည်းပုံဆိုင်ရာအတားအဆီးများနှင့် သတ်မှတ်ရှု့မြင်ပုံများ

၂၀၂၂ ခုနှစ် ဇူလိုင်လတွင်ကျင်းပခဲ့သော ပြည်သူ့စစ်သား/ ပြည်သူ့ပန်းတိုင်စကားဝိုင်းတွင် CDM စစ်သည်တစ်ဦးဖြစ်သူ Captain Clock အား မည်သည့်စစ်သည်များ သည် တပ်မတော်ထဲတွင် ဆက်လက်ရှိနေရန်ရွေးချယ်ကြပြီး အဘယ်ကြောင့် ထိုသို့‌ရွေးချယ်ကြကြောင်း မေးမြန်းခဲ့ပါသည်။ Captain Clock မှ ၎င်းတာဝန်ထမ်းဆောင်ဆဲ စစ်မှုထမ်းများထဲမှ ၃၀ ရာခိုင်နှုန်းသော သူတို့သည် ၎င်းတို့လုံခြုံရေးနှင့် ၎င်းတို့မိသားစု၏လုံခြုံရေးအတွက် စိုးရိမ်သောကြောင့် ဆက်လက်နေနေကြခြင်းဖြစ်ပြီး ကျန်သော ၇၀ ရာခိုင်နှုန်းမှာ သြဇာအာဏာနှင့်ရပိုင်ခွင့်များကိုတပ်မက်သောကြောင့် သို့မဟုတ် ၎င်းတို့အား တပ်မတော်မှ ဦ‌နှောက်ကျင်း (brainwash) ထားပြီး ပညာမတတ်ကြသောကြောင့် ၎င်းတို့အနေဖြင့်လွတ်လပ်ပြီး ဝေဖန်ပိုင်းခြားနိုင်သောတွေးခေါ်မှုမျိုးဆောင်ရွက်နိုင်ခြင်းမရှိဘဲ တပ်မတော်ထဲတွင် ဆက်လက်တာဝန်ထမ်းဆောင်နေကြသည်ဟု ယုံကြည်ကြောင်းဆိုခဲ့ပါသည်။50 ထိုကဲ့သို့သော ကိန်းဂဏန်းဆိုင်ရာခန့်မှန်းချက်များသည် လက်တန်းပြောထားခြင်း ဖြစ်သော်လည်း Captain Clock ပြုလုပ်ခဲ့သော ရှင်းလင်းသည့်အချက်တစ်ခုမှာ တပ်မ‌တော်မှစွန့်ခွာဘက်ပြောင်းခြင်း နည်းဗျူဟာအတွက် အမျိုးမျိုး‌သော အတားအဆီးများအား မည်သို့မည်ပုံကျော်လွှားရမည်ကို နားလည်ရန်အတွက် အရေးကြီးသည်ဆိုသည့်အချက်ဖြစ်ပါသည်။ ၎င်းအုပ်စုနှစ်စုထဲမှ ပထမတစ်စုသည် လုံခြုံသောလွတ်မြောက်နိုင်မည့်လမ်းကြောင်း sများနှင့် ရုပ်ဝတ္ထုဆိုင်ရာ အထောက်အပံ့များပေးနိုင်ပါက ၎င်းတို့ကို တပ်မတော်မှစွန့်ခွာဘက်ပြောင်းရန် တိုက်တွန်းအားပေးနိုင်မည်ဖြစ် သော်လည်း ဒုတိယတစ်ဖွဲ့အတွက်မှာမူ စီးပွားရေးဆိုင်ရာမက်လုံးများ၊ အတွေးအခေါ်များနှင့် စိတ်နေသဘောထားတို့နှင့် ချိတ်ဆက်ထားသော ပိုမိုနက်ရှိုင်းသည့် ဖွဲ့စည်းပုံဆိုင်ရာ အတားအဆီးများကို ဖြေရှင်းပေးရန် လိုအပ်ပါသည်။ ဤစာစောင်ထဲတွင်ပါဝင်သော ကိုရေခဲ၏ ကိုယ်တွေ့မှတ်တမ်းထဲတွင် ရာထူးအဆင့်နိမ့်သော စစ်သည်များမှာ တပ်မတော်မှအမှောင်ချထားခြင်းကို မည်သို့မည်ပုံခံနေရကြောင်း၊ တပ်မတော်ဝါဒဖြန့်မှု၏ သားကောင်များဖြစ်ကာ သတင်းအချက်အလက်များလည်း ကန့်သတ်ထားခံရကြောင်းပြောပြ ခဲ့ပြီး ကိုထက်နိုင်အောင်မှလည်း “ပြည်သူလူထုသည်ရန်သူဖြစ်သည်” နှင့် “တပ်မတော်သည် တိုင်းပြည်၏ ကာကွယ်သူဖြစ်သည်” အစရှိသည့် မမှန်ကန်သော သတင်းအချက်အလက်များ ဖန်တီးကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။ အချို့သူများသည် တပ်မတော်အပေါ်၎င်းတို့မှ ကျေးဇူးကြွေးတင်နေသည်ဟုခံစား နေရခြင်း သို့မဟုတ် တပ်မတော်ပြင်ပတွင် ၎င်းတို့အတွက်ရှင်သန်ရန်ဘဝမရှိဟု ခံစားနေကြရပါသည်။ တပ်မတော်အရာရှိများအနေဖြင့် တပ်မ‌တော်ထဲတွင် ဆက်လက်ရှိနေကြသည်မှာ စီးပွားရေးအကျိုးခံစားခွင့်များ၊ တပ်မတော်၏တရားမဝင်စီးပွား‌ရေးအမျိုးမျိုးကို လုပ်ကိုင်နိုင်စွမ်းနှင့် ဆက်စပ်မှုရှိကြောင်း ကိုသူရဇွဲမာန်နှင့် ကိုထင်ရှားတို့သည် ၎င်းတို့၏ကိုယ်တွေ့မှတ်တမ်းများထဲတွင် မျှဝေဖော်ပြထားခဲ့ပါသည်။ အချို့စစ်မှုထမ်းများဆိုလျှင် အာဏာသိမ်းမှုသည် ၎င်းတို့အား ပိုမိုချမ်းသာလာစေရန် ‌လုပ်ပေးနိုင်လိမ့်မည်ဟုယုံကြည်ကြပါသည်။

၂၀၂၁ ခုနှစ်အစောပိုင်းကတည်းက CDM စစ်သည်များ၏ သက်သေခံချက်များထဲတွင်သာမက မြန်မာတပ်မတော်အပေါ် သုတေသနပြုမှုများတွင်တွေ့ရသည့်အတိုင်း တပ်မတော်မှစွန့် ခွာထွက်ပြေးရာတွင်ရှိသော ဖွဲ့စည်းပုံဆိုင်ရာ အတားအဆီးများသည် ပြန့်နှံ့နေသော ကျဉ်းမြောင်းသည့် ယဥ်ကျေးမှုတစ်ခု၊ ဦးဆောင်သူနှင့်နောက်လိုက်ဆက်ဆံ‌ရေးများ၏ အတွင်းပိုင်းအဆင့်ကြီးငယ်စနစ်နှင့် ခိုင်မာသောအတွေးအခေါ်ဆိုင်ရာ ယန္တယားတစ်ခုထဲတွင် မြှုပ်နှံထားပါသည်။51 ခိုင်မာသောရဲဘော်ရဲဘက်စိတ်ဓာတ်ကို ပျိုးထောင်ခြင်းအပါအဝင် အမိန့်များကိုတင်းတင်းကျပ်ကျပ်လိုက်နာစေခြင်း၊ အကြောက်တရားများရိုက်သွင်းထားခြင်းနှင့် တပ်မတော်အား တိုင်းပြည်နှင့် ဗုဒ္ဓဘာသာ၏ကာကွယ်သူအဖြစ် သတ်မှတ်ရှု့မြင်ပုံတစ်ရပ်အား စွဲမက်အောင်သွန်သင်ထားသည့် အတွေးအခေါ်ဆိုင်ရာဝါဒဖြန့်မှုတို့ကို ပေါင်းစည်းထားခြင်းမှတဆင့် သစ္စာရှိစေမှုတို့ကို လေ့ကျင့်ပေးခြင်းတို့၌ တပ်မတော်သည်ဆယ်စုနှစ်ချီ အတွေ့အကြုံရှိပါသည် (ဤစာစောင်ထဲတွင်ပါဝင်သော Charney တွင်ရှု့ပါ)။ စစ်သည်များနှင့် အရာရှိများသည် တပ်တွင်း ဆုပေးမှုများ၊ ရာထူးတိုးပေးခြင်းများနှင့် ပြစ်ဒဏ်ပေးခြင်းတို့မှတဆင့် တပ်မတော်နှင့်တုပ်နှောင်ချိတ်ဆက်ထားမှုများရှိနေကာ52 တပ်မတော်၏တရားဝင်ရော တရားမဝင်စီးပွားရေးများတွင် ပါစိုးမိုးခြယ်လှယ်နိုင်မှုသည် အရာရှိအဖွဲ့များအား အနည်းဆုံး ၁၉၉၀ ခုနှစ်များကတည်းက ထိန်းချုပ်ထားနိုင်ခဲ့ပါသည်။53

တပ်မတော်မှထွက်ခွာရာတွင် ရာထူးအဆင့်ပိုမြင့်သော အရာရှိများသည် ရာထူးအဆင့်နိမ့်သော စစ်သည်များနှင့်ယှဥ်လျှင် စီးပွားရေးအရ‌ရော ဂုဏ်ပုဒ်အရပါ ပိုမိုဆုံးရှုံးစရာများရှိနေပြီး ၎င်းတို့သည် တပ်မတော်၏ အတွေးအခေါ်ပိုင်းဆိုင်ရာသတ်မှတ်ရှု့မြင်ပုံကို ပိုမိုနက်ရှိုင်းစွာလိုက်နာကြသူများ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ရာထူးအဆင့်နိမ့်သော အချို့စစ်သည်များအနေဖြင့် ၎င်းတို့၏နေ့စဥ်အသက်ရှင်ရပ်တည်ရေးအတွက် တပ်မတော်အပေါ် တွင်လုံးလုံးလျားလျားမှီခိုရန် လိုအပ်သည်ဟူသော ယုံကြည်မှုကို တပ်မတော်နည်းစနစ်မှ ဖန်တီးပျိုးထောင်ထားခဲ့ကြောင်း CDM စစ်သည်များ၏ ပြောကြားချက်များအရ သိရပါသည်။54 ဤစာစောင်ထဲတွင်ပါဝင်သော တွေ့ဆုံမေးမြန်းခံခဲ့ရသူများ သိရှိထားသည့်အရာတိုင်းကို လူတိုင်းသိရှိလာနိုင်ခဲ့သည်သည် မဟုတ်ပါ – တပ်မ‌တော်စနစ်သည် ရာထူးအဆင့်နိမ့်စစ်သည်များ အတွက် စီးပွားရေးအရအကျိုးဖြစ်ထွန်းမှုနှင့်ယှဥ်လျှင် စီးပွားရေးအရအမြတ်ထုတ်ခြင်းနှင့် အနိုင်ကျင့်ခြင်းတို့သည်များစွာသာလွန်နေပါသည်။ စစ်သည်များ၏ ပညာရေးချို့တဲ့မှုများ၊ လူသစ်စုဆောင်းရာတွင် ငွေကြေးပိုင်းချို့တဲ့မှုအဖြစ်ဆုံးနိုင်ငံသားများကို ဗဟိုပြုခြင်း၊ နှင့် စစ်သည်များအား လွတ်လပ်စွာတွေးခေါ်မှုမှတားမြစ်ထားခြင်း တို့အပါအဝင် ၎င်းတို့၏ဖိနှိပ်မှုအတွင်း ၎င်းတို့ကို ပြန်လည်ချည်နှောင်ထားသည့် လေ့ကျင့်သင်ကြားရေးနည်းစနစ်များနှင့် ဝါဒဖြန့်မှုများကြောင့် ထိုအခြေအနေသည် ရာထူးနိမ့်သောစစ်သည်များအကြားတွင် ဆက်လက်ရှိနေကြောင်း CDM စစ်သည်များမှ ရှင်းပြခဲ့ပါသည်။55 CDM စစ်သည်တပ်ကြပ်ကြီးတစ်ဦးသည် ပညာရေးနိမ့်ပါးမှုနှင့် ဦးနှောက်ကျင်း (brainwash) ခံရမှုတို့သည် တာဝန်ထမ်းဆောင်ဆဲစစ်သည်များ၏အကြမ်းဖက်မှုကို ဆက်လက်ကျင့်သုံးနေမှုနှင့် ချိတ်ဆက်မှုရှိကြောင်းဆိုထားပါသည် – “ရာထူးနိမ့်စစ်သည်တွေက ဘယ်လိုအမိန့်မျိုးကိုပဲဖြစ်ဖြစ်နာခံနေကြတယ်… သူတို့ကိုသတ်ဖို့ အမိန့်ပေးရင် သူတို့သတ်တယ်။ သူတို့အဲ့လိုလုပ်ရင် သူတို့အပေါ်နဲ့ တိုင်းပြည်အပေါ် ဘယ်လိုမျိုးသက်ရောက်မှုတွေ ရှိလာမလဲဆိုတာကို မစဥ်းစားကြဘူး။ (သူတို့မှာ) စဥ်းစားတွေးခေါ်နိုင်စွမ်းနည်းကြတယ်။ အဲ့ဒါကသူတို့ရဲ့အမှားတော့လည်း မဟုတ်ပြန်ဘူး။ သူတို့ရဲ့ မူလစိတ်ရင်းက အဲ့လိုမျိုးမဟုတ်ဘူး (ဒါပေမဲ့) သူတို့တွေက brainwash ခံရပြီး ပြည်သူလူထုဆီကနေ ခွဲထုတ်ထားတာကိုခံခဲ့ရတာ။”56 ဤစာစောင်ထဲတွင်ပါဝင်‌သော ကိုယ်တွေ့မှတ်တမ်းပိုင်ရှင်များထဲမှ တစ်ဦးဖြစ်သည့် ကိုဇေယျအောင်သည် ပြည်သူ့စစ်သားစကားဝိုင်း တစ်ခုထဲတွင် အထက်ပါနှင့်ဆင်တူသော အချက်တစ်ချက်ဖြစ်သည့် ဦးနှောက်ကျင်းမှု brainwash လုပ်ခြင်းသည် စစ်သည်များအား ကိုယ်ချင်းစာတရားကင်းမဲ့ပြီး လူမဆန်စွာပြုမူတတ်သည့် စက်ရုပ်များအဖြစ် ပြောင်းလဲသွားစေကြောင်း ပြောပြထားပါသည်။57

စစ်သားများအနေဖြင့် ပြည်သူများအပေါ်တွင် ကိုယ်ချင်းစာတရားမရှိမှုသည် CDM စစ်သည်တစ်ဦး ဖြစ်သည့်ကိုညီသုတမှဖော်ပြခဲ့သည့်အတိုင်း စစ်သည်ပေါင်းများစွာနှင့် ၎င်းတို့မိသားစုဝင်များသည် တပ်မတော်မှ ပြင်ပရှိလူမှုရေးချိတ်ဆက်မှုများနှင့် သတင်းအချက်အလက် စီးဆင်းမှုကို ကန့်သတ်ထားသည့် သီးသန့်ခွဲထုတ်ခံထားရသော ဘဝများအဖြစ် စစ်တန်းလျားများတွင်နေထိုင်နေကြကာ တိုင်းသူပြည်သားများထံမှ စစ်သားများအား တမင်သက်သက်ခွဲထုတ်ထားခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါ သည်။58 ဤစာစောင်ထဲရှိ ကိုယ်တွေ့မှတ်တမ်းများထဲတွင် ဖော်ပြထားချက်များအရ ထိုသီးသန့်ခွဲထုတ်ထားမှုသည် အာဏာသိမ်းမှုနောက်ပိုင်း ပြီးပြည့်စုံခြင်းမရှိတော့သော်လည်း ကို‌အောင်ကိုကို၏ကိုယ်တွေ့မှတ်တမ်းထဲတွင်သက်သေခံထားသည့် အတိုင်း ၎င်းသည် ကျယ်ပြန့်သော သက်ရောက်မှုတစ်ရပ် အဖြစ်ဆက်လက်တည်ရှိနေပါ သေးသည်။ ကို‌အောင်ကိုကိုမှ ၎င်းသည် တပ်မတော်မှစုဆောင်းခြင်းမခံရမီ အရပ်သားဘဝ၌ လူမှုရေးချိတ်ဆက်မှုများ များစွာရှိခဲ့ပြီး ထို့ကြောင့် တပ်မတော်မှထွက်ခွာလိုခဲ့ကြောင်း ပြောပြခဲ့ပါသည်။ သို့သော် သူ့မိသားစုဝင်များမှာ တပ်မတော်ထဲတွင်သာနေခဲ့ဖူးသောကြောင့် သူနှင့်ဆန့်ကျင်ဖက်ဖြစ်ကာ တပ်မတော်မှထွက်ခွာလိုခဲ့ခြင်းမရှိဘဲ သူ့ဆုံးဖြတ်ချက်အား သဘောမတူခဲ့ပေ။ ထို့ကြောင့် သူမိသားစုဝင်များသည် ‘နှောက်ကျင်း brainwash’ ခံထားခဲ့ရသည်ဟု သူ့အနေဖြင့်ယုံကြည်နေခဲ့ပါသည်။

တပ်မတော်နှင့် ပြည်သူများကို ခွဲခြားခြင်းအား တပ်မတော်သြဇာအာဏာကိုအလေးမထားသော သို့မဟုတ် ဆန့်ကျင်သော သူများသည် တိုင်းပြည်နှင့်ဗုဒ္ဓဘာသာ၏တည်ရှိမှုကို ခြိမ်းခြောက်လာနိုင်ချေရှိသည့် ရန်သူများအဖြစ်သတ်မှတ်ကိုယ်စားပြုသည့် ကျယ်ပြန့်စွာသက်ရောက်မှုရှိသော တပ်မတော်ဝါဒဖြန့်မှုမှတဆင့်လည်း လုပ်ဆောင်လေ့ရှိပါသည်။ မြန်မာတပ်မတော်၏ အတွေးအခေါ် 59 ထဲတွင် ထိုကဲ့သို့ ပြည်တွင်းတွင်ရန်သူများဖန်တီးတည်ဆောက်ထားမှုအပေါ် မှီခိုခြင်းသည် ရှည်လျား‌သော သမိုင်းတစ်ရပ်အနေဖြင့် ရှိခဲ့ပြီး ၎င်းအား အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်သူများအပေါ် ကျူးလွန်သောအကြမ်းဖက်မှုများအတွက် လျော်ကန်သင့်မြတ်ကြောင်းရှင်းချက်ထုတ်ရာတွင် အသုံးပြုခဲ့ပါသည်။ ထိုအချက်အား ပိုမိုတာသွားစေသည်မှာ အာဏာသိမ်းမှုကိုဆန့်ကျင်သော ခုခံရေးလှုပ်ရှားမှုနှင့် NUG အား အကြမ်းဖက်များအဖြစ် တံဆိပ်ကပ်သတ်မှတ်ခြင်းဖြစ်ပြီး ထိုအချက်သည် တိုင်းပြည်၏မတည်ငြိမ်မှုကို ပိုမိုသေချာစေခဲ့ပါသည်။ “(သူတို့က) လူတွေကိုလူတွေလို့မထင်ပါဘူး” ဟု ဤစာစောင်ထဲတွင် မနွေဦးမှဆိုထားပြီး PDF များသည် တပ်မတော်မှစတင်တိုက်ခိုက်ခြင်းကိုခံခဲ့ရသော ပြည်သူများနှင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း စစ်သည်များအားပြောပြထားခြင်းမရှိဘဲ “၎င်းတို့သည် ကျောင်းတွေနှင့် စျေးတွေကို ဗုံးခွဲပြီး တိုင်းပြည်သာယာဝပြောမှုကို တားဆီးချင်တဲ့ အကြမ်းဖက်သမားများ” ဟုသာ စစ်သည်များအနေဖြင့် သိထားကြကြောင်း ၎င်းမှဆက်လက်ရှင်းပြထားပါသည်။ တပ်မတော်မှစွန့် ခွာဘက်ပြောင်းလာသူများမှ ထိုကဲ့သို့သော ဝါဒဖြန့်မှုမျိုးသည် တပ်မတော်မှ ဆိုရှယ်မီဒီယာများနှင့် စာတိုပို့သော အက်ပ်များမှတဆင့် ပုံမှန်ဖြန့်ဝေလေ့ရှိကြောင်း သက်သေခံထားကြပါသည်။60 စစ်ကိုင်းတိုင်းမှရွာသားတစ်ဦးရှာ‌တွေ့ ခဲ့သည့် စစ်သည်တစ်ဦး၏ဖုန်းထဲမှ ဆယ်လ်ဖီဗီဒီယိုတစ်ပုဒ်ထဲတွင် တာဝန်ထမ်းဆောင်ဆဲစစ်သည်များမှ ၎င်းတို့အနေဖြင့် အရပ်သားများအား မည်သို့မည်ပုံသတ်ဖြတ် အကြမ်းဖက်ခဲ့ပြီးဖြစ်ကြောင်း ပြောဆိုနေခဲ့သည်ကို မြင်တွေ့ခဲ့ရပြီး ၎င်းအချက်သည် အထက်တွင်ဖော်ပြခဲ့သော ဝါဒဖြန့်မှုမှာ တိုက်ပွဲဝင်တပ်သားများအကြားမည်မျှနက်ရှိုင်းစွာစီးဝင်နေသည်ကို ပြသနေပါသည်။61

ဤစာစောင်ထဲတွင် Charney မှဆိုထားသည့်အတိုင်း တပ်မ‌တော်သည်သာလျှင်စစ်မှန်သော အာဏာကိုင်စွဲအုပ်ချုပ်သူနှင့် ဗုဒ္ဓဘာသာနိုင်ငံတော်အားကာကွယ်သူဟူသော ရှု့မြင်သတ်မှတ်ချက်သည် အာဏာသိမ်းမှုနောက်ပိုင်းတွင် တိုင်းပြည်တဝှမ်းနှင့် ၎င်းတို့ကိုယ်ပိုင်တပ်ဖွဲ့ဝင်များအကြားတွင် ပျက်စီးသွားခဲ့ပြီဖြစ်ကြောင်း တပ်မတော်မှစွန့်ခွာဘက်ပြောင်းလာသူများမှလည်း သက်သေခံထားပါသည်။ သို့သော် ထိုရှု့မြင်သတ်မှတ်ချက်အား ထာဝရပြောင်းလဲရန် အထူးသဖြင့် တပ်မတော်၏ ကျယ်ပြန့်စွာသက်ရောက်မှုရှိသော တပ်တွင်းပိုင်းဝါဒဖြန့်မှု ယန္တယားအား တန်ပြန်တိုက်ခိုက်ရန် အတားအဆီးများမှာမူ ကျန်ရှိနေဆဲဖြစ်ပါသည်။ ထိုအချင်းအရာနှင့်စပ်လျဥ်းပြီး ပြည်သူ့စစ်သားအဖွဲ့ထဲတွင်ပါဝင်ဆောင်ရွက်နေသော CDM စစ်သည်များနှင့် တက်ကြွလှုပ်ရှားသူများသည် တပ်မတော်၏သတင်းအချက်အလက်စီးဆင်းမှုကိုထိန်းချုပ်ခြင်းနှင့် တာဝန်ထမ်းဆောင်ဆဲစစ်သည်များ၏ ဆိုရှယ်မီဒီယာသုံးစွဲနိုင်မှုတို့တွင်ရှိသော ဟာကွက်များကို အသုံးချကာမနားမနေဆောင်ရွက်နေကြပါသည်။ ၎င်းတို့သည် Facebook,  VK နှင့် TikTok ကဲ့သို့ ဆိုရှယ်မီဒီယာပလက်ဖောင်းများပေါ်တွင် စစ်သည်များအသုံးပြုသော ဆိုရှယ်မီဒီယာစာမျက်နှာများအား တပ်မတော်မှဝါဒဖြန့်မှုများနှင့် ‘သတင်းအတု’ များကို ဆန့်ကျင်သော အကြောင်းအရာများနှင့် ထိုးဖောက်ဝင်ရောက်ကာ စိတ်ဓာတ်ဆိုင်ရာ စစ်ဆင်ရေးဟုခေါ်သော ‘စိတ်နှလုံးသားများကိုဖွင့်ရန်’ စစ်ဆင်ရေးတစ်ရပ်အဖြစ်ဆောင်ရွက်နေ ကြပါသည်။ ၎င်းတို့အသုံးပြုသောအကြောင်းအရာများတွင် စစ်သည်များအား ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ အသိဝင်လာစေရန် ဖျောင်းဖျခြင်း၊ ၎င်းတို့၏ဂုဏ်သိက္ခာနှင့် စစ်ပန်းမှု စသည်တို့မှသည် တပ်မ‌တော်၏တရားမမျှတမှုများနှင့် တပ်တွင်းပိုင်းဖိနှိပ်မှုများကို အလေးပေးထားသည့် ပို့စ်များအထိပါဝင်ပါသည်။ ထိုကဲ့သို့လှုပ်ရှားဆောင်ရွက်မှုများမှတဆင့် ၎င်းတို့သည် စစ်သည်များအား တပ်မတော်မှဖြန့်ဝေသည့် သတင်းများနှင့် ၎င်းတို့၏ရာဇဝတ်မှုများအတွက် အကြောင်းပြချက်များကို ယုံကြည်လာခြင်းမှတားဆီးရန် ကြိုးစားကြပါသည်။ နောက်တစ်ဆင့်အနေဖြင့် စာပို့သည့်အက်ပ်များမှတဆင့် တာဝန်ထမ်း‌ဆောင်ဆဲဖြစ်သော စစ်သည်များနှင့် ဆက်သွယ်ကာ ၎င်းတို့၏သောကများနှင့် စိုးရိမ်မှုများကိုနားထောင်ပေးခြင်းဖြင့် နားလည်မှုနှင့် ယုံကြည်မှုတည်ဆောက်ခြင်း ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရခြင်း၏ ရေရှည်ရည်ရွယ်ချက်မှာ ၎င်းတို့အနေဖြင့် တပ်မတော်မှစွန့်ခွာရန် ဆုံးဖြတ်လာစေခြင်း သို့မဟုတ် အနည်းဆုံးအနေဖြင့် တပ်မတော်မှကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများတွင် ပါဝင်မှုမှရှောင်ကျင်စေကာ နောက်ပိုင်းတွင်တပ်မတော်မှစွန့်ခွာဘက်ပြောင်းရာ၌ ပံ့ပိုးပေးနိုင်ရန်ဖြစ်ပါသည်။ ထိုနည်းဖြင့် စစ်သည်အများအပြားသည် တပ်မတော်မှစွန့်ခွာခဲ့ကြပြီးဖြစ်သော်လည်း ထိုသို့ဆောင်ရွက်ရာတွင် စစ်သည်အများအပြားမှ တပ်မ‌တော်အပေါ်တွင်ရှိသည့် ယုံကြည်မှုများနှင့် ခိုင်မာသည့်သတ်မှတ်ရှု့မြင်ပုံများအား သိသိသာသာပြောင်းလဲရခြင်းမျိုးပါဝင်သောကြောင့် တခါတရံတွင် အချိန်သုံးလထိတိုင်အဆက်မပြတ် ဆက်သွယ်မှုလုပ်ရသည်အထိ အချိန်ယူရပါသည်။62

ရည်မှန်းချက်များနှင့် အနာဂတ်များ

ကိုရဲရင့်သွေးမှ ဤစာ‌စောင်ထဲတွင်အခိုင်အမာအတည်ပြုထားသကဲ့သို့ အာဏာသိမ်းပြီးနောက်ပိုင်း CDM စစ်သည်အများစုသည် တပ်မတော်မှစွန့်ခွာဘက်ပြောင်းခြင်းအား စစ်ဗိုလ်ချုပ်များ၏ မတရားမှုများနှင့် လိမ်လည်လှည့်ဖျားမှုများကိုရှင်းလင်းစွာတွေ့ မြင်လာစေပြီး အမှောင်ထဲမှ အလင်းထဲသို့ ဝင်ရောက်လာသည့်အသွင် ဖော်ပြခဲ့ကြပါသည်။63 ပိုပိုများလာသော စစ်သည်များအနေဖြင့် CDM လုပ်လာကြကာ တပ်မတော်စခန်းများမှစွ့န်ခွာပြီး ဤတော်လှန်ရေး၏တစ်စိတ်တစ်ပိုင်းဖြစ်လာသည်နှင့်အမျှ ပိုမိုတိုးတက်လာသော နိုင်ငံရေးဆိုင်ရာ အသိတရားနှင့် မတူညီသော အနာဂတ်များအတွက် ရည်မှန်းချက်များသည်လည်း တိုးတက်ပြောင်းလဲလာပါသည်။ ထိုအချက်သည် ဤစာစောင်တွင်ပါဝင်သော ကိုယ်တွေ့မှတ်တမ်းများနှင့် တော်လှန်ရေးအကြောင်း၊ ဖယ်ဒရယ်ဒီမိုကရေစီအကြောင်းနှင့် တရားမျှတမှုအကြောင်းများအပေါ် သေချာစွာစဥ်းစားတွေးခေါ်ထားသောစကားဝိုင်းများပါဝင်သည့် CDM စစ်သည်များ၏ မကြာခဏကျင်းပလေ့ရှိသော အွန်လိုင်းဆွေးနွေးပွဲများမှ သက်သေထူနေပါသည်။ CDM စစ်သည်များသည် ၎င်းတို့၏နက်ရှိုင်းသောကိုယ်ပိုင်အတွေ့အကြုံများအပေါ်တွင်အခြေခံကာ စစ်အာဏာရှင်အပေါ်ခက်ထန်ပြတ်သားစွာဝေဖန်ကြသူများထဲမှ တချို့ဖြစ်လာကြပါသည်။ ၎င်းတို့ထဲမှအများစုသည် အခြားသောစစ်သည်များ၎င်းတို့နှင့် လာရောက်ပူးပေါင်းလာစေရန် သို့မဟုတ် ‘လွတ်မြောက်နယ်မြေများ’သို့ ရောက်ရှိနေပြီးဖြစ်သော စစ်သည်များအား ထောက်ပံ့ရန် မနားမနေလှုပ်ရှားဆောင်ရွက်နေကြပါသည်။

၎င်းတို့အိပ်မက်ဖြစ်သည့် ၎င်းတို့တိုင်းပြည်အတွက် ပိုမိုကောင်းမွန်သောအနာဂတ်သည် နွေဦးတော်လှန်ရေး၏‌အောင်မြင်မှု နှင့် ခိုင်မာစွာချိတ်ဆက်လျက်ရှိကြောင်း ဤစာစောင်ထဲရှိ ကိုယ်တွေ့မှတ်တမ်းများတွင်ဖော်ပြထားပါသည်။ ကိုအောင်ဇေယျမှ “သာတူညီမျှမှုနှင့် လွတ်လပ်မှု” ရှိသောလူ့ဘောင် အဖွဲ့အစည်းတစ်ရပ်ကိုမျှော်လင့်ကာ ထိုရလဒ်အားစစ်အာဏာရှင်ကို အမြစ်ကနေမြေလှန်နိုင်မှသာလျှင်ရရှိနိုင်မည်ဟု ၎င်းမှယုံကြည်ထားပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကိုထက်နိုင်အောင်မှ ယုံကြည်ထားသည့်အတိုင်း လက်ရှိတပ်မတော်ကို ပြုပြင်ပြောင်းလဲ‌ရေးဆောင်ရွက်ခြင်းသာလျှင်မဟုတ်ဘဲ လုံးဝဖြိုဖျက်ပစ်ကာ အသစ်မှပြန်စရန်လိုအပ်ပြီး – ကိုထင်ရှားနှင့် ကိုဖြိုးဝင်းအောင်မှ ဆိုသည့်အတိုင်း ပြည်သူများမှတည်ဆောက်ပေးထားပြီး ချစ်ခင်လေးစားသည့် အဆင့်အတန်းရှိ တပ်မတော်သစ်တစ်ရပ်ကို ပြန်လည်တည်ဆောက်ရန်လိုအပ်မည်ဖြစ်ပါသည်။64 တပ်မတော်မှစွန့် ခွာဘက်ပြောင်းလာသူတချို့မှာ တပ်မတော်သည် ပြည်သူများကို တိုက်ခိုက်နေခြင်းအား နောက်ဆုတ်မည် သို့မဟုတ် အရှုံးပေးမည်ဟုယုံကြည်နေသော်လည်း တပ်မတော်မှစွန့် ခွာဘက်ပြောင်းမှုများသည် တပ်မတော်ကို အောက်ခြေ၊ အတွင်းမှနေ၍ လူအင်အားနည်းစေကာ၊ တပ်တွင်းပိုင်း ကစဥ့်ကလျားဖြစ်မှုများနှင့် အာဏာဖီဆန်ခြင်းများဖြစ်စေကာ ပြိုကျပျက်စီးစေခြင်းဖြင့် တော်လှန်‌ရေးကို အထောက်အကူပြုနိုင်ရန်မျှော်လင့်ထားကြပါသည်။ တော်လှန်ရေးအနိုင်ရရန် တပ်မတော်ကိုစစ်မြေပြင်တွင်သာတိုက်ခိုက်ရန်လိုအပ်သည်သာလျှင် မကဘဲ ပထမဦးဆုံးအနေဖြင့် “၎င်းတို့၏စိတ်ဓာတ်ကိုဖျက်ဆီးခြင်း” သည် အရေးအကြီးဆုံးဖြစ် ကြောင်း ကိုထက်နိုင်‌အောင်မှ ယုံကြည်ထားပါသည်။ တော်လှန်ရေးသည် တပ်မတော်အား ၎င်းသည် သာသနာနှင့် တိုင်းပြည်၏ကာကွယ်သူအဖြစ် ရှု့မြင်သတ်မှတ်ထားသည့်မျက်နှာဖုံးကိုခွာချပြီး စစ်သည်တစ်ဦး ချင်းစီရှိ လူသားချင်းစာနာမှုကို ဖော်ထုတ်စေကာ၊ တိုးပွားလာသော ပင်ပန်းမှုနှင့် ၎င်းတို့မည်သည့်အတွက် တိုက်ခိုက်နေရသည့်အပေါ် ယုံကြည်မှုမရှိတော့ခြင်းတို့ကို အသုံးချခြင်းပင်ဖြစ်ပါသည်။

တပ်မတော်မှစွန့်ခွာလာခဲ့သော စစ်သည်များတွင်ရှိသည့် လူသားချင်းစာနာမှုနှင့် ကိုယ်ကျင့်တရားဆိုင်ရာ အသိရှိမှုတို့သည် ဤစာစောင်ထဲတွင်ပါဝင်သော ပြောဆိုထားချက်များထဲတွင်ပေါ်လွင် နေပါသည်။ ၎င်းတို့၏ကိုယ်ပိုင်အနာဂတ်အစီအစဥ်များသည် သေးငယ်ကောင်းသေးငယ်နိုင်ပြီး ၎င်းတို့ထဲမှ အများစုသည် သေနတ်ကိုပြန်လည်ကိုင်ဆောင်လိုသည့် ဆန္ဒမရှိတော့သော်လည်း မြန်မာနိုင်ငံအတွက် လူ့ဘောင်အဖွဲ့အစည်းသစ်တစ်ရပ်ကိုတည်ဆောက်ရာတွင် ၎င်းတို့၏မြှပ်နှံထားမှုသည် ဤကဲ့သို့ အလွန်တရာ စိတ်မချမ်းသာဖွယ်ကောင်း‌သောအချိန်တွင် မျှော်လင့်ချက်တစ်ခု ပေးနေပါသည်။ ထိုကဲ့သို့သော သက်သေခံပြောဆိုချက်များသည် တပ်မတော်၏ကြမ်းကြုတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တန်ဖိုးမဖြတ်နိုင်သော ကိုယ်တွေ့သက်သေများကို ‌ပေးအပ်နေပါသည်။65 ၎င်းတို့သည် မြန်မာနိုင်ငံအနာဂတ်၏ ပြန်လည်တွက်ချက်ဆန်းစစ်ခြင်းလုပ်ငန်းစ‌ဥ် နှင့် မြန်မာနိုင်ငံအတွင်းရှိ စစ်အာဏာရှင်အုပ်ချုပ်ရေးအား အဆုံးသတ်ရန် သတ္တိရှိစွာပါဝင်တိုက်ပွဲဝင်နေသူ အားလုံးအတွက် တရားမျှတမှုကိုရှာဖွေရာတွင် အလွန်အသုံးဝင်မည်ဖြစ်ပါသည်။

Endnotes

1 (စာမျက်နှာ ၂၅ မှာ ကိုးကားချက်များရှိသည်။) ဤနေရာတွင်ဖော်ပြထားသော ဗမာစကားပြော (နှင့်ဤမိတ်ဆက်အတွင်းပါဝင်သောအခြားဗမာစကားပြောများ) ၏မူရင်းအား စာရေးသူမှထိန်းသိမ်းထားခဲ့ခြင်း မရှိသည်ကို သတိပြုပါ။ ထို့ကြောင့် ဤမိတ်ဆက်အတွင်းရှိ အင်္ဂလိပ်ဘာသာပြန်စာသားများသည် တိုက်ရိုက်နှုတ်ဖြင့်ဘာသာပြန်ခြင်းနှင့် အင်္ဂလိပ်စာတန်းထိုးများမှတဆင့် ဆီလျော်အောင်ခန့်မှန်းပြန်ဆိုချက်များဖြစ်ပါသည်။ ထို့ကြောင့် ဤနေရာတွင် ဖော်ပြထားသော ဗမာစကားပြောများသည် ထိုအင်္ဂလိပ်စာသားများအား ဆီလျော်အောင်ပြန်လည်ပြန်ဆိုထားခြင်းများသာ ဖြစ်ပါသည်။
2 ၎င်းသည် အဓိက CDM စစ်သည်အဖွဲ့နှစ်ဖွဲ့ထဲမှတစ်ဖွဲ့ဖြစ်သည့် ပြည်သူ့ရင်ခွင် (People’s Embrace) အဖွဲ့မှဦးဆောင်ကျင်းပသည့် CDM ပြုလုပ်ထားသော စစ်သည်များပါဝင်ထားသည့် အွန်လိုင်းမှတဆင့် ဆွေးနွေးပွဲတစ်ခု တွင်ပြောကြားခဲ့ခြင်းဖြစ်ပါသည် (ယဥ်လဲ့လဲ့ထွန်း၊ ၂၀၂၁)။
3 CDM ပြုလုပ်ထားသော စစ်သည်များ၏အရည်အတွက်အတိအကျမှာ ရှင်းလင်းမှုမရှိသော်လည်း ၎င်းတို့အားထောက်ပံ့နေသောအဖွဲ့များမှခန့်မှန်းချက်များ အရ ၂၀၂၁ မေလတွင် စစ်သည်ဦးရေ ၃၀၀ မှသည် ၂၀၂၁ ဇွန်လတွင် ၈၀၀ အထိတိုးလာခဲ့ပြီး၊ ၂၀၂၁ အောက်တိုဘာလတွင် ၁,၅၀၀-၂,၀၀၀ ကြားရှိလာခဲ့ကာ ၂၀၂၂ ခုနှစ်မေလတွင် အားလုံးပေါင်း ၂,၆၀၀-၃,၀၀၀ အထိရှိလာခဲ့ပါသည်။ ထိုအရေအတွက် သည် CDM ကိုရည်ရွယ်ချက်ရှိရှိပါဝင်ခဲ့ပြီး လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ‌အောက်တွင် CDM စစ်သားများအဖြစ်စာရင်းသွင်းထားသောသူများကိုသာ ရေတွက်ထားခြင်းဖြစ်ပြီး NUG နှင့် ချိတ်ဆက်စာရင်းပေးခြင်းမရှိဘဲ တပ်မတော်မှထွက်ခွာသွားသူများကို ထည့်သွင်းရေတွက်ထားခြင်းမရှိပါ။ အာဏာသိမ်းမှုနောက်ပိုင်းတပ်မတော်မှ စွန့်ခွာဘက်ပြောင်းလာခဲ့သော စစ်သည်ဦးရေအကြောင်း “‘Around 1,500’ soldiers”၊ ၂၀၂၁; Conrad & Bayer၊ 2021; ပြည်သူ့ရင်ခွင် People’s Embrace၊ ၂၀၂၁; “Roughly 800 soldiers”၊ ၂၀၂၁၊ တို့ကိုရှု့ပါ။
4 အာဏာသိမ်းမှုနောက်ပိုင်းတွင် ရဲအရာရှိများလည်း စွန့်ခွာဘက်ပြောင်းခဲ့ကြပါသည် (Kyed & Nyan Corridor၊ 2021)။
5 စစ်တပ်မှစွန့်ခွာထွက်ပြေးသူများအား ရည်ညွှန်းလေ့ရှိသည့် ‘တပ်မှထွက်ပြေး သူများ’ ဟုအဓိပ္ပါယ်ရသော စကားလုံး။
6 ‘ဘက်ပြောင်းသောလူတစ်ဦး’ ဟုအဓိပ္ပါယ်ရသည့် defector ဟူသော အင်္ဂလိပ်စာလုံး၏သမားရိုးကျမဟုတ်သော ဘာသာပြန်ဆိုမှု။ အာဏာသိမ်းမှု နောက်ပိုင်းတပ်မှစွန့်ခွာဘက်ပြောင်းလာသူများအား ဗမာလူထုအနေဖြင့် CDM စစ်သား သို့မဟုတ် ပြည်သူ့စစ်သား ဟူသော အခေါ်အဝေါ်ကိုပိုမိုအသုံးပြုကြပါသည်။
7 ပြည်သူ့စစ်သားအဖွဲ့ (People’s Soldiers) အား ၂၀၂၁ ခုနှစ် မေလ ၁၆ ရက်နေ့တွင် Facebook group အနေဖြင့် စတင်တည်ထောင်ခဲ့ပြီး ၎င်းအဖွဲ့အစည်းအား စစ်သားဟောင်းများဖြင့်သာမကဘဲ အရပ်သားတက်ကြွလှုပ်ရှားသူများပါ စီမံခန့်ခွဲနေကြောင်း သင်္ကေတပြရန် အဖွဲ့အစည်း၏အမည်အားပြည်သူ့ပန်းတိုင် (People’s Goal) အဖြစ် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင်ပြောင်းလဲခဲ့ပါသည်။ ပြည်သူ့ရင်ခွင် (People’s Embrace) အား ၂၀၂၁ ခုနှစ် မေလ ၁၇ ရက်နေ့တွင်တည်ထောင်ခဲ့ပြီး NUG နှင့်ချိတ်ဆက်ခဲ့ပါသည်။ ၎င်းအဖွဲ့များ၏အချက်အလက်များကို ပိုမိုသိရှိလိုပါက Kyed & Ah Lynn, 2021 ကိုရှု့ပါ။
8 ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် NUG သည် ၎င်းကိုယ်၎င်း မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ်ကြေညာခဲ့ပါသည်။ NUG အား ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အတွက်အနိုင်ရခဲ့သော်လည်း အစိုးရဖွဲ့ရန်တားမြစ်ခြင်းခံခဲ့ရပြီး ကံကောင်းစွာပင် တပ်မတော်၏ ချက်ချင်းဖမ်းဆီးထိန်းသိမ်းမှုမှရှောင်လွှဲနိုင် သို့မဟုတ် လွတ်မြောက်ခဲ့သည့် NLD ပါတီဝင်များပါဝင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဝင်များမှ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ NUG ၏ဝန်ကြီးများမှာ NLD အဖွဲ့ဝင်များ၊ တိုင်းရင်းသားလူနည်းစုများကိုကိုယ်စားပြုသည့် အခြားသူများနှင့် အရပ်သားတက်ကြွလှုပ်ရှားသူများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ NUG အား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ သပိတ်ကော်မတီများ၊ အလုပ်သမား သမဂ္ဂများနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ အဖွဲ့ဝင်များပါဝင်သည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှအကြံပေးရန်ဖြစ်ပါသည် (Thawnghmung, 2021; “Who’s Who”, 2021)။
9 တပ်မတော်မှစွန့်ခွာဘက်ပြောင်းရေး အရပ်သားတက်ကြွလှုပ်ရှားသူတစ်ဦး၊ ပုဂ္ဂိုလ်ရေးအရကိုယ်တိုင်ကိုယ်ကျ ဆက်သွယ်ဆက်ဆံမှု၊ မေလ ၂၃ ရက်၊ ၂၀၂၂။ Tun Myint & Scott, 2021 တွင်လည်းရှု့နိုင်ပါသည်။
10 ပြည်သူ့စစ်သား (People’s Soldiers) ၏ဝက်ဘ်ဆိုဒ်စာမျက်နှာတွင်ဖော်ပြချက်အရ တပ်မတော်မှစွန့်ခွာဘက်ပြောင်းခြင်းသည်တော်လှန်ရေးအာသွေးမြေကျမှုအနည်းဆုံးဖြင့်အနိုင်ယူရာတွင် အဓိကသော့ချက်ဖြစ်ပါသည် – “မြန်မာနိုင်ငံရဲ့ စစ်သည်တွေအနေနဲ့ တရားမျှတမှုအတွက်ရပ်တည်ပြီး ပြည်သူများနှင့် ပူးပေါင်းမှသာလျှင် ဤအရေးတော်ပုံသည် သွေးမြေကျမှု အနည်းဆုံးနှင့် အောင်နိုင်ချေအများဆုံးရှိမည်ဖြစ်ပါသည်” (ပြည်သူ့စစ်သားအဖွဲ့ People’s Soldiers၊ ၂၀၂၁)။
11 Degaut, 2019. Anisin, 2020 နှင့် Nepstad, 2021 တွင်လည်းရှု့နိုင်ပါသည်။
12 PDF များအား NUG မှ ၂၀၂၁ ခုနှစ် မေလ ၉ ရက်နေ့တွင်အသိအမှတ်ပြုခဲ့ပြီး အများအပြားမှာ အဝေးရောက်အစိုးရနှင့် မိတ်ဖွဲ့ခဲ့ကာ NUG ၏ အမိန့်နှင့် အုပ်ချုပ်မှုကိုလက်ခံခဲ့ကြပြီး အချို့မှာ တစ်သီးပုဂ္ဂလရပ်တည်သောအဖွဲ့များအဖြစ် ဆက်လက်တည်ရှိခဲ့ကြပါသည် – ထိုကျန်ရှိသောအဖွဲ့များအား LDFs များဟု ရည်ညွှန်းပါသည်။ PDF နှင့် LDF အဖွဲ့အရေအတွက်မှာ ခန့်မှန်းချေ ၄၀၀ ရှိပြီး အဖွဲ့ဝင်စုစုပေါင်းမှာ ၁၀၀,၀၀၀ ဝန်းကျင်ရှိပါသည်။ Ye Myo Hein, 2022 တွင်လည်း ရှု့နိုင်ပါသည်။
13 တိုက်ပွဲဝင်နိုင်သော စစ်သည်ဦးရေသည်ခန့်မှန်းချေအားဖြင့် ၁၀၀,၀၀၀ နီးပါးရှိကြောင်း ယူဆထားကြပါသည် (ပြည်သူ့ပန်းတိုင် တက်ကြွလှုပ်ရှားသူ၊ ပုဂ္ဂိုလ်ရေးအရကိုယ်တိုင်ကိုယ်ကျ ဆက်သွယ်ဆက်ဆံမှု၊ မေလ ၂၃၊ ၂၀၂၂)။ တပ်မတော်တစ်ရပ်လုံး၏ ခန့်မှန်းအင်အားအတွက် Selth, 2021a နှင့် Ye Myo Hein, 2021 ကိုရှု့ပါ။
14 ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအာဏာသိမ်းမှုနောက်ပိုင်း တပ်မတော်သည် ၎င်း၏အုပ်ချုပ်မှုအား SAC အမည်ဖြင့်ခေါ်ဝေါ်အသုံးပြုခဲ့ပါသည်။ SAC ထဲတွင် စစ်ဖက်သာမက အရပ်ဖက်အဖွဲ့ဝင်များပါ ပါဝင်ပါသည်။ မြန်မာနိုင်ငံရှိလူအများစုနှင့် မြန်မာနိုင်ငံအကြောင်းအစီရင်ခံတင်ပြနေသူအများစုသည် စစ်အစိုးရအား ရည်ညွှန်းရာတွင် ကြည်းတပ်၊ ရေတပ်နှင့် လေတပ်အပါအဝင် လက်နက်ကိုင်တပ်သုံးခုလုံးအတွက် ဒေသအခေါ်အဝေါ်ဖြစ်သည့် တပ်မတော် ဟူသောအမည်အစား SAC ဟူသောအမည်ကိုအသုံးပြုကြပါသည်။ အာဏာသိမ်းမှုနောက်ပိုင်းတွင် လူတော်တော်များများသည် တော်ဝင်လက်နက်ကိုင်တပ်ဟုအဓိပ္ပါယ်ရသည့် တပ်မတော် ဟူသောအမည်ကို အသုံးပြုကြခြင်းမရှိတော့ပါ၊ အဘယ်ကြောင့်ဆိုသော် ‘တော်’ ဟူသော အခေါ်အဝေါ်တွင် ကျက်သရေ၊ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာအနက်အဓိပ္ပါယ်များပါဝင်နေသောကြောင့်ဖြစ်ပါသည်။ လူအများစုအနေဖြင့် အခြေခံအခေါ်အဝေါ်များဖြစ်သည့် စစ်တပ်ကို စစ်တပ်ဟုသာခေါ်ကြသလို စစ်သည်များကိုလည်း စစ်သား ဟုသာခေါ်ကြပါသည် (အမည်မဖော်လိုသော တော်လှန်ရေးသမားများ၊ ပုဂ္ဂိုလ်ရေးအရကိုယ်တိုင်ကိုယ်ကျ ဆက်သွယ်ဆက်ဆံမှု၊ ဇူလိုင်လ ၅ ရက် ၂၀၂၂)။ Desmond, 2022 တွင်လည်း ရှု့နိုင်ပါသည်။
15 Kyed & Ah Lynn, 2021.
16 Nyi Thuta, 2021b.
17 အမည်မဖော်လိုသော CDM စစ်သည်တစ်ဦး၊ ပုဂ္ဂိုလ်ရေးအရကိုယ်တိုင်ကိုယ်ကျ ဆက်သွယ်ဆက်ဆံမှု၊ အောက်တိုဘာလ ၁ ရက် ၂၀၂၁။ တပ်မတော်မှ စွန့်ခွာဘက်ပြောင်းမှုများနှင့် အရပ်သားလက်နက်ကိုင်ခုခံ တော်လှန်သူများအကြား ရှုပ်ထွေးသောဆက်ဆံရေးအကြောင်းကို Kyed & Ah Lynn, 2021, စာမျက်နှာ ၅၃-၆၀ တွင် ရှု့ပါ။
18 Ye Myo Hein & Myers, 2022. ပိုမိုသိရှိလိုပါက Choudhury, 2021 ကိုရှု့ပါ။
19 “Atrocious Myanmar”, 2021.
20 Sai Latt, 2016. ၁၉၆၀ ခုနှစ်များ၌ နယ်စပ်ဒေသသောင်းကျန်းမှု နှိမ်နှင်းရေးစစ်ဆင်ရေးများတွင် ကိရိယာတန်ဆာပလာမလုံလောက်မှုနှင့် မကြာခဏလစာကြွေးကျန်မှုများကြောင့် တစ်နှစ်လျှင် စစ်သည် ၂,၀၀၀-၅,၀၀၀ ကြားတပ်ပြေးမှုရှိခဲ့ကြောင်း Nakanishi မှတင်ပြထားပါသည် – တပ်ပြေးမှုများသည် ၁၉၈၈ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်နိုင်ငံ‌ရေးအကြပ်အတည်းကာလများတွင် တောက်လျှောက်ရှိနေခဲ့သော်လည်း တပ်မတော်၏အင်အားကို သိသိသာသာကျဆင်းစေသည့်ကြီးမားသော တပ်တွင်းပုန်ကန်မှုများ သို့မဟုတ် ဂိုဏ်းဃဏကွဲခြင်းများမရှိခဲ့ဖူးပါ (၂၀၁၃)။
21 Kyed, 2021; Thawnghmung & Khun Noah, 2021; Yamahata, 2022.
22 တပ်မတော်မှစွန့်ခွာဘက်ပြောင်းရေး အရပ်သားတက်ကြွလှုပ်ရှားသူ၊ ပုဂ္ဂိုလ်ရေးအရကိုယ်တိုင်ကိုယ်ကျ ဆက်သွယ်ဆက်ဆံမှု၊ မေလ ၂၃ ရက်၊ ၂၀၂၂။
23 ဤကိုယ်တွေ့ဖြစ်ရပ်များတွင် အသုံးပြုထားသော အမည်များမှာ ဤစာစောင်ထဲတွင်ပါဝင်သူများမှ၎င်းတို့ကို ကိုယ်စားပြုရန် ရွေးချယ်ခဲ့သည့်အမည်များဖြစ်ကာ ထိုအမည်များသည် ၎င်းတို့၏အမည်အစစ်များဖြစ်ချင်မှဖြစ်ပါမည်။
24 Kyed & Ah Lynn, 2021 ကို ရှု့ပါ။ ဤစာတမ်းရေးပြီးနောက်ပိုင်းတွင် အနည်းဆုံးတပ်ရင်းမှူးသုံးဦးသည် CDM တွင် ပါဝင်လာခဲ့ကြပါသည်။ ၎င်းရာထူးအဆင့်မြင့် ဘက်ပြောင်းလာသူများကို CDM စစ်သည်များအားသြစတေးလျအစိုးရမှ ခိုလှုံခွင့်ပေးခြင်းနှင့် ချိတ်ဆက်ပေးထား ပါသည် (Min, 2022) ။
25 ပြည်သူများမှ စစ်သားများအပေါ် နာကျည်းမုန်းတီးမှုများသည် အကြမ်းမဖက်သော လူမှုရေးပြစ်ဒဏ်အမျိုးမျိုးပေးခြင်းတို့မှတဆင့် သိသာစွာတွေ့မြင်ရပါသည်။ လူပေါင်းများစွာသည် စစ်သားများနှင့် ၎င်းတို့မိသားစုဝင်များပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်းများအားသပိတ်မှောက်ကြပြီး စစ်သားများကို ပစ္စည်းများ ရောင်းချရန် ငြင်းဆန်ကြပါသည်။ စစ်သားများသည် ဆိုရှယ်မီဒီယာပေါ်တွင်လည်း လှောင်ပြောင်ခြင်းများခံရကာ ငကြောက်များ၊ စစ်ခွေးများစသည်တို့အပြင် ပိုမိုဆိုးဝါးသည့်အခေါ်အဝေါ်များဖြင့် သမုတ်ခံရပြီး ၎င်းတို့အနေဖြင့် လူထုနှင့် လမ်းပေါ်တွင်တွေ့သောအခါ လူထုဆီမှမပေါ်ရုံတမယ်ဖုံးကွယ်ထားသည့် ရွံရှာမှုမျိုးနှင့် ရင်ဆိုင်ရလေ့ရှိပါသည် (Dakkha, 2021)။
26 USDP ပါတီသည် ၎င်းတို့အဆင်ပြေပြေအနိုင်ရခဲ့သည့် ဝေဖန်မှုများမြင့်တက်ခဲ့သော ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီတွင် စစ်ဗိုလ်ချုပ်ဟောင်းများမှ တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။ USDP ပါတီသည် NLD ပါဝင်ရွေးကောက်ခံခဲ့သည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလမှစတင်ပြီး ကြီးမားသောဆုံးရှုံးမှုများခံခဲ့ရပါ သည်။ ၂၀၁၅ နှင့် ၂၀၂၀ တိုင်းပြည်အဆင့်ရွေးကောက်ပွဲနှစ်ခုစလုံးတွင် သိသာစွာပင် NLD မှအနိုင်ရခဲ့ပါသည် – ထိုရွေးကောက်ပွဲနှစ်ခုစလုံးအား အမှီအခိုကင်းသော လေ့လာစောင့်ကြည့်သူများမှ အများအားဖြင့်လွတ်လပ်ပြီးမျှတသော ရွေးကောက်ပွဲ များအဖြစ် သတ်မှတ်ခဲ့ပါသည်။
27 တင်ပြီးနောက်ပိုင်းပြန်ဖျက်သွားခဲ့သော Facebook ပို့စ်တစ်ခုထဲတွင်ဖော်ပြထားခဲ့ ပါသည် (Nyi Thuta, 2021a)။
28 ပြည်သူ့ပန်းတိုင်၊ ၂၀၂၁c။
29 Democratic Voice of Burma, 2021a. ဘာသာပြန်အကူအညီအတွက် Ah Lynn ကို ကျေးဇူးတင်ရှိပါသည်။
30 ပိုမိုသိရှိလိုပါက Kyed & Ah Lynn, စာမျက်နှာ ၅၃-၆၀ တွင်ရှု့ပါ။
31 တပ်မတော်အပေါ်လက်နက်ကိုင်တိုက်ခိုက်မှုအပေါ် ပိုမိုကျယ်ပြန့်သော ခြုံငုံသုံးသပ်ချက်နှင့် လေ့လာဆန်းစစ်ချက်အတွက် Ye Myo Hein, 2022 တွင်ရှု့ပါ။
32 NUG မှ ၂၀၂၂ သြဂုတ်လတွင်ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် PDF/LDF များကြောင့် မြန်မာတပ်မတော်မှ စစ်သည်ပေါင်း ၁၈,၀၀၀ ကျော်သေဆုံးခဲ့ပါသည် (“Myanmar’s Civilian Government”၊ ၂၀၂၂)။ တပ်မတော်မှစွန့်ခွာဘက်ပြောင်းလာသူများ၏ ပါးစပ်ပြောသက်သေများနှင့် ဝန်ခံချက်များအရ တပ်မ‌တော်အနေဖြင့် တပ်သားသစ်စုဆောင်းရန် ခက်ခဲနေကြောင်း တွေ့ရှိရပါသည် (“Myanmar Military Struggling၊ ၂၀၂၁)။ တပ်မတော်မှ အရံတပ်များဖွဲ့စည်းထားရန်ရည်ရွယ်ချက်ဖြင့် အသက် ၁၅နှစ်နှင့်အထက် စစ်သည်များ၏ကလေးများကို စစ်သင်တန်းမတက်မနေရသတ်မှတ်ခဲ့ပါသည် (“Myanmar Regime Makes”၊ ၂၀၂၁)။ ဘက်ပြောင်းလာသော စစ်သည်များအား မေးမြန်းချက်များကို အခြေခံထားသော BBC ဆောင်းပါးတစ်ပုဒ်ထဲတွင် မြန်မာတပ်မတော်သည် ၎င်း၏တပ်များကို ကူညီထောက်ပံ့ရန် စစ်သားများနှင့် ပြည်သူ့စစ်တပ်ဖွဲ့များကို ပိုမိုငှားသုံးနေရကြောင်းဖော်ပြထားပါသည် (Attwood et al., 2022)။ နိုင်ငံ၏ ဧရိယာတစ်ခုအတွင်းရှိ စစ်အစိုးရလိုလားသော ပြည်သူ့စစ်များအကြောင်း၊ Human Rights Foundation of Monland၊ 2022 တွင်ရှု့ပါ။
33 ပြည်သူ့ပန်းတိုင်၊ ၂၀၂၂a။
34 Ibid.
35 ပြည်သူ့ပန်းတိုင်အဖွဲ့အတွင်းရှိ အရပ်သားတက်ကြွလှုပ်ရှားသူ၊ ပုဂ္ဂိုလ်ရေးအရကိုယ်တိုင်ကိုယ်ကျ ဆက်သွယ်ဆက်ဆံမှု၊ မေလ ၂၃ ရက်၊ ၂၀၂၂။
36 Ibid.
37 Attwood et al., 2022.
38 အမျိုးမျိုးသော ဘက်ပြောင်းရေးစေ့ဆော်မှုများ၏ အတူတကွယှဥ်တွဲနေမှုနှင့် ၎င်းတို့အကြားထပ်နေမှုသည် လက်ရှိမြန်မာနိုင်ငံအခြေအနေအတွက်သာရှိသည် မဟုတ်ပါ (Albrecht, 2019, p. 305)။
39 ပြည်သူ့စစ်သားအဖွဲ့သည် ပြည်သူ့စစ်သားဇနီးများအဖွဲ့ကို ၂၀၂၁ခုနှစ် အောက်တိုဘာလတွင်ဖွဲ့စည်းခဲ့ပါသည်။ ထိုအဖွဲ့အား CDM စစ်သည်များ၏ဇနီးများမှစီမံခန့်ခွဲပြီး စွန့်ခွာဘက်ပြောင်းလာရန် ဖျောင်းဖျခြင်းနှင့် တာဝန်ထမ်းဆောင်ဆဲစစ်သည်များ၏ ဇနီးများကိုဆက်သွယ်ပြီး စည်းရုံးလှုံ့ဆော်ရာတွင်ကူညီပေးပါသည်။ ၎င်းအဖွဲ့သည် လွတ်မြောက်နယ်မြေတွင် ရှိသော စွန့်ခွာဘက်ပြောင်းလာသူများ၏မိသားစုဝင်များအတွက် ထောက်ပံ့ရေးအဖွဲ့အဖြစ်လည်း ဆောင်ရွက်ပါသည် (Kyed & Ah Lynn, 2021, စာမျက်နှာ ၄၅)။ Min Ye Kyaw & Parry, 2022 တွင်လည်းရှု့နိုင်ပါသည်။
40 Chinland Defense Force, 2021.
41 CDM စစ်သည်များအတွက်အထောက်အပံ့များအား အွန်လိုင်းမှကြော်ငြာမှုများမှ တဆင့် ရရှိသော တသီးပုဂ္ဂလလှူဒါန်းမှုများမှ ထောက်ပံ့ထားခြင်းဖြစ်ပါသည်။ ပြည်သူ့စစ်သား ဝက်ဘ်ဆိုဒ်ပေါ်တွင် ထိုကဲ့သို့သော တောင်းဆိုမှုတစ်ရပ်အား အောက်ပါသတင်းစကားဖြင့် တွဲဖက်ဖော်ပြထားပါသည် – “တပ်မတော်မှစွန့်ခွာဘက်ပြောင်းမှုများကိုထောက်ပံ့ပါ။ အသက်များကိုကယ်တင်ပါ။ စွန့်ခွာဘက်ပြောင်းခြင်းလှုပ်ရှားမှုသည် နွေဦးတော်လှန်ရေးအား သွေးမြေကျမှုအနည်းဆုံးဖြင့် အနိုင်ရစေရန် အာမခံပေးမည့် အကြမ်းမဖက်သော နည်းဗျူဟာတစ်ရပ်ဖြစ်ပါသည်” (ပြည်သူ့စစ်သားအဖွဲ့၊ ၂၀၂၁)။
42 ဖဒိုမန်းမန်း၊ ၂၀၂၁။ KNU တွင် ဘက်ပြောင်းစွန့်ခွာလာသူများအတွက် ၎င်းတို့ကိုယ်ပိုင်မူဝါဒတစ်ရပ်ရှိပြီဖြစ်ကြောင်း KNU ၏နိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတာနီးမှ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၇ ရက်တွင်ရှင်းပြခဲ့ပါသည် – KNU သည် ဘက်ပြောင်းလာသူများအား ဂရုဏာထားဆက်ဆံမည်ဖြစ်သော်လည်း ပြစ်မှုကျူးလွန်ခဲ့သူများအား တရားစွဲဆိုနိုင်ရန်လည်း သေချာစေရန်ဆောင်ရွက်သွား ပါမည် (ပြည်သူ့ပန်းတိုင်၊ ၂၀၂၂b)။
43 ပြည်သူ့ပန်းတိုင်တက်ကြွလှုပ်ရှားသူ၊ ပုဂ္ဂိုလ်ရေးအရကိုယ်တိုင်ကိုယ်ကျ ဆက်သွယ်ဆက်ဆံမှု၊ မေလ ၂၃ ရက် ၂၀၂၂။
44 ပြည်သူ့ရင်ခွင်၊ ၂၀၂၁b။ NUG ကဲ့သို့သော အတိုက်အခံလှုပ်ရှားမှုများ၏ ထိုကဲ့သို့သောဆောင်ရွက်ချက်များသည် စစ်သည်များအား တပ်မတော်မှစွန့်ခွာဘက်ပြောင်းရန်တွန်းအားပေးရာတွင် အရေးပါသောအခန်းကဏ္ဍတွင်ရှိကြောင်း စစ်တပ်မှစွန့်ခွာဘက်ပြောင်းမှုများအပေါ် နှိုင်းယှဥ်သုတေသနများမှဖော်ပြထားပါသည်။ ၎င်းအချင်းအရာသည် အကယ်၍အတိုက်အခံဖက်မှ စစ်မှုထမ်းများ၏ယုံကြည်မှုကိုရယူနိုင်ပြီး အတိုက်အခံတို့၏ ပြန်လည်တည်ဆောက်ရေး စီမံကိန်းများတွင်ယုံကြည်စေရန် သို့မဟုတ် ၎င်းတို့၏လူမှုရေးဖွဲ့စည်းမှုပုံစံအား ယုံကြည်စေရန် လုပ်ဆောင်နိုင်ပါက ပိုမိုဖြစ်နိုင်ပါသည်။ စစ်အာဏာရှင်နောက်ပိုင်း အနာဂတ်စနစ်သစ်များအတွင်း စိတ်ချရသည့်ပေါင်းစည်းပေးနိုင်မှုအပေါ် ယုံကြည်လာစေခြင်းသည်လည်း သိသာသော သက်ရောက်မှုရှိပါသည်။ Anisin, 2020, စာမျက်နှာ ၁၃၈-၁၄၂ နှင့် Morency-Laflamme, 2018 တွင်ရှု့ပါ။
45 “Myanmar’s Shadow Govt”, 2022.
46 ၂၀၂၁ ခုနှစ် သြဂုတ်လတွင် CDF မှ မော်တော်ယဥ်များ သို့မဟုတ် လက်နက်ငယ်များနှင့် ကျည်များဖြင့် စွန့်ခွာလာပါက မြန်မာငွေကျပ် သိန်းငါးဆယ် (ထိုအချိန်က အမေရိကန်ဒေါ်လာ ၂,၇၂၅) နှင့် လက်နက်ကြီးနှင့်စွန့်ခွာလာပါက မြန်မာငွေကျပ် သိန်းတစ်ရာချီးမြှင့်မည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ အောက်တိုဘာလ ၁ ရက်နေ့တွင် စစ်သည်သုံးဦးသည် လက်နက်များဖြင့် ၎င်းတို့နှင့်လာရောက်ပူးပေါင်းခဲ့ကာ ၎င်းတို့အတွက် ဆုငွေများကိုလည်းချီးမြှင့်ပြီးဖြစ် ကြောင်း CDF မှပြောကြားခဲ့ပါသည် (ပြည်သူ့ပန်းတိုင်၊ ၂၀၂၁b)။
47 ပြည်သူ့ရင်ခွင်၊ ၂၀၂၁a။
48 Barret, 2022. အမေရိကန်-ဗမာ လုံခြုံ‌‌ရေးကျွမ်းကျင်သူ ဒေါက်တာမီမီဝင်းဘတ်မှ တတိယနိုင်ငံမက်လုံးသည် တပ်မတော်မှစွန့်ခွာဘက်ပြောင်းမှုဆိုင်ရာ နည်းဗျူဟာအတွက်အရေးကြီးကြောင်းဆိုထားကာ အမေရိကန်နိုင်ငံကဲ့သို့ အခြားသောနိုင်ငံများကိုလည်း CDM စစ်သည်များအား ခိုလှုံခွင့်များကမ်းလှမ်းမှုပြုရန် တိုက်တွန်းထားပါသည် (“US Expert says”, 2022)။
49 “Australia’s Embrace”, 2022.
50 ပြည်သူ့ပန်းတိုင်၊ ၂၀၂၂b။
51 မြန်မာတပ်မတော်အကြောင်း အသေးစိတ်အဖြစ်ဆုံး သုတေသနပြုဆောင်ရွက်ချက်အချို့ကို Bünte, 2017; Callahan, 2003; Maung Aung Myoe, 2009; Nakanishi, 2013; Selth, 2002 တွင်ရှု့ပါ။ ဤစာစောင်ထဲတွင်ပါဝင်သော Charney တွင်လည်းရှု့နိုင်ပါသည်။
52 Nakanishi, 2013.
53 Bünte, 2017.
54 ပြည်သူ့ပန်းတိုင်၊ ၂၀၂၁a။
55 Kyed & Ah Lynn, စာမျက်နှာ ၇၁-၇၅။
56 Democratic Voice of Burma, 2021a.
57 ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်ရက်စွဲဖြင့် ကျင်းပခဲ့ကာ YouTube ပေါ်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင်တင်ခဲ့သော ပြည်သူ့စစ်သားစကားဝိုင်းတစ်ခုမှ (People’s Soldiers from Burma, 2022)။
58 ပြည်သူ့ပန်းတိုင်၊ ၂၀၂၁c။
59 Callahan, 2003.
60 Radio Free Asia, 2021. Conrad & Bayer, 2021 တွင်လည်းရှု့နိုင်ပါသည်။
61 ဤဗီဒီယိုအား Radio Free Asia ထံသို့ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။ ထိုဗီဒီယိုထဲတွင် စစ်သည်များမှ ၎င်းတို့အနာဂတ်သည် မည်သို့ဖြစ်မည်ကိုမသိကြောင်းနှင့် ၎င်းတို့သည် “ရေစီးရာမျောနေသည့်သစ်လုံးသဖွယ်” ဖြစ်နေကြောင်း ၎င်းတို့၏အကူအညီမဲ့မူကိုလည်း ညည်းညူထားကြပါသည် (Khin Maung Soe & Nayrein Kyaw, 2022)။
62 စိတ်ဓာတ်စစ်ဆင်ရေးကြိုးစားဆောင်ရွက်ချက်များနှင့်သက်ဆိုင်သော အသေးစိတ်အချက်အလက်များသည် ၂၀၂၂ ခုနှစ် မေလတွင်ဆောင်ရွက်ခဲ့သော အရပ်သားတက်ကြွလှုပ်ရှားသူတစ်ဦးအားမေးမြန်းချက်များနှင့် CDM စစ်သည်အဖွဲ့ တစ်ဖွဲ့၏ကိုယ်စားပြုသူများအား အုပ်စုဖွဲ့မေးမြန်းထားချက်များမှ အခြေခံထားပါ သည်။
63 ပြည်သူ့ရင်ခွင်၊ ၂၀၂၁c။
64 မြန်မာတပ်မတော်အား မည်သည့်အရာမှ အစားထိုးနိုင်မည်လဲဆိုသည်မှာ ဆောင်ရွက်နေဆဲဖြစ်သော ငြင်းခုံဆွေးနွေးပွဲတစ်ရပ်ဖြစ်ပြီး ၎င်းဆွေးနွေးမှုအားလက်ရှိတွင် နိုင်ငံတကာလူ့အခွင့်အရေးအဆင့်အတန်းများကို လိုက်နာသည့် ဖယ်ဒရယ်တပ်မတော်တစ်ရပ်တည်ဆောက်ရာတွင် အလေးပေးထား ပါသည်။ CDM စစ်သည်များသည် ထိုတပ်မတော်ထဲတွင် မည်ကဲ့သို့ ပါဝင်နိုင်မည်ဆိုသည်မှာလက်ရှိအချိန်တွင်ရှင်းလင်းမှုမရှိသေးဘဲ ၎င်းတို့အနေဖြင့်မည်မျှ ပါဝင်လိုသည်/မပါဝင်လိုဘူးမှာလည်း လက်ရှိတွင်ဆွေးနွေးဆဲဖြစ်ပါသည်။ ဤအကြောင်းရာအား ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့တွင်ကျင်းပခဲ့သည့် ပြည်သူ့ပန်းတိုင်စကားဝိုင်းထဲတွင် ငြင်းခုံဆွေးနွေးထားကြ ပါသည် (ပြည်သူ့ပန်းတိုင်၊ ၂၀၂၂)။
65 ၂၀၂၂ ခုနှစ်မှ တင်ပြချက်တစ်ခုထဲတွင် တော်လှန်ရေးကိုထောက်ခံသော ဘက်ပြောင်းလာသူများနှင့် တပ်တွင်းသတင်းပေးများ၏ သက်သေများပေါ်တွင် တစ်စိတ်တစ်ပိုင်းအခြေခံကာ တပ်မတော်အတွင်းရှိ အချို့သောသူများအား Fortify Rights မှ စစ်ရာဇဝတ်မှုများနှင့် လူမျိုးတုန်းသတ်ဖြတ်မှုများဖြင့် စွပ်စွဲထားပါသည်။ ၎င်းတို့သည် ၂၀၁၆ ခုနှစ် နှင့် ၂၀၁၇ ခုနှစ်များတွင် တပ်မတော်မှ ရိုဟင်ဂျာလူမျိုးများအပေါ်ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများ၏ သက်သေများကိုလည်း ဖော်ထုတ်ထားပါသည် (Fortify Rights, 2022)။ Zaw Ye Thwe, 2022 တွင်လည်းရှု့နိုင်ပါသည်။

ကိုးကား

Albrecht, H. (2019). Military Insubordination in Popular Mass Uprisings. Political Science Quarterly, 134(2), 303–328.

Anisin, A. (2020). Unravelling the complex nature of security force defection. Global Change, Peace & Security, 32(2), 135–55.

‘Around 1,500’ soldiers have defected and joined the Civil Disobedience Movement since coup. (2021, August 17). Myanmar Now. https://www.myanmar-now.org/en/news/around-1500-soldiers-have-defected-and-joined-the-civil-disobedience-movement-since-coup

Atrocious Myanmar Military at Risk of Splitting: Army Defectors. (2021, August 28). The Irrawaddy. https://www.irrawaddy.com/news/burma/atrocious-myanmar-military-at-risk-of-splitting-army-defectors.html/

Attwood, C., Ko Ko Aung, & Henschke, R. (2022, July 22). ‘I can’t forget her”- Myanmar’s soldiers admit atrocities. BBC News. https://www.bbc.com/news/world-asia-62208882.amp

Australia’s Embrace of Defectors Sends Shockwaves through the Myanmar Military. (2022, March 23). The Irrawaddy. https://www.irrawaddy.com/news/burma/australias-embrace-of-defectors-sends-shockwaves-through-myanmar-military.html

Barret, C. (2022, March 18). Australia issues protection visas to Myanmar military defectors. The Sydney Morning Herald. https://www.smh.com.au/world/asia/australia-issues-protection-visas-to-myanmar-military-defectors-20220316-p5a53v.html

Bünte, M. (2017). The NLD-Military Coalition in Myanmar: Military Guardianship and its Economic Foundations. In P. Chambers & N. Waitoolkiat (Eds.), Khaki Capital: The Political Economy of the Military in Southeast Asia (pp. 93–129). NIAS Press.

Callahan, M. P. (2003). Making Enemies: War and State Building in Burma. Cornell University Press.

Chinland Defense Force [Z L]. (2021, October 21). A video interview with a sergeant who defected from Tatmadaw [Video]. YouTube. https://youtu.be/qbb3sbcg85o

Choudhury, A. (2021, October 3). Why the Myanmar military is facing its most serious challenge today. Barbed Wires. https://barbedwires.substack.com/p/why-the-myanmar-military-is-facing

Conrad, N. & Bayer, J. (2021, May 18). In Myanmar, the army controls its soldiers’ lives, minds and finances. Deutsche Welle. https://www.dw.com/en/in-myanmar-the-army-controls-its-soldiers-lives-minds-and-finances/a-57557479

Dakkha. (2021, May 27). For Myanmar’s Junta Forces, a New Sense of Vulnerability. The Irrawaddy. https://www.irrawaddy.com/opinion/commentary/for-myanmars-junta-forces-a-new-sense-of-vulnerability.html

Degaut, M. (2019). Out of the Barracks: The Role of the Military in Democratic Revolutions. Armed Forces & Society, 45(1), 78–100.

Democratic Voice of Burma [DVB TV News]. (2021a, August 28). “ပြည်သူကိုရွေးမလား၊ စစ်ခေါင်းဆောင်ကိုရွေးမလား” – DVB Talkshow [Video]. Facebook. https://www.facebook.com/DVBTVNews/videos/1053299268831826

Democratic Voice of Burma [DVB TV News]. (2021b, October 2). ပြည်သူ့စစ်သား ပြောစကား Episode (12) – DVB Talkshow [Video]. Facebook. https://www.facebook.com/DVBTVNews/videos/4413268495428554/

Desmond. (2022, May 25). Please don’t call Myanmar military Tatmadaw. The Irrawaddy. https://www.irrawaddy.com/opinion/guest-column/please-dont-call-myanmar-military-tatmadaw.html

Fortify Rights. (2022, March 24). Myanmar: New Evidence and Findings of Post-Coup d’état Crimes Against Humanity. https://www.fortifyrights.org/mya-inv-2022-03-24/

Human Rights Foundation of Monland. (2022, August). The Rise of Pro-Junta Militias in Southeastern Burma [Briefing paper]. https://rehmonnya.org/reports/RiseofMilitiasSEBurmaHURFOM.pdf

Khin Maung Soe & Nayrein Kyaw. (2022). ‘I had to cut off the head, bro’: Myanmar troops swap slaughter stories. Radio Free Asia. https://engdev.rfaweb.org/english/news/special/myanmar-soldier-atrocities/index.html

Kyed, H. M. (2021, March 19). Hopes for a New Democracy in Myanmar: Multiethnic Unity against Military Power. Tea Circle. https://teacircleoxford.com/policy-briefs-research-reports/hopes-for-a-new-democracy-in-myanmar-multiethnic-unity-against-military-power/

Kyed, H. M. & Ah Lynn. (2021). Soldier Defections in Myanmar. Motivations and obstacles following the 2021 military coup. DIIS. https://www.diis.dk/en/research/defecting-soldiers-are-a-significant-symbolic-blow-to-myanmars-military-rule

Kyed, H. M. & Nyan Corridor. (2021, April). Police under the military coup in Myanmar: Between Violence, Fear, and Desertion. Nyan Corridor and DIIS. https://pure.diis.dk/ws/files/4303211/police_under_the_military_coup_myanmar_final_2.pdf

Maung Aung Myoe. (2009). Building the Tatmadaw: Myanmar Armed Forces since 1948. ISEAS.

Min Min. (2022, March 21). Three junta commanders become highest ranking soldiers to defect since coup, says rebel group. Myanmar Now. https://www.myanmar-now.org/en/news/three-junta-battalion-commanders-become-highest-ranking-soldiers-to-defect-since-coup-says

Min Ye Kyaw & Parry, R. L. (2022, August 1). Soldiers’ wives chip away at Myanmar junta by convincing husbands to defect. The Times. https://www.thetimes.co.uk/article/soldiers-wives-chip-away-at-myanmar-junta-by-convincing-husbands-to-defect-tz2927n9r

Morency-Laflamme, J. (2018). A question of trust: Military defection during regime crises in Benin and Togo. Democratization, 25(3), 465–67.

Myanmar Military Struggling to Recruit New Officers. (2021, September 3). The Irrawaddy. https://www.irrawaddy.com/news/burma/myanmar-military-struggling-to-recruit-new-officers.html

Myanmar Regime Makes Military Training Compulsory for Soldiers’ Children. (2021, December 7). The Irrawaddy. https://www.irrawaddy.com/news/burma/myanmar-regime-makes-military-training-compulsory-for-soldiers-children.html

Myanmar’s Civilian Government Reports Over 18,000 Junta Deaths in Year. (2022, August 3). The Irrawaddy. https://www.irrawaddy.com/news/burma/myanmars-civilian-government-reports-over-18000-junta-deaths-in-year.html

Myanmar’s Shadow Govt Offers Huge Cash Rewards to Encourage More Army Defections. (2022, April 8). The Irrawaddy. https://www.irrawaddy.com/news/burma/myanmars-shadow-govt-offers-huge-cash-rewards-to-encourage-more-army-defections.html

Nakanishi, Y. (2013). Strong Soldiers, Failed Revolution: The State and Military in Burma, 1962-88. NUS Press & Kyoto University Press.

Nepstad, S. E. (2011). Nonviolent Revolutions: Civil Resistance in the Late 20th Century. Oxford University Press.

Nyi Thuta [NyiThuta07]. (2021a, August 13). Defecting does not mean you work for the other side or other parties. The main thing is to oppose the military junta that does injustices [Facebook post]. Facebook. https://www.facebook.com/nyithuta07

Nyi Thuta [People’s Goal]. (2021b, October 22). “The generals’ worst nightmare is our greatest dream: to see the people and the soldiers be united,” Captain Nyi Thuta [Tweet]. Twitter. https://twitter.com/peoplesoldiers/status/1451365622793662468

Padoh Mann Mann [Ko]. (2021, March 9). CDM လုပ်လိုသော ရဲနှင့် စစ်သားများ အား KNU တွင် ခိုလှုံနိုင်ကြောင်းနှင့် CDM လုပ်၍ ခြိမ်းခြောက်ခံနေရသော ဝန်ထမ်းငယ်များကိုလည်း အတတ်နိုင်ဆုံး ကာကွယ်သွားမည်ဟု ညွန်ကြားထားကြောင်း ဖဒိုမန်းပြော [Video]. Facebook. https://web.facebook.com/koctshinnway/videos/188131483037172

People’s Goal. (2022, August 14). “The People’s Soldiers’ Vision of a New Myanmar Military” [Tweet]. Twitter. https://twitter.com/peoplesgoal2022/status/1558674632198471681

People’s Soldiers. (2021). Home. People’s Soldiers. https://www.peoplesoldiers.org/

People’s Embrace. (2021, May 19). People’s Embrace 1st Anniversary [Video]. Facebook. https://web.facebook.com/watch/?v=786279629017543

People’s Soldier from Burma. (2022, January 25). The Pillars of Thought that we Must Destroy [Video]. YouTube. https://www.youtube.com/watch?v=xKnNKiZq4mw

Radio Free Asia [RFA Burmese]. (2021, October 13). RFA နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက် [Video]. Facebook. https://www.facebook.com/rfaburmese/videos/574533760534230/

Roughly 800 soldiers have fled the military since the coup, says defector. (2021, June 8). Myanmar Now. https://www.myanmar-now.org/en/news/roughly-800-soldiers-have-fled-the-military-since-the-coup-says-defector

Sai Latt. (2016). Depoliticization, Securitization and Violent Accumulation in the Integration of the Greater Mekong Sub-region [Unpublished doctoral dissertation]. Simon Fraser University.

Selth, A. (2002). Burma’s Armed Forces: Power Without Glory. East Bridge.

Selth, A. (2021a, February 19). Myanmar’s coup will test the loyalty of the security forces. The Interpreter. https://www.lowyinstitute.org/the-interpreter/myanmar-coup-will-test-loyalty-security-forces

Selth, A. (2021b, September 30). Myanmar’s military mindset: An exploratory survey. Griffith Asia Institute. https://www.griffith.edu.au/__data/assets/pdf_file/0023/1418333/Military-mindset-web.pdf

Thawnghmung, A. M. (2021, July 21). Myanmar’s National Unity forces must overcome divide and rule tactics. Nikkei Asia. https://asia.nikkei.com/Opinion/Myanmar-s-National-Unity-forces-must-overcome-divide-and-rule-tactics

Thawnghmung, A. M. & Khun Noah. (2021). Myanmar’s military coup and the elevation of the minority agenda? Critical Asian Studies, 53(2), 297–309. https://doi.org/10.1080/14672715.2021.1912620

Tun Myint & Scott, J. C. (2021, September 23). How to be a patriot and democrat and stay alive within the Burmese military! Mizzima. https://mizzima.com/article/how-be-patriot-and-democrat-and-stay-alive-within-burmese-military

US Expert says focusing on regime defections a good strategy for Myanmar’s revolution. (2022, March 31). The Irrawaddy. https://www.irrawaddy.com/in-person/interview/us-expert-says-focusing-on-regime-defections-a-good-strategy-for-myanmars-revolution.html

Who’s Who in Myanmar’s National Unity Government. (2021, April 16). The Irrawaddy. https://www.irrawaddy.com/news/burma/whos-myanmars-national-unity-government.html

Yamahata, C. (2022). Myanmar at a “Point of No Return”: Unity Reborn Despite Junta’s Terrorization. In C. Yamahata & B. Anderson (Eds.), Demystifying Myanmar’s Transition and Political Crisis (pp. 321-344). Palgrave Macmillan.

Ye Myo Hein. (2021, September 16). Finding fault lines within the Tatmadaw. Frontier Myanmar. https://www.frontiermyanmar.net/en/finding-fault-lines-within-the-tatmadaw

Ye Myo Hein. (2022). One Year on: the momentum for Myanmar’s armed rebellion. The Wilson Center. https://www.wilsoncenter.org/sites/default/files/media/uploads/documents/ASIA_220519_1YearOn-BRIEF_V1r2.pdf

Ye Myo Hein & Myers, L. (2022, June 23). A more united, better-armed opposition can bring democracy to Myanmar. Texas National Security Review. https://warontherocks.com/2022/06/a-more-united-better-armed-opposition-can-bring-democracy-to-myanmar

Yin Le Le Htun. (2021, September 12). မေးလိုရာမေး Q&A panel]. ဖရဲသီးဘူးဖေး – ပြည်သူ့ရင်ခွင်။ https://www.facebook.com/107790364828632/posts/172750574999277/

Zaw Ye Thwe. (2022, April 15). ‘Trail of bodies’: defector says military’s top judge came to Rakhine to destroy evidence of Rohingya atrocities. Myanmar Now. https://myanmar-now.org/en/news/trail-of-bodies-defector-says-militarys-top-judge-came-to-rakhine-to-destroy-evidence-of

ပြည်သူ့ရင်ခွင်၊ (၂၀၂၁a၊ ဇွန်လ)၊ လက်နက်နဲ့ CDM ကို ညတွင်းချင်း ထုတ်ပေးခဲ့တဲ့ People’s Embrace နဲ့ URF [Facebook post]၊ Facebook။ https://web.facebook.com/PeoplesEmbrace/posts/pfbid05mdCyQDuHp9K9E8oQGsTyJbxShuZSTWVB2s9qBfdjj6X85uiRH4Q3gk248N5RkPAl

ပြည်သူ့ရင်ခွင်၊ (၂၀၂၁b၊ ဩဂုတ်လ ၂၄)၊ National Unity Government of Myanmar ၏ ပြည်သူ့တပ်မတော်သားများ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင် များနှင့် စပ်လျဉ်းသည့်မူဝါဒ ထုတ်ပြန်ကြေညာချက်ကို “ပြည်သူ့ရင်ခွင် – People’s Embrace” အဖွဲ့က လှိုက်လှဲစွာ ထောက်ခံကြိုဆိုပါသည် [ဗီဒီယို]၊ Facebook။ https://web.facebook.com/107790364828632/posts/161341269473541/

ပြည်သူ့ရင်ခွင်၊ (၂၀၂၁c၊ ဩဂုတ်လ ၂၅)၊တော်လှန်ရေးအကြောင်း တစေ့တစောင်း EP06 [ဗီဒီယို]၊ Facebook။ https://www.facebook.com/PeoplesEmbrace/videos/866897214201927/

ပြည်သူ့ပန်းတိုင်၊ (၂၀၂၁a၊ ဩဂုတ်လ ၂၉)၊ စစ်တပ်ကိုစွန့်ခွာပြီး ပြည်သူ့ဘက် ရပ်တည်လာကြတဲ့ ပြည်သူ့တပ်သားများရဲ့ အတွေးအမြင် [ဗီဒီယို]၊ Facebook။https://www.facebook.com/peoplesoldiers2021/videos/451300399257990/

ပြည်သူ့ပန်းတိုင်၊ (၂၀၂၁b၊ အောက်တိုဘာလ၂)၊ ပြည်သူ့ထံအလင်းဝင်လာ သည့် စစ်သားများ ယနေ့ စစ်သား ၃ ဦး CDM လုပ်၊ တစ်ဦး လက်နက်အပြည့်အစုံပါ၍ ဆုကြေးရ၊ အားလုံးလုံခြုံမှုအပြည့်ရှိ [Facebook post]၊ Facebook။ https://www.facebook.com/107033758237394/posts/185255277081908/

ပြည်သူ့ပန်းတိုင်၊ (၂၀၂၁c၊ အောက်တိုဘာလ ၁၀)၊ ပြည်သူ့စစ်သားစကား ဝိုင်း [ဗီဒီယို]၊ Facebook။ https://web.facebook.com/peoplesoldiers2021/videos/578817503451455/

ပြည်သူ့ပန်းတိုင်၊ (၂၀၂၂a၊ မေလ ၁၅)၊ အာဏာသိမ်းပြီးနောက် ပိုမို ဆိုးရွားလာသော တပ်တွင်းပြိုကွဲမှုများ [ဗီဒီယို]၊ Facebook။ https://fb.watch/diYV0N_Bwf/

ပြည်သူ့ပန်းတိုင်၊ (၂၀၂၂b၊ ဇူလိုင်လ ၁၇)၊ တော်လှန်ရေးအတွက် စစ်ကောင်စီတပ်ဖွဲ့မှ CDM တွေ လိုအပ်နေဆဲလား ဗီဒီယို]၊ Facebook။ https://fb.watch/eG2CSwNnIg/